ယုန်မဒီ
Official page [ကလောင်အမည် - ယုန်မဒီ/ခမ်းရောင်] [အနုပညာအမည် - ခမ်းယမ်] ခံစားချက်စာစုများရေးသားခြင်းကို ခုံမင်ပြီး အလှမယ်ဘဝကိုမြတ်နိုးသူ
ကျမဘဝမှာ ကြောက်ရတဲ့အရာ သိပ်မရှိဘူး
မြွေကြောက်တယ်သာပြောတာ..
မကိုင်ရသရွေ့ သူ့ကိုကြည့်နေရတာ
ကျမအတွက်အဆင်ပြေပါတယ်။
သရဲကြောက်တယ်သာပြောတာ
သူသာရုပ်မဆိုး ပုံမပျက်ရင်
ကျမနဲ့သူ သူငယ်ချင်းကောင်းတွေ ဖြစ်နိုင်ပါသေးတယ်။
ကျမဘဝမှာ ကျမအကြောက်ဆုံးအရာကတော့
ကျမကိုယ်ကျမ မလေးစားနိုင်တော့မှာကိုပါပဲ
ဟုတ်တယ်။
ကျမဘဝရဲ့ နေ့ရက်တိုင်းမှာ ကျမကိုယ်ကျမ လေးစားတန်ဖိုးထားပြီး နေထိုင်ပါတယ်။
ကျမကိုယ်ကျမ မယားငယ်အဖြစ်မခံဘူး
“ကျမကိုယ်ကို လေးစားလို့ပါ။”
ကျမကစလို့ သူတပါးအပေါ် မယုတ်မာဘူး
“လူယုတ်မာ အဖြစ်မခံနိုင်တဲ့အထိ ကျမကိုယ်ကျမ တန်ဖိုးထားလို့ပါ။”
ကျမအပေါ် အနိုင်ကျင့်တာ သည်းမခံဘူး
“ကျမရဲ့ဖြစ်တည်မှုကို ကျမလေးစားလို့ပါ။”
ကျမကစလို့ သူတပါးကိုမနှိမ်ချဘူး
“ကျမရဲ့ စိတ်အဆင့်အတန်းကို ကျမတန်ဖိုးထားလို့ပါ”
တခြားသူတွေ ကျမကိုလေးစားအောင် မနေသလို
ကျမကို တန်ဖိုးထားပေးဖို့လည်း မတောင်းဆိုဘူး။
ကျမကိုယ်ကျမ လေးစားပြီး
ကျမကိုယ်ကျမ တန်ဖိုးထားနေထိုင်နိုင်ရင်ပဲ
ကျမအတွက် လုံလောက်ပါတယ် ❤️
#ယုန်မဒီ
မြန်မာစကားက အင်မတန်ကိုရှုပ်ပါတယ်
#နားလည်ပေးပါတယ် နဲ့ #နားလည်တယ် နဲ့က
အဓိပ္ပါယ်မတူဘူး။
Relationship နဲ့ ပတ်သက်တဲ့ Interview တွေမှာဆို “သူကျနော့်ကိုနားလည်ပေးတယ်” ဆိုရင် အဆင်ပြေနေတာပဲ ဒီနှစ်ယောက်က စိတ်တူကိုယ်တူလို့ ယေဘုယျသတ်မှတ်ကြတယ်။
“သူက ကျနော့်ကိုနားလည်တယ်” နဲ့ ဘာကွာသလဲ•••
#နားလည်ပေးတာ ဆိုတာ ပုံမှန်ဆိုလက်ခံဖို့ မလွယ်တဲ့အရာတစ်ခုကို ချစ်တဲ့စိတ်၊ မေတ္တာစိတ် or ရယူလိုစိတ် တစ်ခုခုကြောင့် လက်ခံပေးတယ်၊ သည်းခံပေးတယ် ဆိုတဲ့သဘောသက်ရောက်ပါတယ်
#နားလည်တယ် ဆိုတာကတော့..
ဘာဆို ဘာစိတ်မှ မရှိဘဲ .. ဒီတစ်ယောက်ရဲ့ဖြစ်တည်မှုကို နားလည်သွားတာမျိုးပါ။
လူတွေမှာ မသိစိတ်စေ့ဆော်မှုက ရှိတော့
သူက ကိုယ့်အပေါ် သည်းခံတာလား
သူနဲ့ ကိုယ်နဲ့က chemistry မိကြတာလား
အလ်ိုလို သိတတ်ကြပါတယ်
အားလုံးပဲ •••
သီတင်းကျွတ်ပိတ်ရက်လေးမှာ လောင်နိုင်ကြပါစေ ☺️
#ယုန်မဒီ
တစ်ချို့တွေ ကိုယ့်ကို Messenger မှာ စကားလာပြောကြတဲ့အခါ
“အစက မခေါ်ရဲဘူး …သူက မပြည့်စုံလို့.. သူကအတန်းပညာ ဘယ်လောက်ပဲရှိလို့.. “ စသဖြင့် ပြောကြတယ်။
ကိုယ်ပြန်ဖြေတာ တစ်ခုတည်းပဲ။
ကိုယ်နဲ့ပြောဆိုဆက်ဆံတဲ့အခါ..
ချမ်းသာလွန်းတယ်ဆိုပြီးလည်း ဖူးဖူးမှုတ် ဖားတာခံရမှာ မဟုတ်ဘူး။
ပညာတွေ သိပ်တော်နေရုံနဲ့လည်း ကိုယ်က ဒူးတုပ်ရိုကျိုးနေမှာ မဟုတ်ဘူး။
မျိုးရိုးမြင့်နေတယ်ဆိုတိုင်းလည်း ကိုယ့်ဆီက ဘုရားထူး ခံရမယ် မထင်နဲ့။
အလားတူပဲ..
သူ့ဘာသာ ဆင်းရဲနေရင်တောင်
သမ္မာအာဇီဝနဲ့ အသက်မွေးပြီး ကိုယ့်ကိုဖိတ်ခေါ်ရင် ဟိုးး ဇနပုဒ်ဖြစ်နေပါစေ လိုက်လည်ဖို့ ဝန်မလေးသလို
အတန်းပညာနိမ့်ပါးနေပါစေ
ကိုယ်မသိတဲ့ပညာတစ်ခုကို သေချာသင်ပေးရင်
ဆရာတင် ရိုသေလိုက်ဖို့လည်း နောက်မတွန့်ပါဘူး
ကိုယ့်အနေနဲ့
လူတစ်ယောက်ကို ပြောဆိုဆက်ဆံတဲ့အခါ..
ချမ်းသာသလား ပညာတတ်သလား
ဝင်ငွေကောင်းလား မျိုးရိုးကောင်းလား
#ဘာတစ်ခုမှမကြည့်ပါဘူး
အဲ့ဒီ့လူရဲ့ စိတ်ဓာတ်၊ စာရိတ္တနဲ့ ကိုယ်ကျင့်တရားကိုပဲ ကြည့်ပါတယ်။
ဒီလိုအမူအကျင့်ကို ဆယ်စုနှစ်တစ်ခုကျော်စာ ကျင့်သုံးလာတဲ့သူဖြစ်ကြောင်းကို
ကိုယ့်ပတ်ဝန်းကျင်ကလူတွေကလည်း သက်သေပြုနိုင်တယ်။
Attitude မကောင်းရင်တော့..
သူနဲ့စကားတစ်ခွန်းပြောတိုင်း US1000 ပေးမယ်ဆိုရင်တောင် Sorry ပဲ
သ..န.. တယ် 😑
#ယုန်မဒီ
တစ်ချို့ Relationship တွေမှာ
ပန်းနုသွေးတဲ့သူတွေနဲ့ဆို
ကိုယ်က ဗီလိန်လိုပဲ နေပေးဖြစ်တယ်။
လူတွေကလေ•••
ကိုယ်ရင့်ရင့်သီးသီးတုံ့ပြန်လိုက်တဲ့ တစ်ခဏကိုသာ အပြစ်တင်ဖို့မြင်ကြတာ•••
အကြိမ်အခါပေါင်းများစွာ စော်ကားယုတ်မာခံထားရတာကိုတော့ မသိကြဘူးလေ•••
😑
#ယုန်မဒီ
သိပ်ကိုရွံသွားတဲ့အခါ•••
အဲ့လူကို ဘဝခြားသွားပြီ သဘောထားလိုက်တယ်။
အဲ့လူရဲ့ သေခြင်းရှင်ခြင်း ကောင်းခြင်းဆိုးခြင်းဟာ
ကိုယ်နဲ့ ဘာမှ မသက်ဆိုင်
သူဟာ ကိုယ့်ဘဝမှာ တစ်ခါမှ မရှိခဲ့ဖူးသလ်ို..
သူကိုယ့်ရှေ့ရောက်လာရင်တောင်
သေဆုံးပြီးသား ဝိညာဉ်လို…
တစ်ခါတစ်လေ အကြောင်းတိုက်ဆိုင်လို့
လာပြောသူရှိရင်တောင်… သူစိမ်းတစ်ယောက်ရဲ့ပုံပြင်ကို နားထောင်သလို…
သူဟာ ကိုယ့်ဘဝထဲမှာ သေဆုံးပြီးသား သေလူလို…
#ယုန်မဒီ
ကိုယ့်ကိုအမြဲသတိထားကြည့်တဲ့သူဆို
ဒီနှစ်တွေမှာ #ပျော်ရွှင်မှု အကြောင်း အသားပေးပြီး ပြောဆ်ိုလာတာကို တွေ့ရမယ်။
“လူတွေ မပျော်ကြဘူး•••”
ငွေကြေးချမ်းသာပြည့်စုံရုံ
အောင်မြင်မှုလို့ယူဆတဲ့အရာတွေ ရလိုက်ရုံ
လိုချင်တယ်ထင်တဲ့လူကို ယူလိုက်ရုံနဲ့
“မပျော်ရွှင်သွားကြဘူး”
ဒါကြောင့်…
ဘယ်အကြောင်းအရာကိုပဲပြောပါစေ
ပျော်ရွှင်မှုအကြောင်း ထည့်ပြောဖြစ်တယ်။
ပျော်ရွှင်မှုဟာ သိပ်အရေးကြီးတဲ့အကြောင်း
ပျော်ရွှင်မှုအစစ်အမှန်ကို ဘယ်လိုဖန်တီးယူကြမလဲ ဆိုတဲ့ အကြံဉာဏ်တွေ••
ပျော်ရွှင်ပါစေ ဆိုတဲ့ဆုတောင်းစကားတွေကိုပဲ
အားလုံးအတွက်မျှဝေချင်တော့တယ်။
ကိုယ်တိုင်လည်း ပျော်ရွှင်ပါစေ•••
သူတပါးကိုလည်း ပျော်ရွှင်မှု မျှဝေနိုင်ပါရစေ•••
#ယုန်မဒီ
“တိုက်ပွဲခေါ်သံ” ဇာတ်ကားထဲက သီချင်းစာသားလေးကို သိပ်ကြ်ိုက်တာပဲ။
“မွေးရမည် သေရမည် (အမှန်ပင်..မှန်ပါသည်)
ဘဝဟူသည် .. မွေးရမည် သေရမည် (အမှန်ပင်.. မှန်ပါသည်)
•••••
မွေးရင်.. သေမည်.. သေဖို့ မွေးကြသည်
သေခြင်းသဘောတရားသည်
သတ္တဝါမှန်သမျှ တွေ့ရမည် “ တဲ့
သေဖို့မွေးလာကြတဲ့သူချင်း အတူတူ
တစ်ချို့တွေက …
သေခါနီးတဲ့အထိ အတ္တတွေရင်မှာပိုက်ပြီး
မစ္ဆရိယစိတ်တွေကို နုဿတိပွါးများကြတယ်။
တစ်ချို့တွေက ..
သေဖို့သက်တမ်းအဝေးကြီးကျန်သေးပေမယ့်
မမြဲတဲ့ အနိစ္စတရားကို ဆင်ခြင်ပြီး
သံသရာမပါတဲ့ အပြုအမူကောင်းတွေ ပြုမူကြတယ်။
ဘာကွာသလဲဆိုတော့…
မိဘရဲ့ သွန်သင်ဆုံးမမှု နဲ့ မျိုးရိုးအရဆက်ခံလာတဲ့ IQ ချင်းကွာတယ် ။
ကိုယ်ကတော့…
အဝေးကြီးကို မတွေးဘဲ
နေ့ရက်တိုင်းမှာ ပျော်ရွှင်မှုတွေကို
ကိုယ်တိုင်ဖန်တီးမယ့်သူအဖြစ် ရှင်သန်ပါမယ်
#ယုန်မဒီ
#ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပါ လို့ ပြောရင်
“ငါလှတယ် ငါတော်တယ် ငါလုပ်သမျှ မှန်တယ်” လို့တွေးရမှာလို့ ထင်တတ်ကြတယ်။
ကိုယ့်အတွက်ကတော့..
“ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ် ဆိုတာ
ကိုယ့်ဘဝရဲ့ ဖြစ်တည်မှု
ကိုယ့်ဘဝမှာကြုံလာသမျှ ဖြစ်ရပ်တိုင်းကို
အရှိအတိုင်း လက်ခံတာ” လို့ မြင်တယ်
အမှားတွေ လုပ်မိရင်တောင်
အခက်အခဲတွေကြုံလာရရင်တောင်
ငါ ဒါကိုကျော်သွားနိုင်တယ် ဆိုတဲ့စိတ်ဓာတ်ခိုင်မာမှုမျိုးလို့ ပဲတွေးထားတယ်။
ဒါကြောင့် ..
အရင် သမီးရည်းစားပြတ်စဲတဲ့ကိစ္စ ဖြစ်တုန်းက
လူတွေက ကိုယ့်ကို ပြိုလဲသွားမယ်
သနားဖို့ကောင်းတယ်
မျက်ရည်တွေကျနေမယ် ထင်ကြပေမယ့်
တစ်ရက်တောင်မခြားဘဲ ပြန်လန်းဆန်းလာတာကို တွေ့တော့ အံ့ဩခဲ့ကြတာ..
သေခြင်းရှင်ခြင်းကိစ္စကလွဲရင်…
ကျန်တဲ့ကိစ္စတွေမှာ..
မျက်ရည်မကျဖြစ်ဘူး ။
စိတ်မာတယ်တော့ မဟုတ်ပါဘူး
ငါ ပန်းနုသွေးလိုက်လို့ရော
ဘာထူးလာမှာမို့လဲ လို့ပဲ
ရိုးရိုးလေး တွေးဖြစ်လိုက်တာပါ..
#ယုန်မဒီ
ဖြစ်ချင်တာတွေ ဖြစ်လာဖို့ ခဲယဉ်းတဲ့ကာလမှာ
ဖြစ်လာသမျှကို အရှိအတိုင်း လက်ခံရင်ဆ်ိုင်ခြင်းသည်သာ
အကောင်းဆုံးသော ရှင်သန်ခြင်းပါ ☺️
ဘဝမှာ ပျော်ရွှင်အောင်နေဖို့က သိပ်အများကြီးမလိုပါဘူး
ပစ္စုပ္ပန်မှာနေ အရှိအတိုင်းလက်ခံပြီး
လိုချင်တဲ့ပန်းတိုင်ဆီလျှောက်
ကိုယ့်ကိုယ်ကိုယ် ကိုသာ ယှဉ်ပြိုင်ဖို့ပါပဲ
#ယုန်မဒီ
Ma Sunset.Y မွေးနေ့အလှူအတွက်
ဆန်တွေ ကူထုပ်ဖို့ လုပ်အားပေးတဲ့နေ့က
ကိုယ့်ရဲ့ Snap Vd တွေ …
ဆရာပြောတဲ့ ဖျားစူးMrs ပါပဲ 😂
အဝတ်အစားကအစ ဖြစ်ချင်တိုင်းဖြစ်
ရယ်မောနေတာလည်း ခွက်ထိုးခွက်လန်
Personal grooming သင်ခဲ့သမျှ အကုန်မေ့နေသောကျမ ပါပေါ့ 🤣🤣🤣
#ယုန်မဒီ
တစ်ချို့လူတွေ ပြောကြတယ်
“သူငယ်ချင်းမရှိဘူး”တဲ့
တစ်ခါတစ်လေ..
သူငယ်ချင်းမရှိဘူး ဆိုတာက
လူတွေက သူ့ကို တမင် ဝိုင်းကျဉ်တာ မဟုတ်ဘဲ
သူကိုက အကျင့်မကောင်းဘဲ ပူလောင်လွန်းလို့
သူ့ကို ခွါသွားကြတာလည်း ဖြစ်နိုင်သလို
သူကိုက ဟိုကပ်ဒီကူး သာရာခွလို့
မျောက်သစ်ကိုင်း လွတ်နေတာလည်း ဖြစ်နိုင်တယ်
အဲ့ topic အကြောင်း int’l stage တစ်ခုမှာ ကိုယ်ဖြေခဲ့ဖူးတယ်။
မေးတဲ့သူက တရုတ်နိုင်ငံသား ကောင်မလေး
ကိုယ်ဖြေတာက ရိုးရိုးလေးပဲ
လောကကြီးမှာ အရာအားလုံးက “Give and take” method နဲ့သွားနေရတာ..
အမြဲတမ်း သူ့အပူတွေချည်း လာလာပြော လာလာရင်ဖွင့်
သူ့ကိုပဲဦးစားပေးခံချင်
သူပြောတာပဲနားထောင်စေချင်
သူ့ကိုပဲ ဖင်မ စေချင်နေသူအနား ဘယ်သူမှ မနေချင်ဘူး
တစ်ချို့ကပြောပါလိမ့်မယ်
သူ့က်ို မခင်ကြဘူးလို့..
အဲ့ သူ့ကို မခင်ကြကြောင်း သူက ဘယ်လို စိတ်ထားကောင်းကြောင်း
ဘယ်လို အနစ်နာခံခဲ့ကြောင်း ပန်းနုသွေးတာတင် တစ်နာရီကြာတယ်
အဲ့ကတည်းက သိလိုက်ပြီ
“သူက အပူတွေပေးတတ်သူ” မို့ ပြေးကုန်တာ
တစ်ချို့ကျပြန်တော့ ..
သူက အရင်ခြေထိုးခံပြီး တစ်ဘက်က ပါးဆွဲချမှ ဗြဲခနဲ ထငိုပြ ပန်းနုသွေးတတ်တဲ့ မယ်ကောက်ကျစ် ..
တစ်ချို့ကျပြန်တော့…
ဟိုဘက်က လူစကား ဒီဘက်ကို ပို့
ဒီဘက်က တစ်ရာလို့ပြောရင် ဟိုဘက်ကို နှစ်ရာလို့ စကားဝယ်ရောင်းလုပ်တဲ့ မယ်ပွဲစား
တစ်ချို့ကျပြန်တော့..
ဒီကမ္ဘာမပြောနဲ့ ဒီစကြဝဠာ အနန္တမှာ
သူသာလျှင်အဖြူစင်ဆုံး
သူသာလျှင် အရိုးသားဆုံး
သူသာလျှင် အပွင့်လင်းဆုံး ဆိုတဲ့ ဇွတ်ဖြူစင်
တစ်ချို့ကျတော့…
ရှိတာက ဆန်တစ်ပြည်ဆို အများရှေ့မှာ စပါးတစ်ကျီစာလောက် မာနထောင်လွှား ဇွတ်ကြီးပွါးတဲ့ မယ်မောက်မာ
တစ်ချို့ကျတော...
ငါသာကောင်းစားရေး ငါ့အရေး
ငါသာ ခရီးတွင်မယ်ဆို သူများ လည်မျို နင်းရ နင်းရ ဆိုတဲ့ မယ်ယုတ်မာ
တစ်ချို့ကျတော့..
ကြက်သည်ဝင်စားသလား ဝက်သည် ဝင်စားသလားမသိ
ဘယ်ဘက်ကသာမလဲ ချိန်ထိုးပြီး
သာရာပေါင်း ညာကာစားတဲ့ မကတ္တား
ပြောရင်.. မကုန်ဘူး
ပြီးကျရင် သူတို့ကပဲ မျက်ရည်လေး စမ်းစမ်း စမ်းစမ်းနဲ့ ပြောကြတယ်
“ဘယ်သူမှ အပေါင်းအသင်း မလုပ်ကြဘူး ဘယ်သူမှ မပေါင်းချင်ကြဘူး” တဲ့ 🤷♀️🤷♀️🤷♀️
#ယုန်မဒီ
အရှည်တင်ပေးဆိုလို့နော် 🙋♀️
စာမ ရေးဘဲ ဘာတွေလုပ်နေတာလဲ မပြောကြေး 🤭
ဟိုးအရင်က အရမ်းကို လစာကောင်းပြီး
Facilities တွေကအစ မက်လောက်စရာ company တစ်ခုကနေ ကိုယ် အလုပ်ထွက်လိုက်တယ်..
လူတွေက မေးကြတာပေါ့
“ဒီလောက်ကောင်းတဲ့ company ကနေ ဘာလို့ ထွက်လိုက်တာလဲ” တဲ့
Random ကျတဲ့ Reason တစ်ခု ပေးလိုက်ပေမယ့် ကိုယ်ပဲသိတဲ့ အကြောင်းပြချက်က
#ကိုယ့်ကိုယ်ကိုရွံလာလို့ ပဲ
ဝင်ငွေ facilities အစစအရာရာ ကောင်းတဲ့
နာမည်ကြီး Top company ဆိုတော့
သိတဲ့အတိုင်း.. နေရာတည်မြဲရေး
ရာထူးတည်တံ့ရေးအတွက်
အတိုက်အခိုက်တွေ ခြေထိုးခံတာတွေ
နောက်ကျောဓားထိုးတာတွေ
ကွယ်ရာ အပုတ်ချတာတွေ အပြည့်ပေါ့
အတင်းတုတ်တယ်ဆိုတာ သာမန်လောက်ပဲ
ကိုယ့်ကို မထိခိုက်အောင် ရှောင်တိမ်းရင်း
အဲ့လိုရှောင်တိမ်းနေနိုင်တဲ့ ကိုယ့်ကိုယ်ကို ရွံလာတာ ..
သူတပါးအပေါ် မဟုတ်တာ မလုပ်
မကောင်းကြံတာ မလုပ်ပေမယ့်
ကိုယ့်အပေါ် လာသက်ရောက်မယ့်
သူတို့ရဲ့ ယုတ်မာမှုတွေကို မြင်တတ်တဲ့
ကိုယ့်စိတ်ကိုယ် ရွံလာတာ..
(ရှောင်တိမ်းနိုင်ဖို့ဆိုတာ အကွက်တွေကို သိမှလေ.. )
အဲ့အတွက်ကြောင့်ပဲ
အရာအားလုံးကျောခိုင်းခဲ့တယ် ..
ဖုန်းဆက်ရင်တောင်မကိုင်ဘူး
Email ပို့ရင်လည်း reply ပြန်ချင်မှပြန်တယ်
အလုပ်နဲ့ပက်သက်လို့ မေးမြန်းတာကို ဖြေတာကလွဲရင်
တခြား ဘာမှ မပက်သက်တော့ဘူး
“I Quit” လို့ဆိုပြီး နေလိုက်တိုင်း
သူတို့တွေအမြင်မှာ “သူတို့ကို မယှဉ်နိုင်တော့လို့” လို့ ထင်ကြတယ်
သူတို့ကို သတိထားနေရတဲ့ ကိုယ့်ကိုယ်ကို ရွံလာတယ်ဆိုမှတော့..
သူတို့အပေါ် ကိုယ့်စိတ်ထဲက ရွံနေတာ
အတိုင်းထက်အလွန်ပဲ လေ
#ယုန်မဒီ
လူတစ်ယောက် လှပခြင်းဆိုတာဟာ
Inner beauty ရော outer beauty ရော ပြည့်စုံခြင်းလို့ ဆိုပါတယ်
ဒါပေမယ့် .. ကိုယ့် personal point of view အရ ပြောရရင်တော့
လူတစ်ယောက်ဟာ inner beauty လှရင်
Outer beauty ဘယ်လောက်ပဲ အဲ့ နိုင်ငံရဲ့beauty standards နဲ့ ညီမနေပါစေ
ကျက်သရေနဲ့ ပြည့်စုံနေတတ်တယ်
အထူးသဖြင့် မျက်လုံးပေါ့..
ပါးစပ်ကလေ ဘယ်လိုပဲဖြဲထားထား နှုတ်က ဘယ်လိုပဲ ချိုနေနေ
အကောက်စိတ် ရှိတဲ့သူမျက်လုံးက
ကြည်ကိုမနေတာ…
စိတ်ရှင်းတဲ့သူက မျက်လုံးကအစ ကြည့်လင်နေတာမျိုး
Eye shaming လုပ်တယ်ပဲ ဆိုချင်ဆိုပါတော့🤭
လိမ်မရအောင် ပေါ်လွင်တယ်လို့ ပြောချင်တာပါ
လောကမှာ Perfect ဖြစ်တဲ့သူမရှိဘူးလို့ဆိုပါတယ်
ကိုယ်သည်လည်း perfect ဖြစ်မနေနိုင်ပေမယ့်
အတတ်နိုင်ဆုံးတော့
Inner beauty standard မှီအောင် နေထိုင်မယ်လို့ စဉ်းစားထားတယ်
ကိုယ့်ရဲ့လောဘဒေါသမောဟ ကို မထိန်းချုပ်နိုင်တာမျိုး
သူတပါးကို လှောင်ပြောင်သရော်တာမျိုး
သူတပါးအပေါ် စိတ်ပုတ်စိတ်ယုတ်တွေထားတာမျိုး
မနာလိုစိတ်ထားတာမျိုး (ဒီအကြောင်း နောက်မှဆက်ပြောပြမယ်)
အတတ်နိုင်ဆုံးနည်းအောင် ကြိုးစားရမယ်
ဒါပေမယ့် .. မထော်တွေ ကရော်ဆော်နေရင် ပြုံးပြီးကြည့်နေမှာကိုတော့ မတားနဲ့နော်
အလှပျက်ခံပြီးတော့ကို ပြုံးကြည့်နေမှာ
“ဟယ် .. ဝင်းသူဇာတွေ ကျန်း” ဆိုပြီး 🌝🌝
#ယုန်မဒီ
တစ်ခါတစ်လေ စဉ်းစားမိတယ်
ငါဘာလို့ အသက်ရှင်သန်နေရတာလဲ ပေါ့
“လှဖို့” အတွက် ရှင်သန်ရမယ်လို့ တွေးမိတဲ့အခါ
“ဟက်” ခနဲ တစ်ချက်ရယ်မိတယ်။
ဘဝဆိုတာ .. ပေါ့ပေါ့လေး နေနိုင်သူအတွက်တော့ လွယ်ကူလိုက်တာ….
#ယုန်မဒီ
" မိန်းမတွေဟာ အမျိုးသမီးတွေကို thet နေတယ် "
______________________________________
မိန်းမတွေဟာ အမျိုးသမီးတွေကို thet ကြတယ်
#အပျိုမဟုတ်လို့ ဆိုပြီး “အပျိုမြှေးရှိသေးသူ”
“အပျိုမြှေးမရှိတော့ပါလို့တရားဝင်ကြေငြာထားသူ”တွေက thet ကြတယ်
#ဖခင်အမည်မတပ်ပေးတဲ့အမျိုးသမီး ကို
“အမည်တပ်စရာမလိုသေးတဲ့မိန်းမတွေ”နဲ့
“အမည်ဖော်ထားတဲ့မိန်းမတွေ”က thet ကြတယ်
#ငွေမရှိလို့ အသွေးအသားကိုရင်းပြီး ငွေရှာတဲ့အမျိုးသမီး ကို
သူလိုမဟုတ်တဲ့မိန်းမတွေက thet ကြတယ်
စကားလုံးတွေနဲ့ အကြည့်တွေနဲ့
thet ကြတယ်
#ကိုယ်ချင်းစာ ဆိုတဲ့စကားလုံးက သိပ်ကြောက်ဖို့ကောင်းတယ်။
သုံးလိူက်တဲ့နေရာအလိုက်
အဆိပ်တွေတာသွားတတ်တာမျိုး…
#မတရားကျင့်ခံရတဲ့အမျိုးသမီးး ထက်
“နှလုံးတောင်မဖွံ့ဖြိုးသေးတဲ့ သွေးလုံး”ကို
ကိုယ်ချင်းစာတယ်
#ယုံကြည်မှုတွေဖျက်ဆီးခံလိုက်ရတဲ့အမျိုးသမီး ထက်
“ပိုချစ်နိုင်တဲ့နောက်ပေါက်ကြာ(စနိုက်မ)” ကို ကိုယ်ချင်းစာတယ်
#အပြောဆိုးတဲ့ မြေနိမ့်သူထက်
“မျက်ရည်ချူတတ်တဲ့ လှံစိုက်သူ” ကို ကိုယ်ချင်းစာတယ်
ခေတ်အဆက်ဆက်မှာ
အမျိုးသမီးတွေကို မိန်းမတွေ thetခဲ့တယ်။
အခုထိလည်း thet နေကြဆဲ..
နောင်လည်း thet ကြမှာပဲ…
မိန်းမတွေမိန်းမအဆင့်မှာရပ်နေသရွေ့
မိန်းမတွေ အမျိုးသမီးမဖြစ်သရွေ့. .😔😔😔
___________________________________
#ယုန်မဒီ
#2017
လူအများစုက သူချစ်တဲ့သူအတွက်
☀ နေမင်းကြီးဖြစ်ချင်ကြမေယ့်
မင်းအတွက်ဆိုရင် ကိုယ်ဟာ
🌙လမင်းတစ်စင်းဖြစ်ချင်တယ် 😑
မင်းဘဝရဲ့☀ နေမင်းကြီးမရှိတော့တဲ့
အမှောင်ဆုံးအချိန်မှာ
မင်းအတွက်တောက်ပပေးချင်လို့❤️
#ယုန်မဒီ
တစ်နေ့နေ့ . . .
တစ်နေ့နေ့ဆိုတာ မတိကျတဲ့နေ့စွဲတွေအတွက်သုံးတယ်
"တစ်နေ့မှာ မောင်တို့လက်ထပ်ကြမယ်"ဆိုတာ. .
မသေချာတဲ့နိမိတ်ဆိုတာ
ကိုယ်ဘာလို့မသိခဲ့သလဲ. . .
တစ်နေ့မှာနီးစပ်အောင်
အခုတော့ဝေးနေကြမယ်လို့
မောင်ပြောခဲ့ဖူးသမျှယုံခဲ့တာ. .
တစ်နေ့ဆိုတာ
မရှိနိုင်တော့တဲ့အနာဂတ်ဆိုတာ
ကိုယ်ကြိုသိခဲ့ရင်. .
အခုလောက်လဲပြိုမိမယ်မထင်ဘူးး
မသေချာတဲ့တစ်နေ့မှာ
ကိုယ့်အိပ်မက်တွေအများကြီးရှိပေမယ့်
သေချာခဲ့တဲ့နေ့တစ်ခုမှာ
ကိုယ့်ကို မောင်ချန်ထားရစ်ခဲ့တယ်
တစ်နေ့မှာ ဒီအဖြစ်အပျက်တွေကို
မေ့နိုင်မယ်လို့ ယုံချင်တယ်
တစ်နေ့မှာ
မောင့်ကိုမေ့လို့ရလိမ့်မယ်လို့ မျှော်လင့်တယ်
ဒါ မှ မ ဟုတ်
တစ်နေ့မှာ မောင်ကိုယ့်ဆီပြန်လာမယ်လို့
မျှော်လင့်ချင်ပါသေးတယ်
ဒါ . ပေ. မယ့်. လည်းးး
တစ်နေ့မှာ ဘာမှဖြစ်မလာခဲ့ရင်. .😔😔
____________________________________
#ယုန်မဒီ
အရွယ်ရလာတာနဲ့အမျှ ကိုယ့်ရဲ့အတွေးက ဖြစ်ရပ်မှန်ကို လက်ခံခြင်း ဘက် ရောက်လာတယ်။
အတိတ်တုန်းက အချစ်မှာ အချစ်သာရှိတယ်လို့ တွေးခဲ့ပြီး ကိုယ့်ကိုချစ်ပြီး ကိုယ်ကချစ်တဲ့ လူတစ်ယောက်ပဲ မျှော်လင့်ခဲ့ဖူးတယ်။
မေတ္တာဟာ ရောင်ပြန်ဟပ်ပါတယ် ဆိုတဲ့အတွေးနဲ့
ပေးဆပ်တဲ့အချစ်ဟာ မွန်မြတ်ပါတယ်တဲ့။
ငါ့ ပခုံးကို နင်းပါ
လက်အစုံပင့်တင်လို့
နင်လဲမကျအောင် ထပ်ထိန်းပေးထားပါ့မယ်
တကယ်တမ်းကျတော့
အချစ်က မချိုပါဘူး ။
ဂျီးအထပ်ထပ်နဲ့ အိုးကို ဂျီးချွတ်လို့
ပြောင်လက် အရောင်တက်လာရင်
ကိုယ့်လက်ထဲမှာ သူရှိနေမယ် ထင်ခဲ့ဖူးတယ်။
အရာအားလုံး ပြီးသွားတဲ့နောက်
ကိုယ့်မှာ
ကိုယ့်ကို ပျော်ရွှင်အောင်လုပ်ပေးမယ့်သူ
ထာဝရ အနေနဲ့ မရှိနိုင်လောက်တာ သိလာတယ်။
ကိုယ့်ပျော်ရွှင်မှု
ကိုယ်တိုင်ဖန်တီးယူဖို့
အရေးပါတဲ့ အရာတစ်ခု ရှာဖို့
ဆုံးဖြတ်ချက်ချလိုက်တယ်။
အဲ့ဒါ "ငွေ" တဲ့
#ယုန်မဒီ
#2020
တစ်နေ့က ရေးတဲ့ မညားတဲ့ဇာတ်လမ်း နောက်ဆက်တွဲ ပြောပြပါဆိုလို့ပါ။
မဖတ်ခင် စိတ်ကို ရှင်းအောင်ထားပြီး ပေးချက်တွေကို တစ်ခုချင်း ဖတ်ပါနော် …
အရင်ဇာတ်လမ်းက အောင်အောင်ကို သိကြမှာပေါ့ .. အရင်ဇတ်လမ်းအရ..
အောင်အောင်က cow be or innocent လေးလို့ ထင်နေကြမှာပေါ့လေ ..
မဟုတ်ဘူးရယ်.. သူကလည်း အီစီကလီတော့ လုပ်တတ်ပါတယ်
ဒါပေမယ့် သန္တာ့အပေါ်သူက ဇနီးလိုသဘောထားတယ်
တစ်အိမ်တည်းမနေတဲ့ မယားပေါ့
အောင်အောင်ဟာ အင်မတန်မှ ကြီးပွါးလိုစိတ်ရှိတယ်.. မိသားစုကလည်း မပြည့်စုံတဲ့အလျောက်
ပြည့်စုံတဲ့ သန္တာနဲ့ နီးစပ်ဖို့ ကြိုးစားန်ုင်ဖို့ဝေးစွ
သူ့မိသားစုတာဝန်ကို မနည်းထမ်းရတယ်..
လူငယ်ဆိုတာလေးကလည်း မလျှော့ချင်
ရည်းစားစကပ်နားလည်း ခိုမစားချင်ဘူး
အဲ့တော့ အောင်အောင်ရွေးချယ်လိုက်တာက .. စပွန်ယူလိုက်တာပဲ
အလှပြင်ဆိုင်ဖွင့်ထားတဲ့ မိန်းမလျာကြီးဟာ သူ့ကို အတော်အသင့်အမ်းန်ိုင်ခဲ့တယ်..
စီးပွါးအတူလုပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့
မိန်းမလျာကြီးနဲ့ သွားလာတယ်ပေါ့
သတင်းသဲ့သဲ့ကြားတဲ့ သန္တာဟာ ဒီဖြစ်ရပ်ကို မခံစားနိုင်ခဲ့ဘူးလေ..
ကျော်ကြီးကိုရင်ဖွင့်ရင်း ကျော်ကြီးက နှစ်သိမ့်ရင်း ခိုးစားရင်းပေါ့
သန္တာကလည်း ခေသူမဟုတ်တဲ့အကြောင်း နောက်မှ အကျယ်တဝင့်ပြောပြမယ်
ဒီလိုနဲ့ သန္တာတစ်ယောက်
စိတ်ပြေလက်ပျောက် အလုပ်လုပ်ရင်း
ခင်ရာမင်ရာယောကျ်ားလေးတွေနဲ့ လည်ပတ်ရင်း တစ်လနေမှ တစ်ခါလောက်လာတွေ့တဲ့ ရည်းစားနဲ့ အီလည်လည်မျောရင်းနဲ့ ..
သွားရင်းလာရင်း ခင်ရာမင်ရာထဲက တစ်ယောက်နဲ့ စားရင်းသောက်ရင်း ခိုးရာလိုက်ပြေးသွားပါလေရော…
ဤတွင် အောင်အောင် နဲ့ သန္တာ တစ်ခန်းရပ် ။
တစ်ခန်းပဲရပ်တာနော် ဆက်ရန်တွေ လုပ်သေးတာ နောက်မှ ပြောပြမယ်
Timeline ကျော်မှာစိုးလို့
#ယုန်မဒီ
“ချစ်ချင်လို့ကို ချစ်တာဆိုတဲ့ အဖွဲ့က သက်သက်ရှိတာ..” တဲ့
ဟုတ်မယ်…
“မချစ်ချင်လို့ကို မချစ်တာ..” ဆိုတဲ့သူတွေရှိတယ်လေ..
အလကားရလို့ အလကားငှါးသုံးတာနဲ့
ချစ်တယ် ဆိုတာနဲ့ မတူတာကို သတိပြုမိစေချင်တယ်..။
ညီမလေး..
ချစ်ချင်ရင်တော့ ချစ်မှာပါ..
မချစ်ချင်ရင်တော့ မချစ်ဘူးပေါ့…
ငါနဲ့ one night stand လိုက်ရင် ချစ်သွားမယ် ဆ်ိုတဲ့အတွေးက 100% မမှန်ဘူးနော်
😒
#ယုန်မဒီ
ညက ဇာတ်လမ်း နားမလည်သူများအတွက် 😑
နာမည်လေးထည့်ရေး ဆိုလို့
၁/ အောင်အောင် ,ကျော်ကြီး က ငယ်သူငယ်ချင်း
၂/ အောင်အောင် နဲ့ သန္တာ က ကြိုက်ကြတော့ ကျော်ကြီး နဲ့ သန္တာ က သူငယ်ချင်းဖြစ်သွားတယ်
၃/ အောင်အောင် နဲ့ သန္တာ က s*x ဖြစ်ချိန်တောင် ကျော်ကြီး က တစ်ခန်းထဲ အတူရှိတယ် ပြောချင်တာက ဘယ်လို ဘယ်လောက် အကုန်သိနေတာပေါ့
၄/ အောင်အောင် အလုပ်သွားျနတုန်း သူ့ရည်းစားသန္တာ နဲ့ သူငယ်ချင်းကျော်ကြီး က s*x ဖြစ်ကြတာပေါ့
FWB ပေါ့
၅/ သန္တာ နဲ့ ဝါဝါ က သူငယ်ချင်းဆိုတော့
ကျော်ကြီး ဆိုတဲ့ f**kboy နဲ့ ဝါဝါ ခင်ရော
၆/ ၄ယောက်စားသောက်ပြီး ဝါဝါနဲ့ ကျော်ကြီးနဲ့ ညားတယ် one night stand ပေါ့
ဝါဝါ့မှာ ရည်းစားရှိတယ်
၇/ ဝါဝါ က f**kboy ကျော်ကြီး ကို တစ်လလောက် တွဲပေးဖို့တောင်းဆ်ုတယ် ကျော်ကြီး က လက်ခံတယ်
ဒါပေမယ့် ကျော်ကြီး မှာ ချမ်းချမ်း ဆိုတဲ့ ရည်းစားရှိတယ် အဲ့ရည်းစားက အဝေးမှာ အပြင်မှာ မတွေ့ဖူးဘူး
၈/ ဒါပေမယ့် ကျော်ကြီး က ချမ်းချမ်း ကို အတည်တကျတွဲချင်တာ ကျန်တာက အလကားရလိူ့ စားတာ
ဝါဝါကတော့ သူ့ရည်းစားထက် ကျော်ကြီး ကို ပြောင်းတွဲချင်တယ်
၉/ သန္တာ နဲ့ ချမ်းချမ်း က ရည်းစားတွေက ငယ်သူငယ်ချင်းဆိုတော့ online ကတစ်ဆင့်သိတယ်ဆိုတော့ ဝါဝါက အဲ့ကိစ္စ ချမ်းချမ်း သိအောင်ပြောခိုင်းတယ်
သန္တာ ကပြောပေးတယ် ချမ်းချမ်းက သိပ်မယုံ
ဝါဝါက သန္တာ နဲ့ ကျော်ကြီး fwb ဆိုတာ သိတယ် လက်ခံတယ်ပေါ့ ချမ်းချမ်းဆီ မပါ ပြီးရော
၁၀/ ချမ်းချမ်း က အပြင်မှာလာပြီး တွေ့ချိန် ဝါဝါက ကြေကွဲပြ ၊ ဟုတ်ပါတယ်ပေါ့
ချမ်းချမ်းကို သန္တာက ဒါမျိုးတွေက အေးဆေးပါဆိုပြီး နားချ
ချမ်းချမ်းက ဘာတွေလဲ ဇာတ်ရှုပ်တွေဆ်ိုပြီး
ချမ်းချမ်း နဲ့ ကျော်ကြီးနဲ့ပြတ်
နောက်ဆုံး အဲ့၃တွဲလုံးမညားကြဘူး ချမ်းချမ်း နဲ့ပြတ်ပြီးနောက် ဇာတ်လမ်းက world of married couple ထက်ရှုပ်တယ် 😑
ဒီလောက်ဆို နားလည်ကြလား
ဒါမျိုးတွေက ခုခေတ်မှ ဖြစ်တာမဟုတ်ဘူး
အရင် ဆယ်နှစ်လောက်ထဲက ဖြစ်တာ 🫠
အဲ့ကတည်းက ငါက ကျန်ရစ် ..
ဒီရက်ပိုင်းး ရည်းစားကိုယ်စီရှိလျက် ခိုးစားကြတဲ့ တဏှာသွေးဆောင့်သူတွေအကြောင်းမြင်ရ ဖတ်ရသိရတော့ ပြုံးမိတယ်
အခုမှ လူတွေက သိကြတာ
ကိုယ်ကြုံခဲ့ရတာ ဆယ်စုနှစ်တစ်ခု တိုင်ခဲ့ပြီ..
အံ့တွေလည်းဩရပါတယ်
တရားတွေလည်းရခဲ့ရတယ်။
လက်ခုပ်က နှစ်ဖက်တွေစုံတီးလို့ ပိုမြည်ခဲ့လေသလားပဲ ..
B နဲ့ BB က သူငယ်ချင်း
G နဲ့ B က အတွဲ
အဲ့တော့ B ကြောင့် BB နဲ့ G က ခင်ကြ ရင်းနှီးကြတာပေါ့..
သူငယ်ချင်း ဖြစ်သွားလေသည်ပေါ့
အဲ့မှာ G က သက်သက်နေတာ .. hall type apartment
G နဲ့ B , making love အချိန် မှာ Bb ကလည်း ရှိနေတယ် ၁၅ ပေလောက်တော့ ကွာမယ်ပေါ့
B အလုပ်သွားချိန် G နဲ့ BB ဟာ having s*x ကြတယ်ပေါ့
B ရှေ့မှာတော့ သူငယ်ချင်း
G ဟာ BB ရဲ့ ရည်းစားတွေအကြောင်း အကုန်ရင်ဖွင့်လို့ရတဲ့ သူငယ်ချင်းတဲ့
အဲ့ဒါမပြီးသေးဘူး
GG ဟာ G သူငယ်ချင်း
GGမှာ C ဆိုတဲ့ရည်းစားရှိတယ်
ဒါပေမယ့် အတူသောက်စားကြရင်း GG နဲ့ BB ဟာ having s*x ဖြစ်ကြတယ်
GG က BB ကို ကြိုက်တယ် တစ်လလောက်ပဲ တွဲပေးပါတဲ့
C လည်း ရှိတယ်နော်
ကဲ အဲ့ပြဿနာကို G က အေးဆေးပဲတော်
မေ့တော့မလို့ G နဲ့ BB ဘယ်လိုလဲ GG ကသိတယ်တော့်
ဒါပေမယ့်
BB မှာ CC ဆိုတဲ့ LDRS ရည်းစားရှိတယ်
နောက်ဆုံး BB နဲ့ GG case CC မိသွားတော့ ပြတ်ရောပေါ့နော်
BB က CC ပဲ အတည် လိုချင်တာ GG က မကျေနပ်လို့ အစဖော် Cc က မိသွားတာပဲ
ပြောချင်တာက
ယောကျ်ားတွေက လည်ပတ်မွှေနှောက် ယွထပြီးရင် s*x က s*x , love က love ပဲ
အများစုက ချည်တိုင်ပဲပြန်ချင်တာ
မိန်းမအများစုက မလည်ရှုပ်
ထင်တိုင်းလည်းကြဲချင် စိတ်ကလည်းမနိုင်ဘူး
အိပ်ပြီးရင် ငါ့က်ိုစွဲသွားမှာလို့ ထင်တယ်
ပြီးရင် တကယ်စွဲလမ်းသွားတာ သူတို့
အခုတော့လည်း cocktail သောက်ပြီး ပြုံးရယ်ရင်းပြောန်ိုင်တဲ့ ပုံပြင်လေး ဖြစ်သွားပါပြီ
တစ်ခါက CC
#ယုန်မဒီ