Mee Thin Baw - မီးသင်္ဘော

ဖြည်း ဖြည်း နှေး နှေး

30/12/2023

တို့ဟူးနွေး + homemade စတော်ဘယ်ရီယို

ဘိုးတော်လက်ရာတွေချည်းပဲ 🤤💛

29/12/2023

ဘယ်လမ်းမှ မရွေးဘဲ
ဒီလမ်းပဲ ရွေးခဲ့တယ်။

ရှုံးလို့ ရှုံးမှန်း မသိ
ငါ စောင့်ခဲ့တယ်။

ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။

- အောင်ချိမ့်

29/12/2023

နောက်ကျတဲ့ မနက်စာ ☁️

28/12/2023

ငါတို့ဆီမှာတော့ အေးနေပြီ ☁️

28/12/2023

တစ်နေ့တော့ တို့နှစ်ယောက်အတွက် အိမ် လိုချင်တယ် 🌻

27/12/2023

ငါ့ကို ချစ်တဲ့သူတွေက ဆော်လမွန်ငါးတွေလို
ငါ့ဆီကို မရောက်ရောက်အောင် လာကြရဲ့
သူတို့ကို ပွေ့ဖက်ခဲ့ရတယ်။

ငါနဲ့ အဆင်မပြေသူတွေက မီးပုံးပျံတွေလို
ဝေးရာကို တောက်တောက်ပပ ထွက်သွားကြ
သူတို့ကို လက်ပြနှုတ်ဆက်ခဲ့ရတယ်။

ငါးတွေနဲ့ မီးပုံးပျံတွေဟာ
ပြဿနာ မရှိကြပေဘူး။

ပြဿနာက
ငါ့ကို တိတ်တိတ်လေး ကျိတ်မုန်းနေသူတွေ...

ဘာဖြစ်လို့ ငါ့နားမှာ ခပ်တည်တည် ရှိနေကြတာလဲ
သူတို့ကြောင့် ငါဟာ ဓားကို လက်က မချရဲ ဖြစ်ရတယ်။

သူတို့ရဲ့ စိတ်ဓာတ်ဟာ မရှင်း မရှင်း...

မရှင်း မရှင်း သမားတွေဟာ ကြောက်စရာကောင်းတယ်။

- မင်းခိုက်စိုးစန်ရဲ့ "ခေတ်" ကဗျာမှ

26/12/2023

Morning ☁️🍓

Photos from Mee Thin Baw - မီးသင်္ဘော's post 25/12/2023

🎄❄️
..

24/12/2023

သေချာတယ်
မင်းဟာ ငါနောက်ဆုံးခေါင်းချချင်တဲ့
ပင်လယ်ဆိပ်ကမ်းမြို့လေးပဲ

- လင်းမာအို

23/12/2023

ဂဏန်းမာလာ 🤤

21/12/2023

ညဖက်တွေမှာ ... ☁️

20/12/2023

Nature date? 🍃☁️

19/12/2023

ပညာမတတ်တော့
ခေါင်းချလိုက်တာနဲ့ အိပ်ပျော်သွားတာပဲ
ကြာနီကန်နဲ့ ဂျွန်လင်နွန်ကို တစ်တန်းတည်းထား ကြိုက်မိတယ်
ဝီစကီကိုလည်း အရသာမခံတတ်ခဲ့ဘူးကွယ်။

ပညာမတတ်တော့
ဘယ်လောက်ခုန်ခုန် ဖုန်မထ
သူများဒိုင်ယာရီ ခိုးဖတ်တယ်
တံခါးမခေါက်ဘဲ အခန်းထဲ ဝင်ခဲ့မိတာပေါ့။

ပညာမတတ်တော့
လူ့အဖွဲ့အစည်းကြားက ကျောက်တုံးလို ငြိမ်သက်
ကမ္ဘာ့အံ့ဖွယ်လည်း မအံ့သြ
လမ်းထိပ်မှာ တစ်ခေတ်လုံး ငြိမ်နေတဲ့
အုတ်ခုံလိုလည်း မရင့်ကျက်ခဲ့ပါ။

ပညာမတတ်တော့
ဂိမ်းကစားရင် အီးဇီးမှ
အသက်ခိုးရသေး
ဂဏန်းသင်္ချာနဲ့ ရေမွှေး မုန်းခဲ့သေးတာပေါ့။

ပညာမတတ်တော့
နက်နက်နဲနဲ ယုံကြည်စရာလည်း မရှိ
ငါးထွက်မျှားတာ ငါးလိုချင်လို့သက်သက်ပဲ
အာပုပ်စော်နံနေရက်လည်း နှုတ်ခမ်းကို နမ်းချင်တယ်
အူခဲ့ရတဲ့ ကြေးစည်သံတွေ
ဟောင်ခဲ့ရတဲ့ လမင်းတွေ
ဘာဖြစ်ကုန်ကြပြီလဲ မသိပါ။

ပညာမတတ်တော့
လိင်ကိစ္စဟာလည်း ရှက်စရာလို့တွေး
ညှီစော်နံနေတဲ့ အတွင်းခံတွေကို
အောက်တန်းစားစိတ်လို ဖျာအောက်ဝှက်ထားခဲ့မိတယ်။

ပညာမတတ်တော့
အပြေးသန်တယ်
ကြွက်သားတွေ ကြီးလာတယ်
လူကြားထဲ မင်းသောက်ရှက်ကွဲမယ့်
မေးခွန်းတွေ မမေးတတ်
ပခုံးစုံတွန့် နှုတ်ခမ်းရှုံ့တဲ့ အမူအရာ မလုပ်တတ်ခဲ့ပါ။

တကယ်တော့ မင်းလိုပဲ လူ့အဖွဲ့အစည်းကို
သရော်မော်ကား ထိုင်ဟားချင်မိတာ
မစွမ်းခဲ့ပါဘူးကွာ။

ပညာမတတ်တာ
လူ့အဖွဲ့အစည်း မကောင်းဖို့လား
မင်း ကောင်းစားဖို့လားတောင်
ပညာမတတ်တော့ မသိဘူး

ပညာမတတ်တော့
ပညာမတတ်တာ ရှက်စရာလို့တောင် မတွေးမိပါဘူးကွာ။

- လင်းခါး
..

၂၀၁၆ မှာ ပန်းကဗျာ ခေတ်ပေါ်ကဗျာဆု (ရွှေဘို) ရရှိခဲ့တဲ့ လင်းခါးရဲ့ "စာကြည့်တိုက် မျက်နှာကျက်ထဲက ဖုန်မှုန့်တွေ" ဖြစ်ပါတယ်။

Photos from Mee Thin Baw - မီးသင်္ဘော's post 19/12/2023

မီးသင်္ဘောမှာ တင်ခဲ့သမျှ ခရစ္စမတ် သစ်ပင်လေးတွေ... ☘️

ကိုယ်တိုင် ဓာတ်ပုံရိုက်၊ ကိုယ်တိုင် ဗမာ nickname လေးတွေ ပေးပြီး၊

ကိုယ်တိုင် သဘောကျခဲ့ရတဲ့ ပစ္စည်းတွေပါပဲ ☁️


Disclaimer: This content and these photographs are for educational and informational purposes only. We do not endorse or promote the use of cannabis in jurisdictions where it is illegal. Use of cannabis may have potential risks and side effects, and individual experiences may vary.

18/12/2023

Coffee date, please? 🥹

18/12/2023

အကုန်လုံးကို ရန်ပတ်ထောင်ပြီးပြီဆိုတော့ ကိုကို့ရင်ခွင်ထဲ ပြေးပြီညော်

ဘိုင်းရီ....

- အက်မျှင်မိုင်လို

18/12/2023

တစ်စုံတစ်ယောက်က သူ့ကိုယ်သူ မီးသင်္ဘောရဲ့ ပါတနာလို့ ခင်ဗျားကို ပြောလာခဲ့ရင် အဲ့ဒီ့လူကို မယုံနဲ့။

ရှောင်ဖို့သာ စဉ်းစားတော့။

ငါတို့က ဘယ်သူနဲ့မှ ပါတနာ မဖြစ်‌သလို၊ ဘော်ဒါလည်း မဖြစ်ဘူး။ ဖြစ်ချင်စိတ်လည်း မရှိဘူး။

ဘယ်အစုအဖွဲ့၊ ဘယ်ဂိုဏ်းဂဏထဲမှာမှ ရောရောနှောနှော တစ်စိတ်တစ်ပိုင်း မပါချင်သလို၊

ဘယ်ကောင်ကြီးတွေရဲ့ နောက်မြီးတွဲ အောက်ဆွဲလုပ်ပြီးမှလည်း မှီခို၊ မရပ်တည်ချင်ဘူး။

ဘယ်သူနဲ့မှ ရန်သူ မဖြစ်ချင်သလို၊ ဘယ်သူနဲ့မှလည်း မိတ်ဆွေ မဖြစ်ချင်ဘူး။

ငါတို့ နှစ်ယောက်ထဲ၊ တကယ့်ကိုမှ နှစ်ယောက်တည်း၊ အရာအားလုံး‌ရဲ့ အဝေးဆုံးနေရာမှာ တသီးတသန့် အေးအေးဆေးဆေး နေနေတာ။

အဲ့ဒီ့အတိုင်းပဲ ဆက်ပြီး တိတ်တိတ်ဆိတ်ဆိတ် ငြိမ်ငြိမ်သက်သက် နေသွားမှာ။

ငါ ဒီစာကို တင်သင့်၊ မတင်သင့် တစ်ညလုံး ကားပေါ်မှာ ထိုင်စဉ်းစားလာတာ။

မီးသင်္ဘောရဲ့ ပုံရိပ်ကို ဒီလို ဘာမဟုတ်တဲ့ အောက်တန်းကျတဲ့ ပြဿနာတွေထဲ တရွတ်တိုက် ဆွဲပါပြီး ရောယောင် အပျက်စီးမခံနိုင်လို့။

ဒါပေမယ့် မနက်မိုးလင်းလာတဲ့အထိ ငါ့ဒေါသက မပြေသေးဘူး။ စိတ်ထဲ စနိုးစနောင့်နဲ့။

တင်မှကို ဖြစ်မှာပဲ။

ဘိုးတော်ရဲ့ ဘော်ဒါဆိုတိုင်း ငါ့ဘော်ဒါ မဟုတ်ဘူး။

မင်းတို့ တစ်ယောက်ကိုမှ ငါ မသိဘူး။

အထိအခိုက်၊ အပွန်းအပဲ့ မခံနိုင်လို့ အချိန်ယူပြီး ဖြည်းဖြည်းချင်း တည်ဆောက်ထားရတဲ့ မီးသင်္ဘောရဲ့ နာမည်ကို မင်းတို့ဖာသာ ငြိကြတဲ့ ရှုပ်ရှုက်ယှက်ယှက် အကျော်အခွ ဇယားအကွက်တွေကြားမှာ လက်လွတ်စပယ် ယူမသုံးကြနဲ့။

ဒီပို့စ်ကို ဒီပေ့ခ်ျမှာ Pin Post ထားပေးထားမယ်။

ထပ်မှာမယ်။

တစ်စုံတစ်ယောက်က သူ့ကိုယ်သူ မီးသင်္ဘောရဲ့ ပါတနာလို့ ခင်ဗျားကို ပြောလာခဲ့ရင် အဲ့ဒီ့လူကို မယုံနဲ့။

ရှောင်ဖို့သာ စဉ်းစားတော့။

- Admin Milo

16/12/2023

တကယ်တော့
အသေးစား ပျော်စရာလေးတွေပဲ ကောင်းပါတယ်။

အပျော်လည်း ခဏ
ဝမ်းနည်းရတာလည်း ခဏပေါ့။

- အောင်ခင်မြင့်

Photos from Mee Thin Baw - မီးသင်္ဘော's post 16/12/2023

ရှမ်ပိန်၊ ဗော့ဒ်ကာ၊ ကော့ညက်၊ ဝီစကီတို့ ကွဲပြားကြသလိုပဲ။

မတူညီတဲ့ ဆေးခြောက်မျိုးတွေဟာ မတူညီတဲ့ ပုံပန်းသဏ္ဍာန်၊ ရနံ့နဲ့ အရသာ၊ ခံစားမှုကို ပေးကြပါတယ်။

တရားဝင်ရတဲ့ အရပ်မှာတော့ ရွေးချယ်စရာတွေ ပေါများလွန်းတော့တာပါပဲ။


Disclaimer: This content and these photographs are for educational and informational purposes only. We do not endorse or promote the use of cannabis in jurisdictions where it is illegal. Use of cannabis may have potential risks and side effects, and individual experiences may vary.

14/12/2023

ငါ့အိတ်ကပ်ထဲက ကောက်ကွေးနေတဲ့ စီးကရက်လေး ပြန်ဖြောင့်ပြီး သောက်နေလိုက်တယ်။

ဘာအရေးကြီးလို့လဲ။ အေးဆေးပေါ့။

- Chaos

13/12/2023

ဘာပဲဖြစ်ဖြစ် အချစ်ရဲ့လက်ကလေးကို ကိုယ့်အိတ်ကပ်ထဲ ထည့်ထားဖို့ ကိုယ် ပြန်လာမယ်။

အလွှတ်ခံရပေမယ့် အချိန်တန်ရင် လှောင်အိမ်ထဲ ပြန် ပြန်ရောက်လာတဲ့ ငှက်တစ်ကောင်လို ကိုယ် ပြန်လာမယ်။

အချစ်ရဲ့ ညွတ်နေတဲ့ခေါင်းကို ကိုယ့်ပခုံးပေါ် တင်ပေးဖို့၊

နေရောင်ခြည်ကို လက်ခုပ်ထဲထည့်၊ အချစ်ရဲ့ပါးပြင်လေးမှာ ကပ်ပေးဖို့၊

ကိုယ် ပြန်လာခဲ့မယ်။

အဝေးကြီးတွေကို ဓါးနဲ့ တတိတိလှီးရင်း ကိုယ် ပြန်လာမယ်။

ကိုယ် ပြန်လာမယ်ပြောရင် တကယ် ပြန်လာခဲ့မယ်။

- လတ်လွန်းဝေဦး

12/12/2023

🫠

Photos from Mee Thin Baw - မီးသင်္ဘော's post 12/12/2023

ဗမာပြည် တောင်တန်း‌ဒေသရဲ့ နေရောင်ခြည်အောက် ဟင်းလင်းပြင်ကျယ်မှာ စိုက်ပျိုးထားတဲ့ လက်ရာတွေပါပဲ။

ဘယ်ဖက်က ပြည်တွင်းမျိုးရင်း ဖြစ်ပြီး ညာဖက်ကတော့ နိုင်ငံခြားမျိုးပါ။..

Disclaimer: These photographs are for educational and informational purposes only. We do not endorse or promote the use of cannabis in jurisdictions where it is illegal. Use of cannabis may have potential risks and side effects, and individual experiences may vary.

11/12/2023

မင်းကို တစ်ဝက်လောက်ပဲ နားလည်ခဲ့တုန်းက
သိပ်ချစ်ခဲ့ရ

တစ်ဝက်ထက် ပိုပြီး နားလည်ခဲ့တော့
ပိုပြီး ချစ်ခဲ့ရတာပေါ့

ဒါပေမဲ့ အဲ့ဒီအချိန်မှာ
မင်းက မရှိတော့ဘူးလေ

သေခြင်းတရားကို အရှင်လတ်လတ်
ငါ မြင်ဖူးခဲ့ပြီ။

- နေမျိုး
..

10/12/2023

လွမ်းရတယ် ဆိုတာကလည်း
သိပ်လှတဲ့ ဝဋ်ကြွေးပါပဲ။

ပင်နယ်တီကန်တာကနေ
တစ်ယောက်ယောက်ကို လူမှားခေါ်ကြတာအထိ
လွယ်လွယ်ကူကူ လွဲချော်နေကြတဲ့ ခေတ်မှာ

မင်းက ငါ့တစ်ဘဝလုံးအားနဲ့ စီးဆင်းရမယ့် မြစ်။

တစ်ယောက်ကိုတစ်ယောက် ချစ်တယ်ဆိုတာ
တစ်ယောက်ရင်ထဲ တစ်ယောက်ဝင်ပြီး
ဘုရားလို ပွင့်ပြရတာပါ။

ငါ့ပျော်ရွှင်ခြင်းအားလုံး
မင်းဆီ ရည်စူးပြီး လှုပါတယ်

ချမ်း မြေ့ ပါ စေ ကွယ်။

- လတ်လွန်းဝေဦး

Photos from Mee Thin Baw - မီးသင်္ဘော's post 09/12/2023

ဆောင်းသရက် : A Burmese landrace
..

Disclaimer: These photographs are for educational and informational purposes only. We do not endorse or promote the use of cannabis in jurisdictions where it is illegal. Use of cannabis may have potential risks and side effects, and individual experiences may vary.

09/12/2023

သုံးနှစ်ကြာအောင် ပြစ်ဒဏ်ကျခံနေခဲ့ရတဲ့ လူတစ်ယောက်ဟာ ထောင်ကနေ မလွတ်ခင်မှာ သူချစ်ရတဲ့ အမျိုးသမီးလေးဆီ ကြိုတင် စာရေးခဲ့ပါတယ်။

'ကိုယ် ပြန်လာတဲ့အခါ ကိုယ့်ကို အလိုရှိနေသေးရင် ဝက်သစ်ချပင်အိုမှာ ဖဲကြိုးဝါကလေး ချည်ထားပေးပါလား၊ အချစ်ရယ်။ ဖဲကြိုးဝါလေးကို တွေ့ရင် မင်း ကိုယ့်ကို အလိုရှိနေသေးတယ်လို့ ပျော်ရွှင်စွာ ယုံကြည််လိုက်ပါ့မယ်။ တကယ်လို့များ... မင်းရဲ့ ဖဲကြိုးဝါလေးကို မတွေ့ခဲ့ရရင်တော့ ကိုယ့်အပြစ်တွေလို့ပဲ ကိုယ်မှတ်ယူပါမယ်။ အရာအာလုံးကို မေ့ပစ်ပြီး အဝေးကိုပဲ ထွက်သွားပါတော့မယ်။ အချစ်ရဲ့ ဖဲကြိုးဝါကလေးကသာ ကိုယ့်ကို လွတ်မြောက်အောင် လုပ်ပေးနိုင်မှာပါ'

ဗီယက်နမ်စစ်ပွဲ မပြီးခင် နှစ်နှစ်အလိုမှာ ထွက်ရှိလာခဲ့တဲ့ "Tie a Yellow Ribbon Round the Ole Oak Tree" (ဝက်သစ်ချပင်အိုမှာ ဖဲကြိုးဝါကလေး ချည်ထားပေးပါ) ဆိုတဲ့ သီချင်းထဲမှ စာသားတချို့ ဖြစ်ပါတယ်။

ဖဲကြိုးဝါဟာ ကိုယ့်အနားကနေ ထွက်ခွာသွားတဲ့ ချစ်ရသူ ပြန်အလာကို အမြဲ စောင့်မျှော်ကြိုဆိုနေမယ် ဆိုတဲ့ အဓိပ္ပာယ်ရတဲ့ သင်္ကေတပါတဲ့။

အထူးသဖြင့် စစ်ကြီးအတွင်းမှာ လိုက်ပါသွားခဲ့တဲ့ ရဲဘော်တွေ၊ ထောင်ဒဏ်ကျခံနေရသူတွေ၊ အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာသွားခဲ့ရသူတွေ အိမ်ပြန်လာတဲ့အခါ နွေးထွေးစွာ ကြိုဆိုနေမယ့် အဓိပ္ပာယ်ပါ။

အထက်ပါ အမေရိကန်သီချင်းကို မြန်မာမှုပြုပြီး ပြန်လည်သီဆိုခဲ့တဲ့ "ယုဇနပင်နဲ့ ဖဲကြိုးဝါ (၁၉၇၃)" ဟာလည်း နိုင်ငံအတွင်းမှာ နာမည်ကြီးခဲ့ပါတယ်။

၁၉၈၈ မှာ ကျောင်းသားတွေ တောခိုကြတဲ့အခါ ယုဇနပင်နဲ့ဖဲကြိုးဝါဟာ ညစဉ်ညတိုင်း စခန်းတွေမှာ ဂီတာတစ်လက်နဲ့ ဝိုင်းဝန်းစုဖွဲ့ သီဆိုနေကျ သီချင်းတစ်ပုဒ် ဖြစ်ခဲ့ကြောင်း အေ‌ဘီ‌မြောက်ပိုင်းအကြောင်း ရေးထားတဲ့ စာအုပ်တစ်အုပ်မှာ ဖတ်ခဲ့ဖူးတယ်။

မျှော်လင့်ချက်ကလေး ခပ်ယဲ့ယဲ့နဲ့ အဝေးကနေ တစ်ကိုယ်တည်း အိမ်ပြန်လာခဲ့သူဟာ ဝက်သစ်ချပင်အို၊ ဒါမှမဟုတ် ယုဇနပင်မှာ ချစ်ရသူရဲ့ ဖဲကြိုးဝါကလေး ချည်ထားတာကို တွေ့ရမှာလား၊ မတွေ့ရဘူးလား ဆိုတာကိုတော့...

သီချင်း ဆုံးတဲ့အထိ နားထောင်ကြည့်လိုက်ရင် သိရပါလိမ့်မယ်။

မူရင်း အမေရိကန်သီချင်းဟာ ဇာတ်လမ်းလေးတစ်ပုဒ် ပြောပြနေသလို ပိုပြီး လွမ်းမောဖွယ်၊ သဘောကျဖွယ်ရာကောင်းပါတယ်။
..

Photos from Mee Thin Baw - မီးသင်္ဘော's post 08/12/2023

ကော်ဖီဆိုင် ☁️

ဝိမရောင်းဖြစ်တော့ရင် ကော်ဖီဆိုင် ဖွင့်ချင်တဲ့ စိတ်ကူးရှိတယ်။ ဒါပေမယ့် ကော်ဖီ မကြိုက်တာက ပြဿနာပဲ။

ဘာပဲလုပ်လုပ် အတူတွဲလုပ်မယ်ဆိုတဲ့ အမှုတွဲတွေကလည်း ကော်ဖီဆိုင်ဖွင့်ရင်လည်း လိုက်ခဲ့မယ်လို့သာ ပြောနေကြတာ။ တစ်ယောက်မှ ကော်ဖီ မကြိုက်ကြဘူး။

အားလုံး တညီတညာထဲ ကြိုက်ကြတာက လက်ဖက်ရည်ပဲ။

တစ်နေ့ကျ လမ်းဘေးမှာ အဝါရောင်တွန်းလှည်းကလေးနဲ့ Slow Bar လေး ဖွင့်ပြီး ရောင်းကြတာပေါ့။

(လက်ဖက်ရည်ကို ဝိနဲ့ နှပ်ထားတဲ့အကြောင်းတော့ ဝယ်သူတွေကို ပြောပြမှာ မဟုတ် :3)

07/12/2023

တရားမျှတသော သောကဆိုတာ
စိန်ပန်းတွေ စပွင့်တဲ့နေ့ကပေါ့

အခု ငါ့အရိပ်ကို ငါစောင့်ခေါ်နေရတယ်

မပျော်လို့ ပြောတာ မဟုတ်ဘူး
ပျော်ကို မပျော်လို့။

- ဝင်းမြင့် (မြို့ကြီးသူသို့ကဗျာများ စာအုပ်မှ)

06/12/2023

မင်း ဆံပင်ကို သပ်တင်ပေးရတာ
ငါပျော်တယ်။

မင်း ငိုနေတုန်းကလည်း
မင်း ဆံပင်ကို ငါသပ်တင်ပေးခဲ့တယ်။

မင်း ပျော်နေတုန်းကလည်း
မင်း ဆံပင်ကို ငါသပ်တင်ပေးခဲ့တယ်။

မင်း ဆံပင်မှာ တန်ခိုးတွေ ရှိသလား။

မင်း ဆံပင်ကို သပ်တင်လိုက်တိုင်း
ငါ့မှာ ခွန်အားတွေ တိုးတိုးလာတယ်။

- ခက်သီ (တောင်ကြားမြစ် ၈ မှ)

Photos from Mee Thin Baw - မီးသင်္ဘော's post 06/12/2023

လာမယ့် နှစ်ဦးဆို ပေါပြီ။..

Photos from Mee Thin Baw - မီးသင်္ဘော's post 04/12/2023

December 🍃
..

(old pics of last winter :")

03/12/2023

အမည် - Milo

အလုပ်အကိုင် - ဝေါ်ကွိရောင်း

အားနည်းချက် - အတိုင် မလိပ်တတ် 🫠
..

02/12/2023

ဘဝမှာ ပိုက်ဆံရှိရင်ပြီးရော မဟုတ်ဘူး။
ဘယ်လိုပုံစံနဲ့ ပိုက်ဆံရှိလာချင်တာလဲ။

ဘဝမှာ လူသိရင်ပြီးရော မဟုတ်ဘူး။
ကိုယ့်ကို ဘယ်လို သိစေချင်တာလဲ။
ဘာနဲ့ တွဲသိစေချင်တာလဲ။

ဘဝမှာ အောင်မြင်ရင်ပြီးရော မဟုတ်ဘူး။
ဘယ်လို အောင်မြင်ချင်တာလဲ။

စိတ်ကူးထားတဲ့ နည်းလမ်းတွေ
လူတိုင်းမှာ ရှိကြတယ်။

ဒါကြောင့် ကိုယ့်လမ်းနဲ့ သူ့လမ်း
တူချင်မှ တူလိမ့်မယ်။

- The Way by Dr. Phyo Paing

Photos from Mee Thin Baw - မီးသင်္ဘော's post 02/12/2023

နောက်နှစ် ဆောင်းရာသီမှာတော့ ဝိမရောင်းဘဲ စတော်ဘယ်ရီပဲ ခြင်းတောင်းလေးနဲ့ ရောင်းတော့မယ် 🫠🍓

01/12/2023

strawberries and mary ☁️

Photos from Mee Thin Baw - မီးသင်္ဘော's post 29/11/2023

Tote Bag အိတ်ကလေးတွေ လက်ဆောင်ရသွားကြတဲ့ မန့်ပိုင်ရှင်တွေပါ ☘️

မန့်တွေအားလုံးထဲက မျက်စိစုံမှိတ်ပြီး ရွေးချယ်ခဲ့တာတောင် (၁၆) ယောက်အထိ ဖြစ်သွားပါတယ်။

အကုန်လုံး အချိန်ပေးပြီး ဖြေပေးခဲ့ကြတာကို ကျေးဇူး အများကြီး အများကြီး တင်ပါတယ်။

အိတ်လက်ဆောင် မရလိုက်လည်း စိတ်မဆိုးကြဘဲ၊ မီးသင်္ဘောနဲ့ ဆက်ပြီး ရှိနေကြပေးပါဦး။ ဒီအတိုင်း အတူတူ ရှိနေပေးကြတာနဲ့တင် ခွန်အားဖြစ်တာမို့ပါ။

29/11/2023

အဲ့ဒါ နီပေါနိုင်ငံက ပေ့ခ်ျ။ ပုံထဲက အဖူးက သူတို့နိုင်ငံရဲ့ ဒေသမျိုးရင်း ထင်တယ်။ တို့နိုင်ငံက သရက်တို့၊ ကျောက်တို့လိုမျိုး။

အဲ့ဒီ့ပို့စ်အောက်က ကွန်းမန့်တွေမှာ 'schwag' တို့၊ 'အလကားပေးရင်တောင် မသောက်ဘူး' တို့၊ 'အမှိုက်ပုံးထဲသာ ထည့်လိုက်' တို့၊ မဆီမဆိုင် ဝင်အာချောင်နေကြတာ ဘယ်သူတွေများလဲ မှတ်တယ်။ တရားဝင်ရတဲ့ နိုင်ငံတွေ၊ ပြည်နယ်တွေက ဆရာကြီးတွေ :3

အဲ့သလို privileged class (အခွင့်ထူးခံလူတန်းစားတွေ) က သူတို့လောက်မှ ရွေးချယ်ခွင့်၊ ရပိုင်ခွင့် မရှိတဲ့သူတွေကို ဘယ်တော့မှ စာနာ၊ နားလည်ပေးနိုင်မှာ မဟုတ်ဘဲ၊ အမြဲတမ်း အထင်သေး၊ ကဲ့ရဲ့၊ လှောင်ပြောင်နေကြမှာပဲ။

ငါ့နှယ်... ရွံလွန်းလို့၊ ခေါင်းကတောင် အငွေ့တွေ ထွက်တယ်။
..

28/11/2023

စိတ်ကူးယဉ်အိပ်မက်ကမ္ဘာ ☘️

27/11/2023

All we want is peace. ☘️
..

တန်ဆောင်တိုင်လပြည့်နေ့ညမှာ ချစ်ခင်ရသူတွေနဲ့အတူ နွေး‌ထွေး၊ လုံခြုံ၊ ငြိမ်းချမ်းစွာ ရှိနေကြစေဖို့ ဆုတောင်းပေးရင်း...။

Want your business to be the top-listed Photography Service in Phnom Penh?
Click here to claim your Sponsored Listing.

Videos (show all)

ငါတို့ဆီမှာတော့ အေးနေပြီ ☁️#meethinbaw
တစ်နေ့တော့ တို့နှစ်ယောက်အတွက် အိမ် လိုချင်တယ် 🌻#meethinbaw
Morning ☁️🍓#meethinbaw
သေချာတယ်မင်းဟာ ငါနောက်ဆုံးခေါင်းချချင်တဲ့ပင်လယ်ဆိပ်ကမ်းမြို့လေးပဲ- လင်းမာအို#meethinbaw
☁️#meethinbaw
ဂဏန်းမာလာ 🤤#meethinbaw
ညဖက်တွေမှာ ... ☁️#meethinbaw
Nature date? 🍃☁️#meethinbaw
Coffee date, please? 🥹#meethinbaw
🫠#meethinbaw
စတော်ဘယ်ရီ ဒိန်ချဉ် ရေခဲမုန့် 🍓#meethinbaw

Telephone

Website

Address


Phnom Penh
1552

Other Photography Videography in Phnom Penh (show all)
Owner’s video Owner’s video
Phnom Penh, 120604

Hea Seng Hea Seng
Phnom Penh, 120103

ផលិតvideo

KH Wedding Photography KH Wedding Photography
Sangkat Trapeang Krasan
Phnom Penh, 12311

•Contact 070 79 79 49 / 077 56 26 26 •[email protected][email protected]

TKGlobal Photography TKGlobal Photography
St. Kampuch Krom Bluv(128), #96E0
Phnom Penh, 12250

Photographer workshop Edit Picture portrait , landscap and Fundermental Camara Tutorial

Sokhoeurb Officail Sokhoeurb Officail
271
Phnom Penh, 12000

This page for Posting vedeo and photos edit

1997 Wedding 1997 Wedding
Phnom Penh, 12000

ទទួលថតរូបVideoគ្រប់កម្មវិធី គុណភាព ទំនុកចិត្ត ទំនួលខុសត្រូវខ្ពស់ ធានាតម្លៃពិសេសជូនអតិថិជន

JongDeng-ចង់ដឹង JongDeng-ចង់ដឹង
#63BT 168A Borng Tum Pon Mean Chey Phonm Penh
Phnom Penh, 120101

មានតែការប្រែប្រួលទេ ដែរវាមិនចេះប្រែប្រួល

Nang wedding Nang wedding
#06 Street80, Khan Daun Penh
Phnom Penh, 12000

សូមស្វាគមន៏

Lega Wedding Lega Wedding
Khan Sen Sok
Phnom Penh

សេនាមួយរយ សេនាមួយរយ
ផ្លូវទៅបេះដូងu
Phnom Penh, 12000

Free Editer

Natural # Sunset Natural # Sunset
Phnom Penh

have a nice view every day in global Natural Phnomena ��