House of Manna
Living hope that you can't see in man way.
မေလ ၁၆-၁၈
ကလေးသင်တန်း
👉မင်္ဂလာဆောင်နှင့် မင်္ဂလာဆောင်ပွဲ
မင်္ဂလာဆောင်ပွဲပုံစံအမျိုးမျိုး၊ခမ်းနားကြီးကျယ်မှုအမျိုးမျိုး၊ကုန်ကျမှုအမျိုးမျိုးရှိကြသည်
ပွဲမလုပ်ဘဲ၊ အခမ်းအနားမပါဘဲ၊ လက်ဆောင်မပါဘဲ
မင်္ဂလာဆောင်လို့ရတယ်၊
မင်္ဂလာဆောင်ခြင်း၏ အနှစ်သာရသည် သတို့သားနှင့် သတို့သမီး၏ စစ်မှန်သောချစ်ခြင်းမေတ္တာဖြင့် ပေါင်းစည်းခြင်းဖြစ်သည်၊
ကြီးကျယ်ခမ်းနားခြင်း၊ ကုန်ကျစရိတ်များစွာ အသုံးပြုခြင်းသည် မင်္ဂလာဆောင်ခြင်း၏ တန်ဖိုးမဟုတ်ပါ။
မေတ္တာစစ်အတွက် ပွဲသည် တင့်တယ်စရာဖြစ်ပေမယ့်
မေတ္တာစစ်မပါလျှင် ပွဲသည်အချည်းနှီးဖြစ်သည်။
👉ဘုရားနှင့် ဘုရားပွဲ
ဘုရားကို မသိဘဲ ဘုရားပွဲဆင်နွှဲလို့ရသည်၊
ဘုရားကို မကျေနပ်စေဘဲ ကိုယ်ကျေနပ်မှုအတွက် ဘုရားကိုနာမည်ခံ၍ ပွဲအကြိမ်ကြိမ်လုပ်နိုင်သည်၊
ပွဲကို အခြေပြုပြီးလည်း
ကိုယ်ကျိုးစီးပွားလုပ်နိုင်သည်
သို့သော်…
ဘုရားရဲ့ နှလုံးသားကို ကျေနပ်မှုမရှိစေဘဲ ဘုရားပွဲလုပ်နေသမျှ ဘုရားရှေ့မှာအချည်းနှီး။
👉ခရစ်စမတ်နှင့်ခရစ်စမတ်ပွဲ
ခရစ်စမတ်ပွဲ တစ်ကမ္ဘာလုံးတွင်ကျင်းပကြသသည်၊ ခရစ်တော်မပါဘဲ ခရစ်စမတ်လက်ဆောင်၊ ခရစ်စမတ်သစ်ပင်၊ Santa Claus,သမင် စသည့်အရာများဖြင့် ခရစ်စမတ်ပွဲ ကျင်းပနိုင်သည်၊
သို့သော်…
ခရစ်တော်နှင့် မပေါင်းစည်းသ၍ ခရစ်စမတ်မဖြစ်ပါ၊
ပွဲအားဖြင့် ခရစ်တော်ကို မိတ်ဆက်၍ ဧဝံဂေလိတရား ပြန့်ပွားစေလျှင်ကောင်းသော်လည်း ခရစ်တော်မပါလျှင် အချည်းနှီးဖြစ်သည်၊
ပွဲမပါဘဲ အပြစ်မှကယ်ချွတ်ရှင် ယေရှုခရစ်တော်နှင့် အပြစ်သားတို့ ပေါင်းစည်းခြင်းသည် ခရစ်စမတ် မည်၏၊
ထို့ကြောင့်..
ခရစ်စမတ်ဟူသည်
ယေရှုခရစ်တော်နှင့် ပေါင်းစည်းသည့်အချိန်တိုင်းဖြစ်နိုင်သလို...
ဧဝံဂေလိတရားသည်လည်း ဒီဇင်ဘာရောက်မှ လှိုင်လှိုင်ဝေငှရသော ရာသီအစားအစာမဟုတ်ပါ။
အချိန်တိုင်းအတွက် ခရစ်စမတ်နှင့် အချိန်တိုင်းအတွက် ဧဝံဂေလိဖြစ်ခြင်းသည်သာ မင်္ဂလာစစ်ဖြစ်၏။
မင်္ဂလာဆောင်ရဲ့ အနှစ်သာရ
ဘုရားရဲ့အနှစ်သာရ
ခရစ်စမတ်ရဲ့အနှစ်သာရကို ဆင်ခြင်နိုင်ကြပါစေ။
ZKM, 22-12-23
အလင်းနှင့်ဘာသာရေး
လိုနေသူတိုင်းအတွက် ကျေးဇူးတော်
အကြိုက်နဲ့ အကျိုး
သခင့် ဂရုဏာအသစ်စီးဆင်းရာ
အသစ်သောခြေလှမ်း အစပြုရာ
မိချောင်းအိုင်
သခင့်အကြံအစည်ထဲက သင်တန်း ၅လတာ ခရီး၊
ဘုရားဘုန်း၊ အသက် ၊ သခင်ထားတဲ့နေရာမှာ ထင်ရှားပါစေ။
အခြေအနေတွေမကောင်းရင်လည်း ကောင်းမြတ်တဲ့ဘုရားရဲ့သတင်းစကားရှိတယ်။
အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် သဘောချင်းတူလျက် ပေါင်းဖော်ကြသည့် အရာမှာ အလွန်ကောင်းပေ၏။
ကျေးဇူးတော်၏ ဆွဲခေါ်ရာ သခင့်ရဲ့ ခြေလှမ်းများ
လိုအပ်ချက်တွေများတဲ့
ဒီကာလမှာ......
လိမ်လည်မှုတွေ သိပ်များတယ်၊
လုယက်မှုတွေ သိပ်များတယ်၊
လဘ်စားမှုတွေ သိပ်များတယ်၊
လုပ်စားသူတွေသိပ်များတယ်၊
လိုအပ်ချက်တွေဖြည့်းဆည်းရင်း အလိမ်ခံရတယ်၊
လိုအပ်ချက်တွေရုန်းကန်ရင်း လုယက်မှုခံရတယ်၊
လိုအပ်ချက်ကိုဖြည့်ဆည်းရင်း
ကိုယ့်မှာရှိထားတဲ့ အရာတွေ ဆုံးရှုံးကြရတယ်၊
တကယ်တော့ လိုအပ်ချက်အစစ်က ခရစ်တော်ရဲ့ ကြွယ်၀ခြင်းဖြစ်တယ်၊
ခရစ်တော်ရဲ့ကြွယ်၀ခြင်းကို ရရှိသူဟာ လိုအပ်ချက် အစစ်ကို ရရှိသူဖြစ်တယ်၊
ခရစ်တော်ရဲ့ ကြွယ်၀ခြင်းကို အဖြည့်ခံတတ်သူဟာ ဘာမှမလိုသောသူဖြစ်တယ်။
16.6.2022
zkm
*လူကိုရှာသော ဘုရား*
ဘုရားက
ပျောက်သောသူကို ရှာတယ်၊
ဆာသောသူကို ထာ၀ရအစာ ကျွေးတယ်၊
ငတ်သောသူကို သက်စမ်းရေတိုက်တယ်၊
ဘုရားရဲ့အချစ်ကို လက်ခံတွေရှိသူ ဘုရားရဲ့ အသက်နဲ့ ရှင်သန်ခွင့်ရမယ်။
လိုနေသူထံ လိုအပ်တာများရောက်ရှိစေတာ
သခင့်အကြံအစည်ပါ။
ဘုရားအသက်ကိုခံစားရသောသူများရဲ့ စီးထွက်ခြင်းသက်သေ၊
အစအဆုံးတွက်ချက်လုပ်ဆောင်ပေးသူများ၊ အလှုငွေအားဖြင့် လက်ဆန့်တန်းပေးသူများ
ဘုရားဘုန်းသာ၍ခံစားထင်ရှားပါစေ။
သခင့်အသက်တို့ စီးဆင်းရာ
အိမ်တော်သားများ၏ အိမ်တော်အမှုများ
ငါ၏နာမ၌ စုဝေးသောသူတို့ အလယ်မှာ ငါရှိမည်။
လိုနေသူတိုင်းအတွက် အသက်ရှင်သော
နုတ်ကပါတ်တော်