Kanpetlet Baptist Church Yangon
Nearby places of worship
Santo Antônio do Descoberto 72900000
Church Street, Shamshabad
Ingalls Street
GB-040-5082
Accra
Kano ILESA,OSUNSTATE
Calle Bugambilias, Oaxaca de Juárez
Ramgarh 825101
Gopalganj 841405
Eguare
Benin/Akure Expressway, Benin City
Chicago
Kanpetlet Baptist Church Yangon

Summer Bible camp # (2024)


ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းဥပဒေ

ကန်ပက်လက်နှစ်ခြင်းအသင်းတော်ရန်ကုန်၏၂၀၂၂ခုနှစ်ခရစ်စမတ်ကိုအောင်မြင်စွာကျင်းပနိုင်သောအခွင့်ပေးတဲ့ဘုရားရှင်နာမတော်ကိုချီးမွမ်းပါတယ်။ ခုလိုဝမ်းမြောက်ပျော်ရွှင်၊ေအာင်မြင်စွာကျင်းပနိုင်ရန်အတွက်ပါဝင်လှူဒါန်းကြသောအလှူရှင်များကိုလည်းအထူးကျေးဇူးတင်ပါတယ်။ အလှူရှင်များ -ဆရာကီးလိန်း (ဆုဖလားအတွက် ၁၀၀၀၀၀ကျပ်) ဆရာယောရှုထန်းနိုင်း(၁၀၀၀၀၀ကျပ်ကြက်သားအတွက်)ဦးနိုင်းရှိန်း (၁၅၀၀၀၀ကျပ်ဖူဆယ်ကွင်းငှား) ရာခေလလှူးလွန်း (၁၀၀၀၀၀ကျပ်) ဆရာကျော်နိုင်ဦးတို့မိသားစု (၆၀၀၀၀ကျပ်)၊ဦးစီးမှူးမနားကွီး (၅၀၀၀၀ကျပ်) မဟာန (၅၀၀၀၀), ဆရာတော်ဟုန်းဘူ (၂၀၀၀၀ကျပ်ခရစ်စမတ်ဗီနိုင်း)ဆရာလှေ့မနား (၂၀၀၀၀ကျပ်ကစားအတွက်ဗီနိုင်း) ဒေါ်လှူးဘူ (၁၀၀၀၀ကျပ်)ဆရာမလင်းလင်း (၁၇၀၀၀ကျပ်)၊ ဒေါ်လီလီနိုင်း(၁၀၀၀၀ကျပ်) အတွင်းရေးမှူးဦးဟုန်+ဆရာမတွီးဟုန်း ဆန်တစ်အိပ်၊ Siloam မိသားစုမှ (ဝက်တစ်ကောင်)တို့ဖြစ်ကြပါတယ်။ Champion ဖြစ်သွားသော Dagon UnitedFC ကိုအထူးဂုဏ်ပြုပါတယ်။ ဆက်လက်အောင်မြင်ပါစေ။

KBCY (6)လပတ်အစည်းဝေး

29.6.2022 ချစ်ရသောဆရာမနှူးဟုန်း၏နောက်ဆုံးဈာပနဝတ်ပြုခြင်းနှင်မြေသို့အပ်နှံခြင်း
29.6.2022 ချစ်သောဆရာမနှူး၏နောက်ဆုံးဈာပနဝတ်ပြုခြင်း

မှော်ဘီမိသားစုများထံဆုတောင်းပေးခြင်း

အသင်းတော်အနေဖြငိ့မိသားစုအသီးသီးအတွက်ဆုတောင်းပေးခြင်း

2021 Christmas!

ဆရာမနားချိုင်အားဖြင့်နုတ်ကပတ်တော်ခွန်းအားယူခြင်း။

2020ခရစ်မတ်

ဝတ်ပြုကိုးကွယ်ခြင်း

အသစ်သောခွန်အားရရှိပါတယ်။ဆက်လက်ဘုရားသခင်အသုံးပြုပါစေ။
တစ်မျက်နှာ ဓမ္မ သင်ခန်းစာ
လေဂေါင် နှင် ကိုဗစ်ဗိုင်းရက်စ် ၂၀၁၉ (covid 2019)
မာကု ၅း၉ တွင် ' ကိုယ်တော်ကလည်းသင်သည်အဘယ်အမည်ရှိသ
နည်းဟုမေးတော်မူလျှင် အကျွန်ုပ်အမည်ကားလေဂေါင်ဖြစ်ပါ၏။' ဟု
နတ်ဆိုးသည်ဖြေခဲ့သည်။ ထိုနတ်ဆိုးသည်ဝက်ထဲသို့သွားခွင့်ပြုရန်
တောင်းပန်သည့်အခါ၊ ကိုယ်တော်သည်အခွင့်ပေးခဲ့သည်။ ဤနေရာ
တွင်ယေရှုဘုရားသည် လေဂေါင် ကိုမနှင်ထုတ်ခဲ့ပါ။ တောင်းပန်နေသောနတ်ဆိုး (လေဂေါင်=အများ။ ဂရိစာပေတွင် Legion ဟုသုံးပါသည်၊ ရောမစစ်တပ်သုံးစကားဖြစ်ပြီး လေဂေါင်တွင် ခြေကျင်စစ်သား ၆၁၀၀နှင့် မြင်းစီးတပ်သား ၇၂၆ ပါသည်။) ကို ကိုယ်တော်သည် နှင်မထုတ်ခဲ့ပဲ ခွင့်ပြုပေးခဲ့သည်။ လေဂေါင် သည် ညစ်ညူးသောကောင်းကင်တမန်နတ်ဆိုး (demon = unclean spirit) ဖြစ်သောကြောင့် ခရစ်တော်ကိုတွေဒါနဲ့လစ်ဖို့တောင်းပန်ပြီး ထွက်သွားခဲ့ပါသည်။ ကိုဗစ်သည်လေဂေါင်မဟုတ်ပါ။ ကိုဗစ် ၁၉ ( corona virus disease 2019) ၂၀၁၉တွင်တွေ့ရှိရသော လသဏ္ဍာန်နှင့်တူသောရောဂါပိုးဖြစ်သည်။ အသက်ရှင်စေသော DNA cell ဆာလ်များကိုသေစေနိုင်ပါ
သည်။ ကျမ်းစာတွင် virus စကားလုံးမတွေ့ပါ။ ထိုစကားလုံးကို ၁၅၉၀မှ စတင်၍ လက်တင်စာပေဖြင့်သုံးခဲ့ပါပြီး အဆိတ် (poison) သို့မဟုတ် ချွဲပြစ်သောအရည်စက် ဟုခေါ်ပါသည်။ ဗိုင်းရက်စ်သည်
နတ်ဆိုးမဟုတ်သောကြောင် မောင်းထုတ်၍မရနိင်ပါ။ ယေရှုကိုတွေ့ လို့တောင်းပန်မည်သူမဟုတ်ပါ။
ယော ၉း၇ တွင် ' ယေရှု ကသင်သွားလော့။ ရှိလောင်ရေကန်၌မျက်စိကိုဆေးလော့' ဟု မိန်ကြားခဲ့သည်။ ဤနေရာတွင် ဗိုင်ရက်စ်ပိုးဖြစ်
သောကြောင့် ဆေးခိုင်းခြင်းဖြစ်သည်။ ထိုသူသည်ဘုရားသခင်ရှိတယ် မဆေးပဲနေမည်ဆိုလျှင်ပျောက်မည်လား။ ယနေ့လည်း င့ါမှာ ဘုရားရှိတယ် လက်မဆေးဘူး၊ ကိုင်ချင်ရာကိုင်မယ်၊ mask မတက်ဘူးဆိုရင် virus က လေဂေါင်မဟုတ်ဘူး။ သူကလူစကားနားမလယ်ဘူး။ သူက လေဂေါင်ထက်ပိုဆိုးတယ်။ ဗိုင်ရက်စ်ပိုးကိုနိင်တာက ရှိလောင်ပါ။ ဒီနေ့့သင့်ရဲ့ရှိလောင်က လက်ကပိုးတွေ၊ ကိုယ်မှာကပ်နေတဲ့ပိုးတွေကို ဆပ်
ပြာနဲ့ကောင်းကောင်းဆေးလိုက်ပါ။ ဆေးနဲ့ကောင်းကောင်းဖြန်းလိုက်ပါ။
ရှိလောင်ကန်ထဲရှိရေသည် သန့်ရှင်းသောစမ်းရေဖြစ်ပြီ ယေရုရှလင်
မြို့အပြင်ရှိ ဂိဟိုန်မြီု့၏ ကျောက်တောင်ကြားထဲမှဆင်းလာသောရေဖြစ်သည်။ ထိုရေထဲတွငိဆားဓာတ်ပာသည်။ မကြာမီကာကွယ်ဆေးများ
ရောက်လာပါမည်။ ငါ့မှာခရစ်တော်ရှိတယ်၊ သွားမထိုးပဲမနေပါနဲ့။ ခရစ်
တော်က ရှိလောင်ကန်သွားခိုင်းသလိုကာကွယ်ဆေးတွေ မြန်မာပြည်ကို ပို့ဆောင်ပေးပါလိမ့်မယ်။
Dr. Aye Min
CRD # # #


Happy Mother's Day!
အသင်းတော်များမှာတွေ့ရလေ့ရှိသောရုပ်တုသုံးမျိုး
Three Common Idols in Churches
(an article from CHURCHLEADERS page)
Translated by Kyaw Tun Lin
အသင်းတော်များ၌ ကိုးကွယ်နေသောရုပ်တုသုံးမျိုးရှိရာ အသင်းတော်ခေါင်းဆောင်များအနေနှင့် သိထားရန် လိုအပ် မည်ဖြစ်ပြီး ဝေးဝေးရှောင်ကျဉ်ကြရန်ဖြစ်သည်။
ဟေဇကိမင်းသည် “ထာဝရဘုရားရှေ့တော်၌တရားသောအမှုကိုပြု၏”ဟုသမ္မာကျမ်းစာမှာတွေ့ရ သည်(၄ရာ ၁၈း၃)
ရှေ့ဆက်ဖတ်လျှင် ဟေဇကိသည် “မြင့်သောအရပ်တို့ကိုပယ်၏။ ရုပ်တု ဆင်းတုတို့ကိုချိုးဖဲ့၏ အာရှရပင်တို့ကိုခုတ်လှဲ၏။ မောရှေလုပ်သောကြေးဝါမြွေကိုအပိုင်းပိုင်း ဖြတ်၏။ အကြောင်းမူကား၊ ဣသရေလအမျိုးသားတို့သည် ထိုကာလတိုင်အောင်၊ ထိုမြွေရှေ့မှာ နံ့ သာပေါင်းကိုမီးရှို့တတ်ကြ၏။”ဟုတွေ့ရသည် (၄ရာ ၁၈း၄)။
ပြတ်သားသောဝိဉာဏ်ရေးခေါင်းဆောင်တယောက်အနေဖြင့် လူအများစိတ်ကိုဖမ်းစားလျှက် ဘုရား သခင် အားဝတ်ပြုကိုးကွယ်ခြင်းအမှုကို ခိုးယူနေသည့် ရုပ်တုများကိုရှင်းလင်းဖယ်ရှားပြစ်သည်ကို နားလည်မှုပေးနိုင်သည်မှာသဘာဝကျပါသည်။ ဝိညာဉ်ရေးခေါင်းဆောင်တယောက် သူတို့အား အ ခြားသောဘုရားများမကိုးကွယ်နဲ့ဟု တားမြစ်မှာကို မျှော်လင့်ထားပြီးဖြစ်သည်။ သို့ရာတွင် ဟေဇကိနောက်တဆင့်ထပ်လုပ်သောကိစ္စကတော့ လုံးဝမမျှော်လင့်ထားဘဲ အငြင်းပွားဘွယ်ရာ ဖြစ် ပေသည်။ မောရှေ၏မြွေရုပ်ကို တမင်ရည်ရွယ်ချက်ရှိရှိ အပိုင်းပိုင်းဖြတ်လိုက်၏။ မတော်တဆ မ ဟုတ်ပေ။ “ကျွှန်တော်ဒါလုပ်ရင်းနဲ့သူလဲကျသွားတာ”ဟူသည့် သဘောလည်းမဟုတ်ပေ။ ကြေးရုပ်ကိုကျိုးပဲ့စေဘို့ တစုံတရာအားထုတ်မှုရှိပေသည်။
ရုပ်တုဆင်းတုများကိုဖျက်ဆီးခြင်းကတစ်ကိစ္စဖြစ်ပြီး၊ မြွေရုပ်ကတော့ မောရှေထုလုပ်ခဲ့တာဖြစ် သည်။ လူတွေမြွေကိုက်ခံသည့်ဝေဒနာပျောက်ကင်းစေခြင်းအလို့ငှါ ဘုရားသခင်သည် မောရှေအား ထုလုပ်ခိုင်းခဲ့သောမြွေရုပ်ဖြစ်သည် (တော ၂၁)။
ထိုမြွေကိုနံ့သာပေါင်းနှင့်ပူဇော်နေကြသောကြောင့် ဟေဇကိဖျက်ဆီးရခြင်းဖြစ်သည်။ မြွေရုပ်ကိုရှိ ခိုးနေကြခြင်းဖြစ်သည်။ စိတ်နှလုံးပြောင်းလဲစေဘို့အတွက် အထောက်အကူဖြစ်စေသောအရာများ သည် ကိုးကွယ်သည့်အရာဝတ္ထုအဖြစ်သို့ရောက်ရှိသွားနိုင်သည် ( Tools for transformation can become objects of worship)။ ကျွှန်တော်တို့သည်လည်း အပြစ်သားများဖြစ်ကြသည့်အားလျှော် စွာ မည်သို့သောအရာကိုဖြစ်စေ ရုပ်တုဆင်းတုပြုလုပ်နိုင်ပါသည်။ ကျွှန်တော်တို့အတွက်အရေးပါ သောအရာများကို အားနည်းသည့်ဇာတိနှင့်ပြည့်ဝသည့်အလျှောက် ဘုရားအဖြစ်ကိုးကွယ်ဘို့ အလားအလာရှိနေပါသည်။ ထို့ကြောင့်ပင် အနာရောဂါကိုငြိမ်းစေဘို့ ဘုရားသခင်အသုံးပြုခဲ့သော မြွေရုပ်ကို သူတို့ကိုးကွယ်ခဲ့ကြခြင်းဖြစ်သည်။
ယနေ့ခေတ်အသင်းတော်များ၏မှားယွင်းသောရုပ်တုဆင်းတုများ
ယနေ့မျက်မှောက်ခေတ်တွင်လည်း ထူးမခြားနားဖြစ်သည်။ စိတ်နှလုံးပြောင်းလဲဘို့အထောက်အကူ ဖြစ်စေသောအရာများကို ကိုးကွယ်ဆည်းကပ်အပ်သောအရာအဖြစ်အစားထိုးနေခြင်းကို ရင်ဆိုင် ရုန်းကန်နေရဆဲဖြစ်သည်။ တွေ့မြင်နေကျ မှားယွင်းသောရုပ်တုဆင်းတုသုံးမျိုးမှာ-
၁။ နေရာဌာနကိုကိုးကွယ်ခြင်း The false idols of Place
လူမျိုးတော်စုဝေးခိုက်ဝယ် ဘုရားသခင်သည် ကြီးသောအမှုကို လူမျိုးတော်၏နှလုံးသား၌ ပြုတော်မူသောကြောင့်၊ ထိုစုဝေးသောနေရာသည် အထောက်အကူဖြစ်စေသည့်အရာအဖြစ်မှ အကိုးကွယ်ခံစရာအဖြစ်သို့ရောက်သွားနိုင်စရာအကြောင်းရှိလေသည်။ ထို့ကြောင့် အကယ်၍ ခေါင်းဆောင်က “နေရာပြောင်းကြစို့”ဟု အမှတ်ပေးလိုက်လျှင်၊ မြွေရုပ်ကိုအပိုင်းပိုင်းချိုးဖြတ်ဖို့ရာ ဆုံးဖြတ်ရမည့်ကိန်းသို့ဆိုက်ရောက်သွားလေသည်။ ကျွှန်တော်တို့သတိပြုရမည်မှာ အဆောက်အဦ သည်အသင်းတော်မဟုတ်ပါ။ သူ၏လူမျိုးတော်သည်သာအသင်းတော်ဖြစ်သည်။ ကျွှန်တော်တို့စုရပ် ပြုနေသောနေရာတွင် ဘုရားသခင်မနေပါ။ ယုံကြည်သူတို့၏စိတ်နှလုံးအတွင်၌သာ ဘုရားသခင် ကိမ်းဝပ်တော်မူသည်။
၂။ အတိတ်ကိုကိုးကွယ်ခြင်း The false idols of Past
ဘုရားသခင်သည်အတိတ်တွင် အံ့ဩဘွယ်ရာအမှုတော်များကိုပြုတော်မူသဖြင့် ထိုအတိတ် သည် ကိုးကွယ်ရာဖြစ်လာခဲ့ပြန်သည်။ ဘုရားသခင်ကိုစောင့်မျှော်သည်ထက် ထိုအတိတ်ကိုပို၍လွမ်း ဆွတ်တသနေကြသည်။ အတိတ်အတွက်ကျေးဇူးတော်ချီးမွမ်းခြင်းကတစ်ကိစ္စ၊ အတိက်ကို ကိုးကွယ်ခြင်းကအခြားတစ်ကိစ္စဖြစ်သည်။ အကယ်၍အတိတ်သည်ကြီးမြတ်ဖွယ်ရာဖြစ်ခဲ့သော်၊ ဘုရားသခင်ကြောင့်သာလျှင်ကြီးမြတ်ရခြင်းဖြစ်ပေသည်။
၃။ အစီအစဉ်များကိုကိုးကွယ်ခြင်း The false idols Programs
ဘုရားသခင်သည် အစီအစဉ်များ၊ အခမ်းအနားများအားဖြင့် လူတို့၏အသက်တာပြောင်းလဲ မှုအတွေ့အကြုံများကိုဖြစ်ပွားစေတတ်သဖြင့်၊ ပရိသတ်သည် ထိုအစီအစဉ်များကို မဖွယ်မရာနေရာ အဖြစ်သို့ ချီးမြှောက်စေဘို့အကြောင်းဖြစ်လာတတ်သည်။ အကယ်၍ထိုသို့ဖြစ်သွားမည်ဟုဆိုလျှင် ထိုအစီအစဉ်အခမ်းအနားများသည် ခေတ်သစ်မြွေရုပ်များပင်ဖြစ်ပေတော့သည်။
ယနေ့ခေါင်းဆောင်များ ဟေဇကိမင်းနှင့် တူအောင် အဘယ်သို့ လုပ်ရမည်နည်း။ ခေတ်သစ်မြွေရုပ် ကို အဘယ်သို့ဖယ်ရှားပစ်ရမည်နည်း။
ခေါင်းဆောင်များသည် ပရိသတ်အား သခင်ယေရှုကိုသာ အစဉ်ညွှန်ပြနေရမှာဖြစ်သည်။ကိုယ်တော် သာလျှင်ကျွှန်ုပ်တို့ကိုးကွယ်ထိုက်သောသူဖြစ်ပြီး၊ ကိုယ်တော်သာလျှင်စိတ်နှလုံးကိုပြောင်း လဲစေနိုင် သူဖြစ်သည်။ သခင်ယေရှု၏ကြီးမြတ်မှုကို ပရိသတ်မြင်တွေ့မည်ဆိုလျှင် ရုပ်တုဆင်းတုများလည်း စွဲဆောင်မှုလျှော့ပါးသွားမှာဖြစ်သည်။ ကျွှန်ပ်တို့၏မျက်စိများကိုသခင်ယေရှု၌သာစေ့စေ့ကြည့်ရှုပြီး၊ ကိုယ်တော်၏အံ့ဩဘွယ်ရာမျက်နှာတော်ကို အပြည့်အဝဖူးမျှော်မည်ဆိုလျှင် လောကီနှင့်ဆိုင်သော အရာများ(နေရာ၊အတိတ်၊အစီအစဉ်အပါအဝင်)သည် ကိုယ်တော်၏ဘုန်းတော်နှင့် ကျေးဇူးတော် အလင်းရောင်အောက်တွင် မှေးမှိန်ပျောက်ကွယ်သွားမှာဖြစ်ပေသည်။
ခေါင်းဆောင်များအနေဖြင့် အသင်းသားများကို အသင်းတော်၏ရည်ရွယ်ချက် (Purpose of the Church) အားအစဉ်တစိုက် ဖေါ်ပြသတိပေးနေရမှာဖြစ်သည်။ အသင်းတော်သည် တပည့်တော်ဖြစ်စေခြင်း အတွက် တည်ရှိနေခြင်းဖြစ်သည် (A church exists to make disciples.)။ အသင်းတော်သည် တပြည့်တော်ဖြစ်စေခြင်းအမှုတော်ကိုပွေ့ပိုက်မိသောအချိန်ရောက်သောအခါ အစီအစဉ်အခမ်း အနားဟူသည် တန်ဆာပလာသာဖြစ်၍ ပန်းတုံးတိုင်မဟုတ်ကြောင်းနားလည် သဘောပေါက်လာကြမှာဖြစ်သည်။ တပည့်တော်ဖြစ်စေခြင်းအမှုတော်ကို အသင်းတော်ဟု ခေါ် သည်ဆိုသော အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုသိလာသောအခါ၊ နေရာဌာနဟူသည် တပည့်တော်ဖြစ် စေခြင်းအမှုတော်အတွက် တန်ဆာပလာတခုမျှသာလျှင်ဖြစ်ကြောင်းမှန်ကန်စွာရှုမြင်လာကြတော့မှာဖြစ်သည်။ ဘုရားသခင်သည်မြွေရုပ်ကိုပြုလုပ်ရန်မိန့်သော်မူခဲ့သော်လည်း၊ သူ့ကိုဖျက်ဆီးပစ်ရန် အတည်ပြုခဲ့သည်။ ကျမ်းစာတွင် ထိုမြွေရုပ်ကိုဖျက်ဆီးသောဟေဇကိမင်းနှင့်ပတ်သက်၍ ဣသရေလအမျိုး၏ဘာရားသခင်ထာဝရဘုရားကိုထိုမင်းခိုလှုံသကဲ့သို့သူ့နောက်မှာခိုလှုံသောယုဒရှင်ဘုရင်တယောက်မျှမရှိ။ ရှေဘကာလ၌လည်းမရှိ ဟုဖော်ပြပါရှိသည်။(၄ရာ ၁၈: ၅).
CRD®®® translated by kyaw Tun Lin from church leaders page.

၂၀၂၀ပထမအကြိမ်အိမ်လှည့်ဆုတောင်းအမှတ်တရပုံများ။

2019 Christmas.
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the place of worship
Telephone
Website
Address
Hmawbi
Pho Daw Na Gone Village
Hmawbi, 11361
မဟာဝိဟာရကျောင်းတိုက်ရှိသံဃာတော်မျ?
Pho Daw Na Kone Village
Hmawbi
Having more than 1350 monks and novices, this is a Pariyatti monastery located in Hmawbi, YANGON. သံဃ
အမှတ်ပိုင်(၂)၊အလောင်းဘုရားလမ်း၊တိုးချဲ့(၂)ရပ်ကွက် အရှေ့ခြမ်း၊မှော်ဘီမြို့၊ရန်ကုန်တိုင်း။
Hmawbi
This page is describe for Church Activities & Youth activities... (အသင်းတော်၏လှုပ်ရှားမှုအတွက်ဖြစ်သည်
Hlawga Park Road, Hmawbi Township, Yangon North District
Hmawbi
http://www.thetempleoftwentyeightbuddhas.com
မှော်ဘီ၊ရန်ကုန်တိုင်း
Hmawbi
ဗောဓိရိပ်ငြိမ်တောရ(မှော်ဘီ)ကပၸိယမ်?
Hmawbi
A group of potential people who train/make followers of Jesus Christ for effective in ministry glory.