Hope & Resources for myself

Hope & Resources for myself

Welcome

16/04/2024

လူတစ်ယောက်ကို ချစ်တယ်လို့ ပြောပြီးရင်
ချစ်ပေးဖို့ မမေ့သင့်ပါဘူး ❤❤

တချို့ ရှိတယ်လေ ။
ချစ်တယ် လို့ ပြောပြီး ပိုင်ဆိုင်ခွင့်ရပြီးရင်
ဂရုစိုက်ပေးဖို့ ၊ ကြင်နာပေးဖို့ကျ
မေ့ပစ်လိုက်တတ်ကြတယ် ။

'' ကျွန်တော်က ရင်ထဲကပဲ ချစ်တတ်တယ် ။
အပြင်ကို ထုတ်မပြတတ်ဘူး'' ဆိုတဲ့ စကားလုံးတွေဟာ တစ်ကယ်တမ်းကျ တစ်ဖက်သူရဲ့ စိတ်ခံစားချက်ကို ဂရုမစိုက်ပဲ ပေါ့ပေါ့ပါးပါးလေး
နေချင်သလိုနေနေတာကို ပြနေတာပါပဲ ။

ဒီလိုလူမျိုးတွေနဲ့ ရည်းစားသွားဖြစ်တဲ့သူတွေကတော့ အလွန်သနားဖို့ ကောင်းပါတယ် ။
ရည်းစားထားရတာ အမည်ခံလေး တစ်ခုလေးပဲ
ရှိနေသလိုပဲ။

သူတို့ ချစ်သူဆီက ရချင်တဲ့
ဂရုစိုက် ကြင်နာမှုတွေဆိုတာ
စိတ်ထဲမှာ ငတ်မွတ်တောင့်တနေပေမဲ့
လျစ်လျူ ရှု ခံနေရတာလေ ။

စိတ်အဆင်မပြေတိုင်း
ခိုဝင်လို့ရမယ့် ရင်ခွင်တစ်ခုထက်
မျက်ရည်တွေပဲ ကျစေတဲ့ ရင်ခွင်ဖြစ်နေခဲ့ရတာ။
ဒါ့ကြောင့် ကိုယ့်ဘက်က ချစ်တယ်လို့ ပြောပြီးရင်
ချစ်ပြရပါမယ် ။

ကိုယ်ချစ်ရတဲ့သူကို ကိုယ်ရှိနေလျက်နဲ့
တစ်ယောက်တည်း lonely မဖြစ်စေပါနဲ့။

ကြင်နာမှုနဲ့ နွေးထွေးမှု လေးတွေကို ကိုယ်ချစ်ရတဲ့သူကို ပေးနေဖို့ မမေ့နေသင့်ပါဘူး ။

Credit - Owner

ောခန်း

15/04/2024

" ကော်ဖီနဲ့ ခွက် " ( A Simple Understanding of Life's True Value )

▪️လူတစ်ယောက်ရဲ့စိတ်နေစိတ်ထားက ကော်ဖီဆိုရင်.. သူ့ရဲ့ အလုပ်အကိုင်၊ ငွေကြေး၊ အဆင့်အတန်း၊ စည်းစိမ်ဥစ္စာ အစရှိတဲ့အရာတွေက ကော်ဖီကို ထည့်ထားတဲ့ ခွက်နဲ့ တူပါတယ်။

► ခွက်တွေဟာ ပုံစံအမျိုးမျိုးနဲ့ အရွယ်စုံရှိတယ်။ တချို့ခွက်တွေက စျေးကြီးကောင်း ကြီးနိုင်တယ်။ တချို့ခွက်တွေက စျေးသက်သာပြီး ရိုးစင်းတယ်။ ကော်ဖီခွက်တွေ အားလုံးဟာ ဘယ်လိုပုံစံ၊ ဘယ်လိုအရွယ်အစားပဲ ဖြစ်နေပါစေ.. တူညီတဲ့ လုပ်ဆောင်မှုက တစ်ခုပဲ ရှိတယ်။ အဲဒါကတော့ ကော်ဖီကို ထည့်ထားဖို့ပါပဲ။

► တန်ဖိုးကြီးခွက်တစ်ခွက်က ကော်ဖီအရသာကို ပိုကောင်းအောင်မလုပ်နိုင်သလို..၊ သာမန်ရိုးရိုးခွက်တစ်ခွက်က ကော်ဖီအရသာကို ပိုဆိုးအောင် မလုပ်နိုင်ပါဘူး။ ကော်ဖီခွက်က ကော်ဖီအရသာကို မပြောင်းလဲစေပါဘူး။

► ကော်ဖီခွက်ကို ကြည့်ပြီး ကော်ဖီရဲ့အရသာကို အကဲဖြတ်နိုင်စွမ်းမရှိသလိုပဲ လူတစ်ယောက်ရဲ့ဘဝအပြင်ပန်းအခြေအနေကို ကြည့်ပြီးတော့လည်း အတွင်းက သူ့ရဲ့စိတ်နေစိတ်ထားကို အကဲဖြတ်သုံးသပ်လို့ မရပါဘူး။

▪️လူအများစုက ခွက်အပေါ်မှာသာ အာရုံစူးစိုက်ကြတယ်။ ပြင်ပအလှနဲ့ အသွင်အပြင်ကို အလေးပေးတတ်ကြပါတယ်။ တကယ့်ကော်ဖီကို အရသာခံသောက်ဖို့ မေ့နေတတ်ကြပါတယ်။ အတွင်းမှာ ရှိတဲ့ စစ်မှန်တဲ့အရည်အသွေးနဲ့ တန်ဖိုးကို သိပ်မမြင်တတ်ကြပါဘူး။ တစ်ယောက်အကြောင်း တစ်ယောက် သိဖို့ နည်းမျိုးစုံနဲ့ ရှာဖွေစုံစမ်းကြတယ်။

- ဘယ်လိုအခြေအနေက လာလဲ ။
- ဘာအလုပ်လုပ်လဲ ။
- ဝင်ငွေဘယ်လောက်ရတာလဲ ။
- ဘယ်မှာနေတာလဲ ။
- ဘယ်လောက် ချမ်းသာကြွယ်ဝမှုရှိလဲ။
- မိဘကရော..ဘယ်သူတွေလဲ ။
- နောက်ခံအသိုင်းအဝိုင်းဘယ်လိုရှိလဲ ။

အဲဒီလို အပေါ်ယံမေးခွန်းတွေနဲ့ တစ်ယောက်နဲ့တယောက် အကဲဖြတ်တိုင်းထားတတ်ကြပါတယ်။

► ဒါတွေဟာ ကော်ဖီခွက်တွေလိုပဲ ပြင်ပဆန်တဲ့အရာတွေပါ။
လူတစ်ယောက်ရဲ့စစ်မှန်တဲ့သဘာဝ၊ အတွင်းက"ကော်ဖီစစ်စစ်"ကို တန်ဖိုးထားဖို့ရာ အာရုံပျက်စေနိုင်ပါတယ်။ ကော်ဖီခွက်လေးက လှနေတိုင်း..၊ ခမ်းနားနေတိုင်းလည်း အထဲက ကော်ဖီက အရသာကောင်းနေလိမ့်မယ်လို့ ကျိန်းသေတွက်ဆလို့ မရပါဘူး။ အသွင်အပြင်မလှတဲ့ ခွက်လေး ဖြစ်ပေမယ့်လည်း အထဲက ကော်ဖီက အရသာကောင်းနေနိုင်ပါတယ်။

► အဲဒီလိုပဲ လူတွေမှာလည်း အပေါ်ယံအမြင်မှာ ရုပ်ရည်ချော‌မောလို့၊ ပြည့်စုံချမ်းသာလို့၊ အသိုင်းအဝိုင်းကောင်းလို့ ဆိုပြီး၊ အဆင့်အတန်းရှိမယ်၊ စိတ်ကောင်းရှိမယ်၊ ကူညီရိုင်းပင်းတတ်လိမ့်မယ်လို့ ထင်ကြပေမယ့် ..တကယ်တမ်း အနီးကပ်ပေါင်းကြည့်လိုက်တဲ့အခါကျမှ စိတ်ဓာတ်ညံ့ဖျင်းနေတဲ့သူတွေကို ကြုံဖူးကြမှာပါ။ ကော်ဖီခွက်လေးက လှပေမယ့် .. ကော်ဖီအရည်အသွေးက ညံ့နေတာမျိုးပေါ့။

▪️ကော်ဖီသောက်ပါ ။

တချို့တွေမှာကျ.. ရုပ်ရည် မချောမော.. ၊ စည်းစိမ် မချမ်းသာဘူး။ ဒါပေမယ့် စိတ်နေစိတ်ထားက မွန်မြတ်လှပပြီး
သဘောမနော အလွန်ကောင်းကြတယ်။ သူတို့မှာ မရှိ.. ရှိတာလေး‌နဲ့ ကူညီချင်ကြတယ်။ ရိုင်းပင်းတတ်ကြတယ်။ ကော်ဖီခွက်လေးက မလှပပေမယ့် အရည်အသွေးကောင်းမွန်တဲ့ ကော်ဖီကို ပိုင်ဆိုင်ထားတာမျိုးပေါ့.. ။

► အရေးကြီးဆုံးအရာဟာ ကော်ဖီခွက်တွေ မဟုတ်ဘဲ အတွင်းထဲကကော်ဖီပါပဲ။ သာမန်ခွက်ကလေးနဲ့ သောက်တာပဲဖြစ်ဖြစ်၊ တခမ်းတနား တန်ဖိုးကြီးခွက်နဲ့ သောက်တာဖြစ်ဖြစ် အတွင်းဘက်က ကော်ဖီဟာ အရင်အတိုင်းပါပဲ။

► နောက်ခံအသိုင်းအဝိုင်းဘယ်လိုရှိလဲ ပြင်ပအပေါ်ယံအလှနဲ့ အသွင်အပြင်ကို အာရုံစိုက်ထားကြပေမယ့် ၊ တကယ်တမ်း စစ်မှန်တဲ့ အရည်အသွေးနဲ့ တန်ဖိုးဟာ အတွင်းမှာသာ တည်ရှိပါတယ်။ ကော်ဖီလို တကယ်အရေးပါတာ လူတစ်ယောက်ရဲ့စိတ်နေစိတ်ထားနဲ့ နှလုံးသားရဲ့နွေးထွေးမှုပါ။ ကော်ဖီခွက်ကို မကြည့်ဘဲ ကော်ဖီကိုသာ အရသာခံသောက်လိုက်ပါ။

▪️ဒီတော့ တကယ်အရေးကြီးတာကဘာလဲ ..?

ကော်ဖီကို အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ဖျော်ထားခြင်းပါ။ ကိုယ့်ရဲ့စိတ်ထားကို ကောင်းကောင်းထား..။ လူတွေကို ရိုင်းပင်းကူညီ.. ။ အစစ်မှန်ဆုံး နေထိုင်ရှင်သန်.. ။ ဘာကိုပဲလုပ်လုပ် နောင်တကျန်စရာ မရှိအောင်လုပ်..။ ဒီလိုနည်းတွေနဲ့ကိုယ့်ရဲ့ကော်ဖီကို ကောင်းကောင်းဖျော်လို့ရပါတယ်။

► နောက်ဆုံးတော့ ခွက်တွေကျိုးသွားနိုင်တယ်၊ ပျောက်သွားနိုင်တယ်၊ ဒါပေမယ့် ကော်ဖီကို ခွက်သစ်တစ်ခွက်ထဲ လောင်းထည့်လို့ရတယ်။ အဲဒီလိုပဲ ဘဝမှာရှိတဲ့ အခြေအနေတွေဟာ ပြောင်းလဲသွားနိုင်တယ်။ စည်းစိမ်ဥစ္စာတွေ ဆုံးရှုံးသွားနိုင်တယ်။ ဒါပေမယ့် ကိုယ်နဲ့ အမြဲအတူတကွရှိနေမှာက ကိုယ့်ရဲ့စိတ်နေစိတ်ထားပဲ ဖြစ်ပါတယ်။ စိတ်ဓာတ်သာ ကောင်းတယ်ဆိုရင် အရာအားလုံး ပြန်စလို့ရပါတယ်။

► ဆိုလိုတာက ပစ္စည်းဥစ္စာတွေ ဆုံးရှုံးသွားခဲ့ရင်တောင်.. ဆက်လက်ပြီး ရပ်တည်လို့ ရပါတယ်။ အကြောင်းကတော့ ကိုယ်ရဲ့စိတ်ဓာတ်က ကိုယ်နဲ့တစ်သားတည်းဖြစ်နေလို့ပါ။ ကိုယ့်ရဲ့စိတ်ထားဆိုတာ ကိုယ့်ရဲ့ကံတရား ဖြစ်ပါတယ်။ ကိုယ့်ရဲ့စိတ်နေစိတ်ထားကို မြှင့်တင်နိုင်မယ်ဆိုရင်..ဘယ်ခွက်ထဲမှာပဲဖြစ်ဖြစ် ကော်ဖီက အရသာရှိနေမှာပါပဲ။

▪️" အစစ်အမှန်ဘယ်သူဆိုတာ .."

"လူတစ်ယောက်ရဲ့ပင်ကိုယ်ပုံစံ၊ ကိုယ်ပိုင်စရိုက်၊ အတွေ့အကြုံတွေက သူဘယ်သူ...ဆိုတာရဲ့အနှစ်သာရပါ။ သူပိုင်ဆိုင်ထားတဲ့ ပြင်ပခွက်တွေ မဟုတ်ဘူး။ ဇိမ်ခံအိမ်ကြီးတလုံးပဲပိုင်ပိုင်၊ ကားအစီးများစွာပဲ ပိုင်ပိုင်.. သင့်မှာ ရှိနေတာတွေက ကိုယ်တွင်းက အစစ်အမှန် သင်ဘယ်သူလဲဆိုတာကို မပြောင်းလဲစေပါဘူး။

► ဒါကြောင့် အောင်မြင်မှုချမ်းသာမှုတွေဟာ ကော်ဖီခွက်တွေဆိုတာ သတိရပါ။ တကယ်အရေးပါတာက လူတစ်ယောက်ရဲ့စိတ်ဓာတ်ပါ။ ခွက်ထဲမှာရှိတဲ့ ကော်ဖီက ခွက်ထက် ပိုအရေးကြီးပါတယ်။ ကော်ဖီကို အရသာခံဖို့အရေး.. ကော်ဖီခွက်က ဘယ်လိုပုံသဏ္ဍာန်ရှိလဲဆိုတာ သိပ်စိတ်ပူဖို့ မလိုအပ်ပါဘူး။ ကော်ဖီကို မြတ်နိုးပြီး.. ခွက်တွေအပေါ် သိပ်မစွဲလမ်းခြင်းနဲ့ ပိုပြီးစစ်မှန်ပြည့်ဝတဲ့ ဘဝတစ်ခုမှာ ရှင်သန်နိုင်ပါတယ်။

📌 ဒီတော့ ကော်ဖီခွက်တွေကို အကဲဖြတ်တာမျိုးမဟုတ်ဘဲ အတွင်းထဲက ကော်ဖီကိုသာ အကဲဖြတ်ကြရအောင်ပါ။ လူမှုဝန်းကျင်မှာ ကိုယ်တွေ့ကြုံရတဲ့လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေး လုပ်တဲ့အခါမှာ.. ဒီလူဟာ ဘာအဆင့်အတန်းရှိလဲ ဘယ်အသိုင်းအဝန်းကလဲ ဘာစီးပွား‌ရေးတွေ လုပ်လဲ ဘယ်လိုစည်းစိမ်ချမ်းသာတွေ ရှိလဲ ဆိုတဲ့ ပြင်ပအမြင် ကော်ဖီခွက်တွေနဲ့ အကဲမဖြတ်ပါနဲ့..။ သူ့ရဲ့စိတ်နေစိတ်ထားဆိုတဲ့ ကော်ဖီလေးကိုသာ.. မြည်းစမ်းကြည့်လိုက်ပါ .. ☕

So, remember that it's not the cups that matter most, but the coffee inside them. It's not about what we have or what we show to the world, but about our true selves. And just like coffee, what really matters is the quality of our spirit, the warmth of our heart . ❤️

#ဉာဏ

13/04/2024

ချစ်ရမယ့်သူ မရှိသေးဘူးဆိုရင် အခုချိန်မှာ သင်ဟာ အချစ်စစ်ရော Right Person ရော မတွေ့ သေးဘူးဆိုရင် - • အလုပ်ကြိုးစားပါ။
• ပိုက်ဆံရှာပါ။ • လေ့လာသင်ယူနေပါ။
• ကျန်းမာရေး ဂရုစိုက်ပါ။ • တစ်ကိုယ်တော်ဘဝကို ပျော်အောင်နေပါ။

၁။ အလုပ်ကြိုးစားပါ (Work Hard)

စိတ်တွေ လေလွင့်နေတာကို လျှော့ချပြီး အလုပ်တွေ အများကြီး ကြိုးစားသင့်တယ် ။ ကိုယ်ချစ်တဲ့ အလုပ်မျိုး လုပ်နိုင်ရင် ပိုကောင်းတာပေါ့ ။ ပင်ပန်းတဲ့အလုပ်တစ်ခုရှိတာက စိတ်ပျက်စရာ မကောင်းဘူး ။ ဘာမှလုပ်စရာမရှိတာကမှ စိတ်ပျက်စရာ ကြောက်စရာ ကောင်းတာပါ ။ ဒီတော့ အလုပ်လုပ်ပါ ။ လုပ်စရာ အလုပ်ရှိတာကို ဂုဏ်ယူ သင့်တယ် ။

၂။ ပိုက်ဆံရှာပါ (Make Money)

အလုပ်ကြိုးစားပြီး ပိုက်ဆံရှာပါ ။ စုပါ ။ အသုံးနဲ့ အဖြုန်း ကွဲအောင် လုပ်ပါ ။ ရှာနိုင်သလောက် မသုံးနဲ့ ။ မဖြုန်းနဲ့ ။ Need or Want ခွဲခြားပြီးမှ သုံးတာ ပိုကောင်းတယ် ။ လူငယ်တွေအတွက် ပိုက်ဆံသည် motivation တစ်ခုပါပဲ ။

၃။ လေ့လာသင်ယူပါ (Lifelong Learning)

သင်ယူခြင်းကို ဘယ်တော့မှ ရပ်တန့်လိုက်လို့ မရဘူးနော် ။ အမြဲတစေ လေ့လာနေရမယ် ။ Update လုပ်နေရမယ် ။ တစ်ခုခုတော့ အမြဲသင်ယူလေ့လာနေဖို့ လိုပါမယ် ။ ဒါမှ ကိုယ်ဟာ သူများထက် နောက်ကျ မကျန်ခဲ့မယ် ။

၄။ ကျန်းမာရေးဂရုစိုက်ပါ (Take good care of your health)

သင်ဟာ ကျန်းမာရေးကောင်းတယ်ဆို ကံကောင်းတဲ့ လူ တစ်ဦးပါပဲ ။ ငယ်ရွယ်တုန်း သေချာဂရုစိုက်ပါ။ စားသင့်တာစား သောက်သင့်တာသောက်ပါ ။ ဘရိတ် ရှိရမယ် ။ Limit ရှိရမယ် ။ စိတ်ကို သိပ်ပြီး အလိုမလိုက်ရဘူး ။ မိန်းကလေးဆို အဆီအဆိမ့်များတဲ့အစာ လျှော့စားမယ် ။ ယောက်ျားလေးတွေဆိုရင် ကွမ်း ၊ ဆေးလိပ် ၊ ဘီယာ လျှော့သောက်မယ် ။

၅ ။ တစ်ကိုယ်တော်ဘဝကို ပျော်အောင်နေပါ
(Enjoy your single life)

Single life ဟာ ဘယ်လောက်တောင်ပျော်စရာကောင်းလဲ ဆိုတာကို အပြည့်အဝ ခံစားသွားပါ ။ အိပ်ချင်တဲ့အခါ အိပ်လိုက်မယ် ။ သဘောကျချင်တဲ့သူကို သဘောကျမယ် ။ တခြားသူရဲ့ စိတ်ခံစားချက်တွေ ထည့်တွက်စရာမလိုဘူး ။ ကိုယ့်ကို စိတ်ဆိုးစိတ်ကောက်မှာကို ကြောက်နေစရာ မလိုဘူး ။ လွတ်လပ်ပေါ့ပါးတယ် ။ တစ်ယောက်တည်းဘဝကို အေးချမ်းစွာ ဖြတ်သန်းကြည့်ပါ ။

အချုပ်အားဖြင့် ပြန်ဆိုရရင် တစ်ယောက်တည်း နေလို့ နည်းနည်းအထီးကျန်တာကလွဲပြီး ကျန်တာ အရာအားလုံး အဆင်ပြေပါတယ် ။ မှားယွင်းတဲ့ လက်တွဲဖော်နဲ့ အတူရှိနေလို့ တစ်ဘဝလုံး သေဆုံးနေရတဲ့လူတွေလည်း အများအပြားပါပဲ ။ ရှင်လျက်နဲ့ သေနေတာမျိုး။

မကောင်းတဲ့ ဘဝလက်တွဲဖော်နဲ့ အချိန်ဖြုန်းဖို့ ဘဝက အင်မတန်မှ တိုတောင်းလွန်းပါတယ် ။ အချစ်က တစ်ဘဝစာ နာကျင်ဖို့ မဟုတ် ။ အချစ်က တစ်ဘဝစာ ပျော်ရွှင်ဖို့ အေးအတူ ပူအမျှ ခံစားဖို့သာ ဖြစ်တယ်။

လောစရာမှမလိုပဲ ။ Time and Someone's love are just right ဆိုတဲ့ စကားအတိုင်း အချိန်တွေရော အချစ်တွေပါ ထပ်တူကျသွားတဲ့တစ်နေ့ ရှိလာလိမ့်မယ် ။ ဖူးစာပါရင် ဆုံကို ဆုံရလိမ့်မယ် ။

#စိတ်အကြည်ဓာတ်ရရှိပါစေ #နူးနူးအောင်
MK Book Store & စင်္ကာပူ

Photos from Top Ten's post 12/04/2024
12/04/2024

လူငယ် တော်တော်များများ ဟာ ကိုယ့်ကို
"မင်း တန်ဖိုးမရှိတဲ့ကောင်လို့"
ပြောရင် သိပ်စိတ်ဆိုးတာဘဲ။

အဲတော့ " တန်ဖိုး " ဆိုတာ ဘာလဲ လို့
မေးလိုက်ရင် အကုန်
ကြောင်တောင်တောင်နဲ့ ဘာဖြေရမှန်း
မသိကြတော့ဘူး ။

တကယ်တော့ '' တန်ဖိုး '' ဆိုတာ
သဘာဝ ကို လုပ်အား
ထည့်ပေါင်းလို့ ရလာခြင်းပဲ။

Value = Nature + Labour
တန်ဖိုး = သဘာဝ + လုပ်အား

ဥပမာ ~ မိုးတွင်းမှာဆို တို့တွေ
ရွှံံ့တွေ မတွေ့ရဘူးလား။
အဲဒီ ရွှံ့ကို မင်းသွားခွာလည်း ရတယ်၊
ငါသွားခွာလည်း ရတယ်၊
သဘာဝက အလကား ပေးထားတာလေ၊

အဲဒီရွှံ့ကို မင်းက သွားမခွာဘူး
ငါက သွားခွာပြီးလောက်စလုံး
လုံးတယ်၊ ငါက လုပ်အား ထည့်လိုက် တာပေါ့၊
လောက်စလုံး တစ်ဖိုကို ဘယ်လောက်ဆိုပြီး
ငါက ပြန်ရောင်း လို့ ရတယ်။
သဘာဝကို ငါက လုပ်အား ထည့်လိုက်တော့
" တန်ဖိုး '' တက် မသွားဘူးလား။

ငါ့ ထက် တော်တဲ့ကောင် တစ်ယောက်က
လောက်စလုံး မလုံးပဲ ရေအိုး လုပ်မယ်ကွာ။
လုပ်အား တက်သွားတော့
တန်ဖိုး ပိုတက် မသွား ပေဘူးလား။

ငါတို့တွေ လေကို အလကား မရှူရဘူးလား၊
ဒါပေမယ့် စက်ဘီးတွေ၊ ဆိုင်ကယ်တွေ
လေထိုးရင် တစ်ဘီးကို
ငါးဆယ် တစ်ရာ မပေးရ ဘူးလား၊
မင်းက အကိုရယ် လေအလကား ရတာပဲလို့
ပြောကြည့်ပါလား၊
မင်းကို ဟိုကပါးပိတ်ရိုက်မှာပေါ့။
သူ့လုပ်အား အတွက် ပိုက်ဆံယူရမယ်လေ။

ငါတို့တွေဟာ မွေးလာတုန်းက အတူတူပါဘဲ
သဘာဝလို့ဘဲဆိုပါတော့၊
ကိုယ့်ကိုယ်ကို
လုပ်အားထည့်နိုင်ရင် ထည့်နိုင်သလောက်
တန်ဖိုးတက် လာမှာပါပဲလို့ ငါပြောချင်တယ်။

"ဆရာကြီး ဦးအောင်သင်း၏
လူငယ်များအတွက်လက်ဆင့်ကမ်း သြဝါဒ " မှ...

Photos from MMS Books's post 12/04/2024
10/04/2024

ကိုယ့်ဆီက အလေးထားမှုကို လိုချင်နေတဲ့သူ ။
ကိုယ့်ကို အရိပ်တကြည့်ကြည့် ဂရုစိုက်နေသူ ။
ကိုယ့်ရဲ့ အချစ်ကို တောင်းတနေသူ ။
ကိုယ်နဲ့ စကားတွေအများကြီး ပြောချင်နေတဲ့သူ ။
ကိုယ်မကောင်းတာ တစ်ခုခုဖြစ်မှာ စိုးရိမ်နေတဲ့သူ ။
ကိုယ့်ကို ပျော်စေချင်တဲ့သူ ။ လူတိုင်းမှာ အဲ့ဒီလိုလူ တစ်ယောက်ရှိပါတယ် ။
သူဟာ သူစိမ်းဖြစ်ရင် ဖြစ်မယ် ၊ ဆွေမျိုးသားချင်း ၊ မိသားစုလည်း ဖြစ်ရင်ဖြစ်မယ် ။ တစ်ယောက်ယောက်ပေါ့ ။

ရင်ဘတ်ကို ကျယ်ကျယ်ထားပြီး နှလုံးသားကို ဖွင့်ကြည့်တဲ့အခါ မြင်ရပါလိမ့်မယ် ။ အဲ့ဒီလူက ဘာလို့ပျောက်ဆုံးနေတာလဲ ဆိုရင် ကိုယ်ဟာ ကိုယ်နဲ့ လက်လှမ်းမမီတဲ့ နေရာကို မျှော်လင့်နေတာမျိုး ၊ မကောင်းတဲ့ toxic relationship ထဲကနေ ရုန်းမထွက်နိုင်တာမျိုး ၊ အခြားအရာတွေ ဦးစားပေးပြီး ချစ်ခြင်းမေတ္တာကို လစ်လျှူရှုထားမိတာမျိုး အဲ့ဒီလို အခြေနေတွေကြောင့် မတွေ့နိုင်တာလဲ ဖြစ်တတ်ပါတယ် ။

ချစ်တဲ့ မိသားစုတွေနဲ့အတူ ပျော်ရွှင်အေးချမ်းစွာနေထိုင်ဖို့ ၊ ကိုယ်ဟာ ပိုကောင်းတဲ့သူတွေနဲ့တွေ့ပြီး အချစ်ခံရဖို့လည်း ထိုက်တန်တယ် ဆိုတာ မမေ့ပါနဲ့ ။

ဘဝဟာ တိုတိုလေးပါ ။ ကိုယ့်အတွက် သီးသန့်မဟုတ်တဲ့ အရာတွေကို မမျှော်လင့်ပါနဲ့ ၊ ကိုယ်မရှိလဲ ဖြစ်တဲ့လူတွေအနားမှာ ကပ်တွယ်နေပြီးစျေးကျမခံပါနဲ့ ။ လူပို တစ်ယောက်ဖြစ်ရတဲ့ ခံစားချက်ဟာ ဆိုးပါတယ် ။ ကိုယ့်ကို အသိမှတ်မပြုတဲ့သူ ၊ လေးစားမှုမရှိတဲ့သူ ၊ ကိုယ့်တန်ဖိုးကို အလေးမထားသူတွေအနား အချိန်မဖြုန်းပါနဲ့ ။

ကိုယ့်ကို တကယ်လိုအပ်သူတွေ ၊ ချစ်သူ ၊ ခင်သူတွေအနားမှာနေပြီး ရယ်မောပါ ၊ ပျော်ရွှင်ပါ ။

⁃ Positive Vibes 💛📚

08/04/2024

I know you are strong.

You have been fighting battles others know nothing about.

Despite the weight of sorrows you carry, you still press on and move forward anyway.

No matter how hard.
No matter how tempting it is to give up.

But I want to tell you now, beloved warrior,
that it is okay to feel what you need to feel.
It is okay to let go of your grasp to the things that you can no longer carry on your own.

Because Someone is willing to carry that burden for and with you.
The One stronger and mightier than you.

For the real savior after all, is not meant to be you.

People may look at your outward appearance, but God looks at your heart (1 Sam. 16:7). He is greater than your heart and He knows everything (1 John 3:20).

You don't need to look strong.
You can be vulnerable and real.
Here, at this moment, looking after you is your Father in Heaven who lovingly cares for you.

May the pressures given by the world and even by yourself be lifted from you today.

You see, you may be a strong person to the world,
But to Him- you are His beloved child.

And your good Father loves you in your strongest,
and in even in your weakest.

Praise be to God through our Lord Jesus Christ.



I will be your God throughout your lifetime— until your hair is white with age. I made you, and I will care for you. I will carry you along and save you.

Isaiah 46:4

08/04/2024

Sometimes you can’t explain what is happening inside. 💔

06/04/2024

တစ်နေ့တစ်နေ့ လူတစ်ယောက်နဲ့
စကားမပြောရရင် တစ်ခုလုလိုနေသလိုခံစားရတယ်

သူဆီစာ‌တွေပို့ရင်း စာပြန်တာကိုစောင့်ရတာလည်း
ရင်သက်ရှူ‌မောဖွယ် တစ်မျိုးလေးပေါ့

နောက်တော့ သူစီကစာမလာမေမယ့်
ကိုယ်ပို့ထားတဲ့စာလေးက Seen လေးတွေပြနေရင် တစ်ယောက်တည်း ပြုံးပျော်နေမိတယ်

ကြာလာတော့ seen ပြတာဖြစ်ဖြစ် မပြတာဖြစ်ဖြစ်
သူဆီကို စာလေးမပို့လိုက်ရင် တစ်နေ့တာ အလုပ်တွေက
မပြီးမသေးသလိုမျိုး ခံစားရပြန်တယ်

သို့သော် ကြာလာတော့ တစ်ယောက်တည်း နေသားကြပြန်ရော
တစ်နေ့နေ့ အဆင်ပြေမှာပါဆိုတဲ့
စကားလုံးကတကယ် ခုမှနားလည်ပါတော့တယ်

နေသားကျတယ်ဆိုတာ သူကိုမချစ်လို့တော့ မဟုတ်ဘူး
ချစ်တယ် အရင်ကထက် ပိုချစ်တယ်

သို့ပေမယ့်
အရင်ကလောက်ကိုယ်က‌ အရေးမပါတော့မှန်းသိလို့
တိတ်တိတ်လေး တစ်ယောက်တည်း နေပျော်သွားတာပါ

06/04/2024

ကိုယ့်ထက် အားငယ်သူတွေနဲ့ဆုံရင်
အားပေးသန်မာပြ ပြီး

ကိုယ့်ထက် အဆင်ပြေတဲ့သူတွေနဲ့ကြုံလာရင်တော့
ကျနော်ဟာ ပြိုလဲနေကြောင်း ဝန်ခံလိုက်တယ်။
လူသားဆန်ဆန်ပါပဲ ။

- လူခေး -

03/04/2024

သာမန်အဆင့်က ရုန်းထွက်ဖို့အတွက်အဆင့်(၈)ဆင့်

၁။ ကိုယ့်ဘဝအတွက် တာဝန် စ ယူပါ

အပြောင်းအလဲကို စတင်ဖို့အတွက် အရင်ဆုံး လုပ်ရမှာက ကိုယ့်တာဝန် ကိုယ် စယူဖို့ပဲ ။ ပိုပြီး ကောင်းမွန်တဲ့ ဘဝတစ်ခုကို ရဖို့အတွက်က ကြိုးစားအားထုတ်မှုတွေ လုပ်ရတယ် ။ အဲဒီအားထုတ်မှုတွေကို လုပ်နိုင်ရဲ့သားနဲ့ မလုပ်ဘူးဆိုရင် ကိုယ့်မှာ အပြစ်ရှိသလို ခံစားရတယ်။

ဒီတော့ ကိုယ့်ရဲ့ လက်ရှိဖြစ်တည်မှုနဲ့ ပတ်သက်လို့ ကိုယ်တိုင်က လွဲလို့ တခြားသူတွေ အကုန်လုံးမှာ တာဝန်ရှိသလို ပုံချထားလိုက်တယ် ။

ကိုယ့်မိဘတွေကြောင့် ၊ ကိုယ့်အသိုင်းအဝိုင်းကြောင့် ၊ အရင်က အဖြစ်အပျက်တွေကြောင့် ၊ အထက်အရာရှိကြောင့် ၊ အသက်ကြီးလာတာကြောင့် စသဖြင့် ဘာကြောင့် ညာကြောင့်တွေကြောင့် ငါ့ဘဝ ဒီလိုဖြစ်နေရတာပါဆိုပြီး ပစ်ထားလိုက်တယ် ။

ငါ့ဘဝရဲ့ ဖြစ်တည်မှုတွေဟာ ငါ့ကြောင့် ဖြစ်လာရတာ ၊ ငါ့ရဲ့ ရွေးချယ်မှုတွေနဲ့ လုပ်ရပ်တွေကြောင့်ပါလို့ ကိုယ့်ကိုယ်ကိုယ် တာဝန်စပြီး မယူဘူးဆိုရင် အပြောင်းအလဲဆိုတာ ဖြစ်လာမှာမဟုတ်ဘူး ။ ကိုယ့်ဘဝရဲ့ ရွေးချယ်မှုတွေနဲ့ ကိုယ့်ရဲ့ လက်ရှိအနေအထားအတွက် တာဝန်စယူပါ ။

ဆင်းဆင်းရဲရဲမွေးလာတာ ကိုယ့်အပြစ်မဟုတ်ဘူးဆိုတာ မှန်တယ် ။ ဒါပေမယ့် အဲဒါကိုပဲ တစ်သက်လုံးအပြစ်တင်ရင်း သေဆုံးသွားရရင်တော့ ကိုယ့်အပြစ်ပဲ ။

၂။ သာမန်ဘဝလောက်မှာပဲ မကျေနပ်နဲ့

ဒါကို ရောင့်ရဲတာလို့ အဓိပ္ပာယ်ဖွင့်ကြတာလဲရှိတယ် ။ တကယ်က Comfort Zone ထဲမှာ ပျော်မွေ့နေတာပါ ။ ဆက်ပြီး အားထုတ်မှုတွေ မလုပ်ချင်တော့ဘူး၊ မကြိုးစားချင်တော့ဘူး ။ မရုန်းကန်ချင် တော့ဘူး ။ ဒီတော့ အခုလောက်လေးလည်း မဆိုးပါဘူးလေဆိုပြီး ဖြေသိမ့်တယ် ။

လူတိုင်း ဒီလိုစိတ်ထားရမယ်လို့တော့ မဆိုလိုပါဘူး နောက်ဆုံးမှာ ကိုယ့်ရဲ့ပျော်ရွှင်မှုက အရေးအကြီးဆုံးပဲ မဟုတ်လား ။ ကိုယ့်ပျော်ရွှင်မှုအစစ်အမှန်က အေးအေးချမ်းချမ်း နေသွားချင်တာဆိုရင်လည်း ရတာပါပဲ ။ ဒါပေမယ့် ကိုယ့်လုပ်ရပ်က နောက်အနှစ် ၂၀ ၊ ၃ဝ လောက်မှာ ကိုယ့်ကိုယ်ကိုယ် မမုန်းနေဖို့တော့ လိုတယ် ။ ထိပ်ပိုင်းကို မရောက်နိုင်တာရဲ့ မကောင်းတဲ့အချက်ကတော့ သူများ သနားမှ ချမ်းသာရာရမယ့် ဘဝမှာ နေရတာပဲ ။ ရုံးတစ်ရုံးမှာ ဘယ်နေရာမှ မထူးချွန်တဲ့ မဖြစ်ထွန်းတဲ့သူတွေက အထက်အရာရှိကို အဖားရဆုံးပဲ ။ အလုပ်ပြုတ်သွားမှာ အကြောက်ရဆုံးပဲ ။ ကိုယ့်ကိုယ်ကိုယ် အဲဒီအနေအထားကို မတွန်းပို့ပါနဲ့ ။

၃။ ကိုယ့်ရဲ့ အားသာချက်တွေကို ရှာပါ

သိထားဖို့အချက်က ကိုယ်က နေရာတိုင်းမှာတော့ ဆရာကြီး ဖြစ်မနေနိုင်ဘူးဆိုတာပဲ ။ နေရာတိုင်းမှာ တော်နေတဲ့သူဆိုတာ မရှိဘူး ။ အဲဒီလို နေရာတိုင်း တော်နေချင်ပြီး ဘယ်နေရာမှာမဆို ကိုယ်ပဲ ဆရာကြီးဖြစ်ချင်နေလို့ မရဘူး ။ ဒါကြောင့် ကိုယ့်ရဲ့ အားသာချက်က ဘယ်နေရာမှာ ရှိတာလဲဆိုတာကို ရှာပါ။

စကားပြောတဲ့နေရာလား ၊ စာရေးတဲ့နေရာလား ၊ ဆန်းသစ်တီထွင်မှုတွေလုပ်တဲ့ နေရာမှာလား ။ အဲဒါကို သိအောင်လုပ်ပါ ။

၄။ ကိုယ့်ရဲ့ အားသာချက်တွေကို အသုံးချပြီး သွားလို့ရနိုင်မယ့် ပန်းတိုင် သတ်မှတ်ပါ

လူတော်တော်များများက သူတို့ကိုယ်တိုင် ဘာဖြစ်ချင်မှန်း မသိကြဘူး ။ ဘယ်နေရာရောက်လို့ ဘာတွေလုပ်နေမှန်းကိုလည်း မသိဘူး ။ ဒီတော့ လုပ်ချင်ရာလုပ်ပြီး ရောက်ချင်တဲ့နေရာ ရောက်နေကြတာ ။

ဒီလိုမဖြစ်အောင်ဆိုရင် ကိုယ့်ရဲ့အားသာချက်တွေကို အသုံးချပြီး ကိုယ်ဘယ်ကို သွားချင်တာလဲ ။ ဘာဖြစ်ချင်တာလဲ ။ အချိန်ဘယ်လောက်အတွင်း ဖြစ်ချင်တာလဲဆိုတာကို သိမှရမယ် ။

အဲဒါမှ နေ့ရက်တိုင်းမှာ ၊ လတိုင်း ၊ နှစ်တိုင်းမှာ ကိုယ်က ပန်းတိုင်နဲ့ နီးရာကို သွားနေလား ဝေးသွားလားဆိုတာကို ဆန်းစစ်နိုင်လိမ့်မယ် ။

၅။ စည်းကမ်းရှိပါ

အပြောင်းအလဲရဲ့ အရေးအကြီးဆုံးအပိုင်းကတော့ စည်းကမ်းပဲ ။ လူတွေမှာ ဖြစ်ချင်တာတွေရှိတယ် ။ ဒါပေမယ့် စည်းကမ်းတော့မရှိဘူး။

ကိုယ်အလေးချိန်ချချင်တယ် ။ အင်္ဂလိပ်စာတတ်ချင်တယ် ။ ဝင်ငွေ ကောင်းချင်တယ် ။ ပညာတတ်ချင်တယ် ။ ဒါပေမယ့် အဲဒါတွေ အကုန်လုံးကို အလကားလိုချင်တာ ။ စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ရမယ့် စည်းကမ်းတော့ မရှိဘူး ။ မေးခွန်းက ဘယ်လိုလုပ်ရမှာလဲဆိုတာ မဟုတ်ဘူး။ လုပ်မှာလား မလုပ်ဘူးလား ဆိုတာပဲ ။

ဥပမာ ကိုယ်အလေးချိန် ဘယ်လိုချရမလဲမသိဘူးလား၊ အင်္ဂလိပ်စာ ကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာ မသိဘူးလား။

သိတယ် မလုပ်တာ ။ ကြိုးစားအားထုတ်မှုကို စည်းကမ်းမရှိနိုင်တာ။ကိုယ့်မှာ ဆုံးဖြတ်ချက်ရှိတယ်ဆိုရင် စည်းကမ်းရှိပါ ။ မဟုတ်ရင်တော့ ဘယ်မှမရောက်နိုင်ဘူး ။ ပန်းတိုင်ကိုရောက်ဖို့ လမ်းကိုပဲမြင်အောင်ကြည့် ။

အခက်အခဲတွေကြောင့် စိတ်ပျက်မသွားနဲ့ ။ မတွန့်သွားနဲ့ ။ တောင်တက်ရတာ ဘယ်တော့မှ သက်သောင့်သက်သာ မရှိဘူး ။ ဒါပေမယ့် တောင်ထိပ်ပေါ်က မြင်ကွင်းကို တောင်တက်ခဲ့သူတွေပဲ မြင်ရနိုင်တယ် ။

၆။ အရာရာကို ဂရုလိုက်စိုက်မနေနဲ့

ကိုယ့်အတွက် အဓိကကျတဲ့ အရာတွေနဲ့ သာမည ဗလုံးဗထွေးတွေနဲ့ကို ခွဲခြားသိမှ ဖြစ်မယ် ။ စကားပုံတစ်ခုအတိုင်းပဲ ပြောရရင် “ လမ်းမှာ ဟောင်သမျှ ခွေးတိုင်းကို ခဲနဲ့ထုနေရရင် ကိုယ်သွားချင်တဲ့လမ်းကို ရောက်မှာမဟုတ်တော့ဘူးတဲ့ ။

အရေးလုပ်သင့်တာတွေပဲ အရေးလုပ်ပါ ။ သူများတွေရဲ့ထင်မြင်ယူဆချက်တွေက ကိုယ့်အတွက် ဘာကြောင့် အရေးကြီးနေရမှာလဲ။ ဝေဖန်တာတွေ ၊ ငြင်းပယ်ခံရတာတွေ ၊ အဆိပ်အတောက်များတဲ့ လူတွေ ၊ ဖိအားတွေကို ဂရုစိုက်နေရရင် ဘယ်မှသွားနိုင်မှာမဟုတ်ဘူး ။ သေချာစဉ်းစားကြည့် ၊ ကိုယ့်ကိုအကောင်းမြင်တဲ့သူအတွက် အရာရာက ကောင်းတယ် ။ ကိုယ့်ကို အဆိုးမြင်တဲ့သူအတွက်လည်း ကိုယ် ဘာတွေပဲ ကောင်းတာလုပ်လုပ် သူ့အမြင်မှာ ဆိုးနေမှာပဲ ။ ဒီတော့ ဘာကြောင့် ဂရုစိုက်နေတော့မှာလဲ ။

၇။ လူရွေးပေါင်းပါ

အဆင့်အတန်း ခွဲခြားခိုင်းတာ မဟုတ်ဘူး ။ ချမ်းသာတဲ့သူတွေနဲ့ပဲ ပေါင်းခိုင်းနေတာ မဟုတ်ဘူး ။ ကိုယ့်အတွက် သင့်တော်တဲ့သူတွေကို ရွေးပေါင်းခိုင်းတာပါ ။ လူတစ်ရာမှာ ကိုးဆယ်က ဘာမှမဟုတ်တဲ့သူတွေဖြစ်မှာ ။ ကိုယ့်ရဲ့လုပ်ရပ်တွေ အတွေးအခေါ်တွေနဲ့ ကြိုးစားအားထုတ်မှုတွေက အများစုနဲ့ တူနေပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် ဘယ်နေရာရောက်နေလဲဆိုတာ သူများ သွားမေးနေစရာမလိုဘူး ။ ပတ်ဝန်းကျင်က အရမ်းစကားပြောတယ် ။

ကိုယ် အလေးချိန်ချနေတဲ့သူက အစားအသောက် သောင်းကြမ်းတဲ့သူတွေနဲ့ပဲ ပေါင်းသင်းနေရင် ဘယ်တော့မှ ကိုယ်အလေးချိန် ကျနိုင်မှာမဟုတ်ဘူး ။ အဲဒီလိုပဲ တိုးတက်ချင်တဲ့သူက ငပျင်းတွေနဲ့ ချည်းပေါင်းနေရင်တော့ သူလည်း ဘယ်တော့မှ အဲဒီ နွံထဲက ထွက်နိုင်မှာမဟုတ်ဘူး ။

၈။ စိတ်ရှည်ပါ။ ဆက်လက်သင်ယူမှုတွေ အမြဲလုပ်ပါ

အပြောင်းအလဲက စိတ်ရှည်ရတယ် ။ ချက်ချင်းလက်ငင်း ရသွားနိုင်တာမျိုး မဟုတ်ဘူး ။ တစ်သက်လုံး အင်္ဂလိပ်စာမတတ်လာဘဲ တစ်ပတ်လောက်သင်ပြီး ဘာမှလည်းမထူးဘူး။ ဆက်မလုပ်ချင်တော့ဘူးဆိုရင်တော့ ကျဆုံးမှာပဲ။

ပန်းသီးတစ်နေ့တစ်လုံးစားရင် ဆရာဝန်နဲ့ဝေးတယ်တဲ့။ဒါပေမယ့် တစ်ရက်တည်း ပန်းသီးခုနစ်လုံးစားရုံနဲ့တော့ လိုချင်တဲ့ရလဒ် မရနိုင်ဘူး ။ စိတ်ရှည်ပါ။ နောက်ထပ် အရေးကြီးတာ တစ်ခုကတော့ ဆက်လက်သင်ယူမှုတွေ လုပ်ပါ။ လူရဲ့တိုးတက်ဖွံ့ဖြိုးမှုက သင်ယူမှုကို ရပ်တန့်လိုက်တာနဲ့ ဆုံးခန်း တိုင်ပါတယ်။ကိုယ်က တစ်နေရာတည်း ရပ်နေချင်တဲ့သူမဟုတ်ဘူးဆိုရင် ဆက်လက်သင်ယူပါ ။

မညည်းနဲ့ ၊ အကြောင်းပြချက် မပေးနဲ့ ၊ လူတွေက ကိုယ့်ရဲ့နောက်ခံ အကြောင်းရင်းတွေကို စိတ်မဝင်စားဘူး။ နောက်ဆုံးမှာ သူတို့ စိတ်ဝင်စားတာ ကိုယ်က ဘာကောင်လဲ ၊ ဘယ်လိုလူလဲ ၊ ဘယ်လောက် အောင်မြင်မှုတွေ ရထားပြီးပြီလဲဆိုတာပဲ။ အရေးပါမှ အရာပေးပါတယ် ။ ကိုယ်က အရေးမပါတဲ့သူဆိုရင်တော့ အရေးမပါသလို ဆက်ဆံခံရမှာပဲ။ အဲဒါ ကိုယ့်အပြစ်ပဲ။

လူရာဝင်ခြင်းမှတ်စုများ
ဒေါက်တာသူရိန်လှိုင်ဝင်း
(အ​ပြောင်းအလဲမှာစိတ်ရှည်ပါ၊စည်းကမ်းရှိပါ၊သင်ယူပါ)

Photos from Vibe's post 02/04/2024
Photos from All about vibes's post 28/03/2024
Photos from LavenderPan-7 - လာဗန်ဒါပန်'s post 28/03/2024
28/03/2024

사랑이 늘 좋을 순 없어..
အချစ်ဆိုတာ အမြဲတမ်းတော့ ကောင်းမနေနိုင်ပါဘူး..

행복할 때도 있고..
ပျော်ရွှင်တဲ့အချိန်လည်းရှိပြီး..

서로 안 맞아서 싸우고 슬플 때도 있어요..
တစ်ယောက်နဲ့တစ်ယောက်မကိုက်ညီလို့ ရန်ဖြစ်စကားများရပြီး စိတ်မကောင်းဖြစ်ရတဲ့အချိန်လည်းရှိပါတယ်..

너무 좋다가도 너무 싫어질 수도 있고..
အရမ်းသဘောကျနေရင်းကနေလည်း အရမ်းမကြိုက်တော့တာမျိုးလည်းဖြစ်နိုင်ပြီးတော့..

그 반대일 수도 있죠..
အဲ့တာနဲ့ ဆန့်ကျင်ဘက်လည်းဖြစ်နိုင်ပါသေးတယ်..

하지만 겪어야 할 과정이라고 생각하세요..
ဒါပေမဲ့ ဖြတ်ကျော်မှဖြစ်မဲ့လုပ်ငန်းစဉ်တစ်ခုအနေနဲ့ စဉ်းစားကြည့်ပါ..

싸우고 아프면서 맞춰나가고 서로 닮아가는 것..
ရန်တွေဖြစ်လိုက် နာကျင်ရလိုက်နဲ့ ညှိယူရင်းကနေ တစ်ယောက်နဲ့တစ်ယောက်ဆင်တူလာတာမျိုး..

하나가 흔들리면 하나가 옆에서 단단히 잡아주는 것..
တစ်ယောက်က တုန်လှုပ်နေရင် တစ်ယောက်က ဘေးနားကနေ ခိုင်ခိုင်မာမာနဲ့ဖမ်းဆုပ်ထားပေးတာမျိုး..

그게 바로 사랑입니다..
အဲ့တာက သေချာပေါက် အချစ်ပါပဲ..

힘들다고 피해버리는 게 아니라..
ပင်ပန်းတယ်ဆိုပြီး ရှောင်ဖယ်သွားတာမျိုးမဟုတ်ဘဲ..

부딪히고 바뀌며 서로를 더 생각하고 아끼는..
ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းပြီး ပြောင်းလဲယူရင်း တစ်ယောက်အတွက်တစ်ယောက် ပိုပြီးတွေးပေးပြီး အမြတ်တနိုးတန်ဖိုးထားတဲ့..

좀 더 단단한 그런 연애 그런 사랑..
ပိုပြီးခိုင်မာတဲ့ အဲ့လို Relationship မျိုး အဲ့လို အချစ်မျိုး..

그게 제가 하고 싶은 사랑입니다..
အဲ့တာက ကျွန်တော်လိုချင်တဲ့ချစ်ခြင်းမျိုးပါပဲ..

#잇퓨링

Photos from Yaa Moon's post 26/03/2024
26/03/2024

မအားတာကို နားလည်ပေးလို့ရပေမယ့် .. နားချိန်ရှိရက်နဲ့ 3min လောက်တောင်
အချိန်မပေးနိုင်သောအခါ .....

မိန်းကလေးတစ်ယောက် တိတ်ဆိတ်သွားတဲ့
အကြောင်းသိချင်ရင် မင်းရဲ့
ဥပေက္ခာတွေကို မြင်အောင်ကြည့်ပါ

ချစ်တယ်လို့ ပြောပြီး
လျစ်လျူရှူခံရတာ အခံရခက်ဆုံး
နာကျင်မှုတစ်ခုပါ

တစ်ကယ်တော့ အားတယ်မအားဘူး ဆိုတာ
မင်းရဲ့ ချစ်ခြင်းမချစ်ခြင်း
မင်းသူအပေါ်ဦးစားပေးမှုတွေနဲ့ပဲ
သက်ဆိုင်တာပါ

ဒီမိန်းကလေးက ငါမရှိရင်မနေနိုင်ပါဘူးကွာ ဆိုပြီး
အကြိမ်ကြိမ် နာကျင်အောင် လုပ်ပြီး
အခါခါ မတောင်းပန်မိပါစေနဲ့

နားလည်ပေးနိုင်တဲ့ သူကို
စိတ်ပျက်အောင်မလုပ်ပါနဲ့
သူမရဲ့ သည်းခံနိုင်မှုကို မစမ်းသပ်ပါနဲ့

သိပ်ချစ်တတ်တဲ့ မိန်းကလေးတစ်ယောက်
ပြတ်သားသွားတဲ့အခါ သူများတွေထက်
နှစ်ဆပိုပြတ်သားတတ်ပါတယ်

သူမကို မလိုအပ်ရင်
သူမကလည်း ပြန်လိုအပ်တော့မှာ မဟုတ်ဘူး
မိန်းခလေးတစ်ယောက်ရဲ့ အချစ်ကို
စော်ကားခဲ့ရင် သိပ်ချစ်ရတဲ့သူ ဖြစ်နေပါစေ
စွန့်လွှတ်ရဲတဲ့ မာနကို ဒီနေရာမှာ
သူမ အသုံးချသွားပါလိမ့်မယ် 💙
Credit

Photos from ‎𝘖𝘯𝘦 '؛''؛𝘥𝘢𝘺‎'s post 23/03/2024
22/03/2024

နိုးထလာတဲ့နောက်ပိုင်း ကော်ဖီတစ်ခွက်ဖြင့်ဖြစ်စေ
စိတ်သက်သာရာရအောင်ပဲနေဖြစ်တော့တယ်။

ရှင်သန်ခြင်းဟာ တစ်ခဏပါလို့နားလည်လာတဲ့အခါ
ဘယ်သူကိုမှစိတ်မဆိုးပဲနေချင်တယ်။

ဘယ်သူ့ကိုမှ မမုန်းသလို
ဘယ်ကိုမှလည်း မပူလောင်စေချင်ဘူး
ကောင်းတဲ့စိတ်လေးထားပြီး အပြုံးနဲ့ပဲလူတစ်ချို့ကိုနှုတ်ဆက်ချင်တယ်။

အေးချမ်းစေခြင်းဟာ မေတ္တာလို့နားလည်းလာတဲ့အခါ စိတ်ထားတတ်ဖို့ပဲသင်ယူဖြစ်တော့တယ်။
သောကပူလောင်ခြင်းတွေနဲ့ လူတိုင်းကိုကင်းဝေးစေချင်တယ်။

မနေ့ကထက်ဒီနေ့ကို ပိုကောင်းအောင်နေမယ်ဆိုတဲ့စိတ်လေးထားပြီး
ရှင်သန်ရတဲ့ သာမာန်နေ့လေးတစ်နေ့ကိုကုန်ဆုံးစေချင်တယ်။
21.3.2024

22/03/2024

အရာရာကို နားလည်လာတဲ့နောက်ပိုင်း
တစ်​ယောက်ထဲ နေတတ်လာအောင်
ကြိုးစားနေမိတယ် ဘဝမှာ အများကြီး
မတွေးသလို အများကြီးမလိုအပ်ပါဘူး
ဆိတ်ငြိမ်တဲ့ရပ်ဝန်း ရယ် ကော်ဖီ တခွက်
စာအုပ်တအုပ်ပဲလိုပါတယ့်.........................::::::::::

#စောနရီ

Website