TIME STUDY Book Center
Japanese Language Educational book sale center.
စီးပွားရေးသမားနဲ့ Apprentice Asia ကြယ်ပွင့်တစ်ဦးဖြစ်သူ တိုနီဇာနန်ဒက်စ်ဟာ ငယ်စဉ်က ပိုင်းလော့တစ်ဦး၊ ဘောလုံးသမားတစ်ဦးနဲ့ ပြိုင်ကားမောင်းသမားတစ်ဦးဖြစ်ချင်ခဲ့သူပါ။ ၂၀၁၁ ခုနှစ်အရောက်မှာတော့ တိုနီဟာ သူ့ကိုယ်ပိုင်လေကြောင်းလိုင်းကိုတည်ထောင်ပြီးပြီ၊ ကိုယ်ပိုင် ဖော်မြူလာဝမ်းပြိုင်ကားအသင်းကိုလည်း ပိုင်ဆိုင်နေပြီ၊ သူ ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားပြီဖြစ်တဲ့ အင်္ဂလိပ်ဘောလုံးအသင်း Queens Park Rangers ကို ၁၅ နှစ်ကြာ တိမ်မြုပ်နေတဲ့အနေအထားကနေ Premier Leauge ပွဲစဉ်ထဲက ထိပ်တန်းအသင်းဖြစ်စေခဲ့ပါပြီ။
လက်ရှိ ၂၀၂၀ပြည့်နှစ် Forbes ရဲ့စာရင်းအရ သူ့ရဲ့ Net Worth ကအမေရိကန်ဒေါ်လာ ၃၃၅ သန်းရှိပါတယ်။ "Flying High" (AirAsia နှင့် တိုနီဖာနန်ဒက်စ် ) ဆိုတဲ့ သူ့ကိုယ်တိုင်ရေး အတ္ထုပတ္ထိစာအုပ်ထဲမှာတော့ အာရှရဲ့ပထမဆုံး စရိတ်သက်သာလေကြောင်းလိုင်းကိုတည်ထောင်ခဲ့တဲ့ ၊ အာရှမှာ လေကြောင်းခရီးသွားခြင်းပုံစံကို စိတ်ကြိုက်ရွေးချယ်ခွင့် ဖွင့်ပေးခဲ့တဲ့ ၊ AirAsia ကို ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ကုမ္ပဏီဖြစ်အောင် တည်ထောင်ခဲ့တဲ့ အလွန်တရာမှထူးချွန်တဲ့ စီးပွားရေးသမားတစ်ဦးအကြောင်းကို ဖတ်ရှုရမှာဖြစ်တယ်။
သာမန်လူတစ်ဦးဘဝကနေ စီးပွားရေးလောကရဲ့ဦးသျှောင်တစ်ဦးဖြစ်လာပုံကို သူကိုယ်တိုင်ပြောပြထားတဲ့ စိတ်ဝင်စားဖွယ်ဇာက်ကြောင်းအဖြစ် ပေါပေါ့ပါးပါးနဲ့ဖတ်ရှုနိုင်သလို ... လူနေချုံကြားစိတ်နေဘုံဖျား သာမန်လူတို့အနေနဲ့ ကိုယ်တိုင်လိုက်ပါစီးမျောရင်း မှတ်သားစရာတွေလည်း ထုတ်ယူနိုင်ပါလိမ့်မယ်။
⭐⭐
ခိုင်မာတဲ့အသင်းအဖွဲ့ကိုတည်ထောင် ၊ ပြီးရင် သူတို့ ဆုံးဖြတ်ချက်တွေချနိုင်ဖို့ လုပ်ပိုင်ဖွင့်အာဏာကိုပေး...
⭐⭐
နှိမ့်ချတတ်ပါ ... ပြီးတော့ သင်ဘယ်နေရာက စတင်ခဲ့သလဲ ဘယ်တော့မှ မမေ့ပါနဲ့
🌼🌼🌼
📚Air Asia နှင့် တိုနီဖာနန်ဒက်စ်
• စာအုပ်တန်ဖိုး - 18,000 ကျပ်
• စာမျက်နှာ - 352
စာအုပ်မှာယူလိုပါက...
📌Messanger: m.me/TIMESTUDYBOOKCENTER
🛒ကိုယ်တိုင်လာရောက်ဝယ်ယူလိုပါက
📚TIME STUDY Book Center📚
A-10 (ပထမထပ်)
(၉) ရပ်ကွက်၊ အင်းစိန်လမ်းမကြီး
လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
🟢လှည်းတန်းဘက်မှလာလျှင်ဆင်ရေတွင်းမှတ်တိုင်နှင့် ဘူတာရုံမှတ်တိုင်ကြား
(တက္ကသိုလ်ဘဝဖုန်းကာဗာဆိုင်အပေါ်ထပ်
ရွှေဇင်ယော် ဆီဆိုင်ရှေ့)
📚TIME STUDY Book Center📚
A - 10, 1st Floor, Insein Road,
9 Quarter, Hlaing Township,
Yangon, Myanmar
📍Google Map : https://maps.app.goo.gl/iqCMDkym3AmsqbAq9
☎️Phone : 09 445 018 498 , 09 769 992 018
🍀🍀🍀
မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းဆိုတာ
မိမိကိုယ်ကို တန်ဖိုးထားတတ်ခြင်း
(Self-worth) ကနေ လာတယ်။
မိမိိကိုယ်ကိုယုံကြည်မှုရှိတဲ့သူတစ်ယောက်ဟာ
လူအများလျှောက်တဲ့လမ်းကို ရွေးဖို့ထက်
ကိုယ့်ဆုံးဖြတ်ချက်နဲ့ မှန်တယ်ထင်ရင်
ရွေးချယ်ရဲ ၊ လုပ်ရဲတယ်။
မိမိကိုယ်ကိုယုံကြည်မှုရှိခြင်းဟာ
ဘယ်နေရာကမှ ထွက်လာတာမဟုတ်ဘူး။
အလုပ်တစ်တခုကို တစိုက်မတ်မတ် လုပ်ရင်းကနေရလာတာပါ။
🌼🌼🌼
📚မိမိကိုယ်ကို ယုံကြည်မှုတည်ဆောက်ခြင်း
• စာအုပ်တန်ဖိုး - 12,000 ကျပ်
• စာမျက်နှာ - 169
စာအုပ်မှာယူလိုပါက...
📌Messanger: m.me/TIMESTUDYBOOKCENTER
🛒ကိုယ်တိုင်လာရောက်ဝယ်ယူလိုပါက
📚TIME STUDY Book Center📚
A-10 (ပထမထပ်)
(၉) ရပ်ကွက်၊ အင်းစိန်လမ်းမကြီး
လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
🟢လှည်းတန်းဘက်မှလာလျှင်ဆင်ရေတွင်းမှတ်တိုင်နှင့် ဘူတာရုံမှတ်တိုင်ကြား
(တက္ကသိုလ်ဘဝဖုန်းကာဗာဆိုင်အပေါ်ထပ်
ရွှေဇင်ယော် ဆီဆိုင်ရှေ့)
📚TIME STUDY Book Center📚
A - 10, 1st Floor, Insein Road,
9 Quarter, Hlaing Township,
Yangon, Myanmar
📍Google Map : https://maps.app.goo.gl/iqCMDkym3AmsqbAq9
☎️Phone : 09 445 018 498 , 09 769 992 018
📚📚📚
ပျော်ရွှင်စေဖို့အတွက် ပိုင်ဆိုင်မှုတွေကို နောက်ထပ်ရယူဖို့ကြိုးစားကြရမယ်ဆိုတဲ့ ကမ္ဘာကြီးမှာ နေရာတိုင်း နေရာတိုင်း ချမ်းသာကြွယ်ဝဖို့ ၊ အောင်မြင်ဖို့ဆိုတဲ့ ပုံရိပ်တွေက တရစပ်ထိုးနှက်နေပါတယ်။ ဒါပေမဲ့ အဆုံးသတ်မှာတော့ ကျွန်မတို့ ရရှိထားတဲ့ လေးနက်မှု မရှိတဲ့ အရာတွေ စိတ်ရှုပ်စရာတွေ ပေးပါတယ်။
ဒီစာအုပ်မှာ ထင်ထားတာထက် ပိုများပြားတဲ့ အမှိုက်တွေ (မလိုအပ်တဲ့အရာတွေ) ရှိတယ်ဆိုတာကို လေ့လာကြရမှာဖြစ်ပါတယ်။ နေအိမ်ထဲက အမှိုက်တွေကို ဘယ်လိုရှင်းမလဲဆိုတာတင်မကဘဲ ပေါင်းသင်းဆက်ဆံရေးတွေ ၊ စိတ်ခံစားမှုတွေနဲ့ နောက်ထပ် အရာတွေများစွာက အမှိုက်တွေကို ဘယ်လိုရှင်းရမလဲဆိုတာလည်း ပါဝင်ပါတယ်။
🌺🌺🌺
📒 ရောင့်ရဲခြင်းအနုပညာ (ထက်ထက်ဇာ)
• စာအုပ်တန်ဖိုး - 12,000 ကျပ်
• စာမျက်နှာ -173
စာအုပ်မှာယူလိုပါက...
📌Messanger: m.me/TIMESTUDYBOOKCENTER
🛒ကိုယ်တိုင်လာရောက်ဝယ်ယူလိုပါက
📚TIME STUDY Book Center📚
A-10 (ပထမထပ်)
(၉) ရပ်ကွက်၊ အင်းစိန်လမ်းမကြီး
လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
🟢လှည်းတန်းဘက်မှလာလျှင်ဆင်ရေတွင်းမှတ်တိုင်နှင့် ဘူတာရုံမှတ်တိုင်ကြား
(တက္ကသိုလ်ဘဝဖုန်းကာဗာဆိုင်အပေါ်ထပ်
ရွှေဇင်ယော် ဆီဆိုင်ရှေ့)
📚TIME STUDY Book Center📚
A - 10, 1st Floor, Insein Road,
9 Quarter, Hlaing Township,
Yangon, Myanmar
📍Google Map : https://maps.app.goo.gl/iqCMDkym3AmsqbAq9
☎️Phone : 09 445 018 498 , 09 769 992 018
ယခုလပတ်အတွင်း အရောင်းရဆုံးစာအုပ်များ ..📚📚
▪️မပြိုင်ဘဲ နိုင်အောင်လုပ်ပါ - DR. PHYO PAING
▪️ငွေရှာနည်း ၊ ငွေကြေးစီမံခန့်ခွဲမှုပညာနှင့် ကြွယ်ဝမှုစိတ်ထား - ဟိန်းဇော်
▪️ဘဝရဲ့ဒီဇိုင်း - အောင်မင်းညိမ်း
▪️စတင်ညှို့ငင်လိုက်ပါ - TEAM NYANA ဘာသာပြန်
▪️မိမိကိုယ်ကို ယုံကြည်မှုတည်ဆောက်ခြင်း - DR. MOE
▪️မိမိကိုယ်ကို တန်ဖိုးမြှင့်တင်ခြင်း - မြင့်မြင်ခင်
▪️ရောင့်ရဲခြင်းအနုပညာ - ထက်ထက်တင်ဇာ
▪️တစ်ကိုယ်တည်းနေခြင်းအနုပညာ - ကြည်ကြည်
▪️ဂျပန်တို့၏ သက်ရှည်ပျော်ရွှင်ဘဝနေနည်း အိကီဂိုင် - မောင်သန်း
▪️Air Asia နှင့် တိုနီဖာနန်ဒက်စ် - စိုးသိဏ်း
📖📖
👉စာအုပ်မှာယူလိုပါက...
📌Messanger: m.me/TIMESTUDYBOOKCENTER
🛒ကိုယ်တိုင်လာရောက်ဝယ်ယူလိုပါက
📚TIME STUDY Book Center📚
A-10 (ပထမထပ်)
(၉) ရပ်ကွက်၊ အင်းစိန်လမ်းမကြီး
လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
🟢လှည်းတန်းဘက်မှလာလျှင်ဆင်ရေတွင်းမှတ်တိုင်နှင့် ဘူတာရုံမှတ်တိုင်ကြား
(တက္ကသိုလ်ဘဝဖုန်းကာဗာဆိုင်အပေါ်ထပ်
ရွှေဇင်ယော် ဆီဆိုင်ရှေ့)
📚TIME STUDY Book Center📚
A - 10, 1st Floor, Insein Road,
9 Quarter, Hlaing Township,
Yangon, Myanmar
📍Google Map : https://maps.app.goo.gl/iqCMDkym3AmsqbAq9
☎️Phone : 09 445 018 498 , 09 769 992 018
🍀🍀🍀
ဆရာကြီးမြသန်းတင့်၏ လက်ရာကောင်းဖြစ်သော ရှားလော့ဟုမ်း series အလိုက် စာအုပ်များ ရောက်ရှိလာပါပြီ...😍😍😍
၁။ ရှားလော့ဟုမ်း၏ မှတ်တမ်းများ ၁၂၀၀၀ ကျပ်
၂။ ရှားလော့ဟုမ်း၏ စွန့်စားခန်းများ. ၁၆၀၀၀ ကျပ်
၃။ ရှားလော့ဟုမ်း၏ အမှုတွဲများ. ၁၂၀၀၀ ကျပ်
၄။ ရှားလော့ဟုမ်း၏ သည်းထိတ်ရင်ဖို. ၁၂၀၀၀ ကျပ်
၅။ ရှားလော့ဟုမ်း ပြန်လာပြီ ၁၈၀၀၀ ကျပ်
၆။ ရှားလော့ဟုမ်း၏ နောက်ဆုံး ဦးညွှတ်ခြင်း. ၁၂၀၀၀ ကျပ်
📚📚
မှုခင်းပညာရပ်များ ၊ စုံထောက်ပညာရပ်များကို လေ့လာချင်သူများ ၊ ဇာက်ကောင်၏ အမှုခင်းပြဿနာများ ဖြေရှင်းနည်းများ ၊ ခက်ခဲနက်နဲသည့် အကြောင်းအရာကို နက်နက်နဲနဲ စဉ်းစားတွေးခေါ်ဖြေရှင်းသည့် ပညာရပ်များ ၊ စုံထောက်ဝတ္ထုကို နှစ်သက်သူများအတွက် ဖက်ရှုသင့်သည့် စာအုပ်ကောင်းများ ဖြစ်ပါသည်။🥰🥰
👉စာအုပ်မှာယူလိုပါက...
📌Messanger: m.me/TIMESTUDYBOOKCENTER
☎️Phone : 09 445 018 498 , 09 769 992 018
လူတိုင်းလူတိုင်းသည် ကြီးပွားချမ်းသာလိုသူများဖြစ်ကြ၏။ နာမည်ကျော် ပုဂ္ဂိုလ်ထူးကြီး ဖြစ်လိုကြ၏။ တိုက်ကြီးတာကြီးများဖြင့် စည်းစိမ်အပြည့် ခံစားလိုကြ၏။
လူသားတစ်ဦးစီ၏ လိုလားမှု မိမိဝါသနာအရ
လုပ်ငန်းအားဖြင့် ကွဲပြားခြားနားစေကာမူ နောက်ဆုံးရည်မှန်းချက်မှာ အဆုံးစွန်ပြည့်စုံသော လောကီဂုဏ်၊
ဓနဂုဏ် စသည့် အရာများဖြစ်ကြလေသည်။ ယင်းသို့
မိမိတို့ရည်မှန်းချက်ကို ပြည့်စုံအောင်လည်း
အရွယ်ရောက်သည့်အချိန်မှစ၍ သေခါနီး
ပက်လက်လဲကျနေသည့် နေ့အထိ ကြိုးပမ်းနေကြလေသည်။
သို့ရာတွင် လူသားတိုင်းသည် မိမိရည်ရွယ်ချက်ကို
တိုတောင်းသော အသက်အပိုင်းအခြား ကာလအတွင်း
ပြည့်စုံသွားကြသလား။ အကယ်၍ လူသားတိုင်းသည်
မိမိရည်ရွယ်ချက် ပြည့်စုံကြသည်ဆိုလျှင် အမိုးမလုံသော
အိမ်ငယ်များ၊ နေစရာမရှိသော ဒုက္ခိတများ၊
ဆင်းရဲသားများ စသည်တို့ကို ကျွန်ုပ်တို့ မျက်စိဖြင့်
မြင်တွေ့နေကြရမည် မဟုတ်ချေ။ယင်းသို့ အနိမ့်အမြင့်၊
အတိုအရှည်သတ္တဝါများ ကွဲပြားရခြင်းမှာ
သတ္တဝါတစ်ဦးစီ၏ ကမ္မသတ္တိကြောင့်ဖြစ်ကြောင်း
ပိဋကတ်စာပေများက အခိုင်အလုံယူဆထားကြလေသည်။
သတ္တဝါတစ်ဦး၏ ကောင်းကျိုးနှင့်ဆိုးကျိုးကို
မည်သည့်နတ်ကသော်လည်းကောင်း၊
ဗြဟ္မာကသော်လည်းကောင်း၊ ဘုရားကသော်လည်းကောင်း သို့မဟုတ် မည်သည့်ကယ်တင်ရှင်တစ်ဦးသော်လည်းကောင်း ပြုပြင်၍၊ ဖန်တီး၍ မပေးနိုင်ချေ။
(လေးစားစွာဖြင့်
Crd သားငယ်စာပေ) 🍀
📒 📒 📒
• စာအုပ်တန်ဖိုး - 16,500 ကျပ်
• စာမျက်နှာ -296
• စာအုပ်ထွက်မည့်ရက် - 10.9.2024
(Pre - Order)
👉စာအုပ်မှာယူလိုပါက...
📌Messanger: m.me/TIMESTUDYBOOKCENTER
🛒ကိုယ်တိုင်လာရောက်ဝယ်ယူလိုပါက
📚TIME STUDY Book Center📚
A-10 (ပထမထပ်)
(၉) ရပ်ကွက်၊ အင်းစိန်လမ်းမကြီး
လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
🟢လှည်းတန်းဘက်မှလာလျှင်ဆင်ရေတွင်းမှတ်တိုင်နှင့် ဘူတာရုံမှတ်တိုင်ကြား
(တက္ကသိုလ်ဘဝဖုန်းကာဗာဆိုင်အပေါ်ထပ်
ရွှေဇင်ယော် ဆီဆိုင်ရှေ့)
📚TIME STUDY Book Center📚
A - 10, 1st Floor, Insein Road,
9 Quarter, Hlaing Township,
Yangon, Myanmar
📍Google Map : https://maps.app.goo.gl/iqCMDkym3AmsqbAq9
☎️Phone : 09 445 018 498 , 09 769 992 018
📖📖📖
🌸လက်ကျန်လရောင် - ပုညခင်
🌸ဟယ်လို ... ဖေဖေ - စုမြတ်ချစ်
🌸အိကီဂိုင် - ဂျပန်တို့၏ သက်ရှည်ပျော်ရွှင် ဘဝနေနည်း
📚🔖 ပြီးခဲ့တဲ့အပတ်က ရောက်ရောက်ချင်း ပထမရက်မှာပဲကုန်သွားသည့် Ikigai - အိကီဂိုင် စာအုပ်လေးနှင့် အခြားPre-Order စာအုပ်များ BOOK CENTER သို့ ထပ်မံရောက်ရှိလာပါပြီ ။
❣️Pre-order အမှာတင်ထားသည့် Customers များ အား ပို့ဆောင်ပေးသွားမှာဖြစ်ပြီး ဝယ်ယူအားပေးမှုအတွက် အထူးပင်ကျေးဇူးတင်ရှိပါသည်။ 🙇
လူမှုနယ်ပယ်အသီးသီးက လူတွေအကြောင်း၊ လူ့အဖွဲ့အစည်းတွေအကြောင်းကို သီးသန့် လေ့လာတဲ့ တက္ကသိုလ်သင်ရိုးမိတ်ဆက် လူမှုရေးသိပ္ပံဘာသာရပ် "လူမှုဗေဒပညာ"
* * * * * * * * * * * * * * * * * *
လူမှုဗေဒပညာ ဆိုတာ လူ့အဖွဲ့အစည်းတွေနဲ့ လူ့အဖွဲ့အစည်းထဲက လူတွေကို သိပ္ပံနည်းကျ လေ့လာတဲ့ ပညာရပ် ဖြစ်တယ်။ လူမှုရေးသိပ္ပံ (Social Science) ဘာသာရပ်တွေ ဖြစ်ကြတဲ့ စိတ်ပညာ (Psychology) နဲ့ လူမှုဗေဒပညာ (Sociology) တို့မှာ စိတ်ပညာက လူတစ်ဦးချင်း အပြုအမူကို စိတ်ဝင်စားတယ်။ ဥပမာ- လူတစ်ဦးရဲ့ ကိုယ်ရည်ကိုယ်သွေး အားနည်းမှု၊ ငယ်စဥ်ကလေးဘဝက မှားယွင်းတဲ့ သင်ယူမှုတွေကြောင့် အဲဒီလူ ဆေးစွဲ၊ စိတ်ရောဂါ ဖြစ်ရတယ် ဆိုတဲ့ ရှုထောင့်မျိုးက ချဥ်းကပ်လေ့လာတယ်။ လူမှုဗေဒပညာကတော့ အဲဒီလူ ဖြတ်သန်းနေရတဲ့ လူ့အဖွဲ့အစည်းအပေါ် ကြည့်မြင် အဖြေရှာလိမ့်မယ်။ ဥပမာ- လူ့အဖွဲ့အစည်းတစ်ဖွဲ့ဟာ လူတွေရဲ့ အောင်မြင်မှုကို တန်ဖိုးထားတယ်။ ဒါပေမဲ့ လူတွေကို အောင်မြင်ဖို့ လမ်းဖွင့်မပေးဘူး ဆိုရင် အဲဒီ လူ့အဖွဲ့အစည်းထဲက လူတွေဟာ ဘေးကျပ်နံကျပ် အခြေအနေကြီးထဲမှာ ဘာလုပ်ရမှန်း မသိ၊ ထွက်ပေါက်ပိတ်ကုန်ကြပြီး ဆေးစွဲတာတွေ၊ စိတ်ရောဂါတွေ ဖြစ်ကုန်မယ်လို့ ချဥ်းကပ် အကြောင်းရှာ ကြည့်မြင်လိမ့်မယ်။ လူ့အဖွဲ့အစည်းဟာ လူတစ်ဦးချင်းနဲ့ ဖွဲ့စည်းထားတာ ဖြစ်လို့ စိတ်ပညာ၊ ဒါမှမဟုတ် လူမှုဆက်ဆံရေးစိတ်ပညာ သဘောတရားတွေကိုလည်း ချန်လှပ်ထားလို့ မရပါဘူး။
လူအဖွဲ့အစည်းတွေကို ကွဲပြားခြားနားတဲ့ ရှုထောင့်များစွာ၊ နည်းလမ်းများစွာနဲ့ လေ့လာနိုင်ပါတယ်။ လူမှုဗေဒပညာရှင်တွေအနေနဲ့ လူ့အဖွဲ့အစည်းတွေရဲ့ အဓိကကျတဲ့ အရေးကြီး အစိတ်အပိုင်းတွေထိ ဆင့်ကဲဖြစ်စဥ်တွေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်အောင် မတ်ခရို (macro) နည်း၊ ဒါမှမဟုတ် အဖွဲ့အစည်းတစ်ဖွဲ့လုံးကို စိစစ်မှုနည်းကို သုံးကြတယ်။ အုပ်စုငယ်လေးတွေအတွက်တော့ အသေးစိတ်အဆင့်ထိ စိစစ်လေ့လာတဲ့ မိုက်ခရို (micro) နည်းကို အသုံးပြုကြတယ်။ တစ်ခါတစ်ရံ စိတ်ပညာရှုထောင့်ကနေ လေ့လာတာမျိုးလည်း ရှိတယ်။ ဒီလို လေ့လာနည်းတွေ၊ သီအိုရီတွေဟာ အဆင့်ဆင့် အမျိုးအစားတွေ ကွဲပြားစွာ တည်ရှိနေကြသလို အသုံးဝင်ပုံချင်းလည်း ဆက်စပ်နေတယ်။ လူမှုဗေဒဘာသာရပ်ဟာ အဓိကအားဖြင့် မတ်ခရိုအဆင့်ကို ပိုအလေးထားတယ်။ စီးပွားရေး၊ နိုင်ငံရေးလှုပ်ရှားမှု၊ နိုင်ငံအစိုးရအဖွဲ့အစည်း၊ ကမ္ဘာ့အဖွဲ့အစည်းတို့ရဲ့ လူမှုအပြောင်းအလဲတွေဟာ ပညာရေးအပေါ်၊ မိသားစုတွေအပေါ်၊ လူတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေအပေါ် ဘယ်လို အကျိုးသက်ရောက်စေတယ် ဆိုတာမျိုးတွေကို သမိုင်းပညာရပ်၊ မနုဿဗေဒပညာရပ်နဲ့ ယှဥ်ထိုး စဥ်းစားတာတွေ၊ လွှမ်းခြုံလေ့လာတာတွေ လုပ်ဆောင်ပါတယ်။ ဒါကြောင့် ဘာသာရပ်နယ်ပယ်ဟာ ကျယ်ပြန့်လွန်းပြီး လေ့လာတဲ့ အကြောင်းအရာတွေဟာ လူတွေ လုပ်ဆောင်တဲ့ ကိစ္စရပ်တိုင်းနီးပါးနဲ့ သက်ဆိုင်နေတယ်။
တက္ကသိုလ်သင်ရိုးမိတ်ဆက် ဖြစ်တဲ့ လူမှုဗေဒပညာရပ်မှာ "လူ့အဖွဲ့အစည်းတွေ ဘယ်လို ဆင့်ကဲ ပေါ်ပေါက်လာသလဲ၊ ရုပ်ယဥ်ကျေးမှုနဲ့ ရုပ်ဝတ္ထုမဲ့ယဥ်ကျေးမှုတွေ ဘယ်လို ဆင့်ကဲ ထွန်းကားလာသလဲ၊ လူမှုအလွှာတွေ ဘယ်လို ဖွဲ့စည်းပေါ်ပေါက်လာပြီး လူတွေအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိသလဲ၊ ရာဇဝတ်မှုခင်း၊ ကျင့်ဝတ်စည်းကမ်း မလိုက်နာမှုတွေ ဘာကြောင့် ဖြစ်လာသလဲ၊ မိသားစုအဖွဲ့အစည်း၊ စီးပွားရေး၊ ပညာရေး၊ ဘာသာရေး၊ နိုင်ငံအစိုးရအဖွဲ့အစည်းတွေ ပေါ်ပေါက်လာပုံ၊ လူဦးရေ ဖွဲ့စည်းမှုရဲ့ လူတွေအပေါ် သက်ရောက်မှု၊ မြို့ပြများ ဖြစ်ပေါ်ပြောင်းလဲလာမှုအကြောင်း၊ ကမ္ဘာ့နိုင်ငံအလွှာအဖွဲ့အစည်းတွေ၊ ပဋိပက္ခတွေ၊ တော်လှန်ရေးတွေ ဘယ်လို ဖြစ်ပေါ်လာသလဲ" ဆိုတာ သူ့ရဲ့ ဘာသာရပ်ရှုထောင့်ကနေ လေ့လာထားပါတယ်။
ဒီနေ့ခေတ် အရေးကိစ္စတွေကို နားလည်ဖို့၊ ဆောင်ရွက်ဖြေရှင်းနိုင်ဖို့ လူ့အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ အသိပညာတွေကို ကျွန်ုပ်တို့ သိထားဖို့ လိုအပ်တယ်။ လူ့အဖွဲ့အစည်းအတွင်းက လူတွေရဲ့ အပြန်အလှန် တုံ့လှယ်မှုပုံစံတွေ၊ သဘောသဘာဝတွေဟာ ကျွန်ုပ်တို့ဘဝအပေါ် လွှမ်းမိုးအကျိုးသက်ရောက်တဲ့ အရာတွေ ဖြစ်ကြောင်း လူမှုဗေဒပညာရပ်က ရှင်းလင်း အဖြေရှာပေးပါလိမ့်မယ်။
📚 လူမှုဗေဒပညာ [ လူအဖွဲ့အစည်းတွေထဲက လူတွေအကြောင်း ]
မြန်မာပြန်သူ- ဒေါက်တာမြင့်လွင် (စိတ်ပညာ)
မူရင်း - Sociology : Social Structure and Social Conflict by Harold R. Kerbo
(လေးစားစွာဖြင့်
Crd ရွှေခွန်းချို စာပေ) 🍀
စာမျက်နှာ - ၆၉၀၊ တန်ဖိုး - ကျပ် သုံးသောင်း။
ခန့်ချုပ်၊ စက္ကူအဖြူ/ချော၊ ၆×၉ လက်မဆိုဒ်။
👉စာအုပ်မှာယူလိုပါက...
📌Messanger: m.me/TIMESTUDYBOOKCENTER
🛒ကိုယ်တိုင်လာရောက်ဝယ်ယူလိုပါက
📚TIME STUDY Book Center📚
A-10 (ပထမထပ်)
(၉) ရပ်ကွက်၊ အင်းစိန်လမ်းမကြီး
လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
🟢လှည်းတန်းဘက်မှလာလျှင်ဆင်ရေတွင်းမှတ်တိုင်နှင့် ဘူတာရုံမှတ်တိုင်ကြား
(တက္ကသိုလ်ဘဝဖုန်းကာဗာဆိုင်အပေါ်ထပ်
ရွှေဇင်ယော် ဆီဆိုင်ရှေ့)
📚TIME STUDY Book Center📚
A - 10, 1st Floor, Insein Road,
9 Quarter, Hlaing Township,
Yangon, Myanmar
📍Google Map : https://maps.app.goo.gl/iqCMDkym3AmsqbAq9
☎️Phone : 09 445 018 498 , 09 769 992 018
အိန္ဒိယနိုင်ငံ ယူနီဗာစီတီကြီးများတွင် M.A တန်း၌ ပြဌာန်းထားခံရသော A History of Indian Literature ကျမ်းတွဲကြီး။
• • • • • • • • • • •
“ထေရဝါဒ၊ မဟာယာန ဗုဒ္ဓဘာသာ ဟူ၍ ဘာကြောင့်များ ကွဲပြားခြားနားရပါလိမ့်” ဆိုသော ပြဿနာများ၏ အဖြေမှန်အတွက် .....
အိန္ဒိယစာပေသမိုင်း၊ "ဗုဒ္ဓစာပေကဏ္ဍ"
စာမျက်နှာ - ၅၄၆ (၆×၉ လက်မဆိုဒ်၊ စက္ကူဖြူ/ချော၊ ခန့်ချုပ်)
တန်ဖိုး - ၂၅၀၀၀ ကျပ်
ဤကျမ်းကို ဖတ်ရှုရခြင်းဖြင့် မိမိတို့ ဗုဒ္ဓဘာသာ ဤသမိုင်းကြောင်းဆိုင်ရာ အကြောင်းခြင်းရာများကို သိရှိနားလည်ခြင်း၊ မဟာယာန ဗုဒ္ဓဘာသာ အကြောင်းကို အချိန်တိုတိုကလေးနှင့် တီးမိခေါက်မိ ရှိခြင်း၊ ထေရဝါဒနှင့် မဟာယာန ဗုဒ္ဓဘာသာသည် ဘယ်အချိန်က စတင်ပြီး ကွဲခဲ့ပုံ အကြောင်းအရာများကို သိရှိရခြင်း၊ ဗုဒ္ဓစာပေနှင့် ကမ္ဘာ့စာပေလောက မည်သို့မည်ပုံ ကူးလူးဆက်ဆံသည်ကို သိရှိနားလည်ရခြင်း၊ အိန္ဒိယပြည်ရှိ အသောကကျောက်စာ စသော ကျောက်စာများအကြောင်းကို သိရှိခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေပေလိမ့်မည်။
ဗုဒ္ဓနှင့် လူသားသတ္တဝါတို့၏ စပ်ကြား အဆက်အသွယ် ဖြစ်စေသည့် အရာသည်ကား ဗုဒ္ဓ၏ တရားတော်သာ ဖြစ်၏။ ထိုဆက်သွယ်ချက်ကို ခြေခြေမြစ်မြစ် ကွဲကွဲပြားပြား သိရှိနိုင်ရန် ဗုဒ္ဓဘာသာ စာပေကဏ္ဍသည် အဓိက အရေးပါလှ၏။
* * * * * * * * * * *
ဘီစီ ၆ ရာစုနှစ်တွင် ပေါ်ပေါက် ထွန်းကားခဲ့သည့် ဂျိန်းဝါဒခေါင်းဆောင်၊ ဗုဒ္ဓနှင့် ခေတ်ပြိုင်ပုဂ္ဂိုလ် ဖြစ်သည့် မဟာဝီရ အကြောင်းကို စာပေရှုထောင့်၊ လူမှုဘဝရှုထောင့်၊ ကိုးကွယ်ရာ ဘာသာအယူဝါဒရှုထောင့်မှ ဆန်းစစ် သုတေသနပြုထားသော .......
အိန္ဒိယစာပေသမိုင်း၊ "ဗုဒ္ဓခေတ် ဂျိန်းအဘိဓမ္မာ"
စာမျက်နှာ - ၂၇၀ (၆×၉ လက်မဆိုဒ်၊ စက္ကူဖြူ/ချော၊ ခန့်ချုပ်)
တန်ဖိုး - ၁၂၀၀၀ ကျပ်
ဂျိန်းဘာသာ ဟူသည်မှာ ဗုဒ္ဓဂေါတမ ပွင့်တော်မမူမီကလေးကပင် ပေါ်ပေါက်ခဲ့သည်ဟု ယူဆရသော ဝရ်ဓမာန မဟာဝီရ၏ (ဝဎဍမာန မဟာဝီရ) ၏ ခေါင်းဆောင်မှုဖြင့် နိဂဏ္ဌ (နှောင်ကြိုးကင်းပြီးသူ) များ၏ အလွန်ရှေးကျလှသော ဘာသာရေးဂိုဏ်းကြီးတခုမှ ထွန်းကားပေါက်ပွားလာသော ဘာသာတရပ် ဖြစ်၏။
ဂျိန်းဘာသာဝင်များတွင် ဆွေတမ္ဗရ ခေါ် ဝတ်ဖြူရုံဂိုဏ်းနှင့် ဒိဂမ္ဗရ ခေါ် လေဝတ်ရုံဂိုဏ်း၊ သို့မဟုတ် ဗလာကိုယ်ထီးဂိုဏ်း ဟူသော ဂိုဏ်းကြီးနှစ်ဂိုဏ်း ရှိ၏။ ဆွေတမ္ဗရဂိုဏ်းဝင်တို့၏ ပိဋကတ်တော် (သိဒ္ဓန္တ) တွင် အင်္ဂကျမ်းများ၊ ဥဝင်္ဂ(ဥပါင်္ဂ) ကျမ်းများ၊ ပဣဏ္ဏကျမ်းများ၊ ဆေယသုတ္တကျမ်းများ၊ တသီတခြား ကျမ်းများ၊ မူလသုတ္တကျမ်းများ ပါဝင်၏။ ဒိဂမ္ဗရတို့၏ ပိဋကတ်တော်တွင် ပရထမာနုယောဂ ခေါ် ဒဏ္ဍာရီပုံပြင် ကျမ်းများ၊ ကရဏာနုယောဂ- စကြဝဠာအကြောင်းနှင့် သက်ဆိုင်သော စာပေများ၊ ဒြဈာနုယောဂကျမ်းများ၊ စရဏာနုယောဂ- ဝတ်ပြုဝတ်တက်ဆိုင်ရာ ကျမ်းများ အသီးသီး ပါဝင်ကြကုန်၏။
ဂျိန်းဝါဒအရ လောကကြီးတခုလုံးကို ဇီဝ (အသက်ဝိညာဥ်) နှင့် အဇီဝ (သက်မဲ့အရာဝတ္ထု ဖြစ်သောရုပ်) ဟူ၍ နှစ်ပိုင်း ခွဲခြားထားသည်။ ဇီဝနှင့် အဇီဝ နှစ်ခု ပေါင်းစပ်မှုသည် ကမ္ဘာလောကကြီး၌ ဒုက္ခဖြစ်ခြင်း၏ အကြောင်းရင်း ဖြစ်သည်ဟု ဂျိန်းဝါဒက ယူဆသည်။ ဆိုလိုသည်မှာ လူစသော သတ္တဝါများသည် ဒုက္ခတုံး ဒုက္ခခဲကြီး ဖြစ်သည်၊ ယင်းဒုက္ခမှ လွတ်မြောက်ရန် အာတမ (အတ္တ)ကလေး သန့်ရှင်းစင်ကြယ်အောင် လုပ်ရမည်၊ သို့မှသာ လူ့ခန္ဓာကိုယ်တွင်း၌ သီးခြား ကိန်းအောင်းနေသော အာတမကလေးသည် ဒုက္ခ တည်းဟူသော အနှောင်အဖွဲ့မှ လွတ်မြောက်နိုင်မည် ဖြစ်သည်ဟု ဂျိန်းများက ယူဆကြသည်။ သူတို့သည် ခန္ဓာကိုယ်ကို ပယ်ခြင်းဖြင့် ခန္ဓာကိုယ်တွင်း၌ သီးခြား ကိန်းအောင်းနေသည်ဟု ဆိုသော အသက်ကောင် ဝိညာဥ်ကောင်ကလေး လွတ်မြောက်မည်ဟု ယူဆကြသည်။
ဤ"ဂျိန်းအဘိဓမ္မာနှင့် စာပေသမိုင်းကျမ်း" ကို ဖတ်ရှုခြင်းဖြင့် ဗုဒ္ဓ၏ ကမ္မဝါဒနှင့် ဂျိန်းကမ္မဝါဒတို့၏ ခြားနားကွဲပြားပုံကို စာရှုသူများ တွေ့မြင်ရပေလိမ့်မည်။ ဂျိန်းကမ္မဝါဒသည် အာတမကို အရင်းခံကာ အတိတ်နှင့် အနာဂတ်ကို အလေးပေး၍ တွေးတောစဥ်းစားသည်။ ဗုဒ္ဓ၏ ကမ္မဝါဒကမူ အာတမ (အတ္တ)ကို အခြေမခံဘဲ ပစ္စုပ္ပန်ကို ဦးစားပေး၍ တွေးတောစဥ်းစားသည်။
(လေးစားစွာဖြင့်
Crd ဆုရောင်စဉ်စာပေ) 🍀
📌Messanger: m.me/TIMESTUDYBOOKCENTER
🛒ကိုယ်တိုင်လာရောက်ဝယ်ယူလိုပါက
📚TIME STUDY Book Center📚
A-10 (ပထမထပ်)
(၉) ရပ်ကွက်၊ အင်းစိန်လမ်းမကြီး
လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
🟢လှည်းတန်းဘက်မှလာလျှင်ဆင်ရေတွင်းမှတ်တိုင်နှင့် ဘူတာရုံမှတ်တိုင်ကြား
(တက္ကသိုလ်ဘဝဖုန်းကာဗာဆိုင်အပေါ်ထပ်
ရွှေဇင်ယော် ဆီဆိုင်ရှေ့)
📚TIME STUDY Book Center📚
A - 10, 1st Floor, Insein Road,
9 Quarter, Hlaing Township,
Yangon, Myanmar
📍Google Map : https://maps.app.goo.gl/iqCMDkym3AmsqbAq9
☎️Phone : 09 445 018 498 , 09 769 992 018
Pre-Order Now !
"မိုရှီ မိုရှီ ... ဟယ်လို"
အိပ်မက်ထဲမှာ ကျွန်မ တစ်စုံတစ်ယောက်ကို ဖုန်းခေါ်နေတာ။ မဲဂုရိုတိုက်ခန်းက ကျွန်မအခန်းထဲမှာ ရောက်နေတယ်။
အသည်းအသန် ဆက်တိုက် ခေါ်နေမိတာ။ သူ ဖုန်းကိုင်လိုက်တာနဲ့ သူ့ကို ကယ်နိုင်ပြီ ထင်တယ်။ အချက်ပြတာက စိတ်ချရပုံ မပေါ်တာမို့ ဖုန်းလိုင်း ချိတ် မချိတ် ကျွန်မ မပြောတတ်ဘူး။ ဖုန်းထဲကနေ ထူးထူးဆန်းဆန်း အသံ ဆက်တိုက် ထွက်နေတာ။
"ဟယ်လို ... ဖေဖေ ... ဖေဖေ"
ကျွန်မ အော်လိုက်တယ်။
"ရော့ ... ရော့ချန်လား"
အဖေ့အသံ ကြားရပြီ။
"ဖေဖေ ..." လို့ ကျွန်မ အော်ခေါ်ရင်း မျက်ရည်တွေ ကျလာတယ်။
***
Banana Yoshimoto ရဲ့ စာတွေနဲ့ ဘာသာပြန်စာဖတ်ပရိသတ် မစိမ်းလှဘူး လို့ ထင်ပါတယ်။ ယခင်က ဆရာများလည်း ပြန်ထားပြီးတာကြောင့်ရော၊ အောင်မြင်မှုနဲ့ စာပေဩဇာကြောင့်ရော သူ့ရဲ့ စာပေလက်ရာများကို ဘာသာပြန် ပရိသတ်တို့ နှစ်သက်ကြပါတယ်။ ပြောရရင် သူ့ရဲ့ ဇာတ်လမ်းတွေဟာ အဖြစ်အပျက်ထက် ဇာတ်ကောင်တွေရဲ့ အတွေးပိုင်းကို ပိုဦးစားပေး ရေးသားထားတယ်လို့ ဆိုရမယ်။
ဒီစာအုပ် Moshi Moshi မှာဆိုရင် အိမ်ထောင်ဦးစီး အမျိုးသားတစ်ယောက်ဟာ သာမန် လုပ်ရိုးလုပ်စဉ် အလုပ်သွားရာကနေ မမျှော်လင့်တဲ့ အနေအထားနဲ့ ကွယ်လွန်ခဲ့တယ်။ ကွယ်လွန်ရာမှာ ဆိုရင်လည်း သူဟာ သူ့ချစ်သူနဲ့အတူ တစ်ပြိုက်နက်။ ထူးခြားတာက သူ အမြဲမပြတ် ကိုင်တဲ့ ဖုန်းကို အဲ့ဒီနေ့မှာ ယူမသွားဘူး။ သူ့ချစ်သူနဲ့ သွားမှာမို့ ဖုန်းကို တမင်ချန်ခဲ့တာလား? မေ့ပဲ ကျန်ခဲ့တာလား?
သူ့ရဲ့ မိသားစုတွေ ဘက်မှာရော ချစ်ရတဲ့ မိသားစုဝင်တစ်ယောက်က နှုတ်ဆက်စကားလေးတောင် မဆိုနိုင်ဘဲ ရုတ်တရက် ခွဲခွာသွားတော့ ဘာတွေ ပြောချင်နေမလဲ။
ဘာသာပြန်သူ ဆရာမစုမြတ်ချစ် အနေနဲ့လည်း ဒီစာအုပ်ကို ပြန်ဆိုရတာနဲ့ ပတ်သက်ပြီး “Banana Yoshimoto ရဲ့ စာအုပ်ကို ဘာသာပြန်ရတာက သိပ်တော့ မလွယ်လှပါဘူး။ အရေးအသားက လွယ်ပေမဲ့ Japanese ကနေ English လို ပြန်ရာမှာ ဝါကျအရှည်ကြီးတွေပဲ တောက်လျှောက် သုံးထားတော့ မြန်မာလို ရှင်းအောင် သေသေချာချာ အားထုတ်ထားတယ်။ မူရင်းစာရေးသူကို တတ်နိုင်သမျှ Respect ထားသူမို့ ဘာမှ မကျော်မခွဘဲ အတတ်နိုင်ဆုံး အတိအကျနဲ့ နားလည်လွယ်အောင် ကြိုးစား ဘာသာပြန်ထားတယ်” လို့ ဆိုပါတယ်။
***
(လေးစားစွာဖြင့်
Crd ရွှေခွန်းချို စာပေ) 🍀
စုမြတ်ချစ် (ဘာသာပြန်) - ဟယ်လို ... ဖေဖေ
မူရင်း Banana Yoshimoto – Moshi Moshi
တန်ဖိုး - ၁၂၅၀၀ ကျပ်
စာမျက်နှာ - ၂၈၆
Pre-Order နောက်ဆုံးရက် - ၃၀.၈.၂၀၂၄
စာအုပ်ထွက်ရှိမည့်ရက် - ၃၁.၈.၂၀၂၄
👉စာအုပ်မှာယူလိုပါက...
📌Messanger: m.me/TIMESTUDYBOOKCENTER
🛒ကိုယ်တိုင်လာရောက်ဝယ်ယူလိုပါက
📚TIME STUDY Book Center📚
A-10 (ပထမထပ်)
(၉) ရပ်ကွက်၊ အင်းစိန်လမ်းမကြီး
လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
🟢လှည်းတန်းဘက်မှလာလျှင်ဆင်ရေတွင်းမှတ်တိုင်နှင့် ဘူတာရုံမှတ်တိုင်ကြား
(တက္ကသိုလ်ဘဝဖုန်းကာဗာဆိုင်အပေါ်ထပ်
ရွှေဇင်ယော် ဆီဆိုင်ရှေ့)
📚TIME STUDY Book Center📚
A - 10, 1st Floor, Insein Road,
9 Quarter, Hlaing Township,
Yangon, Myanmar
📍Google Map : https://maps.app.goo.gl/iqCMDkym3AmsqbAq9
☎️Phone : 09 445 018 498 , 09 769 992 018
စာအုပ်အရောင်းအဝယ်အေးနေတဲ့ကာလမှာတောင်တကူးတကစာအုပ်မှာယူခဲ့ကြတဲ့ တောင်ကြီးမြို့နှင့် အနယ်နယ်အရပ်ရပ်မှ မိတ်ဟောင်းမိတ်သစ်များကို အစဉ်အမြဲကျေးဇူးတင်လျှက်ပါရှင်🙏
စီးပွားရေးများဒီရေအလားတိုးတက်ကြီးပွားချမ်းသာကြပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။
စက္ကူ Stock ရှိနေသရွေ့စာအုပ်ဈေးနှုန်းများမတက်ဘဲ တတ်နိုင်သမျှအထူးဈေးနှုန်းသက်သာစွာဖြင့် TIME STUDY Book Center မှ စာအုပ်များကို အားပေးဝယ်ယူကြသူများအဆင်ပြေအောင် ရောင်းချပေးနေလျှက်ရှိပါတယ်ရှင်။
🌸 #အိကီဂိုင် (IKIGAI)
🌸 ဂျပန်တို့၏ သက်ရှည်ပျော်ရွှင် ဘ၀နေနည်း
Pre Order! ကြိုတင်မှာယူနိုင်ပါပြီ...
မူရင်းမှာ - ကမ္ဘာတစ်ဝှမ်း အုပ်ရေ ၁.၅ သန်းကျော် ရောင်းချထားရတဲ့ International Bestseller စာရင်းဝင် စာအုပ်ဖြစ်ပါတယ်။ ဆရာမောင်သန်းမှ မြန်မာဘာသာ ပြန်ဆိုထားပြီး စာဖတ်သူတွေ မကြာခဏညွှန်းကြတဲ့ Top Rated စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်...
🍀 ကိုယ့်ကိုယ်ကိုယ် ပြန်ရှာဖွေတဲ့နေရာ
ဘ၀ရဲ့ ဦးတည်မှုကို ရှာဖွေတဲ့နေရာမှာ
အလင်းပြမယ့် လျှို့ဝှက်ချက်လေးတစ်ခု...
'အိကီဂိုင်' လို့ ဂျပန်တွေက ခေါ်ကြပါတယ်
- အိကီဂိုင်ဆိုတာ လူတစ်ယောက် တစ်နေ့တာကို စတင်ခြင်းရဲ့အကြောင်းရင်းပဲတဲ့။ ကိုယ့်ရဲ့အီကီဂိုင်ကို ရှင်းရှင်းလင်းလင်း ရှိထားခြင်းဖြင့် ပျော်ရွှင်မှု၊ ကျေနပ်ဖွယ်ရာတွေနဲ့ ဘ၀ကို အဓိပ္ပာယ်ပြည့်စေပါတယ်။ ဒီစာအုပ်ရဲ့ရည်ရွယ်ချက်ကလည်း ကိုယ့်ရဲ့အိကီဂိုင်ကို ရှာဖွေဖို့နဲ့ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာရေးနဲ့ပက်သက်တဲ့ ဂျပန်အတွေးအခေါ် ဒဿနတွေ၊ ဘ၀အမြင်တွေကို မျှဝေပေးဖို့ပါပဲ။ ဂျပန်လူမျိုးတွေရဲ့ သက်ရှည်ကျန်းမာနည်းတစ်ခုကို လူအများ အသုံးချနိုင်ဖို့၊ တစ်နည်း မိမိကိုယ်စီရဲ့ အိကီဂိုင်ကို ရှာဖွေနိုင်ဖို့ရာ ဖြစ်ပါတယ်။
- မိမိတို့ရဲ့ အိကီဂိုင်ကို ရှာဖွေတွေ့ရှိသူကတော့ ပျော်ရွှင်ကျန်းမာပြီး သက်တော်ရာကျော်ရှည်ဖို့ဆိုတာ ဆုတောင်းနေစရာမလိုဘဲ ပြည့်လာနိုင်ပါလိမ့်မယ် ...
(လေးစားစွာဖြင့်
Crd ပန်းဆက်လမ်း) 🍀
📒 အိကီဂိုင် (မောင်သန်း)
• စာအုပ်တန်ဖိုး - 7,000 ကျပ်
• စာမျက်နှာ -151
👉စာအုပ်မှာယူလိုပါက...
📌Messanger: m.me/TIMESTUDYBOOKCENTER
🛒ကိုယ်တိုင်လာရောက်ဝယ်ယူလိုပါက
📚TIME STUDY Book Center📚
A-10 (ပထမထပ်)
(၉) ရပ်ကွက်၊ အင်းစိန်လမ်းမကြီး
လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
🟢လှည်းတန်းဘက်မှလာလျှင်ဆင်ရေတွင်းမှတ်တိုင်နှင့် ဘူတာရုံမှတ်တိုင်ကြား
(တက္ကသိုလ်ဘဝဖုန်းကာဗာဆိုင်အပေါ်ထပ်
ရွှေဇင်ယော် ဆီဆိုင်ရှေ့)
📚TIME STUDY Book Center📚
A - 10, 1st Floor, Insein Road,
9 Quarter, Hlaing Township,
Yangon, Myanmar
📍Google Map : https://maps.app.goo.gl/iqCMDkym3AmsqbAq9
☎️Phone : 09 445 018 498 , 09 769 992 018
🌼🌼🌼
လောကသားတို့အတွက်
မြတ်ဗုဒ္ဓ၏ ကြိုးပမ်းချက်
ဤကျမ်းစာကြီးသည် လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအားလုံးအတွက် ဗုဒ္ဓမြတ်စွာ၏ ကြိုးပမ်းတော်မူခဲ့ပုံကို (၈၂) ညတိုင်တိုင် ပါမောက္ခချုပ်ဆရာတော်ကြီး အနယ်နယ် အရပ်ရပ်တွင် ဟောကြားတော်မူခဲ့သော တရားတော်ကြီးဖြစ်သည်။
ဗုဒ္ဓမြတ်စွာ ဖွားမြင်တော်မူသည်မှစ၍ ပရိနိဗ္ဗာန်စံသည့်တိုင်အောင် (၄၅) ဝါ ကာလအတွင်း ဗုဒ္ဓမြတ်စွာ၏ ဖြစ်တော်စဉ်များ၊ လောကသားတို့အတွက် ဆင်းရဲဒုက္ခခံ၍ ကယ်တင်ခဲ့ပုံများကို ပဋိကတ်သုံးသွယ်၊ နိကာယ်ငါးရပ်တို့မှ ထုတ်နုတ်ဟောကြားထားသည့် တရားတော်ကြီးဖြစ်သည်။
ဤကျမ်းစာကြီး၏ ထူးခြားချက်မှာ ဗုဒ္ဓမြတ်စွာအား အနန္တတန်ခိုးရှင်ကြီးအဖြစ် မဟုတ်ဘဲ မဟာလူသားကြီး၊ မဟာကရုဏာရှင်ကြီးအဖြစ် သရုပ်ဖော်ဟောကြားထားခြင်းဖြစ်သည်။ အခြားသော ဗုဒ္ဓဝင်ကျမ်းများနှင့် မတူဘဲ တစ်မူကွဲပြားသော ရှုထောင့်မှ မီးမောင်းထိုး သုံးသပ်ဟောကြားထားသည့် ကျမ်းစာကြီးဖြစ်ပါသည်။
🌺ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဓန္တနန္ဒမာလာဘိဝံသ
👉စာအုပ်မှာယူလိုပါက...
📌Messanger: m.me/TIMESTUDYBOOKCENTER
🛒ကိုယ်တိုင်လာရောက်ဝယ်ယူလိုပါက
📚TIME STUDY Book Center📚
A-10 (ပထမထပ်)
(၉) ရပ်ကွက်၊ အင်းစိန်လမ်းမကြီး
လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
🟢လှည်းတန်းဘက်မှလာလျှင်ဆင်ရေတွင်းမှတ်တိုင်နှင့် ဘူတာရုံမှတ်တိုင်ကြား
(တက္ကသိုလ်ဘဝဖုန်းကာဗာဆိုင်အပေါ်ထပ်
ရွှေဇင်ယော် ဆီဆိုင်ရှေ့)
📚TIME STUDY Book Center📚
A - 10, 1st Floor, Insein Road,
9 Quarter, Hlaing Township,
Yangon, Myanmar
📍Google Map : https://maps.app.goo.gl/iqCMDkym3AmsqbAq9
☎️Phone : 09 445 018 498 , 09 769 992 018
📖 ဗြဟ္မနိရုတ္တိနယသင်္ဂဟ ခေါ် မြန်မာစကားလုံးပြောင်းထုံးကျမ်း
✍ ဆရာတော် ဦးကောသလ္လ
🍀 မြန်မာစာပေအတွက် တန်ဖိုးမဖြတ်နိုင်သော ရှားပါးကျမ်းတစ်ဆူ ဖြစ်သည်။ ပြုစုသူ ဆရာတော်၏ ဆန္ဒပြင်းစွာသော အားထုတ်မှုကြောင့် သာ ပေါ်ပေါက်လာခဲ့ခြင်းဟုလည်း ပညာရှင်အားလုံးက အသိအမှတ် ပြုကြသည်။ ဤကျမ်းသည် မြန်မာစာ မြန်မာဝေါဟာရတို့၏ အနက် အဓိပ္ပာယ် ပြောင်းလဲပုံအမျိုးမျိုးတို့ကို မြန်မာစာပေလာ ရှေးအဆက်ဆက် က ပျို့၊ ကဗျာ၊ လင်္ကာ၊ စကားပြောများမှ အကိုးအကားပေါင်းများစွာဖြင့် အဖက်ဖက်မှ တိုက်ဆိုင်ညှိနှိုင်း ရေးသားထားသော ကျမ်းဖြစ်သည့်အပြင် မြန်မာစာပေများကသာမက ပိဋိကတ်စာပေအပြင် ဟိန္ဒီ၊ သက္ကတ၊ အင်္ဂလိပ်၊ မွန်၊ ကျောက်စာစသော ဘာသာစုံ၊ အကိုးအကားစုံမှ ညှိနှိုင်း လျက် ကိုယ်ပိုင်နည်းလမ်းဖြင့် စီစဉ်တင်ပြထားသော စာအုပ်ဖြစ်သဖြင့် လည်း အားလုံး၏ နှစ်သက်ခုံမင်မှုကို ခံယူခဲ့ရသော စာအုပ်ဖြစ်သည်။ စာအုပ်အား ရိုက်နှိပ်သည့်အခါတွင်လည်း မြန်မာစာသာမက များစွာ သော ဘာသာစာပေ၊ စကားမျိုးစုံ ရောြွပမ်းလျက်ရှိရာ ပုံနှိပ်စာလုံး ရှာရ၊ တီထွင်ပြုလုပ်ခဲ့ရသော အခက်အခဲကိုလည်း ကြီးစွာကျော်ဖြတ် ခဲ့ရ သည်ဟု အဆိုရှိသည်။ သို့ပါသော်လည်း ဤအဖိုးတန် ရတနာ ပုံနှိပ် ကျမ်းစာကို အားထုတ်ပြုစုခဲ့သော ဆရာတော်မှာ ပုံနှိပ်ပြီး ကျမ်းစာ အုပ်ကို မြင်တွေ့သွားတော်မမူခဲ့သည်မှာလည်း ဝမ်းနည်းစရာ အဖြစ် အပျက်တစ်ရပ်ဖြစ်သည်။
( လေးစားစွာဖြင့်
Crd အပါးတော်မြဲစာပေ ) ✨
🌿 ဗြဟ္မနိရုတ္တိနယသင်္ဂဟ ခေါ် မြန်မာစာစကားလုံးပြောင်းထုံးကျမ်း
🌿 ဆရာတော်ဦးကောသလ္လ
🌿 စာမျက်နှာ - ၈၉၁
🌿 တန်ဖိုး - ၃၀,၀၀၀ ကျပ်
👉စာအုပ်မှာယူလိုပါက...
📌Messanger: m.me/TIMESTUDYBOOKCENTER
🛒ကိုယ်တိုင်လာရောက်ဝယ်ယူလိုပါက
📚TIME STUDY Book Center📚
A-10 (ပထမထပ်)
(၉) ရပ်ကွက်၊ အင်းစိန်လမ်းမကြီး
လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
🟢လှည်းတန်းဘက်မှလာလျှင်ဆင်ရေတွင်းမှတ်တိုင်နှင့် ဘူတာရုံမှတ်တိုင်ကြား
(တက္ကသိုလ်ဘဝဖုန်းကာဗာဆိုင်အပေါ်ထပ်
ရွှေဇင်ယော် ဆီဆိုင်ရှေ့)
📚TIME STUDY Book Center📚
A - 10, 1st Floor, Insein Road,
9 Quarter, Hlaing Township,
Yangon, Myanmar.
📍Google Map : https://maps.app.goo.gl/iqCMDkym3AmsqbAq9
☎️Phone : 09 445 018 498 , 09 769 992 018
စီးပွားရေးဆိုတာ သူများအပေါ် “စီး” မှ ပွားတာမဟုတ်ဘူး။ သူများမမြင်တာ “See” မှ ပွားတာ။
တရုတ်မှာ လောင်ဇူးဆိုတဲ့ ရှေးပညာရှိကြီးရေးခဲ့တဲ့ ၈၁ ပုဒ်ရှိတဲ့ Tao Te Ching (တောက်တယ်ကျင်း) ဆိုတာရှိပြီး ကမ္ဘာတစ်ဝန်းမှာလည်း စာအုပ်ပေါင်းများစွာ ဘာသာပြန်ထားကြတယ်။ Tao 道 ဆိုတာ "လမ်း" ကို ပြောတာဖြစ်တယ်။ နက်နဲတဲ့ အတွေးအခေါ်ကဗျာအနေနဲ့ ဘဝနေထိုင်နည်းကို တရုတ်မှာ စစ်တွေဖြစ်နေတဲ့အချိန် ကွန်ဖြူးရှပ်ရဲ့ အတွေးအခေါ်နဲ့ နေထိုင်နေတဲ့အချိန်မှာ သဘာဝနဲ့ သဟဇာတဖြစ်အောင် နေထိုင်နည်းကို လမ်းညွှန်ခဲ့တဲ့ အတွေးအခေါ်ဖြစ်တယ်။
မပြိုင်ဘဲ နိုင်အောင်လုပ်ဆိုတာ Tao Te Ching ရဲ့ ကဗျာအပုဒ် ၆၈ ကိုဖတ်ရင်း ထွက်လာတဲ့ အတွေးအခေါ်တစ်ခုပဲ။ စီးပွားရေးမှာလည်း အလားတူပဲ။ စီးပွားရေးလို့ပြောလိုက်တဲ့အခါ လူတွေက သူများကို စီးမှ ပွားမယ်၊ အထက်စီးကနေမှ ပွားမယ်ထင်တယ်။ အမှန်တော့ စီးပွားရေးဆိုတာ သူများမမြင်တာကို See မှ၊ ဖောက်သည်ရဲ့ ပြဿနာကို အကောင်းဆုံးဖြေရှင်းနိုင်မှ ပွားမှာဆို မမှားပါဘူး။ စီးပွားရေးမှာ ဖောက်သည်ကိုလုမှ အောင်မြင်မယ်၊ ပြိုင်မှ သာမှ အောင်မြင်မယ်လို့ ထင်ကြတယ်။
မပြိုင်ဘဲ နိုင်အောင်လုပ်လို့ ရနိုင်လား။ First Principle Thinking နဲ့ စဥ်းစားကြည့်ရအောင်။ စီးပွားရေးဆိုတာ ဘာလဲ၊ ပြိုင်ဆိုင်မှု တစ်ခုလား။
ထုတ်လုပ်မှုတစ်ခုလား။ ဝန်ဆောင်မှုတစ်ခုလား။ အခြေခံက ဘာလဲ။ စီးပွားရေးကို တစ်စချင်းစီဖယ်ပြီး မူလအဓိပ္ပာယ်ကို ရှာမယ်ဆိုရင် ဖောက်သည်တွေရဲ့ပြဿနာကို အမြတ်ယူပြီး ဖြေရှင်းပေးတာဖြစ်တယ်။
ဖောက်သည်မတူရင် ပြိုင်စရာမလိုဘူး။ ဖောက်သည်တူရင်တောင် ဖြေရှင်းတဲ့ ပြဿနာမတူရင် ပြိုင်စရာမလိုဘူး။ ဖောက်သည်တူ၊ ဖြေရှင်းတဲ့ ပြဿနာတူရင်တောင် ဖြေရှင်းတဲ့ပုံ မတူရင်လည်း တိုက်ရိုက် ပြိုင်ဆိုင်စရာမလိုပြန်ဘူး။ ဖောက်သည်တူ၊ ပြဿနာတူ၊ ဖြေရှင်းတဲ့ ပုံစံတူရင်၊ ရပ်တည်ချက်မတူရင်လည်း တစ်ပုံစံတည်းပြိုင်ဆိုင်စရာမလိုပြန်ဘူး။ ဘဝမှာ မပြိုင်ဘဲ နိုင်အောင်လုပ်ဖို့ ပြိုင်စရာမလိုတဲ့ ပုံစံနဲ့ ဘဝကို ဖြတ်သန်းနိုင်ဖို့လိုတယ်။
ပြိုင်စရာမလိုတဲ့ ပုံစံဖြစ်ဖို့ လုပ်ငန်းတစ်ခုစတင်တည်ဆောက်ကတည်းက လုပ်ငန်းတစ်ခုရဲ့ အတွေးအခေါ် (Business Philosophy)၊ အမှတ်တံဆိပ်အတွေးအခေါ် (Brand Philosophy)၊ လုပ်ငန်းကို အုပ်ချုပ်မယ့်အတွေးအခေါ် (Management Philosophy)၊ မားကတ်တင်းလုပ်မယ့် အတွေးအခေါ် (Marketing Philosophy)၊ မဟာဗျူဟာတည်ဆောက်ရေးအတွက် (Strategic Narrative တွေ) မတူအောင် တည်ဆောက်ထားဖို့လိုတယ်။
သူ့နောက်ကမှ စနစ်တို့၊ ပေါ်လစီတို့ လိုက်လာတာဖြစ်တယ်။ မပြိုင်ဘဲ နိုင်အောင်လုပ်ဖို့ ကိုယ့်ရဲ့ စီးပွားရေး အတွေးအခေါ်က စတယ်။ ကိုယ့်အိမ်မက်တွေကို မပြိုင်ဘဲ နိုင်အောင်လုပ်ပါ။
Dr. Phyo Paing ရဲ့ “မပြိုင်ဘဲ နိုင်အောင်လုပ်ပါ” စာအုပ်မှ ကောက်နုတ်ထားတာဖြစ်ပါတယ်။ ဒီစာအုပ်မှာ မပြိုင်ဘဲနိုင်အောင်လုပ်နိုင်မယ့် စီးပွားရေးဆိုင်ရာအယူအဆတွေ၊ ကိုယ်မပါဘဲ လည်ပတ်လို့ရအောင် ဘယ်လို System ချမလဲ၊ လုပ်ငန်းဦးဆောင်သူတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ်တည်ဆောက်ဖို့ ဘာတွေလိုမလဲ၊ လုပ်ငန်းရှင်သန်တိုးတက်ရေးအတွက်အရေးကြီးတဲ့ Business Model နဲ့ Strategy တွေ စသဖြင့် Business Development ဆိုင်ရာအတွေးအမြင်ကို ဖတ်ရှုရမှာဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တွေ၊ စီးပွားရေးလုပ်ငန်းမှာ ဦးဆောင်စီမံနေသူတွေ၊ ကိုယ်ပိုင်လုပ်ငန်း စလုပ်နေသူတွေ၊ ကိုယ်ပိုင်လုပ်ငန်း လုပ်ချင်တဲ့သူတွေ၊ မန်နေဂျာတွေနဲ့ လုပ်ငန်းတွေမှာ ထဲထဲဝင်ဝင်ဦးဆောင်နေသူတွေ၊ စီးပွားရေးဆိုင်ရာအသိပညာကို လေ့လာလိုသူတွေ ဖတ်သင့်တဲ့စာအုပ်ဖြစ်ပါတယ်။
(လေးစားစွာဖြင့်
Crd Sarpay Lann )✨
◾ မပြိုင်ဘဲ နိုင်အောင်လုပ်ပါ
◾ Dr. Phyo Paing
◾ စာမျက်နှာ - ၁၄၆
◾ တန်ဖိုး - ၁၄၀၀၀ ကျပ်
🌿PreOrder
20-8-2024 မှာ စာအုပ်ထွက်ရှိမှာဖြစ်ပါတယ်။
👉စာအုပ်မှာယူလိုပါက...
📌Messanger: m.me/TIMESTUDYBOOKCENTER
🛒ကိုယ်တိုင်လာရောက်ဝယ်ယူလိုပါက
📚TIME STUDY Book Center📚
A-10 (ပထမထပ်)
(၉) ရပ်ကွက်၊ အင်းစိန်လမ်းမကြီး
လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
🟢လှည်းတန်းဘက်မှလာလျှင်ဆင်ရေတွင်းမှတ်တိုင်နှင့် ဘူတာရုံမှတ်တိုင်ကြား
(တက္ကသိုလ်ဘဝဖုန်းကာဗာဆိုင်အပေါ်ထပ်
ရွှေဇင်ယော် ဆီဆိုင်ရှေ့)
📚TIME STUDY Book Center📚
A - 10, 1st Floor, Insein Road,
9 Quarter, Hlaing Township,
Yangon, Myanmar.
📍Google Map : https://maps.app.goo.gl/iqCMDkym3AmsqbAq9
☎️Phone : 09 445 018 498 , 09 769 992 018
🌼🌼🌼
“ကံ့ကော်ပင်ကြီးကို အမြစ်ကနေ တူးဖော် ခုတ်လှဲလိုက်ရုံနဲ့ အတိတ်က အဖြစ်အပျက်တွေဟာ ပျောက်ကွယ်သွားမယ်လို့ နင် ထင်နေသလားဟင်၊ ကံ့ကော်ပွင့်တွေ မပွင့်နိုင်တော့တာနဲ့ပဲ အချစ်တွေ ပြန်လည် မရှင်သန်နိုင်တော့ဘူးလို့ နင် ယူဆနေသလား ဟင်……”
ကျောင်းသားဘဝကို နောက်ခံထားပြီး ရေးသားထားသော “ကံ့ကော်နီ”စာအုပ်လေးကို မှာယူဖတ်ရှုနိုင်ပါပြီ။
#မင်းလူ
📚ကံ့ကော်နီ
☘️စာအုပ်တန်ဖိုး - 3500 Ks
📃စာမျက်နှာ - 160
👉စာအုပ်မှာယူလိုပါက...
📌Messanger: m.me/TIMESTUDYBOOKCENTER
🛒ကိုယ်တိုင်လာရောက်ဝယ်ယူလိုပါက
📚TIME STUDY Book Center📚
A-10 (ပထမထပ်)
(၉) ရပ်ကွက်၊ အင်းစိန်လမ်းမကြီး
လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
🟢လှည်းတန်းဘက်မှလာလျှင်ဆင်ရေတွင်းမှတ်တိုင်နှင့် ဘူတာရုံမှတ်တိုင်ကြား
(တက္ကသိုလ်ဘဝဖုန်းကာဗာဆိုင်အပေါ်ထပ်
ရွှေဇင်ယော် ဆီဆိုင်ရှေ့)
📚TIME STUDY Book Center📚
A - 10, 1st Floor, Insein Road,
9 Quarter, Hlaing Township,
Yangon, Myanmar
📍Google Map : https://maps.app.goo.gl/iqCMDkym3AmsqbAq9
☎️Phone : 09 445 018 498 , 09 769 992 018
⭐ယနေ့ထွက်ရှိလာပြီဖြစ်တဲ့ N5 Grammar Pattern 123 & Exercises စာအုပ်⭐
🟣TIME STUDY မှ ထုတ်ဝေလိုက်တဲ့ ဂျပန်စာ အခြေခံ N5, N4 လေ့လာနေကြတဲ့ကျောင်းသားကျောင်းသူများအတွက် မဖြစ်မနေရှိကိုရှိထားသင့်တဲ့စာအုပ်လေးဖြစ်ပါတယ်။ လေ့ကျင့်ခန်းများပါဝင်ပြီး အဖြေမှန်ရှင်းလင်းချက်များပါထည့်သွင်းပေးထားတဲ့ ယခုအချိန်အထိထွက်ရှိဖူးခြင်းမရှိသေးတဲ့စာအုပ်ဖြစ်ပါတယ်။
🟣အခြေခံသည်အရေးအကြီးဆုံးဖြစ်တဲ့အတွက် ယခုစာအုပ်ကို ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ ဂျပန်ဘာသာဌာနမှ အငြိမ်းစားဌာနမှူး ဆရာကြီးဦးမင်းသုခ နှင့် TIME STUDY JLEC မှ ဂျပန်စာသင်ကြားရေးဆရာ Yaduto Takagi တို့၏ တည်းဖြတ်စစ်ဆေး အကြံပြုမှုများနှင့်အတူ နှစ်နှစ်ကြာအချိန်ယူပြီး အကြိမ်ကြိမ်အခါခါစစ်ဆေးအတည်ပြုပြီးမှ ထုတ်ဝေခဲ့ခြင်းဖြစ်ပါတယ်။
🟣မဝယ်ခင်မှာ မာတိကာကိုကြည့်ပြီး ကိုယ့်အတွက်သေချာပေါက်လိုကိုလိုအပ်နေပြီဆိုမှဝယ်ပါ။
🟣အမြည်းဖတ်လို့ရအောင်နှင့် နမူနာအတွက် အပိုင်းလေးတစ်ပိုင်းကိုတင်ပေးထားပါတယ်။
🟣ဂျပန်စာမှာအခြေခံကအရေးကြီးဆုံးဖြစ်တာကြောင့် အပြည့်စုံဆုံးဖြစ်အောင် ရေးသားထားပြီး ဂျပန်စာလေ့လာနေကြတဲ့ကျောင်းသားကျောင်းသူများအတွက် မပိုင်နိုင်ဆုံးသောသင်ခန်းစာများကို အဓိကထားပြီးဖြည့်ဆည်းပေးထားပါတယ်။
🟣ဂျပန်စာအရေးနှင့်အပြောအတွက်ကိုပါလေ့ကျင့်ဖို့အတွက် အသုံးချလို့ရတဲ့ လိုရာသုံးလို့ရတဲ့စာအုပ်လေးတစ်အုပ်ဖြစ်ပါတယ်။
🟢4C Color နှင့်ရိုက်ထားတဲ့အပြင် စက္ကူဈေးလည်းကောင်းတဲ့ကာလဖြစ်နေလို့ စာအုပ်ဖိုးကတော့
17000 ကျပ်ပါ။
🟢TIME STUDY မှ ကျောင်းသားကျောင်းသူများ ကျောင်းသားကတ်ပြပြီး 15000 ကျပ်ဖြင့်ဝယ်ယူနိုင်ပါတယ်။
🟢စာအုပ်ဆိုင်များ 20% ရပါမယ်ရှင်။
☘️ပိတ်ရက်မရှိ မနက် ၉:၀၀ နာရီမှ ညနေ ၆:၀၀ နာရီအထိဝယ်ယူနိုင်ပါတယ်။
☘️ဆိုင်ကိုကိုယ်တိုင်လာရောက်ဝယ်ယူနိုင်သလို Online ကနေလည်းမှာယူနိုင်ပါတယ်။
☘️မြန်မာတစ်ပြည်လုံး Delivery နဲ့ ပို့ပေးပါတယ်။
📚TIME STUDY Book Center📚
A-10 (ပထမထပ်)
(၉) ရပ်ကွက်၊ အင်းစိန်လမ်းမကြီး
လှိုင်မြို့နယ်၊ ရန်ကုန်မြို့
🟢လှည်းတန်းဘက်မှလာလျှင်ဆင်ရေတွင်းမှတ်တိုင်နှင့် ဘူတာရုံမှတ်တိုင်ကြား
(တက္ကသိုလ်ဘဝဖုန်းကာဗာဆိုင်အပေါ်ထပ်
ရွှေဇင်ယော် ဆီဆိုင်ရှေ့)
📚TIME STUDY Book Center📚
A - 10, 1st Floor, Insein Road,
9 Quarter, Hlaing Township,
Yangon, Myanmar
Phone : 09 445 018 498
http://www.facebook.com/TIMESTUDYBOOKCENTER
Messenger : m.me/TIMESTUDYBOOKCENTER
Click here to claim your Sponsored Listing.
Videos (show all)
Contact the business
Telephone
Website
Address
11051
Opening Hours
Monday | 09:00 - 17:30 |
Tuesday | 09:00 - 17:30 |
Wednesday | 09:00 - 17:30 |
Thursday | 09:00 - 17:30 |
Friday | 09:00 - 17:30 |
Saturday | 09:00 - 17:30 |
Sunday | 09:00 - 17:30 |
Hlaing
Magic skin care, Hair care products အမျိုးမျိုး လက်လီလက်ကားရောင်းဝယ်ရေး,ရန်ကုန်မြို့၊မရမ်းကုန်းနယ်၊