Thiha Nay La

Thiha Nay La

You may also like

Yogeswara cement and iron
Yogeswara cement and iron

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thiha Nay La, Engineering service, No. (61), Yangon/Insein Road, (9)ward, Hlaing.

25/01/2024

"အမေများနေ့"🙏🙏🙏

ယနေ့ပြာသိုလပြည့်နေ့မှာကျရောက်သော "အမေများနေ့"အတွက်
အမေများအားလုံး
စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့်သောကကင်းစွာ နေထိုင်နိုင်ပါစေကြောင်း
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်
"အမေများအားလုံးကိုချစ်ခင်လေးစားလျှက်"
💖💖💖

25/12/2022
07/11/2022

🎆🕯️တန်ဆောင်မုန်းလပြည့်နေ့🕯️🎆

ယနေ့ကျရောက်တဲ့ တန်ဆောင်မုန်းလပြည့်နေ့ ( သာမညဖလ အခါတော်နေ့ )၊ တန်ဆောင်တိုင်ပွဲတော်မှာ ၇ ရက်သားသမီးများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့ဖြင့်ပြည့်စုံပါစေကြောင်း Thiha Nay La Co.,Ltd မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်🙏🙏🙏

08/10/2022

❤️ပျော်ရွှင်စရာ သီတင်းကျွတ်
အခါသမယလေးဖြစ်ပါစေလို့ ❤️
🎆 Thiha Nay la Co.,Ltd မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ် 🙏🙏🙏

11/07/2022

“ဝါဆိုလပြည့်နေ့” ဓမ္မစကြာအခါ‌တော်နေ့မှာ ၇ ရက်သားသမီးများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံကြပါစေလို့ Thiha Nay La Co.,Ltd မိသားစု မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်🙏🙏🙏

05/07/2022

မြန်မာနိုင်ငံမီးဘေးလုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (၂၀၂၀)၊ Myanmar Fire Safety Code of Procedures (2020) အား ထုတ်ပြန်နိုင်ရန်အတွက် ပြုစုထားသည့် မူကြမ်းအပေါ် အကြံပြုချက်များတောင်းခံခြင်း

၁။ ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၏ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဥပဒေအား ၂၀၁၅ ခုနှစ်၊ မတ် လ (၁၇) ရက်နေ့တွင်လည်းကောင်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နည်းဥပဒေများအား ၂၀၁၅ ခုနှစ်၊ ဩဂုတ် လ (၂၁) ရက်နေ့တွင်လည်းကောင်း ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါသည်။

၂။ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဥပဒေပုဒ်မ ၄၆ နှင့် နည်းဥပဒေ ၈၄ တွင် အပ်နှင်းထားသော တာဝန်နှင့် လုပ်ပိုင်ခွင့်များအရ မီးသတ်ဦးစီးဌာနသည် အဆောက်အဦများ၏ အရေးပေါ်လွတ်မြောက်မှုနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ ပြဋ္ဌာန်းသတ်မှတ်ချက်များကို ခေတ်စနစ်နှင့်လျော်ညီစွာ အတည်ပြုပြဋ္ဌာန်းနိုင်ရန်အတွက် မြန်မာနိုင်ငံမီးဘေးလုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (၂၀၂၀) (မူကြမ်း) ကို ထုတ်ပြန်ထားရှိပါသည်။

၃။ မြန်မာနိုင်ငံမီးဘေးလုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (၂၀၂၀) (မူကြမ်း) အား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ အရာရှိကြီးများ၊ အင်ဂျင်နီယာများ၊ ဥပဒေပညာရှင်များနှင့် ပြည်တွင်း/ပြည်ပမှအင်ဂျင်နီယာများ၊ ဥပဒေပညာရှင်များ၊ ဗိသုကာပညာရှင်များ၏ ပူးပေါင်းပါဝင်အကြံပြုဆွေးနွေးချက်များဖြင့် အောက်ဖော်ပြပါအတိုင်း ရည်ရွယ်ရေးဆွဲခဲ့ပါသည်။

(က) အဆောက်အဦအမျိုးအစားနှင့် အသုံးပြုမှုအပေါ်မူတည်၍ မီးဘေးလုံခြုံရေးနှင့် ဘေးကင်းလွတ်မြောက်မှုဆိုင်ရာကိစ္စရပ်များအတွက် ဒီဇိုင်းရေးဆွဲရာတွင်လည်းကောင်း၊ စီမံခန့်ခွဲအသုံးပြုရာတွင်လည်းကောင်း၊ ပြုပြင်ထိန်းသိမ်းမှုများဆောင်ရွက်ရာတွင်လည်းကောင်း လိုက်နာဆောင်ရွက်နိုင်ရန်။

(ခ) မြန်မာနိုင်ငံအတွင်းရှိ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ အထူးစီးပွားရေးဇုန်များနှင့် စက်မှုဇုန်များ၊ သတ်မှတ်ထားသောအုပ်စုအမျိုးအစားအလိုက် အဆောက်အဦများအတွက် မိမိနိုင်ငံနှင့် သင့်လျော်ကိုက်ညီသော မီးဘေးလုံခြုံရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများအား ခေတ်စနစ်နှင့်လျော်ညီစွာ နိုင်ငံတကာအဆင့်မီ ထုတ်ပြန်နိုင်ရန်။

(ဂ) မိမိနိုင်ငံအတွင်းရှိ အင်ဂျင်နီယာများ၊ ဗိသုကာအတတ်ပညာရှင်များ၏ ပူးပေါင်းအကြံပြုချက်များဖြင့် မီးဘေးလုံခြုံရေးဆိုင်ရာ နည်းပညာဗဟုသုတများ တိုးတက်ပြန့်ပွားစေရန်ရည်ရွယ်၍ မီးဘေးလုံခြုံရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများအား ရေးဆွဲပြုစုထားရှိပါသည်။

၄။ အဆိုပါ မီးဘေးလုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (၂၀၂၀) (မူကြမ်း)အပေါ် လိုအပ်ချက်များ၊ ပြင်ဆင်ဖြည့်စွက်ရန်အချက်များရှိပါက အောက်ဖော်ပြပါ Link တွင် Download ရယူဖတ်ရှု၍ အကြံပြုလိုသည်များရှိပါက သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် Survey Form တွင် ပြည့်စုံစွာဖြည့်စွက်၍ [email protected] သို့ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့ မတိုင်မီ ပြန်လည်ပေးပို့နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

မီးဘေးလုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (၂၀၂၀) (မူကြမ်း) အား Download ရယူရန် Link
https://drive.google.com/open?id=1kahEWceoUGdpiY_VZdxOpzXlANek9KAa

မီးဘေးလုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (၂၀၂၀) (မူကြမ်း) အပေါ် အကြံပြုချက်များ ပြန်လည်ပေးပို့ရန်ပုံစံအား Download ရယူရန် Link
https://drive.google.com/open?id=1q6c3UAW4WN_iMHKhc5YIg0Iztho7xz3c

မီးဘေးလုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (၂၀၂၀) (မူကြမ်း) အပေါ် အကြံပြုချက်များအား website မှ တိုက်ရိုက်ရေးသားပေးပို့ရန်
http://www.fsd.gov.mm/my_MM/myanmar-fire-safety-code-of-procedures-2020-draft/

13/03/2022

ရေနွေးပူစက်မှဓာတ်လိုက်သေဆုံးခြင်း
======================
ရေချိုးနေရာမှာသုံးတဲ့ ရေပူစေတဲ့ water heater စက်ကနေဓာတ်လိုက်သေဆုံးမှုတွေအကြောင်း သတိပေးချင်ပါတယ်။

၂၀၁၆ တုန်းက အသက် ၂၀ အရွယ် ကျောင်းသူလေး Lee Shyr Nie ဟာ ရေချိုးနေတုန်းဓာတ်လိုက်သွားလို့ မိဘတွေကတံခါးဖွင့်ကြည့်ရာမှာ ကြမ်းပြင်ပေါ်မှာကိုယ်တုံးလုံးနဲ့သေနေရှာပါတယ်။

သူ့အမေကဝင်ဆွဲရာမှာ သူ့အမေပါဓာတ်လိုက်ခဲ့ပြီး ကံကောင်းလို့မသေခဲ့တာပါ။ သူရေမဝင်ချိုးခင် သူ့မောင်ကဝင်ချိုးခဲ့ပေမဲ့ ဘာမှမဖြစ်ခဲ့ပါဘူး။

ကျနော်တို့အိမ်နားမှာတင် အသက် ၁၈ နှစ်အရွယ် Gregory Ng ဟာရေချိုးရင်း ဓာတ်လိုက်သေဆုံးဖူးပါတယ်။

ပြီးခဲ့တဲ့အပတ်က စင်ကာပူတရားရုံးမှာ အသက် ၈၀ နှစ်အရွယ်အဖိုးအိုရယ်၊ အသက် ၆၆ နှစ်အရွယ်သူ့မိန်းမရယ်၊ အသက် ၄၅ နှစ်ရှိ သူ့သားရယ် ဓာတ်လိုက်သေဆုံးမှုကို ကြားနာပါတယ်။

၂၀၂၀ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ အဖိုးအိုအိုမာမာနန်ဟာ ရေချိုးနေတုန်းဓာတ်လိုက်ပြီးချော်လဲသွားပါတယ်။ သူ့မိန်းမ အက်စမာကဝင်ကယ်ရာမှာ သူပါချော်လဲသွားပါတယ်။

Block 120 Ho Ching Road မှာလင်မယားနှစ်ယောက်သေဆုံးနေချိန်မှာ ရေချိုးခန်းထဲမှာရေကဖွင့်လျက်သားကျနေပါတယ်။

အဲ့ဒီမှာမြေးလုပ်သူက အဖိုးအဖွားဆီကို ဖုန်းခေါ်တာမရတဲ့အတွက် သူ့အဖေနဲ့အတူလိုက်သွားပါတယ်။

အိမ်အပြင်ကနေ ရေချိုးခန်းထဲမှာရေကျနေသံကြားရတယ်လို့ဆိုပါတယ်။ အိမ်တံခါးသော့ဖွင့်ပြီး ဝင်သွားချိန်မှာ အဖိုးအိုရဲ့သားက ရေချိုးခန်းထဲဝင်ဆွဲရာကနေ သူပါသေဆုံးသွားပါတယ်။

ဒီအမှုမှာလျှပ်စစ်အင်ဂျင်နီယာက ထွက်ဆိုရာမှာ သုံးပင်ပလပ်ပေါက်ကနေအပူလွန်ကဲပြီး ရှော့ဖြစ်တာလို့ဆိုပါတယ်။

ရေပူစက် water heater က 14•2 အမ်ပီယာသုံးတဲ့လျှပ်စစ်စီးအားရှိပါတယ်။ ပလပ်ခေါင်းက 13 အမ်ပီယာအထိပဲခံနိုင်တာပါ။

အဲ့ဒီအချိန်မှာ Neutral အနက်ကြိုးကပူလာပြီး Earth ကြိုးနဲ့ပူးသွားတယ်လို့ဆိုပါတယ်။

အဲ့ဒီကနေရေချိုးနေတဲ့အဖိုးအိုရဲ့လက်က ရေပန်းပိုက်ကနေအဖိုးအိုကိုလျှပ်စစ်ဖြတ်စီးသွားတာဖြစ်ပါတယ်။

ပြဿနာက အဲ့ဒီအဖိုးအိုနေတဲ့အိမ်က ဟိုးအရင်က HDB ဘုတ်ကဆောက်ထားတဲ့အိမ်ဖြစ်ပြီး RCCB ဘရိတ်ကာမရှိပါ။

အခုနောက်ပိုင်းမှာ RCCB = residual current circuit breaker ကမဖြစ်မနေတပ်ရပါတယ်။

ရေနွေးပူစက်မှာမတော်တဆ ဓာတ်လိုက်မှုဖြစ်ရင် RCCB ဆားကစ်ဘရိတ်ကာကဖြတ်ချပါတယ်။

အရေးကြီးတာက ရေနွေးပူစက်တွေကို ပလပ်ပေါက်ခံပြီးဆက်သွယ်ရင် ပလပ်ပေါက်တွေအပူလွန်ကဲတဲ့ပြဿနာရှိတာမို့မလုပ်သင့်ပါ။

ကျနော်မြန်မာပြည်ပြန်တုန်းက ဟော်တယ်တစ်ခုမှာ ရေနွေးပူစက်ကကြိုးနှစ်ချောင်းကို ဘာပလပ်မှမခံပဲ နံရံကပလပ်ပေါက်ထဲ ဒီအတိုင်းစိုက်ထားတာအထိမြင်ဖူးပါတယ်။

ဟော်တယ် ဧည့်ကြိုကောင်တာကို ဖုန်းဆက်ပြီး ပလပ်ပေါက်ကိုသေသေချာချာတပ်ခိုင်းခဲ့ရဖူးပါတယ်။

ဒါတောင်ပလပ်ပေါက်ဟာ အန္တရာယ်အလွန်များပါတယ်။ အခု အဖိုးအိုတို့သားအဖတွေ (၃) ယောက်သေဆုံးခဲ့ရတာဟာ ပလပ်ပေါက်မှာ အပူလွန်ကဲလို့ပါ။

ရေနွေးပူစက်ကိုတပ်ဆင်မယ်ဆိုရင် RCCB ဘရိတ်ကာရှိသင့်တာရယ်၊

ပလပ်ပေါက်မသုံးပဲ တိုက်ရိုက် double pole switch နဲ့သုံးဖို့ရယ်၊

ELCB = earth leakage circuit breaker ပါတဲ့ ရေအပူပေးစက်ကို တပ်ဖို့ရယ် သိထားသင့်ပါတယ်။

ရေနွေးပူစက်မှာ ELCB test လုပ်တဲ့ခလုတ်ပါသင့်ပါတယ်။ အဲ့ဒါမှ Test ကိုနှိပ်လိုက်ရင် လျှပ်စီးလမ်းကြောင်းကိုဖြတ်ချပြီး ELCB မီးမှိတ်သွားမှ စိတ်ချရတဲ့ရေပူပေးစက်ဖြစ်မှာပါ။

အကယ်လို့ကိုယ်တပ်ဆင်ထားတဲ့ ရေပူပေးစက်မှာ ELCB မပါရင် အိမ်မှာ RCCB ပါကိုပါသင့်ပါတယ်။

ရေပူပေးစက်ကနေ လူသေဆုံးမှုဖြစ်ရတဲ့အဖြစ်တွေ ကြားရတာများတာမို့ သတိပေးရေးသားလိုက်ရပါကြောင်း။


13-March-2022

Photos from Thiha Nay La's post 17/01/2022

ဖွင့်သမျှ Hotel တိုင်းကို Thiha Nay La Co.,Ltd ကိုဘဲ ယုံကြည်စွာအပ်နှံပေးတဲ့Hotel ပိုင်ရှင်အစ်ကို ဒီ့ထက်မကHotel တွေအများကြီးထပ်ဖွင့်နိုင်ပါစေ စီးပွားတွေလည်းဒီရေအလားတိုးပွားပါစေနော်
*ဒီပိတ်ရက်မှာစစ်ဆေးဖြစ်ခဲ့တဲ့ HOTEL HAVANA 😍
Fire နဲ့ပတ်သတ်တဲ့ service မှန်သမျှကို အကောင်းဆုံးဝန်ဆောင်မှု့ပေးနေတဲ့ Thiha Nay La Co.,Ltd ကို hello လိုက်နော်
09898000191,09898000192

Photos from Thiha Nay La's post 02/01/2022

ဒီနေ့ လုပ်ဖြစ်ခဲ့တဲ့ ၆ထပ် လူနေအိမ်အတွက် Fire Fighting installationပြီးသွားပါပြီ☺️☺️
ThihaNayLa Co.,Ltdမှ အားလုံးကိုကျေးဇူးတင်ပါတယ်😍😍😍

31/12/2021

2021နှစ်‌‌ဟောင်းကုန်လို့2022 နှစ်သစ်ကို ရောက်ပါတော့မယ်​နော်။နှစ်သစ်မှာ ပျော်ရွင်ခြင်း နဲ့ အတူ ကျန်းမာခြင်း၊စိတ်ချမ်းသာခြင်းတွေနဲ့ ပြည့်စုံပါစေ။Covid 19 ကပ်ရောဂါဘေးကလည်း ကင်းဝေးကြပါစေလို့ Thiha Nay la Co.,Ltdမိသားစုမှ ဆုမွန်ကောင်းတောင်းအပ်လိုက်ပါတယ်။🙏🙏🙏

25/12/2021

Merry Christmas ☃️🎄🧑‍🎄❄️

18/11/2021

🙏🙏🙏

Photos from Thiha Nay La's post 08/11/2021

တာမွေ siteလေး ပြီးသွားပါပြီ☺️☺️
ThihaNayLa Co.,Ltdမှ အားလုံးကိုကျေးဇူးတင်ပါတယ်😍😍😍

04/11/2021

🪔Happy Diwali🪔

Photos from Thiha Nay La's post 25/10/2021

🍁“မီးသတ်နှင့် ပတ်သတ်သော ဝန်ဆောင်မှုကို အကူအညီပေးပါရစေ ခင်ဗျာ”🍁

Thiha Nay La Co.,Ltd မှ Fire Fighting System နှင့် ပတ်သက်သော လုပ်ငန်းများအား One Stop Service ဖြင့် ဝန်ဆောင်မှုပေးပါသည်။
လူကြီးမင်းတို့၏ လူနေအိမ်၊ ရုံးခန်း၊ ဆေးရုံ၊ ကျောင်း၊ Hotel၊ Motel ၊ စက်ရုံစသည်ဖြင့် မည်သည့် အဆောက်အဦ ကို မဆို အဆောက်အဦစတင်ဆောက်လုပ်မည်ဆိုပါက မီးသတ်နှင့်ပတ်သတ်သည့်လိုအပ်ချက်များကို ကျွန်တော်များ Thiha Nay La Co.,Ltd မှ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကူညီဆောင်ရွက်ပေးပါသည်။

ရရှိနိုင်သော ဝန်ဆောင်မှုများ
👉Fire Fighting Design
☑️မီးသတ်အကြံပြုချက်
👉Fire Fighting Installation
☑️Fire Alarm System
☑️Fire Hose Reel System
☑️Fire Hydrant System
☑️Dry Riser System
☑️Wet Riser System
☑️Automatic Fire Sprinklers System
☑️Automatic Water Cannon System
☑️Gas Suppression System
☑️Foam System
☑️Fire Fighting Pump Set System
👉Fire Safety Certificate (FSC)

☘️Thiha Nay La Co.,Ltd☘️
☎️Phone: 09-898000191, 09-422600099
📧Email: [email protected]
🏢Head Office: No.61, Yangon-Insein Road , 9th Ward, Hlaing Township, Yangon , Myanmar
"Our Service is you Satification

19/10/2021

🙏🙏🙏သီတင်းကျွတ်ချိန်ခါသမယမှာ ကိုယ်စိတ်နှလုံးရွှင်ပြုံးနိုင်ကြပါစေလို့ Thiha Nay La Co.,Ltd မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 🙏🙏🙏

Photos from Thiha Nay La's post 05/01/2021

ဒီနေ့အတွက် ‌တောင်ဒဂုံမြို့နယ်က siteလေး ပြီးသွားပါပြီ☺️☺️
ယုံကြည်စွာဖြင့်အပ်နှံပေးပါသော လုပ်ငန်းရှင်များအား
ThihaNayLa Co.,Ltdမှ အထူးပင်ကျေးဇူးတင်ရှိပါတယ်😍😍😍

31/12/2020

# Happy New Year 2021 #
နှစ်သစ်ကစပြီး ပျော်ရွှင်ခြင်း၊ ကျန်းမာခြင်း၊ စိတ်ချမ်းသာခြင်းနှင့်ပြည့်စုံကြပါစေလို့ Thiha Nay La Co.,Ltd မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်❤️❤️🎉🎉🎉

Photos from Thiha Nay La's post 25/12/2020

ဒီနေ့အတွက် မရမ်းကုန်းမြို့နယ် သမိုင်းကုန်းsiteလေး ပြီးသွားပါပြီ☺️☺️
ThihaNayLa Co.,Ltdမှ အားလုံးကိုအထူးပင်ကျေးဇူးတင်ပါတယ်😍😍😍

24/12/2020

ပျော်ရွှင်ဖွယ်ရာ ခရစ်စမတ်အချိန်လေး ပိုင်ဆိုင်နိုင်ကြပါစေကြောင်း Thiha Nay La Co.,Ltdမိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်....❤️🎄⛄☃️

Photos from Thiha Nay La's post 22/12/2020

တောင်ဒဂုံ siteလေး ပြီးသွားပါပြီး☺️☺️
ThihaNayLa Co.,Ltdမှ အားလုံးကိုကျေးဇူးတင်ပါတယ်😍😍😍

Photos from Thiha Nay La's post 22/12/2020

ဒီနေ့အတွက် လှိုင်သာယာsiteလေး ပြီးသွားပါပြီး☺️☺️
ThihaNayLa Co.,Ltdမှ အားလုံးကိုကျေးဇူးတင်ပါတယ်😍😍😍

Photos from Thiha Nay La's post 12/12/2020

ဒီနေ့ အတွက် 👷👷

Photos from Thiha Nay La's post 10/12/2020

😍😍

04/12/2020

Fire Fighting Design & Installation Service

Want your business to be the top-listed Equipment Service in Hlaing?
Click here to claim your Sponsored Listing.

Videos (show all)

❤️ပျော်ရွှင်စရာ သီတင်းကျွတ်                         အခါသမယလေးဖြစ်ပါစေလို့ ❤️   🎆   Thiha Nay la Co.,Ltd မိသားစုမှ ဆုမွန်...

Telephone

Website

Address


No. (61), Yangon/Insein Road, (9)ward
Hlaing
11051

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30

Other Engineering Services in Hlaing (show all)
ATH Focus Engineering Service, Design & Construction Co.,Ltd ATH Focus Engineering Service, Design & Construction Co.,Ltd
Aung Maga Street
Hlaing

We can do the best house for you.

Sunrise Group Sunrise Group
No. 829A, Kyaung Kone Street 3, Than Lan
Hlaing

If you want to use solar system, you can call us! +959 423 158 808

Modern Engineering Group Modern Engineering Group
No. 30, 2 Qtr, Ba Htoo 5 Street, 3 Htate
Hlaing, 11401

M&E services

KMS Electric Co.,Ltd KMS Electric Co.,Ltd
No (54), 16 Ward, U Aye (4) Street, Hlaing Township, Yangon
Hlaing

Mega Force Design and Engineering Mega Force Design and Engineering
Ywar Ma Kyaung Street
Hlaing, 11051

Design and Engineering