Aung Ko Ko
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aung Ko Ko, Blogger, Seoul.
💎အမှန်တရားအောင်မြင်ရေးအတွက် သတ္တိရှိပါ
မှန်ကန်သော သတ္တိဆိုတာ ဘာလဲ။
တချို့ကတော့ သတ္တိဆိုတာ သူများကို
ချရဲတာမှ သတ္တိလို့ ထင်ကြတယ်။
ဒါဟာ မှားပါတယ်၊
အမှန်တရားအောင်မြင်ရေးအတွက်
သူများချတာကို ခံရဲတာကလဲ
စစ်မှန်တဲ့ သတ္တိတမျိုးပါပဲ။
ဥပမာဆိုရရင် လက်နက်နဲ့ အာဏာကို
ကိုင်ထားပြီး လက်နက်မဲ့ အာဏာမဲ့တယောက်ကို
နိုင်လိုမင်းထက် ပါးရိုက်ရဲတဲ့လူနဲ့
ဒီလိုအနိုင်အထက်လုပ်တာ မှားတယ်လို့
ပြောရဲတဲ့လူ ဘယ်သူက ပိုပြီး
စစ်မှန်တဲ့ သတ္တ်ိရှိသူဖြစ်မလဲ။လက်နက်နဲ့
အာဏာကို အားက်ိုးပြီး
မတရားဖမ်းဆီးချုပ်နှောင်ရင်
ဒီလိုဖမ်းတာ မှားကြောင်း ပြောပါ။
မကျေနပ်လို့ မိမိကိုပါ ဖမ်းဆီးချုပ်နှောင်ပြီး
ရိုက်နှက်ညှင်းပန်းနှိပ်စက်ခဲ့ရင်တောင်
အမှန်တရားအောင်မြင်ရေးအတွက်
အသက်ပေးရဲတဲ့ သတ္တိရှိပါ။
အာဏာပိုင်တွေက အာဏာ၊လက်နက်နဲ့
ဥပဒေတွေ အလွဲသုံးစားလုပ်ပြီး
မတရားဖမ်းဆီးတာ ချုပ်နှောင်တာ
ရိုက်နှက်နှိပ်စက်ညှင်းပန်းတာတွေ လုပ်ခဲ့ရင်
ဒီလိုအားနဲသူကို အားကြီးသူက
နိုင်ထက်စီးနင်းလုပ်တာ မှားတယ်လို့
ပြောဖြစ်အောင် ပြောပါ။လူအဖွဲ့အစည်းတခုမှာ
အမှန်တရားအောင်မြင်ရေးအတွက်
သတ္တိရှိတဲ့ လူတွေ လိုပါတယ်။
ကောင်းတာလုပ်တဲ့လူများတဲ့ လူအဖွဲ့အစည်းဟာ
ကောင်းမွန်နေမှာ ဖြစ်ပေမဲ့
မတရားမှုတွေ မကောင်းမှုတွေ လုပ်တဲ့သူ
များတဲ့လူအဖွဲ့အစည်းတရပ်မှာတော့
အဲဒီအကျိုးဆက်အဖြစ် အနိုင်အထက်နဲ့
မတရားမှုတွေ ပြည့်နေနိုင်ပါတယ်။
ဒီလိုမတရားမှုတွေကို အံတုယှဉ်ပြိုင်
အနိုင်တိုက်ရဲမှသာ အမှန်တရားကို
တန်ဖိုးထားတတ်သော
လူအဖွဲ့အစည်းသစ်တရပ်
လူဘောင်သစ်တရပ်
ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့
အမှန်တရားကို ကာကွယ်ဖို့
ဘယ်ဘေး ဘယ်ရန် ဘယ်အန္တရာယ်ကိုမဆို
ကြံကြံခိုင်ခိုင် ရင်ဆိုင်ဖို့
ဇွဲသတ္တိလဲ ရှိရပါမယ်။
မှီငြိမ်း။ ။ဒီမိုကရေစီကို ကာကွယ်ကြ
ရေးသူ - သန့်ရှင်းဖဆပလအဖွဲ့ချုပ်
ဥက္ကဌဦးနု
Aung Ko Ko(မင်းနဝသူ)ရေးသည်။🥷🏼🥷🏼🥷🏼
အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးကြေညာစာတမ်း(OHCHR)
Click here to claim your Sponsored Listing.
Category
Website
Address
Seoul
Seoul
⚡️Daily Free Signals ⚡️98% Accuracy ⚡️Safe Account Managemnt Service ⚡️VIP Signals Also Available
Seoul, Korea
Seoul
মুগ্ধতার মাধুর্যে সিক্ত হয়েছি, রিক্ততার প্রাচুর্যে মাতিয়াছি মন, তোমাকে ভালোবাসিয়া।