Sayar Myanmar One

Sayar Myanmar One

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sayar Myanmar One, School, .

27/10/2018
Photos from AMT Mobile Sales & Services's post 06/06/2018
Photos from The Melting Pot 4 U's post 05/06/2018
05/06/2018

အလကားပေးထားရတာမဟုတ်တဲ့ လူမှုဖူလုံရေးကဒ်ပြားလေးအကြောင်း တစေ့တစောင်း
💳💰💳💰💰💳💰💳💰💳💰💳💰💳💰💳💰💳💰💳💰💳💰💰💳

မြန်မာနိုင်ငံအတွင်းရှိ စက်ရုံ၊အလုပ်ရုံ
ကုမ္ပဏီလုပ်ငန်းဌာနများတွင် အလုပ်လုပ်ကိုင်နေကြရသော အလုပ်သမား ဝန်ထမ်းများနှင့် အလုပ်ရှင် များ

၎င်းလုပ်ငန်းဌာနများရှိ အုပ်ချုပ်ရေး အရာရှိများ၊ဘဏ္ဍာရေးအရာရှိများ၊လူစွမ်းအားအရင်းအမြစ်ဌာနမှူးများ အားလုံး

မင်္ဂလာပါ ခင်ဗျာ

ယနေ့တော့ လုပ်ငန်းခွင်က အလုပ်သမားများအတွက် နိုင်ငံတော်က စီစဉ် သတ်မှတ် ထုတ်ပြန်ပေးထားသည့် လူမှုဖူလုံရေး ဥပဒေ အကြောင်း တင်ပြပါရစေ

လူမှုဖူလုံရေးအာမခံ ဥပဒေကို
၂၀၁၂ ခုနှစ် သြဂုတ်လ ၃၁ ရက် နေ့မှာ ပြဌါန်း ခဲ့ပါတယ်

၎င်း ဥပဒေ ဟာ နိုင်ငံတော်သမ္မတမှ အမိန့်ကြေညာစာအမှတ်ဖြင့် လက်မှတ်ရေးထိုး ထုတ်ပြန်သည့်နေ့မှ စ၍ အကျိုး သက်ရောက်ပါတယ်

လူမှုဖုလုံရေးရန်ပုံငွေ အတွက်
အလုပ်သမားများနှင့် အလုပ်ရှင်က လစာဝင်ငွေအပေါ်မှာ အချိုးကျ တွက်ချက်ထားသည့် ငွေပမာဏ ကို လစဉ် မဖြစ်မနေ ထည့်ဝင်ပေးရပါတယ်

အစိုးရအနေဖြင့် လူမှုဖူလုံရေးအာမခံ မထားမနေရ လုပ်ငန်းဌာနများကို သတ်မှတ်အကြောင်းကြားထားပီး
အာမခံမထားမနေရ အလုပ်သမားတိုင်း
သည် မိမိတို့ ဝင်ငွေမှ လစဉ် ပေးဆောင်ရသည်။

အလုပ်သမားတိုင်း လူမှုဖူလုံရေးကဒ် လုပ်ထားရပါတယ်

လူမှုဖူလုံရေးအာမခံ၏ အဓိက ရည်ရွယ်ချက်က
အလုပ်သမားတိုင်းအတွက်
၁ ကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှု

၂။ မိသားစုထောက်ပံ့မှု

၃။အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့် ။ သက်ပြည့်အငြိမ်းစားအကျိုးခံစားခွင့်နှင့် ကျန်ရစ်သူအကျိုးခံစားခွင့်

၎။ အလုပ်လက်မဲ့အကျိုးခံစားခွင့်

၅။ အခြားလူမှုဖူလုံရေးတို့အတွက်
ဖြစ်ပါတယ်

ဥပဒေပါ ပြဌါန်းချက်များအရတော့ -

ယနေ့လုပ်ငန်းဌာန တိုင်း
အလုပ်ရုံ
စက်ရုံတိုင်းက အလုပ်သမားများအတွက် မထားမနေရ ထားနေရသည့် လူမှုဖူလုံရေးအာမခံတွင် အမှတ်စဉ်
၁ ။
၃။
၎ ။
၅။
အချက်များအတွက် အကြုံးဝင်ပါတယ်

ယနေ့ လုပ်ငန်းဌာနများနှင့် အလုပ်သမားများ မိမိတို့ လစဉ် ထည့်ဝင်နေရသည့် လူမှုဖူလုံရေး အာမခံငွေကို တာဝန်ကျေရုံ ပေးနေရတာမဟုတ်သလို
မိမိတို့ ရရှိမည့် ထိုအာမခံအကျိုးကျေးဇူးများကိုလည်း တင်းတင်းရင်းရင်း ပြည့်ပြည့်ဝဝ ရယူကြဖို့ လိုပါတယ်

အလုပ်သမားသည်
လူမှုဖူလုံရေးကဒ် ကို အထင်မသေးပါနဲ့
ဘာမှ သုံးစားမရပါဘူးကွာ ဆိုပီး သေချာသိမ်းဆည်းမထားပဲ အသုံးမချတက်ရင် လူအ ဖြစ်ပါတယ်

ကုမ္ပဏီတွေက အုပ်ချုပ်ရေးမန်နေဂျာတွေ
ငွေစာရင်းဌာနက ဘဏ္ဍာရေးမှူးတွေ
လူမှုဖူလုံရေးအာမခံ အတွက်တာဝန်ယူလုပ်ဆောင်ပေးနေသူ ဝန်ထမ်းများသည်လည်း

အစိုးရက မဖြစ်မနေလုပ်ခိုင်းလို့ ငွေသွင်းခိုင်းလို့ဆိုပီး
အာမခံကဒ်လုပ်ပေးရုံ
အာမခံငွေသွင်းပေးရုံလောက်သာ
ဝတ်ကျေတန်းကျေသဘောမထားစေချင်ပါ

မိမိငွေမဟုတ်လို့  ပီးရင် ပီးတာပဲဆိုပီး လွယ်လွယ် သဘောမထားစေချင်ပါ

အလုပ်သမားတိုင်း မိမိတို့အတွက်ကုမ္ပဏီက လူမှုဖူလုံရေးအာမခံထားပေးပီး ငွေသွင်းနေရတယ်ဆိုရင် မိမိတို့ရဲ့ လူမှုဖးလုံရေးကဒ် ရအောင်တောင်းပါ

ကုမ္ပဏီက သက်ဆိုင်ရာတာဝန်ယူထားရသူကလည်း လူမှုဖူလုံရေးရုံးမှ အာမခံထားပီးသော မိမိတို့ အလုပ်သမားများ၏ ကဒ်ကို ရအောင်တောင်းပါ

အလုပ်သမားများထံကို သေချာအပ်နှံပေးပါ

ထိုကဒ်သည် အလုပ်သမားက အလုပ်ထွက်သွားလျှင် ယူသွားရမည့်ကဒ်ဖြစ်ပါသည်

အလုပ်ပြောင်းသွားလျှင်လည်း ယူသွားရမည့်ကဒ်ဖြစ်သည်

နောက်အလုပ်ဌာနသစ်ကိုရောက်သွားလျှင် ထိုကဒ်အမှတ်ကို လူမှုဖူလုံရေးလျှောက်လွှာတွင် ဖော်ပြပေးရမည်ဖြစ်သောကြောင့်ဖြစ်သည်

မိမိကဒ်သည် မိမိငွေသွင်းခဲ့သော လပေါင်းများစွာကို ရေတွက်ထားမှာဖြစ်သောကြောင့်ဖြစ်ပေသည်

ယခုအခါ လူမှုဖူလုံရေးအာမခံကဒ်များကို SMART CARD များဖြင့် လုပ်ပေးထားပါသည်

ထို ကဒ်သည် အာမခံထားသူ အတွက် မှတ်ပုံတင်လို အသုံးဝင်သော ဘဝအာမခံချက်ပေးသော အလုပ်သမားဘဝ၏ သက်သေခံကဒ်လည်းဖြစ်ပေသည်

လူမှုဖူလုံရေးအာမခံကဒ်ကို အထင်မသေးပါနဲ့
အာမခံထားသူဟာ
မကျန်းမာလို့ ဆေးကုချင်ရင် မိမိအတွက်သတ်မှတ်ပေးထားသည့်ဆေးခန်း တွင် အခမဲ့ဆေးကုသခွင့်ရမည်

ထို ဆေးခန်းများသည်
စနေ
တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များတွင် ပိတ်ထားသဖြင့် အာမခံထားသူသည် ထိုပိတ်ရက်များတွင် အရေးပေါ်အခြေအနေကြောင့် ဆေးရုံတက်ရပါက မိမိတို့တက်ရောက်သည့်ဆေးရုံမှဆေးစာများဖြင့် လူမှုဖူလုံရေးဆေးခန်းဖွင့်သည့်နေ့တွင် သွားရောက်ပြသကာ ဆေးကုသစရိတ်တောင်းခံနိုင်သည်

အာမခံထားသူသည် မကျန်းမမာဖြစ်သည့်နေ့မှရှေ့ပိုင်း ၆ လအတွင်း လက်ရှိလုပ်ငန်းဌာနတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ရမည်
အနည်းဆုံး အာမခံကြေး ၄ လ စာ ပေးသွင်းထားပီး ဖြစ်ရမည်

အာမခံထားသူ အလုပ်သမားသည် ကျန်းမာရေးကြောင့်အလုပ်မလုပ်နိုင်တော့သည့်အခါ
ဆေးခွင့်ယူထားစဉ် အလုပ်ရှင်မှ လစာမပေးသောကြောင့် ဝင်ငွေမရှိသောအခါ
ပျမ်းမျှလစာ၏ ငွေ ၆၀% ကို ၂၆ ပတ်(၆ လစာ) အထိ လူမှုဖူလုံရေးဌာနသို့တင်ပြတောင်းဆိုံ ခံစားခွင့်ရှိသည်

ဆေးစာများတင်ပြရမည်
ဆေးစစ်ချက်များနှင့်လူမှု့ဖူလုံရေးဆေးခန်း ဆေးရုံ ဆရာဝန် ဆေးစစ်ချက်များပါရမည်

အာမခံထားသူ အမ် ဳိးသမီ းမ်ား မီးဖြားပါက
ဆေးခွင့် အတွက် လစာငွေ၏ ၇၀% ခံစားခွင့်ရမည်

ဆေးကုသမှု မီးဖွားစရိတ် အနေဖြင့် မိမိလစာ၏ ငွေ ၅၀ % ရမည်

ကလေးအမွှာ ၂ ယောက်မွေးပါက ၇၅ % ရမည်
အမွှာ ၃ ယောက်အထက်မွေးပါက မိမိလစာ ပျှမ်းမျှ လစာ ၁၀၀ % အပြည့် ကို မီးဖွားစရိတ်အနေဖြင့်ရမည်

ထိုစရိတ်ငွေသည် ကုမ္ပဏီနှင့်မသက်ဆိုပေ
အာမခံထားသူအတွက် သီးသန့်စရိတ်ဖြစ်ပေသည်

အာမခံထားသူ အလုပ်သမား အမျိုးသားသည် မိမိ၏ ဇနီး မီးဖွားရင် ခွင့် ၁၅ ရက်ယူနိုင်သလို ထို ၁၅ ရက်စာအတွက် အကျိုးခံစားခွင့်ငွေ တောင်းခံနိုင်သည်

သို့သော် ကိုယ်ဝန်ဆောင်ထားစဉ်ကတည်းက မိမိတို့ အားသတ်မှတ်ပေးထားသော လူမှုဖူလုံရေးဆေးခန်းကို ပြသပြီး သူတို့ စီစဉ်ပေးသည့်အတိုင်းလိုက်နာရပေမည်

မီးဖွားခြင်း ကလေးစောင့်ရှောက်မှုများလည်း အခမဲ့ရပေမည်

ထိုအကျိုး ခံစားခွင့်ကို အလုပ်သမားက မိမိရပိုင်ခွင့် ဖြစ်သလို သက်ဆိုင်ရာ ကုမ္ပဏီမှတာဝန်ယူထားရသူများကိုယ်တိုင်က မိမိအလုပ်သမားများအတွက် ထိထိရောက်ရောက် တင်ပြတောင်းဆိုပေးရမည်

၂၀၁၂ ခုနှစ် လူမှုဖူလုံရေး အာမခံ ဥပဒေ အာဏာသက်ရောက်သည့်နေ့မှ စတင်၍ ထိုဥပဒေပြဌါန်းချက်နှင့်အညီ အာမခံကြေး ပေးသွင်းသူများသည်

အလုပ်မလုပ်နိုင်တော့သည့် အာမခံထားသော အလုပ်သမားများအတွက်

အသက်ပြည့် အငြိမ်းစားခံစားခွင့် အနေဖြင့်
အာမခံကြေးငွေကို ၂၀၁၂ ခု ဥပဒေအရ စတင်ပေးသွင်းထားခဲ့စဉ်မှသည် နောက်ဆုံးအချိန်ထိ လပေါင်း ၁၈၀ (၁၅ နှစ်) စာ ပေးသွင်းထားပီးဖြစ်ပါက
အလုပ်သမား၏ ပျှမ်းမျှ လစာ တစ်လစာ၏ ၁၅ ဆ ကို တစ်လုံးတစ်ခဲတည်းရယူခွင့်ရမည်

၁၂ လ မှ လပေါင်း ၁၈၀ အတွင်း သွင်းထားပီးသူသည် အလုပ်ရှင်မှသွင်းပေးထားငွေ ၏ ၄၀ % နှင့် အလုပ်သမားသွင်းငွေကို အတိုးနှင့် ပြန်ရမည်

၁၂ လ အောက် အာမခံငွေပေးသွင်းထားရင် ပေးသွင်းထားငွေအားလုံးပြန်ထုတ်ယူခွင့် ရှိသည်

အာမခံထားသူသည် အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိကြောင်းဆေးစာ နှင့် အစိုးရက သတ်မှတ်ထားသော အငြိမ်းစားသက်ပြည့် အရွယ်ဖြစ်ကြောင်အထောက်အထားတင်ပြရမည်

လူမှုဖူလုံရေး အာမခံ ထားပြီးသော အလုပ်သမားတိုင်း
အလုပ်ရှင်တိုင်း
အာမခံကြေးများလစဉ် လတိုင်း
တင်းတင်းရင်းရင်း ပေးသွင်းရသလို

ရပိုင်ခွင့်အကျိုးများကိုလည်း
တင်းတင်းရင်းရင်း မှန်မှန်ကန်ကန် ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်ပေးပီး တောင်းခံပေးကြဖို့  အားပေးတိုက်တွန်းလိုက်ပါရစေ

အလုပ်သမား နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနအနေဖြင့်လည်း

လူမှုဖူလုံရေးအာမခံ ကဒ်များကို အလျင်မီအောင် ထုတ်ပေးနိုင်ဖို့ ဆောင်ရွက်ပေးဖို့ 

လူမှုဖူလုံရေးအာမခံ




အားလုံးထိထိရောက်ရောက်အကောင်ထည်ဖော်လုပ်ဆောင်သင့်သလို |လုပ်ဆောင်ဖို့ တိုပ်တွန်းပါရစေ
အလုပ်သမား များအတွက်လည်း ရသင့်သော ခံစားခွင့်များကိုလည်း လူမှုဖူလုံရေးဌာန အောက်ခြေဝန်ထမ်းများအထိ နားလည်သိရှိနေပီး အာမခံထားသူများ တောင်းခံလာပါက သေချာရှင်းပြကူညီလုပ်ကိုင်ပေးနိုင်ရန် လမ်းညွှန်ပေးထားပေးဖို့ တောင်းဆိုချင်ပါတယ်

အာမခံကြေးများကို ထိထိရောက် ကောက်ခံ

ထိထိရောက်ရောက် ကျန်းမာရေးဝန်ဆောင်မှုပြန်ပေး

ထိထိရောက်ရောက် အကျိုးခံစားခွင့်ကို ဥပဒေနဲ့အညီ လုပ်ဆောင်ပေးရင်ဖြင့် နိုင်ငံတော်နဲ့ပြည်သူလူထု အတွက် တန်ဖိုးရှိတဲ့ အာမခံအစီစဉ်ဖြစ်ပါတယ်ခင်ဗျာ

ဆေးခန်းများ
ဆေးရုံများ
ဆရာဝန်များအား
ပိတ်ရက်မရှိ
၂၄ နာရီ ထားပေးနိုင်ရန်နှင့် အလုပ်သမားဆေးရုံများကို လည်း နယ်မြေဒေသ အလိုက်များစွာ ဖွင့်ပေးထားဖို့ တောင်းဆိုပါရစေ

သို့ မဟုတ် အစိုးရပြည့်သူ့ ဆေးရုံများမှာ လူမှုဖူလုံရေးကဒ်ကိုင်ဆောင်ထားသူ အရေးပေါ်လူနာများအား လက်ခံကုသပေးနိုင်ဖို့ စီစဉ်ပေးပါကလည်း အာမခံထားသူအလုပ်သမားများအတွက်ပိုအဆင်ပြေလာနိုင်ပါတယ်

အာမခံထားလိုသူများလည်း တိုးတက်လာနိုင်ပါတယ်ခင်ဗျားးးး

လူမှုဖူလုံရေး အာမခံ လုပ်ထားပါက
အလုပ်သမားနောင်ရေး နှင့် ကျန်းမာရေးအတွက် စိတ်အေးနိုင်ကြပါစေမယ်

အရေးကြီးတာက လူမှုဖူလုံရေးအာမခံကဒ်
ရအောင်တောင်းပါ
သေချာကိုင်ဆောင်ထားပါ
အခွင့်အရေး အပြည့် အသုံးချပါ

မှတ်ပုံတင်လိုပဲ အရေးကြီးပါတယ်

၂၀၁၂ လူမှုဖူလုံရေး အာမခံဥပဒေအရ
အောင်အောင်မြင်မြင်အကောင်အထည်ဖော်နိုင်ခဲ့ရင်

သင် သူဌေး ဖြစ်နေရင်လည်း သင်လစာဝင်ငွေက ဒေါ်လာ ရာ ထောင်ချီရနေတာဆိုရင် ပြန်ရမယ့် ပမာဏကလည်း အများကြီးပါ

လူမှုဖူလုံရေးအာမခံကဒ်ကိုင်ထားပီး
၁၅ နှစ်စာ သွင်းထားခဲ့တဲ့ အာမခံ ငွေတွေ

အနိမ့်ဆုံး
ပျှမ်းမျှ လစာက ဒေါ်လာ ၁၀၀ ဖြစ်နေခဲ့ရင်တောင်

၁၅ ဆ
ဒေါ်လာ ၁၅၀၀ ပမာဏ

သင်ပြန်မတောင်းရင်
သင်လောက် မိုက်တဲ့သူ ဘယ်သူရှိအုံးမလဲ

မိမိရဲ့ လူမှုဖူလုံရေးအာမခံ ကဒ်က အလကား သုံးစားမရတဲ့ ကဒ်လို့ မမှတ်လိုက်ပါနဲ့ ဗျ

အစိုးရက အကောင်းဆုံး စီစဉ်ပေးထားတာဖြစ်လို့ 
တန်ဖိုးရှိတယ်
တန်ဖိုးသိပါ
တန်ဖိုးထားပါ

ကျနော်မှာ အခု လူမှုဖူလုံရေး အာမခံကဒ် SMART CARD ရှိတယ်
နောင်တချိန်မှာ အာမခံငွေ ဒေါ်လာ အနည်းဆုံ ၂၅၀၀ ပမာဏ လောက်တော့ ပြန်ရမှာပါခင်ဗျာ

မိတ်ဆွေ သူငယ်ချင်းတို့ အနေနဲ့ လည်း
ရခွင့်အပြည့်ရှိပါတယ်

အလုပ်ရှင်များလည်း မိမိအလုပ်သမားရဲ့ အခွင့်အရေး မိမိက မပေးနိုင်ရင်တောင်မှ အစိုးရက ပေးတဲ့ အာမခံ အကျိုးကျေးဇူး များကို တောင်းခံခွင့်ရအောင် လုပ်ဆောင်ပေးထားနိုင်ကြပါစေဗျာ
:) ;) :)


Credit to Kophone Kyaw

Jobs4U မှပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။

အားလုံးမင်္ဂလာပါ ... Jobs4U မှ December, 2019 မှာ အတွင်း ဆက်လက်ဖွင့်လှစ်ပံ့ပိုးပေးလျက်ရှိသော တန်းခွဲများကို ကြော်ငြာလိုက်ပါစေ...။ ကျေးဇူးအထူးတင်ပါတယ်။

မဂလာပါ….Jobs4U မှနွေးထွေးစွာကြိုဆိုပါတယ်။
“လုပ်ငန်းခွင်၀င် လက်တွေ့အသုံးချစီမံခန့်ခွဲမှုသင်တန်းများ”
လုပ်ငန်းခွင်၀င်ရောက်လုပ်ကိုင်ရန် ပြင်ဆင်နေကြသူ လူငယ်လူရွယ်များနဲ လုပ်ငန်းခွင်၀င်ရောက်လုပ်ကိုင်နေကြသူအားလုံးအတွက် ရည်ရွယ်ပြီး အောက်ပါ ပညာဒါန သင်တန်းများကို Jobs4U မှ စီစဉ်ဖွင့်လှစ်ပံ့ပိုးပေးလျက်ရှိပါတယ်....
▃▃▃▃▃▃▃▃▃▃▃▃▃▃
December 2019 အတွက် Certificate တန်းခွဲသစ်များ
▃▃▃▃▃▃▃▃▃▃▃▃▃▃

▃▃▃▃▃▃▃▃▃▃▃▃▃▃
✅HR & Admin Management (HR & Admin)
📕Sunday Only : 22 Dec 2019 ( 10:00 AM – 12:00 PM)
📕(Mon – Wed) : 23 Dec 2019 ( 10:00 AM – 12:00 PM)
🗓သင်တန်းကာလ: 5-Weeks/ 2-Weeks
💰သင်တန်းကြေး : 30000-Kyats (သုံးသောင်းကျပ်)။
▃▃▃▃▃▃▃▃▃▃▃▃▃▃
▃▃▃▃▃▃▃▃▃▃▃▃▃▃
✅Business Management (BM)
📕Sunday Only : 22 Dec 2019 ( 12:00 PM – 2:00 PM)
📕(Mon – Wed) : 23 Dec 2019 ( 12:00 PM – 2:00 PM)
🗓သင်တန်းကာလ: 6-Weeks/ 2-Weeks
💰သင်တန်းကြေး : 40000-Kyats (လေးသောင်းကျပ်)။
▃▃▃▃▃▃▃▃▃▃▃▃▃▃
▃▃▃▃▃▃▃▃▃▃▃▃▃▃
✅Sales &Marketing Management (SM)
📕Sunday Only : 22 Dec 2019 ( 2:00 PM – 4:00 PM)
📕(Mon – Wed) : 23 Dec 2019 ( 2:00 PM – 4:00 PM)
🗓သင်တန်းကာလ: 5-Weeks/2-Weeks
💰သင်တန်းကြေး : 40000-Kyats (လေးသောင်းကျပ်)။
▃▃▃▃▃▃▃▃▃▃▃▃▃▃
▃▃▃▃▃▃▃▃▃▃▃▃▃▃
✅Project Management (PM)
📕Sunday Only : 22 Dec 2019 ( 4:00 PM – 6:00 PM)
📕Friday Only : 23 Dec 2019 ( 4:00 PM – 6:00 PM)
🗓သင်တန်းကာလ: 5-Weeks
💰သင်တန်းကြေး : 40000-Kyats (လေးသောင်းကျပ်)။
▃▃▃▃▃▃▃▃▃▃▃▃▃▃
▃▃▃▃▃▃▃▃▃▃▃▃▃▃
#ဆက်သွယ်စုံစမ်းရန်နဲ့ စာရင်းပေးသွင်းပါရန် ☎ 09 450 541 444, 09 767 00 2230
▃▃▃▃▃▃▃▃▃▃▃▃▃▃
#အထူးခံစားခွင့်များမှာ :
>> ကျောင်းသားဟောင်းများအတွက် ( 50% Discount) ခံစားခွင့်ရှိပါတယ်။
>> ကျောင်းသားဟောင်းများ၏သူငယ်ချင်းများ/ ဆွေမျိးသားချင်များ( 5% Discount) ရှိပါသည်။
>> Company လုပ်ငန်းများနှင့် ဆက်စပ်သူငယ်ချင်းများ (၃-ဦး)နှင့်အထက်အပ်နှံပါက ( 5% Discount) ရှိပါသည်။
#တခြားခံစားခွင့်များမှာ -
- Labour Laws PDF များ၊ Employment Handbooks များ၊ Payroll Format များနှင့် ဆက်စပ် Form များ၊ Business, Marketing Data များနှင့် တခြားဆက်စပ် Form များ ရယူနိုင်ပါသည်။
- Jobs4U Community တွင် Member ၀◌င်ရောက်ပြီး လုပ်ငန်းခွင်အခက်များကို မေးမြန်းဆွေးနွေးတိုင်ပင်နိုင်ပါတယ်။
>> သင်တန်းဆွေးနွေးမည့်ပုံစံ - Two Ways Opening Discussion, Brainstorming, Team Building, Teamwork & Games Program, Mind-Mapping & Case Study, Group Discussion များဖြင့် လက်တွေ့ တွေ့ကြုံနေရသော အခြနေများပေါ်အခြေခံကာ လုပ်ငန်းခွင်တွင် အမှန်တကယ်အသုံးချနိုင်အောင် သင်ကြားဆွေးနွေးပေးသွားပါမည်။
>>>ဦးဆောင်ဆွေးနွေးပေးမည့် ဆရာများ၏ လုပ်ငန်းခွင်အတွေ့အကြုံအခက်ခဲများ ကျော်ဖြတ်ခဲ့ပုံများ၊ အောင်မြင်မှုအတွေ့အကြုံများကို စာတွေ့လက်တွေ့ပေါင်းစပ်ပြီး လုပ်ငန်းခွင့်တိုက်ရိုက်အသုံးပြုနိုင်အောင် ဦးဆောင်ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။
#သင်တန်းတည်နေရာ >>> Jobs4U အမှတ်(၃)၊ (၃) လွှာ၊ လှည်းတန်း(၃)လမ်၊ ဦးထွန်းလင်းခြံလမ်နှင့် လှည်းတန်း‌ေဈးကြား၊ လှည်းတန်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
#သင်တန်းကိုပြီးဆုံးအောင်ဆွေးနွေးပြီးပါက KBS Management Academy အသိအမှတ်ပြု Certificate လက်မှတ်ပေးအပ်ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။
Jobs4U မှာ ကျွမ်းကျင်မှုနယ်ပယ်ဆိုင်ရာ ပညာရပ်များကို လေ့လာသင်ယူရင်း ..... ပိုမိုထိရောက်သော လုပ်ငန်းခွင်နယ်ပယ်များသို့ သွားကြစို့...... ။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
Jobs4U (HR Consultancy & Organization Development Consultant)
အမှတ်(၃)၊ (၃) လွှာ၊ လှည်းတန်း(၃)လမ်၊ ဦးထွန်းလင်းခြံလမ်နှင့် လှည်းတန်း‌ေဈးကြား၊ လှည်းတန်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
Email: [email protected], [email protected]
Phone: 09 450 541 444, 09 767 00 2230, 09 767 00 2210, 09 2549 17366
www.Facebook.com/Jobs4Uall
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
Learning = Self-improvement. Ready to get smarter?
★ ★ ★ ★ ★★ ★ ★ ★ ★★ ★ ★ ★ ★★ ★ ★ ★ ★★ ★ ★ ★ ★★ ★ ★ ★

Photos from Anyone Can Cook - လူတိုင်းချက်နိုင်တယ်'s post 16/05/2018
ပင်စင်အကြောင်းသိကောင်းစရာများ 10/05/2018

ပင်စင်အကြောင်းသိကောင်းစရာများ  ပင်စင်ခံစားခွင့်ရရှိရန် လိုအပ်သည့် အခြေခံအချက်များပင်စင်အကျိုး ခံစားခွင့်ရရှိရန်အလို့ငှာ အောက်ပါအခြေခံ...

Photos from 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐒𝐦𝐚𝐫𝐭 𝐋𝐢𝐟𝐞 𝐄𝐥𝐞𝐜𝐭𝐫𝐨𝐧𝐢𝐜 𝐒𝐭𝐨𝐫𝐞's post 24/04/2018
အဲကွန်းသုံးသူတိုင်း အဲကွန်းရီမုဒ် အသုံးပြုပုံကို ဒီလို စနစ်တကျ သိထားဖို့ အရေးကြီးပါတယ် - T 04/04/2018

အဲကွန်းသုံးသူတိုင်း အဲကွန်းရီမုဒ် အသုံးပြုပုံကို ဒီလို စနစ်တကျ သိထားဖို့ အရေးကြီးပါတယ် - T အဲကွန်းသုံးသူတိုင်း သိထားသင့်တဲ့ အဲကွန်းရီမုဒ် အသုံးပြုပုံ ရေးသားသူ – ကိုနန္ဒမိုး(Ko Nanda Moe) အဲကွန်း သုံးသူ ၊ ပြု...

Photos from Yangon Estate Thuzar Htun's post 14/03/2018
Photos from Creativo 27 Design House's post 10/03/2018
08/03/2018

👨‍🎓👩‍🎓 SCHOOL ID 👩‍🎓👨‍🎓

💥💥 SPECIAL PRICE 💥💥

✔ HOW MUCH?
Student ID (full colour both side) - 500 Ks

😓 NEED TO GIVE STUDENT ID PHOTO?
No need.... we will give you easy way....

On-site service - 200 Ks/card
- ID photo shooting
- Data collecting Service

⚡HOW FAST?
Withing 3 days only from your APPROVAL.

🎉 MOQ?
200 cards

💥 ALWAYS?
Nooooooo...... Before SCHOOL time..

>

အခုလိုခေတ်ကြီးမှာ စက္ကူကဒ်တွေနဲ့ ကျောင်းသားကဒ်တွေကို ပြုလုပ်ပေးနေတုန်းပဲလား

မိမိတို့ရဲ့ပြိုင်ဘက်တွေကိုနိုင်ချင်ရင် အမြဲခေတ်မှီဆန်းသစ်နေရလိမ့်မယ်နော်

ရေစိုခံ၊ ချွေးစိုခံ၊ အကြမ်းခံ PVC ကျောင်းသားကဒ် တွေကို အသက်သာဆုံးဈေးနှုန်း၊ အကောင်းဆုံး ဝန်ဆောင်မှုတွေနဲ့ ID SHOP မှာထုတ်လုပ်နိုင်ပါပြီ။

RFID စံနစ်သုံးကျောင်းသားကဒ်များကိုလဲ အထူးဈေးနှုန်းများဖြင့်ထုတ်လုပ်နိုင်ပါပြီ။

Attendance Machine/ Management software များကိုလဲ အပ်နှံသူစိတ်တိုင်ကျ ပြုလုပ်ပေးနေပါပြီ။

ID Shop
No 117, Kyun Shwe Myain (1) street, Block 23, Bo Gyoke Yar, Thuwanna, Yangon, Myanmar.

https://goo.gl/maps/pBq2YjwV18U2


097812800 74
097812800 75
097812800 76
📧
[email protected]

HOTLINE : 09 965469418

Photos from Sandar & pinky's post 28/12/2017
Photos from Sweet Hotel Yangon's post 20/12/2017
ကွမ်းနှင့်ပတ်သတ်သော လျှို့ဝှက်နည်းလမ်းကောင်းများ စုစည်းမှု့ - Saing Pyin Gyi 04/12/2017

ကွမ်းနှင့်ပတ်သတ်သော လျှို့ဝှက်နည်းလမ်းကောင်းများ စုစည်းမှု့ - Saing Pyin Gyi 📚📖📙📚📔📒📗📙📕📗📒📖 စာရှုသူ မိတ်ဆွေများအတွက် မှတ်သားမိသမျှ ကွမ်းနှင့်ပတ်သက်သော လျှို့ဝှက်ချက် ဗဟုသုတ နည်းလမ?...

Photos from UNiQUE's post 02/12/2017

Website