Thet Naing Tun

Road to Goal

24/11/2023
19/09/2023

တစ်နေ့ ရောက်မှာပါဆိုပြီး ဝေဝါးနေတဲ့ မျှော်လင့်ချက် ရောင်စဉ်တန်းလေးကို မြင်ရဖို့ တမ်းတမ်းတတ အားစိုက်နေတုန်းပါပဲ။

06/09/2023

အနာဂတ်ရည်မှန်းချက်က အကြီးကြီးမရှိပါဘူး...
လွတ်လပ်တဲ့ ဝန်းကျင်နဲ့ ပျော်ရွှင်စရာကောင်းတဲ့ လက်တွဲဖော်ရယ်...
အလုပ်စားပွဲလေး တစ်ခုရယ်ပါပဲ...

12/06/2023

ပျော်ရွှင်မှုတွေ ယူဆောင်လာခဲ့ပါ June ရယ်
ကိုင်နေတဲ့ ဖုန်း လေးကလည်ပျက်။ ရှာထားတဲ့ ပိုက်ဆံတွေကလည်း ခိုးယူခံရနဲ့
ဆယ်ရက်ကျော်ရှိသေး အရမ်းကို မွန်းကြပ်နေပြီ။
ကံကောင်းမှုတွေနဲ့ ဆုံတွေ့ခွင့်ပေးပါ June ရယ်

04/06/2023

RIP
ညီလေးရေ

26/05/2023

တစ်နေ့က ချစ်သူနဲ့ စကားနည်းနည်း ပြောဖြစ်တယ်။
ကိုယ့်တို့ လူသက်တမ်းကို အသက်ဘယ်လောက်ထိ နေရလောက်လဲလို့ မေးကြည့်တော့ ၇၅ တဲ့။
ခုက အသက် ၃၀ နားရှိပြီဆိုတော့ နောက်ထပ် ကျန်နေသေးတဲ့ အချိန်က ၄၅ ခန့်ပေါ့။
တို့တွေ နှစ်လေးဆယ်လောက် ဒီနေရာမှာ မွန်းကြပ်မှုတွေ ရှုပ်ထွေးမှုတွေ နဲ့ ၂၄နာရီ အပြည့်အဝ မပိုင် စိတ်ပင်ပန်း လူပင်ပန်းစွာ နေမလား။ နေ့တစ်နေ့ရဲ့ ၂၄ နာရီ အပြည့်အဝ ပိုင်ဆိုင်ခွင့် ရှိတဲ့ နေရာမှာ နေမလား ဆိုပြီး မေးကြည့်ခဲ့ဖူးတယ်။
ဘယ်သူမဆို ၂၄ နာရီ အပြည့်အဝ လည်ပတ်နေတဲ့ နာရီကို လိုချင်ကြတာပဲ။

24/05/2023

ကိုကြီး ကျွန်တော့်ကို အိုင်တီ ပညာလေး သင်ပေးပါလားတဲ့။
အိုင်တီပညာက နယ်ပယ်ကျယ်တယ်ကွ အိုင်တီသမားတစ်ယောက်ဖြစ်ဖို့ဆိုရင် အချိန်အတိုင်းအတာ တစ်ခုထိတော့ ကြိုးစားပေးရတယ်နော်
မင်း ဇွဲ ရှိမှ ဖြစ်မှာ

19/05/2023

ဘယ်အရပ် မှာ နေထိုင်ရတာ ပျော်ရွှင်မလဲ။

25/04/2023

ကျွန်တော်က အညာသား ဆိုတော့ ငယ်ငယ်က ရွာမှာ TV ရှိဘူးလေ
ခု remote နဲ့ wifi ရှိတာဆိုတော့ ကြော်ငြာတွေ အမြဲတမ်း ပေါ်အောင် လုပ်ထားလိုက်တယ် 😁

24/04/2023

Liquor store ဖွင့်ချင်တယ်ဆိုတာဘဲ
တွေ့နေရလို့ပါ လက်ရှိလုပ်ကိုင်နေတာလေးကိုပြောပြတာပါ ကျနော်တို့ရင်ဆိုင်ရတဲ့အခက်အခဲတွေကို ပြီးရင်ဖြေရှင်းနည်းလဲပြောပြပါမယ်
ကုန်ကျစရိတ်
1/ ဆိုင်ခန်းခ 200000 . 500000
2/ အလုပ်သမားခ 150000. 250000
3/ လိုင်စင်ခွန်ဆောင် 12 သိန်း
4/ လိုင်စင်ဝယ် သိန်း 200အထက်
5/ ရခေဲသတ်ေတာ
6/ စည်ပင်ခွန် / အလှူငွေ

အခက်အခဲ
1/ ရောင်းအား ( 1000/ 2000 တန် ) 3သိန်း - 5သိန်း
လူ 50-100 မိမိဆိုင်ဝင်မှ ရောင်းရ
2/ ဘေးဆိုင်များရှိပါက သူတို့နဲ့အပြိုင်ရောင်းချနိုင်အောင်စီစဥ်
3/ ဝန်ထမ်းများကိုလည်းစီမံရခြင်း
4/ ပစ္စည်းဝယ်ရာတွင် အနည်းဆုံးသက်သာအောင်ရွေးချယ်ခြင်း

အခက်အခဲကျော်လွှား (လုပ်မယ်ဆုံးဖြတ်သူတွက်အကြံပြုချက်)
1/ သူများလုပ်တာကို ကြည့်ပြီးအားကျလို့လိုက်လုပ်တာ
ကိုအားမပေးပါ

2/ Market ကို လေ့လာပါ ( အနည်းဆုံး လူ 50-100လာနိုင်မယ့်အနေအထားကိုရွေးပါ)

3/ ဝရိယ ရှိပါ ( မီးခနခနပျက်တဲ့အတွက် ဘီယာအေးနေစေရန် ဝရိယထားပြီးထည့်ပါ ရေခဲတုံးစိမ်တာနဲ့
ရခေဲ သတ်ေတာ ထဲအရသာမတူပါ

4/ အမြည်းများအား စျေးနဲပြီးအရသာစုံအောင်တင်ပါ
(အရက်သည် နေတိုင်းသောက်ပစ္စည်းဖြစ်သဖြင့် Budget စီစဥ်ပေးထားပါ)

5/ ပစ္စည်းလှောင်ပါ တက်ချေရှိတဲ့ပစ္စည်းများကိုလှောင်ပါ စျေးကွက်မှာလေ့လာပါ ဒါမှ ဘေးဆိုင်နဲ့အပြိုင်မဟုတ် အသာချနိုင်ပြီ

6/ ဝင်ငွေ/ ထွက်ငွေ မမျှတဲ့အခါ စိတ်မညစ်ပါနဲ့
တနှစ်အတွင်း ရောင်းအားကောင်းလာပါလိမ့်မယ်

7/ ဆိုင်စစဖွင့်ချင်း တခြားဝင်ငွေရမယ့်အလုပ်တခုပါရှာထားစေချင်ပါတယ်
အရင်းအနှီးအနည်းဆုံးနဲ့ တိုးတက်စေမယ့်နည်းလမ်းကို
မျှဝေပေးခြင်းဖြစ်ပါတယ် သိသူများလဲ Com မှာဝင်ရေးပေးကြပါ
Crd owner

16/04/2023

Comfort Zone ကနေ စထွက်ကြည့်မိတယ်
တာ ထွက်ထွက်ချင်းမှာပဲ အရှိုက်ကို ရိုက်ခံရသလို ဖြစ်သွားတယ်
အဲ့ဒီ အခက်အခဲတွေကို လည်း ဆက်ပြီးတောင့်ခံနိုင်ဖို့ ကိုယ့်ဘက်က ခွန်အားပိုရှိမှ ဖြစ်မယ်။

13/04/2023

အဖေ ဆုံးသွားတဲ့နေ့

မင်းအဖေဆုံး သွားပြီ

နင့်အဖေ ဆုံး သွားပြီဆိုတဲ့ အသံမျိုးကို

အဖေ ဆုံးရှုံးခဲ့ရဖူးသူတိုင်း ကြားခဲ့ရတဲ့

စကားလည်းဖြစ်သလို၊

မကြားချင်ဆုံး စကားတစ်ခွန်းလည်းဖြစ်မှာပါ။

အဲဒီအချိန်အခိုက်တန့်လေးမှာ

ခံစားရတဲ့ခံစားချက်က

ငိုချင်ပေမယ့် မျက်ရည်မထွက်ခဲ့ဘူး

အသံထွက်ချင်ပေမယ့် ဆွံ့အသွားခဲ့တယ်။

အဲဒါက ဘဝမှာလုံးဝမျှော်လင့်မထားသော

တွေ့ကြုံလိုက်ရတဲ့ အံ့သြခြင်းကြောင့်ပဲ

ခဏအကြာမှ ကမ္ဘာကြီးမီးလောင်သွားသလို

ခန္ဓာကိုယ်တစ်ခုလုံး အပူတွေတက်လာတယ်။

ဝမ်းခေါင်းထဲကနေ အသံနက်ကြီးနဲ့

အသံတစ်သံထွက်ကျလာခဲ့တယ်လေ

အဲဒါက အဖေဆိုတဲ့စကားတစ်ခွန်းပေါ့

ပတ်ဝန်းကျင်ကို ဂရုမစိုက်တော့ဘူး။

အကြောက်တရားတွေလည်းကင်းနေပီ

အဖေ့ကို ဖက်ဖက်ပြီး ငိုကြွေးခြင်းတွေနဲ့အတူ

ရင်ထဲမှာ တကယ်အသိတစ်ခုရှိနေတာက

နောက်နေ့တွေကစတင်ပြီး

လက်ကျန်ဘဝရဲ့ အချိန်တိုင်း အချိန်တိုင်းမှာ

ငါဟာ အဖေလို့ခေါ်ခွင့်မရှိတော့တဲ့ သူလို့

အရွယ်ရောက်လာပြန်တော့

အားအင်တွေအပြည့်နဲ့

ထမင်းတစ်လုတ်လောက်တော့

အဖေ့ကိုကျွေးချင်မွေးချင်ခဲ့တယ်

ဒါပေမယ့် အဖေက ဘေးနားမှာရှိမနေတော့ဘူးလေ။

သူများသားသမီးတွေ

အဖေ အဖေလို့ခေါ်တဲ့အသံကိုကြားရတိုင်း

အခုဆိုရင် အဖေဘယ်ဘဝများ ရောက်နေသလဲ

အဖေ့ရဲ့အကြောင်းတွေ ပြန်တွေးတောရင်းနဲ့ပဲ

တိတ်တဆိတ်နဲ့ ဘယ်သူမှမကြားအောင်

နှုတ်ခမ်းဝမှာတင် အဖေ လို့တမ်းခဲ့တယ်။

ရှာရင်လည်းတွေ့ ကြာရင်လည်းမေ့ဆိုတဲ့

ဒီစကားထဲမှာ

အဖေတွေတော့မပါလောက်ဘူးထင်ပါရဲ့နော်။

ဘာဖြစ်လို့တုန်းဆိုတော့ အရွယ်တွေသာရတယ်

ငယ်ကတည်းကတိုင် ယနေ့အရွယ်ထိ

မေ့မရသေးလို့လေ မမေ့ပါရစေနဲ့ ။

လက်တွေ့မှာ အဖေ မရှိပေမယ့်

ရင်ထဲမှာတော့ အဖေ့ကိုဖက်တွယ်ထားပါရစေ။

အဖေလို့လည်းခေါ်ခွင့်မရှိတော့ပေမယ့်

စိတ်ထဲကအလိုရှိတဲ့အခါ တမ်းတပါရစေ။

ပြန်မဆုံနိုင်တော့တာသိပါလျှက်နဲ့

အဖေကိုဆုံးရှုံးလိုက်ရတဲ့ သားသမီးတိုင်း

အဖေ့ကိုလေ ရူးမိုက်စွာတွေနဲ့ပဲ

မျှော်နေတတ်ကြတယ်ဆိုတာပါပဲ
#လွမ်းတယ် အဖေ။

ထပ်တူ ခံစားမိတယ်ဗျာ…💔

Photos from Thet Naing Tun's post 30/03/2023
23/03/2023

IT နဲ့ တွေ့ဆုံခဲ့တာ ဆယ်စုနှစ်တစ်ခု ပြည့်ခါနီး အတွေ့အကြုံ က 🫅

Photos from Thet Naing Tun's post 19/09/2022

19 Sept -> 23 Sept 2022

Photos from Thet Naing Tun's post 13/08/2022

၅/

27/07/2022

၂၀၁၅ ခုနှစ် ဝန်းကျင်ခန့်က
ဆရာထက် ဆိုတဲ့ barcamper တစ်ဦးက Road to Wall Street ဆိုတဲ့ ခေါင်းစဉ်နဲ့
စစ်ကိုင်းနည်းပညာတက္ကလိုလ်က Barcamp မှာ ဟောပြောတာကို နားထောင်ခဲ့ဖူးတယ်။
အဲ့အချိန်တုန်းက Trading အကြောင်းကို သေသေချာချာ ပြောသွားတာ ကိုယ်တွေက အူကြောင်ကြောင်ဆိုတော့ ဘာမှနားမလည်ဘူး။
ခုမှ အဲ့ဒီအကြောင်းတွေကို ပြန်လည် လေ့လာနေမိတယ်။
Trader တစ်ယောက်အနေနဲ့ ဝင်ငွေ ရှာမလို့

27/07/2022

ဟဲ့ခွေးကောင် ခုံကျိုးနေပီ ဆင်းတော့
ဪ ဒီခွေးက ခုံတော်တော်မက်တာပဲ
ကြိမ်နဲ့ နှင်မှ ရတော့မယ်

29/06/2022

Open Source Development Platform တစ်ခုကို VPN နဲ့မှ သုံးလို့ရတဲ့ ခွေးသူတောင်းစားဂျပု ရဲ့ ဘာမေးရှား တိုင်းပြည်မှာ . . . ဗြဲဗဲ

29/06/2022

စိတ်ဆိုး ေဒါသ ထွက်မိတယ်။
အသိတစ်ချက် ရလာတာက " ဒင်းတို့ကို ပါးပြန်ချနိုင် ဖို့ ပိုပြီး ကြိုးစား ရမယ် " ဆိုတာ။

01/10/2021

Google ရဲ့ CEO ဖြစ်သူ Sundar Pichai က စက္ကန့် ၆၀ စာမိန့်ခွန်းပြောခဲ့ပါတယ်။ သူက ဘာပြောလဲဆိုတော့ ….

ဘဝဆိုတာ ဘောလုံး(5)လုံးကို လေထဲမှာ မြှောက်ပြီး ပြန်မကျအောင်ထိန်းထားရမယ့် ကစားပွဲတစ်ခုလို့ စိတ်ကူးကြည့်ပါ။ တစ်လုံးက ရာဘာနဲ့ လုပ်ထားတာဖြစ်ပြီးကျန်တဲ့ဟာတွေက ဖန်နဲ့လုပ်ထားတယ်ဆိုပါစို့ ။

အဲဒီ့ ဘောလုံးငါးလုံးက အလုပ်၊ မိသားစု၊ ကျန်းမာရေး၊ သူငယ်ချင်း၊ စိတ်ဝိဉာဉ်တွေပေါ့…

“အလုပ်”က ရာဘာနဲ့လုပ်ထားတဲ့ တစ်လုံးပေါ့။ ဘယ်လောက်ပြုတ်ကျကျ ပြန်ကန်တက်လာမယ်။ ဒါပေမယ့် ကျန်တဲ့ ဖန်နဲ့လုပ်ထားတဲ့ ဘောလုံးတွေကတော့ ကျသွားရင် ပျက်စီးမယ်၊ ပွန်းပဲ့မယ်၊ အစ်သွားမယ် ၊ အစိတ်စိတ်အမြွှာမြွှာ ကွဲကျေသွားမယ်။ သူ့မူလပုံစံကို အရင်အတိုင်းပြန်ရမှာမဟုတ်ဘူး။

အဲဒါကိုသတိထားပြီး ကြိုးစားဖို့လိုတယ်။

အလုပ်ချိန်အတွင်း အလုပ်ကိုကောင်းစွာစီမံခန့်ခွဲပါ၊ ရိုးသားမှန်ကန်ဖို့အတွက် အချိန်ယူပါ၊ မိသားစုနှင့်သူငယ်ချင်းတွေကို အချိန်ပေးပါ၊ သင့်တော်တဲ့ အနားယူမှုလုပ်ပါ။ ကျန်းမာရေးကိုဂရုစိုက်ပါ။ မင်းသာမရှိတော့ရင် အရင်အတိုင်းပြန်ဖြစ်ဖို့မလွယ်ဘူး။

17/08/2021

“လူတစ်ယောက်ဟာ သူ့အလုပ်က ထွက်လိုက်ပြီး စွန့်ထွင် တစ်ဦး ဖြစ်လာချိန်မှာ သူ ဘာတွေ မသိဘူးလဲ ဆိုတာ ချက်ချင်း ပေါ်လာတော့မှာပဲ”
စီးပွားရေး လုပ်ငန်း ၁၀ ခုအနက် ကိုးခုက ပထမ ငါးနှစ်အတွင်း မအောင်မမြင်နဲ့ ကျရှုံးသွားရတဲ့ အကြောင်းတစ်ချက်ဟာ စွန့်ထွင် လုပ်ငန်းရှင်အနေနဲ့ သူ မသိတာတွေရဲ့ အရိပ်ထိုး လွမ်းမိုးမှု ခံရတာကြောင့်ပဲ ဖြစ်ပါတယ်။ သူဟာ ကျောင်းမှာ စာတော်တဲ့ တိုင်အောင် သူမသိသေးတဲ့ ကိစ္စတွေက သူ့လုပ်ငန်းကို ဖျက်စီးပစ်မည့် အကြောင်း မသိလို့ပါပဲ။

14/08/2021

စွန့်ထွင် လုပ်ငန်းရှင်တွေဟာ စစချင်းကာလမှာ ၂၄/၇ နာရီလုံးလုံး လုပ်ခမရဘဲ လနဲ့ချီ နှစ်တွေပေါက်တဲ့ အထိ အလုပ်ကြိုးစားဖို့လိုပါတယ်။ ဒီလို နာရီပေါင်းများစွာ အခမဲ့ လုပ်ခဲ့ရမှုတွေက စွန့်ထွင် လုပ်ငန်းရှင်တွေနဲ့ အလုပ်သမား ဝန်ထမ်းတွေကို သန့်ထုတ် ခွဲခြား ပေးနိုင်လာလိမ့်မယ်။

14/08/2021

ဘဝဆိုတာ ဓါးသွေးကျောက် နဲ့တူတယ်။ အောက်ကို ဆွဲချမလား အပေါ်ကို တွန်းတင်မလား ဆိုတာကတော့ သွေးတဲ့ လူအပေါ်မှာပဲ မူတည်ပါတယ်။

12/08/2021

လူငယ်ခြေကျ ၁
၂၀၂၁ ရောက်မှ ကျွန်တော်က လူငယ်ခြေကျ လုံးလုံး လျားလျား ဖြစ်သွားတာပဲ။ ကျွန်တော် တို့ ညံ့ လို့ ဒီလို လူငယ်ခြေကျ ဖြစ်ရတာလို့ ပဲ ဝန်ခံရမယ်။ တစ်ကမ္ဘာလုံးက ကိုဗစ်ရောဂါ နဲ့ တိုင်ပတ်နေရာမှာ ကျွန်တော်တို့ နိုင်ငံက ကိုဗစ်ရောဂါ အပြင် ခေါင်းဒဒါးဇေး တို့ အာဏာ ရူးလို့ တွန်းလှန်နေရတာပါ။ လူငယ်တွေက သူနည်း သူဟန် နဲ့ နည်းအမျိုးမျိုး သုံးပြီး အာဏာရူး ကို တော်လှန်နေကြသလို ကျွန်တော် တို့ လူငယ်ခြေကျ တွေက လည်း ကိုယ် တက်စွမ်းတဲ့ နည်းလမ်းနဲ့ အာဏာရှင် စနစ်ကို တွန်းလှန်နေပါတယ်။ တစ်ချိန်တုန်းက ဂျပန်ကို အမေရိကန်တို့ အနုမြူဗုံး ကျဲခဲ့တယ်။ ကျွန်တော်တို့ နိုင်ငံကိုလည်း ကိုဗစ် နဲ့ အာဏာရူးက သောင်းကျန်းခဲ့တယ်။
ဂျပန်တွေဟာ စစ်ပွဲကြီးပြီးသွားတဲ့ အခါမှာ အားသွန်ခွန်စိုက် ရုန်းကန်ကြပြီး အလုပ်ကြီးစားကာ စူပါ-ပါဝါ နိုင်ငံဖြစ်အောင် စည်းစည်းလုံးလုံး ကြိုးစားခဲ့ကြတယ်။ ဟစ်တလာက ဂျူး ခြောက်သန်းထက် မကသော ဂျူးလူမျိုးများကို မျိုးတုန်းလု နိနိ သတ်ဖြတ် မြေမြှုပ်ခဲ့တယ်။ အဲ့ဒီအချိန်က စလို့ ဂျူးလူမျိုး တို့သည် ၎င်းတို့၏ စီးပွားရေးကို စနစ်တကျ စုဖွဲ့ပြီး တည်ဆောက်ခဲ့ကြတယ်။ ယနေ့အချိန်မှာတော့ နေရာအနှံ့ မှာရှိတဲ့ ဂျူးလူမျိုးတို့ ရပ်ကွက်မှာဆိုရင် စီးပွားရေးကောင်းမွန်နေပြီး သူတို့ကို ဟစ်တလာလို လူတွေ လာရောက် ထိပါးလို့ မရအောင် စနစ်တကျ တည်ဆောက်ထားကြတဲ့ စည်းရိုးရှိကြတယ်။ အခုမှ ကျွန်တော် ကြားဖူးတဲ့ ပုံပြင်လေး တစ်ပုဒ်ကို သတိရမိတယ်။ ဆင်းရဲသား ရပ်ကွက် က ကျောင်းသားတွေ နဲ့ ချမ်းသာတဲ့ ရပ်ကွက်က ကျောင်းသား တွေ စာသင်ခန်း တစ်ခန်း မှာ အတူတူ စာမေးပွဲ စစ်စေခဲ့ကြတယ်။ သင်ခန်းစာက လည်း အတူတူ သင်ကြားစနစ်ကလည်း အတူတူ ပါ။ မတူညီတာ တစ်ခုက ဆင်းရဲခြင်း နှင့် ချမ်းသာခြင်းပါ။ စာမေးပွဲခန်းထဲမှာ ဆင်းရဲသားတွေကတော့ နွမ်းလျှနေတဲ့ အင်္ကျီများ ကြောင့် စိတ်အားငယ် ရပြီး လူချမ်းသာတွေကတော့ အင်္ကျီတွေက တောက်ပနေတဲ့ အပြင် မွှေးကြိုင်သော နံ့သာ များကို အသုံးပြု ထားလို့ ဆင်းရဲနေသော သူတွေက စိတ်အားငယ်ခဲ့ကြရတယ်။ ဒါကြောင့် ဆင်းရဲရမှာကို ကြောက်ကြပါ။ ကျွန်တော်တို့ လည်း ဆင်းရဲတွင်းက နေ ရုန်းကန်နေကြပါပြီ။

14/05/2021

ပညာတတ်အောက်တန်းစားဆိုတာဘာလဲ
အခုမှသဘောပေါက်တော့တယ်

#သူပြုတ်ရင် ငါလုပ်မယ် ဆိုပီး
ဘွဲ့လက်မှတ်ကြီးကိုင်ပြီးစောင့်နေတဲ့
အလုပ်လက်မဲ့ ဘွဲ့ရအောက်တန်းစား နဲ့

#ပြည်သူတွေ သေပြီး တစ်နိုင်ငံလုံး
စိတ်ဆင်းရဲနေရပါတယ်ဆို
ရာထူးတိုးတော့မယ်ဆိုပြီး ပျော်နေတဲ့ရာထူးရူးအောက်တန်းစား

21/03/2021

အခုရန်ကုန်မှာ မလုံခြုံတော့ဘူး။
စီးပွားရေးတွေလဲ မကောင်းမွန်တော့ဘူး။

အဲ့လိုခံစားရလို့ ဇာတိမြို့လေးတွေကို
အသီးသီးပြန်ကုန်ကြပြီ။
နားလည်ပေးပါတယ်။
တနေ့ထက်တနေ့ ပိုပိုဆိုးလာတယ်ဆိုတာကို မြင်နေကြားနေရသလို ကိုယ်တိုင်လဲ အဲ့လိုခံစားနေရတာပါပဲ။

မင်းရောမင်းဇာတိကို မပြန်ဘူးလားလို့မေးလာခဲ့ရင်
ကျွန်တော့်ဇာတိက ရန်ကုန်လေ။ 😞😞😞

ရန်ကုန်ရဲ့ ကောင်းခြင်းဆိုးခြင်းအကုန်လုံးကို ခံယူရမှာပဲ
မတတ်နိုင်ဘူးလေ....နော့။ 😓😓😓
ခင်ဗျားတို့လို အရိပ်ပြန်ခိုဖို့
ဇာတိပြန်ဖို့ရာ
ရန်ကုန်သားတယောက်အဖို့ ပြေးစရာ
မြေမှ မရှိတာ 😊😊😊

ပြာပုံကျတဲ့အထိဖြစ်ခဲ့ရင်တောင်
ဒီမြို့ကလွဲပြီး ပြေးစရာနေရာရှားတယ်။

အဆုံးထိ တောင့်ခံနိုင်ဖို့ပဲရှိတယ်။

ခုလိုဖြစ်ပျက်နေတာတွေ အကုန်လုံးက
တချိန်မှာ ဂုဏ်ယူစရာလဲဖြစ်သလို
ဝမ်းနည်းစရာ အတိတ်တမျက်နှာစာလဲ
ဖြစ်နေဦးမှာပါ။

ရောင်နီသမ်းလာတဲ့ တနေ့
ကျွန်တော် တို့ ကံမကုန်သေးရင်
ပြန်ဆုံကြသေးတာပေါ့။ 😪😪😪

လောလောဆယ် ပြောစရာကတော့
ရန်ကုန်မှာ ကျန်နေခဲ့တဲ့သူတွေ
အချင်းချင်း ရိုင်းပင်းကူညီကြပါ။
စည်းလုံးကြပါ။ သွေးမကွဲပါစေနဲ့။
သတိမမေ့ဖို့က ခင်ဗျားတို့ရင်ဘတ်ထဲမှာ
လိုချင်တာက အကုန်လုံးတူတူဆိုတာပါပဲ။

လိုချင်တာရတဲ့တနေ့
ရင်ကော့ ခေါင်းမော့ပြီး
အားရပါးရ ပျော်ကြတာပေါ့။ 😎😎😎

အရေးတော်ပုံ အောင်ရမည်။

17/03/2021

ဘာကွာသွားမှာမို့လို့လဲ ဟုတ်လား
ကမ္ဘာ့ကပ်ရောဂါကြီးထဲမှာတောင် ပထမလှိုင်းအတွင်း သေဆုံးနှုန်း 10ယောက်မပြည့်အောင် အင်တိုက်အားတိုက် ထိန်းပေးခဲ့တဲ့ခေါင်းဆောင်နဲ့ 1လကျော်အတွင်းမှာ ကိုယ့်ပြည်သူ 200ကျော်ကို ကိုယ့်လက်နဲ့ သတ်ခဲ့တဲ့ခေါင်းဆောင်ချင်းကွာတာပေါ့
ဘာကွာလဲဟုတ်လား
ပညာတတ်တွေ ပညာရှင်တွေကိုနေရာပေး လေးစားတဲ့ခေါင်းဆောင်နဲ့ ပညာတတ်တွေကို ကြက်လေးငှက်လေးလို သဘောထားဖမ်းချင်သလိုဖမ်း ပုဒ်မမျိုးစုံတပ်နေတဲ့ ခေါင်းဆောင်ချင်းကွာတာပေါ့
ဘာကွာလည်းဟုတ်လား
နိုင်ငံတကာမှာရင်ဘောင်တန်းနိုင်အောင် ဘက်ပေါင်းစုံကြိုးစားပေးနေတဲ့ခေါင်းဆောင်နဲ့ နိုင်ငံတကာကိုဂရုမစိုက်ပဲ နွံထဲဆွဲနှစ်မယ့်ခေါင်းဆောင်ချင်း ကွာတာပေါ့
ဘာကွာလည်းဟုတ်လား
ပြည်သူအကျိုးအတွက် ကမ်းလာသမျှလက်တွေကိုအမိအရ ဖမ်းဆုပ်ပြီးကူနိုင်မယ့်သူတိုင်း ရင်ဖွင့်ကြိုခဲ့တဲ့ခေါင်းဆောင်နဲ့ ပြည်သူကိုကူမယ့် လက်တိုင်းရိုက်ချိုးပြီး မကူနိုင်အောင်တွန်းထုတ်တဲ့ ခေါင်းဆောင်မျိုးကွာတာပေါ့
ဘာကွာလည်းဟုတ်လား
ကိုယ်ပိုင်လွတ်လပ်ခွင့်မှန်သမျှ နည်းမျိုးစုံလမ်းဖွင့်ပေးခဲ့တဲ့ခေါင်းဆောင်နဲ့ ကိုယ်ပိုင်ဖုန်းတောင် ထိန်းချုပ်ချင်တဲ့ခေါင်းဆောင်မျိုးကွာတာပေါ့
ဘာကွာလည်းဟုတ်လား
ပြည်သူတယောက်ချင်းစီတိုင်းရဲ့ အသက်ကတန်ဖိုးရှိတယ်လို့တဖွဖွပြောတတ်တဲ့ခေါင်းဆောင်နဲ့ ကိုယ့်ပြည်သူစစ်စစ်ကို ကလေးအစလူကြီးအဆုံးအသေသတ်ဖို့အမိန့်ပေးနိုင်တဲ့ခေါင်းဆောင်မျိုးကွာတာပေါ့
ကိုယ်တော်မှ ကိုယ်ရမယ်ဟုတ်လား
စနစ်တခုမကောင်းရင် ကမ္ဘာကြီးအကြောင်းမပြောနဲ့ ဟိုဘက်ရက်ကွက်အကြောင်းတောင် မသိအောင်ယုတ်မာလို့ရတာ မြင်ပြီလား
ကမ္ဘာနဲ့ ရင်ဘောင်တန်းအောင်ကြိုးစားပေးနေတဲ့သူနဲ့ တကမ္ဘာလုံးကိုဂရုမစိုက်ပဲ ကိုယ့်တဘို့ထဲကြည့်ပြီးတနိုင်ငံလုံးအမှောင်တိုက်သွင်းဖို့ ကြိုးစားနေတာ မြင်ပြီလား
Titok ဆော့နေရမယ့် Gen Z လေးတွေ ပျော်လို့ဆန့်ကျင်နေတာမဟုတ်ဘူး...
သားသားမီးမီးတို့အတွက် မရှိမဖြစ်တဲ့ Gen Y တွေအားလို့ တွန်းလှန်နေတာမဟုတ်ဘူး...
ပိုင်ဆိုင်မှုတွေ ရာထူးအခွင့်လမ်းတွေ မငဲ့လို့
Gen X တွေ အားဖြည့်နေတာမဟုတ်ဘူး...
အားလုံးက ကိုယ်ပိုင်အသိရှိနေလို့
ကိုယ်ပိုင်အသိတောင်မရှိတဲ့သူအတွက်ကတော့
မှန်တာပေါ့ ဘာကွာသွားမှာမို့လို့...

14/03/2021

မှတ်တမ်းတင်ထားရမဲ့ ကိုးရီးယား

CDM မဝင်တဲ့ ကိုရီးယားနိုင်ငံမှာရှိတဲ့
မြန်မာသံရုံးကို ကိုရီးယားအစိုးရက
ပညာပေးလိုက်တယ်...

ကိုရီးယားရောက် မြန်မာပြည်သူတွေက
မြန်မာသံရုံးရှေ့မှာ CDM ဝင်ဖို့တောင်းဆို
ဆန္ဒပြနေပေမယ့်...

မြန်မာသံအမတ်ကြီးက...
CDM ဝင်ရောက်ခြင်းမရှိသလို
ဆန္ဒပြပြည်သူတွေကို လက်ခံတွေ့ဆုံခြင်းလည်း
မရှိခဲ့ပါဘူး...

ဒါကို ကိုရီးယားအစိုးရက
ဘာမှ ဝင်ရောက်စွတ်ဖက်ခြင်းမပြုခဲ့ဘဲ
ဒီနေ့မနက်မှာတော့...

မြန်မာနိုင်ငံရဲ့
နိုင်ငံရေးအခြေနေ အရပ်ရပ်ကြောင့်
ကိုရီးယားနိုင်ငံရောက်
မြန်မာလူမျိုးတွေအားလုံး မြန်မာနိုင်ငံမှာ
နိုင်ငံရေး တည်တည်ငြိမ်ငြိမ်မဖြစ်မခြင်း
ဗီဇာသက်တမ်းတိုးစရာမလိုဘဲ
ကိုရီးယားနိုင်ငံမှာ နေထိုင်နိုင်ပါတယ်လို့
ကြေငြာချက်ထုတ်ခဲ့တယ်...

ဆိုလိုတာကေတာ့
ကိုရီးယားရောက် မြန်မာလူမျိုးတွေ
ပတ်စိပို့စ်ကိစ္စတွေ ဗီဇာကိစ္စတွေအတွက်
မြန်မာသံရုံးကို သွားစရာမလိုတော့ဘူးပေါ့...
ဘာမခွန်အခမှ မြန်မာသံရုံးကို
ပေးစရာမလိုတော့ဘူးပေါ့...

ဒီတော့ ကိုရီးယားမှာရှိနေတဲ့
မြန်မာသံရုံး ဝန်ထမ်းတွေ
CDM မဝင်လည်း...
ဘာအလုပ်မှ လုပ်စရာမရှိတော့ပါဘူး...
သန်းရှာရင်းသာ နေကြပေတော့...

ကိုရီးယားအစိုးရလို
တခြားနိုင်ငံ အစိုးရတွေလည်း
လုပ်လာကြရင်တော့
ဘာပြောကောင်းမလဲ...

ဘဲဒီးဂွတ်ပေါ့ဗျာ...
ဘဲဒီးဂွတ် ဘဲဒီးဂွတ်...

crd.

14/03/2021

အခုအချိန်ထိ CDMလုပ်နေတဲ့ Bankerတွေကို ကျေးဇူးအထူးတင်ပါတယ်🙏🙏🙏
ဘယ်လိုအခက်အခဲပဲရှိနေပါစေ ပြည်သူတွေနဲ့တစ်သားတည်းရှိနေပေးတဲ့အတွက်လဲ ကျေးဇူးပါ🥰🥰🥰

12/03/2021

ဘဏ်တွေဖွင့်တော့မယ်တို့ ဖွင့်ဖို့ ပြင်ဆင်နေပြီတို့ တွေ့ရပါတယ်...

ဖွင့်ခဲ့ရင် သူငယ်ချင်းတွေကို အကူညီတောင်းပါတယ်...
ဘဏ်မှာ ငွေစုစု မစုစု
ဘဏ်ရဲ့ ဝန်ဆောင်မှူ လိုအပ်သည်ဖြစ်စေ
မလိုအပ်သည် ဖြစ်စေ

ကိုယ်နဲ့ နည်းစပ်ရာဘဏ်ကို သွားပေးကြပါ
သောက်လုပ်ဝိုင်းရှုပ်ပေးကြပါ....

အနည်းဆုံးတော့ မှတ်ပုံတင်ကိုင်ပြီး ငွေလွှဲရောက်မရောက် သွားမေးပေးကြပါ...

နောက် တစ်ထောင်ကျပ် ရင်းပြီး ငွေစုစာအုပ်ဖွင့်မယ် ပြောပါ
အတိုးနှုန်းတွေ အကြောင်း စည်းမျဉ်း စည်းကမ်းတွေ အကြောင်း သိသိ မသိသိ မေးပါ ရစ်ပါ
မေးစရာတွေ အများကြီး ရှိပါတယ်
Current , Saving , Fixed စာရင်းအမျိုးအစားအစုံကို
စုံစုံစိစိ နှိုက်နှိုက်ချွတ်ချွတ် မေးပြီး အချိန်ဖြုန်းကြပါ...

တခြား ဘဏ်လုပ်ငန်းဝန်ဆောင်မှူတွေကိုလည်း
သိချင်ချင် မသိချင်ချင် မေးပါ...

Mobile Banking Log ကျတာတို့
MPU Card Pin မေ့တာတို့
VISA Cardတို့ ဘာတို့ စုံနေအောင် မေးလို့ ရစ်လို့ ရပါတယ်

ဘာPay ညာPay အဆုံးပေါ့... မေးပါ ရစ်ပါ

သောက်လုပ်ကို မျိုးစုံ ရှုပ်ပေးပါ
ပိုက်ဆံ မပေးပဲ သောက်လုပ်ရှုပ်အောင် လုပ်လို့ ရတဲ့ နည်းတွေ အများကြီးရှိပါတယ်...

ပိုက်ဆံထုတ်မယ့်လူတွေလည်း ထုတ်လို့ရတဲ့ငွေကို တစ်ရွက်ချင်းစစ်ပြီး မကြိုက်မချင်း လဲလှယ်ခိုင်းပါ
Customer သာလျှင် အဓိက မို့ Complain နာနာတက်ကြပါ...

ဘာမှ လုပ်စရာမရှိရင် တစ်ရာ ဆယ်ရွက် နဲ့ လဲပေးပါတို့ ငါးဆယ်တန် ဘယ်နှရွက်တို့ စသည်ဖြင့် အကြွေ ဝင်လဲကြပါ....

မရဘူး မလုပ်ပေးဘူး ငြင်းတဲ့ ဝန်ဆောင်မှူ အမျိုးအစားရှိရင်တောင် ဘာလို့မရတာလဲတို့ ဘယ်တော့ ရမှာလဲတို့ ရခဲ့ရင် ဘယ်လိုမျိုးလဲတို့ မေးစရာတွေ များပါတယ်...

CDM မလုပ်ချင်တဲ့ လူတွေလည်း အရစ်ခံရပါ များရင် စိတ်ညစ်သွားမှာပါ...

ဖြေတဲ့ သောက်ချိုးမကြိုက်ရင်လည်း နံရံမှာ ကပ်ထားတဲ့ QR Code ကို Scanလုပ်ပြီး ဝန်ဆောင်မှူ ညံ့ဖျင်းကြောင်း တိုင်ခဲ့ပါ...

11/03/2021

VCS

10/03/2021

တနေ့တနေ့မိုးလင်းမှာစိုးရိမ်မိတယ်
အိပ်ရာနိုးတာနဲ့ ဗြုန်းကနဲ ရေချိုးခန်းတန်းဝင်
အင်္ကျီလဲ ကျောပိုးအိတ် တလုံးလွယ်။
တခုခုစား ဘို့လုပ်ပေးထားပေမဲ့ အာရုံမရှိ
ဒီနေ့ဘယ်သွားမလဲ မေးရင် အရင်ရက်တွေက ဆူးလေ လှည်းတန်း စမ်းချောင်း ဗားကရာ ဘယ် ဘာပြောသွားတယ်
ဒီနေ့ ဘယ်လဲဆိုတော့ သပိတ်ရှိရာတဲ့
ဒီနေ့ပစ်မှာတဲ့နော်လို့ သတိပေးရင်!
ဘယ်နေ့က မပစ်လို့လဲတဲ့ ၊အဲလိုစကားတွေမပြောနဲ့မဖြန့်နဲ့တဲ့။လူတရာလာမှာ ငါးဆယ်ဘဲလာတော့မယ်တဲ့ ။ကြောက်အောင်မပြောနဲ့တဲ့ကြောက်နေလို့မရဘူးတဲ့။လူလဲပိန် မဲလဲမဲ။
သေနတ်မပါ ကျည်ဆံမပါ ကျောပိုးအိတ်တလုံး လက်သုံးချောင်းနဲ့ ထွက်သွားပြန်ပြီ။ ဖုန်းခဏခဏမဆက်နဲ့တဲ့။
သူထွက် ကိုယ်ထွက် ပေါ့။ညနေအိမ်မှာ လူစုံ ချိန် ရောက်မှ ဟင်းချ ။အာဏာသိမ်းကထဲက စိတ်မောရသော ရက်များ ။
(အသက်ပေးခဲ့ရသော သူရဲ‌ကောင်းမိသားစုများအား များစွာ ကိုယ်ချင်းစာမိပါကြောင်းနှင့်
အလေးပြု ဦးညွှတ်လျှက်)

Want your business to be the top-listed Finance Company in Hlaing?
Click here to claim your Sponsored Listing.

Videos (show all)

7-jan-2023အဖေရယ် ဆုံးသွားတာ ခြောက်လ ဆိုပေမယ့် ဒီနေ့အထိ မေ့မရနိုင်ပါဘူး အဖေရယ်အဖေက သားတို့ ရဲ့ ကမ္ဘာကြီးပါအဖေ့ကို လွမ်းတယ...

Telephone

Address


Hlaing

Other Investing Services in Hlaing (show all)
Venus Techno Venus Techno
No. 12+1(A) 108, U Thin Pe Street
Hlaing, 11111