We Love Bawlakhae
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from We Love Bawlakhae, Health/Beauty, yangon, Dagon.
ဘောလခဲ မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့်စာအုပ်စာစောင် ပြပွဲကျင်းပ
ဘောလခဲ နိုဝင်ဘာ ၁၇
ဘောလခဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်သည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘောလခဲခရိုင်ဦးစီးအရာရှိဒေါ်ဇင်မာထွန်းက အမျိုးသားအောင်ပွဲနေ့အကြောင်းသိကောင်းစရာများ၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဝန်ဆောင်မှုပေးလျက်ရှိသောလုပ်ငန်းများနှင့်စာအုပ်စာစောင် ပြပွဲများ ပြုလုပ်ရသည့် ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြ သော ကျောင်းသားကျောင်းသူများအား (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေ သည်။
ဆက်လက်၍ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် ပြသထားသော စာအုပ်ပြပွဲတွင်ခင်းကျင်းပြသထားသော စာအုပ်များအား ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာကြကြောင်း သိရှိရသည် ။
ဘောလခဲမြို့၌
(၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အခမ်းအနားကျင်းပ
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ဘောလခဲ နိုဝင်ဘာ ၁၇
ကယားပြည်နယ်၊ဘောလခဲခရိုင်၊ဘောလခဲမြို့နယ်တွင်(၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အခမ်းအနားကိုအခြေခံပညာအထက်တန်းကျောင်းအစည်းအဝေးခန်းမယနေ့နံနက်(၈)နာရီအချိန်ကကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင်နိုင်ငံတော်ဝန်ကြီးချုပ်၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ဗိုလ်ချုပ်မှူးကြီး မင်းအောင်လိူင်ထံမှပေးပို့လာသော(၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့သဝဏ်လွှာအားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ဥက္ကဌဦးတင်ထွဋ်အောင်ကဖတ်ကြားပေးခဲ့ပြီး၊(၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံး၊ကဗျာ၊ပန်းချီ ပြိုင်ပွဲတွင်ဆုရကျောင်းသား/သူ များအား တာဝန်ရှိသူများကဆုများပေးအပ်ခဲ့ကြပြီး၊ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဆုရကျောင်းသားကျောင်းသူများစုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
ဆက်လက်၍ခရိုင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှအမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့်ခင်းကျင်းပြသထားသောဆုရစာစီစာကုံး၊ကဗျာ၊ပန်းချီကားများနှင့်ခင်းကျင်းပြသထားသောစာအုပ်စာစောင်များ
အားတာဝန်ရှိသူများနှင့်ကျောင်းသားကျောင်းသူများကစိတ်ပါဝင်စားစွာလေ့လာခဲ့ကြကြောင်းသိရှိရသည်။
နိုင်ငံတော်၏ထိပ်တန်းတက္ကသိုလ် Naypyitaw State Academy
၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့သည် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အတွက် ကျက်သရေ မင်္ဂလာရှိသည့် နေ့တစ်နေ့ဖြစ်သည်။ မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်တွင် အဆင့်မြင့်ပညာကဏ္ဍ၌ ထူးခြားဆန်းသစ်စေမည့် နိုင်ငံ့ထိပ်တန်းတက္ကသိုလ် Naypyitaw State Academy ကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖွင့်လှစ်ပေးခဲ့သည်။
ပေါ်ထွန်းလာသည့် နိုင်ငံ့ထိပ်တန်းတက္ကသိုလ် Naypyitaw State Academy ကို တည်ဆောက် ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်သည် နေပြည်တော်ကို ပညာရေးမြို့တော် ဖြစ်လာစေရန်နှင့် နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းမိသားစုများ၏ သားသမီးများ၊ နေပြည်တော် ရှစ်မြို့နယ်ဖြစ်သည့် ဇမ္ဗူသီရိ၊ ဇေယျာသီရိ၊ ဥတ္တရသီရိ၊ ဒက္ခိဏသီရိ၊ ပုဗ္ဗသီရိ၊ ပျဉ်းမနား၊ တပ်ကုန်းနှင့် လယ်ဝေးမြို့နယ်အတွင်း မှီတင်းနေထိုင်ကြသည့် မိဘပြည်သူ ဒေသခံပြည်သူများ၏ သားသမီးများအနေဖြင့် နိုင်ငံတကာအဆင့်မီ အဆင့်မြင့်ပညာရပ်မျိုးစုံတို့ကို ဝေးလံသည့်မြို့ကြီးများသို့ သွားရောက်ပညာသင်ယူစရာမလိုဘဲ အိုးမကွာအိမ်မကွာ လေ့လာဆည်းပူးနိုင်ရန်အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
Naypyitaw State Academy ဖွင့်ပွဲအခမ်းအနားတွင် “ကြောင်းကျိုးဆက်စပ် တွေးခေါ်မှုကို အခြေခံသည့် သင်ကြားသင်ယူမှုကို အလေးထားအားပေးပြီး အသုံးချ သုတေသနများနှင့် နိုင်ငံတော်၏ လူမှုစီးပွားဘဝမြင့်မားရေးကို ဖော်ဆောင်ပေးနိုင်မည့် ပညာရှင်များမွေးထုတ်ပေးရာ ဦးဆောင်တက္ကသိုလ် (The Leading University for Wisdom) ဖြစ်စေရန်အတွက် ဦးတည်ချက်ထား ကြိုးပမ်းသွားကြရမည်ဖြစ်ပါကြောင်း၊ အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံပြီး ပညာပြည့်ဝ နှလုံးလှသည့် စိတ်ဓာတ်ကောင်းမွန်သော ပညာတတ်နိုင်ငံ့သားကောင်း ရတနာမွန်များကို မွေးထုတ်ပေးသွားမည်ဖြစ်ပါကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ဖွင့်လှစ်လိုက်သော နိုင်ငံ့ထိပ်တန်းတက္ကသိုလ်ကြီးကို အစဉ်အလာကြီးမားသော ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့ကဲ့သို့ နိုင်ငံတော်ထိပ်တန်းတက္ကသိုလ်ကြီး တစ်ခုဖြစ်လာစေရန် ရည်ရွယ်ပြီး ဖွဲ့စည်းတည်ထောင်ထားခြင်းဖြစ်သည်။ ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်ကြီးများတွင် ဖွဲ့စည်းထားသည့် မဟာဌာနကြီးများ ဖွဲ့စည်းပုံအတိုင်း ဝိဇ္ဇာပညာမဟာဌာန၊ သိပ္ပံပညာမဟာဌာန၊ ဥပဒေပညာမဟာဌာန၊ စီးပွားရေးပညာမဟာဌာန၊ ဆေးပညာမဟာဌာန၊ လူမှုရေးပညာမဟာဌာနနှင့် အားကစားပညာမဟာဌာနများ ပါဝင်ဖွဲ့စည်းထားပြီး အရည်အချင်းပြည့်ဝသည့် ဆရာ ဆရာမများအပြင် နေပြည်တော်ရှိ ဌာနဆိုင်ရာအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် ဘာသာရပ်ကျွမ်းကျင်သူ ပညာရှင်ကြီးများကိုပါစုစည်းပြီး တက္ကသိုလ်တွင် အင်အားဖြည့် သင်ကြားလေ့ကျင့် ပေးသွားမည်ဖြစ်သည်။ တက္ကသိုလ်တွင် ယခုနှစ်ပညာသင်နှစ်၌ တတိယနှစ်သင်တန်းများကို စတင်ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းနှစ်များကို တစ်နှစ်ပြီးတစ်နှစ် တိုးချဲ့ ဖွင့်လှစ်ပေးသွားမည့်အပြင် ဘွဲ့လွန်သင်တန်းများဖြစ်သည့် မဟာတန်းများ၊ ပါရဂူတန်းများအထိ ဖွင့်လှစ်သင်ကြားပေးကာ နိုင်ငံအတွက်လိုအပ်သည့် လူသားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ရန်ကုန်၊ မန္တလေးတက္ကသိုလ်များအပါအဝင် နိုင်ငံတစ်ဝန်း၌ ပညာရေးဝန်ကြီးဌာနအောက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ၇၅ ကျောင်းနှင့် ဝန်ကြီးဌာန ၁၁ ခု၏ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ကျောင်းများအပါ ၁၇၅ ကျောင်း ဖွင့်လှစ်သင်ကြားလျက်ရှိသည်။ နေပြည်တော်တွင် သစ်တောတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးနှင့် ကုသရေးတက္ကသိုလ်တို့ ဖွင့်လှစ်ထားပြီး ယခု Naypyitaw State Academy ကို ဖွင့်လှစ်ပေးပြီးနောက် မကြာမီကာလတွင် နည်းပညာတက္ကသိုလ် အဆင့်တိုးမြှင့်မည့် တက္ကသိုလ်တစ်ခု ပေါ်ထွက်လာမည်ဖြစ်၍ နေပြည်တော်သည် ပညာရေးမြို့တော်အဖြစ် ပုံပေါ်လာမည်ဖြစ်သည်။
နိုင်ငံ့ထိပ်တန်းတက္ကသိုလ် Naypyitaw State Academy ၏ အမှတ်တံဆိပ် ဆောင်ပုဒ်သည် “ပညာဧဝ အဓိပတိ”ဟု သတ်မှတ်ထားသည်ကိုတွေ့ရသည်။ အဆိုပါဆောင်ပုဒ်၏ အနက်အဓိပ္ပာယ်သည် “ပညာသည်သာ အရှင်သခင်၊ ပညာသည်သာ အကြီးအမှူး၊ ပညာသည်သာ ဦးဆောင်သူ” ဖြစ်သည်ဟု လေးလေးနက်နက် ဖော်ညွှန်းထားသည်။ သို့ဖြစ်ရာ နိုင်ငံတော်၏မြို့တော် နေပြည်တော်တွင် ပညာကို ဦးထိပ်ပန်ဆင်ကာ ပညာကို အထွတ်အမြတ်ထားပြီး သင်ယူလေ့လာ နိုင်တော့မည်ဖြစ်ပါကြောင်း။ ။
ကြေးမုံ အယ်ဒီတာ့အာဘော်
တရားဥပဒေစိုးမိုးရေးတွင် အများပြည်သူပူးပေါင်းပါဝင်
ရန်ကုန်မြို့တွင် မြို့တွင်းခရီးသည်တင် ယာဉ်လိုင်းဖြစ်သည့် YBS ယာဉ်လိုင်းအမှတ် (၆၁) ပေါ်တွင် လိုက်ပါစီးနင်းလာသည့် ခရီးသည်များထံမှ လက်ကိုင်ဖုန်းများကို အုပ်စုဖွဲ့ ရိုက်နှက် လုယက်မှုကျူးလွန်ခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးခဲ့သည်။ အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်လိုင်းများပေါ်တွင် ခါးပိုက်နှိုက်သည့်အဆင့်မှ အတင့်ရဲစွာဖြင့် အုပ်စုဖွဲ့ ရိုက်နှက်လုယက်မှုများအထိ ကျူးလွန်လာကြသည့်အပေါ် လူမှုကွန်ရက်များတွင် ထုတ်ဖော်မှုများ၊ ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်ကိုလည်း တွေ့ရသည်။
မိမိတို့နိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲကာလတွင် ဖြစ်ပေါ်လာသော အကြမ်းဖက်တိုက်ခိုက်မှုများနှင့် လုပ်ကြံသတ်ဖြတ်မှုများ၊ အွန်လိုင်းပေါ်မှ ခြိမ်းခြောက်မှုများ စသည်တို့ကြောင့် ပြည်သူများအတွင်း စားဝတ်နေရေးအတွက် နိစ္စဓူဝသွားလာလုပ်ကိုင်မှုများကို စိုးရိမ်ကြောင့်ကြမှုများကြားမှပင် မဖြစ်မနေ ဆောင်ရွက်နေကြရသည်။ ယင်းအခြေအနေမျိုးတွင် မြွေပူရာ ကင်းမှောင့်ဆိုသကဲ့သို့ပင် ဒုစရိုက်သမားများ၏ အတင့်ရဲရမ်းကားမှုများက ပြည်သူလူထုအတွက် နောက်ထပ်စိုးရိမ်ရေမှတ်ကို မြင့်တက်လာစေသည်။ ပြည်သူအများ ပရိယေသန ဝမ်းစာရှာဖွေရာတွင် အေးချမ်းစွာ သွားလာလုပ်ကိုင်နိုင်ရေးအတွက် တရားဥပဒေစိုးမိုးမှု အားကောင်းနေစေရန် လိုအပ်သည်။
နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၈/၂၀၂၂) တွင် အမှာစကားပြောကြားရာ၌ “တိုင်းပြည်သာယာဝပြောတယ်ဆိုတာ ငွေကြေးချမ်းသာဖို့လည်း ရှိလိမ့်မယ်၊ စိတ်ချမ်းသာဖို့လည်းလိုတယ်၊ ငွေချမ်းသာဖို့၊ စိတ်ချမ်းသာဖို့ လိုတယ်။ တရားဥပဒေစိုးမိုးရေးဖြစ်ဖို့လည်းလိုတယ်။ ဒါမှ တိုင်းပြည်သာယာဝပြောမှာပေါ့။ ဒါမှ မဟုတ်ရင် ကျွန်တော်တို့ကတပူပူနဲ့။ ငွေကတော့ချမ်းသာပါတယ်။ လုံခြုံမှုမရှိလို့ရှိရင် အထုပ်ပိုက်ပြီးတော့ ကင်းစောင့်ပြီး အိပ်နေရမှာပေါ့။ ငါ့ပစ္စည်း ဘယ်အချိန် ဘာလုမလဲဖြစ်နေရမှာ။” ဟူ၍ တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်ရန် အလေးအနက်ထည့်သွင်း မှာကြားခဲ့သည်။
မြို့ပြဒေသများတွင် ဒုစရိုက်နှိမ်နင်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ရဲတပ်ဖွဲ့၊ ဥပဒေအဖွဲ့အစည်းများ၊ ရပ်ရွာလုံခြုံရေးအဖွဲ့အစည်းများနှင့် ပြည်သူလူထုများ ပူးပေါင်းဆောင်ရွက် ခြင်းဖြင့် အချိန်တိုတိုအတွင်း အောင်မြင်မှုရရှိနိုင်မည်ဖြစ်သည်။ ယခု YBS (၆၁) ယာဉ်လိုင်း လုယက်မှုဖြစ်စဉ်ကဲ့သို့ပင် လျင်လျင်မြန်မြန် ဖော်ထုတ်ဖမ်းဆီးကာ ထိထိရောက်ရောက် အရေးယူ အပြစ်ပေးခြင်းဖြင့် လူ့အဖွဲ့အစည်းအတွင်း တရားဥပဒေစိုးမိုးမှုကို မြင့်မားစေရမည်ဖြစ်သည်။
ပြည်သူလူထုအနေဖြင့် မိမိတို့၏ နေ့စဉ်လူမှုစီးပွားဘဝ လှုပ်ရှားသွားလာနေကြသည့်အခါ လုံခြုံရေးအသိ၊ သတိရှိရန်နှင့် အရေးကြုံပါက တစ်ဦးနှင့်တစ်ဦး ကူညီစောင့်ရှောက်ကြရန် လိုအပ်သကဲ့သို့ အများသုံးယာဉ်လိုင်းများနှင့် အများပြည်သူသွားလာသည့် နေရာများတွင် သတိပေးစနစ်များ၊ ဒုစရိုက်မှုနှိမ်နင်းရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ တပ်ဆင်ခြင်း၊ အများပြည်သူပါဝင်သည့် လုံခြုံရေးစနစ် အကောင်အထည်ဖော်ခြင်းဖြင့် တရားဥပဒေစိုးမိုးမှု ပိုမိုမြင့်မားပါစေကြောင်း။ ။
မြန်မာ့အလင်း အယ်ဒီတာ့အာဘော်
“၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဖြစ်ပေါ်နိုင်သည့် လာနီညာအခြေအနေသတင်း”
=================================================
(၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်)
====================
(က) အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean)၏ ပင်လယ် ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအနည်းငယ်မှ အားအသင့်အတင့် ရှိသော လာနီညာအခြေအနေသို့ ရောက်ရှိနေပါသည်။ နိုင်ငံတကာမိုးလေဝသဌာန များ၏ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ နိုဝင်ဘာလအတွင်း အားအနည်း ငယ်မှ အားအသင့်အတင့်ရှိသော လာနီညာအဆင့်တွင် ဆက်လက်တည်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။
(ခ) လာနီညာဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ် ဖြစ်သော်လည်း အဆိုပါ လာနီညာဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် အရှေ့ ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအား နည်းရပ်ဝန်းများ ပိုမိုဖြစ်ပေါ်လာနိုင်ခြင်းနှင့် ဒေသအချို့တွင် ညအပူချိန်များလျော့ နည်းနိုင်ခြင်းစသည့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိပါသည်။
(ဂ) လာနီညာဖြစ်ပေါ်မှုနှင့် ပတ်သက်သည့် အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန်ပေးပို့သွားမည် ဖြစ်ပါသည်။
ဦးတင်မောင်ဆွေအား တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်
အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ ပဉ္စမအကြိမ်မြောက်အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်
နေပြည်တော် နိုဝင်ဘာ ၈
အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန်မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ ပဉ္စမ အကြိမ်မြောက်အစည်းအဝေးကို နိုဝင်ဘာ ၆ ရက်မှ ၇ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Hyett Regency Hotel ၌ ကျင်းပသည်။
အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံနှင့်မလေးရှားနိုင်ငံတို့က ပူးတွဲဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်များ၊ အဆင့်မြင့်ကိုယ်စားလှယ်များ၊ ကိုယ်စား လှယ်များနှင့်အာဆီယံနိုင်ငံရေး-လုံခြုံရေးအသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်တို့ တက် ရောက်ကြသည်။ အဆိုပါ အစည်းအဝေးသို့ အဆင့်မြင့်လုပ်ငန်းအဖွဲ့ဝင်၊ မြန်မာနိုင်ငံ၏ ထင်ပေါ်ကျော်ကြား ပုဂ္ဂိုလ် (Eminent Person) အဖြစ်ဆောင်ရွက်နေသည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက် ရောက်သည်။
အစည်းအဝေးတွင် အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်တွင် ထည့်သွင်းဖော်ပြမည့် အဓိကသွင်ပြင်လက္ခဏာများကိစ္စ၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ တာဝန်ပေးအပ်ချက်အရ(၃၁) ကြိမ်မြောက် အာဆီယံပူးပေါင်းညှိနှိုင်းရေးကောင်စီ အစည်းအဝေး၏ အတည်ပြုချက်ရယူပြီးအကြိမ် (၄၀) မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ တင်ပြမည့် အာဆီယံ၏ စွမ်းဆောင်ရည်နှင့်အဖွဲ့အစည်း၏ ထိရောက်မှုစွမ်းရည် မြှင့်တင်ရေးဆိုင်ရာအကြံပြုချက်(မူကြမ်း)များကိစ္စ၊ ဒေသတွင်းရှိ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရေးဆိုင်ရာ နည်းလမ်းများကိစ္စ၊ အာဆီယံပေါင်းစပ် ညှိနှိုင်းရေးကော်မတီနှင့် ပူးပေါင်းညှိနှိုင်းရေးအစည်းအဝေးသို့တင်ပြမည့် အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ လုပ်ငန်းဆောင်ရွက် တိုးတက်မှုအစီရင်ခံစာ(မူကြမ်း)ကိစ္စ စသည့်ကိစ္စရပ်များကို ဆွေးနွေးကြသည်။
အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်ရေးဆွဲရန် အဆင့်မြင့်လုပ်ငန်းအဖွဲ့ဖွဲ့စည်းရေးကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် ကျင်းပခဲ့သည့် (၃၈) ကြိမ်မြောက်နှင့် (၃၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အတည်ပြုခဲ့ကြသည်။ အဆိုပါ အဆင့်မြင့်လုပ်ငန်းအဖွဲ့ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ထင်ပေါ်ကျော်ကြား ပုဂ္ဂိုလ်များနှင့် အဆင့်မြင့်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည်။
သတင်းစဉ်
https://t.me/myanmarnewspaper/57308
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
https://rb.gy/qs9dri
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd
ယနေ့
ကယား
ကိုဗစ် - ၁၉
👑
ဘောလခဲမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး( ၅ )ကြောင်းနှင့်မြို့ပေါ်ရှမ်းပိုင်းစုစည်းရပ်ကွက်နေဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲကျင်းပ
&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&
ဘောလခဲ နိုဝင်ဘာ ၁၀
ကယားပြည်နယ်၊ဘောလခဲခရိုင်၊ဘောလခဲမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သောစစ်ကြောင်းကြီး(၅)ကြောင်းနှင့်မြို့ပေါ်ရှမ်းပိုင်းစုစည်းရပ်ကွက်အတွင်းရှိပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကိုယနေ့နံနက်(၉)နာရီအချိန်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ဘောလခဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးကျော်မင်းယု၊ဘောလခဲခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမင်းဟန်၊ဘောလခဲခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးတင်ထွန်းအောင်တို့တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ဘောလခဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ထွဋ်အောင် ၊အတွင်းရေးမှူးမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးနော်ခမ်းနှင့် အဖွဲ့ဝင်များ၊စစ်ကြောင်းကြီးများတွင်ပါဝင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့် ဒေသခံပြည်သူများတွေ့ဆုံရာတွင်အဖွဲ့( ၁) နိုင်ငံရေးစစ်ကြောင်း အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးဇော်ဝင်းအောင် မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏လုပ်ငန်းစဥ် ၅ ရပ်နှင့်ဦးတည်ချက် ၉ ရပ်အား ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းဆွေးနွေးခြင်း၊ အဖွဲ့ ( ၂ ) အုပ်ချုပ်ရေးစစ်ကြောင်း အဖွဲ့ခေါင်းဆောင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးတင်ထွဋ်အောင် မှ နယ်မြေတည်ငြိမ်အေးချမ်းရေးကိစ္စရပ်များနှင့်ပတ်သက်၍ ကောလဟာလနှင့်အကြမ်းဖက်အဖွဲ့အစည်းများ၏သတင်းအမှားများအကြောင်း ဆွေးနွေးခြင်း၊ အဖွဲ့( ၃ ) လူမှုရေးစစ်ကြောင်း အဖွဲ့ခေါင်းဆောင် မြို့နယ်ပညာရေးမှူး ဒေါ်ဥမ္မာထွန်း မှ အခြေခံပညာရေးကျောင်းများပညာသင်ကြားရေးအတွက် လိုအပ်ချက်များ ဖော်ဆောင်ရေး နှင့် အဖွဲ့ဝင် ဆေးရုံတာဝန်ခံ ဒေါက်တာခင်ဝင်းချစ် မှ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း နှင့် ကျန်းမာရေးလိုအပ်ချက်များအကြောင်း ဆွေးနွေးပြောကြားခြင်း ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးဇော်ထက်မှ မီးဘေးနှင့်သဘာဝဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ ပြောကြားခြင်း၊ အဖွဲ့ ( ၄ ) စည်းရုံးရေးစစ်ကြောင်း အဖွဲ့ခေါင်းဆောင် မြို့နယ်လဝကလက်ထောက်ဦးစီး
မှူးမှ ပန်ခင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကဒ်၊အိမ်ထောင်စုလူဦးရေးစာရင်းများပြုလုပ်ခြင်းဆိုင်ရာများဆွေးနွေးပြောကြားခြင်း၊ အဖွဲ့ ( ၅ ) ဒေသဖွံ့ဖြိုးရေးစစ်ကြောင်း အဖွဲ့ခေါင်းဆောင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမာအီး မှ စိုက်ပျိုးရေးအတွက် လိုအပ်ချက်များ ( မျိုး ၊ မြေသြဇာ)စိုက်ပျိုးရေးအတွက် အကူအညီပေးမှုများအားရှင်းလင်းပြောကြားခြင်း၊ မြို့နယ်လယ်ယာစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှူး ဦးကိုကိုဦးမှ လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ်မရရှိသေးသူများကို လယ်ယာမြေဥပဒေနှင့်အညီဆောင်ရွက်ပေးနေမှုတို့အားရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍တက်ရောက်လာသောဒေသခံပြည်သူ များမှ သိရှိလိုသည်များအားမေးမြန်းခဲ့ပြီး ၊လိုအပ်ချက်များအားတင်ပြခဲ့ရာ တင်ပြချက်များအပေါ်သက်ဆိုင်ရာ အဖွဲ့များမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသော ဒေသခံပြည်သူ များအား ဘောလခဲတပ်နယ် နယ်လှည့်ဆေးကုသရေးအဖွဲ့ဗိုလ်မှူးဟန်စိုးတာဦးစီး၍အရာရှိစစ်သည်များမှ ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးခဲ့ကြောင်းနှင့်အဆိုပါအခမ်းအနားကိုဒေသခံမြို့ပေါ်ရှမ်းပိုင်းစုစည်းရပ်ကွက်နေပြည်သူ(၁၀၀)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရသည်။
အဖျက်အမှောင့်လုပ်ရပ်များ သတိဖြင့်သိမြင် အကြမ်းဖက်အဖျက်လုပ်ငန်းများကို ဆန့်ကျင်
တပ်မတော်သည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်မှုကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်တွင်စတင်ခဲ့ပြီး ယခုနှစ်ကုန်အထိ ထုတ်ပြန်မှုပေါင်း ၂၁ ကြိမ် ထုတ်ပြန်ခဲ့သည်။ ယခုနှစ် (၂၀၂၂ ခုနှစ်)ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးအတွက် NCA စာချုပ်ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ခေါင်းဆောင်များကို ကမ်းလှမ်းဖိတ်ခေါ် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ယင်းသို့ဆွေးနွေးရာတွင်လည်း ပွင့်လင်းရိုးသားမှုကိုအခြေခံကာ ကြိုတင်ကန့်သတ်မှုများမထားဘဲ နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး၏ အကျိုးစီးပွားအတွက် ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး ဖြစ်သင့်ဖြစ်ထိုက်သည်များကို အတူတကွ ညှိနှိုင်းအဖြေရှာခဲ့ကြခြင်းလည်းဖြစ်သည်။ တွေ့ဆုံဆွေးနွေးမှုများတွင် ပြည်သူလူထု၏ ဆန္ဒနှင့်ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ ဒေသနှင့်တိုင်းပြည်အတွက် အမှန်တကယ် လိုအပ်ပြီး ဖြစ်သင့်သည်နှင့် ဖြစ်ချင်သည်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး သဘောတူညီချက်များကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။
နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည့် အကြမ်းဖက် တိုက်ခိုက်မှုများမှာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ပြည်သူများ၏ ပူးပေါင်းပါဝင်မှုများဖြင့် ပိုမိုဆောင်ရွက်လာနိုင်သည်နှင့်အမျှ တဖြည်းဖြည်း လျော့နည်းလာသည်။ PDF အမည်ခံ အကြမ်းဖက်သမားတို့ အင်အားစုဖွဲ့ သောင်းကျန်းနိုင်သည့် ဒေသများကိုကြည့်လျှင် နောက်ကွယ်မှ လူ၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်များ ထောက်ပံ့ပေးနေသည့် KIA ၊ KNU နှင့် KNPP နယ်မြေများတွင်သာ ဖြစ်ပေါ်နေခြင်းဖြစ်သည်ကို တွေ့မြင်နိုင်သည်။ ယခုရက်ပိုင်းအတွင်း KIA လက်နက်ကိုင် အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များရှိရာ နေရာနှစ်နေရာကို လိုအပ်သော စစ်ဆင်ရေးများ တန်ပြန်ပြုလုပ်ခဲ့ရသည်။ အဆိုပါဒေသများအတွင်း KIA နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့တို့က ပစ်ခတ်တိုက်ခိုက်၊ နှောင့်ယှက်ဖျက်ဆီးမှု အကြိမ်ပေါင်းများစွာ ကျူးလွန်ပြုလုပ်ခဲ့သည့်အပြင် ဒေသတွင်းရှိ ကျေးရွာသူ၊ ကျေးရွာသားများအား ၎င်းတို့၏ အကြမ်းဖက်အဖွဲ့အတွင်းသို့ အဓမ္မသွတ်သွင်းခြင်း၊ စည်းရုံး၍မရပါက ရွာလုံးကျွတ် အကြမ်းဖက်ခြင်းတို့ကို ပြုလုပ်လျက်ရှိခြင်းတို့ကြောင့် ဒေသနေပြည်သူများက တိကျမှန်ကန်ခိုင်မာသည့်သတင်းကို တပ်မတော်သို့ လျှို့ဝှက်ပေးပို့ခြင်းအားဖြင့် အကြမ်းဖက်အဖွဲ့တို့ကို ဟန့်တားတိုက်ခိုက်ခဲ့ရခြင်းဖြစ်သည်။
နိုင်ငံတစ်ဝန်းလုံး အေးချမ်းသာယာရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားရေးသည် မိမိတို့နိုင်ငံသားအားလုံး၏ ဆန္ဒအစစ်အမှန်ပင်ဖြစ်သည်။ နိုင်ငံကိုဖျက်ဆီးလိုသည့် နိုင်ငံရေးပယောဂများနှင့် ပြည်ပလက်ဝေခံမီဒီယာများ၏ အဖျက်အမှောင့်လုပ်ရပ်များကို သတိဖြင့်သိမြင်ကာ အကြမ်းဖက်အဖျက်လုပ်ငန်းများကို ဆန့်ကျင်ကြရပါမည့်အကြောင်း။ ။
မြန်မာ့အလင်း အယ်ဒီတာ့အာဘော်
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၏ နေ့သင်တန်းများ ဖွင့်လှစ်ကြောင်း ကြေညာ
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ပြည်တွင်းစီးပွားရေးကိုအားပေး နိုင်ငံ့စီးပွားရေးကိုတွန်းတင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး ကို အမျိုးသားရေးရည်မှန်းချက်အဖြစ် ချမှတ်အကောင်အထည်ဖော်ပြီး အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို အကောင်အထည်ဖော်ရာတွင် စီးပွားရေးသည် အခြေခံကျသော အရေးကြီးသည့်အချက်ဖြစ် သည်။ စီးပွားရေးကောင်းမွန်ပါမှ အမျိုးသားရေးရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင် မည်ဖြစ်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် အလေးထားဖော်ဆောင်နေသည်ကို တွေ့ရမည်။
တိုင်းပြည်သာယာဝပြောရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် အညမညဖြစ်တည်နေပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ပါက တိုင်းပြည်သာယာဝပြောမည်။ တိုင်းပြည်သာယာဝပြောရန်အ တွက် တည်ငြိမ်အေးချမ်းမှုရှိရန်လိုအပ်ပြီး တည်ငြိမ်အေးချမ်းမှုရှိရန်အတွက် နိုင်ငံရေးတည်ငြိမ် မှု၊ စီးပွားရေးတည်ငြိမ်မှုသည် အဓိကကျသည့်အချက်များဖြစ်သည်။ တပ်မတော်အနေဖြင့် နိုင်ငံတော်၏လိုအပ်ချက်အရ နိုင်ငံ့တာဝန်ကို မလွှဲမရှောင်သာထမ်းဆောင်ခဲ့ရပြီး တာဝန်များထမ်းဆောင်ချိန်တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုနှင့် နိုင်ငံရေးအရ ဆူပူဖျက်ဆီးမှု များနှင့် ကြုံတွေ့ခဲ့ရသည်။ စီးပွားရေးနှင့်ပတ်သက်လျှင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုကြောင့် ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံလည်း စီးပွားရေးထိခိုက်မှုရှိခဲ့ပြီး နိုင်ငံတော်၏စီးပွားရေး လည်း ကျဆင်းခဲ့သည်။
အချက်အလက်များအရ နိုင်ငံ၏စီးပွားရေးကျဆင်းမှုသည် ၂၀၁၈-၂၀၁၉ ခုနှစ်မှ စတင်ကျဆင်းလာခဲ့ပြီး လေ့လာတွေ့ရှိချက်များအရ စီးပွားရေးကျဆင်းရခြင်းအကြောင်းရင်း သည် ပြည်တွင်းထုတ်ကုန်လုပ်ငန်းများကို အားပေးမှုမရှိသောကြောင့်ဖြစ်နေသည်ကို တွေ့ရသည်။
ပြည်တွင်းထုတ်ကုန်များကို အားပေးမြှင့်တင်ပေးခြင်းမရှိဘဲ ပြည်ပသွင်းကုန်များကို ပိုမိုတင်သွင်းခဲ့ခြင်းကြောင့် ကုန်သွယ်ရေးလိုငွေများပြလာခဲ့သည်။ ဒီမိုကရေစီအစိုးရ ပထမသက်တမ်းနှင့် ဒုတိယသက်တမ်း ၁၀ နှစ်တာကာလတွင် အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံကျော်ခန့် ကုန်သွယ်မှုလိုငွေများပြခဲ့ကြောင်းသိရသည်။ အဆိုပါလိုငွေပြဿနာကို ပြည်တွင်းစီးပွားရေးတိုးတက်လာအောင်ဆောင်ရွက်၍ ဖြေရှင်းဆောင်ရွက်ခြင်းမပြုဘဲ ပြည်ပချေးငွေများ၊ ထောက်ပံ့ငွေများ၊ အခြားရငွေများဖြင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ပြည်တွင်းစီးပွားရေးကို အားပေးမြှင့်တင်ပြီး ကုန်သွယ်မှုလိုငွေများလျော့နည်းအောင် ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ၏စီးပွားရေးမှာ တိုးတက်ကောင်းမွန်လာမည်ဖြစ်သည်။
နိုင်ငံတော်၏စီးပွားရေး ပြန်လည်ဦးမော့လာအောင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့ရသည်။ ပြည်ပကြွေးမြီများနည်းပါးသွား အောင် ဆောင်ရွက်လျက်ရှိပြီး မဖြစ်မနေအရေးကြီးကုန်ပစ္စည်းများမှလွဲ၍ ပြည်ပသွင်းကုန်များ ကို လျှော့ချခဲ့သည်။ ပြည်တွင်းထုတ်ကုန်များကို အားပေးမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ ပြန်လည်လည်ပတ်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများပါ ပွင့်လန်းလာသည်။ နိုင်ငံ၏စီးပွားရေးကျဆင်းရခြင်းတွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားခြင်းနှင့်လည်း သက်ဆိုင်သဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူသောကာလတွင် ရောဂါဖြစ်ပွားမှုကို အဘက်ဘက်က ချိန်ဆထိန်းညှိဆောင်ရွက်ပြီး ပြည်သူလူထုကြားတွင် ဖြေလျှော့မှုများ အတတ်နိုင်ဆုံးဆောင်ရွက်ပေးခဲ့သောကြောင့် စီးပွားရေးလုပ်ငန်းများ အမြန်ဆုံးပြန်လည်လည်ပတ်လာသည်။
မြန်မာနိုင်ငံ၏ အကျယ်ပြန့်ဆုံးနှင့် လူဦးရေအများဆုံးသည် ကျေးလက်ဒေသများဖြစ်ပြီး ကျေးလက်ဒေသများ၏ အခြေခံစီးပွားရေးလုပ်ငန်းသည် စိုက်ပျိုးမွေးမြူရေးနှင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသော လုပ်ငန်းများဖြစ်သည်။ သို့ဖြစ်ပါ၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများတိုးတက်ရေးကို အလေးထားအားပေးမြှင့်တင်ဆောင်ရွက်နေခြင်းဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ဆောင်ရွက်ရန်အတွက် သွင်းအားစုများဖြစ်သည့် ကုန်ကြမ်း၊ ရေ၊ လျှပ်စစ်ဓာတ်အား၊ စက်မောင်းဆီ၊ ပိုးသတ်ဆေးများနှင့် ဓာတ်မြေဩဇာများသည် အဓိကလိုအပ်ချက်များဖြစ်သည်။ အဆိုပါသွင်းအားစုများ လွယ်ကူအဆင်ပြေပါက စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်မှာသေချာသည်။
နိုင်ငံတော်အနေဖြင့် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမှန်ကန်ရေးအတွက် ဆောင်ရွက်ပေးနေပြီး ပြည်တွင်း၌ ဓာတ်မြေဩဇာများ လုံလောက်အောင်ထွက်ရှိရေး၊ စိုက်ပျိုးသူတောင်သူများအနေဖြင့် သဘာဝမြေဩဇာများကိုသုံးစွဲကြရေးနှင့် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးအတွက် ရေအားနှင့်နေရောင်ခြည်စွမ်းအင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကို အကောင်အထည်ဖော်ပေးနေပြီဖြစ်၍ တိုင်းပြည်သာယာဝပြောရေး နှင့် စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ပြည်တွင်းစီးပွားရေးကို အားပေးမြှင့်တင်ပြီး နိုင်ငံ့စီးပွားရေးမြင့်မားအောင် တွန်းတင်ရမည်ဖြစ်ပါကြောင်း။
။
ကြေးမုံအယ်ဒီတာ့အာဘော်
https://t.me/myanmarnewspaper/55192
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
https://rb.gy/qs9dri
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd
Myanmar Newspapers ပြည်တွင်းစီးပွားရေးကိုအားပေး နိုင်ငံ့စီးပွားရေးကိုတွန်းတင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်...
Myanmar Newspapers:
သဘာဝဘေးအန္တရာယ်များကို အလေးထား သတိပြုကာကွယ်
သီတင်းကျွတ်ကာလကျော်လွန်ပြီးနောက် ပွင့်လင်းရာသီရောက်လာပြီဖြစ်သော်လည်း မြန်မာနိုင်ငံ၏ အရှေ့အနောက်ဝန်းကျင်ရှိ ပင်လယ်ပြင်၌ ဖြစ်ပေါ်ခဲ့သော လေထုမတည်မငြိမ် ဖြစ်မှုများကြောင့် လေဖိအားနည်းရပ်ဝန်းများနှင့် မုန်တိုင်းငယ်များ၏ အရှိန်ရိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ဝန်းကျင်တစ်ခွင် သာယာလာမည့်အချိန်၌ ရုတ်တရက် အုံ့မှိုင်းထစ်ချုန်းလာမှုများနှင့် လေပြင်းတိုက်ခတ်မှုအခြေအနေများ မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပေါ်လာသည်။
ယမန်နေ့မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲအချိန် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်မြေပုံအရ ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်းနှင့် ဆက်စပ်လျက်ရှိသည့် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသည့်မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ ဟိုင်းကြီးကျွန်းမြို့၏ အနောက်ဘက်၊ သံတွဲမြို့၏ အနောက်တောင်ဘက်၊ စစ်တွေမြို့၏ အနောက်တောင်ဘက်၊ အိန္ဒိယနိုင်ငံ ဆာဂါကျွန်း၏ တောင်ဘက်တို့တွင်ရပ်တည်ကာ မြောက်ဘက်သို့ခွာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့မြောက်ပိုင်းသို့ ဖြတ်သန်းမည့်လက္ခဏာများ မြင်တွေ့ရသည်။
အဆိုပါအားကောင်းသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့် သတ်မှတ်ထားသော်လည်း ၎င်းမုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၏ တောင်မြောက် အနောက်ဘက်တစ်ခြမ်းကို ဝေ့ပတ်ကာ ဖြတ်သန်းနေသဖြင့် မြန်မာနိုင်ငံတစ်ခုလုံးတွင် အုံ့မှိုင်းနေသောလက္ခဏာများရှိပြီး အချို့ဒေသများ၌ မိုးသည်းထန်စွာ ရွာသွန်းမှုများနှင့် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်နေသည်။ အဆိုပါ အားကောင်းသော မုန်တိုင်းငယ်သည် ယမန်နေ့က အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီ မိုင် ၄၀ နှုန်းရှိသော်လည်း နောက်ပိုင်းတွင် ပိုမိုအားကောင်းလာနိုင်ဖွယ်ရှိသဖြင့် လေပြင်းတိုက်ခတ်မှုများကို သတိပြုရမည်ဖြစ်သည်။
အဆိုပါအားကောင်းသောမုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ရွေ့လျားလာပြီး လက်ရှိအချိန်တွင် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားကောင်းလာပြီး မြောက်/ အရှေ့မြောက်သို့ရွေ့လျားကာ အောက်တိုဘာလ ၂၅ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေမှ ဖြတ်ကျော်ဝင်ရောက်နေပြီဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖြတ်ကျော်ဝင်ရောက်နေသော ဆိုင်ကလုန်းမုန်တိုင်း၏ ဂယက်ရိုက်ခတ်မှုကို မြန်မာနိုင်ငံ တစ်ခြမ်းလုံး ကြုံတွေ့နေသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံအတွင်းမှီတင်းနေထိုင်ကြသော ပြည်သူများအနေဖြင့် မိုးလေဝသမှထုတ်ပြန်ချက်များကို ဆက်လက်သတိပြု နေထိုင်ကြရမည်ဖြစ်သည်။
အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း၏အရှိန်ကြောင့် အောက်တိုဘာလ ၂၄ ရက်နေ့ညမှ အောက်တိုဘာလ ၂၆ ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး အချို့ဒေသများတွင် ဒေသအလိုက် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမှအသိပေးထားသည်။ ထို့အပြင် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည် ဖြစ်သောကြောင့် ပင်လယ်ကမ်းနားတွင် နေထိုင်ကြသော ပြည်သူများနှင့် ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသူများ အထူးသတိရှိကြရမည် ဖြစ်သည်။ မိုးသက်လေပြင်းကျရောက်စဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီ ၅၅ မိုင်မှ မိုင် ၆၀ အထိ တိုက်ခတ်နိုင်သည်။
ထို့အတူ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်လည်း တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်သည်ကို ပြည်သူများအနေဖြင့် သိရှိထားသင့်သည်။ မိုးသက်လေပြင်း ကျရောက်စဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့် ၁၃ ပေမှ ၁၆ ပေခန့်နှင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့် ၉ ပေမှ ၁၁ ပေခန့်အထိရှိနိုင်သည်ကို သိရှိထားသင့်သည်။ အဆိုပါအားကောင်းသော မုန်တိုင်းငယ်အရှိန်ကြောင့် ဖြစ်ပေါ်လာနိုင်သော မိုးကြီးသည်းထန်၊ ရေကြီး၊ ရေလျှံ၊ မြေပြို၊ လှိုင်းကြီး၊ လေထန် သဘာဝဘေးအန္တရာယ်မှန်သမျှကို ကြိုတင်ပြင်ဆင်ကာကွယ်ခြင်းဖြင့် ဘေးကင်းအောင် ဆောင်ရွက်ထားရမည်ဖြစ်သည်။
သို့ဖြစ်ရာ လတ်တလောဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ကို အန္တရာယ်ကျရောက်နိုင်သောဒေသများတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ချက်များနှင့်အညီ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ အန္တရာယ်ကင်းဝေးအောင် လက်တွဲပူးပေါင်း ဆောင်ရွက်ကြပါရန် အသိပေးအပ်ပါကြောင်း။ ။
ကြေးမုံ အယ်တီတာ့အာဘော်
အိုမီခရွန် (omicron) အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုးများကို သတိပြုကာ မိမိကစ၍ ကာကွယ်ပါ
-ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံမှုခံယူပြီး ထပ်ဆောင်းကာကွယ်ဆေး နှင့် အပိုထပ်ဆောင်းကာကွယ်ဆေးထိုးနှံမှုများကို မပျက်မကွက်ခံယူပါ၊
-ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်း၊ စည်းကမ်းများကို မပျက်မကွက် ဆက်လက်လိုက်နာပါ၊
-ကိုဗစ်-၁၉ ရောဂါ မိမိကစ၍ ကာကွယ်ပါ
😷😷😷😷😷😷😷😷😷😷😷😷
သွားတုလုပ်ငန်း ကျွမ်းကျင်မှုဒီပလိုမာ (၂)နှစ် သင်တန်းဝင်ခွင့် လျှောက်လွှာခေါ်ယူ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ၄၁၇၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ဘွဲ့လွန်ဒီပလိုမာသင်တန်းသားများခေါ်ယူ
ဆိုင်ကလုန်းမုန်တိုင်းသတင်းအမှတ်စဉ်(၁၂/၂၀၂၂)
၂၀၂၂ခုနှစ်၊ အောက်တိုဘာ၂၅ ရက် မြန်မာစံတော်ချိန် ၁:၃၀ နာရီ ထုတ်ပြန်ချက်
ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ
ယနေ့မြန်မာစံတော်ချိန်(၀၀:၃၀)နာရီ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “စီတရန်(SITRANG)” သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို တင်ကိုနာကျွန်း (Tinkona Island) နှင့် ဆန်းဝစ်(ပ်)ကျွန်း (Sandwip Island) တို့အကြားမှ စတင်ဖြတ်ကျော်လျက် ရှိသည်။
နောက်(၁၈)နာရီအတွင်းခန့်မှန်းချက်
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “စီတရန်(SITRANG)”သည် နောက် (၁၂) နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ် (Deep Depression) အဖြစ်သို့လည်းကောင်း၊ နောက် (၁၈) နာရီအတွင်း ကုန်းတွင်းမုန်တိုင်းငယ် (Land Depression) အဖြစ်သို့လည်းကောင်း အားလျော့သွားနိုင်သည်ဟု ခန့်မှန်းရသည်။
သတိပေးနှိုးဆော်ချက်
ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “စီတရန်(SITRANG)” ၏ အရှိန်ကြောင့် ယနေ့နံနက်မှ (၂၆.၁၀.၂၀၂၂) ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်သည်။
ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် (၆၀) မှ (၆၅) မိုင်အထိ တိုက်ခတ်နိုင်သည်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် (၃၅) မိုင်မှ မိုင်(၄၀) အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၄) ပေမှ (၁၈) ပေခန့်နှင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉) ပေမှ (၁၁) ပေခန့် ရှိနိုင်သည်။
မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းဒေသသည် မုန်တိုင်းရေွ့လျားနေသည့် လမ်းကြောင်း၏ လက်ယာဘက်တွင် ရှိနေပါသဖြင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅) မိုင်မှ (၄၅) မိုင်အထိ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၂၀)မှ (၂၅) မိုင်အထိလည်းကောင်း တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရသည်။
အကြံပြုချက်
သို့ဖြစ်ပါ၍ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “စီတရန်(SITRANG)”၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်းနှင့်အတူ မိုးသည်းထန်စွာရွာသွန်းခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှု အန္တရာယ်ကိုလည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အကြံပြုထားသည်။
Credit> မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
Click here to claim your Sponsored Listing.
Videos (show all)
Category
Telephone
Website
Address
Yangon
Dagon