Ĝlick

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ĝlick, Graphic designer, Oakkyinbutaryone Lane, Hlaing.

Photos from Myanmar Now's post 30/01/2023

တန်ဖိုးသိတဲ့သူအတွက်တော့ ရှယ်ပဲ အမှန်တွေဖြုတ်လို့ရတယ် သေချာရွေးတက်ဖို့တော့ လိုတာပေါ့😀

ကိုယ်တွေတော့ ဝယ်ဖြစ်တယ် ဝတ်ဖြစ်တယ်💯

07/09/2022

💁ရိုးသားပါကြိုးစားပါ
ရိုးသားခြင်းကမင်းဘဝကိုလှပစေနိုင်သလို
ကြိုးစားခြင်းကမင်းအတွက် တနေ့
အောင်မြင်မှုရလိမ့်မယ်ဆိုတာမင်းမမေ့ပါနဲ့🙋🙋‍♂️

💁ဘယ်သူတွေဘယ်လိုအမုန်းထားထား
မင်းတော့အပြုံးမပျက်စေနဲ့ပေါ့
ဘယ်လိုအခြေအနေမျိုးပဲရောက်ရောက်
အလှပဆုံးပြုံးထားပြီး မင်းရှိတဲ့ခွန်အားတွေနဲ့
ရှေ့ဆက်နိုင်အောင်ကြိုးစားပါ🚶‍♀️🚶

💁ပြီးခဲ့တဲ့အတိတ်တွေကို
ဘယ်တော့မှနောက်ပြန်မကြည့်နဲ့
စွန့်လွှတ်သင့်ရင်စွန့်လွှတ်လိုက်ပါ
ဘဝကပေးတဲ့နာကျင်စရာ
တွေကိုဒဏ်ရာတွေလို့မသတ်မှတ်ပဲ
သင်ခန်းစာအဖြစ်ပြောင်းလဲရယူလိုက်ပါ✍✍

💁အတိတ်တွေထဲကရုန်းထွက်လာပြီဆိုထဲကယခုပစ္စုပ္ပန်မှာ
ဘယ်လိုကောင်းအောင်နေမယ်
ဘယ်လိုအလုပ်ကိုကြိုးစားပြီး
ဘယ်လိုရှင်သန်ရမလဲဆိုတာပဲမင်းတွေးပါ💁💁‍♂️

💁နာကျင်ပြီးကြုံလာခဲ့ရတဲ့ အတိတ်တချို့ရဲ့
ဘဝလမ်းကြောင်းကိုရှေ့ဆက်မဲ့ခရီးလမ်းတွက်
လှပတဲ့လှေကားထစ်တွေအဖြစ်ပြုပြင်ပြောင်းလဲလိုက်ပါ☝☝

💁ကိုယ်လျှောက်မယ့်လမ်းမှာ ဘယ်လိုအခက်အခဲ
အတားအဆီးတွေပဲကြုံကြုံ
ရင်ဆိုင်ကျော်လွှားနိုင်အောင်ကြိုးစားပါ
အခက်အခဲတွေကမင်းကိုပိုပြီးသန်မာရင့်ကျက်အောင်
ပြုပြင်ပြောင်းလဲပေးနေတယ်ဆိုတာမင်းသိထားပါ🙋🙋‍♂️

💁လောကမှမျှော်လင့်ချက်မရှိတဲ့လူဆိုတာလဲမရှိသလို
မျှော်လင့်ချက်မဲ့တဲ့အခြေအနေဆိုတာလဲမရှိပါဘူး
အဲ့မျှော်လင့်ချက်အတွက် ဘယ်လိုအကောင်းဆုံးလုပ်ဆောင်
ရမလဲဆိုတာပဲမင်းစဉ်းစားပါ🙆🙆‍♂️

💁ဖြစ်ချင်တဲ့ဆန္ဒတွေကိုဖြစ်ရမယ်ဆိုတဲ့ယုံကြည်ချက်နဲ့
အကောင်းဆုံးကြိုးစားပြီးရှေ့့ဆက်လျှောက်လှမ်းပါ
ဆန္ဒနဲ့ယုံကြည်မှုကို ဦးတည်ချက်ထားရင်
ဘယ်တော့မှ ပြောင်းလဲပစ်ဖို့စိတ်မကူးပါနဲ့🙅🙅‍♂️

💁ယုံကြည်မှုမရှိရင် ဆန္ဒဆိုတာလဲရှိလာမှာမဟုတ်ဘူး
မင်း ဘဝတွက်ယုံကြည်မှုထားပြီဆိုထဲက
ကြုံလာသမျှလောကဓံကိုရင်ဆိုင်ကျော်လွှားရမှာပဲမဟုတ်လား
အောင်မြင်မှုဆိုတာ လောကဓာတ်ကျမ်းကို မထမ်းဆောင်ရပဲ
လွယ်လွယ်နဲ့ရလိမ့်မယ်လို့တော့ မင်းမတွေးလိုက်နဲ့☝☝

💁မင်းကိုမင်းခံစားချက်နဲ့အသက်ရှင်တာလား
ဦးတည်ချက်နဲ့အသက်ရှင်တာလားဆိုတာ
သေချာစဉ်းစားဆုံးဖြတ်ပါ🤔🤔

💁ဖြစ်ချင်တဲ့အရာထပ်ဖြစ်သင့်ဖြစ်ထိုက်တဲ့
ဘဝကိုပဲကျေနပ်နေထိုင်တော့မယ်ဆိုရင်တော့
မင်းလျှောက်မယ့်လမ်း ဘယ်တော့မှ
သာယာဖြောင့်ဖြူးလာမှာမဟုတ်ဘူး 🚶‍♀️🚶

💁ဖြစ်သလိုနေဖြစ်သလိုစားဖြစ်သလိုပဲ
နေမယ်ဆိုရင်တော့မင်းဘဝဖြစ်သလိုပဲ
နိဂုံးချုပ်ရလိမ့်မယ်ဆိုတာမင်းသိထားပါ😒😒

💁ထို့ကြောင့် ဘယ်လိုအခက်အခဲမျိုးနဲ့
ဘယ်လိုကြမ်းတမ်းတဲ့ လှိုင်းတံပိုးတွေလာလာ
လောကဓံကိုကြံ့ကြံ့ခံပြီးမင်းရွေးချယ်တဲ့လမ်း
အကောင်းဆုံးလျှောက်လှမ်းနိုင်တယ်ဆိုတာ
လက်တွေ့ ပြလိုက်ပါ✊✊

💁ဒီစာကမင်းတွက်ရေးတာလဲဖြစ်သလို✍✍
ခုဒီစာကိုဖတ်နေတဲ့ လူတိုင်းတွက်လဲ
ဖြစ်နိုင်ပါတယ် ခုမင်းရောဖတ်နေခဲ့မယ်ဆိုရင်
မင်းတွက်ရေးတဲ့စိတ်ခွန်အားဖြည့်စာဆိုလဲမမှားဘူး ပေါ့☺☝

လေးစားစွာဖြင့် ***လွန်းအိမ်***(ချယ်ရီမြေ)
__________________________________

01/07/2022

အိမ်ကစိတ်မချဘူး ..

ဒီစကားကို Familiar ဖြစ်မနေဘူးလား...
ကျွန်တော်တို့ဆီက သားသမီးတော်တော်များများနဲ့ ရင်းနှီးနေတဲ့စကားပါ...
တစ်ယောက်ယောက်ဆီကကြားရင် သိပ်တောင် မထူးဆန်းဘူး ကြားနေကျဖြစ်နေလို့...

ဒါပေမယ့် ဒီစကားရဲ့နောက်ကွယ်မှာ ကျွန်တော်တို့ အန္တရာယ်ကင်းခဲ့ဖူးသလို အခွင့်အရေးတွေလည်း
အများကြီးဆုံးရှုံးခဲ့ဖူးတယ်...

အချို့ အရွယ်ရောက်ပြီ တစ်ခါမှ ခရီးမထွက်ဖူးတဲ့သူတွေရှိတယ်... မိဘတွေနဲ့ ပြောတာမဟုတ်ဘူးနော် ကိုယ်တစ်ယောက်တည်းဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့
ဖြစ်ဖြစ် မထွက်ဖူးဘူး...
အထူးသဖြင့်မိန်းကလေးတွေ ပိုများမယ်...

ဘာလို့လည်း အိမ်ကစိတ်မချလို့...
ခရီးထွက်ဖို့ သူငယ်ချင်းတွေ စုပြီး တိုင်ပင်ကြတဲ့အခါ အကုန်လုံးတက်ကြွပြီး သွားဖို့စီစဉ်တာတွေ အကုန်ပျက်သွားတဲ့ နောက်ကွယ်က အကြောင်းအရင်းက ငါ့အိမ်ကစိတ်မချလို့ ငါ့အိမ်က မလွှတ်လို့ဆိုတာပဲ...

မိဘတွေကသားသမီးတွေကို ကလေးလိုပဲ မြင်နေတာကို ချစ်တယ်လို့ထင်ကြတယ်... ငါ့သားသမီးတွေက
ငါ့အတွက်တော့ ကလေးတွေပဲလို့ ပြောတာကြားဖူးမှာပေါ့...

ဒါပေမယ့် တစ်နေ့မိဘတွေမရှိတော့တဲ့အခါ
လောကထဲ ကိုယ်တစ်ယောက်တည်း
လျောက်ရမယ်ဆိုတဲ့အခါ ကိုယ်က တစ်ကယ်ကို ကလေးလို ဖြစ်သွားတယ်...
ဘာဆိုဘာမှမသိဘူး သူများလိမ်တာခံရတယ်
သူများပြောသမျှယုံတယ် တစ်ခုခုဆို ကြောက်နေတယ်
ပြဿနာဖြစ်ရင် တစ်ယောက်ယောက်ကို အရင်
ပြေးခေါ်ဖို့ပဲ စဉ်းစားနေမိတယ်...

ကားမမောင်းဖူးဘူး ကားမမောင်းရဲဘူး အိမ်က
စိတ်မချလို့...
ကိုယ်ပိုင်စီးပွားရေးဘာမှမလုပ်ဖူးဘူး
အလုပ်မလုပ်ဖူးဘူး အိမ်ကစိတ်မချလို့...
ဘယ်မှခရီးမထွက်ဖူးဘူး ကိုယ့်မြို့တောင်စုံအောင်မရောက်ဖူးဘူး အိမ်ကစိတ်မချလို့...
နိုင်ငံခြားမှာ ကျောင်းတက်အလုပ်လုပ်ဖို့
စိတ်ကူးယဉ်တာ တွေ ဖျက်ပစ်ရဖူးတယ် အိမ်က
စိတ်မချလို့...

Night Out မထွက်ဖူးဘူး အိမ်ကစိတ်မချလို့ စသဖြင့် အကြောင်းအမျိုးမျိုးနဲ့ မလုပ်ဖြစ်တာတွေ အများကြီးပဲ...

ဒီလိုပြောလို့ မိဘတွေကို အပြစ်တင်တာမဟုတ်ဘူးနော် စိတ်မချဘူးဆိုတဲ့ ခေါင်းစဉ်အောက်မှာ
ကျွန်တော်တို့ သိပ်ကိုအန္တရာယ်ကင်းပြီး သိပ်ကိုလုံခြုံဖူးတယ်
မိဘရင်ခွင်မှာပဲ အချစ်ခံပြီးသေတဲ့အထိနေချင်တာပေါ့...
ဒါပေမယ့် မိဘအိမ်ကထွက်သွားတာနဲ့ အိမ်အပြင်ရောက်တာနဲ့ ငထုံကြီးလို ဖြစ်သွားပြီ... ဘာမှမသိတော့ဘူး...

အချို့ဆို တစ်ယောက်တည်းလူကြားထဲရောက်ရင် လက်ဖျားတွေ အေးစက်လာတာမျိုး လူတွေက ကြည့်နေရင် ကြောက်နေတာမျိုးတွေ တစ်နေရာရာရောက်ရင် စကားမပြောရဲတာတွေ အကုန်လုံးက စိတ်မချတဲ့နောက်ကွယ်က Side Effect တွေပါပဲ...

ဒီတော့ ကျွန်တော်တို့ကို စိတ်ချသင့်တဲ့အချိန်မှာ
စိတ်ချပါ...
ကျွန်တော်တို့ကို လမ်းလျှောက်တတ်အောင်
ကိုင်ပေးထားတဲ့ လက်ကိုလွှတ်ပြီး ကိုယ့်ဘာသာလမ်းလျောက်ခိုင်းကြည့်ပါ...

ကျွန်တော်တို့ကို အိမ်ကစိတ်ချပါတော့…

~OMG~
Robin •

05/09/2021

ဘဝစေရာ တာဝန် ကျေပွန်ဆောင်ရွက်ခဲ့သူတို့ ရေဆုံကိုဆန်ကာပြန်ခဲ့ပြီ

Want your business to be the top-listed Computer & Electronics Service in Hlaing?
Click here to claim your Sponsored Listing.

Videos (show all)

ကိုတိုးကြီး ဆိုထားတဲ့ ဆယ်လမွန်ငါးတို့အပြန်

Category

Website

Address


Oakkyinbutaryone Lane
Hlaing

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Other Graphic Design in Hlaing (show all)
DECreative DECreative
Thu Kha Street, Hlaing Tsp
Hlaing, 11051

"Try to fail but never fail to try"

Kiwi - Graphic Design Services Kiwi - Graphic Design Services
Hlaing

Graphic Design Creation Social Media Design Logo Desing

Gaming Logos For u Gaming Logos For u
Hlaing

Free logos for 1 month