သန်းကြွယ်လက်ဖက်ရည်ဆိုင် - Than Kywel Tea Shop
Menuတိုင်းမှာအရသာရှိစေမယ့် သန်းကြွယ်(Thankywel Teashop)!
လက်ဖက်ရည်နဲ့ အစားအသောက် ကောင်းကောင်း ကြိုက်တတ်တဲ့ မိတ်ဆွေတွေအတွက် သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေနဲ့ စိတ်ကျေနပ်မှု အပြည့်အဝရစေမယ့် ဆုံမှတ်လေး တစ်ခုပါ။
🌼 မျှော်လင့်ခြင်းတွေ အောင်မြင်ပြည့်ဝကာ ပျော်ရွှင်ရတဲ့ နှစ်သစ်ဖြစ်ပါစေ။ ကောင်းခြင်း၊ ဆိုးခြင်း အမျိုးမျိုးကို ကြုံရ၊ ဆုံခဲ့ရတဲ့ နှစ်ဟောင်းကို အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။
🙏 နှစ်သစ်ကိုလည်း အားအပြည့်နဲ့ ထပ်မံ ဖြတ်သန်းနိုင်ဖို့ အားတင်းထားကြပါ။ နှစ်သစ်မှာတော့ အောင်မြင်ခြင်း၊ ပျော်ရွှင်ခြင်း၊ ချမ်းမြေ့ခြင်း၊ ကျန်းမာခြင်းနှင့် တိုးတက်ကြီးပွားခြင်းတွေကိုသာ ပိုင်ဆိုင်ပြီး အဆိုးတွေနဲ့ ကင်းကွာပါစေ။
“သန်းကြွယ်” လက်ဖက်ရည်ဆိုင်ကို အားပေးနေတဲ့ ချစ်မိတ်ဆွေများအတွက်လည်း နှစ်သစ်မှစကာ အကောင်းဆုံးဝန်ဆောင်မှုနဲ့ အရသာရှိတဲ့ စားစရာတွေကိုပဲ တည်ခင်းပေးသွားပါဦးမယ်…💛
#သန်းကြွယ်လက်ဖက်ရည်ဆိုင်
🎊 ခရစ်ယာန် ဘာသာဝင်တို့ အထွတ်အမြတ်ထားကြတဲ့ ခရစ္စမတ်အခါတော်နေ့ကို ကျရောက်လာပါပြီ။
🎄 ဒီလို အဖိုးတန်တဲ့ နေ့ရက်မှာ မိသားစုနှင့်အတူတကွ ဖြတ်သန်းကာ ချစ်ခင်ရသူများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ရင်း ခရစ္စမတ်ပွဲတော်ကို ကျင်းပလေ့ရှိကြပါတယ်။
💕 တစ်ဦးအပေါ်တစ်ဦး မေတ္တာတရား၊ ချစ်ခြင်းတရားတွေ အခြေခံရင်း ကျင်းပကြတဲ့ ခရစ္စမတ်ရဲ့ အနှစ်သာရကို လူမျိုးဘာသာမရွေး လေးစားတန်ဖိုးထားကာ သာယာပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ။ အားလပ်ရက်ကိုလည်း အကျိုးရှိစွာ အသုံးချနိုင်ကြပါစေကြောင်း သန်းကြွယ်မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်…💛
#သန်းကြွယ်လက်ဖက်ရည်ဆိုင်
✨ မြန်မာနိုင်ငံတစ်ဝှမ်းမှာ ဆိုင်ခွဲပေါင်းများစွာ ဖွင့်လှစ်ပေးထားတဲ့ “သန်းကြွယ်” လက်ဖက်ရည်ဆိုင်က အားပေးသူမိတ်ဆွေတို့ရဲ့ အနီးစပ်ဆုံးမှာ တည်ရှိပေးချင်တာပါ။
👐🏻 ပြည်သူပြည်သားတွေအတွက် စားသောက်ဖွယ်ရာကောင်းတွေကို နွေးထွေးတဲ့စေတနာ၊ ကောင်းမွန်ပျူငှာတဲ့ ဝန်ဆောင်မှုတို့နှင့်အတူ ပုံချပေးအပ်နိုင်ဖို့ “သန်းကြွယ်”မိသားစုမှ အစဉ်အားထုတ်လျက်ပါ။
📌 ရန်ကုန်သူ၊ ရန်ကုန်သားများရဲ့ နေ့ရက်တိုင်းအတွက် အသင့်ရှိနေပေးတဲ့ “သန်းကြွယ်” က မန္တလေးနှင့် ပုသိမ်မြို့ကြီးများမှ မိတ်ဆွေများရဲ့ နားခိုရာလေးတစ်ခုအဖြစ်ရပ်တည်နေဖို့လည်း ဆိုင်ခွဲများဖြင့် ရောက်ရှိနေပြီဖြစ်ပါတယ်။
“သန်းကြွယ်”က လုံခြုံနွေးထွေးသော ဝန်ဆောင်မှုများဖြင့် မိဘပြည်သူများရဲ့ နီးစပ်ရာမှ စောင့်မျှော်ကြိုဆိုနေပါပြီ….🧡
⚜️ ရန်ကုန်မြို့
🔸 မြောက်ဒဂုံ-ဦးဝိစာရဆိုင်ခွဲ
အမှတ်(၈၅၇)၊ ဦးဝိစာရလမ်း၊ (၃၄)ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - 09255543285, 09255543286
🔶 သန်းကြွယ်လက်ဖက်ရည်ဆိုင်(မြောက်ဒဂုံ-ပင်လုံဆိုင်ခွဲ)
အမှတ်က/၁၁၊ပင်လုံလမ်း၊၂၉ရပ်ကွက်၊မြောက်ဒဂုံမြို့နယ်၊ရန်ကုန်မြို့။
ဖုန်း-09442718570, 09442718563
🔸 တောင်ဒဂုံ-လှော်ကားလမ်းဆိုင်ခွဲ
အမှတ်(၁)၊ လှော်ကားလမ်း၊ ၇၀ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - 09449400822, 09894894633
🔸 တောင်ဒဂုံ-စည်ပင်လမ်းဆိုင်ခွဲ
အမှတ် ၃၃၊ စည်ပင်လမ်း၊ ၁၉ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - 0926391986 , 09269391987
🔸 ဇဝနဆိုင်ခွဲ
အမှတ် (၀၀၁၊၀၀၂) လေးဒေါင့်ကန်လမ်းမကြီး၊ သုမင်္ဂလာအိမ်ယာ၊ သုမင်္ဂလာရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - 09442718759, 09442718726
🔸 သင်္ဃန်းကျွန်းဆိုင်ခွဲ
အမှတ်(၉၂၅)၊ လေးထောင့်ကန်လမ်းမကြီး၊ စံပြဈေးအနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - 09883633415, 09883633416
🔸 စံရိပ်ငြိမ်ဆိုင်ခွဲ
အမှတ် ( ၉၆ ) ၊ ( ၂ ) ရပ်ကွက် ၊ အင်းစိန်လမ်း ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့
ဖုန်း - 09450372439, 09450372452
🔸 ကြည့်မြင့်တိုင်ဆိုင်ခွဲ
အမှတ်(၅၁၅/၂)၊ အောက်ကြည့်မြင့်တိုင်လမ်းမကြီး၊ ကရင်အမျိုးသားရပ်ကွက်၊ ကြည့်မြင့်တိုင်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - 09897692477, 09897692488
⚜️ မန္တလေးမြို့
အမှတ် (၇၀၂)၊ (၇၃) လမ်းနှင့် (၃၄) လမ်းထောင့်၊ ရန်မျိုးလုံ ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
ဖုန်း - 09882454327, 09882454328
⚜️ ပုသိမ်မြို့
🔹 ရှင်ပင်ဘုန်းပွင့်ဆိုင်ခွဲ
အမှတ်(၉၆၂)၊ ရှင်ပင်ဘုန်းပွင့်လမ်း၊ (၃)ရပ်ကွက်၊ ပုသိမ်မြို့။
ဖုန်း - 09268889350
🔹 သန်းကြွယ်လက်ဖက်ရည်ဆိုင်(မရမ်းချိုဆိုင်ခွဲ)
အမှတ်(၈၀)၊မရမ်းချိုလမ်း၊(၅)ရပ်ကွက်၊
ပုသိမ်မြို့။
ဖုန်း - 09672267781, 096722009672267781, 0967220199
#သန်းကြွယ်လက်ဖက်ရည်ဆိုင်
✨ ရုံးမှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် နေ့တစ်ဝက်စာ ပင်ပန်းမှုတွေကို အရသာထိမိတဲ့ နေ့လည်စာနဲ့
ပြန်လည်အားဖြည့်ပေးဖို့ လိုအပ်တာအမှန်ပါပဲ။
🔸 “သန်းကြွယ်” လက်ဖက်ရည်ဆိုင်မှာတော့ အရသာထိမိကောင်းမွန်တဲ့ မီနူးအမျိုးအစားတွေ များပြားတာမလို့ လူကြီးမင်းတို့ရဲ့ နေ့လည်စာအတွက် နှစ်သက်ရာ စားသောက်ဖွယ်တွေကို စိတ်ကြိုက်ရွေးချယ်နိုင်ပြီပေါ့။
👐🏻 လတ်ဆတ်သန့်ရှင်းတဲ့ ထုတ်ကုန်များဖြင့် ချက်ပြုတ်ပေးနေတာကြောင့် ကျန်းမာရေးနှင့် ညီညွတ်တဲ့အပြင် “သန်းကြွယ်” မှ စားဖွယ်တိုင်းက နက်ရှိုင်းကောင်းမွန်တဲ့ အရသာကို ပေးစွမ်းနေတာပါ။
“သန်းကြွယ်” ရဲ့ မီနူးထဲမှ စုံလင်များပြားတဲ့ စားသောက်ဖွယ်အမျိုးအစားတွေနဲ့ နေ့လည်စာကို တစ်နေ့တစ်မျိုး မတူအောင် စားသုံးကြည့်လိုက်တော့နော်…💖
#သန်းကြွယ်လက်ဖက်ရည်ဆိုင်
🙌 တောင်ဒဂုံမြို့နယ်၊ လှော်ကားလမ်းပေါ်နှင့် အနီးတစ်ဝိုက်နေထိုင်သူများအတွက် “သန်းကြွယ်” ဆိုင်သစ်ကြီးဟာ ခမ်းခမ်းနားနား တည်ရှိနေပြီဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ပါရစေ။
သန်းကြွယ်ဆိုင်ခွဲတိုင်းရဲ့ ရိုးရာအတိုင်း
🟠 သန့်ရှင်းလတ်ဆတ်ပြီး အရသာရှိတဲ့ မီနူးတွေ၊
🟠 နွေးထွေးဖော်ရွေတဲ့ ဝန်ဆောင်မှုတွေ၊
🟠 သေသပ်လှပတဲ့ ဆိုင်အပြင်အဆင်နဲ့
🟠 ကျယ်ဝန်းတဲ့ ဧရိယာမှာ မနက်စာ၊ နေ့လယ်စာနဲ့ ညနေစာများကို တည်ခင်းဧည့်ခံပေးသွားမှာပါ။
⚜️ ရှိရင်းစွဲ တောင်ဒဂုံမြို့နယ်မှ “သန်းကြွယ်” ဆိုင်ခွဲနှင့် အလှမ်းဝေးနေသူများအတွက်လည်း အဆင်ပြေစေလိုပြီး လမ်းကြုံဝင်ရောက် သုံးဆောင်လိုသူများအတွက်ပါ ကားပါကင်နေရာ အခက်မကြုံရအောင် လှော်ကားလမ်းပေါ်ရှိ ဆိုင်သစ်ကို စနစ်တကျဖွင့်လှစ်ပေးထားပါတယ်။
မိသားစုတွေနဲ့ပဲလာလာ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ပဲ လာလာ အပန်းဖြေ ခိုနားရာလေး ဖြစ်အောင်“သန်းကြွယ်” ဆိုင်ခွဲသစ်မှ အားလုံးကို ကြိုဆိုနေပါဦးမယ်…🧡🧡
🔶 သန်းကြွယ်လက်ဖက်ရည်ဆိုင်(တောင်ဒဂုံ-လှော်ကားလမ်းဆိုင်ခွဲ)
အမှတ်(၁)၊လှော်ကားလမ်း၊၇၀ရပ်ကွက်၊တောင်ဒဂုံမြို့နယ်၊ရန်ကုန်မြို့။
ဖုန်း- 09449400822, 09894894633
#သန်းကြွယ်လက်ဖက်ရည်ဆိုင်
🌕 “သီတင်းကျွတ်လပြည့်နှင့် သဏ္ဍာန်တူတဲ့ တန်ဆောင်မုန်းလပြည့်နေ့”
🕯 ဗုဒ္ဓဘာသာဝင်တို့ မြတ်နိုးရတဲ့ သီတင်းကျွတ်လပြည့်ကဲ့သို့ပင် တန်ဆောင်မုန်းလပြည့်နေ့ဟာလည်း ထူးကဲမွန်မြတ်လှပါတယ်။
🙏 မြတ်စွာဘုရားရှင်အား ဆီမီးထွန်းညှိ ပူဇော်ကြသောနေ့၊
🙏သာမည ဖလသုတ်တော်ကို ဟောကြားတော်မူခဲ့သောနေ့၊
🙏 နေ့မကူး၊ ရက်မကူးစေဘဲ တစ်ရက်အတွင်း အပြီးရက်လုပ် လှူဒါန်းရသော မသိုးသင်္ကန်းကို ကပ်လှူခွင့်ရသော နောက်ဆုံးနေ့ ဖြစ်ခြင်းတွေကြောင့် အထူးတလည် အမှတ်ရကြတဲ့ တန်ဆောင်တိုင်လပြည့်နေ့လေးပဲ ဖြစ်ပါတယ်။
🙌 အခုလို မမေ့အပ်တဲ့ တန်ဆောင်မုန်းလပြည့်နေ့၌ ကောင်းမှုကုသိုလ်များကို ပြုလုပ်ပါ။ လူကြီး၊မိဘ၊ဆရာများအားလည်း ရိုသေစွာ ကန်တော့ရင်း အပြစ်များကို ဝန်ချတောင်းပန်ပါ။ ကိုယ်စိတ် နှစ်ဖြာကျန်းမာချမ်းသာလို့ ဆန္ဒအဖုံဖုံ ပြည့်ဝကြစေဖို့လည်း သန်းကြွယ် မိသားစုမှ ပြန်လည် ဆုတောင်းမေတ္တာပို့သပေးလိုက်ပါမယ်…🧡
#သန်းကြွယ်လက်ဖက်ရည်ဆိုင်
📢 Job Vacancy Teashop Direct 📢
ရန်ကုန်မြို့/မန္တလေးမြို့/ပုသိမ်မြို့ ရှိ
"သန်းကြွယ်လက်ဖက်ရည်ဆိုင်"များတွင်လုပ်ကိုင်ရန်
1. HR Executive - ကျား /မ ၂ ဦး
လစာ - Depend on experience
2.Restaurant Operation manager- (ကျား/မ) ၅ဦး
လစာ - Depend on experience
3. Waiter/waitress -
ကျား/ မ(လူဦးရေအကန့်သတ်မရှိ)
ပညာအရည်အချင်း(၈-တန်းနှင့်အထက်)
Basic salary - 130,000-150,000(နေ/စားငြိမ်း)
Depending on experience
အလိုရှိပါသည်ရှင့်.....
နေစားငြိမ်းနေနိုင်သူဦးစားပေးပါမည်ရှင့်...
တစ်လ.၂ရက် off ရှိပါတယ်ရှင့်...
09450059848 (သို့)ဆိုင် page ရဲ့ chat box မှာ cv လေးတွေပို့ထားပေးပါနော်။ Viber မှလည်း CV form ပေးပို့လျှောက်ထားနိုင်ပါသည်။
We will call for interview soon.
Thank you.
🙏🏻 တူပျော်ဆင်နွှဲ မြတ်ဆရာပူဇော်ပွဲ 🙏🏻
🛐 “သန်းကြွယ်လက်ဖက်ရည်ဆိုင်"ရဲ့ တည်ထောင်သူများလည်းဖြစ်၊ပဲ့ကိုင်ရှင်များလည်းဖြစ်ကြသော ဦးလေးနဲ့အန်တီ တို့အတွက် သီတင်းကျွတ် ကန်တော့ဂါရဝပြုပွဲကို မင်္ဂလာခညောင်းစွာကျင်းပနိုင်ခဲ့ပါတယ်။
👐🏻 ပီတိဖြာဝမ်းမြောက်ရသော ဂါရဝပြုပွဲလေးမှာ လက်အုပ်မိုးကန်တော့ခဲ့ကြတဲ့ ဝန်ထမ်းကောင်းများ၊ မိသားစုဝင်များကို ဦးလေးနဲ့အန်တီတို့မှ မွန်မြတ်လှသောဆုံးမဩဝါဒများ ပေးအပ်သွန်သင်ပေးခဲ့ပါတယ်။
🎁 ပွဲအစီအစဉ်များအတွင်း ဝန်ထမ်းများအား လက်ဆောင်မွန်များပေးကမ်းသောအနေနှင့် အမှတ်ရလက်ဆောင်များ၊ မုန့်ဖိုးများအပြင် အထူးလက်ဆောင် ရွှေလက်စွပ်များကိုလည်း ကံစမ်းမဲနှိုက်ပေးနိုင်ခဲ့ပါတယ်။
✨ ကြည်နူးပျော်ရွှင်စွာ ဆောင်ရွက်နိုင်ခဲ့သော ကန်တော့ပွဲတော်မှာ “သန်းကြွယ်”ရဲ့ မိသားစုဝင်၊ ဝန်ထမ်းများအားလုံး ကောင်းမွန်လှသောညစာသုံးဆောင်ကာ ချမ်းမြေ့သာယာသော ညခင်းကို ပိုင်ဆိုင်ခဲ့ရပါတယ်။ ယခုလို သာယာကြည်နူးခဲ့ရသော ကန်တော့ပွဲကို စီစဉ်ဆောင်ရွက်ပေးခဲ့ကြသူများအပြင် ပွဲအစီအစဉ်များမှာ ပါဝင်ဆင်နွှဲခဲ့ကြသူများအားလုံးကို ကျေးဇူးများစွာတင်ပါရစေ။
“သန်းကြွယ်” ရဲ့ မိသားစုဝင် ဝန်ထမ်းများအားလုံး ကျေးဇူးအထူးတင်ထိုက်သော ဦးလေးနဲ့အန်တီကိုလည်း ယခုရေးသားလိုက်သော စာသားများနှင့်အတူ ထပ်မံကန်တော့ဂါရဝပြုလိုက်ပါတယ်…🙏🏻
#သန်းကြွယ်လက်ဖက်ရည်ဆိုင်
သန်းကြွယ်လက်ဖက်ရည်ဆိုင်၏ "သီတင်းကျွတ်လပြည့်နေ့ "လက်ဖက်ရည် ခွက်၁၀၅၀လှူဒါန်းခြင်း အလှူတော်မင်္ဂလာ🙏
🌕 အနှစ်သာရ ပြည့်ဝတဲ့ သီတင်းကျွတ်လပြည့်နေ့ကို နှစ်စဉ်နှစ်တိုင်း ကျင်းပရခြင်းမှာ
🙏လောက ကောင်းကျိုးကို ဆောင်ကြဉ်းပေးတဲ့ အဘိဓမ္မာတရားတော်အား မြတ်စွာဘုရားရှင်မှ ဟောကြားတော်မူခဲ့ခြင်း၊
🙏 လူ့ပြည်သို့ မြတ်စွာ ဘုရားရှင် ကိုယ်တိုင် ကြွမြန်းလာခဲ့သော နေ့ရက်ဖြစ်ခြင်း၊
🙏 ဝါတွင်းသုံးလ၏ နောက်ဆုံးရက်မြတ်နှင့် တိုက်ဆိုင်ခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။
🪔 အခုလို ကြည်နူးစရာ သီတင်းကျွတ်ပွဲတော်မှာ ဆီမီးများ ပူဇော်ခြင်း၊ မီးပုံး ထွန်းညှိခြင်း၊ မိဘ၊ဆရာများကို ကန်တော့ခြင်းတို့ ပြုလုပ်ကာ ပျော်ရွှင်နိုင်ကြပါစေ။ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများနှင့် ပြည့်စုံပြီး ချစ်ခင်ရသူများနှင့် အတူ တန်ဖိုးရှိသော အချိန်တွေကို ဖြတ်သန်းနိုင်ကြစေဖို့လည်း သန်းကြွယ် မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်…🧡
#သန်းကြွယ်လက်ဖက်ရည်ဆိုင်
💌 အားပေးသုံးဆောင်သူတို့ရဲ့ စစ်မှန်တဲ့ စကားသံဟာ သန်းကြွယ်အတွက်တော့ ပျော်ရွှင်မှုပါပဲ။
🙌 ယနေ့ထက်ထိ လက်ဖက်ရည်ဆိုင် ထိုင်ပြီဆိုတာနဲ့ သန်းကြွယ်ဆီ ခြေဦးတည့်တည့် လှမ်းလာတတ်တဲ့ မိတ်ဆွေတွေ၊ အချိန်ပေးပြီး ကောမန့်တွေ၊ Review တွေ ချန်ပေးတတ်တဲ့ Customer တစ်ဦးစီတိုင်းကို အထူးကျေးဇူးတင်ပါတယ်။
⚜️ နှစ်ပေါင်း (၂၀) ကျော်အထိ မပြောင်းလဲသွားမယ့် အရသာအစစ်၊ ပိုကောင်းမွန်တဲ့ မီနူး အသစ်များ ဖန်တီးကာ သန်းကြွယ်မှ ဆက်လက်ရပ်တည်သွားပါဦးမယ်။
☕️ လက်ဖက်ရည်ချစ်သူတို့သာ ရှိရင် သန်းကြွယ်ဆိုတာလည်း ထာဝစဉ် တည်မြဲနေမှာပါ…🧡
#သန်းကြွယ်လက်ဖက်ရည်ဆိုင်
💢 မိုးရွာတုန်း ဘာစားရမလဲ စဉ်းစားရတာကလည်း အလုပ်တစ်လုပ်။
❗️ သန်းကြွယ်ဆိုင်ထဲ ခြေချလာမိခဲ့ပေမယ့် ပူပူနွေးနွေး စားစရာတွေက များနေတော့ ရွေးရလည်း ခက်လို့။
🕯 အကောင်းဆုံးထဲက အကောင်းဆုံးကို ရွေးတတ်ဖို့ သန်းကြွယ်က အလင်းပြလိုက်ပါမယ်။
⛈ မိုးရာသီတိုင်း သန်းကြွယ်ဆီမှာ လက်မလည်အောင် ရောင်းရတဲ့ မီနူးလေးတွေကိုပေါ့။
☑️ အမယ်စုံနဲ့ ပူပူနွေးနွေး အရည်သောက်လေးပါ တွဲစားဖို့ဆို တောကြက်ချဉ်စပ်ဟင်းချိုရွေး၊
☑️ အိမ်သူချက်ကျွေးတဲ့လက်ရာလို ခံတွင်းမြိန်စေဖို့က ဆိတ်စွပ်လေး ရှိသဗျ။
☑️ ချဉ်ချဉ်စူစူးလေးနဲ့ ခံတွင်းရှင်းတဲ့ တုန်ယမ်းဟင်းချိုလေးက အရန်သင့်၊
☑️ မိုးရာသီဆို ကော်ဖီလေး ပါမှ ဖြစ်မယ်ဆိုသူတို့အတွက် Coffee Latte ရှိသလို
လန်းဆန်းတက်ကြွသွားစေဖို့ Lemon Tea အပူရော အအေးမျိုးစုံပါ ရနိုင်ပါတယ်။
❄️ ကဲ ဒီတော့ သန်းကြွယ်ဆီမှာ နာမည်ကြီးတဲ့ မိုးရာသီ မီနူးလေးတွေကို သုံးဆောင်ပြီး အအေးဓာတ်တွေကို အနွေးဓာတ်လေးအဖြစ် ပြောင်းလဲပစ်လိုက်ပါတော့နော်…💛
#သန်းကြွယ်လက်ဖက်ရည်ဆိုင်
⚜️ အလှမ်းဝေးတဲ့ လမ်းတွေဆီကို ဖြတ်ကျော်လို့ မန္တလေးမြို့ပေါ်ထံသို့ သန်းကြွယ် မိသားစုလည်း ရောက်ရှိလာခဲ့ပါပြီ။
💠 ရန်ကုန်မြို့ပေါ် အလည်ရောက်ခိုက်မှာ သန်းကြွယ်ဆိုင်မှာ ထိုင်ဖူးတဲ့ မိတ်ဆွေတွေ၊
💠 သန်းကြွယ်ရဲ့ နာမည်ကြီး၊ သတင်းမွှေးပုံတွေကို ကိုယ်တိုင် ခံစားဖူးလိုတဲ့ မန္တလာမြို့က မိတ်သဟာတို့ရဲ့ တောင်းဆိုမှုအရ ချမ်းအေးသာစံ မြို့နယ်မှာ သန်းကြွယ်ဆိုင် အသစ်စက်စက်ကို ဖွင့်လှစ်ပေးဖြစ်ခဲ့ပါတယ်။
🔸 ထူးခြားပြီး အရသာရှိတဲ့ မီနူးမျိုးစုံ၊
🔸 သန့်ရှင်းကျယ်ဝန်းတဲ့ ဆိုင်ဧရိယာ၊
🔸 နွေးထွေးပျူငှာပြီး စေတနာပါတဲ့ ဝန်ထမ်းများဖြင့် ဧည့်ဝတ်ကျေပွန်အောင် ဝန်ဆောင်မှု ပေးသွားမှာပါ။
💁 မန္တလေးမြို့ပေါ်က သင်လည်း သန်းကြွယ်ချစ်သူ တစ်ဦး ဖြစ်လိုပါသလား?
ဒါဆိုရင်တော့ အမှတ် (၇၀၂)၊ (၇၃) လမ်းနှင့် (၃၄) လမ်းထောင့်၊ ရန်မျိုးလုံ ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်ရှိ သန်းကြွယ်ဆိုင်ကိုသာ တည့်တည့်မတ်မတ် ကြွလှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါရစေ….🧡
☎️09882454327, 09882454328
#သန်းကြွယ်လက်ဖက်ရည်ဆိုင်
💕 ဧည့်သည်တော် မိတ်ဆွေတို့ကို အနွေးထွေးဆုံးသော ပျူငှာမှုတွေနဲ့ ဝန်ဆောင်ပေးချင်တာဟာ သန်းကြွယ်ရဲ့ မေတ္တာတစ်ရပ်ပါ။ “သန်းကြွယ်” လက်ဖက်ရည်ဆိုင်ရဲ့ အခမဲ့ရေနွေးကြမ်းကလည်း ဧည့်သည်တို့ကို အကောင်းဆုံးပေးအပ်ထားတဲ့ စေတနာကောင်းတစ်ခုပါပဲ။
🍵 လူကြီး၊ လူငယ်မရွေး ကလေးငယ်များကအစ သောက်သုံးကြတဲ့ ရေနွေးကြမ်းဆိုတာဟာ ကမ္ဘာပေါ်မှာ “ရေ”ပြီးရင် အများဆုံးသောက်သုံးဖြစ်တဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။ ရေနွေးကြမ်းမှာပါဝင်တဲ့ ကဖိန်းဓာတ် ပမာဏက မပျော့လွန်း၊ မပြင်းလွန်းတဲ့အတွက်လည်း နေ့စဉ်သောက်သုံးဖို့ အဆင်ပြေစေပါတယ်။
👐🏻 ရေနွေးကြမ်းက ခန္ဓာကိုယ်အတွက် ရေဓာတ်ဖြည့်ပေးရုံသာမက နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ကိုလည်း လျှော့ချပေးနိုင်တဲ့ အစွမ်းအာနိသင်တွေရှိနေတာကြောင့် မြန်မာပြည်သူပြည်သားတွေရဲ့ အိမ်တိုင်းနီးပါးမှာ တွေ့မြင်နေရမှာပါ။
✨ ဒါကြောင့်လည်း “သန်းကြွယ်” မှ ဧည့်သည်တော်များအတွက် လေးနက်ကောင်းမွန်တဲ့ ရေနွေးကြမ်းကို ကိုယ်တိုင်ယူစနစ်ဖြင့် သောက်သုံးနိုင်ရန်စီစဉ်ပေးထားတာ ဖြစ်ပါတယ်။ ဒီလို အခမဲ့ရရှိနိုင်တဲ့ ရေနွေးကြမ်းကိုလည်း အရသာထူးခြားကောင်းမွန်တဲ့ တန်ဖိုးမြင့်လက်ဖက်ခြောက်ကို အသုံးပြုပေးထားပါတယ်။
ယခုလို အခမဲ့လက်ဆောင်မွန်ကိုလည်း အရည်အသွေးကောင်းကို အဓိကထားခြင်းဟာ “သန်းကြွယ်”ရဲ့ စားသုံးသူများကို ကောင်းကောင်းမွန်မွန်သောက်သုံးစေချင်တဲ့ စေတနာမေတ္တာတစ်ပါးပါပဲ…🤎
#သန်းကြွယ်လက်ဖက်ရည်ဆိုင်
🤸🏻♀️ ကလေးလေးတို့တွေက နေ့စဉ်နေထိုင်မှုဘဝကို ပျော်ပျော်ပါးပါးဖြတ်သန်းနိုင်ဖို့ အားအင်တွေပြည့်ဝနေရမှာပါ။ ကလေးပီပီ ဆော့ကစားပြီးတဲ့အခါမှာ အားပြန်ဖြည့်ဖို့အဆာပြေမုန့်လေးတွေ စားချင်ကြတာလည်း ကလေးတို့ရဲ့ထုံးစံပဲပေါ့။
😋 ပေါ့ပေါ့ပါးပါး မုန့်လေးတွေစားချင်ကြတဲ့ သားသားမီးမီးတို့အတွက် “သန်းကြွယ်”မှာတော့ အာဟာရလည်းပြည့်ဝလို့ ဖေဖေမေမေတို့စိတ်မညစ်ရ၊ ကလေးတို့အကြိုက် အရသာလည်းတွေ့မယ့် စားစရာ၊ မုန့်လေးတွေကို အလွယ်တကူရရှိနိုင်တယ်နော်။
သန်းကြွယ်ရဲ့ များစွာသော မီနူးရွေးချယ်မှုတွေထဲကမှ ကလေးတို့အကြိုက်တွေ့မယ့် အဆာပြေမုန့်လေးတွေဖြစ်တဲ့
🔸 ချိုချိုအိအိ ကြက်ဥပလာတာ
🔸 ချိုစိမ့်စိမ့် အရသာ ပေါင်မုန့်ကြက်ဥကြော်
🔸 ပဲအနှစ်တွေပြည့်နှစ်နေတဲ့ ပဲလိပ်ခုတ်
🔸 အရသာနက်နဲလှတဲ့ ငါးအသားလုံးကြော်
🔸 နူးညံ့အိစက်လှတဲ့ ဝက်သားပေါင်း
တို့ကတော့ သားသားမီးမီးတို့တွေ သေချာပေါက်စိတ်တိုင်းကျစေမှာပါ။
👐🏻 မိတ်ဆွေတို့လည်း သားသားမီးမီးတို့ရဲ့ မနက်စာနဲ့ အဆာပြေအတွက် တွေးတောရွေးချယ်မနေတော့ဘဲ အာဟာရပြည့်ဝတဲ့ မုန့်လေးတွေကို အခုပဲ “သန်းကြွယ်” ကို ပြေးဝယ်လိုက်တော့နော်…🏃🏻♂️
#သန်းကြွယ်လက်ဖက်ရည်ဆိုင်
✨ သူနဲ့ အတူတူ လက်ဖက်ရည်ဆိုင် ခဏခဏထိုင်လေ့ရှိပါတယ်။
🤷♂️ “သူ” ဆိုတာက ဘယ်သူများဖြစ်နိုင်မလဲ?
👨👩👧👦 ကိုယ့်ရဲ့ မိသားစုဝင်တွေ (ဒါမှမဟုတ်)
🤝 သူငယ်ချင်း၊ မိတ်ဆွေ အပေါင်းအသင်း တစ်ယောက်ယောက်လည်း ဖြစ်နိုင်သလို
💕 ချစ်သူ၊ ရည်းစားလည်း ဖြစ်နိုင်ပါတယ်။
🙌 သန်းကြွယ်ရဲ့ ပရိသတ်တွေကရော ဘယ် “သူ” နဲ့ လက်ဖက်ရည်ဆိုင်ကို ခဏခဏထိုင်လေ့ရှိသလဲဆိုတာ ကောမန့်မှာ မျှဝေပေးခဲ့ကြပါဦးနော်…💛
#သန်းကြွယ်လက်ဖက်ရည်ဆိုင်
"ဝါဆိုသင်္ကန်းနှင့်ပရိယတ္တိစာအုပ်များလှူဒါန်းခြင်းအလှူတော်"
-------------------------------------------------
ယနေ့ မြန်မာခုနှစ် ၁၃၈၅ခု ၊ဝါဆိုလပြည့်ကျော်(၈)ရက်၊ဗုဒ္ဓဟူးနေ့တွင်
"ကျိက္ကစံပဌမရွှေကျင်ကျောင်းတိုက်"၌ ဝါဆိုဝါကပ်တော်မူသော သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်း၊ပိဋကတ်စာအုပ်များ၊နေ့ဆွမ်းနှင့်လှူဖွယ်ဝတ္တုအစုစုတို့ကို"သန်းကြွယ်လက်ဖက်ရည်ဆိုင်"မိသားစုမှ လှူဒါန်းမှုပြုခဲ့ခြင်းမှတ်တမ်းများကို သန်းကြွယ်ကို အားပေးသူ၊ချစ်ရတဲ့ စားသုံးသူတိုင်း သာဓုခေါ်ဆိုနိုင်ရန် မျှဝေလိုက်ရပါတယ်ခင်ဗျာ...
#သန်းကြွယ်လက်ဖက်ရည်ဆိုင်
“ကာကာဆိုင်” ယဉ်ကျေးမှုမှ “လက်ဖက်ရည်ဆိုင်” ယဉ်ကျေးမှုဆီသို့
💮 လက်ဖက်ရည်သောက်သုံးတဲ့ ယဉ်ကျေးမှုဟာ မြန်မာနိုင်ငံမှာ ရာစုနှစ်ချီမက တည်ရှိလာခဲ့တာ ဖြစ်ပါတယ်။
☕️ "ပကာသန မပါတဲ့ စွဲလမ်းမှု" လို့ ဆိုရလောက်အောင် နံနက်ခင်းမှ စလို့ ညနေခင်းအချိန်ထိ နေ့စဉ်နီးပါး လက်ဖက်ရည်ကို လူအများစုဟာ နှစ်နှစ်ခြိုက်ခြိုက် သောက်သုံးလေ့ရှိကြပါတယ်။
✨ National Beverage လို့ တင်စားရမယ့် ဒီလက်ဖက်ရည်ကို အချို၊ အဆိမ့်၊ အကျ အရသာအမျိုးမျိုးရအောင် သေချာနှပ်ပြီး ဖျော်နည်းတွေကိုလည်း တစ်ဆင့်တစ်ဆင့် တိုးတက်လာအောင် ဖန်တီးလေ့ရှိကြပါသေးတယ်။
🪑 ယခင်က ခုံပုလေးတွေ တန်းစီချထားတဲ့ “ကာကာဆိုင်” လို့ နာမည်ရခဲ့တာကနေ လက်ရှိမှာတော့ “လက်ဖက်ရည်ဆိုင်” ဆိုတဲ့ အတည်အတံ့ နာမည်ကို ပြောင်းလဲခေါ်တွင်လာကြပါပြီ။
💠 မြန်မာလူမျိုးတွေအတွက် လက်ဖက်ရည် ယဉ်ကျေးမှု ဓလေ့ကို ပယ်ဖျက်ဖို့ဆိုတာ မလွယ်ကူနိုင်ပါဘူး။ လက်ဖက်ရည်တစ်ခွက် သောက်ဖို့အပြင် သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ စကားလက်ဆုံကြဖို့၊ အစားအစာကောင်းတွေ သုံးဆောင်ဖို့ဆိုတာ လက်ဖက်ရည်ဆိုင်တွေ မပျောက်ပျက်သွားမှသာ ဖြစ်မှာပါ။
⚜️ သန်းကြွယ် လက်ဖက်ရည်ဆိုင်ဟာလည်း “ကာကာ” ဆိုတဲ့ ယဉ်ကျေးမှုမှ စတင်ကာ “လက်ဖက်ရည်ဆိုင်” ယဉ်ကျေးမှုအထိ အတူ ရှိလာခဲ့တာ (၂၅) နှစ်တိုင်တိုင် ရှိခဲ့ပါပြီ။ အနာဂတ်မှာလည်း မဟောင်းနွမ်းသွားမယ့် လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုကို သန်းကြွယ်နဲ့အတူ ဖြတ်သန်းကြဖို့ အားလုံးကို ဖိတ်ခေါ်ချင်ပါတယ်…🧡
#သန်းကြွယ်လက်ဖက်ရည်ဆိုင်
🌕 ထူးမြတ်တဲ့ လပြည့်ဝါဆို၊ ဓမ္မစကြာအခါတော်နေ့မှာ သန်းကြွယ်ရဲ့ ချစ်မိတ်ဆွေအပေါင်း သူတော်ကောင်းများအားလုံး 🙏 တရားထူး၊ တရားမြတ်တွေကို နာယူနိုင်ကြပါစေ။
🙌 စီးပွားလာဘ်လာဘများလည်း တိုးတက်ပြီး မရှိစကား မကြားရဘဲ ပေးကမ်းစွန့်ကြဲနိုင်သူများ ဖြစ်ကြပါစေ။ ကောင်းကျိုးလိုအင် ဆန္ဒများ ပြည့်ဝပြီး ကိုယ်ရော စိတ်ပါ ကြည်လင် ချမ်းမြေ့ကြပါစေကြောင်း တောင်းဆုပြုလိုက်ပါတယ်…💛
#သန်းကြွယ်လက်ဖက်ရည်ဆိုင်
#ဝါဆိုလပြည့်
#ဓမ္မစကြာနေ့
😉 “သန်းကြွယ်ရဲ့ ထီးလှလှလေးတွေ ပိုင်ဖို့ လိုနေတာ ပွိုင့်လေးတွေပါပဲနော်။”
☂️ သန်းကြွယ် Logo အမှတ်တံဆိပ်နဲ့ ထီးလှလှလေးကိုင်ပြီး ဒီနှစ် မိုးတွင်းကို ဖြတ်သန်းဖို့ စိတ်ကူးနေပါသလား?
✅ ဒါဆိုရင်တော့ သန်းကြွယ်ဆိုင်ရဲ့ အမာခံ ပရိသတ်လေးတစ်ဦးအဖြစ် ပွိုင့်လေးတွေ စုဖို့ပဲ လိုပါတယ်။
⚜️ သန်းကြွယ်ရဲ့ ဘယ်ဆိုင်ခွဲမှာပဲဖြစ်ဖြစ်
☝️ (၁) သောင်းကျပ်ဖိုး ဝယ်ယူသူတိုင်း ပွိုင့် (၁) ခုစီ ရနိုင်မှာ ဖြစ်ပြီး
👐 စုစုပေါင်း (၁၀) ပွိုင့်ပြည့်သူ တိုင်းက
🌂 သန်းကြွယ်ရဲ့ ထီး (၁) ချောင်းကို လက်ဆောင်အဖြစ် ရယူနိုင်မှာပါ။
🎁 ဒီတော့ များများစား၊ များများဝယ်၊ ပွိုင့်ကလေးတွေ မြန်မြန်စုပြီး ထီးလက်ဆောင် ယူဖို့ သန်းကြွယ်ဆီကို အမြန်နှုန်းနဲ့ ပန်းကန်လုံးစီးပြီးသာ လှမ်းလာခဲ့လိုက်တော့နော်…💛
#သန်းကြွယ်လက်ဖက်ရည်ဆိုင်
#ထီးလက်ဆောင်
#ပွိုင့်စုကြမယ်
🌄 နံနက်ခင်း ငြိမ်အေးလှတဲ့ အငွေ့အသက်လေးထဲမှာ အပူငွေ့လေးထနေတဲ့ ဒင်းဆမ်းပေါင်းလေးတွေ စားလိုက်ရရင်တော့ သာယာကြည်နူးနေ့ရက်ကြီးကို စတင်ဖြတ်သန်းနိုင်ပြီပေါ့။
♨ မနက်စာကို ပူပူနွေးနွေးလေးမှ စားကောင်းပါတယ်ဆိုတဲ့ မိတ်ဆွေတို့အတွက် “သန်းကြွယ်”ရဲ့ ဒင်းဆမ်း မီးနူးလေးက စောင့်မျှော်နေပါတယ်။
🕰 ဒင်းဆမ်းပေါင်းလေးတွေကို အမယ်စုံ၊ အရသာစုံ မြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ နံနက်ပိုင်း စောစောလေး လာရောက်လက်ဦးဖို့တော့လိုတယ်နော်။
လတ်ဆတ်သန့်ရှင်း၊ အရသာမြိန်လှတဲ့ ဒင်းဆမ်းလေးတွေနဲ့ ပြီးပြည့်စုံတဲ့ မနက်စာရရှိနိုင်ဖို့ “သန်းကြွယ်”ကို အခုပဲ လှမ်းလာခဲ့လိုက်ပါ…💛
#သန်းကြွယ်လက်ဖက်ရည်ဆိုင်
⛈ သန်းကြွယ်ဆီကို မိုးသဲသဲကြားထဲမှာလည်း အလာမပျက်ခဲ့တဲ့ ချစ်မိတ်ဆွေတို့ ရှိပါသလား?
🙌 ဒါဆိုရင်တော့ ထီးလက်ဆောင် လှလှလေး ယူဖို့ အခွင့်အရေးက သင့်လက်ထဲမှာ ရှိနေပါပြီ။
☂️ ထီးလက်ဆောင် လှလှတွေရဖို့
✅ သန်းကြွယ် ပေ့ချ်ကို လိုက်ခ် လေးလုပ်၊
✅ ဒီ ပို့စ်လေးကို ရှယ် ရင်းနဲ့
✅ ကောမန့်မှာ သန်းကြွယ်ဆီမှာ ကြုံဖူးခဲ့တဲ့ မိုးရာသီအမှတ်တရလေးကို ချန်ထားပေးခဲ့ပါနော်။
🏃♀️ ထီးအရေအတွက်က အကန့်အသတ်လေးတော့ ရှိလို့ မြန်မြန် ကောမန့်ချန်ထားမှသာ စိတ်ချရမှာပါ။ ထီးလက်ဆောင် ကံထူးမယ့် ကံထူးရှင်လေးများကို ( 22.7.2023 ) မှာ Random Picker နဲ့ ရွေးချယ်ပေးသွားမှာပဲ ဖြစ်ပါတယ်။
💁ကဲ သန်းကြွယ်ရဲ့ ထီးလှလှလေးတွေ ယူဖို့ အခုပဲအမှတ်တရတွေကို မျှဝေလိုက်ကြစို့…🧡
#သန်းကြွယ်လက်ဖက်ရည်ဆိုင်
⚜️ ရန်ကုန်မြို့ပေါ်မှာ သန်းကြွယ် ဆိုင်ခွဲတွေဟာ အရပ်မျက်နှာတော်တော်များများမှာ လက်ညှိုးညွှန်လို့ မလွဲနိုင်လောက်အောင် ရှိနေတယ်ဆိုတာ အားလုံးလည်း သိပြီးသား ဖြစ်လောက်မှာပါ။
🔸 ဇဝနဆိုင်ခွဲ
🔸 ကြည့်မြင့်တိုင်ဆိုင်ခွဲ
🔸 သင်္ဃန်းကျွန်းဆိုင်ခွဲ
🔸 တောင်ဒဂုံဆိုင်ခွဲ
🔸 မြောက်ဒဂုံဆိုင်ခွဲ
🔸 စံရိပ်ငြိမ်ဆိုင်ခွဲ
🔸 မြောက်ဒဂုံ (ဦးဝိစာရဆိုင်ခွဲ) တွေအပြင်
⚜️ ပုသိမ်မြို့မှာဆိုရင်လည်း
🔸 ရှင်ပင်ဘုန်းပွင့်ဆိုင်ခွဲ
🔸 မရမ်းချိုဆိုင်ခွဲ
🤗 ဒီလို ဆိုင်ခွဲတွေ အများကြီးထဲကမှ ဘယ်ဆိုင်ခွဲမှာ အများဆုံးထိုင်ဖြစ်ပြီး
ဘယ်ဆိုင်ခွဲကို အကြိုက်ဆုံးလဲဆိုတာ မှတ်မိသေးရင် ပြောပြပေးပါဦးနော်…💛
#သန်းကြွယ်လက်ဖက်ရည်ဆိုင်
၂၁ ရာစုကြီးမှာ အားလုံးကကော်ဖီဆိုင်တွေကို သွားရတာနှစ်သက်လာကြသလို ကိုယ်ရဲ့ အဖေတို့၊ အမေတို့ခေတ်တုန်းက လက်ဖက်ရည်ဆိုင်တွေမှာ စကားဝိုင်းဖွဲ့ကြတာကလည်း ဓလေ့ထုံးတမ်းပါပဲ။ အသိမိတ်ဆွေတွေ၊ မိသားစု အမျိုးတွေနဲ့ ဆုံစည်းတဲ့အချိန်တွေမှာ လက်ဖက်ရည်သောက်၊ လက်ဖက်သုပ်လေးစားပြီး စကားစမြည်ပြောဆိုကြတာပေါ့။
အိမ်ကအဖေကလည်း ကျွန်တော့်ကိုငယ်ငယ်တည်းက လက်ဖက်ရည်ဆိုင်သွားရင်ခေါ်သွားလေ့ရှိတယ်။ ဆိုင်က စားပွဲဝိုင်းမှာ အဖေက မိတ်ဆွေတွေ၊ ဘဘ၊ ဦးလေးတွေနဲ့ စကားပြောဆွေးနွေးတဲ့အချိန်မှာ ကျွန်တော်ကတော့ ကလေးပီပီ မုန့်စားဖို့ပဲ စဉ်းစားနေခဲ့တယ်။ အခုအရွယ်ရောက်လာတော့ ကိုယ့်သူငယ်ချင်းတွေနဲ့ ကိုယ်တိုင်လက်ဖက်ရည်ဆိုင်ထိုင်တော့မှပဲ လူကြီးတွေရဲ့ စကားဝိုင်းတွေကို နားဆင်မိလာပါတယ်။
အခုလည်း ရုံးမသွားခင် “သန်းကြွယ်” လက်ဖက်ရည်ဆိုင်မှာ မနက်စာဝင်စားရင်း ဘေးဝိုင်းကဦးကြီးတွေ ရပ်ကွက်ထဲက အကြောင်းပြောနေတာကို ကြားနေရတယ်။
“ကိုတင်မြကြီး ဟိုတနေ့က ဆေးခန်းပြလိုက်ရတယ်ဆို”
“ဟုတ်လား၊ ဘာဖြစ်လို့လဲကွ”
“အိမ်ရှေ့က လမ်းဘေးခွေးကို မောင်းထုတ်ရင်း ချော်လဲလို့တဲ့ကွာ"
“ထွေထွေထူးထူး ဘာမှမဖြစ်သွားတာပဲ တော်ပါသေးတယ်၊ ငါတို့အသက်အရွယ်တွေနဲ့”
“အေးကွာ၊ အိမ်က ကလေးတွေကလည်း သိပ်အားကိုးလို့ရနေတာ မဟုတ်ဘူး”
ဒီလူကြီးစကားဝိုင်းကို ဝင်နားထောင်မိတော့လည်း အဖေတို့ကို သတိတဖြတ်ရမိလိုက်တယ်။ မိတ်ဆွေတွေနဲ့ လွတ်လွတ်လပ်လပ်ပြောရမယ့်စကားဝိုင်းကို ကလေးတစ်ဖက် အမြဲခေါ်လာခဲ့ပေးရတဲ့ အဖေလည်း ပင်ပန်းခဲ့မှာပဲ။ အရင်လို နေ့တိုင်းမတွေ့ဖြစ်တဲ့ အဖေနဲ့အတူ လက်ဖက်ရည်စကားဝိုင်းလေးဖွဲ့ဖို့ နောက်နေ့တော့ ထပ်လာခဲ့ရပါဦးမယ်။
#သန်းကြွယ်လက်ဖက်ရည်ဆိုင်
🌦 ရာသီဥတု မတည်ငြိမ်တဲ့ အခုလို အချိန်မျိုးမှာ
⏳ သင့်ရင်သွေးလေးကို ကျောင်းကြိုဖို့ အရိပ်ကောင်းကောင်းမှာ စားကောင်းသောက်ဖွယ်ရာတွေနဲ့ စောင့်ဖို့၊
💕 ချစ်သူလေးနဲ့ ဒိတ်ရင်း အရသာရှိတဲ့ အစားအစာတွေ သုံးဆောင်ဖို့၊
☕️ မိုးသည်းချိန်မှာ မိုးခိုရင်း လက်ဖက်ရည် (ဒါမှမဟုတ်) ကော်ဖီပူလေး တစ်ခွက်သောက်ဖို့ဆို
🙌 “သန်းကြွယ်” ရဲ့ ရင်ခွင်ကျယ်ကြီးမှ ဝမ်းသာအားရ ဆီးကြိုနေပါတယ်နော်။
✴️ မြို့နယ်တိုင်း နီးပါးမှာ ဆိုင်ခွဲပေါင်း အမြောက်အမြားရှိပြီး ကျယ်ဝန်းတဲ့ ကားပါကင်၊ သန့်ရှင်းသပ်ရပ်မှု၊ နွေးထွေးတဲ့ ဝန်ဆောင်မှုတွေအပြင် ပြီးပြည့်စုံတဲ့ အရသာကောင်းများကို “သန်းကြွယ်” လက်ဖက်ရည်ဆိုင်မှ စေတနာ၊ မေတ္တာအပြည့်ဖြင့် ချက်ပြုတ်ပြင်ဆင်ပေးလျက်ရှိပါတယ်။
🔸 ဘယ်လို ဥတုမျိုးမဆို စိတ်အေးအေးချမ်းချမ်း အနားယူ အပန်းဖြေနိုင်တာ “သန်းကြွယ်” လက်ဖက်ရည်ဆိုင်ဆီမှာပါ။ ဒီ ခိုနားရာလေးမှာ ပျော်မွေ့ရင်း နှစ်သက်ရာကို သုံးဆောင်ခံစားလိုက်ပါ…💛
#သန်းကြွယ်လက်ဖက်ရည်ဆိုင်
😋 ဒင်းဆမ်း ပူပူနွေးနွေးလေးတွေကို အကြိမ်ကြိမ် အခါခါ စားလည်း မရိုးအီသွားတတ်တဲ့ ဒင်းဆမ်း ချစ်သူတွေအတွက် သတင်းကောင်း တစ်ခု ပါးချင်ပါတယ်။
🤗 ဒါကတော့ “သန်းကြွယ်” ဆီက အရောင်အသွေး စုံလင်ပြီး အရသာရှိတဲ့ ဒင်းဆမ်း (၅) ပေါင်း မှာတာနဲ့ မိမိနှစ်သက်ရာ (၁) ပေါင်းကို လက်ဆောင်ယူနိုင်မယ့် ပရိုမိုးရှင်းလေး ရှိနေတယ် ဆိုတာပါပဲ။
⌛️ ဒီလို (၅) ပေါင်းဝယ်ပြီး (၆) ပေါင်း စားရမယ့် ပရိုမိုးရှင်းလေးကို (၆) လပိုင်း (၅) ရက်နေ့ကနေ (၉) ရက်နေ့အထိ သတ်မှတ်ပေးထားပါတယ်။
🌞 မနက်ပိုင်း ဆိုရင်တော့ အမယ်စုံ မီနူးလေးတွေကို ပိုရွေးချယ်နိုင်တာကြောင့် စောစောလေးနဲ့ မြန်မြန်လေးလာဖို့တော့ သတိပေးချင်ပါတယ်နော်။
🍘 စားလို့ကောင်းတဲ့ သန်းကြွယ်ဆီက Dim Sum လေးတွေကို အလှမစားဘဲ အဝစားနိုင်မယ့် အခွင့်အရေးမလို့ အချိန်မီ လာသုံးဆောင်ကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်…💛
#သန်းကြွယ်လက်ဖက်ရည်ဆိုင်
🙌 ပေါ့ပေါ့ပါးပါး လက်ဖက်ရည်တစ်ခွက်သာမက ဗိုက်ပြည့်တင်းအောင် ဝမ်းစာဖြည့်ပြီး သုံးဆောင်လိုသူတိုင်းကိုလည်း သန်းကြွယ်မှ ဆီးကြိုလျက်ပါပဲ။
🍲 ပူပူနွေးနွေး ခံတွင်းရှင်းစေမယ့် တုံယမ်းဟင်းချို
🥘 အရသာကောင်းပြီး ဗိုက်ပြည့်စေမယ့် ထိုင်းဆန်ပြားကြော်
🍝 လက်ထဲက ဇွန်းမချနိုင်အောင် ဆက်တိုက် စားချင်နေစေမယ့် ယိုးဒယားပဲကြာဇံကြော်
🍛 ထမင်းမြိန်သလို အစပ်အဟပ် ထိမိလှတဲ့ ဝက်ဂုတ်သားကင်သုပ်ထမင်းတွေ လိုမျိုး ဟင်းပွဲတွေကိုလည်း “သန်းကြွယ်” ဆီမှာ မှာယူသုံးဆောင်နိုင်ပါတယ်။
✴️ သန့်ရှင်းမှုရော၊ အရသာပိုင်းကိုရော အာမခံသလို ဝန်ဆောင်မှုပိုင်းကိုပါ ဆိုင်ခွဲတိုင်းမှာ မလစ်ဟင်းစေရအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။
☕️ “သန်းကြွယ်” လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်ပဲ မသောက်ပါနဲ့။ ဆာလောင်မှုကို ဖြေဖျောက်ဖို့ အရသာရှိတဲ့ ဟင်းပွဲတွေကိုပါ သုံးဆောင်ရင်း အပန်းဖြေ ပျော်မွေ့လိုက်ပါ…🧡
#သန်းကြွယ်လက်ဖက်ရည်ဆိုင်
လက်ဖက်ရည်ဆိုင် ထိုင်ရတာကို ကျွန်တော့် အဖေ့နဲ့ ဦးလေးတွေက တော်တော်နှစ်သက်ကြတယ်။ သူတို့တင် မကပါဘူး။ ကျွန်တော့်အပေါင်းအဖော် ယောကျာ်းလေး သူငယ်ချင်းတွေလည်း အတူတူပဲ။
“လက်ဖက်ရည်ဆိုင်ရဲ့ ယဉ်ကျေးမှု အနှစ်သာရကို တကယ် နားလည်သွားရင် ဒီအရသာကို ကြိုက်မိသွားမှာပါ” ဆိုပြီး အဖေကတော့ ခဏခဏ ပြောတာပဲ။ ဒီနေ့တော့ ထမင်းလည်း အိမ်မှာ မကျန်တော့ဘူးဆိုလို့ ညနေစာကို အိမ်နဲ့ နီးတဲ့ “သန်းကြွယ်” လက်ဖက်ရည်ဆိုင်မှာ ဝင်စားရတယ်။
ကျွန်တော့် စားပွဲဝိုင်းရဲ့ အရှေ့မှာတော့ ဦးလေးကြီးတွေ အဖွဲ့ကျရင်း ဒေါ်လာဈေးအကြောင်းတွေ ပြောနေကြတယ်။ ဘေးဘက်မှာတော့ သက်ငယ်ယောကျာ်းလေးတွေ ဖုန်းကိုယ်စီကိုင်ရင်း အလုပ်များနေကြပုံပဲ။
“ ဒေါ်လာဈေးတွေ ခုန်ပျံတက်ချက်ကတော့ လက်လန်တယ်။ ဟိုနေ့ကပဲ (....) ကို ဒီနေ့မနက် (....) ဖြစ်သွားပြီ…”
“ပြေးလေ။ ဟိတ်ကောင် နောက်မှာ လိုက်လာပြီ။ ငါ့ကို ကာပေးထားဦးလေကွ…”
ဪ လတ်စသတ်တော့ ဂိမ်းဆော့နေကြတာကိုး။ သန်းကြွယ်ဆီက ထမင်းမြိန်မြိန်စားပြီးတော့ လက်ဖက်ရည်ကို အာသီသ ဖြစ်လာပြန်လို့ ပေါ့ဆိမ့်တစ်ခွက်ကို မှာရင်း ဘေးအသံတွေကို နားစွင့်နေမိပြန်တယ်။
သက်လတ်ပိုင်း အန်တီကြီးတွေရဲ့ သားရေးသမီးရေးတွေ၊ ရပ်ကွက်ထဲမှာ ဘယ်သူ့သာရေး၊ နာရေးကအစ ကဗျာဆရာ၊ စာပေသမားတွေရဲ့ ဆွေးနွေးချက်တွေကိုပါ လက်ဖက်ရည်တစ်ခွက်သောက်ရင်း ကျွန်တော် နားထောင်ခဲ့ရတယ်။ ဆူညံနေတယ်လို့တော့ မခံစားရပေမယ့် အထီးကျန်နေသလိုလည်း မဖြစ်နေခဲ့ပါဘူး။
ဪ အဖေ ပြောတဲ့ လက်ဖက်ရည်ဆိုင်ရဲ့ အနှစ်သာရဆိုတာ ဒါကိုး…
#သန်းကြွယ်လက်ဖက်ရည်ဆိုင်
🌡️ နွေဥတုကြီးမှာ မြင့်မားလှတဲ့အပူချိန်တွေကြောင့် မိဘပြည်သူတို့အားလုံး လူရောစိတ်ရော ပင်ပန်းနေကြလောက်ရောပေါ့။
☀️ သန်းကြွယ်ကတော့ ဒီလိုပူပြင်းလှတဲ့ရာသီကြီးမှာ ဧည့်သည်တော်တို့ရဲ့ စိတ်အပူအပင်တွေဆီက ခိုလှုံနိုင်မယ့် အရိပ်အာဝသလေးတစ်ခုအဖြစ် တည်ရှိနေပေးမှာပါ။
🥤 အေးမြလန်းဆန်းစေမယ့် သောက်ဖွယ်ရာများ
🍝 အရသာမြိန်ရှက်လှသော အစားအစာများနဲ့
🎊 စည်ကားသာယာတဲ့ အရိပ်အသက်တို့ကတော့ ‘သန်းကြွယ်’ ဝန်ထမ်းများရဲ့ နွေးထွေးပျူငှာတဲ့ ဝန်ဆောင်မှုတို့နဲ့အတူ ပိတ်ရက်မရှိဘဲ စောင့်မျှော်နေပါတယ်နော်။
အကောင်ဆုံးသော အရည်အသွေးကိုသာ အဓိကထားဆောင်ရွက်ပေးနေတဲ့ ‘သန်းကြွယ်’က ဧည့်သည်တော်တို့အတွက် စိတ်ပူလောင်မှုတွေကို ငြှိမ်းသတ်ပေးမယ့် အားကိုးအားထားရာလေးတစ်ခုအဖြစ် အစဉ်ရပ်တည်ပေးလျက်ပါ…🤎
#သန်းကြွယ်လက်ဖက်ရည်ဆိုင်
ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန်မှတ်ရန် ဗုဒ္ဓနေ့........
-------------------------------------------------------
ကဆုန်လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။
ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။
မဟာသက္ကရာဇ် ၆၈-ခု ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခဲ့သည်။
မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူခဲ့သည်။
မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။
ဤသို့ ထူးခြားချက် ၄-ရပ်နှင့် ပြည့်စုံသဖြင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ကဆုန်လပြည့်နေ့အား ဘုရားနေ့ဟု သတ်မှတ်ခဲ့ကြသည်။ ဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူရန်အတွက် ဗောဓိပင်အား အမှီပြု၍ တရားအားထုတ်တော်မူခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ဗောဓိပင်အား ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြသည်။ ရေသွန်းလောင်းကြသည်မှာ ကဆုန်လတွင် ရေရှားပြတ်လပ်၍ ညှိုးလျော်အံ့ဆဲဖြစ်သော ဗောဓိပင်ကို လန်းဆန်းစိုပြေစေရန်အတွက် ဖြစ်ပေသည်။
ထိုအလေ့အထသည် ဗုဒ္ဓဘာသာဝင်တို့တွင် ပျောက်ကွယ်သွားခြင်းမရှိဘဲ ယနေ့ထက်တိုင် ရှင်သန်ဆဲဖြစ်သည်။ နှစ်စဉ်အမြဲပင် ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲများ ပြုလုပ်လျက်ရှိကြသည်။
"သန်းကြွယ်လက်ဖက်ရည်ဆိုင်"ရဲ့ စားသုံးသူတစ်ဦးချင်းစီတိုင်းလည်း "ကဆုန်လပြည့်နေ့" မှာ တရားဘဝနာများ အားထုတ်နိုင်ပြီး စိတ်ချမ်းသာကိုယ်ကျန်းမာပါစေကြောင်း ဆုမွန်ကောင်းပို့သအပ်ပါတယ်......
⚜️ မြန်မာတို့ အလေးအမြတ်ထားရတဲ့ နှစ်သစ်ကူး အခါသမယမှ စကာ ပျော်ရွှင်အေးချမ်းကြပါစေ။ အလှူရေစက် လက်နဲ့မကွာ လှူဒါန်းနိုင်ပြီး အောင်မြင်မှု အပေါင်း သရဖူဆောင်းနိုင်ပါစေ။
“သန်းကြွယ်” ပရိသတ် တစ်ဦးစီတိုင်းလည်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာလို့ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ ရွှင်လန်းနိုင်ကြပါစေကြောင်း မေတ္တာပို့သလိုက်ရပါတယ်…🧡
#သန်းကြွယ်လက်ဖက်ရည်ဆိုင်
ယနေ့ အတာသင်္ကြန်အကြိုနေ့မှာ "ဓမ္မရံသီမိုးကုတ်ရိပ်သာကျောင်းတိုက်" မှ သံဃာနှင့်ယောဂီ "၁၀၈၆ပါး "အား လက်ဖက်ရည်စုစုပေါင်း ခွက်တစ်ထောင်ကျော်နှင့် နေ့ဆွမ်း ကပ်လှူခဲ့ပါတယ်ခင်ဗျာ 🙏
🙏🏻 သန်းကြွယ်ကို အစဉ်အမြဲအားပေးနေကြသူများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။
📣 မိဘပြည်သူဧည့်သည်တော်များကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ သန်းကြွယ်မှ အလှူပေးမယ့် အစီအစဉ်လေးအကြောင်း သတင်းလေးပေးချင်ပါတယ်နော်။
ဒီအစီအစဉ်လေးကတော့ နှစ်ဆန်းတစ်ရက်နေ့မှာ သန်းကြွယ်သို့လာရောက်အားပေးသူ တစ်ဦးစီတိုင်းကို လက်ဖက်ရည်တစ်ခွက် လှူဒါန်းမျှဝေပေးသွားမှာပဲဖြစ်ပါတယ်။
ဒါကြောင့် မင်္ဂလာရှိတဲ့ နှစ်သစ်ကို ကြိုဆိုကြမယ့်နေ့လေးမှာ သန်းကြွယ်ရဲ့ လက်ဖက်ရည်အလှူမှာ ပါဝင်ဖို့ လာရောက် ကုသိုလ်ယူ ဒါနပြုပေးကြပါဦးနော်….🤎
#သန်းကြွယ်လက်ဖက်ရည်ဆိုင်
💦အတာသင်္ကြန်ကာလ ဆိုင်ဖွင့်ချိန်အား အသိပေးကြေငြာအပ်ပါသည်။
🥰 နွေပူပူ သင်္ကြန်တွင်းကို အရိပ်အာဝါသအောက်မှာ ဆိုဒါချိုအေးအေးလေးတွေ သောက်ရင်း ဖြတ်သန်းချင်မိပြီလား?
🔻 ဒီလို ရင်ထဲထိ အေးသွားစေမယ့် ဆိုဒါလေးတွေကို သင်္ကြန်အကြို၊ အကျ၊ အကြတ်နဲ့ အတက်နေ့တိုင်းမှာ မနက်(၆) နာရီကနေ ညနေ (၄) နာရီအထိ “သန်းကြွယ်” ဆိုင်ခွဲတိုင်းမှာ Discount ချပေးထားပါတယ်။
🍷 Soda Series တွေထဲက ဘာပဲရွေးရွေး ပုံမှန်ဈေး (၂၅၀၀) ကျပ်ကို (၁၈၀၀) ကျပ်တည်းနဲ့ ရရှိနိုင်မှာပါနော်။
ရာသီဥတု ပူပူကြားမှာ အစားအစာကောင်းတွေ စားရင်း ဆိုဒါတန်တန်အေးအေးလေး သောက်ချင်မိတိုင်း “သန်းကြွယ်” ဆီကို ခြေလှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်…🧡
#သန်းကြွယ်လက်ဖက်ရည်ဆိုင်
✨ အရည်အသွေးကို အဓိကထားကာ ဝန်ဆောင်မှုပေးနေတဲ့ “သန်းကြွယ်လက်ဖက်ရည်ဆိုင်”က ဧည့်သည်တော်များအတွက် အကောင်းဆုံးကြိုးစားလျက်ရှိပါတယ်။
သန်းကြွယ်က နေရာဒေသတိုင်းရှိဆိုင်ခွဲများအတွက် မပြောင်းလဲသော စားသောက်ဖွယ်ကောင်းများနှင့် ဝန်ဆောင်မှုကောင်းများကို အစဉ်အမြဲ ပေးအပ်နေတာကြောင့်လည်း မိသားစု၊ မိတ်ဆွေတို့ရဲ့ ရင်တွင်းစကားသံလေးတွေထဲကအတိုင်း ပျော်ရွှင်ဝမ်းမြောက်ရပြီးယုံကြည်စိတ်ချရတဲ့ ဂေဟာလေးတစ်ခုဖြစ်နေတာပေါ့။ 💖
“သန်းကြွယ်လက်ဖက်ရည်ဆိုင်”က ဧည့်သည်တော်များရဲ့ အဆက်မပြတ်ဝယ်ယူအားပေးမှုကို အထူးကျေးဇူးတင်မိသလို ဝေဖန်အကြံပြုချက်တိုင်းကိုလည်း သန်းကြွယ်မှ အကောင်းဆုံးနားဆင်ကြိုးစားလျက်ပါခင်ဗျာ…🙏🏻
#သန်းကြွယ်လက်ဖက်ရည်ဆိုင်
🙌🏻 စဉ်ဆက်မပြတ်လာရောက်အားပေးကြတဲ့ သန်းကြွယ်ရဲ့ ဧည့်သည်တော်များအတွက် မြောက်ဒဂုံမြို့နယ် ဦးဝိစာရလမ်းမှာ ဒုတိယမြောက်ဆိုင်ခွဲအသစ်လေး ထပ်မံဖွင့်လှစ်လိုက်ပါပြီနော်။
“သန်းကြွယ်” ရဲ့ ဆိုင်ခွဲသစ်လေးမှာဆိုရင်တော့
⚜️ အရသာပြောင်းလဲမှုမရှိ ကောင်းမွန်လှသောအစားအသောက်များ
⚜️ ဝန်ထမ်းများရဲ့ နွေးထွေးပျူငှာမှုများ
⚜️ လေကောင်းလေသန့်ရရှိနိုင်မယ့် နေရာထိုင်ဝန်း
⚜️ သန့်ရှင်းသပ်ရပ်လှတဲ့ ဆိုင်အပြင်အဆင်တို့ဖြင့် မိတ်ဆွေကို စောင့်မျှော်နေမှာပါ။
မြောက်ဒဂုံမြို့နယ်နှင့် အနီးတစ်ဝိုက်မှ မိတ်ဆွေအပေါင်းအသင်း၊ မိသားစုဝင်တို့နဲ့ အတူ စားကောင်းသောက်ဖွယ်များကို သန်းကြွယ်ရဲ့ ဆိုင်ခွဲအသစ်လေးမှာ မှာယူသုံးဆောင်နိုင်ပြီပေါ့။ အသက်အရွယ်မရွေး တစ်နေ့တာရဲ့ အားလပ်ချိန်တွေကို လွတ်လပ်ပေါ့ပါးစွာ ဖြတ်သန်းနိုင်မယ့် “သန်းကြွယ်”ကနွေးထွေးစွာကြိုဆိုနေပါတယ်…💛
🔱သန်းကြွယ်လက်ဖက်ရည်ဆိုင် (မြောက်ဒဂုံ-ဦးဝိစာရဆိုင်ခွဲ)
📍 အမှတ်(၈၅၇)၊ ဦးဝိစာရလမ်း၊ (၃၄)ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်း - ၀၉၂၅၅၅၄၃၂၈၅ ၊ ၀၉၂၅၅၅၄၃၂၈၆
#သန်းကြွယ်လက်ဖက်ရည်ဆိုင်
Don't let anyone
ever tell you
it's too cold for
iced dripped coffee....
🌟 “သန်းကြွယ်” လက်ဖက်ရည်ဆိုင်ဟာ အရည်အသွေးကို အဓိကထားဆောင်ရွက်ပေးတဲ့ လုပ်ငန်းတစ်ခုလို့ဆိုရင် မမှားပါဘူး။
⚜️ ဒါကြောင့်လည်းပဲ ယခုအချိန်ထိ နှစ်ပေါင်း (၂၄) နှစ် တိုင်အောင် နယ်ပယ်အရပ်ရပ်မှ သန်းကြွယ်ရဲ့ ဆိုင်ခွဲတိုင်းက အရသာကောင်းမွန်လှတဲ့ စားကောင်းသောက်ဖွယ်တွေကို Menu မပြောင်းလဲဘဲ တည်ခင်းရောင်းချပေးနေတာဖြစ်ပါတယ်။
👨🏻🍳 “သန်းကြွယ်” လက်ဖက်ရည်ဆိုင်ရှိ အစားအစာကောင်းများကို ဆိုင်ခွဲများအားလုံးမှာ တူညီသောချက်နည်း၊ ပြုလုပ်နည်းများဖြင့် ကျွမ်းကျင်စားဖိုမှူးများမှ အရည်အသွေးစံချိန်မလျော့သွားအောင် ပြင်ဆင်ပေးပါတယ်။
မီးဖိုမှအစ ကားပါကင်မှအဆုံးသာမက လိုလေသေးမရှိအောင် ဖန်တီးပေးထားသလို
သန်းကြွယ်ရဲ့ နွေးထွေးပျူငှာတဲ့ဝန်ထမ်းတိုင်းဟာ ဧည့်သည်တော်များအတွက် အချိန်တိုင်း၊ ဆိုင်ခွဲတိုင်းမှာ ကောင်းမွန်လှတဲ့ဝန်ဆောင်မှုများကို ပေးဆောင်နေပါတယ်။ ✨
ဧည့်သည်တော်များအားလုံးအတွက် အကောင်းမွန်ဆုံးသော စားကောင်းသောက်ဖွယ်၊ ဝန်ဆောင်မှုများကို “သန်းကြွယ်”ရဲ့ နောက်ကွယ်က ဝန်ထမ်းကောင်းများက စိတ်ရင်းစေတနာများဖြင့် နေ့စဉ်ပံ့ပိုးဆောင်ရွက်ပေးလျှက်ပါ…🤎
#သန်းကြွယ်လက်ဖက်ရည်ဆိုင်
✨ ဘယ်နေရာကိုပဲ ရောက်ရောက် စိတ်ချမ်းသာမှု ရှိဖို့ အဓိကပါပဲ။
မမျှော်လင့်ဘဲ ဖြစ်စေ၊ တကူးတကပဲ ဖြစ်ဖြစ် ရောက်ရှိသွားတဲ့ အဲ့ဒီ ပတ်ဝန်းကျင်လေးမှာ အစစအရာရာ ကိုယ့်အပေါ် ကောင်းမွန်တဲ့ သက်ရောက်မှုတွေ ကျန်နေခဲ့ဖို့က ပိုအရေးကြီးပါတယ်။
⚜️ “သန်းကြွယ်” လက်ဖက်ရည်ဆိုင်လေးမှာလည်း ဒီလို Vibe မျိုးကို လာရောက်သုံးဆောင်သူ တစ်ဦးစီတိုင်း ရရှိစေဖို့ ကြိုးပမ်းလျက်ရှိပါတယ်။ နွေးထွေးဖော်ရွေတဲ့ ဝန်ထမ်းတွေရဲ့ အပြုံးချိုချို၊ နောက်ထပ် ဘယ်နေရာမှာမှ ရှာမတွေ့နိုင်မယ့် နှစ်လိုဖွယ်ရာ သန်းကြွယ်ရဲ့ မီနူးလေးတွေကြောင့် ဆိုင်ထဲရောက်ရှိလာသူတိုင်းကို စိတ်ချမ်းသာမှုပေးနိုင်မယ်လို့ ယုံကြည်မိပါတယ်။
ဘယ်အချိန် စားစား ခံတွင်းမြိန်စေမယ့်
🔹 ငါးသားလုံးကြော်
🔹ကော်ပြန့်
🔹ပုစွန်ကော်ပြန့်
🔹ဝက်သားပေါင်း
🔹ကော်ပြန့်စိမ်း
🔹ဆိတ်သားစမူဆာ
🔹 ပေါက်စီ စတဲ့ မီနူးတွေကို သူမတူတဲ့ အရသာ၊ ကျန်းမာရေးနဲ့ ညီညွတ်လတ်ဆတ်နေအောင် ဖန်တီးပေးထားပါသေးတယ်။
ဒီတော့ စိတ်ချမ်းသာမှုကို လိုလားရင်တော့ “သန်းကြွယ်” လက်ဖက်ရည်ဆိုင်ဆီကို လှမ်းလာပြီး ခံတွင်းမြိန်စေမယ့် မီနူးလေးတွေကို လာရောက် သုံးဆောင်ကြည့်လိုက်ပါ…🧡
#သန်းကြွယ်လက်ဖက်ရည်ဆိုင်
Videos (show all)
Website
Opening Hours
Monday | 06:00 - 20:00 |
Tuesday | 06:00 - 20:00 |
Wednesday | 06:00 - 20:00 |
Thursday | 06:00 - 20:00 |
Friday | 06:00 - 20:00 |
Saturday | 06:00 - 20:00 |
Sunday | 06:00 - 20:00 |