Kyaw Win

WELCOME Official Kyaw Win Page.
➡Everything Is Grace.

24/03/2024

🤍 BISHOP POLYCARP 🤍
(AD-၁၅၅ တွင် ရောမမြို့၌ သတ်ခံခဲ့ရပါသည်)

❤️ တမန်တော်ယောဟန်၏ တပည့်အရင်း
ဖြစ်‌သော၊Polycarp သည် Smyrna
အသင်းတော်၏ Bishop အဖြစ်
နှစ်ပေါင်းများစွာ အမှုထမ်းခဲ့သည်။
သူသည် အသက် ၈၆ နှစ်အရွယ်၊
Antonius Pius လက်ထက်တွင်
အသတ်ခံခဲ့ရသည်။


➡️ သူကိုမသတ်ခင်၊ ခရစ်တော်ကို ငြင်းပယ်ရန်
ဖိအားပေးတောင်းဆိုခဲ့ကြသည်။
သူက၊ “၈၆ နှစ်တိုင်တိုင် ကျွန်ုပ်သည်
ခရစ်တော်၏အမှုတော်ကို ဆောင်ရွက်ခဲ့သည်၊
သူသည်ကျွန်ုပ်ကို အမှားတစ်ခါမျှ မလုပ်ဖူးပါ။
သို့ပါ၍ ကျွန်ုပ်သည် ငါ့ဘုရင်နဲ့ ငါ့ရဲ့
ကယ်တင်ရှင်ကို မည်သို့ ကဲ့ရဲ့နိုင်မည်နည်း"ဟု
ပြန်ဖြေကာ၊ ခရစ်တော်အတွက်
ရဲရင့်စွာအသေခံခဲ့သည်။

➡️ ထုံးတမ်းစဉ်လာအရ Polycarp သည်
မီးမလောင်ခင် ဓားဖြင့်သတ်ခြင်းခံခဲ့ရသည်။

21/03/2024

ယောဘအသက်တာနှင့်ကိုးကွယ်မှု
""""""""""""""""""""""""""""""""""""""""""""""""""""
• ယောဘက ချမ်းသာခဲ့တယ်။
• ယောဘက ဖြောင့်မတ်ခဲ့တယ်။
• သူ၏ယုံကြည်ခြင်းက အစမ်းသပ်ခံခဲ့ရတယ်။
• စာတန်က သူ၏ဥစ္စာများကို လုယူခဲ့တယ်။
• သူ၏သားသမီးများကို သိမ်းသွားခဲ့တယ်။
• သူ၏ကျန်းမာရေးကို လုယူခဲ့တယ်။
• သူ၏အကူအညီများကို လုယူသွားခဲ့တယ်။
• သူ၏ဂုဏ်သတင်းကို လုယူသွားခဲ့တယ်။
• သူ၏စိတ်ငြိမ်သက်ခြင်းကို ဖယ်ရှားခဲ့တယ်။
• ယောဘက အရာခပ်သိမ်းရှိတဲ့
(အဆင်ပြေနေတဲ့အချိန်)အခါမှာလည်း
ဘုရားကိုကိုးကွယ်ဆည်းကပ်ခဲ့သလို၊
• အရာအားလုံးဆုံးရှုံးသွားသောအခါမှာလည်း
ဘုရားသ္ခင်ကိုဆက်လက်ကိုးကွယ်
ဆည်းကပ်ခဲ့ပါတယ်။
• သစ္စာပျက်ပြီး၊ မဖောက်ပြန်ခဲ့ပါဘူး။
• ဘာကြောင့်လဲဆိုတော့
ဝတ်ပြုကိုးကွယ်ခြင်းက သင့်အခြေအနေနှင့်
မသက်ဆိုင်ဘူး‌လေ။
• တကယ်တော့ ကိုးကွယ်ခြင်းက
ဘုရားသခင်ရဲ့ ဖြစ်တည်မှုတစ်ခုတည်းနဲ့သာ
သက်ဆိုင်နေတဲ့အရာပါ။ 🙏

20/03/2024
17/03/2024

ယောဘသည် ဘုရင်မဟုတ်ပါ။
သင်းအုပ်ဆရာ မဟုတ်ပါ။
ပရောဖက် မဟုတ်ပါ။
ဧဝံဂေလိဆရာ မဟုတ်ပါ။
တမန်တော် မဟုတ်ပါ။
သာသနာပိုင်ဘုန်းကြီး မဟုတ်ဘူး။
ပါရဂူကြီးလည်း မဟုတ်ဘူး။
သူ့မှာ သာသနာနယ်လည်းမရှိခဲ့ပါဘူး။

➡️ သို့သော် ယောဘသည် မကောင်းမှုမှ
နောက်ပြန် လှည့်ခဲ့ပါသည်။

➡️ ယောဘသည် တည်ကြည်ဖြောင့်မတ်ပြီး
ဘုရားသခင်ကို ကြောက်ရွံ့သူဖြစ်သည်။

➡️ ဘုရားသခင်ကိုယ်တိုင်က
အမြင့်ဆုံး အသိအမှတ်ပြုခြင်း
ဂုဏ်ပြုလွှာကို ယောကအားပေးအပ်ခဲ့ပါသည်။

➡️ သန့်ရှင်းခြင်းအသက်ဖြင့် စတင်နေထိုင်ပြီး
စာရိတ္တကောင်းမွန်စွာအသက်ရှင်ရန်
သင်သည် အသင်းတော်တွင် ရာထူးရှိရန်
မလိုအပ်ပါ။

➡️ ခရစ်ယာန်တစ်ဦးဖြစ်ခြင်းသည်
အသင်းတော်တွင် ရုံးခန်း သို့မဟုတ်
ရာထူးရှိခြင်းအကြောင်းမဟုတ်ပါ။

➡️ ခရစ်ယာန်တစ်ဦးဖြစ်ခြင်းသည်
ဘုရားသခင်ကိုနာခံမှုနှင့် ကြောက်ရွံ့ရိုသေရန်၊
မျက်မှောက်တော်တွင်ရှိနေရန်နှင့်
အလိုတော်ဆောင်ရန်နေခြင်းတို့ ဖြစ်ပါသည်။

➡️ စစ်မှန်သောယုံကြည်သူတယောက်အနေဖြင့်
ယောဘသည် ကျွန်တစ်ဦးသာဖြစ်ပြီး၊
ကျွန်သည် ရာထူးဂုဏ်အသရေကို မရှာဖွေဘဲ
သခင်၏အလိုတော် အစေကိုသာခံပါသည်။

➡️ ဘုရားသခင်၏အမှုသည်
လောကအရာနှင့်ဆန့်ကျင်ဘက်ဖြစ်သော်လည်း၊
အစေခံကောင်းအား ကောင်းသောရာထူးကို
ပေးမည်၊ သူသည် သာ၍အမှုထမ်းရမည်ဟု
မိန့်တော်မူ၏။

➡️ အမှုတော်ဆောင်ခြင်းက အသံတိတ်တယ်၊
အမှုတော်ဆောင်ခြင်းက နှိမ့်ချတယ်၊
ဝန်ဆောင်မှုလည်း ကောင်းတယ်။

➡️ အစေခံခြင်းက
ချစ်ခြင်းမေတ္တာဖြင့်
အနတ္တ (ကိုယ့်အကျိုး) ကိုသတ်ခြင်းဖြစ်သည်၊
အကြောင်းမူကား၊ အစေခံခြင်းငှါ ချစ်ရမည်၊
ချစ်ခြင်းဖြင့် အမှုတော်ထမ်းဆောင်ရမည်ဟု
မိန့်တော်မူ၏။

16/03/2024

ခရစ်တော်ကို ရရင် ချမ်းသာမယ် ကြွယ်ဝမယ် ဟောပြောကောင်းသူတွေ။

တပည့်​ေတာ်တို့ရဲ့ နိဂုံကြည့်လိုက် တစ်ယောက်မှ မချမ်းသာဘူး။
ဒါဆိုရင် သူတို့ ခရစ်တော်မရတာလား။
သူတို့တွေ မရတာမဟုတ်ဘူး။

ချမ်းသာရမယ်၊အခြားသော ဘာသာစကားပြောတတ်ရမယ်၊ကြွယ်ဝရမယ်၊ကျန်းမာရမယ် ထိုသူပြောသောသူသာလျှင် ခရစ်တော်ကို မရတာ။

ထိုသူ၏ ငွေရခြင်းသည် ဘုရားပေးခြင်းမဟုတ်ပဲ စာတန်မာန်နတ်က ပေးတာလည်းဖြစ်နိုင်ပါတယ်။
ဘာကြောင့်လဲ စာတန်က ခရစ်တော်ကိုတောင်မှ သူ့ကို ကိုးကွယ်လျှင် တိုက်နိုင်ငံ ကြွယ်ဝခြင်းကို ပိုင်နေကြောင့်၊ပေးမည်ဖြစ်ကြောင့် ပြောနေတာပါ။

စဥ်းစားကြည့် သမၼာတရားအတိုင်းဟောပြောသူတွေက၊
သမၼာတရားကို မှောက်လှန်နေသူတွေထက်တောင် ခက်ခဲ့ဆင်းရဲနေကြတာပါ။

မိတ်ဆွေသာ သမၼာတရားအတိုင်း အသက်မရှင်ပဲသွားကြည့် ခန​ေလးအတွင်း ချမ်းသာနိုင်တယ်။
ယုံကြည်သူတွေအတွက် ချမ်းသာခြင်းက အဓိကမှ မဟုတ်တာ။
ဘာကြောင့်လဲ
စာတန်လည်း ချမ်းသာခြင်းပေးနိုင်တာပေါ့။ သူမပေးနိုင်တာ ထာဝရအသက်
စဥ်းစားကြည့်။

လူတွေအထင်ကြီးအောင် ဟန်ပြပြီး အမှုဆောင်စရာ မလိုပါဘူး။

သူတို့တွေ မိတ်ဆွေနဲ့ကျွန်ုပ်ထက် ဆုတောင်းအားကြီးသူ၊ယုံကြည်ခြင်း မပြောနဲ့ ခရစ်တော်တွက် အသက်ပေးဆပ်ခဲ့သူတွေ။
သူတို့တောင် ခရစ်တော်ရရင် ချမ်းသာရမယ်၊ကြွယ်ဝရမယ် မသွန်သင်ပေးပေါ့။

ချမ်းသာကြွယ်ဝချင်ရင် အမှုတော်ဆောင်မလုပ်တာ သာ၍ကောင်းပါတယ်။
ဒီလိုပြောလို့ ဆင်းရဲရမယ် တစ်ဖက်သက် ပြောနေရခြင်းမဟုတ်ဘူး။

သို့သော် အမှုတော်ဆောင်တစ်ယောက်ရဲ့ ကြည့်ရမယ် အရာက ခရစ်တော်ကိုပဲ ဖြစ်ပါတယ်။

16/03/2024

#မဂ်လာရှိသော မျှော်လင့်ရာ ပြည့်စုံရမည့်အချိန်။

ခရစ်တော်ကြွလာမည့်အချိန်နာရီကို မည်သူမျှ သိရသောအခွင့်မရှိပါ။
"တ၁း၇/မဿဲ၂၄း၃၆"

တစ်ချိန်တည်းမှာပဲ ခရစ်တော်သည် အချိန်မရွေးကြွလာတော်မူနိုင်သည်ဟု သေချာပေါက် ယုံကြည်လျှက် အစဥ်အသင့် ပြင်ဆင်ထားရန် ယုံကြည်သူတို့အား တိုက်တွန်းထားပါသည်။

ယုံကြည်သူအနေဖြင့် ခရစ်တော်ကြွလာမည့် အချိန်နာရီကို မသိရှိငြားသော်လည်း ခရစ်တော်ကြွလာတော်မမူမှီဖြစ်ပေါ်လာမည့် နိမိတ်လကၡဏာများကို အောက်ပါအတိုင်း သမၼာကျမ်းစာသည် အတိအကျဖော်ပြထားပါသည်။

ကမ္ဘာကြီးသည် ငြိမ်းချမ်းရေးအတွက် အော်ဟစ်တမ်းတနေချိန်။
1Thessalonians 5:3/Jeremiah 6:14

ခရစ်တော်ကြွလာမည်ဟု မမျှော်လင့်သောအချိန်(ဝါ)ပြင်ဆင်ထားခြင်းမပြုသောအချိန်။
1Thessalonians 5:2/2Peter3:3-9

သဘာဝဘေးနှင့် လူမှုဒုက္ခများရောက်နေချိန်။
Luke21:25

မြေကြီးပေါ်တွင် ဖြစ်ပျက်နေသော အရာများကြောင့် လူတို့ကြောက်လန့်စိုးရိမ်နေချိန်။
Luke21:25-26

နောဧလက်ထက် သောဒုံမြို့နှင့် ေဂါမောရမြို့ကို ဖျက်ဆီးနေချိန်။(Luke17:26-30)
လူတို့သည် သတိမဲ့၊စည်းစောင့်ခြင်းမရှိဘဲ ခါတိုင်းကဲ့သို့ ရောင်းဝယ်ဖောက်ကားလျှက်ရှိနေခြင်း၊ထိမ်းမြားပေးစားနေခြင်း၊ကာမ တဏှာလွန်ကဲခြင်း၊ကြမ်းတမ်းခြင်း၊အကျင့်စာရိတၱပျက်​းပြားခြင်း၊တရားဥပဒေစိုးမိုးမှုမရှိခြင်း၊ဘုရားသခင်အားပုန်ကန်ခြင်း စသည်များဖြစ်လာမည်။

စစ်မှန်သော ယုံကြည်ခြင်းသည် နည်းပါးလျှက် မြေကြီးပေါ်တွင် အတုအယောင် ကိုးကွယ်မှုများ နေရာအနှံ့ မြင်တွေ့နေရသောအခါ။
Luke18:8,2Timothy 3:1-5/
1Timothy 4:1/2Peter 2:1

ဘုရားသခင်ချိန်းချက်တော်မူသောအခါ။
Matthew24:36

တစ်ပါးအမျိုးသားတို့၏ ကာလသည်
ပြည့်စုံခြင်းသို့ရောက်သောအခါ။
Luke21:24/Acts15:14

တစ်ပါးအမျိုးသား တို့ဝင်လာခြင်းပြည့်သာအခါ။
Rom11:25

ဤကာလနှင့် အသင်းတော်အတွက် ဘုရားသခင်၏ အကြံတော်နှင့် ရည်ရွယ်ချက် အကောင်အထည် ပေါ်လာသောအခါ။
Ephe3:10-11/1:10-14

အချိန်အတိအကျတော့ မသိပေမဲ့
အိပ်မပျော်ပဲ သမၼာသတိရှိ၍ စောင့်လျက်နေဖို့ မိန့်ကြားခဲ့ထားပါတယ်။

သေချာတာတော့ ခရစ်တော်ဟာ ဒုတိယအကြိမ်ကြွလာရင် အပြစ်စီရင်တော့မှာနော်။
အခု..အဆင့်သင်ဖြစ်ပြီးလား။

အကယ်၍ သင်သည် ကယ်တင်ခြင်းမရသေးဘူးဆိုရင် အချိန်မနှောင်းခင် အခုပဲ ကယ်တင်ရှင်ယေရှုဘုရားကို ယုံကြည်လက်ခံလိုက်ပါ။🎉

ဘုရားရှင်ကောင်းကြီးပေးပါစေ။✍
Kyaw Win

14/03/2024

လူတစ်ယောက်ရဲ့
အောင်မြင်​ြခင်းကို နှုတ်ကပတ်တော်နဲ့ တိုင်းတာရင် သိနိုင်ပါတယ်။

11/03/2024

ကိုယ့်ရဲ့ ချမ်းသာကြွယ်ဝခြင်း၊ပညာတတ်ခြင်း၊အောင်မြင်ခြင်း၊ကား၊တိုက်နဲ့ နေနိုင်ရခြင်းအပေါ်မှာ စစ်မှန်သော ဝမ်းမြှောက်မှု ကျွန်ုပ်တို့ကို မပေးနိုင်ဘူး။

ဒီအရာက ကျွန်ုပ်တို့ကို ခနတစ်ဖြုန်းတော့ ပျှော်ရွှင်မှုပေးနိုင်ပါတယ်။

ယုံကြည်သူသားသမီးအယောက်စီတိုင်း၏ ဝမ်းမြှောက်ပျှော်ရွှင်မှုက ကိုယ့်ရဲ့စည်းစိမ်အပေါ် အခြေခံတာမဟုတ်ပါဘူး။
ယုံကြည်သူ သားသမီးအယောက်စီးတိုင်း၏ ဝမ်းမြှောက်ခြင်းက ခရစ်တော်ကြောင့်ပဲ ဖြစ်နေရတာပါ။

ဒါကြောင့် ဘာမှ မရှိရင်တောင် ဝမ်းမြှောက်နိုင်တာ၊ ဘာကြောင့်လဲ ဝမ်းမြှောက်ခြင်း အရှင်သခင်ဖြစ်သော ယေရှုခရစ်တော်အထဲ၌ အသက်ရှင်နေသော သူများဖြစ်နေရခြင်းကြောင့်ပါ။

10/03/2024

ဘယ်လောက်ပဲ ချမ်းသာနေပါစေ၊
ဘယ်လောက်ပဲ အောင်မြင်နေပါစေ၊
ဘယ်လောက်ပဲ ပညာတတ်ဖြစ်ပါစေ၊
ဘုရားမပါရှိရင် ဘာရှိလဲ ဘာမှ မရှိဘူး။

ဘုရားမပါရှိရင် အရားအားလုံး ဘာမှကို မဟုတ်တာ။

09/03/2024

သင်ချမ်းသာကောင်း ချမ်းသာနိုင်တယ်။
ဒါပေမယ့် ဘုရားမရှိရင် ဒီအရာအားလုံး ဘာမှမဟုတ်ဘူး။

08/03/2024

#နပိုလီယံသေခါနီးမှာ_ဒီလိုစကားတစ်ခွန်း_ပြောခဲ့သတဲ့။

" ငါဟာ တစ်ချိန်က စစ်သည်ရဲမက္ သိန်းသန်းပေါင်း များစွာကို ဦးဆောင် အမိန့်ပေးခဲ့တယ်။

အခုတော့ ငါ့ဘေးမှာ ဗလာနတ္တိ၊

ငါဟာ တစ်ချိန်က တိုက်ကြီး သုံးတိုက်ကို တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်။

အခုတော့ ခြေကုပ်ချဖို့ တစ်နေရာစာ မရှိခဲ့ဘူး၊

Jesus က ငါ့ထက် အများကြီး အောင်နိုင်ခဲ့တယ်။ သူ့မှာ စစ်သည်ရဲမက် တစ်ယောက်မှ မရှိဘူး၊
မြေ တစ်လက်မလေးတောင် မသိမ်းပိုက်ခဲ့ဖူးဘူး၊

ဒါပေမယ့် သူ့ရဲ့တိုင်းပြည်ကို လူ သိန်းသန်းပေါင်း များစွာရဲ့ရင်ထဲမှာ တည်ထားနိုင်ခဲ့တယ်"

မေတ္တာဆိုတာ လက်နက်ထက် ထက်ပြီး လူသား အားလုံးရဲ့စိတ်ဝိညာဉ်ကို သိမ်းပိုက်နိုင်တဲ့ အရာပါ။

တစ်မျိုးဆက်ကနေ တစ်မျိုးဆက် လက်ဆင့်ကမ်းနိုင်တဲ့ အရာကသာလျှင် တကယ့် အဓိပ္ပာယ် ရှိတဲ့
အရာ ဖြစ်တယ်။

Credit:

07/03/2024

သင့်ကို ထူးခြားစွာဖန်ဆင်းထားတဲ့ဘုရားက ထူးခြားတဲ့အကြံစည် ရှိကိုရှိတယ်။

05/03/2024

Everything Is Grace.❤

03/03/2024

ဘုရားမပါရင် ဘယ်နေရာရောက်ရောက် မလုံခြုံပါဘူး။
လောကမှာ လုံခြုံတဲ့နေရာမှ မရှိတာ။

02/03/2024

လူတစ်ယောက်ရဲ့ ေအာင်မြင်မှုရလဒ်တစ်ခုသည် ချမ်းသာခြင်း၊နာမည်ကျော်ကြားခြင်း
မဟုတ်ပဲ သူရဲ့ဘဝအသက်တာခရီးလမ်းမှာ ​ဘုရားသခင်ကို ဘယ်လောက်
ဦးထိပ်ထားခြင်း ဘုရားသခင်နဲ့
အတူလျှောက်လမ်းခြင်းအားဖြင့်
တိုင်းထွာရမှာပါ။

27/02/2024

ယုံကြည်သူတွေက
ဘာကြောင့် မျှော်လင့်ချက်မဲ့နေသလဲ။
ဘာကြောင့် စိတ်ပျက်ဝမ်းနည်းနေသလဲဆိုတော့ ဘုရားသခင်၏ နှုတ်ကပတ်တော်ပေါ်မှာ ရပ်တည်ခြင်း မခိုင်မြဲလို့ပါ။

နှုတ်ကပတ်တော်ရပ်တည်နေတဲ့သူက အဆိုး၊အကောင်းတွေကြုံလာရင်လည်း
စိတ်မပျက်ဘူး၊မျှော်လင့်ချက်မမဲ့ဘူး။
တို့နိုင်ငံရဲ့ အခြေအနေကြည့်မယ်ဆိုရင်

လူငယ်တွေအတွက် အင်မတန်မှ ထွက်မြောက်ရာ၊လမ်း ခက်ခဲ့နေတာတွေ့ရမှာပါ။
တစ်ခါတစ်လေကျရင် စိတ်ပျက်မိမှာပါ။

သို့သော် ဘုရားကို ယုံကြည်မှာ။
ဘုရားအခွင့်မရှိရင် ဘာတစ်ခုမှ ဖြစ်မလာနိုင်ပါဘူး။
ဘုရားခွင့်ပြုလို့ အဆိုးကြုံလာခဲ့ရင်တောင် ဒါကျွန်ုပ်တို့အတွက် သာ၍ကောင်းသော အကြိုးဖြစ်ဖို့ပါ။

ဘာပဲဖြစ်ဖြစ် မျှော်လင့်ချက် မပျောက်ဆုံးပါနဲ့။

26/02/2024

အမူကြီးသည်၊ငယ်သည်ဖြစ်စေ ဘုရားထားတဲ့အရာအပေါ်မှာသစ္စာရှိဖို့ အဓိကပါ။

24/02/2024

ယုံကြည်ခြင်းနဲ့ လျှောက်ရတဲ့
လမ်း ခရီးမှာ
သံသာယစိတ်တွေနဲ့ ရှေ့ဆက်လို့မရဘူး။

23/02/2024

အရားအားလုံး ကျေးဇူးတော်သက်သက်ပါပဲ

18/02/2024

ယေရှုထက် အခြားအရာကို ဘဝမှာ ဦးစားပေးနေရင် ယေရှုခရစ်တော်သည် သင်ရဲ့ အရှင်သခင်မ​ဖြစ်
သေးဘူး။

17/02/2024

အခြေအနေတွေ အပေါ်မှာ အသက်မရှင်ပါနဲ့။
ဘုရားက ဘာပြောလဲ၊ဘာသွန်သင်လဲ ဆိုတာ ဒီအချိန်မှာ နားထောင်ပါ။

12/02/2024

လောကရဲ့အသံကို နားထောင်ရင် အရာရာမှ အကြောက်တရားတွေ၊စိုးရိမ်မူတွေပဲ။
ဘုရားရဲ့ဂတိတော်၊အသံတော်တွေကိုပဲ နားထောင်ပြီ အသက်ရှင်ပါ။

11/02/2024

သင်မမြင်နိုင်တဲ့ဖက်ကနေ ဘုရားက
သင့်ကို ထောက်ပံ့ပေးနေတယ်။

10/02/2024

တောင်ပေါ်က
အဖိုးအဖွားတွေ စာမဖတ်တတ်တော့
ဖတ်ချင်လွန်းသော်လည်း သူတို့မှာ
မဖတ်တတ်။
ဒီလို နှစ်တွေ၊လတွေ မဖတ်ပဲ သိမ်းဆည်းထားတော့ အသစ်စက်စက်လို့ ဖြစ်နေရတာပေါ့။

07/02/2024

ဘုရားရဲ့ အကြံစည် ဘယ်တော့မှ
မမှားဘူး။

05/02/2024

အောင်မြင်ခြင်းဟာ ဘုရားသခင်ချီးမြှောက်ခြင်းနဲ့ ဆိုင်တယ်။

04/02/2024

လောကအသံထက် ဘုရားအသံကို နားထောင်ဖို့လိုတယ်။

29/01/2024

ထာဝရကာလတိုင်အောင် ယူသွားမည့်အရာမှာ ချစ်ခြင်းမေတ္တာ။
ချစ်ခြင်းမေတ္တာ မရှိတဲ့သူက ေကာင်းကင်နိုင်ငံကို သွားလို့မရဘူး။
ယုံကြည်ခြင်း၊မျှော်လင့်ခြင်း ခရစ်တော်နဲ့တွေရင် မလိုတော့ဘူး။
သို့ပေမယ့် ချစ်ခြင်းမေတ္တာက လိုအပ်နေဆဲပါ။

28/01/2024

ခရစ်တော်သာမရှိရင်
ကျွန်ုပ်တို့
အသက်ရှင်ခြင်းသည်လည်း
အဓိပၸာယ် မရှိပါဘူး။

Want your place of worship to be the top-listed Place Of Worship in Hmawbi?
Click here to claim your Sponsored Listing.

Videos (show all)

Everything Is Grace.❤
လောကမှာ တည်မြဲခြင်းမှ မရှိတာ။ရေးသူ/ဆိုသူအား🙏
ဒီနေ့မှာ မယုံကြည်သူတွေကို ကျောင်းတော်ကြီးကနေ ခရစ္စမတ်သတင်းကောင်းဝေငှါခြင်းပုံရိပ်။
ခရစ္စမတ်လက်ဆောင်းရေး/ဆို🎙နိုးဒီ
အခမဲ့ ပေးခဲ့တယ်သင်တန်ဖိုးတော့ ထားသင့်တယ်။
Holy Holy Holy. ...
"မညီသော ထမ်းဘိုး"ဘယ်လောက်ပဲ ချစ်ချစ်..ချစ်တိုင်းလည်း ေပါင်းဖက်လို့ မရပါဘူး။ဒီဘဝမှာတော့ မင်းနဲ့ငါ ချစ်လျက်နဲ့ဝေးပြီး(မညီသ...
အမေသာရှိရင်
"သင်ရင်ဘယ်သွားမှာလဲ"? ခရစ်ယာန်တေးသီးချင်းကောင်း
#ဝိညာဥ်တော်ကြောင့်သာ
#ချစ်လို့နေတာရေး-ဘွန်ဂူရာ/ဆို-SARAN VID

Telephone

Address

Myanmar/Yangon
Hmawbi
234

Other Religious Organizations in Hmawbi (show all)
မဟာဝိဟာရပုံရိပ် မှော်ဘီ-Mahavihara Forest Monastery မဟာဝိဟာရပုံရိပ် မှော်ဘီ-Mahavihara Forest Monastery
Pho Daw Na Gone Village
Hmawbi, 11361

မဟာဝိဟာရကျောင်းတိုက်ရှိသံဃာတော်မျ?

Htein Soon Reformed Church Htein Soon Reformed Church
Hmawbi

To God be the Glory!

Charis Family Assembly 3 Charis Family Assembly 3
Myat Saw Nyi Nuang Street
Hmawbi

Myanmar Antioch Mission Myanmar Antioch Mission
Hmawbi

မြန်မာပြည် အန္တိအုတ် သာသနာ

Maha Vihara Forest Monastery-မဟာဝိဟာရကျောင်းတိုက် Maha Vihara Forest Monastery-မဟာဝိဟာရကျောင်းတိုက်
Pho Daw Na Kone Village
Hmawbi

Having more than 1350 monks and novices, this is a Pariyatti monastery located in Hmawbi, YANGON. သံဃ

Rhema AG Church-Hmawbi Rhema AG Church-Hmawbi
အမှတ်ပိုင်(၂)၊အလောင်းဘုရားလမ်း၊တိုးချဲ့(၂)ရပ်ကွက် အရှေ့ခြမ်း၊မှော်ဘီမြို့၊ရန်ကုန်တိုင်း။
Hmawbi

This page is describe for Church Activities & Youth activities... (အသင်းတော်၏လှုပ်ရှားမှုအတွက်ဖြစ်သည်

The Temple of Twenty Eight Buddhas The Temple of Twenty Eight Buddhas
Hlawga Park Road, Hmawbi Township, Yangon North District
Hmawbi

http://www.thetempleoftwentyeightbuddhas.com

Kanpetlet Baptist Church Yangon Kanpetlet Baptist Church Yangon
Hmawbi

Kanpetlet Baptist Church Yangon

ဗောဓိရိပ်ငြိမ်တောရ။မှော်ဘီကပ္ပိယများ ဗောဓိရိပ်ငြိမ်တောရ။မှော်ဘီကပ္ပိယများ
မှော်​ဘီ၊ရန်​ကုန်​တိုင်း
Hmawbi

ဗောဓိရိပ်ငြိမ်တောရ(မှော်ဘီ)ကပၸိယမ်?

Karuna Family Networks Karuna Family Networks
Hmawbi

A group of potential people who train/make followers of Jesus Christ for effective in ministry glory.