Aung Myin Chan Thar Gems & Jewellery

မဂၤလာပါ

07/06/2024

ကိုယ့်ဘဝလမ်းကြောင်းမှာ ...
အကုသိုလ်မကင်း , အပြစ်မကင်းတဲ့
အလုပ်တာဝန်မျိုးကို ခြိမ်းခြောက်ပြီးဖြစ်စေ
မက်လုံးပေး ဆွဲဆောင်ပြီးဖြစ်စေ ပေးအပ်ခံရလို့
မဖြစ်မနေလုပ်ရမယ် ဆိုရင်
ရာထူးစည်းစိမ်နဲ့ အခွင့်အရေးလည်း
ပြတ်ပြတ်သားသား စွန့်လွှတ်ရလိမ့်မယ်။

တစ်ဘဝချမ်းသာနဲ့
သံသရာဆင်းရဲကို လဲမယူနိုင်ဘူး။
အသိဥာဏ်နဲ့ သီလကိုသာ ဦးထိပ်ထားတယ်။
ဒုက္ခခံရ တစ်ဘဝပဲပေါ့။

သေရမယ့်သူချည်းပဲ။
လူ့ဘဝ သက်တမ်းတိုတိုလေးမှာ အပြစ်ကင်းတဲ့
အသက်ရှူသံနဲ့ သာ ရှင်သန်နေထိုင်သွားချင်တယ်။
This is my own decision.

"ငါ့နောက်လှည့်ကြည့်, ဘုရားရှိသော်
မည်သည့်ကိစ္စ , မည်မျှကြမ်းတမ်း
ခြေလှမ်းမရုတ် , နောက်မဆုတ်ပြီ
မလှုပ်ရဲတင်း , ခြင်္သေ့မင်း။"

(မဟာဗောဓိမြိုင် ဆရာတော်ဘုရား)

07/06/2024

ဘဝဟောင်း..လေးဘုံပါယ်ရွာသာအများဆုံးမို့
@@@@@@@@@@@@@@@@@@@@
ကာမ ကိစ္စကျတော့ အရင်ကလုပ်ခဲ့ဘူးတော့
ဒီဘဝမှာလည်း ဆရာမပြဘဲနဲ့တောင်
တက်ပါ့ဗျာ။ ဈာန်ကိစ္စကျတော့
ဆရာပြတာတောင် သဘောပေါက်ရဲ့လား။
မလုပ်ခဲ့ဘူးဆိုတာ သေချာတယ်ထင်သဗျာ။
ဒီလိုဆို ကိလေသာကို ရှို့မြိုက်ဖျက်စီးပြီး
ဆန်ပြီးဆန်ပြီး တက်ဘူးတဲ့ ဗြဟ္မာဘုံကို ရောက်ဖူးဘို့တော့ တော်တော်ခဲရင်းလိမ့်မယ်။
နတ်ပြည်ကတော့ တစ်ခါတစ်လေတော့ရောက်ဖူးမှာပေါ့လေ။
သူ့တော့ရောက်ဖူးတယ်ပြောရမှာပေ့ါ။
လူ့ဘုံကတော့ မကြာမကြာလောက်တော့ ရောက်ဖူးတယ်ထင်တယ်။
အမွဲလား၊မကွာမကွာလား။
မကြာမကြာလောက်တော့ဖြစ်မှာပါ။
အမြဲတော့ မဖြစ်နိုင်ပါဘူး။

ဘာဖြစ်လို့တုန်း...
တစ်ရက်အတွင်း ဖြစ်နေတဲ့စိတ်ကို
သုတေသနပြုကြည့်။
မောဟက တိရစ္ဆာန်သွားမှာကွဲ့။
အိပ်ပျော်နေတဲ့ ညတစ်ဝက်က ဘာစိတ်တုန်းဟေ့။
မောဟထင်တယ်။
အိပ်ပျော်နေတုန်း လိုချင်တာရှိလား။
မုန်းတာတွေ ဒေါသတွေရှိလား။ကဲမောဟဗျာ့။
ညတစ်ဝက်ကလည်း တိရစ္ဆာန်ဘုံသွားတာထင်တယ်။
သူလည်း မျောလိုက်သွားတာ ထင်တယ်။
ဆန်တက်သလား?မျောလိုက်သလား?မျောလိုက်တာပါ။
နှိုးတဲ့အချိန်ကျမှ ဒါတောင် သုန်သုန်မှုန်မှုန်နဲ့နေမှာပါ။

လိုချင်တာလေးတစ်ခုရှိမှ လောဘကလာတာ။
လိုချင်တာလေး သူ့လက်ထဲရောက်လို့
သူစိတ်တိုင်းကျရင် လောဘက ပြန်သွားတာ။
ကျန်တဲ့အချိန် မောဟအတိုင်းပဲ။
တွေတွေဝေဝေဘဲ။
မှတ်စိတ်မရှိရင် မောဟထင်တယ်။

ဒေါသကလည်း သူ့မခံချင်စရာလေး
တစ်ခါရှိမှ တစ်ပွက်တစ်ခါ ဖြစ်တာပေါ့။
ငါးပွက်သလိုထင်တယ်။
သူ့စိတ်တိုင်းကျ သူ ပြုကျင့်ရရင်
ကျေနပ်သွားတာ။
ကျန်တာက မောဟပဲကျန်တာ။
အဲ့တော့ နေ့မှာလည်း မောဟပဲ။

ထိုင်နေရင်းနဲ့စိတ်တွေ တောင်စဉ်ရေမရ အတွေးတွေ ဝင်မနေဘူးလား။
တစ်ခါတစ်လေ တစ်ခုတည်းမှာကို
ဝဲလှည့်နေသလို ဒီကိစ္စကို လုပ်ရကောင်းမလား၊မလုပ်ရကောင်းမလား၊
ချီတုံချတုံတွေရော ဖြစ်တက်ဘူးလား။
ဒါလည်း မောဟပဲ။

အဲ့တော့ မောဟက ၂၄နာရီ ဘယ်လောက်ဖြည့်စီးထားသလဲ။
အများဆုံး ၂၃ နာရီလောက်ရှိလိမ့်မယ်။
၂၄ နာရီမှာ မောဟက
တိရစ္ဆာန်ဖြစ်မယ့်မျိုးစေ့က
ဘယ်လောက်ရှိမယ်ထင်တုန်း။
အများဆုံးပါ။ သူသည် ပထမဇောထင်တယ်။

လောဘက လိုချင်တဲ့စိတ်၊
လိုချင်တာလည်း တစ်နေ့တာလုံးလုံး
လယ်လည်း လယ်မို့၊ယာလည်း ယာမို့၊ တို့မြို့မှာလည်း အရောင်းဝယ်မို့၊ရုံးမှာမို့။
သူလိုချင်တာလေးလည်း ဒုတိယတော့ လိုက်လိမ့်မယ်။
လိုချင်တာ မရတဲ့အချိန်ကျမှ
ဒေါသက လာလိမ့်မယ်။
လိုချင်တာ လက်လွှတ်ဆုံးရှုံးတဲ့အခါမှ ဒေါသက လာလိမ့်မယ်။

လူ့ဘဝရောက်တုန်း ကောင်းမှုပြုမယ်ဆို ဆွမ်းတော်ကပ်ဘူးလား။
ဒါတောင် သြကာသ ရလို့ဆိုတာဗျ။
မောဟနယ်ထဲက ဆိုနေတာ။
ကိုယ့်စိတ်နဲ့ကိုယ် ဆိုနေတာလား?
ရလို့ဆိုနေတာလား?
ရလို့ဆိုနေတာပါ။
သြကာသ တစ်ပုဒ်လုံး ဘုရားစီ တည့်တည့်ရောက်သလားဟေ့။
အမယ်..ကောင်းမလားလို့ဆွမ်းထွက်လောင်းတော့လည်း
ဘုန်းကြီးသပိတ်နဲ့ကိုယ့်စိတ်နဲ့တည့်သလား။ တည့်မှာမဟုတ်ပါဘူး။

ကောင်းတာလုပ်တာတောင် မောဟ ကင်းလားဗျ။
ကောင်းမှုလုပ်တဲ့ထဲလည်း
မောဟက နှုတ်ဦးမှာပါဗျ။
ဒါတောင်များများကြီးမလုပ်နဲ့၊
ဒီလောက်ဆို တော်ရောပေါ့တဲ့။
အထက်တက်မှာဆိုးလို့ဗျ။
မောဟက များများကြီးလုပ်ခွင့်ပြုလား။

ဒီလိုဆို မောဟသည် တိရစ္ဆာန်ဖြစ်မှာဆိုတော့
တိရစ္ဆာန်ရဲ့ဉာဉ်ကတော့
ကြိုက် ကြိုက်သလို
လိုက်တော့တာပဲ။
ခွေးကြည့်,မြွေကြည့်,ကျားကြည့်ပါ။
သူတို့ကြိုက် ကြိုက်သလိုဘဲ။
စောင့်စည်းသေးလား။

အော် ငါဒီလိုလိုက်လို့
သူ့ခမျာ ကြောက်လို့ပြေးရှာတာပဲဆိုပြီး
နားနေရစ်သလားဟေ့။

မိပြန်တော့ကော--
ဟိုက တောင်းပန်လိုက်တာ။
သူ့အသက်ကလေးနှမျောလို့တစ်ဖက်က။
အဲ့တော့ ကျားကြီးကရော ကိုယ်ချင်းစာစိတ်နဲ့လွှတ်လိုက်ရောလား။

ကြိုက် ကြိုက်သလို လိုက်တာပေါ့။
မကြိုက်တော့ကော မကြိုက်သလို တိုက်တာပဲ။
မသိတော့ကော မသိသလို လိုက်တာပဲ။
ဒီစိတ်တွေသည် တိရစ္ဆာန်တွေဆီက ပါလာတဲ့ စိတ်တွေ။
တို့စိတ်မဟုတ်သေးဘူး။
လူစိတ် စစ်စစ် ဟုတ်သေးလားဟေ့။

တိရစ္ဆာန် ဘဝတစ်ရာလောက်မှ လူတစ်ဘဝ ပြန်ရသတဲ့။
ဘာလိုဆိုတော့ ဟိုဘက်က မောဟက
အကျိုးပေး ဆက်ဆက် ဆက်ဆက်ပြီး
အားနည်းပြီဆိုမှ ကောင်းတဲ့ကံလေးထပြီး
အလှည့်ကျခွင့်ရသတဲ့ဗျာ။

တိရစ္ဆာန် ဘဝ တစ်ရာလောက်မှ
လူ တစ်ခေါက်တစ်ခေါက်ဆိုတော့
လူ့ပြည်က ဧည့်သည်ဖြစ်နေတယ်တဲ့။
တိရစ္ဆာန်ပြည်က ကိုယ့်အိမ်ဖြစ်နေတယ်။

ရှာဖွေတဲ့ပစ္စည်းတွေ ကောင်းတာဖြစ်ဖြစ်
ဆိုးတာဖြစ်ဖြစ် အရူးလည်း အရူးနဲ့ထိုက်တန်တဲ့ပစ္စည်းလေးတော့ နှမျောတာပဲ။
လိုချင်တာပဲ။ ခင်မင်တာပဲဗျ။
ဒုတိယ ခင်မင်စိတ်လိုက်တဲ့အတွက်ပြိတ္တာဖြစ်တာ ဒုတိယလိုက်တယ်။
အိမ်စွဲ အိမ်နားက မကျွတ်ဘူး။
သားစွဲ သားနား၊သမီးစွဲ သမီးနား။မကျွတ်မလွတ်ပေါ့ဗျ။

စွဲတဲ့နေရာ ငြိတာပဲ။
နည်းသည်ဖြစ်စေ၊များသည်ဖြစ်စေ
စွဲရင် ငြိတာပဲ။ ပြိတ္တာက ခင်မင်စိတ်က ပို့မှာလေ။

တို့ရန်ကုန်တုန်းက တို့နဲ့အတူနေ ပုဂ္ဂိုလ်တစ်ဦးက လျှောက်ဖူးပါတယ်။
ဒကာကြီးပါပဲ။သူ့အဖေက သစ်တောဝန်ထောက်ကြီး။
ရှေးခေတ်က ဘန်ဂလိုဆိုတာ တောထဲမှာရှိတယ်။
အဲ့မှာသူတို့နေတယ်။
နေရင်းနဲ့သူ့အိမ်က အစေခံခေါ်မှာပေါ့လေ၊အမျိုးသားပေါ့။
တောထဲက ဘန်ဂလိုမှာနေရင်း ပျက်စီးသွားတယ်။
ပျက်စီးပြီးညကျတော့ ခြံအပေါက်ထွက်က
ပိတောက်ပင်အောက်က သူ့အသံကြားနေရတာ။
နားထောင်တော့ လူသံပဲ။
သေသေချာချာနားထောင်တော့ လူစကားမဟုတ်ဘူးတဲ့။
သူ့အဖေက ဒီကောင်မကျွတ်ဘူး၊
ဒီနားမှာရှိရမယ်။
မင်းတို့ပိတောက်ပင်အောက်ကို တူးကြည့်ကြစမ်းကွာလို့
နောက်ရက် မနက်ကျခိုင်းတယ်။
ခိုင်းတော့ တူးကြည့်တော့ ဆေးတံ ဘောက်ဗူးလေး တွေ့ဖူးမှာပေါ့။
လင်ကွန်တို့။ဘလူးစတားတို့။
လင်ကွန်းစေးတံက ဘောက်ဗူးလေးထဲမှာ။မြေစေးအိုးမဲမဲလေး။
စေးတံလေးတစ်ခုနဲ့ငွေတမူးကို လင်ကွန်းသံဗူးထဲထည့်ပြီးမြှပ်ထားတာ။
ပိတောက်ပင်အောက် အဲ့တာစွဲလို့၊အဲ့ဒီမှာ ပြိတ္တာဖြစ်သတဲ့။
ဘယ်လောက်တန်ဖိုးရှိသလဲဟေ့။
မရှိပါဘူးနော်။ အဲ့တော့ တန်ဘိုးကြီးမှ စွဲမှာလား။

ကြီးသည်ဖြစ်စေ မကြီးသည်ဖြစ်စေ
ခင်မင်စိတ်က အဲ့နေရာမှာစွဲ
အဲ့နေရာမှာငြိတယ်။

ပြိတ္တာသည် ဒုတိယအဖြစ်များဆုံးထင်တယ်။
ငရဲကတော့ အလွန့်ကို ဒုစရိုက်မှုကျူးလွန်နေပြီး
ဘာမှမသိတက်တဲ့ဟာမျိုး။
လူ့တိရစ္ဆာန်ခေါ်မှာပေ့ါ။

တိရစ္ဆာန်ဘုံကနေပြီး ကောင်းမှုကုသိုလ်တစ်ခုကြောင့်
လူ့ဘဝရောက်လာပြန်တော့လဲ
တိရစ္ဆာန်ဉာဉ် မပျောက်ကြဘူး။

ကောင်းတဲ့စေတနာလေးက
၂၄ နာရီမှာ မပြောပလောက်စွာပွင့်တာ။
မပြောပလောက်တဲ့ အပွင့်လေးက
အလှည့်ကျလို့လူရယ်လိုဖြစ်လာတာ။

ခက်ခက်ခဲခဲကြားက ရလာတဲ့ လူရယ်လို့ဆိုရမယ်။
လူ မှ လူ
လူ မှ နတ်
လူ မှ ဗြဟ္မာ
လူ မှ အရိယာဘုံထိ သွားခွင့်ဟာ ဒီမှာပဲရှိတယ်။

အဆင့်တက်နိုင်ရင် အဆင့်တက်ခွင့်ခေါ်မလား။
တက်ချင်ရင် တက်ခွင့်ခေါ်မှာပေါ့။
ရောက်မယ်ပြောတာ မဟုတ်ပါဘူး။
တက်ချင်ရင် တက်ခွင့်ရှိတယ်။
ဒါ လူ့အခွင့်အရေးပဲ။

ဘာဖြစ်လို့တုန်းဆိုတော့
ကိုယ်နဲ့စိတ် ကောင်းကံပြုနိုင်တာ
လူ့ဘုံပဲရှိတယ်။

(မဟာဗောဓိမြိုင်ဆရာတော်
ဝနဝါသီ ေဥယဓှမမွသာမိထရှေ)

Photos from Aung Myin Chan Thar Gems & Jewellery's post 07/06/2024

ကျင့်ထားတဲ့ ပါရမီရှိနေရင် ဘယ်ခေတ်ဖြစ်ဖြစ် အရိယာပုဂ္ဂိုလ်ဖြစ်နိုင်တယ်🙏🙏🙏
———————————————
🌟၂၀၀၁ ကနေ ၃၀၀၀ ကို အနာဂါမ်ခေတ်လို့ ခေါ်တယ်။ရဟန္တာဖြစ်ဖို့ဆိုလျှင် အသေခံကျင့်မှ ရနိုင်မည်။
🌟၃၀၀၁ ကနေ ၄၀၀၀ ဆိုရင် သကဒါဂါမ် အများဆုံးဖြစ်တယ်။ အနာဂါမ်ကို အသေခံလုပ်မှ ရနိုင်မည်။
🌟၄၀၀၁ ကနေ ၅၀၀၀ ဆိုလျှင်တော့ သောတာပန်ဘဲ သွားနိုင်တော့တယ်၊ သကဒါဂါမ်ဆို အသေခံပြီး လုပ်ယူမှ ရနိုင်တော့မည်။
✨ဘာ့ကြောင့်လဲဆိုရင် ရုပ်ဓာတ်၊ စိတ်ဓာတ် သေးသွားလို့၊ ဘုရားက ဘယ်အချိန်..ဘာဖြစ်ကွလို့ ဗျာဒိတ်ပေးထားတာ မရှိပါဘူး။
ဒါက ခေတ်ကို ပြောတာပါ၊ နောက်ကလည်း..ကိုယ်ကျင့်ထားတဲ့ ပါရမီဓာတ်ခံရှိရင်တော့ဖြင့် အချိန်မရွေးပွင့်နိုင်ပါတယ်။
💥သာသနာ-၅၀၀၀ အတွင်း အရိယာပုဂ္ဂိုလ်ဆိုတာ ကိုယ့်ကျင့်ထားသည့် ပါရမီရှိရင် အချိန်မရွေး ဖြစ်နိုင်သည်ဟု ဆိုလိုပါသည်။
💥ကုသိုလ်ရအောင် ခင်ဗျားတို့ ကြိုးစားကြတော့
ကုသိုလ်ရဖို့ နည်းတယ်၊ အကုသိုလ်သို့ရဖို့ များတယ်၊
ဘာလို့တုံး ခန္ဓာကိုယ်က အပူလွန်လာလျှင် ဓာတ်တွေက လှုပ်ဆော်တော့မှာ ဓာတ်သွေးလှုပ်ဆော်သလောက် တို့စိတ်တွေက လိုက်ဖြစ်နေကြရမှာဗျ။

(မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ရွှေနှစ်တောရ သြဝါဒတရားတော်မှ ကောက်နုတ်ပူဇော်ခြင်း)

07/06/2024

🌹🌹ခေတ်မမီနဲ့ ခေတ်ဆန်ကြ🌹🌹
🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥

ဆုတ်ကပ်ဆိုတော့ ခေတ်ကအောက်ကို
လျှောပြီး မျောသွားနေတယ်။ ခေတ်
နောက်လိုက်နေရင်တော့စုန်းစုန်းမြှုပ်မှာပဲ။

ဒီတော့
ခေတ်ကိုဆန်တက်ရမှာ
ခေတ်ဆန်တယ်ဆိုတာသူများမလုပ်တာကို
လုပ်တာပဲ။

🌱သူများတွေ လောဘကြီးနေချိန်မှာ
တို့ကလောဘမကြီးပဲနေကြ။

🌱သူများတွေ ဒေါသကြီးနေချိန်မှာ
တို့က မေတ္တာနဲ့ သည်းညည်းခံနေကြ။

🌱သူများတွေ မာနနဲ့ မသမာစိတ်နဲ့ လုပ်နေချိန်
မှာတို့က သမာသမတ်နဲ့လုပ်ကြ။

🌱သူများတွေ နှမြောတွန့်တိုနေချိန်မှာ တို့က
ရက်ရက်ရောရောပေးကမ်းကြ။

🌱သူများတွေ မုသားဘယ်လောက်ပြောပြော
တို့က မှန်ကန်တာပဲပြောကြ။

🌱သူများတွေင်္အီျအမဲကြီးဝတ်လာရင်တို့က
ဖြူစင်ပြလိုက်။အဖြူနဲ့အမဲ ယှဉ်ပြလိုက်
သူ့ဟာသူ သိလာပါလိမ့်မယ်။

ခေတ်မီပြီး ရောလိုက်မနေနဲ့
ခေတ်ကို ဆန်တက်ကြ။

ဘယ့်နှယ်လဲ
ခေတ်မီ မှာလား
ခေတ်ဆန်မှာလား

(မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး)
၂၀၁၁မေလ၅ရက် မဟာမြိုင်တောတွင်မိန့်
ကြားသောတရားတော်

Photos from Aung Myin Chan Thar Gems & Jewellery's post 07/06/2024

ဓမ္မမိတ်​ဆွေလူအများအတွက်​ရှေ့​ဟောင်းပုံ​တော်များဖူး​မြော်နိုင်ကြပါ​စေ

၁၈၈၀ ခုနှစ်က ရွှေတိဂုံစေတီတော်၏ ပုံဖြစ်ပါတယ် မိတ်ဆွေ
ဒီလို ရှားပါး ပုံမျိုးကို မပျောက်ကွယ်အောင် အကျွန်ုပ်တို့မှာ
တာဝန်ရှိ ပါတယ်။ ရှယ်လုပ်ခြင်းဖြင့် သာသနာတော်ကို
ထိန်းသိမ်းစောင့်ရှောက်ကြပါ။

Photos from Aung Myin Chan Thar Gems & Jewellery's post 03/06/2024

ရွှေစစ်၊မစစ် မှတ်ကျောက်က လှစ်ပြနေပြီ
🙏🍂🌺🌿🌹💐🙏🍂🌺🌿🌹💐🙏

ဤ၌ မင်းဘူးရှိ စက်တော်ရာနှစ်ဆူသည် သဒ္ဓါလွန်သူတို့ ပုံတူယူထုဆစ်ထားသည့် အတုလော၊

သို့တည်းမဟုတ် အနန္တဘုန်းတော်ရှင် ကံတော်ရှင် ဉာဏ်တော်ရှင် တန်ခိုးတော်ရှင် မြတ်ဘုရား၏ ပကတိခြေတော်အစစ်ပေလော။

ထိုလောနှစ်လောကို ဤဖြစ်စဉ်ဖြင့် နှီးနှောပြလိုသည်။

ယင်းကား သက္ကရာဇ် ၁၀၀၀ပြည့်နှစ် သာလွန်မင်းခေတ်က စက်တော်ရာ ရှာပုံတော်ထွက် ဆရာတော်ကြီးလေးပါးတို့၏ မှတ်တမ်းနှင့် သစ္စဗန္ဓမုဆိုး၏ မှတ်တမ်းနှစ်ခုပင်။

ထိုစဉ် အင်းဝသာလွန်ခေတ်တွင် နှစ်ပေါင်းများစွာပျောက်ကွယ်နေသော စက်တော်ရာနှစ်ဆူကို ပြန်လည်ကာ ရှာဖွေဖော်ထုတ်ပေးပါရန် သာလွန်မင်းကြီးထံသို့ ပညာရှိများက စာတင်သွင်းကြ၏။

ယင်းကို မင်းကြီးကလည်းသဘောကျ၏။

သို့ဖြင့်တိမ်မြုပ် ပျောက်ကွယ်နေသည့် စက်တော်ရာနှစ်ဆူအား ရှာဖွေပေးကြပါရန် ဆရာတော်များသို့ တောင်းပန်ရာ...

၁။အနန္တဓဇဆရာတော်
၂။အရိယာလင်္ကါရဆရာတော်
၃။တိလောကလင်္ကါရဆရာတော်
၄။နောက်အဖော်ရဟန်းတစ်ပါး...ပေါင်းလေးပါး။

ထိုလေးပါးတို့သည် အင်းဝမှ မင်းဘူးသို့ကြွတော်မူကြ၏။

တစ်ဖန် မင်းဘူးမှနေ စက်တော်ရာ ရှိမည်ထင်သောနေရာဆီ မှန်း၍ တစ်တောဝင်၊တစ်တောင်တက်ဖြင့် နေ့ဆက် ရက်နှင် ဝင်တော်မူကြရ၏။

သို့ဖြင့် စက်တော်ရာအနီးရှိ မရှက်ရွာသို့ ရောက်ရှိကြရာ၊ထိုည ထိုမရှက်ရွာဂါမအနီး၌ ကျိန်းစက်ကြ၏။

ထိုစဉ် နောင် တောင်ဖီလာဆရာတော် အမည်တွင်မည့် တိလောကလင်္ကါရ ဆရာတော်အိပ်မက်မြင်မက်တော်မူ၏။

အိပ်မက်ထဲဝယ်
ဆရာတော်ထံ ခွေးနက်ကြီး နှင့် လူတစ်ယောက် ရောက်ရှိလာပြီး-"ဘုန်းကြီးတို့လာကြသည်မှာ အန္တရာယ်ကြီးလှပါသည်။

တောနက်ပြီး သားရဲတိရစ်ဆာန်များလည်းထူပြောလှပါသည်။

အဘယ်ကြောင့်များလာချင်ရပါသနည်း"မေး ဆို၏။

ထိုအခါ ဆရာတော်က"ရှေးမင်းများ သွားရောက် ပူဇော်လေ့ရှိသော စက်တော်ရာနှစ်ဆူ ဤဒေသ၌ ရှိကြောင်း စာဟောင်းစာတမ်းများရှိနေ၍ ရှာဖွေရန်လာကြောင်း ဖြစ်သည်"...မိန့်တော်မူ၏။
ထိုအခါ တစ်ဖက်က လျှောက်ထားသည်။

"သည်လိုဆို ခွေးနက်ကြီးဝင်ရာ တောသို့ လိုက်လျှင်တွေ့ရပါမည်"
လျှောက်ထားပြီး ပျောက်သွား၏။ဆရာတော်လည်း နိုးလာ၏။

ယင်းကို
ကျန်ဆရာတော်သုံးပါးတို့အား ပြောကြားရာ ကျန်သုံးပါးစလုံးတို့ကပင် ဗာရာဏသီပြည်သာသနာညှိုးချိန်က ဝိသကြုံနတ်သား ခွေးနက်ယောင်ဆောင် ညွှန်ပြခဲ့ပုံများ ဆင်ခြင်တော်မူကြ၏။

သိုဖြင့် နောက်နေ့ နံနက် ဆက်လက် အရှာဖွေ ထွက်တော်မူကြရာ မကြာမီ အိပ်မက်ထဲကအတိုင်း ခွေးနက်ကြီးတစ်ကောင် တွေ့ကြရသည် ဆို၏။

ထိုခွေးနက်ကြီး သွားသောလမ်းအတိုင်းလည်း လိုက်ပါခဲ့ကြသည်ဆို၏။

သို့ဖြင့် တောအလွန်တောင်အစပ် ချောင်းနားသို့ ကပ်မိကြရာ ခွေးနက်ကြီးလည်း ပျောက်သွားပြီး စက်တော်ရာလည်း ဖူးကြရလေပြီ။

ဤသည်ကိုထောက်သော် ယနေ့ မြန်မာပြည်သူပြည်သားများ ဖူးခွင့်ရ မန်းစက်တော်ရာနှစ်ဆူသည် အတုမဖြစ်နိုင်။အတု နတ်စောင့်ရိုး မရှိ၍။

နောက်တစ်ချက် တင်ပြလိုသေးသည်မှာ...

အထက်စက်တော်ရာသည် တောင်နှုတ်ခမ်းဝယ် တည်နေရကား လူအများ သွားရောက်ဖူးမျှော်ရာ၌အန္တရာယ်ဖြစ်နိုင်၏။

သို့ဆင်ခြင်၍ ဆရာတော်တစ်ပါးက ယင်းအထက် စက်တော်ရာကို တူးဆွဖော်ထုတ်မိခဲ့ရာ မျက်စိကွယ်သွားသောဟူ၏။

စက်တော်ရာလည်း ပဲ့စင်သွားသည် ဆို၏။

တစ်ဖန်
တူးဆွဖော်ထုတ်ထားသည့် ထိုစက်တော်ရာပဲ့ကို ချင်းတိုင်းရင်းသား ဗုဒ္ဓဘာသာဝင်ဒကာများက ရွာ၌ ကိုးကွယ်ရန်ဆိုကာ ထမ်းယူသွားကြပြန်ရာ စက်တော်ရာရွာ ရောက်သည်နှင့် တစ်ရွာလုံး ရုတ်တရက် ကာလဝမ်းရောဂါ ကျရောက်လာသည်ဆို၏။

သို့ကြောင့် ယင်းစက်တော်ရာအား သူ့မူရင်းနေရာသို့ပြန်လည်ထမ်းပိုးကြရသော ဟူ၏။

ထိုအထက်စက်တော်ရာကို ဝန်ကြီးချုပ် ဦးနု လက်ထက် ပဲ့စဉ်ကျသွားသည့် ခြေမတော်ရာအားမန်းချောင်းထဲက ပြန်လည်ရရှိသဖြင့် ထိုနှင့်အတူဆက်စပ်ပေးကာ အပေါ်မှနေ စေတီငုံတည်လိုက်ကြသည်ဆို၏။

ယနေ့ မြင်ဖူးနိုင်၏။

ဤသည်ကို ထောက်လျှင်လည်း ငါတို့မြန်မာပြည်က မင်းဘူးစက်တော်ရာများ အစစ်မဟုတ်ပါဟူ၍ မည်သူမျှ မငြင်းနိုင်ကြပါ။

ဘုရားရှင်သည် လေးအသင်္ချေ ကမ္ဘာတစ်သိန်းပြည့် ဖြည့်အားမှ ပွင့်ထွန်းလာခြင်း ဖြစ်ရာ အနန္တတန်ခိုးရှင် အရာဝင်၏။

ယင်းကို မည်သူမျှ ထောက်တိုင်း တိုင်းထွာ၍ မတတ်နိုင်ကြပါ။

တစ်ဖန် ထိုဘုရားရှင်သည် အနန္တဘုန်းတော်ရှင်လည်း ဖြစ်၏။
ယင်းကိုလည်း မည်သူမျှတွက်ဆ ဆ၍ မရနိုင်ပါ။

သည်သို့သော ဘုရားရှင်သည်

ကံတော်အနန္တ၊ဉာဏ်တော်အနန္တတို့ကပါ ဝန်းရံပံ့ပိုးလာသောအခါ အတိတ်ကိုလည်း အဝေး၏အဝေးတို့ထက် ပြေးမြင်နိုင်စွမ်းရှိပါသည်။

အနာဂတ်ကိုလည်း အဆုံး၏အဆုံးတိုင်အထိ သိတော်မူနိုင်စွမ်းရှိပါသည်။

သို့ဖြစ်ရာ ထိုဘုရားမြတ်စွာသည်

နောင်အခါ အိန္ဒိယ(ဘုံဘေ)ပြည်၌သာသနာကွယ်ဦးမည်ကိုလည်း ဧကန်သိ သိနေပါမည်။

နောင်အခါ မြန်မာပြည်၌ သာသနာ ထွန်းကားမည်ကိုလည်း ဧကန်သိသိနေပါမည်။

သို့ဆိုသော်...အိန္ဒိယစက်တော်ရာ ဤမြန်မာသို့ ကြွရောက်နိုင်၊မကြွရောက်နိုင် သဒ္ဓါတွင်ပညာထည့် တွေးကြည့်ကြပါကုန်။

ဤမြန်မာဝယ်-

(က)အထက်-အောက် စက်တော်ရာများကလည်းအထင်အရှား။
(ခ)သစ္စာဗန္ဓမုဆိုးနေရာ တောင်ကလည်း လက်ညှိုးထိုးပြစရာ ရှိနေ၏။

(ဂ)ကျောင်းတော်ရာကလည်း အခုသွား အခုတွေ့နိုင်၏။

သည်မျှမကသေး...

ဤမြေ၊ဤဒေသ ထိုဤပုံကျများသည် အစစ်ဟုတ်မှန်ကြောင်းများကို ရဟန္တာကြီးများကိုယ်တော်တိုင် ရေးထိုးခဲ့သော ကျောက်စာများပါ ရှိသည်ဆို၏။

သို့ကြောင့်ခိုင်လုံ၏။

ဘုရားရှင်သည်
(က)ဖဝါးတော်များဖြင့်ကိုယ်တော်၏အရပ်ကို လှစ်ပြတော်မူထားခဲ့၏။

(ခ)ဆံတော်များဖြင့် ကိုယ်တော်၏ ထွားကျိုင်းပုံကိုလှစ်ပြတော်မူထားခဲ့၏။

(ဂ)အံတော်၊စွယ်တော်တို့ဖြင့် မျက်နှတော်၏ပမာဏကို သက်သေထားခဲ့၏။
ယင်းတို့သည် တေဇောဓာတ်လောင်စဉ်က အဓိဋ္ဌာန်ချန်ခဲ့သည်များဆိုသည်ကို မမေ့သင့်။

မဟာဗောဓိမြိုင်ဆရာတော်
အိပ်မက်ဖြင့်ဖွင့်ပြောသောစကာများ
(သုပိနာယဗျာချကထာ)
credit

Photos from Aung Myin Chan Thar Gems & Jewellery's post 03/06/2024

ထပ်ဆင့်မျှ​ဝေပါသည်..ကိုယ်​တွေ့...လွတ်​မြောက်​အောင်မြင်ခဲ့အထူးဂါထာ​တော်မြတ်မို့

ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်
ဆရာတော်ဘုရားကြီး၏မေတ္တာဓာတ်၊
ဓမ္မဓာတ်များသည်ဆရာတော်ဘုရားကြီး
၏အဓိဋ္ဌာန်တော်ကြောင့်ယခင်အတိုင်း
ပေးဝေလျှက်ပါ၊ရရှိကြပါစေ
☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️

🍁တို့ လက်ဆောင် ပေးချင်လို့

အဲဒါ ဟို ဦးကြည်စိုးဝင်းကြီးတော့
ပြန်သွားပြီ ထင်ပါတယ်
အဲ သူ... ၂၄ နှစ်မြောက်တဲ့
သူ လှူထားတာ

🍁အဲဒါ တခုချင်းလေး ပေးစမ်းပါ

အဲဒီထဲမှာ ဆောင်စရာ ရှောင်စရာလေးတွေလည်း
အကုန် ပါ ပါတယ်

ရော့ အဲ ပေးစမ်းပါ အဲ အဲ
ကဲ ပေးစမ်းပါ ပေးစမ်းပါ

🌷အဲဒီထဲ ဟို နောက်ဆုံးက ဘူတာနိ မေ ဆိုတာ
ဘူတာနိ မေ မာ ဖုဿန္တု ဆိုတာက
အန္တရာယ်ကြုံလို့ အသက်ဘေးနဲ့ ကြုံတဲ့အခါကို
အဲဒီ ဂါထာ ရွတ်ရမှာ

{🙏"ဘူတာနိ မေ" ဂါထာတော်🙏

🔰ဘူတာနိ မေ မာ ဖုဿန္တု
ဖုဿန္တောပိ မာ ပဿန္တု
ပဿန္တော ခေါ မာ ဇာနန္တု
ပါလယန္တု ဣန္ဒာ ဒေဝါ။}

တို့ နွားမကြီး ဘာတုန်း သားဝှက် ဂါထာ ဆိုတာ
ရှိ ထင်တယ်။
နွားမကြီးက သူ့နွားလေးကို မွေးကင်းစ နွားလေးကို
သူများ မမြင်အောင် လို့ ဖွက်တဲ့ ဂါထာ
အဲဒါ သားဝှက်(ဖွက်) ဂါထာ ခေါ်တယ်

🌷တို့ကလည်း ကိုယ့်ကိုယ်ကို ဝှက်တတ်အောင်လို့ ဟဲ့
အန္တရာယ်ကြုံတယ် ဗုံးဒဏ်ထဲကို ရောက်မယ်
ဒါမှမဟုတ်
သူပုန်တွေ နင်းပြီး လာတဲ့အချိန်
အဲဒီ အချိန် တို့ကို မမြင်အောင်လို့ ဟဲ့
ဘူတာနိ မေ မာ ဖုဿန္တု ဆိုတာ။

🌷အခု ဒီတိုင်းကြီးကတော့ အဲဒီဂါထာက
အသက် မဝင်ဘူးဟဲ့
အဲလို အန္တရာယ် ကြုံတဲ့အခါ သုံးဖို့

အဲဒါ ဦးကြည်စိုးဝင်း လှူသွားတာတွေ
အဲဒီ စာအုပ်တွေ ၂၄ နှစ်မြောက်တဲ့
တပေါင်းပွဲ ဝေဖို့လေ

🍁အေး အဲဒါလေး ပေးချင်လို့ တအိမ် တခု

အိမ်ကျတော့လည်း ကဒ်ကြား ထိုးထားမှာပါ
မေးကြည့် စမ်းပါဦးဗျ ရှေ့ကို

အောင်မာ အေး အေး

တို့ကတော့ ကတ်ကြား ထိုးထားလိမ့်မယ် ထင်တာကိုး

🍁အေး အေး
အဲဒါလေး ဝေချင်လို့

မဟာဗောဓိမြိုင် ဆရာတော်ကြီး

(၁၃၈၅ခုနှစ်
တပို့တွဲလပြည့်နေ့(၂၄-၃-၂၀၂၄)တနင်္ဂ
နွေနေ့)

☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️

(ရုပ်သံဖိုင်မှ စာစီပူဇော်ပါသည်။
#မုံလယ်ဇ )

Photos from Aung Myin Chan Thar Gems & Jewellery's post 01/06/2024

❝ အမျှဝေရခြင်းရဲ့ ရည်ရွယ်ချက် ❞
••••••••••••••••••••••••••••••••••
ဒို့ ကိုယ်ပြုထားတဲ့ ကုသိုလ်ကောင်းမှုတွေကို
မြင်အပ် မမြင်အပ်
မြေပေါ် မြေအောက်
အဝေး အနီး
အကုန်လုံးကို မျှရမယ်နော်
စေတနာလေးကိုထင်တယ်
စေတနာလေးကို အမျှပေးမှာ ။

ဘာဖြစ်လို့တုန်း
ဒို့ အကုန်လုံး ကိုယ်စီကိုယ်ငှ ဒုက္ခတွေနဲ့ပါ ။
အားလို့ ကုသိုလ်ကောင်းမှု လာလုပ်ကြတာ
မဟုတ်ပါဘူး ။
ဘုရားသာသနာနဲ့ကြုံတုန်းဆိုပြီး
ကိုယ်သုံးမယ့်ဟာလေးထဲကနေ ကိုယ်ကျိုးစွန့်ပြီး
သာသနာအတွက် သူတို့တတ်နိုင်သမျှ
ကုသိုလ်ကောင်းမှု လုပ်ကြတာပါ
ဒီစေတနာလေးထင်တယ် ။
( မှန်ပါဘုရား )

အဲ့တော့
မိမိတို့ပြုလုပ်တဲ့ကုသိုလ်ကောင်းမှုကို
အမျှဝေတယ်ဆိုတော့
ဒို့က ရှေ့ကနေ ' အမျှ အမျှ အမျှ ' ဆိုလို့
' အမျှ အမျှ အမျှ ' လို့ လိုက်လုပ်မလာနဲ့
ဟုတ်ကဲ့လား ။
( မှန်ပါဘုရား )

ဟိုကလည်း ' သာဓု သာဓု ' နဲ့လုပ်တော့မှာ ။

ဒို့ အမျှဝေတဲ့အခါ ဝေသူကလည်း
" ငါ ဒီကုသိုလ်စေတနာကြာင့် လူသူဋ္ဌေးဖြစ်ခဲ့ရင်
သာဓုခေါ်သူတွေအကုန်လုံး ငါလို သူဋ္ဌေးဖြစ်ရမယ် "
ဒါ မျှတာထင်တယ် ။
( မှန်ပါဘုရား )

" ငါ ဒီကုသိုလ်စေတနာကြောင့် နတ်သူဋ္ဌေးဖြစ်ခဲ့ရင်
သာဓုခေါ်သူတွေအားလုံးလည်း
ငါလိုနတ်သူဋ္ဌေးဖြစ်ရမယ် "
အဲဒါ မျှတာနော် ဟုတ်ကဲ့လား ?
( မှန်ပါဘုရား )

ဒို့ အမၽွေဝတဲ့အခါ
အော်နေကြမို့အော်တာ မဖြစ်စေနဲ့ ဟုတ်ကဲ့လား ။
( မှန်ပါဘုရား )

အဲ့တော့ ဒို့ အမျှဝေလိုက်ပြီဗျား ။
ဟိုကလည်း ဒီစေတနာလေးကိုပဲ
အသိအမှတ်ပြုပြီး ' သာဓု သာဓု ' ခေါ်လိုက်ပြီ ။
သူ့စေတနာလေးရဲ့အအေးဓာတ်ကို
ဒီက သာဓုနဲ့ ကူးယူလိုက်တာထင်တယ် ။
( မှန်ပါဘုရား )

သူ့ကို မနောကနေပြီး နှလုံးသားကနေပြီး
စေတနာလေးနဲ့ ပို့လွှတ်လိုက်တဲ့
အဲဒီမေတ္တာဓာတ်အားလေးကို
ဒို့ ဘက်ကလည်း ' သာဓု ' ဆိုတာ
ကောင်းတဲ့စိတ်ကလေးနဲ့
ဝမ်းမြောက်ဝမ်းသာစိတ်ကလေးနဲ့
မျှယူလိုက်တာဗျား ခွဲယူလိုက်တာဗျား ။
( မှန်ပါဘုရား )

တကယ်လို့များ ဒီက အမျှဝေသူနဲ့ သာဓုခေါ်သူနဲ့
လူ့ဘဝမှာ မျက်နှာချင်းဆိုင်များ
စျေးဆိုင်နှစ်ဆိုင်ဖြစ်နေရင်
ဘယ်လိုသဘောထားမတုန်း ။

အမျှဝေကတည်းက အူလှိုက်သဲလှိုက်နဲ့
" ငါ ဒီကုသိုလ်ကြောင့် လူချမ်းသာ
နတ်ချမ်းသာရခဲ့ရင် သာဓုခေါ်သူတွေလည်း
ငါလို ရပါစေ " ဆိုတဲ့
ဒီစေတနာလေးထားခဲ့ရင်တော့
ဟိုဆိုင်ကဘယ်လောက်ကြီးသွားသွား
ဣဿာ မစ္ဆရိယ ဆ်ိုတဲ့ မနာလိုငြူစူမှု ဝန်တိုမှု
မဖြစ်တော့ဘူး ။

အမျှဝေကတည်းက အဲဒီလိုစေတနာထားခဲ့ရင်
ကိုယ် အမျှဝေတာ သာဓုခေါ်လို့ ကိုယ်နဲ့တန်းတူ
ဖြစ်လာတယ် ။
မိမိရဲ့ဒါနကိုအမှီပြု၍ သူသည် မိမိကဲ့သို့
ကောင်းစားလာရင်လည်းပဲ
" တော်လိုက်တာ သူ့အကျိုးပေးလေး
ကောင်းလိုက်တာ " ဆိုပြီး ဝမ်းမြောက်တဲ့
စိတ် ထားနိုင်တယ် ။

အဲ့တော့ အမျှဝေတယ်ဆိုတာ အဲ့လောက်ထိ
စဉ်းစားရမယ် ။

ကုသိုလ်ကောင်းမှုကို -
တစ်ချို့က လုပ်နိုင်တယ် စေတနာမပါလို့
မလုပ်နိုင်တာတွေလည်းရှိသေးတယ် ။

တစ်ချို့က စေတနာပါတယ် ဒို့လို ပစ္စည်းမရှိလို့
ကိုယ်ကျိုးမစွန့်နိုင်လို့ မလုပ်နိုင်တာလည်းရှိတယ် ။

တစ်ချို့က ကိုယ်ကျိုးလည်းစွန့်နိုင်တယ်
ဒါပေမယ့် ဒို့လို ဘူတရုပ်မဟုတ်လို့
မလုပ်နိုင်ဘူး ။

ဒီလိုပုဂ္ဂိုလ်တွေကို ကိုယ်နဲ့တန်းတူထားပြီး
ေဩာ် သူတ်ို့လည်း ငါလို ကုသိုလ်ကောင်းမှု
လုပ်ချင်ရှာမှာပဲ ငါလိုလှူချင်ရှာမှာပဲ
ကုသိုလ်ထုပ်ဆိုတာ လူတိုင်းယူချင်တာပဲ
သူတို့မှာ အကြောင်းမညီညွတ်လို့ မယူရတာ ။

သူတို့လေးတွေကို
ငါပြုတဲ့ကုသိုလ်ကောင်းမှုစေတနာလေးတွေနဲ့
ငါအမျှဝေလိုက်မယ်ဆိုတဲ့ စေတနာလေးနဲ့
အဲဒီရည်ရွယ်ချက်နဲ့ အမျှဝေရမယ်
ရမ်းမအော်နဲ့ ။
ဝေနိုင်ပါ့မလား အဲဒီလို ။
( မှန်ပါဘုရား )

#အမျှဆိုတာ ကိုယ်နဲ့တန်းတူမျှလိုက်တာကို
ပြောတာလေ ဟုတ်နော် ။
ကိုယ်နဲ့တန်းတူမျှရမှာ ။
ပြောကတည်းက အမျှလို့ပြောတာလေ ။

ဒို့ သစ်ပင်များစိုက်ရင် ကိုင်းကူးကိုင်းဆက်
ဟုတ်နော် ။
ဒီမှာလည်း စေတနာအကူးအဆက် ။

ဒီက အပင်ပန်းခံလုပ်တဲ့စေတနာကို
ဟိုက သာဓုခေါ်ရုံလေးနဲ့ ရမှာ
စေတနာအကူးအဆက် မှတ်မိနော် ။
( မှန်ပါဘုရား )

အဲ့တော့
ဒို့ သာဓုခေါ်သူကလည်း
သြော် သူ့ လှူနိုင်လိုက်တာ
ငါတို့သူ့လို မလုပ်နိုင်ဘူး
သူ့ အပင်ပန်းခံ လုပ်ရှာတာ
ငါတို့သူ့လို မလုပ်နိုင်ဘူးဆိုပြီး
ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ရမှာ ။

အဲ့တော့ ခင်ဗျားတို့
ဝမ်းမြောက်ဝမ်းသာနဲ့သာဓုခေါ်တာလား
မျက်နှာလွဲခဲပစ်ခေါ်တာလား ?
( သူများအော်လို့ အော်တာပါဘုရား )
( အခု ဝမ်းမြောက်ဝမ်းသာ ခေါ်ပါ့မယ်ဘုရား )

အမျှဝေတာ သာဓုခေါ်တာလည်း
ဝတ်ကျေတန်းကျေ မဖြစ်ပါစေနဲ့ ။
( မှန်ပါဘုရား )

ဒို့ အမျှဝေတဲ့ရည်ရွယ်ချက်က ၂ခု ။
၁ ။ ကိုယ်လိုမလုပ်နိုင်သူတွေကို ကိုယ်လို
ရပါစေတော့ဆိုတဲ့ စေတနာနဲ့ဝေတာသည်
နံပါတ် ( ၁ )

၂ ။ နံပါတ်နှစ်က သက်သေယူတာ ။
အမှုဖြစ်ရင် သက်သေပါရမှာကိုး
သက်သေ သက်သေ ဟုတ်နော် ။

ဘုရားအလောင်းတော် နုစဉ်ဘဝက
ဒီလိုပဲ အမျှဝေခဲ့တာလေ ။
ဒါကြောင့်မို့ ဗောဓိပင်နှင့်ရွှေပလ္လင်မှာကျတော့
မာရ်နတ်ကလာလုတော့ သက်သေယူရတာလေ ။

မာရ်နတ်မင်းက
" ငါ့နောက်ကရှိသမျှနတ်တွေက
ငါ့သက်သေတွေပဲ " ဆိုတော့
ရှိသမျှနတ်ပြည်ခြောက်ထပ်ကနတ်တွေက
ဟုတ်ပါတယ် ဟုတ်ပါတယ်နဲ့ ။

အရှင်ဘုရားက သက်သေပြပါဆိုတော့
ဒို့ ဘုရားရှင်က
" မင်းလိုတော့ ဘာမှမပြနိုင်ဘူး သို့သော်
ငါက လှူတိုင်း လှူတိုင်း
ဟောဒီမြေကြီးပေါ်ကိုရေစက်ချခဲ့တယ် "
" ငါ မြေကိုသက်သေပြုမယ်ဆိုပြီး
သက်သေပြုတာ "

ဒို့ ဘုရားတွေ ပုံတော်တွေ တွေ့ပါလိမ့်မယ်
မြေကြီးကို လက်ညှိုးထိုးထားတာလေ
ဘူမိဖဿမုဒြာလို့ခေါ်တယ် ။
အဲဒါသက်သေပြုထားတဲ့ဟာဗျ ။

အဲ့တော့ ဒို့ အမျှဝေတာသည်
( ၁ ) ကိုယ်လိုကုသိုလ်ကောင်းမှုမလုပ်နိုင်သူတွေ
ကိုယ်လိုရအောင်
( ၂ ) ကိုယ့်အတွက် အမှုဖြစ်ခဲ့ရင် ခိုင်လုံအောင်လို့
ဒီအမျှဝေတာ သက်သေလိုချင်လို့ ။
ဒီ ၂ချက်နဲ့ အမျှဝေတာနော် ဟုတ်ကဲ့လား
ဝေနိုင်ကြပါ့မလား ?
( ကြိုးစားပါ့မယ်ဘုရား )

ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

၂၉ - ၄ - ၉၉
၁၆ - ၄ - ၂၀၁၂ တွင်ဟောကြားတော်မူသော
တရားတော်အသံဖိုင်မှ

Photos from Aung Myin Chan Thar Gems & Jewellery's post 01/06/2024

ပဋ္ဌာန်းဆက်မကင်းသော ဤလောက
<

သတ္တဝါတို့ တစ်ဦးနှင့်တစ်ဦး
ဆက်သွယ်ကြရာတိုင်း၌
ဤပဋ္ဌာန်းသည် ပဓာနကျ၏။

(က) ကုသိုလ်ချင်းဆက်သွယ်၍
ကုသိုလ်ဖြစ်ရန်လည်း
ဤပဋ္ဌာန်းက ကျေးဇူးပြုပေး၏။
(ခ ) ကုသိုလ်ချင်းဆက်သွယ်၍
အကုသိုလ်ဖြစ်ရန်လည်း
ဤပဋ္ဌာန်းက ကျေးဇူးပြုပေး၏။
(ဂ) ကုသိုလ်ချင်းဆက်သွယ်၍
ကုသိုလ် အကုသိုလ်မှ လွတ်ရန်လည်း
ဤပဋ္ဌာန်းကပင် ကျေးဇူးပြုပေး၏။

ထိုပဋ္ဌာန်းကြောင့်ပင်...
အချို့ ကုသိုလ်ချင်းဆက်လျက်
ပဋ္ဌာန်းဆက်ဖြစ်သွားကြလေပြီ။
အချို့အကုသိုလ်ချင်းဆက်လျက်
ပဋ္ဌာန်းဆက်ဖြစ်သွားကြလေ
အချို့ ကုသိုလ်၊ အကုသိုလ်မှ အလွတ်ဆက်လျက်
ပဋ္ဌာန်းဆက်ဖြစ်သွားကြလေပြီ။

လောကဝယ် အမိမတော်ခဲ့ဘူးသောသူ
အဖမတော်ခဲ့ဘူးသောသူ မရှိဘိသို့
ပဋ္ဌာန်းဆက်မဖြစ်ခဲ့ဘူးသောသူလည်း ရှိအံ့ မထင်ပြီ။
သံသရာတစ်ကွေ့ တွေ့ရာရာတိုင်းတို့၌ပင်
တစ်ဦးနှင့်တစ်ဦး ကုသိုလ်ဖြင့်တုံ့ခြင်း၊
အကုသိုလ်ဖြင့်တုံ့ခြင်း၊
အလွတ်ဖြင့်တုံ့ခြင်းများက သက်သေခံနေချေပြီ။

(က) တစ်ဦးနှင့်တစ်ဦး
ကိုယ်နှုတ်ကျူး၍ ကျေးဇူးမပြုဘူးဘဲထားဘိဦး။
တစ်ခါဘူးမှ မတွေ့ဘူးပါပဲလျက်က
မျက်နှာမြင်ရုံမျှနှင့် မေတ္တာစိတ် သက်ဝင်နေတတ်ခြင်း၊ အသံကြားရုံမျှနှင့် ကူညီဖေးမလိုခြင်းများသည်
နံဘေးကမပြောသော်လည်း
သွေးကပြောနေသော
ချစ်ပဋ္ဌာန်းဆက် ပေါ်ခြင်းများပင်တည်း။
( #ခန္ဓုပါဒါနကထာ)

(ခ) တစ်ဖန် တစ်ခါဘူးမှမတွေ့ရစဘူး၊
တစ်ခါဘူးမှလည်း မကြား သိရစဘူးပါပဲလျက်က
ပက်ပင်းကြုံလာသောအခါ မျက်နှာမြင်ရုံမျှဖြင့်
မုန်းတီးနေတတ်ခြင်း၊ အသံကြားရုံမျှဖြင့်
မုန်းတီး နေတတ်ခြင်းများသည်လည်း
နံဘေးက မတို့သော်လည်း သွေးကတို့နေသော
မုန်းပဋ္ဌာန်းဆက် ပေါ်ခြင်းများပင်တည်း။

အလောင်းတော်
လောကမှလွတ်မြောက်ကြောင်းကျင့်စဉ်ကာလ
ယသော်ဓရာလောင်းလျာနှင့်
ပဇာပတိလောင်းလျာနှစ်ဦးစလုံးတို့က
အလောင်းတော်အား တွေ့ရသည်နှင့်
တခဏအတွင်း ချစ်ခြင်းမေတ္တာ ဝင်ဆံ့လာ၏။

တစ်ဖန် စိဉ္စမာနလောင်းလျာနှင့်
ဒေဝဒတ်လောင်းလျာနှစ်ဦးစလုံးတို့ကလည်း
အလောင်းတော်အား တွေ့ရသည်နှင့် တစ်ပြိုင်နက်
မုန်းခြင်း၊ အာဃာတဝင်ဆံ့ကြ၏။

ထိုမြင်ကွင်းနှင့်
ဖြစ်ရပ်နှစ်ခုစလုံးကပင်နောက်ကြောင်းမကင်းသော
ပဋ္ဌာန်းဆက်သတ္တိ၏ ကျေးဇူးပြု ခြင်းများပင်တည်း။

🙏မဟာဗောဓိမြိုင်ဆရာတော်🙏

ဓမ္မဒါနဖြင့်ကုသိုလ်ပြုပါသည်။

Photos from Aung Myin Chan Thar Gems & Jewellery's post 01/06/2024

အစွဲကို...နိုင်အောင်တိုက်နိုင်သော..စစ်သူကြီးက ဘယ်သူလဲ ?🙏🙏🙏
===============================
ပုဂ္ဂိုလ်စွဲဝင်နေတာနှင့် ရေဝဲထဲနစ်သွားတာနှင့်
ဘယ်က ပိုမယ်ထင်တုံး...ကျုပ်ထင်တော့..
ရေဝဲထဲ နစ်သွားရင်..ပြန်ပေါ်ချင်ပေါ်ဦးမှာ...
အစွဲထဲ..ဝင်သွားရင်...ထွက်နိုင်ဖို့မလွယ်ဘူးထင်နော်
သံသရာရှည်ရခြင်းအကြောင်းကလည်း...အစွဲကြောင့်ဘဲ မဟုတ်လားဗျ...သံသရာတစ်လျှောက်လုံးလည်း..ဒီအစွဲဘဲလေ...
အစွဲကပို့တာ​ဗျ..
ဘာတုံး...
တို့...ထမင်းစားတဲ့အခါ...အစပ်ကြိုက်တဲ့သူများကြ
ငရုပ်သီးလေး ပါမှ မဟုတ်ဘူးလား...
အဲဒီတော့...ငရုပ်သီးကြိုက်တာလား...စပ်တာကိုကြိုက်တာလား...စပ်တာကို ကြိုက်တာပါဘုရား...ဒါဖြင့် ဘာလို့ကြိုက်တာတုံး...
အရသာခံပြီး စားလို့...
ဝက်သား..စားတယ်၊ ကြက်သား စားတယ်...ဘာလို့..ကြိုက်တာတုံး....
အရသာခံပြီး...စားလို့ပါဘုရား....။
အရသာနောက်ကို လိုက်ရင်တော့...
အစွဲက ပါမှာပဲ...
ဒါကြောင့်.....ဝမ်းဝရုံဘဲ...စား...တော်ရော့ပေါ့...
ဝက်သားစား...ဝက်စွဲ...ဝက်ထဲ သွားမှာဘဲ..
ကြက်သားစား..ကြက်စွဲ...ကြက်ထဲ...သွားမှာဘဲ...
အစွဲက...ပို့မှာနော်....တခြားထင်မနေနှင့်...ဟုတ်ဗျာ...
ဒါဖြင့်...မစွဲအောင်...ဘာလုပ်ရမလဲ...
ငါ....ငါ့ပစ္စည်း..ငါ့ဥစ္စာ...ဆိုတဲ့...အစွဲနောက်ကို မလိုက်မိအောင်...လုပ်ကြရမှာ၊
ဒါနပြုတဲ့အခါမှာလည်း...ငါ..ငါဥစ္စာ..ငါ့ပစ္စည်းဆိုတဲ့..ငါစွဲမပါမှသာ...အစွဲလွတ်တဲ့...ဒါနဖြစ်မှာပေါ့...
ဘာတုံး..ဒါနကို..ဒါနနှင့်တူအောင် ပြုတဲ့နေရာမှာတဲ့..
မစင်စွန့်သလိုကို စွန့်ရမယ်တဲ့...
ဘယ်နှယ်တုံး..အစွဲလွတ်နိုင်ပါ့မလား...?
ဒီလိုဒါနဘဲ ပြုပြု...သီလဘဲဆောက်တည်...ဆောက်တည်..
အရေးကြီးတာ...သတိမလွတ်စေနဲ့...
သတိလေး လွတ်လိုက်တာနှင့်..အစွဲက ဝင်မှာဘဲ....။

(သြဝါတရား တစ်ခါကြားတိုင်း...တရားအသိများတိုးနိုင်ကြပါစေ)

01/06/2024

ယနေ့သည် မဟာဗောဓိမြိုင်ဆရာတော်ကြီး
လွန်တော်မူခဲ့သည့် တစ်လပြည့်နေ့ဖြစ်ပါသည်။

ဆရာတော်ကြီး၏ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်တို့ကို အောက်မေ့သတိရ ကြည်ညိုရင်း ဆရာတော်ကြီး ပြုစုခဲ့သော "တောသွားတစ်ဦး၏ တောလားမှတ်စုများ" ကျမ်းစာအုပ်ထဲက
"မနေမနား" စာစုလေးကို အမှတ်တရ ဖော်ပြလိုက်ရပါသည်။

ဆရာတော်ကြီး၏ "မနေလေးမျိုး"နှင့်
"မနားလေးမျိုး" ကိုလက်တွေ့ ကျင့်သုံးကြည့်လျှင် ဆရာတော်ကြီးအာမခံထားသကဲ့သို့ လမ်းဆုံးအထိ သွားခွင့်လက်မှတ်ရသွားမည်မှာ သေချာပါသည်။

လူ့ပြည်လာရောက်ခြင်း၏ ရည်ရွယ်ချက်လည်း
အထမြောက်သွားမည်မှာ သေချာပါသည်။

မနေလေးမျိုး၊ မနားလေးမျိုး ဖြင့်ကျင့်နိုင်ဖို့ မိမိတို့ ကြိုးစားရပါဦးမည်...။

ဆရာတော်ကြီးကတော့ ကိုယ်ရေးသားခဲ့သလို ကိုယ်တိုင်ကျင့်သွားမှာ သေချာပါသည်။

ဆရာတော်ကြီး၏ ကျင့်နိုင်စွမ်းကို အားကျကြည်ညိုမိပါ၏အရှင်ဘုရား....။

MTS.APPAMADA
30.5.2024.

☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆

မနေမနား
●●●●●●●
မဟာဗောဓိမြိုင်ဆရာတော်ကြီး

* အိပ်နေခြင်း၊ ထိုင်နေခြင်း၊ သွားနေခြင်း၊ ရပ်တန့်နေခြင်း ဟူသော နေခြင်း လေးမျိုးတို့ဖြင့်လည်း မနေ။ တစ်ဖန်. . .

* အမှတ်လွှတ်ထားခြင်း၊ စိတ်လွှတ်ထားခြင်း၊ ကမ္မဋ္ဌာန်းလွှတ်ထား ခြင်း၊ ရဟန်းသိက္ခာလွှတ်ထားခြင်းလေးမျိုးတို့ဖြင့်လည်း မနား။

ထိုမနေ ထိုမနား တရားသမား လမ်းအဆုံးအထိ သွားခွင့် လက်မှတ်ရသွားပြီ။ လမ်းဆုံး ရွာတွေ့ကား ဓမ္မ၏ သူ့ဓလေ့။ လေးညှို့မှ လွတ်လိုက်သောမြား၏ လမ်းသွားနည်းဖြင့် သွားခြင်း ကား တရားသမား၏ ဓလေ့။

ထိုမနေ ထိုမနား ထိုတရားရှာသမား...

* ရပ်ခြင်း၊ သွားခြင်း နှစ်မျိုးကို မလွှတ်ခြင်း လေးမျိုးတို့ဖြင့် အနေခိုင်း။

ထိုင်ခြင်း၊ အိပ်ခြင်း နှစ်မျိုးကိုကား မလွှတ်ခြင်း လေးမျိုးတို့ဖြင့် အနားခိုင်း။

ကိုယ်၏ အလကားနေခြင်းကိုလည်းကောင်း၊ စိတ်၏အလကားနေ ခြင်းကိုလည်းကောင်း၊ ထိုသို့ အမှိုက်ထဲက ရွှေ ထုတ်ယူနည်းပမာ ထုတ်ယူ ခိုင်းပါသော် ဘဝသည်လည်း အလှပဆုံး၊ တန်ဖိုးအရှိဆုံးသော ဘဝဖြစ်လာမည်။

အချိန်များသည်လည်း နက္ခတ်ကောင်းမိသော အချိန်များချည်း ဖြစ်လာ မည်။

ထိုလူမျိုးသည်သာ. • •

လူ့ပြည်လာရောက်ရခြင်း၏ ရည်ရွယ်ချက်
အထမြောက်သွားသူတည်း။

ထိုသူမျိုးသည်သာ • • •

တစ်ဘဝဆို ဆိုသလောက် • • ခရီးပေါက်မြောက်သွားသူတည်း။

ထိုသူမျိုးသည်သာ....

* ကိုယ့်ကိစ္စ ကိုယ်တာဝန်ကျေပွန်စွာ ထမ်းဆောင်သွားနိုင်သူတည်း။

အများတို့သည်ကား အမျိုးတို့အကျိုး ဟထိုး ထိုးဝင်နေကြကာ အမေ့ဖြင့် မော၊ အမေ့ဖြင့် မျော၊ အမေ့ဖြင့်ပင် ရောနှောနေကြတော့ရာ အများမှ အချို့ကား အမှားထဲသို့ ၊
အချို့ကား အမျှားထဲသို့ သယ်ပိုးပေးကြ ယူကြ ချည်းသာ။

ထိုအများတို့ကား အများတို့အကြား လမ်းမှားဝင်လျက်က နေလိုက်ကြ၊ နားလိုက်ကြ လုပ်နေကြရာ အဆုံးသို့မရောက်။

သည်ဘဝလည်း အစကကောက်၊ ဘဝတိုင်း ဘဝတိုင်း နောက်နောက်များလည်း အစကပင် ပြန် ကောက်ကြဦး။

၁၃၆၄-ခု၊ သီတင်းကျွတ်လစေ့နေ့၊
စံရိပ်ငြိမ်၊ ကျော်တော။

Photos from Aung Myin Chan Thar Gems & Jewellery's post 01/06/2024

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး သည် သာမညပုဂ္ဂိုလ်မဟုတ်ကြောင်း သာဓက ပြရပါသော်..🙏🙏🙏
================================
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသည် လူ့ဘောင်ဘဝကတည်းက သာမည​ဟုတ်ဟန်မရှိဘူးဆိုတာ ထေရုပတ္တိဖတ်ပြီးသူတိုင်းတော့ သိလောက်ပါပြီးဖြစ်ပါလိမ့်မည်။ မဟာစည်သာသနာ့ရိပ်သာတွင် ဆရာသခင် ဦးဝိမလဆရာတော်(အဘသန့်ရှင်း)၏ လမ်းညွန်မှုဖြင့် တရားစခန်းဝင်ခဲ့ပြီ။ (၃)ရက်အတွင်း တရားဥာဏ်စဥ်အလင်းပေါ်လွင်ခဲ့၏...နှစ်ပေါင်း( ၃၀ )အတွင်း ဦးငြိမ်းမောင် တစ်ဦးတည်း ရှိခဲ့သည်လို့ ဖော်ပြထားခဲ့ပါသည်။ ဒီဖြစ်စဥ်ကို ပထမဆုံးသိထားသောသူတို့မှာ..ဦးဝိမလဆရာတော်(အဘသန့်ရှင်း)နှင့် မဟာစည်ဆရာတော်ဘုရားကြီး တို့ဘဲ ဖြစ်ပါလိမ့်မည်။ ဘာကြောင့်လည်း ဦးငြိမ်းမောင် သည်..မဟာစည်ရိပ်သာသို့ သွားလိုခြင်း လုံးဝမရှိခဲ့ပါ၊ ဆရာသခင်၏ ဆန္ဒတော်ကို မလွန်ဆန်နိုင်သည်မို့ သွားခဲ့ရ၏။ သို့သော် ဘာဆက်ဖြစ်လည်း...တွေးကြည့်ပေါ့။ ဦးဝိမလဆရာတော်(အဘသန့်ရှင်း)သည်လည်း သကဒါဂမ် ပုဂ္ဂိုလ်ဖြစ်၍ အနာဂတ်ကို ကြိုမြင်ပြီးဖြစ်ပါလိမ့်မယ်။
ဤအကြောင်းအရာကို ဆက်စပ်တွေးကြည့်လျှင် ဘုရားရှင်ခေတ်အခါက ဘုရားရှင်က ကျွတ်ထိုက်သော ဝေနေယျများအား ခြွေချွတ်တရားဟောကြားသကဲ့သို့ ဖြစ်နေသလိုပင်၊ ဘုရားရှင် တရားတစ်ပုဒ် ချီးမြှင့်ရုံဖြင့် ကျွတ်တမ်းဝင်ခဲ့သည်ဟု သာဓကများစွာ ရှိခဲ့ပါ၏။ တကယ်တော့ တရားတစ်ပုဒ်တည်းနှင့် ကျွတ်တမ်းဝင်ရတာလို့ပြောလို့မ​ပြီးသေးပါ...ဘဝများစွာက ဖြည့်ကျင့်ခဲ့ရသော ပါရမီကြောင့်ပါ။ ပါရမီဆိုတာ ငုတ်လျှိုးနေတတ်သည်ဟု ဆရာတော်ဘုရားကြီး ၏ ပါရမီဖြစ်စကားများကျမ်းတွင် ဖတ်ကြည့် သိနိုင်ပါသည်။ ဆရာတော်လောင်းလျာကလည်း ပါရမီက နှိုးလာမှုကြောင့် လူ့ဘောင်မှာရောက် မည်သည့်အလုပ် မည်မျှကြိုးစားပါစေ...မအောင်မြင်ခဲ့ရ၊ ဘာကြောင့်လည်း တွေး...ရေးရေး..ပေါ်လာပါမည်။ တကယ်က..ပါရမီနှိုးလာလို့ပါဘဲ...။ဒါကြောင့်လည်း ဘာလုပ်လုပ်အဆင်မပြေခဲ့တဲ့ ဦးငြိမ်းမောင်က( ၃ )ရက်တည်းနှင့် တရားဥာဏ်အလင်းပွင့်ခဲ့တာက ပါရမီကြောင့်ပါ။ တောတောင်အနှံ့မှာ အဓိဌာန်မပျက်၊ ဓူတင်မပျက် အားထုတ်ခဲ့ရာတွင် သကိစ္စဖြစ်သော ခန္ဓာ့ဒုက္ခများစွာ ကြုံတွေ့ခဲ့ရသော်လည်း ချမ်းသာရာရခဲ့ရခြင်းက ဖြည့်ကျင့်ခဲ့တဲ့ ပါရမီကြောင့်ပါ။ မိမိအတွက်ဆိုပါလျှင် ဒီလောက်ဖြည့်ကျင့်ခဲ့သော ပါရမီများနှင့် သက်တော်(၈၀)ကျော်အထိ ဒီခန္ဓာ့ဒုက္ခကို ထိန်းရန်လိုပါမည်လော..။ ဘာ့ကြောင့်များလည်း...သူ့ဝေနေယျများအတွက် ဂရုဏာသက်လွန်းလို့... လက်ရှိလောကသည်ကား..ဆုတ်ခေတ်ကာလ ဖြစ်၍... သူ့ပရိတ်သတ်၊ သူ့ဝေနေယျများအား ကျွတ်ထိုက်သူကို အကုန်ချွတ်နိုင်ပါ့မလား...တွေးကြည့်။ ကျနော့်အထင်တော့...မပြီးနိုင်ပါ။...ဘာ့ကြောင့်လဲ...ရုပ်ကလာပ်တော်ထားခဲ့ရခြင်းက အားလုံးအတွက်ပါဘဲ။ ဒါကြောင့်လဲ..ရုပ်ကလာပ်တော်ကြီး ပကတိအနေထားအတိုင်း မပြုပြင်၊ ဆေးမသုံးဘဲ မပုပ်မသိုးရခြင်း...လက်ရှိရုပ်ခန္ဓာကြီးက ရွှေသားပမာထင်ဟပ်လာခြင်းများက ဘယ်သူ့အတွက်များလည်းလို့.. မြင်မိပါသလဲ...။ ယခုကဲ့သို့ ကျနော် တင်ပြရခြင်းက.....ရုပ်ကလာပ်ကြီးဘဲကွာလို့များ မမှတ်ယူလေနှင့်...အဓိဌာန်တင်ပြီး...ကြိုးစားအားထုတ်ကြည့်ကြပါလို့ တိုက်တွန်းရင်းနှင့် စာကို အဆုံးသတ်ပါရစေ...။

❝ သဗ္ဗေခေမာ ဝေရာဟောန္တု၊ ဘဝန္တု သုခိတာသဒါ ❞

Photos from Aung Myin Chan Thar Gems & Jewellery's post 01/06/2024

ခြေမတစ်ချောင်းရင်း၍ သာသနာပြုခဲ့ရသော
လားဟူဘုရား
(သို့မဟုတ်)မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး😔🙏

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးဟာ ဆင်းရဲဒုက္ခ
ကြုံတွေ့နေရတဲ့ ခုနှစ်ရက်သားသမီးတွေကို ကယ်တ
င်ဖို့ ဝါဆိုလပြည့်ကျော်တရက်‌‌နေ့ကစပြီးဆွမ်းခံကြွချီး
မြှောက်နေတာ ဖြစ်ပါတယ်။

တရားတန်ခိုးကြောင့်သာ ဆရာတော်ဘုရားကြီးကို
ရွှင်ရွှင်လန်းလန်းဖူးတွေ့နေရပေမယ့် ဆရာတော်ဘု
ရားကြီးရဲ့ ရုပ်ခန္ဓာဟာ ထိခိုက်ဒဏ်ရာတွေ ဗလပွနဲ့ပါ။
ဆရာတော်ဘုရားကြီးဟာ မိမိခန္ဓာအရေးထက် ခုနှစ်
ရက်သားသမီးတွေရဲ့ ပူလောင်သောက၊ဆင်းရဲဒုက္ခ ငြိ
မ်းစေလိုတဲ့ ဂရုဏာကြောင့် နေပူမရှောင်မိုးရွာ မရှောင်
ဆွမ်းခံကြွချီးမြှောက်နေတာ ဖြစ်ပါတယ်။

ဆရာတော်ဘုရားကြီးဟာသက်တော်(၈၀)ကျော်လို့
တနှစ်စွန်းနေပြီဖြစ်ပါတယ်။ဆရာတော်ဘုရားကြီးတ
ရားကျင့်ခဲ့တဲ့ တလျောက်လုံး ကြုံခဲ့ရတဲ့ ဆင်းရဲဒုက္ခတွေဟာ များလှပါတယ်။ရေးလို့မကုန်နိုင်ပါဘူး။အဓိက အချက်လောက်နဲ့ နောက်ဆုံးသီတင်းသုံးနေတဲ့ ကျော
င်းဆောင်ရဲ့ ထူးခြားချက်ကိုတင်ပြပေးပါ့မယ်။

ဆရာတော်ဘုရားကြီး ရဲ့ခြေရာတော်ကိုဖူးကြပြီး အမျိုး
မျိုးရေးကြပေမယ့် ဆရာတော်ဘုရားကြီးမှာ ခြေမတစ်
ချောင်းမရှိတာ သတိမထားမိကြပါဘူး။ ဆရာတော်ဘု
ရားကြီး ရှမ်းပြည်နယ် မိုင်းပျဉ်းမြို့က သုဝဏ္ဏသျှံတော
င်မှာ သီတင်းသုံးနေတုန်းက ဒေသခံ လားဟူ၊ လီရှော
လူမျိုးတွေဟာ ဆရာတော်ဘုရားကြီးကို ဘုရားလို့ပဲ
ခေါ်ဝေါ်ကြပါတယ်။

လားဟူဘုရားလို့ သုံးနှုန်းကြပါတယ်။ချမ်းတုန်အောင်
အေးတဲ့ ရာသီဥတု၊ရေခဲတမျှအေးစက်နေတဲ့ တောင်
တက်,တောင်ဆင်းကျောက်ခဲလမ်းတွေမှာ ဖိနပ်မပါပဲ
ကြွခဲ့ရတာကြောင့် ဆရာတော်ဘုရားကြီးရဲ့ ညာဘက်
ခြေမဟာ အနာပေါက်လာခဲ့ပါတယ်။ ညာဘက်‌ခြေ
ထောက်ဟာလည်း ထုံကျင်ကိုက်ခဲလျှောက်ရခက်လာ
ပါတယ်။

နောက်ဆုံးလမ်းလျှောက်လို့မရတဲ့အထိအခြေအနေဆိုးလာပါတယ်။‌ခြေမ မဖြတ်ပါကတပတ်သာအသက်ရှင်ဖို့အထိအခြေအနေဆိုးလာပါတော့တယ်။ခြေမကို ဖြတ်ဖို့ ဆရာဝန်ကြီးတွေဟာ ပစ္စည်းကိရိယာတွေနဲ့ရောက်လာပေမယ့် ဆရာတော်ဘုရားကြီးကတရက်စောင့်ခိုင်းတာကြောင့်မဖြတ်ဖြစ်လိုက်ပါဘူး။

နောက်ရက်မှာ ခြေမဟာအနာစားတဲ့နေရာကနေ ပြတ်
ကျလို့ သွေးစိမ်းရှင်ရှင် ထွက်လာတဲ့အတွက် ခြေမ
တစ်ချောင်းလုံးမဆုံးခဲ့ပေမယ့်ညာဘက် ခြေမရှေ့ပို
င်းတော့ ဆုံးခဲ့ရပါတယ်။ဆရာတော်ဘုရားကြီးဟာ သုဝဏ္ဏသျှံမှာ ကျင်းပခဲ့တဲ့ နတ်ကိုးကွယ်တဲ့လားဟူ၊လီရှော တွေ ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူခဲ့တဲ့ပွဲကိုခြေမတချောင်းဆုံးပြီးပြုခဲ့ရတဲ့ သာသနာကွလို့တပည့်ဖြစ်သူကို မိန့်ကြားခဲ့ဖူးပါတယ်။

ဆရာတော်ဘုရားကြီး စစ်ကိုင်းပရက္ကမလှိုဏ်ဂူမှာ တရားကျင့်စဉ်ကလည်း ဆွမ်းခံရသမျှကို တခြားသောသံဃာတွေအတွက်ဇလုံအပြည့် ပြန်လည်လှူဒါန်းတဲ့ အဓိဌာန်ဆောက်တည်ခဲ့ပါတယ်။ဆွမ်းကွမ်းအရနည်းတဲ့အခါ အဓိဌာန်အပျက်မခံပဲ ဇလုံပြည့်အောင် လှူတဲ့အခါ သပိတ်ထဲ ဘာမှ မကျန်တော့ပါဘူး။သပိတ်ကပ်နေတဲ့ ထမင်းလုံးတွေကို ရေနဲ့ကျင်းပြီး ဝမ်းမီးငြိမ်းခဲ့ရပါတယ်။သောက်ရတာလည်းထုံးရေ ဖြစ်တာကြောင့် အစာအိမ်က သွေးထွက်တဲ့အထိ ရောဂါခံစားလာရပါတယ်။အဲ့ဒီအစာအိမ်ရောဂါကိုလည်း အချိန်တော်တော်ကြာကုသခဲ့ရပါတယိ။ခုချိန်ထိ အစာအိမ် ရောဂါ အရှင်းမပျောက်တော့ပါဘူး။ဒါတွေရေးရတာက သက်တော်က လည်းကြီး ခန္ဓာကိုယ်ကြီးကလည်း ဇရာရော၊ဝေဒနာပါဖိစီးနေပေမယ့်ဆွမ်းခံကြွချီးမြှောက်နေတဲ့ဆရာတော်ဘုရားကြီးရဲ့ မေတ္တာတော်ကို မြင်စေချင်လို့ဖြစ်ပါတယ်။

ဒီနေ့ခေတ်ရဲ့ ထူးခြားမှုတခုကတော့ ဗိဿနိုးခေတ်က လူတွေ က ခုခေတ်မှာ လူပြန်ဖြစ်ပြီး သာသနာပြုနေကြတာဖြစ်ပါတယ်။မဟာဗောဓိမြိုင်ဆရာတော်ကြီးက ဗိဿနိုးခေတ်က ပန်ထွာဘုရင်မ လေးစားချစ်ခင်ရတဲ့ စစ်သူကြီးဖြစ်သလို၊သဲဖြူဆရာတော်ကလည်း ပန်ထွာဘုရင်မရဲ့ ကိုးကွယ်ရာ ရသေ့ကြီးဖြစ်ပါတယ်။ပန်ထွာဘုရင်မရဲ့ ယောက်ျားဖြစ်တဲ့ ဒွတ္တဘောင်မင်းကြီးကလည်း လူပြန်ဖြစ်လို့မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးအဆက်အစပ်နဲ့ တရားအားထုတ်လို့ ရဟန္တာဖြစ်သွားပါပြီ။အားလုံးက ကျွတ်တမ်းဝင်ကြတော့မယ့် အရိယာလမ်းလျှောက်လှမ်းနေကြတာထူးခြားလှပါတယ်။ဆရာတော်ကြီးတွေနဲ့ စပ်ဆက်ပတ်သတ်နေကြတဲ့သူဌေး၊သူကြွယ်တွေထဲမှာလည်း ဗိဿနိုးအဆက်တွေ အများကြီးရှိနေတာလည်း အံ့ဩစရာကောင်းလှပါတယ်။

မဟာဗောဓိမြိုက်ဆရာတော်ဘုရားကြီးရဲ့ တခြားသောဆရာတော်ကြီးများနဲ့မတူတဲ့ထူးခြားချက်က လောကီ ဓာတ်ပိုင်းဆိုင်ရာ သိနားလည်မှုဖြစ်ပါတယိ။ဆရာတော်ဘုရားကြီးရဲ့ အတိတ်ဘဝက လောကီပညာပိုင်းဆိုင်ရာမှာ ဆရာတဆူဖြစ်အောင်သင်ကြားခဲ့လို့ဖြစ်ပါတယ်။အကျယ်တော့မရေးတော့ပါဘူး။ဆရာတော်ကြီးရဲ့ ဉပဇ္ဈာယ်ဆရာတော် ဦးဝိမလဟာ ဘိုးမင်းခေါင်ရဲ့တပည့်ဖြစ်ပါတယ်။နောင်ပွင့်တော်မူမယ့် အရိမေတ္တယျဘုရားရှင်လက်ထပ်မှာ ကျွတ်တမ်းဝင်မယ့် ဆုထူးပန်ဖြစ်တယ်လို့ ဆရာတော်ဘုရားကြီးမိန့်ကြားဖူးပါတယ်။ဆရာတော်ဘုရားကြီးကိုလည်း ဘိုးမင်းခေါင်အပါအဝင်ဝိဇ္ဇာတွေနဲ့ ပတ်သတ်မှုရှ်ိတာကိုလည်းတွေ့ရပါတယ်။ဆရာတော်ကြီးကို ဘုရားတည်ဖို့လျှောက်ထားတော့ ဆရာတော်ကြီးက မတည်ချင်ဘူးလို့ မိန့်ကြားပါတယ်။ဒါနဲ့ တာဝန်ကျေအောင် 3ဆူတော့ တည်ပါ့မယ်လို့ ကတိထားပြီး3ဆူတည်ခဲ့ပါတယ်။ဘိုးမင်းခေါင်ကိုယ်တိုင် ဆရာတော်ကြီးကို ဆပ်ကပ်ခဲ့တဲ့ စေလို‌ရာစေ ဂါထာကိုလည်း သိကြမယ်ထင်ပါတယ်။လောကီအကျိုးပေးဂါထာမို့ ဆရာတော်ကြီးက မသုံးပါဘူး။လောကီအကြောင်းထည့်ရေးနေတာက ဆရာတော်ဘုရားကြီးနောက်ဆုံးသီတင်းသုံးနေတဲ့ ကျောင်းဆောင်နဲ့ပတ်သတ်နေလို့ ဖြစ်ပါတယ်။

ဆရာတော်ဘုရားကြီးရဲ့ လောကီဓာတ်ပိုင်နိုင်မှုကို ဆရာတော်ဘုရားကြီးရေးတဲ့စာအုပ်တွေမှာ ကွက်ကွက်ကွင်းကွင်းတွေ့နိုင်ပါတယ်။ဆရာတော်ဘုရားကြီးနောက်ဆုံးသီတင်းသုံးတဲ့ကျောင်းဆောင်ဟာ သက်ကယ်မိုး၊ဝါးကပ်ကာကျောင်းဆောင်ဖြစ်ပါတယ်။ဘာထူးခြားပါသလဲ။ဝါးကပ်ကာတာက လူ့အသက်အန္တရာယ်ကို ဝါးမြိုနေတဲ့ ကပ်ရောဂါကို ကာတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။သက်ကယ်မိုးတာက အသက်တွေကို ကယ်တဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။လောကီပညာရပ်ကို နှံ့စပ်စွာလေ့လာဖူးသူတိုင်းဒီအစီအရင်ရဲ့အကျိုး‌ကျေးဇူးအဓိပ္ပာယ်ကို ကောင်းကောင်းသိကြပါတယ်။လောကုတ္တရာလမ်းလျှောက်နေပေမယ့် ခုနှစ်ရက်သားသမီးတွေအတွက် လောကီမှာပါ ပါဝင်ကယ်တင်ပေးနေတဲ့ ဆရာတော်ကြီးရဲ့ မေတ္တာတော်ကိုကြည်ညိုနိုင်အောင်ဖြစ်ပါတယ်။

ဆရာတော်ဘုရားကြီးဖူးတွေ့ခွင့်ပြုတာနဲ့ လူတွေတရုန်းရုန်း၊တအုန်းအုန်းစည်ကားနေတာလည်း ခုမှ မဟုတ်ပါဘူး။မိုးမိတ် မပဒါန်းလှိုဏ်ဂူမှာသီတင်းသုံးနေတုန်းကလည်း ဒီလိုပဲဖြစ်ပါတယ်။အတိတ်ဘဝက ကိုယ်ရှုပ်ခဲ့တော့ ခုဘဝ ကိုယ့်လာရှုပ်ကြတာပဲလို့ ဆရာတော်ကြီးက မိနိ့ကြားပါတယ်။လူတွေမှ မဟုတ်ပါဘူး၊နတ်တွေရော၊ပရလောကသားတွေကိုပါ ရည်ရွယ်မိန့်ကြားတာဖြစ်ပါတယ်။ဆရာတော်ဘုရားကြီးကို ဖူးတွေ့ခွင့်ရကြသူတွေ၊ဆရာ‌တော်ကြီးကိုမဖူးရ‌ပေမယ့်တရား‌တော်များနာကြားခွင့်ရကြသူ‌တွေဟာလည်း အတိတ်ဘဝက ဆရာတော်ကြီးနဲ့ ပဌာန်းဆက်ရှိခဲ့သူတွေလို့ ဆရာတော်ဘုရားကြီးရဲ့စကားအရ ကောက်ယူလို့ ရပါတယ်။

ဆရာတော်ဘုရားကြီးကို ကိုယ်တွေ့ဖူးရသည်ဖြစ်စေ၊မဖူးရသည်ဖြစ်စေ ဆရာတော်ကြီးဟောကြားခဲ့တဲ့တရားတော်များကို နာကြားလိုက်နာ အားထုတ်ကြရင်း တရားထူးရသောပုဂ္ဂိုလ်များဖြစ်ကြပါစေလို့ ဆုတောင်းရင်း ....တရားတော်ထပ်ဆင့်မျှဝေပါသည်…။

✖✅ ခြေမတော်ကြီးဖြတ်ရန် သင့်မသင့် ✅✖

ခြေမတော်ကြီးဖြစ်စဉ်
********************

ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်
ဘုရားကြီး ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပျဉ်း
မြို့နယ် ဟွေဟင်ကျေးရွာအနီးရှိ ဘုရား
အလောင်းတော်သုဝဏ္ဏသာမ ဘဝက ပါရမီ
ဖြည့်ကျင့်ခဲ့ရာ တောင်ထူးတောင်မြတ်ဖြစ်သော
သုဝဏ္ဏသျှန်တောင်တော်တွင် (၃)ဝါ သီတင်းသုံး သာသနာပြုစဉ်က ဖြစ်ပါသည်။

၎င်းသာသနာပြုစခန်း၌ သီတင်းသုံးစဉ်-
တောင်ခြေရှိ ဟွေဟင်(ရှမ်းရွာ)၊ တောင်ပေါ်ရှိ
လားဟူနှင့်လီဆူးရွာများသို့ နေ့စဉ် နံနက်တိုင်း
အလှည့်ကျဆွမ်းခံကြွတော်မူပါသည်။

ရေမြေတောတောင်သဘာဝအရ နံနက်
အစောပိုင်းတွင် ရေခဲတုံးအလား အလွန်
အေးသော ကျောက်တုံးများပေါ်မှ လျှောက်လှမ်း
ရ၍လည်းကောင်း၊ ဆွမ်းခံပြန်အကြွ ၁၀ နာရီ
ကျော်ချိန်တွင် အလွန်ပူနေသော ကျောက်တုံး
ကျောက်ခဲများပေါ်မှ ဖြတ်လျှောက်ရခြင်း
တို့ကြောင့် ဖိနပ်မစီးသော ဆရာတော်ကြီးမှာ…
ခြေဖနောင့်နှင့်ခြေမတော်ကြီး၏
အောက်ဘက်တွင် ကွဲအက်လာပါတော့သည်။
ထိုအက်ကြောင်းများ တဖြည်းဖြည်း ပိုမို
ကြီးမားလာပြီး အရည်ကြည်များလည်း
ထွက်လာကာ အနာအသွင်သို့ရောက်ခဲ့ပါသည်။

ထိုအခြေအနေမျိုးတွင် ဒကာမတစ်ဦးရဲ့
အဆင်အခြင်မဲ့ ပြုမူဆောင်ရွက်ချက်ကြောင့်
ပိုမိုဆိုးရွားလာကာ ခြေမတော်ကြီးမှာ ပုပ်ပွ
လာပါတော့၏။ နောက်ဆုံး လမ်းလျှောက်
လို့ပင်မရတော့။ ထို့ကြောင့်ပင်......
* ကွန်ဟိန်းမြို့ လဝကမှူး၏ သံကြိုးစာ*
ဆရာတော်ဘုရားကြီး၏ “ခြေမတော်ကြီး
ဖြတ်ရမည်”ရန်ကုန်အဖွဲ့ အမြန်လာ…ဟူ၍
ဆင့်ခေါ်လိုက်ရ၏။

ရန်ကုန်အဖွဲ့ အစည်းအဝေးခေါ် ,ချက်ချင်း
အမြန် အပြေးတက်လာကြရ၏။
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပျဉ်းမြို့နယ်
သုဝဏ္ဏသျှန်တောင်တော်၏ သာသနာပြု
စခန်းခွဲတစ်ခုဖြစ်သော ဘုန်းတော်ပြည့်တောင်ရှိ
သန္တိသုခကျောင်းတော်သို့ အချိန်တိုအတွင်း
ရောက်ခဲ့ပါ၏။

ဦးချကန်တော့၍အပြီး ဆရာတော်ကြီးမှ .....
" အေးဗျာ…. ဒကာကြီးရဲ့၊ ခါးထောက်ကြီးဗျာ
သူ့အိမ်သစ်နှစ်လုံးအတွက် ဘုရားနှစ်ဆူ ပူဇော်
ချင်တယ်လို့ တို့ဆီတောင်းတယ် ဒကာကြီးရဲ့ "
( ခါးထောက်ကြီး, ဟူသည် ဆရာတော်ကြီးမှ
သူ၏ဒါယကာမတစ်ဦးကို ပေးထားသော”
နာမည်ပြောင် )

မိန့်ပါဘုရား….

" အေး တို့က ဒီဘုန်းတော်ပြည့်တောင် မြတ်မွန်
ရတနာကျောင်းက ဘုရားတွေ ပင့်သွားလို့
ပြောတော့, သူက ဒီဘုရားတွေတော့ မလိုချင်ဘူး
ဟိုအထက် မဟာဗောဓိမြိုင်ကျောင်းက
ဘုရားတွေကိုပဲ ပူဇော်ချင်တယ်ဆိုလို့
ဒို့တက်ပင့်ပေးရတယ် ဒကာကြီးရဲ့ "

မိန့်ပါဘုရား ....

" အေး… သုဝဏ္ဏသျှန်တောငိတော်ရဲ့ နေရာထူး
နေရာမြတ်တွေ ရေးထားတဲ့”ဆိုင်းဘုတ်”
တွေလည်း စိုက်ထူရင်းနဲ့ပေါ့ "

မှန်ပါ့ မိန့်ပါဘုရား….

" အေး… မဟာဗောဓိမြိုင်စခန်းလည်း
ရောက်ရော ခလုတ်တိုက်မိတဲ့ခြေမကြီးက
သွေးတွေရွှဲလို့ အဲဒါ ဒကာမ ခါးထောက်ကြီးက
ခြေမက အနာကို “စပရစ်” တွေနဲ့လောင်း
သန့်ရှင်းရေးလုပ်" မိန့်ပါဘုရား ...
" အဝတ်ပတ်တီးနဲ့ အထပ်ထပ်ပတ်၊ နောက်
စပရစ်တွေနဲ့ ရွှဲအောင်ထပ်လောင်း… ဒီတင်
မပြီးသေးဘူး ဒကာကြီးရဲ့" မိန့်ပါဘုရား…
" အေး သူ့ကိုယ်တော်ကြီးရဲ့ အနာ ဖုန်ဝင်မှာ
စိုးလို့တဲ့ ပလပ်စတစ်အိတ်နဲ့ထပ်စွပ် ကျွတ်
မထွက်အောင်တဲ့ သားရေကြိုးနဲ့ထပ်ပိတ် "
ဒီတွင် စာရေးသူကပ္ပိယလည်း မနေနိုင်တော့ပါ။

မှန်လှပါ အရှင်မြတ်ကြီးဘုရား ဒီလုပ်ဆောင်
ချက်ဟာ ပညာမဲ့လုပ်ဆောင်ချက်ပါဘုရား…
" အေး သူကလည်း စေတနာနဲ့လုပ်နေတာ
ဆိုတော့ ဒို့ကလည်းကြည့်နေလိုက်တာပေါ့ "

မှန်ပါ့ဘုရား… အရှင်ဘုရား အခုလို
“ပညာမဲ့သဒ္ဓါ” ကို အလှူခံခွင့်ပြုလိုက်တဲ့
အတွက်ကြောင့် အရှင်ဘုရားလည်း ဝေဒနာတွေ
အပိုခံစားရလို့ အားထုတ်တဲ့အခါမှာရော
ဝေနေယျတွေအပေါ် မေတ္တာပွါးပ်ို့တဲ့နေရာမှာပါ
အနှောင့်အယှက် အခက်အခဲဖြစ်နိုင်ပါသည်
ဘုရား… တပည့်တော်တို့ သားတပည့်တွေ
မှာလည်း စိုးရိမ်သောကရောက်ကြရပါတယ်
ဘုရား… ဒီဒကာမကြီးဟာ အရိယာ
သူတော်ကောင်းတို့ရဲ့ သဘောသဘာဝကို
နားမလည်လို့ပါဘုရား… အထူးအားဖြင့်
အရိယာသံဃာတော်တွေဟာ ရောဂါဝေဒနာများ
ခံစားလာရပါက လောကီဆေးထက်
“ဓမ္မဆေး” ရှုမှတ်ဆင်ခြင်ခြင်းသာ ကုသ
လေ့ရှိတာကို သူမသိလို့ပါဘုရား…

တပည့်တော်အထူးလျှောက်ထားလိုတာက
နောင်ဒီလို”ပညာမဲ့သဒ္ဓါ” မျိုးနဲ့ ဆောင်ရွက်
ချက်မှန်သမျှ အလှူမခံထိုက်ကြောင်းပါဘုရား…

ထိုအခါ ဆရာတော်ကြီးမှ အိန်း… ဟူ၍သာ….

အရိယာသံဃာတော်ကြီးများမှာ ဒီလိုပင်
ဒကာ၊ဒကာမမှား၏ သဒ်ဓါတရားကို အမွဲ
ငဲ့ကွက်တော်မူကြလေ၏။ ထိုကြောင့်ပင်
ခြေမတော်ကြီးကို ဖြတ်ရမည့်ကိန်းသို့
ဆိုက်ရောက်ရခြင်းဖြစ်လာ၏။

တပည့်ရင်းဒကာရင်းများ ဖြစ်ကြသည့်
မိတ္ထီလာစစ်ဆေးရုံကြီးမှ ပါရဂူကြီး
ဒေါက်တာဗိုလ်မှူးလွင်ကိုလည်း အထူး
ဂရုစိုက်၍ ကုသပေးပါသည်။
နောက်တစ်ဦးကား ကွန်ဟိန်းမြို့အနီး
ကာလိတိုက်နယ်ဆေးရုံမှ ဒေါက်တာဦးတင်ငွေ
ဖြစ်ပါသည်။ ဒကာရင်း ဆရာရင်းဖြစ်သည့်
အားလျော်စွာ အထူးကြိုးစားအားထုတ်၍
ကုသပေးကြပါသော်လည်း သက်သာခြင်း
အလျဉ်းမရှိ- ဆိုးသည်ထက်ဆိုး၍
လာပါတော့သည်။

ခြေမကြီးဖြတ်ဖို့ကိစ္စမတိုင်မီ စာရေးသူမှာ
၎င်းသီတင်းကျွတ်လပြည့်ကျော် ၁ ရက်မှ
နတ်တော်လပြည့်ကျော်အထိ နှစ်လကျော်ကြာ
မဟာဗောဓိမြိုင်စခန်းတွင် ဆရာတော်ကြီး၏
အာရုံ၊ နေ့ဆွမ်းစသည်တို့အပြင် တစ်ပတ်
တစ်ခါ ရေနွေးနှင့်စပ်၍ ရေချိုးပေးရခြင်း၊
တစ်လတစ်ခါ ဆံတော်ချပေးရခြင်း၊
ညနေ ၆ နာရီတွင် ဘုရားသောက်တော်ရေ
အလင်းတိုင် အမွှေးတိုင်တို့ကို ဘုရားရှင်အား
ဆရာတော်ကြီးကပ်လှူပူဇော်နိုင်ရန် အရံသင့်
ပြင်ဆင်ပေးရခြင်း စသည်စသည်ဖြင့်
ဝေယျာဝစ္စများကို တစ်ဦးတည်းဆောင်ရွက်
ခဲ့ရသောကာလ၊

ဘယ်ဘက်လက်ချောင်းကလေးများ
အကွေးအဆန့်လုံးဝလုပ်မရ တန်းတန်းကြီး-
ညာဘက်လက် လက်ညှိုးနှင့်လက်မ
လှုပ်ရလို့သာ ဇွန်းကလေးဖြင့် ဆွမ်းစားနိုင်ခြင်း
ဖြစ်ပါသည်။ ခြေထောက်နှစ်ချောင်းလုံး
အကွေးအဆန့်ကောင်းစွာ မလုပ်နိုင် ကုဋီ
သွားရာတွင်လည်း ကပ္ပိယမှတွဲ၍ ပို့ရသည်
လည်းရှိခဲ့ပါ၏။

ဒီဇင်ဘာရာသီဥတုကလည်း ပေခြောက်ထောင်
ကျော်အမြင့်ဆိုတော့ အအေးဓာတ်လွန်ကဲ
ပြင်းထန်သည်… အာရုံ၊ နေ့ဆွမ်းတို့လည်း
ကောင်းစွာမစားနိုင်၊ အရိုးပေါ်အရေဖုံး၊
ဆရာဝန်ကြီးများကတော့ နှင်းကိုက်ရောဂါဟု
ဆိုကြသည်။

ညဘက်ဝတ်ဖြည့်စဉ် ဆရာတော်ကြီးကတော့
ဒို့အကြွေးတွေဆပ်နေရတာ ဒကာကြီးရဲ့ ဟု
မိန့်တော်မူသည်။ စာရေးသူယုံကြည်ထားသည်
က ဆရာတော်ကြီး၏ အန္တိမနောက်ဆုံးဘဝ
အကြွေးစာရင်းရှင်းတမ်းဟူ၍ပင်…
နောက်တစ်ကြောင်းကလည်း မြောင်းမြမြို့
မြစိမ်းရောင်တော်ဆရာတော်ကြီးကလည်း
မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ ပုံတော်ကို
ကြည့်ပြီး ဪ… “သူက အန္တိမဘဝကိုး” လို့
ကျွန်တော်တို့အဖွဲ့ကို မိန့်ဆိုထားပါတယ်။

စာရေးသူတို့ ရန်ကုန်အဖွဲ့ ဆရာတော်ကြီး
သီတင်းသုံးတော်မူရာ ဘုန်းတော်ပြည့်တောင်သို့
ရောက်သောအခါ ကွန်ဟိန်း သာစည် ပျဉ်းမနား
မိတ္ထီလာနှင့် မန္တလေးအဖွဲ့တို့ ရောက်နှင့်ပြီး
ဖြစ်ပါသည်။ ခြေမကြီးဖြတ်သင့်/မသင့်ကို
ကာလိတိုက်နယ်ဆေးရုံမှ ဒေါက်တာဦးတင်ငွေမှ
ဦးဆောင်ဆွေးနွေးပါသည်။

ခြေမကြီးအခြေအနေမှာ ဒီအတိုင်းထားပြီး
ဆက်ကုနေပါက အထက်ပိုင်းသို့လှိုက်စား
သွားပြီး ပိုးဝင်သွားပါက ခြေထောက်
တစ်ချောင်းလုံးအတွက် အန္တရာယ်
ဖြစ်နိုင်ကြောင်း၊ ယခုအခြေအနေသည်
ဖြတ်သင့်သည့်အခြေအနေဖြစ်ပါကြောင်း
တင်ပြဆွေးနွေးသွားပါသည်။ ကွန်ဟိန်းမြို့မှ
ဦးပေါမိသားစုများကလည်း ခွဲစိတ်ခန်းသုံး
လိုက်ကာ၊ ဆရာတော်ကြီးဝတ်ရန် ခွဲစိတ်ခန်းသုံး
အင်္ကျီ ဆရာဝန် သူနာပြုပါမကျန် လိုအပ်သော
အသုံးအဆောင်ပစ္စည်းများကို ပြည့်စုံစွာ
ဖြည့်ဆည်းလှူဒါန်းပြီး ဖြစ်ပါသည်။

စာရေးသူကပ္ပိယကတော့ ဘုရား၊ ရဟန္တာများ
နောက်ဆုံးဘဝ ဝဋ်ကြွေးဆပ်နေကြခြင်းဖြစ်၍
ကိုယ့်ပယောဂဖြင့် ခြေမကြီးကိုဖြတ်ပစ်က
အပြစ်ဒဏ်သင့်ရောက်မှာကို စိုးရွံ့၍ ခြေမကို
မဖြတ်ပဲ တတ်နိုင်သမျှ ဆေးကောင်း
ဝါးကောင်းများဖြင့်သာ ပျောက်ကင်းအောင်
ကုသစေချင်ခဲ့၏။

နောက်ဆုံး ခြေမကိုဖြတ်ဖို့ ဆရာဝန်ကြီး
တွေဟာ ပစ္စည်းကိရိယာတွေနဲ့ရောက်လာ
ပေမယ့် ဆရာတော်ဘုရားကြီးက တစ်ရက်
စောင့်ခိုင်းတာကြောင့် မဖြတ်ဖြစ်လိုက်ပါဘူး။

ထိုည၌ ဆရာတော်ကြီး သစ္စာအဓိဌာန်များ
ပြုလုပ်ခဲ့တဲ့ အစွမ်းကြောင့်ပင် ဖြစ်လိမ့်မည်..
နောက်ရက်မှာ မည်သည့်ပယောဂမှမပါပဲ
အနာစားတဲ့ ခြေမရှေ့ပိုင်းနေရာက သူ့အလိုလို
ပြတ်ကျသွားလို့မဖြတ်မတောက်ပဲ အားလုံး
အဆင်ပြေချောမွေ့စွာ ကုသပေးနိုင်ခဲ့ပါတယ်။

နောက်ပိုင်းမှာ ဆရာတော်ဘုရားကြီးဟာ
သုဝဏ္ဏသျှန်မှာ ကျင်းပခဲ့တဲ့ နတ်ကိုးကွယ်တဲ့
လားဟူ၊လီရှော တွေ ဗုဒ္ဓဘာသာဝင်အဖြစ်
ခံယူခဲ့တဲ့ပွဲကို......
*ခြေမတချောင်းဆုံးပြီး ပြုခဲ့ရတဲ့ သာသနာကွ*
လို့ တပည့်ဖြစ်သူကို မိန့်ကြားခဲ့ပါတယ်။

စာရေးသူ ကပ္ပိယကြီး {ဆရာချစ် ဒဿန}၏
ဆရာတော်ကြီး၏ခြေမ ဖြတ်သင့်၊မဖြတ်သင့်
ရေးသားထားသော ပိုစ့်နှစ်ခုအား တစ်ခုထဲ
ဖြစ်အောင် ပေါင်းစပ်ပြင်ဆင်ရေးသား
တင်ပြထားပါ၏🙏🙏🙏

Credit to original 🙏🙏🙏

Want your business to be the top-listed Jewelery/watch Store in Dagon?
Click here to claim your Sponsored Listing.

Videos (show all)

ဖွား သေ စာရင်း နေရင်းမှာ ပေးရမှာလား🙏🍂🌺🌿🌹💐🙏🍂🌺🌿🌹💐🙏ကိုယ်ခန္ဓာ အောက်ပိုင်း၏ အသွား အလာ အလှုပ် အရှား များလည်း ချက်မကျချင်တော့အ...
အထူး​နောက်ဆုံးတရား​တော်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးဟောတဲ့တရားတော်..အများသူငါနားယူလို့ရအောင်..မေတ္တာဖြစ်ကုသိုလ်ဖြစ်ပြန်...
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသို့။။။။။။။.ဝနဝါသီအမည်တွင်  တောရမှီတဲ့ထိုအရှင်မဟာဗောဓိမြိုင်လူသိများ  ဥာဏ်တန်ခိုးမှာပြုင်စ...
ဆရာတော်ရှိနေပါသည် ~~~~~~~~~~~~~~~~ရွှေတောင်ကြီးပြိုကျပြီ  အသံကြားတော့နှလုံးသားမှာ တုံလှုပ်ခြောက်ခြားသွားဒါပေမယ့် ငါနှလုံ...
ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး-သက်တော်(၈၂)နှစ် သိက္ခာတော်(၄၅)ဝါ အား နောက်ဆုံးအကြိမ်ခြေတော်ဦးတိုက်ရိုသေစွာ...

Telephone

Website

Address


Shwedagon Pagoda
Dagon
11051

Other Jewellery suppliers in Dagon (show all)
DeeDee online Agent DeeDee online Agent
Dagon, NO

wifi

KJADE Myanmar KJADE Myanmar
No/3F Kanbae Street , Yankin Township, Yangon
Dagon, 11081

My Design Pearl Shop My Design Pearl Shop
Yangon
Dagon

ကမာပုလဲမွေးပုလဲရွှေရည်စိမ်ပွဲတက် DesignစုံInstock/မြို့ပေါင်း300ကျော်အိမ်ရောက်ငွေချေစနစ်ပို့ပေးပါတယ်

ပန်းကမ္ဘာ Fancy Shop ပန်းကမ္ဘာ Fancy Shop
No-2098, Level-1, Dagon Township
Dagon, 11191

ပန်းကမ္ဘာ Fancy Shop

Golden Queen Golden Queen
Myoma Kyaung Street
Dagon

Super World Jewel Hall, Bogyoke Market.,

Hsu Myat Gems & Jewellery Hsu Myat Gems & Jewellery
Kyan Sit Thar Road
Dagon

King & Queen Jewellery King & Queen Jewellery
No. (1182), 6 Floors, (right), Zingama Road, Thakayta Township
Dagon, 11231

A&N Cool Jewelry A&N Cool Jewelry
Building No. (6), Room(004), Ground Floor, LayDauntKan Road, Thingangyun Yangon, Myanmar
Dagon, 11071

jewelry Shop

Golden Cradle Golden Cradle
No. 24, East Block (A), Bogyoke Aung San Market
Dagon, 11141

Jewelry

Shwe Sein Taung Jewellry Shop Shwe Sein Taung Jewellry Shop
Shwe Sein Taung, No. 1049, Ground Floor, Taw Win Centre, Pyay Road
Dagon, 11191

အရည်အသွေးပြည့်မှီတဲ့စိန်ထည်ရတနာများကို အာမခံချက်အပြည့်နှင့်ဝယ်ယူရရှိနိုင်တာရွှေစိန်တောင်ရတနာဆိုင်ပါ။

𝙃𝙚𝙧 𝙋𝙖𝙧𝙖𝙙𝙞𝙨𝙚-𝑳𝒖𝒙𝒖𝒓𝒚 𝑺𝒉𝒐𝒑 𝙃𝙚𝙧 𝙋𝙖𝙧𝙖𝙙𝙞𝙨𝙚-𝑳𝒖𝒙𝒖𝒓𝒚 𝑺𝒉𝒐𝒑
Dagon, YANGON

Jewellery has a power to enhance the beauty of ladies.