" legend " ဒဏ္ဍာရီ
Nearby schools & colleges
Rajshahi Division
Anantnag 192231
Rajshahi Division 251306
برج البرلس/بجوار مسجد سيدي غانم
Please Note That The Inclusion of Copyrighted Material Interstate Not Intended To Infringe upon Any Copyrights, Rajshahi Division
Canal Road Samnaabad, Faisalabad
Dhaka 1212
Rajshahi Division 42080
Green Wood Street Sialkot
Rajshahi Division
Rajshahi Division
Daiwala, punjab
Kp Road, Anantnag
ဘဝ ခရီး သည်
(၁) စိတ်ဓာတ်ကို မာမာထားပါ။
အပြင်ပန်းသဏ္ဍာန်ကို
ပျော့ပျော့ပျောင်းပျောင်းထားပါ။
(၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။
ဘယ်လောက်ပဲ နှစ်သက် နှစ်သက်
လက်လွှတ်တတ်ဖို့ နားလည်ပါ။
(၃) ကိုယ့်ကိုယ်ကို လေးစားပါ။
သူတစ်ပါးကို လေးစားပါ။
လေးစားမှုကို ထိန်းပါ။
အဲဒီလေးစားမှု သုံးခုကို မှတ်ထားပါ။
(၄) ငွေဆိုတာ ရေလိုပဲ။
ငွေခမ်းရင် ငတ်သေတတ်တယ်။
ငွေမက်လွန်းရင် နစ်သေတတ်တယ်။
(၅) အရာဝတ္ထုတစ်ခုတိုင်းကို
ရှုထောင့်ပေါင်းစုံ ဘက်ပေါင်းစုံကနေ ခံစားပါ။
(၆) သူတစ်ပါးကို ထိခိုက်နာကျင်မှုမျိုးနဲ့
ကိုယ့်အပြစ် ကိုယ့်ဆိုးကျိုးကို ဖုံးကွယ်တတ်တဲ့
လူလောက် ရှက်ဖို့ကောင်းတာ မရှိဘူး။
(၇) လောဘမကြီးနဲ့။
ကောင်းတဲ့အရာတွေက
ဘယ်တော့မှ တာရှည်မခံဘူး။
(၈) သူငယ်ချင်းအတွက်
အနစ်နာခံတဲ့ အလုပ်
ခက်ခဲတဲ့အလုပ်တော့ မဟုတ်ဘူး။
ခက္တာက အနစ်နာခံရလောက်တဲ့
သူငယ်ချင်းမျိုး ရှိဖို့ပဲလိုတယ်။
(၉) ကိုယ့်အတွက်လို့ စဉ်းစားမိတာနဲ့
တစ်ပြိုက်နက် တစ်ဘက် လူ ရဲ့
ခံစားချက်ကိုလည်း ထည့်တွက်သင့်တယ်။
သူ့အတွက် ပိုစဉ်းစားသင့်တယ်။
ဒါတွေက အကြင်နာ ယဉ်ကျေးတဲ့အပြင်
တစ်ဘက် လူ ကို လေးစားရာလည်း ရောက်တယ်။
(၁၀) လူတွေ သိနိုင်တဲ့အမှားမျိုးက
တကယ့်အမှား မဟုတ်သေးဘူး။
တစ်ဘက် လူ လုသွားနိုင်တဲ့
ချစ်သူမျိုးက တကယ့်ချစ်သူ မဟုတ်သေးဘူး။
(၁၁) ကိုယ့်ဆုံးဖြတ်ချက် ကိုယ် ချ ပါ။
ဖြစ်လာသမျှ ခံယူဖို့ပြင်ဆင်ပါ။
စမလုပ်ခင် လောကကြီးမှာ
နောင်တကုဆေးဆိုတာ မရှိကြောင်း
ကိုယ့်ကိုယ်ကိုယ် သတိပေးပါ။
(၁၂) သင်ယူခြင်းက တ ခဏ အတွက် မဟုတ်ဘူး
တစ်ဘဝအတွက် ဖြစ်တယ်။
ဒါကြောင့် သင်ယူခြင်းမှာ မငြီးငွေ့ပါနဲ့။
(၁၃) ဘယ်အချိန်မှာ စတင်ခဲ့တာဖြစ်ဖြစ်
အရေးကြီးတာက စတင်ပြီးနောက် တ မရဖို့ပါပဲ။
ဘယ်အချိန်မှာ အဆုံးသတ်တာပဲဖြစ်ဖြစ်
အရေးကြီးတာက အဆုံးသတ်ပြီးနောက်
နောင်တမရဖို့ပါပဲ။
(၁၄) ကံမကောင်းခြင်းဆိုတာ
စာရင်းသွင်းစရာ မလိုဘဲ
လူတိုင်းတတ်ရတဲ့ ကျောင်းဖြစ်တယ်။
ဒီကျောင်းကို အောင်နိုင်သူက
သန်မာထက်မြက်သူဖြစ်တယ်။
(၁၅) အချစ်ခံချင်ရင် အချစ်ခံထိုက်တဲ့
လူတစ်ယောက်ဖြစ်အောင် အရင်လုပ်ပါ။
လူတွေကို ချစ်ချင်ရင်
ချစ်တတ်တဲ့ အရည်အချင်းရှိအောင်
အရင်လုပ်ပါ။
ကောင်းကွက်ကိုလည်း လက်မခံ
ဆိုးကွက်ကိုလည်း
နားလည်မှုမပေးရင် ဒီသံယောဇဉ်
ဘယ်လောက်တာရှည်နိုင်မလဲ။
(၁၆) အပြစ်ရှာ ညည်းတွားတတ်တဲ့
လူတွေဟာ စိတ်သေဘာထား
မကောင်းသူတွေ မဟုတ်ပေမယ့်
လူတွေ အမြဲနှစ်သက်သူတော့ မဟုတ်ခဲ့ဘူး။
(၁၇) ဦးနှောက်ခြောက် စိတ်ရှုပ်တာတွေက
မနက်ဖြန်ရဲ့ဝန်ကို ပေါ့သွားစေမှာ မဟုတ်ဘူး။
ဒါပေမယ့် ဒီကနေ့ရဲ့
ပျော်ရွှင်ခြင်းကိုတော့
ဆုံးရှုံးသွားစေမှာ။
နည်းနည်းသည်းခံလိုက်
နည်းနည်းတောင့်ခံလိုက်
တစ်နေ့နေ့မှာ သင်သည်းခံခဲ့တဲ့ နာကျင်မှုက
သင့်ကို ပြန်အထောက်အကူ ပြုလိမ့်မယ်။
(၁၈) ဘဝမွာ ပျော်ရွှင်စရာတွေက
အများကြီး သင့်ရဲ့အာရုံနဲ့အကြည့်ကို
အဲဒီမပျော်ရွှင်တဲ့ အရာတွေပေါ်မှာပဲ
စူးစိုက်မထားပါနဲ့။
(၁၉) တစ်ယောက်ထဲ နေတဲ့အခါ
တစ်ယောက်ထဲ
နေတတ်အောင် သင်ယူတယ်။
နှစ်ယောက်ဖြစ်သွားတဲ့အခါ
ချစ်ခင်ပေါင်းသင်းတတ်အောင်
သင်ယူတယ်။
သုံးယောက်ဖြစ်သွားတဲ့အခါ
နောက်ဆုတ်
နှုတ်ထွက်တတ်အောင် သင်ယူပါတယ်။
(၂၀) တစ်ကိုယ်တည်းသမားလို့ ဆိုတိုင်း
အချစ်ကို နားမလည်သူလို့ မထင်လိုက်ပါနဲ့။
တကယ်တော့ တစ်ကိုယ်တည်း သမား ဆိုတာ
ချစ်သူရည်းစားရှိလျက်နဲ့
နာကျင်ဝမ်းနည်း နေရသူတွေထက်
စာရင် အမျှော် အမြင် ရှိတယ် ။
#မူရင်းပိုစ့် ပိုင်ရှင် ရေးသားသူအား
ရိုသေလေးစားလျှက် #
🙏🙏🙏
မေတ္တာ ဖြင့်
"legend "ဒဏ္ဍာရီ
📕စာပေ ဓမ္မဒါန 📕
#ဝေဖန်အကြံပြုပေးဖို့မေတ္တာရပ်ခံပါသည်
#စာဖတ်ပရိတ်သတ်များရွှင်လန်းချမ်းမြေ့ကြပါစေ
#စာဖတ်သူများအားအစဉ်လေးစားလျက်ပါ
#နှစ်သက်ပါကမျှဝေနိုင်ပါသည်
ဝိုင်းဝန်းကူညီရန် တာဝန်ကိုယ်စီရှိ
⏺⏺⏺⏺⏺⏺⏺⏺⏺⏺⏺⏺
ရိုင်းပင်းကူညီရန် အချင်းချင်း
တာဝန်ကိုယ်စီရှိကြောင်း
ဆရာကြီးဦးရွှေအောင်က
ဤသို့ ရေးသားခဲ့ပါ၏ ။
" ရိုင်းပင်းကူညီမှုနှင့်ပတ်သတ်၍
လူတို့မည်သည်
တစ်ဦးချင်း၊ တစ်ယောက်ချင်း နေ၍မရ။
အပေါင်းအစုအဖြစ် အုပ်စုဖွဲ့၍ နေရ၏ ။
ထိုအခါ လောက၏ အစိတ်အပိုင်းသဖွယ်
ဖြစ်သောလူတို့သည် မိမိတို့၏ဆိုင်ရာ
အစိတ်အပိုင်း တာဝန်အလျောက်၊
အစိတ်အပိုင်း အချင်းချင်းအပေါ် အမှီပြုရ၏ ။
အချင်းချင်းရိုင်းပင်းရ၏ ။ ကူညီရ၏ ။
ထိုလုပ်ငန်းပိုင်းဆိုင်ရာ
တာဝန်များ
ပျက်ကွက်သည်နှင့်အမျှ
လောကယန္တရားသည်
ချောမောစွာ လည်ပတ်နိုင်တော့မည်မဟုတ်။
ထိုအခါ လောက၏ အစိတ်အပိုင်းဖြစ်သော
ထိုထိုဘဝတို့သည် မည်သို့လျှင်
သုခနှင့် ပြည့်စုံနိုင်ကြပေလိမ့်မည်နည်း။
ထို့ကြောင့် တစ်ဦးချင်း၏
ဘဝသာယာရေးအတွက်
လောကတစ်ခုလုံး ငြိမ်းချမ်းသာယာအောင်
ဆောင်ရွက်ရေး၌ အချင်းချင်း ရိုင်းပင်းကူညီရန်
တာဝန်ကိုယ်စီ ရှိကြ၏ ။ "
လူသည် လူ့အဖွဲအစည်းဝင်တစ်ဦး
ဖြစ်လေရာ
အခြားသော လူ့အဖွဲအစည်းဝင်တို့နှင့်
မကင်းမကွာ
ဆက်ဆံထိတွေနေရသည်။
တစ်ဦးတည်းအထီးကျန်
နေ၍မရပေ။
ဤသို့သောအနေအထားတွင်
မိမိ၏
အတ္တဥခွံ ကျဉ်းကျဉ်းလေးထဲမှ
ဖောက်ထွက်ဖို့ လိုပါသည်။
မိမိနှင့် ထိတွေဆက်ဆံရသူတို့၏
ဘဝတွေအပေါ်
စိတ်ဝင်စားဖို့၊
နားလည်ခံစားပေးဖို့ လိုပါသည်။
အခက်အခဲတစ်စုံတစ်ရာ
တွေ့ကြုံနေရသူအပေါ်
မိမိတတ်နိုင်သမျှ ရိုင်းပင်းကူညီသင့်သည်။
မျက်နှာလွှဲ၍ မနေသင့်ပါ။
ဆင်းရဲဒုက္ခ
ကြုံတွေနေရသူအပေါ်
စာနာထောက်ထားသော
မေတ္တာအရင်းခံလျက်
အချင်းချင်းရိုင်းပင်းကူညီမှု
ပြု ခြင်းသည် လူမှုရေးဆိုင်ရာ
ကုသိုလ်ကောင်းမှု
ဖြစ်ပါ၏ ။
ကုသိုလ်ကောင်းမှုဖြစ်သောကြောင့်
ကုသိုလ်က သူသဘော သူဆောင်ကာ
အချိန်တန်သောအခါ ကောင်းကျိုးပေးမည်မှာ
သေချာရေရာသော အရာဖြစ်ပါ၏ ။
သဗ္ဗေ သတ္တဝါ•••သတ္တဝါမှန်သမျှ•••
ဒုက္ခာ မုစ္စန္တု •ဆင်းရဲခြင်းအလုံးစုံမှ လွတ်ကင်း၍
ချမ်းသာကြကုန်သည်သာ ဖြစ်ပါစေ။
သုခိအတ္တာနံ ပရိဟရန္တု•မိမိခန္ဓာဝန်ကို ချမ်းသာစွာ
ရွက်ဆောင်နိုင်ကြပါစေ။
#မူရင်းပိုစ့် ပိုင်ရှင် ရေးသားသူအား
ရိုသေလေးစားလျှက် #
🙏🙏🙏
မေတ္တာ ဖြင့်
"legend "ဒဏ္ဍာရီ
📕စာပေ ဓမ္မဒါန 📕
#ဝေဖန်အကြံပြုပေးဖို့မေတ္တာရပ်ခံပါသည်
#စာဖတ်ပရိတ်သတ်များရွှင်လန်းချမ်းမြေ့ကြပါစေ
#စာဖတ်သူများအားအစဉ်လေးစားလျက်ပါ
#နှစ်သက်ပါကမျှဝေနိုင်ပါသည်
မေတ္တာစစ်နဲ့ ဆက်ဆံပါ
******************
ဖတ်ကြည့်နော်…
ကိုယ်နဲ့ ဆက်ဆံတဲ့သူတွေထဲမှာ
မိတ်ဆွေစစ်ပါရင်…
မိတ်ဆွေစစ်ကို တန်ဖိုးထားပါ၊
မိတ်ဆွေစစ်ဆိုတာ…
ရွှေ ငွေထက် ရှားပါးပါတယ်၊
မိတ်ဆွေစစ်နဲ့ တွေ့ရင်
ထီပေါက်တာထက်
ကံကောင်းတယ်လို့ မှတ်ပါ။
#မိတ်ဆွေစစ်ဆိုတာ…
ကိုယ့်ဆီက
ဘာမျှော်လင့်ချက်မှ မထားဘဲ
မေတ္တာစစ်နဲ့
ကူညီနေတတ်တယ်၊
အားပေးနေတတ်တယ်။
သွေးမတော်သားမစပ်ပေမဲ့
ကိုယ့်အပေါ်မှာ
သွေးတော်သားစပ်သူထက်
ဆွေမျိုးရင်းထက်တောင်
သူက ပိုကောင်းနေတတ်သေးတယ်။
အဲဒီလို မိတ်ဆွေမျိုးကို
ကိုယ့်ဘက်က
မေတ္တာစစ်နဲ့ မဆက်ဆံရင်
မေတ္တာတုနဲ့ ဆက်ဆံရင်
မိတ်ဆွေစစ်ကို ဆုံးရှုံးရတတ်တယ်။
#ဒါကြောင့်…
မိတ်ဆွေစစ်ကို မဆုံးရှုံးချင်ရင်
မေတ္တာနဲ့ ဆက်ဆံပါ။
#မူရင်းပိုစ့် ပိုင်ရှင် ရေးသားသူအား
ရိုသေလေးစားလျှက် #
🙏🙏🙏
မေတ္တာ ဖြင့်
"legend "ဒဏ္ဍာရီ
📕စာပေ ဓမ္မဒါန 📕
#ဝေဖန်အကြံပြုပေးဖို့မေတ္တာရပ်ခံပါသည်
#စာဖတ်ပရိတ်သတ်များရွှင်လန်းချမ်းမြေ့ကြပါစေ
#စာဖတ်သူများအားအစဉ်လေးစားလျက်ပါ
#နှစ်သက်ပါကမျှဝေနိုင်ပါသည်
စိတ်ချမ်းသာချင်ရင် ...
စိတ်ချမ်းသာချင်ရင် စိတ်အကြောင်းကို
နားလည်ဖို့လိုတယ်။
စိတ်အကြောင်းကို စာဖတ်ရုံနဲ့
တကယ်နားမလည်နိုင်ဘူး။
အထောက်အပံ့တော့ ရမယ်။
ကိုယ့်စိတ်ကို ကိုယ်
တည့်တည့်ကြည်ထားတတ်မှ
ကိုယ့်စိတ်အကြောင်းကို ကိုယ်နားလည်မယ်။
လူ့ဂုဏ်သိက္ခာနဲ့ စိတ်ချမ်းသာမှုဟာ
ဆက်စပ်နေပါတယ်။
လူ့ဂုဏ်သိက္ခာနဲ့ ပြည့်စုံတဲ့သူမှသာ
စစ်မှန်တဲ့ စိတ်ချမ်းသာမှုကို ရနိုင်တယ်။
ကိုယ်ကျင့်တရား ကောင်းတဲ့သူဟာ
စိတ်ပိုချမ်းသာတယ်။
ကိုယ်ချင်းစာတတ်တဲ့သူ၊ ကူညီတတ်တဲ့သူ
ရိုးသားတဲ့သူဟာ... စိတ္ပို ချမ်းသာတယ်။
နောင်တရစရာ မရွိတဲ့သူဟာ ..
စိတ် ပိုချမ်းသာတယ်။
ငါဟာ...
ဂုဏ်သိက္ခာရှိတဲ့သူလို့
မှန်မှန်ကန်ကန် ခံစားရဖို့လိုပါတယ်။
အမ်ားက... ကိုယ့်ကို ဂုဏ်သိက္ခာရှိတဲ့သူလို့
အသိအမှတ်ပြုတာကို ရဖို့လည်းလိုပါတယ်။
ပုဗ္ဗေစ ကတပုညတာ -
"ကောင်းတာကိုလုပ်ခဲ့ခြင်း" ဆိုတာ
မင်္ဂလာတရားမှာ ပါတယ် ...။
မင်္ဂလာဆိုတာ... ပြည့်စုံဖို့ ကြီးပွားဖို့
အောင်မြင်ဖို့ အကြောင်းကိုခေါ်တာ။
စိတ်ချမ်းသာဖို့ အကြောင်းလည်း ဖြစ်ပါတယ်။
ဒါကြောင့် စိတ်ချမ်းသာချင်ရင် ..
မင်္ဂလာတရားနဲ့အညီ နေဖို့လည်းလိုပါတယ်။
စိတ်ချမ်းသာချင်ရင် မရိုးသားတဲ့သူနဲ့
မပေါင်းနဲ့။
လိမ်ညာလှည့်စားတတ်တဲ့သူနဲ့
ပေါင်းရင်... စိတ်ချမ်းသာမှု မရနိုင်ဘူး။
စိတ်ချမ်းသာချင်ရင်... ကိုယ့်ကို
အထက်စီးက ဆက်ဆံချင်တဲ့သူနဲ့
မပေါင်းနဲ့။
အမြဲတမ်း အောက်ကျို့ပြီး ပေါင်းရတဲ့သူနဲ့
မပေါင်းနဲ့။
ကိုယ့် ဂုဏ်သိက္ခာကို မလေးစားတဲ့သူနဲ့
ပေါင်းရင်... စိတ်ချမ်းသာမှု မရနိုင်ဘူး။
စိတ်ချမ်းသာမှု၊ စိတ်ဆင်းရဲမှုဆိုတာ
ဆက်ဆံရေးကြောင့်ဖြစ်ရတာ.. များပါတယ်။
ဒါကြောင့် စိတ်ချမ်းသာချင်ရင်
ဆက်ဆံရေးမှာ...
အပြန်အလှန် လေးစားမှု၊
အသိအမှတ်ပြုမှုရှိတဲ့ ဆက်ဆံရေးကို
တန်ဖိုးထားပါ။
လူတိုင်းကိုယ့်ကို အသိအမှတ်ပြုတာ၊
သိပ် လိုချင်ပါတယ်။
အသိအမှတ်ပြုတာခံရရင်
သိပ်စိတ်ချမ်းသာတယ်။
ဒါကြောင့် လူ လူချင်း အသိအမှတ်ပြုပါ၊
တန္ဖိုးထားပါ၊ လေးစားပါ။
အဲဒါ... စိတ်ချမ်းသာမှု ပေးလိုက်တာပါပဲ။
#မူရင်းပိုစ့် ပိုင်ရှင် ရေးသားသူအား
ရိုသေလေးစားလျှက် #
🙏🙏🙏
မေတ္တာ ဖြင့်
"legend "ဒဏ္ဍာရီ
📕စာပေ ဓမ္မဒါန 📕
#ဝေဖန်အကြံပြုပေးဖို့မေတ္တာရပ်ခံပါသည်
#စာဖတ်ပရိတ်သတ်များရွှင်လန်းချမ်းမြေ့ကြပါစေ
#စာဖတ်သူများအားအစဉ်လေးစားလျက်ပါ
#နှစ်သက်ပါကမျှဝေနိုင်ပါသည်
'' #ဘဝမှာသင်ခန်းစာပေးတဲ့သူဆိုတာသီးသန့်ရှိတယ်''
တစ်ချို့က အတ္တကို ဖျောက်ပြီး
အပြုံးနဲ့ကြိုတ ယ်...။
တစ်ချို့ကျ အတွင်းစိတ်က
ကောက်သလောက်
အပြင်ပန်းက ချိုတယ်။
တစ်ချို့က အရှိကိုအရှိအတိုင်း ပဲ
ဟန်ဆောင်မှုကင်းတယ်
ဒါကြောင့်လူမုန်းများတယ်။
ဒီလိုပဲ ဘဝမှာ လူတွေဆိုတာ
ကိုယ့်အမြင်နဲ့
ကိုယ့်အထင်နဲ့ လွဲတာတွေရှိနေတတ်ပြီး
အပြုံးနဲ့ကြိုသူကို
စိတ်ထားကောင်းတယ်ထင်တတ်ကြတယ်။
အမြင်နဲ့သက်မှတ်ပြီး လူတိုင်းကို
ကိုယ့်လိုထင်နေတတ်ကြတယ်
တကယ်တော့ အထင်နဲ့အမြင်လွဲနေတဲ့အရာတွေ
အများကြီးပါပဲ။
ဒဏ်ရာတွေအများကြီးယူရင်
ပိုနာကျင်မယ့်အတူတူ
သင်ခန်းစာယူပါ ကိုယ့်အပေါ်ကို
ဘယ်လောက်ထိယုတ်မာနေပါစေ
မတုန့်ပြန်လိုက်ပါနဲ့ ပုတ်နေတဲ့အသီးဆိုတာ
အချိန်တန်ရင် သူ့အလိုလိုကြွေကျမှာပဲလေ
ကိုယ်ကအနေသာကြီးပါ။
လောကမှာ ကြည့်လိုက် သူတစ်ပါးအပေါ်
စိတ်ဓာတ်မကောင်းထားတတ်တဲ့ သူတိုင်းက
ဘယ်လောက်ပဲ ကောင်းတာတွေလုပ်လုပ်
အချိန်တန်ရင် သူ့ဗီဇအတိုင်း သူ့လုပ်ရပ်တွေက စိတ်ဓာတ်ကို သက်သေပြသွားတာပါ။
လိုရင်တစ်မျိုး မလိုရင်တစ်မျိုး
ဆက်ဆံရေးတွေကြားမှာ
ဘဝသင်ခန်းစာတွေ အများကြီးရလိုက်မှာပါ။
လူတွေရဲ့ လိမ်ညာလှည့်စား ခံရလေလေ
ကိုယ့်အတွက် ပညာရလေလေပါပဲ။
လူတွေကပေးတဲ့ သင်ခန်းစာတွေ
များလေလေ ဘဝဖြတ်သန်းမှုအတွက်
ပိုရင့်ကျက်ပါတယ်။
#မူရင်းပိုစ့် ပိုင်ရှင် ရေးသားသူအား
ရိုသေလေးစားလျှက် #
🙏🙏🙏
မေတ္တာ ဖြင့်
"legend "ဒဏ္ဍာရီ
📕စာပေ ဓမ္မဒါန 📕
#ဝေဖန်အကြံပြုပေးဖို့မေတ္တာရပ်ခံပါသည်
#စာဖတ်ပရိတ်သတ်များရွှင်လန်းချမ်းမြေ့ကြပါစေ
#စာဖတ်သူများအားအစဉ်လေးစားလျက်ပါ
#နှစ်သက်ပါကမျှဝေနိုင်ပါသည်
ကိုယ့်စိတ်နဲ့နှိုင်း မရိုင်းစေနဲ့
~~~~~~~~~~~~~~~~
တခါတုန်းက…ရွာတစ်ရွာမှာ
သူခိုး ဝင်ခိုးတော့
ရွာသားတွေ ဝိုင်းပြီး ဖမ်းကြသတဲ့။
သူခိုးကလည်း ကြံရာမရ ဖြစ်ပြီးတော့
မနီးမဝေးမှာ ရှိနေတဲ့ သင်္ချိုင်းထဲကို
ကမန်းကတမ်းနှင့်
ဝင်ပြေးပြီး ပုန်းနေရတာပေါ့။
ရွာသားတွေ
သင်္ချိုင်းထဲကနေ
ပြန်လည် ထွက်ခွါသွားတော့မှ
ပုန်းနေရာကနေ
ခေါင်းကလေး ပြူပြီး
ဟိုဟိုဒီဒီ ကြည့်လိုက်တော့
သူနှင့် မလှမ်းမကမ်းမှာ
ရသေ့တစ်ပါး တရားထိုင်နေတာကို
သွားပြီး မြင်ပါတယ်။
ဒီတော့ သူခိုး တွေးလိုက်တာက…
သြော်…
လက်စသတ်တော့ ဒီသင်္ချိုင်းထဲမှာ
ငါတစ်ယောက်တည်းမှ မဟုတ်ပဲ။
ဟိုဖက်မှာလည်း
သူခိုးတစ်ယောက် ပုန်းနေပါလား လို့
တွေးမိပါသတဲ့။
ရသေ့ကြီးကလည်းပဲ
လူသံသူသံ ကြားရတာနှင့်
ဘာတွေများပါလိမ့်လို့
ခေါင်းကလေးမော့ပြီး ကြည့်လိုက်တော့
မလှမ်းမကန်းမှာ ရှိနေတဲ့ သူခိုးကို
မြင်ပြီး
ရသေ့ကြီးက တွေးမိလိုက်ပြန်တယ်။
သြော်…
ဒီသင်္ချိုင်းထဲမှာ ငါတစ်ယောက်တည်း
တရားအားထုတ်နေတယ်လို့ ထင်နေတာ။
ဟိုဖက်မှာလည်း
သူတော်ကောင်း တစ်ယောက်
တရားအားထုတ်နေပါလား လို့
တွေးပြီး
သာဓု အကြိမ်ကြိမ် ခေါ်မိပါသတဲ့။
လူတွေဟာ မိမိစိတ်အတိုင်း
သူတစ်ပါးကို
မြင်တတ်ကြတယ်လို့ ဆိုလိုတာပါပဲ။
စိတ်ထား မကောင်းသူက…
သူတစ်ပါးကိုလည်း
မကောင်း မြင်တတ်ကြတယ်။
မကောင်း ပြောတတ်ကြတယ်။
မကောင်း ကြံတတ်ကြတယ်။
စိတ်ထား ကောင်းသူများကတော့…
မကောင်းတဲ့သူကိုတောင်မှ
ဖြည့်ပြီး
အကောင်း ပြောတတ်ကြပါတယ်။
အကောင်း မြင်တတ်ကြပါတယ်။
ကိုယ့်စိတ်နဲ့ နှိုင်း မရိုင်းစေနဲ့ ဟူလို…
#မူရင်းပိုစ့် ပိုင်ရှင် ရေးသားသူအား
ရိုသေလေးစားလျှက် #
🙏🙏🙏
မေတ္တာ ဖြင့်
"legend "ဒဏ္ဍာရီ
📕စာပေ ဓမ္မဒါန 📕
#ဝေဖန်အကြံပြုပေးဖို့မေတ္တာရပ်ခံပါသည်
#စာဖတ်ပရိတ်သတ်များရွှင်လန်းချမ်းမြေ့ကြပါစေ
#စာဖတ်သူများအားအစဉ်လေးစားလျက်ပါ
#နှစ်သက်ပါကမျှဝေနိုင်ပါသည်
စောင့်နိုင်တာ ပညာပါ
••••••••••••••••••••
ပျော်ဖို့က နောက်မှ
အခုလုပ်သင့်တာလုပ်ဖို့က
အရင်လို့ သဘောထားတဲ့သူက
ရေရှည်မှာ ပိုပျော်ရတယ်။
ပျော်စရာဆို ခုချက်ချင်းရမှ
မဖြစ်စလောက် လေးရမယ့်
ပျော်ရွှင်မှုလေးတောင်
လက်လွတ် မခံနိုင်ဘူးဆိုတဲ့သူတွေ
သတိထားကြည့်
သူတို့ ကြီးလေ မပျော်တော့လေပဲ။
အခုချက်ချင်းရမယ့်
ပျော်ရွှင်မှုဆိုတာ
အများအားဖြင့် အပေါစားပဲ
ရတာများပါတယ်။
တစ်ခဏလေးရမယ့် မဖြစ်စလောက်
ပျော်ရွှင်မှု ကို လက်လွှတ်လိုက်ပြီး
လုပ်သင့်တာ ဆက်လုပ်
သွားနိုင်တဲ့သူက နောင်တစ်ချိန်မှာ
ပိုပျော်ရ ပါတယ်။
သူဟာ လုပ်သင့်တာကို
လုပ်လို့
သူ့မှာ ဖြစ်သင့်တာတွေ
ဖြစ်လာတယ်။
သူ့အတွက် သူလက်လွှတ်လိုက်တဲ့
မပြောပ လောက်တဲ့
ပျော်ရွှင်မှုတွေထက် အဆပေါင်း များစွာသာတဲ့
ကျေနပ်စရာတွေ ရသွားတော့ မှာပါ။
ပညာရှင်တွေက ကလေးအုပ်စုတစ်စုကို
စမ်းသပ်မှုတစ်ခု လုပ်တယ်။
ပြီးတော့ ဒီကလေးတွေ
ကြီးသွားတဲ့အချိန်ထိ
ဘာတွေ ဖြစ်လာသလဲ စောင့်ကြည့်တယ်တဲ့။
စမ်းသပ်မှုက ကလေးတွေကို
စာတစ်ခု ရေးခိုင်း ထားတုန်းမှာ
သူတို့ကြိုက်တဲ့ မုန့်တစ်မျိုးမျိုး
ပေးပြီးတော့ ကလေးတွေကို ပြောတယ်။
ဒီမုန့်ကို အခုချက်ချင်းစားမယ်ဆိုလည်း
စားနိုင် တယ်။ အခုမစားသေးပဲ
စာရေးတာပြီးမှ စားမယ် ဆိုလည်း ရတယ်။
စာရေးနေတာပြီးမှ စားမယ်ဆိုတဲ့သူရှိရင်
လက်ထောင်ပါဆိုတော့
ကလေးနည်းနည်းကပဲ လက်ထောင်တယ်။
ကလေးအားလုံးကို မုန့်တွေ ဝေပေးလိုက်တယ်။
ခုနက ခုမစားသေးဘူး
စာရေးတာပြီးမှ စားမယ်
ဆိုတဲ့ကလေးတွေကို
ရေရှည်နှစ်ပေါင်းများစွာ စောင့်ကြည့်တဲ့အခါ…
သူတို့ဘဝတွေဟာ ပိုပြီးအဆင့်မြင့်တယ်။
ပိုပြီးထိရောက်တယ်။
ပိုပြီးကျေနပ်မှု ရကြတယ်လို့ တွေ့ရတယ်တဲ့။
ကော်ဖီတောင်မှ ခုချက်ချင်း
အထုပ်ဖျော် သောက်တဲ့ကော်ဖီထက်
အချိန်ယူနှပ်ပြီး သောက်တဲ့ကော်ဖီက
ပိုကောင်းပါတယ်နော်။
ဒါ့ကြောင့် "ခုချက်ချင်းရမှ"
ဆိုတဲ့စိတ်ကို အားမပေးပါနဲ့။
ခဏ အချိန်ဆိုင်းထားအုံးမယ်
မရလည်း ကိစ္စမရှိဘူး ဆိုတဲ့စိတ်ကို မွေးပါ။
ဒီစိတ်က ကိုယ့်ရဲ့ Will-power
ကိုလည်း အများကြီးတက်လာစေပါတယ်။
ကိုယ်ဟာ ဆန္ဒတွေနောက်
ကောက်ကောက် ပါအောင်
လိုက်တဲ့သူမဟုတ်ဘူး။
ကိုယ်ဟာ စိတ်ဓာတ်ပျော့ညံ့တဲ့သူ မဟုတ်ဘူး။
ရေတိုကို ဦးစားပေးတတ်တဲ့သူ မဟုတ်ဘူး။
အနာဂါတ်မှာ ငါဘယ်လိုလူ
ဖြစ်ချင်တယ် ဆိုတာကို မြင်နိုင်တယ် မှန်းနိုင်တယ် ရအောင်လုပ်နိုင်တယ်။
အခု လုပ်သင့်တာကို
လုပ်နေတုန်းမှာလည်း ငါဟာ
လုပ်သင့်တာကို လုပ်နေတယ်လို့
သိရလို့ ပျော်နေတယ်။
နောင် အနာဂါတ်အတွက်လည်း
ပူပန်သောက ကြီးနေဖို့
မလိုလို့ စိတ်အေးရတယ်။
ဒါ့ကြောင့် စိတ်မှာ ကျေနပ်နေတယ်။
အားရ နေတယ်။
ပိုပြီးတော့လည်း
ရွှင်လန်းတဲ့သူ ဖြစ်လာတယ်။
ဒါ့ကြောင့် ခုရမှဖြစ်မယ်ဆိုတဲ့စိတ်
ဖြစ်လာရင် သတိနဲ့ သိနေပါ။
သတိက လွန်ကဲမသွားအောင်
ထိန်းညှိပေးနိုင်တဲ့ အစွမ်းသတ္တိထူ
းရှိပါတယ်။
ဖြစ်နေတဲ့စိတ်ကို ငါမဟုတ်တဲ့
စိတ်အနေနဲ့သာ ကြည့်ပေးနေပါ။
တချိန်ကျရင် ပြောင်းသွား တယ်။
ပြောင်းသွားတဲ့စိတ်မှာ
တည်ကြည်ခြင်း လေးနက်ခြင်း
အေးချမ်းခြင်းတွေ ပါလာတယ်။
စိတ်ကို ကြည့်ရင်း ကြည့်ရင်းနဲ့
ပြောင်းသွား တဲ့အထိ မြင်ခွင့်
သိခွင့်ရလိုက်တာ
ကောင်းလိုက်တာနော်လို့ ဖြစ်နေတယ်။
ရှင်းရှင်းလင်းလင်း သိလာတဲ့အသိဉာဏ်
တစ်မျိုးကြောင့်
ငြိမ်သက်သွားတဲ့
အတွေ့ အကြုံကို ကိုယ်တွေ့ခံစားလိုက်ရတယ်။
အဲဒီအခါကျမှ ဝမ်းသာတယ်ဆိုတာ
ဘာတုန်းဆိုတာ သိရတော့တာ။
စွမ်းနိုင်တဲ့သူ မှန်သမျှဟာ
စောင့်ဆိုင်းနိုင်ကြတယ်။
စိတ်အင်အားကြီးမားတယ်
ဆိုတာ ကလေးဆန်တဲ့
သူအတွက် မဟုတ်ဘူး။
#မူရင်းပိုစ့် ပိုင်ရှင် ရေးသားသူအား
ရိုသေလေးစားလျှက် #
🙏🙏🙏
မေတ္တာ ဖြင့်
"legend "ဒဏ္ဍာရီ
📕စာပေ ဓမ္မဒါန 📕
#ဝေဖန်အကြံပြုပေးဖို့မေတ္တာရပ်ခံပါသည်
#စာဖတ်ပရိတ်သတ်များရွှင်လန်းချမ်းမြေ့ကြပါစေ
#စာဖတ်သူများအားအစဉ်လေးစားလျက်ပါ
#နှစ်သက်ပါကမျှဝေနိုင်ပါသည်
" ဂရုမစိုက်ဘဲ နေတတ်လာတယ် "
~~~~~~~~~~~~~~~~~
လူဆိုတာ
ပတ်ဝန်းကျင်နဲ့
အသိုင်းအဝိုင်းနဲ့ နေရတာပါ ။
ဒါပေမယ့်…
အဲဒီ ပတ်ဝန်းကျင်တို့ အသိုင်းဝိုင်းတို့ ဆိုတာ
အမြဲ ဂရုစိုက်နေဖို့ မလိုသလို
သူတို့ စိတ်တိုင်းကျအောင်လည်း
အမြဲ လိုက်လုပ်နေလို့ မဖြစ်ပြန်ဘူး ။
သူစိမ်းလူတွေ မပြောနဲ့
ကိုယ့်အမျိုး ကိုယ့်မိသားစုထဲမှာတောင်
ကိုယ့်အကြောင်း သေချာမသိတဲ့ လူတွေ
ကိုယ့်အလုပ်ကို သေချာ နားမလည်တဲ့သူတွေ
ကိုယ့်မေတ္တာ တန်ဖိုးမထားတဲ့သူတွေ
တစ်ပုံကြီးပဲ ။
ဖြတ်သန်းခဲ့ရတဲ့ ဘဝခြင်း မတူရင်
ကြုံတွေ့ခဲ့ရတဲ့ သင်ခန်းစာခြင်းကလည်း
တူမှာ မဟုတ်ဘူး ။
ကြည့်တဲ့ ရှုထောင့်ခြင်း မတူရင်
မြင်တဲ့ အမြင်ခြင်းကလည်း
တူမှာ မဟုတ်ပါဘူး ။
ရည်ရွယ်ချက်ခြင်း မတူရင်
တစ်လမ်းထဲလည်း
အတူတူ လျှောက်လို့ မရဘူး ။
ရခဲ့တဲ့ ဒဏ်ရာခြင်း မတူရင်
အတွင်းစိတ်ရဲ့ ခံစားချက်ဟာလည်း
တူမှာ မဟုတ်ဘူး ။
တကယ်တော့…
ဘယ်နေရာမှာ ဖြစ်ဖြစ်
သူကသူ ကိုယ်က ကိုယ်ပါပဲ ။
ဒါကို ငါပြောသလို လုပ်
ငါထားသလိုနေ ငါတွေးသလို တွေး
ငါပြောတာ နားထောင် ဆိုတာမျိုးက
ဟိုအရင် ကလေးဘဝတုန်းကတော့
အဆင်ပြေရင် ပြေလိမ့်မယ် ။
အခုနေ အရွယ်ရောက်လာတဲ့ အခါမျိုးမှာတော့
ဒီလို ဘောင်တွေ စည်းတွေနဲ့
ပုံစံခွက်ထဲ လာသွင်းကြတဲ့ အခါမှာတော့
ဘယ်လိုမှ အဆင်မပြေနိုင်တော့ဘူး ။
အဲဒီ အခါမှာတော့ ဘေးပတ်ဝန်းကျင်နဲ့
အသိုင်းဝိုင်းက ပြောတဲ့ စကားတွေ
သူတို့ရဲ့ ထင်မြင်ချက်တွေကို
သိပ် ဂရုစိုက်နေလို့ မရတော့ဘူး ။
ကိုယ်လုပ်စရာ ရှိတာ လုပ်ရတော့မယ်
ကိုယ့်လမ်းကို မှန်ကန်အောင် လျှောက်ရမှာပါ
ကိုယ့်အိပ်မက်တွေ လက်တွေ့ ဖြစ်လာဖို့အတွက်
ယုံကြည်မှုကို ကိုင်စွဲပြီး
ရှေ့ကို ဆက်ကြိုးစား နေရမှာဘဲ
ကဲ့ရဲ့ဝေဖန်ခြင်းတွေကို
တုန့်ပြန်နေဖို့ မလိုသလို
လူတိုင်း နားလည်လာအောင်လည်း
လိုက်ပြီး ရှင်းပြနေဖို့ မလိုပါဘူး ။
ကိုယ်ဘယ်လောက် ကောင်းအောင်နေနေ
အပြစ်မြင်မယ့် လူတစ်စုကတော့
တစ်သက်လုံး အပြစ်မြင်နေမှာဘဲ
ကိုယ်ဘယ်လောက် ရိုးသားနေပါစေ
ကောက်ကျစ် ယုတ်မာစိတ် ရှိတဲ့သူတွေကတော့
ကိုယ့်ကို ဘယ်တော့မှ
လူကောင်းလို့ ထင်မှာ မဟုတ်ဘူး ။
ကိုယ်ဘယ်လောက် စေတနာထားထား
အလကား ရတိုင်း
အလကား လိုချင်နေတဲ့ သူတွေကတော့
ကိုယ့်ကို ခပ်ပေါပေါလို့ တွက်ကြမှာဘဲ
ကြာလာတော့…
သူများ အမြင်မှာ ကောင်းဖို့ထက်
ကိုယ်အစစ်အမှန် ကောင်းအောင်နေဖို့ဘဲ
ပိုအာရုံ စိုက်ဖြစ်လာတယ် ။
သူများက မှန်တယ်လို့ ထင်ဖို့ထက်
ကိုယ် မမှားအောင်ဘဲ သတိထားပြီး
လုပ်တော့တယ် ။
ဘဝင်မြင့်နေတဲ့ လူတွေကြားမှာ
ခပ်ရိုးရိုး ခပ်အေးအေးလေးဘဲ နေလိုက်ပြီး
တစ်ယူသန် အငြင်းသန်တဲ့ သူတွေနဲ့တွေ့ရင်တော့
ကိုယ်ဘာမှ မသိသလို
ခပ်ဆိတ်ဆိတ်လေး နေလိုက်တယ် ။
အမှားတွေ ကြားမှာ
အမှန်ဟာ ခါးလာပြီး
အပေါ်ယံတွေ ကြားထဲမှာ
အစစ်အမှန်တွေ ကျပျောက်လာတဲ့အခါ …
အကောင်းထက်
အဆိုးမြင်နေတဲ့ လူတွေကြားမှာ
ကိုယ် ဂရုမစိုက်ဘဲ နေတတ်လာတယ် ။
လူတိုင်း ကြိုက်ဖို့မှ မလိုတာ
ကိုယ့်တန်ဖိုး ကိုယ်သိရင်တော့
ဒီလောက်ဆို တော်ပြီပေါ့ …
#မူရင်းပိုစ့် ပိုင်ရှင် ရေးသားသူအား
ရိုသေလေးစားလျှက် #
🙏🙏🙏
မေတ္တာ ဖြင့်
"legend "ဒဏ္ဍာရီ
📕စာပေ ဓမ္မဒါန 📕
#ဝေဖန်အကြံပြုပေးဖို့မေတ္တာရပ်ခံပါသည်
#စာဖတ်ပရိတ်သတ်များရွှင်လန်းချမ်းမြေ့ကြပါစေ
#စာဖတ်သူများအားအစဉ်လေးစားလျက်ပါ
#နှစ်သက်ပါကမျှဝေနိုင်ပါသည်
ငြင်းသင့်ရင် ငြင်းလိုက်ပါ
********************
လူအများစုရဲ့ နှလုံးသားမှာ
အားနာတဲ့စိတ်က
ခိုအောင်းနေတယ်။
ကိုယ် မလုပ်ချင်တဲ့ အလုပ်
ကိုယ် မလုပ်နိုင်တဲ့ အလုပ်ကို
ဒီစိတ်အရင်း ခံနေလို့
ကူညီပေးနေရတယ်။
ကိုယ်ဘယ်လို ခံစားရမှာဆိုတာထက်
သူ့ခံစားမှုကိုပဲ ဦးစားပေးတယ်။
သူငယ်ချင်း ဖြစ်နေလို့
မိတ်ဆွေ ဖြစ်နေလို့
ဆွေမျိုး ဖြစ်နေလို့ ဆိုပြီး
ငြင်းရမှာ အားနာတယ်။
မနိုင်တဲ့ဝန်ကို ထမ်းတယ်။
မငြင်းသာတဲ့စိတ်နဲ့
ဆက်ကူညီပေးတယ်။
လောကမှာ…
အားလုံးဟာ
အလိမ်အညာတွေ မဟုတ်သလို
အားလုံးဟာ
သူတော်စင်တွေ မဟုတ်ပါဘူး။
ကိုယ်က မအားတဲ့ ကြားကနေ
အချိန် ခွဲဝေပြီး
ကူညီပေးလိုက်တယ်။
အဆင်မပြေ ဖြစ်သွားရင်…
ပါးစပ်သေနတ် အပစ်ခံရတော့မှာ။
သူ့ ယုံကြည်လို့ အားကိုးပါတယ်
ဘာညာပေါ့…
ဟော…
အဆင်လည်း ပြေသွားရော
ငါ့ ကုသိုလ်လှ ကံနဲ့ပါ ဆိုတာ
စကား ထွက်လာသေးတယ်။
အလိုလို ကိုယ့်စေတနာဟာ
ဘေးရောက်သွားတယ်။
လူတိုင်းကို
အားနာသင့်သလောက်ပဲ
အားနာပါ။
သူတစ်ပါးရဲ့ အသုံးချခြင်းကို
ခံရတာလည်း ဒီစိတ်။
ရှေ့မှာ ရယ်ရယ်ပြုံးပြုံးနဲ့
နောက်ကွယ်မှာ
ဓားနဲ့ အထိုးခံရတာလည်း
ဒီစိတ်ကြောင့်ပဲ။
"အားနာရင် ခါးပါတယ်"တဲ့။
ခါး ပါရုံတင် မကဘူး
တချို့
ဘဝပါ ပါသွားကြတယ်။
ဒါကြောင့်မို့…
ကိုယ့်နှလုံးသား ပျော်ရွှင်ဖို့ကိုလည်း
ထည့်ထွက်ပါ။
ချောင်မှာ ကပ်မငိုရအောင်
ကိုယ်လည်း အဆင်ပြေအောင်
ငြင်းသင့်ရင်…
ရဲရဲသာ ငြင်းလိုက်ပါ ..
#မူရင်းပိုစ့် ပိုင်ရှင် ရေးသားသူအား
ရိုသေလေးစားလျှက် #
🙏🙏🙏
မေတ္တာ ဖြင့်
"legend "ဒဏ္ဍာရီ
📕စာပေ ဓမ္မဒါန 📕
#ဝေဖန်အကြံပြုပေးဖို့မေတ္တာရပ်ခံပါသည်
#စာဖတ်ပရိတ်သတ်များရွှင်လန်းချမ်းမြေ့ကြပါစေ
#စာဖတ်သူများအားအစဉ်လေးစားလျက်ပါ
#နှစ်သက်ပါကမျှဝေနိုင်ပါသည်
ငွေဆိုတာ
လိုတဲ့အချိန်တိုင်းရှာလို့
ရတာမဟုတ်ဘူး။ 💵 💴 💶 💷
၁။ အခါအခွင့်သင့်ချိန်။
၂။ ကံကောင်းနေတဲ့အချိန်...။
၃။ အရွယ်ကောင်းနေတဲ့အချိန်...။
၄။ ကျန်းမာရေးကောင်းနေတဲ့အချိန်..။
၅။ ခေတ်ကောင်းနေတဲ့အချိန်...။
အခါအခွင့်သင့်လို့
အခွင့်အရေးပေးလာတဲ့အခါ
လက်မလွတ်မိပါစေနဲ့..။
ဘာလုပ်လုပ်အစဉ်ပြေနေတဲ့အချိန်ဆိုတာ
ကံတရားကမျက်နှာသာပေးတဲ့အခါမျိုးမှာပဲ
ရခွင့်ရှိပါတယ်။
အရွယ်လွန်မှ
ပိုက်ဆံရှာမယ်ဆိုရင်တော့
လူငယ်လေးတွေနဲ့တန်းတူ
ကလေးတွေကြားမှာ တန်းဝင်စီရလိမ့်မယ်။
ကျန်းမာရေးကောင်းနေတဲ့အချိန်မှာ
ပိုက်ဆံရှာဖို့စိတ်မကူးပဲ သောက်စားမူးရူး ပြီး
နာဖျားချိန်ရောက်တော့မှ
ပိုက်ဆံရှာရကောင်းသိလာတာဟာ
အရမ်းနစ်နာလွန်းတယ်။
ခေတ်ကာလကောင်းနေတဲ့အချိန်မှာ
ပိုက်ဆံရှာရကောင်းမသိခဲ့ပဲ
အလိုက်သင့်လေးနေခဲ့မယ်ဆိုရင်
ခေတ်ကာလပျက်စီးယိုယွင်းတဲ့အခါကျမှ
ပိုက်ဆံတန်ဖိုးသိပြီး ထရှာလို့
မလွယ်နိုင်ပါဘူး။
#မူရင်းပိုစ့် ပိုင်ရှင် ရေးသားသူအား
ရိုသေလေးစားလျှက် #
🙏🙏🙏
မေတ္တာ ဖြင့်
"legend "ဒဏ္ဍာရီ
📕စာပေ ဓမ္မဒါန 📕
#ဝေဖန်အကြံပြုပေးဖို့မေတ္တာရပ်ခံပါသည်
#စာဖတ်ပရိတ်သတ်များရွှင်လန်းချမ်းမြေ့ကြပါစေ
#စာဖတ်သူများအားအစဉ်လေးစားလျက်ပါ
#နှစ်သက်ပါကမျှဝေနိုင်ပါသည်
အမေ့လက်တွေ အရေတွန့်နေပြီ
◼◼◼◼◼◼◼◼◼◼
လူ့ဘဝက တိုတောင်းလွန်းသလို
အမေ့လက်တွေလည်း
အရေတွေ တွန့်နေပါပြီ။
အရင်တုန်းက
အ မေဟာ
ငါ့သားလေး ငါ့သမီးလေး ဆိုပြီး
ပါးစပ်က
မရပ်မနား ချစ်တဲ့စိတ်နဲ့
အကြိမ်ကြိမ် ခေါ်ခဲ့ဘူးပါတယ်။
အရင်တုန်းက
အ မေဟာ
ငါ့သားလေး ငါ့သမီးလေး
အဝတ်တွေ ဆိုပြီး
နေ့စဉ်ရက်ဆက်
မရပ်မနား လျှော်ဖွပ်ပေးခဲ့ပါတယ်။
အရင်တုန်းက
အ မေဟာ
ငါ့သားလေး ငါ့သမီးလေး ဆိုပြီး
အကြိမ်ကြိမ် ချော့မြူတေးတွေနဲ့
ချော့သိပ်ပေးခဲ့ပါတယ်။
အရင်တုန်းက
အ မေဟာ
ငါ့သားလေး ငါ့သမီးလေး ဆိုပြီး
တစ်ကိုယ်ရေ သန့်ရှင်းမှုတွေကို
အကြိမ်ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။
အရင်တုန်းက
အ မေဟာ
ငါ့သားလေး ငါ့သမီးလေးအတွက်
ဆိုပြီး
စားချင်သောက်ချင်တဲ့ ဟင်းတွေကို
မီးပူခံပြီး ချက်ကြွေးပေးခဲ့တယ်။
ခုတော့ အမေ့လက်တွေလည်း
အရေတွေ တွန့်နေရှာပြီ။
ဘဝက တိုတောင်းလွန်းလှပါတယ်။
တိုတောင်းလွန်းတဲ့ ဘဝလေးမှာ
အမေချစ်ခဲ့သလိုမျိုး
အမေ့အပေါ်ကို
အကြိမ်ကြိမ် ချစ်ကြည့်ဘူးပြီလား-?
၁။အမေ့ကို အရမ်းချစ်တာပဲလို့
ဘယ်နှစ်ခွန်း ပြောဘူးပြီလဲ-?
၂။အမေ့ကို အရမ်းချစ်တာပဲ ဆိုပြီး
အကြာကြီး ဖက်ထားဘူးပြီလား-?
၃။အမေ့ရဲ့ လုံချည်အင်္ကျီ
အကြိမ်ကြိမ် လျှော်ပေးဘူးပြီလား-?
၄။အမေကြိုက်တတ်တဲ့ ဟင်းတွေကို
မီးပူခံပြီး
အကြိမ်ကြိမ် ချက်ကွေုးဘူးပြီလား-?
အမေ ရှိနေတုန်းလေး
အမေ့လက်တွေ တွန့်နေတုန်းလေး
အမေ့လက်တွေ
နွေးထွေးစွာ ဆုပ်ကိုင်ခွင့်ရတုန်းလေးမှာ
အမေ့ကို ချစ်တတ် သိတတ်ပြီး
အမေများအပေါ်ကို
ကျေးဇူးဆပ်နိုင်တဲ့
သားသမီးများ ဖြစ်ကြပါစေ
#မူရင်းပိုစ့် ပိုင်ရှင် ရေးသားသူအား
ရိုသေလေးစားလျှက် #
🙏🙏🙏
မေတ္တာ ဖြင့်
"legend "ဒဏ္ဍာရီ
📕စာပေ ဓမ္မဒါန 📕
#ဝေဖန်အကြံပြုပေးဖို့မေတ္တာရပ်ခံပါသည်
#စာဖတ်ပရိတ်သတ်များရွှင်လန်းချမ်းမြေ့ကြပါစေ
#စာဖတ်သူများအားအစဉ်လေးစားလျက်ပါ
#နှစ်သက်ပါကမျှဝေနိုင်ပါသည်
လူရယ်လို့ ဖြစ်လာရင်
သင့်ကို အားကျတဲ့သူ ရှိသလို၊
အမြင်ကပ်တဲ့ လူလည်း ရှိမယ်။
သင့်ကို မနာလိုတဲ့ သူ ရှိသလို၊
အထင်သေးတဲ့ သူလည်း ရှိမယ်။
ဒါ ဖြစ်လေ့ ဖြစ်ထရှိတဲ့ သဘာ၀ပါ။
သင်ဘယ်လောက်ပဲ
ကောင်းအောင် လုပ်လုပ်
သင်ဘယ်လောက်ပဲ
အနစ်နာခံ ကြိုးစား ကြိုးစား..
လူတိုင်းကို ကျေနပ်အောင်တော့
သင် မစွမ်းဆောင်နိုင်ပါဘူး
ဒါကြောင့်မို့လို့
သူများအကြိုက်ကို ဆောင်ဖို့
သင့်ရဲ့ပင်ကိုယ် တန်ဖိုးကို
အထိခိုက် မခံပါနဲ့။
သင့်ရဲ့ ခံယူချက်အပေါ်
သင် ကာကွယ် သင့်ပါတယ်။
သိထားဖို့က
သူများ ပါးစပ်ဖျားပေါ်က
သင် ဟာ
ကောင်းသည် ဖြစ်စေ၊
မကောင်းသည် ဖြစ်စေ
သင် အစစ်အမှန် မဟုတ်ပါဘူး။
လူဆိုတာ
မျက်စိချင်း တူသော်ငြားလည်း၊
အမြင်ချင်း မတူပါဘူး
နားပေါက်ချင်း တူသော်ငြားလည်း၊
ကြားပုံချင်း မတူပါဘူး
ပါးစပ်ချင်း တူသော်ငြားလည်း၊
ပြောဆိုပုံချင်း မတူပါဘူး
ဦးနှောက်ချင်း တူသော်ငြားလည်း၊
အယူအဆချင်း မတူနိုင်ပါဘူး
လူချင်း တူသော်ငြားလည်း၊
အသက်ရှင် နေထိုင်ပုံချင်း မတူပါဘူး
ဒီအတွက်ကြောင့်.
သင်ဘယ်လောက်ပဲ ထူးချွန် ထူးချွန်၊
နားလည်တဲ့ လူနဲ့ တွေ့ဦး မှ
သင်ဘယ်လောက်ပဲ ပေးဆပ် ပေးဆပ်၊
ကျေးဇူးတင်တတ်တဲ့ လူနဲ့ တိုးဦးမှ
သင်ဘယ်လောက်ပဲ ရိုးသား ရိုးသား၊
သံသယနည်းတဲ့ လူနဲ့ ဆုံဦးမှ..
သင်ဘယ်လောက်ပဲ နှိမ့်ချ နှိမ့်ချ၊
တန်ဖိုး ထားတတ်တဲ့ လူနဲ့ ကြုံဦးမှ
နောက်ဆုံးတော့
သိတာလည်း အားလုံး မပြောနဲ့
မြင်တာလည်း အားလုံး မယုံနဲ့
သင်ဘယ်သူ့ကို ဘယ်လောက်
ချစ်တယ်ခင်တယ်ပဲ ဆိုဆို
ကိုယ့်အတွက်
အသက်ရှင်ဖို့လည်း မမေ့ပါနဲ့
ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
🙏 🙏🙏
#မူရင်းပိုစ့် ပိုင်ရှင် ရေးသားသူအား
ရိုသေလေးစားလျှက် #
🙏🙏🙏
မေတ္တာ ဖြင့်
"legend "ဒဏ္ဍာရီ
📕စာပေ ဓမ္မဒါန 📕
#ဝေဖန်အကြံပြုပေးဖို့မေတ္တာရပ်ခံပါသည်
#စာဖတ်ပရိတ်သတ်များရွှင်လန်းချမ်းမြေ့ကြပါစေ
#စာဖတ်သူများအားအစဉ်လေးစားလျက်ပါ
#နှစ်သက်ပါကမျှဝေနိုင်ပါသည်
အလကားလူ မဖြစ်စေနဲ့
ကိုယ့်မှာ အားနည်းချက်ရှိရင်
သူတစ်ပါး ပျော့ကွက်ကို
ချမနင်းဘဲ နေတတ်ရမယ်။
ကိုယ့်မှာခံနိုင်ရည် မရှိရင်
သူတစ်ပါး နစ်နာစရာ စကားကို
ဆင်ခြင် ပြောဆိုတတ်ရမယ်။
ကိုယ့်မှာ ဒုက္ခဆိုတာရှိရင်
သူတစ်ပါးဘဝ ပျက်စီးကြောင်းကို
ရှောင်ရှားတတ်ရမယ်။
ကိုယ့်မှာ အရှက်ရှိရင်
သူတစ်ပါး ဂုဏ်သိက္ခာကို
ငဲ့ညှာတတ်ရမယ်။
ကိုယ့်အပေါ်မပြုစေချင်တဲ့ အရာရှိရင်
သူတစ်ပါး မနှစ်သက်တာကို
မလုပ်မိအောင် စာနာတတ်ရမယ်။
ကိုယ့်မှာ အပြစ်နဲ့မကင်းရင်
သူတစ်ပါး အမှားကို
လက်ညှိုးမထိုးမိအောင် နေတတ်ရမယ်။
ကိုယ့်မှာ ဝေဒနာရှိရင်
သူတစ်ပါး နာကျင်မှုကို
ခံစားပေးတတ်ရမယ်။
ကိုယ့်ကို ကဲ့ရဲ့တာ မကြိုက်ရင်
သူတစ်ပါး မကောင်းကြောင်းကို
မပုတ်ခတ်မိအောင် သတိထားရမယ်။
ကိုယ့်မှာ အမာရွတ်ရှိရင်
သူတစ်ပါး ဒဏ်ရာကို
နားလည်ပေးနိုင်ရမယ်။
ဒါဟာ ကိုယ်ချင်းစာတရားပဲ။
ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ
ဘယ်လောက်ပဲ တော်တော်
ဘယ်လောက်ပဲ တတ်တတ်
ကိုယ်ချင်းစာတရားမရှိရင် အလကားပဲ။
#မူရင်းပိုစ့် ပိုင်ရှင် ရေးသားသူအား
ရိုသေလေးစားလျှက် #
🙏🙏🙏
မေတ္တာ ဖြင့်
"legend "ဒဏ္ဍာရီ
စာပေ ဓမ္မဒါန
#ဝေဖန်အကြံပြုပေးဖို့မေတ္တာရပ်ခံပါသည်
#စာဖတ်ပရိတ်သတ်များရွှင်လန်းချမ်းမြေ့ကြပါစေ
#စာဖတ်သူများအားအစဉ်လေးစားလျက်ပါ
#နှစ်သက်ပါကမျှဝေနိုင်ပါသည်
မရှိတော့မှ နောင်တမရကြနဲ့
('ဖတ်ကြည့်နော်)
==============
Fbဖွင့်ကြည့်လိုက်တာ
အမေ့နေ့ဆိုတော့လူတိုင်း
တင်ကြတာကြာတော့မျက်စီကိုနောက်နေတာဘဲ
အဖေတွေမျက်နှာငယ်တဲ့နေ့ပါဘဲ
ကျွန်တော်မေးလိုက်ပါအုံးမယ်
အဖေနဲ့အမေနဲ့ဆိုတာကဒီနေ့တရက်ထဲသိ့တာလား
ကျေးဇူးတရားနာလည်းတဲ့သားသမီးဆိုရင်
နေ့တိုင်းသတိရရမယ်
တော်ပြီဗျာဆက်မရေးတော့ဘူး
မိဘတွေရဲ့ တန်ဖိုးက
ဘယ်လောက်ထိ ကြီးသလဲဆိုတာ
ရှိနေတုန်းမှာ
သတိမထားမိပေမဲ့
မရှိတော့တဲ့ အချိန်ကြမှ
တန်ဖိုးကြီးမှန်း
သိကြတာက များပါတယ်။
သား သမီးတွေ အတွက်
အမြဲတမ်း စဉ်းစားပေးတတ်တာ
မိဘတွေပါ။
ကိုယ် ငတ်ရင်သာ
အငတ်ခံမယ်။
သား သမီးတွေ အတွက်တော့
မရှိ ရှိတာလေးနဲ့
ဝအောင်ကျွေးပြီး
ရှိတာလေးနဲ့ လုံအောင်ဆင်တာ
မိဘတွေပါပဲ။
ကိုယ် ပညာမတတ်လို့
အလုပ်ကြမ်းတွေ
လုပ်နေရတာမျိုး၊
လမ်းဘေး
စျေးရောင်းနေရတာမျိုးတွေကို
နမူနာပြပြီး
ပညာမသင်ချင်တဲ့
သား သမီးကို
ပညာသင်ချင်စိတ် ဖြစ်လာအောင်
ပြောပြတတ်တာမျိုးပါ။
သား သမီးတွေဆီက
ဘာမျှော်လင့်ချက်မှ မထားဘဲ
ပေးဆပ်သူတွေ အဖြစ်နဲ့
ကျေနပ် ပီတိဖြစ်နေတတ်တာ
မိဘတွေပါပဲ။
အတောင်စုံလို့
သားမယား ရသွားပြီး
မိဘအရိပ်က
ထွက်ခွာသွားခဲ့ကြပေမဲ့
မိဘတွေကတော့
ကိုယ့်သား သမီး
အဆင်ပြေနေရင် ပြီးတာပါပဲ
ဆိုပြီး
တွေးပေးနေတတ်တာမျိုးပါ။
ဒါကြောင့်
မိဘတွေရှိတုန်းကို တန်ဖိုးထားပါ။
ကိုယ် အသက်ကြီးလာတဲ့အထိ
အဖေအမေလို့
ခေါ်ခွင့်ရနေသေးတယ် ဆိုရင်
သင်ဟာ
သိပ်ကို ကံကောင်းပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့
လူတိုင်း ကိုယ့်မိဘကို
ပြုစုချင်တိုင်း
ပြုစုခွင့် မရကြပါဘူး။
သင်က မိအို ဖအိုတွေကို
ယနေ့ချိန်ထိ
ပြုစုခွင့်
ရှာကျွေးခွင့် ရနေသေးတယ်
ဆိုရင်
ဂုဏ်ယူလိုက်ပါ။
လူတိုင်းမှာ
အဲဒီလို အခွင့်အရေးမျိုး
မရကြလို့ပါပဲ။
မိဘတွေ ရှိနေတုန်း
တန်ဖိုးမထားခဲ့ရင်
ရှိနေတုန်း
မျက်ကွယ်ပြုခဲ့ရင်
ရှိနေတုန်း
အပြစ်တွေမြင်ခဲ့ရင်
မိဘထက် တခြားသူတွေကို
ပိုဦးစားပေးခဲ့မိရင်
မိဘထက်
ငွေနောက်ပဲ အမြဲလိုက်နေခဲ့ရင်
မိဘတွေမရှိတော့တဲ့အချိန်မှာ
နောင်တကြီးစွာနဲ့
ကျန်ရစ်သူဟာ
ကိုယ်ကိုယ်တိုင်ပဲ ဖြစ်နေမယ်ဆိုတာ
အသိဝင်လာစေချင်လို့
ဒီစာလေးနဲ့ သတိပေးရင်း
ရေးသားလိုက်ရပါတော့တယ်။ ။
#မူရင်းပိုစ့် ပိုင်ရှင် ရေးသားသူအား
ရိုသေလေးစားလျှက် #
🙏🙏🙏
မေတ္တာ ဖြင့်
"legend "ဒဏ္ဍာရီ
📕စာပေ ဓမ္မဒါန 📕
#ဝေဖန်အကြံပြုပေးဖို့မေတ္တာရပ်ခံပါသည်
#စာဖတ်ပရိတ်သတ်များရွှင်လန်းချမ်းမြေ့ကြပါစေ
#စာဖတ်သူများအားအစဉ်လေးစားလျက်ပါ
#နှစ်သက်ပါကမျှဝေနိုင်ပါသည်
🍁 ပညာတတ်ခြင်း မတတ်ခြင်း နှစ်ခုကြားမှာ
စာနာတတ်ခြင်း ရှိတဲ့သူက
ပိုပြီး လူသားဆန်တယ်
🍁 မြင့်မြတ်ခြင်းနဲ့ ယုတ်ညံ့ခြင်း နှစ်ခုကြားမှာ
လူကိုလူလို ဆက်ဆံ တတ်တဲ့သူက
ပိုပြီး လူသားဆန်တယ်
🍁 လက်ဖဝါးနဲ့ လက်ဖမိုး အုပ်စု နှစ်ခုကြားမှာ
အမှန်တရားကို ဆုပ်ကိုင်နိုင်တဲ့
ဘက်ခြမ်းက
ပိုပြီး လူသားဆန်တယ်
🍁 အနိုင်နဲ့ အရှုံး နှစ်ခုကြားမှာ
ကိုယ်ကျိုးအတွက် သိက္ခာကို
ချနင်းနေသူထက်
အများအကျိုး အတွက်
အသက်ကို စတေးရဲ သူတွေက
ပိုပြီး လူသားဆန်တယ်
🍁 ဆင်းရဲခြင်းနဲ့ ချမ်းသာခြင်း နှစ်ခုကြားမှာ
စွန့်လွှတ်ရဲ ပေးဆပ်ရဲတဲ့သူက
ပိုပြီး လူသားဆန်တယ်
🍁 ခါးသီးခြင်းနဲ့ ချိုမြိန်ခြင်း နှစ်ခုကြားမှာ
ဘဝ ရေဆန်ကို အားမာန်နဲ့ ကူးနေသူက
ပိုပြီး လူသားဆန်တယ်
🍁 အရှက်တရား မရှိသူတွေက
ပြောချင်ရာပြောတတ်တယ်
လူသားမဆန်တဲ့သူတွေက
လုပ်ချင်ရာလုပ်တတ်တယ်
🍁 ဒါပေမယ့်....။
🍁 ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ နှစ်ခုကြားမှာ
ကိုယ့်အကျိုးအတွက်
တစ်ခြားသူတွေကို
ထိခိုက်နစ်နာအောင်
မလုပ်တတ်တဲ့ ကိုယ်ကျင့်တရား ရှိသူက
ပိုပြီး လူသားဆန်ပါတယ်... ။
#မူရင်းပိုစ့် ပိုင်ရှင် ရေးသားသူအား
ရိုသေလေးစားလျှက် #
🙏🙏🙏
မေတ္တာ ဖြင့်
"legend "ဒဏ္ဍာရီ
📕စာပေ ဓမ္မဒါန 📕
#ဝေဖန်အကြံပြုပေးဖို့မေတ္တာရပ်ခံပါသည်
#စာဖတ်ပရိတ်သတ်များရွှင်လန်းချမ်းမြေ့ကြပါစေ
#စာဖတ်သူများအားအစဉ်လေးစားလျက်ပါ
#နှစ်သက်ပါကမျှဝေနိုင်ပါသည်
လမ်းစပျောက်နေပြီ
@@@@@@@
ထေရဝါဒဆိုင်းဘုတ်အောက်မှာ
တစ်ချို့သောသူများက
ဗုဒ္ဓတရားတွေနဲ့
ကိုယ်ကျိုးရှာသူတွေများနေပြီ
ဒါနတရားနတ်ပြည်သွားလို့ဟောနေတာ
ကိုယ့်ကျောင်းကဘုရာခန်း
ကြွက်သိုက်စခန်းဖြစ်လို့
ဘုရားတောင် ဆွမ်းနပ်မှန်အောင်မကပ်တဲ့
ဘုန်းကြီးတွေများနေပြီ
တစ်နှစ်တစ်ခါ ကုသိုလ်ရှာဖို့
မြန်မာပြည်အနှံ့ခြေဆန့်လို့ဘုရားဖူး
ကုသိုလ်ထူးတွေနဲ့မြူးနေကြပေမယ့်
ကိုယ့်အိမ်ကဘုရားခန်း
ဘုရားပန်းကအမြဲနွမ်းနေပြီ
ဗြဟ္မစိုရ်တရားတွေထွန်းကားသလောက်
မေတ္တာတရားတွေခေါင်းပါးနေပြီး
အာဃာတတရားတွေကကြီးစိုးနေပြီ
လူတွေကိုရှေ့ဆောင်လမ်းပြ
နှလုံးသားတွေနူးညံ့အောင်
စာပေတွေရေးနေကြပေမယ့်
တစ်ချို့သော
စာရေးသူတွေကိုယ်တိုင်က
နှလုံးသားကကြမ်းတမ်း
အာဃာတတွေလွှမ်းမိုးနေပြီ
အများအတွက်လို့အသံကုန်ဟစ်
နေရာတကာမှာ အများမြင်ကောင်းအောင်
ဟန်ရေးပြအလုပ်လုပ် နောက်ကွယ်မှာက
ကိုယ့်အတ္တအတွက် အထုပ်ထုပ်နေပြီ
ဗုဒ္ဓဘာသာလို့သာအမည်ခံ
နေရာတကာမှာအသာစံ
ဘာသာတရားက သြကာသတောင်
ဝါးချတဲ့သူတွေများနေပြီ
ခရစ္စမတ်မှာ ဘယ်လိုပျော်ရမယ်ဆိုတာ
တွေးနေပေမယ့် ကိုယ့်ဘုရားရဲ့
မွေးနေ့တောင်မသိတဲ့သူတွေများနေပြီ
happy new yearမှာ
ဘယ်လိုပျော်ဖို့လုပ်နေကြပေမယ့်
ကိုယ့်မြန်မာသက္ကရာဇ်ကို
မေ့နေသူတွေများနေပြီ
မြန်မာ့ယဉ်ကျေးမူက
ကမ္ဘာကအသိအမှတ်ပြုရလောက်ပေမယ့်
ကိုယ့်ပြည်တွင်းက အမျိုးသမီးအချို့က
ယဉ်ကျေးမူကိုဖယ်ကာချ
နေရာတကာမှာ ဖေါ်ကာပြနေပြီ
အမျိုးဂုဏ်ဇာတိဂုဏ်
စာရွက်ပေါ်မှာသာဂုဏ်ကြပေမယ့်
လက်တွေ့ဘဝမှာတော့
အတ္တကိုရှေ့တန်းတင်
ငါချမ်းသာရင်ပြီးရော
ငါ့ဝမ်းရေးသာအဓိကထားပြီး
အမျိုးဂုဏ်ဇာတိဂုဏ်ကို
ဥစ္စာဓနတွေနဲ့ဖုံးနေပြီ
ချမ်းသာလို့ပဲလှူ လှူ
ဘယ်လိုတွေ ဘယ်လိုလှူနေကြပေမယ့်
တကယ်တမ်းတော့ ပကာသနသာ
အဓိကနေရာယူပြီး သံသရာအတွက်
စစ်မှန်တဲ့ကုသိုလ်တရားက ခန်းခြောက်နေပြီ
အော် နောက်ဆုံးတော့
ဗုဒ္ဓဘာသာတည်းဟူသော
ဆိုင်းဘုတ်အောက်
ငါတို့တွေရဲ့သံသရာလမ်းဟာ
တဖြေးဖြေးနဲ့ လမ်းစပျောက်လာပြီပေါ့နော်
🙏🏻🙏🏻🙏🏻
#မူရင်းပိုစ့် ပိုင်ရှင် ရေးသားသူအား
ရိုသေလေးစားလျှက် #
🙏🙏🙏
မေတ္တာ ဖြင့်
"legend "ဒဏ္ဍာရီ
📕စာပေ ဓမ္မဒါန 📕
#ဝေဖန်အကြံပြုပေးဖို့မေတ္တာရပ်ခံပါသည်
#စာဖတ်ပရိတ်သတ်များရွှင်လန်းချမ်းမြေ့ကြပါစေ
#စာဖတ်သူများအားအစဉ်လေးစားလျက်ပါ
#နှစ်သက်ပါကမျှဝေနိုင်ပါသည်
ကုဝေရ နတ်မင်းကြီး အကြောင်း
🙏🏻🌹🌷⚘🌿🙏🏻
ကုဝေရနတ်မင်းကြီးသည် မြောက်အရပ်ကို
အစိုးရတဲ့ နတ်မင်းကြီးလည်း ဖြစ်ပါတယ်။
နတ်ဘီလူးမင်းကြီးပါ။ ကုဝေရ ဆိုတာက
ရုပ်သွင်ကြမ်းတမ်းတယ်လို့ အဓိပ္ပာယ်ရသလို
ကမ္ဘာမြေကြီးကိုစောင့်ရှောက်သော အရှင်
သခင်လို့လည်း အဓိပ္ပာယ်ရပါတယ်။
ကုဝေရနတ်မင်းကြီးကို ဝေဿဝဏ္ဏ
နတ်မင်းလို့လည်း ခေါ်ပါတယ်။
မိုးရွာသွန်းစေနိုင်သော နတ်မင်း
မိုးလေဝသကို ပိုင်စိုးသောနတ်မင်း
အောင်မြင်ကျော်ကြားမှုရဲ့ အရှင်သခင်
နတ်မင်းလို့ အဓိပ္ပာယ်ရပါတယ်။
ဒါကြောင့် လယ်ယာလုပ်ငန်းလုပ်ကိုင်သူတွေလည်း မိုးလေဝသမှန်ပြီး သီးနှံထွက်ကောင်းအာင်
အားထားပူဇော်သင့်တဲ့ နတ်မင်းပါပဲ။
ကုဝေရနတ်မင်းကြီးဟာ နတ်ပြည်ရဲ့
ငွေတိုက်စိုး နတ်မင်းလည်းဖြစ်ပါတယ်။
နတ်ပြည်ရဲ့ ငွေတိုက်နဲ့ ရတနာတွေကို ထိန်းသိမ်း
စောင့်ရှောက်ပေးတဲ့ နတ်သူဌေးကြီးပါ။
ဒါ့အပြင် လူ့ပြည်မှာရှိတဲ့ အဖိုးတန်ရတနာတွေနဲ့
ဂမ္ဘီရပစ္စည်းတွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့
နတ်မင်းကြီးလည်း ဖြစ်ပါတယ်။ စည်းစိမ်ဥစ္စာကို
ပေးစွမ်းနိုင်သော နတ်မင်းဖြစ်လို့ ဓနဒ
ဓနလို့လည်း ခေါ်ပါသေးတယ်။ အရောင်း
အဝယ်သမားတွေ စီးပွားရေးလုပ်ငန်းရှင်တွေ
ဂမ္ဘီရပစ္စည်းစုဆောင်းသူတွေ အထူးအားထား
ပူဇော်သင့်ပါတယ်။
လူ့ပြည်ရော နတ်ပြည်မှာ ပါရှိတဲ့
သိုက်မှန်သမျှရဲ့ အချုပ်ဟာ ကုဝေရ
နတ်မင်းကြီးပဲ ဖြစ်ပါတယ်။ သိုက်ဆက်ရှိသူတွေ
မဖြစ်မနေ ကိုးစားသင့်ပါတယ်။
ကုဝေရနတ်မင်းဟာ အစွမ်းရှိတဲ့ ဂမ္ဘီရ
ပစ္စည်းတွေကို စောင့်ရှောက်နေရတဲ့
အစောင့်အရှောက်တွေရဲ့ အကြီးအကဲလည်းဖြစ်လို့
ဂမ္ဘီရပစ္စည်းစုဆောင်းသူများ အထူးအားထား
ပူဇော်သင့်ပါတယ်။
ကုဝေရနတ်မင်းကို ပူဇော်ပသပြီး
အဓိဌာန်ပြုဆုတောင်းရင် ရှားပါးအဖိုးတန်တဲ့
ဂမ္ဘီရပစ္စည်းတွေ ရရှိနိုင်ပါတယ်။
ဒါ့အပြင် ကုဝေရနတ်မင်းဟာ နတ်ဘီလူးမင်းတွေရဲ့
အကြီးအမှူးဖြစ်ပြီး တစ္ဆေ ,စုန်း, ကဝေ
ပရလောကသား အားလုံးကို ထိန်းချုပ်ထားတာပါ။ ဒါကြောင့် ပယောဂကုသပေးတဲ့ဆရာတိုင်း
လက်မလွှတ်သင့်တဲ့ အားထားသင့်တဲ့
နတ်မင်းကြီးလည်း ဖြစ်ပါတယ်။ နတ်ဘီလူးထဲမှာ
စွမ်းပေ့ကြမ်းပေ့ဆိုတဲ့ ပုဏ္ဏကနတ်ဘီလူးမင်းတောင် ကုဝေရနတ်မင်းဆီမှာ အခစားဝင်ရကြောင်း
ကုဝေရနတ်မင်းကို ကြောက်ရွံ့ရိုသေရကြောင်း
ဝိဓူရဇာတ်တော်ကြီးမှာ အထင်အရှား တွေ့ရပါတယ်။
ပုဏ္ဏကနတ်ဘီလူးမင်းဆိုတာ ဝိဓူရ
အမတ်ကြီးကို လိုချင်လို့ ရှင်ဘုရင်နဲ့ ကြွေအံ
ကစားရာမှာ ရှင်ဘုရင်ရဲ့အစောင့်အရှောက်ဖြစ်တဲ့
ထီးချက်စောင့်နတ်သမီးကိုတောင် မျက်စောင်း
တစ်ချက်ထိုးကြည့်လိုက်တာနဲ့ စကြာဝဠာတံတိုင်းထိ
လွင့်စင်သွားစေလောက်အောင် စွမ်းတဲ့ နတ်ဘီလူးပါ။
ဒါကြောင့် မြန်မာ့ဂမ္ဘီရပညာမှာ ပုဏ္ဏက
မျက်စောင်းအင်းဆိုတာ တန်ပြန်အင်းတွေထဲမှာ
အလွန်နာမည်ကြီးတာပါ။ ပုဏ္ဏကအင်းတွေကို
လောင်းကစားနိုင်အောင်လည်း သုံးကြပါတယ်။
အဲ့ဒီ ပုဏ္ဏကဘီလူးမင်းတောင်
ကုဝေရနတ်မင်းကြီးဆီမှာ အခစားဝင်
ရတယ်ဆိုတော့ ကုဝေရနတ်မင်းကြီးရဲ့အစွမ်းကို
စဉ်းစားသာကြည့်ကြပေတော့။ စုန်း, ကဝေ,
တစ္ဆေ, ဘီလူး အမျိုးမျိုးတို့ဟာ ကုဝေရ
နတ်မင်းဆိုတဲ့အသံကြားတာနဲ့
မော်မကြည့်ရဲလောက်အောင် ကြောက်ကြရတာပါ။
ဒါကြောင့် ကုဝေရနတ်မင်းကို ပင့်ဖိတ်ပူဇော်ထားရင် အတိုက်အခိုက် ပယောဂမှန်သမျှ
အနားတောင် မကပ်ဝံ့ပါဘူး။ ဘေးရန်
ကင်းအောင်လည်း စောင့်ရှောက်ပေးပါတယ်။
ဒါကြောင့် အရောင်းအဝယ်သမား စီးပွားရေးသမား
ဂမ္ဘီရဝါသနာပါသူ၊ ဂမ္ဘီရရှေးဟောင်းပစ္စည်း
စုဆောင်းသူ၊ ပယောဂဆရာ လောကီဆရာ
အတိုက်အခိုက်အပြိုင်အဆိုင်များသူ ၊စိုက်ပျိုးရေး
လုပ်ကိုင်သူ မှန်သမျှ အားထားပူဇော်သင့်တဲ့
နတ်မင်းကြီးဖြစ်ပါတယ်။ လူတိုင်း အိမ်တိုင်း
ပူဇော်သင့်တဲ့ နတ်မင်းကြီးဖြစ်ပါသည်။
#မူရင်းပိုစ့် ပိုင်ရှင် ရေးသားသူအား
ရိုသေလေးစားလျှက် #
🙏🙏🙏
မေတ္တာ ဖြင့်
"legend "ဒဏ္ဍာရီ
📕စာပေ ဓမ္မဒါန 📕
#ဝေဖန်အကြံပြုပေးဖို့မေတ္တာရပ်ခံပါသည်
#စာဖတ်ပရိတ်သတ်များရွှင်လန်းချမ်းမြေ့ကြပါစေ
#စာဖတ်သူများအားအစဉ်လေးစားလျက်ပါ
#နှစ်သက်ပါကမျှဝေနိုင်ပါသည်
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Lungchuan