Ibet789 Official Myanmar
ibet789 မန်ဘာသစ် 10% / ယူနစ်ဖြည့်၅% /ကောင်မရှင် ၁၀၀% အပြင် လကုန် Bonus ခံစားခွင့်
ဂျာနယ်လစ် 🗣"တိုက်စစ်ပိုင်းမှာ သူ့ကိုကူညီဖို့အတွက် ကစားသမားတဦးလောက် ရော်နယ်ဒိုလိုအပ်နေမလား"
မာတီနက်ဇ်🗣 "သူ အဖွင့်ပွဲမှာ ဂိုးကန်သွင်းချက် ၃ ကြိမ်လောက် ရခဲ့တယ်ထင်တယ်၊ ဒါက ဒီပြိုင်ပွဲမှာ ကန်သွင်းခွင့်အများဆုံးလုပ်နိုင်ခဲ့တဲ့ သူပါ၊ သူက အရမ်းစည်းကမ်းကောင်းတယ်၊ အလုပ်ကြိုးစားပြီး အရေးပါတဲ့ ဂိုးသွင်းသူပါ၊ အသင်းဖော်ဂိုးရဖို့အတွက် နေရာလွတ်ရှာပေးခဲ့တဲ့သူပါ၊ ဧရိယာထဲမှတော့ ကျနော်တို့အတွက် သူက အရမ်းကို အရေးကြီးပါတယ်"
"ဒီမာရီယာက သူ့အဖေရဲ့ ကျောက်မီးသွေးမိုင်းတွင်းမှာ လိုက်ကူညီပေးချင်ခဲ့တာ၊ အဲဒါကို သူ သဘောကျတယ်၊ သူ့ အဖေက ဂေါ်ပြားတလက်ပေးလိုက်ရင် သူက အိတ်တွေထဲ လိုက်ဖြည့်တော့တာပဲ။ အိမ်ပြန်လာရင် သူ့တကိုယ်လုံးက ကျောက်မီးသွေးအမှုန့်တွေချည်းပဲ၊ ကျမဆီမှာ သူ့အကျီတွေ အကုန်ရှိပြီး သူ့အကြောင်းကို ပြတိုက်လုပ်ထားတယ်၊ ပင်ပန်းတယ်လို့ သူခံစားရတိုင်း သား၊ ငှက်ပျောသီးစားလိုက်၊ ဒါဆို သန်မာလာလိမ့်မယ်လို့ ပြောတိုင်း သူ ရယ်တယ်"
ဒီမာရီယာရဲ့ အမေက ပြန်ပြောပြခဲ့တာပါ။ တကယ်လည်း ဒီမာရီယာက သူ့အဖေ၊ သူ့အစ်မတွေနဲ့ မိုင်းတွင်းထဲမှာ အလုပ်လုပ်ခဲ့ပြီးတော့မှ ကစားသမားတဦး ဖြစ်လာခဲ့တာပါ။ ပင်ပန်းဆင်းရဲလွန်းလို့ သူ့ခန္ဓာကိုယ်က သေးသွယ်ပါတယ်။ ဒါပေမယ့် သူ့မြို့က လမ်းမတွေပေါ် အားတိုင်းဘောလုံးကစားရင်း အခွင့်အရေးကို ဆုပ်ကိုင်နိုင်ချိန်မှာ သူက ပရိုကစားသမားဖြစ်ခဲ့ပြီး အခုတော့ ကမ္ဘာ့ဖလားချန်ပီယံပါ ဖြစ်နေခဲ့ပါပြီ။
သူ့အမေက အမြဲတမ်းအလုပ်မရှိဘဲ ကြုံရာကျဘမ်းလိုက်လုပ်ရတယ်။ အဖေက တရက်ကို ၁၆ နာရီလောက် ကျောက်မီးသွေးတွင်းမှာ အလုပ်လုပ်ရတယ်။ ဒီလိုဘ၀မျိုးကနေ ရုန်းထွက်ဖို့အတွက် ဘောလုံးက မျှော်လင့်ချက်ဖြစ်ခဲ့တာပါ။ သူ ကစားသမားဖြစ်လာချိန်မှ သူ့အဖေလည်း ၁၆ နှစ်လောက် လုပ်ခဲ့ရတဲ့ ကျောက်မီးသွေးတွင်းလုပ်သားဘ၀ကနေ အနားယူခဲ့ရတာပါ။
လှလိုက်တဲ့ ဘောလုံးအထိန်းအသိမ်းပါ။ ယူကရိန်းအတွက် အဖိုးတန်အနိုင်ဂိုးရစေမယ့် ထိန်းသိမ်းပုံဆိုလည်း မမှားပါဘူး။ ယာရမ်ချော့ခ်က ဘောလုံးကို ခြေဖျားလေးနဲ့ အသာထိန်းပြီးတော့ အနီးကပ်အနေအထားမှာ ဘောလုံးကို ပေါက်သွင်းသွားခဲ့တာပါ။
ဂိုးသွင်းခဲ့တာထက် ဘောလုံးထိန်းတာကိုပဲ တကယ်သဘောကျမိတယ်။ အမြင့်ကနေ ကျလာတာကို သူက ခြေဖျားနဲ့အသာလေးထိန်းနိုင်ခဲ့လို့ ဘောလုံးက သူ့နားမှာပဲ ကျလာပြီး ကန်သွင်းဖို့အခွင့်အရေးရခဲ့တာပါ။ ယူကရိန်းရဲ့ အနိုင်ဂိုးမှာ ဘောလုံးကို ထိန်းခဲ့တဲ့ပုံက အသက်ပါပဲ။
ဒီနိုင်ပွဲကြောင့် ယူကရိန်းတို့ အုပ်စုအဆင့်က တက်နိုင်မယ့် မျှော်လင့်ချက်ရှင်သန်သွားပါတယ်။ ဘယ်လ်ဂျိယံကို သရေကစားနိုင်မယ်ဆိုရင်တောင် အကောင်းဆုံးတတိယနေရာကို မျှော်လင့်နိုင်ဦးမှာပါ။
ဩစတြိးယားကို အရေးနိမ့်ခဲ့ပြီးနောက် ပိုလန်တို့ အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရပါပြီ။ ၂ပွဲဆက်တိုက်အရေးနိမ့်ခဲ့ပြီး ပြင်သစ်နဲ့ကစားရမယ့် ပွဲက သူတို့အတွက် ဘာမှအရေးမပါတော့ပါဘူး။ လီဝန်ဒေါစကီးတို့ဟာ ဩစတြီးယားကို ဘယ်လိုမှမယှဉ်နိုင်ခဲ့ပါဘူး။
ပိုကောင်းတဲ့အသင်း၊ အနိုင်နဲ့ထိုက်တန်တဲ့အသင်းက နိုင်ပွဲရခဲ့တာပါ။ ပိုလန်တို့ ၁-၁ အထိ လိုက်ကစားနိုင်ခဲ့ပေမယ့်လည်း ရေရှည်မှာ ဩစတြီးယားကို မထိန်းနိုင်ခဲ့ပါဘူး။ ဂိုးတွေဆက်တိုက်ပေးခဲ့ရပြီး ဆက်ဇနီသာ လက်စွမ်းမပြရင် ဒီထက်တောင် ဂိုးပြတ်ခဲ့မှာပါ။
လီဝန်လူစားဝင်လာပြီး ကစားပေးခဲ့ပေမယ့် အရာမရောက်ခဲ့ပါဘူး။ ပိုလန်မှာ အရည်အသွေးမြင့်ကစားသမားနည်းပါးနေပြီး တဦးချင်းခြေစွမ်းကလည်း အားရစရာမရှိခဲ့တာမို့ စောစောစီးစီးပဲ အောင်ဖျာလိပ်ခဲ့ရပါပြီ။
“ကစားသမားတွေက နောက်ကိုပဲ ဆင်းပြေးနေကြပြီး သူတို့ကို ကြည့်ရတာ အကုန်လုံးက ပြိုလဲနေသလိုပါပဲ။ ဒီအတွက် ဘာဆင်ခြေမှ မပေးပါနဲ့။ သူတို့က ခွန်အားလည်းမရှိ၊ ပွဲအပေါ် အားစိုက်ထုတ်မှုလည်း မရှိပါဘူး။ ကျနော်တို့တုန်းက နောက်ဆုံး (၁၀) မိနစ်၊ (၁၅) မိနစ်လောက်ကို နောက်မှာပဲ ပြေးနေလို့ မရပါဘူး”
“အခုတော့ သူတို့က ဘောလုံးတွေလည်း အများကြီးဆုံးရှုံးတယ်၊ ပေါ့တီးပေါ့ပျက် ပေးပို့မှုတွေကလည်း အများကြီးလုပ်ခဲ့ပါတယ်”
- အလန်ရှီးယားကတော့ အင်္ဂလန်ကစားသမားတွေနဲ့ အသင်းကစားပုံကို ဒေါသထွက်နေပြီး အသားကုန်ကြိမ်းမောင်းနေပါပြီ။
မနေ့ညက ကစားခဲ့တဲ့ ဒိန်းမတ်နဲ့ အင်္ဂလန်တို့ရဲ့ ယူရိုအုပ်စုပွဲစဉ်မှာ ဝေါ်လ်ကာတစ်ယောက် ကွင်းမျက်နှာပြင်ဆိုးရွားမှုကြောင့် ဒဏ်ရာအပြင်းအထန်ရမယ့်အရေးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ ဒီပွဲမှာ ကွင်းအနေအထားက တော်တော်လေး ဆိုးရွားခဲ့ပါတယ်။
တိုက်စစ်လိုက်ပါရင်း ဘောလုံးပေးပို့နေချိန်မှာ သူ့ခြေထောက်က ချော်သွားပြီး လဲကျခဲ့တာပါ။ ရုပ်သံအနှေးပြကွက်တွေအရ ဝေါ်လ်ကာရဲ့ခြေထောက်က ထက်ပိုင်းပုံစံအနေအထားအထိ ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ပဲ ခြေထောက်မကျိုးသွားခဲ့ပါဘူး။
ပရိသတ်တွေက ဝေါ်လ်ကာရဲ့ခြေထောက်က စတီးချောင်းနဲ့ လုပ်ထားတာလားလို့ မေးခွန်းထုတ်ရတဲ့အထိ အံ့အားသင့်နေကြပါတယ်။
"ကျနော်တို့မှာ ကယ်လ်ဗင်ဖိလစ်နေရာအတွက် လွယ်လင့်တကူ အစားထိုးစရာမရှိပါဘူး"
ဒိန်းမတ်နဲ့ပွဲအပြီးမှာ အင်္ဂလန်နည်းပြဆောက်ဂိတ် ပြောသွားခဲ့တာပါ။ ပရိသတ်တွေအားလုံး ဟာခနဲဟင်ခနဲကို ဖြစ်သွားခဲ့ရပါတယ်။ ယူရိုမှာ အင်္ဂလန်ရှုံးပွဲမရှိသေးမယ့် ခြေစွမ်းတော့ စုတ်ပြတ်သတ်နေတာပါ။ ညက ပွဲကတော့ ပိုဆိုးပါတယ်။
ဒီအတွက် ဆောက်ဂိတ်ရဲ့ အကြောင်းပြချက်က တော်တော်လေးရယ်ရပါတယ်။ သူ့ဆီမှာ ဒီလောက်ကောင်းတဲ့ ကစားသမားတွေ ရှိနေတာတောင် ကယ်လ်ဗင်ဖိလစ်နေရာအတွက် အစားမထိုးနိုင်လို့ဆိုတာက စဉ်းစားလို့ကိုမရအောင်ပါပဲ။
အင်္ဂလန်ပရိသတ်တွေတော့ ဆောက်ဂိတ်ကို မနေ့ကပွဲကစားနေချိန်ရော၊ ပွဲပြီးချိန်ရော ရစရာမရှိအောင်ကို ဆဲဆိုခဲ့ကြပါတယ်။ အင်္ဂလန်ဟာ ဒီပုံနဲ့တော့ ယူရိုမှာ ဘာမှဖြစ်လာမှာမဟုတ်ဘူးလို့ ယူဆနေပါပြီ။
ဂုတ်ကြီးမက်ဆီတို့ကတော့ ကိုပါအဖွင့်ပွဲကို အနိုင်နဲ့ စတင်လိုက်ပါပြီ။ ကနေဒါကို ၂-၀နဲ့ အနိုင်ယူခဲပြီး လက်ရှိချန်ပီယံဘွဲ့ကာကွယ်မယ့် ပထမဆုံးခြေလှမ်းက အောင်မြင်ခဲ့ပါတယ်။ ပထမပိုင်းမှာ ဂိုးမရခဲ့ပေမယ့် ဒုတိယပိုင်းမှာ လိုအပ်တဲ့ အနိုင်ဂိုးတွေသွင်းကာ အာဂျင်တီးနားက သူတို့ရဲ့ အနိုင်ကစားတတ်ပုံကို ပြသွားပါတယ်။
မက်ဆီက မာတီနက်ဇ်ရဲ့ ပွဲသိမ်းဂိုးကို လှလှပပဖန်တီးပေးခဲ့ပါတယ်။ ဧရိယာထဲကို အနိမ့်ဘောလေး ထိုးပေးပြီး ဖန်တီးပေးခဲ့တာပါ။ မာတီနက်ဇ်ကလည်း ဂိုးသမားပြေးထွက်လာချိန်မှာ ပါးပါးနပ်နပ်နဲ့အဆုံးသတ်ခဲ့ပါတယ်။
လက်ရှိချန်ပီယံဟာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့အတိုင်းပါပဲ။ ပြိုင်ဘက်ကို အနိုင်ယူရမယ့် နည်းကို ကောင်းကောင်းကြီးသိနေပါတယ်။ အချိန်တန်ရင် အနိုင်ဂိုးရမယ်ဆိုတာကို သူတို့ကိုယ်တိုင်ယုံကြည်ထားလို့လည်း သက်တောင့်သက်သာကစားနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ ချယ်လ်ဆီးအတွက် ခြေစွမ်းပြပြီး သွင်းဂိုး+ဖန်တီးမှု အများဆုံးဖြစ်ခဲ့တဲ့ ကိုးလ်ပါလ်မာက အင်္ဂလန်အတွက် ယူရိုမှာ ၁ မိနစ်လေးတောင် မကစားပေးရသေးပါဘူး။ မနေ့ညက အင်္ဂလန်တို့ တိုင်ပတ်နေချိန် လူစားလဲတော့လည်း ဆောက်ဂိတ်က အခြားတိုက်စစ်ကစားသမားတွေကိုသာ ထည့်သွင်းသွားခဲ့တာပါ။
ဟာလန်းနဲ့အပြိုင် ရွှေဖိနပ်ဆုအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ကစားသမားတဦးအတွက် ဒါက ခါးသီးစရာပါပဲ။ အင်္ဂလန်ဟာ ကွင်းလယ်မှာရော၊ တိုက်စစ်မှာပါ တော်တော်လေးညံ့ဖျင်းနေခဲ့တာပါ။ ကိုဘီမိုင်နူး၊ ပါလ်မာတို့ကို ဆောက်ဂိတ်က လုံး၀မသုံးခဲ့ဘဲ ပစ်ထားခဲ့ပြီး ဒီအတွက်လည်း တော်တော်လေးဝေဖန်ခံနေရပါပြီ။
အင်္ဂလန်က ကစားသမားကောင်းတွေ ပေါများလွန်းပေမယ့် နည်းပြက သုံးစားမရတော့ တိုင်ပတ်နေပါပြီ။ ပရိသတ်တွေလည်း တော်တော်လေးဒေါသထွက်နေကြပါတယ်။ ညကဆို ဒိန်းမတ်ကတောင်မှ အနိုင်ရထိုက်တဲ့ ပုံစံကို ပြသသွားခဲ့တာပါ။
ကိုပါအမေရိကပြိုင်ပွဲမှာ မက်ဆီ ဝတ်ဆင်ကစားမယ့် ဖိနပ်ပါ။ ရွှေရောင်ဖြစ်ပြီး Adidas က အထူးဖန်တီးပေးထားတဲ့ ဖိနပ်ဖြစ်ပြီး ဒီနေ့မှာ ကြေညာခဲ့တာလည်းဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းဟာ ဂျာစီအသစ်ကိုလည်း ဝတ်ဆင်ကစားမှာဖြစ်တာကြောင့် မက်ဆီအတွက်တော့ အရာရာက အသစ်တွေနဲ့ချည်းပါပဲ။
ကိုပါလက်ရှိချန်ပီယံဘွဲ့ကို အာဂျင်တီးနားက ကာကွယ်ရမှာဖြစ်ပြီး ကနေဒါနဲ့ ပွဲဦးထွက်ကစားရမှာဖြစ်ပါတယ်။ လက်ရှိခြေစွမ်းနဲ့ ကစားသမားစုဖွဲ့မှုအရ ချန်ပီယံဖြစ်ဖို့အတွက် အာဂျင်တီးနားက ရေပန်းအစားဆုံးဖြစ်နေပါတယ်။
တကယ်လို့သာ သူတို့တွေ ချန်ပီယံဘွဲ့ကို ထိန်းသိမ်းနိုင်မယ်ဆိုရင်တော့ မက်ဆီဟာ သူ့ကစားသမားဘ၀မှာ ပထမဆုံးအကြိမ် ၂နှစ်ဆက်ကိုပါချန်ပီယံအဖြစ် မှတ်တမ်းတင်နိုင်မှာပါ။ ပြီးခဲ့တဲ့ပြိုင်ပွဲမှာ မက်ဆီက ပထမဆုံးအကြိမ် ကိုပါချန်ပီယံဖြစ်ခဲ့တာပါ။
"ဒီကလန်ရိုက်က အင်္ဂလန်မီဒီယာတွေကြောင့် အရမ်း overrated ဖြစ်နေတယ်လို့ ကျနော်ထင်တယ်၊ သူက ကမ္ဘာ့အဆင့်မဟုတ်ပါဘူး၊ ရိုဒရီက ပွဲကို ညွှန်ကြားနိုင်တယ်၊ ခရူးစ်က ပွဲကို ထိန်းကျောင်းနိုင်ပါတယ်၊ ဒီကလန်ရိုက်က မလုပ်နိုင်ပါဘူး၊ သူလုပ်နေတာတွေက ကောင်းပေမယ့်လည်း လိုတာထက် ပိုအမွှမ်းတင်နေကြတာပါ"
- ဂျိမ်းစ်မက္ကလင်း
၂ပွဲဆက်တိုက်နိုင်ပွဲနဲ့အတူ ဂျာမနီတို့ ယူရိုမှာ နောက်တဆင့်ကို တက်ခဲ့ပါပြီ။ ညကလည်း ဟန်ဂေရီကို ၂ဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပြီး အိမ်ရှင်က သူတို့ရဲ့ ခြေစွမ်းကို ကောင်းကောင်းကြီးပြသနေပါတယ်။ မူစီယာလာကတော့ ယူရိုမှာ ပိုခြေစွမ်းပြနေပြီး ၂ပွဲဆက်တိုက် ဂိုးတွေရနေပါတယ်။
ဂျာမနီက လိုအပ်ချိန်မှာ ဂိုးတွေရယူနိုင်တဲ့ အသင်းတသင်းအဖြစ်ရှိနေတာပါ။ မူစီယာလာာရဲ့ ခြေစွမ်းပြမှုက နာဂယ်စမန်းရဲ့ အသင်းအတွက် အခရာကျနေပြီး သူ့ရဲ့ အတိုးအလှုပ်တွေက ဂျာမနီတိုက်စစ်ကို အသက်သွင်းပေးနေတာပါ။
ဟန်ဂေရီက အခွင့်အရေးကောင်းတွေရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ နူအာကလည်း လက်စွမ်းပြကာကွယ်မှုတချို့လုပ်ခဲ့ပြီး ပြိုင်ဘက်ကို အခွင့်အရေးမပေးခဲ့ပါဘူး။ ဟန်ဂေရီတို့ ၂ပွဲကစား ၂ပွဲရှုံးပြီး အိမ်လှည့်ပြန်ရဖို့အတွက် နီးစပ်သွားပါပြီ။
လှလိုက်တဲ့ ဂိုး၊ ကောင်းလိုက်တဲ့ ကန်ချက်။ ဒါမျိုးတွေကို ရှာကွီရီက ခဏခဏလုပ်ပြနိုင်ခဲ့ပါတယ်။ ညက စကော့တလန်နဲ့ပွဲမှာ ပြိုင်ဘက်အသင်း လူပေးမှားတာကနေ ရလာတဲ့ အခွင့်အရေးကို သူ အကောင်းဆုံးအသုံးချသွားခဲ့တာပါ။
ဘောလုံးကလည်း သူကန်သွင်းဖို့အတွက်ကို တည်ပေးလိုက်သလား ထင်ရပါတယ်။ ရှာကွီရီက သူ ကန်သွင်းနေကျဟန်ပန်အတိုင်းကို ကန်ထည့်သွားခဲ့တာပါ။ တကယ်မိုက်ပါတယ်။ အဆင့်အတန်းမြင့်မားပြီး ဒီယူရိုရဲ့ အလှပဆုံးဂိုးတွေထဲက တဂိုးဖြစ်လာမှာလည်း သေချာပါတယ်။
ရှာကွီရီက ကမ္ဘာ့ဖလားနောက်ဆုံး ၃ ကြိမ်ဆက်တိုက်၊ ယူရို နောက်ဆုံး ၃ကြိမ်ဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပါပြီ။
Kai ဆိုတဲ့ ဂျာမနီပရိသတ်ဟာ စကော့တလန်နဲ့ပွဲမတိုင်ခင် ဂျာမနီတို့ သွေးပူလေ့ကျင့်ခန်းဆင်းနေချိန်မှာ ဖူးခရက်ဂျ်ရဲ့ ကန်ချက်ထိမိပြီးတော့ လက်ချိုးသွားခဲ့ပါတယ်။ ဒါကြောင့် သူဟာ ပွဲကိုမကြည့်နိုင်တော့ဘဲ ဆေးကုသဖို့ ဦးစားပေးခဲ့ရပါတယ်။ ဖူးခရက်ဂျ်က ဒီမတော်တဆမှုအတွက် တောင်းပန်ခဲ့ကာ သူ့ရဲ့ ဂျာစီကို လက်ဆောင်အဖြစ်နဲ့ ပို့ပေးခဲ့ပါတယ်။
ဂျော်ဂျီယာဘက်ကို အာဒါဂူလာသွင်းခဲ့တဲ့ ဂိုးက တကယ့်အလန်းစားကြီးပါ။ ဧရိယာအပြင်ကနေ အပြင်းကန်သွင်းပြီးတော့ အဖိုးတန်ဦးဆောင်လည်း ဖြစ်ခဲ့တယ်။ ကစ်ကလည်း ရှယ်ပဲ။ အားပါတယ်၊ တိကျတယ်။ ဂိုးသမားက အဲဒီဘက်ကို ပိုနေရာယူထားတာတောင်မှ ဖမ်းမမိခဲ့ဘူး။
တူရကီကြယ်ပွင့်ကတော့ သူ လုပ်ပြချင်တာကို လုပ်နိုင်ခဲ့ပါပြီ။ ဒီယူရိုမှာ ခြေစွမ်းပြနိုင်ဖို့အတွက် သူ တော်တော်အားခဲခဲ့တာပါ။ ဒါတောင် အစောပိုင်းမှာ သူ လွဲချော်နေခဲ့ပါသေးတယ်။ ဂိုးရမယ့်ရတော့လည်း အရေးပါတဲ့ ဦးဆောင်ဂိုးဖြစ်ခဲ့ပါတယ်။
ပေါ်တူဂီတို့ နောက်ကျအနိုင်ဂိုးရပြီးချိန်မှာ ရော်နယ်ဒိုတယောက် စိတ်မထိန်းနိုင်တော့ဘဲ ချက်ဂိုးသမားရှေ့မှာ အောင်ပွဲခံသွားခဲ့ပါတယ်။ ပေါ်တူဂီတို့ ခက်ခက်ခဲခဲရုန်းကန်ခဲ့ရပြီးမှ ရခဲ့တဲ့နိုင်ပွဲဖြစ်ပြီး ရော်နယ်ဒိုဟာ အသင်းဂိုးရချိန်မှာတော့ စိတ်လွတ်သွားပုံရပါတယ်။
သူ့အပြုအမူအတွက် ပရိသတ်တချို့ကတော့ ဝေဖန်ခဲ့ပြီး ကာကွယ်ပေးသူတွေလည်း ရှိခဲ့ပါတယ်။ အသင်းအတွက် အရေးပါတဲ့ ပွဲဦးထွက်ပွဲဖြစ်နေပြီး နောက်ကလိုက်ကစားရကာ စိတ်ပိုင်းဆိုင်ရာအရပါ ပင်ပန်းနေခဲ့တဲ့နောက် ဂုတ်ကြီးလည်း ဒါတွေကို မစဉ်းစားမိတော့ပုံရပါတယ်။
နိုင်ပွဲရချိန်မှာတော့ သူက အားပါးတရကို အောင်ပွဲခံခဲ့ပြီး သူ့အတွက် ဒီနိုင်ပွဲက ဘယ်လောက်ထိ အရေးပါလဲဆိုတာကို ပြသသွားခဲ့ပါတယ်။
ယူရိုပြိုင်ပွဲမတိုင်ခင်မှာ ဘတ်ပီက ကမ္ဘာ့ဖလားထက် ယူရိုက ပိုခက်တယ်လို့ ပြောခဲ့ပါတယ်။ ညကပွဲ ကစားပြီးချိန်မှာတော့ -
- ယူရို ၅ ပွဲကစား
- ဂိုးကန်သွင်းချက် ၁၈ ကြိမ်
- သွင်းဂိုးမရှိ
ဘတ်ပီအတွက် ယူရိုက တကယ်ခက်နေပုံပါပဲ။
"ရော်နယ်ဒိုကို ကျနော်တို့ ချေမှုန်းပစ်ရပါမယ်၊ ကျနော့်ကစားသမားတွေရဲ့ တဘ၀လုံး ဒါကို အမှတ်ရနေမှာဖြစ်ပြီး ရော်နယ်ဒိုနဲ့ ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တယ်လို့ ပြောနိုင်ပါလိမ့်မယ်၊ ဒါကို ထာ၀ရအမှတ်ရနေပါလိမ့်မယ်"
- ချက်နည်းပြ အိုင်ဗန်ဟာဆက်ခ်
ညက စလိုဗက်ကီးယားနဲ့ပွဲမှာ လူကာကူတယောက် :
- ၃ မိနစ်မှာ အပိုင်လုံးလွဲ
- ၆ မိနစ်မှာ အပိုင်လုံးလွဲ
- ၇ မိနစ်မှာတော့ စလိုဗက်ကီးယားတို့က ဂိုးသွင်းသွားခဲ့ပါတယ်။
လူကာကူဟာ တပွဲလုံးမှာ အပိုင် ၃လုံးအထိ လွဲချော်ခဲ့ကာ သွင်းယူခဲ့တဲ့ ၂ဂိုးကလည်း VAR ပြန်ကြည့်ပြီး ပယ်ဖျက်ခံခဲ့ရပါတယ်။ သူ့အတွက်တော့ ကံဆိုးတဲ့ညပါပဲ။ သူ့ရဲ့ ညံ့ဖျင်းမှုတွေက ဘယ်လ်ဂျီယံရှုံးဖို့အထိပါ ဖြစ်တဲ့အထိ သက်ရောက်မှုကြီးမားခဲ့ပါတယ်။
ဩစတြီးယားကစားသမား လွတ်ထွက်သွားတဲ့အချိန်မှာ ကန်တေက အမီလိုက်ပြီးတော့ ဘောလုံးပြန်ဆယ်ခဲ့တဲ့ မြင်ကွင်းပါ။ သူနဲ့ဆို နည်းနည်းအလှမ်းကွာနေတဲ့ ကစားသမားကို မီအောင်လိုက်ပြီး ဘောလုံးကို ဖျက်ထုတ်တာမဟုတ်ဘဲ အရယူသွားခဲ့တာပါ။
အသက် ၃၃ နှစ်အရွယ် ကွင်းလယ်ခံစစ်သမားတဦးဆီက ဒီလိုပုံစံကိုမြင်ရတာက တကယ်ကို အံ့အားသင့်ဖို့ကောင်းပါတယ်။ သူ့ရဲ့ မြန်နှုန်းက အရင်ကလိုပဲ ရှိနေသေးပြီး အဖျက်စွမ်းရည်ကလည်း မကျသွားပါဘူး။ ဆော်ဒီမှာာ သွားကစားနေလို့ ပရိသတ်မြင်ကွင်းအောက်ကနေ ပျောက်သလိုဖြစ်နေပေမယ့် ကန်တေကတော့ ကန်တေပါပဲ။
ဒီဖျက်ထုတ်ဟန့်တားသွားမှုအတွက်တော့ သူ့ကို တကယ်ချီးကျူးရပါမယ်။ ပြင်သစ်တို့ ဂိုးပါပေးရနိုင်တဲ့ အနေအထားမှာရှိခဲ့တာပါ။ ကန်တေကတော့ သူ့ကို ပြန်ရွေးချယ်ခဲ့တာ မှန်ကန်တယ်ဆိုတာကို ကောင်းကောင်းကြီး သက်သေပြလို့နေပါတယ်။
ချူဝါမန်နီ၊ ကာမာဗင်ဂါတို့လို လူငယ်တွေရှိပေမယ့် ဒက်ချမ့်စ်က ကန်တေကိုပြန်ခေါ်ပြီး နေရာပေးတာက မှန်ကန်နေပါပြီ။ သူ့ကို ဒက်ချမ့်စ်က ဘာလို့ပြန်ခေါ်ခဲ့တာလဲဆိုတာကိုပါ ကန်တေတယောာက် ညက သက်သေပြနိုင်ခဲ့ပါတယ်။
ပြင်သစ်မှာ တကျော့ပြန်ရွေးချယ်ခံရပြီး ယူရိုမှာ ပွဲထွက်ခွင့်ရခဲ့တဲ့ ကန်တေတယောာက် အကောင်းဆုံးကစားသမားဆုပါ ရသွားပါပြီ။ ဩစတြီးယားရဲ့ ကိုယ့်ဂိုးကိုယ်သွင်းတဲ့ဂိုးကြောင့် ပြင်သစ်တို့ အနိုင်ရခဲ့ပြီး ခြေစွမ်းနဲ့ကစားပုံကတော့ သိပ်အားရစရာမရှိသေးပါဘူး။
ကန်တေကတော့ အသင်းအတွက် အကောင်းဆုံးဖြစ်ခဲ့တာပါ။ ခံစစ်ကို ကာဗာလုပ်ပေးတယ်။ တကွင်းလုံးလိုက်ဆော့ခဲ့ပြီး အကောင်းဆုံးအသက်အရွယ်မဟုတ်တော့တာတောင်မှ သူ့ကြိုးစားအားထုတ်မှုနဲ့ ကစားဟန်ကတော့ အားမာန်အပြည့်ရှိနေတုန်းပါ။
"ရော်နယ်ဒိုကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းတခုသိရင်ကို ကျနော် စျေးကြီးကြီးနဲ့ ပြန်ရောင်းစားပစ်မှာ၊ သူက ထိန်းချုပ်လို့ရတဲ့ ကစားသမားမဟုတ်ပါဘူး"
- ချက်ကစားသမား Tomáš Vlček
နာမည်ကျော်ဘိလပ်ငမူးတွေကတော့ ဂျာမနီမှာ ပွဲဆူလို့နေပါပြီ။ မနေ့က ဆာဘီးယားနဲ့ပွဲမတိုင်ခင်မှာ အင်္ဂလန်ပရိသတ်လူရမ်းကားတွေက ဆာဘီးယားပရိသတ်တွေကို တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ပရိသတ် အချင်းများခဲ့ကြပါတယ်။
အရက်သောက်ပြီးရင် သွေးဆိုးတဲ့ အင်္ဂလန်ဖန်တွေအကြောင်းကို သိလို့ ဂျာမနီရဲတပ်ဖွဲ့က ယူရိုအတွက် လာရောက်ချိန်မှာ အရက်မသောက်ဘဲ ဆေးခြောက်ပဲ သုံးပါဆိုပြီးတော့တောင် တိုက်တွန်းခဲ့ရတဲ့အထိ ဖြစ်ခဲ့တာပါ။
အခုတော့ သူတို့ ထင်သလိုပါပဲ။ အင်္ဂလန်ဘိလပ်ငမူးတွေက ခိုက်ရန်ဖြစ်ပွားနေပါပြီ။ ပြိုင်ပွဲကြီးတွေဆိုရင် အင်္ဂလန်ပရိသတ်တွေကိုပဲ လန့်နေရတယ်ဆိုတာက အမှန်ပါပဲ။
ယူရိုမှာ ရော်နယ်ဒိုက ဂိုးသွင်းဘုရင်ဖြစ်မယ်ဆိုပြီး ကွန်နာမက်ဂရီဂေါ်က ဒေါ်လာ ၆၃၀၀၀ အထိ လောင်းကြေးတင်လိုက်ပါပြီ။ အနိုင်ရမယ်ဆိုရင်တော့ ကွန်နာဟာ ဒေါ်လာ ၁ သန်းအထိ ရရှိမှာလည်းဖြစ်ပါတယ်။ ရော်နယ်ဒိုအပေါ်မှာ သူ ယုံကြည်တဲ့အတိုင်း ဖြစ်လာမယ်ဆိုရင် ကွန်နာတယောက် ထောပါပြီ။
အသက် ၄၀ အရွယ် ရော်နယ်ဒိုအတွက် ဒီယူရိုပြိုင်ပွဲက နောက်ဆုံးပြိုင်ပွဲဖြစ်လာဖွယ်ရှိပါတယ်။ ဒါကြောင့်မို့ သူ အစွမ်းကုန်အားထုတ်လိမ့်မယ်ဆိုပြီး ပရိသတ်တွေက ယူဆထားပါတယ်။ ရော်နယ်ဒို တကယ်သာခြေတွေ့မယ်ဆိုရင် ဂိုးသွင်းဘုရင်ဖြစ်ဖို့က သိပ်မခက်လောက်ပါဘူး။
ဘိုဘိုလူစားဝင်လာပြီဆိုရင် အသင်းတိုင်း သတိထားကြပေတော့ပဲ။ ၂၀၂၂ ကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အာဂျင်တီးနားတောင် ကံကောင်းလို့ နယ်သာလန်ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။ အဲဒီတုန်းကလည်း သူ လူစားဝင်လာပြီး ၂ဂိုးသွင်း၊ အာဂျင်တီးနားကို ဒုက္ခတွေပေးသွားခဲ့ဖူးပါတယ်။
ညက ပိုလန်နဲ့ပွဲမှာလည်း မိနစ် ၈၀ မှာ လူစားဝင်လာပြီး ၈၃ မိနစ်အရောက်မှာ သူ့ရဲ့ ပထမဆုံးထိချက်ကနေ အဖိုးတန်အနိုင်ဂိုးသွင်းပေးသွားတယ်။ အရေးအကြောင်းဆိုရင် ဟော်လန်က ဝက်စ်ဟော့ကို အားကိုးနေရပြီး သူကလည်း အဲဒီလိုအချိန်မျိုးဆိုရင် ဘယ်လိုတိုက်စစ်မှူးမျိုးနဲ့မှ မတူတဲ့ စွမ်းဆောင်ရည်ကို ပြသတတ်သူပါ။
ကစားသမားတိုင်းမှာ သူ့တန်ဖိုးနဲ့သူ ရှိတယ်ဆိုတာကို ဝက်စ်ဟော့က ပြသသွားခဲ့တာပါပဲ။ အရန်တိုက်စစ်မှူးမို့ အထင်သေးလို့မရဘူးလို့လည်း သတိပေးသွားခဲ့ပါတယ်။ ဟော်လန်အတွက်တော့ ဝက်စ်ဟမ်းက တကယ့်ကို super-sub ပါပဲ။
ဆာဘီးယားကို အနိုင်ရခဲ့တဲ့ ညကပွဲမှာ အင်္ဂလန်အတွက် ဘယ်လင်ဟမ်က သူရဲကောင်းဖြစ်ခဲ့ပြန်ပါပြီ။ သူ့ရဲ့ တလုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ရီးရဲလ်ကြယ်ပွင့်က ရပ်တန့်မရအောင်ပါပဲ။ အဖိုးတန်အနိုင်ဂိုးကို သူ ရအောင်ယူပေးခဲ့ပါတယ်။
အင်္ဂလန်က သိပ်အကောင်းကြီးမဟုတ်ခဲ့ပါဘူး။ ဆာဘီးယားက သူတို့ကို အပြန်အလှန်ကစားနိုင်ခဲ့ပြီး ကစားသမားတဦးချင်းစီရဲ့ အရည်အသွေးကွာဟလို့သာ ချေပဂိုးမရခဲ့တာပါ။ ဆောက်ဂိတ်ရဲ့ အသင်းက ပြိုင်ပွဲကြီးတွေဆိုရင် ထုံးစံအတိုင်း ငြီးငွေ့စရာ ကစားဟန်နဲ့ပါပဲ။
ဒီလိုမျိုးအချိန်ရောက်လာပြီဆိုရင် အင်္ဂလန်က အဲဒီလိုအသင်းဖြစ်ဖြစ်သွားတာ ထုံးစံလိုဖြစ်နေပါပြီ။ တဦးချင်းစီ အရည်အသွေးကောင်းမွန်လို့သာ နိုင်ပွဲရခဲ့တာပါ။ ဆုဖလားကို ရယူနိုင်ဖို့ဆိုရင်တော့ သူတို့ ဒီထက်မက လုပ်ပြနိုင်ဖို့ လိုအပ်ပါတယ်။
ယူရိုပြိုင်ပွဲမှာ အင်္ဂလန်ကို ဦးဆောင်ရမယ့် ကစားသမား ၄ ဦးအစုအဖွဲ့ထဲမှာ ဘယ်လင်ဟမ် ပါဝင်ခဲ့ပါတယ်။ အသက် ၂၀ သာ ရှိသေးတဲ့ ဘယ်လင်ဟမ်ကို အရေးပါတဲ့ နေရာတခုမှာ ဆောက်ဂိတ်က တာဝန်ပေးခဲ့တာပါ။
ရီးရဲလ်မက်ဒရစ်နဲ့အတူ အောင်မြင်ခဲ့ပြီး ထူးရှယ်ခြေစွမ်းတွေပြခဲ့တဲ့ ဘယ်လင်ဟမ်နဲ့လည်း ထိုက်တန်တယ်လို့ ဆိုရပါမယ်။ အသက်အရွယ်အားဖြင့် ငယ်ရွယ်သေးပေမယ့် အသင်းကစားကွက်ကို ဦးဆောင်နိုင်မှု၊ တဦးချင်းခြေစွမ်းအပိုင်းမှာတော့ သူက အထင်ကြီးလောက်စရာ အနေအထားရှိနေတဲ့သူပါ။
ဒါကြောင့်လည်း အသင်းဖော်တွေရဲ့ လေးစားမှုကို ရရှိထားပြီး အခုလိုမျိုး အသင်းခေါင်းဆောင် ၄ ဦးထဲက တဦးအဖြစ်ပါ သတ်မှတ်ခံလာရတာဖြစ်ပါတယ်။
"ကိုပါအမေရိကဖလားပွဲမှာ ဘရာဇီးလ်ပွဲတွေကို မကြည့်ဘူးလို့ ရော်နယ်ဒင်ဟိုပြောခဲ့တာလား၊ ပြီးခဲ့တဲ့ရက်ကပဲ ပွဲကြည့်ဖို့ဆိုပြီး သူ ဗင်နီရှပ်ဆီကနေ လက်မှတ်တွေ တောင်းနေတာပါ၊ သူ့ရဲ့ပြောဆိုမှုအတွက် ကျနော် သဘောမတူပါဘူး"
ရော်နယ်ဒင်ဟိုရဲ့ ပြောဆိုခဲ့မှုအပေါ်မှာ ရာဖင်ဟာက ပြန်ပြောခဲ့တာပါ။ ရော်နယ်ဒင်ဟိုက လက်ရှိဘရာဇီးလ်အသင်းအပေါ် စိတ်ပျက်လက်ပျက်ဖြစ်နေပြီး အားရစရာမရှိဘူးလို့ ပြောခဲ့ပါတယ်။ ပြီးတော့ သူ ဘရာဇီးလ်ပွဲတွေကို မကြည့်ဖူးလို့ပါ ပြောခဲ့တာပါ။
အခု ရာဖင်ဟာကတော့ သူ လက်မှတ်တွေ လိုက်တောင်းနေတာလို့ ဖွင့်ချလိုက်ပါပြီ။ ဒင်ဟို ဘယ်လိုတွေပြန်ပြောမလဲ စောင့်ကြည့်ရပါတော့မယ်။
အယ်လ်ဘေးနီးယားကို ၂-၁ နဲ့ အီတလီက အနိုင်ရခဲ့တဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ နောက်ခံလူရီကာဒိုကာလာဖီအိုရီတယောက် ချီးကျူးခံနေရပါပြီ။ သူ့ရဲ့ သွင်ပြင်ပုံစံက မာလ်ဒီနီတို့လိုမျိုးဖြစ်ပြီး ညက ခံစစ်ပိုင်းစွမ်းဆောင်ရည်ကလည်း တကယ်အားရဖို့ ကောင်းခဲ့ပါတယ်။
တိုက်စစ်ကို လိုက်ပါမှုလည်း အားကောင်းတဲ့ ဘိုလော့ဂ်နာနောက်ခံလူက ထင်မှတ်မထားဘဲ ယူရိုမှာ ပေါက်လာမယ့် ကစားသမားဖြစ်လာဖို့ နီးစပ်နေပါပြီ။ ဗဟိုခံစစ်လူအဖြစ်ရော၊ ဘယ်အစွန်ခံစစ်မှာပါ ကစားနိုင်တဲ့ သူက အသက် ၂၂ ပဲ ရှိပါသေးတယ်။
ညကပွဲမှာ သူက :
- အမြင့်ဘောရာနှုန်းပြည့်အောင်မြင်
- ပေးပို့မှု ၉၃% တိကျ
- ဘောလုံးပြန်ဆယ်ယူမှု ၅ ကြိမ်
- ကြားဖြတ်လုယူမှု ၃ ကြိမ်
- Dribbles ၂ ကြိမ်လုပ်တာ ၂ကြိမ်လုံးအောင်မြင်ခဲ့ပါတယ်။
ခံစစ်သမားကောင်းတွေ ထွက်ပေါ်နေကျ အီတလီမှာ နောက်ထပ်ကြယ်တပွင့် ထွက်ပေါ်လာပါပြီ။
ခရိုအေးရှားကို ၃-၀နဲ့ စပိန်တို့ ဂိုးပြတ်နိုင်ခဲ့တဲ့ ညကပွဲမှာ လာမိုင်းယာမယ်လ် ခြေစွမ်းပြသွားပါတယ်။ ခရိုအေးရှားကစားသမားတွေကို သူ အကြိမ်ကြိမ်အခါခါ ကျော်ဖြတ်ခဲ့ပြီး သူ့ထက် ဝါရင့်ပါတယ်ဆိုတဲ့ ဘရိုဇိုဗစ်တို့လို ကစားသမားတွေကအစ ပါဝင်ခဲ့ပါတယ်။
ကာဗာဂျယ်လ်အတွက် လှပတဲ့ ဖန်တီးပေးပို့မှုလည်း လုပ်ပြခဲ့ပြီး စပိန်ရဲ့ ရွှေရောင်မျိုးဆက်တဦးအဖြစ် ယာမယ်လ်က ပီပီပြင်ပြင်ထွက်ပေါ်လာပါပြီ။ အသက် ၁၆ နှစ်ကျော်ပဲရှိသေးတဲ့ ဒီကောင်လေးက ယူရိုမှာ အသက်အငယ်ဆုံးကစားခွင့်ရသူလည်း ဖြစ်လာပါတယ်။
ညကပွဲမှာလည်း စပိန်ညာတောင်ပံကနေ သူ မွှေနှောက်ထိုးဖောက်နေတာတွေက တကယ့်စူပါပါပဲ။ အသက်အရွယ်နဲ့ မလိုက်ဖက်အောင်ကို ခြေစွမ်းပြခဲ့တာပါ။ စပိန်လက်ရွေးစင်အသင်းကြီးအတွက် သူက အခုမှ အဓိကပြိုင်ပွဲကြီးကို ကစားခဲ့ရတယ်ဆိုပေမယ့် အရင်တုန်းက ကစားခဲ့ဖူးတဲ့ပုံစံမျိုးလို့တောင် ထင်မှတ်ရပါတယ်။
Click here to claim your Sponsored Listing.
Videos (show all)
Category
Telephone
Website
Address
Yangon
Ranchi
11241
No. 705, Ground Floor, Kamahtan Street, Tarmwe Township, Yangon
Ranchi
DANCE WITH YOUR SOUL