Kaung Nyo Si Thu SpritualAdvisor

To get a better life

20/11/2023

ဒီရက်ထဲ အကြွေးတောင်းချင်တဲ့ကိစ္စတွေ Chat Boxမှာ
ခဏခဏ လာလာမေးနေကြလို့ အကြွေးတောင်းယတြာ
တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

အကြွေးတောင်းအစီအရင်များ

(၁) ကြံရည်တစ်ခွက်ထဲသို့ ခရေညွန့် ၆ ညွန့်ထည့်ပါ။
အိမ်ဘုရားတွင် လှူ ပြီး အကြွေးရစေဖို့ ဆုတောင်းပါ။
လှူ တဲ့အခါ တနင်္လာနေ့ ၉ နာရီ ၄၅ မိနစ်မှာ လှူ ရင်ပိုကောင်းပါတယ်။

(၂) သောကြာနေ့နံနက် (၇)နာရီမှ (၇:၃၀) အတွင်း အိမ်ဘုရားတွင် ကလပ်တစ်ခုပေါ်မှာ ကွမ်းရွက်နှစ်ရွက်တင်ပါ။ ကွမ်းရွက်ကအရိုးရောအညွန့်ရောပါရမည်။ အရိုးကမိမိဘက်တွင်ထား၍ အညွန့်က ဘုရားဘက်ကိုလှည့်ထားပါ။ ကွမ်းရွက်ရဲ့အောက်ဘက် ကျောဘက်တွင် ငွေယူထားသူရဲ့နာမည်ရေး၍ 'အမြန်ဆုံးငွေကြေးအဆင်ပြေ၍အကြွေးများအားလုံးမြန်မြန်လာဆပ်ပါစေ'ဟုရေးထားပါ။ အဲဒီကွမ်းရွက်တွေပေါ်မှာ ရွှေရောင်စက္ကူပါတ်ထားတဲ့ ချောကလက်လေးထောင့််ပုံ နှစ်ခုတင်၍ ဘုရားလှူ ပြီး ဆုတောင်းပါ။ ညနေလေးနာရီနဲ့ခြောက်နာရီကြားမှာစွန့်ပြီး ကွမ်းရွက်များကိုပစ်ပြီး ချောကလက်များကို လမ်းပေါ်ထွက်၍ မိမိ၏မိသားစုမဟုတ်သော အခြားကလေးနှစ်ဦးကို တစ်ယောက်တစ်ခုကြွေးလိုက်ပါ။ သုံးကြိမ် လေးကြိမ်လောက် လုပ်ပေးပါ။

(၃) မုန့်စိမ်းပေါင်းကို ကြွေပုဂံထဲကို ထည့်ပါ။ ထိုမုန့်စ်ိမ်းပေါင်းပေါ်တွင် ဖယောင်းတိုင် တစ်တိုင်ထွန်းပါ။ ပြီးတော့ ဘုရားမှာ ကပ်လှူပြီး အကြွေးယူထားသူ၏ မျက်နှာကို မြင်အောင်ကြည့်ပါ။ နောက် နာမည်ခေါ်ပြီး ငါ့အကြွေးတွေ အမြန် လာပေးစေဟု (၉)ကြိမ် ပြောပါ။ ရက်ပိုင်းအတွင်း အဆင်ပြေသွားပါလိမ့်မည်။

(၄) အကြွေးပြန်လိုချင်ရင် မိမိချေးထားသော ငွေများအမြန်ပြန်ရစေရန် အိမ်နောက်ဖေးမှမြက်ပင်နှင့် စပါးတွဲကိုပူချည်ပြီး အိမ်ရှေ့တွင် ချိတ်၍ စာကလေးများကိုကျွေးပါ။ စပါးတွဲတွေကို ချိတ်တဲ့အချိန်မှာ "မောင်အဝှာ ငါ့ငွေတွေအမြန် လာပေးပါ" လို့ အကြွေးယူထားသူရဲ့. နာမည်ကိုခေါ်ပြီးချိတ်ပါ။

#ကဇွဲ

20/11/2023

ကားဝပ်ရှော့ကြီးတစ်ခု မိတ်တက်ရန်ကင်းပြီး
လာဘ်လာဘကြွယ်ဝစေဖို့ စီရင်ပေးဖြစ်တဲ့
"ကြီးလေးကြီးအင်းစမတော်ကြီး"

ကဇွဲဆီမှာ အဆောင်တွေ၊ဆေးတွေ၊လက်ဖွဲ့တွေနဲ့ပက်သက်ပြီး အသေးစိတ် တိုင်ပင်ဆွေးနွေးနိုင်ပါပြီ။

📲09971858075
#ကဇွဲ

09/11/2023

"သူရဿတီ ဒေဝီထိပ်တင် ယခုအမြန်ပင်ရောက်စေချင်သည်
သြောင်း နမာမိ နမာမိ ဝံဒါမိ ဿဗ္ဗဒါ"

သူရဿတီမိခင်ကြီးရဲ့ နာမဟိတ်ကို မှီတည်ထားပြီး
နက္ခတ်ကြုံချိန် စီရင်ထုံးဖွဲ့ထားတဲ့ အဆောင်
ဘာတွေကောင်းသလဲဆိုတော့
-ပီယအရာတွင် စန်းပွင့်ခြင်း၊မျက်နှာပွင့်ခြင်း(အကြည်ဓာတ်ရခြင်း)၊လူချစ်လူခင်ပေါများခြင်း၊
ထင်ပေါ်ခြင်း အစရှိသော အကျိုးကျေးဇူးများရနိုင်သည်။
-လာဘအရာတွင် ငွေရွှင်ခြင်း၊ငွေကံတက်ခြင်း၊လာဘ်ပေါများခြင်း၊အကြွေးကြေစေနိုင်ခြင်း၊မုန့်ဖိုးများ(Bonus)ရခြင်း၊ထီကံတက်ခြင်း၊အစရှိသောအကျိုးများရစေနိုင်သည်။
-အထူးသဖြင့်နိုင်ငံရပ်ခြား တိုင်းတစ်ပါးသို့ အလုပ်အကိုင်
သွားရောက်လုပ်ကိုင်နေသူများ ဆောင်ယူသင့်ပါသည်။
-အခြားသော မဖော်ပြထားသည့် အကျိုးများစွာရနိုင်သေးသည်။

အဓိကရှောင်ရန်မှာ လက်ဖွဲ့ဝတ်စဉ်ထားချိန်
အမဲသား၊ဝက်သား၊အရက်သေစာအထူးရှောင်ကြဉ်ရမည်။
မဝတ်ထားချိန်တော့ ရှောင်ရန်မလိုအပ်ပါ။
အသုဘနာရေးအိမ်၊မီးနေသည်အခန်း အစရှိသောနေရာများသို့
လက်ဖွဲ့ကိုယူဆောင်သွားခြင်းမလုပ်ရပါ။

ဒီလက်ဖွဲ့ပိုင်ရှင်ကတော့ နိုင်ငံခြားရောက်သွားပါပြီ။
မသွားခင် ဟောခန်းထိလူကိုယ်တိုင်လာသွားပြီး ပူဆာလို့စီရင်ပေးလိုက်တာပါပဲ။
အရင်ရက်တွေကမအားလို့ အခုမှတင်ရတာ။

ကဇွဲဆီမှာ အသေးစိတ်တိုင်ပင်ပြီး အဆောင်လက်ဖွဲ့တွေကို
စိတ်တိုင်းကျ မှာယူနိုင်ပါပြီ။
#ကဇွဲ

Photos from Kaung Nyo Si Thu SpritualAdvisor's post 26/10/2023

ဆရာကတော်ဆီလာပြောတဲ့ အောက်ပီယညှို့ဆေးရဲ့ feedback
ကျနော့်ဆီကအောက်ပီယဆေးက အဆင်မပြေဘူးဆိုတာမရှိစေရဘူး

Photos from Kaung Nyo Si Thu SpritualAdvisor's post 26/10/2023

အဆက်အသွယ်ပြတ်သွားတာ ၄လ ယုံယုံကြည်ကြည်နဲ့အစွမ်းကုန်သုံးတာ နောက်ဆုံးတော့အဆင်ပြေသွားပြီ
ကဲ ညှို့ဆေးအစွမ်း အံ့မခန်းပဲ

25/10/2023

သူတပါးရဲ့အတင်းအဖျင်းမပြောပါနဲ့ အကြည်ဓာတ်လျော့ရုံမက လုပ်ကိုင်သမျှလည်း အဆင်မပြေဖြစ်တတ်ပါတယ်

Photos from Kaung Nyo Si Thu SpritualAdvisor's post 25/10/2023

အများကြီးမညွှန်းတော့ဘူး

https://www.facebook.com/100012860500174/posts/1599922637113071/?mibextid=cr9u03

Photos from Kaung Nyo Si Thu SpritualAdvisor's post 25/10/2023

ဇနီးမောင်နှံတွေအတွက်အလွန်ကောင်းသော နှစ်ပင်လိမ်ဆေးဆီရဲ့ feedback လေး 🖤

ဆေးအကြောင်းလေး => https://www.facebook.com/100012860500174/posts/1567464673692201/?mibextid=cr9u03

04/09/2023

လတ်တလောမန္တလေးမြို့မှာ ရောက်နေပါတယ် လူတွေ့မေးချင်ရင် 09959444346 မှာ ဘိုကင်တင်လို့ရပါပြီ

28/08/2023

လက်ရှိကျနော် မုံရွာဘက်ရောက်နေပါတယ်
လကုန်လောက်မှ ရန်ကုန်ပြန်ရောက်ပါမယ်
ရန်ကုန်ရောက်ပြီဆိုအကြောင်းပြန်ပေးပါမယ်
မုံရွာနဲ့မန္တလေးတစ်ကြောမှာရှိတဲ့ သူတွေကိုတော့
လူတွေ့တွေ့ချင်တယ်ဆို လက်ခံပေးပါမယ်
ဖုန်းကြိုဆက်ပြီးချိန်းနိုင်ပါတယ်။
#ကဇွဲ

Photos from Kaung Nyo Si Thu SpritualAdvisor's post 10/08/2023

စေတနာကြေးနဲ့ဝေတဲ့ လာဘဆေးဆီတွေကော
မှာယူထားတဲ့အဆောင်တွေကော Royalနဲ့ ပို့ပေးနေပါပြီ

စေတနာကြေးနဲ့ဝေနဲ့ဆေးဆီက စာရင်းလုပ်ပြီးတဲ့အခါ
၂၅၀ကျော်ဖြစ်နေတာကြောင့် တစ်သုတ်စီခွဲပြီး ပို့ပေးပါမယ်ခင်ဗျာ။
ပို့ပြီးတဲ့ပါဆယ်တွေရဲ့ ပြေစာကို အားတာနဲ့တင်ပေးပါမယ်။

ကျနော်တို့လင်မယားနှစ်ယောက်တည်းနဲ့
ဒေါင့်စေ့အောင်လုပ်ရတဲ့အတွက်ကြောင့်
အနည်းငယ်ကြန့်ကြာသွားတာကို နာလည်ပေးကြမယ်လို့
မျှောလင့်ပါတယ် ခင်ဗျာ
#ကဇွဲ

28/07/2023

မတတ်နိုင်တဲ့သူတွေအတွက် စေတနာကြေးနဲ့ဝေတာပါ တဂျီဂျီမလုပ်ပါနဲ့ စေတနာကြေးလွှဲထားသူတွေအကုန်ရလိုက်ပါတယ် လူအများကြီးမို့ပြန်မဖြေနိုင်တာကြောင့်ပါ
စေတနာကြေးပေးပြီး ငွေပေးထားတာဆိုတဲ့ပုံစံအကြောကြီးတွေနဲ့ လာမပြောပါနဲ့
အခုဝေနေတဲ့လာဘဆေးဆီက ပုံမှန်ဆိုပူဇော်ကြေးမြင့်ပါတယ် စေတနာမစော်ကားကြပါနဲ့ 👍🏼

27/07/2023

စေတနာ​ကြေးနဲ့ လာဘဆေးဆီဝေထားတာတွေ
သတ်မှတ်ချိန်အတွင်းမှီသမျှအကုန် စာရင်းပါရှိပါတယ်။
နောက်တစ်ပတ်ထဲမှာ အကုန်ပို့ပေးပါမယ်။

ပို့တဲ့အခါ အကြောင်းကြားပါမယ်။
ရောက်ချိန်ကတော့ အတပ်မပြောနိုင်ပါ။
ရန်ကုန်တစ်ဝိုက်ဆို ပို့တဲ့ရ​က်ကနေသုံးရက်အတွင်း
နယ်ဝေးဆို ပို့တဲ့ရ​က်ကနေခုနစ်ရက်အတွင်းရောက်ပါလိမ့်မယ်။

စေတနာကြေးနဲ့ဆိုပေမယ့် ပြီးပြီးရောပို့တာမဟုတ်၍
စိတ်ရှည်​ပေးမယ်လို့ မျှော်လင့်ပါတယ်။
#ကဇွဲ

26/07/2023

12 နာရီကျော်မှ စေတနာကြေးလွှဲရင် လာဘဓနဆီမန်းရဖို့အကျုံးမဝင်ပါဘူးဗျ

25/07/2023

လာဘ ဓန ဆီမန်းများ ပေးဝေခြင်း

စီးပွားရေးကြပ်တည်းပြီး အဆင်မပြေမှုများနေသောကာလဖြစ်နေတာကြောင့် မိမိတတ်ကျွမ်းသော ပညာနဲ့
အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ပြီး
လာဘ်လာဘ ပွင့်စေနိုင်သော ဆီမန်းများကို
စေတနာကြေးဖြင့် ပေးဝေပါမယ်။

လက်ရှိ(၂၅)ရက်နေ့ညနေ(၆)နာရီအချိန်ကနေစပြီး
(၂၆)ရက်နေ့ နေ့လည်၁၂နာရီအထိ စေတနာကြေးနဲ့ ပင့်ဆောင်ခွင့်ပြုပါမယ်။
အလျိန်လွန်သွားသူတွေကို လက်မခံပါ။
အလိုရှိသူများ ကျနော့်ရဲ့ PageMessenger Chat Boxတွင် ဆက်သွယ်ကာ
မိမိဆန္ဒဖြစ်ပေါ်သလောက် စေတနာကြေးပူဇော်ကာ
လာရောက် တောင်းခံနိုင်ပါတယ်။
ရရှိသော စေတနာကြေးများကိုလည်း
လိုအပ်သောနေရာများတွင် ပြန်လည်လှူဒါန်းအသုံးချပါမယ်။

ချန်မထားပေးပါဘူးနော်။
ဦးသူယူ စနစ်ပဲသွားပါမယ်။
လူရင်းလူဖျားမခွဲဘဲ အလိုရှိသူ လာရောက်တောင်းခံပါ။
တကယ်မယူနိုင်ရင်တော့ လာမပြောကြပါနဲ့။
Returnedတစ်ခုပြန်လာတိုင်း တကယ်လိုအပ်သူတစ်ယောက်
နစ်နာတယ်လို့ တွေးမိတိုင်း ဒေါသဖြစ်ရလို့ပါ။
ဒါပါပဲ။

Edited:လိုအပ်နေသူတွေမြင်အောင် Shareပေးခြင်းဖြင့်
ကူညီပေးဖို့ရာ တောင်းဆိုပါတယ်။
Pageကိုလည်း Like Followလေး မစသွားပေါ့ဗျာ။

#ကဇွဲ

22/07/2023

စေတနာကြေးနဲ့လည်း မဝေတာကြာပြီ
Pageလည်း Activeမဖြစ်တာကြာပြီမလို့
လာဘ (သို့မဟုတ်) ပီယ စေတနာကြေးနဲ့ဝေပေးချင်ပါတယ်။
ဘာအလိုရှိကြသလဲပြောခဲ့ကြပါ။

တကယ်မယူနိုင်ရင်တော့ လာမပြောကြပါနဲ့။
Returnedတစ်ခုပြန်လာတိုင်း တကယ်လိုအပ်သူတစ်ယောက်
နစ်နာတယ်လို့ တွေးမိတိုင်း ဒေါသဖြစ်ရလို့ပါ။
#ကဇွဲ

12/07/2023

#ယတြာ

ကြွေးပူများပြီးစိတ်ညစ်နေရရင်
ညောင်ပင်ကဲ့သို့အပင်ကြီးတစ်ပင်မှာ
ဆန် လက်(၇)ဆုပ်၊မီးသွေး(၇)ခဲကို
မြေကြီးမှာပုံ၊ အမွှေးတိုင်ဖယောင်းတိုင်(၁)တိုင်ပူဇော်ပြီး
မြေစောင့်နတ်နဲ့ဘုမ္မိယနွယ်ဝင်တို့ကို
မေတ္တာပို့အမျှပေးဝေပြီး ဆုတောင်းပါ

သိသိသာသာအဆင်ပြေလာပါလိမ့်မယ်
အများသိအောင်Shareသွားပါလေ
#ကဇွဲ

28/05/2023

စန္ဒီမယ်ညို အောက်ပီယခပ်ဆေးဆီ

Limited Editionလို့ ပြောရင်လည်းရတယ်။
ဘာကြောင့်ဆို ဆေးလည်းရှားသလို အာရုံကျမှလည်းဖော်တာမလို့...။

အသုံးပြုလို့ ရတာတွေကတော့-
-လင်မယား၊ သမီးရည်းစားတွေ
ကိုယ့်ကိုသာတမ်းတမ်းစွဲနေစေချင်တဲ့အခါ...
-ပြောမရဆိုမရဖြစ်နေသူကို ကိုယ့်ရဲ့ပြောစကား
နားထောင်စေချင်တဲ့အခါ...
-ကိုယ့်ရဲ့လူက ပွေလီခြေရှုပ် လုပ်ချင်ရာလုပ်နေလို့
ခြေငြိမ်ပြီး အလိမ္မာအိမ်ပါလေး ဖြစ်စေချင်တဲ့အခါ...
အစရှိသဖြင့် ကိုယ်ဉာဏ်ရှိသလို ချိန်စပြီး များစွာသောကိစ္စတွေမှာ အသုံးပြုလို့ရပါတယ်။

ဆေးသုံးနည်း အကျဉ်းချုပ်ကတော့
ခပ်ဆေးအနေနဲ့ခပ်နိုင်ပါတယ်။
စားမိတဲ့သူတိုင်းချစ်ခင်စွဲလမ်းပါတယ်။
မိန်းမအင်္ဂါထဲဆေးထည့်ပြီးဆက်ဆံပါကတစ်ဖက်လူချစ်ခင်စွဲလမ်းပါတယ်
ယောက်ကျ်ားများဆေးလိမ်းပြီးဆက်ဆံပါကတစ်ဖက်လူချစ်ခင်စွဲလမ်းပါတယ်။
ဉာဏ်ရှိသလို ချဲ့ထွင်အသုံးပြုနိုင်ပါသေးတယ်။

ဒီဆေးဆီကို လက်ရှိကျနော်သုံးနေဖော်နေတဲ့
အောက်ပီယဆေးတော်ထက်ကို
အစွမ်းထက်ပြီး ရှားပါးဆေးတစ်မျိုးနဲ့စီမံထားတာဖြစ်လို့
ဆေးအစွမ်းကတော့ ရှယ်ဆိုတာ အာမခံနိုင်ပါတယ်။
Limited editionဖြစ်တာကြောင့် ကိုးလုံးသာစီရင်ထားပါတယ်။
ထိုက်တန်သူသာ ရပါလိမ့်မယ်။

Suu Kyi Myo Nwe chat boxမှာ မေးမြန်းနိုင်ပါတယ်။
#ကဇွဲ

16/05/2023

စေတနာကြေးနဲ့ဝေတဲ့ဆေးဆီတွေရောက်ရင် Page messenger ကနေပဲ လာမေးပေးပါ personal account မှာမမေးကြပါနဲ့​ဗျ

Photos from Kaung Nyo Si Thu SpritualAdvisor's post 15/05/2023

အောက်ပီယဟေ့ ဆိုပြီးစဖော်ကတည်းက client အကြိုက်အဆင်ပြေအောင် Version အမြင့်တွေထပ်ထပ်ဖော်တာကလွဲရင်ပူဇော်ကြေးတွေက ဒီအတိုင်းပါပဲ
ချမ်းသာသာ ဆင်းရဲရဲ ဒီပူဇော်ကြေးနှုန်းထားပါပဲ တဆင့်စကား တဆင့်နားနဲ့ပင့်တဲ့လူတွေသိကြတယ် ဟုတ်
ကျနော့်ပါးစပ်က ငွေရှိတဲ့သူဆိုပြီးပူဇော်ကြေးပိုမပြောပါဘူး ငွေကြေးတတ်နိုင်ရင်ပိုစွမ်းတာပဲ သုံးစေချင်လို့ ညွှန်းတတ်တာတော့ ရှိပါတယ်
❌ဆေးဆီ/အဆောင်/အစီအရင်ပူဇော်ကြေးကိုသတ်မှတ်ထားတာထက် ကိုယ့်သဘောနဲ့ကိုယ်ပိုတောင်းတာ မရှိခဲ့ဖူးပါ ❌
စွမ်းလား မစွမ်းလားကတော့သုံးဖူးတဲ့သူတွေသိပါတယ် လိုက်သာမေးကြည့်ကြတော့ကွယ်

15/05/2023

စေတနာကြေးနဲ့ဝေတာ မရသေးဘူးဆိုပြီးလာလာမေးကြတာ
ကျနော်မပို့ရသေးလို့ပါ။

လိပ်စာတွေရေးလက်စနဲ့ အကောင့်ပြဿနာတက်သွားပြီး
ကျန်ခဲ့တဲ့လိပ်စာတွေရှိသေးလို့မပို့ရသေးတာပါ။
ဒီနေ့နဲ့မနက်ဖြန် Pageကပို့စရာတွေကော အကောင့်ထဲက
ပို့ဖို့ကျန်သေးတာတွေကော အကုန်ပို့ပါမယ်။
#ကဇွဲ

09/05/2023

Zwe Nyi Nyi Soe account hackခံထားရလို့
လောလောဆယ် Pageပဲသုံးပါအုံးမယ်ဗျို့

အကောင့်ပြန်ရအောင်ယတြာချေလိုက်အုံးမယ်
ဟာဟ
#ကဇွဲ

03/05/2023

The marriage(အိမ်ထောင်)ဇာတ်ကားထဲကလို အနှိုက်ခံရပြီးမလောင်ရဖို့ အိမ်ထောင်သည်တွေအတွက် ဒါလေးဆောင်
ခါတော်မှီ ပရိုမိုးရှင်းလေးပေါ့ ဟီးဟီး
ဒါကသူ့အကြောင်း => https://m.facebook.com/story.php?story_fbid=1567464673692201&id=100012860500174

22/04/2023

စေတနာကြေးနဲ့ဆေးဆီပေးဝေခြင်းကို ရပ်နားထားပါပြီ။
လက်ခံရရှိပြ်ိးသားလိပ်စာအားလုံးကို ဒီရက်ပိုင်းအတွင်း
Deliအပ်ပြီးသေသေချာချာပို့ပေးလိုက်ပါမယ်ခင်ဗျာ။
မအားလို့ပို့စ်မတင်ဖြစ်တာကလွဲရင် အကုန်လုပ်ပေးနေပါတယ်။

နောက်ထပ်လည်း အကြွေးကြေအဆောင်ကို လူ(၁၀၀)စာအတွက် စီရင်နေပါတယ်။
မကြာခင်မိတ်ဆက်ပေးပါမယ်ဗျာ။
#ကဇွဲ

20/04/2023

လာဘ ဓန ဆီမန်းများ ပေးဝေခြင်း

စီးပွားရေးကြပ်တည်းပြီး အဆင်မပြေမှုများနေသောကာလဖြစ်နေတာကြောင့် မိမိတတ်ကျွမ်းသော ပညာနဲ့
အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ပြီး
လာဘ်လာဘ ပွင့်စေနိုင်သော ဆီမန်းများကို
စေတနာကြေးဖြင့် ပေးဝေပါမယ်။

လက်ရှိအချိန်ကနေစပြီး (၂၁)ရက်နေ့ နေ့လည်၁၂နာရီအထိ
စေတနာကြေးနဲ့ ပင့်ဆောင်ခွင့်ပြုပါမယ်။
အလိုရှိသူများ ကျနော့်ရဲ့ PageMessenger Chat Boxတွင် ဆက်သွယ်ကာ
မိမိဆန္ဒဖြစ်ပေါ်သလောက် စေတနာကြေးပူဇော်ကာ
လာရောက် တောင်းခံနိုင်ပါတယ်။
ရရှိသော စေတနာကြေးများကိုလည်း
လိုအပ်သောနေရာများတွင် ပြန်လည်လှူဒါန်းမှာပါ။

ချန်မထားပေးပါဘူးနော်။
ဦးသူယူ စနစ်ပဲသွားပါမယ်။
လူရင်းလူဖျားမခွဲဘဲ အလိုရှိသူ လာရောက်တောင်းခံပါ။
ဒါပါပဲ။

#ကညစသ

Edited:လိုအပ်နေသူတွေမြင်အောင် Shareပေးခြင်းဖြင့်
ကူညီပေးဖို့ရာ တောင်းဆိုပါတယ်။
Pageကိုလည်း Like Followလေး မစသွားပေါ့ဗျာ။

01/04/2023

သိပ်မကြာခင်ကာလမှာ အကြွေးကြေအဆောင်ကို
လူတစ်ရာစာရဖို့ စီရင်နေပါတယ်။
သတ်မှတ်ပူဇော်ကြေးကို ၇သောင်း၂ထောင် + စေတနာကြေးလို့ ယာထားပါတယ်။

မအိပ်သေးခင် ဝမ်းသာရအောင်လာပြောတာ။
လိုချင်တဲ့သူတွေSuu Kyi Myo Nwe အကောင့်မှာ
သို့မဟုတ် 09959444346(viber)မှာ
ပြောထားလို့ရပါတယ်။
#ကဇွဲ

30/03/2023

မယ်တော်ဟိတ်များဖြင့် ထုံမွန်းထားသော
"ဒေဝီအချုပ်စာမလက်ဖွဲ့"

-ဓာတ်အချုပ်တွေထဲကတစ်ခုဖြစ်သော "ဝါစိမ်းနီ"ဓာတ်ကို
အခြေခံ၍ စီရင်ထားသည်။
-သမားစဉ်ကျကျစီရင်နည်းဖြင့် နက္ခတ်ပေါ်ချိန်တွင်
စနစ်တကျပွဲပေး၍ ကိုယ်တိုင်ကိုယ်ကျစီရင်ထားသည်။
-သူရဿတီကဲ့သို့သော မယ်တော်ကြီးများ၏ ဟိတ်တန်ခိုးကို
ပူဇော်၍ နဝင်းကိုက်အသက်သွင်းထားခြင်းဖြစ်သည်။
-ပီယအရာတွင် စန်းပွင့်ခြင်း၊မျက်နှာပွင့်ခြင်း(အကြည်ဓာတ်ရခြင်း)၊လူချစ်လူခင်ပေါများခြင်း၊
ထင်ပေါ်ခြင်း အစရှိသော အကျိုးကျေးဇူးများရနိုင်သည်။
-လာဘအရာတွင် ငွေရွှင်ခြင်း၊ငွေကံတက်ခြင်း၊လာဘ်ပေါများခြင်း၊အကြွေးကြေစေနိုင်ခြင်း၊မုန့်ဖိုးများ(Bonus)ရခြင်း၊ထီကံတက်ခြင်း၊အစရှိသောအကျိုးများရစေနိုင်သည်။
-အခြားသော မဖော်ပြထားသည့် အကျိုးများစွာရနိုင်သေးသည်။

အဓိကရှောင်ရန်မှာ လက်ဖွဲ့ဝတ်စဉ်ထားချိန်
အမဲသား၊ဝက်သား၊အရက်သေစာအထူးရှောင်ကြဉ်ရမည်။
မဝတ်ထားချိန်တော့ ရှောင်ရန်မလိုအပ်ပါ။
အသုဘနာရေးအိမ်၊မီးနေသည်အခန်း အစရှိသောနေရာများသို့
လက်ဖွဲ့ကိုယူဆောင်သွားခြင်းမလုပ်ရပါ။

-ဆောင်ယူမည့်သူကို ပူဇော်ရမည့် ဂါထာများနှင့်
အသုံးပြုနိုင်သောနည်းလမ်းများ အသေးစိတ်သင်ပေးမည်။

နဝင်းကိုက်စီရင်သောကြောင့် (၉)ကုံးသာရမည်။
အလိုရှိသူ ChatBoxတွင် မှာယူနိုင်ပါပြီ။
လူရင်းလူဖျားခွဲ၍ ချန်ထားမပေးပါ။
#ကဇွဲ

24/03/2023

ယနေ့မှ ၂၄ရက်နေ့မှစ၍ ၂၇ရက်နေ့အထိ ဟောခန်းပိတ်ပါသည်။
အရေးပေါ်ကိစ္စဖြစ်ပါက 09971858075ဆီ
ဆက်သွယ်ပြီးမှသာ ဟောခန်းလာပါရန်။
#ကဇွဲ

Photos from Kaung Nyo Si Thu SpritualAdvisor's post 24/03/2023

နှစ်ပင်လိမ်အောက်ပီယလက်ဖွဲ့

ဒီအဆောင်လေးကတော့
-ချစ်သူနှစ်ဦး ပိိုမိုအဆင်ပြေနီးစပ်အောင်သုံးလို့ရပါတယ်။
အဝေးရောက်နေတဲ့ချစ်သူရည်းစား ကိုယ်နဲ့ပဲအဆင်ပြေ၊
ကိုယ်မှကိုယ်ဖြစ်နေစေအောင်လည်း ဆောင်ယူနိုင်ပါတယ်။
-လင်မယားကြားမှာလည်း အချစ်ပိုပြီး အလိမ္မာအိမ်ပါ
ခြေငြိမ်အောင် ဆောင်ထားချင်လည်းရပါတယ်။
-အောက်ပီယအဆောင်ဖြစ်၍ စွဲလမ်းစေပါတယ်။

စီရင်ပုံမှာ သက်ဆိုင်ရာ ဆေးဝါးမန္တရားတွေနှင့်တကွ
ဆောင်ယူမည့်သူနဲ့သက်ဆိုင်သူနာမ်သွင်း၍ စနစ်တကျ
စီမံထားရသည်ဖြစ်၍ အကျိုးသွားများက
ဖော်ပြမကုန်အောင် အနတ္တပါပဲ။

အလိုရှိပါက မှာယူနိုင်ပါတယ်။
#ကဇွဲ

22/03/2023

အောက်ပီယအဆောင်

ဘာတွေစွမ်းလဲဆိုတော့ အောက်ပီယဖြစ်တဲ့အတွက်ကြောင့်
-တဏှာဘက်သွားတဲ့ စန်း(ပီယ)ပွင့်စေကောင်းစေပါတယ်။
-ပီယကို ကြမ်းကြမ်းပွင့်ပြီး ဆောင်ထားရုံမျှနှင့်
တစ်ဖက်လူက ကိုယ်မှကိုယ်ဖြစ်နေပါလိမ့်မယ်။
-တဏှာပီယမလို့ ချစ်သူရည်းစားတွေ
တဏှာနဲ့ချည်ချင်သူတွေ ဆောင်လို့ကောင်းပါတယ်။

Ktv၊မာဆပ်၊Sex workerတွေအတွက် ပိုသင့်တော်ပေမယ့်
သာမန်လူတွေလည်း ဆောင်ယူနိုင်ပါတယ်။
အဓိကအားဖြင့် တဏှာစန်းဖြစ်လို့
လိင်ကိစ္စနဲ့ပက်သက်တဲ့ အပိုင်းတွေနဲ့ ကိုယ့်ကိုစွဲလမ်းစေတဲ့အပိုင်းမှာ
စပယ်ရှယ်ပလန်နဲ့ ပီယပွင့်ပါမယ်။

ညွှန်းရင်တော့အများကြီးရပေမယ့် ဒီလောက်ပါပဲ။
လိုချင်ရင် မှာယူနိုင်ပါတယ်။
#ကဇွဲ

Photos from Kaung Nyo Si Thu SpritualAdvisor's post 19/03/2023

ကလေးငယ်အတွက် အန္တရာယ်ကင်း
သရဏဂုံလိပ်ပြာချုပ်အဆောင်လက်ဖွဲ့။

ဝတ်ထားမှမဟုတ်ဘဲ ဆောင်ထားရုံနဲ့တင်
ဘေးရန်ကင်းကွာ ချမ်းသာအကျိုးရစေတယ်
#ကဇွဲ

17/03/2022

ဝသုန္ဒရေနတ်သမီးရုပ်တု စေတနာကြေးနဲ့ဝေတာ
သတ်မှတ်အရေအတွက် ပြည့်သွားပါပြီဗျာ

မရလိုက်တဲ့သူတွေအတွက် နောက်ထပ်စေတနာကြေးနဲ့
ပေးဝေတဲ့အစီအစဉ်တွေ ထပ်မံစီစဉ်ပေးပါမယ်။
​အဆောင်မရလိုက်ဘဲငွေလွှဲသူတွေကို ပိုက်ဆံပြန်အမ်းပေးဖို့
Page chat boxမှာ လာပြောပေးပါ။
#ကညစသ

17/03/2022

"စေတနာကြေးနဲ့ ပေးဝေမည်"

​ဝသုန္ဒရေမြေနတ်သမီးလို့ ခေါ်တယ်။
အရှေ့မှာ ကိုယ့်ထက်အရင် ရေးဖူးတဲ့ စီနီယာဆရာမ
အမချာရေးထားဖူးတာရှိတော့ သူရေးထားတာကိုပဲ
ပြန်ဖော်ပြလိုက်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဝသုန္ဒရေနတ်သမီးပါရှင့်။
မယ့်သုန်နရေ လို့ ထိုင်းတွေက ခေါ်ပါတယ်။
ချစ်စနိုးနဲ့ အမေသုန် လို့ ခေါ်ပါတယ်။

ဘုရားရှင် ရဲ့ အပရာဇိတပလ္လင်ကို လာလုတဲ့ မာရ်နတ်နဲ့ အပေါင်းအပါတွေကို
ဆံကျစ်ကြားမှာ သိမ်းထားတဲ့ ကုသိုလ်ရေစက်တွေ ညှစ်ချပြီး ရေမျောသွားအောင် သက်သေထူခဲ့တဲ့ နတ်သမီးပါ။
အမျှဝေရာမှာ ဝသုန္ဒရေ ဤမြေပံသု သီလထု လဲ သက်သေအမှုတည်စေသော်ဝ် လို့ ပြောတဲ့ အထဲက ဝသုန္ဒရေပါ။

ဝသုန္ဒရေနတ်သမီး ရဲ့ ညီမ မြေနတ်သမီးတစ်ပါးကနေ ရာဟုအသူရိန် နတ်ကို မွေးဖွားလာလို့ ရာဟုဖမ်းချိန် နေကြတ်လကြတ်ဖြစ်တဲ့အခါ ကမ္ဘာမြေကြီးမှာ အပြောင်းအလဲတွေဖြစ်တိုင်း မြေစောင့်နတ်တွေက လူတွေကို ကာကွယ်ပေးကြတယ်လို့ ဆိုပါတယ်။

အဓိကကတော့ ကုသိုလ်ကို သစ္စာပြုတာပါ။
ဘုရားရှိခိုးပြီးတိုင်း အမျှဝေ တိုင်တည်ပါ။
အခက်အခဲ အကြပ်အတည်းပူလောင်မှု ရှိတာနဲ့ ကိုယ်ပြုသမျှ ကုသိုလ်တွေကို ဝသုန္ဒရေ ရုပ်တု ကိုင်ပြီး ရေထဲကို ထည့် အဲဒီရေကို ရေစက်ချပါ။
သစ္စာဆိုပါ။
မြေပေါ်မြေအောက် မြေနဲ့ ပက်သက်သမျှ လိုရာ တိုင်တည်ပါ။

ကန်တော့ပွဲထိုးရန်မလို ။
လက်အုပ်ချီ ကိုးကွယ်ကန်တော့စရာမလို။
ပုဝါ ဘာညာ ဆက်စရာမလို။
ဆွမ်းကပ်စရာမလို။

နံ့သာဖြန်းပေးပါ။
ပန်းနန်း ရေနန်း မြေနန်း အဆင်ပြေသလို ထားပေးပါ။
ရုပ်တုဆံပင် နဲ့ ကိုယ်ထည်ကို တစ်ပတ် or တစ်လတစ်ခါ အုန်းဆီ သံလွင်ဆီနဲ့ တို့ပေးပါ။
သစ္စာပြုပါ ။ ကုသိုလ်ရေစက်ချပါ။

အမေဝသုန္ဒရေ က နတ်ကောင်းနတ်မြတ် တစ်ပါးဖြစ်ပါတယ်။
ပရိတ် မေတ္တာသုတ် ပဌာန်း အကုန် ရွတ်ပါ။ ဘာမှ မဖြစ်ပါဘူး။

(၁၈)ဦးစာအတွက် ရပါမယ်။အသေးစိတ်ကတော့
ယူမယ့်သူတွေသာ ပြောပါတော့မယ်
အလိုရှိပါက Pageကို See Firstလုပ်ထားတဲ့
SSနဲ့တကွ Chat Boxမှာ လာရောက်ပြောပါ။
#ကညစသ

17/02/2022

လူသိများသော ယတြာဆန်းတခု

မိတ်ဆွေတို့ ဈေးဆိုင်တို့၊ စားသောက်ဆိုင်တို့ ရောက်တဲ့အခါမှာ ပုလင်းအစိမ်းလေး တလုံးထဲမှာ နှင်းဆီပန်း အနီရောင်တပွင့်ထိုးပြီး ကောင်တာစားပွဲပေါ်မှာ တင်ထားတာမျိုးကို မြင်ဖူးကြမယ် ထင်ပါတယ်။
ပုလင်းတောင် အချိုရည်ပုလင်း၊ ရေပုလင်း မဟုတ်ပဲ အရက်ပုလင်း အစိမ်းရောင်ဖြစ်ပါတယ်။
အရက်ပုလင်း အစိမ်းရောင်ထဲမှာ ကျောက်စလစ်ခဲ ကိုးလုံးထည့်ပြီး ရေတဝက်လောက်ထည့်ကာ
နှင်းဆီပန်းတပွင့် ထိုးထားရုံပါပဲ။

လာဘ်ရွှင်၊ လူဝင် စေတဲ့ အဆောင်ယတြာတမျိုးဖြစ်ပါတယ်။သုံးထားတဲ့ ပါဝင်ပစ္စည်းတွေကို လေ့လာကြည့်ရအောင်။

အရက်၊ ပုလင်း၊ ကျောက်စလစ် စတဲ့ ပဉာတ်တွေကို
နံသင့်ယူတဲ့အခါ ပေါင်းခြင်း ၉ ရပါတယ်။ အများသိတဲ့ အတိုင်း နဝင်းပေါ့။
အ + ရက်
၁ + ၈ = ၉

ပု + လင်း
၅ + ၄ = ၉

ကျောက် + စ + လစ်
၂ + ၃ + ၄ = ၉

တခါ နှင်းဆီ၊ ပုလင်း၊ အရက် စတာတွေကို ဂြိုဟ်သက်အလိုက် ယူကြည့်တဲ့ အခါ ပေါင်းခြင်း
၁၈၊ ၃၆ ရပါတယ်။ ဒါလည်း နဝင်းပါပဲ။
နှင်း + ဆီ
၁၀(ဂြိုဟ်သက်) + ၈(ဂြိုဟ်သက်) = ၁၈

ပု + လင်း
၁၉(ဂြိုဟ်သက်) + ၁၇(ဂြိုဟ်သက်) = ၃၆

အ + ရက်
၆(ဂြိုဟ်သက်) + ၁၂(ဂြိုဟ်သက်) = ၁၈

အခုလို ရုပ်နဝင်းရတဲ့ ပစ္စည်းတွေ၊ နာမ်နဝင်းရတဲ့ ပစ္စည်းတွေကို သုံးပြီး အဆောင်ယတြာအ​ေနနဲ့ စီမံထားတာဖြစ်ပါတယ်။ အစိမ်းရောင်ကတော့ Money color ငွေကြေးနဲ့ ဆိုင်တဲ့ အရောင်ကို သုံးထားတာပါ။
ကျွန်တော် လေ့လာမိသလောက်တော့ အဘမင်းသိင်္ခ စီမံပေးခဲ့တာဖြစ်ပါတယ်။ တပည့်တပန်းများပြီး လူချစ်လူခင်များတဲ့ အဘမင်းသိင်္ခကို တိုက်ခိုက်ကြတဲ့ လူတွေ မျက်စောင်းအထိုးဆုံး ယတြာဆန်းတခုလည်း ဖြစ်ပါတယ်။ ထားပါ ဒါက ကြုံလို့ပြောပြတာပါ။
မိတ်ဆွေတို့ ဗဟုသုတရရန်အလို့ငှာ မျှဝေခြင်းသာ။

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများကို ဦးခိုက်လျက်
ဒဂုန်ရောင်

06/02/2022

စ-ဓ-ဗ-ဝ စမလေးလုံးအဓိပ္ပာယ်
ဘုရားကန်တော့နည်း
( စမလေးလုံးအဓိပ္ပာယ်သိချင်သူများ
ကူးယူပူဇော်ကြပါ )

စ- အက္ခရာ မေသဉ္ဇ ဗုဒ္ဓ ရူပံ
စ-ကုသလံ အနိစ်စံ ဒုက်ခံ အနတ်တံ
စ-စကျခုမာ စရမာစိဏျဏော
စ- ဒိတ္ဗ စက္ခု သဗ္ဗညုဉာဏ်တော်ကြီးကို
ရရှိတော်မူပြီး
စ- အင်္ဂါနေ့တွင် ဘုရားဖြစ်တော်မူပေသော
ကောက္ကသံဂုံမြတ်စွာဘုရား၏
ပထဝီဓါတ် ဓါတု တည်နေတော်မူသော
စေတီတော်အပေါင်း ရုပ်ပွားတော်အပေါင်းကို
ရိုသေစွာ ရှိခိုးကန်တော့ပါ၏

ဓ-အက္ခရာ မေသဉ္ဇ ဗုဒ္ဓရူပံ
ဓ-ကုသလံ အနိစ်စံ ဒုက်ခံအနတ်တံ
ဓ-ဓမ္မညူဓမ္မာသာမိကော
ဓ-ဓမ္မခန္ဓာပေါင်း
ရှစ်သောင်းလေးထောင်နှင့်ဓမ္မစကြာတရားတော်တိုကိုဟောကြားတော်မူပြီး
ဓ-စနေနေ့တွင် ဘုရားဖြစ်တော်မူသည့်
ကောဏဂုံမြတ်စွာဘုရား၏
တေဇောဓါတ်ဓါတု တည်နေတော်မူသော
စေတီတော်အပေါင်း ရုပ်ပွားတော်အပေါင်းကို
ရိုသေစွာ ရှိခိုးကန်တော့ပါ၏

ဗ-အက္ခရာ မေသဉ္ဇ ဗုဒ္ဓရူပံ
ဗ-ကုသလံ အနိစ်စံ ဒုက်ခံ အနတ်တံ
ဗ-ဗလူပေတောဗလဒဌော
ဗ-ဗလငါးတန်နှင့်ပြည့်စုံပြီး ဗောဓိပင်နှင့်ရွှေပလ္လင်ကိုအောင်တော်မူ၍
ဗ-ကြာသာပတေးနေ့တွင် ဘုရားဖြစ်တော်မူသည့် ကဿပဂုံ မြတ်စွာဘုရား၏ အာပေါဓာတ်ဓါတု
တည်နေတော်မူသော စေတီတော်အပေါင်း
ရုပ်ပွားတော်အပေါင်းကို ရိုသေစွာရှိခိုးကန်တော့ပါ၏

ဝ-အက္ခရာ မေသဉ္ဇ ဗုဒ္ဓရူပံ
ဝ-ကုသလံ အနိစ်စံ ဒုက်ခံအနတ်တံ
ဝ-ဝရဒေါေဒေတုတေ ဝရံ
ဝ-ဝေနေယျသတ္တဝါများကို နိဗ္ဗာန်သောင်ကမ်းသို့ပို့ဆောင်တော်မူပီး
ဝ-ဗုဒ္ဓဟူးနေ့တွင် ဘုရားဖြစ်တော်မူသည့်
ဂေါတမမြတ်စွာဘုရား၏ ဝါယောဓါတ်ဓါတု
တည်နေတော်မူသောစေတီတော်အပေါင်း
ရုပ်ပွားေတော်အပေါင်းက်ို ရိုသေစွာရှိခိုးကန်တော့ပါ၏

မှတ်ချက် = ရွှေတိဂုံစေတီတော်
သထုံမြို့ရွှေစာရံစေတီတော်တို့သည်
ပွင့်တော်မူပီးသည့်
ဘုရားလေးဆူ၏ဓါတ်တော်များ
ကိန်းဝပ်စံပယ်တော်မူသည်
ဤအနကျအဓိပ်ပာယျကို
ရှေးဟောင်းကျမ်းထဲမှရရှိခဲ့ပါသည်
ကူးယူဖြန့်ဝေပြီး ဒါနပြုကြပါရန်
နှိုးဆော်အပ်ပါသည်

-ဓ-ဗ-ဝ စမလေးလုံးအဓိပ္ပာယ် ဘုရားကန်တော့နည်း
( စမလေးလုံးအဓိပ္ပာယ်သိချင်သူများ ကူးယူပူဇော်ကြပါ )

စ- အက္ခရာ မေသဉ္ဇ ဗုဒ္ဓ ရူပံ
စ-ကုသလံ အနိစ်စံ ဒုက်ခံ အနတ်တံ
စ-စကျခုမာ စရမာစိဏျဏော
စ- ဒိတ္ဗ စက္ခု သဗ္ဗညုဉာဏ်တော်ကြီးကို ရရှိတော်မူပြီး
စ- အင်္ဂါနေ့တွင် ဘုရားဖြစ်တော်မူပေသော ကောက္ကသံဂုံမြတ်စွာဘုရား၏ ပထဝီဓါတ် ဓါတု တည်နေတော်မူသော စေတီတော်အပေါင်း ရုပ်ပွားတော်အပေါင်းကို ရိုသေစွာ ရှိခိုးကန်တော့ပါ၏
ဓ-အက္ခရာ မေသဉ္ဇ ဗုဒ္ဓရူပံ
ဓ-ကုသလံ အနိစ်စံ ဒုက်ခံအနတ်တံ
ဓ-ဓမ္မညူဓမ္မာသာမိကော
ဓ-ဓမ္မခန္ဓာပေါင်း
ရှစ်သောင်းလေးထောင်နှင့်ဓမ္မစကြာတရားတော်တိုကိုဟောကြားတော်မူပြီး
ဓ-စနေနေ့တွင် ဘုရားဖြစ်တော်မူသည့် ကောဏဂုံမြတ်စွာဘုရား၏ တေဇောဓါတ်ဓါတု တည်နေတော်မူသော စေတီတော်အပေါင်း ရုပ်ပွားတော်အပေါင်းကို ရိုသေစွာ ရှိခိုးကန်တော့ပါ၏
ဗ-အက္ခရာ မေသဉ္ဇ ဗုဒ္ဓရူပံ
ဗ-ကုသလံ အနိစ်စံ ဒုက်ခံ အနတ်တံ
ဗ-ဗလူပေတောဗလဒဌော
ဗ-ဗလငါးတန်နှင့်ပြည့်စုံပြီး ဗောဓိပင်နှင့်ရွှေပလ္လင်ကိုအောင်တော်မူ၍
ဗ-ကြာသာပတေးနေ့တွင် ဘုရားဖြစ်တော်မူသည့် ကဿပဂုံ မြတ်စွာဘုရား၏ အာပေါဓာတ်ဓါတု တည်နေတော်မူသော စေတီတော်အပေါင်း ရုပ်ပွားတော်အပေါင်းကို ရိုသေစွာရှိခိုးကန်တော့ပါ၏
ဝ-အက္ခရာ မေသဉ္ဇ ဗုဒ္ဓရူပံ
ဝ-ကုသလံ အနိစ်စံ ဒုက်ခံအနတ်တံ
ဝ-ဝရဒေါေဒေတုတေ ဝရံ
ဝ-ဝေနေယျသတ္တဝါများကို နိဗ္ဗာန်သောင်ကမ်းသို့ပို့ဆောင်တော်မူပီး
ဝ-ဗုဒ္ဓဟူးနေ့တွင် ဘုရားဖြစ်တော်မူသည့် ဂေါတမမြတ်စွာဘုရား၏ ဝါယောဓါတ်ဓါတု တည်နေတော်မူသောစေတီတော်အပေါင်း ရုပ်ပွားေတော်အပေါင်းက်ို ရိုသေစွာရှိခိုးကန်တော့ပါ၏
မှတ်ချက် &= ရွှေတိဂုံစေတီတော် သထုံမြို့ရွှေစာရံစေတီတော်တို့သည် ပွင့်တော်မူပီးသည့် ဘုရားလေးဆူ၏ဓါတ်တော်များ ကိန်းဝပ်စံပယ်တော်မူသည် ဤအနက်အဓိပ္ပာယ်ကို ရှေးဟောင်းကျမ်းထဲမှရရှိခဲ့ပါသည် ကူးယူဖြန့်ဝေပြီး ဒါနပြုကြပါရန် နှိုးဆော်အပ်ပါသည်


#ကညစသ

04/02/2022

စုန်းနဲ့ ကဝေဖြစ်တိုင်းလည်း
ငရဲသွားရတယ်တော့မဟုတ်ဘူးဗျ

ဋီကာကျမ်းထဲမှာတော့
(စုန်း=> စုန္နော - အတတ်ပညာတစ်ရပ်ကို တစ်ဖက်ကမ်းခတ်အောင် ကျွမ်းကျင်သူ) ရယ်လို့ အနက်ဖွင့်ဆိုတယ်။
ကဝေဆိုတာကိုကျ
(ကဝေ - ကဝိ - ပညာရှိ)
(ကဝေမြောက် ကဝိ၊ ကျမ်းဂန်တတ်အကျော်ပုဂ္ဂိုလ်)ဆိုပြီး
Burmese Orthography, Myanmar Language Commission, 1993. ထဲမှာ အနက်ဖွင့်ဆိုတယ်။

ဒီနေရာမှာ ရှေးလူကြီးတွေပြောကြတဲ့ စုန်းဆိုတာကို
ဗဟုသုတအနေနဲ့ နည်းနည်းပြောရရင်
လောကီအင်္ဂုတ္တိုရ်ကျမ်းရင်းကြီးအရ စုန်းမျိုးခုနစ်ပါးရှိတယ်လို့ ဆိုကြတယ်။ ယင်းတို့ကား ခြေစုန်း၊ ခေါင်းစုန်း၊ ကိုယ်စုန်း၊ မောက်လုံးစုန်း၊ မောက်ပြားစုန်း၊ အိန့်ကလိန့်စုန်း၊ ကဝေ မြောက်စုန်းဟူ၍ ခုနစ်မျိုးတည်း။
(၁) ခြေစုန်းသည် သစ်သီး သစ်ပွင့်ကိုသာစား၍၊ ခြေကိုသော်လည်းကောင်း၊ ခြေရာကိုသော်လည်းကောင်း ကိုယ်တိုင်ကိုင်ရမှ ဖမ်းစားနိုင်သည်ဟု အဆိုရှိသည်။ ယင်းကို ရွာသူဟုလည်းခေါ်ကြသည်။
(၂) ခေါင်းစုန်းသည် သစ်သီးမှည့် အချို အချဉ်ကိုစား၍၊ အရိပ်ကိုသော်လည်းကောင်း၊ ခြေရာကိုသော်လည်းကောင်း ကိုယ်တိုင်ထိရမှ ဖမ်းစားနိုင်သည်။ ယင်းကို နဖားတပ်ဟုလည်း ခေါ်ကြသည်။
(၃) ကိုယ်စုန်းသည် မစင်ချေးခြောက်ကိုသာ စား၍၊ ခြေရာကိုတိုင်ထိရမှ ဖမ်းစားနိုင်သည်။ ယင်းကို ဆင်ကွပ်ဟုလည်း ခေါ်ကြသည်။
(၄) မောက်လုံးစုန်းသည် အသွေး အသား အရေကိုစား၍၊ ကိုယ်တိုင်မြင်ရ ထိရနမ်းရှုပ်ရမှ ဖမ်းစားနိုင်သည်။ ယင်းကို စုန်းဟုလည်းခေါ်ကြသည်။
(၅) မောက်ပြားစုန်းကား အအူအသည်းအမြစ်ကိုစား၍ မောက်လုံးစုန်းကဲ့သို့ပင်၊ ကိုယ်တိုင်မြင်ရ ထိရ နမ်းရှုပ်ရမှသာ ဖမ်းစားနိုင်သည်။ ယင်းကို ရွာသမီးဟုလည်း ခေါ်ကြသည်။
(၆) အိန့်တလိန့်စုန်းသည် အကြော်အလှော် အဆိမ့်အအိမ့်တို့ကိုစား၍ အမည်နာမကို သိရမှ၊ မိမိလက်အောက်ရှိ ၃၇ မင်းနတ်တို့ကို စေပါးခိုင်းခန့် ဖမ်းစားနိုင်သည်။ ယင်းကို ဇော်ဂနီ ဟုလည်းခေါ်ကြသည်။
(၇) ကဝေမြောက်စုန်းကား လူသွေး လူသားလူရိုးတို့ကိုစား၍၊ အမည်နာမကိုသိရမှ၊ မိမိလက်အောက် နတ်တို့ကို စေပါးခိုင်းခန့် ဖမ်းစား နိုင်သည်။ ယင်းကို ကဝေဟုလည်းခေါ်ကြသည်။
ခြေစုန်း၊ ခေါင်းစုန်း၊ ကိုယ်စုန်း သုံးယောက်တို့သည် လူကိုသေအောင် မဖမ်းစားနိုင်။ ကျန်လေးယောက်သော စုန်းတို့သာလျှင် လူကို သေအောင် ဖမ်းစားနိုင်သည်ဟု အဆိုရှိသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

စုန်းအတတ်နှင့်စပ်လျဉ်းသော အနောက်နိုင်ငံအယူအဆ ဗဟုသုတတို့ကို အောက်တွင် ဆက်လက်၍ ဖော်ပြလိုက်သည်။
ရှေးရောမခေတ်မတိုင်မီ နှစ်ပေါင်းများစွာကစ၍ အီဂျစ်ပြည်တွင် စုန်းအတတ်သည် ခေတ်စားခဲ့သည်။ ရောမ ဥပဒေများတွင် စုန်းအတတ်သည် ခေတ်စားခဲ့သည်။ ရောမ ဥပဒေများတွင် စုန်းအတတ်ကို တတ်သူတို့အား ရာဇဝတ်ပြစ်မှု ကျူးလွန်သူဟူ၍ ပညတ်ထားသည်။

စုန်းကဝေတို့သည် လူကိုသာမက၊ လူတို့ပိုင်ဆိုင်သော ကျွဲ၊ နွား၊ လယ်ယာ၊ ချောင်းမြောင်းတို့ကိုလည်း ပြုစားတတ်သည်ဟု ဆိုကြသည်။ ကလေးများကိုလည်း ဖမ်းစားတတ်သည်ဟု ယူဆကြသည်။ စုန်းမတို့သည် ရေကြီးရအောင်သော်လည်းကောင်း၊ မိုးခေါင်၊ စပါးသီးနှံ ပျက်စီးရအောင်သော်လည်းကောင်း၊ လူကိုတိရစ္ဆာန်ဖြစ်အောင်သော်လည်းကောင်း ဖန်တီးနိုင်သည်ဟုလည်း ဆိုကြသည်။ ထို့ကြောင့် ရောမဥပဒေတွင် ကောက်ပဲသီးနှံများကို ဖျက်ဆီးခြင်း၊ ဘုရားဝတ်ကျောင်းမှ ပစ္စည်းများကို ဖျက်ဆီးခြင်း၊ လူသေအလောင်းကို တူးဖော်ခြင်း၊ ရုပ်တုများ ပြုလုပ်ခြင်းစသော စုန်းပညာနှင့်မကင်းသည့် လုပ်ငန်းများကို အရေးယူ တားမြစ်ထားပေသည်။ ထို့ပြင် အရပ်သူ အရပ်သားတို့မှာလည်း၊ လူတစ်ဦးတစ်ယောက် ရုတ်တစ်ရက်နာမကျန်းရှိ၍ သေလတ်သော် စုန်း ပြုစားခြင်းကြောင့်ဟု ယူမှတ်ကြသည်။

စုန်းပြုစားသူတို့သည် မိမိတို့က ပြုစားလိုသူ၏ ရုပ်ပုံ အတုကို ဖယောင်းဖြင့်ထုလုပ်၍ ဆေးဝါးမန္တရားဖြင့် စီရင်ကြသည်ဟုဆိုသည်။ အချို့ကား ပြုစားခြင်းခံရမည့်သူ၏ လက်သည်း၊ ခြေသည်း၊ ဆံပင်၊ အဝတ်အစား စသည်တို့ကိုရလျှင် ပြုစားနိုင်သည်ဟုဆိုသည်။ ထို့ကြောင့် အလွန်ရှေးကျသော လူတို့သည် လူပြုစားခံရမည်ကိုကြောက်ရွံ့၍၊ ခြေသည်း၊ လက်သည်းနှင့် ဖြတ်ပြီးသော ဆံပင်တို့ကို ကောင်းစွာသိမ်း ဆည်းထားတတ်ကြသည်။

အနောက်နိုင်ငံ အယူအဆအရဆိုလျှင်၊ ဆက်တန်ခေါ် နတ်ဆိုးကြီးသည် စုန်းအတတ်ကိုပေးသူဖြစ်လေရာ စုန်းအတတ်ကိုတတ်သူသည် ဆက်တန်အား ဝိညာဉ်ကို ပေးအပ်ထားရသူဟု ဆိုလေသည်။ စုန်းကဝေတို့သည် တိရစ္ဆာန်အသွင်ကိုယူကာ လူနှင့်လည်း ရောနှော နေထိုင်တတ်ကြသည်။ မိစ္ဆာနတ်တို့နှင့်လည်း ရောနှောနေထိုင်တတ်ကြသည်။ စုန်းကဝေတို့၌ မိစ္ဆာနတ်နှင့်ရသော သားသမီးများ ရှိတတ်သည်။ ထို့ကြောင့် လူမိန်းမက ဘီလူးကိုမွေးသည်ဟူ၍လည်းကောင်း၊ ထိုမွေးသော ဘီလူးမှာ မိစ္ဆာနတ်တို့နှင့်ရသော သားသမီး ဖြစ်သည် ဟူ၍လည်းကောင်း ယုံကြည်ကြသည်။ ဥရောပတိုက်တွင် စုန်းမများသည် မိမိတို့၏ကိုယ်ပေါ်တွင် ဖားပြုပ်နှင့် ယုန်ခြေထောက် အရုပ်များကို ဆေးထိုးထားလေ့ရှိသည်။

ဥရောပတိုက်တွင် ၁၅ ရာစုနှင့် ၁၇ ရာစုနှစ်လောက်မှစ၍ ၁၉ ရာစုနှစ်တိုင်အောင် စုန်းကဝေတို့ကို ရာဇဝတ်မှု ကျူးကျော် သူဟူ၍ ကားစင်တွင်သတ်ရန် အပြစ်ဒဏ်ပေးသည့်ထုံးတမ်းနှင့် ဥပဒေများရှိခဲ့သည်။ သမိုင်းဆရာတို့က ခရစ် ၁၄၈၄ ခုမှ ၁၇၈၂ ခုနှစ်အတွင်း စုန်းဟူသော စွပ်စွဲချက်ဖြင့် ခရစ်ယာန် ဝတ်ကျောင်းတော်၌ စီရင်ခဲ့သည်မှာ သုံးသိန်းနီးပါးမျှရှိသည်ဟု ဆိုသည်။ ဂျာမနီ၊ အင်္ဂလန်၊ ပြင်သစ်၊ စပိန်နှင့် အီတလီနိုင်ငံတို့တွင် စုန်းများကို ဝတ်ကျောင်းများ၌ စီရင်လေ့ရှိ၏။ အမေရိကန်ပြည်ထောင်စု၌ကား စုန်းတို့ကို ဆေးလမ်မြို့၌ ပျူရီတန် ဂိုဏ်းဝင်တို့က စီရင်ကြသည်။

အနောက်နိုင်ငံတို့၏ အယူအဆ၌ စုန်းဟုတ်သည်၊ မဟုတ်သည်ကို အပ်ဖြင့်ထိုး၍စမ်းက သိနိုင်သည်ဟု ဆိုသည်။ စုန်းဖြစ်ခဲ့လျှင်၊ စုန်း၏ ကိုယ်၌ အပ်ရာအပေါက်ထင်စေကာမူ နာကျင်ခြင်းမရှိဟုဆိုသည်။ ရှေးကအင်္ဂလန်နိုင်ငံတွင် မကောင်းဆိုးရွား ပူးကပ်ခြင်းရှိသည်ဟု ယုံကြည်ကြသည်။ တစ်ရံရော အခါက ကလေးများတက်၍ ပါးစပ်မှ တွယ်အပ်များကို အန် ထုတ်သည်ဟု သတင်းဖြစ်ပွားခဲ့ရာ လူအများသည် ထိုကလေးတို့ကို စစ်ဆေးကြည့်ရှုခဲ့ကြ၏။ ထိုကလေးများသည် 'ဆက်တန်'ဟူ၍ မိစ္ဆာနတ်၏ အမည်ကိုကား မဆိုနိုင်သည်ကို တွေ့ရလေသည်။ ထို့ကြောင့်လူတို့က ဆက်တန်နတ် ပူးနေသည်ဟု ယူဆကြသည်။

အနောက်နိုင်ငံများ၌ စုန်းအတတ်သည် ခရစ်ယာန်အယူဝါဒ မထွန်းကားမီ ရှေးဂရိနှင့်ရောမတို့လက်ထက်က ပေါ်ပေါက်လာပြီးလျှင် ခရစ်ယာန်အယူဝါဒ ထွန်းကားလာသောအခါ ပပျောက်သွားသည်။ စုန်းကဝေအတတ်မှာ အသိအလိမ္မာ အလွန်နည်းကြသေးသော ရှေးလူရိုင်းများခေတ်က စတင်ပေါ်ခဲ့ပေသည်။ ထိုစဉ်က လူများမှာ ဗဟုသုတနည်း၍ ဆင်ခြင်ဝေဖန်နိုင်သည့် အရည်အချင်းများ မရှိဘဲ၊ ကြောက်ရွံ့ခြင်း၊ အယူသည်းခြင်းစသော စိတ်ဓာတ်များသာ လွှမ်းမိုးနေကြသည်။ သူတို့၏စိတ်၌ လငပုပ်ဖမ်းခြင်း၊ နေကြတ်ခြင်းစသည် တို့ကိုပင် မကောင်းဆိုးရွားတို့က လုပ်သည်ဟု ယုံကြည်နေကြသည်။ ဂါထာမန္တရားတို့ကို အလွန် ယုံကြည်ကြသည်။ ဆေးဝါးများ မရှိသေးသောခေတ် ဖြစ်၍ တစ်စုံတစ်ယောက် နေထိုင်မကောင်းလျှင် မန်းမှုတ်ခြင်းဖြင့် ကုစားကြ၏။ လူရိုင်းတို့၏စိတ်၌ ကမ္ဘာကြီးသည် နှစ်ခြမ်းကွဲလျက် တစ်ဖက်၌ လူကောင်း သူကောင်းများရှိ၍ အခြားတစ်ယောက် နာဖျားလျှင်လည်းကောင်း၊ ဒုက္ခရောက်လျှင် လည်းကောင်း မကောင်းဆိုးရွားများက လုပ်သည်ဟု ယူဆ၍၊ ထိုမကောင်းဆိုးရွားများထွက်အောင် ကြိုးစား၍ ဂါထာမန္တရားများကို ရွတ်ဖတ်လေ့ရှိကြ၏။

ဒီလောက်ဆိုတော်ရောပေါ့။ ကျန်တာ ကိုယ့်ဖာသာတွေးတော့......။ ။

04/02/2022

🍀အမြစ်အညွန့်မတွန့်စေရ🍀

အမြစ်အညွန့်မတွန့်စေရ ယတြာကြီးက ဆရာကြီးမင်းသိင်္ခဖော်ထုတ်ခဲ့တဲ့ ယတြာတွေထဲက အလွန်အစွမ်းထက်
အလွန်အသုံးဝင်သော ယတြာတစ်ခုဖြစ်ပါတယ်။
ဒီယတြာကို

(၁) အမှုအခင်းဖြစ်နေသူများ
(၂) အတိုက်အခံကြုံ၍ အခက်ခဲတွေ့နေသူများ
(၃) ကျန်းမာရေးအလွန်ညံ၍ အသက်ကိုလုနေရသည့်သူများ
(၄) အလုပ်ပြုတ်တော့မလို ဖြစ်နေသူများ
(၅) မိမိကမပြောင်းရွှေ့လိုဘဲ ပြောင်းရွှေ့ရန်ဘအကြောင်းပေါ်နေသူများ
(၆) မိမိကပြောင်းရွှေ့လိုသည်၊ထွက်လိုသည်၊ပြောင်းရွှေ့ခွင့်မရသူများ
(၇) ဘေးဥပါဒ်များ နေရာသို့ သွားရန်ရှိနေသူများ
(၈) နိုင်ငံခြားထွက်ရန်ကြိုးပမ်းသော်လည်း အကြောင်းအမျိုးမျိုးနှင့် တစ်နေသူများသည်။

အောက်တွင်ဖော်ပြထားသော ယတြာကို ပြုလုပ်ရ၏။
ထိုယတြာကို ပြုလုပ်လိုက်ပါက (၂၁)ရက်အတွင်း၌ ထူးခြားသွားတတ်၏။

====================================

အလွန်အစွမ်းထက်သော အမြစ်အညွန့်မတွန့်စေရ ယတြာကြီး

တနင်္ဂနွေသားသမီးများအတွက်
လှူရမည့်ပန်း - ဒန်းကြီး ၂၅ ညွန့်
လုပ်ရမည့်နေ့ - တနဂ်နွေ
လုပ်ရမည့်နာရီ - ၉: ၄
ကိုယ်စားလုပ်ပေးရမည့်နေ့သား- သောကြာ

တနလ်ာသားသမီးများအတွက်
လှူရမည့်ပန်း - သြဇာ ၁၄ ညွန့်
လုပ်ရမည့်နေ့ - တနလ်ာ
လုပ်ရမည့်နာရီ - ၉: ၄၅
ကိုယ်စားလုပ်ပေးရမည့်နေ့သား - စနေ

အင်္ဂါသားသမီးများအတွက်
လှူရမည့်ပန်း - ခရေ ၃၂ ညွန့်
လုပ်ရမည့်နေ့ - အဂ်ါ
လုပ်ရမည့်နာရီ - ၉: ၄၅
ကိုယ်စားလုပ်ပေးရမည့်နေ့သား - တနင်္ဂနွေ

ဗုဒ္ဓွဟူးသားသမီးများအတွက်
လှူရမည့်ပန်း - စိန်ပန်း ၂၅ ညွန့်
လုပ်ရမည့်နေ့ - ဗုဒ္ဓဟူး
လုပ်ရမည့်နာရီ - ၉: ၄၅
ကိုယ်စားလုပ်ပေးရမည့်နေ့သား - တနင်္လာ

ကြာသာပတေးသမီးများအတွက်
လှူရမည့်ပန်း -လောက်သေ ၃၈ ညွန့်
လုပ်ရမည့်နေ့ - ကြာသာပတေး
လုပ်ရမည့်နာရီ - ၉: ၄၅
ကိုယ်စားလုပ်ပေးရမည့်နေ့သား - အင်္ဂါ

သောကြာသားသမီးများအတွက်
လှူရမည့်ပန်း - ပိတောက် ၂၉ ညွန့်
လုပ်ရမည့်နေ့ - သောကြာ
လုပ်ရမည့်နာရီ - ၉: ၄၅
ကိုယ်စားလုပ်ပေးရမည့်နေ့သား - ဗုဒ္ဓဟူး

စနေသားသမီးများအတွက်
လှူရမည့်ပန်း - သင်အူ ၂၇ ညွန့်
လုပ်ရမည့်နေ့ - စနေ
လုပ်ရမည့်နာရီ - ၉: ၄၅
ကိုယ်စားလုပ်ပေးရမည့်နေ့သား - ကြာသပတေး

ထားရမည့် ရက်ကို (၂၁)ရက်ထားရပါမည်။ထိုရက်အတွင်းလထိကိုင်ခြင်းမပြုရပါ။လိုအပ်လျှင် (၃)ကြိမ်အထိ လုပ်ရပါမည်။

မှတ်ချက်။ ။သင်အူညွှန့်သည်ရှာ
ဖွေရန်အလွန်ခက်သ ဖြင့်သင်အူညွှန့်
အစား သဲအိုးတစ်လုံးနှင့် အုန်းညွန့် (၆)ညွန့် ပူးတွဲလုပ်ရပါမည်။

#ကောင်းညိုစည်သူ
#ယတြယကဏ္ဍ

Want your business to be the top-listed Event Planning Service in Dagon?
Click here to claim your Sponsored Listing.

Videos (show all)

Category

Telephone

Website

Address


Boe Yar Zar, Lote Thar, 559
Dagon

Other Dagon event planning services (show all)
Shinn Sky Group - ဇိမ်ခံကားအဌားဝန်ဆောင်မှု Shinn Sky Group - ဇိမ်ခံကားအဌားဝန်ဆောင်မှု
Yangon
Dagon

ဇိမ်ခံကားအဌားဝန်ဆောင်မှု ရုံး ကျော?

Golden Ticket လေယာဉ်လက်မှတ် Golden Ticket လေယာဉ်လက်မှတ်
A406 , Third Floor . Shwe Gon Tine Tower
Dagon, 11201

Golden Ticket is Leading Myanmar Air ticket agent which under Golden Youth Travel and Tour Co,.Ltd.

Miss You - Surprise Gift services Miss You - Surprise Gift services
Dagon

Surprise gift box, Hampers, Thanks giving box, Anniversary, give away, etc.

V Kyat V Kyat
Yangon
Dagon, 11421

ကဲ မဆော့ရင်လဲ မဆော့နဲ့ ... မနေနိုင်လို့ဆော့ရင်လဲ Vkyat Official Site မှာ လာဆော့နော်...

Channel Key Of Myanmar VPN Channel Key Of Myanmar VPN
No2114 Wayside Lane
Dagon

no

Flora by May Flora by May
Dagon, 11421

Flower & Gift Shop

The Black Knight The Black Knight
64
Dagon

မဂ်လာပါ The Black Knight မှကြိုဆိုပါတယ်ရှင့် တောင်ပေါ်သားနှင့်M9ရှမ်းကိုးမီးဝါသနာရှင်များကမ်းလှမ်းရန်

Choose me online game Choose me online game
No, 676, Minyekyawswar Road
Dagon, 11191

မဂ်လာပါ Agency Playfun77 online ဝန်ဆောင်မူမှကြိုဆိ

Defalt Defalt
Dagon

A young DJ/producer with big dreams in Myanmar.

CMC Advertising & Exhibition CMC Advertising & Exhibition
Dagon

CMC နဲ့သာလက်တွဲလိုက်ပါ ပွဲ တိုင်း လှပသွားစေရမယ်

Running Man & variety show Running Man & variety show
Yangon
Dagon

Running Man Fan Page

𝐊𝐎 𝐀𝐘𝐄 𝐌𝐈𝐍
-သစ်ခွဆက်စပ်ပစ္စည်းမျိုးစုံ 𝐊𝐎 𝐀𝐘𝐄 𝐌𝐈𝐍 -သစ်ခွဆက်စပ်ပစ္စည်းမျိုးစုံ
Dagon

သစ်ခွဆေးနှင့်အစာ/ သဇင်တိုင်ဆိုဒ်စုံ