𝑴𝒚𝒊𝒏𝒕 𝑴𝒚𝒂𝒕 𝑷𝒉𝒂𝒓𝒎𝒂𝒄𝒚

𝑴𝒚𝒊𝒏𝒕 𝑴𝒚𝒂𝒕 𝑷𝒉𝒂𝒓𝒎𝒂𝒄𝒚

quality and service are our priority

Photos from 𝑴𝒚𝒊𝒏𝒕 𝑴𝒚𝒂𝒕 𝑷𝒉𝒂𝒓𝒎𝒂𝒄𝒚's post 07/05/2023

ငှက်သိုက်က ကျန်းမာရေးအတွက် အကျိုးကျေးဇူး များစွာရှိတဲ့အတွက် Chinese medicine (super food ) အနေနဲ့ ဟိုးအရင်ထဲက အသုံးပြုနေကြတာဖြစ်ပါတယ်။

ငှက်သိုက်မှာ ပါဝင်တဲ့ amino acids, potassium, calcium, iron,vital minerals တို့က ခန္ဓာကိုယ်ကို ကျန်းမာသန်စွမ်းစေပါတယ်။

ကိုယ်ခံအားကိုတိုးမြှင့်ပေးတဲ့အတွက် ဘက်တီးရီးယားနဲ့ ကူးစက်ရောဂါများ အလွယ်တကူ မဝင်ရောက်နိုင်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။မျက်စိကျန်းမာရေးအတွက်လည်း အကူအညီပေးပါတယ်။

ဒါကြောင့် ကျန်းမာရေးအတွက် မဖြစ်မနေလိုအပ်ပြီး
ကိုယ်ခံအားလည်း ကောင်း၊စိတ်ရောကိုယ်ပါကျန်းမာစေကာ အားအင်အပြည့်နဲ့ လန်းဆန်းတက်ကြွစေဖို့ နေ့စဉ်ပုံမှန်လေး သောက်သုံးသင့်ပါတယ်။

🇹🇭ထိုင်းနိုင်ငံမှထုတ်လုပ်တဲ့ Swallow nest တံဆိပ် ငှက်သိုက် ဝယ်ယူရရှိနိုင်ပါတယ်

✅တစ်ဗူးကို 180ml ပါဝင်ပြီး တစ်ကဒ်လျှင် ၆လုံးပါဝင်ပါတယ်

နယ်မြို့များကိုလည်း ကားဂိတ်,အမြန်ချောပို့နဲ့ ပို့ပေးပါတယ်🚚🚚

Mobile Banking payment ( AYA,CB,KBZ and KBZ Pay ) နဲ့လည်း ဝယ်ယူအားပေးနိုင်ပါတယ်

#ငှက်သိုက်

Photos from 𝑴𝒚𝒊𝒏𝒕 𝑴𝒚𝒂𝒕 𝑷𝒉𝒂𝒓𝒎𝒂𝒄𝒚's post 06/05/2023

Collagen ကို Quality ကောင်းကောင်း၊ စိတ်ချရတဲ့ တံဆိပ်ထဲက ရှာနေတယ်ဆိုရင်တော့ Japan Shiseido brand ထဲက 4D The collagen လေး ရှိတယ်နော်🤗🤗

Skincare ပုံမှန် မလုပ်ဖြစ်တဲ့ သူတွေအတွက် 4D collagen လေး ပုံမှန်သောက်သုံးခြင်းဖြင့် အသားအရေ သိသိသာသာ ကောင်းလာစေပါတယ်။ skincare ပါ လုပ်ရင်တော့ အသားအရေလေးက ပိုပြီး ကြည်လင်လှပနေမှာပေါ့နော်🥰

🌟ငါးမှထုတ်တဲ့ collagen နဲ့အတူ အသားအရေအတွက် အရေးပါတဲ့ပါ၀င်ပစ္စည်း ၈ မျိုး(Lingonberries, Amla fruit, Strawberry seed extract, Vit-C,Hyaluronic Acid, Low Molecular Weight Collagen, Ceramide, Citrus unshiu extract)နဲ့ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်

တနေ့ တပုလင်း ပုံမှန်သောက်သုံးပေးခြင်းအားဖြင့်

✅အသားအရေ ကို သိသိသာသာကြည်လင်လာစေပါတယ်

✅ အသက်ကြီးလာလို့ ဖြစ်ပေါ်လာတဲ့ အရေးအကြောင်းတွေ ၊ smile lines တွေကို သက်သာစေပါတယ်

✅မျက်နှာအသားအရေ တွဲကျတာတွေ သက်သာစေပြီး အသားလေးကတင်းတင်းရင်းရင်းလေး ဖြစ်စေပါတယ်

✅တင်းတိတ်၊ ဝက်ခြံ၊ အမဲစက်တွေကို သက်သာစေတယ်

✅ဆံပင်ကျွတ်ခြင်းကိုလည်း သက်သာစေပါတယ်

1box - 60,000 (10 ပုလင်းပါ)

နယ်မြို့များကိုလည်း ကားဂိတ်,အမြန်ချောပို့နဲ့ ပို့ပေးပါတယ်🚚🚚

Mobile Banking payment ( AYA,CB,KBZ and KBZ Pay ) နဲ့လည်း ဝယ်ယူအားပေးနိုင်ပါတယ်

instock ‼️

29/04/2022

Quadrivalent Influenza Vaccine 2022
(လေးမျိုးစပ် ရာသီတုပ်ကွေး ကာကွယ်ဆေး 2022)

ရာသီတုတ်ကွေး အဖြစ်များသော မိုးရာသီကာလရောက်လာတော့မည် ဖြစ်ပါသဖြင့် ပြင်သစ်နိုင်ငံမှ ထုတ်လုပ်၍ DKSH Company မှ တရားဝင် တင်သွင်းသော မြန်မာ FDA မှတ်ပုံတင်ရရှိပြီးသည့် Vaxigrip အမှတ်တံဆိပ် ရာသီတုပ်ကွေး ကာကွယ်ဆေးကို ဆရာဝန်များကိုယ်တိုင် အိမ်အရောက်ထိုးနှံပေးနေပြီဖြစ်ကြောင်း သတင်းကောင်းလေးပါးလိုက်ပါရစေ။

ယခုနှစ် မိုးရာသီအတွက် စီမံထုတ်လုပ်ထားသော Vaxigrip Tetra သည် ရာသီတုပ်ကွေး အမျိုးအစားထဲမှ
✅Influenza Type A နှစ်မျိုး H1N1 , H3N2
✅Influenza Type B နှစ်မျိုး Michigan , Phuket စုစုပေါင်း Strain ၄ မျိုး ကို ကာကွယ်ပေးနိုင်ပါသည်။

Vaxigrip Tetra 2022 ကာကွယ်ဆေးထိုးသင့်သူများ
▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️
➡️အသက် (၆ လ) အထက် မှ စတင်ပြီး ထိုးနိုင်ပါသည်။
➡️အသက် (၆ လ) မှ (၉ နှစ်) အထိ ကလေးများသည် အရင်နှစ်များတွင် Flu vaccine မထိုးထားဖူးပါက ပထမအကြိမ်ထိုးပြီး ၄ ပတ်အကြာတွင် ဒုတိယအကြိမ်အား ထပ်ထိုးဖို့ လိုအပ်ပါသည်။
➡️အသက် (၉ နှစ်) အထက်ဖြစ်ပါက အ​ရင်နှစ်များတွင်ထိုးဖူးသည်ဖြစ်​စေ မထိုးဖူးသည်ဖြစ်​စေ တစ်ကြိမ်သာ ထိုးရမည်ဖြစ်ပါမည်။
➡️သက်ကြီးရွယ်အို နဲ့ နာတာရှည်ရောဂါရှိသူများလည်း မဖြစ်မနေ ထိုးနှံသင့်ပါတယ်
➡️ကိုယ်ဝန်​ဆောင်မိခင်များလည်း ​ဘေးကင်းစွာ ထိုးနိုင်သည့်အပြင် မွေးဖွားလာသော ကလေးအား အသက် ၆လ အရွယ်ထိ အကာအကွယ် ရနိုင်ပါသည်။ (သက်ဆိုင်ရာ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန်။)

💉💉💉ကာကွယ်ဆေး ကြိုတင်ထိုးထားခြင်းဖြင့် ရာသီတုပ်ကွေးဖြစ်ပွားမှုကို ထိရောက်စွာကာကွယ်ပေးနိုင် သည့်အပြင် ဖြစ်ပွားလာပါကလည်း ရောဂါပြင်းထန်မှုကို လျှော့ချပေးနိုင်ပါသည်။

👨‍⚕️👩‍⚕️🧑‍⚕️ သင်နှင့် သင့်မိသားစု ကျန်းမာရေးအတွက် ရာသီတုပ်ကွေးရောဂါကို ထိရောက်စွာ ကာကွယ်လိုက်ပါ။

ကာကွယ်ဆေးထိုးနှံမည့်သူများ ဖုန်းဖြင့်ကြိုတင်ရက်ချိန်း ရယူနိုင်ပါသည်။ 📞📞📞
09254022446, 09765767664

19/03/2022

ယခုလိုပူပြင်းတဲ့ရာသီမှာ မီးကခဏခဏပျက် ခြင်တွေကအရမ်းကိုက်လို့ ဒုက္ခရောက်နေပါသလား 🥲🥵☀️

Odomos ခြင်မကိုက်လိမ်းဆေးလိမ်းပြီး ခြင်တွေအန္တာရာယ်က ကာကွယ်လိုက်ပါ။ 🦟🦟🦟

Odomos ခြင်မကိုက်လိမ်းဆေးက ကလေးတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ ခြင်တွေရဲ့ရန်ကနေ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။

Odomos ခြင်မကိုက်လိမ်းဆေးလေးကိုတော့ (၆) လအထက် သားသားမီးမီးလေးတွေမှစတင်၍ လူကြီးလူငယ်မရွေးအသုံးပြုနိုင်ပါတယ်။ 👶👧👦🏻👩‍👧👩‍👦👨‍👩‍👦

Odomos ခြင်မကိုက်လိမ်းဆေး ကတော့ ခြင်တွေလူသွေးနံ့မရအောင် ပြုလုပ်ပေးထားတဲ့လိမ်းဆေးဖြစ်ပြီး တစ်ခါလိမ်းထားရင် (၈) နာရီကြာ ကာကွယ်နိုင်ပါတယ်။

ခြင်တွေရဲ့ရန်ကနေ ကာကွယ်ပေးပြီး ဘေးထွက်ဆိုးကျိုးလည်းကင်းတော့ အဆင်ပြေတာပေါ့ 😍👍👍💪

မြင့်မြတ်ဆေးဆိုင်
အမှတ် (၁၆) ရတနာလမ်း
သီရိမြိုင်၊ လှိုင်မြို့နယ်
📞 09-254022446, 09-765767664

11/02/2022

အိုမီခရွန် ရောဂါလက္ခဏာများ စာရင်းကြီးနဲ့ ဖြဲမခြောက်ပါနဲ့

အိုမီခရွန် ကူးစက်ခံရရင် အများဆုံးခံစားရနိုင်တဲ့ ထိပ်ဆုံး ၅ ခု ရောဂါလက္ခဏာတွေကို တင်ပြထားပါတယ်။ ရောဂါလက္ခဏာပေါင်း ၂၀ စာရင်းကို တင်တာတွေ့ထားတယ်။ အခုထိ အဲဒီစာရင်းရှည်ကြီးကို တယောက်ပြီး တယောက်က ထပ်တင်နေကြတယ်။ အချက်အလက်တွေက မတိကျပါ။ ကျန်းအမာရေးမှာ ချဲ့ကားမပြောရ။ လျှော့ပေါ့လည်း မပြောရပါ။

အိုမီခရွန် ကူးစက်ခံရရင်ခံစားရနိုင်တဲ့ ရောဂါလက္ခဏာ ၁၁ ခုသာရှိတယ်။
1. Fever or chills ဖျား၊ ချမ်းဖျား၊
2. Cough ချောင်းဆိုး၊
3. Shortness of breath or difficulty breathing အသက်ရှုရခက်၊
4. Fatigue အားနည်း၊
5. Muscle or body aches ကိုယ်လက်ကိုက်ခဲ၊
6. Headache ခေါင်းကိုက်၊
7. New loss of taste or smell အနံ့ အရသာပျက်၊
8. Sore throat လည်ချောင်းနာ၊
9. Congestion or runny nose နှာစေး၊
10. Nausea or vomiting ပျို့အန်၊
11. Diarrhea ဝမ်းပျက်။

The top 5 Omicron symptoms အများဆုံးဖြစ်တတ်တဲ့ လက္ခဏာ ၅ မျိုး
1. runny nose နှာရည်ယို
2. headache ခေါင်းကိုက်
3. fatigue (mild or severe) အားနည်း
4. sneezing နှာချေ
5. sore throat လည်ချောင်းနာ။

အောက်ပါ လက္ခဏာတွေဖြစ်လာရင် ဆရာဝန်ပြပါ
1. Trouble breathing အသက်ရှူခက်ခြင်း၊
2. Persistent pain or pressure in the chest ရင်ဘတ်ကဆက်တိုက်နာခြင်း၊
3. New confusion စိတ်မကြည်မလင်ဖြစ်လာခြင်း၊
4. Inability to wake or stay awake နိုးနေသလို မဖြဘဲ အိမ်ချင်နေခြင်း၊
5. Pale, gray, or blue-colored skin, lips, or nail beds, depending on skin tone ဖြူဖတ်ဖြူရော်၊ နှုတ်ခမ်းပြာ၊ လက်သည်းတွေပြာလာခြင်း။

• Delta ဒယ်လ်တာမှာရော Omicron အိုမီခရွန်မှာပါ အတူတူဖြစ်တယ်။
• fever ဖျား cough ချောင်းဆိုးနဲ့ loss of sense of smell or taste အရသာ သို့မဟုတ် အနံ့ပျက်တာ ၅၀% မှာ ဖြစ်ကြတယ်။
• အခုဖြစ်တာတွေမှာ အရသာ သို့မဟုတ် အနံ့ပျက်တာ နည်းတယ်။
• ကိုဗစ်-၁၉ ဖြစ်စကာလတွေမှာ ရောဂါလက္ခဏာပေါင်း အနည်းဆုံး ၁၀ ခုရှိရာကနေ အခု အထက်ပါ ၅ ခုက အများဆုံးဖြစ်ပါတယ်။
• အဲဒီလက္ခဏာ တခုခုခံစားရသူတွေ ကိုဗစ် စစ်ပါ။

စာရင်းကြီးနဲ့ ဖြဲခြောက်သလို မလုပ်သင့်ကြပါ။

Crd .ဒေါက်တာတင့်ဆွေ

30/12/2021

ပါးလွန်းလို့ မစွတ်ထားဘူးလို့တောင် ထင်ရစေမယ့်
Mojo Air Extra Thin

မစွတ်ရင်တော့ အနောက်က ကလေးဂျယ်လီအားဆေး ဝယ်ပေးရဖို့သာ ပြင်ထား ဂေါင်းကြီးတို့

ပိုင်ကြီးလို ကမ္ဘာ့နံပါတ်တစ်အချောလေး မွေးလာရင်တော်သေး

ကျနော့်လို တေလေဂျပိုးမွေးလာရင် ဂျယ်လီအားဆေးဝယ်တိုက်ရတာ မတန်ဘူး 😂

အဲ့တော့ စွတ်ရင်စွတ် မစွတ်ရင် ဂျယ်လီအားဆေးဝယ်တိုက်

အမေရိကန်မှာ နံပါတ်တစ်ရထားတဲ့ ’ilCritters ဂျယ်လီအားဆေး

Photos from 𝑴𝒚𝒊𝒏𝒕 𝑴𝒚𝒂𝒕 𝑷𝒉𝒂𝒓𝒎𝒂𝒄𝒚's post 14/12/2021

မင်္ဂလာပါ🙏🏻🙏🏻🙏🏻

Myint Myat Pharmacy မှ ကြိုဆိုပါတယ်

🏠🏡 အိမ်တိုင်းအတွက် စျေးနှုန်းချိုသာပြီး အရည်အသွေးကောင်းမွန်တဲ့ ဆီးချိုတိုင်းစက်လေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

✅သွေးတွင်းသကြားဓာတ်ကို မိမိအိမ်မှာ အချိန်မရွေး ကိုယ်တိုင်အလွယ်တကူ စစ်ဆေးနိုင်တဲ့ ဆီးချိုတိုင်းစက်တစ်လုံးကို ၉၀၀၀ ကျပ်တည်းနဲ့ ဝယ်ယူရရှိနိုင်ပါပြီ။

✅stripပြားကလည်း ဘယ်ဆိုင်မှာ မဆို အလွယ်တကူဝယ်လို့လဲရ ပစ္စည်းပြတ်တယ်ဆိုတာလဲမရှိတဲ့

⭐️Thada ဆီးချိုတိုင်းစက် (Glucometer) (TD-4267)⭐️

✌️Thada ဆီးချို၊သွေးချို တိုင်းစက်လေး၏ အားသာချက်များကတော့

✅Strip ပြားပြတ်လပ်မှုမရှိခြင်း
✅ဈေးနှုန်းသက်သာခြင်း
✅တိကျ‌မှန်ကန်သော အဖြေကို ရရှိခြင်း
✅အလွယ်တကူ အသုံးပြုနိုင်ခြင်းတို့ဖြစ်ပါတယ်

စက် ၁ လုံး ဝယ်တာနဲ့ ဘာတွေရမလဲဆိုတော့

🔷 Glucometer စက်၁ခု
🔷 အသင့်အသုံးပြုနိုင်ရန်အတွက်ဖောက်အပ် Lancet ၁၀ချောင်း
🔷 ဖေါက်တံ Lancing Device ၁ခု
🔷 အသင့်သုံး strip ပြား ၅ခု

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ်ဖြင့် ပို့ဆောင်ရောင်းချပေးပါတယ်ရှင်✌

လူကြီးမင်းတို့လိုအပ်သော ဆေးဝါးများအား Page messenger or 📞 09254022446, 09765767664 ကိုဆက်သွယ်၍ မေးမြန်းစုံစမ်းဝယ်ယူနိုင်ပါတယ်။✌

02/12/2021

ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများ
~~~~~~~~~~~~~~~~
ထိုင်းနိုင်ငံတွင် ကူးစက်ပျံ့ပွားနေသည့် ဗြိတိသျှမျိုးစိတ်အသစ် ကိုဗစ်ရောဂါသည် စိုးရိမ်ဖွယ်ကောင်းသည့် ကူးစက်မြန်၊ ပျံ့နှံ့လွယ်အဆင့်သို့ ရောက်ရှိလာပြီဖြစ်သည်။

မျိုးဗီဇပြောင်းဖြစ်ကြောင်းကိုလည်း စစ်ဆေးအတည်ပြုနိုင်ခဲ့ပြီဖြစ်သည်။ ကူးစက်မှုသည် ယခင်ကထက် ၃၀ မှ ၅၀ ရာနှုန်းအထိ ပိုမိုပြင်းထန် အားကောင်းပါသည်။

ထို့ကြောင့် လူတိုင်း သတိရှိရန် လိုအပ်ပါသည်။

ဗီဇပြောင်း Covid 19 လက္ခဏာများ

ကူးစက်ခံရပြီး ၁ ရက်မှ ၃ ရက်
၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။
၂။ လည်ချောင်းအနည်းငယ်နာသည်။
၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရ။ှိ
၄။ ပုံမှန်အတိုင်း အစားအသောက်မပျက်။

၄ ရက်မြောက်နေ့
၁။ အာသီးအနည်းငယ်ယောင်သည်။
၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။
၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5C ဖြစ်သည်။ သို့သော် အစားသောက်မြိုချရာတွင် အခက်အခဲရှိသည်။ ခေါင်းအနည်းငယ်ကိုက်မည်။
၄။ light belly အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့ အနည်းငယ် မူးဝေနေမည်။

၅ ရက်မြောက်နေ့
၁။ လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။
၂။ ကိုယ်အပူချိန် 36.5-36.7C တွင်ရှိမည်
၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။

၆ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37 C+ အထက်ရောက်လာသည်။
၂။ သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည်။
၃။ စကားပြောတိုင်း အစာစားတိုင်း လည်ချောင်းနာကျင်နေမည်။
၄။ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။
၅။ ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။
၆။ inches feel pain ခြေချောင်းများ နာကျင်လာမည်။
၇။ ၀မျးလြှော၍ အော့အန်မည်။

၇ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37.4-37.8C ရှိလာသည်။
၂။ ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များ ထွက်နေမည်။
၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲနာကျင်နေမည်။
၄။ အပြင်းအထန် ၀မျးလြှောမညျ။
၅။ အော့အန်မည်။

၈ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 38C +++ အထက်ထိရောက်လာပြီး အပြင်းအထန်ဖျားလာမည်။
၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။
၃။ ချောင်းအဆက်မပြတ်ဆိုးမည်။
၄။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများ နာကျင်မည်။
၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး ကိုက်ခဲနာကျင်မည်။

၉ ရက်မြောက်နေ့
၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။
၂။ အပြင်းအထန် အဖျားတက်လာမည်။
၃။ အချို့ရောဂါလက္ခဏာများ သက်သာလာမည်။
၄။ သို့သော် အသက်ရှူရန်အတွက် အပြင်းအထန် ကြိုးစားလာရမည်ဖြစ်သည်။

ထိုအနေအထားသို့ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန် လိုအပ်လာပြီဖြစ်သည်။

-----
Info from the hospital. Chulalongkorn
* The outbreak that is coming from yesterday and today is breed B. 1.1.7 or British variant that has gone viral.
(Genome check confirmed)
The outbreak will be 30 to 50 % stronger. should be careful.
Covid-19 signal. Summary from Sathorn.
Face will help each other.
#
Day 1-3
1. looks like a cold.
2. little sore in neck
3. No fever, no tiredness.
4. eat / drink normally

Day 4
1. little sore throat
2. talk starts hurting in the neck
3. Fever looks normal 36.5C
Lol disturbing with eating
Lol little headache lol
6. light belly.
Lol feel like getting drunk

Day 5
1. pain in the neck. Talk _ hurt
Lol little bit tired
3. mercury fever 36.5-36.7C
3. Tired, joint pain.

Day 6
1. Mercury. Fever 37 C+
2. dry cough.
3. neck pain while eating / talking
4. tired, nauseous
5. occasional difficulty breathing
6. inches feels pain
7. diarrhea, vomit.

Day 7
1. fever 37.4-37.8C
2. consecutively coughing with phlegm.
3. body / head ache
4. very diarrhea
5. vomit

Day 8
1. fever 38C +++
2. difficult to breathe.
3. consecutive coughing
4. Headache, joints, muscles
5. limb and bottom pain

Day 9
1. no better and worse
2. very high fever
3. symptoms have collapsed.
4. fighting to breathe
Symptoms on the 9th. Need blood test CT Scan chest.

For mutual benefit, you can share or pass on information.
Thank you.

ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ
ထုတ်ပြန်သည်။
Crd_to_hankyi

Photos from 𝑴𝒚𝒊𝒏𝒕 𝑴𝒚𝒂𝒕 𝑷𝒉𝒂𝒓𝒎𝒂𝒄𝒚's post 19/09/2021

မင်္ဂလာပါ

Myint Myat Pharmacy မှ ကြိုဆိုပါတယ်

🇹🇭 ထိုင်းနိုင်ငံမှထုတ်လုပ်တဲ့ Dettol အမှတ်တံဆိပ် hand gel , hand spray များဝယ်ယူရရှိနိုင်ပါတယ်။
✅Dettol အမှတ်တံဆိပ် ရေမလိုလက်သန့်ဆေးရည် hand gelကို ယခုလိုကိုဗစ်ကာလမှာ အပြင်ထွက်တဲ့အခါ အများသုံးပစ္စည်းများကိုင်တွယ်မိလို့ဖြစ်ဖြစ် လက်ကိုသန့်ရှင်းစေချင်လို့ဖြစ်ဖြစ် အသုံးပြုလို့ရပါတယ်။
✅Spray ဘူးကတော့ အရာဝတ္တုပစ္စည်းများပိုးသတ် သန့်စင်တဲ့အခါ အသုံးပြုလို့ရပါတယ်။

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ်ဖြင့် 🚚 ပို့ဆောင် ရောင်းချပေးပါတယ်ရှင်✌

လူကြီးမင်းတို့လိုအပ်သော ဆေးဝါးများအား Page messenger or 📞 09254022446, 09765767664 ကိုဆက်သွယ်၍ မေးမြန်းစုံစမ်းဝယ်ယူနိုင်ပါတယ်ရှင်✌

13/09/2021

မင်္ဂလာပါ 🙏🏻🙏🏻🙏🏻
မြင့်မြတ်ဆေးဆိုင်မှ လူကြီးမင်းတို့ဝယ်ယူသောဆေးဝါးများကို
ရန်ကုန်မြို့တွင်း အိမ်အရောက် service 🚚 အပြင်
နယ်မှမှာယူသူများအတွက် 🚌 ကားဂိတ်ရောက်ပို့ဆောင်ပေးနေပါပြီ

01/09/2021

မင်္ဂလာပါ🙏🏻🙏🏻🙏🏻

Myint Myat Pharmacy မှ ကြိုဆိုပါတယ်🙌

✅Enervon C မှ အသစ်ထုတ်လုပ်တဲ့ တစ်ကဒ် ၁၀လုံးပါ ဆေးဝါးများဝယ်ယူရရှိနိုင်ပါတယ်။
✅Enervon C ဆေးဟာဆိုရင် vitamin c နဲ့ vitamin B အုပ်စုတို့ပေါင်းစပ်ဖွဲ့စည်းထားတာကြောင့် ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးပြီး တစ်နေ့တာလိုအပ်တဲ့ အကောင်းဆုံးခွန်အားကို ပေးစွမ်းနိုင်ပါတယ်။

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ်ဖြင့် ပို့ဆောင်ရောင်းချပေးပါတယ်ဗျာ ✌

လူကြီးမင်းတို့လိုအပ်သော ဆေးဝါးများအား Page messenger or 📞 09254022446, 09765767664 ကိုဆက်သွယ်၍ မေးမြန်းစုံစမ်းဝယ်ယူနိုင်ပါတယ်✌

Photos from 𝑴𝒚𝒊𝒏𝒕 𝑴𝒚𝒂𝒕 𝑷𝒉𝒂𝒓𝒎𝒂𝒄𝒚's post 20/08/2021

💊💊💊
အခုလိုရာသီမှာ 🦠ဗိုင်းရပ်ပိုးကြောင့်ဖြစ်ဖြစ်၊ 🦠ဘတ်တီးရီးယားပိုးကြောင့်ဖြစ်ဖြစ် 🤒နေမကောင်းဖျားနာတဲ့အခါမှာ ကိုယ်ခံစွမ်းအား ကောင်းမွန်စေရန် သောက်သုံးလို့ရသည့် Vitamin C နဲ့ Zinc ဆေးဝါးများ ဝယ်ယူရရှိနိုင်ပါတယ်။

✅Ceovit chewable tablet ကတော့ vitamin C 250mg နဲ့ 500mg နှစ်မျိုးထုတ်လုပ်ထားပြီး လိမ္မော်အရသာလေးနဲ့ ဝါးစားလို့ရတာဖြစ်ပါတယ်။

✅Vicee ငုံဆေးပြားကတော့ vitamin C 500mg ပါဝင်ပြီး ချိုချဉ်အရသာလေးနဲ့မို့လို့ ကလေးလူကြီးမရွေး သောက်သုံးရန်သင့်တော်ပါတယ်။

✅Square zinc ဆေးကတော့ zinc 20mg ပါဝင်ပြီး ကိုယ်ခံစွမ်းအားကို အကောင်းဆုံးမြှင့်တင်ပေးရန် သောက်သုံးလို့ရပါတယ်။

Myint myat pharmacy
No.16,Yadana street,Hlaing(Yangon)
Ph.09254022446, 09765767664

Photos from 𝑴𝒚𝒊𝒏𝒕 𝑴𝒚𝒂𝒕 𝑷𝒉𝒂𝒓𝒎𝒂𝒄𝒚's post 16/08/2021

မင်္ဂလာပါ 🙏🏻🙏🏻🙏🏻

Myint Myat Pharmacy မှ ကြိုဆိုပါတယ်🙌🙌

အခုလိုအချိန်ကာလမှာ ချောင်းတဟွတ်ဟွတ်ဆိုးနေတဲ့သူတွေအတွက် Wood’s ချောင်းဆိုးပျောက်ဆေးရည်များ ဝယ်ယူရရှိနိုင်ပါတယ်။

✅လည်ချောင်းယားပြီး ချောင်းခြောက်ဆိုးခြင်းအတွက်
Wood's ❤️အနီရောင် 👍

✅ချွဲသလိပ်ကပ်ပြီး ချောင်းဆိုးခြင်းတွေအတွက်
Woods' 💙အပြာရောင် 👍

ရန်ကုန်မြို့အတွင်း အိမ်အရောက်ငွေချေစနစ်ဖြင့် မှယူလို့ရပါတယ်✌

လူကြီးမင်းတို့လိုအပ်သော ဆေးဝါးများအား Page messenger or 📞 09254022446, 09765767664 ကိုဆက်သွယ်၍ မေးမြန်းစုံစမ်းဝယ်ယူနိုင်ပါတယ်✌


ျောင်းဆိုးပျောက်ဆေး

Photos from 𝑴𝒚𝒊𝒏𝒕 𝑴𝒚𝒂𝒕 𝑷𝒉𝒂𝒓𝒎𝒂𝒄𝒚's post 13/08/2021

ခဏခဏအမေးများနေတဲ့ zincovit tablet 💊💊အားဆေး ဝယ်ယူရရှိနိုင်ပါပြီ။

India 🇮🇳နိုင်ငံမှထုတ်လုပ်တဲ့ Zincovit tablet အားဆေးကတော့ ဗီတာမင်နှင့် သတ္တုဓာတ်မျိုးစုံ၊ ဇင့်တို့ကို ပမာဏများစွာဖြင့် ပေါင်းစပ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ 💪💪

✅Zincovit မှာပါဝင်တဲ့ zinc ,vitamin C တို့ဟာဆိုရင် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို အကောင်းဆုံး မြှင့်တင်ပေးနိုင်ပါတယ်။
✅အစားစားချင်စိတ်ကိုလည်းဖြစ်စေနိုင်ပြီး နေမကောင်းဖြစ်ပြီးပြန်ကောင်းလာတဲ့အခါမှာ မောပန်းနွမ်းနယ်ခြင်း ၊ အားနည်းခြင်းတို့ကို မြန်ဆန်ကောင်းမွန်စေပါတယ်။
✅ကိုယ်ဝန်ဆောင်မိခင်များတွင်လည်း သောက်သုံးရန် သင့်တော်ပါတယ်။

Myint myat pharmacy
No.16, Yadana street, Hlaing(yangon)

Photos from 𝑴𝒚𝒊𝒏𝒕 𝑴𝒚𝒂𝒕 𝑷𝒉𝒂𝒓𝒎𝒂𝒄𝒚's post 11/08/2021

🙏🏻🙏🏻မင်္ဂလာပါ
🇹🇭ထိုင်းနိုင်ငံမှထုတ်လုပ်တဲ့ S&T brid nest တံဆိပ် #ငှက်သိုက် အမျိုးအစားများ ဝယ်ယူရရှိနိုင်ပါတယ်

✅တစ်ဗူးကို 250ml ပါဝင်ပြီး တစ်ကဒ်လျှင် ၆လုံးပါဝင်ပါတယ်

✅၆လုံးတစ်ကဒ်လျှင် ၃၅၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်ပါတယ်

🚚ရန်ကုန်မြို့တွင်း အိမ်အရောက်ငွေချေ delivery ဖြင့်ဝယ်ယူနိုင်ပါတယ်

နယ်မှမှာယူလိုသူများ ကားဂိတ်ပစ္စည်းတင်ပေးပါတယ်

မှာယူလိုပါက page messenger မှတစ်ဆင့် ဆက်သွယ် ဝယ်ယူနိုင်ပါတယ်

09/08/2021

Revicon max 💊အားဆေးဟာဆိုရင် ဂျင်ဆင်း၊ ရိုင်ရယ်ဂျယ်လီ၊ vitamin A, vitamin E, vitamin D3, vitamin B1,B2,B6,vitamin C, calcium, iron, zinc, copper, mangnese, phosphorus, potassiumတို့ အချိုးကျညီမျှစွာပေါင်းစပ်ထုတ်လုပ်ထားတာကြောင့် သက်လုံအားကောင်းစေခြင်း၊ အမောခံနိုင်ပြီးကျန်းမာကြံ့ခိုင်စေတဲ့အပြင် တစ်နေ့တာကုန်ခမ်းသွားတဲ့ အားအင်တွေကိုပြန်လည် ဖြည့်တင်းပေးပါတယ်။👍👍
✅အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

✅တစ်နေ့တစ်လုံးပုံမှန်သောက်သုံးပေးခြင်းဖြင့် တစ်နေ့တာပင်ပန်းသမျှကိုသက်သာစေပြီး အားအင်ပြည့်ဖြိုးကျန်းမာစေမှာဖြစ်ပါတယ်။

Myint myat pharmacy
No16.Yadana Street,Hlaing(Yangon)

Photos from 𝑴𝒚𝒊𝒏𝒕 𝑴𝒚𝒂𝒕 𝑷𝒉𝒂𝒓𝒎𝒂𝒄𝒚's post 06/08/2021

ဒီနေ့မှာတော့ 🇨🇿 Czeck Republic နိုင်ငံမှ ထုတ်လုပ်သော spektrum energy နဲ့ spektrum 50+ အားဆေး၂မျိုးအကြောင်းပြောပြပေးချင်ပါတယ်

💊ဆေးကတော့ ခန္ဓာကိုယ်အတွက် လိုအပ်သော ဗီတာမင်နဲ့ သတ္တုဓာတ်မျိုးစုံ ပါဝင်တဲ့အပြင် coenzyme Q10 ပါဝင်ပေါင်းစပ်ထုတ်လုပ်ထားတာဖြစ်ပါသည်။
✅Coenzyme Q10 သည် စားသောက်လိုက်သောအစာများကို စွမ်းအင်အဖြစ်သို့ပြောင်းလဲပေးပါသဖြင့် တစ်နေ့တာလိုအပ်တဲ့ခွန်အားကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

+ 💊ဆေးကတော့ ဗီတာမင်မျိုးစုံ၊ သတ္တုဓာတ်မျိုးစုံ၊ ဂျင်စင်းမြစ်နှင့် DMAE တို့ ပေါင်းစပ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။
✅DMAE သည် အသက်အရွယ်အိုမင်းလာ၍ မှတ်ဉာဏ်စွမ်းအား ကျဆင်းမှုကို နှေးကွေးစေပါသည်။
✅ဂျင်စင်းပါဝင်သည့်အတွက် သက်လုံကောင်းစေပါသည်။

Myint myat pharmacy
No.16,Yadana Street,Hlaing(Yangon)

Photos from 𝑴𝒚𝒊𝒏𝒕 𝑴𝒚𝒂𝒕 𝑷𝒉𝒂𝒓𝒎𝒂𝒄𝒚's post 04/08/2021

🙏🏻🙏🏻မင်္ဂလာပါရှင်

🦠🦠ကိုဗစ်ကာလတွင် ရောဂါဖြစ်ပွါးခြင်းကြောင့် အစားအစာကောင်းကောင်းမစားနိုင်သူများအတွက် လိုအပ်သော အားဆေးများ ရောင်းချပေးလျက်ရှိပါတယ်။

အားဆေးတွေကတော့ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ amino acids ပမာဏများစွာထည့်သွင်းထုတ်လုပ်ထားတာဖြစ်ပါတယ်။

✅သက်သက်လွတ်စားတာများတဲ့သူများ၊ သက်ကြီး ရွယ်အိုများနှင့် နာတာရှည်ရောဂါများကြောင့် အသားဓာတ် protein လိုအပ်သူများ သောက်သုံးရန်သင့်တော်ပါတယ်။

အားဆေးတွေကတော့ ခန္ဓာကိုယ်အတွက် တစ်နေ့တာသုံးစွဲမှုအတွက် လိုအပ်တဲ့ ဗီတာမင်များ (B1,B2,B3,B6,B7,B12, vit C, vit E, vit D) နှင့် သတ္တုဓာတ်များစွာ ပေါင်းစပ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။

✅သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါရှိသူများ၊ အစားကောင်းကောင်းမစားနိုင်သူများနှင့် လုပ်ငန်းခွင်တွင်တစ်နေ့တာပင်ပန်းမှုကြောင့် ပင်ပန်းနွမ်းနယ်သူများ သောက်သုံးရန်သင့်တော်ပါတယ်။

ရန်ကုန်မြို့တွင်း အိမ်ရောက်ငွေချေ delivery ဖြင့်ဝယ်ယူရရှိနိုင်ပါသည်။

နယ်မှမှာယူလိုသူများ ကားဂိတ်ပစ္စည်းတင်ပေးပါသည်။

Myint myat pharmacy
No.16,Yadana street, Hlaing(yangon)

Photos from 𝑴𝒚𝒊𝒏𝒕 𝑴𝒚𝒂𝒕 𝑷𝒉𝒂𝒓𝒎𝒂𝒄𝒚's post 03/08/2021

အခုကာလမှာ အိမ်တိုင်းတစ်ခုစီဆောင်ထားသင့်တဲ့ များကို ဝယ်ယူရရှိနိုင်ပါပြီရှင်

🦠Covid19 ဖြစ်နေတဲ့ လူနာတွေမှာ oxygen saturation ကအရေးကြီးပါတယ်
quality ညံ့တဲ့ပစ္စည်းလေးတွေဝယ်မိပြီး oxygen တိုင်းတာတဲ့အခါ မမှန်လို့နောက်ထက် ကောင်းတဲ့တစ်လုံး ဝယ်သုံးနေရတာ မဖြစ်ရအောင် qualityကောင်းတဲ့ ပစ္စည်းလေးကို ရောင်းချပေးနေပါတယ်🙏🙏🙏။

ပစ္စည်းအမျိုးအစားကောင်းပြီး ကိန်းဂဏန်း ညွှန်ပြချက် တိကျမှု ရှိပါတယ်ရှင်

Double Rubber Pad ထည့်ထားတဲ့အတွက် ကလေးနဲ့ အသက်အရွယ်ကြီးသူတွေမှာ တိုင်းလို့အဆင်ပြေပါတယ်

📌price - 22000MMK

ရန်ကုန်မြို့တွင်း အိမ်ရောက်ငွေချေ delivery ဖြင့်ဝယ်ယူရရှိနိုင်ပါသည်။

နယ်မှမှာယူလိုသူများ ကားဂိတ်ပစ္စည်းတင်ပေးပါသည်။

အသေးစိတ်သိရှိလိုပါက CB မှာ စုံစမ်းမေးမြန်းပြီး ဝယ်ယူရရှိနိုင်ပါတ

Photos from 𝑴𝒚𝒊𝒏𝒕 𝑴𝒚𝒂𝒕 𝑷𝒉𝒂𝒓𝒎𝒂𝒄𝒚's post 02/08/2021

👶👦🏻သားသားမီးမီးတို့ ကလေးငယ်တွေအတွက် နေမကောင်းဖျားနာတဲ့အခါမှာ ကိုယ်ခံအားကောင်းမွန်စေရန် သောက်သုံးလို့ရသည့် vitamin C အားဆေးများ ဝယ်ယူ ရရှိနိုင်ပါတယ်❤️

🍊🍊လိ​မ္မော်အရသာ CEELIN က ဗိုက်တာမင်စီ ၁၀၀% အပြည့်အဝပါဝင်သောကြောင့် ကလေးငယ်တစ်ယောက်နေ့စဉ်လိုအပ်တဲ့ ကိုယ်ခံစွမ်းအားကို အပြည့်အဝရရှိစေမှာဖြစ်ပါတယ်

✅CEELIN Drop : မွေးစမှ ၂နှစ်ထိ
✅CEELIN Syrup :၂ နှစ်မှ ၁၂ နှစ်ထိ

🍎 🍎ပန်းသီးအရသာ CEELIN PLUS ကဗိုက်တာမင်စီ အပြင် ဇင့်ဓာတ်ပါ ထပ်ပေါင်းပါဝင်လို့ ကိုယ်ခံစွမ်းအားကို နှစ်ဆတိုးပြီး အမြင့်ဆုံးမြှင့်တင်ပေးပါတယ်။ ကြီးထွားဖွံ့ဖြိုးမှုကိုလည်းအားပေးပါတယ်။ ခဏခဏနေမကောင်းပဲ ချုချာတတ်တဲ့ သားသားမီးမီးလေးများအတွက် အထူးသင့်တော်ပါတယ်။

✅CEELIN PLUS : ၁ နှစ်မှ ၁၃ နှစ်ထိ

Myint myat pharmacy
No.16,Yadana street,Hlaing
Ph.09254022446

Photos from 𝑴𝒚𝒊𝒏𝒕 𝑴𝒚𝒂𝒕 𝑷𝒉𝒂𝒓𝒎𝒂𝒄𝒚's post 30/07/2021

ရောဂါဖြစ်ပွါးနေသောကာလတွင် ဆေးများစျေးနှုန်းတက်ခြင်း ဆေးများဝယ်မရခြင်းကြောင့် အခက်ခဲဖြစ်နေသော မိဘပြည်သူများအား အဆင်ပြေစေရန် ပုံမှန်သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည် 💊💊

✅Biogesic တစ်ကဒ် -၆၀၀ကျပ်
✅Decolgen အဝိုင်း -၈၅၀ကျပ်
✅Decolgen အတောင့် -၁၃၀၀ကျပ်
✅Nat C -၉၉၀၀ကျပ် (vitamin C-1000mg အလုံး ၃၀)
✅Nat D -၁၃၅၀၀ကျပ် (vitamin D-1000iu အလုံး၆၀)

မြင့်မြတ်ဆေးဆိုင်
အမှတ်(၁၆) ရတနာလမ်း၊လှိုင်မြို့နယ်

26/07/2021

Crd. Dr. SKTZ

မြေကိုပိုင်မှ စစ်ကို နိုင်မယ် …
ကိုဗစ် အကြောင်းသိမှ ကိုဗစ်ကိုနိုင်မှာပါ
Shedding ဆိုတာ အရေခွံလဲတာတဲ့ ( ကိုယ် သိသလို ဘာသာပြန်တာ)
အခု ကျတော့ Viral shedding time တဲ့ သဘောက ခန္ဓာကိုယ်ထဲမှာ virus ရှင်သန်နေနိုင်တဲ့ ကာလ အပိုင်းအခြားကိုပြောတာ …
ပုံမှန်အားဖြင့် ကိုဗစ်ပိုးဟာ ခန္ဓာကိုယ်တွင်း နေနိုင်မှုကို ရက် ၂၀ သတ်မှတ်ပါ တယ် ( ၁၇ ရက်ကနေ ၂၄ ရက် အထိ ခန္တာကိုယ်ထဲမှာ နေတဲ့ အချိန်ပေါ့)
အကြာဆုံး ၃၆ ရက် ကနေ ၆၂ ရက် လောက်ထိ ရှိနေတဲ့ လူအချို့လည်း ရှိတယ်လို့ပြောကြတာပဲ( စာအုပ်ထဲမှာပြောတာ )
ကိုယ်တိုင်လည်းတွေ့ဖူးတယ် first wave တုန်းက ဝေဘာဂီ နဲ့ တောင်ဥက္ကလာက double negative ဖြစ်မှ ဖောင်ကြီးရောက်တဲ့ လူနာတွေထဲမှာ အချို့ဆို တစ်လ ကျော် p လိုက် n လိုက် ဖြစ်နေကြတာ … ပြီးမှ ဖောင်ကြီးရောက်ပြီး ၁၄ ရက်နေပြီး အိမ်ပြန်ရတာ
( first wave condition )
အဆိုတော် မျိုးကြီးတို့ နီတာတို့ပေါ့ ဖောင်ကြီးမှာ ၁၄ ရက် လာနေခဲ့ကြတာ
Second wave ကျွန်တော် တပ်မတော်အသည်းရောဂါအထူးကုဆေးရုံမှာ ဆေးရုံတက်ရတော့ ကျောက်ကပ်ဆေးရတဲ့ လူနာတွေဆို ဆေးရုံ တက်လိုက် ဆင်းလိုက်ပဲ … p လိုက် n လိုက်ပေါ့
( အဲ့တုန်း က negative ဖြစ်မှ ဆေးရုံဆင်းရတာ )
ဖောင်ကြီးမှာက positive result တွက်ပြီး ၁၄ ရက်မြောက်မှ ဆေးရုံဆင်းရတာ )
နောက်ပိုင်း ၁၁ ရက်ဖြစ်သွားတယ် ခုတင် တွေ မလောက်တော့လို့
ပြီးရင် Home Q ၁ ပတ်နေပြီးမှ public ထဲ ဝင်ရတာ ။
အခု Third wave …..
အိမ်မှာနေကြပြီး ဖြတ်သန်းနေရတာ …
Emotional ( စိတ်ခံစားမှုတွေ) ပါလာတော့ စိတ်အလို လိုက်ကြပြီ
Mask မတပ်ဘဲ ပြုစုတယ် ( PPE တို့ level 2 တို့ မပြောနဲ့ )
လူနာနဲ့ secretion ( အရည်တွေ) ကိုင်တွယ်ကြတယ် …
အဲ့တော့ တစ်အိမ်လုံး အကူးခံကြတယ် ထိခိုက်မှုတွေများကြတာပေါ့ ..
အဲ့မှာ တစ်ချို့က စဖြစ်ပြီး အိမ်ခွဲနေကြာတာတွေ အခန်းခွဲနေကြတာတွေ အထပ်ခွဲနေကြတာတွေ ရှိကြတယ် …
ဘယ်တော့ မိသားစုနဲ့ အတူပြန်နေလို့ရပြီလဲပေါ့ …
ခုနကပြောတဲ့ viral shedding time နဲ့ သွားရတာပါပဲ
အကြမ်းဖျင်း ၁၇ ရက် ကနေ ၂၄ ရက်ပေါ့ …
လက္ခဏာပြပြီး ၃ ပတ်လို့ ယူဆလိုက်ကြရင်ရပါပြီ ( ပိုစိတ်ချ ချင်ရင် ၁ လ) …
နောက်တစ်ခုက dead body ( သက်မဲ့ခန္ဓာကြီး) က စကားမပြော ချောင်းမဆိုးတော့ဘူးဆိုပေမယ့် SAR Co V 2 virus ရဲ့ ရပ်တည်မှုမှာ အဆုတ်တစ်ခုတည်းမဟုတ်ပဲ အစာအိမ်နဲ့ အူလမ်းကြောင်းထဲမှာလည်း ကောင်းစွာ ရပ်တည်နိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် သေဆုံးပြီးနောက် ခန္ဓာကိုယ်မှ ထွက်ရှိတဲ့ အရည်တွေကနေ အခြားသူကို ကူးစက်နိုင်ပါသေးတယ် ။ သူရဲ့ viral shedding time က still running condition ပါ။ ငိုကြွေးပြီး ဖက်နမ်းနေပါက viral load တွေ တပြုံကြီး မိမိကိုယ်ထဲ ဝင်သွားနိုင်ပါတယ် ။
Second wave တုန်းက ဖောင်ကြီးမှာဆို ညတွင်းချင်း သဂြိုလ်ကြတာပါ။

နိဂုံးချုပ်အနေနဲ့ …
မိမိ စဖျား စဝေဒနာ ခံစားရပြီး ၂၁ ရက်ကျော်မှ သူများကို မကူးတာပါ
စိတ်ချရအောင်ဆို ၂၈ ရက်ပေါ့
Dead body ရဲ့ အရည်တွေကနေ မိမိ အသက်ရှုလမ်းကြောင်းထဲ ဝင်ရောက်နိုင်ပါကလည်း ကူးစက်နိုင်ပါသေးတယ်လို့ မှတ်ယူစေချင်ပါတယ် ။
။။။
အသိနဲ့ သတိယှဉ်ပြီး ကိုဗစ်ကို အနိုင်တိုက်နိုင်ကြပါစေ ။

Photos from 𝑴𝒚𝒊𝒏𝒕 𝑴𝒚𝒂𝒕 𝑷𝒉𝒂𝒓𝒎𝒂𝒄𝒚's post 23/07/2021

#ကိုဗစ်နဲ့ချောင်းဆိုးပျောက်ဆေး 💊💊

အခုတလော ကိုဗစ်ဖြစ်လို့ချောင်းတွေအရမ်းဆိုးနေလို့ ချောင်းဆိုးပျောက်ဆေးဝယ်သောက်တဲ့အခါ
လူတိုင်းအသောက်များတဲ့ အညွှန်းများတဲ့ Bronchest ဆေးကိုဝယ်သောက်ကျတဲ့အခါမှာ စျေးကွက်ထဲမှာရော ဆေးဆိုင်တွေမှာပါ စျေးတွေတက် ပစ္စည်းပျက်ဖြစ်လာကြတာကြောင့် ချောင်းဆိုးတဲ့အခါသောက်လို့ရတဲ့ ဆေးအမျိုးအစားများကိုပြောပြပေးချင်ပါတယ်

❌Bronchest ချောင်းဆိုးပျောက်ဆေးဝယ်လို့မရလည်းစိတ်မပူပါနဲ့

✅ဒီဆေးတွေအကုန်သောက်လို့ရပါတယ်💊

➡️Tussolid
➡️De-tussin
➡️SOFKOF
➡️Dextro
➡️Contus
➡️Atussin
➡️Konidin

✅ချွှဲသလိပ်တွေရှိရင်တော့ ချွှဲပျော်ဆေးနဲ့တွဲသောက်နိုင်ပါတယ်

Myint myat pharmacy
No.16,Yadana street, Hlaing (yangon)

Photos from 𝑴𝒚𝒊𝒏𝒕 𝑴𝒚𝒂𝒕 𝑷𝒉𝒂𝒓𝒎𝒂𝒄𝒚's post 22/07/2021

Edit - ပထမအသုတ် သတ်မှတ်ထားတဲ့ အလုံးရေ ပြည့်သွားပါပီ
ဒုတိယအသုတ်အတွက် ရက်ပြန်ပြောပေးပါမယ်ရှင်

မင်္ဂလာပါရှင်

Olive brand 10L များကို
တင်သွင်းရောင်းချပေးမှာဖြစ်လို့ pre order တင်လို့ရပါပြီရှင်

အမေရိက၊ ဉရောပ၊ အာရှ နိုင်ငံတွေမှာပါ medical device export အနေနဲ့ရပ်တည်နေတာ ဆယ်စု
နှစ်ကျော်ပြီဖြစ်တဲ့အတွက် quality ပိုင်းစိတ်ချရမှာဖြစ်ပါတယ်

Product Specification အနေနဲ့ကတော့
✅model - OLV-10 (medical grade)
✅Flow rate - 1 to 10 L/min
✅dual flow
✅Power Supply - 220V 50Hz
✅Noise Level - 56 db
✅Purity oxyen - အောက်စီဂျင် percent ( >93%+–3% ) 96% ထိ ရရှိမှာ ဖြစ်ပါတယ်
✅LED Display Touch Screen ပါရှိမှာဖြစ်ပါတယ်
✅CE ISO Approved လည်း ရရှိထားပါတယ်
✅User manual guide လည်း ပါဝင်မှာဖြစ်လို့ လွယ်ကူစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
✅ဒါ့အပြင် warranty 2yrs လည်းပါဝင်ပါတယ်

📌 Price - 1,600,000 MMK
Cash , mobile banking 2 မျိုးလုံးနဲ့ငွေပေးချေ
နိုင်ပါတယ် (% ပေါင်းပေးရန် မလိုပါ)

📌ပစ္စည်းရောက်မည့် အချိန် -August လ ၇ ရက် ၁၀ ရက်ကြား ရောက်ရှိမှာဖြစ်ပါတယ်

အသေးစိတ်သိရှိလိုပါက CB မှာ စုံစမ်းမေးမြန်းပြီး
ဆက်သွယ်မှာယူနိုင်ပါတယ်

19/07/2021

Crd # #
ကျွန်မ လိုင်းပေါ်က ကုနေ တဲ့ ဆရာဝန်တော့ မဟုတ်ဘူးနော်။
အငြင်းပွားနေကြလို့ တစ်ချက်ချင်း စာပါရေးပေးထားတယ်။

ဖျားတာနဲ့ရေချိုးတာ မပတ်သက်တာ ကို သေချာ လေး
အမြဲပြောတယ်။

ဖျားတယ် ကိုယ်ပူတယ်ဆိုတာ
ဘက်တီးရီးယားတွေ Virusတွေ ဝင်ထားတဲ့ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုပါ။

ရေချိုးတယ်ဆိုတာ တစ်ကိုယ်ရည်သန့်ရှင်းရေးပါ ။
ဖျားရင်ဘယ်သူကမှ ရေကိုအကြားကြီးချိုးကြတာ ဘယ်သူမှ မရှိပါဘူး။
အဓိကကတစ်ကိုယ်ရည်သန့်ရှင့်းရေးပါ။

ချမ်းစိမ့်နေတယ်ထင်ရင် ရေကြက်သီးနွေးလေးနဲ့လောင်းပါ။

ချောင်းဆိုးနေရင် ရေနွေးလေးနဲ့စပ်လောင်းပါ။
ရေလောင်းလို့ ရေတွေ အသားထဲစိမ့်ဝင်သွားရအောင်ကျွန်မတို့ခန္ဓာကိုယ်က အရေပြားက အိုအေစစ်လိုဖော့တုံးမဟုတ်ပါ။

ရေပတ်တိုက်တာဟာ အချိန်ပိုကြာပါတယ်။
ရေလောင်းတာဟာ ငါးမိနစ်မကြာပါဘူး

ကျွန်မကိုယ်တိုင်နေမကောင်းနေတာပါ နေ့တိုင်း ရေချိုးပါတယ်။

ရေမချိုးဘဲ မနေတတ်လို့လည်းပါတယ်။

ပြီးတော့ ချောင်းဆိုးနှာချေ ချွေးထွက်ထားတာတွေက ရောဂါပိုးတွေပါတာမို့
ကျွန်မတို့မိတ်ဆွေတွေ ရေပတ်တိုက်ပုံမျိုးနဲ့ပြောင်ရှင်းမသွားပါဘူးရှင်။

#ကျွန်မတို့လူနာတွေရဲ့အဓိက အားနည်းချက်က ဖျားရင်တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းတာနဲ့ သတ်မှတ်စည်းကမ်းလိုက်နာမှုမှာ အားနည်းတာပါ။

ဒါမို့ကူးစက်ရောဂါဆို တစ်အိမ်မှာတစ်ယောက်ဆို အကုန်ကူတာပါ။

အိပ်ယာထဲ ကောက်လှဲအောက်ဆီဂျင်ကျနေတဲ့လူနာကိုတော့
ဆရာမက ရေချိုးခိုင်းတယ်ဟ ဆိုပြီး

အတင်းဆွဲထူထပြီး ရေလောင်းချိုးဖို့တော့
လိုမလို လူနာစောင့်မယ့်မိသားစုဝင်တွေ ကိုယ်ပိုင်ဉာဏ်နဲ့သုံးသပ်နိုင်ပါစေ။

အမောဖောက်နေတဲ့ လူနာကိုတော့ ရေလောင်းချိုးဖို့လုပ်တာထက်
လှုပ်ရှားရင်မောတာမို့ အညစ်အကြေးပါ အနားတင်သွားပါစေ။

#အခန်းနဲ့နေရာသန့်ရှင်းရေးအလေးပေးပါ။
အဝတ်အစားမကြာခဏ လဲပေးပါ။( စွပ်လွယ်ချွတ်လွယ်တဲ့အကျီပွပွ)
အိပ်ယာခင်းတွေလဲပေးပါ။
လက်တွေ ခြေထောက်တွေကို ရေဝတ်နဲ့ သုတ်ပေးပါ။
အခန်းလေဝင်လေထွက်ကောင်းအောင်လုပ်ပါ။
အနံအသက်ပြင်းသော လိမ်းဆေးရှူဆေးများဖြင့်
သဘာဝလေကို ညစ်ညမ်းအောင်မပြုလုပ်ပေးပါနှင့်။

ဒေါက်တာစုစုဝင်း

Photos from Kamax Group Myanmar Co., Ltd's post 17/07/2021
15/07/2021

မြန်မာနိုင်ငံတွင် ရရှိပြီး/ရရှိနိုင်တော့မည့်ကိုဗစ်ကာကွယ်ဆေးများနှင့်ပတ်သက်၍
===========
Crd. .ဒေါက်တာခင်မိုးမိုး
============
ကျွန်မတို့နိုင်ငံမှာ ကိုဗစ်တတိယလှိုင်း စတင်နေပြီဖြစ်တာကြောင့် ကိုဗစ်ကို ကာကွယ်ဖို့အတွက် အထူးအလေးထားရတော့မှာဖြစ်ပါတယ်။ အပြင်ထွက်တိုင်း မဖြစ်မနေ Mask တပ်ဖို့၊ တစ်ဦးနဲ့ တစ်ဦး ခြောက်ပေအကွာမှာနေဖို့၊ လူဦးရေထူထပ်တဲ့နေရာနဲ့ အလုံပိတ်ခန်းမတွေကို ရှောင်ကြဉ်ဖို့ မကြာခဏ လက် ဆေးဖို့၊ မျက်နှာနဲ့ လက်မထိဖို့၊ လိုအပ်သလို ကာကွယ်ဆေးထိုးတာကလည်း ကိုဗစ်ကာကွယ်ဖို့အတွက် အရေးကြီးတဲ့ ကဏ္ဍမှာ ပါ၀င်ပါတယ်။

♣ India နိုင်ငံထုတ် ကာကွယ်ဆေးများ
COVISHIELD
ကျွန်မတို့နိုင်ငံမှာ ဇန်နဝါရီလကတည်းက Covishield ကာကွယ်ဆေးကို စတင်ထိုးနှံပေးခဲ့ပါတယ်။ တစ်ဦးကို နှစ်ကြိမ်နှုန်းနဲ့ လူဦးရေတစ်သန်းခွဲစာကို သက်တမ်းကုန်ဆုံးရက် မတိုင်ခင် ဇွန်လအထိ ထိုးပေးနိုင်ခဲ့ပါတယ်။ (ဒီ Covishield ကာကွယ်ဆေးဟာ သက်တမ်းခြောက်လသာ ရှိပါတယ်)
ဒီဆေးကို ပထမတစ်ကြိမ်ထိုးထားရင် ရောဂါမဖြစ်အောင် ၇၆ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပြီး ဒုတိယအကြိမ် ထိုးပြီးချိန်မှာတော့ ၈၂.၄ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်ပါတယ်။ ရောဂါကြောင့် သေဆုံးနှုန်းကို အသက် ၆၅ နှစ်ကျော်အရွယ်တွေမှာ ၉၄ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်တယ်လို့ သိရပါတယ်။
ဒီဆေးထိုးထားသူတွေက မိမိမှတစ်ဆင့် တခြားသူကို ရောဂါပြန်ဖြန့်နိုင်နှုန်း ၆၇ ရာခိုင်နှုန်း လျော့ကျသွားနိုင်ပါတယ်။

COVAXIN
အခုလက်ရှိ ပုဂ်္ဂလိကဆေးခန်းတချို့မှာ ထိုးပေးနေတဲ့ ကာကွယ်ဆေးက အိန်္ဒိယနိုင်ငံထုတ် Covaxin
အမျိုးအစား ဖြစ်ပါတယ်။ ဒီဆေးကိုတော့ BBV152 လို့လည်း သိကြပြီး သေဆုံးနေတဲ့ဗိုင်းရပ်စ်ကို ပြုပြင်ကာ ပြုလုပ်ထားတဲ့ကာကွယ်ဆေးဖြစ်ပါတယ်။ သူက ခန်္ဓာကိုယ်ထဲကိုရောက်ရင် antibody တွေ ထွက်လာပြီး ခုခံအားစနစ်ကို လှုံ့ဆော်ကာ ရောဂါကို တိုက်ထုတ်ပစ်နိုင် ပါတယ်။ ဒီဆေးက အိန်္ဒိယနိုင်ငံအပြင် အီရန်၊ မက်္ကဆီကို၊ နီပေါ၊ ဖိလစ်ပိုင်၊ ပါရာဂွေး၊ ဇင်ဘာဘွေနဲ့ မောရစ်ရှားနိုင် ငံတွေမှာပါ အသုံးပြုနေပြီဖြစ်ပါတယ်။ ဒီဆေးကို တစ်ကြိမ်နဲ့ တစ်ကြိမ် ၄-၆ ပတ်ခြားပြီး နှစ်ကြိမ် ထိုးရမှာဖြစ်ပါတယ်။ ဆေးကို နှစ်ကြိမ်ထိုး ပြီးရင် ရောဂါကို ကာကွယ်နိုင်စွမ်း ၇၈ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။
ဘေးထွက်ဆိုးကျိုးအနေနဲ့ အဖျား ရှိတာ၊ ခေါင်းကိုက်တာ၊ စိတ်တိုတာ၊ ဆေးထိုးတဲ့နေရာမှာ ရောင်ရမ်းပြီး နာကျင်တာတွေဖြစ်တတ်ပါတယ်။ ကာကွယ်ဆေးထိုးအပြီး ပါရာစီတမောလို မျိုး အကိုက်အခဲပျောက်ဆေးကို သောက်ထားသင့်ပါတယ်။
ဆေးနဲ့ ပြင်းထန်ဓာတ်မတည့်မှု ဖြစ်တာကတော့ အလွန်ရှားပါတယ်။ ဓာတ်မတည့်မှုဖြစ်ရင် လည်ချောင်းရောင်ရမ်းပြီး အသက်ရှူမ၀တာ၊ ပျို့တာ၊ အန်တာ၊ အဖုအပိမ့်ပေါက်တာ၊ အဖျားရှိတာ၊ ခေါင်းကိုက်တာ၊ ခန်္ဓာကိုယ်အနှံ့ကိုက်ခဲတာနဲ့ ဆေးထိုးထားတဲ့လက်တစ်ဖက် တောင့်တင်းနေတာတွေဖြစ်တတ်ပါတယ်။
သွေးယိုစီးမှုပြဿနာရှိသူတွေ၊ ကိုယ်၀န်ဆောင်မိခင်တွေ ဒါမှမဟုတ် နို့တိုက်မိခင်တွေက ဒီကာကွယ်ဆေးကို မထိုးသင့်ပါဘူး။

♣ တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးများ
တရုတ်နိုင်ငံထုတ်ကာကွယ်ဆေး တွေဖြစ်တဲ့ Sinopharm ကို WHOက ယခုနှစ် မေလအတွင်း အရေးပေါ်အသုံး ပြုခွင့်ပေးထားခဲ့ပြီး Sinovac ကို ဇွန်လမှာ ခွင့်ပြုထားခဲ့ပြီး ဖြစ်ပါတယ်။ ဒီဆေးတွေကို လက်ရှိမှာ နိုင်ငံပေါင်း ၈၀ ကျော် အသုံးပြုနေကြပြီလို့ သိရပါတယ်။
ဒီကာကွယ်ဆေးနှစ်မျိုးစလုံး ကြောင့် ရရှိနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ က တခြားကာကွယ်ဆေးတွေလောက် အဖြစ်မများဘူးလို့ သိရပါတယ်။ ဆေး ထိုးတဲ့နေရာမှာ နာကျင်တာ၊ ပင်ပန်းနွမ်း နယ်တာ၊ ၀မ်းပျက်တာနဲ့ ကြွက်သားနာ ကျင်တာလောက်သာဖြစ်ပြီး နှစ်ရက်အ တွင်း ပြန်လည်ပျောက်ကင်းသွားတတ်ပါ တယ်။

SINOPHARM
ဒီကာကွယ်ဆေးက တရုတ်နိုင်ငံက ကျွန်မတို့နိုင်ငံကို လှူဒါန်းခဲ့တဲ့ကာကွယ် ဆေးဖြစ်ပါတယ်။ တရုတ်ကုန်သည် များအသင်းချုပ်ကလည်း အသင်း၀င် တွေကို ဒီဆေးထိုးပေးဖို့ စီစဉ်နေတယ်လို့ ကြားသိရပါတယ်။ ဒီကာကွယ်ဆေးက SARS-CoV-2 ကို Beta-propiolactone ခေါ်တဲ့ ဓာတုပစ်္စည်းနဲ့ ကုသမှုပြုလုပ်ထား တာဖြစ်ပါတယ်။ ဒီဓာတုပစ်္စည်းက ကိုဗစ်ဗိုင်းရပ်စ်နဲ့ပေါင်းပြီး COVID-19 ဖြစ် စေတဲ့ ဗိုင်းရပ်စ်ပွားများမှုကို ရပ်တန့်ပေးလိုက်တာဖြစ်ပါတယ်။ ဒါ့ပြင် သူ့မှာ ပါ၀င်တဲ့ အလူမီနီယမ်ဟိုက်ဒရော ဆိုက်ကြောင့် ခန်္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ပိုမိုမြင့်တက်လာပါတယ်။
အသက် ၁၈ နှစ်အထက်ရှိသူတွေ ထိုးဖို့သတ်မှတ်ပေးထားပြီး တစ်ကြိမ်နဲ့ တစ်ကြိမ်ကြား သုံးပတ်ကနေ လေးပတ် ခြားကာ နှစ်ကြိမ်စီ ထိုးပေးရမှာဖြစ်ကာ ရောဂါကာကွယ်နိုင်စွမ်းမှာ ၇၉ ရာ ခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ ဒီဆေး ကို ကိုယ်၀န်ဆောင်မိခင်နဲ့ နို့တိုက်မိခင် တွေအတွက် ထိုးပေးနိုင်ပါတယ်။
ဒီကာကွယ်ဆေးမှာပါတဲ့ ပါ၀င် ပစ်္စည်းတွေနဲ့ ဓာတ်မတည့်မှုဖြစ်ဖူးသူ၊ အပူချိန် ၃၈.၅ ဒီဂရီထက် မြင့်မားသူ တွေက ဒီဆေးကို မထိုးသင့်ပါဘူး။
ဘေးထွက်ဆိုးကျိုးအနေနဲ့ ကာ ကွယ်ဆေးထိုးတဲ့နေရာမှာ နာကျင်တာ၊ အဖျားရှိတာတွေအပြင် ခေါင်းကိုက်တာ နဲ့ ပင်ပန်းနွမ်းနယ်တာတွေဖြစ်တတ်ပါ တယ်။

SINOVAC
ဒီကာကွယ်ဆေးက ယခုလအတွင်း တစ်သန်းရောက်ရှိမှာဖြစ်ပြီး အသက် ကြီးသူ၊ ရောဂါအခံရှိသူ၊ ကာကွယ်ဆေး မထိုးရသေးတဲ့ ကျန်းမာရေး၀န်ထမ်းတွေ၊ ပုဂ်္ဂလိက ကျန်းမရေးစောင့်ရှောက်မှုပေး နေသူတွေကို ဦးစားပေးထိုးနှံပေးသွားမယ်လို့ သိရပါတယ်။
ဒီဆေးက ဓာတ်ခွဲခန်းကနေ ထုတ် လုပ်ထားတဲ့ ဗိုင်းရပ်စ်အမျိုးအစားနဲ့ ပြု လုပ်ထားတဲ့ Inactivated Virus Vaccine အမျိုးအစားဖြစ်ပါတယ်။ ကာကွယ်ဆေးမှာ ပါ၀င်တဲ့ များစွာသော ပရိုတင်းတွေကို ခုခံအားနစ်က တုံ့ပြန်ပြီး ကိုဗစ်ရောဂါကို တိုက်ထုတ်မယ့် Antibody တွေထွက်လာအောင် လှုံ့ဆော်ပေးမှာ ဖြစ်ပါတယ်။ အသက် ၁၈ နှစ်အထက်ရှိ သူ၊ နို့တိုက်မိခင်၊ ကိုဗစ်ဖြစ်နိုင်ခြေ မြင့် မားတဲ့ အ၀လွန်သူ၊ နှလုံးသွေးကြောရောဂါရှိသူနဲ့ အဆုတ်ရောဂါရှိသူတွေထိုးဖို့ သတ်မှတ်ထားပြီး တစ်ကြိမ်နဲ့ တစ်ကြိမ် ကြား ၂-၄ ပတ်ခြားပြီး နှစ်ကြိမ်ထိုးရမှာ ဖြစ်ပါတယ်။
ရောဂါကာကွယ်နိုင်စွမ်းက နိုင်ငံအ ပေါ်လိုက်ပြီး ၅၁-၈၄ % ရှိကာ ကိုဗစ် ဆိုး ဆိုးရွားရွား အခြေအနေမရောက်အောင် ၈၅-၁၀၀ %၊ ကိုဗစ်ကြောင့် ဆေးရုံတက် ရတာမျိုးမဖြစ်အောင် ၈၀-၁၀၀ % ကာကွယ်နိုင်ပါတယ်။

♣ ရုရှားနိုင်ငံထုတ်ကာကွယ်ဆေးများ
ရုရှားနိုင်ငံကထုတ်တဲ့ ကာကွယ် ဆေး နှစ်မျိုးဖြစ်တဲ့ Sputnik V နဲ့ Sputnik Light တွေကို မြန်မာနိုင်ငံအ တွက် ခုနစ်သန်း၀ယ်ဖို့ မှာယူထားကာ မကြာမီ အလုံးရေ နှစ်သန်းရောက်ရှိမယ်လို့ သိရပါတယ်။

SPUTNIK V
ဒီကာကွယ်ဆေးက တုပ် ကွေးရောဂါဖြစ်စေတဲ့ Adenovirus အမျိုးအစားနှစ်မျိုးကို ရောဂါသယ်ဆောင် တဲ့အနေနဲ့ ထည့်သွင်းအသုံးပြုထားတာ ဖြစ်ပါတယ်။ ရောဂါသယ်ဆောင်တဲ့ဗိုင်း ရပ်စ်တွေက ပြုပြင်ထားတာကြောင့် ခန်္ဓာ ကိုယ်ထဲမှာ ပိုးထပ်မံပွားများတာ၊ ရောဂါ ဖြစ်တာတွေ မရှိတော့ပါဘူး။
ဒီဆေးကို အိန်္ဒိယ၊ အာဂျင်တီးနား၊ မွန်တီနီဂရိုး၊ ရုရှား၊ ဗင်နီဇွဲလား၊ ဘီလာ ရုစ်၊ ဆားဗီးယား၊ ယူအေအီးနဲ့ Europe တိုင်းပြည်ထဲက ဟန်ဂေရီအပါအ၀င် နိုင်ငံပေါင်း ၆၄ နိုင်ငံမှာ အသုံးပြုနေကြ ပြီဖြစ်ပါတယ်။
အသက် ၁၈ နှစ်အထက်ရှိသူတွေ ထိုးနိုင်ပြီး ရောဂါကာကွယ်နိုင်စွမ်းက ၉၁.၆ ရာခိုင်နှုန်းရှိကာ ကာကွယ် ပထမအကြိမ်ထိုးပြီး သုံးပတ်အကြာမှာ ဒုတိယအကြိမ် ထပ်မံထိုးရမှာဖြစ်ပါ တယ်။
ဘေးထွက်ဆိုးကျိုးအနေနဲ့ -
◘ ပင်ပန်း နွမ်းနယ်တာ ၇၀ %
◘ အဆစ်နာတာ ၄၆.၄ %
◘ ခေါင်းကိုက်တာ ၆၄.၇ %
◘ ကြွက်သားနာကျင်တာ ၆၁.၅ %
◘ ချမ်းတုန်တာ ၄၅.၄ %
◘ အဖျားရှိတာ ၁၅.၅ %
◘ ပျို့အန်တာ ၂၃ % ရှိပါတယ်။

SPUTNIK LIGHT
ဒီကာကွယ်ဆေးက COVID-19 ရောဂါကိုဖြစ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်ကို ခုခံအားတည်ဆောက် ပေးတာဖြစ်ပြီး ကာကွယ်နိုင်စွမ်း ၇၉.၄ ရာခိုင် နှုန်းရှိတယ်လို့ သိရပါတယ်။ သူရဲ့ အား သာချက်က ဆေးတစ်ကြိမ်သာ ထိုးရမှာဖြစ်ပြီး ဆေးထိုးအပြီး လေးပတ်အကြာမှာ ဗိုင်းရပ်စ်ပိုးကို အားပျော့စေတဲ့ anti-body ထွက်လာနိုင်နှုန်း ၉၁.၆၇ ရာခိုင် နှုန်းအထိ ရှိတယ်လို့ သိရပါတယ်။
ရုရှားနိုင်ငံမှာ ယခုနှစ် မေလအတွင်း က အရေးပေါ်အသုံးပြုခွင့်ရရှိထားတာ ဖြစ်ပါတယ်။ ဒီဆေးကို ရုရှား၊ ဗင်နီဇွဲလား၊ အင်ဂိုရာ၊ ဘာရိန်း၊ နီကာရဂူး၊ မောလစ်ရှ၊ ပါလက်စတိုင်း၊ အာဂျင်တီးနား၊ ဘီလာ ရုစ်၊ ကွန်ဂို၊ မွန်ဂိုလီးယား တောင်ကိုရီး ယားအပါအ၀င် နိုင်ငံပေါင်း ၁၃ နိုင်ငံမှာ ရရှိနိုင်ပြီဖြစ်ပါတယ်။

• ဒေါက်တာခင်မိုးမိုး

Want your business to be the top-listed Health & Beauty Business in Hlaing?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yadanar Street
Hlaing

Other Pharmacies / Drugstores in Hlaing (show all)
MMZ Online Store MMZ Online Store
34, Tharyar Aye Street
Hlaing, 11051

Online Shopping

အာယုဆေးဆိုင် အာယုဆေးဆိုင်
Hlaing Market, Butaryone Street
Hlaing, 11041

ဆေးမျိုးစုံကိုဈေးနှုန်းမှန်ဖြင့်ဝယ်ယူရရှိနိုင်ပါသည်။

ကံ့ကော် နိုင်ငံခြားဆေးနှင့်မြန်မာဆေးအမျိုးမျိုး ကံ့ကော် နိုင်ငံခြားဆေးနှင့်မြန်မာဆေးအမျိုးမျိုး
No. 14. Hlaing Station Street
Hlaing, 11051

နိုင်ငံခြားဆေးနှင့်မြန်မာဆေးအမျိုးမျိုး

Su Lub Pharmacy & Smart Clinic Su Lub Pharmacy & Smart Clinic
Building No. 2, Room No. 004, Ground Floor, Yangon-Insein Road
Hlaing, 11051

Established in Yangon, Myanmar in 2022, Su Lub provides primary health care services & medicines accessible to everyone.

Pearl Pharmacy & Beauty Store Pearl Pharmacy & Beauty Store
Hlaing

နိုင်ငံခြားဆေး+မြန်မာဆေးမျိုးစုံ လက်လီ/လက်ကား ဝယ်ယူရရှိနိုင်ပါသည်။