WIEC - Win International Education Center

WIEC - Win International Education Center ကနေကြိုဆိုပါတယ်နော်?

19/07/2024

ကျောင်းတွင်းအားကစားပွဲတွေက ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကို ဘယ်လောက်တောင် တိုးတက်စေသလဲ သိပါသလား ? ⛹️‍♀️🏆

သင့်ကလေးက အားကစားကို ဝါသနာပါလို့ ထူးချွန်တာပဲဖြစ်ဖြစ်၊ ကျောင်းက အားကစားပွဲတွေလုပ်တာကြောင့် Team ထဲမှာ ပါဝင်လိုက်တာပဲဖြစ်ဖြစ် အခုလို ကောင်းကျိုးတွေအများကြီးကို ရရှိစေနိုင်ပါတယ်နော်။

🏆 ရုပ်ပိုင်းဆိုင်ရာကြီးထွားဖွံ့ဖြိုးစေခြင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကလေးတွေရဲ့ အလေးချိန်ကို ထိန်းပေးပြီး၊ နှလုံးသွေးကြောဆိုင်ရာရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့အပြင် ဆယ်ကျော်သက်တွေရဲ့ ခန္ဓာကိုယ်ကြီးထွားမှုကိုလည်း စနစ်တကျ ပုံမှန်ကြီးထွားလာဖို့ ကူညီပေးနိုင်ပါတယ်။

🏆 စိတ်ကျန်းမာစေခြင်း
~~~~~~~~~~~~~~~~~~~
အားကစားပွဲတွေမှာ ပါဝင်ခြင်းဟာ စိတ်ကျန်းမာရေးကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။ ကိုယ်လက်လှုပ်ရှားမှုဟာ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဓာတ်ကျခြင်းကို လျှော့ချပေးနိုင်တဲ့ ကူညီပေးသည့် endorphins တွေကို ထုတ်လွှတ်ပေးနိုင်ပါတယ်။ သူငယ်ချင်းတွေနဲ့အတူ အဖွဲ့တစ်ဖွဲ့မှာပါဝင်ရတာကြောင့် ကျောင်းသားတွေရဲ့ Academic Life ဖိအားတွေကိုလည်း သက်သာစေနိုင်ပါတယ်။

🏆 Academic Performance ကောင်းစေခြင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သုတေသနတွေရဲ့ အဆိုပြုချက်တွေရဲ့ အားကစားထူးချွန်တဲ့ကျောင်းသားတွေဟာ ပညာရေးမှာလည်း ထူးချွန်ကြလေ့ရှိပါတယ်တဲ့။

ဒီအချက်တွေအပြင်
▫️Social Skills ကောင်းစေခြင်း
▫️မိမိကိုယ်ကိုယုံကြည်မှုရှိစေခြင်း
▫️နာခံတတ်ခြင်းနှင့် တာဝန်ယူတတ်လာခြင်း
▫️အခက်အခဲများကို ဖြေရှင်းနိုင်လာခြင်း စတဲ့ အကျိုးကျေးဇူးတွေကိုလည်း ရရှိစေနိုင်ပါတယ်။

ဒါကြောင့် မိဘတွေအနေနဲ့ သားသမီးကို ထိခိုက်မှာစိုးလို့၊ စာကြည့်ချိန်နည်းမှာစိုးလို့ ကျောင်းတွင်း အားကစားပွဲတွေကို မပါဝင်ခိုင်းတာမျိုး မလုပ်သင့်ဘဲ၊ ဆရာ၊ ဆရာမ များအနေနဲ့ကလည်း ကလေးတွေကို ကာယချိန်မှာ မြတ်နှုတ်ခိုင်းတာမျိုးကို မလုပ်သင့်ကြောင်း WIEC မှ အကြံပေးမျှဝေပါရစေနော်။ 🙏

စာလေးကို သဘောကျနှစ်သက်ရင် Like & Share ပြုလုပ်ခဲ့ဖို့ မမေ့ပါနဲ့ဦး။

ကောင်းသောနေ့လေးဖြစ်ပါစေ။ 🤗

13/07/2024

လတ်တလောဖြစ်ပေါ်နေတဲ့ ကာလဝမ်းရောဂါရန်ကနေ ကိုယ့်ကလေးကို ဘယ်လိုကာကွယ်ကြမလဲ ? ‼️

ရန်ကုန်မြို့မှာ ဝမ်းပျက်၊ ဝမ်းလျှောရောဂါတွေလတ်တလောဖြစ်ပေါ်နေကြတယ်ဆိုတော့ အရွယ်မရောက်သေးတဲ့ ကျောင်းနေအရွယ်ကလေးငယ်တွေအတွက် စိတ်ပူစရာပါပဲ။ ဒါကြောင့် ကိုယ့်ကလေးငယ်တွေကို ဝမ်းပျက်၊ ဝမ်းလျှော ရောဂါမဖြစ်ရအောင် ဒီအချက်လေးတွေကို သတိထားပြီး ဂရုစိုက်ပေးဖို့ မမေ့ပါနဲ့ ဖေဖေ၊ မေမေတို့ရေ။

🔰 အစားအစာ
~~~~~~~~~~~~
အစားအစာတွေကို သေချာကျက်အောင်ချက်ပြုတ်ပါ။
ပင်လယ်စာနဲ့ အသားငါးတွေကို အပူသေချာရရှိပြီး ကျက်အောင် ချက်ပြုတ်ပြီးမှသာ စာသုံးပါ။ အသီးအရွက်တွေကိုလည်း စင်ကြယ်အောင် သေချာစွာဆေးကြောပါ။

အမှည့်လွန်အသီး၊ ယင်နားစာတွေကို ရှောင်ရှားပြီး အကင်၊ တုတ်ထိုး ကြိုက်တတ်တဲ့ ကလေးတွေအတွက်လည်း street food တွေကို လတ်တလောမှာ ခဏမကျွေးဘဲ ရပ်ထားသင့်ပါတယ်။ အသားစိမ်းပါဝင်တဲ့ ဆူရှီတွေကိုလည်း မကျွေးသင့်ပါဘူး။

🔰 အိမ်သာ၊ ရေချိုးခန်း
~~~~~~~~~~~~~~~~~
စျေးဝယ်စင်တာတွေ၊ အများသုံးနေရာတွေမှာရှိတဲ့ သန့်စင်ခန်းတွေကို အထူးဂရုစိုက်ပြီး တတ်နိုင်သလောက် အသုံးမပြုပါနဲ့။ မိမိတို့ရဲ့ အိမ်သာ၊ ရေချိုးခန်းတွေမှာလည်း သန့်ရှင်းရေးကို အထူးဂရုစိုက်သင့်ပါတယ်။

🔰 သောက်သုံးရေ
~~~~~~~~~~~~~~
ရေသန့် သို့မဟုတ် ရေကို ကျိုချက်ပြီးမှ သောက်သုံးပါ။

🔰 တစ်ကိုယ်ရည်သန့်ရှင်းရေး
~~~~~~~~~~~~~~~~~~~~~~~
အိမ်သာတက်ပြီးတိုင်း ကလေးကို လက်ဆေးခိုင်းပါ။ လက်သန့်ဆေးမကြာခဏ အသုံးပြုပေးပြီး အစာမစားခင်မှာလည်း လက်ကိုစင်ကြယ်အောင် ဆေးပေးပါ။

🔰 ရောဂါလက္ခဏာတွေကို သတိထားပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဝမ်းလျှောခြင်း၊ အော့အန်ခြင်းနဲ့ ရေဓာတ်ခန်းခြောက်ခြင်းလိုမျိုး ကာလဝမ်းရောဂါလက္ခဏာတွေကို သတိထားနေပါ။ တစ်စုံတစ်ခု လက္ခဏာပြပြီဆိုတာနဲ့ ဆေးရုံ၊ ဆေးခန်းမှာ ဆေးကုသမှုချက်ချင်းခံယူပါ။

✔️ ဒါ့အပြင် ကာလဝမ်းရောဂါနဲ့ပတ်သက်တဲ့ သတင်းတွေ၊ အကြံပေးချက်တွေ၊ ကြော်ငြာချက်တွေကို အမြဲလေ့လာပြီး ဆောင်ရန်၊ ရှောင်ရန်တွေကိုလည်း လေ့လာဖတ်ရှုထားဖို့ မမေ့ပါနဲ့ဦးနော်။

သားသား၊မီးမီးတို့ အားလုံးပဲ ဝမ်းပျက်၊ ဝမ်းလျှောရောဂါကို အောင်မြင်စွာ ကျော်လွှားပြီး ဘေးရန်ကင်းကြပါစေလို့ WIEC မှ ဆုမွန်ကောင်းတောင်းပေးလျက်ရှိပါတယ်နော်။ 🙏

ကလေးငယ်လေးတွေရဲ့ ကျန်းမာရေးအတွက် ဒီစာလေးကို Like & Share ပြုလုပ်ခဲ့နိုင်ပါတယ်။

ကောင်းသောနေ့လေးဖြစ်ပါစေ။ 🤗

15/06/2024

သားသား နဲ့ မီးမီး တို့ရဲ့ အနာဂတ်အတွက် 𝐈𝐆𝐂𝐒𝐄 𝐂𝐥𝐚𝐬𝐬 ကောင်းကောင်းတစ်ခုကို ဘယ်မှာ သင်ရပါ့မလဲ ? 🤗

𝐈𝐆𝐂𝐒𝐄 စာမေးပွဲအတွက် 𝐂𝐥𝐚𝐬𝐬 ကောင်းကောင်းတစ်ခုကိုရှာဖွေနေတဲ့ မိဘများနဲ့ ကျောင်းသား၊ ကျောင်းသူ၊ သားသားမီးမီးများအတွက် -

❝𝐖𝐈𝐄𝐂 - 𝐖𝐢𝐧 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫❞ မှ
မကြာခင်ဖွင့်လှစ်တော့မဲ့ 📖 𝐈𝐆𝐂𝐒𝐄 𝐖𝐞𝐞𝐤𝐞𝐧𝐝 𝐂𝐥𝐚𝐬𝐬 (𝐏𝐫𝐢𝐦𝐚𝐫𝐲 𝐋𝐞𝐯𝐞𝐥) တန်းခွဲအသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။

📖 𝐈𝐆𝐂𝐒𝐄 𝐖𝐞𝐞𝐤𝐞𝐧𝐝 𝐂𝐥𝐚𝐬𝐬 မှာဆိုရင် 𝐈𝐆𝐂𝐒𝐄 စာမေးပွဲအတွက် အဓိကလိုအပ်တဲ့ ဘာသာရပ်တွေဖြစ်တဲ့ 𝐄𝐧𝐠𝐥𝐢𝐬𝐡, 𝐌𝐚𝐭𝐡𝐞𝐦𝐚𝐭𝐢𝐜𝐬, 𝐒𝐜𝐢𝐞𝐧𝐜𝐞, 𝐂𝐨𝐦𝐩𝐮𝐭𝐢𝐧𝐠 စတဲ့ ဘာသာရပ် လေးခုကို စနစ်တကျ ထိရောက်စွာသင်ကြားပေးသွားမှာဖြစ်ပါတယ်။

📖 အတွေ့အကြုံရင့်ကျက်တဲ့ 𝐓𝐞𝐚𝐜𝐡𝐞𝐫 - 𝐃𝐚𝐰 𝐎𝐡𝐦𝐚𝐫 𝐖𝐢𝐧 မှ ကိုယ်တိုင်ဦးစီးပြီး 𝐎𝐧 𝐂𝐚𝐦𝐩𝐮𝐬 အနေနဲ့ စနစ်တကျ ထိရောက်စွာ သင်ကြားပေးသွားမှာပါနော်။

✅ ဒီလို ဆရာမကြီး‌ ကိုယ်တိုင် ထိရောက်တဲ့သင်ရိုးညွှန်းတမ်း၊ နားလည်ရလွယ်ကူတဲ့ စာသင်ကြားရေးပုံစံတွေနဲ့အတူ သင်ကြားပေးသွားမှာဖြစ်လို့ သင့်ကလေးအတွက် 𝐈𝐆𝐂𝐒𝐄 စာမေးပွဲမှာ ရလဒ်ကောင်းမွန်စွာအောင်မြင်ဖို့ စိတ်ချထားနိုင်ပါတယ်။

𝟐𝟎𝟐𝟒 ခုနှစ်၊ 𝐉𝐮𝐥𝐲 လ၊ 𝟔ရက်နေ့မှာ မိဘတွေနဲ့အတူ ဆရာမကြီးတွေ ကိုယ်တိုင် တွေ့ဆုံဆွေးနွေးပြီး နံနက်စာနဲ့ တည်ခင်းဧည့်ခံပေးသွားမဲ့ 𝐎𝐫𝐢𝐞𝐧𝐭𝐚𝐭𝐢𝐨𝐧 𝐄𝐯𝐞𝐧𝐭 လေးတစ်ခုလည်းရှိတာကြောင့် စိတ်ဝင်စားကြတဲ့ မိဘများနဲ့ ကျောင်းသား၊ ကျောင်းသူများအားလုံးကို 𝐖𝐈𝐄𝐂 မှ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်။ 🤗🤗

𝐈𝐆𝐂𝐒𝐄 𝐖𝐞𝐞𝐤𝐞𝐧𝐝 𝐂𝐥𝐚𝐬𝐬 ( 𝐏𝐫𝐢𝐦𝐚𝐫𝐲 𝐋𝐞𝐯𝐞𝐥 )
~~~~~~~~~~~~~~~~~~~~~~~~~
🗓️ 𝐒𝐭𝐚𝐫𝐭𝐢𝐧𝐠 𝐃𝐚𝐭𝐞 - 𝟔.𝟕.𝟐𝟎𝟐𝟒
🕐 𝐓𝐢𝐦𝐞 - 𝟗𝐀𝐌 𝐭𝐨 𝟏𝟐𝐀𝐌
🗓️ 𝐄𝐯𝐞𝐫𝐲 𝐒𝐚𝐭𝐮𝐫𝐝𝐚𝐲 & 𝐒𝐮𝐧𝐝𝐚𝐲
📖 𝐒𝐮𝐛𝐣𝐞𝐜𝐭𝐬 - 𝐄𝐧𝐠𝐥𝐢𝐬𝐡, 𝐌𝐚𝐭𝐡𝐞𝐦𝐚𝐭𝐢𝐜𝐬, 𝐒𝐜𝐢𝐞𝐧𝐜𝐞, 𝐂𝐨𝐦𝐩𝐮𝐭𝐢𝐧𝐠.
💵 𝐂𝐥𝐚𝐬𝐬 𝐅𝐞𝐞 - 𝟏𝟐𝟎𝟎𝟎𝟎𝐦𝐦𝐤 𝐩𝐫 𝐦𝐨𝐧𝐭𝐡.

✅ ဒါကြောင့် 𝐈𝐆𝐂𝐒𝐄 𝐖𝐞𝐞𝐤𝐞𝐧𝐝 𝐂𝐥𝐚𝐬𝐬 ရဲ့ 𝐎𝐫𝐢𝐞𝐧𝐭𝐚𝐭𝐢𝐨𝐧 𝐞𝐯𝐞𝐧𝐭 လေးကိုစိတ်ဝင်စားလို့ပဲဖြစ်ဖြစ်၊ 𝐖𝐈𝐄𝐂 မှ သင်ကြားပေးနေတဲ့ တခြားသော 𝐂𝐥𝐚𝐬𝐬 များစွာနဲ့ ပတ်သက်ပြီး သိချင်လို့ပဲဖြစ်ဖြစ် အောက်ပါ ဖုန်းနံပါတ်၊ လိပ်စာများမှတဆင့် ဆက်သွယ်ပြီး စုံစမ်း၊စာရင်းပေးသွင်းထားနိုင်ပါပြီရှင့်။
𝐏𝐡 𝐧𝐨 -
☎️𝟎𝟗𝟗𝟔𝟓𝟎𝟐𝟕𝟒𝟕𝟖
☎️𝟎𝟗𝟓𝟏𝟗𝟐𝟎𝟎𝟓
☎️𝟎𝟗𝟒𝟑𝟎𝟐𝟓𝟎𝟐𝟑
☎️ 𝟎𝟗𝟕𝟓𝟕𝟕𝟏𝟖𝟏𝟕
𝗪𝗜𝗘𝗖 - 𝗪𝗶𝗻 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 𝗖𝗲𝗻𝘁𝗲𝗿
********************************************
🏢 𝐍𝐨 𝟒𝟖 , (𝐦𝐢𝐧𝐢 𝐜𝐨𝐧𝐝𝐨), 𝐏𝐚𝐫𝐚𝐦𝐢 𝐑𝐨𝐚𝐝𝐀𝐭 𝐭𝐡𝐞 𝐮𝐩 𝐨𝐟 𝐂𝐁 𝐛𝐚𝐧𝐤𝟏𝟔 𝐪𝐮𝐚𝐫𝐭𝐞𝐫, 𝐇𝐥𝐚𝐢𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩𝐘𝐚𝐧𝐠𝐨𝐧, 𝐌𝐲𝐚𝐧𝐦𝐚𝐫.

𝗡𝗲𝘄 𝗖𝗮𝗺𝗽𝘂𝘀 𝗔𝗱𝗱𝗿𝗲𝘀𝘀 ~
***************************
🏢 𝐒𝐜𝐡𝐨𝐨𝐥 𝐀𝐝𝐝𝐫𝐞𝐬𝐬 : 𝟑𝟒/ ဗဟိုလမ်း, အာရှတော်ဝင်ဆေးရုံအနီး 𝐂𝐚𝐩𝐢𝐭𝐚𝐥 𝐒𝐮𝐩𝐞𝐫𝐦𝐚𝐫𝐤𝐞𝐭 ရှေ့တည့်တည့်။

04/01/2024

🇲🇲 “လွတ်လပ်ရေးနေ့ တို့မမေ့" 🇲🇲

၂၀၂၄ ခုနှစ်၊ဇန်နဝါရီလ(၄)ရက်နေ့တွင်
ကျရောက်သော (၇၆ ) နှစ်မြောက်
လွတ်လပ်ရေးနေ့ ကို
မြန်မာပြည်သူ၊ပြည်သားများအားလုံးနဲ့ အတူ
𝐖𝐈𝐄𝐂 - 𝐖𝐢𝐧 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫 မှ ကြိုဆို ဂုဏ်ပြုအပ်ပါသည် 🙋‍♀️

#လွတ်လပ်ရေးနေ့

31/12/2023

𝐇𝐀𝐏𝐏𝐘 𝐍𝐄𝐖 𝐘𝐄𝐀𝐑 🎉🎉🎉

𝟐𝟎𝟐𝟒 ခုနှစ် နှစ်သစ်မှစ၍ မြန်မာပြည်သူ၊ပြည်သားများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း နှင့် ပြည့်စုံကြပါစေလို့ 𝐖𝐈𝐄𝐂 - 𝐖𝐢𝐧 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫 မှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။🙏😊☺️

07/10/2023

ကလေးတွေကိုထိန်းဖို့ မအားဘူးဆိုတဲ့ ဖေဖေမေမေတွေ ❝အသိပေးစာ❞❗

- ကျွန်မတို့ ပတ်ဝန်းကျင်မှာ တစ်ချို့ကလေးတွေကို မိဘတွေက ဝန်ထမ်းတွေမို့ မွေးပြီးကတည်းက ကလေးထိန်းနဲ့ပဲ ပစ်ထားတာမျိုး တွေ အတွေ့များလာပါတယ်။

- ဒီလို 𝐍𝐞𝐠𝐥𝐞𝐜𝐭 လုပ်ခံရတဲ့ကလေးတွေဟာ 𝐄𝐦𝐨𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐚𝐦𝐚𝐠𝐞 တွေများလာပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေအများကြီး ဖြစ်လာနိုင်တယ်ဆိုတာကို ဒီနေ့ 𝐖𝐈𝐄𝐂 က အဓိက 𝐒𝐡𝐚𝐫𝐢𝐧𝐠 လုပ်ပေးသွားပါမယ်။

ဒါက မိဘတွေ တကယ်သိထားသင့်တဲ့ ဆွေးနွေးသင့်တဲ့ အကြောင်းအရာတစ်ခုပါ။

- ပထမဆုံးအ နေနဲ့ လစ်လျူရှုခံရတဲ့ ကလေးတစ်ယောက်ဟာ 𝐀𝐧𝐱𝐢𝐞𝐭𝐲 တွေကြောင့် 𝐒𝐭𝐫𝐞𝐬𝐬 𝐇𝐨𝐫𝐦𝐨𝐧𝐞𝐬 တွေ များလာပြီး ဦးနှောက်ဖွံ့ဖြိုးမှုကို အဆိပ်အတောက်ဖြစ်လာစေနိူင်ပါတယ်။

- အကျိုးဆက်တွေအနေနဲ့

✅ 𝐋𝐨𝐰𝐞𝐫 𝐈𝐐 𝐒𝐜𝐨𝐫𝐞𝐬 ကိုရရှိလာနိူင်‌စေပါတယ် ။

✅ ဘာသာစကားလက်ခံ တတ်ကျွမ်းနိုင်မှုကိုလည်း နှောင့်နှေးလာ စေနိူင်ပါတယ်။

✅𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐓𝐡𝐢𝐧𝐤𝐢𝐧𝐠 𝐒𝐤𝐢𝐥𝐥 လို့ခေါ်တဲ့ တီထွင်ဖန်တီးနိုင်မှု စွမ်းရည်ကိုလည်း လျော့ကျလာစေနိူင်ပါတယ်။

- ဒီ ၃ ချက်စလုံးက ဦးနှောက်ဖွံ့ဖြိုးမှုအများဆုံးဖြစ်တဲ့ ဘဝရဲ့အစောဆုံး နှစ်ကာလအပိုင်းအခြားတွေမှာ ကြုံတွေ့လိုက်ရတာ ဖြစ်ပါတယ်။
ထို့အပြင် 𝐍𝐞𝐠𝐥𝐞𝐜𝐭 လုပ်တာခံရတယ်၊ ဂရုစိုက်မခံရတာတွေ များလာရင် ကလေးတွေရဲ့ စိတ်တွေဟာ စိတ်ဓာတ်ကျလာပြီး လူတွေကို အယုံအကြည်မရှိတော့တာ၊ ဘယ်သူ့ကိုဖြစ်ဖြစ်အပြစ်မြင်နေတာတွေဖြစ်လာနိူင်ပါတယ်။

ချစ်ခြင်းမေတ္တာဆိုတာကို နားမလည်နိူင်‌တော့ပဲ
ကိုယ့်ခံစားချက်ကိုပဲ ရှေ့တန်းတင်ပြီး ဦးစားပေးတာ၊
ပေါင်းသင်းဆက်ဆံရေးကို အရေးမကြီးဘူးလို့ ထင်တာမျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်။

အားလုံးထက်အရေးကြီးတာကတော့ အထူးသဖြင့်မိဘတွေရဲ့ 𝐍𝐞𝐠𝐥𝐞𝐜𝐭 လုပ်ခံရမှုများလာတဲ့ ကလေးတွေက ချစ်ခြင်းမေတ္တာဆိုတာကို နားမလည်တော့သလို တစ်ဖြည်းဖြည်း နဲ့ 𝐀𝐠𝐠𝐫𝐞𝐬𝐬𝐢𝐯𝐞 ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့်မို့ လက်ဦးဆရာ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ မိနှင့်ဖဆိုသည့်အတိုင်း ပထမဆုံးနှစ်တွေမှာ အနည်းဆုံး ဂရုတစိုက်ပေးပြုစုပျိုးထောင်ပေးတဲ့ အချိန်ပေးနိုင်တဲ့ မိဘတစ် ယောက်တော့ လိုအပ်ပါတယ်။
အဲလိုမှမဟုတ်ရင် တစ်ကိုယ်ကောင်းဆန်တဲ့ လူကြီးလေးတွေအဖြစ် ကြီးပျင်းလာမှာ စိုးရိမ်ရပါတယ်။
ကလေးဘဝကတည်းက ပြုစုပျိုးထောင်ပေးမှုဟာ အင်မတန်မှအရေးကြီးတာမို့ 𝐒𝐨𝐜𝐢𝐚𝐥 𝐀𝐧𝐱𝐢𝐞𝐭𝐲 တွေမရလေအောင် မိမိတို့ရဲ့ကလေးလေးတွေကို အချိန်ပေးကြပါလို့ တိုက်တွန်းလိုက်ပါတယ်နော် ။

စာကိုအဆုံးထိဖတ်ပေးလို့လည်း 𝐖𝐈𝐄𝐂 မှ ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။‌ နောင်များမှာလည်း ယခုလို အကျိုးရှိတဲ့ စာတွေတင်ပေးမှာမို့ 𝐏𝐚𝐠𝐞 ကိုလည်း 𝐋𝐢𝐤𝐞 & 𝐅𝐨𝐥𝐥𝐨𝐰 လုပ်ပေးဖို့ မမေ့နဲ့နော်။

06/10/2023

🔔 ကိုယ့်ကလေးဆီမှာ 𝐒𝐤𝐢𝐛𝐢𝐝𝐢 ရှိမရှိ စစ်ပြီးပြီလား ❓

📌 ခုတလော𝐘𝐨𝐮𝐭𝐮𝐛𝐞 မှာ ခေတ်ထနေတဲ့ 𝐒𝐤𝐢𝐛𝐢𝐝𝐢 𝐓𝐞𝐥𝐞𝐯𝐢𝐬𝐢𝐨𝐧 𝐒𝐞𝐫𝐢𝐞𝐬 ကြောင့် ကလေးတွေရဲ့ စိတ်ကျန်းမာရေး ထိခိုက်လာတာသိပြီးကြပြီလား ❓ 📢

🥶 𝐒𝐤𝐢𝐛𝐢𝐝𝐢 ဆိုတဲ့ စီးရီးဟာ 𝐃𝐚𝐅𝐮𝐪! 𝐁𝐨𝐨𝐦! 𝐘𝐨𝐮𝐭𝐮𝐛𝐞 𝐜𝐡𝐚𝐧𝐧𝐞𝐥 ကနေ တင်ထားတဲ့ 𝐓𝐨𝐢𝐥𝐞𝐭𝐬 ထဲကနေ သရဲလိုလို၊ လူ ခေါင်းလိုလို ဝိဉာည်တွေနဲ့ 𝐂𝐚𝐦𝐞𝐫𝐚𝐬, 𝐋𝐨𝐮𝐝𝐬𝐩𝐞𝐚𝐤𝐞𝐫𝐬 , 𝐓𝐞𝐥𝐞𝐯𝐢𝐬𝐢𝐨𝐧 𝐒𝐞𝐭𝐬 တွေတပ်ထားတဲ့ လူတွေကြားက တိုက်ပွဲတွေကို 𝐕𝐢𝐝𝐞𝐨 𝐆𝐚𝐦𝐞𝐬 ပုံစံတွေ ဖန်တီးထားတဲ့ 𝐘𝐨𝐮𝐭𝐮𝐛𝐞 𝐒𝐞𝐫𝐢𝐞𝐬 တွေ ဖြစ်ပါတယ်။

😯 ပြဿနာက ဒီ စီးရီးတွေကို 𝐊𝐢𝐝𝐬 𝐘𝐨𝐮𝐭𝐮𝐛𝐞 မှာ ပါ ကြည့်လို့ရနေတော့ ကလေးတွေ မကြည့်ရမနေနိုင်အောင် စွဲလမ်းတာမျိုးတွေ ဖြစ်လာစေတယ်လို့ သတင်းတွေ တွေ့ရပါတယ်။ သူက 𝐅𝐮𝐧𝐧𝐲 တစ်ဝက်၊ 𝐒𝐜𝐚𝐫𝐲 တစ်ဝက်ဆိုတော့ အရမ်း ချဲ့ကားထားတဲ့ 𝐕𝐢𝐝𝐞𝐨 𝐆𝐚𝐦𝐞𝐬 𝐄𝐧𝐭𝐞𝐫𝐭𝐚𝐢𝐧𝐦𝐞𝐧𝐭 မျိုးဖြစ်တဲ့အတွက် စွဲလမ်းလာတာပါ။

💥 ဒီရဲ့နောက်ဆက်တွဲက ကလေးတွေရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်လာတာပါပဲ။ ဘယ်လိုထိခိုက်သလဲဆိုတော့ ညဘက် တစ်ယောက်တည်း ရေအိမ် မဝင်ရဲတာ၊ ရေချိုးခန်းထဲ မဝင်ရဲ‌တော့တာ၊ အမှောင်ကြောက်သွားတာ၊ 𝐒𝐤𝐢𝐛𝐢𝐝𝐢 သီချင်း တစ်ချိန်လုံးလိုက်ဆိုပြီး ကျန်းမာရေးထိခိုက်လာတာ၊ ခုနောက်ပိုင်း 𝐒𝐤𝐢𝐛𝐢𝐝𝐢 𝐒𝐲𝐧𝐝𝐫𝐨𝐦𝐞 လို့ခေါ်တဲ့ 𝐒𝐤𝐢𝐛𝐢𝐝𝐢 ရောဂါတစ်မျိုး ရလာတာတောင် တွေ့ရပါတယ်။

ဒီ 𝐕𝐢𝐝𝐞𝐨𝐬 တွေက ကလေးတွေရဲ့ 𝐌𝐞𝐧𝐭𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 အပေါ် 𝐍𝐞𝐠𝐚𝐭𝐢𝐯𝐞 𝐄𝐟𝐟𝐞𝐜𝐭 တွေရလာနိုင်ပြီး ဦးနှောက်နဲ့ အာရုံကြောထိခိုက်စေတဲ့အပြင် ကြောက်စိတ်ဝင်တဲ့ 𝐓𝐫𝐮𝐦𝐚 ပါ ရသွားနိုင်လို့ အသက် ၁၂ အောက် ကလေးများကို လုံးဝပေးမကြည့်သင့်ပါဘူး။

🚫 𝐑𝐞𝐬𝐞𝐚𝐫𝐜𝐡 တွေ ပြောထားတာက 𝐕𝐢𝐝𝐞𝐨 𝐆𝐚𝐦𝐞𝐬 တွေ၊ ဒါမျိုး 𝐒𝐞𝐫𝐢𝐞𝐬 တွေက ကလေးတွေရဲ့ 𝐂𝐨𝐠𝐧𝐢𝐭𝐢𝐯𝐞 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 လို့ခေါ်တဲ့ သိမြင်နိုင်တဲ့ စွမ်းရည်ကို လျော့ကျစေတဲ့အပြင် အိပ်ရေးပျက်ခံပြီး ကြည့်နေမယ်ဆိုရင် ဦးနှောက်ရဲ့ 𝐅𝐮𝐧𝐜𝐭𝐢𝐨𝐧 တွေအားနည်းလာတာ၊ 𝐀𝐠𝐠𝐫𝐞𝐬𝐬𝐢𝐯𝐞 ပိုဖြစ်လာတာ၊ နောက်ပိုင်း 𝐃𝐞𝐩𝐫𝐞𝐬𝐬𝐢𝐨𝐧 ဝင်တာမျိုးတွေထိပါ ဖြစ်လာနိုင်တယ်လို့ ပြောထားပါတယ် 🚫

🔔တစ်ချို့ ကျွမ်းကျင်ပညာရှင်တော်တော်တွေ ဒီ𝐒𝐤𝐢𝐛𝐢𝐝𝐢 နဲ့ 𝐌𝐞𝐧𝐭𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 ဆက်စပ်မှုကို ထောက်ပြထားပေမယ့် 𝐊𝐢𝐝𝐬 𝐘𝐨𝐮𝐭𝐮𝐛𝐞 ကနေ ခုချိန်ထိ ဖယ်ချထားခြင်းမျိုး မရှိသေးတဲ့အတွက် မေမေတို့ ကလေးတွေရဲ့ 𝐖𝐚𝐭𝐜𝐡 𝐇𝐢𝐬𝐭𝐨𝐫𝐲 ကို စစ်ကြည့်ဖို့ 𝐖𝐈𝐄𝐂 ကနေ သတိလေးထားကြည့်စေချင်လို့ အကြောင်းကြားပေးလိုက်ပါတယ်နော်။

23/09/2023

ဘာလို့ 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐬𝐜𝐡𝐨𝐨𝐥 မှာ ထားသင့်လဲ❓

📌 မင်္ဂလာပါ ဒီနေ့မှာတော့𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐬𝐜𝐡𝐨𝐨𝐥 တွေကို ဘာလို့ရွေးချယ်သင့်လဲ ဘယ်လိုအားသာချက်တွေရှိလဲ၊ ဘာတွေ ကူညီပေးနိုင်လဲဆိုတာကို 𝐬𝐡𝐚𝐫𝐢𝐧𝐠 လုပ်ပေးသွားပါမယ် 📢

▪ 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐬𝐜𝐡𝐨𝐨𝐥 တွေဟာ 𝐪𝐮𝐚𝐥𝐢𝐭𝐲 𝐞𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 ကိုပေးပါတယ်။ 𝐈𝐧𝐧𝐨𝐯𝐚𝐭𝐢𝐯𝐞 𝐜𝐮𝐫𝐫𝐢𝐜𝐮𝐥𝐮𝐦 တွေနဲ့သင်တာဖြစ်တဲ့အပြင် တစ်ခြား 𝐞𝐱𝐭𝐫𝐚-𝐜𝐮𝐫𝐫𝐢𝐜𝐮𝐥𝐚𝐫 𝐚𝐜𝐭𝐢𝐯𝐢𝐭𝐢𝐞𝐬 တွေပါ ကလေးရဲ့ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုကို အလေးထားတဲ့ 𝐬𝐲𝐬𝐭𝐞𝐦 နဲ့ဖြစ်တာကြောင့် ပေးရတဲ့ 𝐟𝐞𝐞𝐬 နဲ့ ပြန်ရတဲ့ 𝐪𝐮𝐚𝐥𝐢𝐭𝐲 နဲ့ဟာ တကယ်ကိုတန်ပါတယ် 💯

▪ နောက်တစ်ခုက 𝐢𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐬𝐜𝐡𝐨𝐨𝐥 မှာသင်တဲ့𝐖𝐈𝐄𝐂 ကလို 𝐏𝐫𝐞 𝐈𝐆𝐂𝐒𝐄 အတန်းတွေက သင်ရိုးညွှန်းတမ်းတွေက 𝐖𝐨𝐫𝐥𝐝-𝐫𝐞𝐜𝐨𝐠𝐧𝐢𝐳𝐞𝐝 ဖြစ်တာကြောင့် အတန်းတွေပြီးမြောက်တဲ့အခါ ကမ္ဘာ့အဆင့်မှီတက္ကသိုလ်တွေကို ဝင်ခွင့်ရနိုင်ဖို့ အရည်အချင်း ပြည့်မှီပါတယ်။

▪𝐖𝐡𝐚𝐭'𝐬 𝐦𝐨𝐫𝐞, 𝐬𝐞𝐜𝐮𝐫𝐞 ဖြစ်တဲ့ 𝐥𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐞𝐧𝐯𝐢𝐫𝐨𝐧𝐦𝐞𝐧𝐭 တစ်ခုကိုပေးပါတယ်။ ကလေးတစ်ယောက်ချင်းစီကို ဂရုတစိုက်အနီးကပ် ကြည့်ပေးတဲ့အတွက် ကလေးတွေရဲ့ အားသာချက်အားနည်းချက်တွေကို သေချာသိရပါတယ်💯

▪ 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐬𝐜𝐡𝐨𝐨𝐥𝐬 တွေဟာ 𝐜𝐨𝐦𝐦𝐮𝐧𝐚𝐥 𝐥𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐬𝐭𝐲𝐥𝐞 ကိုဖော်ဆောင်ပေးထားတာ ဖြစ်ပါတယ်။ တစ်ယောက်တည်း 𝐬𝐭𝐮𝐝𝐲 လုပ်တာထက် 𝐭𝐞𝐚𝐦 𝐰𝐨𝐫𝐤 လိုအများနဲ့စုဖွဲ့ လေ့လာရတဲ့အခါ မတူညီတဲ့ 𝐢𝐝𝐞𝐚𝐬 တွေ ရလာပြီး ညှိနှိုင်းဆောင်ရွက်တတ်တဲ့ 𝐬𝐤𝐢𝐥𝐥𝐬 တွေပါ တစ်ခါတည်းရသွားစေပါတယ် 💯

▪ နောက်ဆုံးတစ်ခုက 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐬𝐜𝐡𝐨𝐨𝐥𝐬 တွေမှာ 𝐟𝐚𝐜𝐢𝐥𝐢𝐭𝐢𝐞𝐬 အပြည့်အဝရှိတဲ့အပြင် သင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေကလည်း သေချာဂရုစိုက် စိတ်ရှည်ရှည်နဲ့ 𝐠𝐮𝐢𝐝𝐚𝐧𝐜𝐞 ပေးတော့ ကလေးက လူကြောက်တာမျိုးမရှိဘဲ 𝐩𝐮𝐛𝐥𝐢𝐜 𝐬𝐩𝐞𝐚𝐤𝐢𝐧𝐠 ကောင်းတာမျိုး၊ ဘာသာရပ်တစ်ခုကို ကောင်းကောင်း 𝐬𝐮𝐩𝐩𝐨𝐫𝐭𝐢𝐯𝐞 ရတော့ သေချာနားလည်ပြီး တတ် မြောက်သွားတာမျိုး၊ အရည်အချင်း ပိုပြည့်ဝတာမျိုးတွေ ဖြစ်လာပါတယ်။

🔔 မိမိကလေးအတွက် 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐬𝐜𝐡𝐨𝐨𝐥 ကောင်းကောင်းတစ်ခု စုံစမ်းနေရင် 𝐖𝐈𝐄𝐂 မှာ စိတ်ချယုံကြည်စွာ အပ်နိုင်ပါတယ်။

🔶𝐎𝐧𝐥𝐢𝐧𝐞 ရော 𝐎𝐟𝐟𝐥𝐢𝐧𝐞 နှစ်မျိုးစလုံး သင်ကြားပေးတဲ့အပြင် တကယ့်စိတ်ရှည်သည်းခံတဲ့ ဆရာ၊ဆရာမတွေက နွေးထွေးစွာ ကြိုဆိုနေပါတယ်ရှင့်။ မိမိ သားသမီးကို တက်စေချင်တဲ့ အတန်းများရှိရင် 𝐖𝐈𝐄𝐂 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 ထဲ ဝင်ကြည့်လို့ရပါတယ်။

20/09/2023

🙆ကလေးတွေကို စာ လေ့လာချင်အောင် ဘယ်လိုဆွဲဆောင်မလဲ ❓

❗တစ်ချို့မိဘတွေက ကိုယ့်ရဲ့ကလေးကို အရမ်းအောင်မြင် ဖြစ်ထွန်းစေချင်တော့ မလိုအပ်ဘဲ စိုးရိမ်ကြီးလွန်းပြီး မျှော်လင့်ချက်အရမ်းထားတာမျိုးတွေ တွေ့ရပါတယ်။ (ဥပမာ- စာ မလုပ်လို့ အရမ်းရိုက်တာတွေ)

🏆 ဒီနေ့မှာတော့ 𝐖𝐈𝐄𝐂 က‌နေ ကလေးတွေကို စာလုပ်ချင်လာအောင် ဘယ်လိုဆွဲဆောင်ရမလဲဆိုတဲ့ သိပ္ပံနည်းကျ အခြေခံ အချက် (၅) ချက်ကို 𝐬𝐡𝐚𝐫𝐢𝐧𝐠 လုပ်သွားပေးပါမယ်။

1️⃣ 𝙎𝙞𝙩 𝙬𝙞𝙩𝙝 𝙮𝙤𝙪𝙧 𝙘𝙝𝙞𝙡𝙙

ကလေးတွေ စာလုပ်တဲ့အခါ ဘေးကနေ အတူထိုင်ပေးပါ။ အမြဲတန်းထိုင်ဖို့ပြောတာမဟုတ်ပါဘူး။ အခါအားလျော်စွာထိုင်ပေးပြီး အဖော်လုပ်ပေးတာမျိုး လုပ်သင့်ပါတယ်။ ဒီနေရာမှာ ဖုန်းထိုင်ကြည့်ရင်း၊ 𝐭𝐢𝐤𝐭𝐨𝐤 ကြည့်ရင်း၊ 𝐋𝐚𝐩𝐭𝐨𝐩 နဲ့အလုပ်လုပ်ရင်း ထိုင်ခိုင်းတာမဟုတ်ဘဲ 𝐚𝐭𝐭𝐞𝐧𝐭𝐢𝐨𝐧 အပြည့်အဝပေးတာမျိုး၊ ချီးကျူးစကားပြောပေးတာမျိုးတွေ လုပ်ပေးရင် ချီးကျူးခံရတဲ့အတွက် ကလေးတွေက နောက်ပိုင်း စာလေ့လာချင်စိတ် ဖြစ်လာပါလိမ့်မယ်။

2️⃣𝙇𝙖𝙮 𝙨𝙩𝙧𝙚𝙨𝙨 𝙤𝙣 𝙡𝙚𝙖𝙧𝙣𝙞𝙣𝙜, 𝙣𝙤𝙩 𝙜𝙧𝙖𝙙𝙚𝙨

ကလေးတွေက အဆင့်တွေပေါ်မှာ အရမ်းအာရုံထားနေရပြီဆိုရင် ကိုယ့်ရဲ့တွန်းအားပေးမှုကြောင့် ဖြစ်နိုင်ပါတယ်။ Learning လုပ်တဲ့အခါ အမှန်တကယ်လိုအပ်တာက အဆင့်တွေမဟုတ်ဘဲ တကယ်တတ်မြောက်မှုဖြစ်ပါတယ်။ တစ်နေ့တာ သူ့ရဲ့အတန်းချိန်အတွင်း ဘာတွေသင်ယူခဲ့လဲ ဘယ်လောက်များ တတ်မြောက်မှုရှိသလဲဆိုတာ ဆန်းစစ်ဖို့ မေးခွန်းလေးတွေ မေးတာမျိုးလုပ်ပေးပါ။ အတန်းထဲမှာ stand first ရ ရ မယ်ဆိုတာမျိုးတွေ မကန့်သတ်ပါနဲ့။

3️⃣ 𝙈𝙖𝙠𝙚 𝙖 𝙨𝙩𝙪𝙙𝙮 𝙨𝙘𝙝𝙚𝙙𝙪𝙡𝙚

ဘယ်အရာကိုပဲ သင်ယူယူ စနစ်တကျရှိတာက ကောင်းကောင်းကြီးပြင်းလာစေဖို့ အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။ ကလေးကို သက်တောင့်သက်သာရှိတဲ့ 𝐬𝐭𝐮𝐝𝐲 𝐫𝐨𝐮𝐭𝐢𝐧𝐞 တစ်ခုဖန်တီးပေးပါ။ စာ ပြီး ရင် စာ ဆိုတာမျိုးမဟုတ်ဘဲ ဘယ်အချိန်မှာ စာလေ့လာရမလဲ၊ ဘယ်ချိန်မှာ အိပ်ရာဝင်မလဲ၊ ဘယ်အချိန်မှာ 𝐦𝐨𝐛𝐢𝐥𝐞 𝐩𝐡𝐨𝐧𝐞 သုံးခွင့်ပေးမလဲ ဆိုတာမျိုးလေးတွေ သတ်မှတ်ပေးထားရင် 𝐫𝐞𝐠𝐮𝐥𝐚𝐫 𝐫𝐨𝐮𝐭𝐢𝐧𝐞 တစ်ခုဖြစ်လာပြီး စည်းကမ်းရှိရှိ ကြီးပြင်းလာမယ့်အပြင် ပုံမှန်စာလေ့လာတာမျိုး ဖြစ်လာပါလိမ့်မယ်။

4️⃣ 𝘾𝙧𝙚𝙖𝙩𝙚 𝙖𝙣 𝙚𝙣𝙫𝙞𝙧𝙤𝙣𝙢𝙚𝙣𝙩 𝙛𝙤𝙧 𝙨𝙩𝙪𝙙𝙮𝙞𝙣𝙜
ကလေးတွေ စာလေ့လာနေတဲ့အချိန်𝐝𝐢𝐬𝐭𝐫𝐚𝐜𝐭𝐢𝐨𝐧𝐬 တွေမရှိဖို့ လိုအပ်ပါတယ်။ 𝐬𝐭𝐮𝐝𝐲 လုပ်ဖို့ 𝐞𝐧𝐯𝐢𝐫𝐨𝐧𝐦𝐞𝐧𝐭 လေးတစ်ခု ဖန်တီးပေးပါ။ ဒါက ကလေးတွေတင်မကဘူး လူကြီးတွေအတွက်ပါ လိုအပ်ပါတယ်။ ဘေးကနေ မိဘက ဖုန်းကြည့်နေတာ၊ စကားတွေပြောနေတာဆိုရင် ကလေးက လွယ်လွယ်နဲ့ အာရုံစူးစိုက်မှု ပျက်သွားပြီး ဆက်လေ့လာချင်တော့မှာ မဟုတ်ပါဘူး။

5️⃣ 𝙁𝙤𝙡𝙡𝙤𝙬 𝙮𝙤𝙪𝙧 𝙠𝙞𝙙𝙨' 𝙥𝙖𝙨𝙨𝙞𝙤𝙣

ကိုယ့်ရဲ့ကလေးက ဘယ်နေရာမှာ စိတ်ဝင်စားပြီး၊ ဘယ်မှာ အားသာချက်ရှိလဲဆိုတာမျိုးလေး သိအောင်လုပ်ပါ။ ကိုယ်အတင်းအကျပ် လုပ်ခိုင်းနေတာနဲ့ ကလေးရဲ့ စိတ်ဝင်စားမှုက တစ်ခြားစီဖြစ်နေမယ်ဆိုရင် ရေရှည်အောင်မြင်ဖို့ မဖြစ်နိုင်ပါဘူး။ ကိုယ့်ကလေးက ဘယ်လို𝐥𝐞𝐚𝐫𝐧𝐞𝐫 လဲ၊ ဘယ် 𝐬𝐭𝐲𝐥𝐞 နဲ့သင်ရင် ပိုထိရောက်လဲ၊ 𝐚𝐮𝐝𝐢𝐭𝐨𝐫𝐲 လား 𝐯𝐢𝐬𝐮𝐚𝐥 လား ဒါမျိုးလေးတွေကို သိထားရင် ပိုကောင်းပါတယ်။ မသိဘူးဆိုရင်လည်း ကျွမ်းကျင်သူတွေဆီကနေ အကူအညီယူပြီး သူ့ရဲ့ 𝐩𝐚𝐬𝐬𝐢𝐨𝐧ကို 𝐬𝐮𝐩𝐩𝐨𝐫𝐭 ပေးနိုင်မယ်ဆိုရင် ပိုတော်ပြီး ပိုအောင်မြင်တဲ့ကလေးတွေ ဖြစ်လာမှာပါ။

🤗 ဒီလောက်ဆိုရင်တော့ အခြေခံကျတဲ့ 𝐬𝐜𝐢𝐞𝐧𝐭𝐢𝐟𝐢𝐜 𝐭𝐞𝐜𝐡𝐧𝐢𝐪𝐮𝐞𝐬လေးတွေသိသွားပြီး ကလေးတွေကို ကောင်းကောင်း 𝐭𝐚𝐤𝐞 𝐜𝐚𝐫𝐞 လုပ်နိုင်မယ်ထင်ပါတယ် 🏆

13/09/2023

✫☼☾☁ ကလေးငယ်တွေကို ဘယ်လိုမျိုး စနစ်တကျပြုစု ပျိုးထောင်ကြမလဲ ☁☾☼✫❓

🇯🇵 စည်းကမ်းရှိပြီး ရင့်ကျက်တဲ့အပြုအမှုတွေနဲ့ ဂျပန်နိုင်ငံက ကလေးတွေရဲ့ 𝐃𝐚𝐢𝐥𝐲 𝐥𝐢𝐟𝐞 အကြောင်းကို 𝐬𝐨𝐜𝐢𝐚𝐥 𝐦𝐞𝐝𝐢𝐚အသုံးပြုတဲ့ မိဘတိုင်း မြင်ဖူးကြမှာပါ

- ဒီ နေ့မှာတော့ ဒါမျိုးဖြစ်အောင် ကလေးတွေကိုဘယ်လို ပြုစုပျိုးထောင်ကြမလဲဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ဆွေးနွေးပြီး 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐩𝐚𝐫𝐞𝐧𝐭𝐢𝐧𝐠 𝐬𝐭𝐲𝐥𝐞 & 𝐭𝐢𝐩𝐬 𝐚𝐧𝐝 𝐭𝐫𝐢𝐜𝐤𝐬 တွေကို 𝐖𝐈𝐄𝐂 ကနေ မျှဝေပေးသွားပါမယ် 👩🏻‍👧🏻‍👦🏻

- ဂျပန်နိုင်ငံရဲ့ 𝐩𝐚𝐫𝐞𝐧𝐭𝐢𝐧𝐠 𝐬𝐭𝐲𝐥𝐞ဟာ𝐏𝐫𝐨𝐱𝐢𝐦𝐚𝐥 𝐏𝐚𝐫𝐞𝐧𝐭𝐢𝐧𝐠 𝐬𝐭𝐲𝐥𝐞(မိခင်နှင့်အနီးကပ် စောင့်ရှောက်ခြင်း) ဖြစ်ပေမဲ့ အောက်ကပေးထားတဲ့ 𝐭𝐢𝐩𝐬တွေကိုလည်း 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐩𝐚𝐫𝐞𝐧𝐭𝐬 တွေ ကျင့်သုံးကြပါတယ်

1️⃣ ကိုယ့်အားကိုယ်ကိုးတတ်စေခြင်း

❝𝐋𝐞𝐚𝐫𝐧 𝐟𝐫𝐨𝐦 𝐭𝐡𝐞 𝐦𝐢𝐬𝐭𝐚𝐤𝐞𝐬❞ ကလေးတစ်ယောက်အမှားလုပ်မိရင် ပထမဦးဆုံး မှားခွင့်ပေးလိုက်ပါ၊ ပြီးရင် ဒီအမှားကနေ ကိုယ်တိုင် သင်ယူလို့ရအောင် လေ့ကျင့်ပေးကြပါတယ်။ ဒီလိုလုပ်ပေးခြင်းက ကလေးကို ကိုယ်တိုင်နားလည်ပြီး အဖြေရှာလို့ရအောင် ကူညီပေးလိုက်တာ ဖြစ်တဲ့အတွက် ကိုယ့်အားကိုယ်ကိုးတတ်သွားပါပြီ။

ဒါ ကြောင့်မို့လို့ အသက် ၆ နှစ်လောက်ရောက်ပြီဆိုတာနဲ့ 𝙅𝙖𝙥𝙖𝙣𝙚𝙨𝙚 𝙠𝙞𝙙𝙨 တွေက မှီခိုမှုကင်းပြီး ကိစ္စတော်တော်များကို ကိုယ်တိုင်ဖြေရှင်းနိုင်တဲ့အပြင် 𝐠𝐮𝐫𝐝𝐢𝐚𝐧 မပါဘဲ ကျောင်းသွားကျောင်းပြန် လုပ်နိုင်နေကြပါပြီ 🎉

2️⃣ တာဝန်ယူတတ်အောင် လေ့ကျင့်ပေးခြင်း

အတန်းချိန်ပြီးရင် စာသင်ခန်းထဲ သန့်ရှင်းရေးပြန်လုပ်နေတဲ့ ကလေးတွေ၊ လမ်းဖြတ်ကူးရင် ကိုယ့်ဘာသာအလံကိုင်ကူးပြီးရင် 𝐃𝐫𝐢𝐯𝐞𝐫𝐬 တွေကို အရိုအသေပြန်ပေးခဲ့တဲ့ကလေးတွေကို မြင်ကြမှာပါ။ ဒါတွေက ကလေးကို ကိုယ့်လုပ်ရပ်အတွက် တာဝန်ယူတတ်စေခြင်းပဲ ဖြစ်ပါတယ်။ ဒါမျိုး သင်ပေးလိုက်ခြင်းအားဖြင့် 𝐚𝐝𝐮𝐥𝐭 𝐥𝐢𝐟𝐞 အထိ စည်းကမ်းရှိပြီး တာဝန်သိတဲ့လူမျိုး ဖြစ်လာစေပါတယ်။

တလောက 𝐅𝐈𝐅𝐀 𝐖𝐨𝐫𝐥𝐝 𝐂𝐮𝐩 မှာ ဂျပန်လူမျိုးတွေ နောက်ဆုံး ကွင်းထဲကအမှိုက်တွေကို ဘယ်သူမှမခိုင်းဘဲ သိမ်းကြတော့ သတင်း 𝐦𝐞𝐝𝐢𝐚 တွေကနေ ဖော်ပြခြင်းခံရတယ်။ ဒါ ကလေးဘဝကတည်းက တာဝန်ယူတတ်အောင် သင်ကြားပေးခံလိုက်ရတဲ့အတွက် စည်းကမ်းရှိပြီး တာဝန်ယူတတ် တာဝန်ခံတတ်တဲ့ လူမျိုးတွေအဖြစ် ကြီးပျင်းလာကြတာ။

3️⃣ ချီးကျူးစကားပြောခြင်း

ဒါလည်းအရေးကြီးတဲ့ ကဏ္ဍမှာ ပါပါတယ်။ ကလေးတွေရဲ့ စိတ်ဟာနူးညံ့ပြီး ပုံသွင်းရလွယ်ပါတယ်။ ဒီလိုအချိန်မှာ သူတို့လေးတွေ 𝐚𝐜𝐡𝐢𝐞𝐯𝐞𝐦𝐞𝐧𝐭 တစ်ခုရရင် ချီးကျူးစကား ပြောပေးကြရပါမယ်။ ဒီလို ချီးကျူးပေးတာဟာ မိမိကိုယ်ကိုယ်ယုံကြည်မှု (𝐬𝐞𝐥𝐟-𝐜𝐨𝐧𝐟𝐢𝐝𝐞𝐧𝐜𝐞) ရလာပြီး ဘာပဲလုပ်လုပ် ရဲရဲဝံ့ဝံ့နဲ့ လုပ်နိုင်သွားတာကို တွေ့ရပါလိမ့်မယ်

4️⃣ အလွယ်တကူ ကူညီပေးတာမျိုးလုံးဝ မလုပ်ပါနဲ့

လမ်းလျှောက်ခါစ ကလေးတစ်ယောက်ကို မတ်တပ် စ ရပ်ပြီဆိုတာနဲ့ တစ်ချို့မေမေတွေ ပစ်လဲသွားရင် ချက်ချင်းသွားပြန်ထူတာ၊ ဘေးကနေ အမြဲကိုင်နေပေးတာတွေ လုပ်ရင် ကလေးက မြန်မြန်လမ်းမလျှောက်တတ်ဘဲ နှေးနေတာတွေ့ဖူးကြပါလိမ့်မယ်။ ပစ်လဲရင်လည်း ခဏလွှတ်ထားပေးတာမျိုးတွေ လုပ်ရတယ်။ ဘာကိစ္စပဲရှိရှိ ခဏမသိချင်ယောင်ဆောင်ပြီး သူတို့ဘယ်လိုဖြေရှင်းမလဲဆိုတာမျိုး စောင့်ကြည့်တာမျိုးလုပ်ပါ။
❝You have to be responsible for what you are doing❞ ဆိုတာမျိုးဖြစ်အောင် သင်ကြားပေးရပါမယ်။ ဒီအချိန်မှာသာ သူ့ဘာသာဖြေရှင်းနိုင်ရင် နောက်ပိုင်း ကိုယ့်အားကိုယ်ကိုးနိုင်ပြီး 𝐢𝐧𝐝𝐞𝐩𝐞𝐧𝐝𝐞𝐧𝐭 ဖြစ်တဲ့ ခံစားချက်မျိုးနဲ့ confidence တွေ တ ဖြည်းဖြည်း ရလာပါလိမ့်မယ်။ တစ်နည်းအားဖြင့် ကိုယ်တိုင်ဖြေရှင်းတော့ အရည်အချင်း ပိုရှိတာမျိုးပေါ့။

- ကလေးတစ်ယောက်ကောင်းကောင်း 𝐰𝐞𝐥𝐥 𝐠𝐫𝐨𝐰𝐧-𝐮𝐩 ဖြစ်ဖို့က သူကြီးထွားရာ ပတ်ဝန်းကျင်၊ ထုံးထမ်းဓလေ့ နဲ့ မိခင်ရဲ့ 𝐮𝐧𝐢𝐪𝐮𝐞 𝐩𝐚𝐫𝐞𝐧𝐭𝐢𝐧𝐠 𝐬𝐭𝐲𝐥𝐞 တွေပေါ်မှာ အများကြီးမူတည်ပေမယ့် ဖော်ပြပေးခဲ့တဲ့ နည်းလမ်းတွေကိုလည်း အတုယူပြီး ကျင့်သုံးလို့ရပါတယ်

- 𝐬𝐞𝐥𝐟-𝐫𝐞𝐠𝐮𝐥𝐚𝐭𝐢𝐨𝐧 အကြောင်း ကောင်းကောင်းသင်ပေးပြီး 𝐟𝐫𝐞𝐞𝐝𝐨𝐦များများပေးရင် 𝐢𝐧𝐝𝐞𝐩𝐞𝐧𝐝𝐞𝐧𝐭 လည်းဖြစ်လာမယ် ကောင်းကောင်း ကြီးပျင်းလာပြီး 𝐎𝐧 𝐭𝐨𝐩 𝐨𝐟 𝐭𝐡𝐞 𝐬𝐮𝐜𝐜𝐞𝐬𝐬𝐟𝐮𝐥 𝐩𝐞𝐨𝐩𝐥𝐞 ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်


#ကလေးတွေကိုဘယ်လိုပျိုးထောင်မလဲ

05/09/2023

သင့်ကလေးရဲ့အနာဂတ်ဟာ သင့်လက်ထဲမှာပါ။
🙆ကလေးငယ်တွေရဲ့ သင်ယူလေ့လာနိူင်တဲ့ စွမ်းရည်ကို WIEC နဲ့အတူ မြှင့်တင်လိုက်ပါ။ 🌟

💡ငယ်ရွယ်စဥ်မှာ ကလေးတစ်ယောက် သင်ယူသင့်တဲ့ ပညာရေးလိုအပ်ချက်တွေကို လျစ်လျူရှုထားခြင်းဟာ သင့်ကလေးရဲ့ အနာဂတ်အတွက် ကြီးမားစွာဆုံးရှုံးမှုကို ဖြစ်ပေါ်စေပါတယ်။

💡အဖက်ဖက်က တိုးတတ်နေတဲ့ယနေ့ခေတ်ကြီးမှာ ထက်မြတ်တဲ့လူငယ်တစ်ယောက်အဖြစ်ကြီးပြင်းလာဖို့အတွက် ကျောင်းစာအပြင် သင်ယူစရာဘာသာရပ်တွေဟာ များပြားလွန်းပါတယ်။
💡အင်္ဂလိပ်စာဟာ ဘာသာစကားတစ်ခုဆိုပေမဲ့ ငယ်ငယ်ကတည်းက စနစ်တကျလေ့လာသင်ယူမယ်ဆိုရင် ကလေးငယ်တွေအတွက် အခွင့်အလမ်းများစွာ ဖန်တီး‌ပေးနိူင်တဲ့ ကမ္ဘာကြီးတစ်ခုဖြစ်လာနိူင်ပါတယ်။
💡သင်္ချာဟာ အရာအားလုံးရဲ့အခြေခံဖြစ်တာကြောင့်သင်္ချာမှာ ထူးချွန်တယ်ဆိုရင် Science, Economic , Physics, Chemistry, Engineering, Programming, Biology, Information Technology, နဲ့ Astrology အစရှိတဲ့ ဘာသာရပ်တွေမှာပါ ထူးချွန်တဲ့ လူငယ်တွေဖြစ်လာနိင်ပါတယ်။
💡 ကျောင်းစာတွေအပြင် English, Math & Science မှာ ထူးချွန်ထက်မြတ်အောင် သင်ကြားပေးခြင်းက သင့်ကလေးရဲ့ problem solving skill, critical thinking skill, life skill တွေကို တိုးတက်စေပြီး ဦးနှောက်ရဲ့လုပ်ဆောင်ရည်တွေကို တိုးမြင့်စေပါတယ်။

ဒါကြောင့် သင့်ကလေးငယ်လေးတွေကို သင်ယူ‌လေ့လာနိူင်တဲ့ စွမ်းရည်မြင့်မားနေစေဖို့အတွက်ဆိုရင် WIEC မှာ အခမဲ့ လာရောက်ဆွေးနွေးနိင်ပါတယ်။💁

(❝ယခုသင်တန်း‌ကြေး 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 ကို 𝐒𝐞𝐩𝐭𝐞𝐦𝐛𝐞𝐫 𝟐𝟗,𝟐𝟎𝟐𝟑 အတွင်း‌ကျောင်းအပ်သူများသာ❞)

✨𝐘𝐞𝐚𝐫 𝟏 𝐭𝐨 𝟒 အတန်း🌈™✨.........................................
သင်တန်းကြေး=လစဥ် 𝟯𝟬,𝟬𝟬𝟬 ကျပ်
သင်တန်းစဖွင့်မည့်နေ့=𝘖𝘤𝘵𝘰𝘣𝘦𝘳 7, 2023
သင်ကြားမည့်နေ့ နှင့်အချိန် =❝𝐒𝐚𝐭 & 𝐒𝐮𝐧 (𝟐:𝟎𝟎𝐏𝐌 𝐓𝐎 𝟓:𝟎𝟎𝐏𝐌)❞
သင်တန်းကာလ=၁နှစ်
✨𝐏𝐫𝐞 𝐈𝐆𝐂𝐒𝐄 (𝐘𝐞𝐚𝐫 𝟗) အတန်း🌈™ ✨...................................................
Age between 12 and 15 years old
သင်တန်းကြေး=လစဉ် 𝟭𝟬𝟱,𝟬𝟬𝟬 ကျပ်
သင်တန်းစဖွင့်မည့်နေ့=October 7, 2023
သင်ကြားမည့်နေ့ နှင့်အချိန် =❝𝐒𝐚𝐭 & 𝐒𝐮𝐧 (𝟖:𝟎𝟎𝐀𝐌 𝐓𝐎 𝟏𝟏:𝟎𝟎𝐀𝐌)❞
သင်တန်းကာလ=၁နှစ်

👩‍🏫သင်တန်းသင်ကြားမည့်ဘာသာရပ်များ ✨
-𝐄𝐧𝐠𝐥𝐢𝐬𝐡
-𝐌𝐚𝐭𝐡𝐞𝐦𝐚𝐭𝐢𝐜𝐬
-𝐒𝐜𝐢𝐞𝐧𝐜𝐞တို့ဖြစ်ပါဝာယ်။
𝗪𝗜𝗘𝗖 - 𝗪𝗶𝗻 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 𝗖𝗲𝗻𝘁𝗲𝗿 တွင် Internationl School Field မှာ အတွေ့အကြုံ 25နှစ် ရှိသော ဆရာမကိုယ်တိုင် ဦးစီး သင်ကြားပေးနေတာကြောင့် ကျောင်းနေပျော်၍ စာတော်တဲ့ ကလေးငယ်လေးတွေ ဖြစ်စေမှာ အသေအချာပါပဲ 🤩။
အတန်းတစ်တန်းကို (15 )ယောက်သာ လူဦးရေကန့်သတ် လက်ခံသွားမှာဖြစ်ပါတယ်ရှင့်။

🚌❝လှိုင်မြို့နယ်နှင့်အနီး (𝟓) မြို့နယ်အတွက် 𝐅𝐄𝐑𝐑𝐘 လည်းရှိတယ်ဆိုတော့ မိဘတိုင်းအတွက် အလွန့် အလွန်ကိုအဆင်ပြေနေရောပဲ❞

❝ဒါ့အပြင် တစ်နှစ်မှတစ်ခါပဲရမည့်အခွင့်အ‌ရေး❞

သင်တန်းကြေးကို တစ်နှစ်စာ တစ်ခါတည်းသွင်လျှင်
20%Discount 🤩ပါ ထပ်ရအုံးမှာဆိုတော့ အတိုင်းအထက်အလွန်ပဲမို့ အခုပဲ Messenger မှာ Hi လိုက်ယုံပါပဲ။ဒါနဲ့မှ မကျေနပ်သေးဘူးဆိုရင် 09-43025023 ကိုဖုန်းဆက်လိုက်ပါ။
ငါတို့က မိဘတွေလေ ကိုယ်သားသမီးတွေကို စိတ်ချလက်ချ ကျောင်းထားချင်လို့ ကျောင်းကိုလာချင်တယ်ဆိုရင်လည်း ဒီလိပ်စာအတိုင်းကိုလာခဲ့လိုက်ပါနော်။

𝗪𝗜𝗘𝗖 - 𝗪𝗶𝗻 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 𝗖𝗲𝗻𝘁𝗲𝗿
********************************************
🏢 School Address : No.40, Parami Road, 16 Qt Hlaing, Yangon
📧 Email : [email protected]
📱 Tel : 09-43025023 09-757718127
📲 Viber No: : 09-43025023, 09-757718127

𝗡𝗲𝘄 𝗖𝗮𝗺𝗽𝘂𝘀 𝗔𝗱𝗱𝗿𝗲𝘀𝘀 ~ 𝗙𝗼𝗿 𝗢𝗻 𝗖𝗮𝗺𝗽𝘂𝘀
*****************************************
🏢 No 48 , (mini condo), Parami Road
At the up of CB bank
16 quarter, Hlaing Township
Yangon, Myanmar

31/08/2023

✫☼☾☁ ဝါခေါင်လပြည့်နေ့ (မေတ္တာအခါတော်နေ့) ☁☾☼✫

ဝါခေါင်လပြည့်နေ့သည် မေတ္တာအခါတော်နေ့ ဖြစ်လေသည်။ အခါတစ်ပါး၌ ရဟန်းငါးရာတို့သည် မြတ်စွာဘုရားထံမှ ကမ္မဌာန်းတောင်း၍ ဟိမဝန္တာနှင့် တစ်စပ်တည်း တည်ရှိသော တောအုပ်တစ်ခုတွင် တရား အားထုတ်၍ နေကြလေရာ ရဟန်းတော်တို့၏ သီလ သမာဓိ ပညာဂုဏ်တို့ကြောင့် နတ်တို့သည် သစ်ပင်များပေါ်တွင် မနေနိုင်ကြတော့ဘဲ မြေပြင်၌ ဆင်းသက်၍ အချိန်ကြာမြင့်စွာ နေကြရသောကြောင့် သည်းမခံနိုင်တော့သဖြင့် ညဉ့်အခါတွင် ရဟန်းတော်များအား အမျိုးမျိုး ခြောက်လှန့်ပြီး ရောဂါအန္တရာယ် ထူပြောအောင် သမာဓိမရအောင် အမျိုးမျိုး ဖန်တီးကြလေရာ ရဟန်းငါးရာတို့လည်း ဤအရပ်သည် ပဋိရူပဒေသ မဟုတ်ဟု တိုင်ပင်ကြပြီး မြတ်စွာဘုရားထံ သွားရောက်ကာ အကျိုးအကြောင်း လျှောက်ထားရာမှ မြတ်စွာဘုရားက မေတ္တသုတ် ဒေသနာတော်ကို ချီးမြှင့်တော်မူလိုက်ရာ မေတ္တသုတ် တန်ခိုးကြောင့် နတ်များက မခြောက်လှန့်တော့သည့်အပြင် ချစ်ခင်မြတ်နိုး အကြည်ညိုတိုးပြီး ဝတ်ကြီးဝတ်ငယ်များဖြင့် စောင့်ရှောက် ကူညီကြသောကြောင့် ရဟန်းငါးရာတို့သည် တစ်ဝါတွင်းဖြင့် အားလုံး ရဟန္တာ ဖြစ်တော်မူခဲ့လေသည်။

ဤတွင် ရဟန်းတော်များ မြတ်စွာဘုရားထံ ပြန်ကြွသွားသည်မှာ ပထမဝါဆိုပြီး ဖြစ်သည့်အပြင် ရဟန်းတော်များ ဤတောအုပ်ပင် ဒုတိယဝါပြန်ဆိုကြကြောင်း ကျမ်းဂန်များတွင် ပြသဖြင့် မေတ္တသုတ် ဟောသောလသည် “ ဝါခေါင်လ “ ဖြစ်ကြောင်း သိသာလေသည်။ ထို့ကြောင့် အထွတ်အမြတ်ထားသော လပြည့်နေ့ကိုယူ၍ “ ဝါခေါင်လပြည့် - မေတ္တာအခါတော်နေ့ “ ဟု သတ်မှတ်ခဲ့ကြလေသည်။

မေတ္တသုတ်တော်ကို ပူဇော်သောအနေဖြင့် ကျောင်းတိုင်း ကျောင်းတိုင်း၊ ဓမ္မာရုံတိုင်း ဓမ္မာရုံတိုင်းတွင် “ မေတ္တာအခါတော်နေ့ “ ကို ကျင်းပပြီး မေတ္တသုတ်တော်၏ အနက်အဓိပ္ပာယ် အနှစ်သာရတို့ကို ထုတ်ဖော်၍ လောဘမီး ဒေါသမီး မောဟမီးတွေ တောက်လောင်နေသည့် ယနေ့ကမ္ဘာကြီးကို မေတ္တာရေစင်ဖြင့် စုပေါင်း ပက်ဖျန်းနိုင်ကြပါစေဟု မေတ္တာဖြင့် ဆန္ဒပြုလိုက်ရပေသည်။

#ဝါခေါင်လပြည့်

Photos from WIEC - Win International Education Center's post 28/08/2023

👫ဖေဖေမေမေတို့ထက်တော်သော 👦သားသား
👧 မီးမီး‌ လေးတွေဖြစ်စေဖို့ ❝𝐖𝐈𝐄𝐂❞မှာကျောင်းအပ်ကြစို့။
=============================

✨𝐘𝐞𝐚𝐫 𝟏 𝐭𝐨 𝟒 အတန်း🌈™✨.........................................
မူလသင်တန်းကြေး=တစ်လ 𝟓𝟎,𝟎𝟎𝟎ကျပ်(𝟒𝟎%𝐎𝐅𝐅)
သင်တန်းစဖွင့်မည့်နေ့=❝𝐀𝐮𝐠𝐮𝐬𝐭 𝟐𝟗, 𝟐𝟎𝟐𝟑❞
သင်ကြားမည့်နေ့ နှင့်အချိန် =❝𝐒𝐚𝐭 & 𝐒𝐮𝐧 (𝟐:𝟎𝟎𝐏𝐌 𝐓𝐎 𝟓:𝟎𝟎𝐏𝐌)❞
သင်တန်းကာလ=၁နှစ်
✨𝐏𝐫𝐞 𝐈𝐆𝐂𝐒𝐄 (𝐘𝐞𝐚𝐫 𝟗) အတန်း🌈™ ✨...................................................
Age between 12 and 15 years old
မူလသင်တန်းကြေး=တစ်လ 𝟏𝟓𝟎,𝟎𝟎𝟎 ကျပ်(𝟑𝟎%𝐎𝐅𝐅)
သင်တန်းစဖွင့်မည့်နေ့=August 29, 2023
သင်ကြားမည့်နေ့ နှင့်အချိန် =❝𝐒𝐚𝐭 & 𝐒𝐮𝐧 (𝟖:𝟎𝟎𝐀𝐌 𝐓𝐎 𝟏𝟏:𝟎𝟎𝐀𝐌)❞
သင်တန်းကာလ=၁နှစ်

❝ဒါ့အပြင် တစ်နှစ်မှတစ်ခါပဲရမည့်❞
𝐖𝐈𝐄𝐂ရဲ့ 𝐅𝐨𝐮𝐧𝐝𝐞𝐫 𝐓𝐫. 𝐃𝐚𝐰 𝐎𝐡𝐧𝐦𝐚𝐫 𝐖𝐢𝐧ရဲ့
မွေးနေ့လဖြစ်တဲ့အတွက် အသစ်ဖွင့်ပေးမည့်အတန်းတိုင်းအတွက် အထက်ပါ 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 များဖြင့်တက်ရောက်နိူင်ပါသည်။(❝𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 ကို 𝐀𝐮𝐠𝐮𝐬𝐭 𝟐𝟗 မှ 𝐒𝐞𝐩𝐭𝐞𝐦𝐛𝐞𝐫 𝟐𝟗အတွင်း‌ကျောင်းအပ်သူများသာ❞)

👩‍🏫သင်တန်းသင်ကြားမည့်ဘာသာရပ်များ ✨
-𝐄𝐧𝐠𝐥𝐢𝐬𝐡
-𝐌𝐚𝐭𝐡𝐞𝐦𝐚𝐭𝐢𝐜𝐬
-𝐒𝐜𝐢𝐞𝐧𝐜𝐞တို့ဖြစ်ပါဝာယ်။
အတန်းတစ်တန်းကို (15 )ယောက်သာ လက်ခံသွားမှာဖြစ်ပါတယ်ရှင့်။

🚌❝လှိုင်မြို့နယ်နှင့်အနီး (𝟓) မြို့နယ်အတွက် 𝐅𝐄𝐑𝐑𝐘 လည်းရှိတယ်ဆိုတော့ မိဘတိုင်းအတွက် အလွန့် အလွန်ကိုအဆင်ပြေနေရောပဲ❞

🚸ဘယ်သူသားကတော့တော်လိုက်တာ၊ဘယ်သူသမီးကတော့တော်လိုက်တာလို့ပြောနေမဲ့အစား ဖေဖေမေမေတို့ရဲ့သားသားမီးမီးလေးက တော်လိုက်တာလို့ အပြောမခံချင်ကြဘူးလား?။ပြီး‌တော့ သားသားမီးမီးတို့ရဲ့ အနာဂတ်ရှေ့ရေးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ပညာအမွေအနှစ်တွေ ပေးစွမ်းဖို့‌ တွေ‌ဝေနေတုန်းလား?။

👫ဖေဖေမေမေတို့ ပေးတဲ့ အမွေတွေအားလုံးထဲမှာ ပညာအမွေသာအကောင်းဆုံးပါ။ပညာအမွေပေးခြင်းဖြင့် ယဉ်ကျေးလိမ်မာပြီ၊မိ‌ဘတွေအပေါ်ကျေးဇူးသိတတ်တဲ့ သားသမီးလိမ္မာလေးတွေ ဖြစ်လာပါလိမ့်မယ်။
ဖေဖေ၊မေမေတို့အတွက် သားသား၊မီးမီးလေးတွေက ကိုယ်ထက် တော်နေ တက်နေရင် ပြုံး‌ပြုံး၊ပြုံးပြုံးနဲ့ဝမ်းသာလို့မဆုံးဖြစ်နေရတာ မိဘတိုင်းပါ။

ယခုလို တိုးတက်ပြောင်းလဲလာသောခေတ်နှင့်အညီ အဆင့်မြင့်နိုင်ငံတကာ သင်ရိုးညွှန်းတမ်းများ အတိုင်း သားသားမီးမီးတို့ လေ့လာသင်ကြားနိုင်ဖို့အတွက် 𝐖𝐈𝐄𝐂 မှ စေတနာ၊မေတ္တာ၊ဂရုဏာ‌ ရှေ့ထားပြီး သင်ကြားပေးသွားပါမည်။
ကျောင်းစာတွေ သင်ကြားတဲ့အခါမှာ သမာရိုးကျ စာကြီးသပ်သပ် သင်ကြားပေးနေတာမျိုး မဟုတ်ဘဲ Class Activities လေးတွေကိုပါ သားသားမီးမီးများအတွက် စာသင်ကြားရာမှာ ထည့်သွင်းပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ဒီလိုပြုလုပ်ပေးခြင်းဖြင့်
✅ Physical health, Mental health တွေမှာ ပိုပြီးကောင်းမွန်လာမယ်။
✅ လူမှုဆက်ဆံရေးမှာ တိုးတက်ကောင်းမွန်လာမယ်။
✅ ကိုယ်တိုင်ကြိုးစားအားထုတ်နိုင်တဲ့ စွမ်းရည်တွေထွက်ပေါ်လာမယ်။
✅ Critical thinking ကောင်းလာစေမယ်။
✅ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်ကောင်းမွန်လာမယ်။
✅ အဖွဲ့အစည်းနဲ့ လုပ်ကိုင်တဲ့ teamwork စိတ်ဓာတ် စတဲ့ အရည်အချင်းကောင်းတွေ တိုးတက်လာစေနိုင်မှာ ဖြစ်ပါတယ်။

ကျွန်မတို့ 𝗪𝗜𝗘𝗖 - 𝗪𝗶𝗻 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 𝗖𝗲𝗻𝘁𝗲𝗿 တွင် အတွေ့အကြုံရှိ ဆရာ၊ဆရာမများမှ အသေးစိတ် ရင်အုပ်မကွာ ဂရုစိုက် သင်ကြားပေးနေတာကြောင့် ကျောင်းနေပျော်၍ စာတော်တဲ့ ကလေးငယ်လေးတွေ ဖြစ်စေမှာ အသေအချာပါပဲ 🤩။
✳️ အတန်းအားလုံးကို Online Campus နှင့် On Campus ဆိုပြီး ကြိုက်နှစ်သက်ရာကိုရွေးချယ် တက်ရောက်နိုင်ပါတယ်။
✳️ အဆင့်မီ International သင်ရိုးညွှန်းတန်းများနဲ့ facilities အပြည့်အစုံဖြင့် သင်ကြားပေးလျှက်ရှိတဲ့ 𝗪𝗜𝗘𝗖 တွင် ကျောင်းစရိတ်သက်သာစွာဖြင့် တက်ရောက်နိုင်အောင် စီစဉ်ပေးထားပါတယ်။
👩‍🎓 ဖေဖေမေမေတို့ထက်တော်သော
သားသား မီးမီး‌ လေးတွေဖြစ်စေဖို့ 𝐖𝐈𝐄𝐂မှာကျောင်းအပ်ကြစို့။👨‍🎓

➡️ သင်တန်းတက်ရောက်ရန် အသေးစိတ်သိလိုသည်များ စုံစမ်းချင်တယ်ဆိုရင်တော့ Page chat box လေးမှာမေးမြန်းနိုင်သလို Viber, Phone Call မှတစ်ဆင့်လည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။ ⬅️

𝗪𝗜𝗘𝗖 - 𝗪𝗶𝗻 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 𝗖𝗲𝗻𝘁𝗲𝗿
********************************************
🏢 School Address : No.40, Parami Road, 16 Qt Hlaing, Yangon
📧 Email : [email protected]
📱 Tel : 09-5192005, 09-757718127
📲 Viber No: : 09-5192005, 09-757718127

Photos from WIEC - Win International Education Center's post 09/03/2023

👩‍🎓 ပညာပြည့်ဝ အနာဂတ်လှ WIEC နဲ့မှ 👩‍🎓

✅ နွေရာသီကျောင်းပိတ်ရက်မှာ Pre IGCSE တက်ဖို့ စီစဉ်နေပါသလား ?
✅ နိုင်ငံတကာ အသိအမှတ်ပြု IGCSE စာမေးပွဲတွေ ဖြေဖို့ စီစဉ်နေပါသလား ?
✅ နိုင်ငံခြား ပညာရေးစနစ်ကို စိတ်ဝင်စားလို့ တက်ရောက်ဖို့ စီစဉ်နေပါသလား ?

ဒါတွေအားလုံးအတွက် သားသား မီးမီးတို့ရဲ့ ပညာရေးမှာ ထွန်းတောက်အောင်မြင်ဖို့ အာမခံချက်တွေရှိသလို မိဘများအနေနဲ့ ပညာရေး၊ လုံခြုံရေးများအတွက် အလုံးစုံစိတ်ချ ယုံကြည်စွာ အပ်နှံနိုင်တဲ့ နိုင်ငံတကာ အသိအမှတ်ပြု Pre IGCSE အတန်းများကို အထူးလေ့ကျင့် သင်ကြားပေးနေသော WIEC - Win International Education Center မှာ ကျောင်းအပ်နှံနိုင်ဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါရစေရှင့် 🙏🏻💖

✨ 𝗣𝗿𝗶𝗺𝗮𝗿𝘆 1/2/3/4 အရွယ်ရှိ သားသား မီးမီးများတက်ရောက်နိုင်အောင် စီစဉ်ထားရှိပြီး 𝗣𝗿𝗲 𝗜𝗚𝗖𝗦𝗘 အတန်းတွင် သင်ကြားပေးမဲ့ ဘာသာရပ်တွေကတော့ …
📚 English
📚 Maths
📚 Science
📚 Computing စတဲ့ ဘာသာရပ်တွေကို နိုင်ငံတကာ သင်ရိုးညွှန်းတန််းများနှင့်အညီ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

✨ အတန်းအားလုံးကို အတွေ့အကြုံရှိ ဆရာကြီး၊ ဆရာမကြီးများမှ သင်ကြားပေးလျှက်ရှိပြီး ကလေးငယ်များ အဆင်ပြေစွာ တက်ရောက်နိုင်ရန် Online Zoom နှင့် On Campus ဆိုပြီး (၂) မျိုးကို ကြိုက်နှစ်သက်ရာ ရွေးချယ်တက်ရောက်နိုင်ရန်အတွက် စီစဉ်ပေးထားပါတယ်။

✨ မိဘများမှလည်း သင်တန်းမတက်ရောက်မှီ မိမိကလေးအခြေအနေများကို သေချာဆွေးနွေးတိုင်ပင်နိုင်ပြီး စိတ်တိုင်းကျပြီး စိတ်ချရမှ တက်ရောက်နိုင်ဖို့အတွက် တိုင်ပင်ဆွေးနွေး ကူညီဆောင်ရွက်ပေးတာကြောင့် နိုင်ငံတကာ ပညာရေးကို စိတ်ပါဝင်စားလို့ တက်ရောက်သင်ယူဖို့အတွက်ဆို WIEC ကိုသာ ရွေးချယ်လိုက်တော့နော် 📣

💪 အနာဂတ်အိမ်မက်တွေ လှပဖို့ WIEC မှာပညာသင်ယူစို့ 💪

သင်တန်းတက်ရောက်နိုင်ရန်နှင့် အသေးစိတ် သိလိုသည်များ မေးမြန်းနိုင်ရန် အတွက် 👇

𝗪𝗜𝗘𝗖 - 𝗪𝗶𝗻 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 𝗖𝗲𝗻𝘁𝗲𝗿
********************************************
🏢 Office Address : No.40, Parami Road, 16 Qt Hlaing, Yangon
📧 Email : [email protected]
📱 Tel : 09-5192005, 09-757718127
📲 Viber No: : 09-5192005, 09-757718127

𝗡𝗲𝘄 𝗖𝗮𝗺𝗽𝘂𝘀 𝗔𝗱𝗱𝗿𝗲𝘀𝘀 ~ 𝗙𝗼𝗿 𝗢𝗻 𝗖𝗮𝗺𝗽𝘂𝘀
*****************************************
🏢 No 48 , (mini condo), Parami Road
At the up of CB bank
16 quarter, Hlaing Township
Yangon, Myanmar

08/03/2023

🤍✨ International Women’s Day ~ 2023 🤍✨

ပျော်ရွှင်ဖွယ် #အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ လေးဖြစ်ပါစေ။ ယနေ့တွင် ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသမီးများအားလုံး၏ အောင်မြင်မှုများ၊ ကြိုးစားအားထုတ်မှုများကို ဂုဏ်ပြုပြီး ကျားမတန်းတူညီမျှရေးအတွက် ဆက်လက်တိုက်ပွဲဝင်နေမှုများကို အသိအမှတ်ပြု ဂုဏ်ပြုအပ်ပါသည်။ အမျိုးသမီးတိုင်း မိမိတို့အိမ်မက်တွေကို အောင်မြင်အောင် ကြိုးစားနိုင်ပြီး စွမ်းဆောင်ရည် အပြည့်နဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်ဖို့ အတူကြိုးစားကြပါစို့။💪🫶

#အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့

05/03/2023

🙏🏻🌕 တပေါင်းလပြည့် မြတ်ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့ 🙏🏻🌕

တပေါင်းလသည် မြန်မာလများတွင် ၁၂ လမြောက်ဖြစ်ပြီး တစ်နှစ်တာ၏ နောက်ဆုံးလဖြစ်ပါတယ်။ တပေါင်းလ၏ ပထမလဝက်သည် ဆောင်းရာသီတွင် ကျရောက်သည်။ဒုတိယ လဝက်တွင် ကျရောက်ပါတယ်။ ယခုရောက်ရှိနေသည့် ကာလသည် ဆောင်းကုန် နွေအစ သာယာလှပသော ရာသီဖြစ်ပါတယ်။

တပေါင်းလပြည့်နေ့ကို မြတ်ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့၊ ရွှေတိဂုံစေတီတည်သောနေ့အပြင် အဖေများနေ့လည်းဖြစ်တာကြောင့် ယနေ့ တပေါင်းလပြည့်နေ့လေးမှာ မိဘရဲ့ဂုဏ်ကျေးဇူးကို အထူးသိတတ်ပြီး တရားဘာဝနများ အားထုတ်ကာ ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကင်းကွာပြီး အေးချမ်းသာယာနိုင်ပါစေကြောင်း ဆုတောင်းမေတ္ထာများ ပို့သအပ်ပါတယ် 🙏🏻🙏🏻🙏🏻

#တပေါင်းလပြည့်နေ့ #မြတ်ဗုဒ္ဓပြည်တော်ဝင်အခါတော်နေ့

02/03/2023

✨ Myanamr Peasant’s Day ✨

၂၀၂၃ ခုနှစ် မတ်လ (၂) ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

🌾 ဆန်ရေ စပါး ပေါကြွယ်များ ဂုဏ်ပြုထိုက်သူ တို့တောင်သူ 🌾

16/02/2023

ဖေဖေ မေမေတို့ အနေနဲ့ သားသား မီးမီးတို့ရဲ့ အနာဂတ်လှပဖို့အတွက် အစွမ်းကုန်ဖြည့်ဆည်း ပေးနေကြတဲ့အထဲမှာ ပညာပြည့်ဝဖို့ကလည်း အရေးကြီးတဲ့ အရာဖြစ်ပါတယ် …✨

ခေတ်စနစ်နဲ့တိုးတက် ပြောင်းလဲနေတဲ့ ပညာရေးစနစ်ကို အမှီလိုက်နိုင်ဖို့ နိုင်ငံတကာအသိအမှတ်ပြု IGCSE အတန်းများကို တက်ရောက်ပြီး နိုင်ငံတကာ တက္ကသိုလ်များမှာ ကျောင်းတက်ရောက်နိုင်ဖို့ WIEC - Win International Education Center မှ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိနေတဲ့ Pre IGCSE တန်းခွဲများကို တက်ရောက်နိုင်ဖို့ ဖိတ်ခေါ်လိုက်ပါရစေရှင့် 🎓🧑🏼‍🎓👩‍🎓

✅ စာသင်ကြားရေး အပိုင်းတစ်ခုတည်း မဟုတ်ဘဲ သားသား မီးမီးတို့ ကျောင်းတက်ရောက်ရာတွင် အခက်အခဲမရှိ လုံခြုံစိတ်ချစွာ စာသင်ကြားနိုင်ဖို့ ကျောင်းသား ကျောင်းသူတို့၏ privacy ကိုအလေးထားသလို၊ လုံခြုံရေးပိုင်းမှာပါ စိတ်ချရဖို့အတွက် အထူးစီစဉ်ပေးထားပြီး မျက်ခြေမပျက် စောင့်ကြည့်ကြည့်ရှုပေးနေခြင်းဖြင့် မိဘများ စိုးရိမ်စရာ မလိုအောင် စီစဉ်ပေးထားပါတယ်။✅

Pre IGCSE အတန်းများကို တိုးတက်နေသော နိုင်ငံတကာသင်ရိုးညွှန်းတမ်းနှင့်အညီ English, Mathematics, Science and Computing ဘာသာရပ်များကိုသင်ကြားပေးမည့်အပြင် class activities, presentation activities များဖြင့်ထူးချွန်ကျောင်းသားများဖြစ်အောင် လေ့ကျင့်သင်ကြားပေးနေတဲ့သင်တန်းကျောင်းတစ်ခုဖြစ်ပါတယ် … ✌️👩‍🏫

📚 ကျောင်းမှာ ကိုယ်တိုင်တက်ရောက်လိုသူများအတွက် >>>>> On Campus အတန်း
📚 အိမ်မှာနေရင်း တက်ရောက်လိုသူများအတွက် >>>>> Online Zoom အတန်း များကို ကြိုက်နှစ်သက်ရာ ရွေးချယ်တက်ရောက်နိုင်ဖို့ စီစဉ်ပေးထားပါတယ်။

❝ ပညာရေးနဲ့ လုံခြုံရေးအတွက် စိတ်ချယုံကြည်ရဆုံး WIEC မှာ Pre IGCSE အတန်းများ အပ်နနှံလိုက်ပါ ❞

➡️ သင်တန်းချိန်၊ သင်ကြားမည့်ရက်၊ သင်တန်းကြေးများကို အသေးစိတ်သိလိုသည်များ စုံစမ်းချင်တယ်ဆိုရင်တော့ Page chat box လေးမှာမေးမြန်းနိုင်သလို Viber, Phone Call မှတစ်ဆင့်လည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ⬅️

𝗪𝗜𝗘𝗖 - 𝗪𝗶𝗻 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 𝗖𝗲𝗻𝘁𝗲𝗿
********************************************
🏢 Office Address : No.40, Parami Road, 16 Qt Hlaing, Yangon
📧 Email : [email protected]
📱 Tel : 09-5192005, 09-757718127
📲 Viber No: : 09-5192005, 09-757718127

𝗡𝗲𝘄 𝗖𝗮𝗺𝗽𝘂𝘀 𝗔𝗱𝗱𝗿𝗲𝘀𝘀 ~ 𝗙𝗼𝗿 𝗢𝗻 𝗖𝗮𝗺𝗽𝘂𝘀
*****************************************
🏢 No 48 , (mini condo), Parami Road
At the up of CB bank
16 quarter, Hlaing Township
Yangon, Myanmar

WIEC - Win International Education Center WIEC - Win International Education Center ကနေကြိုဆိုပါတယ်နော်?

Want your school to be the top-listed School/college in Hlaing?
Click here to claim your Sponsored Listing.

Videos (show all)

သမီးလေး Lily ရဲ့Homework Presentation Video

Telephone

Website

Address


No. 40 ; Parami Road 16 Quarter Hlaing Township Yangon
Hlaing
11052

Other Education Websites in Hlaing (show all)
NI YAW DA knowledge sharing NI YAW DA knowledge sharing
Hlaing

The more you have knowledge the more you free. သင်ပိုသိလေ ပိုလွတ်လပ်လေ ။

Digital Education for Myanmar Digital Education for Myanmar
No. 27/B-2, Parami Road
Hlaing, 11051

မြန်မာနိုင်ငံတွင် Digital Education နှင့် ပတ်သ?

Peti Education Peti Education
Payar Street, 16quarter, Hlaing T/S, Yangon
Hlaing, 11051

Education

Khit Pyin Nyar- ခေတ်ပညာ Khit Pyin Nyar- ခေတ်ပညာ
Block-10, MICT Park
Hlaing, 11051

Khit Pyin Nyar E-Learning Website

Gardener Gardener
Hlaing

Maths.Online.Class

Dr.Ye' Education Dr.Ye' Education
Thiri Street, Ward 2
Hlaing

IGCSE and Government curriculum lecturer...

Quality Education Chinese Language Academy 素质教育中文学校 Quality Education Chinese Language Academy 素质教育中文学校
57, 3rd Floor, Thirimyaing 2nd Street, 13 Ward, Hlaing Township,, Yangon
Hlaing, 11051

Enjoy the Power of Education by Learning Chinese here!

JNC Recruitment & Education Center JNC Recruitment & Education Center
Hlaing, တိုက် NO.(2) , အခန်းအမှတ် (၁၁)

သင့်ရဲ့ အခွင့်အလမ်းတွေ အတွက် JNC ကိုအားကိုးလိုက်ပါ

Naung Yoe Edu Naung Yoe Edu
Hlaing

YJLS - Yangon Japanese Language School YJLS - Yangon Japanese Language School
7th Floor, MTP Condon, Insein Road, Near TanLan Busstop, Insein Rd, Yangon
Hlaing, 11051

ဂျပန်ဘာသာစကားမှ တဆင့် သင့်အိမ်မက်တွေကို အကောင်အထည်ဖော်ပေးမယ့် YJLS

Bright Image Education Centre - BIEC Bright Image Education Centre - BIEC
No. 20 Malar Myaing 5th Street , 16Q
Hlaing

This is the BIEC official page. Centre 1 >> NO.20, Malar Myaing 5th st, near Parami Sein Gay Har ,