Swal Taw
Nearby shops
Conner of Kyuntaw Road and Ma Kyi Kyi Street. Sanchaung Township, Yangon
Between Yan Aung Street 1 and Yan Aung Street, Yangon
Yankin Street, Yangon
Kyi Myin Daing, Yangon
Yangon 174101
Saya San Road, Yangon
Sayar San Road, Yangon
Sayar San Road
online business
Books House
စစ်မှစစ်
======
ဒေါ်မိသိန်း သူ၏သားငယ်ကို ဘယ်လက်ဖြင့်
ဆုပ်ကိုင်ရင်း
'ဟောဒီဘက်က ဆတ်သားခြောက်စစ်စစ်တွေ
ရမယ်"
ဟိုယခင် ဒေါ်မိသိန်း ပြောင်းဖူးပြုတ်ရောင်းစဥ်
က ရောင်း၍ရသည့်ငွေနှင့်တစ်နေ့တာ
စားဝတ်နေရေးကိုမကာမိ။
ယခုတော့ ဆတ်သားခြောက်ရောင်းရသဖြင့်
ပို၍ အမြတ်ရသလို၊စုမိဆောင်းမိသည်။
ဒေါ်မိသိန်း၏စိတ်ထဲတွင် ချင်းပြည်က စစ်ဘေး
ရှောင်တိမ်းလာသည့် ချင်းမလေးကို
ကျေးဇူးတင်မိသည်။ထိုချင်းမလေးက
ချင်းပြည်မှ
ရန်ကုန်သို့ စစ်ဘေးရှောင်လာစဥ်တွင် ဆတ်သား
ခြောက်များများ ပါလာသည်။ချင်းပြည်မှ
ဒုက္ခနှင့်လာသည့် သူမလည်း အဆင်ပြေ၊
ဒေါ်မိသိန်းလည်း အဆင်ပြေ။
ထိုဆတ်သားခြောက်ကို ဒေါ်မိသိန်းက
ယူပြီး ယခုလို တစ်လမ်းဝင်တစ်လမ်းထွက်
ရောင်းသည်။ ဒေါ်မိသိန်း၏ဆတ်သားခြောက်ကို အရက်သမားအများစုတို့က တကူးတက လမ်းပေါ်
ထွက်စောင့်ပြီး ဝယ်ကြသည်။
"ဆတ်သားသည် ဒီကိုလာပါဦး"
ခါတိုင်း ဝယ်နေကျဖောက်သည် တစ်ဦး၏
ခေါ်သံဖြစ်၏။
ထိုဖောက်သည်ကြီးမှာ အသက်၃၀ကျော်ခန့်
မျက်နှာအမ်းအမ်း၊ဗိုက်ရွှဲရွှဲနှင့်လူဖြစ်၏။
ဒေါ်မိသိန်သည် ဗန်းကိုအောက်သို့ အသာလေးချပြီး
"ဘယ်လောက်ဖိုးဝယ်မှာလဲ ကိုကြီး"
ဝယ်သူမှာ ဗန်းထဲက ဆတ်သားခြောက်ပျော့အိအိကို လက်ဖြင့်စမ်းကြည့်ကာ
"ဆတ်သားခြောက်က စစ်ကောစစ်ရဲ့လား"
ဟုမေးလေးသည်။
"အမယ်လေး၊ စစ်မှစစ်ရှင့်၊မယုံရင်သားလေး
ကိုမေးကြည့်"
ဒေါ်မိသိန်းသည် သားငယ်ကို ကြည့်ပြီး
"သား ၊ဆတ်သားဘယ်လောက်စစ်ကြောင်း
ဦးဦးကို ပြောပြလိုက်စမ်း"
ထိုအခါ သားငယ်က
"စစ်တယ် ဦးဦး၊ဟိုတစ်နေ့ကတောင် သားကို
ဟောင်သေးတယ်"
ဟု ပြောလေသည်။
ပုံ-Crd..
#ချစ်နွေ #
လူတစ်ယောက်စီတိုင်းမှာ အချစ်ဦးဆိုတာ ရှိခဲ့ဖူးကြတယ်မဟုတ်လား။ကျွန်မတို့မှာလည်း ရှိခဲ့ကြဖူးတယ်။
အချစ်ဦးလို့ ပြောလိုက်တာနဲ့ ကျွန်မတို့ရဲ့ တစ်စုံတစ်ယောက်သော သူကို သတိရမိသွားကြတာတာပါပဲ။
တကယ်တမ်းအချစ်ဦးဆိုတာ
ရင်ထဲမှာ အလိုလိုကို အရင်ကတည်းက ရှိနေခဲ့ပြီးသားပါ။
အချစ်ဆိုတဲ့အရာကိုလည်း အချစ်ဦးနဲ့သာ ဖြူဖြူစင်စင်လေးချစ်မိခဲ့ကြတဲ့ မေ့မရနိုင်တဲ့ ကျွန်မတို့တွေရဲ့
အချစ်ဦးလေးပေါ့လေ။
စာရေးဆရာမလေးကေသရီကလည်း
သူမရဲ့ အချစ်ဦးလေးကို ကဗျာဆရာမလေးပီပီ
ကဗျာလေးတွေနဲ့ ရေးဖွဲ့သီကုံးထားတဲ့
အချစ်၊အလွမ်း၊ရသအဖုံဖုံပါဝင်တဲ့
ကဗျာလေးတွေမှာ ရေလှိုင်းလေးတွေလို ကျွန်မတို့
အချစ်ဦးသို့ လွမ်းဆင့်စာစီ ကဗျာစာအုပ်လေးနဲ့အတူတူ ကဗျာလှိုင်းလေးထဲ လိုက်ပါ စီးမျောလိုက်ကြရအောင်ပါနော်။
ဒိုင်ယာရီထဲမှာ
ကိုယ့် ဘဝထဲမှာ
တိမ်တွေလို အရောင်မပြောင်းဘူး
ပန်းတွေလို မနွမ်းခြောက်ဘူး
ကြွေကျလို့ မြေမခဘူး
အချစ်ဦးတဲ့
တကယ်ပါ
စွဲစွဲလမ်းလမ်းလမ်းကို ရူးခဲ့ဖူးတယ်။
#ကေသရီ
ဧကရီဆီမှာ ဝယ်ယူအားပေးလို့ရပါပြီနော်။
စာအုပ်ဈေးနှုန်းလေးကတော့
-4000ကျပ် ပါရှင့်။
ဒါလေးရဦးမယ်နော်
လင်းခါး ရဲ့ စာအုပ်လေးနှစ်အုပ်ရောင်းချင်ပါတယ်ရှင့်။
တီရှပ်မြစ် 🛑 sold out
ငါးမိနစ်စာမိတ်ဆွေသို့နှင့်အခြားကဗျာများ
လူတစ်ယောက်ချင်းစီတိုင်းမှာ
Favorite person ဆိုတာ ရှိခဲ့ကြဖူးတယ်မလား။
ဒီနေ့တော့ စာအုပ်လေးနှစ်အုပ်ကို ရောင်းပေးလိုက်ပါတယ်။
favorite person သို့ပေးစာ
အကယ်၍ထပ်ချစ်ဖြစ်ခဲ့ရင်
ချစ်စရာ့ကဗျာစာအုပ်လေးတွေကို
ဧကရီဆီမှာ ဝယ်ယူလို့ရပါပြီနော်။
🛑 Sold out
Hello hello 🤗 🤗
ကဗျာစာအုပ်လေးတွေရောက်ပါပြီရှင့်။
စာအုပ်လေးတွေက
2500.3000ဝန်းကျင်လေးပါနော်။
ထာဝရမင်း 🛑 sold out
မင်းဖြစ်နေလို့ကို ချစ်တာ 🛑 sold out
တော်စေချင်ခြင်းသည်ပင် မကောင်းဘက်သို့ ပို့နေသလော............................................................
(1)
"ယုယု..နင်ဘာလို့ အဆင့်တွေအဲ့လောက် ကျနေရတာလဲ။ငါဒီလောက် စာပြပေးနေတာကို နင်အသုံးကို မကျဘူး။"
၈နှစ်အရွယ်ကလေးမလေး ယုယုသည် ဇီးရွက်လောက်မျက်နှာလေးနှင့် ခေါင်းငုံကာ နားထောင်နေသည်။
သူ့အဖေ ကိုထွန်းရှိန်သည် သူ့သမီး အဆင့်ကျသောကြောင့် ဆူနေသည်။
ကျွန်တော်သည် သစ်သားခုံပုတစ်လုံးပေါ်ထိုင်ရင်း ဒီသားအဖနှစ်ယောက်အား ကြည့်ကာ ပြုံးနေမိသည်။
"နင်နောက်အကြိမ်စာမေးပွဲ အဆင့်၁မရရင် နင့်ကို ကျိုးနေအောင်ရိုက်ပြီး အိမ်ပေါ်က နှင်ချမယ်။ငါ့အိမ်ပေါ် မထားဘူးမှတ်ထား"ကိုထွန်းရှိန်သည် အတည်ပေါက်ဖြင့် သူသမီးလေးကို စာကြိုးစားစေရန် ပြောလိုက်သည်။
ထိုအခိုက် အိမ်တံခါးပွင့်လာကာ
"ငါ့မောင်လေးလည်း ရောက်နေတာကိုး။ဒီသားအဖ ဘာတွေဆူညံ့နေတာလဲ"
ကျွန်တော်ဝမ်းကွဲအမ မကေသီမနက်ခင်းစျေးသွားကာ ပြန်လာခြင်းဖြစ်သည်။
"ဒီမှာလေ နင့်သမီးစာကြိုးစားအောင် ပြောနေရတာ"
"မမသီရေ ကိုထွန်းက ကလေးကို ပြောနေတာမဟုတ်ဘူးဗျ။ခြိမ်းခြောက်နေသလိုပဲ။"
"နင့်ယောက်ဖအကြောင်း နင်အသိပဲ ပြောမနေချင်ပါဘူးအေ"
ထိုအချိန်ထိ ယုယုသည် အရင်အတိုင်း ခေါင်းငုံကာမတ်တတ်ရပ်နေဆဲ။
"ကဲ ကိုထွန်း... မမသီလည်းပြန်လာပြီ။ကျွန်တော်တို့ သွားရအောင်လေ နောက်ကျနေမယ်"
"အေးအေး လာပြီ။ယုယု နင်သွားတော့ စာကြည့်နေချေ။ဘယ်မှမသွားနဲ့နော်။ငါပြန်လာလို့ ဆော့နေတာတွေ့ရင် နင်အသေပဲ"
ယုယုသည် မျက်နှာငယ်လေးဖြင့် သူ့အခန်းငယ်လေးထဲ ဝင်သွားသည်။
ထို့နောက် ကျွန်တော်နှင့် ကိုထွန်းတို့ လူငယ်ဝါဒအဓွန့်ရှည်ရန် လက်ဖက်ရည်ဆိုင်သို့ ထွက်ခဲ့ကြသည်။
(2)
နောက်တစ်နေ့ည ၇နာရီလောက် ကိုထွန်းတို့ အိမ်သို့ကျွန်တော် ပျင်းပျင်းရှိသည်နှင့် ရောက်သွားသည်။
ကျွန်တော်ရောက်သွားချိန်တွင် ယုယုသည် ပျော်လို့ပြုံးလို့ တီဗီမှလာသော ကာတွန်းကားကြည့်နေသည်။
ယုယု..စာမကြည့်ဘူးလား နင့်ဖေဖေက ရိုက်လိမ့်မယ်နော်ဟု ကျွန်တော် စလိုက်သည်။
"ဟွန့် ကိုကိုကြီးနော် ယုက တစ်နေ့လုံးမှ ဒီအချိန်လေး ကာတွန်းကြည့်ရတာ။ဖေဖေက ရိုက်ပါ့မလားလို့။ ဘာမှလည်း မသိဘဲနဲ့"
ပြောင်စစဖြင့် ကျွန်တော့်ကိုတောင် သူက ပြန်ဖြဲလိုက်သေး။
ကျွန်တော်လည်း ယုယု ငယ်ထိပ်ကို မနာအောင် အသာအယာခေါက်ပြီး သူ့အဖေဆီထသွားသည်။
ကိုထွန်း ထမင်းစားနေသဖြင့် ပါလာသော ဆရာနိုင်ဝင်းဆွေ၏ ဘဝစာမျက်နှာများ စာအုပ်ကို ထိုင်ခုံတစ်ခုံပေါ်ထိုင်ကာဖတ်နေလိုက်သည်။ကျွန်တော်ဖတ်လက်စ ဆန်းစစ်ခြင်းဆိုတဲ့ ဝတ္ထုတိုကို ဖတ်နေသည်။ဝတ္ထုမှာ ရောဂါသည်ကလေးမလေး၏ ကြေကွဲဖွယ်ရာ အဖြစ်အပျက်ပင်။အမဲသားတွဲကြောင့် အကိုဖြစ်သူက တုတ်ဖြင့် ရိုက်မိသော အခန်း၌ စာအုပ်ကိုချကာ မျက်ရည်များကျမိသည်။ဆက်၍ဖတ်ရန်ပင် ကျွန်တော်မှာ အင်အားမရှိတော့ပြီ။သို့သော် ကျွန်တော်အသဲကွဲခံ၍ ဆက်ဖတ်လိုက်မိပါသည်။
အမဲသားပုံပေါ်မှာ ခွေခွေကလေး လဲသွားတဲ့ ရောဂါသည်ကလေးမ။
ဘာမှမဟုတ်တဲ့ အမဲသားတွဲကြောင့် ကိုယ့်ညီမရောဂါသည်ကို ရိုက်မိလို့ ယူကြုံးမရဖြစ်နေတဲ့ နိုင်ဝင်းဆွေ၏ ဇာတ်လိုက်။
သနားစဖွယ် မျက်လုံးများဖြင့် သူ့အကိုလေးကို ကြည့်ရင်း ပြောတတ်သော တစ်ခွန်းတည်းသော စကား"ကြီးကျယ်လိုက်တာ"ကို ရေရွတ်လိုက်သလား မရေရွတ်လိုက်သလား။ကျွန်တော် မသိတော့။
နှလုံးသားကို ချေမွခံရသကဲ့သလို့ နာကျင်နေလျက် မျက်ရည်များသာတွင်တွင် ကျမိနေပါသည်။
"ယုယုရေ အိမ်စာလုပ်မယ်။တီဗီ ပိတ်ခဲ့ပြီး လာတော့"
မမသီ၏ အသံကြားမှ လက်ရှိဘဝကို ကျွန်တော်ပြန်ရောက်ခဲ့ပါသည်။
ယောကျာ်းတန်မဲ့ ကျခဲ့တဲ့ မျက်ရည်တွေကို သုတ်ပြီး အသဲခွဲလွန်းသော ဦးနိုင်ဝင်းဆွေကို ထားခဲ့ကာ ကိုထွန်းထိုင်နေသော အိမ်အပြင်သို့ ထွက်ခဲ့ပါသည်။
အချိန်ကိုကြည့်လိုက်တော့ ၇နာရီခွဲတောင် ကျော်နေပါပေါ့လား။
ကိုထွန်းဘေးဝင်ထိုင်ရင်းရောက်တတ်ရာရာစကားပြောနေလိုက်ပါသည်။
ဘောလုံးပွဲ၊လောင်းကစား၊ကဗျာ၊စာပေ၊ရှေးဟောင်းနှောင်းဖြစ် အစုံပါပဲ။
၉နာရီတီးခါနီး ကျွန်တော်ပြန်ရန်ပြင်နေချိန်အိမ်ထဲမှ ယုယုငိုသံကို ကြားလိုက်မိပါသည်။
ကျွန်တော်မပြန်ခင် အိမ်ထဲဝင်သွားကြည့်မိသည်။
မမသီက ဒေါသတွေဖြင့် ယုယုကို ဆူလိုက်ငေါက်လိုက် ခေါင်းခေါက်လိုက်နှင့်။
"မမသီ ကလေးကို ခေါင်းမခေါက်ပါနဲ့။ဘာဖြစ်နေတာလဲဗျာ"
ကျွန်တော် ဝင်မေးမိသည်။
"ဒီမှာလေ နင့်တူမက စာကိုငါးခေါက်ဖတ်လည်း မရ ခြောက်ခေါက်ဖတ်လည်း မရနဲ့ ၉နာရီတောင်ထိုးတော့မယ်"
"စာမရတာများဗျာ။ခေါင်းခေါက်စရာမလိုပါဘူး။ပြီးတော့ ဘယ်လိုရမလဲ။ကလေးက မမသီကိုကြောက်ပြီး စာအာရုံမစိုက်နိုင်တော့ဘူး"
"ငါလည်း စိတ်ကမရှည်ဘူးအေ။ဒီလောက်ထုံရတယ်လို့"
"ဒါကြောင့် ခေါင်းမခေါက်ပါနဲ့လို့ ပိုဆိုးသွားမယ်။ရိုက်ချင် တင်ပါးတို့ ခြေသလုံးတို့ရိုက်ပါလားဗျာ"
"ယုယု..လာလာ ကိုကိုကြီးဆီလာ"
ကလေးမလေးသည် အားကိုးရသွားကာ ကျွန်တော်ဆီပြေးလာဖက်ရှာသည်။
"ကဲကဲ မမသီလည်း အိပ်တော့။ယုယု... မေမေက ယုကို တော်စေချင်လို့ ရိုက်တာနော်။ယု စိတ်မဆိုးရဘူးနော် ကြားလား"
ယုယုလေးသည် ရှိူက်သံဖြင့် ကျွန်တော့်ကိုပြန်ပြောသည်။
"ကိုကိုကြီးလည်း ယုကို တော်စေချင်တာပဲမလား။ဒါပေမယ့် မေမေ့လိုတော့ ယုကို မရိုက်ဘူး။ယု မေ့မေ့ကို ကြောက်တယ်"
သူကလေး၏ မပီမသ အသံလေးကိုကြားပြီး ကျွန်တော် သူကလေးကိုသနားမိသွားသည်။
"ဟဲ့ ယုယု။နင် ကိုယ့်အမေကို ဘယ်လိုပြောနေတာလဲ။ငါရိုက်လိုက်ရ။"
ကိုထွန်းက အိမ်ဝမှာဝင်လာလျက် ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းဆိုသလို သူ့ဝါသနာအတိုင်း ခြောက်လှန့်နေသည်။
"သွား အိပ်ချေတော့။မနက်မှ ငါသင်ပေးမယ်။မရရင် ဒီထက်နာမယ်မှတ်။သွားတော့ သွား"
ကျွန်တော်ကို ဖက်ထားသော ယုယုသည် သူမလွန်ဆန်ရဲသော သူ့အဖေ စကားအတိုင်း အိပ်ခန်းထဲဝင်သွားသည်။
"ကျွန်တော် ပြန်လိုက်ဦးမယ်ဗျာ နောက်ကျနေပြီ"ဟု ပြောရင်း အသဲခွဲလွန်းသော ဦးနိုင်ဝင်းဆွေကို ကောက်ယူကာ အကြွင်းမဲ့မေတ္တာတော်ရှိရာ အမေ့အိမ်သို့ ပြန်လာခဲ့ပါသည်။
(3)
"ကျနော်ဟာ ငယ်စဥ်တုန်းက
အဖြူရောင်အင်္ကျီလေးကို
တကယ်စိတ်စွဲ နှစ်သက်စွာ အမြဲတမ်းဝတ်ဆင်ခဲ့...ဒီလိုနဲ့
အချိန်တွေကုန်လွန်ခဲ့တော့
ကျနော်လည်း အရွယ်ရောက်ပြီ
ဖြူစင်လှသော အင်္ကျီလေး ဝတ်ဖို့ရှက်လာတယ်
(instrumental)..
လူရယ်ခေါ်နိုင်တဲ့အခါ
နာကျင်တတ်ပြီ စိတ်မှာ
ပြန်လည် လျှော်ဖွပ်မရတော့ဘူး
ဘဝကညစ်ပတ်တယ်"
"နင့်သီချင်းကြီးကို ပိတ်လိုက်စမ်းပါအေ။ငါရောက်တုန်းရောက်ခိုက် နားအေးအေး နေပါရစေ"
ကျွန်တော်လည်း ဖုန်းကိုဖွင့်၍လူနှင့်အင်္ကျီသီချင်းကို ပိတ်လိုက်ပြီး
"မမသီ ဘယ်အချိန်က ရောက်တာလဲ။အမေရော"
"အမေဒီမှာ ငါ့သားရေ။မိသီ မလာစဖူးအလာထူးလို့ပါလား။"
အမေက မီးဖိုချောင်မှ မမသီရှိရာ ဧည့်ခန်းထဲသို့ ထွက်လာရင်း မေးလိုက်သည်။
"ဒီဘက်လမ်းကြုံတာနဲ့ ဝင်ခဲ့တာ။အမေကလည်း နင့်ဒေါ်လေးဆီရောက်ဖြစ်လား။ကျန်းမာရဲ့လားမေးနေတာနဲ့ ဝင်လာတာတော်"
"မာပါ့တော်။မာပါ့။အရူးတစ်ယောက်နဲ့ နေရတာ။မမာလို့ ဘယ်ဖြစ်မလဲတော်။"
"ဟာ...အမေက အဖေ့ကိုအရူးလို့ပြောတာပေါ့။အဖေပြန်လာရင် တိုင်ဦးမှာ"
"အမလေးတော်...သခိုးကလူပြန်ဟစ်ပဲ ကြားဖူးတယ်။အခုမှ အရူးကလူပြန်ဟစ်ခံနေရတယ်"
အမေပြောလိုက်မှ ကျွန်တော်ရောမမသီရော ဟက်ဟက်ပက်ပက်ရယ်မိကြသည်။
"အဒေါ့်သားက ဘာတွေရူးနေလို့လဲ အဒေါ်ရဲ့"
"ရူးပါ့တော်။ရူးပ။စာရူးပေရူး ထူးအိမ်သင်ရူးဟေ့"
"အာ...အမေကလည်း မိကွန်ထောလေးပါ ရူးပါသေးတယ်ဗျ။ဟဲဟဲ"
"အေးအ့ဆို မိကွန်ထောပဲရူး။နင့်အပျို ဖြတ်လိုက်တော့။ငါမိကွန်ထောရှိရာ ပို့ပေးမယ်"
အမေသည် ကျွန်တော့်ချစ်စရာအားနည်းချက်လေးကို နှက်လိုက်ပါသည်။
"ကျွန်တော် မသေချင်သေးဘူး အမေ"
မျက်နှာငယ်လေးလုပ်ကာ ကျွန်တော်ပြောလိုက်သည်။
ဒီအခါမှ အမေသည် ပယ်ပယ်နယ်နယ်ရယ်လိုက်ကာ ပွဲကျသွားတော့သည်။
"ငါ့မောင်တောင် အိမ်ဘက်မလာတာကြာပြီနော်။ဘာတွေ အလုပ်ရှုပ်နေတာလဲ"
"ကျွန်တော် အဲ့ဘက်မရောက်ဖြစ်လို့ပါဗျာ။အလုပ်က မရှုပ်ပါဘူး။ အားပါတယ်။ယုယုရော လိမ္မာရဲ့လား"
"ယုယုဆိုလို့ ငါကြွားရဦးမယ်။ငါ့သမီးလေးက ဒီအပတ် အဆင့်၁ရတယ်ဟဲ့။ငါဖြင့် ဝမ်းသာလိုက်တာအေ"
ကျွန်တော်မပြုံးမရယ်ဘဲ မျက်နှာတည်ဖြင့်မေးလိုက်သည်။
"ယုယု အဆင့်၁ရတော့ မမသီယောကျ်ားက ဘာမှဆုမချဘူးလား။အဆင့်ကျရင်ဖြင့် အိမ်ပေါ်က နှင်ချမှာလေးဘာလေးနဲ့"
"တူမလားဟဲ့။ကြိုးစားအောင်တော့ ခြောက်ရလှန့်ရတာပေါ့။ပြီးတော့ အဆင့်၁က ရမှာပေါ့။ ငါတို့လင်မယား နေ့မအားညမအား တစ်လှည့်စီစာပြပေးနေတာကို"
"ငါ့တူမလေးက ငယ်ငယ်လေးရှိသေးတယ်နော် မိသီ။ချော့မော့ပြောပါအေ"
အမေက ဝင်ပြောရှာသည်။
"မဖြစ်ဘူးအဒေါ်ရေ။အိုးကောင်းရချင်ရင် နာနာရိုက်ပေးရတယ်တဲ့"
ကျွန်တော် ဒေါပွသွားသည်။
"ဒီမှာ မမသီ...ယုယုက နာနာရိုက်ရမယ့် အိုးအရွယ်မဟုတ်သေးဘူး။အခုမှ တယုတယ ပုံစံသွင်းရမယ့် အရွယ်ရှိသေး။ပုံစံမတည်သေးခင် နာနာရိုက်လိုက်တဲ့ အိုးက ရွဲ့ကျပြီး ပုံစံပျက်ရမှာပဲ။မမသီတို့ ကလေးကိုလည်း သနားကျဦး။ကိုယ့်လောဘကိုယ်ပဲကြည့်မနေနဲ့။တော်ပြီဗျာ ကျွန်တော် စာအုပ်ငှားသွားလိုက်ဦးမယ်။"
စိတ်ဆိုးဆိုးဖြင့် ပြောဆိုပြီး ကျွန်တော်ထွက်လာခဲ့သည်။
(4)
မကေသီခေါင်းကိုက်နေသည်ဆိုသောကြောင့် ကျွန်တော် ယုယုကို ကျောင်းကြိုလာသည်။
"ယုယု... သူငယ်ချင်းတွေအိမ် အလည်သွားချင်လား။ကိုကိုကြီးလိုက်ပို့မယ်"
ကျွန်တော် သူကလေးကို ကျောပိုးချီလာလျက် မေးလိုက်သည်။
ကျွန်တော် ဆံပင်တွေကို ဖွ၍လိုက်လာသော ယုယုက ပျော်မြူးနေသည်။
"မေမေက အလည်မသွားရဘူးတဲ့။ကျောင်းပြန်လာရင် စာကြည့်ရမယ်တဲ့"
မပီမသအသံလေးဖြင့် ပျော်မြူးလျက်ပြောရှာသည်။
"ဒါဆို ဘာစားမလဲ။ကိုကိုကြီး ဝယ်ကျွေးမယ်။ကြိုက်ရာပြောကွယ်"
"ကိုကိုကြီးက ယုကို ရိုက်ခံရအောင်လုပ်နေတာလား။အိမ်ကမုန့်ကလွဲပြီး ယု ဘာမှမစားရဘူးလို့ ဘယ်နှခါပြောရမလဲ။ဟွန်း"
ရွတ်တွတ်တွတ်အသံလေးဖြင့် ပြောကာ ဆံပင်ဖွလာသော သူကလေး၏လက်ကို လက်ပိုက်လျက် စိတ်ဆိုးဟန်ဆောင်နေပုံလေးက ချစ်စရာအတိ။
ကျွန်တော်ဘာမှပြန်မပြောနိုင်ဘဲ သူကလေးကို သနားမိသည်။
ဒီလောက်ဝမ်းနည်းစရာ ချုပ်ချယ်ခံရမှုကို ဘာမှမသိရှာသေးသော သူကလေးမှာ ရယ်ရယ်မောမောပင် ပြောနိုင်ရှာသည်။
..... ...... .....
"ရောက်ပြီယုယုရေ။မမသီရေ မမသီ...အိမ်တံခါးဖွင့်ပေးဦးဗျ"
မမသီ အိမ်တံခါးလာဖွင့်ပေးပြီး ကျွန်တော်ပါ အိမ်ထဲသို့ ဝင်လာခဲ့သည်။
ယုကို ကျောပေါ်ကချပြီး ထိုင်မည် လုပ်နေစဥ် ကိုထွန်းရှိန်သည် ဒေါနှင့်မောနှင့် ဝင်လာခဲ့သည်။
"ယုယု...နင်လာခဲ့စမ်း။နင် မိဘကိုတောင် လိမ်တတ်နေပြီ။နင့်ကို အသေရိုက်ရမယ်"
ကိုထွန်းရှိန်အသံက မာကျောလှသည်။မျက်လုံးများကလည်း ဒေါသဖြင့်ပြည့်လျက်။
"ကိုထွန်း ဘာဖြစ်လာတာလဲဗျာ။စိတ်ကိုလျော့ပါဦး။ဒီမှာ ယုယုကြောက်နေပြီ"
"မလျော့နိုင်ဘူး ဟိတ်ကောင်။ယုယု အခုလာဆို လာစမ်း"
ကျွန်တော်ကို ဖက်ထားသော ယုယုသည် သူ့အဖေရှေ့ တုန်တုန်ရီရီဖြင့် လျှောက်သွားသည်။
"အကို ဘာဖြစ်လာတာလဲ။ကေသီ့ကို ပြောစမ်းပါ"
"နင့်သမီး ငါတို့ကို လိမ်ထားတယ်။ငါအလုပ်ကအပြန် ငြိမ်းကျော်တို့သားအဖနဲ့တွေ့လို့ သိရတာ။ တောက်"
ကိုထွန်းရှိန်ဆိုးဆိုးဝါးဝါးဒေါသထွက်နေပြီဆိုတာ ကျွန်တော်သိလိုက်ပြီ။ကျွန်တော် ဘာမှဝင်မပါတော့လို့ ဆုံးဖြတ်၍ ထိုင်ကြည့်နေလိုက်သည်။
"ငြိမ်းကျော်သမီးကပြောလိုက်တယ်။ယုယုက အဆင့်၃ပဲရတာတဲ့။ငါ့သမီး အဆင့်၁ရတယ်ဆိုလို့ ဝမ်းသာနေတာ။အခုတော့... ယုယုနင့်ကို သေအောင်ရိုက်ပစ်မယ်"
"နေစမ်းပါဦး အကိုရယ်။ယုယုကို ကေသီမေးစမ်းပါဦးမယ်"
မမသီသည် ယုယုရှေ့တွင် ဒူးထောက်ချလိုက်ကာ ချော့မေးနေသည်။
"သမီးလေး... ယုယု မေမေ့ကို ပြောစမ်း။
ဖေဖေပြောတာ အမှန်တွေပဲလား"
သူကလေးသည် တုန်တုန်ရီရီနှင့် မျက်ရည်များသာ ကျနေသည်။
"ယုယု နင်မဖြေဘူးလား။ငါရိုက်မိတော့မယ်နော်"
"အကိုရယ် အသာနေပါဦး။ကေသီမေးနေတယ်လေ"
"ယုယု...မေမေ့ကို ကြည့်စမ်း။မေမေ့ကို ယုမလိမ်ဘူးမလား။ယုက လိမ္မာပါတယ် မေမေ့ကို ဖြေစမ်း"
သူကလေးသည် ရှိုက်ငိုနေရမှ အသံတိမ်တိမ်လေးဖြင့် ဖြေသည်။
"ယု ဖေဖေ့ကိုကြောက်လို့ လိမ်မိတာပါ။ဖေဖေက အိမ်ပေါ်ကနှင်ချမယ်ဆိုလို့ ယု..."
သူကလေး အသံမှာတိမ်ဝင်သွားကာ ရှိုက်ငိုနေသည်။
ကျွန်တော် အလွန်အမင်းသနားမိသွားသည်။ဟိုတလောက သူ့အဖေပြောလိုက်သော စကားများကို အတည်ယူမိသည့် သူကလေး။မထင်ထားသော ကိစ္စဖြစ်သဖြင့် အံ့သြခြင်လည်း ဖြစ်ရသည်။အံ့သြခြင်းထက် သနားခြင်းက ပိုမည်မှာ ဧကန်ပင်။
မမသီလည်း အရှိုက်ရိုက်ခံရသလို ငိုင်ကျသွားသည်။
ကိုထွန်းရှိန်က ယုယုကို သူရှေ့သို့ခေါ်ကာ ဒေါသမျက်လုံးများဖြင့် ကြည့်နေသည်။
"ယုယု...နင့်မှာ အပြစ်ရှိလား မရှိဘူးလား"
ယုယုသည် ငိုသာနေသည်။
"ငါမေးနေတယ်။ယုယု ဖြေစမ်း"
ကိုထွန်းရှိန်အော်သံကြောင့် သူကလေးသည် တုန်သွားသည်။
"ဟုတ် ရှိ..ရှိပါတယ်"
ရှိုက်သံကြောင့် စကားတွေပါ ထစ်နေသော ယုယုကို ကျွန်တော် ပြေးဖက်လိုက်ချင်သည်။
"နောက်ခါ လိမ်ဦးမှာလားပြော"
"မလိမ်..မလိမ်တော့ပါဘူး"
"အေး ဟိုဘက်လှည့်"
ကျွန်တော် အလန့်တကြားဖြစ်သွားသည်။ကိုထွန်းရှိန်သည် တံမျက်စည်းကို ပြောင်းပြန်ကိုင်လိုက်သည်။ကျွန်တော်၏ သနားစိတ်သည် စိုးရိမ်စိတ်သို့ရောက်သွားသည်။မမသီကို အားကိုးတကြီး ကျွန်တော်ကြည့်မိသည်။မမသီကလည်း စောစောကအတိုင်း ငိုင်ကျနေလျက်။ယုယုကို ကြည့်လိုက်တော့ လက်ပိုက်လျက် ရှိူက်နေဆဲ။
တစ်ချက်
ကိုထွန်း၏ အားဖြင့် ရိုက်ချက်ကြောင့်သူကလေးသည် ရှေ့သို့ကော့သွားသည်။ကျွန်တော် နှလုံးသားသည်လည်း အပ်နှင့်ထိုးခံရသကဲ့သို့ စူးအောင့်သွားသည်။
နှစ်ချက်
သုံးချက်
ကျွန်တော်ဆက်မကြည့်နိုင်တော့ဘဲ မျက်ရည်များစီးကျရင်း အိမ်ပြင်သို့ထွက်ခဲ့သည်။လမ်းမပေါ်ရောက်တော့ ဆရာနိုင်ဝင်းဆွေ၏ ဝတ္ထုတိုလေးကို သတိရမိသည်။
ထိုအထဲက
တစ်ချက်
နှစ်ချက်
သုံးချက်
လေးချက်
ငါးချက်
အသည်းနှလုံးကြွေမွသွားခဲ့မလို နင့်နေအောင် ခံစားရသော ဝတ္ထုတိုလေး။
အမဲသားတွဲကြောင့် အရိုက်ခံရသည့် ရောဂါသည်မလေး။
အခု လက်တွေဘဝမှာတော့ အသည်းနှလုံးသည် တစ်စစီဖြစ်သွားခဲ့ရပြီ။
ရွံ့ဖွယ်လိလိ လောဘတွေကြောင့် ငယ်ငယ်ရွယ်ရွယ်ဖြင့် ဆူးတောင်ပေါက်ခဲ့ရသော သူကလေး။
ညစ်ပေခဲ့ရသော အဖြူထည်လေး။
ထိုအခိုက် လမ်းမအပေါ် ကားတစ်စီးတွေ့လျှင် ကားရှေ့ကျွန်တော် ပြေးဝင်မိမည်မှာအမှန်ပင်။
သီချင်းသံက ခေါင်းထဲ ဆွတ်ပျံ့လျက်။
"လူရယ်ခေါ်နိုင်တဲ့အခါ
နာကျင်တတ်ပြီ စိတ်မှာ
ပြန်လည် လျှော်ဖွပ်မရတော့ဘူး
ဘဝကညစ်ပတ်တယ်"
#လေဗိုက်
ချစ်သောရေ
Thanks you .
https://youtube.com/?si=eVIJEbkJKEtRhZH5
ယောက်ျားတစ်ယောက်ရဲ့နှုတ်ခမ်းနဲ့ ထိလိုက်တာနဲ့ မီးနဲ့ထိတဲ့ ဖယောင်းလို ပျော်ကျသွားတဲ့ မိန်းမတွေရှိတယ်။ သူတို့ဟာ မျက်စိကိုမှိတ်ပစ်လိုက်ကြတယ်။ သူတို့ဟာ တိုးတိုးလေးညည်းတွားပြီး ပွင့်အာလာတဲ့နှင်းဆီတွေ ဖြစ်သွားတယ်။ လေကိုချုပ်နှောင်ထားရာက လွှတ်လိုက်သလို သူတို့စိတ်တွေကို လွှတ်ပေးလိုက်တယ်။ ယောက်ျားတစ်ယောက်ဟာ အဲသလိုမိန်းမမျိုးကို တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်သုံးယောက်လောက် ကြုံဖူးနိုင်တယ်။ အများကြီးတော့ တွေ့မှာမဟုတ်ဘူး။ လူတစ်ယောက်ဟာ သူ့ဘဝမှာ ငိုနေတဲ့ဘုန်းကြီး ဒါမှမဟုတ် ပက်လက်လန်နေတဲ့မြင်းတစ်ကောင်ကို အကြိမ်များများ မတွေ့နိုင်သလိုပေါ့။ နောက်တစ်ခုကတော့ ယောက်ျားတစ်ယောက်ဟာ အဲသလိုမိန်းမမျိုးဆီက အခွင့်အရေးရတာနဲ့ အချိုးအဆညီတဲ့ နောင်တနဲ့ဝမ်းနည်းမှုကိုပါ ပြန်ရတတ်တယ်။ ဘယ်သူ့ဘဝမဆိုပေါ့ နှံပြည်စုတ်ငှက်ကလေးရဲ့ဘဝကအစ အသေးစိတ်ကလေးတွေနဲ့ အပြည့်ပါပဲ။ ငှက်ကလေးရဲ့သေးငယ်တဲ့ဘဝထဲမှာလည်း အကြိမ်ကြိမ် မိတ်လိုက်တာတွေ၊ မုဆိုးရဲ့လက်ခုပ်ထဲက လွတ်မြောက်ခဲ့တာတွေ၊ နှလုံးပိစိညှောင့်တောင့်လေးဟာ တဇတ်ဇတ်ခုန်နေတာတွေ ရှိနေသလိုပဲပေါ့။ ယောက်ျားတွေကတော့ များသောအားဖြင့် မျက်နှာတွေ နီရဲလာတာပဲ။ ဖဲရှုံးလာတဲ့သူဟာ မျက်နှာကြီးနီလာသလိုပေါ့။ ကိုယ့်ရှေ့က ခုံကိုထုတယ်။ ကိုယ့်ရှေ့ကလူကို အရက်ခွက်နဲ့ လှမ်းပက်တယ်။ ဒီဘဲတွေက ရှုံးတာကို ရှက်ကြတယ်။ သူတို့လက်သီးဆုပ်ထဲကနေ ငှက်ကလေးလွတ်သွားတာကို သူတို့ရှက်ကြတယ်။ ရုပ်ထုရဲ့ကိုယ်ထဲက ကလီစာလို သူတို့ကိုယ်ထဲမှာ အချစ်ဟာ အေးစက်နေတယ်။ ဒီဘဲတွေဟာ နှင်းဆီပွင့်တွေကို ထွေးထုတ်တယ်။ မြင်းကတ်လို သူ့ကိုယ်ပေါ်ကလူကို ခါချတယ်။ အမှန်တော့ ဒီဘဲတွေဟာ သနားစရာကောင်းတယ်။
-အောင်ခင်မြင့်
ဘယ်ခေတ်မှာ မဆို
အချစ်ကြောင့် သေမလို ဖြစ်ခဲ့ကြတဲ့
လူငယ်တွေ ရှိတယ်
ကံဆိုး တဲ့ အများစုကတော့
တကယ် မသေခဲ့ကြဘူး ။
#အောင်ခင်မြင့်
မင်းမျက်နှာကိုမတွေ့ရတဲ့နေ့ဟာ
လမ်းမှားတော့တာပဲ
မင်းကနေနိုင်တယ်
ချစ်တာကိုချစ်တယ်လို့ဖွင့်မပြောဘူး
အသေခံတယ်။
မင်းဆီကပျော်ရွှင်မှုကိုမရတဲ့နေ့ဟာ
တစ်နေရာရာမှာပျက်ကျတော့တာပဲ။
#စိုင်းဝင်းမြင့်
Click here to claim your Sponsored Listing.
Videos (show all)
Category
Website
Address
Ranchi
Kyauk Myaung Market Kyaik Ka San Road Tarmwe Township
Ranchi