Arakan National Council-ANC

Arakan National Council-ANC

The Arakan National Council (ANC) is the single political front of the people of Arakan born out of the 2004 pre-convention of the national convention.

Arakan National Council (ANC) is an umbrella political organization of Arakan fighting for Self-determination of Arakan along with other ethnic nationalities allies in Burma. It includes exiled groups like the Arakan League for Democracy(ALD-Exiled),National United Party of Arakan (NUPA), Arakan Army(AA) All Arakan Students' and Youths' Congress(AASYC)Rakhaing Sangha Union(RSU) and Rakhine academi

15/05/2024

ကချင်လွတ်လပ်ရေးအဖွဲ့/ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) မှ
စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း၏ ဈာပနသို့
ရခိုင်ပြည်အမျိုးသားကောင်စီ/ ရခိုင်ပြည်တပ်မတော် (ANC/AA)မှ ပေးပို့သော
ဝမ်းနည်းကြောင်းသဝဏ်လွှာ

နေ့စွဲ - ၂ဝ၂၄ ခုနှစ်၊ မေလ (၁၅) ရက်။
အမှတ် - ၁/၂ဝ၂၄။

၁။ ကချင်လွတ်လပ်ရေးအဖွဲ့/ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) မှ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း အသက် (၆၂) နှစ်သည် ၂ဝ၂၄ ခုနှစ်၊ မေလ (၁၃) ရက်နေ့၊ ဒေသစံတော်ချိန် ညနေ (၆း၂၃) အချိန်တွင် အသည်းရောဂါဖြင့် ကွယ်လွန်အနိစ္စရောက်သွားကြောင်း ကြားသိရသဖြင့် KIO/KIA နှင့်တကွ ကျန်ရစ်သူမိသားစုများနှင့်ထပ်တူ မိမိတို့ ရခိုင်ပြည်အမျိုးသားကောင်စီ/ ရခိုင်ပြည်တပ်မတော် (ANC/AA) မှလည်း ဝမ်းနည်းကြေကွဲရပါသည်။

၂။ ဒုတိယဗိုလ်မှူးကြီး ခေါင်လွမ်းသည် ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)သို့ စတင်ဝင်ရောက်ခဲ့ပြီး ကချင်အမျိုးသားလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့သလို မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့အတွက်လည်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများနှင့် လက်တွဲကာ တိုက်ပွဲဝင်လာခဲ့သူဖြစ်ပါသည်။

၃။ ကချင်အမျိုးသားလွတ်မြောက်ရေးနှင့် အဖိနှိပ်ခံတိုင်းရင်းသားပြည်သူလုထုတရပ်လုံး လွတ်မြောက်ရေး အတွက် နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်သွား‌သော ကချင်လွတ်လပ်ရေးအဖွဲ့/ ကချင်လွတ်လပ်ရေး တပ်မတော် (KIO/KIA)မှ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း၏ မလျော့သော ဇွဲလုံ့လနှင့် စိတ်ဓာတ်ကို အမျိုးသားတန်းတူရေးနှင့် ဒီမိုကရေစီစနစ်ထွန်းကားရေးအတွက် တိုက်ပွဲဝင်နေကြသော အင်အားစုများအနေဖြင့် အတုယူလျက် တိုင်းရင်းသားပြည်သူတရပ်လုံးလွတ်မြောက်သည်အထိ တိုက်ပွဲ ဆင်နွဲသွားကြပါရန် တိုက်တွန်းရင်း ဤဝမ်းနည်းကြောင်း သဝဏ်လွှာကို ပေးပို့အပ်ပါသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ခေါင်လွမ်း ကောင်းရာသုဂတိ ရောက်ပါစေကြောင်းဆန္ဒပြုလျက်-

ဗဟိုအလုပ်အမှုဆောင်အဖွဲ့
ရခိုင်ပြည်အမျိုးသားကောင်စီ/ ရခိုင်ပြည်တပ်မတော် (ANC/AA)

26/08/2023

ရခိုင်ပြည်ထောင်၏ ပြည်ထောင်သား၊ နိုင်ငံသားဖြစ်ခြင်း၊ ပြုခြင်းဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC/AA) ၏ ထုတ်ပြန်‌ကြေငြာချက်

နေ့စွဲ - ၂ဝ၂၃ ခုနှစ်၊ ဩဂတ်လ (၂၆) ရက်။
အမှတ် -၁/၂ဝ၂၃။

၁။ ဖက်ဒရယ်ဒီမိုကရေစီ အ‌ခြေခံမူများဖြင့် ပြည်ထောင်စုတရပ်အား ဖွဲ့စည်းတည်ဆောက်ရာတွင် အမျိုးသားတန်းတူရေးနှင့် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးရေး အခြေခံဖြင့် ဆန္ဒသဘောထားအလျောက် ပါဝင်ပူးပေါင်းနေသည့် အဖွဲ့ဝင်ပြည်ထောင် တခု၏
(၁) ဌာနေတိုင်းရင်းသား မျိုးနွယ်စုစာရင်းအား သတ်မှတ်ခြင်း၊
(၂) ထိုပြည်ထောင်ရှိ လူတစုအား ‌မွေးရာပါ ပြည်ထောင်သားအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး ရသင့်ရထိုက်သော ဒေသခံ လူမျိုးစုတခုအဖြစ် သတ်မှတ်ခြင်း၊
(၃) ထိုသို့သတ်မှတ်ရန် လိုအပ်သည့် စံတန်ဖိုးနှင့် ဥပဒေများပြဋ္ဌာန်းခြင်း အစရှိသော ကိစ္စရပ်များသည် သက်ဆိုင်ရာ ပြည်ထောင်အတွင်း သမိုင်းအစဉ်အဆက် ကောင်းတူ၊ ဆိုးဖက် မှီတင်းအ‌ခြေချနေထိုင်လာသည့် ဌာနေတိုင်းရင်းသား လူမျိုးစုံ ပြည်သူလူထု၏ ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်တင်မြှောက်ထားသော ပြည်ထောင်အစိုးရကသာ အဆုံးအဖြတ်ပေးရမည့်ကိစ္စများ ဖြစ်ပေသည်။

၂။ ဤအ‌ခြေခံအယူအဆနှင့်ဆန့်ကျင်လျက် အဆိုပါကိစ္စရပ်များအား တခြား ပြည်ထောင်တရပ်ရပ်က သော်လည်းကောင်း၊ ပြည်ထောင်စု အစိုးရကသော်လည်းကောင်း၊ သက်ဆိုင်ရာ ပြည်ထောင်အစိုးရ၏ လုပ်ပိုင်ခွင့်နှင့် ဆန့်ကျင်ပြီး အဆုံးအဖြတ်ပေးရန် ကြိုးပမ်းလာပါက ဤလုပ်ရပ်သည် ပြည်ထောင်စုလွှတ်တော်အဆင့်တွင် တရားဝင် ဆုံးဖြတ်ချက် ဖြစ်လျင်ပင် “ပြည်ထောင်တရပ်ရပ်၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုအား ပြည်ထောင်စုမှ အင်အားသုံး၍ မထိပါးရ ဟူသော (Demos-Constraining) ဆိုသည့်မူ” အား ထိပါးရာရောက်နေသဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၏ အနှစ်သာရကို ပျက်ပြားစေ‌ပေသည်။

၃။ သို့ဖြစ်ပါ၍ ပြည်ထောင်စုအဆင့်၌ ဆွေး‌နွေးဆုံးဖြတ်ပိုင်ခွင့်ရှိသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတိုင်းသည် ဖက်ဒရယ်ဒီမို ကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အခြေခံမူများနှင့် သက်ဆိုင်ရာပြည်ထောင်သားများ၏ ဆန္ဒသဘောထားကို လျစ်လျူရှုလျက် ပြည်ထောင်တရပ်ရပ်၏ အရေးကိစ္စတွင် မူမဲ့ဝင်ရောက်စွက်ဖက်ခြင်းဖြင့် အနာဂတ်တွင် ပေါ်ပေါက်ရန် အလားအလာရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု၏ အဖွဲ့ဝင်ပြည်ထောင်များအကြား ပြည်ထောင်စု စိတ် ဓာတ်အား ပျက်ပြားအောင် လုပ်ဆောင်ရာရောက်မည်ကို သတိကြီးစွာ ထားသင့်ကြောင်း ရခိုင်ပြည်သူလူထု ကိုယ်စား မိမိတို့ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC/AA) မှ သက်ဆိုင်ရာလူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ အားလုံးသို့ ဤထုတ်ပြန် ကြေငြာချက်ဖြင့် အလေးအနက် သတိပေးအပ်သည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့
ရခိုင်ပြည်အမျိုးသားကောင်စီ/ရခိုင်ပြည်တပ်မတော် (ANC/AA)

ထုတ်ပြန်ကြေငြာချက်အား PDF file ဖြင့် အောက်ပါ Link တွင်ရယူနိုင်ပါသည်။
https://www.docdroid.net/wyuC83P/anc-statement-230826-citizenship-pdf

04/06/2023

(၄၆) နှစ်မြောက် ဥက္ကဋ္ဌကြီးခိုင်မိုးလင်းနေ့သို့ ရခိုင်ပြည်အမျိုးသားကောင်စီ /ရခိုင်ပြည်တပ်မတော် (ANC/AA) မှ ပေးပို့သည့် သဝဏ်လွှာ

နေ့စွဲ - ၂၀၂၃ ခုနှစ်၊ ဇွန်လ (၄) ရက်။ အမှတ် - ၃/ ၂၀၂၃။

၁။ ယနေ့အခါသမယသည် ရခိုင်တမျိုးသားလုံး သူ့ကျွန်ဘဝမှလွတ်မြောက်ရေး အတွက် လောကဓံမုန်တိုင်းကြားထဲမှ အခက်အခဲအကြပ်အတည်းအမျိုးမျိုးကို မားမားမတ်မတ်ရင်ဆိုင်လျက် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ/ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALP/ALA) အား ကိုယ်ထူကိုယ်ထ စိတ်ဓာတ်ဖြင့် ကြိုးပမ်းထူထောင်ကာ လူသာမန်တို့ ကြံငှာမရဲ ကြံ့ဝံ့ခဲသော ခရီးရှည်ချီတက်ပွဲဖြင့် ကရင်ပြည်မှ ရခိုင်ပြည်သို့ ခြေလျင်ချီတက်လျက် ရခိုင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်တရပ်ကို ရခိုင်ပြည်တွင်း အခြေချရန်ကြိုးပမ်းခဲ့သည့် ဥက္ကဋ္ဌကြီးခိုင်မိုးလင်းအား မသမာသည့် ဗမာစစ်အာဏာရှင်နယ်ချဲ့မျိုးခြားတို့က သာလွန်အင်အားဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သည့် သက်တမ်း (၄၆) နှစ် ပြည့်မြောက်ခဲ့သည့် ကာလပင်ဖြစ်ပေသည်။

၂။ ရန်သူနယ်ချဲ့တို့၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ဥက္ကဋ္ဌကြီးခိုင်မိုးလင်း ကျဆုံးခဲ့ရသော်လည်း ဥက္ကဋ္ဌကြီးနှင့်တကွ တော်လှန်သော ရခိုင်မျိုးချစ် စစ်သည်တော်များကို အကြောင်းပြုလျှက် ရခိုင်အမျိုးသားတို့၏ သူ့ကျွန်မခံလိုသောစိတ်ဓာတ်နှင့် သတ္တိ၊ ဗျတ္တိကို နိုင်ငံတကာကပါ အသိအမှတ်ပြုခဲ့ရပေသည်။ ထို့ပြင် "တပွင့်ကြွေသော် ကြွေတပွင့်မှ ခေါင်းထောင်ထ၍ ထက်မိုးအာကာ ကောင်းကင်ပြာ၌ တာရာကြယ်များ ဝင့်ဝင့်ကြွားသကဲ့သို့" လည်းကောင်း၊ "တရွက်ကြွေသော် ကြွေတရွက်မှ မျိုးနွယ်ဆက်၍ ရွက်ကျပင်များ ဆင့်ဆင့်ပွါးသကဲ့သို့" လည်းကောင်း "ခိုင်မိုးလင်းစိတ်ဓာတ်" ကို အခြေခံ၍ တဗိုလ်ကျတဗိုလ်တက်စနစ်ဖြင့် အမျိုးသားလွတ်မြောက်ရေးအတွက် ကြိုးပမ်းလာခဲ့ကြသည်မှာ ယနေ့ဆိုလျှင် ရခိုင်ပြည်၌ ခိုင်မိုးလင်းကလေးများ အထောင်အသောင်းမက ထွန်းကားခဲ့ပြီဟု ဆိုနိုင်ပေသည်။

၃။ အခြားတဖက်တွင်လည်း ဥက္ကဋ္ဌကြီးခိုင်မိုးလင်း၏ တော်လှန်သော အမျိုးသားရေးစိတ်ဓာတ်၊ သမိုင်းအစဉ်အလာနှင့် လမ်းညွှန်ချက်များကို မှိန်ဝါးတိမ်းစောင်းအောင် ကြံဆောင်ကြိုးစားနေကြသော အတွင်းအပြင် ပယောဂများ နည်းလမ်းမျိုးစုံ အသွင်မျိုးစုံဖြင့် ပေါ်ပေါက်လျက်ရှိသည်ကို တွေ့မြင်နေရပါသဖြင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ/ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALP/ALA) အနေဖြင့် တော်လှန်ရေးသတိကြီးစွာထား၍ အမျိုးသားလွတ်မြောက်ရေးပန်းတိုင်သို့ ဘဝတူညီနောင်မဟာမိတ်များနှင့် လက်တွဲချီတက်နိုင်ပါစေကြောင်း ဆန္ဒပြုလျက် ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့
ရခိုင်ပြည်အမျိုးသားကောင်စီ/ရခိုင်ပြည်တပ်မတော် ANC/AA)

သဝဏ်လွှာအား PDF file ဖြင့် အောက်ပါ Link တွင်ရယူနိုင်ပါသည်။
https://www.docdroid.net/H8qOvCz/anc-letter-to-alp-martyr-day-230604-pdf

31/03/2023

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (FDC) ၏ (၂) နှစ်ပြည့် အခမ်းအနားသို့ ရခိုင်ပြည်အမျိုးသားကောင်စီ/ရခိုင်ပြည်တပ်မတော် (ANC/AA) မှ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ

နေ့စွဲ - ၂ဝ၂၃ ခုနှစ်၊ မတ်လ (၃၁) ရက်။
အမှတ် - ၂/၂ဝ၂၃။

၁။ ယနေ့ ၂ဝ၂၃ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (Federal Democracy Charter - FDC) အား အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) မှ စတင်ထုတ်ပြန်ခဲ့သည်မှာ (၂) နှစ် တင်းတင်း ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။

၂။ ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် တိုင်းပြည်၏အာဏာကို စစ်အုပ်စုမှ သိမ်းယူခဲ့ ပြီးနောက် ပေါ်ပေါက်လာသည့် နွေဦးတော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတချို့ ပါဝင်ထုတ်ပြန်လိုက်သည့် ဤပဋိဉာဉ်သည် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် မြန်မာ့တော်လှန်ရေးသမိုင်းတွင် အရေးပါသည့် စာချုပ်တခုဖြစ်သည်ဟု မိမိတို့အနေဖြင့် ရှုမြင်ပါသည်။ ဤပဋိဉာဉ်စာချုပ်ကြောင့် ဗမာတိုင်းရင်းသား ပြည်သူလူထုအတွင်းတွင်လည်း နိုင်ငံရေးအသိ တဆင့်တိုးတက်လာပြီး ဗမာမဟုတ်သည့် တိုင်းရင်းသားလူမျိုးများလိုလားသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို မူအရ လက်ခံလာကြသည်ကို တွေ့မြင်ရ ပါသည်။

၃။ သို့ဖြစ်ပါ၍ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၏ အဖွဲ့ဝင်အဖွဲ့အစည်းများ အနေဖြင့် ဤဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ်အား ရေးဆွဲရာနှင့် အတည်ပြုရာတွင် မပါဝင်သေးသည့် ဒီမိုကရေစီအင်အားစုနှင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများအားလုံး ပါဝင်နိင်မည့် အခင်း အကျင်းသစ်များကို ထပ်မံဖော်ဆောင်လျက် အဖိနှိပ်ခံတိုင်းရင်းသား ပြည်သူလူထုတရပ်လုံး လိုလား သည့် အနာဂတ်ပြည်ထောင်စုပုံသဏ္ဍန်အား ပိုမိုတိကျပေါ်လွင်အောင် ပြင်ဆင်ရေးသားကာ လက်တွေ့အရလည်း ကိုယ်စားပြုမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုနှင့် စည်းနှောင်မှု ပိုမိုအားကောင်းစွာဖြင့် အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးအတွက် သဘောတရားနှင့် လုပ်ငန်း လမ်းညွှန်ကို ချမှတ်ပေးနိုင်သည့် နိုင်ငံရေးသဘောတူစာချုပ်အဆင့်သို့ တိုးမြှင့်နိုင်ကြပါစေကြောင်း ဆန္ဒမွန်ဖြင့် ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။


ဗဟိုအလုပ်မှုဆောင်အဖွဲ့
ရခိုင်ပြည်အမျိုးသားကောင်စီ/ရခိုင်ပြည်တပ်မတော် (ANC/AA)

07/01/2023

[Unicode]

ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ/ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော် (ALP/ALA) မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ခိုင်စိုးမြနှင့် တပ်မှူး နှစ်ဦး၏ ဈာပန အခမ်းအနားသို့ ပေးပို့သောရခိုင်ပြည်အမျိုးသားကောင်စီ/ရခိုင်ပြည်တပ်မတော် (ANC/AA) ၏ ဝမ်းနည်းကြောင်း သဝဏ်လွှာ

နေ့စွဲ - ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်။
အမှတ် - ၁/၂၀၂၃။

၁။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ရခိုင်ပြည်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက် (၁၃) ရှိ ဆီတန်းရှေ့၌ မသမာသူလက်နက်ကိုင်လူရမ်းကားတစု၏ ယုတ်မာစဉ်းလဲသော လုပ်ကြံ သတ်ဖြတ်မှုကြောင့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ/ ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော် (ALP/ALA) မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ခိုင်စိုးမြ၊ ဒုတိယ ဗိုလ်မှူးကြီး ခိုင်ကျော်စိုး နှင့် ဗိုလ်ကြီး ခိုင်သူရိန္ဒတို့ ကျဆုံးခဲ့ရကြောင်း သိရသည်။ အဆိုပါ လုပ်ကြံမှုတွင် ကျဆုံးသွားသည့် ပုဂ္ဂိုလ်များအတွက် ALP/ALA မှ တပ်ဖွဲ့ဝင်များနှင့်တကွ ကျန်ရစ်သူမိသားစုများနည်းတူ မိမိတို့ ရခိုင်ပြည်အမျိုးသားကောင်စီ/ ရခိုင်ပြည်တပ်မတော် (ANC/AA) မှလည်း ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။

၂။ ALP/ALA သည် မြန်မာစစ်တပ်နှင့် ငြိမ်းချမ်းရေးဆွေးနွေးသည့်ဖြစ်စဉ်၌ အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ပါဝင်နေရသော်လည်း ရခိုင်တော်လှန်ရေး၊ နိုင်ငံရေးအဖွဲ့အစည်းအသီးသီး၏ ဘုံရည်မှန်းချက်ဖြစ်သော အမျိုးသား တန်းတူရေးနှင့် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေးကို မစွန့်လွှတ်သေးသလို ကျဆုံးသွားသော ALP/ALA တပ်ဖွဲ့ ဝင်များ သည်လည်း ယနေ့ခေတ် ယနေ့ကာလလို ဆိုရှယ်မီဒီယာဖြင့် ရခိုင်ပြည်သူတရပ်လုံး တော်လှန်ရေးအသိ နိုးကြားလာအောင် လှုံ့ဆော် စည်းရုံးမှု မပြုလုပ်နိုင်သေးသည့်ကာလ၊ ရခိုင်တပြည်လုံး၌ လက်နက်ကိုင် တော်လှန်ရေးကို စိတ်ကူးယဉ်ဝံ့သူပင် လက်ချိုး ရေတွက်နိုင်သည့် ကာလကတည်းက အခက်အခဲအကြပ်အတည်းအမျိုးမျိုးကို ကြံ့ကြံ့ခံလျက် ရခိုင်အမျိုးသား တို့၏ ဂုဏ်သိက္ခာနှင့် အကျိုးစီးပွါးအတွက် ရုန်းကန်တိုက်ပွဲဝင်လာသူများ ဖြစ်ကြောင်း မိမိတို့ရခိုင်ပြည် အမျိုးသား ကောင်စီ/ ရခိုင်ပြည် တပ်မတော်(ANC/AA) မှ အသိအမှတ်ပြုပါသည်။

၃။ ယခုကဲ့သို့ ရခိုင်တော်လှန်ရေးအဖွဲ့အစည်းတရပ်အား နည်းမျိုးစုံဖြင့် ပျက်စီးရာပျက်စီးကြောင်း ကြံစည်လုပ် ဆောင်နေကြသူများအားလည်း အမျိုးသားတော်လှန်ရေး အင်အားစုအတွင်း မတူကွဲပြားမှုများကို အပြုသဘောဖြင့် ညှိနှိုင်းအဖြေရှာလိုသည့် အမျိုးသားညီညွတ်ရေးဓာတ်ခံမရှိဘဲ “ငါနှင့်မတူ ငါ့ရန်သူ” အယူအဆဖြင့် ရခိုင်လူ့အဖွဲ့အစည်း အတွင်း “မင်းမဲ့စရိုက်”နှင့် “လက်နက်ကိုင်အကြမ်းဖက်ဝါဒ”ကို အသက်သွင်းနေကြသူများအဖြစ် ပြင်းထန်စွာရှုံ့ချ အပ်သည်။

မသမာသူ လူယုတ်မာတို့၏ လုပ်ကြံသတ်ဖြတ်ခြင်းခံရသော ALP/ALA တပ်ဗိုလ်တပ်မှူးများ ကောင်းရာသုဂတိ ရောက်ပါ စေကြောင်း ဆန္ဒပြုလျက်

ဗဟိုအလုပ်အမှုဆောင်အဖွဲ့
ရခိုင်ပြည်အမျိုးသားကောင်စီ/ရခိုင်ပြည်တပ်မတော်(ANC/AA)

-----------------------------------------------------------[Zawgyi]

ရခိုင္ျပည္လြတ္ေျမာက္ေရး ပါတီ/ရခိုင္ျပည္လြတ္ေျမာက္ေရး တပ္မေတာ္ (ALP/ALA) မွ စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ ခိုင္စိုးျမႏွင့္ တပ္မႉး ႏွစ္ဦး၏ ဈာပန အခမ္းအနားသို႔ ေပးပို႔ေသာ
ရခိုင္ျပည္အမ်ိဳးသားေကာင္စီ/ရခိုင္ျပည္တပ္မေတာ္ (ANC/AA) ၏ ဝမ္းနည္းေၾကာင္း သဝဏ္လႊာ

ေန႔စြဲ - ၂၀၂၃ ခုႏွစ္၊ ဇန္နဝါရီလ (၈) ရက္။
အမွတ္ - ၁/၂၀၂၃။

၁။ ၂၀၂၃ ခုႏွစ္၊ ဇန္နဝါရီလ (၄) ရက္ေန႔တြင္ ရခိုင္ျပည္၊ စစ္ေတြၿမိဳ႕၊ စက္႐ုံစုရပ္ကြက္ (၁၃) ရွိ ဆီတန္းေရွ႕၌ မသမာသူ လက္နက္ကိုင္လူရမ္းကားတစု၏ ယုတ္မာစဥ္းလဲေသာ လုပ္ႀကံသတ္ျဖတ္မႈေၾကာင့္ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ/ ရခိုင္ျပည္လြတ္ေျမာက္ေရး တပ္မေတာ္ (ALP/ALA) မွ စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ ခိုင္စိုးျမ၊ ဒုတိယ ဗိုလ္မႉးႀကီး ခိုင္ေက်ာ္စိုး ႏွင့္ ဗိုလ္ႀကီး ခိုင္သူရိႏၵတို႔ က်ဆုံးခဲ့ရေၾကာင္း သိရသည္။ အဆိုပါ လုပ္ႀကံမႈတြင္ က်ဆုံးသြားသည့္ ပုဂၢိဳလ္မ်ားအတြက္ ALP/ALA မွ တပ္ဖြဲ႕ဝင္မ်ားႏွင့္တကြ က်န္ရစ္သူမိသားစုမ်ားနည္းတူ မိမိတို႔ ရခိုင္ျပည္အမ်ိဳးသားေကာင္စီ/ ရခိုင္ျပည္တပ္မေတာ္ (ANC/AA) မွလည္း ထပ္တူ ဝမ္းနည္းေၾကကြဲရပါသည္။

၂။ ALP/ALA သည္ ျမန္မာစစ္တပ္ႏွင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးသည့္ျဖစ္စဥ္၌ အေျခအေန အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ပါဝင္ေနရေသာ္လည္း ရခိုင္ေတာ္လွန္ေရး၊ ႏိုင္ငံေရးအဖြဲ႕အစည္းအသီးသီး၏ ဘုံရည္မွန္းခ်က္ျဖစ္ေသာ အမ်ိဳးသား တန္းတူေရးႏွင့္ ကိုယ့္ကံၾကမၼာကိုယ္ဖန္တီးခြင့္ရရွိေရးကို မစြန႔္လႊတ္ေသးသလို က်ဆုံးသြားေသာ ALP/ALA တပ္ဖြဲ႕ ဝင္မ်ား သည္လည္း ယေန႔ေခတ္ ယေန႔ကာလလို ဆိုရွယ္မီဒီယာျဖင့္ ရခိုင္ျပည္သူတရပ္လုံး ေတာ္လွန္ေရးအသိ ႏိုးၾကားလာေအာင္ လႈံ႕ေဆာ္ စည္း႐ုံးမႈ မျပဳလုပ္ႏိုင္ေသးသည့္ကာလ၊ ရခိုင္တျပည္လုံး၌ လက္နက္ကိုင္ ေတာ္လွန္ေရးကို စိတ္ကူးယဥ္ဝံ့သူပင္ လက္ခ်ိဳး ေရတြက္ႏိုင္သည့္ ကာလကတည္းက အခက္အခဲအၾကပ္အတည္းအမ်ိဳးမ်ိဳးကို ႀကံ့ႀကံ့ခံလ်က္ ရခိုင္အမ်ိဳးသား တို႔၏ ဂုဏ္သိကၡာႏွင့္ အက်ိဳးစီးပြါးအတြက္ ႐ုန္းကန္တိုက္ပြဲဝင္လာသူမ်ား ျဖစ္ေၾကာင္း မိမိတို႔ရခိုင္ျပည္ အမ်ိဳးသား ေကာင္စီ/ ရခိုင္ျပည္ တပ္မေတာ္(ANC/AA) မွ အသိအမွတ္ျပဳပါသည္။

၃။ ယခုကဲ့သို႔ ရခိုင္ေတာ္လွန္ေရးအဖြဲ႕အစည္းတရပ္အား နည္းမ်ိဳးစုံျဖင့္ ပ်က္စီးရာပ်က္စီးေၾကာင္း ႀကံစည္လုပ္ ေဆာင္ေနၾကသူမ်ားအားလည္း အမ်ိဳးသားေတာ္လွန္ေရး အင္အားစုအတြင္း မတူကြဲျပားမႈမ်ားကို အျပဳသေဘာျဖင့္ ညႇိႏႈိင္းအေျဖရွာလိုသည့္ အမ်ိဳးသားညီၫြတ္ေရးဓာတ္ခံမရွိဘဲ “ငါႏွင့္မတူ ငါ့ရန္သူ” အယူအဆျဖင့္ ရခိုင္လူ႔အဖြဲ႕အစည္း အတြင္း “မင္းမဲ့စ႐ိုက္”ႏွင့္ “လက္နက္ကိုင္အၾကမ္းဖက္ဝါဒ”ကို အသက္သြင္းေနၾကသူမ်ားအျဖစ္ ျပင္းထန္စြာရႈံ႕ခ် အပ္သည္။

မသမာသူ လူယုတ္မာတို႔၏ လုပ္ႀကံသတ္ျဖတ္ျခင္းခံရေသာ ALP/ALA တပ္ဗိုလ္တပ္မႉးမ်ား ေကာင္းရာသုဂတိ ေရာက္ပါ ေစေၾကာင္း ဆႏၵျပဳလ်က္

ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕
ရခိုင္ျပည္အမ်ိဳးသားေကာင္စီ/ရခိုင္ျပည္တပ္မေတာ္ (ANC/AA)

Photos from Arakan National Council-ANC's post 27/08/2022

ရခိုင်ပြည်သစ် (သို့) အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာတွင် အခြေခံရမည့် လူသားလုံခြုံရေးဆိုင်ရာ အခြေခံမူနှင့် အကြံပြုချက်များ

နိဒါန်း

ကမ္ဘာအရပ်ရပ်မှ အဓိပ္ပါယ်ဖွင့်ဆိုချက်များကို ခြုံငုံ၍ အနှစ်သာရထုတ်ယူပါက “လုံခြုံရေးဆိုသည်မှာ တစုံတဦး (သို့) တစုံတခုအပေါ်တွင် ကျရောက်နိုင်သည့် အန္တရာယ် (သို့မဟုတ်) ခြိမ်းခြောက်မှုများမှ ကင်းဝေးခြင်း၊ ထိုသို့ ကျရောက်လာနိုင်သည်ဟု ပူပင်သောက ရောက်စရာမလိုခြင်းနှင့် ကျရောက်လာပါက လည်း အကာအကွယ် ရှိနိုင်ခြင်း” ဟု ဆိုရပေမည်။

လုံခြုံရေးနှင့်ပတ်သက်သည့် သမားရိုးကျ အယူအဆတွင် လူ့အဖွဲ့အစည်းတခုအတွင်း၌ အရေးအကြီးဆုံးမှာ နိုင်ငံတော်လုံခြုံရေး (ဝါ) အမျိုးသားလုံခြုံရေး ဖြစ်သည်ဟု ယူဆပြီး နိုင်ငံတနိုင်ငံအား စစ်ရေးအရ ရန်ပြု တိုက်ခိုက်ခြင်းမှ ကာကွယ်ရန်ကိုသာ အဓိကထားခဲ့ကြပြီး လက်နက်ကိုင်တပ်ဖွဲ့များသည်သာ လုံခြုံရေး အတွက် အရေးပါသည်ဟု ယူဆခဲ့ကြသည်။ အဆိုပါ အယူအဆသည် တဖက်စောင်းနင်း ကြီးထွားလာသည့် အခါ အာဏာရှင်ဆန်သည့် လူမှုအသိုင်းအဝိုင်းများတွင် “တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်”၊ “အမျိုးသားနိုင်ငံရေးတွင် တပ်မတော်ကသာ အမြဲတမ်းဦးဆောင်မှု အခန်းကဏ္ဍကို ယူထားရမည်” ဆိုသော အတွေးအခေါ်များ ထွန်းကားလာသကဲ့သို့ “လူ့အဖွဲ့အစည်းတခုအား လက်နက်ကိုင်အင်အားစုတခုက မည်သို့ပင် ခြယ်လှယ်စေကာမူ မေးခွန်းထုတ်စရာမလို”ဆိုသော လုပ်နည်းလုပ်ဟန်များလည်း ထွန်းကား လာပေသည်။ ဤသို့ဖြင့် နိုင်ငံတနိုင်ငံ (သို့) လူ့အဖွဲ့အစည်းတခု၏ လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေးကို အာမခံချက်ပေးရမည့် လက်နက်ကိုင်အဖွဲ့အစည်းများကိုယ်တိုင်က လူတဦးချင်းစီ၏ လုံခြုံရေး၊ ရပ်ရွာလူမှု အသိုင်းအဝိုင်းလုံခြုံရေးနှင့် နိုင်ငံတကာလုံခြုံရေးကို မရည်ရွယ်ဘဲ သော်လည်းကောင်း၊ ရည်ရွယ်၍ သော်လည်းကောင်း ချိုးဖောက်မိမှန်းမသိ ချိုးဖောက်လာတတ်ကြပေသည်။

လုံခြုံရေးနှင့်ပတ်သက်သည့် ခေတ်သစ် အယူအဆတွင် အခြေခံအားဖြင့် “နိုင်ငံတနိုင်ငံ (သို့) လူ့အဖွဲ့အစည်း တခုအား အကာအကွယ်ပေးရမည့် လက်နက်ကိုင်အဖွဲ့အစည်းတရပ်သည် အဘယ်မျှပင် အင်အား ကောင်းစေကာမူ ထိုလက်နက်ကိုင်အဖွဲ့အစည်းသည် ပြည်သူလူထုက ဒီမိုကရေစီ နည်းလမ်းကျ ရွေးကောက် တင်မြှောက်လိုက်သော အရပ်ဘက်အစိုးရ၏ ထိန်းချုပ်မှု အောက်တွင် မရှိပါက လူထုအကျိုးစီးပွါးနှင့် ဆန့်ကျင်သွားနိုင်သလို လက်နက်ကိုင်အဖွဲ့အစည်းတရပ်၏ ကြီးထွားရေးနှင့် စစ်ဖက်ဆိုင်ရာ လုံခြုံရေးကိုသာ အာရုံစိုက်ပြီး လူမှုအသိုင်းအဝိုင်းတခုအား ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေး စံချိန်စံညွှန်းများနှင့်အညီ စီမံခန့်ခွဲရန် ပျက်ကွက်ပါကလည်း နိုင်ငံတော်လုံခြုံရေး၊ အမျိုးသားလုံခြုံရေးနှင့် ပြည်သူ့လုံခြုံရေးဆိုသော စကားရပ်များမှာ အနှစ်သာရအားဖြင့် အဓိပ္ပါယ်ကင်းမဲ့လိမ့်မည်” ဆိုသော အတွေးအခေါ်များ ထွန်းကားလာသည်။

သာဓကအားဖြင့် မြန်မာ့တပ်မတော်သည် “တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်” ဆိုသောမူ ဖြင့် နှစ်ပေါင်းများစွာ တပ်တည်ဆောက်ရေးလုပ်ခဲ့သော်လည်း မတူကွဲပြားသော အုပ်စုများကြား နိုင်ငံရေး ဆိုင်ရာ လုံခြုံရေး၊ လူတဦးချင်းစီ၏ ပုဂ္ဂလိက လုံခြုံရေး၊ ရပ်ရွာလူမှုအသိုင်း အဝိုင်းလုံခြုံရေး၊ စားနပ်ရိက္ခာ လုံခြုံရေး၊ ကျန်းမာရေးဆိုင်ရာ လုံခြုံရေး၊ စီးပွါးရေးဆိုင်ရာ လုံခြုံရေး၊ သဘာဝပတ်ဝန်းကျင် လုံခြုံရေးအစရှိသည်များအတွက် အာမခံချက်မပေးနိုင်ခြင်းကြောင့် အရင်းအမြစ် အမြောက်အမြား အသုံးပြု၍ တည်ဆောက်ထားသော မြန်မာလက်နက်ကိုင်တပ်ဖွဲ့များသည် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ် လုံခြုံရေးကို အကာအကွယ်မပေးနိုင်သည်သာမက လူသားလုံခြုံရေးကို ဦးဆောင် ချိုးဖောက် နေသည့် အဓိကဇာတ်ကောင်တကောင်အဖြစ်သာ ပြည်သူလူထုနှင့် နိုင်ငံတကာ၏ ရှုမြင်ခြင်းကို ခံနေရပေ သည်။

ထို့ပြင် နိုင်ငံရေးဆိုင်ရာ လုံခြုံမှုနှင့် ရပ်ရွာလူမှုအသိုင်း အဝိုင်းလုံခြုံရေးကို အာမခံချက်မပေးနိုင်သည့်အတွက် နိုင်ငံတွင်းရှိ မတူကွဲပြားသော အုပ်စုများကြား စည်းလုံးညီညွတ်ရေး ပြိုကွဲခြင်း၊ လူတဦးချင်းစီ၏ ပုဂ္ဂလိက လုံခြုံရေးကို အာမခံချက် မပေးနိုင်သည့်အတွက် အုပ်ချုပ်သူ အစိုးရအပေါ်တွင် ပြည်သူလူထုမှ အယုံအကြည် ကင်းမဲ့ခြင်း၊ စားနပ်ရိက္ခာလုံခြုံရေးနှင့် ကျန်းမာရေးဆိုင်ရာ လုံခြုံရေးကို အာမခံချက် မပေးနိုင်သည့်အတွက် တမျိုးသားလုံး၏ ကျန်းမာကြံ့ခိုင်ရေးကို ထိပါးခြင်း၊ စီးပွါးရေးဆိုင်ရာ လုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင် လုံခြုံရေးကို အာမခံချက်မပေးနိုင်သည့်အတွက် လူ့အရင်းအမြစ်နှင့် နိုင်ငံပိုင် သဘာဝသယံဇာတ အရင်းအမြစ်များ ဆုံးရှုံးနေရခြင်း အစရှိသည်တို့ကြောင့် “တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်” ဆိုသူများ၏ အမျိုးသားလုံခြုံရေးကို ဖော်ဆောင်နိုင်စွမ်းမှာလည်း မေးခွန်းထုတ်စရာဖြစ်လာပေသည်။

လူသားလုံခြုံရေးဟူသော အယူအဆနှင့် အသုံးအနှုန်းကို (၁၉၉၀) ပြည့်လွန်နှစ်များတွင် နိုင်ငံတော် ဗဟိုပြု တိမ်းညွှတ်မှုမှသည် လူ့အဖွဲ့အစည်းအတွင်းရှိ လူတဦးချင်းစီအား အကာအကွယ်ပေးရေးနှင့် ၎င်းတို့၏ တိုးတက်မှုဆီသို့ ရှေ့ရှုသော တွေးခေါ်ရှင်များက စတင် အသုံးပြုခဲ့ကြသည်။ လူသားလုံခြုံရေးဆိုင်ရာ အယူအဆသည် အစဉ်အလာ လုံခြုံရေးအယူအဆများအတွက် စိန်ခေါ်မှုတခုအဖြစ် ပေါ်ပေါက်ခဲ့သာ်လည်း သမားရိုးကျလုံခြုံရေး (ဝါ) နိုင်ငံတော် (သို့) အမျိုးသားလုံခြုံရေးအယူအဆနှင့် သီးခြားဖြစ်တည်သော သဘောတရားတရပ်မဟုတ်ဘဲ လူသားလုံခြုံရေးမရှိလျှင် နိုင်ငံတော် (သို့) အမျိုးသားလုံခြုံရေး မရှိနိုင် သကဲ့သို့ အပြန်အလှန်အားဖြင့် နိုင်ငံတော် (သို့) အမျိုးသားလုံခြုံရေးမရှိလျှင်လည်း လူသားလုံခြုံရေး မရှိနိုင်ဟု ဆိုရပေမည်။

အထက်ပါ အယူအဆများကို အခြေခံ၍ ရခိုင်အမျိုးသားအဆင့်မူဝါဒရေးရာ ညှိနှိုင်းရေးဆွဲရေးအဖွဲ့ (ANPCC) ၏ “လူသားလုံခြုံရေး အခြေခံမူများနှင့် အကြံပြုချက်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ကို ၂၀၂၂ ခုနှစ်၊ သြဂတ်လ (၁၉) ရက်နေ့မှ (၂၁) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး၊ ထိုဆွေးနွေးပွဲမှ ဆုံးဖြတ် အတည်ပြုချက် များအား စနစ်တကျ စုစည်း၍ ဤ“ရခိုင်ပြည်သစ် (သို့) အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာတွင် အခြေခံရမည့် လူသားလုံခြုံရေးဆိုင်ရာ အခြေခံမူနှင့် အကြံပြုချက်များ” စာတမ်းအား ထုတ်ဝေထားခြင်း ဖြစ်ပေသည်။ ဤဆွေးနွေးပွဲတွင် ထည့်သွင်း စဉ်းစားသင့်သည့် အကြောင်းအရာများအား ANPCC ၏ အဖွဲ့ဝင် အဖွဲ့အစည်းတခု ဖြစ်သော “ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC)” ၏ “ရခိုင်ပြည်တွင်း လူသားလုံခြုံရေးကဏ္ဍကို လေ့လာဆန်းစစ်ခြင်း” အစီရင်ခံစာမှ တွေ့ဆုံ မေးမြန်းမှုများနှင့် အုပ်စုဖွဲ့ ဆွေးနွေးပွဲများမှ ထွက်ပေါ်လာ သည့် တွေ့ရှိချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက်များထဲမှ ကောက်နှုတ် ထားခြင်းဖြစ်ပါသည်။ အဆိုပါ အစီရင်ခံစာ ဖြစ်မြောက်ရေးအတွက် တွေ့ဆုံမေးမြန်းရာတွင် တော်လှန်ရေး အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်း ခေါင်းဆောင်များ၊ စီးပွါးရေးလုပ်ငန်းရှင်များ၊ လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်ခံရ သူများနှင့် လူမှုအသိုင်းအဝိုင်းတွင်း အကြမ်းဖက်မှု/ပဋိပက္ခ (Communal Violence) ၏ ရိုက်ခတ်မှုကို ခံစားရသည့် နှစ်ဖက်အသိုင်းအဝိုင်းတို့ ပါဝင်ပြီး ကဏ္ဍတိုင်း အတွက် “အကျိုးသက်ရောက်မှုကို ခံစားရသူ မည်သူ့ကိုမှ ချန်လှပ်မထားဆိုသောမူ”ဖြင့် သဘောထား အမြင်များအား စုစည်းထားခြင်းဖြစ်သည်ကို တွေ့ရပါသည်။ တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ရာတွင် နိုင်ငံရေးဆိုင်ရာ လုံခြုံရေးအတွက် လူဦးရေ (၂၈) ဦး၊ ပုဂ္ဂလိက လုံခြုံရေးတွင် လူဦးရေ (၉) ဦး၊ လူမှုပတ်ဝန်းကျင်လုံခြုံရေးတွင် လူဦးရေ (၃၄) ဦး၊ အစားအစာ လုံခြုံရေးတွင် (၃) ဦး၊ ကျန်းမာရေး လုံခြုံရေးတွင် (၁၃) ဦး၊ စီးပွါးရေး လုံခြုံရေးတွင် (၁၁) ဦးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုံခြုံရေးတွင် (၆) ဦးတို့ကို မေးမြန်းထားသည်ကို တွေ့ရပါသည်။

ထိုအစီရင်ခံစာပါ တွေ့ရှိချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက်များအပြင် “လူသားလုံခြုံရေး အခြေခံမူများနှင့် အကြံပြုချက်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” သို့ တက်ရောက်လာသူများ၏ တင်ပြချက်များကို အခြေခံလျက် ရခိုင်တော်လှန်ရေး ပါတီ (၂) ဖွဲ့ (ALP/ALA, ANC/AA)၊ ရခိုင်နိုင်ငံရေးပါတီ (၃) ဖွဲ့ (ANP, ALD, AFP)၊ ဌာနေတိုင်းရင်းသား နိုင်ငံရေးပါတီ (၃) ဖွဲ့ (KNDP, DNDP, KNDP)၊ အရပ်ဘက်အဖွဲ့အစည်းများမှ တရားဝင် ကိုယ်စားလှယ် (၁၈) ဦးနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ် (၃) ဦး၊ စုစုပေါင်း (၃၂) ဦးတို့က ရခိုင်ပြည်တွင်း လူသားလူခြုံရေးနှင့် ပတ်သက်သော အကြောင်းအရာပေါင်းစုံကို အကျယ်တဝင့် ဆွေးနွေးသုံးသပ်ခဲ့ကြပြီး ပိုမိုပြည့်စုံသော၊ ကျစ်လျစ် ခိုင်မာသော မူများကို စုစည်းထားခြင်းဖြစ်ပါသည်။

ရခိုင်အမျိုးသားအဆင့်မူဝါဒရေးရာ ညှိနှိုင်းရေးဆွဲရေးအဖွဲ့ (ANPCC) အနေဖြင့် ဤ“ရခိုင်ပြည်သစ် (သို့) အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာတွင် အခြေခံရမည့် လူသားလုံခြုံရေးဆိုင်ရာ အခြေခံမူနှင့် အကြံပြုချက်များ” အား "ရခိုင်ပြည်သစ် တည်ဆောက်ရာတွင် ဖြစ်စေ၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ရှိရေး တို့ကို အာမခံသည့် အနာဂတ် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာတွင် ဖြစ်စေ၊ ကြားကာလတွင် ဖြစ်စေ မည်သူမဆို လွယ်လင့်တကူကိုးကား အသုံးပြုနိုင်စေရန်" ဆန္ဒမွန်ဖြင့် ဖြန့်ဝေအပ်ပါသည်။

ရခိုင်အမျိုးသားအဆင့်မူဝါဒရေးရာ ညှိနှိုင်းရေးဆွဲရေးအဖွဲ့ (ANPCC)

PDF ဖိုင်ဖြင့် ရယူရန်

https://docdro.id/cbuLZO9

Photos from Arakan National Council-ANC's post 26/08/2022

သတင်းထုတ်ပြန်ချက်

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၂၆) ရက်။

ရခိုင်အမျိုးသားအဆင့်မူဝါဒရေးရာ ညှိနှိုင်းရေးဆွဲရေးအဖွဲ့ (ANPCC) ၏ “လူသားလုံခြုံရေး အခြေခံမူများနှင့် အကြံပြုချက်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” တရပ်ကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၁၉) ရက်နေ့မှ (၂၁) ရက်နေ့ထိ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲကို ANPCC အဖွဲ့ဝင်များကို ကိုယ်စားပြုသော ရခိုင်တော်လှန်ရေး ပါတီ (၂) ဖွဲ့ (ALP/ALA, ANC/AA)၊ ရခိုင်နိုင်ငံရေးပါတီ (၃) ဖွဲ့ (ANP, ALD, AFP)၊ ဌာနေတိုင်းရင်းသား နိုင်ငံရေးပါတီ (၃) ဖွဲ့ (KNDP, DNDP, KNDP)၊ အရပ်ဘက်အဖွဲ့အစည်းများမှ တရားဝင် ကိုယ်စားလှယ် (၁၈) ဦးနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ် (၃) ဦး၊ စုစုပေါင်း (၃၂) ဦးတို့က တက်ရောက်ခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် လူသားလုံခြုံရေးဆိုင်ရာကဏ္ဍ (၇) ရပ်ဖြစ်သော နိုင်ငံရေးဆိုင်ရာ လုံခြုံရေး၊ ပုဂ္ဂလိက လုံခြုံရေး၊ ရပ်ရွာလူမှုအသိုင်းအဝိုင်း လုံခြုံရေး၊ စားနပ်ရိက္ခာ လုံခြုံရေး၊ ကျန်းမာရေးဆိုင်ရာ လုံခြုံရေး၊ စီးပွါးရေးဆိုင်ရာ လုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုံခြုံရေးအခြေခံမူများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲခေါင်းစဉ်ခွဲများထဲတွင် မြန်မာ စစ်တပ်နှင့် ရခိုင်တော်လှန်ရေးပါတီများအကြား အပြန်အလှန် ဖမ်းဆီးမှု၊ ရခိုင်တော်လှန်ရေးပါတီ တခုနှင့်တခုအကြား ညီညွတ်ရေး တည်ဆောက်ရန် အရေးတကြီး လိုအပ်မှု၊ လူငယ်၊ အမျိုးသမီး၊ လယ်သမား၊ အလုပ်သမား၊ ဌာနေတိုင်းရင်းသား၊ စစ်ဘေးရှောင်၊ နိုင်ငံသား/တိုင်းရင်းသားအဖြစ် သတ်မှတ်ခြင်းမခံရသေးသည့် မူဆလင်ဒုက္ခသည်၊ မသန်စွမ်းများအတွက် အခွင့်အရေးနှင့် အခွင့်အလမ်းများ ဖန်တီးရန်လိုအပ်မှု၊ ရခိုင်ပြည်အနှံ့ လက်ရှိဖြစ်ပွါးနေသော ရာဇဝတ်မှုနှင့် မူးယစ်ဆေးဝါးပြဿနာများ စသည်ဖြင့် အကြောင်းအရာပေါင်းစုံပါဝင်ပြီး ရှုထောင့်စုံမှ ပါဝင်သုံးသပ် ဆွေးနွေးခဲ့ကြပါသည်။

ဥပမာအားဖြင့် အမျိုးသမီးအရေးနှင့်ပတ်သက်၍ အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ထိပါးနှောင့်ယှက်မှု၊ မိခင်နှင့်ကလေး ကျန်းမာရေး ကူညီစောင့်ရှောက်မှု အစရှိသော ပြဿနာများ၊ ဌာနေတိုင်းရင်းသားရေးရာတွင် လူမျိုးစုအလိုက် စာပေ၊ ယဉ်ကျေးမှု ဖော်ထုတ်ရေး၊ နစ်နာဆုံးရှုံးမှုများအား ပြန်လည်ကုစားပေးရေး၊ မူလနေရပ်တွင် ပြန်လည်အခြေချ နေထိုင်နိုင်ရေး၊ နိုင်ငံရေးအရ ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရေး အစရှိသော ပြဿနာများအား ဖြေရှင်းရာတွင် အချိန်ကာလမရွေး အဖွဲ့အစည်းတိုင်း လိုက်နာ ကျင့်သုံးသင့်သည့် အခြေခံမူများအား ချမှတ်ခဲ့ကြပါသည်။

“လူသားလုံခြုံရေး အခြေခံမူများနှင့် အကြံပြုချက်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” တက်ရောက်လာသည့် ကိုယ်စားလှယ်များ၏ ဆွေးနွေးဆုံးဖြတ်ချက်အရအတည်ပြုလိုက်သော “ရခိုင်ပြည်သစ် (သို့) အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာတွင် အခြေခံရမည့် လူသားလုံခြုံရေးဆိုင်ရာ အခြေခံမူနှင့် အကြံပြုချက်များ” အား ပူးတွဲပါအတိုင်း ထုတ်ပြန်အပ်ပါသည်။

ရခိုင်အမျိုးသားအဆင့်မူဝါဒရေးရာ ညှိနှိုင်းရေးဆွဲရေးအဖွဲ့ (ANPCC)

ဆက်သွယ်ရန်

၁။ ဦးခင်မောင်ထွန်း
ညှိနှိုင်းရေးမှူး၊ ANPCC
ဖုန်း - +၉၅ (၀) ၉ ၂၆၃ ၄၅၃ ၅၄၀

၂။ ဒေါ်မညိုအေး
မူဝါဒရေးရာပဲ့ကိုင်ကော်မတီ၊ ANPCC
ဖုန်း - +၉၅ (၀) ၉ ၂၅၁ ၀၀၀ ၁၁၄

၃။ ဦးထွန်းလွင်
ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)
ဖုန်း - +၉၅ (၀) ၉ ၄၂၁ ၇၂၉ ၂၇၇

သတင်းထုတ်ပြန်ချက်ကို PDF ဖိုင်ဖြင့် ရယူရန်
https://docdro.id/dnK1IfX

ရခိုင်ပြည်သစ် (သို့) အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာတွင် အခြေခံရမည့် လူသားလုံခြုံရေးဆိုင်ရာ အခြေခံမူနှင့် အကြံပြုချက်များကို PDF ဖိုင်ဖြင့် ရယူရန်
https://docdro.id/cbuLZO9

17/02/2022

[Zawgyi]
ေႏြဦးေတာ္လွန္ေရးအေပၚ ANC/AA ၏ သေဘာထားအား ဗိုလ္မွဴးႀကီး မင္းထြန္းႏွင့္ Development Media Group (DMG) အင္တာဗ်ဴး
**********************
DMG : မေန႔က ANC/AA နဲ႔တျခားမဟာမိတ္ေတြ ပူးေပါင္းၿပီးေတာ့ စစ္ေကာင္စီ တပ္စခန္းတခုကို သိမ္းပိုက္လိုက္တယ္လို႔ သိရလို႔ အေျခအေနေလးကို ရွင္းျပေပးပါ။
ဗိုလ္မွဴးႀကီး မင္းထြန္း : က်ေနာ္တို႔ မဟာမိတ္တပ္ေတြ သိမ္းခဲ့တဲ့ စခန္းက ကရင္ျပည္၊ ျမဝတီၿမိဳ႕ ဖလူးေက်းရြာရဲ႕ ဘုရားကုန္းမွာရွိတဲ့ ရန္သူ ယာယီလက္နက္ႀကီးစခန္းလို႔ ေျပာလို႔ရတဲ့ အဲဒီစခန္းကို သိမ္းပိုက္ခဲ့တာျဖစ္ပါတယ္။ အဲဒီစခန္းမွာ စစ္ေကာင္စီနဲ႔ BGF အင္အား ၅၀ ၆၀ ဝန္းက်င္ေလာက္နဲ႔ လက္နက္ႀကီးစခန္းမ်ိဳးလုပ္ထားတယ္။ အဲ့စခန္းကေန ပတ္ဝန္းက်င္အနီးအနားက တိုက္ပြဲျဖစ္တဲ့ေနရာေတြကို ပစ္ကူေပးဖို႔လုပ္ထားတဲ့ အဲဒီစခန္းကိ္ု သိမ္းပိုက္ခဲ့တာ ျဖစ္ပါတယ္။
DMG : လက္ရွိအေျခအေနမွာ ေျမျပင္တိုက္ပြဲအေျခအေနက ဘယ္လိုရိွပါသလဲ။
ဗိုလ္မွဴးႀကီး မင္းထြန္း : က်ေနာ္တို႔ ေျပာက္က်ားလႈပ္ရွားၿပီး လွ်ပ္တျပတ္ ထိုးစစ္ဆင္ၿပီးေတာ့ စခန္းသိမ္းတဲ့ သေဘာျဖစ္တယ္။ စခန္းမွာလည္း က်ေနာ္တို႔က သူတို႔ရဲ႕ အင္အားအရ ၾကာရွည္ အခ်ိန္ဆြဲၿပီး ေနဖို႔မရဘူး။ အျမန္သိမ္း အျမန္ဆုတ္တဲ့ သေဘာျဖစ္တယ္။ ၿပီးေတာ့ ကိုယ့္ေနရာျပန္ယူၿပီးေတာ့ သူတို႔ဆီက ထပ္လာမယ့္ ထိုးစစ္ ဘယ္လိုပံုစံမ်ိဳးနဲ႔ လုပ္လာမယ္ဆိုတာကို အသင့္အေနအထားနဲ႔ ေစာင့္ေနတာမ်ိဳး ရိွပါတယ္။
DMG : လက္ရိွ ေႏြဦးေတာ္လွန္ေရးမွာ ANC/AA အေနနဲ႔ တျခားလက္နက္ကိုင္ေတြနဲ႔ ဘယ္လိုမ်ိဳး ပူးေပါင္း ေဆာင္ရြက္သြားဖို႔ရိွပါလဲ။ လက္ရိွ ဘယ္လိုေဆာင္ရြက္ေနပါလဲ။
ဗိုလ္မွဴးႀကီး မင္းထြန္း : ေႏြဦးေတာ္လွန္ေရးဆိုတာကို တျခားရခိုင္လူမ်ိဳးေတြ ရႈျမင္သံုးသပ္ၾကတာနဲ႔ က်ေနာ္တို႔ ရႈျမင္ သံုးသပ္ပံု မတူပါဘူး။ တခ်ိဳ႕ေသာ ရခိုင္ေတြက အခုတိုက္ပြဲလုပ္ရင္ ေႏြဦးေတာ္လွန္ေရးမွာ ပူးေပါင္းပါဝင္တာျဖစ္တယ္။ NUG ေနာက္ကို လိုုက္တာ ျဖစ္တယ္၊ NLD ကို ေထာက္ခံတာ ျဖစ္တယ္ ဆိုၿပီးေတာ့မွ ျမင္တယ္။ က်ေနာ္တို႔ ရခိုင္ျပည္တပ္မေတာ္/ ရခိုင္ျပည္အမ်ိဳးသားေကာင္စီ (ANC/AA) ကေတာ့ ဒီလိုမ်ိဳး မျမင္ဘူး။ က်ေနာ္တို႔ ပင္မေရစီးျဖစ္တဲ့ အမ်ိဳးသားတန္းတူေရးနဲ႔ ကိုယ့္ကံၾကမၼာ ကို္ယ္ဖန္တီးခြင့္ ရရိွေရး တိုက္ပြဲက သမိုင္းတေလ်ာက္လံုးမွာ ရိွေနၿပီး က်ေနာ္တို႔က ကိုယ့္အလုပ္ကို လုပ္ေနၾကတာျဖစ္တယ္။ ေႏြဦးေတာ္လွန္ေရးက မေန႔ကမွ ေပၚေပါက္လာတာျဖစ္တယ္။ က်ေနာ္တို႔ ကိုယ့္ေနရာ ကိုယ့္ေဒသမွာ ေနထိုင္ၿပီးေတာ့ တိုက္ပြဲဝင္ေနၾကတဲ့ တိုင္းရင္းသား အင္အားစုေတြကို ဗမာဒီမိုကေရစီ အင္အားစုေတြက လာေရာက္ပူးေပါင္းလာတာလို႔ပဲ က်ေနာ္တို႔ ျမင္ပါတယ္။ ေမးခြန္းအရ ျပန္ေျဖရမယ္ဆိုရင္ေတာ့ ကီးမကိုက္ဘူး ျဖစ္ပါလိမ့္မယ္ ထင္ပါတယ္။ က်ေနာ္တို႔က ေႏြဦးေတာ္လွန္ေရးမွာ ပူးေပါင္းပါဝင္ လႈပ္႐ွားေနတာ မဟုတ္ဘူး။ က်ေနာ္တို႔ လုပ္သင့္ လုပ္ထိုက္တာကို လုပ္ေနတာ ျဖစ္တယ္။ က်ေနာ္တို႔လုပ္တဲ့ အလုပ္မွာ ေႏြဦးေတာ္လွန္ေရးက ဒီမိုကေရစီ အင္အားစုေတြ ပူးေပါင္းပါဝင္လာတာ ျဖစ္ပါတယ္။

[Unicode]
နွေဦးတော်လှန်ရေးအပေါ် ANC/AA ၏ သဘောထားအား ဗိုလ်မှူးကြီး မင်းထွန်းနှင့် Development Media Group (DMG) အင်တာဗျူး
**********************
DMG : မနေ့က ANC/AA နဲ့တခြားမဟာမိတ်တွေ ပူးပေါင်းပြီးတော့ စစ်ကောင်စီ တပ်စခန်းတခုကို သိမ်းပိုက်လိုက်တယ်လို့ သိရလို့ အခြေအနေလေးကို ရှင်းပြပေးပါ။
ဗိုလ်မှူးကြီး မင်းထွန်း : ကျနော်တို့ မဟာမိတ်တပ်တွေ သိမ်းခဲ့တဲ့ စခန်းက ကရင်ပြည်၊ မြဝတီမြို့ ဖလူးကျေးရွာရဲ့ ဘုရားကုန်းမှာရှိတဲ့ ရန်သူ ယာယီလက်နက်ကြီးစခန်းလို့ ပြောလို့ရတဲ့ အဲဒီစခန်းကို သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီစခန်းမှာ စစ်ကောင်စီနဲ့ BGF အင်အား ၅၀ ၆၀ ဝန်းကျင်လောက်နဲ့ လက်နက်ကြီးစခန်းမျိုးလုပ်ထားတယ်။ အဲ့စခန်းကနေ ပတ်ဝန်းကျင်အနီးအနားက တိုက်ပွဲဖြစ်တဲ့နေရာတွေကို ပစ်ကူပေးဖို့လုပ်ထားတဲ့ အဲဒီစခန်းကို သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
DMG : လက်ရှိအခြေအနေမှာ မြေပြင်တိုက်ပွဲအခြေအနေက ဘယ်လိုရှိပါသလဲ။
ဗိုလ်မှူးကြီး မင်းထွန်း : ကျနော်တို့ ပြောက်ကျားလှုပ်ရှားပြီး လျှပ်တပြတ် ထိုးစစ်ဆင်ပြီးတော့ စခန်းသိမ်းတဲ့ သဘောဖြစ်တယ်။ စခန်းမှာလည်း ကျနော်တို့က သူတို့ရဲ့ အင်အားအရ ကြာရှည် အချိန်ဆွဲပြီး နေဖို့မရဘူး။ အမြန်သိမ်း အမြန်ဆုတ်တဲ့ သဘောဖြစ်တယ်။ ပြီးတော့ ကိုယ့်နေရာပြန်ယူပြီးတော့ သူတို့ဆီက ထပ်လာမယ့် ထိုးစစ် ဘယ်လိုပုံစံမျိုးနဲ့ လုပ်လာမယ်ဆိုတာကို အသင့်အနေအထားနဲ့ စောင့်နေတာမျိုး ရှိပါတယ်။
DMG : လက်ရှိ နွေဦးတော်လှန်ရေးမှာ ANC/AA အနေနဲ့ တခြားလက်နက်ကိုင်တွေနဲ့ ဘယ်လိုမျိုး ပူးပေါင်း ဆောင်ရွက်သွားဖို့ရှိပါလဲ။ လက်ရှိ ဘယ်လိုဆောင်ရွက်နေပါလဲ။
ဗိုလ်မှူးကြီး မင်းထွန်း : နွေဦးတော်လှန်ရေးဆိုတာကို တခြားရခိုင်လူမျိုးတွေ ရှုမြင်သုံးသပ်ကြတာနဲ့ ကျနော်တို့ ရှုမြင် သုံးသပ်ပုံ မတူပါဘူး။ တချို့သော ရခိုင်တွေက အခုတိုက်ပွဲလုပ်ရင် နွေဦးတော်လှန်ရေးမှာ ပူးပေါင်းပါဝင်တာဖြစ်တယ်။ NUG နောက်ကို လိုက်တာ ဖြစ်တယ်၊ NLD ကို ထောက်ခံတာ ဖြစ်တယ် ဆိုပြီးတော့မှ မြင်တယ်။ ကျနော်တို့ ရခိုင်ပြည်တပ်မတော်/ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC/AA) ကတော့ ဒီလိုမျိုး မမြင်ဘူး။ ကျနော်တို့ ပင်မရေစီးဖြစ်တဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် ရရှိရေး တိုက်ပွဲက သမိုင်းတလျောက်လုံးမှာ ရှိနေပြီး ကျနော်တို့က ကိုယ့်အလုပ်ကို လုပ်နေကြတာဖြစ်တယ်။ နွေဦးတော်လှန်ရေးက မနေ့ကမှ ပေါ်ပေါက်လာတာဖြစ်တယ်။ ကျနော်တို့ ကိုယ့်နေရာ ကိုယ့်ဒေသမှာ နေထိုင်ပြီးတော့ တိုက်ပွဲဝင်နေကြတဲ့ တိုင်းရင်းသား အင်အားစုတွေကို ဗမာဒီမိုကရေစီ အင်အားစုတွေက လာရောက်ပူးပေါင်းလာတာလို့ပဲ ကျနော်တို့ မြင်ပါတယ်။ မေးခွန်းအရ ပြန်ဖြေရမယ်ဆိုရင်တော့ ကီးမကိုက်ဘူး ဖြစ်ပါလိမ့်မယ် ထင်ပါတယ်။ ကျနော်တို့က နွေဦးတော်လှန်ရေးမှာ ပူးပေါင်းပါဝင် လှုပ်ရှားနေတာ မဟုတ်ဘူး။ ကျနော်တို့ လုပ်သင့် လုပ်ထိုက်တာကို လုပ်နေတာ ဖြစ်တယ်။ ကျနော်တို့လုပ်တဲ့ အလုပ်မှာ နွေဦးတော်လှန်ရေးက ဒီမိုကရေစီ အင်အားစုတွေ ပူးပေါင်းပါဝင်လာတာ ဖြစ်ပါတယ်။

17/02/2022

[Zawgyi]
ရခိုင္ျပည္တပ္မေတာ္ (ANC/AA) ႏွင့္ မဟာမိတ္တပ္မ်ားပူးတြဲၿပီး စစ္ေကာင္စီလက္နက္ႀကီးစခန္းအားသိမ္းပိုက္
ေဖေဖာ္ဝါရီ (၁၇) ရက္၊ (၂၀၂၂) ခုႏွစ္။
(၂၀၂၂) ခုႏွစ္၊ ေဖေဖာ္ဝါရီ (၁၆) ရက္ေန႔ ညေန (၄) နာရီ (၄၀) မိနစ္တြင္ ကရင္ျပည္၊ ျမဝတီၿမိဳ႕နယ္၊ ဖလူးႀကီးေက်း႐ြာအျပင္ဖက္ ကိုက္ (၁၅၀၀) အကြာ၊ ဘုရားကုန္း႐ွိ အာဏာသိမ္းစစ္ေကာင္စီတပ္ႏွင့္ နယ္ျခားေစာင့္ (BGF) တပ္မ်ားစခန္းခ်ထားေသာ ယာယီလက္နက္ႀကီး ပစ္ကူစခန္းအား ရခိုင္ျပည္တပ္မေတာ္ (ANC/AA)၊ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ (KNU/KNLA) တပ္ရင္း (၂၇) တပ္ခဲြ (၂) ႏွင့္ PDF တပ္ဖြဲ႔မ်ား ပူးေပါင္း၍ သိမ္းပိုက္ခဲ့သည္။
စစ္ေကာင္စီတပ္မွလက္နက္ႀကီးမ်ားျဖင့္လည္းေကာင္း၊ မြန္းလဲြ (၂) နာရီ (၄၃) မိနစ္မွ (၅၁) မိနစ္အထိ ေလယာဥ္ (၂) စီးျဖင့္လည္းေကာင္း ပစ္ကူေပးခဲ့ၿပီး ျမဝတီ BGF မွလည္း စစ္ကား (၁၂) စီးျဖင့္ အင္အားျဖည့္တင္းလာသည့္အတြက္ (၇) နာရီ (၃၀) မိနစ္ခန္႔တြင္ စနစ္တက်ခြာစစ္ဆင္၍ တိုက္ပြဲေနရာမွ ေအာင္ျမင္စြာဆုတ္ခြါခဲ့ၾကသည္။
တိုက္ပြဲအတြင္း စစ္ေကာင္စီတပ္မွ (၈၁) မမ စိန္ေျပာင္း (၁) လက္၊ (၆၀) မမ စိန္​ေျပာင္း (၁) လက္၊ RPG (၂) လက္၊ စက္လတ္ (၁) လက္၊ လက္နက္ငယ္ (၁) လက္၊ ဆက္သြယ္ေရးစက္ (၁) လံုးအပါအဝင္ ​ေက်ာပိုးအိတ္အလံုး (၂၀) ခန္႔ႏွင့္ အရာရွိအသုံးျပဳသည့္ ဖုန္းမ်ားအား သိမ္းဆည္းရမိၿပီး ထိခိုက္က်ဆံုးသည့္ စစ္ေကာင္စီတပ္သားအမ်ားအျပား႐ွိသည္ဟု မ်က္ျမင္ေဒသခံမ်ားမွ သတင္းေပးပို႔သည္။
ဖလူးေက်း႐ြာႏွင့္ ေလးကီးေကာ္ၿမိဳ႕နယ္အနီးတဝိုက္တြင္ ေဖေဖာ္ဝါရီလ (၁၄) ရက္ေန႔မွစတင္၍ တိုက္ပြဲမ်ားႀကိဳၾကားႀကိဳၾကားျဖစ္ပြားခဲ့ၿပီး အင္အားတိုးခ်ဲ့လာေသာ စစ္ေကာင္စီတပ္မ်ားအား မဟာမိတ္တပ္ဖြဲ႔မ်ား ပူးေပါင္း၍ ေျပာက္က်ားနည္းဗ်ဴဟာျဖင့္ ဝိုင္းရံပိတ္ဆို႔ၿပီး အမွည့္ေႁခြ႔ေခ်မႈန္းလ်က္႐ွိသည္။
ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးဌာန
ရခိုင္ျပည္တပ္မေတာ္ (ANC/AA)

[Unicode]
ရခိုင်ပြည်တပ်မတော် (ANC/AA) နှင့် မဟာမိတ်တပ်များပူးတွဲပြီး စစ်ကောင်စီလက်နက်ကြီးစခန်းအားသိမ်းပိုက်
ဖေဖော်ဝါရီ (၁၇) ရက်၊ (၂၀၂၂) ခုနှစ်။
(၂၀၂၂) ခုနှစ်၊ ဖေဖော်ဝါရီ (၁၆) ရက်နေ့ ညနေ (၄) နာရီ (၄၀) မိနစ်တွင် ကရင်ပြည်၊ မြဝတီမြို့နယ်၊ ဖလူးကြီးကျေးရွာအပြင်ဖက် ကိုက် (၁၅၀၀) အကွာ၊ ဘုရားကုန်းရှိ အာဏာသိမ်းစစ်ကောင်စီတပ်နှင့် နယ်ခြားစောင့် (BGF) တပ်များစခန်းချထားသော ယာယီလက်နက်ကြီး ပစ်ကူစခန်းအား ရခိုင်ပြည်တပ်မတော် (ANC/AA)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) တပ်ရင်း (၂၇) တပ်ခွဲ (၂) နှင့် PDF တပ်ဖွဲ့များ ပူးပေါင်း၍ သိမ်းပိုက်ခဲ့သည်။
စစ်ကောင်စီတပ်မှလက်နက်ကြီးများဖြင့်လည်းကောင်း၊ မွန်းလွဲ (၂) နာရီ (၄၃) မိနစ်မှ (၅၁) မိနစ်အထိ လေယာဉ် (၂) စီးဖြင့်လည်းကောင်း ပစ်ကူပေးခဲ့ပြီး မြဝတီ BGF မှလည်း စစ်ကား (၁၂) စီးဖြင့် အင်အားဖြည့်တင်းလာသည့်အတွက် (၇) နာရီ (၃၀) မိနစ်ခန့်တွင် စနစ်တကျခွာစစ်ဆင်၍ တိုက်ပွဲနေရာမှ အောင်မြင်စွာဆုတ်ခွါခဲ့ကြသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၈၁) မမ စိန်ပြောင်း (၁) လက်၊ (၆၀) မမ စိန်ပြောင်း (၁) လက်၊ RPG (၂) လက်၊ စက်လတ် (၁) လက်၊ လက်နက်ငယ် (၁) လက်၊ ဆက်သွယ်ရေးစက် (၁) လုံးအပါအဝင် ကျောပိုးအိတ်အလုံး (၂၀) ခန့်နှင့် အရာရှိအသုံးပြုသည့် ဖုန်းများအား သိမ်းဆည်းရမိပြီး ထိခိုက်ကျဆုံးသည့် စစ်ကောင်စီတပ်သားအများအပြားရှိသည်ဟု မျက်မြင်ဒေသခံများမှ သတင်းပေးပို့သည်။
ဖလူးကျေးရွာနှင့် လေးကီးကော်မြို့နယ်အနီးတဝိုက်တွင် ဖေဖော်ဝါရီလ (၁၄) ရက်နေ့မှစတင်၍ တိုက်ပွဲများကြိုကြားကြိုကြားဖြစ်ပွားခဲ့ပြီး အင်အားတိုးချဲ့လာသော စစ်ကောင်စီတပ်များအား မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်း၍ ပြောက်ကျားနည်းဗျူဟာဖြင့် ဝိုင်းရံပိတ်ဆို့ပြီး အမှည့်ခြွေ့ချေမှုန်းလျက်ရှိသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန
ရခိုင်ပြည်တပ်မတော် (ANC/AA)

Videos (show all)

နွေဦးတော်လှန်ရေးအပေါ် ANC/AA ၏ သဘောထားအား ဗိုလ်မှူးကြီး မင်းထွန်းနှင့် Development Media Group (DMG) အင်တာဗျူး
ANC/AA နှင့် မဟာမိတ်တပ်များပူးတွဲပြီး  စစ်ကောင်စီလက်နက်ကြီးစခန်းအားသိမ်းပိုက်
ရခိုင္ျပည္အမ်ဳိးသားေကာင္စီ အေထြေထြအတြင္းေရးမွဴး ဦးထြန္းေဇာ္
ရခိုင္ျပည္ အမ်ိဳးသားေကာင္စီရဲ႕ အေထြေထြ အတြင္းေရးမႉးလည္းျဖစ္သူ ဦးထြန္းေဇာ္
ရခိုင္ျပည္အမ်ဳိးသားေကာင္စီ(ANC) အေထြေထြအတြင္းေရးမွဴး ဦးထြန္းေဇာ္
ရခုိင္ျပည္အမ်ဳိးသားေကာင္စီ (ANC) ၏ ဂုဏ္ထူးေဆာင္ နာယကႀကီး ဦးခုိင္စုိး
ရခိုင္ျပည္အမ်ဳိးသားေကာင္စီ (ANC)
၂၁-ရာစုပင္လုံ တတိယအစည္းအေ၀းႏွင့္ ျမန္မာ့ၿငိမ္းခ်မ္းေရးေရွ႕အလားအလာ
Have Your Say- Twan Zaw, Head of Foreign Affair (UNFC) in Karen News on Vimeo
ရခုိင္အမ်ိဳးသားအဆင့္ မူဝါဒေရးရာ ႏွီးေႏွာဖလွယ္ပြဲမွ ထုတ္ျပန္ေၾကညာခ်က္
ရခိုင္ျပည္ အမ်ဳိးသားေကာင္စီ (ANC) အေထြေထြအတြင္းေရးမွဴး ဦးထြန္းေဇာ္
ရခိုင္ျပည္အမ်ဳိးသားေကာင္စီ(ANC)အေထြေထြအတြင္းေရးမွဴး ဦးထြန္းေဇာ္

Website