Rashida, PhD

Rashida, PhD is a Muslim Medical Social Scientist who specializes in developing Islamic worldview-bas

𝐀 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐨𝐜𝐢𝐚𝐥 𝐒𝐜𝐢𝐞𝐧𝐭𝐢𝐬𝐭 𝐰𝐢𝐭𝐡 𝐚𝐧 𝐢𝐧𝐭𝐞𝐫𝐞𝐬𝐭 𝐢𝐧 𝐮𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝𝐢𝐧𝐠 𝐁𝐞𝐡𝐚𝐯𝐢𝐨𝐫𝐚𝐥 𝐝𝐞𝐭𝐞𝐫𝐦𝐢𝐧𝐚𝐧𝐭𝐬 𝐨𝐟 𝐡𝐞𝐚𝐥𝐭𝐡 𝐚𝐧𝐝 𝐝𝐢𝐬𝐞𝐚𝐬𝐞𝐬. 𝐇𝐞𝐫 𝐞𝐱𝐩𝐞𝐫𝐭𝐢𝐬𝐞 𝐢𝐧 𝐐𝐮𝐚𝐥𝐢𝐭𝐚𝐭𝐢𝐯𝐞 𝐫𝐞𝐬𝐞𝐚𝐫𝐜𝐡 𝐜𝐚𝐧 𝐜𝐨𝐧𝐭𝐫𝐢𝐛𝐮𝐭𝐞 𝐭𝐨 𝐡𝐞𝐚𝐥𝐭𝐡 𝐬𝐞𝐫𝐯𝐢𝐜𝐞𝐬 𝐚𝐧𝐝 𝐩𝐨𝐥𝐢𝐜𝐲 𝐫𝐞𝐬𝐞𝐚𝐫𝐜𝐡, 𝐩𝐫𝐨𝐯𝐢𝐝𝐞 𝐯𝐚𝐥𝐮𝐚𝐛𝐥𝐞 𝐢𝐧𝐬𝐢𝐠𝐡𝐭𝐬 𝐢𝐧𝐭𝐨 𝐭𝐡𝐞 𝐰𝐚𝐲𝐬 𝐰𝐞 𝐜𝐨𝐧𝐜𝐞𝐩𝐭𝐮𝐚𝐥𝐢𝐳𝐞 𝐡𝐞𝐚𝐥𝐭𝐡, 𝐢𝐥𝐥𝐧𝐞𝐬𝐬, 𝐩𝐚𝐭𝐢𝐞𝐧𝐭'𝐬 𝐞𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞𝐬, 𝐭𝐡𝐞 𝐝𝐲𝐧𝐚𝐦𝐢𝐜𝐬 𝐨𝐟 𝐢𝐧𝐭𝐞𝐫-𝐩𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐭𝐞𝐚𝐦𝐬 𝐚𝐧𝐝 𝐦𝐚𝐧𝐲 𝐚𝐬𝐩𝐞𝐜𝐭𝐬 𝐨𝐟 𝐜𝐚𝐫𝐞 𝐝𝐞𝐥𝐢𝐯𝐞𝐫𝐲.

𝐇𝐞𝐫 𝐢𝐧𝐭𝐞𝐫𝐞𝐬𝐭 𝐢𝐧 𝐈𝐬𝐥𝐚𝐦𝐢

06/08/2024

❓အလ္လာဟ်(سبحانه وتعالى) က ကျွန်မတို့ လူသားတွေကို ဘာလို့ ဖန်ဆင်းထားတာလဲ။
😇အလ္လာဟ်(سبحانه وتعالى) ကို ခဝပ်ကိုးကွယ်ယုံကြည်ဖို့ပဲ ဖြစ်တယ်။
🧠အဲ့လိုပါပဲ၊ အလ္လာဟ်(سبحانه وتعالى) က ကျွန်မတို့ကို စမ်းသပ်ဖို့ ဖန်ဆင်းထားတာပါဆိုရင်လည်း မမှားပါဘူး။
💪🏼စမ်းသပ်တယ်ဆိုတဲ့နေရာမှာ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်မိဖို့နဲ့ မလုပ်သင့်တာတွေကို ရှောင်ရှားနိုင်ဖို့ကို ဆိုလိုတာဖြစ်ပြီး ဒါတွေကိုလိုက်နာနိုင်ရင် စမ်းသပ်မှုကို အောင်မြင်တာပဲပေါ့။
❌အကယ်၍ ကျွန်မတို့တွေက လုပ်သင့်တာကို မလုပ်မိဘဲ မလုပ်သင့်တာကို လုပ်ခဲ့မိတယ်ဆိုရင်ရော...
😫အဲ့လိုအခြေအနေကြုံတွေ့နေခဲ့ရင်တောင် ကျွန်မတို့တွေက မျှော်လင့်ချက်တွေမဲ့ပြီး လက်မှိုင်မချနေသင့်ပါဘူး။
🛐အလ္လာဟ်(سبحانه وتعالى) ရဲ့ ခွင့်လွှတ်နိုင်မှုအပေါ် ယုံကြည်ချက်ထားပြီး တကယ်ကို နောင်တရ အပြစ်ရှိတဲ့စိတ်နဲ့ သောင်ဗာဟ်လုပ်ပြီး လမ်းကြောင်းမှန်ကို ပြန်တက်နိုင်ဖို့လိုပါတယ်။
🤍ဘာလို့လဲဆိုတော့ အလ္လာဟ်(سبحانه وتعالى) ကိုယ်တိုင် အလ္လာဟ့်(سبحانه وتعالى) နာမတော် တွေကနေ ပြောထားပါတယ်။ အလ္လာဟ်(سبحانه وتعالى) သည် အရ် ရဟ်မာန်း(အနန္တ မဟာကရုဏာတော်ရှင်)၊ အရ် ရဟ်ဟီးမ် (အလွန်တရာ သနားကြင်နာတော်မူသောအရှင်) ဖြစ်နေလို့ပဲ ဖြစ်ပါတယ်။

30/07/2024

ငယ်ရွယ်အောင်မြင်နေတဲ့ အစ္စလာမ့်သမီးပျိုလေး Hijabi မှတစ်ဆင့် Niqabi ဖြစ်တဲ့အထိ တစ်ဆင့်ချင်း Transform ဖြစ်သွားတဲ့ "The Lynx" မှ Founder ညီမလေးရဲ့ Inspired ဖြစ်စေနိုင်တဲ့ Personal story လေးအကြောင်း ဆွေးနွေးဖြစ်ထားခဲ့တဲ့အတွက် မြန်မာနိုင်ငံမှ Hijab ဆောင်းနိုင်ဖို့ အကြောင်းအမျိုးမျိုးကြောင့် Struggle လုပ်နေရသူတွေ၊ Niqab ခြုံဖို့ အားယူနေသူများအတွက် ခွန်အားဖြစ်စေဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

21/07/2024

💼"The Nikkāh Project" page အတွက် Volunteer Content Contributors နှင့် Translators positions များ ထပ်မံခေါ်ယူနေတာမို့ စိတ်ဝင်စားသူများအတွက် အောက်ပါ သက်ဆိုင်ရာ Links များမှ တစ်ဆင့် အသေးစိတ်လေ့လာနိုင်ကြောင်း အသိပေးနှိုးဆော်လိုက်ရပါတယ်။
✍️Volunteer Content Contributor
https://forms.gle/N1SQX6v9zjRbunQD6
✍️,Volunteer Translator
https://forms.gle/6229Ky7LmfQjV7REA
Position ၂ ခု လုံးက Volunteer ဖြစ်တဲ့အတွက် မိမိအသိုက်အဝန်းအတွင်းမှာ ကောင်းမွန်တဲ့ အစ္စလာမ့်အိမ်ထောင်ရေးများ ပေါ််ပေါက်လာဖို့ ရည်ရွယ်သူများအတွက် ပိုမိုသင့်တော်ပါကြောင်းကိုလည်း အသိပေးချင်ပါတယ်။
လျောက်ထားပြီးသူများကိုလည်း Review လုပ်ပြီးချိန်တွင် ပြန်လည် ဆက်သွယ်မည်ဖြစ်ပါကြောင်းနှင့် Positions များနှင့် ပတ်သက်၍ ပိုမိုသိလိုသည်များရှိပါကလည်း Comment box တွင် မေးမြန်းနိုင်ပါတယ်ရှင်။

💼"The Nikkāh Project" page အတွက် Volunteer Content Contributors နှင့် Translators positions များ ထပ်မံခေါ်ယူနေတာမို့ စိတ်ဝင်စားသူများအတွက် အောက်ပါ သက်ဆိုင်ရာ Links များမှ တစ်ဆင့် အသေးစိတ်လေ့လာနိုင်ကြောင်း အသိပေးနှိုးဆော်လိုက်ရပါတယ်။

✍️Volunteer Content Contributor
https://forms.gle/N1SQX6v9zjRbunQD6

✍️,Volunteer Translator
https://forms.gle/6229Ky7LmfQjV7REA

Position ၂ ခု လုံးက Volunteer ဖြစ်တဲ့အတွက် မိမိအသိုက်အဝန်းအတွင်းမှာ ကောင်းမွန်တဲ့ အစ္စလာမ့်အိမ်ထောင်ရေးများ ပေါ််ပေါက်လာဖို့ ရည်ရွယ်သူများအတွက် ပိုမိုသင့်တော်ပါကြောင်းကိုလည်း အသိပေးချင်ပါတယ်။

လျောက်ထားပြီးသူများကိုလည်း Review လုပ်ပြီးချိန်တွင် ပြန်လည် ဆက်သွယ်မည်ဖြစ်ပါကြောင်းနှင့် Positions များနှင့် ပတ်သက်၍ ပိုမိုသိလိုသည်များရှိပါကလည်း Comment box တွင် မေးမြန်းနိုင်ပါတယ်ရှင်။

Photos from Rashida, PhD's post 05/07/2024

ChulaUnisearch မှ "Media and Communication for Transnational Citizens" 12-month certificate course အတွက် New Deadline ကို July 31, 2024 အထိ တိုးထားတဲ့အကြောင်းကို စိတ်ဝင်စားသူများအတွက် မျှဝေပေးချင်ပါတယ်။

🌟ဒီ Program ရဲ့ အားသာချက်ကတော့ Networking events တွေပါဝင်မှာဖြစ်ပြီး Chulalongkorn University ရဲ့ Learning Platform တစ်ခုဖြစ်တဲ့ My Course Ville မှ တစ်ဆင့် Access လုပ်ခွင့်ရမှာဖြစ်ပါတယ်။

🤝🏼နောက်ထပ်အသိပေးချင်တာလေးတစ်ခုကတော့ ဒီ Program မှာ Application နှင့် ပတ်သက်ပြီး သိချင်တာတွေဖြေပေးဖို့ Learner Support Supervisor တွေရှိပါတယ်။

✍🏼Online ကနေ လိုအပ်တဲ့ Form ပဲ ဖြည့်ရုံဖြစ်လို့ ကိုယ်တိုင်ဖြည့်ဖို့ အကြံပြုသလို Services Fees တပြားမှ မယူဘဲ ဖြေပေးနေတဲ့ Learner Support Supervisor များနှင့် Recruiter များကို လိုအပ်သလို ဆက်သွယ်လို့ရကြောင်း အသိပေးချင်ပါတယ်။

💻www.thesharpener.school နှင့် Team မှ Official တင်ထားတဲ့အချက်များမှလွဲ၍ တခြားမှ ရရှိလာသော Information များနှင့် ပတ်သက်၍ အငြင်းပွားစရာ တစ်စုံတစ်ရာ‌‌ပေါ််ပေါက်လာခဲ့ပါက ကျွန်မတို့ Program နှင့် မသက်ဆိုင်ကြောင်း ကြိုတင်အသိပေးအကြောင်းကြားလိုပါတယ်။

📱အသေးစိတ်သိလိုပါက Learner Support Supervisor များဖြစ်တဲ့ ကျွန်မ Dr. Rashida (Phone: 0952363933) နှင့် Dr. Soe Thandar Myint (Line ID:dr_shabnam) ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။

29/06/2024

📢 "Media and Communication for Transnational Citizens" Course ရဲ့ Deadline က June 30, 2024 ဖြစ်တဲ့အတွက် ဒီနေ့ နဲ့ မနက်ဖြန်ဟာဆိုရင်တော့ အရေးကြီးတဲ့အချိန် ရောက်ရှိလာပါပြီရှင်။

💎 Program ရဲ့ Benefits တွေကတော့ Chulalongkorn University ရဲ့Learning Platform တစ်ခုဖြစ်တဲ့ 'My Course Ville' နဲ့ သင်ခန်းစာအကုန်လုံးကို သင်ကြားခွင့်ရမှာဖြစ်သလို Opening Ceremony နဲ့ Onsite Activity ထဲမှ Language Class ကို Chula Unisearch 2nd Floor မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

🪂 Onsite Activity အတွက်ကလည်း Course Fees ထဲပါဝင်ပြီးသားဖြစ်သလို Thai Local Media Workshop နဲ့ Professional Networking Event တွေမှာလည်း Future Career အတွက် Networking opportunity ရနိုင်တာဖြစ်လို့ လက်မလွတ်သင့်တဲ့ အခွင့်အရေးတစ်ခုဖြစ်ပါတယ်။

📋 အားလုံးစိတ်ပူနေကြတဲ့ ဗီဇာကိစ္စအတွက်ကိုလည်း ကျောင်းဘက်မှ လိုအပ်တဲ့စာရွက်တွေကိုလည်း ထုတ်ပေးသွားမှာဖြစ်သလို၊ လွယ်ကူချောမွေ့မှုရှိစေရန် ကျောင်းတွင်းမှ တတ်နိုင်သမျှ Support ပေးသွားမှာဖြစ်ပါတယ်။

Course details နဲ့ Onsite Activities ကို https://www.thesharpener.school/mediaandcommcu မှာ လေ့လာလို့ရပါတယ်။

Apply ဖို့အတွက် မနက်ဖြန်တစ်ရက်သာကျန်တော့တာဖြစ်လို့ စိတ်ဝင်စားတယ်ဆိုရင် DM လုပ်လိုက်ပါနော်။

16/06/2024

ယနေ့ ဇွန်လ ၁၇ ရက် ၂၀၂၄ တွင် ကျရောက်သည့် အီးဒုလ်အဿွ်ဟာ မှ စတင်၍ ပျော်ရွှင်မှုအပေါင်း၊ အေးငြိမ်းမှုအပေါင်းနှင့် ပြည့်စုံပြီး မိသားစု စုံလင်စွာနှင့် ကျန်းမာကြပါစေ၊ အလ္လာဟ့်အေဗာဒဟ်ကို မြောက်မြားစွာပြုလုပ်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ယနေ့အချိန်ထိ စမ်းသပ်မှုများစွာ၊ စစ်ပွဲများစွာနှင့် ရင်ဆိုင်ကြုံတွေ့နေကြသည့် ကမ္ဘာ့အရပ်ရပ်မှ အီမာန်ရှင်အားလုံး အမြန်ဆုံး စစ်မှန်သည့် လွတ်မြောက်မှုနှင့်အတူ ပျော်ရွှင်မှု၊ အေးချမ်းမှုများ ရရှိကြပါစေ။ အာမီန်း။

14/06/2024

“Media and Communication for Transnational Citizens” course က ဘာလဲ။ ဘယ်လို Modules တွေပါဝင်တာလဲ။ ဘယ်သူတွေအတွက် သင့်တော်တာလဲဆိုတာနှင့် Application နှင့် ဆက်စပ်နေတဲ့ မေးခွန်းများ ပါဝင်နေတဲ့အတွက် Program ကို စိတ်ဝင်စားသူများ Video ကိုကြည့်ရှုပေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ်ရှင်။

🤝Application Process က Online ဖြစ်တဲ့အတွက် ကျောင်းသားကိုယ်တိုင်လျောက်ရန်လွယ်ကူပြီး ဒီ Program ရဲ့ Learner Support Supervisors ဖြစ်တဲ့ Dr. Rashida နှင့် Dr. Soe တို့မှ အခမဲ့ အကြံဉာဏ်ပေးဆွေးနွေးသွားမှာဖြစ်လို့ Program အကြောင်း အသေးစိတ်စုံစမ်းလိုပါက ကျွန်မတို့ Line Group သို့မဟုတ် Telegram Channel မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

Line: https://line.me/R/ti/g/Me4iVZn3wI
Telegram: https://t.me/+PNAbW0hqfGw0N2Fk
Learner Support Supervisors📱: +66 0952363933, +66 0643423872

🏫Online Course ဖြစ်ပေမဲ့ လူကိုယ်တိုင်အသေးစိတ်စုံစမ်းလိုပါက Faculty of Communication Arts, Chulalongkorn University တွင် အပတ်စဉ် ကြာသပတေးနေ့ မနက် ၉ နာရီမှ ညနေ ၄ နာရီအတွင်း ကျွန်မတို့ Learner Support Supervisors များနှင့် လာရောက်ဆွေးနွေးနိုင်ပါတယ်ရှင်။

14/06/2024

📢 ChulaUnisearch နှင့် The Sharpener School တို့က အသစ်ဖွင့်လှစ်လိုက်တဲ့ Media and Communication for Transnational Citizen Course လေးနှင့် မိတ်ဆက်ပေးချင်ပါတယ်။

🎬🇹🇭ထိုင်းမှာရေရည်နေဖို့စိတ်ဝင်စားသူတွေ၊ Media and Community နယ်ပယ်ကို လေ့လာချင်သူတွေ၊ Comm Arts ရဲ့ နာမည်ကြီး Instructors မှ ထုတ်ထားတဲ့ Curriculum ကို လေ့လာချင်သူတွေအတွက် ရေရည်မှာ အသုံးဝင်နိုင်တဲ့ Course လေးဖြစ်လို့ စိတ်ဝင်စားရင် Join ဖို့ ဖိတ်ခေါ်ပါတယ်။

🌎ထိုင်းနိုင်ငံအတွင်းရှိနေသူများသာမက နေရာအနှံ့မှ ထိုင်းနိုင်ငံသို့ လေ့လာလိုသူများ Digital Nomads များအတွက် အထူးသင့်တော်တဲ့ Course ဖြစ်လို့ အသေးစိတ်သိချင်ရင် ကျွန်မကို DM လုပ်နိုင်သလို Learner Support Supervisors တွေကို တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

📱+66 0952363933, +66 064342387

13/06/2024

📣 Chulalongkorn University (ချူလာလောင်ကွန်း တက္ကသိုလ်) မှ Faculty of Communication Arts နှင့် The Sharpener School တို့မှ ပူးပေါင်းပြီး “Media and Communication for Transnational Citizens” Certificate Course ကို စတင်ဖွင့်လှစ်ပြီ ဖြစ်ပါတယ်။
ယခု Course သည် 12 months program ဖြစ်ပြီး 6 Modules ပါဝင်ပါတယ်။

🎦Module တစ်ခုချင်းစီမှာ 4-7 minutes Video ၁၀ ပုဒ်နဲ့အတူ Quiz, Assignment, Challenges လေးတွေပါဝင်မှာဖြစ်သလို Online Course ဖြစ်တဲ့အလျောက် ကိုယ်အဆင်ပြေတဲ့အချိန်မှာ အချိန်နှင့် တပြေးညီတင်ပေးထားတဲ့ စာတွေကို လိုက်လုပ်သွားရမှာ ဖြစ်ပါတယ်။

🎬Online Course ဖြစ်တယ်ဆိုပေမဲ့ စိတ်ဝင်စားစရာကောင်းတဲ့ Optional Onsite Activities တွေဖြစ်တဲ့
1️⃣Cultural Field Trips
2️⃣ Language Practice Sessions
3️⃣ Local Media Workshops
4️⃣ Community Engagement Projects
5️⃣ Professional Networking Events... တို့လည်း ပါဝင်မှာဖြစ်တဲ့အတွက် ထိုင်းနိုင်ငံရဲ့ culture ကို လေ့လာချင်တာပဲဖြစ်ဖြစ်၊ Media and Communication နယ်ပယ်ကို စိတ်ဝင်စားတာပဲ ဖြစ်ဖြစ်၊ Chulalongkorn University ကို စိတ်ဝင်စားသူတို့အတွက် လက်မလွတ်သင့်တဲ့အခွင့်အရေးတစ်ခုပဲ ဖြစ်ပါတယ်။

💵Application Fees 1,500 Baht နှင့် Tuition Fees 25,000 Baht အပါအဝင် စုစုပေါင်း 26,500 Baht ကျသင့်မှာ ဖြစ်သလို Application ကလည်း Online သီးသန့်ဖြစ်တဲ့အတွက် စိတ်ဝင်စားတယ်ဆိုရင် အောက်ပါ Link မှာ တိုက်ရိုက်လျောက်ထားနိုင်ပါပြီရှင်။

🔗Link>>> https://www.thesharpener.school/

📅Application Deadline ကတော့ June 30, 2024 ဖြစ်ပြီး ကျောင်းစတင်ဖွင့်မည့်ရက်ကတော့ August 10, 2024 ပဲ ဖြစ်ပါတယ်။

✍️Visa လျောက်ထားလိုသူများအတွက်ကတော့ Letter of Acceptance ကို လက်ခံရရှိပြီးချိန်တွင် Full Payment (Non-refundable) ပေးချေပြီးတာနှင့် လိုအပ်တဲ့ Documents ကို ထုတ်ပေးဖို့ Request လုပ်လို့ရသလို Visa Application Process ကတော့ ကျောင်းသားကိုယ်တိုင် ထိုင်းနိုင်ငံ ပြင်ပရှိ သက်ဆိုင်ရာ Embassy များတွင် လျောက်ထားရမှာဖြစ်တယ်။

🤝Application Process က Online ဖြစ်တဲ့အတွက် ကျောင်းသားကိုယ်တိုင်လျောက်ရန်လွယ်ကူပြီး ဒီ Program ရဲ့ Learner Support Supervisors ဖြစ်တဲ့ Dr. Rashida နှင့် Dr. Soe တို့မှ အခမဲ့ အကြံဉာဏ်ပေးဆွေးနွေးသွားမှာဖြစ်လို့ Program အကြောင်း အသေးစိတ်စုံစမ်းလိုပါက ကျွန်မတို့ Line Group သို့မဟုတ် Telegram Channel မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

Line: https://line.me/R/ti/g/Me4iVZn3wI
Telegram: https://t.me/+PNAbW0hqfGw0N2Fk

🏫Online Course ဖြစ်ပေမဲ့ လူကိုယ်တိုင်အသေးစိတ်စုံစမ်းလိုပါက Faculty of Communication Arts, Chulalongkorn University တွင် အပတ်စဉ် ကြာသပတေးနေ့ မနက် ၉ နာရီမှ ညနေ ၄ နာရီအတွင်း ကျွန်မတို့ Learner Support Supervisors များနှင့် လာရောက်ဆွေးနွေးနိုင်ပါတယ်ရှင်။

04/06/2024

💑 Desires are not sinful! စိတ်ခံစားချက်တွေက အပြစ်မဟုတ်ဘူး။

🫶🏼စိတ်ခံစားချက်တွေက အပြစ်မဟုတ်သလို…အဲ့ဒီလိုဖြစ်လာတဲ့ဆန္ဒတွေအပေါ် မှာ ခွဲဲခြားဆက်ဆံတာမျိုး၊ ဝိုင်းပယ်တာမျိုး မပြုလုပ်သင့်ပါ။

❗အဲ့ဒီလိုဆန္ဒတွေကို အကောင်အထည်ဖော်မိလိုက်ပြီဆိုရင်တော့ အမှားတစ်ခုခု လုပ်မိနေပြီဆိုတာ သတိပြုမိစေချင်တယ်။

🤲🏼 အမှားတိုင်းဟာ ဝန်ချတောင်းပန်ခွင့်ရှိသလို…အမှန်ပြင်ဖို့အခွင့်အရေးရှိနေတယ်ဆိုတာကိုလည်းမမေ့သင့်ပါဘူး။

‼️ကိုယ်လုပ်လိုက်တဲ့ အမှားကို Justify (မှန်ကန်သည်ဟုဖြေရှင်းချက်ပေးခြင်း) လုပ်ရန်မကြိုးစားမိဖို့တော့ အရေးကြီးပါတယ်။

⛔ ကိုယ့်ရဲ့တရားတော် (Islamic Teachings) ကအတိအလင်း တားမြစ်ထားတဲ့ ကိစ္စတစ်ခုကို ခေတ်ရေစီးကြောင်း၊လူမှုရေး၊ စည်းလုံးညီညွတ်မှု ဆိုတဲ့ ခေါင်းစဉ် အောက်ကနေ ရောယှက်ပြီးလက်ခံလိုက်လို့ မရပါဘူး။

10/04/2024

အာယဟ်တော်များချပေးရခြင်း အကြောင်းရင်းများ၏ အကျဉ်းချုပ် | ပါရာ သုံးဆယ်

ကျမ်းမြတ်ကုရ်အာန်ထဲမှ ပါရာသုံးဆယ်သည် စာဖတ်ပရိတ်သတ်အများစုနှင့် ရင်းနှီးမှုအများဆုံး ပါရာတစ်ပုဒ် ဖြစ်ပါတယ်။ ပါရာသုံးဆယ်ထဲမှ စူရာဟ်များသည် တိုတောင်းကျစ်လစ်မှုကြောင့် ကျမ်းမြတ်ကုရ်အာန်ထဲတွင် အာဂုံဆောင်မှုအများဆုံးနှင့် ရွတ်ဆိုမှုအများဆုံးထဲမှ လည်း ဖြစ်ပါတယ်။ ပါရာနှစ်ဆယ့်ကိုးကဲ့သိုပင် ပါရာသုံးဆယ်ထဲမှ စူရာဟ်အများစုသည် မက္ကာန်ခေတ်အစောပိုင်းအချိန်တွင် ဝဟီကျလာခဲ့သည့် စူရာဟ်များ ဖြစ်ပါတယ်။ ထိုထဲမှ စူရာဟ်အများစုတွင် ဝဟီချပေးခြင်း၏ တိကျသည့်အကြောင်းရင်းများစွာ ရှိနေကြပြီး စီရာဟ်နှင့် တိုက်ရိုက်ချိတ်ဆက်နေကြပါတယ်။

စူရာဟ် နဗအ် (ကြီးကျယ်သည့်သတင်း ကဏ္ဍ) သည် ကိယာမဟ်နေ့ အယူအဆနှင့် ပတ်သက်၍ ကူရေ့ရှ်တို့၏ မေးခွန်းများကို တုံ့ပြန်သည့်အနေဖြင့် ဝဟီကျလာခဲ့ခြင်းဖြစ်ပါတယ်။ ယခုပါရာထဲမှ စူရာဟ်အများစုသည် ကိယာမဟ်နေ့အကြောင်းကို ကွင်းကွင်းကွက်ကွက် အသေးစိတ်ဖော်ပြထားပါတယ်။ ကိယာမဟ်နေ့နှင့် အာခေရဟ်အကြောင်းအရာသည် မက္ကာဟ်မှ ပေကန်တို့အတွက် ထူးဆန်းတဲ့အယူအဆတစ်ခု ဖြစ်နေခဲ့ပါတယ်။ အာရေဗျကျွန်းဆွယ်မှ ဂျူးတို့နှင့် ခရစ်ယာန်တို့မှ ထိုအယူအဆကို ယုံကြည်ခဲ့ကြသော်လည်း ပေကန်တို့အတွက်ကတော့ ဒါနှင့် ပတ်သက်ပြီး သိပ်မစဉ်းစားမိခဲ့ကြပါဘူး။ ထိုအတွက်ကြောင့် အစောပိုင်း မက္ကာန်ဝဟီများတွင် နောက်ဆုံးအချိန်နှင့် ပတ်သက်၍ အသေးစိတ်ဖွဲ့ဆိုချက်များစွာနှင့် သတိပေးချက်များစွာ ပါဝင်နေပါတယ်။ ပါရာသုံးဆယ်တွင် နောက်ဆုံးအချိန်များနှင့် ပြန်လည်ရှင်သန်ထမြောက်ခြင်း အကြောင်းကို ဖော်ပြထားသည့် စူရာဟ် အနည်းဆုံး ဆယ်ပုဒ် ပါဝင်နေပါတယ်။

စူရာဟ် အဗစ (သူမျက်မှောင်ကြုတ်ခဲ့သည့် ကဏ္ဍ)တွင် ဝဟီကျခြင်းအတွက် အရမ်းကိုထင်ရှားသည့် အကြောင်းအရင်းများထဲမှ တစ်ခုပါဝင်နေပါတယ်။ အစောပိုင်းမက္ကာန်ကာလအတွင်းတွင် လူထုအတွင်းမှ အင်အား၊ ရာထူးအားနည်းသည့်လူများစွာတို့သည် အစ္စလာမ်သာသနာကို လက်ခံခဲ့ကြပါတယ်။ မက္ကာဟ်မှခေါင်းဆောင်တွေသည် ဆင်းရဲနွမ်းပါးပြီး ချို့တဲ့အားနည်းသူတို့ကို အလွန်အထင်အမြင်သေးတတ်ကြပြီး ထိုဖြစ်ရပ်အပေါ် စိတ်မသက်မသာဖြစ်ခဲ့ကြပါတယ်။ တစ်ကြိမ်တွင် တမန်တော်မြတ်(ﷺ) သည် မက္ကာန်မှ အကြီးအကဲတစ်ဦးဖြစ်သူ ဝါလစ်ဒ် အစ်ဗ္ဗနု မူ‌ဂေးရာဟ် အား အစ္စလာမ်သာသနာကို လက်ခံယုံကြည်ရန် ဒါဝဟ်ပြုလုပ်ဖို့ ကြိုးပမ်းနေချိန်တွင် တမန်တော်မြတ်(ﷺ) အား မျက်မမြင်ဆွဟာဗဟ်တစ်ဦးဖြစ်သူ အဗ္ဗဒုလ္လာဟ် အဗ်နု အွမ္မိ မက္ကသူမ် (رضي الله عنه) မှ အာယဟ်တစ်ချို့ အကြောင်းကို အကြံဉာဏ်တောင်းရန် အခြေအနေအချိန်အခါ မသိဘဲ ချဉ်းကပ်လာခဲ့ပါတယ်။

ဝါလစ်ဒ်သည် ထိုမျက်မမြင်လူတစ်ဦးကို မျက်စိရှေ့မြင်ရသည့်အခါ ပစ်ပစ်ခါခါ ငြင်းပယ်ခဲ့သဖြင့် ထိုဖြစ်ရပ်အတွက် တမန်တော်မြတ်(ﷺ) မှာ လွန်စွာ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရပြီး စိတ်ခံစားချက်ကို ထိန်းချုပ်ကာ မျက်မှောင်ကြုံ့ခဲ့ပါတယ်။ တမန်တော်မြတ်(ﷺ) ထိုသို့ဖြစ်ခဲ့သည့်အတွက် လူအများရဲ့ အမြင်မှာ အင်အားနည်းနေသူဖြစ်နေတယ်ဆိုရင်တောင် အီမာန်ရှင်များကို ကာဖိရ်များထက် ပိုမိုဦးစားပေး ဆက်ဆံဖို့ သတိပေးသည့်အနေဖြင့် စူရာဟ် အဗစ ဝဟီကျလာခဲ့ပါတယ်။ ထိုစူရာဟ်ကို တမန်တော်မြတ်(ﷺ) ၏ တမန်တော်ဘဝ သက်သေတစ်ခုအဖြစ်လည်း မှတ်ယူကြပါတယ်။ အဘယ့်ကြောင့်ဆိုသော် တမန်တော်အတုအယောင်တစ်ယောက်ရဲ့ အပြုအမှုတစ်ခုကို ပြင်ပေးဖို့အတွက် ဝဟီကျလာခြင်းမျိုး မရှိခဲ့လို့ပဲ ဖြစ်ပါတယ်။

နောက်ထပ် ခိုင်လုံသည့်အကြောင်းအရင်းတစ်ခုကြောင့် ဝဟီကျလာခဲ့သည့် စူရာဟ်ကတော့ စူရာဟ် အလ်-အလတ်က် (သွေးခဲကဏ္ဍ) ပဲဖြစ်ပါတယ်။ စူရာဟ် အလတ်က်၏ ပထမဆုံး ၅ အာယဟ်များသည် ပထမဆုံး ဝဟီကျခဲ့သည့် အာယဟ်များဖြစ်ကြောင်းကို တညီတညွတ်တည်း သဘောတူလက်ခံပြီးသားဖြစ်ပါတယ်။ စူရာဟ်၏ ကျန်အာယဟ်များသည် အဗူဂျဟ်လ် ပါဝင်နေသည့် ဖြစ်စဉ်တစ်ခုအပြီး နှစ်အနည်းငယ်အကြာမှသာ ဝဟီကျလာခဲ့ပါတယ်။ စူရာဟ်၏ ပထမ ၅ အာယဟ်သည် သာသနာ၏အခြေခံအုတ်မြစ်အနေဖြင့် အသိပညာ၏ အရေးပါပုံကို ရည်ညွှန်းထားပြီး ကျန်အပိုင်းသည် ခေါင်းမာလွန်းသည့် ကာဖိရ်များအား အပြစ်တင်ထားပါတယ်။ ထိုအာယဟ်များသည် အဗူဂျဟ်လ် ကို တိုက်ရိုက်ဦးတည် ရည်ညွှန်းထားပေမဲ့ နောက်ဆုံးအချိန်ထိ အဗူဂျဟ်လ့်ခြေရာလိုက်နင်းသည့် သူတိုင်းကို ရည်ညွှန်းခြင်းလည်း ဖြစ်ပါတယ်။

ပထမဆုံးဝဟီကျခြင်းသည် တမန်တော်မြတ်(ﷺ)၏ သက်တော် ၄၀ နှစ်အတွင်းတွင် ဟီရာလိုက်ဏ်ဂူထဲ၌ ဖြစ်ပွားခဲ့ပါတယ်။ တမန်တော်မြတ်(ﷺ) သည် ဘဝ၏ရည်ရွယ်ချက်(Purpose of life) အပေါ်မှာ သုံးသပ်ဆင်ခြင်နေခဲ့ချိန်တွင် ကောင်းကန်တမန် ဂျိဗရီးလ်(عليه السلام) မှ ကိုယ်တော့် ရှေ့မှောက် ကိုယ်ထင်ပြပြီး ထွေးပွေ့ကာ ပထမဆုံးအာယဟ်အတိုင်း ရွတ်ဆိုရန် မေးမြန်းခဲ့ပါတယ်။ ကိုယ်တော်မြတ်(ﷺ) က မည်သို့ရွတ်ဆိုရန်မသိကြောင်း တုံ့ပြန်ခဲ့ချိန်တွင် ကောင်းကန်တမန် ဂျိဗရီးလ်(عليه السلام) မှ ရွတ်ဆိုရန် နှစ်ကြိမ်တိုင်တိုင် ထပ်မံမေးမြန်းခဲ့ပြီးနောက် စူရာဟ် အလ်-အလတ်က်၏ ပထမ ၅ အာယဟ်ကို ကိုယ်တော်မြတ်အား ရွတ်ဆိုပြခဲ့ပါတယ်။ ထိုပထမအာယဟ်များသည် ဖန်ဆင်းရှင်၏ ရပိုင်ခွင့်များနှင့် စစ်မှန်သည့် အသိပညာဗဟုသုတကို အခြေခံ၍ ကျွန်မတို့၏ သာသနာအပေါ် သက်ဝင်ယုံကြည်မှုကို ဆောက်တည်ရန် အရေးကြီးကြောင်း ခိုင်မာသည့် သတိပေးချက်အနေဖြင့် ဖော်ဆောင်နေပါတယ်။

အစောပိုင်း မက္ကာန်ကာလများအတွင်းတွင် လ အနည်းငယ်ကြာသည့်တိုင်အောင် ဝဟီမကျလာခဲ့ပါဘူး။ ထိုကဲ့သို့ ဝဟီမရခြင်းအပေါ် အလ္လာဟ်(سبحانه وتعالى) သည် ကိုယ်တော်မြတ်အား တမန်တော်အဖြစ်မှ စွန့်ပစ်ခဲ့ပြီလားဟု စိတ်ပူပင်မှုဖြစ်ခဲ့၍ ကိုယ်တော်မြတ်မှာ အလွန်ပင်ဝမ်းနည်းခဲ့ပါတယ်။ ထိုအကြောင်းကို တုံ့ပြန့်သည့်အနေဖြင့် စူရာဟ် ဿွုဟာ (နေတက်ချိန်ကဏ္ဍ) ကျလာခဲ့သလို ထိုစူရာဟ်နောက်တွင် စူရာဟ် ရှရ်ဟ် (အသိဉာဏ်ပွင့်ခြင်းကဏ္ဍ) ဝဟီကျလာခဲ့ပါတယ်။ ထိုစူရာဟ်နှစ်ပုဒ်လုံးသည် အနာဂတ်နှင့်ပတ်သက်၍ အကောင်းမြင်စိတ်မွေးခြင်း၏ အကြောင်းအရာကို ဖော်ပြထားပါတယ်။ ကျမ်းမြတ်ကုရ်အာန် ၉၃:၅ အာယာဟ်အရ အလ္လာဟ်( سبحانه وتعالى ) သည် တမန်တော်မြတ် အား အနာဂတ်သည် အတိတ်ထက် ပို၍ သာလွန်ကောင်းမည်ဖြစ်ကြောင်းကို ကတိပြုခဲ့သလို ကျမ်းမြတ်ကုရ်အာန် ၉၄:၅-၆ အာယဟ်များအရ အခက်အခဲတိုင်း၏နောက်တွင် လွယ်ကူမှုလိုက်လာမည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ထိုစူရာဟ်နှစ်ပုဒ်သည် အချိန်ကြာမြင့်လာသည့်အခါ စကားပုံများ ဖြစ်လာခဲ့ပြီး မွတ်စ်လင်မ်တို့သည် ခက်ခဲချိန်ရောက်ချိန်တိုင်း တစ်ဦးနှင့်တစ်ဦး ထိုအကြောင်းကို သတိပေးကြလေ့ရှိပါတယ်။ လတ်တလောအချိန်များတွင် ထိုစူရာဟ်များသည် စိတ်ကျခြင်းနှင့် စိတ်ဒဏ်ရာများကို ကုစားရာတွင် အခြေခံအစ္စလာမ့်ချဥ်းကပ်မှုနည်းလမ်းလည်း ဖြစ်လာခဲ့ပါတယ်။
ပါရာသုံးဆယ်ထဲမှ စူရာဟ်များစွာသည် အစောပိုင်းမက္ကာန်ခေတ်တွင် တမန်တော်မြတ်(ﷺ) ၏ ဘဝခရီးအကြောင်းကို ပြသနေပါတယ်။ စူရာဟ် အလ်-အလတ်က် သည် ပထမဆုံးဝဟီကျခြင်းနှင့် အဗူဂျဟ်လ်ကဲ့သို့ လူများနှင့် ဆန့်ကျင်ခဲ့ရသည့် ကိုယ်တော်မြတ်၏ အခက်အခဲများကို သတိပေးနေပါတယ်။ စူရာဟ် အဗစ သည် အစ္စလာမ်သာသနာကို လက်ခံခဲ့သည့် လူများ၏ အရည်အချင်းနှင့် အစ္စလာမ်သာသနာကိုငြင်းပယ်သူများ၏ မာန်မာနထောင်လွှာမှုများကို ပြသနေပါတယ်။ စူရာဟ် ကုရိုင်းရှ် (ကုရိုင်းရှ် အမျိုးသားများကဏ္ဍ) နှင့် စူရာဟ် ဖီးလ် (ဆင်ကဏ္ဍ)တို့တွင် အလ္လာဟ်( سبحانه وتعالى ) သည် ကူရေ့ရှ်တို့အား ပိုမိုများပြားသည့်ကောင်းချီးများကို ခံစားခွင့်ပေးခဲ့ပြီး သူတို့တွေရဲ့ အီမာန်အပေါ်သက်ဝင်ယုံကြည်မှုမရှိခြင်းက ပိုပြီးဆိုးရွားလာကြောင်းကိုလည်း သတိပေးချက်များ ပါဝင်နေပါတယ်။ စူရာဟ် သဗ်ဗသ် (ပျက်စီးပါစေကဏ္ဍ) (သို့) စူရာဟ် အလ်-မအ်စအ်ဒ် (စွန်ပလွံလျှော်ကဏ္ဍ) တွင် တမန်တော်မြတ်(ﷺ) ၏ မိသားစုအရင်းအချာများတွင်တောင် အစ္စလာမ်သာသနာကို ပြင်းထန်စွာ ငြင်းပယ်ခဲ့သူများရှိနေခဲ့ကြပြီး ကိုယ်တော်မြတ်၏ ဒေါသကြီးသော ဦးလေးတော် အဗူလဟဗ်ကဲ့သို့ ကိုယ်တော်မြတ်ကို ဝမ်းနည်းပူဆွေးမှုခံစားရစေသူများရှိကြောင်းကို သတိပေးထားပါတယ်။

📜”ထို့ပြင် မကြာမီ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အသင်ကျေနပ်အောင်ထိအသင့်အား အမှန်ပင် ပေးသနားတော်မူမည် ဖြစ်သည်။

(ကျမ်းမြတ်ကုရ်အာန် ၉၃: ၅)

📜”ထို့နောက်အမှန်စင်စစ် ခက်ခဲမှုနှင့်အတူလွယ်ကူမှုရှိသည်။”

📜” အမှန်စင်စစ် ခက်ခဲမှုနှင့်အတူလွယ်ကူမှုရှိသည်။”

(ကျမ်းမြတ်ကုရ်အာန် ၉၄: ၅-၆)

ပါရာသုံးဆယ်၏ အဆုံးသတ်နားတွင် နောက်ဆုံးဝဟီကျခဲ့သည့် စူရာဟ်များထဲမှ တစ်ပုဒ်ဖြစ်သည့် စူရာဟ် နာစ် (လူသားများကဏ္ဍ) ပါဝင်ပါတယ်။ စူရာဟ် နာစ်သည် စီရာဟ်ဖြစ်စဉ်၏ အစအဆုံးကို ဖော်ပြထားပါတယ်။ တမန်တော်မြတ်(ﷺ)၏ တမန်တော်တာဝန်သည် အက္ကရာ (ဖတ်ပါ) နှင့် အစပြုထားခဲ့ပြီး အစပိုင်းတွင် ကြီးကျယ်သည့် ဆန့်ကျင်မှုများကို ရင်ဆိုင်ခဲ့ရကာ အဆုံးသတ်တွင် လူပေါင်းမြောက်များစွာ အစ္စလာမ်သာသနာသို့ ဝင်ရောက်လာခဲ့ကြပါတယ်။

📜”ထို့ပြင် အသင်(တမန်တော်)သည်လူများအား အလ္လာဟ်အရှင် မြတ်၏ဒီန်သာသနာတော်တွင် အသင်းလိုက်အဖွဲ့လိုက်ဝင်ရောက်နေသည်ကိုတွေ့မြင်သည့်အခါ”

(ကျမ်းမြတ်ကုရ်အာန် ၁၁၀:၂)

တမန်တော်ဘဝ၏ အနှစ်နှစ်ဆယ်စာ ပန်းတိုင်အတွင်း အစ္စလာမ်သာသနာ လျင်မြန်စွာကြီးထွားလာခြင်းသည် အလွန်ပင် အံ့အားသင့်စရာကောင်းလှပါတယ်။ ထိုထက်ပို အံ့အားသင့်ဖွယ်ကတော့ ကြီးထွားမှု (အင်အားများပြားလာမှု)က တမန်တော်မြတ်(ﷺ) ဆုံးပါးသွားခဲ့ပေမယ့် မရပ်တန့်သွားခဲ့ပါဘူး။ တဖြည်းဖြည်း ဆက်လက်တိုးပွားကြီးထွားခဲ့သလို နှစ်ပေါင်းထောင်စုကျော်ကြာသည့်တိုင်အောင် ယနေ့အထိ ဆက်လက်တိုးပွားနေခဲ့ပြီး ကမ္ဘာ့လူဦးရေ လေးပုံတစ်ပုံသည် မွတ်စ်လင်မ်များဖြစ်ကြပြီး နေ့တိုင်း အစ္စလာမ်သာသနာကို လူများစွာက လက်ခံလာနေကြပါတယ်။

တမန်တော်မြတ်(ﷺ) ကဲ့သို့ နောက်လိုက်များစွာရှိခြင်းက လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်အတွင်း မည်သည့် တမန်တော်တွင်မျှ မရှိခဲ့ဖူးတဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။ ကောင်းချိန်ရော ဆိုးချိန်များတွင်ပါ အစ္စလာမ်သာသနာလျင်မြန်စွာတိုးပွားလာနေခြင်းနှင့် မွတ်စ်လင်မ်တို့သည် နိုင်ငံရေးအရ အင်အားနည်းပါးသည့် အခြေအနေတစ်ခုတွင်တောင် ဆက်လက်တိုးပွားလာနေခြင်းသည် တမန်တော်မြတ်(ﷺ) မိန့်ကြားချက်များ မှန်ကန်ခြင်း၏ နောက်ထပ် သက်သေတစ်ခုလည်း ဖြစ်ပါတယ်။

တမန်တော်မြတ်(ﷺ) မှ ကြိုတင်‌‌ဟောကိန်းထုတ်ခဲ့ပါတယ်။ “နေ့နှင့်ည ကူးပြောင်းလာသည်နှင့်အမျှ အစ္စလာမ်သာသနာသည် နေရာလပ်မကျန် သေချာပေါက် ကျရောက်လိမ့်မည်။ အလ္လာဟ်( سبحانه وتعالى ) သည် အစ္စလာမ်သာသနာကို အိမ်ကြိုအိမ်ကြားမကျန် နေရာတိုင်းကို ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပြီး ဂုဏ်သိက္ခာရှိသူများသည် ဂုဏ်ပြုအရိုအသေအပေးခံရမည်ဖြစ်ပြီး ရှက်ဖွယ်ကောင်းသည့် ဆိုးရွားသူများသည် အရှက်တကွဲဖြစ်လာပါလိမ့်မည်။”
(Musnad Ahmad, no. 16957)

တမန်တော်မြတ်(ﷺ) မှ အထက်ပါအကြောင်းကို သာသနာများသည် သီးသန့်မြေနေရာများတွင်သာအများစု လိုက်နာနေခဲ့ကြပြီး မည်သည့်သာသနာကိုမျှ ကမ္ဘာနှင့်အဝှမ်း မလိုက်နာကြသေးချိန်က မိန့်တော်မူခဲ့ခြင်းဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ အစ္စလာမ်သာသနာကို ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံတိုင်းတွင် တွေ့နိုင်သည့်အတွက် ထိုဟောကိန်းသည် Globalization (ကမ္ဘာအနှံ့ဖြစ်စဉ်) မှတစ်ဆင့် မှန်ကန်ကြောင်း ကျွန်မတို့သိရှိနိုင်ပါတယ်။

ပါရာသုံးဆယ်သည် အကာအကွယ်ပေးသည့်စူရာဟ်နှစ်ခုဖြစ်သည့် စူရာဟ် ဖလတ်က် (အရုဏ်တက်ချိန်ကဏ္ဍ) နှင့် စူရာဟ် နာစ် (လူသားများကဏ္ဍ)တို့ဖြင့် အဆုံးသတ်ထားပါတယ်။ ပါရာသုံးဆယ်သည် အလ္လာဟ်( سبحانه وتعالى ) ထံမှ လမ်းညွှန်မှုကိုနေ့စဉ်တောင်းခံရန် သတိပေးချက်ဖြင့် အစပြုထားပြီး လမ်းမှားရောက်ခြင်းနှင့် မကောင်းဆိုးဝါး (ရှိုင်တွာန်) တို့၏ သွေးဆောင်ဖြားယောင်းမှုရန်မှ ကာကွယ်မှုပေးရန်တောင်းခံဖို့ သတိပေးချက်ဖြင့် အဆုံးသတ်ထားပါတယ်။ ထိုစူရာဟ်များသည် သတိပေးချက်အနေနဲ့ အရေးကြီးရုံသာမက ကျွန်မတို့နေ့စဉ်ရွတ်ဆိုသင့်သည့် အားကောင်းသည့် ဒုအာအ်များလည်း ဖြစ်ကြပါတယ်။ ကျမ်းမြန်ကုရ်အာန်မှ သတင်းစကားများ (အာယဟ်များ) သည် အစနှင့် အဆုံး ဒုအာအ်များဖြင့် အကြောင်းအရာပြည့်စုံစွာ ပါဝင်နေပါတယ်။ ကျွန်မတို့အားလုံးအား မှန်ကန်သည့်လမ်းကြောင်းပေါ်တွင် မြဲမြံစွာရပ်တည်နိုင်ရန်နှင့် လူသားများနှင့် ဂျင်န်များအကြား မကောင်းဆိုးဝါး၏ တီးတိုးလှုံ့ဆော်သံများမှ ကာကွယ်မှုပေးရန် အလ္လာဟ်( سبحانه وتعالى ) ထံတော်တွင် အကူအညီတောင်းခံအပ်ပါတယ်။ အာမီန်း။

09/04/2024

Eid Mubarak!

ဧပြီ ၁ဝ၊ ၂၀၂၄ (ဟဂျ်ရီ ၁၄၄၅) တွင်ကျရောက်မည့် Eid Al-Fitr မှစတင်၍ ကမ္ဘာအရပ်ရပ်တွင် ဖိနှပ်ညှဥ်းပန်းခံနေရသည့် မွတ်စ်လင်မ်အပေါင်း ဘေးအန္တရာယ်အပေါင်းမှ အမြန်ဆုံးလွတ်မြောက်ချမ်းသာကြပါစေ။ ကျွန်မတို့မွတ်စ်လင်မ်အပေါင်းသည်လည်း အမှန်တရားဘက်မှ ရပ်တည်နိုင်စွမ်းနှင့်အတူ ခွန်အားများ ရရှိကြပါစေ လို့ ဆုမွန်ကောင်း ဒုအာအ်တောင်းပေးလိုက်ပါတယ်ရှင်။

09/04/2024

အာယဟ်တော်များချပေးရခြင်း အကြောင်းရင်းများ၏ အကျဉ်းချုပ် | ပါရာ နှစ်ဆယ့်‌‌ကိုး

🔹 ပါရာနှစ်ဆယ့်ကိုးတွင် ပါဝင်သော စူရာဟ်များစွာသည် ဒါဝဟ်ပြုလုပ်ခြင်း၏ အရေးပါပုံနှင့် ဆက်စပ်နေသည့် အစောပိုင်း မက္ကာန်စူရာဟ်များ ဖြစ်ကြပါတယ်။ ပါရာနှစ်ဆယ့်ကိုးသည် ဒါဝဟ်၏ လက်တွေ့ကျင့်သုံးသည့်အပိုင်းနှင့် သာသနာရေးရာအပိုင်း နှစ်ခုလုံးကို သင်ကြားပေးနေတဲ့ သင်ကြားရေးလက်စွဲ (Training Manual) တစ်ခုလည်း ဖြစ်ပါတယ်၊။ စူရာဟ်နူးဟ်သည် တမန်တော်နူးဟ် (عليه السلام)၏ ဒါဝဟ်ပြုလုပ်ရာတွင် အသုံးပြုခဲ့သည့် နည်းလမ်းများ၏ အသေးစိတ်အစီအစဉ်(Blueprint) တစ်ခုအနေနဲ့ ဖော်ဆောင်ပေးနေပါတယ်။ ထိုစူရာဟ်သည် တမန်တော်မြတ်(ﷺ) အား အစောပိုင်းတမန်တော်များ၏ ဒါဝဟ်ပြုလုပ်ပုံနှင့် ထိုတမန်တော်တို့၏ လူများမှ တုံ့ပြန်ပုံများကို သင်ကြားပြသပေးရန် မက္ကာန်ခေတ်၏ အစောဆုံးအချိန်များတွင် ကျလာခဲ့တာဖြစ်ပါတယ်။

🔹 တမန်တော်နူးဟ်(عليه السلام)၏ ဇာတ်ကြောင်းမှတစ်ဆင့် လူသိရှင်ကြား ဒါဝဟ်ပြုလုပ်ခြင်းနှင့် သီးသန့်ဒါဝဟ်ပြုလုပ်ခြင်း နှစ်ခုလုံး၏ အရေးပါမှုကို သင်ယူလေ့လာနိုင်သလို အလ္လာဟ်(سبحانه وتعالى) ထံတော်မှ ခွင့်လွှတ်မှုကိုတောင်းခံဖို့ နှင့် အစ္စလာမ်သာသနာကို လက်ခံလိုက်ခြင်း၏ အကျိုးကျေးဇူးများကိုလည်း ပြသရန် အရေးကြီးကြောင်း သိရှိနိုင်ပါတယ်။

📜 ”၎င်း(တမန်တော်နူးဟ်)ကလျှောက်ထားခဲ့သည်- အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အမှန်စင်စစ် ကျွန်ုပ်သည် ကျွန်ုပ်၏အမျိုးသားများအား နေ့သာမက ည၌လည်း ဖိတ်ခေါ်ခဲ့ပါ သည်။”

📜 ”ထို့နောက်လည်း ကျွန်တော်၏ဖိတ်ခေါ်မှုသည် သူတို့အား ထွက်ပြေးတိမ်းရှောင်မှုကိုပင် တိုးစေခဲ့ပါသည်။”

📜 ”ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်သည် အရှင်မြတ်က သူတို့အား ခွင့်လွှတ်တော်မူရန်အတွက် မည်သည့်အခါပင်ဖြစ်စေ ကျွန်ုပ်သည် သူတို့အား ဖိတ်ခေါ်ခဲ့တိုင်း သူတို့သည် သူတို့၏ နားများကို သူတို့၏ လက်ချောင်းများနှင့် ပိတ်ဆို့ထားခဲ့ကြပါသည်။ ထို့ပြင် သူတို့သည် သူတို့၏ အဝတ်များကို (သူတို့၏မျက်နှာနှင့် ကိုယ် ပေါ်တွင် )ဖုံးအုပ်ထားခဲ့ကြပါသည်။ (သူတို့ကလည်း ကျွန်ုပ်အား မမြင်ရအောင်၊ ကျွန်ုပ်လည်းသူတို့အား မမှတ်မိအောင် အတွက်ဖြစ်သည်)။ ထို့ပြင် သူတို့သည် (ငြင်းပယ်မှုထဲ၌ပင်)ဇွတ်ပေနေခဲ့ကြသည့်အပြင် မာနလည်းထောင်နေခဲ့ကြပါသည်။”

📜 ”ထို့နောက် အမှန်ပင် ကျွန်ုပ်သည် သူတို့အား အသံကျယ်ကျယ်ဖြင့်လည်း ဖိတ်ခေါ်ခဲ့ပါသည်။”

📜 ”ထို့ပြင် အမှန်ပင် ကျွန်ုပ်သည် သူတို့အား ပွင့်လင်းစွာ ကြေညာ၍လည်း ဖိတ်ခေါ်ခဲ့သည့်အပြင် ကျွန်ုပ်သည် သူတို့အား လျှို့ဝှက်စွာလည်း ဖိတ်ခေါ်မှုပြုခဲ့ပါသည်။”

📜 ”ထို့နောက် ကျွန်ုပ်က (သူတို့အား)ပြောပါသည် - အသင်တို့သည် အသင်တို့ အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ထံတော်တွင် လွတ်ငြိမ်းချမ်းသာခွင့်တောင်းခံကြပါ။ အမှန်စင်စစ် အရှင်မြတ်သည် အကြိမ်ကြိမ်လွတ် ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်ဖြစ်တော်မူသည်။”

📜 ”အရှင်မြတ်သည်အသင်တို့အပေါ်တွင်ကောင်းမွန်စွာ(များပြားစွာ)ရွာချသည့်မိုးကို စေလွှတ်တော်မူမည်ဖြစ်သည်။”

📜 ”ထို့ပြင် အရှင်မြတ်သည် အသင်တို့အား ပစ္စည်းဥစ္စာများ၊ သားသမီးများနှင့် ကူညီတော်မူ(၍တိုးတက်စေ တော်မူ)မည်။ ထို့ပြင် အသင်တို့အတွက် ဥယျာဉ်များ ဖန်ဆင်းပေးတော်မူမည့်အပြင်ချောင်းများကိုလည်းစီးဆင်းစေတော်မူမည်။”

(ကျမ်းတော်မြတ်ကုရ်အာန် ၇၁:၅-၁၂)

🔹စူရာဟ် ဂျင်န် (ဂျင်န်သတ္တဝါကဏ္ဍ)တွင် အောက်ပါအာယဟ်များသည် အမှန်စင်စစ် အားလုံးနှင့် သက်ဆိုင်နေသည်ကို ပြသနေပါတယ်။ အာယဟ်များသည် လူသားမျိုးနွယ်စုတစ်ခုလုံးအတွက်သာမကဘဲ လူသားတို့ ရှုမြင်နိုင်သည့်အတိုင်းအတာမှကျော်လွန်၍ ဂျင်န်တို့၏ လောကကိုပါ ရောက်ရှိတာဖြစ်ပါတယ်။ တမန်တော်မြတ်(ﷺ) အား လူသားတို့အတွက်သာ စေလွှတ်ခဲ့ခြင်းမဟုတ်ဘဲ ဂျင်န်တို့အတွက်ပါ စေလွှတ်ခဲ့ခြင်းဖြစ်သလို ဂျင်န်များစွာမှ ကိုယ်တော်မြတ်အားယုံကြည်ကြပြီး ကိုယ်တော်မြတ်၏ လမ်းညွှန်မှုကို လိုက်နာခဲ့ကြပါတယ်။

📜 “(အို-တမန်တော်)အသင်ပြောလိုက်ပါ- ငါ၏ထံသို့ဤသို့ ဝဟီ အမိန့်တော် ထုတ်ပြန်ခြင်းခံခဲ့ရသည်။ အမှန်စင်စစ် ဂျင်န်တစ်စုသည် (ကုရ်အာန် ကျမ်းတော်မြတ်) ကို ကြားနာခဲ့ကြသည်။ ထို့နောက် သူတို့သည် (သူတို့ ဂျင်န်အမျိုးသားများထံ ပြန်သွား၍ ဤသို့)ပြောဆိုခဲ့ကြသည်- အမှန်စင်စစ် ကျွန်ုပ်တို့သည် အံ့ဩဖွယ်ရာကောင်းသော ကုရ်အာန်ကျမ်းတော်မြတ်ကို ကြားနာခဲ့ကြသည်။”

📜 “ထိုကုရ်အာန်ကျမ်းတော်မြတ်သည် ဖြောင့်မတ်သော တရားလမ်းကို ညွှန်ကြားပြသသည့်အတွက် ကျွန်ုပ်တို့သည် ထိုကျမ်းတော်ကို ယုံကြည်ခဲ့ ကြပြီဖြစ်သည်။ ထို့ပြင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်နှင့် မည်သူ့ကိုမျှ လုံးဝတွဲဖက်ကိုးကွယ်မည်မဟုတ် တော့ပေ။”

(ကျမ်းတော်မြတ်ကုရ်အာန် ၇၂:၁-၂)

🔹 နောက်ထပ်စူရာဟ်နှစ်ပုဒ်ဖြစ်သည့် စူရာဟ် မုဇ်ဇမ်မိလ် (အဝတ်ခြုံထားသူ ကဏ္ဍ) နှင့် စူရာဟ် မုဒ်ဒဆ်ဆိရ် (စောင်ခြုံထားသူ ကဏ္ဍ) သည် အစောဆုံးဝဟီချပေးခဲ့သည့် စူရာဟ်များထဲမှဖြစ်ပြီး တစ်ချို့သော အစ္စလာမ့်ပညာရှင်များမှ ထိုစူရာဟ်နှစ်ပုဒ်သည် ဒုတိယနှင့် တတိယ ဝဟီကျလာခဲ့သည့် စူရာဟ်များဖြစ်ကြပါတယ်လို့ ဖော်ပြထားကြပါတယ်။ ပထမဆုံးအကြိမ် ဝဟီရပြီးနောက် တမန်တော်မြတ်(ﷺ) အိမ်သို့ပြန်လာခဲ့ချိန်တွင် ကိုယ်တော်မြတ်မှ တစ်ကိုယ်လုံးတုန်နေခဲ့ပြီး ဇနီးသည်ကို ကိုယ်တော့်အား ဖုံးအုပ်ထားပေးရန် ပြောခဲ့ပါတယ်။ ချစ်ဇနီးသည် ခဒီဂျာဟ်( رضي الله عنها) သည် ကိုယ်တော်အား ထွေးပွေ့ထားခဲ့ပြီး အဝတ်ဖြင့် ခြုံထားပေးခဲ့ကာ နှစ်သိမ့်အားပေးခဲ့ပါတယ်။ ထိုစူရာဟ်နှစ်ပုဒ်သည် တမန်တော်မြတ်(ﷺ) အား ခြုံထားသူ (the covered one)၊ အဝတ်ခြုံထားသူနှင့် စောင်ခြုံထားသူ ဟု တိုက်ရိုက်ဦးတည်ကာ ရှေ့ဆင့်နောက်ဆင့် ကျလာခဲ့တာဖြစ်ပါတယ်။ ပထမတစ်ပုဒ်တွင် ညဘက်တွင် အိပ်ယာမှ ထ၍ ညပိုင်းနမာဇ် (သဟာဂျွဒ်) ကို စွလာသ် ဝတ်ပြုရန် တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။ ဒုတိယတစ်ပုဒ်တွင် လူများအရှေ့တွင် မားမားမတ်မတ်ရပ်ကာ သတိပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

ထိုစူရာဟ်နှစ်ပုဒ်သည် ဒါဝဟ်၏ အပိုင်းနှစ်ခုဖြစ်သည့် ကမ္ဘာလောကတစ်ခုလုံးအား အစ္စလာမ်သာသနာ၏ လှပသည့် သတင်းစကားများကို တင်ပြပေးနေချိန်တွင် ကျွန်မတို့ကိုယ်တိုင်၏ သာသနာရေးဆိုင်ရာ ဝတ်ပြုမှုများကိုလည်း လုပ်ဆောင်သွားနေရမှာဖြစ်ကြောင်းကို ပြသနေပါတယ်။ ဒါဝဟ်ပြုလုပ်ချိန်မှာ ကိုယ့်ကိုယ်ကိုအရင်အချိန်ပေးမှာလား တခြားသူများကို အရင်ဖိတ်ခေါ်ရမှာလားဆိုပြီး တစ်ခုခုကို ရွေးချယ်ခိုင်းတာမျိုးမဟုတ်ဘဲ နှစ်ဖက်လုံးမှာ တစ်ပြိုင်တည်း အားစိုက်ဖို့လိုအပ်ပါတယ်။ ပထမနေ့မှစတင်၍ တမန်တော်မြတ်(ﷺ) သည် ကိုယ်တော်မြတ်၏ စွလာဟ်ဝတ်ပြုခြင်းတွင်ရော ဒါဝဟ်ပြုလုပ်ခြင်းတွင်ပါ အာရုံစူးစိုက်ခဲ့ပါတယ်။ ဒီဖြစ်ရပ်အားဖြင့် အစ္စလာမ်သာသနာကို မျှဝေနေသူတိုင်းအတွက် သဟာဂျွဒ် စွလာသ်ကို ညစဉ်ပုံမှန်ဝတ်ပြုသူနှင့် အစ္စလာမ်သာသနာသို့ ဖိတ်ခေါ်သူ တစ်ဦးဖြစ်ခြင်းသည် အကောင်းဆုံးစံနှုန်းတစ်ခုဖြစ်ပါတယ်။

🔹ပါရာနှစ်ဆယ့်ကိုးသည် ရှင်ပြန်ထမည့်နေ့ (စူရာဟ် ကိယာမဟ်)၊ ဂျန္နဟ်သုခဘုံ (စူရာဟ် ဒဟ်ရ်) နှင့် ဂျဟန္နမ် (စူရာဟ် မုရ်စလာသ်) တို့အကြောင်းကို အသေးစိတ်ဖော်ပြထားခြင်းများနှင့် အဆုံးသတ်ထားပါတယ်။ ထိုစူရာဟ် သုံးပုဒ်သည် နောက်ဆုံးနေ့အတွက် ပြင်ဆင်ရာတွင် အလ္လာဟ်(سبحانه وتعالى ) ၏ ကရုဏာတော်အပေါ်မျှော်လင့်ချက်နှင့် အလ္လာဟ် (سبحانه وتعالى ) အား စိတ်ပျက်စေမည့်ကိစ္စများကို ပြုလုပ်မိခြင်းအား‌ ကြောက်ရွံ့ခြင်းနှစ်ခုကြားတွင် မျှတမှုရှိရန် အစောပိုင်းဒါဝဟ်များ၏ အာခေရဟ်အကြောင်းတွင် အဓိကထားပုံကို ပြသနေပါတယ်။

ထိုစူရာဟ်များထဲတွင် ဒါဝဟ်နှင့် ပတ်သက်သည့် သင်ခန်းစွာများစွာကို လေ့လာသင်ယူနိုင်ပါတယ်။

💎 စူရာဟ်နူးဟ်သည် တမန်တော်နူးဟ်(عليه السلام) အား စံပြ ဒါအီ တစ်ဦးအနေဖြင့်ထားရှိသင့်ကြောင်း ပြသနေပါတယ်။

💎 စူရာဟ်ဂျင်န်တွင် အာယဟ်များသည် ကျွန်မတို့လူသားများအတွက်သာမဟုတ်ဘဲ လူသားမျိုးနွယ်တစ်ခုလုံးအပြင် တခြားလောကများအတွက်ပါ သက်ဆိုင်နေကြောင်း ပြသနေပါတယ်။

💎 စူရာဟ် မုဇ်ဇမ်မိလ် နှင့် စူရာဟ် မုဒ်ဒဆ်ဆိရ်တွင် ဒါဝဟ်ပြုလုပ်သူများအနေဖြင့် လူထုကြားဖိတ်ခေါ်ခြင်းနှင့်အတူ ကျွန်မတို့ကိုယ်ပိုင်စွလာသ်ဝတ်ပြုမှုကိုပါ တစ်ပါးတည်း လုပ်ဆောင်ရန် နှိုးဆော်ထားပါတယ်။

💎 နောက်ဆုံး စူရာဟ် ကိယာမဟ်၊ ဒဟ်ရ်နှင့် မုရ်စလာသ်တို့တွင် ကျွန်မတို့ဒါဝဟ်ပြုလုပ်ခြင်း၏ အခြေခံဦးတည်ချက်အနေဖြင့် အာခေရဟ်ကို အာရုံစိုက်သင့်ကြောင်း သတိပေးနေပါတယ်။

09/04/2024

အလ္လာဟ်အရှင်မြတ်၏ နာမတော်များကို တိုင်တည်ပြီး ဒုအာအ်တောင်းခံခြင်း။ (အပိုင်း ၈ -နောက်ဆုံးပိုင်း)

🤲🏼 Al-Muqaddim , (ယာအလ္လာဟ်၊ ယာမုကဒ္ဒိမ် - (အမြဲထာဝစဉ် ကြိုတင်စီစဉ်တော်မူသော အရှင်) ကျေးဇူးပြု၍ ကျွန်တော်မျိုးမအား အရေးကြီးပြီး အကျိုးရှိသောအရာကို ဦးစားပေးလုပ်ဆောင်နိုင်စွမ်းပေးသနားတော်မူပါ။

🤲🏼 Al-Mu'akhkhir, (ယာအလ္လာဟ်၊ ယာမုအခ္ခိရ် - (ဆိုင်းငံ့၍ ပြုတော်မူသော အရှင်) ကျေးဇူးပြု၍ ကျွန်တော်မျိုးမအား စိတ်ရှည်သည်းခံတတ်ရန်နှင့် ကျွန်တော်မျိုးမအတွက် အန္တရာယ်ဖြစ်စေတဲ့အရာတွေကို အလျင်စလိုမပြုလုပ်မိနိုင်ရန် ကာကွယ်တားဆီးပေးသနားတော်မူပါ။

🤲🏼 Al-Awwal,(ယာအလ္လာဟ်၊ ယာအောက်ဝ်ဝလ် - (အဦးအစ ဖြစ်တော်မူသော အရှင်) ကျေးဇူးပြု၍ ကျွန်တော်မျိုးမအား ကိစ္စရပ်တိုင်းတွင် အလ္လာဟ်(سُبْحَانَهُ وَتَعَالَى)အား ပထမဦးစွာ သတိရနိုင်စွမ်းနှင့် ရှာဖွေတောင်းခံနိုင်စွမ်းအား ပေးသနားတော်မူပါ။

🤲🏼 Al-Aakhir, (ယာအလ္လာဟ်၊ ယာအားခိရ် - (အဆုံးစွန် ဖြစ်တော်မူသော အရှင်) ကျေးဇူးပြု၍ ကျွန်တော်မျိုးမအား ဒွန္နယာဟ်မှ ကောင်းမွန်စွာ ထွက်ခွါနိုင်ရန် နှင့် ဂျန္နဟ်တွင် နေရာကောင်းတစ်ခုရရှိရန် ကူညီပေးသနားတော်မူပါ။

🤲🏼 Az-Dhaahir, (ယာအလ္လာဟ်၊ ယာဇွောဟိရ် - (တန်ခိုးတော်အားဖြင့် အထင်ရှားဆုံး ဖြစ်တော်မူသော အရှင်) ကျေးဇူးပြု၍ ကျွန်တော်မျိုးမအား ဤဒွန္နယာဟ်၌ အလ္လာဟ်(سُبْحَانَهُ وَتَعَالَى)၏ အလင်းနှင့်အမှန်တရားကို ထင်ရှားအောင် စွမ်းဆောင်နိုင်စွမ်း ပေးသနားတော််မူပါ။

🤲🏼 Al-Baatin,(ယာအလ္လာဟ်၊ ယာဗားတွိန် - (ဇာတိတော်အားဖြင့် အကွယ်၌ ရှိနေတော်မူသော အရှင်) ကျေးဇူးပြု၍ ကျွန်တော်မျိုးမအား ကျွန်တော်မျိုးမ မမြင်၊ မသိ၊ မကြားနိုင်အောင် ဖုံးကွယ်ထားသော ကိစ္စများတွင်အလ္လာဟ်(سُبْحَانَهُ وَتَعَالَى)၏ လမ်းညွှန်မှုနှင့် အသိပညာကို ရှာဖွေတောင်းခံနိုင်စွမ်း ပေးသနားတော်မူပါ။

🤲🏼 Al-Wali, (ယာအလ္လာဟ်၊ ယာဝါးလီး - (ကာကွယ် စောင့်ရှောက်တော်မူသော အရှင်)ကျေးဇူးပြု၍ ကိစ္စရပ်တိုင်းတွင် ကျွန်တော်မျိုးမအား အကာအကွယ်ပေးသူနှင့် ကူညီစောင့်ရှောက်ပေးသူ အဖြစ် ရပ်တည်ပေးတော်မူပါ။

🤲🏼 Al-Muta'ali, (ယာအလ္လာဟ်၊ ယာမုသအားလီး - (အလွန် မြင့်မြတ်တော်မူသော အရှင်) ကျေးဇူးပြု၍ ကျွန်တော်မျိုးမ၏ အဆင့်အတန်းကို မြှင့်တင်ကာ ဤဒွန္နယာဟ်နှင့် အာခေယာဟ် နှစ်ဘဝလုံးတွင် အောင်မြင်မှုပေးသနားတော်မူပါ။

🤲🏼 Al-Barr, (ယာအလ္လာဟ်၊ ယာ် ဗရ်ရ် - (အကျိုးကျေးဇူးကို ဆောင်တော်မူသော အရှင်) ကျေးဇူးပြု၍ ကျွန်တော်မျိုးမအား တစ်ပါးသူအပေါ် သနားကြင်နာ၍ ကရုဏာတရားထားနိုင်စွမ်းကို ပေးသနားတော်မူပါ။

🤲🏼 At-Tawwab, (ယာအလ္လာဟ်၊ ယာသောက်ဝ်ဝါးဗ် - (ဒုစရိုက်မှု ကျူးလွန်သူတို့၏ ဝန်ချတောင်းပန်မှုကို လက်ခံတော်မူသော အရှင်) ကျေးဇူးပြု၍ ကျွန်တော်မျိုးမ ၏နောင်တကိုလက်ခံတော်မူပြီး ကျွန်တော်မျိုးမ၏ အပြစ်များကို ခွင့်လွှတ်ပေးသနားတော်မူပါ။

🤲🏼 Al-Muntaqim, (ယာအလ္လာဟ်၊ ယာမွတ်န်သကိမ် - (အမိန့်တော်ကို နာခံခြင်း မရှိသောသူတို့အား တုံ့ပြန်လက်စားချေတော်မူသော အရှင်) ကျေးဇူးပြု၍ ကျွန်တော်မျိုးမအား ထိခိုက်နစ်နာစေခြင်းမှ ကာကွယ်ပေးပြီး ကျွန်တော်မျိုးမအပေါ် ဘေးဖြစ်စေသူအပေါင်းကိုလည်း တရားသဖြင့်စီရင်ပေးသနားတော်မူပါ။

🤲🏼 Al-'Afuww, (ယာအလ္လာဟ်၊ ယာအဖုဝ်ဝ် - (အလွန်တရာ ခွင့်လွှတ်တော်မူသော အရှင်) ကျေးဇူးပြု၍ ကျွန်တော်မျိုးမအား ခွင့်လွှတ်တော်မူပြီး ကျွန်တော်မျိုးမ၏အပြစ်များကို ကျွန်တော်မျိုးမ၏မှတ်တမ်းမှ ဖယ်ရှားပေးတော်မူပါ။

🤲🏼 Ar-Ra'oof, (ယာအလ္လာဟ်၊ ယာရအူးဖ် - (အလွန်တရာ ကရုဏာ ရှိတော်မူသော အရှင်) ကျေးဇူးပြု၍ ကျွန်တော်မျိုးမအား ကရုဏာတရားကျရောက်စေပြီး ကျွန်တော်မျိုးမအတွက် ကောင်းသောအရာများဆီသို့ လမ်းညွှန်ပေးသနားတော်မူပါ။

🤲🏼 Maalik-ul-Mulk,(ယာအလ္လာဟ်၊ ယာမားလိကုလ် မွတ်လ်ကိ - (စကြဝဠာ ခပ်သိမ်းတို့ကို စိုးပိုင်တော်မူသော အရှင်) ကျေးဇူးပြု၍ ကျွန်တော်မျိုးမအား ဤဒွန္နယာဟ်နှင့် အာခေယာဟ် နှစ်ဘဝလုံးတွင် အောင်မြင်မှုနှင့် ဂုဏ်ကျက်သရေကို ပေးသနားတော်မူပါ။

🤲🏼 Dhul-Jalaali Wal-Ikraam, (ယာအလ္လာဟ်၊ ယာဇုလ်ဂျလားလိ ဝလ်အိက်ရောမ် - (ဘုန်းသမ္ဘာ ကျက်သရေနှင့် ပြည့်စုံတော်မူသော အရှင်) ကျေးဇူးပြု၍ ကျွန်တော်မျိုးမအား ကောင်းချီးမင်္ဂလာနှင့် ဂုဏ်ကျက်သရေ ချီးမြှင့်ပေးသနားတော်မူပါ။

🤲🏼 Al-Muqsit, (ယာအလ္လာဟ်၊ ယာမွတ်က်စိတ် - လွန်စွာ တရားမျှတတော်မူသော အရှင်) ကျေးဇူးပြု၍ ကျွန်တော်မျိုးမ၏ လုပ်ဆောင်မှုအားလုံးတွင် တရားမျှတစွာ မှန်မှန်ကန်ကန်လုပ်ဆောင်နိုင်စွမ်း ပေးသနားတော်မူပါ။

🤲🏼 Al-Jaami',(ယာအလ္လာဟ်၊ ယာဂျားမိအ် - (ကိယားမဟ်နေ့တွင် သတ္တဝါ အပေါင်းတို့အား စုရုံးတော်မူမည့် အရှင်) ကျေးဇူးပြု၍ ကျွန်တော်မျိုးမအား ဂျန္နဟ်တွင် ကျွန်တော်မျိုးမ ချစ်ခင်ရသူအပေါင်းနှင့်အတူ စုဝေးပေးတော်မူပါ။

🤲🏼 Al-Ghaniyy, (ယာအလ္လာဟ်၊ ယာဂေါ်နိယ္ယ် - (အလွန်တရာ ကြွယ်ဝ ချမ်းသာတော်မူသော အရှင်) ကျေးဇူးပြု၍ ကျွန်တော်မျိုးမအား ပံ့ပိုးကူညီပေးပြီး အလ္လာဟ်(سُبْحَانَهُ وَتَعَالَى) တစ်ပါးတည်းထံတွင်သာ ယုံကြည်အားကိုးနိုင်စွမ်း ပေးသနားတော်မူပါ။

🤲🏼 Al-Mughni, (ယာအလ္လာဟ်၊ ယာမွတ်ဂ်နီ - (ရောင့်ရဲ တင်းတိမ်စေတော်မူသော အရှင်) ကျေးဇူးပြု၍ ကျွန်တော်မျိုးမအား ဤဒွန္နယာဟ်၌သော်လည်းကောင်း၊ အာခေယာဟ်၌သော်လည်းကောင်း ကြွယ်ဝချမ်းသားမှုနှင့် ပြည့်စုံကုံလုံမှုကို ပေးသနားတော်မူပါ။

🤲🏼 Al-Mani', (ယာအလ္လာဟ်၊ ယာမားနိအ် - (ဘေးဒုက္ခကို တားမြစ်တော်မူသော အရှင်) ကျေးဇူးပြု၍ ကျွန်တော်မျိုးမအား ဘေးဥပါဒ်အပေါင်းမှ ကွယ်ကာပေးပြီး ပြစ်မှုမကျူးလွန်မိစေရန် တားဆီးပေးတော်မူပါ။

🤲🏼 Ad-Dharr, (ယာအလ္လာဟ်၊ ယာဒွေါရ် - (ဘေးဥပါဒ် သက်ရောက်စေနိုင်တော်မူသော အရှင်) ကျေးဇူးပြု၍ ကျွန်တော်မျိုးမနှင့် ကျွန်တော်မျိုးမ၏ ချစ်ခင်မြတ်နိုးရသူအပေါင်းအား ဒုက္ခဆင်းရဲခြင်းမှ ကာကွယ်ပေးသနားတော်မူပါ။

🤲🏼 An-Nafi', (ယာအလ္လာဟ်၊ ယာအန္နားဖိအ် - (အကျိုး သက်ရောက်စေတော်မူသော အရှင်) ကျေးဇူးပြု၍ ကျွန်တော်မျိုးမနှင့် ကျွန်တော်မျိုးမချစ်ခင်မြတ်နိုးရသူအပေါင်းအား ဤဒွန္နယာဟ်နှင့် အာခေယာဟ်နှစ်ဘဝလုံးအတွက် အကျိုးရှိသောအရာကို ပေးသနားတော်မူပါ။

🤲🏼 An-Nur, (ယာအလ္လာဟ်၊ ယာအန္နူးရ် - (ရောင်ခြည်တော် အရှင်၊ လင်းဝင်းစေတော်မူသော အရှင်) ကျေးဇူးပြု၍ ကျွန်တော်မျိုးမအား မှန်ကန်တဲ့လမ်းကို လျှောက်လှမ်းနိုင်ပြီး အမှန်တရားကို သိမြင်နိုင်စွမ်း ကူညီပေးသနားတော်မူပါ။

🤲🏼 Al-Haadi, (ယာအလ္လာဟ်၊ ယာဟားဒီး - (တရားလမ်းမှန်ကို ညွှန်ကြားပြသတော်မူသော အရှင်) ကျေးဇူးပြု၍ ကျွန်တော်မျိုးမအတွက် ကောင်းသောအရာဆီသို့ လမ်းညွှန်ပြီး အန္တရာယ်ရှိသောအရာကို ရှောင်ရှားရန် ကူညီပေးသနားတော်မူပါ။

🤲🏼 Al-Badee', (ယာအလ္လာဟ်၊ ယာဗဒီးအ် - (အစပြု၍ ဖန်ဆင်းတော်မူသော အရှင်) ကျေးဇူးပြု၍ ကျွန်တော်မျိုးမအား အလ္လာဟ်(سُبْحَانَهُ وَتَعَالَى)၏ ဖန်တီးမှုစွမ်းအားကို အသိအမှတ်ပြုနိုင်စွမ်းနှင့် အံ့ဖွယ်ဖန်တီးမှုများအတွက် တန်ဖိုးထားကျေးဇူးတင်နိုင်စွမ်း ပေးသနားတော်မူပါ။

🤲🏼 Al-Baaqi, (ယာအလ္လာဟ်၊ ယာဗားကီး - (ထာဝစဉ် တည်ရှိ‌နေတော်မူမည့် အရှင်) ကျေးဇူးပြု၍ ကျွန်တော်မျိုးမအား ဂျန္နဟ်တွင် ထာဝရတည်ရှိနေခွင့်ကို ပေးသနားတော်မူပါ။

🤲🏼 Al-Waarith, (ယာအလ္လာဟ်၊ ယာဝါးရိစ် - (အမွေစား အမွေခံ ဖြစ်တော်မူသော အရှင်) ကျေးဇူးပြု၍ ကျွန်တော်မျိုးမအား ဂျန္နဟ်ကို အမွေခံရသော သူများနှင့် ကောင်းချီးမင်္ဂလာအပေါင်းမှ ဖန်ဆင်းပေးသနားတော်မူပါ။

🤲🏼 Ar-Rasheed, (ယာအလ္လာဟ်၊ ယာရရှီးဒု -(လမ်းမှန်ကို ညွှန်းကြားပြသတော်မူသော အရှင်) ကျေးဇူးပြု၍ ကျွန်တော်မျိုးမအား ကောင်းခြင်းနှင့် အမှန်တရားဆီသို့ လမ်းညွှန်ပေးသနားတော်မူပါ။

🤲🏼 As-Saboor, (ယာအလ္လာဟ်၊ ယာဆွဗူးရု - (ခန္တီတရားနှင့် ပြည့်စုံတော်မူသော အရှင်) ကျေးဇူးပြု၍ ကျွန်တော်မျိုးမအား စိတ်ရှည်သည်းခံနိုင်စွမ်းနှင့် စမ်းသပ်မှုများ၊ အခက်အခဲများကို ခံနိုင်ရည်ရှိအောင်ကျော်လွှားနိုင်စွမ်းအားကို ကူညီပေးသနားတော်မူပါ။

Ameen

Want your school to be the top-listed School/college in Dubai?
Click here to claim your Sponsored Listing.

Videos (show all)

ငယ်ရွယ်အောင်မြင်နေတဲ့ အစ္စလာမ့်သမီးပျိုလေး Hijabi မှတစ်ဆင့် Niqabi ဖြစ်တဲ့အထိ တစ်ဆင့်ချင်း Transform ဖြစ်သွားတဲ့ "The Ly...
“Media and Communication for Transnational Citizens” course က ဘာလဲ။ ဘယ်လို Modules တွေပါဝင်တာလဲ။ ဘယ်သူတွေအတွက် သင့်တော်တ...
2024 Eid al Fitr Prayer at Foundation of Islamic Center Thailand 🇹🇭
Five tips to get our Dua accepted!
📣🕌 Embracing Critical Thinking in Islam! 🤔💭
Five ways to use our Aql (Intellect)
Islamic Psychology : Heart and Soul
Islamic Psychology: 𝐏𝐮𝐫𝐩𝐨𝐬𝐞 𝐨𝐟 𝐥𝐢𝐟𝐞 𝐚𝐧𝐝 𝐇𝐮𝐦𝐚𝐧 𝐍𝐚𝐭𝐮𝐫𝐞
Exploring the Need for a Muslim Mentorship Platform
Are you feeling Post-Ramadan Blues? If yes, you are not alone, I am right there with you!
Eid Mubarak 🎊
Ramadan Reflection: ကိုယ့်မှာမရှိနေတဲ့ အရာတွေထက် အလ္လာဟ် (سُبْحَانَهُ وَتَعَالَى)ချီးမြှင့်ထားတဲ့ Blessings တွေကို သတိပြ...

Category

Website

Address

Dubai

Other Education in Dubai (show all)
Premiere art school Premiere art school
Alexandria Egypt
Dubai

Welcome to Premiere art school, the premiere destination for aspiring graphic designers

Centre for Advanced Professional Practices - CAPP Centre for Advanced Professional Practices - CAPP
Onyx Tower 2, Office P204 & P205, The Greens
Dubai, 450355

CAPP was founded in 2005 in Dubai with the sole purpose of delivering excellence in Dental Education

GESS Dubai, Global Educational Supplies & Solutions GESS Dubai, Global Educational Supplies & Solutions
Dubai World Trade Centre
Dubai

UAE's only exhibition & conference dedicated to the entire spectrum of education solutions from pre-

Tawasul Tawasul
Jumeirah Road Pavilion Dive Centre
Dubai

Tawasul means reach out in Arabic. It aims to engage young people and students in grass root conservation and restoration ecology.

Marine Concept Yacht Charter and Sea School Marine Concept Yacht Charter and Sea School
Al Barsha Business Centre Office 611
Dubai

Marine Concept provides IYT maritime training, U.A.E. local and international boat driving licenses

بذوع    -    Buzoor بذوع - Buzoor
Bedaia Building, Al Barsha
Dubai, P.O.BOX283681

تسعى بذور الى تنمية حب اللغة العربية عند الأطفال. بذور ?

Bon Education Bon Education
Dubai

Put your values into action. We work with select organizations, governments and brands, to create em

Ambassador School Ambassador School
41 A Street, Mankhool, Bur
Dubai, 126924

Inspire, Inquire, Innovate.

Baraka Baraka
Dubai

App connects donors,education organizations and students to crowdfund for education. Donor selects student profiles, pays schools tuition.

Knowledge Factory Knowledge Factory
Dubai

We believe in sharing knowledge and information in a way that no one does.

Future Intelligence Future Intelligence
Khalid Bin Waleed Road
Dubai

Fast-paced technological innovations mean that most of us will soon share our workplaces with artificially intelligent beings and bots, so how can children stay ahead of the curve....