Public Health & Life

Public Health & Life

ကျန်းမာရေးဗဟုသုတနှင့် ကျန်းမာရေးဆေ

Photos from Public Health & Life's post 25/10/2019

တစ်နိုင်ငံလုံးထိုး‌‌ေတာ့မဲ့ ဝက်သက်- ဂျိုက်သိုး

11/07/2019

မိုးလေးမိခဲ့ရင်

25/06/2019
25/06/2019

တတ်သလောက်တော့ စေတနာရှိတယ်

17/06/2019

သွေးလွန်တုပ်ကွေး
သူရောက်နေပြီ ဘာလုပ်ကြမလဲ
ပညာတွေပေးကြမှာလား
ကုပေးကြမှာလား
ဘယ်လိုတာဝန်ယူကြမလဲ

Photos from Public Health & Life's post 04/06/2019

#သွေးလွန်တုပ်ကွေး

04/06/2019

Alcohol taxes and public health အရက်ခွန်နဲ့ ကျန်းမာရေး

The Voice Weekly မှာ ဖတ်လိုက်ရတယ်။ “ကျန်းမာရေး-ဝန်ကြီးဌာနမှ အရက်၊ ဘီယာနှင့် ဆေးလိပ်များ၏ သွင်းကုန်ခွန်များ လျှော့ချခဲ့မှုနှင့် ပတ်သတ်ပြီး ကန့်ကွက်သွားရန် အစီအစဉ်များ ရှိကြောင်း နေပြည်တော်၊ ကျန်းမာရေး-ဝန်ကြီး ဌာနရုံးတွင် ပြုလုပ်ခဲ့သည့် အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခုတွင် ဒေါက်တာတင့်ဆွေလတ်က ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။”

ပါမောက္ခချုပ် ဒေါက်တာတင့်ဆွေလတ်ကို လေးစား-ထောက်ခံပါရစေ။ နာမည်ဆင်လို့ မဟုတ်ပါ။

“အရက်ကို အကောက်ခွန် များများတင်လိုက်ရင် လူတွေရဲ့ လူမှုသုက္ခတွေ နည်းမလား ဆိုတဲ့ အယူအဆ ဟုတ်ပါ့မလား” လို့ စောဒက တက်ပါတယ်။ ငြင်းသူတွေကနေ ပြောတာက “ဒီခေတ်မှာ အရက် သောက်တာ မဆန်းတော့ဘူး။ အရက် သောက်နေသူတွေဟာ အရက်ဈေး ဘယ်လောက်ကြီးကြီး ဝယ်သောက် ကြမှာဘဲ။” ၂၇-၉-၂ဝဝ၉ မှာ ထုတ်တဲ့ American Council on Science and Health (ACSH) Dispatch မှာ အဲလို ရေးခဲ့တာပါ။

Albert Einstein College of Medicine က Dr. Nigel Bark ကတော့ ဒီလို ဆင်ခြေမျိုးကို သဘောမတူဘူး။ “နှစ်ပေါင်း ၃ဝ အတွင်း Cost (basically taxation) of alcohol အရက်ဈေး (အတိအကျ ပြောရရင် အရက်ခွန်) နဲ့ Alcohol related morbidity and mortality အရက်နဲ့ ဆက်ပြီး ဖြစ်စေတဲ့ ရောဂါဖြစ်နှုန်း + သေနှုန်းတွေဟာ အသေအခြာ ဆက်စပ် နေပါတယ်။ Inverse relationship ပြောင်ပြန်-အချိုး ကျနေတယ်။ အရက်ကို အသေအလဲ စွဲနေသူဟာ အရက် ဘယ်လောက် ဈေးမြှင့်မြှင့် ဆက်သောက်နေမယ်ဆိုတာ မှန်ပေမဲ့ အဲလို အရက်ချိုး(ဂျိုး) ဆိုတာ လူဦးရေ အများထဲမှာ နည်းနည်းလေးသာ ရှိတာပါ။”

“ဒီလို ငြင်းဆိုချက်ဟာ အသစ်အဆန်း မဟုတ်သလို ခိုင်မာမှုလဲ နည်းပါတယ်။ နှစ် ၃ဝ အတွင်းမှာ တွေ့ရနေကြပါ။ တကယ်တော့ သမိုင်းက ပြောနေပါတယ်။ ၁၈ ရာစုထဲ၊ အင်္ဂလန်မှာ Gin (ဂျင်) ကို ပဌမဆုံး အခွန်စည်းကြပ်လိုက်တော့ လူထု-ကျန်းမာရေးမှာ သိသိသာသာ အကျိုးရစေခဲ့တယ်။ အထူးသဖြင့် မြို့ကြီးတွေနဲ့ အမျိုးသမီးတွေရော ကလေးတွေ အတွက်ပါ ပိုကောင်းခဲ့တာပါ။”

၂၇-၁ဝ-၂ဝဝ၆ (ယူကေ) ကနေလာတဲ့ သတင်းတပုဒ်မှာ Binge drinkers အရက်ချိုးတွေနဲ့ အသက်မပြည့်ဘဲ အရက် သောက်သူတွေကို ဦးတည်ပြီး အရက်ခွန် မြှင့်တင်ဘို့ ကျန်းမာရေး ဝန်ကြီး Patricia Hewitt ကနေ တိုက်တွန်းတယ်။ BBC Radio 4 ကို ပြောတာက “ဒီနည်းလမ်းဟာ အပြင်ပန်း ကြည့်ရင် ဆွဲဆောင်မှု ကောင်းပါတယ်။ ပြဿနာကို ရှင်းပေးမှာတော့ မဟုတ်သေးဘူးပေါ့။”

National Statistics စာရင်းဇယားဌာနရဲ့ ဖွင့်ဆိုချက်အရ တထိုင်ထဲမှာ ယောက်ျားဆို ၈ ယူနစ်၊ မိန်းမဆို ၆ ယူနစ် ထက် အရက် ပိုသောက်တာကို Binge drinking လို့ သတ်မှတ်တယ်။ အဲဒါမျိုး ဗြိတိန်မှာ ယောက်ျား ၂၃%၊ မိန်းမ ၆% ရှိနေတယ်။ ပိုခက်တဲ့ ပြဿနာက အသက် ၁၆ နဲ့ ၂၄ နှစ်ကြား လူငယ်တွေ ဖြစ်နေတယ်။ (ယူကေ) မှာ တခြား ဥရောပ နိုင်ငံတွေထက် မိန်းမတွေ အရက်သောက်တာ ပိုတိုးလာနေလို့ အရက်နဲ့ ဆက်ပြီး သေဆုံးမှုလဲ အနှစ် ၂ဝ အတွင်းမှာ ၂ ဆ တိုးလာတယ်။

အတိုက်အခံ နိုင်ငံရေးပါတီက ပြန်ထောက်ပြတာက “ဒါဟာ အာဏာရအစိုးရရဲ့ အရက်-ပေါ်လစီ မအောင်မြင်တာကို မျက်နှာဖုံး စွပ်ပြီး ဝန်ခံရာ ရောက်တယ်။ အမှန်က အရက် အပြင်းစားတွေကို အခွန်တိုးပြီး သာမန်အရက်တွေအပေါ်မှာ အခွန် လျော့ချသင့်တယ်။”

သုတေသန လုပ်သူတွေကနေ ထောက်ပြတာက “စနေ၊ တနင်္ဂနွေနေ့တွေမှာ Pedestrian deaths လမ်းဘေးမယ် သေရတာတွေထဲက ၈ဝ% ဟာ အရက်နဲ့ ဆက်စပ်နေတယ်။ နောက်ပြီး ဆေးရုံ-အရေးပေါ်ဌာနတွေမှာ နဲ့ လူရှုတ်ချိန် မတော်တဆ ဖြစ်မှုတွေထဲက ၄ ပုံ ၃ ပုံလောက်ကလဲ အရက်ကြောင့်ပဲ။”

၂၂-၂-၂ဝဝ၈ နေ့သတင်းတခုမှာ Higher tax on alcohol would save lives အရက်ခွန် တိုးလိုက်ရင် လူ့အသက်တွေ အများကြီးကို ကယ်ရာရောက်မယ်လို့ ဗြိတိန်မှာ လှုံ့ဆော်ခဲ့ကြတယ်။ British Medical Association (BMA) ကနေ ပြောတယ် "ဘီယာ၊ ဝိုင်နဲ့ အရက်ကို အခွန် ၁ဝ% တိုးလိုက်ရင် အရက်နဲ့ဆက်ပြီး သေဆုံးနေတဲ့ အရေအတွက်ကို လေးပုံ တပုံမက ကျဆင်းလိမ့်မယ်။" အစိုးရနဲ့ အရက် ကုမ္ပဏီတွေ နီးစပ်မှုရှိနေတာကိုလဲ ထောက်ပြ ကန့်ကွက်ကြပါတယ်။ အဲလို နိုင်ငံရေးသမားတွေကို Loss leaders အရှုံးသမား ခေါင်းဆောင်တွေ လို့ ခေါ်လိုက်တယ်။ နာမည်ကြီး အရက်သမား အနုပညာရှင်တွေကိုလဲ ပြစ်တင်တယ်။ Arctic Monkeys တွေဟာ “အဆိုး-နမူနာ ပေးနေသူပါ” လို့ သမုတ်လိုက်တယ်။

၁၃-၁၁-၂ဝဝ၈ နေ့မှာ CNN တီဗွီ ကနေ ထုတ်လွှင့်သွားတာတခုက Paying more for alcohol saves lives "အရက်ဈေး တက်ပေးရင်၊ အသက်သွေးတွေ ကယ်နိုင်မယ်" တဲ့။ အမေရိကန်ပြည်ထောင်စု၊ (အလာစကာ) ပြည်နယ်မှာ အရက်ခွန် တိုးလိုက်တိုင်း၊ တိုးလိုက်တိုင်း၊ အရက်နဲ့ ဆက်ပြီး သေဆုံးရနှုန်းတွေ ကျလာတာကို ၂၈ နှစ်တာ ဆန်းစစ်မှုအရ သိရတယ်။ ၁၉၈၃ တုံးက အရက်ခွန် တိုးလိုက်တော့ အရက်ကြောင့် သေဆုံးနှုန်း ၂၉% လျော့ခဲ့တယ်။ ၂ဝဝ၂ ခုမှာ တိုးပြန်တော့ ၁၁% ကျပြန်တယ်လို့ American Journal of Public Health မှာ ထုတ်ပြန်လိုက်တယ်။

ဥရောပနိုင်ငံတွေမှာ အရက်ဈေးနှုန်းတွေ အတော်ကြီး ကွာခြားကြတယ်။ ပျမ်းမျှ Spirits အရက် တပုလင်းဈေးကတော့ -
- Germany ဂျာမနီ = € 4.0
- Estonia အက်စ်တိုးနီးယား = € 5.57
- Denmark ဒိန်းမတ် = € 10.75
- Finland ဖင်လန် = € 20.09
- Sweden ဆွီဒင် = € 21.54
- Iceland အိုက်စလန် = € 28.37
- Norway နော်ဝေ = € 39.01

စကော့တလန်မှာ Violent crimes အကြမ်းဖက်-ရာဇဝတ်မှုတွေရဲ့ ၄၃% ဟာ အရက်နဲ့ ဆက်စပ်နေတာ တွေ့ရတယ်။ ဒါကြောင့် အရက်ကို Norweigan approach နော်ဝေမှာ ကိုင်တွယ်သလို လုပ်သင့်တယ်လို့ တချို့ကနေ တောင်းဆို လာကြတယ်။

နော်ဝေမှာ အရက်ဝယ်ဘို့ရာ အတော် မလွယ်ပါ။ ဘီယာ ထက်ပြင်းတဲ့ Wine, Whiskey, Brandy ဝယ်ချင်ရင် Vinmonopolet ဆိုတဲ့ဆိုင် လိုက်ရှာဝယ်ရမယ်။ ဒီဆိုင်မျိုးဆိုတာ ပုဇွန်ရောင်းတဲ့ နေရာလိုမှာ သွားဝယ်ရတာကိုက အနှိမ်ခံရသလိုဘဲ။ ၂ဝဝ၁ ဈေးအရ Absolut Vodka (ဗော်ဒကာ) တပုလင်း ဝယ်ရင် 297 Krone (£30) ပေးရမယ်။ အဲဒီ တန်ဘိုးထဲက 197.12 Krone ဟာ Alcohol tax အရက်ခွန် ဖြစ်တယ်။ အရက်တန်ဘိုးက 29.73 သာရှိတယ်၊ ဆိုင်ခွန်က 11.11 ပေးရမယ်၊ Sales tax အရောင်းခွန်က 57.48 ပါမယ်။ Packaging tax ထုပ်ပိုးခွန်က 1.56 ဖြစ်တယ်။ အခွန်အားလုံး ပေါင်းလိုက်တော့ 199.16 ဆောင်လိုက်ရတယ်ပေါ့။
အိန္ဒိယမှာ အရက်သေစာကို ဖွဲ့စည်းပုံ ပေါ်လစီ အခြေခံမူမှာကို ထည့်ရေးထားပါတယ်။ အပိုဒ် (၄၇) မှာ "လူနေမှု အဆင့်အတန်းနှင့် အာဟာရ မြှင့်တင်ပေးရန်မှာ နိုင်ငံတော်၏ မူလတာဝန် ဖြစ်သည်။ ဆေးဝါးအလို့ငှာ သုံးသည်ကလွဲ ၍ ကျန်းမာရေးကို ထိခိုက်စေနိုင်သော မူးယစ်စေသည့် ဆေးဝါးနှင့် အရည်များအား နိုင်ငံတော်က တားမြစ်ရမည်။”

ဒါပေမဲ့ လက်ရှိအခြေအနေမှာ အရက်ကို တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြတယ်။ တိုင်းရင်းသား ဒေသတွေမှာ ပိုများတယ်။ မြို့နေ ယောက်ျားတွေကလဲ နမူနာဘဲ။ အနှစ် ၂ဝ အတွင်း အရက်သောက်သူ ၁၅-၂ဝ% ကနေ ၃ဝဝ% အထိ သိသိသာသာ တိုးလာတယ်။ ၅% က အရက်စွဲသူတွေ ဖြစ်နေတယ်။ နည်းတခုအနေနဲ့ အရက်ဝယ်နိုင်တဲ့ အသက်ကို တိုးစေတာ ဖြစ်တယ်။ တချို့ပြည်နယ်တွေမှာ ၁၈ နှစ်ကနေ ၂၅ နှစ်အထိ တိုးတယ်။ ထိရောက်မှုကို လေ့လာတာ မလုပ်ရသေးပါ။ အရက်ခွန်ကလဲ အစိုးရအတွက် ဝင်ငွေ အများကြီး ရစေတယ်။ ၁ဝ% အထိရှိတယ်။ နမူနာကတော့ ပန်ဂျပ်မှာ ၃ ပုံ ၁ ပုံမက ရတယ်။

တချို့ပြည်နယ်တွေမှာ ဖွဲ့စည်းပုံပါ လမ်းညွှန်ချက်ကို ထည့်ထားရာကနေ ဖြုတ်လိုက် ကြတယ်။ အရက်ခွန် တိုးတာဟာ အရက် သောက်နေတာကို မလျော့စေဘူး။ သောက်သုံးသူတွေအတွက် စီးပွါးရေး ထိခိုက်တယ်။ လာဘ်စားမှု၊ ရာဇဝတ်မှု၊ မှောင်ခို ရောင်းဝယ်မှုတွေ တိုးစေတယ်လို့ ထောက်ပြကြတယ်။ အိန္ဒိယက တချို့နေရာတွေမှာ အခွန်ရအောင် အစိုးရက အရက် ရောင်းခွင့် ပြုပေမဲ့ အစိုးရအခေါ် သူပုန်တွေက အရက်ကို တားမြစ်တယ်။ သူပုန့်သြဇာက ပိုထိရောက်လို့ တိတ်တိတ်ပုန်းသာ ရောင်းကြ-သောက်ကြရတယ်။

Social Justice and Empowerment ဝန်ကြီးဌာန၊ မီဒီယာ၊ လူငယ်အသင်းအပင်းတွေ၊ Health and Family Welfare ဝန်ကြီးဌာန၊ NGOs တွေ လက်တွဲပြီး အရက်သေစာ တိုက်ဖျက်ရေး လုံးပမ်းနေကြတယ်။ UNDCP နဲ့ ILO တွေလဲ ပါတယ်။ NGO တွေထဲမှာ Indian Health Organisation (IHO), Youth for Christ India (YFC), Health Related Information Dissemination Amongst Youth (HRIDAY) နဲ့ Student Health Action Network (SHAN) တွေ ပါဝင်တယ်။ မြန်မာပြည်မှာ ဒါမျိုးတွေ ရှိလာသင့်ပါတယ်။

ဒီမိုကရေစီ ရှိရာနေရာတွေမှာ ဘာဘဲလုပ်လုပ် အကောင်း-အဆိုး၊ ကြိုက်-မကြိုက် ငြင်းခုံမှုတွေနဲ့ အမြဲမပြတ် ရှင်သန်နေတယ်။ အထောက်အထား ကောင်းကောင်း (ကင့်ပိန်း) ကောင်းကောင်း ရှိတာက အသာစီးရတတ်တယ်။ နိုင်တဲ့လူက တသက်လုံး နိုင်နေမှာတော့ မဟုတ်ဘူး။ လူပြိန်းတွေ များနေရင် လူပြိန်းကြိုက်က အနိုင်ရနေအုံးမယ်။

၁၅-၇-၂ဝ၁ဝ နယူးယော့ခ် ကလာတဲ့ သတင်းတခုမှာ “Americans armed themselves to the teeth and paid through the nose to have a smoke အမေရိကန်တွေဟာ သူတို့ကိုယ်သူတို့ လက်နက်တွေ တပ်ဆင်ထားပြီး နှာဖျားကနေ မီးခိုးထွက်အောင် လုပ်နေကြတယ်” လို့ ရေးထားပါတယ်။ ဖက်ဒရယ်-အစိုးရကနေ အရက်၊ ဆေးလိပ်၊ လက်နက်ငယ်နဲ့ ကျည်ဆံတွေအပေါ်ကနေ အခွန်ကောက်လို့ ၂ဝဝ၉ ခုနှစ်အတွင်းမှာ ၁ဝ့၆ ဘီလျန်ရနေလို့ ရေးတာပါ။

Sin tax ဆိုတာကို လူအများ စားသုံးပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို ကောက်တဲ့ (အကုသိုလ်) အခွန်လို့ ခေါ်တယ်။ အရက်၊ ဆေးလိပ် သာမက Candies (ကင်ဒီ)၊ Soft drinks ဖျော်ရည်၊ Fat foods အဆီများအစားအစာ၊ Coffee ကော်ဖီ သာမက Prostitution ပြည့်တန်ဆာ လုပ်ငန်းနဲ့ Gambling လောင်ကစားတွေအပေါ်မှာ ကောက်တဲ့ အခွန်တွေ ဖြစ်တယ်။ ဒီလိုအခွန်မျိုး တိုးတယ်ဆိုတာ စားသုံး-ရောင်းဝယ်မှု နည်းစေအာင် ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ မကြိုက်သူတွေက Sumptuary taxes လို့ ခေါ်ကြတယ်။ အများအကျိုးကို ဖြစ်စေတာ အမှန်ဘဲ။ ရတဲ့ အခွန်ငွေကို သုံးတာမှာလဲ ရည်ရွယ်ချက်ကောင်း ရှိရမယ်။ ကျန်းမာရေး၊ အားကစားရုံ၊ အရက်၊ မူးယစ်သမားတွေအတွက် နလံထစခန်း၊ စတာမျိုးတွေအတွက် သုံးသင့်တယ်။

• ၂၇-၂-၂ဝဝ၈ ဟောင်ကောင်မှာတော့ အရက်ခွန်တွေ ဖယ်ရှား လိုက်ပါသတဲ့။
• ၂၇-၄-၂ဝဝ၈ သြစတြေးလျမှာ ကျန်းမာရေး ဘက်တော်သားတွေက အရက်ခွန် တိုးတာကို ထောက်ခံလိုက်ကြတယ်။ သူတို့ဆီမှာ Pre-mixed alcoholic beverages ကြိုတင် ဖျော်ထားပြီးသား အရက်ခွန်ကို တလီတာမှာ $39 ကနေ $67 အထိ တိုးလိုက်ပါတယ်။ Public Health Association of Australia (PHA) က လူငယ်-လူရွယ် အမျိုးသား-အမျိုးသမီး Alcopops တွေအပေါ်မှာ သက်ရောက်မှု ရှိမယ်လို့ ပြောပါတယ်။
• ၁၂-၅-၂ဝဝ၈ ဗြိတိန်က သတင်းမှာလဲ အတူတူဘဲ။ Alcohol tax hiked to tackle binge drinking အရက်ခွန် တိုးတာ အရက်ချိုး(ဂျိုး) တွေ အတွက်ပါတဲ့။
• ၃ဝ-၁၁-၂ဝဝ၈ ဖင်လန်ကလဲ Finland ups its alcohol tax to curb binge drinking အဲဒီအတိုင်း လိုက်လုပ်တယ်။
• ၁၈-၅-၂ဝဝ၉ အမေရိကန် ဆီးနိတ်မှာ Alcohol, soda tax to fund health care plan အရက်၊ ဆေးလိပ်နဲ့ ဆိုဒါကို အခွန် တိုးကောက်ပြီး ကျန်းမာရေး-စီမံချက်မှာ သုံးဘို့ အဆိုပြုခဲ့တယ်။
• ၁-၈-၂ဝဝ၉ တရုပ်မှာ အဲလိုလုပ်ရင် အလုပ်သမားတွေက ကြိုက်မယ် မထင်ဘူးတဲ့။
• ၈-၉-၂ဝဝဝ မှာ Cable Television Network (Regulation) Amendment Bill ဥပဒေ လုပ်ပြီး အရက်နဲ့ စီးကရက် ကြော်ညာတာတွေကို တားမြစ်လိုက်တယ်။

၎-၄-၂ဝ၁၁ ဖိလစ်ပိုင် ပညာရှင်အဖွဲ့ရဲ့ တိုက်တွန်းချက်တခု ထွက်လာတယ်။ "အရက်နဲ့ ဆေးလိပ်အပေါ်မှာ Excise taxes စည်းကြပ်ခွန် ၅ဝ% တိုးမြင့်လိုက်ရင် တနှစ်တနှစ်မှာ အစိုးရအတွက် အခွန်ငွေ အမေရိကန်ဒေါ်လာ ၁့၎ ဘီလျန် တိုးလာမယ်" တဲ့။ Congressional Policy and Budget Research Department ကွန်ကရက် ပေါ်လစီ နဲ့ ဘတ်ဂျက် သုတေသနဌာနကနေ အဲလို အခွန်တိုးရလာမှာကို Health sector ကျန်းမာရေးကအတွက် သုံးသင့်တယ်လို့ ဆိုတယ်။

ဒီအဖွဲ့က ဝင်ငွေနည်း-တိုင်းပြည် ၂၂ နိုင်ငံကို လေ့လာပြီး သုတေသန လုပ်ခဲ့တာပါ။ တပြိုင်နက်ထဲမှာ တိုးရမဲ့ အခွန်ငွေကို ဘယ်နေရာမှာ သုံးမလဲ ဆိုတာလဲ မေးခွန်းဖြစ်တယ်။ အခွန်ရဲ့အမျိုးအစားက တိုးတိုးရနေမှာမျိုး မဟုတ်ဘူး၊ ဆင်းရဲသူတွေက အခွန်ပိုပေးရမယ်၊ လူ့စရိုက်ကလဲ ပြောင်းလဲလာဘို့ မဖြစ်နိုင်ဘူး၊ တိုးတက်ဘို့ အလားအလာရှိတဲ့ စီးပွါးရေးကိုလဲ နှိမ်ရာကျနေတယ်။ ဒါ့ကြောင့် ရလာမဲ့ အခွန်ကို အကျိုးရှိမဲ့နေရာမှာသုံးဘို့ သိပ်အရေးကြီးတယ်။

၆-၄-၂ဝ၁၁ သတင်းအရ အမေရိကားမှာ အရက်နဲ့ဆက်ပြီး သေဆုံးရသူပေါင်း တနှစ်မှာ ၈ သောင်း ၅ ထောင်ရှိတယ်။ American Journal of Public Health ကနေ “Effects of Alcohol Tax and Price Policies on Morbidity and Mortality: A Systematic Review” (အရက်ခွန်နဲ့ ဈေးနှုန်း ပေါ်လစီ ရဲ့ ရောဂါဖြစ်နှုန်း-သေနှုန်ပေါ်မှာ သက်ရောက်မှု၊ စနစ်တကျ လေ့လာချက်) ကို ထုတ်ပြန်ခဲ့တယ်။ အရက်ခွန်တိုးလိုက်ရင်
• Traffic crash deaths ယာဉ်မတော်တဆ တိုက်လို့ သေဆုံးရမှုကို ၁၁%၊
• HIV အပါအဝင် Sexually transmitted disease လိင်ကတဆင့် ကူးစက်ရောဂါတွေ ၆%၊
• Violence အကြမ်းဖက်မှု ၂%၊
• Crime ရာဇဝတ်မှု ၁့၎% ကျဆင်းစေမယ်။
• မူးယစ်ဆေးဝါး သုံးစွဲတာပါ ၆ဝ% နည်းစေတယ်။ ခြုံလိုက်ရင် အရက်ခွန် နှစ်ဆ တိုးလိုက်ရင် အရက်နဲ့ ဆက်နွယ် သေဆုံးမှုကို ၂၄% လျော့နည်းစေမယ်။

ဒဿနိက ပညာရှင်နဲ့ နိုင်ငံရေး-ဘောဂဗေဒ ဘိုးအေဖြစ်သူ Adam Smith ကလဲ ကျန်းမာရေး ဒေါင့်ကနေ ကြည့်တာကို ထောက်ခံပါတယ်။ The Wealth of Nations ထဲမှာ ရေးသွားခဲ့တာက "ကျန်းမာရေး၊ ဘဏ္ဍာရေး၊ နီတိအရ နဲ့ ငွေကြေးဆိုင်ရာ ဘက်တွေကနေ ငြင်းဆိုမှု တိုင်းဟာ ပကတိ အခြေအနေတွေနဲ့ ထင်ဟပ်ရတယ်။"

Dr. နီဂဲလ်-ဘတ်ခ် အပြောနဲ့ နိဂုံးချုပ်ပါရစေ။ “အရက်ဈေး တင်ပေးရင် ကျန်းမာရေးအတွက် ကောင်းစေမယ်ဆိုတာ Science သိပ္ပံကနေ ပြောတာဖြစ်တယ်။ Philosophy ဖီလော်ဆော်ဖီလို ငြင်းချက် ထုတ်ချင်လဲ ထုတ်ပေါ့။ သိပ္ပံလိုတော့ လာမငြင်းပါနဲ့။”


Crd . တင့်ဆွေ

03/06/2019

သွေးလွန်တုတ်ကွေးရောဂါ

သွေးလွန်တုပ်ကွေးရောဂါ
မြန်မာနိုင်ငံအနေနဲ့ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်လာနေ

၂၀၁၅ ခုနစ်ရဲ့ ပထမ ၆လပတ်အတွင်း ဖြစ်ပွားသူစုစုပေါင်း ၈၀၀၀ကျော်ရှိ၊ သေဆုံးသူ ၃၇ဦး အထိရှိ
အဓိကဖြစ်ပွားတဲ့ အသက်အရွယ်ကတော့ ၅နှစ်ကနေ ၉နှစ်ကြားကလေးငယ်
(အသက်အရွယ်မရွေးဖြစ်ပွားနိုင်)

သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာ
-၂ ရက်ကနေ ၇ရက်လောက်အထိ အပြင်းဖျားတာ
-ပျို့အန်တာ
-ကိုယ်ခန္ဓာမှာ အနီစက်တွေထွက်
-ဖျားနေစဉ် ၃ရက်ကနေ ၅ရက်အတွင်း သွေးလန့်
(အသက်အန္တရာယ်ရှိ)

ဖြစ်ပွားရတဲ့အကြောင်းအရင်း
-အေးဒိစ်ခြင် (ခြင်ကျား) ကနေ တဆင့်ကူးစက်
-ရေကြည်ရေသန့်မှာ အဓိကပေါက်ပွား
-နေ့အချိန်မှာ ကိုက်

ကာကွယ်နည်း
-ခြင်အကိုက်မခံရအောင်နေထိုင်
-ခြင်၊ ပိုးလောက်လန်း ပေါက်ပွားမှုမရှိအောင်လုပ်ဆောင်

(သွေးလွန်တုတ်ကွေး အတွက် ကာကွယ်ဆေးကတော့ ဒီနေ့အချိန်အထိ တရားဝင်ထွက်ရှိလာခြင်းမရှိသေး
စမ်းသပ်ဆဲ အဆင့်သာရှိ)

Ref; ကျန်းမာရေးဝန်ကြီးဌာန

26/03/2019

Air pollution လေထုညစ်ညမ်းမှုနဲ့ သေဆုံးမှု

လေထုညစ်ညမ်းမှုနဲ့ဆက်ပြီး သေးဆုံးရသူပေါင်း ၂ဝ၁၂ ထဲမှာ (၇) သန်း ရှိခဲ့တယ်။ အဲဒီထဲက (၆) သန်းနီးပါးဟာ အရှေ့တောင်အာရှ (၂့၃ သန်း) နဲ့ ပစိဖိတ်အနောက်ပိုင်းဒေသ (၂့၈သန်း) က ဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာ (၁့၇) သန်းဟာ အိမ်တွင်းလေထုညစ်ညမ်းလို့ အသက်မကြီးခင်သေခဲ့ကြရတယ်။

နှလုံးရောဂါ ၆ဝ%၊ အသက်ရှူလမ်းရောဂါတွေနဲ့ ကင်ဆာတွေဟာ လေထုမသန့်ရှင်းတာနဲ့ ဆက်စပ်ပါတယ်။ လူပေါင်း (၃့၃) သန်းတို့ဟာ အခန်းတွင်းလေထုမသန့်ရှင်းလို့သေဆုံးကြရတယ်။ အပြင်လေညစ်ညမ်းလို့က (၂့၆) သန်းရှိတယ်။ အိမ်တွင်းလေမသန့်ဘူးဆိုတာ ချက်ပြုရာသုံးတဲ့မီးဖိုတွေက အများဆုံးပါ။ ကမ္ဘာမှာ လူပေါင်း (၃) ဘီလျန်ဟာ ထင်းမီး၊ မီးသွေးမီး နဲ့ ကျောက်မီးသွေးမီးတွေကို အသုံးပြုနေကြရပါတယ်။ နွားခြေးမီးကိုပါသုံးနေရတဲ့ အိန္ဒိယမှာ လူဦးရေရဲ့ ၆၃% ဟ အဲလိုလောင်စာကိုသာသုံးနေကြတယ်။ ဒီလိုမီးတွေကနေ ကာဗွန်မိုနောက်ဆိုက်တွေ ထွက်စေပါတယ်။ ဆင်းရဲနွမ်းပါးသူတွေ ၈ဝ% က သေဆုံးမှုအများဆုံးဖြစ်တယ်။ အဲဒီအထဲမှာ ဆင်းရဲတဲ့အမျိုးသမီးတွေနဲ့ ကလေးတွေက အများဆုံးဖြစ်ပါတယ်။

ပြင်ပလေထုညစ်ညမ်းမှုကြောင့်သေဆုံးရတဲ့ရောဂါတွေ
- နှလုံးသွေးကြောကျဉ်းရောဂါ = ၄ဝ%
- နှလုံး-ဦးနှောက် သွေးကြောရောဂါ (စထုတ်ခ်) = ၄ဝ%
- နာတာရှည်အသက်ရှူလမ်းပိတ်ရောဂါ = ၁၁%
- အဆုပ်ကင်ဆာ = ၆%
- ကလေးတွေ ရက်တိုအသက်ရှူလမ်းပိုးဝင်ရောဂါ = ၃%

အိမ်တွင်းလေထုညစ်ညမ်းမှုကြောင့် သေဆုံးရတဲ့ရောဂါတွေ
- နှလုံး-ဦးနှောက် သွေးကြောရောဂါ (စထုတ်ခ်) = ၃၄%
- နှလုံးသွေးကြောကျဉ်းရောဂါ = ၂၆%
- နာတာရှည်အသက်ရှူလမ်းပိတ်ရောဂါ = ၂၂%
- ကလေးတွေ ရက်တိုအသက်ရှူလမ်းပိုးဝင်ရောဂါ = ၁၂%
- အဆုပ်ကင်ဆာ = ၆%

Crd ဒေါက်တာတင့်ဆွေ
၂၇-၃-၂ဝ၁၄
၂၇-၃-၂ဝ၁၉

22/03/2019

#ခါးနာပေါင်တန်းအာရုံကြောညပ်တင်ပါးခွက်ကိုက်Sciaticaရောဂါ

အဆိုးဝါးဆုံးရောဂါပါ…အခံရအခက်ဆုံး
ရောဂါပါလို့ ကျနော်ပြောလျှင်ယုံနိုင်မည်မဟုတ်ပါ
ကိုယ်တိုင်မှမခံစားဖူးတာကိုး။သင့်ပတ်ဝန်းကျင်၌
ခါးကြီးစေါင်းငန်းစေါင်းငန်းနဲ့ သွားနေသူတွေ။တင်
ပါးခွက်ကလေးကိုဖိကာပွတ်ကာသွားလာနေတဲ့
သူတွေ။ပေါင်ကိုက်ဒူးကိုက်ခြေသလုံးတလျှောက်
ထုံကျင်နေတဲ့သူတွေတွေ့ ယင်အင်တာဗျူးကြည့်
ပါ။လေသံတခုတည်းထွက်တာတွေ့ ရပါလိမ့်မည်
(ရောဂါအတော်စုံအောင်ဖြစ်ဖူးပါတယ်ဗျာ…ဒီတခါအခံရခက်ဆုံးပဲ)လို့ ဖြေကြပါလိမ့်မည်။

ဒီရောဂါအကြောင်းကိုကျနော့်ဆရာသမား
(Fighter အရာရှိကြီး)တယောက်အိပ်ယာပေါ်က
မထနိုင်ပဲ ကိုက်ခဲလွန်းလို့ မျက်ရည်တွေတွေကျ
ပြီးအံကြိတ်ခံနေရတာမကြည့်ရက်လို့ ကျနော်ထဲ
ထဲဝင်ဝင်လေ့လာဖူးသည်။သူ့ အခြေအနေက
မတ်တပ်ပင်မရပ်နိုင်ရှာတော့။လူကခါးတစေါင်း
ကြီးဖြစ်နေပြီ။တပ်မတော်ကပင်ထွက်ရတော့မည့်
အနေအထားပါ။ကျနော်နဲ့ သိကျွမ်းသောအရိုးအ
ကြောပါရဂူတွေ…Rehabilitation ပါရဂူတွေ……
Phisiotheraphist တွေ……စုံနေပါဘီ။MRI ရိုက်
ဓါတ်မှန်ရိုက်…လေ့ကျင့်ခန်းလုပ်…အကိုက်အခဲ
ပျောက်ဆေးမျိုးစုံသောက်…်ဓါတ်ကင်Vibrator
နဲ့ နှိပ်……မထူးခြားတော့ဗမာဆရာတွေအကြော
ပညာရှင်တွေ……အနှိပ်ပညာရှင်တွေ ……အို- မြန်
မာပြည်တနံတလျားစုံသလောက်နီးပါးဆိုပါတော့
ကုန်လိုက်တဲ့ငွေ……သွားလိုက်ရတဲ့ခရီး……အချိန်
ကတဖြည်းဖြည်းနဲ့ တနှစ်ပြည့်တော့မည်။မသက်
သာသည့်အပြင်ပို၍ပို၍ဆိုးလာပါသည်……ခြေ
ထောက်ပါထုံကျင်လာပြီးညာခြေထောက်ကအာ
ရုံခံစားမှုမရှိတော့။တင်ပါးခွက်ထဲကမချိမဆန့် 
ကိုက်ခဲသည့်ဒဏ်ကိုအယင်ကလိုအံကျိတ်မခံနိုင်
တော့သဖြင့်အော်ဟစ်၍ခံစားနေရရှာသည်။

ကျနော်လည်းလက်လှမ်းမှီရာဆေးပညာ
စာစောင်တွေ။အာယုဗ္ဗေဒတွေစုံစီနဖာဖတ်သည်။
ခါးခွဲလျှင်ပျောက်နိုင်သည်။ပြန်ဖြစ်ချင်လည်းဖြစ်
မည်။အကြမ်းဖျဉ်းပြောရလျှင် လူ့ ခန္ဓာကိုယ်မှာ
အကြီးဆုံးအာရုံကြောမကြီးSciatic Nerve ဟာ
ခါးရိုး L4,L5 နေရာကစထွက်ပြီးဘယ်ညာဖြာကာ
တင်ပါးခွက်မှတဆင့်ခြေထောက်တလျှောက်ကို
Supply လုပ်ပါတယ်။ခါးရိုးကျဉ်းသူ, ခါးဆစ်မှာ
အတက(်ကျီးပေါင်း)ထွက်သူ။ခါးရိုးတီဘီရှိသူ ။
ခါးဆစ်တခုနှင့်တခုကြားကDisc အပြားလေးများ
ကျွံထွက်သူ တို့ မှာထိုအာရုံကြောကိုဖိမိထိမိသ
ဖြင့် မခံစားနိုင်လောက်အောင် Lကွေးနေရာဖြစ်
သောတင်ပါးခွက်မှာသွားကိုက်ခဲတာပါ။သေသေ
ချာချာသိထားရမှာတခုက ဖြစ်ထာကခါးပါနော်။
ခံစားရတာကတင်ပါးခွက်ပါနော်။ဆရာဝန်တွေက
ဘယ်ဘက်ဖြစ်ယင်Sciatica Left ညာဖက်ဖြစ်
ယင်Sciatica Right လို့ ခေါ်ဆိုကြပါတယ်။
တချို့ သဘောတရားနားမလည်တဲ့အနှိပ်ဆရာ
တွေကလူနာတင်ပါးခွက်ကိုက်တယ်ပြောလေ
တင်ပါးခွက်ကိုစွတ်နှိပ်လေ……ကိုက်နေတဲ့အာရုံ
ကြောကိုနှိပ်တော့လူနာကလည်းသက်သာသ
ယောင်ယောင်ပေါ့။ခဏနေယင်တော့အကြော
တွေကယောင်ကိုင်းထလာပြီးအော်ရဘီ ငိုရဘီ ပေါ့ ။ဒါကြောင့်နားမလည်တဲ့လူနဲ့ မပြမိပါစေနဲ့ ။

ဒီရောဂါဘာကြောင့်ဖြစ်သလဲမေးယင်
အခန့် မသင့်လို့ ပဲလို့ ဖြေရလိမ့်မယ်ထင်ပါရဲ့ ။
ယေဘူယျအားဖြင့်အဝလွန်သူ- အထိုင်များသူ -
ဆီးချိုရှိသူ - ခါးအလုပ်များသူ လို့ အယင်က ဆို
ခဲ့ကြပေမယ့်သုတေသနစစ်တမ်းအရအမေရိကန်
မှာအသက်၄၀ ကျော်ယင်ကျား ၈၄ /ံ့ မ ၇၄ /ံ့
ဖြစ်ပါသတဲ့။တနည်းပြောရယင်လူတိုင်းနီးပါးဟာ
တချိန်ချိန်မှာဖြစ်လာနိုင်တယ်လို့ ဆိုလိုပါတယ်။
Cauda Equina Sydrome လို့ ခေါ်တဲ့အာရုံ
ကြောမျှင်တွေဖိနှိပ်ထိခိုက်ခံရတဲ့အခါနာတာရှည်
ဖြစ်သွားပြီးဆီးဝမ်းမထိမ်းနိုင်အောက်ပိုင်းသေ
ကြာလာယင်အကြောသေလေဖြတ်တဲ့အထိမို့ 
ပေါ့လို့ ရတဲ့ရောဂါမဟုတ်ပါဖူး။ကျနော့်ဆရာသ
မားဖြစ်သွားတာကတော့ပြောရယင် အားနာပြီး
Position Disorder ဖြစ်သွားတာပါ။တနေ့ မှာ
ပြည်ကနေရန်ကုန်ကိုစစ်သုံးမာဇဒါE2000 ပိကပ်
ကားလေးနဲ့ ခရီးသွားပါတယ်။ဖြစ်ချင်တော့ကား
ထွက်ကာနီးမှအရာရှိကတော်တယောက်ကသူ့ 
မိခင်အသည်းအသန်ဖြစ်လို့ ဆိုပြီးအကြုံလိုက် ပါ
တယ်။ကားခေါင်းကကျဉ်းပါတယ်။သူကအားနာ
တတ်သူညှာတာတတ်သူမို့ ခေါင်းခန်းထဲကိုခေါ်
တင်ခဲ့ပါတယ်။ခြောက်နာရီလောက်ခရီးရှည်ကြီး
မှာကျနော့်ဆရာကအလယ်ကကြပ်ကြပ်သပ် သပ်လိုက်ယင်းထိုအရာရှိကတော်နဲ့ ထိမိမှာစိုးလို့
မိန်းမသါးမို့ အားနာယင်းကိုယ်ကိုကျုံ့ သည်ထက်
ကျုံ့ ကာဟန်ချက်မညီPosition မမှန်ပဲလိုက်လာ
ခဲပါသတဲ့။ခရီးဆုံးတော့ခါးတွေကပူပြီးညောင်း
ကိုက်နေပါသတဲ့။နောက်နေ့ ကျတော့ခါးနာပါသ
တဲ့။၃ ရက်လောက်နေတော့ဒီရောဂါရခဲ့တာပါပဲ။
ခါးဆစ်ရိုးတခုနဲ့ တခုအကြားကကြားခံ inter -
vertebral Disc. ကျွံထွက်သွားတာပါ။

ဒီရောဂါဖြစ်သူဘယ်လောက်များသလဲ ?
မြန်မာထိုင်းစင်္ကာပူမလေးရှား သွားကုသူတွေရဲ့
အခြေအနေ? သောက်ရတဲ့ဆေးတွေ?ခံစားရတဲ့
အခြေအနေတွေသိချင်သပ ဆိုယင်Face Book
မှာ "ခါးနာခြင်း Back Pain Group "လို့ ရှာကြည့်
ပါ။ကျနော်အပိုမပြောကြောင်းသင်ကိုယ်တိုင်တွေ့
မြင်ရပါလိမ့်မယ့့် ကျနော့်ဆရာသမားဟာ အရိုးအထူးကု ဂုရုကြီး
လို့ ခေါ်ကြတဲ့ပြင်သစ်နိုင်ငံကProfessor Alain
Patel နဲ့ တောင်ကုခဲ့ဖူးပါတယ်။အခြေအနေက
မတိုးတက်ပါဖူး။အော်မြဲအော် ကိုက်မြဲကိုက်လျက်

FBမှာပလူပျံအောင်share နေကြသည့် ရေထဲ
ဆင်းထန်းလျက်ဘယ်နှစ်ခဲစား တို့ ။အာလူးပါးပါး
ကပ် တာ တို့ ။ဘဲဥပြုတ်စားတာ တို့  ။သက်ရင်း
ကြီးမိဿလင် စည်းတာ တို့  စုံစီနဖာလုပ်သော်
လည်း အော်မြဲအော်ကိုက်မြဲကိုက်လျှက်။အကိုက်
အခဲပျောက်ဆေးတွေ။လူးရတဲ့ဆေးပူ ဆေးအေး
တွေလည်းစုံလှဘီ။ရန်ကုန်မြို့မှာအသစ်စက်စက်
ဖွင့်တဲ့ဆေးရုံကြီးကပါရဂူ တယောက်က မခွဲချင်
ဖူးဆိုတော့လည်း Operation ခန်းထဲထည့်။သေ
ချာTV Screen နဲ့ ကြည့်ပြီးခါးထဲကို Steroid
ဆေးထိုးထည့်ပေးပါတယ်။OK သွားပါတယ်။But
သို့ သော်လည်း ၃ ရက်မြောက်မှာပြန်ဖြစ်ပြန်ပြီ။

အခုရေးချင်တဲ့နေရာရောက်ပါပြီ။
ကျနော်လည်းဆရာသမားအတွက်စိတ်မကောင်း
ပါ။ဘေးကကြည့်ပြီးဘာမှလည်းမကူညီနိုင်။ သူ
လည်းဆေးထောက်ခံစာနဲ့ ထွက်ခွင့်တင်လိုက်ပါ
ပြီ။တနေ့ မှာ ပြည်မြို့ မင်းကြီးတောင်ပေါ်ကဘုန်း
ကြီးကျောင်းကိုကျနော်မုန့် သွားလှူယင်း စာဖတ်
ခန်းထဲက (အထင်မသေးနဲ့ မြန်မာ့ဆေး) ဆိုတဲ့
ဆရာသိန်း ပြုစုသည်…………တန်ဖိုး ၅ ကျပ်………
စာအုပ်လေးဖတ်မိပါတယ်။အဲဒီမှာ………တင်ပါး
ခွက်ကိုက်သော်မခက်လော……အိုးမှုတ်ခွက်နင်း
သော်မပျောက်လော……ဆိုတဲ့ဆောင်းပါးလေး
ဖတ်မိပါတယ်။အားရဝမ်းသာကျနော်ဖတ်ကြည့်
ပြီးချက်ချင်းပဲPhotostat မိတ္တူကူးပါတယ်။
ကျနော့်ဆရာသမားကိုပြေးပြပါတယ်။ဆရာသမားက အနာကိုက်ခဲနေတဲ့ကြားကမချိပြုံးပြုံးယင်း
(မင်းကွာ…ငါဆေးကုတာတပြည်လုံးနှံ့ ရုံမက ပြင်
သစ်ကပါရဂူနဲ့ တောင်မပျောက်ထာ) လို့ ပြောရှာ
ပါတယ်။ဒါပေမယ့်ကျနော်လက်မလျှော့ပါ။သူ့ ရဲ့
ဇနီးနဲ့ အတူတူ စာအုပ်ပါလေ့ကျင့်ခန်းတွေလုပ်
ဖြစ်အောင်အတင်းတွန်းအားပေးခဲ့ပါတယ်။ပထမ
တရက် မထူးခြား။ဒုတိယတရက် ခါတိုင်းထက်
နည်းနည်းသက်သာလာသည်။ တတိယရက်
ကျတော့ ကေါင်းကေါင်းအိပ်လို့ ရပါပြီ။တနှစ်တိ
တိခံစားရတဲ့ရောဂါ ၅ ရက်မြောက်တော့အရှင်း
ပျောက်။ဆယ်ရက်လေါက်နေတော့ပုံမှန်လုပ်ငန်း
ခွင်ပြန်ဝင်နိုင်ပါပြီ။အခုချိန်ထိလည်းခါးပြန်မနာ
တော့ပါ။

သူတယောက်ထဲလားဆိုတော့မဟုတ်ပါ။အလား
တူဝေဒနာရှင် ဆယ့်နှစ်ယောက်တိတိကိုကျနော်
ဒီနည်းနဲ့ ကယ်ခဲ့ဖူးပါသည်။မင်းတို့ တပ်ထဲမှာ
ပုံစံတူဝေဒနာသည်အဲ့သလောက်များသလားလို့ 
မထင်ပါနဲ့ ။တပ်ထဲက ၃ ယောက်ပါ။အပြင်က
ဝေဒနာသည် ၉ ယောက်ပါ။ကျနော်ဒီနည်းသိပြီး
တဲ့နောက်မှာ သွားယင်းလာယင်း ခါးစေါင်းနေတဲ့
ဝေဒနာသည်တွေ။ခြေထော့နဲ့ ထော့နဲ့ ဝေဒနာ
သည်တွေ။တင်ပါးခွက်လေးပွတ်ပွတ်နေတဲ့ ဝေဒ
နာသည်တွေတွေ့ ယင်ကျနော်က သိသိမသိသိ
အတင်းလိုက်မိတ်ဖွဲ့ ပါတယ်ဘယ်လိုဖြစ်ထာလဲ?
ပေါင်တန်းနေတယ်မဟုတ်လား?ခြေထောက်
ခြေဖျားတွေထုံကျင်နေတယ်မဟုတ်လား?
တင်ပါးခွက်ကမခံစားနိုင်အောင်ကိုက်ခဲနေတယ်
မဟုတ်လား?ခါးနာတာကစ တာမဟုတ်လား?
ဗုဒ္ဓဘာသာမြန်မာလူမျိုးပီပီ ကူညီချင်တယ်-ကယ်
တင်ချင်တယ်လေ။ဇီဝိတဒါနပေါ့…………

ကဲ ဆေးနည်းလေး - စလိုက်ကြရအောင်……

အချိန်ဆယ်မိနစ်ဆိုရပါပြီ။
အိပ်ကာနီး အိပ်ရာမဝင်ခင်အချိန် ဆိုပါတော့……
မိမိရှေ့ မှာ … ခါးလောက်ရှိတဲ့ တန်း(သို့ )ခုံ (သို့ )
ပြူတင်းပေါက်ဘောင် တခုခုရှိပါစေ။လူက နှစ်
တောင်လောက်ခွာပြီးခြေစုံရပ်ပါ။ဘယ် (သို့ )ညာ
ခြေတဖက်ကိုထိုတန်းပေါ်သို့ လှမ်းတင်လိုက်ပါ။
ကျန်တဖက်ကရပ်လျက်ပေါ့။ထိုသို့ တင်လိုက်ပါ
ကထိုခြေထောက်၏ပေါင်ကြောများတောင့်တင်း
နေပါလိမ့်မည်။၎င်းပေါင်ခြေသလုံးအောက်ဖက်ရှိ
ကြွက်သားများကိုမိမိလက်၂ဖက်နှင့်နှိပ်နယ်ချေ
ပေးပါ။ငါးမိနစ်ခန့် ။ပြီးလျှင်နောက်တဖက်ပြောင်း
အလားတူ။

အရမ်းမချွံထက်သောအုန်းမှုတ်ခွက်(တခြမ်းစီ)
အနေတော်ကိုကြမ်းပြင်မှာချထားပါ။ဘယ်ညာ
၂ဖက်စလုံးတက်ရပ်ပါ။ပြီးလျှင်ဘယ်ညာဘယ်
ညာစည်းချက်ကျကျအချက်၁၀၀ခန့် နင်းပါ ။
နင်းသည့်အခါခြေဖဝါးအလယ်ခွက်မနင်းရပါ။
ခြေဖဝါးစေါင်းပတ်လည် ဘယ်စေါင်းညာစေါင်း
ဖနောင့်ခြေဖျားလေးများစုံအောင်နှံ့ အောင်ပူထူ
လာအောင်နင်းရမည်။ပြုတ်မကျအောင်တန်းတ
ခုခုကိုကိုင်ထားပါ။

ပြီးပါပြီ။ ဒါပါပဲ။ ထိုအချိန်မှစ၍တညလုံးခြေဖဝါး
ရေမထိပါစေနှင့်။တညလုံးခြေဖဝါးကအပူတွေ
တရှိတ်ရှိတ်ထွက်သလိုခံစားရပါလိမ့်မည်။အလွန်
လွယ်ကူပါသည်။တခုပဲ သတိပြုရမည်ရောဂါကြီး
လျှင်ပထမဆုံးခါးအမြင့်လောက်ခြေထောက် ကို
မြှောက်နိုင်မည်မဟုတ်ပါ။နိုင်သလောက်အမြင့်ပဲ
လုပ်ခိုင်းပြီးတဖြည်းဖြည်းချင်းတိုးမြှင့်သွားပါလေ။
အလွန်လွယ်ကူသောနည်းမို့ အထင်မသေးပါနှင့်။
ကျနော်နည်းပေး၍ပျောက်ကင်းသွားသူ ၁၂ ဦးထဲ
တွင် ဂျာမန်မှ Odee Harlan ဆိုသောဆရာဝန်
တယောက်ပါဝင်ပါသည်။

အုန်းမှုတ်ခွက်နင်းရုံနဲ့ ဘာကြောင့်
ပျောက်သလဲ?ကျနော့်ကိုလာမမေးပါနှင့်။ပထဝီ
တေဇောအာပေါဝါယောကျနော်မသိပါ။ကျနော်
ဗိန္နောဆရာမဟုတ်ပါ ။အရိုးအကြောပညာရှင်
Ortho/physiotheraphy /Rehabilitation
ကျနော်ဘာမှမသိပါ။ကျနော်ဆရာဝန်လည်း
မဟုတ်ပါ။ဆေးပညာလည်းနားမလည်ပါ။သာမန်
တပ်မတော်သား စစ်သားတဦးသာဖြစ်ပါသည်။
ပျောက်ခဲ့ဖူးလို့ 
ပျောက်စေချင်လို့ 
အတွေ့ အကြုံမျှဝေခြင်းသာဖြစ်ပါသည်။
ယုံကြည်လျှင်လုပ်ကြည့်ပါ။

မနေ့ က ဝေဒနာရှင်တဦးနှင့်တွေ့ ၍…အကြံပေး
စကားပြောကြားယင်းဒီအကြောင်းရေးဖို့ စိတ်ကူး
ရလာတာပါ။စေတနာရှေ့ ထား သနားစာနာစိတ်
ဖြင့်အပင်ပန်းခံစာအရှည်ကြီးရေးခြင်းဖြစ်ပါသည်။

#ကျနော်ဆေးဆရာမဟုတ်ပါ
#မူလ

22/03/2019

နွေမှာ အပူမရှပ်ပါစေနဲ့
အပူရှပ်ခဲ့ရင်လည်း

Photos from Public Health & Life's post 21/03/2019

နွေ နဲ့ Stroke

07/02/2019

TB ကိုဒီပုံလေး၆ခုနဲ့သတိထားကာကွယ်နိုင်ပါတယ်

07/02/2019

မ Boostခိုင်းပါနဲ့ ဆရာတို့ရယ် ဒီpageကဘာဝင်ငွေမှမရှိပါဘူး

Photos from Public Health & Life's post 08/08/2018

ကျောင်းကျန်းမာရေး

Photos from Public Health & Life's post 25/07/2018

ကျန်းမာရေးဌာနတွေကထိုးပေးနေတဲ့ ကာကွယ်ဆေးတွေဟာ ဘယ်ရောဂါတွေကိုကာကွယ်နိုင်သလဲ ဘယ်လိုအကျိုးကျေးဇူးတွေရမလဲ
Crd, Standardized Health Messages Book မှကူးယူဖော်ပြပါသည်။

16/06/2018

အခုလိုရာသီမှာအဖြစ်များတဲ့ အစာအဆိပ်သင့်ခြင်း

10/06/2018

အမေတို့တုန်းကလဲ ဒီလိုပါပဲလို့ အပြောမခံရဖို့

04/06/2018

Health For All ဖို့အတွက် ဆေးရုံဆေးခန်းတွေမှာ ဒါလေးတွေရနိုင်ပါတယ်
😊😊😊😊😊😝😝😝😄😄😄😄😄
အခုလိုအော်လို့ဟစ်လို့ရနေတဲ့လွတ်လာတဲ့ခေတ်မှာ ကျွန်တော်တို့ပြည်သူတွေဟာ အစိုးရဆေးရုံဆေးပေးခန်းတွေကဝန်ဆောင်မှုတွေကိုအရမ်းလိုချင်တောင်းတနေတဲ့အသံလေးတွေအမြဲကြားရပါတယ်
ဒါပေမယ့်ခက်တာကသူတို့တွေမှာလည်တစ်သက်လုံးအမှောင်ချခံထားရတော့ ဘာတွေရရမယ်ဆိုတာလဲမသိကျပါဘူး
ဒါပေမယ့်
မြန်မာနိုင်ငံရဲ့ဘယ်ဒေသဘယ်နေရာမှာရှိတဲ့ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအောက်မှာရှိတဲ့ဆေးရုံဆေးခန်းမှာမဆို အနည်းဆုံးပြည်သူတွေဘက်ကဒါလေးတွေရနိုင်ပါတယ်
အဲ့ဒါဘာလဲဆိုတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကချမှတ်ထားတဲ့ ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း(PHC) Primary Health Care ပါ သူမှာဘာတွေပါလဲဆိုတော့ မူလလုပ်ငန်း 8 ခုနဲ့ ထပ်ပေါင်းထားတဲ့လုပ်ငန် 3 ခုရှိပါတယ်အားလုံးပေါင်း11ခုပါ။
ပြည်သူတွေဘက်ကအနည်းဆုံး ဒီလုပ်ငန်း11ခုကို ဆေးရုံဆေးခန်းတိုင်းမှာရပိုင်ခွင့်ရှိပါတယ်တစ်နည်းအားဖြင့် လုပ်ဆောင်ဖို့ပြောလို့ရတယ်ပေါ့

ပဏာမ ကျန်းမားရေးစောင့်ရှောက်မှုလုပ်ငန်း [11]ခုပါ

၁။ဒေသအလိုက်ဖြစ်ပွားတတ်သောရောဂါများနှင့်ပက်သက်၍ကျန်းမာရေးပညာပေးခြင်း
၂။ဒေသတွင်ဖြစ်ပွားတတ်သောကူးစက်ရောဂါများကိုကာကွယ်နှိမ်နင်းခြင်း
၃။ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း
၎။ကိုယ်ဝန်ဆောင်မိခင်နှင့်အသက်ငါးနှစ်အောက်ကလေးများအားကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း
၅။တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများဆောင်ရွက်ခြင်း
၆။အဟာရဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခြင်း
၇။သာမာန်ရောဂါများကုသခြင်း
၈။မရှိမဖြစ်လိုအပ်သောဆေးဝါများနှင့်ကိရိယာပစ္စည်းများထောက်ပံ့ပေးခြင်း
၉။သွားကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း
၁၀။စိတ်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း
၁၁။သက်ကြီးရွယ်အိုများအားကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း
စတဲ့လုပ်ငန်းတွေပါ
ဒီလုပ်ငန်းတွေကို ကျန်းမာရေးနင့်အားကစားဝန်ကြီးဌာနကပြည်သူတွေအတွက်မဖြစ်မနေဆောင်ရွက်ပေးဖို့ချမှတ်ထားပါတယ် အဲ့လိုဆောင်ရွက်နိုင်ဖို့အတွက်လဲယနေ့ခေတ်မှာလိုအပ်တဲ့ဆေးဝါးနဲ့ထောက်ပံ့ပစ္စည်းတွေကိုပံ့ပိုးမှုတွေအတော်ရှိလာပါတယ် ဆေးရုံဆေးခန်းအသုံးစရိတ်တွေကိုလဲ world bankအထောက်အပံ့နဲ့ လစဉ်ပေးတာတွေရှိလာပါတယ်။
ဒါကြောင့်ကျွန်တော်တို့နိုင်ငံရဲ့ ပြည်သူ့ကျန်းမာရေးအဆင့်အတန်းမြင့်မားလာဖို့ အတွက်ပြည်သူတွေရဲ့ တောင်းတသံတွေ ထောက်ပြမှုတွေပါလိုအပ်တယ်လို့ထင်ပါတယ်။
နိုင်ငံတော်ကလည်း ထောက်ပံ့ပေးနိုင်သမျှအရင်ခေတ်တွေထက်တော်တော်လေးကိုထောက်ပံ့ပေးနေပါပြီ
ဒါပေမယ့်ခက်နေတာလေးတွေကရှိနေပါသေးတယ် ဒါကိုဖြေရှင်းဖို့ကတော့ ပြည်သူတွေ
ဘက်ကတောင်းတပေးဖို့ပါပဲ ဒါဆိုရင်တော့ ထောက်ပံ့မှုတွေဟာလဲ တကယ်ပေးတဲ့သူတွေစီကို အထစ်အငေါ့အတားအစီးနည်းနည်းနဲ့ ရောက်လာမယ်လို့ထင်ပါတယ်။အဲ့လိုအချိန်ရောက်လာရင်တော့ ကျွန်တော်တို့နိုင်ငံရဲ့ပြည်သူ့ကျန်းမာရေးလုပ်ငန်းကြီးလဲ တကယ်ပြည်သူတွေအကျိုးခံစားရတဲ့ ကိန်းဂဏန်းတွေနဲ့တွက်ချက်နိုင်လိမ့်မည်ဟု မှန်းမျှော်ရင်း


စေတနာဖြင့်

01/06/2018

ဒီရာသီမှာပေါတုန်းလေးဒါလေးများများစားနိုင်ကျပါစေ

Videos (show all)

သွေးလွန်တုပ်ကွေးအန္တ၇ာယ် နှင့် ကိုယ်တိုင်ကာကွယ်ခြင်းအတတ်ပညာ. . . . . . . . . . . . . . . . . .   . . . . . . . . . . .   ...

Telephone

Website

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00