တံတားဦးမြို့နယ် ကျန်းမာရေး နှင့် သတင်း

တံတားဦးမြို့နယ် ကျန်းမာရေး နှင့် သတင်း

တံတားဦးမြို့နယ် သီးသန့်သတင်းများသာ

Photos from တံတားဦးမြို့နယ် ကျန်းမာရေး နှင့် သတင်း's post 09/09/2023

" သွေးလွန်သော တုတ်ကွေး"

သွေးလွန်တုတ်ကွေးတွေ စဖြစ်နေပါပြီ။ သည်နှစ်အဖြစ်များနိုင်သည်ဟု ခန့်မှန်းထားကြသည်။

ဆေးကုတာထက် မီးလောင်မှ မီးငြိမ်းတာထက် မီးမလောင်ခင် မီးလောင်နိုင်ခြေကို ကြိုသိတာ၊ ကြိုကာထားတာ၊ စလောင်လာလျင်လည်း အလျင်အမြန် အချိန်မီ ငြိမ်းသတ်နိုင်လိုက်တာကို ပိုသိစေလိုသည်။ သွေးလွန်တုတ်ကွေး ရောဂါပုံစံလေးကို သိထားလျင်လည်း ဖျားလာလျင် လူနာကို စောင့်ကြည်ပြီး လုပ်သင့်တာလေးတွေကို စိတ်မပူပဲ လုပ်စေနိုင်အောင် သည်စာလေးကို မေတ္တာဖြင့် ဖြန်ဝေ ရေးလိုက် ရပါသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××

ကလေးလည်း ဖြစ် လူကြီးလည်းဖြစ်။

တချိန်က "" သွေလွန်တုတ်ကွေး"" ကို ကလေးတွေ ပဲ ဖြစ်ကြတယ်လို့သိကြတယ်။ ယခု နောက်ပိုင်း တွင် လူကြီးတွေ အဖြစ်များလာသည်။ အသက် ၇၀ အရွယ်ထိပင် ဖြစ်လာကြသည်။

မြို့ပြ လူနေထူထပ်သော နေရာတွင်မက ရပ်ကွက် ရွာတွေ ထိပင် ဖြစ်လာကြသည်။
အကောင်သေးသလောက် အကောင်ကြီးသော ဆင် ထက်ကြောက်စရာကောင်းသော ခြင်မှ တဆင့် ကူးသည်။ ရေကြည် ရေသန့် ငြိမ်သက်သော ရေတွင် ပေါက်သည်။ ထိုခြင်က နေ့ခင်း တွင်ကိုက်သည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××

အဖျားပုံစံ။

ထူးခြားသည်။ အဖျားနှင့် ခန္ဓာတွင်း ဖြစ်စဉ်များသည် တသမတ်တည်း မဟုတ်ပဲ တစ်နေ့ရွှေ တစ်နေ့ငွေ နောက်တစ်နေ့ ကြေး ဆိုသလို ဆက်တိုက်ပြောင်းနေသည်။

အဆင့်(၃)ဆင့်ဖြစ်သည်။ ထိုအဆင့် ၃ ဆင့် အစဉ်အတိုင်း ဆက်တိုက်ဖြစ်ပေါ်ခြင်း ဖြစ်သည်။ သို့ဖြစ်၍ ကြိုတင်မျော်မှန်း ထားနိုင်ဖို့က အရေးကြီးသည်။

၁. အဖျာတက်သော အဆင့် (Febrile phase)စဖျားသည့် ၁ရက်မှ ၃- ၄ရက်

၂. အဖျား ကျသော အဆင့် အရေးအပြီးဆုံးသောအဆင့် လည်း ဖြစ်သည်။ ( သွေးရည်ကြည်များ သွေးကြောနံရံ မှ ရေစစ်သဖွယ် ခန္ဓာကိုယ်တွင်း စိမ့်ထွက်သော အဆင့်) (ရက် ၅- ၆ ရက် (Critical phase)

၃. ပြန် ကောင်း လာသော အဆင့်(သွေးကြောအပြင်သို့ စိမ့်ထွက်သွားသော သွေးရည်ကြည်များကို သွေးကြောအတွင်းမှ ပြန်လည်စုတ်ယူသွင်း သောအဆင့်)
၇ ရက်မှ နောက်ပိုင်း ( Recovery phase) သွေးပေါ်င်ချိန် ပြန်တက်လာစေသော အဆင့် လည်း ဖြစ်သည်။

ရောဂါသည် ငြိမ်သက်မနေဘဲ တစ်နေ့တစ်မျိုး အဆင့်လိုက်ပြောင်းသွားခြင်း Dynamic ဖြစ်သောကြောင့် အဖျားစဝင်သည်မှ အဖျာကျ ပြန်ကောင်းလာသည်ထိ မျက်ခြေမပျက် သတိထားရသည်။******

×××××××××××××××××××××××××××××××××××××××××××××××××××××××××××

အဖျားကျလျင် သတိယှဉ် ကြိုတင်မျော်တွေး စောင့်ကြည့်ပေး။

သာမန်အနေဖြင့် အဖျားတက်တာ စိတ်ပူစရာ ဖြစ်သည်။ အဖျားကျ လျင် စိတ်သက်သာရာ ရသည်။
( သည်ရောဂါကတော့ အဖျားတက်သောအဆင့်သာမက အဖျားကျသော အဆင့်ကတောင် ပိုကြောက်ရသည်။) ပိုသတိထားရသည်။
******* အဖျားစကျသောအဆင့်တွင် သွေးပေါင်ကျ သွေးလန့်၍ Shock ရနိုင်ရ်ျ ဖြစ်သည်။*******

×××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပုံမှားအရိုက်ခံရခြင်း။

အဖျားကျပြီ ဆိုပြီး ကောင်းသည်ထင်ရ်ျ ဂရုမ ထားတော့ ခြင်းဖြစ်သည်။ တချို့ ကလေးတွေဆိုလျင် မိခင်ဖြစ်သူက သည်အတိုင်းထားခဲ့ပြီး အလုပ်သွားတော့သည်။ ညနေပြန်လာတော့ ကလေးမှာ မေ့မြောပြီး shock ရတော့သည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××

Shock မရခင် သွေးလန့်တော့မည်ကို ကြိုတင်မျော်တွေး ကြည့်တတ်လျင် ကြိုတင်ကာကွယ် ကုသ နိုင်သည်။

shock ရခြင်းသည် ကုသရအခက်ခဲဆုံးသော အခြေအနေ သို့ရောက်နှင့်ပြီးပြီ။ ထို့ကြောင့် shock မရခင်ကို အချိန်မီ သိဖို့လိုသည်။

Shock ရနိုင်သည်ကို အရေးကြီးသော အောက်ပါ အချက်များဖြင့် သတိထားနိုင်သည်။
** ဖျားရက် ၄--၅---၆ ရက်မြောက်တွင် စသတိ ထားရမည်။
** အဖျားစကျသည့် ရက်၊ များသောအားဖြင့် ဖျားရက်၄ရက်မြောက်
** နုန်းလွန်းခြင်း၊ မိန်းလွန်းခြင်း
** ခြေလက်အေးခြင်း
** မျက်လုံးများအရောက်မတောက်တော့ဘဲ ရီဝေကြောင်နေခြင်း
** အန်လွန်းခြင်း
** ဗိုက်နာခြင်း
** သွေးယိုခြင်း ကော်ဖီမည်းရောင်တွေအန်ခြင်း
** ကယောင်ကတန်းဖြစ်ခြင်း
စသည်တို့ ဖြစ်သည်။

ထို့ကြောင့် အေးတော့မှ ကြေကွဲရ shock ရသည်မို့ အဖျားတက်သောကာလတွင်သာမက အဖျားစကျသည့် ၃--၄ ရက်မြောက်ကို သတိထားရမည်။ ဆရာဝန်ညွန်ကြားသည့်အတိုင်း အဖျားကျသည့် အချိန်သာမက လုံးဝပြန်ကောင်းသည်ထိ ( မျက်ခြေမပျက် ) ပြသရမည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြန်ကောင်းသည့် လက္ခဏာ( ရောဂါ နုတ်ဆက် ထွက်သွားတော့မည့်အချိန် )

နေဝင်ညကို ကူးဖြတ်ပြီးလျင် ရောင်ခြည်လာသည့် နေ့သစ်ကို ရောက်သလို ကံကြမ္မာက shock အဖြစ် သွေးပေါင်ကျခြင်း ဖြင့် အဆုံးမသတ်ပါ။ သွေးကြောအပြင်သို့ စိမ့်ထွက်သွားသော သွေးရည်ကြည်များကို သွေးကြောအတွင်းမှ ပြန်လည်စုတ်ယူသွင်း သောအဆင့်) ၇ ရက်မှ နောက်ပိုင်း ( Recovery phase) သွေးပေါ်င်ချိန် ပြန်တက်လာစေသော အဆင့် သို့ ရောက်လာမည် လည်း ဖြစ်သည်။

လူနာသည့် အစားစားလိုစိတ်ပြန်ကောင်းလာသည်။
သွေးပေါင်ချိန်ကောင်းလာရ်ျ လန်းလာသည်။
ဆီးများလာသည်။
အရေပြားတွင် ရောဂါကိုနုတ်ဆက်သည့် အနီကွက်များပေါ်လာခြင်း (recovery rash) တွေရခြင်း
ကျီစယ်သည့် အနေဖြင့် ခြေဖဝါး လက်ဖဝါးယားစေပြီး ကျီစယ်ကာ နုတ်ဆက်တတ်သည်။

အားလုံး သည်စာလေးကို ဖတ်ပြီး သွေးလွန်တုတ်ကွေး ရောဂါကို ရင်ဆိုင်ကျော်လွားနိုင်ကြပါစေ။

15/05/2023

အုန်းစိမ်းရည်

အူနံရံကို ဆေးကြောမယ်။
ကျောက်ကပ် အညစ်အကြေးကိုလည်း
သန့်စေတဲ့ ကမ္ဘာပေါ်မှာ အကောင်းဆုံး
ရေဟာ အုန်းစိမ်းရည်ပါပဲ။

သဘာဝတရားကြီးကပေးတဲ့
အားအင်အရှိဆုံးအရည်ဟာ အုန်းစိမ်းရည်ပါ။
ကြိုက်သလောက် သောက်သုံးနိုင်ပါတယ်။

လူတိုင်း တစ်ခုမေးချင်တာ ရှိကြမယ်
အပူမကန်ဘူးလား? ဝိတ်မတက်ဘူးလား?
မကန်ပါဘူး လုံးဝ ဝိတ်မတက်ပါဘူး။
ဝိတ်တောင်ကျစေပါတယ်။

အုန်းသီးရင့်ရည်ကမှ
တကယ်အပူကန်တာပါ။
ကျန်းမာရေးလို့ခေါ်တဲ့
အနုကိုသောက်ရပါမယ်။

အုန်းသီးစိမ်းရည်နဲ့
အုန်းသီးရင့်ရည်က
ဆန့်ကျင်ဘက်ပါ။
အုန်းစိမ်းရည်ကတော့
အဟာရဓာတ်တွေ အကျိုးပြုဓာတ်များစွာ ပါဝင်ပါတယ်။

အုန်းစိမ်းရည်က အပူကန်တာကိုတောင်
ကာကွယ် ပေးပါသေးတယ်။
ဝမ်းလျောလို့ အားအင်မရှိရင်လည်း
ဓာတ်ဆားတွေအစား သဘာဝအုန်းစိမ်းရေကို
သောက်သုံးနိုင်ပါတယ် ။

ပိုတက်စီယမ်နဲ့ မဂ္ဂနီစီယမ်ဓာတ်
များစွာပါရှိပါတယ်။
အားကစားလုပ်တဲ့ နေရာမှာလဲ
ကြွက်မတက်အောင် ထိန်းချုပ်ပေးပါတယ်။

ကျောက်ကပ်က အညစ်ကြေးတွေကိုလဲ
ဆီးမှတဆင့် ဆေးကြောသန့်စင်ပေးပါတယ်။
ကျောက်ကပ်မှာ ကျောက်မတည်အောင်
လည်း ကာကွယ်ပေးပါတယ် ။

မကောင်းတဲ့အဆီ အဆိပ်အတောက်
အညစ်အကြေးတွေကိုလဲ ဆီးမှတဆင့်
ဖယ်ရှားပေးပါတယ်။

အရေပြားလမ်းကြောင်းက စွန့်ပစ်ရမယ့်
အဆိပ်တွေကိုလဲ စွန့်ထုတ်ပေးပါသေးတယ်။

အညစ်ကြေးတွေ ဖယ်ရှားပေးတဲ့အတွက်
ကိုယ်အလေးချိန် ကျစေပါတယ်။
အုန်းစိမ်းရေက ဝိတ်ကျစေပြီး
အျခား Gas ပါတဲ့ အချိုရည်မျိုးစုံနဲ့
အားဖြည့်အချိုရည်မျိုးစုံကို သောက်မဲ့အစား
အုန်းစိမ်းရည်ကို သောက်သုံးကြရအောင်။

Credit.

26/04/2023

ပုသိမ်မြို့အပါဝင် ဧရာဝတီတိုင်းမှာ
#ကိုဗစ်အတည်ပြုလူနာသစ် ၅ ဦးတွေ့၊
#သင်္ကြန်အပြီးပထမဆုံးပြန်လည်ကူးစက်မှုဖြစ်လာ

26/02/2023

#အသည်းနာအောင်မလုပ်ပါနဲ့
~~~~~~~~~~~~~~~~~

(၁) အိပ်ရာ၀င်နောက်မကျပါနဲ့။ အိပ်ယာထ နောက်မကျပါနဲ့။

(၂) မနက်အိပ်ယာနိုးတာနဲ့ ဆီးသွားပါ။

(၃) ၀ကျလို အများကြီး မစားပါနဲ့။ အရက်တွေ အများကြီး မသောက်လိုက်ပါနဲ့။

(၄) မနက်စာကို စားဖြစ်အောင်စားပါ။

(၅) မလိုအပ်ဘဲ ဆေးတွေ မသောက်ပါနဲ့။

(၆) ကြာရှည်ခံအောင် လုပ်ထားတဲ့ အစားအစာတွေ၊ မူးယစ်ဆေးတွေ၊ အရောင်ဆိုးထားတဲ့ အစားအစာတွေ၊ သဘာ၀ မဟုတ်တဲ့ အချိုတွေ မစားပါနဲ့။

(၇) ကျန်းမာရေးနဲ့ မသင့်တော်တဲ့ ဟင်းချက်ဆီတွေကို ရှောင်ပါ။ ကျန်းမာရေးနဲ့ သင့်တော်တဲ့ ဟင်းချက်ဆီကိုတောင် လျှော့စားပါ။
အရမ်းပင်ပန်းနေတဲ့အချိန်မှာ ကြော်ထားတဲ့ အစားအစာတွေကို ရှောင်ပါ။

(၈) အသားငါးတွေကို အစိမ်းမစားပါနဲ့။

အသည်းနာသွားမှာ စိုးလို့ပါ။

အပေါ်က အချက်တွေကို မလိုက်နာရင် အသည်းကို ထိခိုက်ပျက်စီးစေပါတယ်။ ဟင်းသီးဟင်းရွက်ကြော်တွေကို တစ်နပ်ပဲစားပါ။ မကုန်ရင် သွန်ပစ်လိုက်ပါ။ သိမ်းထားပြီး နောက်တစ်နပ်မှာ စားရင် အသည်းကို ထိခိုက်စေပါတယ်။

ခန္ဓာကိုယ်ထဲကို အဆိပ်အတောက်တွေ မ၀င်စေဖို့နဲ့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို စွန့်ထုတ်ပစ်ဖို့ Lifestyle ကို ပြောင်းကြပါစို့.....

Credit: original uploader

ကျန်းမာပျော်မွေ့ တရားတွေ့ပါစေ
...

24/01/2023

အပူလှိုင်း သတိပေး

၂၀၀၃ ခုနှစ် ဩဂုတ်လတွင် ဥရောပ၌ စံချိန်တင် အပူလှိုင်း ကျရောက်ပြီးနောက် လူပေါင်း 20,000 ကျော် သေဆုံးခဲ့ပါတယ် ပြင်းထန်သော အပူရှိန်ကာလသည် နှစ်ပေါင်း 500 အတွင်း အပူဆုံးကာလဖြစ်ခဲ့ပြီး ဥရောပနိုင်ငံအများအပြားသည် ၎င်းတို့၏ အမြင့်ဆုံးအပူချိန်ကို ကြုံတွေ့ခဲ့ရပါတယ်
အယ်နီညိုအကျိုးဆက်ပါပဲ ၎င်းဖြစ်စဉ်ဖြစ်ခဲ့ပြီးနောက်နှစ်၂၀အကြာ ၂၀၂၃ မှာ ၂၀၀၃ က အယ်နီညိုဖြစ်စဉ်က ပင်လယ်ရေစီးကြောင်းနှင့်လေထုအပူချိန် ယခု ဆင်ဆင်တူညီမှုတွေထောက်လှမ်းတွေ့ရှိရသဖြင့် အထူးသတိထားပြီးစောင့်ကြည့်ရမည်ဖြစ်ပါတယ်
မြန်မာနိုင်ငံမှာတော့ ၂၀၀၄ မှာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ heat wave အပူလှိုင်းဖြတ်တဲ့ဖြစ်စဉ်အထောက်အထားအချက်အလက်တွေတွေ့ရှိရပါတယ်ဆက်လက်ပြီးအထောက်အထားအချက်အလက်တွေရှာဖွေနေဆဲဖြစ်ပါတယ်
ISSUED AT
21/01/2023 8:33AM(MMT)
Su Su San

10/01/2023

အာရုံကြော အားနည်းခြင်းဆိုတာ ဘာလဲ နောက်ဆက်တွဲဘာတွေ ဖြစ်လာနိုင်လဲ

အာရုံကြော အားနည်းရောဂါ သည် အာရုံကြောများ ပျက်စီးမှု ကြောင့် ဖြစ်သော ရောဂါဖြစ်ပါသည်။ အာရုံကြောများ၏ တာဝန်မှာ ဦးနှောက်နှင့် ပင်မအာရုံကြောမကြီးမှ သတင်းအချက်အလက်များကို ခန္ဓာကိုယ်၏ ကျန်အစိတ်အပိုင်းများသို့ ပို့လွှတ်ပေးပါသည်။

ရောဂါလက္ခဏာများမှာ လက်များ၊ ခြေထောက်များ လှုပ်ရှားမှု အားနည်းခြင်း၊ ပင်အပ်နှင့် ထိုးသကဲ့သို့ စူးကနဲ၊ ပူကနဲ ဖြစ်ခြင်း၊ ထုံကျင်ခြင်း၊ အထိမခံနိုင်ဖြစ်ခြင်းတို့ ဖြစ်ပါသည်။ အချို့လူနာများတွင် ချွေးထွက်မမှန်ကန်ခြင်း၊ အထိုင်အထ မိုက်ခနဲဖြစ်ခြင်း၊ ဆီးဝမ်းနှင့် အစာခြေဆိုင်ရာ ပြဿနာများ၊ ယောကျာ်းများ စွမ်းဆောင်ရည် အားနည်းခြင်းတို့ ဖြစ်နိုင်ပါသည်။

ဖြစ်စေသောအကြောင်းရင်းများမှာ

ထိခိုက် ဒဏ်ရာများ၊ ရောဂါ ပိုးများ၊ ဇီဝဖြစ်စဉ် ပြဿနာများ၊ ဆီးချိုရောဂါ၊ အရက်သောက်ခြင်း၊ အာရုံကြောကို ဖိမိခြင်း၊ Vitamin ချို့တဲ့ခြင်း၊ ရိုးတွင်းချဉ်ဆီ ပြဿနာများ၊ အလိုအလျောက် ခုခံမှုအား ဆိုင်ရာရောဂါများ၊ ကျောက်ကပ်အသည်းရောဂါများ၊ မျိုးရိုးလိုက်သော ရောဂါများ၊ အဆိတ်အတောက်များ ထိတွေ့မှု တို့ကြောင့် ဖြစ်နိုင်ပါသည်။

နောက်ဆက်တွဲပြဿနာများ

ထုံနေခြင်းကြောင့် အရေပြားထိခိုက် လွယ်ခြင်း၊ အပူလောင်လွယ်ခြင်း၊ ထိခိုက်ရှနာဖြစ်လွယ်ခြင်း၊ ပိုးဝင်လွယ်ခြင်း၊ ဟန်ချက်မညီပဲ ချော်လဲလွယ်ခြင်း။

ဆောင်ရန်ရှောင်ရန်များ

အာရုံကြောအားကောင်းစေသော ရဲယို၊ မြင်းခွာရွက်၊ ဒန့်သလွန်ရွက်၊ ဆင်တုံးမနွယ်တို့ကို မကြာခဏ စားပေးသင့်သည်။ ထို့ပြင် ငါးကြင်း၊ ငါးလူး၊ ငါးသလဲထိုး တို့ကို ကင်ပွန်းချဉ်ရွက်နှင့် ချက်စားခြင်း၊ ရှောက်သီးသုပ်၊ သံပရာသီးသုပ်တို့ကို မကြာခဏ စားပေးသင့်သည်။ မျှတသော၊ ကြေညက်လွယ်သော အာဟာရတို့ကို စားပေးရမည်။ သွေး အားကောင်းစေသော အစားအစာ၊အသီးအနှံများကိုလည်း စားသုံးပေးသင့်သည်။

အာရုံကြောအားနည်း ရောဂါတွင် အအေးခံလွန်းခြင်း၊ အအေးစာများကို လွန်စွာစားသုံးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အစာကိုအချိန်မှန်မစားခြင်း၊ ကွမ်းစားခြင်း၊ အတက်စာများ အစားများခြင်း၊အိပ်ရေးပျက်ခံခြင်း၊ ပင်ပန်းသောအလုပ်များ လွန်စွာ လုပ်ကိုင်ခြင်းတို့ကို ရှောင်ကြဉ်ရမည်။ အာရုံကြော အားနည်းရောဂါကို သက်သာစေရန်အတွက် သင့်လျော်သော ကိုယ်လက်လှုပ်ရှားမှုများကို ပြုလုပ်ပေးသင့်သည်။ စားသောက်ချိန်ကို အချိန်မှန်စေခြင်း၊ အချိန်မှန်မှန် အိပ်ခြင်း၊ စိတ်ဖိစီးမှုလျော့နည်းစေရန်အတွက် တရားထိုင်ခြင်း၊ နွေးနွေးထွေးထွေးနှင့် သန့်ရှင်းလတ်ဆတ်သော နေရာတွင်နေခြင်း၊ နံနက်စောစောတွင် နေပူဆာလှုံခြင်းတို့ကို ပြုလုပ်ပေးသင့်သည်။

Credit, မူရင်းရေးသားသူ
ပြန်လည်မျှဝေပါသည်။

08/01/2023

. ကျောက်သင်ပုန်းပင်

Peperomia Pellucida
ကျောက်သင်ပုန်းရွက်
နတ်သမီးကွမ်းရွက်

ပုံမှာမြင်တွေ့နေရတဲ့အပင်က ကျောက်သင်ပုန်း သုတ်ရွက်ပင် ဖြစ်ပါတယ် ။
နတ်သမီးကွမ်းရွက်ပင် နတ်သမီးကွမ်းတံတွေးပင် ရေကြည်ပင်. ဟူ၍ နေရာဒေသ
အလိုက် အခေါ်အဝေါ်များ ကွဲပြားကြပါတယ်။

ဟိုတုန်းက ကျောက်သင်ပုန်းမှ စာတွေကို ပြန်ဖျက်တဲ့နေရာမှာ အသုံးပြုခဲ့ကြပါတယ်။
အလေ့ကျပေါက်ပင်မျိုးဖြစ်ပါတယ်။

ဒီအပင်မှာ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တဲ့ Antioxidant ပါဝင်တယ်။
ဗီတာမင်စီ ဗီတာမင်အေ ဓာတ်ကို ဖြည့်ဆည်းပေးတဲ့ Beta - Carotene ပါဝင်တယ်

နိုင်ငံတကာမှာ အသုံးပြုနေပြီဖြစ်တဲ့ ( မြန်မာလို ကျောက်သင်ပုန်းပင် )ရင်သားကင်ဆာ
ဝေဒနာရှင်များအတွက် ပြန်လည်ကောင်းမွန်ဖို့ မျှော့်လင့်နိုင်တဲ့ ဆေးတစ်မျိုးဖြစ်ပါတယ်။

ဆေးဖက်ဝင်အပင်သိလာကြတဲ့ ထိုင်းနိုင်ငံမှာတော့ အစိမ်းသုတ်စားခြင်း ပြုတ်၍သုတ်
စားခြင်း တို့စရာအဖြစ်စားခြင်း ဟင်းရည်အဖြစ်သောက်ခြင်းတို့ ပြုလုပ်ကြပါတယ်။

ဖိလစ်ပိုင်နိုင်ငံ တိုင်းရင်းဆေးဆရာများက ဒူလာဆေး ဂေါက်ရောဂါ ( အဆစ်မြစ်ရောင်)
အတွက် အပင်ကို ပြုတ်စားခြင်း သုတ်စားခြင်း ပြုလုပ်ကြတယ်။

ဆေးအဖြစ်အသုံးပြုပုံ ဆေးနည်းများ

၁ - ရင်သားကင်ဆာ
အရွက် လက်တစ်ဆုပ်ခန့်ကို သန့်ရှင်းစွာ ဆေးကြောပြီး ထောင်းကာ ရင်သားပေါ်သို့
အရည် သုတ်လိမ်းပေးခြင်း - အဖတ်ကို အုံပေးခြင်းတို့ဖြင့် ကုသခြင်းဖြင့် သက်သာ
ပျောက်ကင်းစေပါသည်။

၂ - ထိခိုက်ရှနာ ဒါဏ်ရာ အမျိုးမျိုး
အနာစိမ်း. ပြည်တည်. ဝက်ခြံနာ. အရေပြားရောဂါအမျိုးမျိုး အရွက်ခပ်သန့်သန့်ကို
ကြိတ်၍ အနာပေါ် အုံပေး လိမ်းပေးပါက သက်သာပျောက်ကင်းစေပါသည်။

၃ - ရေယုံရောဂါအတွက်
အပင် အရွက် အပွင့် တပင်လုံးကို နနွင်း. ဆန်စေ့ အနည်းငယ်တို့နှင့်အတူရောထောင်း ရေယုံနာပေါ်သို့ တစ်ညခန့် အုံပေးပါက သပ်သာပျောက်ကင်းစေသည်။

၄ - ဝက်ခြံ တင်းတိတ်
များအတွက် ပဉ္စငါးပါးလုံးကို ပြုတ်၍ ၄င်းဆေးပြုတ်ရည်ကိုမနက်တိုင်းမျက်နှာသစ်ပေးပါ
က သက်သာပျောက်ကင်းစေသည်။

၅ - ဒူလာ. အဆစ်အမြစ်ရောင်. ဂေါက်ရောဂါများ
အတွက် ၄င်း အရွက်ကို ရေစင်အောင်ဆေးကာ သုပ်စား. တို့စား. ပြုတ်စားခြင်းများ
ပြုလုပ်ခဲ့ပါက ရောဂါကို သက်သာပျောက်ကင်းစေပါသည်။

၆ - မျက်စိနာ မျက်စိတိမ်စွဲခြင်း
တို့အတွက် အရွက်ကို လက်တစ်ဆုပ်ခန့် သန့်သန့်လေးဆေးကြောပြီး အရည်ညှစ်ယူ
ကာ မျက်စိကို အနည်းငယ်စီ တစ်နေ့ ၂ ကြိမ် ခပ်ပေးပါက မျက်စိနာ မျက်စိတိမ်များ
ပျောက်ကင်းပါသည်။

၇ - ကြွက်နို့ပေါက်သူ
များအတွက် အပင်ကို အရည်ညစ်၍ ကြွက်နို့ပေါ်ကို ၄င်းအရည်ဖြင့် မကြာခဏတို့ပေး
ကာ ကြိတ်ဖတ်ကိုလည်း ကြွက်နို့ပေါ်သို့ အုံထားပေးပါ။ ကြွက်နို့များ အံ့ဩစွာ ပျောက်
ကင်းသွားပါလိမ့်မည်။

# ဘီဘီစီ ဦးဝင်းမြင့်

မခင်နီဝင်း Savebook

08/01/2023

ရေချိုးတာနဲ့ ​ခေါင်း​လျှော်တာသတိထားရမှာ

10/07/2022

Breaking news
***************
ကိုဗစ် လှိုင်း အသစ် လာ ပြန် ပါ ပြီ
နောက်ဆုံး ပေါ် အိုမီခရွန် ဘီအေ၄ နဲ့ ဘီအေ၅
Omicron BA.4 and BA.5

#ကြားဖြတ်အရေးတကြီးကိုဗစ်လှိုင်း
အသစ် ဖြစ် ပေါ် မှု အကြောင်း
သတိ ပေး ရေး ပါရ စေ

အား လုံး သိ ကြတဲ့ အတိုင်း ကိုဗစ် ဒယ်လ်တာ
delta ပိုး လှိုင်း ကြောင့် ကမ္ဘာ တဝှမ်း လူ ပေါင်း
များ စွာ အသက် ဆုံး ခဲ့ ကြ ရ ပါတယ်

ဒယ်လ်တာ ပြီး တော့ အိုမီခရွန် ဆို ပြီး လှိုင်း တခု
ထပ် အ လာ မှာ တော့ ပိုး က အဆ ပေါင်း များစွာ
ပိုမို ပြန့် ပွား နိုင် ပေမဲ့ ဒယ်လ်တာ ပိုး လို လူ မသေ
ခဲ့ ပါ ဘူး

ကာကွယ် ဆေး တွေ ထိုး ထား ခဲ့ တဲ့ နောက် ပိုင်း
အိုမီခရွန် လဲ ငြိမ် သွား ခဲ့ ပါ တယ်

အခု အိုမီခရွန် ပိုးသစ် တွေ နဲ့ လှိုင်း အ သစ် တခု
လာ ပြန် ပါပြီ

* အိုမီခရွန် ပေါ် စ မှာ ဘီအေ ၁ လို နာမည် ပေး ခဲ့ ပြီး
သူ က ရောဂါ ပိုး ပြန့် တာ အရမ်း မြန်ပေ မဲ့ လူ သိပ်
မသေ ခဲ့ ပါ

* ပြီး တော့ ဘီအေ ၂ ပေါ် လာ တယ်
ဘီအေ ၂ က ဘီ အေ ၁ ထက် ပိုး အကူး မြန် ပြီး
ပို ဆိုး ပါ တယ်
ခု တော့ ဘီအေ ၁ နဲ့ ၂ က ငြိမ် သွား သ လောက်
ဖြစ် ပါ ပြီ

* နောက် ဘီအေ ၃ လဲ ခဏ ပေါ် လာ ပြီး သူ က မရှိ
သလောက် ရှား ပါ တယ်

* ခု တော့ ဘီအေ ၄ နဲ့ ၅ ပေါ် လာ ပြီး ကာကွယ် ဆေး ၂ လုံး ထိုး ထား သူ တွေ ရော ကိုဗစ် ဖြစ် ပြီး သူ တွေ ပါ ထပ် ဖြစ် နိင် လို သတိ ပေး တဲ့ အ နေ နဲ့ အ မြန် ရေး သား လိုက် ရ ပါ တယ်

ဘီအေ ၄ နဲ့ ၅ က ပေါ် တာ သိပ် မ ကြာ သေး ပါ
ဒီနှစ် ပြီး ခဲ့ တဲ့ ဧပြီ လ က မှ ကမ္ဘာ့ ကျမ်းမာ ရေး အဖွဲ့ WHO က ဘီအေ ၄ နဲ့ ၅ ပိုး တွေ ကို နောက်ရောင် ခံ လိုက် ခဲ့ တာ ပါ

ဘီအေ ၄ ပိုး ကို တောင်အာဖရိက ဘော့စဝါးနား ဒိန်းမတ် စကော့တလန် နဲ့ အင်္ဂလန် တွေ မှာ ဖြစ် နေ တာ တွေ့ ခဲ့ တယ်

ဘီအေ၅ ကို တော့ မေလ ထဲ မှာ ပေါ်တူကီ နိုင်ငံ မှာ တွေ့ ခဲ့ တယ်

ဇွန် လ မှာ တော့ ဘီအေ၄ ရော ဘီအေ၅ ပါ ယူကေ ခေါ် အင်္ဂလန် နဲ့ ဂျာမဏီ မှာ တွေ့ ခဲ့ တယ်

ဇွန် လ မှာ ဘဲ ပြင်သစ် မှာ ဘီအေ ၅ ပိုး တွေ တွေ့ တယ်
ဇွန် ၂၈ရက် မှာ တော့ အမေရိကား မှာ ရောက် နေ ပါ ပြီ
ခု နယူးရောက် နဲ့ ကယ်လီဖိုးနီးယား မှာ
ဘီအေ၄ ဘီအေ၅ စ ပြန့် နေ ပါ ပြီ

ဘီအေ ၄ နဲ့ ၅ ပေါ် လာ သလို ဘီအေ ၂ က လဲ ဆက် ရှိ နေ ပါတယ်

အမေရိကား မှာ ခုလ ထဲ မှာ
ဘီအေ ၅ က ၅၄%
ဘီအေ ၂ က ၂၇%
ဘီအေ ၄ က ၁၇%
ဖြစ်တာတွေ့ ရ ပါတယ်

အာရှ မှာ လဲ ယိုးဒယား နဲ့ မလေးရှား မှာ ပြန့် နေ ပြန်
ပါ ပြီ

မြန်မာပြည် ကို လဲ ဘီအေ၄ နဲ့ ၅ မကြာမီ လာ ပါ
တော့ မယ်

ကာကွယ် ဆေး ၂ လုံး ထိုး ထား သူများ
အရင် ရော ဂါ ဖြစ် ပြီးသူ များ လဲ ကူး နိုင် ပါသည်

ဘယ် လို ကာ ကွယ် မ လဲ ဆို တာ ကမ္ဘာ မှာ အဖြေ
ရှာ နေ ပါ တယ်
ကာကွယ် ဆေး တတိယ တ လုံး အပြင် စတ္တုထ တလုံး ထိုး ရင် ရ မ လား?
သေခြာ တာ က တော့
မတ် mask ပြန်တတ်
လူ များ တဲ့ နေရာ မလို အပ်ရင် ရှောင် ပါ
လက်ဆေး ပါ
အရက် ပျံ ပွတ်

ဘီအေ၄ နဲ့ ၅ က ထူးခြား တဲ့ ရောဂါ လက္ခဏာ အသစ် တွေ ခု ထိ တော့ မတွေ့ ပါ
ဖြစ် တာ လဲ မကြာ သေး တော့ သိပ် မသိ ကြ သေး ပါ

နှာဆေး နှာခြေ
နှာရည်ယို
ချောင်းဆိုး
လည် ချောင်း နာ
ခေါင်းကိုက်
ကိုယ် လက် ကိုက်
လူနုံး
နေမကောင်း

လူ အသေအပျောက် ဘယ် လောက် ထိ ဖြစ် နိုင် တယ် ဆို တာ က လဲ ပြော ဖို့ စော လွန်း ပါသေး ကြောင်း ပါ

အားလုံး ကိုဗစ် သတိ ရှိ ကြ ပါစေ

မေတ္တာဖြင့်
Dr William Aye MD
Copy crd
မင်းညို🇹🇼🇹🇼

Website