Golden Future Japanese Language Center

ရွှေရောင်အနာဂတ်တွေလှပဖို့ GFLSမှာတက်ကျစို့��

19/01/2024

အင်တာဗျူးအောင်ပြီး ဂျပန်မှာအလုပ်လုပ်နိုင်ဖို့ ဒီအချက်(၅)ချက်ပဲ ကို မဖြစ်မနေသိထားဖို့ လိုပါတယ်

🇯🇵 အားလုံးသိကြတဲ့အတိုင်း အခုနှစ်တွေမှာ ဂျပန်ကိုအလုပ်သွားလုပ်တဲ့လူတွေ သိသိသာသာများလာတဲ့အတွက် အလုပ်အင်တာဗျူးတွေကလည်း ပိုပြီးမလွယ်ကူတော့ပါဘူး။ ဒါ့ကြောင့် ကိုယ့်ဖက်ကနေ ကြိုတင်ပြင်ဆင်သင့်တာတွေကို အကောင်းဆုံးပြင်ဆင်ထားနိုင်မှ တော်ကာကြမှာပါ

ဒီတော့ အင်တာဗျူးဖြေမယ်ဆို ကြိုတင်သိထားရမယ့် အချက် (၅) ချက်ကို ဝေမျှပေးသွားပါမယ်နော်...

💁‍♀️ ကိုယ့်အ‌‌ကြောင်းကို အကောင်းဆုံးမိတ်ဆက်ပါ။
အင်တာဗျူးတိုင်းမှာ ပထမဆုံး မေးတဲ့မေးခွန်းက တော့ ကိုယ့်ကိုယ်ကိုယ် အရင်မိတ်ဆက်ခိုင်းတာပါပဲ။ ဒီနေရာမှာ အချိန်က(၂) မိနစ်လောက်ပဲရတာမလို့ မေးတဲ့အခါမှ စဉ်းစားနေရတာမျိုးမဖြစ်အောင်၊ လိုရင်းတိုရှင်းနဲ့ အဓိကအချက်တွေ ပါအောင်ဘယ်လိုမိတ်ဆက်မယ်ဆိုတာမျိုး ကြိုပြီးပြင်ဆင်သွားဖို့လိုပါတယ်။

💁‍♀️ ဂျပန်ကို ဘာလို့လာရတာလဲ?
ဒါကလည်း အဓိကကျတဲ့အချက်ဖြစ်ပြီးတော့ ဂျပန်အင်တာဗျူးတိုင်းမှာ အမြဲမေးပါတယ်။ ဒီနေရာမှာ သတိထားရမှာက "ဂျပန်ကိုဘာလို့လာတာလဲ?"လို့မေးလာရင် တော်တော်များများက ကိုယ့်အကြောင်းကိုယ်မပြောဘဲ ယေဘုယျအချက်တွေနဲ့‌ ပြောကြတာများပါတယ်။ ဥပမာ- ဒီနိုင်ငံက အေးချမ်းလို့၊ စည်းကမ်းရှိလို့၊ လုပ်ခလစာများလို့ ဒါမျိုးတွေပဲ ဖြေတတ်ကြပါတယ်။

❌ ဒါဆို သတိထားရမှာကတော့ ဒီအချက်တွေကိုလုံးဝမဖြေမိဖို့ပါပဲ။ အလုပ်ရှင်တွေလိုချင်တာဒီလိုအချက်တွေ လုံးဝမဟုတ်ပါဘူး။ သူတို့လိုချင်တာ ကိုယ့်ရဲ့စိတ်ဝင်စားမှု၊ ဖြစ်ချင်တာနဲ့ အနာဂတ်အစီအစဉ်တွေပဲဖြစ်တာမလို့ ဒီလိုအချက်တွေကိုပဲ သတိထားပြီးထိထိမိမိ ဖြေပေးဖို့ပြောချင်ပါတယ်။

💁‍♀️ ကျောင်းသားဘဝအတွေ့အကြုံနဲ့ အောင်မြင်မှု
ဒီအချက်ကလည်းလုံးဝ ပြင်ဆင်သွားရမယ့်အချက်ပါပဲ။ ဂျပန်အင်တာဗျူးတိုင်းမှာ "ကျောင်းသားဘဝတုန်းကဘာတွေလုပ်ခဲ့လဲ" "ဘယ်လိုအောင်မြင်မှု တွေရခဲ့လဲ" စတဲ့အချက်တွေကို မေးပါတယ်။ အောင်မြင်မှုဆိုတိုင်း ကြီးကြီးမားမားချပြစရာမလိုပါဘူး။

ဥပမာ- ကျောင်းတစ်ဖက်၊ အချိန်ပိုင်းအလုပ်တစ်ဖက်နဲ့ စာမေးပွဲ‌တွေကို အမှတ်များများရအောင် ဘယ်လိုဖြေနိုင်ခဲ့တာ ဆိုတာမျိုးပါပဲ။ ပြီးတော့ သေချာပေါက်သိထားဖို့လိုအပ်တာက ဂျပန်အလုပ်ရှင်တွေက Teamwork ရှိတာကိုအရမ်းသဘောကျပါတယ်။ ဒါ့ကြောင့် ကျောင်းတုန်းက ဘယ်လိုအဖွဲ့အစည်းတွေနဲ့ပေါင်းပြီး ဘယ်လို activities တွေလုပ်ခဲ့လဲဆိုတာကို အဓိကထားပြောပြဖို့လိုပါတယ်။

💁‍♀️ ဒီအလုပ်ကိုဘာကြောင့် လုပ်ချင်ရတာလဲ?
လုပ်ငန်းရှင်တိုင်းကတော့ ဒီ‌မေးခွန်းကိုသေချာပေါက်မေးကို မေးမှာပဲ။ မေးလာတဲ့အခါမှာလည်း ကိုယ်က တိတိကျကျဖြေနိုင်ဖို့အတွက် အင်တာဗျူးမဖြေခင် ကိုယ်လျှောက်မယ့်အလုပ်နဲ့ပက်သက်တဲ့ Information မှန်သမျှကို လေ့လာထားရပါမယ်။ ဒီအလုပ်က ဘယ်လို run နေတာလဲ၊ ဘယ်လိုအရည်အချင်းရှိတဲ့ လူတွေကိုအဓိကလိုချင်တာလဲ စတဲ့အချက်လေးတွေကို ကိုယ့်ဘက်က research သေချာလုပ်ပြီး ပြင်ဆင်သွားမယ်ဆိုရင်တော့ လုံးဝ အိုကေစိုပြေသွားပါပြီ။

💁‍♀️ ဂျပန်မှာ ဘယ်လောက်ကြာကြာနေမှာလဲ
ဒီလိုမျိုးမေးလာတဲ့အခါမှာ (၁) နှစ်၊ (၂) နှစ် နေမယ်ဆိုတာမျိုးမဖြေဘဲ ကိုယ့်ဖက်ကနေ အနည်းဆုံး (၅) နှစ်ကနေ အဆင်ပြေသလောက်ထိ နေမယ်ဆိုတဲ့အကြောင်းကို သေသေချာချာလေး ပြန်ဖြေဖို့လိုပါတယ်။ ဒါမှသာ သူတို့ဆီမှာ ကိုယ်ကအလုပ်ကို စွဲစွဲမြဲမြဲ လုပ်နိုင်မယ့်သူတစ်ယောက်ဖြစ်ကြောင်းကို သိစေမှာ ဖြစ်ပါတယ်။

ဒါကတော့ ဂျပန်အင်တာဗျူးဖြေရင် သိထားရမယ့် အဓိကအချက် (၅) ချက်ပဲ ဖြစ်ပါတယ်။

18/01/2024

မဂ်လာပါရှင် Golden Future Japanese Language Center မှ မိတ်​ဆွေများရှင်
ဂျပန်နိုင်ငံသို့ ​ကျောင်းနှင့်သွား​ရောက် ပညာသင်ယူလို​သော ​ကျောင်းသူ ​ကျောင်းသားများအတွက်
အချက်အလက်များစုံစမ်း​မေးမြန်းရန် Page ​လေးဖြစ်ပါတယ်။
​ကျေးဇူးပြု၍ Like ​လေးလုပ်ထားဖို့မ​မေ့ပါနဲ့​နော်😊😊😊
https://www.facebook.com/profile.php?id=61555331807110&mibextid=LQQJ4d

Photos from Golden Future Japanese Language Center's post 16/01/2024

💫💫Golden future ကနေ ရွှေရောင်အနာဂတ်များကို ပိုင်ဆိုင်သွားကြသူများ💫💫

၂၀၂၄ ရဲ့ နှစ်သစ်ဦးမှာ အစပျိုးပြီး
ဒီညနေ flight ဖြင့် ဂျပန်သို့ ထွက်ခွါမည့်Golden future

မှကျောင်းသား/ကျောင်းသူလေးတွေ ဖြစ်ပါတယ် ရှင့်✈️🇯🇵

လမ်းခရီးမှာလဲ အဆင်ပြေ ချောမွေ့စွာဖြင့် သွားရောက်နိုင်ပါစေ 🛫

ဂျပန်ရောက်ရင်လည်း လုပ်ငန်းတွေအဆင်ပြေပြီး ဘဝတက်လမ်းအခွင့်လမ်းတွေ အများကြီးရပြီး ဘဝအိမ်မက်တွေ အမြန်ဆုံး ပြည့်အောင် ဖြည့်နိုင်ပါစေရှင့်💕💕🇯🇵

09/01/2024

🎊😲😱2024 နှစ်သစ် အစပိုင်းမှာတင် Golden future Japanese language မှ လူကြီးမင်းတို့အတွက် သတင်းကောင်းလေးတစ်ခု ကြေငြာချင် လို့ပါရှင့်😲😱🎊

💥💥သတင်းကောင်းလေး ကတော့ ဂျပန်နိုင်ငံသို့ Training visa ဖြင့် သွားရောက်နိုင်မဲ့ Demand လေး ကျလာပါပြီဖြစ်ပါတယ် 💥💥

✅အလုပ်အကြောင်းအရာ✅

☑️ လုပ်ငန်းနေရာ - တိုကျိုမြို့ အနီးတစ်ဝိုက်

☑️အလုပ်အမျိုးအစား - ပေါင်မုန့်စက်ရုံ ၊ ကားဝပ်ရှော့
☑️လစာ - 160,000ယန်း

☑️ပေါင်မုန့်စက်ရုံအတွက် ခေါ်ယူမည်ဦးရေ - ကျား ( 5 ) ဦး ၊ မ (5) ဦး

☑️ကားဝပ်ရှော့ အတွက် ခေါ်ယူမည့် ဦးရေ - ကျား (၁၀) ဦး

☑️အလုပ်ချိန် - 8 နာရီ 〜 5နာရီ ခွဲ
( အလုပ်နားချိန် 90မိနစ် )

☑️အချိန်ပို - ရှိ (ပျမ်းမျှ တစ်လ/နာရီ 20)

☑️ပိတ်ရက် - Saturday; Sunday

☑️အဆောင် - ရှိ(Company မှစီစဉ်ပေးမည် )


လျှောက်ထားလိုသူများသည်
ဂျပန်စာ N5 or N4 level passed ဖြစ်ရပါမည်

💫🇯🇵Golden future Japanese language center သို့ ရောက်ရှိလာသော Demand များသည် Golden future သင်တန်းတွင် အတန်း‌တက်ရောက်‌ထားသော ကျောင်းသားများကိုသာ ဦးစားပေး ထည့်ပေးမည် ဖြစ်ပါတယ် 🇯🇵💫

Photos from Golden Future Japanese Language Center's post 08/01/2024

N5 level ကို self study လေ့လာပြီးလို့ပဲ ဖြစ်ဖြစ် အခြေခံပိုင်နေပြီဖြစ်လို့ N4က စလေ့လာချင်တဲ့ သူတွေအတွက် N4 တန်းခွဲ သစ်လေး 15.1.2024မှာ စတင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်ရှင့် ✨✨

N4 class timetable 👇🏻

Monday to Friday - 9AM TO 12PM

💫2024💫ထဲမှာ ဂျပန်ကို အရောက်သွားဖို့ စိတ်ပိုင်းဖြတ်ထားတယ်ဆိုရင်တော့ ယခု အတန်းလေးက စတက်ပြီး သင့်ရည်မှန်းချက်တွေကို အကောင်အထည် စဖော်လိုက်ပါ💥💥

လူဦးရေကန့်သတ်ထားတာကြောင့် အမြန်ဆုံးလာ ရောက်မေးမြန်း အပ်နှံဖို့ တော့လိုပါမယ်ရှင့်💁🏻‍♀️💁🏻‍♀️🇯🇵🇯🇵

02/01/2024

🥳✨Golden future Japanese language center မှ 2023
တစ်နှစ်တာအတွင်း ဂျပန် နိုင်ငံသို့ အလုပ်သွားရောက်၍ အနာဂတ်
အိမ်မက်ကို အကောင်ထည်ဖော်ခွင့်ရရှိသူ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (77) ယောက် အင်တာဗျူးအောင်မြင်သွားပြီ ဖြစ်ပါတယ်ရှင့်
✨🥳💪💪💪

ယခု 2024 နှစ်သစ်မှာ သတင်းကောင်းလေး မျှဝေချင်တာကတော့ ဆိုရင် Tokutei အလုပ်အမျိုးအစား သာမက Training နဲ့ သွားရောက် လုပ်ကိုင် ချင်သူများအတွက်လဲ အင်တာဗျူး ဖြေဆို နိုင်မဲ့ အခွင့်အလမ်းလဲ ရရှိလာပြီ ဖြစ်ပါတယ်😲😲

အသိပေးလိုတဲ့ အချက်လေး တစ်ချက်ရှိပါတယ် ရှင့်

👉🏻အင်တာဗျူးဝင်‌ရောက် ဖြေဆိုလိုသည့် ကျောင်းသား/သူ များသည် Golden future တွင် တက်ရောက်နေသော ကျောင်းသား ဖြစ်ပြီး သင်တန်းကျောင်းမှ ချမှတ်ထားသော စည်းကမ်းများကို လိုက်နာမှုရှိမှသာ အင်တာဗျူး ဖြေခွင့် ရရှိမှာ ဖြစ်ပါတယ် 💁🏻‍♀️💁🏻‍♀️

မိမိတက်ရောက်လိုသော တခြားအတန်းခွဲများအကြောင်းအသေးစိတ် သိရှိလိုပါက Page messenger သို့မဟုတ် ရုံးဖုန်းနံပါတ်သို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါတယ်☎️☎️

Photos from Golden Future Japanese Language Center's post 01/01/2024

December လမှာ စတင် ဖွင့်လှစ်ထားတဲ့ တန်းခွဲသစ်မှ သင်တန်းသား သင်တန်းသူတို့ရဲ့ စက္ကူရုပ်ခေါက်တဲ့ activities လေးတွေ ကို ပြန်လည်ဝေမျှခြင်း ဖြစ်ပါတယ်ရှင့်🐱🇯🇵

31/12/2023

🎆🎆မကြာခင် အချိန် လေးမှာ 2023ကုန်ဆုံးလို့ 2024 နှစ်သစ်မင်္ဂလာအချိန်သို့ ကူးပြောင်းတော့မှာ ဖြစ်ပါတယ်။

ယခု လို နှစ်သစ်အခါသမယ မှာ စိတ်သစ် လူသစ် အတွေး သစ် နဲ့ အောင်မြင်မှုပေါင်းများစွာကို ရရှိနိုင်ပါစေလို့ Golden future Japanese language center မိသားစုမှ မိတ်ဟောင်း မိတ်သစ်များ ကို ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်🎆🎆

Photos from Golden Future Japanese Language Center's post 25/12/2023

Golden Future ရဲ့ ပရိတ်သတ်များ အားလုံး
Merry Christmas 🎁🎄 ပါ
ပျော်ရွှင်စရာနေ့သစ်မှာ သတင်းကောင်းလေးပြောပြချငိလို့ပါနော်😊 (22-12-2023)ရက်နေ့တွင် အင်တာဗျူး ဖြေဆိုခဲ့သော သမီး (၄) ဦးမှ (၂ ) သည် saitama ခရိုင်တွင် ရှိသော ဂေဟာတွင် Tokutei Kaigo ဖြင့် အင်တာဗျူး အောင်မြင်ပါကြောင်း သတင်းကောင်းလေးရောက်ရှိလာပါသည်။ အောင်မြင်သွားသော သမီး(၂) ဦး Congratulations ပါ❤️❤️❤️

Photos from Golden Future Japanese Language Center's post 22/12/2023

ဂျပန်နိုင်ငံ အလံရဲ့ သမိုင်းကြောင်းနဲ့ အဓိပ္ပါယ်အကြောင်း လေ့လာမယ်။
▪️▪️▪️▪️▪️▪️▪️▪️▪️
🎌 ဒီနေ့မှာတော့ စံတို့တွေ ဂျပန်လို့ပြောလိုက်တာနဲ့ သတိထားမိကြတဲ့ ဂျပန်အလံလေး အကြောင်းလို့လေ့လာကြည့်ရအောင်နော် ☺️

🎌 ကိုယ်က ဂျပန်သွားဖို့ ပြင်ဆင်နေတာဖြစ်ဖြစ် ဂျပန်မှာကျောင်းတက်နေတာဖြစ်ဖြစ် အလုပ်လုပ်နေတဲ့သူဖြစ်ဖြစ် ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှုတွေအပြင် အရေးကြီးဆုံး သင်္ကေတလေးတစ်ခုဖြစ်တဲ့ သူတို့ရဲ့ အလံအကြောင်းကိုလည်း သိထားမှဖြစ်မယ်နော် 🤗
▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️

🎌 ဂျပန်အလံလို့ပြောလိုက်တာနဲ့ စံတို့တွေ တွေ့မြင်ကြရမှာ အဖြူစွပ်စွပ် အောက်ခံလေးရယ် အနီရောင် အဝိုင်းလေးရယ်ပါ။ သမိုင်းကြောင်းမြောက်မြားစွာရှိခဲ့တဲ့ Hinomaru (🔴 နေအဝိုင်းလေး) ဟာဆိုရင် အခုချိန်မှာ ဂျပန်နိုင်ငံရဲ့ နိုင်ငံတော် အလံအဖြစ် အသုံးပြုနေကြပါပြီ။ ဆယ်စုနှစ် စစ်ပွဲကစလို့ ဂျပန်အလံ ထွက်ပေါ်လာတာဖြစ်ပြီးတော့ 1999 ခုနှစ် August လမှာတော့ တရားဝင်စတင် အသုံးပြုခဲ့ကြပါတယ်။

🎌 ဂျပန်အလံရဲ့ 🔴 အနီရောင်အဝိုင်းကတော့ နေကို ကိုယ်စားပြုတာဖြစ်ပြီးတော့ ⬜️ အဖြူရောင်လေးကတော့ ရိုးသားဖြောင့်မတ်ခြင်းနဲ့ စင်ကြယ်ခြင်းကို ကိုယ်စားပြုနေတာဖြစ်ပါတယ်။ ဒါ့အပြင် လင်းလက်မှု၊ ရိုးသားမှန်ကန်မှု နဲ့ နွေးထွေးမှု သဘောဆောင်တဲ့ အဖြူရောင် အဖြစ်လည်း သတ်မှတ်ကြပါတယ်။ Hinomaru 🔴 “နေရဲ့ အဝိုင်း/ အနီရောင်အဝိုင်း ” စတင်ဖြစ်ပေါ်လာပုံကတော့ ဂျပန်နိုင်ငံက ပိစိဖိတ်သမုဒ္ဒရာရဲ့အနောက်အရပ်မှာတည်ရှိနေပြီးတော့ နေထွက်ချိန်မှာ အနောက်အရပ်ကနေ အရှေ့အရပ်ကို ခမ်းနားကြီးကျယ်စွာ ကူးပြောင်းသွားပုံကို ကြည့်ရှု့ရင်း ဂျပန်အလံကိုဆွဲခဲ့ကြတယ်လို့ဆိုပါတယ်။ ဒါ့အပြင် အနီရောင်အဝိုင်း၊ နေအဝိုင်းလေးက ဥစ္စာဓန ကြွယ်ဝချမ်းသာတဲ့ အနာဂတ် နိုင်ငံအဖြစ် ယူဆောင်လာပေးနိုင်မယ်လို့လည်း ယုံကြည်ကြပါတယ်။

🎌 ဒါ့အပြင် ဂျပန် ဧကရာဇ်များကလည်း ဂျပန်နိုင်ငံဟာ နေဘုရားတွေနဲ့ဆက်စပ်နေတယ်လို့လည်း ယုံကြည်ကြပါတယ်။ တစ်နည်းအားဖြင့် ဂျပန်ကို နေထွက်ရာ ကုန်းမြေလို့လည်း သတ်မှတ်ထားကြပါတယ်။
▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️

🎌 ကဲ ခုဆို စံတို့တွေ ဂျပန်နိုင်ငံရဲ့ အလံအကြောင်းကိုလည်း လေ့လာပြီးပြီဆိုတော့ ဂျပန်သွားဖို့ ဂျပန်စာတွေ ကျက်ရင်း ပြင်ဆင်ထားကြမယ်နော်။

🎌 ဂျပန်နိုင်ငံနဲ့ ပတ်သက်ပြီး သိလိုတာ ဝေမျှပေးလိုတာများရှိရင်လည်း စံကို comment မှာရေးပေးခဲ့ဦးနော်
===============================

20/12/2023

💥အလုပ်နဲ့ပဲ သွားသွား
💥ကျောင်းနဲ့ပဲသွားသွား
Golden future Japanese language center 🇯🇵 က ဂျပန်ကိုအရောက်ပို့ပေးဖို့ အဆင်သင့် ရှိနေပါပြီ။

ဂျပန်စာကို ရေးတတ်၊ ဖတ်တတ်ရုံတင်မဟုတ်ဘဲ
📌အလုပ်အင်တာဗျူးအောင်မြင်အောင်၊
📌ဂျပန်ကိုရောက်တဲ့အခါ အခက်အခဲမရှိ ပေါင်းသင်းဆက်ဆံတတ်အောင် တာဝန်ယူလေ့ကျင်သင်ကြားပေးနေတဲ့အပြင်
📌ကျောင်းနဲ့သွားချင်သူတွေအတွက်လည်း Language School လျှောက်ပေးပါသေးတယ် ။

🔰 အချိန်တိုအတွင်း ဂျပန်ကိုရောက်ချင်တယ်ဆိုတဲ့ သူတွေကို အထူးကြိုဆိုနေတဲ့ သင်တန်းကျောင်းကြီးဖြစ်တဲ့အပြင် အင်တာဗျူးအမြန်အောင်ပြီး အလုပ်အမြန်ရစေဖို့အတွက်လည်း Japan Native Trainer များကိုယ်တိုင်လေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ် ။

🇯🇵 Golden future Japanese language center ကိုယုံယုံကြည်ကြည်နဲ့အပ်နှံပြီး တကယ်ကြိုးစားအားထုတ်ကြလို့ Japan ကိုရောက်ရှိသွားပြီဖြစ်တဲ့ ကျောင်းသားတွေကိုလည်း ကျွန်မတ်ို့ရဲ့ Page မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင် ။

❇️ ဒါကြောင့် ဂျပန်ကိုသွားဖို့ မတွေဝေနေပါနဲ့၊ ဂျပန်မရောက်မှာကို မစိုးရိမ်ပါနဲ့ ။

အလုပ်နဲ့သွားသွား၊ ကျောင်းနဲ့သွားသွား Golden future Japanese language center ကရောက်အောင် ပို့ပေးမှာမလို့ ကြိုးစားအားထုတ်မှုလေးရှိရုံနဲ့ ဂျပန်ကိုရောက်မှာမလို့

🗓️12th February, 2024 မှာဖွင့်လှစ်မယ့်
N5 Class ကို မဖြစ်မနေ တက်ရောက်ကြဖို့ တိုက်တွန်းလိုက်ပါတယ် ။

ကျောင်းလိပ်စာ- အမှတ် 11 သီရိလမ်းနှင့် လမ်းမတော် လမ်း ထောင့် သန်လျင်မြို့မဈေးအနီး သန်လျင်မြို့🚘🚘

17/12/2023

どうして にほん へ いきたいですか?
ဘာကြောင့်ဂျပန်သွားချင်ရလဲဆိုတဲ့ မေးခွန်းကို ….
ဒီလိုဖြေမယ်။

おや に おんがえし したいですから。。。
မိဘတွေကို ကျေးဇူးဆပ်ချင်လို့
ちょきんして かぞく に しおくりしたいですから。。。
ပိုက်ဆံစုပြီး မိသားစုကို ငွေပြန်ပို့ချင်လို့
にほん に すんで、しごと を して、にほん の しゃかい の こと を
べんきょうしたいですから。。。
ဂျပန်မှာနေပြီး၊ အလုပ်လုပ်ပြီး၊ဂျပန်ရဲ့လူ့ဘောင်ဘ၀ကိုလေ့လာချင်လို့
にほんじん の かたがた から いろいろ まなびたいこと が ありまして。。。
ဂျပန်လူမျိုးများထံမှ သင်ယူချင်တာလေးတွေရှိလို့
にほんご も にほんのこと も べんきょうしたいですから。。。。
ဂျပန်စာရော ဂျပန်ရဲ့အကြောင်းရော လေ့လာချင်လို့
にほんじん の しごと の やりかた を べんきょうしたい ですから。。。
ဂျပန်လူမျိုးတွေရဲ့ အလုပ်လုပ်ပုံကိုလေ့လာချင်လို့
にほんじん と いっしょに はたらきたい ですから。。。
ဂျပန်လူမျိုးတွေနဲ့ တူတူ အလုပ်လုပ်ချင်လို့
にほん の ぶんか が とても すきですから。。
ဂျပန်ရဲ့ယဉ်ကျေးမှုကို အရမ်းကြိုက်နှစ်သက်လို့.

自己紹介(じこしょうかい)をお願(ねが)します。
ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပါ။

あなたの長所(ちょうしょ)は何ですか。
မင်းရဲ့ အားသာချက်က ဘာလဲ?

あなたの短所(たんしょ)はなんですか。
မင်းရဲ့ အားနည်း ချက်က ဘာလဲ?

希望職種(きぼうしょくしゅ)は何ですか。
ရည်ရွယ်ထားတဲ့ အလုပ်အမျိုးအစားက ဘာလဲ?

(12)最近(さいきん)気(き)になるニュースは何ですか。
ခုတလော စိတ်ဝင်စားတဲ့ သတင်းက ဘာလဲ။

(15)あなたに趣味(しゅみ)は何ですか。
မင်းရဲ့ ဝါသနာက ဘာလဲ။

(16)自分を動物(どうぶつ)に例(たと)えると?
မင်းကို တိရိစ္ဆာန် တစ်ကောင်နဲ့ ဥပမာပေးရမယ်ဆို ဘာဖြစ်မလဲ?

資格(しかく)について?
အရည်အချင်းနဲ့ပတ်သတ်

業界(ぎょうかい)の志望理由(しぼうりゆう)は?
ဒီလုပ်ငန်းအမျိုးအစားကို လျှောက်ရတဲ့ ရည်ရွယ်ချက်က?

10年後(ねんご)の自分(じぶん)はどうなっていたい?
နောက်၁၀နှစ်ကြာရင် မင်းက ဘယ်လိုပုံစံမျိုး ဖြစ်ချင်လဲ?

尊敬(そんけい)する人はいますか?
လေးစားရတဲ့လူရှိပါသလား။

)あなたにとって仕事(しごと)とは何ですか。
မင်းအတွက် အလုပ်ဆိုတာ ဘယ်လိုအဓိပ္ပာယ်လဲ?

将来(しょうらい)の夢(ゆめ)は何ですか。
အနာဂတ်အိပ်မက်က ဘာလဲ?

5年後(ねんご)の自分(じぶん)はどうなっていたい?
နာက်၅နှစ်ကြာရင် မင်းက ဘယ်လိုပုံစံမျိုး ဖြစ်ချင်လဲ?

あなたの特技(とくぎ)は何ですか。
မင်းရဲ့ ကျွမ်းကျင်မှုက ဘာဖြစ်မလဲ?

最近読んだ本を教えてください。
အခုတလော ဖတ်နေတဲ့ စာအုပ်ကို ပြောပြပေးပါ။

語学力(ごがくりょく)について?
ဘာသာစကားစွမ်းရည်နဲ့ ပတ်သတ်ပြီး?

ボランティア経験(けいけん)について?
ပရဟိတအတွေ့အကြုံနဲ့ ပတ်သတ်ပြီး?

働(はたら)く以上(いじょう)で大切(たいせつ)なことは?
အလုပ်လုပ်ခြင်း အပြင် အရေးကြီးတဲ့ အချက်က ဘာလဲ?

苦手(にがて)なことは?
မင်းရဲ့ ညံ့တဲ့အချက်က ဘာလဲ?

この事業(じぎょう)を将来(しょうらい)どのように成長(せいちょう)させていきたいですか。
အနာဂတ်မှာ ဒီအလုပ်ကနေ ဘယ်လို တိုးတက်အောင်လုပ်ချင်ပါသလဲ?

最後(さいご)に何か伝(つた)えておきたいことがありますか?နောက်ဆုံးမှာ တစုံတခု ပြောထားချင်တာမျိုးရှိလဲ?

周(まわ)りの同僚(どうりょう)や友人(ゆうじん)はあなたのことをどのように評価(ひょうか)していますか。
ပတ်ဝန်းကျင်ကလူတွေ၊ မိတ်ဆွေ အပေါင်းအဖော်တွေက မင်းနဲ့ ပတ်သတ်ပြီး ဘယ်လို တန်ဖိုးဖြတ်သတ်မှတ်ပါသလဲ။

当社(とうしゃ)以外(いがい)に受けている業界(ぎょうかい).企業(きぎょう)はありますか。
ကျွန်တော်တို့ ကုမ္ပဏီအပြင် အင်တာဗျူး ဖြေထားတဲ့ ကုမ္ပဏီရှိလား။

志望企業(しぼうきぎょう)を選(えら)ぶ基準(きじゅん)は何ですか。
မင်းအခုရည်မှန်းထားတဲ့ ကုမ္ပဏီလုပ်ငန်းကို ရွေးချယ်ရတဲ့ အခြေခံအချက်က ဘာလဲ?

将来(しょうらい)の目的(モクテキ)はなんですか?
အနာဂတ်မှာ ဘာရည်ရွယ်ထားလဲ

(突然(とつぜん)の残業(ざんぎょう)や休日出勤(きゅうじつしゅっきん)は大丈夫(だいじょうぶ)ですか。
ရုတ်တရက် အချိန်ပိုဆင်းရတာမျိုး၊ ပိတ်ရက်မှာအလုပ်ဆင်းရတာမျိုးဆို အဆင်ပြေလား?
# 日本語を学ぼう

最後(さいご)に何(なに)か質問(しつもん)はありますか。
နောက်ဆုံး မေးစရာမေးခွန်း ရှိပါသလား?

Crd:

Photos from Golden Future Japanese Language Center's post 12/12/2023

ဂျပန်စာ level အလိုက် အောင်လက်မှတ်တွေ ကိုင်ထားပြီး ဘယ်အေဂျင်စီပေါ် ယုံအပ်ရမလဲ စဉ်းစားနေတယ် ဆိုရင်တော့....

အေဂျင်စီနဲ့ တစ်ခါထဲချိတ်ဆက်ထားတဲ့ Golden future 🌏 မှာ ကောင်းမွန်‌သေချာ တဲ့ အလုပ်အကိုင် အခွင့်အလမ်းများစွာက သင့်အတွက် စောင့်ကြိုနေပါတယ်👩🏻‍🔧👩🏻‍⚕️

Golden future Japanese language center 🌏မှာ တက်ရောက်နိုင်တဲ့
Tokutei သင်တန်းတွေက

🔥 Kaigo (သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးလုပ်ငန်း)
🔥 Gaishoku(စားသောက်ဆိုင်ဝန်ဆောင်မှုလုပ်ငန်း)
🔥 Agriculture(လယ်ယာစိုက်ပျိုး‌ရေးလုပ်ငန်း)
🔥 Shokuhin(စားသောက်ကုန် လုပ်ငန်း) တွေ ဖြစ်ပြီး

သင်ကြားရေးအပိုင်းမှာဆိုရင်
မြန်မာနိုင်ငံမှ ကျွမ်းကျင်ဆရာ/ဆရာမများသာမက ဂျပန်နိုင်ငံမှ ဝါရင့်ဆရာ/ဆရာမကြီးများကိုယ်တိုင် စနစ်တကျလေ့ကျင့် သင်ကြားပေးမှာ ဖြစ်ပါတယ်👩🏻‍🏫👩🏻‍🏫

💥ကောင်းမွန်တဲ့သင်ကြားရေးသာမက အင်တာဗျူးဖြေရာတွင် အဆင်ပြေချောမွေ့စေအောင် speaking နဲ့ interview training ကိုပါ တပါထဲ တက်ရောက်သင်ကြားနိုင်ပါတယ်💥

ကဲ Golden future ရဲ့ သင်တန်းမှာ အတန်းတစ်ခု တက်တာနဲ့ အင်တာဗျူးထဲ ထည့်ပေးရုံသာမက ဂျပန်အရောက်အထိ လုံးဝတာဝန်ယူ ပြီး လေ့ကျင့်သင်ကြားပေးမှာမို့လို့

✅သင်တန်းသား လူပြည့်ခင် အမြန်သာ လာရောက်အပ်နှံဖို့ သတင်းကောင်းပါးအပ်ပါတယ်ရှင့်

အမှတ် 11 သီရိလမ်းနှင့် လမ်းမတော် လမ်း ထောင့် သန်လျင်မြို့ သန်လျင်မြို့မဈေးအနီး

02/12/2023

ဖြေဆိုရမယ့်နေရာများ သို့ ရောက်ရှိသောယာဥ်လိုင်းများ ကိုဖော်ပြပေးလိုက်ပါတယ်။

1.အထက ၁ အင်းစိန်(အင်းစိန်ဆေးရုံမှတ်တိုင်)
YBS - 15 / 21 / 77 / 78 / 88 / 94 / 109 / 131 / 145

2.အထက ၈ အင်းစိန်(ဆယ်မိုင်ကုန်းမှတ်တိုင်)
YBS - 6 / 15 / 37 / 43 / 44 / 55 / 77 / 90 / 96 / 97 / 103 / 104 / 105 / 106 / 107

3.အထက သုဝဏ္ဏ(ကျောင်းလမ်းမှတ်တိုင်)
YBS - 25 / 59 / 63 / 75 / 80 / 110 / 118

4.အထက ၃ လှိုင်(အုတ်ကျင်းမှတ်တိုင်)ဗဟိုလမ်းကိုရောက်ပါမည်။
YBS - 21 / 30 / 39 / 41 / 61 / 65 / 76 / 77 / 78 / 82 / 86 / 90 / 131 / 140 / 145
YBS - 11 / 22 / 94 / 136 စီးပါက

5.အထက ၂ မရမ်းကုန်း(ခဝဲခြံမှတ်တိုင်)
YBS - 21 / 39 / 41 / 65 / 68 / 78 / 88 /ခဝဲခြံရောက်မရောက်မေးစီးရန်။ 99 / 119 / 131 / 137 / 140 / 145
*YBS - 137 စီးပါက

6.အထက ၁ မရမ်းကုန်း(ဦးဘဟန်မှတ်တိုင်)
YBS - 16 / 19 / 61 / 68 / 79 / 83 / 86 / 132 / 137

7.အထက ၁ သင်္ဃန်းကျွန်း(ဘုရားလမ်းမှတ်တိုင်)
YBS - 1 / 3 / 7 / 13 / 24 / 46 / 62 / 71 / 84 / 92 / 96 / 111 / 112 / 113 / 114 / 128 / ထာဝရ / ကမ္ဘာကျော်

8.အထက ၂ စမ်းချောင်း{မြေနီကုန်း(ပြည်လမ်း)မှတ်တိုင်}
YBS - 21 / 35 / 37 / 39 / 61 / 65 / 77 /ကမာရွတ်သည်လည်းယခုအတိုင်းသာဖြစ်သည်။ 78 / 82 / 104 / 105 / 106 / 107 / 131 / 140 / 145 / လေဆိပ်ကား(ပြည်လမ်း)
*အထက ၁

9.အထက ၁ လသာ(ဆေးရုံကြီးမှတ်တိုင်)
YBS - 20(သခင်မြပန်းခြံမှလှိုင်သာယာအသွား) / 37 / 56 / 94 / 98 / 104 / 105 / 107 / လေဆိပ်ကား(ပြည်လမ်း)
YBS - 4 / 133 စီးပါက ဗိုလ်ချုပ်စျေးမှတ်တိုင်ဆင်းရန်။
YBS - 8 / 11 / 77 / 134 / 136 စီးပါက လေဟာပြင်စျေးမှတ်တိုင်ဆင်းရန်။
*အထက ၂ လသာသည်လည်းယခုအတိုင်းသာဖြစ်သည်။

10.အထက ၂ ဗဟန်း(ကုက္ကိုင်းမှတ်တိုင်)
YBS - 28 / 36 / 87 / 108 / 115 / 116 / လေဆိပ်ကား(ကမ္ဘာအေးဘုရားလမ်း)
YBS - 14 / 38 / 60 / 76 / 86 စီးပါက တက္ကသိုလ်ရိပ်သာလမ်း ကုက္ကိုင်းမှတ်တိုင်ဆင်း၍တံတားအဆင်းသို့လမ်းလျှောက်ရန်။

11.ရန်ကုန်စီးပွားရေးတက္ကသိုလ်(လှိုင်နယ်မြေ) (အေဒီမှတ်တိုင်)
YBS - 35 / 37 / 104 / 105 / 106 / 107 / 117 / လေဆိပ်ကား(ပြည်လမ်း)
**သတင်းအချက်အလက်နှင့်နည်းပညာတက္ကသိုလ်သည်လည်းယခုအတိုင်းသာဖြစ်သည်။အေဒီမှတ်တိုင်ဆင်းပါ။

12. RC 2 (ကျောင်းကွေ့မှတ်တိုင်)
YBS - 35 / 37 / 104 / 105 / 106 / 107 / 117 / လေဆိပ်ကား(ပြည်လမ်း)
**ဖြေဆိုမည့်ရက်မတိုင်ခင်အနည်းငယ်ကြိုသွား၍ကျောင်းကွေ့အပေါက်ပိတ်မပိတ်စုံစမ်းပါ။အကယ်၍ပိတ်သည်ဆိုပါက

13.မြင်သာမြို့ဦးလူငယ်ဖွံ့ဖြိုးရေးစင်တာ(တောင်ဥက္ကလာဘုရားမှတ်တိုင်)
YBS - 6 / 13 / 14 / 26 / 27 / 29 / 38 / 42 / 84 / 92 / 97 / 103 / 128 / 139
YBS - 83 စီးပါက ဂိတ်ဟောင်း(or)မိုးဆွေမှတ်တိုင်ဆင်း၍လမ်းလျှောက်ရန်။

14. NMDC(ဂန္ဓီဆေးရုံမှတ်တိုင်)
YBS - 56 / 57 / 98(လင်းစဒေါင်းမှလှိုင်သာယာအသွား) / 100
YBS - 3 / 13 / 31 / 34 / 63 / 81 / 89 / 110 စီးပါက လမ်း၅ဝမှတ်တိုင်ဆင်း၍လမ်းလျှောက်ရန်။
YBS - 24 / 26 / 43 / 58 / 65 / 82 / 114 / 132 / 145 စီးပါက ဗိုလ်တထောင်ဘုရားမှတ်တိုင်ဆင်း၍လမ်းလျှောက်ရန်။
**YBS - 65 / 132 / 145 စီးပါက ယာဥ်မောင်းကိုမေး၍ဂန္ဓီဆေးရုံဘက်မှအရင်ပတ်မည်ဆိုပါက ဂန္ဓီဆေးရုံမှတ်တိုင်ဆင်းရန်။

15. ရန်ကုန်တက္ကသိုလ်{ ကျောင်းရှေ့(ဓမ္မာရုံ)မှတ်တိုင်}
YBS - 14 / 38 / 60 / 76 / 86
**ဂိတ်နံပါတ်ပေါ်မူတည်၍ ကျောင်းရှေ့(ဓမ္မာရုံ)မှတ်တိုင်(or)ကျောင်းလမ်းမှတ်တိုင်ဆင်းပါ

16.ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်(UFLမှတ်တိုင်)
YBS - 14 / 38 / 60 / 76 / 86

17.ရန်ကုန်နည်းပညာတက္ကသိုလ်(BPIမှတ်တိုင်)
YBS - 21 / 39 / 41 / 65 / 68 / 78 / 88 / 99 / 119 / 131 / 137 / 140 / 145
*YBS - 137 စီးပါက BPI ရောက်မရောက်မေးစီးရန်။

18.NYRDDC(စာဥမှတ်တိုင်)
YBS - 4 / 8 / 9 / 100 / 133 / 134
YBS - 5 စီးပါက အလိုတော်ပြည့်မှတ်တိုင်ဆင်းရန်။

19.ဒဂုံတက္ကသိုလ်
YBS - 10 / 15 / 24 / 25 / 26 / 28 / 30 / 117 / 128 / 137 / 139
YBS - 13 / 27 / 62 / 66 / 87 / 88 / 108 စီးပါက မုခ်ဝမှတ်တိုင်ဆင်း၍ကျောင်းထဲသို့လမ်းလျှောက်(or)ကားထပ်စီးပါ
**အဆောင်နံပါတ်ကိုလိုက်၍မှတ်တိုင်ကွဲပြားမှုရှိသဖြင့်မှတ်တိုင်ထည့်မရေးခြင်းပါ။ပုံကိုကြည့်၍သိနိုင်ပါသည်။ ပုံအတွက် Crdပေးပါသည်။

20.ရန်ကုန်ပညာရေးတက္ကသိုလ်(စိုက်ပျိုးရေးမှတ်တိုင်)
YBS - 21 / 35 / 37 / 39 / 61 / 65 / 77 / 78 / 82 / 104 / 105 / 106 / 107 / 131 / 140 / 145 / လေဆိပ်ကား(ပြည်လမ်း)
**လေ့ကျင့်ရေးအထက်တန်းကျောင်း(ကမာရွတ်)သည်လည်းယခုအတိုင်းသာဖြစ်သည်။

21. အထက ၄ အလုံ(သခင်မြပန်းခြံမှတ်တိုင်)
YBS - 14 / 19 / 20 / 22 / 23 / 30 / 40 / 41 / 55 / 56 / 57 / 58 / 59 / 89 / 90 / 94 / 98 / 117 / 128 / 130 / 140 / 141 / 142 / 143
*အထက ၁ လမ်းမတော်သည်လည်းယခုအတိုင်းသာဖြစ်သည်။

22.အထက ၇ အလုံ(ဒန်အိုးစက်မှတ်တိုင်)
YBS - 14 / 19 / 23 / 30 / 40 / 55 / 89(သာကေတမှကြည့်မြင်တိုင်အသွား) / 90 / 130 / 141 / 142 / 143

23.အထက ၃ ကမာရွတ်(သဘော်ကျင်းမှတ်တိုင်)
YBS - 19 / 20 / 23 / 38 / 40 / 55 / 60 / 85 / 98 / 130 / 141 / 142 / 143
YBS - 14 / 41 / 30 / 90 / 117 စီးပါက ကမာရွတ်ရဲစခန်းမှတ်တိုင်ဆင်းရန်။
YBS - 11 / 22 / 94 / 136 စီးပါက ပြည်ရိပ်မွန်မှတ်တိုင်ဆင်းရန်။
YBS - 62 စီးပါက ဆင်မလိုက်မှတ်တိုင်ဆင်းရန်။

24.အထက ၃ မင်္ဂလာတောင်ညွန့်(ဘူတာကြီးမှတ်တိုင်)
YBS - 78 / 93 / 94 / 118
YBS - 80 / 120 စီးပါက ကျောက်ကွေ့မှတ်တိုင်ဆင်းရန်။
YBS - 12 / 28 / 29 / 36 / 61 / 72 / 82 / 87 / 108 / 115 / 116 / 139 / လေဆိပ်ကား(ကမ္ဘာအေးဘုရားလမ်း) စီးပါက ယောက်လမ်းမှတ်တိုင်ဆင်း၍လမ်းလျှောက်ရန်။
*အထက ၄ မင်္ဂလာတောင်ညွန့်သည်လည်းယခုအတိုင်းသာဖြစ်သည်။

25.ရန်ကင်းပညာရေးကောလိပ်(မိုးကောင်းမှတ်တိုင်)
YBS - 12 / 29 / 38 / 60 / 83 / 87 / 108 / 139
YBS - 43 စီးပါက ရန်ကင်းစာတိုက်မှတ်တိုင်ဆင်းရန်။

26. သင်္ဃန်းကျွန်းပညာရေးကောလိပ်(BOCမှတ်တိုင်)
YBS - 1 / 3 / 7 / 13 / 24 / 46 / 62 / 71 / 84 / 92 / 96 / 111 / 112 / 113 / 114 / 128 / ထာဝရ / ကမ္ဘာကျော်

27. အထက ၁ ဒဂုံ (ယောက်လမ်းမှတ်တိုင်)
YBS - 12 / 28 / 29 / 36 / 61 / 72 / 82 / 87 / 108 / 115 / 116 / 139 / လေဆိပ်ကား(ကမ္ဘာအေးဘုရားလမ်း)
YBS - 78 / 80 / 93 / 94 / 118 / 120 စီးပါက ဘူတာကြီးဆင်း၍လမ်းလျှောက်ရန်။

28. အထက ၄ စမ်းချောင်း(ရှမ်းလမ်းမှတ်တိုင်)
YBS - 11 / 20 / 59 / 62 / 75 / 85 / 136

29.အထက ၄ တာမွေ(ကျောက်မြောင်းစျေးမှတ်တိုင်)
YBS - 3 / 7 / 9 / 13 / 20 / 25 / 26 / 27 / 43 / 64 / 65 / 72 / 80 / 85 / 95 / 111 / 112 / 113 / 129 / 145

30. အထက ၁ မင်္ဂလာတောင်ညွန့်(မဆလာစက်မှတ်တိုင်)
YBS - 7 / 20 / 25 / 43 / 64 / 72 / 111 / 112 / 113 / 120

31. အထက ၁ တာမွေ(ယုဇနပလာဇာမှတ်တိုင် / မင်္ဂလာစျေးမှတ်တိုင် / ၁၂၄လမ်းမှတ်တိုင်)
YBS - 3 / 7 / 9 / 13 / 20 / 25 / 26 / 27 / 43 / 64 / 65 / 72 / 80 / 85 / 111 / 112 / 113 / 120 / 129 / 145
YBS - 33 စီးပါက ဂိတ်ဆုံးထိစီးရန်။
YBS - 8 / 95 / 134 စီးပါက BOCမှတ်တိုင်ဆင်းရန်။

32. အထက ၂ ဒဂုံ(ပဲခူးကလပ်မှတ်တိုင်)
YBS - 21 / 35 / 37 / 39 / 78 / 104 / 105 / 106 / 107 / 118 / 128 / 131 / 140 / လေဆိပ်ကား(ပြည်လမ်း)

33.အဘိဓမ္မာ ဓမ္မဗိမာန်တော်ကြီး(ဗဟန်း၃လမ်းမှတ်တိုင်)
YBS - 8 / 12 / 28 / 29 / 36 / 61 / 82 / 87 / 95 / 108 / 115 / 116 / 134 / 139 / လေဆိပ်ကား(ကမ္ဘာအေးဘုရားလမ်း)

34.အထက ၁ ရန်ကင်း( ၁၂လုံးတန်းမှတ်တိုင်)
YBS - 12 / 14 / 29 / 38 / 43 / 60 / 64 / 76 / 79 / 86 / 87 / 108 / 132 / 139

35.အထက ၂ လမ်းမတော်( စံပြမှတ်တိုင်)
YBS - 58
YBS - 20(လှိုင်သာယာမှသခင်မြပန်းခြံအသွား) / 56 / 57 / 58 / 89 / 131 စီးပါက မော်တင်မှတ်တိုင်ဆင်း၍လမ်းလျှောက်ရန်။
YBS - 21 / 35 / 37 / 39 / 56 / 78 / 94 / 98 / 104 / 105 / 107 / 118 / လေဆိပ်ကား( ပြည်လမ်း)စီးပါက သရက်တောမှတ်တိုင်ဆင်း၍လမ်းလျှောက်ရန်။
YBS - 128 / 140 စီးပါက ဗဟိုစည်မှတ်တိုင်ဆင်း၍လမ်းလျှောက်ရန်။
**YBS - 56 / 57 / 58 ယာဥ်လိုင်းများသည်မြို့တွင်းပတ်လိုင်းများဖြစ်၍နှစ်နေရာလောက်တွင်ပါနေခြင်းဖြစ်သည်။

36. အထက ၂ ရန်ကင်း(မိုးကောင်းမှတ်တိုင်)
YBS - 12 / 29 / 38 / 60 / 83 / 87 / 108 / 139
YBS - 43 စီးပါက ရန်ကင်းစာတိုက်မှတ်တိုင်ဆင်း၍လမ်းလျှောက်ရန်။
YBS - 14 / 26 / 27 စီးပါက ကျောက်ကုန်းမှတ်တိုင်ဆင်း၍လမ်းလျှောက်ရန်။
YBS - 63 စီးပါက ဂိတ်ဆုံးထိစီး၍လမ်းလျှောက်ရန်။

37. အထက ၁ တောင်ဥက္ကလာ(အင်းဝမှတ်တိုင်)
YBS - 10 / 12 / 32 / 87 / 96 / 108
YBS - 29 / 38 / 83 / 139 စီးပါက ဘုရားလမ်းမှတ်တိုင်ဆင်း၍လမ်းလျှောက်ရန်။

38. အထက ၁ ဗဟန်း(ရွှေဂုံတိုင်မှတ်တိုင်)
YBS - 12 / 20 / 29 / 59 / 61 / 62 / 65 / 75 / 82 / 85 / 118 / 128 / 139 / 145
YBS - 28 / 36 / 87 / 108 / 115 / 116 / လေဆိပ်ကား(ကမ္ဘာအေးဘုရားလမ်း)စီးပါက နှင်းဆီကုန်းမှတ်တိုင်ဆင်း၍လမ်းလျှောက်ရန်။

39. အလက ၄ ရန်ကင်း(မှတ်တမ်းရုံးမှတ်တိုင်)
YBS - 14 / 26 / 27
YBS - 60 / 63 စီးပါက သံလမ်း(အောင်ဇေယျလမ်း)မှတ်တိုင်ဆင်း၍လမ်းလျှောက်ရန်။

40. အထက ၂ ကမာရွတ်(ကျောင်းလမ်းမှတ်တိုင်)
YBS - 14 / 38 / 60 / 76 / 86

41. အထက ၆ အလုံ(ချန်မာဖီမှတ်တိုင်)
YBS - 22 / 41 / 59 / 89(ကြည့်မြင်တိုင်မှသာကေတအသွား) / 94 / 98 / 117

41. အထက ၁ စမ်းချောင်း(ဟံသာဝတီအဝိုင်းမှတ်တိုင်)
YBS - 21 / 35 / 37 / 39 / 61 / 65 / 77 / 78 / 82 / 104 / 105 / 106 / 107 / 131 / 140 / 145 / လေဆိပ်ကား(ပြည်လမ်း)

crd :

Photos from Golden Future Japanese Language Center's post 01/12/2023

အာလုံးပဲ မဂ်လာပါရှင့်
🙏Golden future Japanese language center မှ အားလုံးကို ကြိုဆိုပါတယ်🙏

December လ အတွက် Basic N5-N4 (Monday to Friday) တန်းခွဲ သစ်လေးက လူပြည့်သွားပါပြီ ရှင့်💥💥

နောက်တန်းခွဲသစ်က Februaryလ မှာ ပြန်လည် လက်ခံသင်ကြားပေးမှာ ဖြစ်ပါတယ်

ဂျပန်စာကို အခြေခံမှ စ၍ ဂျပန်နိုင်ငံရဲ့ အလုပ် အင်တာဗျူးအောင်တဲ့အထိ ကျွမ်းကျင် ဆရာ/ဆရာမများသာမက ဂျပန်နိုင်ငံမှ ဆရာ/ဆရာမများ ကိုယ်တိုင် စနစ်တကျ တာဝန် သင်ကြားပေးလျက်ရှိပါတယ်🧑‍🏫

Golden future Japanese language center မှ သွားရောက်လုပ်ကိုင်နိုင်မည့် အလုပ်များကတော့-

✅ ဘိုးဘွားစောင့်‌ ရှောက်ရေး
✅စားသောက်ဆိုင်
✅စားသောက်ကုန်
✅စိုက်ပျိုးရေး

အစရှိသဖြင့်အလုပ်အကိုင်များအတွက် အင်တာဗျူး အခိုင်အမာ ဖြေဆိုခွင့် ရရှိမှာဖြစ်ပါတယ်

သင့်ဘက်က ကြိုးစားအားထုတ်မှုသာ ပေးပါ Golden future Japanese language center က သင်တို့ရဲ ရည်မှန်းချက်များ ပြည့် အောင် အပြည့်အဝ ကူညီထောက်ပံ့ပေးမှာပါရှင့်🇯🇵🇯🇵

အမှတ် (၁၁/၈) သီရိလမ်းနှင့် လမ်းမတော် လမ်းထောင့် (သန်လျင်စည်ပင်သာယာရေးရုံးအနီး) သန်လျင်မြို့။

ဖုန်းနံပါတ် - 09 766 096579

30/11/2023

ခု‌နေ့က စပြီး တစ်နေ့ကို 3 မိနစ်စာလုပ်ရုံနဲ့
JLPT exam မှာ အမှတ်ပြည့်ရအောင်လုပ်နည်း.........................................................................................................................see more

Photos from Golden Future Japanese Language Center's post 23/11/2023

💥 တန်းခွဲ သစ်ဘယ်ချိန် စမလဲ မေးနေကြတဲ့ သူများအတွက် Golden future Japanese language center 🇯🇵ရဲ့ December လမှာ စတင် သင်ကြားတက်ရောက်နိုင်မဲ့ တန်းခွဲ သစ် အချိန်ဇယားလေး တင်ပေးလိုက်ပါပြီရှင့် 💥

တက်ရောက်နိုင်မဲ့ တန်းခွဲ package များကတော့
🌸 Basic N5-N4 + tokutei class
🌸N4 +Tokutei class+interview training
🌸N4 +Tokutei class+speaking
🌸N3 + speaking+interview training

ဂျပန်စာ အခြေခံကနေ ဂျပန်မှာ အလုပ်အင်တာဗျူးအောင်မြင်တဲ့အထိ ကျွမ်းကျင် ဆရာ /ဆရာမများနှင့် ဂျပန်နိုင်ငံမှ ဝါရင့် ဆရာ/ဆရာမ များဖြင့် စနစ်တကျ တာဝန်ယူသင်ကြားပို့ချပေးပါတယ်ရှင့်🧑‍🏫🇯🇵

✨✨သင့်ဘက်ကသာ ကြိုးစားအားထုတ်မှုပဲ ပေးပါ Golden future Japanese language center က သင့်ရဲ့အနာဂတ်ကို ရွှေရောင် အနာဂတ် ဖြစ်အောင် ပံ့ပိုးကူညီပေးသွားမှာပါရှင့်✨✨

အမှတ် (၁၁/၈) သီရိလမ်းနှင့် လမ်းမတော် လမ်းထောင့် (သန်လျင်စည်ပင်သာယာရေးရုံးအနီး) သန်လျင်မြို့။

21/11/2023

ဒီလိုပဲ အကုန်ကျခံပြီး ဝယ်ရကျိုးနပ်အောင် ကြံတတ်ရတာပေါ့ ဟဲဟဲ🤣🤣

18/11/2023

Golden future Japanese language center ရဲ့ ကျောင်းသစ်ဖွင့်ပွဲ သို့ တက်ရောက်ရန် အတွက် ကျောင်းသား /သူ ဟောင်းများနှင့် မိဘများ၊ကျောင်းသား/သူ သစ်များ၏ မိဘများ နှင့် မိတ်ဟောင်း မိတ်သစ်များ အားလုံး တက်ရောက် ရန် Golden future မိသားစုမှဖိတ်ကြား အပ်ပါတယ်ရှင့်🎉🎉🇯🇵

16/11/2023

၁၉-၁၁-၂၀၂၃ တွင် Tokutei Kaigo အလုပ်ဖြင့် ဂျပန်နိုင်ငံ သို့ သွားရောက် လုပ်ကိုင်တော့မည့် Golden future Japanese language center ရဲ့ ကျောင်းသား/ကျောင်းသူ များ ဖြစ်ပါတယ်ရှင့်🇯🇵🇯🇵

ယခုလို လစာ ကောင်းကောင်းနဲ့ ဂျပန်သို့ အလုပ်သွားလုပ်ဖို့ စိတ်‌ကူးရှိတယ်ဆိုရင်တော့ Golden future ကိုသာ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ရှင့်🩷🩷

Photos from Golden Future Japanese Language Center's post 09/11/2023

Interview ဖြေဆိုပြီး မိမိဘက်မှ ပြန်လည်မေးရမည့် စကားစုများကို တင်ပေးလိုက်ပါတယ်ရှင့်🇯🇵🇯🇵

Photos from Golden Future Japanese Language Center's post 07/11/2023

ယနေ့ (၇-၁၁-၂၀၂၃)
Osaka သို့ Tokutei Kaigo ဖြင့်ထွက်ခွါသူ သမီး(၂)ဦး
ဂျပန်စာက်ိုအခြေခံမှ စတက်၍ ယခုလ်ုထွက်ခွါချိန်အထိ
အောင်မြငိစွာထွက်နိုင်ခဲ့တဲ့ သမီးတွေ အစစအရာအရာ
အဆင်ပြေချောမွေ့ပြီး လိုရာပန်းတိုင်အရောက်လှမ်းနိုင်ပါစေ❤️❤️❤️

Photos from Golden Future Japanese Language Center's post 06/11/2023

2024 တွင် ထွက်ခွါဖို့ ပြင်ဆင်နေကြတဲ့
သားငယ် သမီးငယ်များ ❤️❤️❤️
ရည်မှန်းချကိတွေ ပြည့်ဝဖို့ Golden Future တက်ကြစို့
အတန်းသစ်တွေလည်း လူပြည့်တော့မှာမို့ 📞📞📞မမေ့နဲ့နော်

04/11/2023

Golden Future Japanese Language Center မှ
မိဘများနှငိ့ ကျောင်းသူ ကျောင်းသားများရှင်❤️
Golden Future ကျောင်းကို
သီရီလမ်းနှင့်ဗိုလ်ချုပ်လမ်းထောင့် ၊ သန်လျင်မြို့နယ်တွင်
ပြောင်းလဲဖွင့်လှစ်ထားပြီး ဖြစ်ပါကြောင်းနှင့် သင်တန်း
အတန်းသစ်များအတွက် စုံစမ်းလိုသည်များ ပြန်လည်စုံစမ်းနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်ရှင်🙏🙏🙏

03/11/2023

သင်တန်းသားဦးရေ ပြည့်တော့မှာမို့ 📞📞📞
ဖုန်းလေးတော့ ဆက်ဖို့ လိုနေပြီနော် ❤️❤️❤️
အလုပ်အင်တာဗျူးအတွက်အာမခံအပြည့်ပေးတာ
Golden Future ပါ 💪😌💪

Photos from Golden Future Japanese Language Center's post 28/10/2023

အပြောနဲ့ သက်သေမပြဘဲ😝
အလုပ်နဲ့ သက်သေပြလိုက်ပါပီနော် ❤️
Tokutei Kaigo ဖြင့် ထွက်ခွါသူ သားသမီး (၈) ဦး✈️
နောက်ထပ် ထွကါမဲ့သူတွေလည်း တန်းစီနေပြီမို့
မိမိတို့အလှည့်ပါချင်ရင်တော့
အတန်းသစ်တွေမှာ ကြိုတင်စာရင်းပေးထားတော့နော်💪
ရည်မှန်းချက်တွေ ပြည့်ဝဖို့ Golden Future တက်ကြစို့✈️

25/10/2023

သတင်းကောင်းလေးနော်😨😨😨
လူဦးရေလည်း ကန့်သတ်ထားတာဖြစ်လို့ မြန်မြန်စုံစမ်းပြီး
မြန်မြန်လက်ဦးမှ ရမယ်နော်😌😌😌
ဒီသင်တန်းလေး ပြီးမြောက်မှသာ 👍👍👍
အင်တာဗျူး ထည့်ပေးမှာနော်👌👌👌
❤️ရည်မှန်းချက်တွေ ပြည့်ဝဖို့ Golden Future တက်ကြစို့❤️

17/10/2023

မင်္ဂလာညချမ်းပါရှင်🙏🙏🙏
Golden Future Japanese Language Center မှ ကျောင်းသူကျောင်းသားများနှင့် မိဘပြည်သူများကို သတင်းကောင်းလေးပါးပါရစေရှင်❤️
မင်္ဂလာဒုံ၊ ခရေပင်ရိပ်မွန် (၁) လမ်းတွင်ဖွင့်လှစ်ထားသော
သင်တန်းကျောင်းအား ၁-၁၁-၂၀၂၃ ရက်နေ့မှစတင်၍
သီရိလမ်းနှင့်လမ်းမတော်လမ်းထောင့် ၊ သန်လျင်သို့ (အောက်ဖော်ပြပါ တိုက်သို့)
ပြောင်းလဲဖွင့်လှစ်မည်ဖြစ်ပါကြောင်းနှင့် တန်းခွဲအသစ်များနှင့် အင်တာဗျူးများအား ကျောင်းအသစ်တွင် ဆက်လက်ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း
သတင်းကောင်းပါးအပ်ပါတယ်ရှင်❤️❤️❤️

14/10/2023

Golden Future Japanese Language Center မှ
ဂျပန်သို့ ထွက်ခွါသွားတဲ့ ရလဒ်လေးတွေပါရှင့်😨😨😨
အိမ်မက်တွေ အကောင်အထည်ဖော်ဖို့
Golden Future ကစောငိ့ကြိုနေပါတယ်နော်💪💪💪
အတန်းသစ်တွေလည်းရှိတဲ့အတွက် မေးမြန်းစုံစမ်းနိုင်ပါတယ်
#ဂျပန်စာ စသင်ပြီး ဂျပန်ထွက်နိုင်တာ Golden Future ပါ ❤️

11/10/2023

ကိုမျိုးမင်းစိုး 👨🏼
အခုဘာလုပ်နေလဲ ???
အပိုင်း(၂)

Want your school to be the top-listed School/college in Dagon?
Click here to claim your Sponsored Listing.

Videos (show all)

ကိုမျိုးမင်းစိုး 👨🏼အခုဘာလုပ်နေလဲ ???အပိုင်း(၂)
#ဂျပန်သွားချင်တဲ့သူတိုင်းကြည့်ဖို့သင့်ပါတယ်😨😨9-6-2022မှာ ဂျပန်စာစသင်တဲ့ကိုမျိုးမင်းစိုး👨🏼အခုဘာဖြစ်နေပြီလဲ!!!အပိုင်း(၁)❤️
ရည်မှန်းချက်တွေ ပြည့်စုံဖို့ “Golden Future တက်ကြစို့ “

Telephone

Website

Address

Khayaypin Yeikmon 1street, Mingalardon Township, Yangon
Dagon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Other Education Websites in Dagon (show all)
Kelly Motivational Video Kelly Motivational Video
68 Uwisara Road
Dagon, 11191

This is Kelly Motivational Video page. It will presents Leadership videos and personal development a

Tokutei Form Service Myanmar Tokutei Form Service Myanmar
North Dagon
Dagon

Japanese Language Gym Japanese Language Gym
Dagon

ぜひ、いっしょに勉強しましょう!! Let's study Japanese language together!

SEC Preschool -Standard Education Centre SEC Preschool -Standard Education Centre
562/A , Thiri Street , 21 Quarter, South Dagon Township
Dagon

We offer English, Maths, Myanmar, Arts & Crafts, Social Studies,Music,Phonics,PE.

PMT Academy PMT Academy
Zagawar Street
Dagon, 588058809414846

လက်​ရေးလှသင်တန်း

Smile Thit-စမိုင်းလ်သစ် Smile Thit-စမိုင်းလ်သစ်
Bo Min Yaung Street & Min Ye Kyaw Swar St
Dagon

Education Department of Myanmar Union Mission of Seventh-day Adventists Education Department of Myanmar Union Mission of Seventh-day Adventists
68 U Wisara Road
Dagon, 11191

This is an official page of Education Department of Myanmar Union Mission of Seventh-day Ad

Bright Future Education Centre Bright Future Education Centre
Thabinshwehtee Road
Dagon

��

Confidence English Speaking Confidence English Speaking
Zawgyi 2nd Street
Dagon, 11421

We offer 🏆 VIP One-on-One English Classes.

Phyu Chinese Language Center Phyu Chinese Language Center
Yagon
Dagon

大家好。

Unique Nihongo Unique Nihongo
Dagon, 11181

"Gaining Knowledge is the first step to Wisdom. Sharing it, is the First Step to humanity."

Innovative Education - InnoEd Innovative Education - InnoEd
54A, 2nd Floor, Bo Yar Nyunt Street
Dagon

နိုင်ငံတကာအဆင့်မှီ ပညာရေးဝန်ဆောင်မှုများကို ပေးသွားမယ့် ကျောင်းဖြစ်ပါတယ်။