Daily Food

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Daily Food, Food & Beverage, Ranchi.

22/07/2024

ကြက်သွန်ဖြူကို သုံးပြီး ကြက်ဥအနှစ်အကာ ခွဲနည်းကို မင်မင် စမ်းသပ်ခဲ့ပါဝာယ် 💚

22/07/2024

မှိုလည်းမတက် နှစ်နဲ့ချီ အထားခံတဲ့ မန်ကျည်းမှည့်ရည် ပြုလုပ်နည်း

ဟင်းချက်ဖို့ မန်ကျည်းရည်သုံးရတော့မယ်ဆို ဟင်းတအိုးစာအတွက် လုပ်တိုင်းအမြဲပိုနေတော့ နှမျောမိတာအမှန်

အခုဒီနည်းနဲ့လိုက်လုပ်ကြည့်တာ မဆိုးဘူး

မန်ကျည်းမှည့်က တကီလို ရေသန့် ၁ လီတာထည့်ပြီး ၁၀ မိနစ်ခန့်စိမ်ထားလိုက်ပါ ပြီးရင်မန်ကျည်းမှည့်အဖတ်တွေ အရည်ပျော်သွားအောင် လက်နဲ့ချေလိုက်ပါ ချေပြီး ဇကာနဲ့ မန်ကျည်းမှည့်ရည် စစ်လိုက်ပါ ရလာတဲ့မန်ကျည်းမှည့်ရည်ကို ရှာလကာရည် ထမင်းစားဇွန်း ၅ ဇွန်း ထည့်လိုက်ပါ
မီးအေးအေးလေးနဲ့တည် မန်ကျည်းမှည့်ရည်ပွပွ ဆူလာတဲ့ထိ အဆက်မပြတ်မွှေပေးပါ ဆူလာပြီဆို ရှာလကာရည်အနံ့ပျောက်သွားပါလိမ့်မယ် ပြီးရင် ဂတ်စ်အိုးပိတ် အအေးခံပုလင်း...ဗူးထဲထည့်သိမ်းလို့ရပြီ..လိုအပ်တဲ့ချိန်လိုအပ်သလိုသုံးလို့ရပြီး ပိုတာ..မလောက်တာတို့မဖြစ်တော့ဘူး

ရှာလကာရည်ထည့်ခြင်းက မန်ကျည်းမှည့်ရည်ကို မှိုမတက် မပျက်စီးအောင် အထားခံစေတယ် ရေခဲသေတ္တာမထည့်လည်း နှစ်နဲ့ချီအထားခံပါတယ်ခ စမ်းလိုက်ကြည့်နော် ရေခဲသေတ္တာထည့်သိမ်းလည်းအဆင်ပြေ

Annဘာသာပြန်သည်✍

19/07/2024

ဖြစ်ဖူးကြလား နံနံပင် ကြက်သွန်မိတ်ဝယ်လာပြီးဆို မသုံးဖြစ်ဘဲ ပုပ်ပုပ်သွားပြီးပစ်ထုတ်ရတာကြီးပဲ ဒါမှမဟုတ်ရင် သုံးမကုန်လို့ သိမ်းပြီး ပြန်သုံးမယ်ကြည့်ရော
ပုပ်သွားပြန်ပြီး🙄

အခုတော့ ၁၀ ရက်ကနေ ၁၅ရက်ကြာ ထိလတ်ဆတ်ပြီးထားခံတဲ့နည်း လိုက်လုပ်ကြည့်ရအောင်

၁..ရေဗူးကို ပုံကပြထားတဲ့အတိုင်း ၂ ပိုင်းဖြတ်လိုက်ပါ သတိထားရမှာ ရေဗူးကရေတွေအကုန်သွန်ပစ်ပြီးရေဗူးအတွင်းပိုင်း ခြောက်အောင်ထားရမယ်

၂...နံနံပင် ဒါမှမဟုတ် ကြက်သွန်မိတ်ကို ရေစင်အောင်ဆေးပြီး ရေစစ်ထားရမယ် ရေစစ်ပြီးဆိုရင် ပုံမှာပြတဲ့အတိုင်း ဗူးထဲထည့်လိုက်ပါ

၃...ထည့်ပြီးရင် အပိုင်း၂ပိုင်းကို ပြန်ပိတ်ထည့်လိုက်ပါ
ရေဗူးမရှိရင် ပလပ်စတစ်ဖာဗူးသုံးလို့လည်းရတယ် အဖုံးတော့သေချာပိတ်ပေးရမယ်နော်
ဒီလိုနည်းနဲ့ သိမ်းရင် နံနံပင် ကြက်သွန်မိတ်တွေ ၁၀ ရက်ကနေ ၁၅ ရက်ထိ ခံပြီး လတ်လတ်ဆတ်ဆတ်နဲ့သုံးရတယ်

အိမ်တအိမ်မှာ မီးဖိုချောင်နေရာကနေ့စဥ်နဲ့အမျှ ငွေထွက်များတဲ့နေရာမို့ မီးဖိုချောင်ကို စီမံခန့်ခွဲတတ်မှ ကုန်စရိတ်ကျများတဲ့ဒီခေတ်မှာ တော်ကာကျမှာ😃

Ann

14/07/2024

ပဲဆီ စစ်/မစစ် ဒီလိုစမ်းပါတဲ့
************************
ဒီနေ့ ဆီသွား၀ယ်တော့ ရောင်းတဲ့ဆိုင်က ပဲဆီစစ်ကြောင်း အာမခံတယ်။ ပဲဆီမစစ်ရင် ၀ယျတဲ့ဆီဖိုး တပြားမှမပေးနဲ့ အလကားယူသွားတဲ့။ ဆိုင်ရှင်ကအာမခံတော့ ကျနော်လဲ ဖယောင်းတိုင်တတိုင်နဲ့ သူ့ရှေ့တင်စမ်းကြည့်တယ်။ ပဲဆီစစ်ရင် ဖယောင်းတိုင်မှာ အရောင်မပေါ်ဘူးလေ။ ပဲဆီ မစစ်ရင် ရောထားတဲ့ဓါတုဆေးအပေါ် မူတည်ပြီး အရောင်ပြောင်းသွားတတ်တယ်။ အဲနည်းကဖယောင်းတိုင် လုပ်ခဲ့ဘူးတော့ သိတယ်။ ဖရောင်းတိုင်ကို ဆီထဲစိမ် ပြန်ဆယ် ခဏစောင့်ကြည့်။ ၃မိနစ်ကြာတော့ဖယောင်းတိုင်မှာအပြာရောင်ဖြစ်လာတယ်။ ပဲဆီစစ်ရင် အရောင်မပြောင်း၊ ဓာတုဆေးပါရင် ဖရောင်း အရောင်ပြောင်းပါမည်။

ဆိုင်ရှင်ပြောသလို ဆီဖိုးမပေးနဲ့ ဆိုပေမယ့် ကျနော်အဲဆီမယူတော့ဘူး။ ဈေးကွက်ထဲမှာရောင်းနေတဲ့ မြေပဲဆီတိုင်း မြေပဲနံ့မွှေးတယ် ပဲဆီစစ်တယ်လို့ မထင်ကျနဲ့နော်။ သတိထား လက်တွေ့စမ်းပြီးမှ၀ယ်ကျ တချို့ဆီက ဖယောင်းတိုင်မှာ အစိမ်းရောင်သန်းလာတတ်တယ် လက်တွေ့ပဲ။

U Dhammapiya

Credit-Nyein Chan

11/07/2024

Microwave အထဲမှ ပေါက်ကွဲသံကြားရခြင်း
♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️

🥚မိတ်ဆွေတို့ရေ microwave သုံးစွဲသူတယောက် ဖုန်းဆက်ပြီး မေးတာနဲ့ ပက်သက်လို့ ပြောပြလိုပါတယ်။

🥚သူ့ရဲ microwave ထဲကို ကြက်ကြေးအိုး ထည့်နွေးတာဖြစ်ဖြစ် ၊ ခေါက်ဆွဲကြော်ထည့်နွေး တာဖြစ်ဖြစ် စက်ထဲမှ တဖုန်းဖုန်းနဲ့ ပေါက်ကွဲ အသံကြားရပါတယ်တဲ့။ သူ ဘယ်လို လုပ်ရမလဲ ဆိုတော့ ။

🥚ကြေးအိုး နဲ့ ခေါက်ဆွဲ ကြော်မှာ ငုံးဥပြုတ်ပါလား ဆိုတော့ ပါတယ်တဲ့ ။ အဲဒါတွေ ဖယ်ပြိး နွေးပါဆိုတော့ ။ ငုံးဥဖယ်လိုက်တာ အဆင်ပြေသွားပြီတဲ့။

🥚အရေးကြိးတာကို အခုမှ စပြောမှာပါ။
မိတ်ဆွေတို့ရေ microwave ထဲကို ကြက်ဥ၊ ဘဲဥ၊ ငုံးဥ နှင့် ဥများ ထည့်ပြီး မနွေးသင့်ပါ။ ကြက်ကလီစာ ဟင်းများလည်း ထည်းမနွေးသင့်ပါ။ အထူးသဖြင့် ကြက်နှလုံး မှ ပေါက်တတ်သည်။

🥚အဆိုပါ ဥများ ထည့်သွင်းနွေးမိလို့ ပေါက်ကွဲရင် ပုံပါအတိုင်း ပေါက်ကွဲတတ်သလို ၊ တခါတရံ အောက်ခံ ပန်းကန်ပြား (turn table plate)ပါ ကွဲ သွားတတ်ပါတယ်။
ကံဆိုးရင်တော့ စက်ပါဝါလုံးဝမလာတော့တဲ့ အထိဖြစ်သွားတတ်ပါတယ်။ဒါကြောင့် သတိထားနိုင်ရန် စေတနာဖြင့် ရေးသားလိုက်ပါတယ်

Crd

10/07/2024
07/07/2024

mom : ခေတ်ကကောင်းတာမဟုတ်ဘူး
သူများကျွေးတိုင်း မစားနဲ့ ကြားလား
me :

02/07/2024

ထမင်းမြိန်စေမယ့် အာလူးချဉ်စပ် ပြုလုပ်နည်း😋

01/07/2024

မွမွလေး အာလူး ပကိုရာ လုပ်နည်းလေး

ကလေးရော လူကြပါ ကြိုက်နှစ်သတ်စေမယ့် မုန့်အကြော် လုပ်နည်းလေး ဖြစ်တာမို့ လုပ်စားကြည့်ကြပါအုန်းရှင့် 🤤😋

30/06/2024

ပါးစပ်ပျက်နေရင် ဒါမျိုးလေး‌သာ လုပ်စားလိုက်
ရူးရူးရှဲရှဲနဲ့ ပွင့်ထွက်သွားမယ် 🤤🥵

29/06/2024

Cus; အမရေ Sauce လေးနဲနဲလောက် ပိုထည့်ပေးပါ
Me ....🤤

28/06/2024

အေး နင်ရော လိုက်သွား ၃၅ ဘတ်နဲ့🤭

Credit

27/06/2024

မိမိနှင့် မိမိ အမ မဂ်လာဆောင် သွားသော အခါတွင်🤭😁

ဘွတူလေးတွေ ရှိလား😜

21/06/2024

ပါဝင်ပစ္စည်း 3 မျိုးတည်းနဲ့ ညနေစာ အဆာ ပြေ Pan Cake လေး လုပ်စားကြရအောင်
😋

03/05/2024

အိမ်ရှင်မ တို့ရဲ့ ဂျဂျရီဂျား Trend လေး 😂

26/04/2024

ဟင်းချက်တိုင်း ကြက်သားမှုန့်၊ဟင်းချိုမှုန့်တို့လိုအရသာမှုန့်တွေ မထည့်ရင်မရတဲ့သူတွေအတွက် ကျန်းမာရေးလဲမထိခိုက်၊ ဟင်းအရသာလဲပိုကောင်းတဲ့နည်းလေးတစ်ခုမျှဝေပေးပါမယ်

မိသားစု 4,5ယောက်စားဟင်းတစ်ခွက်ချက်တိုင်း အောက်ကပုံထဲကလို ဟင်းချိုမှုန့်ကိုလက်ဖက်စားဇွန်းနဲ့ဇွန်းတစ်ဝက်ထည့်တယ်ဆိုရင်
အဲ့ဒါအစား သကြားလက်ဖက်စားဇွန်းတစ်ဇွန်းမောက်မောက်+ဟင်းချိုမှုန့် လက်ဖက်စားဇွန်း1/4(လေးပုံတစ်ပုံ) ထည့်ကြည့်ပါ

ဟင်းချိုမှုန့်ပမာဏကိုတစ်ဝက်လျော့ထည့်လိုက်ပေမယ့် ဟင်းအရသာကအချိုမှုန့်တစ်မျိုးတည်းထည့်တာထက်ပိုကောင်းပါတယ်

❌ သတိထားရမှာက ဟင်းချက်တဲ့အခါ သကြားကို သူ့ limit ထက်ပိုများထည့်လို့မရပါဘူး များရင်စားမကောင်းတော့ပါ

ဥပမာ ဟင်းတစ်ခွက်မှာ ဟင်းချိုမှုန့်ကိုတစ်ဇွန်းထည့်တဲ့သူဆိုရင် အစားထိုးရမှာက ဟင်းချိုမှုန့်ဇွန်းတစ်ဝက်+သကြားတစ်ဇွန်း
ဟင်းချိုမှုန့်ကိုဘယ်လောက်လျော့လျော့ သကြားကတော့ တစ်ဇွန်းထက်ပိုထည့်လို့မရပါဘူး

✅ မိသားစု 4,5ယောက်စာဟင်းတစ်ခွက်အတွက် သကြားပမာဏ(limit)က လက်ဖက်စားဇွန်းနဲ့ တစ်ဇွန်းပါ

ဟင်းချိုမှုန့်၊ကြက်သားမှုန့်မပါမရတဲ့သူတွေဆို ဒီအတိုင်းလေးချက်ကြည့်ကြပါအုံးနော်

ကြုံတုန်းလေးမို့....
ကြက်သားအရသာမှုန့်၊ငါးအရသာမှုန့် တို့လိုအရသာမှုန့်တွေထဲမှာ ဟင်းချိုမှုန့်ပဲအဓိကပါဝင်ပြီး မခဲဆေးတို့၊အနံ့၊အရောင်တို့အတွက်ဓာတုဆေးတို့လိုဆေးတွေထပ်ထည့်ရလို့ အဲ့ဒီအမှုန့်တွေကဟင်းချိုမှုန့်ထက် ဓာတု‌ဆေးပိုများပါတယ်

📌 Edit: သကြားပြောင်းသုံးလို့အန္တရယ်ရှိတယ်လို့ပြော‌နေကြသူများအတွက်ပါ

သကြားကတန်ဆေးလွန်ဘေးပါ
ကိုယ်ခန္ဓာမှာအချိုဓာတ်ကမရှိမဖြစ်လိုအပ်ပါတယ် အချိုဓာတ်အရမ်းကျသွားရင် မူးလဲတက်ပါတယ်ရှင့်

WHO အကြံပြုတာက တစ်ရက်တာသကြားစားသုံးမှုက 25g~30g ပါ
သာမှန်လူတစ်ယောက်က မိမိကိုယ်အလေးချိန်ကိုကြည့်ပြီး တစ်ရက်ကိုသကြားဘယ်လောက်စားသင့်လဲဆိုတာတွက်ယူလို့ရပါတယ်
ကိုယ်အလေးချိန် 1kg = သကြား 1g
ဥပမာ ကိုယ်အလေးချိန် 60kg ရှိရင် တစ်ရက်ကိုသကြား 60g ထက်ပိုမစားသင့်ပါဘူး

လက်ဖက်စားဇွန်း တစ်ဇွန်းစာသကြားက 3,4 gပါ
လူကိုဒုက္ခမပေးနိုင်သေးပါဘူးရှင့်

အခုမျှဝေတဲ့နည်းကလဲ ပို့စ်အစမှာရေးထားပါတယ်
,📌 ဟင်းချက်တိုင်းဟင်းချိုမှုန့်မထည့်ရင်မရတဲ့ ဟင်းချိုမှုန့်အသုံးများသူများအတွက်ပါလို့ 📌

ကိုယ့်ပတ်ဝန်းကျင်မှာ ဈေးပေါပေါဟင်းချိုမှုန့်‌တွေအသုံးများနေကြတာ‌တွေ့လို့ လျော့သုံး‌စေချင်တာနဲ့ နည်းလေးမျှဝေမိပါတယ်
Food nutrition and Health စာသင်ခန်းထဲပြန်ရောက်သွားနေလားအောင့်မေ့ရတယ်😅

ကျန်းမာရေးအသိရှိသူတွေများလာကြပြီမို့ တိုးတက်မှုတစ်ခုပါပဲ🥰

Crd

17/04/2024

သူများကျွေးတယ့် ဟော့ပေါ့ကြီး လိုက်စားနေသူများ ငရဲ ကြနေပုံ 🤭

Crd

15/04/2024

စလုံးတုန်းကတော့အဖြူ‌ေရာင် မုန့် လုံး ရေပေါ်ပဲ
ရေနွေးထဲထည့်လိုက်တော့ အကြည်ရောင်ဖြစ်သွားတယ်

Pic Crd

15/04/2024

မွှေးတာချင်းအတူတူ အုန်းသီးခြစ်ရတာပျင်းလို့
နံနံပင်ညှပ်ထည့်လိုက်တယ်
Crd

14/04/2024

အသားရယ် ကုလားပဲခြမ်း ရယ် ရောကြိတ် လိုက်မယ်ဆိုရင် ဘာမုန့်လေး ဖြစ်သွားမလဲ 👈

စားကြည့်😋အားရှိ😋

ထမင်းနဲ့ပဲ တွဲစားမလား? ညနေစာ အစာပြေလေး ဆော့စ် လေးနဲ့ပဲ တွဲစားမလား ?
ဘယ်လိုစားစား အရသာရှိလှတယ့် အစားစာလေးမို့ ပြန်လည် မျှဝေပေးလိုက်ပါတယ်ရှင်🖤

ကလေး လူကြီး မရွေး ကြိုက်နှစ်သတ်ကြမယ့် မုန့်လေးမိူ့ လုပ်စားကြည့်ကြပါအုန်းရှင့်

Photos from Daily Food's post 09/04/2024

အလတ်မကို ယူမိသောအခါ
crd

ကြက်ဥကိုမှ အမြန်နဲ့ အလွယ် ကြော်နည်းလေး ပြောပြပေးမှာမို့ အဲ့လို မဖြစ်ရအောင် ကို Like လုပ်ထားကြပါ၊ 😝

07/04/2024

ငါတို့လို ငပျင်းတွေအတွက် တစ်ကွက် 😆😆😁😜

07/04/2024

ကန်စွန်းရွက် ကြော်နေတုန်း မီးပျက်သွားတာ မီးပြန်လာတော့ အာ့လို ကြီး ဖြစ်သွားလို့ 😆

06/04/2024

အရမ်းအာဟာရပြည့်ဝပြီး အရသာလဲ ရှိလွန်းလို့ ကလေး လူကြီး မရွေး စားသုံးလို့ ရတယ့် မုန့်အချို လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ် ရှင်😋💁

05/04/2024

စားလိုက်တိုင်း ပါးစပ်ထဲမှာ အရသာ ၂ မျိုး ခံစား စေရတယ့် ခေးလေးတွေက အစ ကြိုက်နှစ်သတ်စေမယ့် နှင်းဆီ နို့စိမ်း ကျောက်ကျော ပြုလုပ်နည်း🤍😋❤️🌹

04/04/2024

ကလေးရော လူကြီးပါ ကြိုက်နှစ်သတ် ကြမယ့်
ရှယ်အာလူးကတ်သလိတ် အလွယ်နဲ့ အမြန်ကြော်နည်းလေးပါ

လွယ်ကူပြီး အရသာ ရှိလှတယ့် မုန့်လုပ်နည်းမို့ ပြန်လည် မျှ‌ေဝပေးလိုက်ပါတယ်ရှင့်

လုပ်စားကြည့်ကြပါအုန်းနော် 😋

03/04/2024

ဒီနေ့ မင်မင်က အသင့်စား Ready Made ကျောက်ကျော မှုန့်လေးနဲ့ ကျောက်ကျောလုပ်စားဖြစ်ပါတယ်

ရေနွေးတည်ပြီး ဒီအမှုန့်လေး ရှိရုံနဲ့ လုပ်စားလို့ရပြီး လွယ်ကူလွန်းလို့ မင်မင်က တခါတလေ လုပ်စားဖြစ်ပါတယ်
အဆင်ပြေလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင်

29/03/2024

အိမ်မှာ နွားနို့ရယ် ဂျုံ၊ ကြက်ဥရယ် ရှိတယ်ဆို ဒီမူန့်လေးကို လုပ်ဖြစ်အောင်လုပ်စားလိုက်တော့နော်

ကလေးလေးကနေ သက်ကြီး ရွယ်အို ထိ ကြိုက်နှစ်သက်ကြမှာ အသေချာ ပါပဲရှင်😋

28/03/2024

ဟင်းချက်လို့ တအားစပ်သွားရင် ရခိုင်စာဆိုပြီးကျွေး
ဆီတွေများသွားရင်တော့ ဗမာဆီ​ပြန်ဟင်းပေါ့
ပေါ့ရွှတ်ပြီး ဘာစားစားဖွယ်တယ်တယ်ဖြစ်နေရင် ဘိုစာ
မဆလာများသွားရင် ဒီနေ့ အင်ဒီးယန်းဒေး
ချိုသွားရင် တရုတ်စာ
ဟင်းက ဖြူဖွေးဆုတ်နေရင်တော့ ဒါစင်ကာပူရီယန်းစာပါပေါ့
အရမ်းငံသွားရင်တော့ မလေးရှားစာ
တစ်ခုချင်းမချက်တတ်လို့ အကုန်ထည့်ပြုတ်ထားပြီးရင် တိုင်းရင်းသားအစားအစာလို့ပြောပေါ့

လူမျိုးစုံ နိုင်ငံစုံ ချက်တတ်ပါတယ်ပေါ့
နင်တို့မကြိုက်တာ နင်တို့တောကျလို့ပါပေါ့ 😝😝 😂😂

(​​ဖြည့်စွက် # မီးဖိုထဲဝင် ဟင်းချက်တော့မယ်ဆိုတာနဲ့
ဒါမျိုးကတော့မဖြစ်မနေတတ်ထားသင့်တာပါနော် 😁)

credit goes to original writer: Thurein Hlaing Win

31/10/2023

အအီပြေ😝😋
Yummy😋😋

Want your business to be the top-listed Food & Beverage Service in Ranchi?
Click here to claim your Sponsored Listing.

Videos (show all)

ကြက်သွန်ဖြူကို သုံးပြီး ကြက်ဥအနှစ်အကာ ခွဲနည်းကို မင်မင် စမ်းသပ်ခဲ့ပါဝာယ် 💚#review #egg
ကလောရောက်ရင် မဖြစ်မနေသွားထိုင်သင့်တယ့် ဆိုင်လေးကလောမှာ အသားငါး ဈေးအရမ်းကြီးလို့  အပြင်မှာ ထမင်းဟင်း ဝယ်စားမယ့်တူတူ ဒီလို...
For Nutella Lovers 😋💕#nutella #foodlover #nutellachallenge #nutellalove
ကြေးအိုးဆီချက်စားရင် ပါလာတယ့် ကြက်ဥပြုတ်လေးကို ဒီနည်းလေးအတိုင်းလုပ်ပါတယ်နော်💞
ခရမ်းချဉ်သီးအရည်သောက် ခရမ်းချဉ်သီးရယ် ကြက်ဥရယ် ရှိရုံနဲ့ လုပ်စားလို့ရတယ်နော်ပြောင်းကော်မှုန့်က မထည့်လဲ ရပါတယ်ရှင့်ထည့်ရင...
မိုးအေးအေးနဲ့ Spicy ခေါက်ဆွဲ ထုတ်လေးကို ဒါမျိုးလေး လုပ်စားကြည့်ပါ 😋❣️#foodlover #spicyfood #cooking
မှိူကန်စွန်းမဟုတ်တယ့် မှိုကြော်ချိုချိုစပ်စပ်လေးမို့ ထမင်းပွဲမှာ အရံဟင်းမဟုတ်ပဲ တစ်မျိုးတည်းနဲ့ ဗိုက်ဝ စေမယ့် ဟင်းတခွက်ပ...
ဝမ်းပျက်ဝမ်းလျှော ဖြစ်နေတယ့်ကာလ မို့ အပြင်စာတွေ မစားပါနဲ့ ပါဝင်ပစ္စည်းအနဲငယ်နဲ့ အရသာရှိပြီး သန့်ရှင်းတယ့်အစားအစာများကို ...
ထမင်းစားမြိန်စေမယ့် ကြက်ဥကြော်နည်းလေး😋
တစ်နေ့တစ်နေ့ ဘာချက်စားရမှန်း မသိတယ့် လူတွေအတွက် Menu အသစ်လေး🤭😁
လူတိုင်း နီးပါး ဖျားနေကြတယ့် ကာလမို့ ကျန်းမာရေးအထူးဂရုစိုက်ပါ❣️🥺ရိုးရှင်းလွယ်ကူပြီး အရသာရှိ လွန်းတယ့် ABC Soup လေး‌ လုပ်...
ထမင်းမြိန်စေမယ့် အာလူးချဉ်စပ် ပြုလုပ်နည်း😋

Category

Website

Address


Ranchi

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Other Ranchi food & beverage services (show all)
Daddy Liquor Store Daddy Liquor Store
No. 36, Shwe War Street, Tamwe
Ranchi, 11211

Liquor, Wine, Beer, Whisky မျိုးစုံကို စိတ်ချယုံကြည်စွာဖြင့် Online ကနေ ဝယ်ယူ အားပေးနိုင်ပါသည်။

ရှယ်ကောင်း ကြက်ဆီထမင်းလုပ်ငန်း ရှယ်ကောင်း ကြက်ဆီထမင်းလုပ်ငန်း
�, အမှတ်(၁၀၃၁)၊ဣန္ဒြာ(၁၀)လမ်း၊(ဋ)ရပ်ကွက်၊မြောက်ဥက္ကလာပမြို့နယ်၊ရန်ကုန်မြို့
Ranchi

ကြက်ဆီထမင်း အထူးအော်ဒါသီသန့် အလှူပွဲများအတွက် အထူးအောိဒါလက်ခံပါသည် 🙏

Moe Day Wah Moe Day Wah
Building N3, Room 001, Min Ye Kyaw Swar Housing, Lay Daung Kan Road, Tamwe Township
Ranchi, 11211

BITE BITE
TarMgwe, Yangon
Ranchi

အရသာရှိသော စားသောက်ဖွယ်ရာများကို က?

Favourite - ကိုယ်ပိုင်ခြံထွက် နွားနို့စစ်စစ် Favourite - ကိုယ်ပိုင်ခြံထွက် နွားနို့စစ်စစ်
Ranchi

သဘာဝ ခြံထွက်နွားနို့စစ်စစ် နှင့် နို့ထွက်ပစ္စည်းမျိုးစုံကိုဖြန့်ဖြူးရောင်းချပေးပါသည်။

Sweet & Tasty Sweet & Tasty
Ranchi

Yummy Sunflower Oil ယမ်မီ နေကြာဆီ Yummy Sunflower Oil ယမ်မီ နေကြာဆီ
Ranchi

ကျန်းမာရေးကောင်း အရသာလည်းကောင်းစေမ

Lann Lann Lann Lann
အမှတ်33, တောင်မြင်းပြိုင်ကွင်းလမ်းဆရာစံတောင်ရပ်ကွက် တာမွေမြို့နယ်
Ranchi

Public