Kaung Sat

This Page is meant to progress the excellent education system and make business Leader ...

26/01/2024

လူဆိုတာ.....

🙏🏻မနာလိုစိတ် များလာရင် ...
ကောက်ကျစ်တဲ့ စိတ်ဝင်လာတတ်တယ် ...

🙏🏻ကောက်ကျစ်စိတ် များလာရင် ...
ယုတ်မာတဲ့စိတ် ဖြစ်လာတတ်တယ် ...

🙏🏻ယုတ်မာစိတ် များလာရင် ...
မပြုသင့် မပြုထိုက်တဲ့ လုပ်ရပ်တွေ အထိ လုပ်လာတတ်ပါတယ်တဲ့ …

🙏🏻အဲ့ဒီကနေ တဆင့် ... သူတစ်ပါး ပျက်စီးရာ ပျက်စီးကြောင်း ... စကားလုံးတွေ သုံးတာမျိုး,
ရက်စက်တဲ့ အပြုအမူတွေ လုပ်တာမျိုးအထိ လုပ်လာတတ်ပါတယ် ...

ပါချုပ်ဆရာတော်ကြီးနှင့် တွေ့ဆုံမှုမှ... ဆုံးစကားတချို့..

#မောင်စာချွန်

23/01/2024

Marketing 3.0/ 4.0 / 5.0 / 6.0 စာအုပ်တွေ လက်ဆောင်ပေးတဲ့ ဆရာ Dr Thant Zin Htun ကျေးဇူးပါဆရာ... လိုချင်နေတဲ့... အတော်ဖြစ်သွားပြီ....

လေးစားလျှက်ပါ ဆရာ 🙏🙏🙏

#မောင်စာချွန်

22/01/2024

အောင်မြင်တဲ့သူတွေဆီမှာ ရှိတဲ့ (3) RULUES OF SELF-DISCIPLINE
========================

1 # Rule
They don't joke with time.
( အောင်မြင်တဲ့သူတွေက အချိန်ရဲ့တန်းဖိုးကို ကောင်းကောင်းကြီးနားလည်တယ်)

2
They are hungry for knowledge
(သူတို့တွေက အမြဲတမ်း တစ်ခုခုကို လေ့လာနေတယ် စူးစမ်းနေကြတယ်)

3
They track their growth
(သူတို့ ဘယ်လိုတွေတိုးတက်လာတယ်၊ ဘယ်လောက်တိုးတက်လာတယ်ဆိုတာ အမြဲတမ်းစူးစမ်းနေကြတယ်။ ကိုယ့်ကိုယ်ကို အမြဲ Focus ထားတယ်)

#မောင်စာချွန်

21/01/2024

🛑 အောင်မြင်ကျော်ကြားသူဖြစ်အောင် မကြိုးစားပါနှင့် တန်ဖိုးရှိသောသူဖြစ်အောင် ကြိုးစာပါ။ အဲ့ဒါဆိုရင် မင်းက " အနေစုတ်ပေမဲ့ ရွှေရုပ် " ပါပဲ.....

#မောင်စာချွန်

21/01/2024

GBI International College ၏ EDMM B7 Presentation အမှတ်ပေး ဒိုင်အဖြစ် ပါဝင်အားဖြည့်ပေးခြင်း အမှတ်တရ....

အခုလိုဖိတ်ကြားပေးတဲ့ ဆရာ Pyae Sone Win အား အထူးပင်ကျေးဇူးတင်ရှိတယ်ခင်ဗျ...

Photo - San Ni

#မောင်စာချွန်

27/11/2023

ပံ့သကူ ပစ်မယ်ဟေ့.... လို့မန့်ပြီး Share လိုက်တော့....

#မောင်စာချွန်

07/09/2023

hello

07/09/2023

hi

09/08/2023

🛑 လူငယ်တွေ အောင်မြင်မှုပန်းတိုင်ရောက်အောင် ကြိုးစားနေချိန်မှာ...

🛑 မိမိလျှောက်သည့်လမ်းကို နောက်ပြန်မလှည့်တာတော့ ဟုတ်ပါပြီ....

🛑 လမ်းမှန်လား...လမ်းမှားလား ဆိုတာသိအောင် နောက်တော့ ခနလှည့်ကြည့် သင့်တယ်...

#မောင်စာချွန်

08/08/2023

🛑 မိမိကိုယ်ကို မိမိ နေရာမကျမှန်းကို နေရာမကျမှန်း သိရင် အဲ့တာ နေရာကျတာပဲ....ကွဲ့

🛑 မိမိကိုယ်ကို မိမိ နေရာမကျမှန်းကို နေရာကျတယ်လို့ထင်ရင် အဲ့တာမှ နေရာမကျတာ အစစ်...

#မောင်စာချွန်

24/07/2023

မီယန်မာပြည်က ပွဲကြိုက်ခင်တို့ မကြိုက်တဲ့ တစ်ခုတည်းသော ပွဲက ဘာပွဲလဲ😁😁😁

15/07/2023

ကျူရှင်မတက်ဘဲ ဆုရသွားသောအခါ:))

15/07/2023

မြင်ရင်ဆရာကြီးပဲ 😏😏😏

15/07/2023

သေချာတယ် အဲ့ဒါ ပညာရေးကောလိပ် နဲ့ UFL 😁😁😁

15/07/2023

ပုံကောင်းတစ်ပုံရဖို့ မလွယ်ဘူးနော်
ဒုက္ခပေါင်းစုံ ကျော်ဖြတ်ခဲ့ရတယ်... 😁😁😁

23/05/2023

ခေါင်းဆောင်ကောင်းတို့အနေနဲ့ စကားပြောဆိုကြတဲ့အခါမှာ အဓိကထားလိုက်နာကျင့်သုံးရမည့် အချက် (၁၀) ချက်
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

(၁) ဘူဝါဒီ (ဟုတ်မှန်သော စကားကိုသာ ပြောဆိုခြင်း)

(၂) ကာလဝါဒီ (ပြောခွင့်သင့်မှ ပြောဆိုခြင်း)

(၃) ဓမ္မဝါဒီ (တရားနှင့် စပ်သောစကားကို ပြောဆိုခြင်း)

(၄) အတုရိတဝါဒီ (အဆော တလျှင် မပြောဆိုခြင်း)

(၅) အတ္ထဝါဒီ (အကျိုးနှင့် စပ်သောစကားတို့ကိုသာ ပြောဆိုခြင်း)

(၆) မိတဘာဏီ (မပို မလွန် ချင့်ချိန်၍ ပြောဆိုခြင်း)

(၇) ပိယဝါဒီ (ချစ်ဖွယ်သောစကားတို့ကိုသာ ပြောဆိုခြင်း)

(၈) မိဟိက ပုဗရာဉာဏီ (ပြုံးရွှင်ခြင်းကို ရှေးဉီးပြု၍ ပြောဆိုခြင်း)

(၉) ဝိသဒဝါဒီ (သန့်ရှင်း သေချာသော အက္ခရာစဉ် ဌာန်း ကရိုဏ်းကျအောင် ပြောဆိုခြင်း)

(၁၀) ပေါရီ (ပြည်ကြီးသူ ပြည်ကြီးသာတို့၏ ဓလေ့ထုံးတမ်းကိုလိုက်၍ ပြောဆိုခြင်း)

ဆိုတဲ့ စကားအရာ (၁၀) ပါးဟာ ခေါင်းဆောင်ကောင်းတို့ရဲ့ အဓိကထားကျင့်ကြံအပ်သည့်နှင့် အညီ လိုက်နာကျင့်သုံးကြရမှာဖြစ်ပါတယ်။

#မောင်စာချွန်

17/05/2023

"ဤလောက၌ ပြင်းပြတဲ့စိတ်ဆန္ဒမရှိဘဲနှင့် ထူးခြားပြောင်မြောက်တဲ့အရာများကို လုံးဝမပြုလုပ်နိုင်ဘူးဆရာ"....

ဆရာ Pyae Sone Win နှင့် စကားပြောဆိုမှုမှ မှတ်သားဖွယ်စကား....

#မောင်စာချွန်

14/05/2023

Executive Diploma in HR Management သင်တန်း
သင်တန်းကြေး အခမဲ့ဖြင့် ဖွင့်လှစ်ရန် ရှိပါတယ်...တက်ရောက်ချင်သူများ Comments မှာ "EDHRM" လို့မန့်ခဲ့ပေးပါ....

13/05/2023

"အမေများနေ့ ဆိုတာ"
~~~~~~~~~~
.. ကမ္ဘာလောကကြီးထဲက
အမေ မှန်သမျှ လေးစားလျှက်ပါ
.. မွေးခဲ့သောအမေကို မွေးမေမေ ကျွေးခဲ့သော အမေများကို ကျွေးမေမေ လိမ္မာယဉ်ကျေး ဂရုစိုက်ပေးပြီး
ဆုံးမ ပေးခဲ့သော အမေများကိုကရုဏာ မေမေပါ
.. မွေးလို့ ပဲ ဖြစ်ဖြစ် မမွေးခဲ့ရပဲ အမေတစ်ယောက်လို
မေတ္တာပေး ချစ်ခင်ပေးသော အမေ မှန်သမျှ
ကျေးဇူးကြီးမားပါတယ်
.. အဖေများနေ့အမေများနေ့တကယ်တော့ နေ့စဉ်
ရှိနေပါတယ် အထူး ဂရုစိုက်မိအောင် ရက်မြတ် လေး
တစ်ရက် အမှတ်အသားပြု ခဲ့တာမဟုတ်လား
.. အမေ ဖြစ်နေသော အမေများ မေးချင်ပါတယ်
ရက်ပေါင်းလ ၃၆၅ ရက်တိုင် အမေများနေ့
မဖြစ်သင့်ဘူးလား
.. အမေတွေရဲ့မေတ္တာ အတိုးအလျှော့ မရှိခဲ့ပါ
.. သားသမီး အားလုံးကို အပြည့်အဝ ချစ်လာ
ပေးခဲ့သော အမေတွေပါ

'အမေ' ဒီလို ခေါ် လိုက်တဲ့အသံလေးကို ကြားတိုင်း
ဘယ်သူခေါ်တာလည်း သားသား လား မီးမီးလေး လား
ဆိုပြီး ပြုံးပြီး ပီတိ နဲ့ပျော်အမောတွေ ပြေ အော်
ချစ်သောမေမေတွေ
.. ဆိုးနေသော သား ဆိုးနေသော သမီး
ဘယ်လိုပြင်ရမလည်း အတွေးလေးကို အပြင်မထွက်
လူသိမှာလည်း စိုးရိမ်ခဲ့တယ်
.. လိမ္မာသော သား လိမ္မာသော သမီး
ထားစရာနေရာမရှိ ချစ်လိုက်ကြတဲ့ အမေတွေ
.. စုန်ရေလို စီးဆင်းပါစေ ဆန်တက်မလာနဲ့ရတယ်
.. အမေသာ ကျွေးပါရစေ
အမေ့ကို မကျွေးလည်း အပြစ်မမြင်ခဲ့သော အမေတွေ

ထာဝရ ချမ်းမြေ့ပါစေ...

နေ့တိုင်းတော့ အမေများနေ့ပါပဲ....



14.May.2023 တွင်ကျရောက်သော
အပြည်ပြည်ဆိုင်ရာ အမေများနေ့ ကို
လေးစားဂုဏ်ပြုလျက် ~~~

#မောင်စာချွန်

08/05/2023

📌 စိတ်ကို တည်ငြိမ်အောင်ထိန်းပါ။

📌 ကြံ့ခိုင်မှုနှင့် သည်းခံခြင်း စိတ်ဓာတ်ကို မွေးဖွားပါ။

📌 ဒုက္ခမှန်သမျှကို သတ္တိရှိစွာ ရင်ဆိုင်ပါ။

📌 အစွမ်းအစ တုံးခြင်းနှင့် အသိဉာဏ်ခေါင်းပါးခြင်း အတွေးအခေါ်ဟူသမျှကို လုံးဝလက်မခံပါနှင့် မိတ်ဆွေ....

#မောင်စာချွန်

06/05/2023

📌 Perfect လား၊ Growth လား
➖➖➖➖➖➖➖➖➖➖➖➖➖➖

ကျွန်တော်တို့တွေက Perfect ဖြစ်ချင်ကြတယ်။ တစ်ခုခုဆို အရာရာပြည့်စုံနေပြီလို့ထင်တဲ့ သူတွေနဲ့နှိုင်းယှဉ်ပြီး ကိုယ့်ကိုကိုယ် သံသယဝင်ကြတယ်။

ငါက မပြည့်စုံသေးဘူး၊ ငါကဘာမှမဟုတ်သေးဘူးဆိုတဲ့ အတွေးတွေနဲ့ ကိုယ့်ကိုကိုယ် အားမလိုအားမရတွေ ဖြစ်လာကြတယ်။ တကယ်တော့ Perfect ဖြစ်နေစရာမလိုပါဘူး။ ဒီလိုပဲ ရောင့်ရဲ တင်းတိမ်နေလို့လည်းမဖြစ်ဘူး။ ဘာကို ရောင့်ရဲတင်းတိမ်နေလို့ မရတာလဲ။ ဉပမာ - ကိုယ့်ရဲ့အလုပ်က ဘာမှမဟုတ်ဘူး၊ ကိုယ်တကယ် ဝါသနာပါတာလည်း မဟုတ်ဘူး။ အဲ့ကနေ တစ်လကို (၁) သိန်း (၂) သိန်း ရတယ်။ ကိုယ်ကဒါလေးက သက်တောင့် သက်သာလေးဖြစ်ပါတယ် လေးဆိုပြီး နောက်ထပ်ဘာမှ အားမစိုက်တော့တာ၊ ကိုယ်ဝါသနာပါတာတွေကို လုပ်မကြည့်တော့တာမျိုးတွေပေါ့။

ဒါကို ရောင့်ရဲ့တင်းတိမ်လာတဲ့အခါ ကိုယ့်ဘဝကနော် (၃) နှစ်လည်း ဒီနေရာမှာပဲ ဖြစ်နေတက်ပါတယ်။ ဒါဆို Perfect ဖြစ်အောင်လုပ်မယ်လို့တွေးပြီး ကြိုးစားပြီးဆိုရင်လည်း Perfect မဖြစ်မချင်း ကိုယ်ကပျော်နေမှာမဟုတ်ပြန်ဘူး။

အဲ့တော့ ကျွန်တော်တို့ Perfect ဆိုတာထက် Growth ဖြစ်နေဖို့လိုပါတယ်။ ကိုယ်လုပ်နေတဲ့ကိုယ့်ရဲ့ Page ပဲဖြစ်ဖြစ်၊ Online Shop ပဲဖြစ်ဖြစ် ပိုပိုပြီး တိုးတက်လာတာလည်း အောင်မြင်မှုပါပဲ။ ပြီးတော့ သင့်ရဲ့အမြင်ထဲမှာ Perfect ဖြစ်နေပြီလို့ ထင်နေတဲ့ လူတိုင်းရဲ့ အာဘောတွေ၊ စကားတွေကိုလည်း မျက်စိစုံမှိတ်ပြီး မယုံလိုက်ပါနဲ့အုံး။ ကိုယ့်နဲ့ကိုက်မှ၊ ကိုယ်နဲ့အဆင်ပြေမှ လိုက်ပပြီးကျင့်သုံးပါ။

Perfect ဖြစ်ဖို့ဆိုတာထက် နေ့တိုင်းနေ့တိုင်း ကိုယ်လုပ်နေတဲ့ အရာတစ်ခုမှာ Growth ဖြစ်နေဖို့က အဓိကပါ။

#မောင်စာချွန်
&Life

04/05/2023

" လူငယ်ဘဝတွင် မှား၍ လူလတ်ဘဝတွင် ရုန်းကန်လှုပ်ရှားကာ အသက်ကြီးလာသောအခါ နောင်တရသွားကြတယ်။ "

(ဘင်ဂျမင်ဒစ်ဆရေလီ)

01/05/2023

💪 ဘဝဆိုတာ ကိုယ်အရှုံးပေးမှ ရှုံးတာပါ...
==================================

📌 မင်းဘာပဲလုပ်လုပ် အမြဲဝေဖန်အပြစ်တင်နေတဲ့သူကို
ပတ်ဝန်းကျင်လို့ခေါ်တယ်...

📌 မင်းကြိုးစားနေချိန်မှာ မဖြစ်နိုင်ပါဘူး၊လုပ်နိုင်မှာမဟုတ်ဘူးဆိုပြီးမင်းကိုပြောတာလဲ ပတ်ဝန်းကျင်ပဲ....

📌 မင်းကျရှုံးနေတဲ့အချိန် လက်ညှိုးထိုးပြီး ကဲ့ရဲ့ကြတာလည်းပတ်ဝန်းကျင်ပဲ....

📌 မင်းကိုယ်တိုင်ကြိုးစားလို့အောင်မြင်သွားရင်တောင်
အရမ်းကံကောင်းလို့ပါကွာဆိုပြီး ဘာမှမဟုတ်သလိုပြောတာလည်း ပတ်ဝန်းကျင်ပဲ...

📌 ပတ်ဝန်းကျင်ကိုဂရုစိုက်နေသ၍ မင်းရဲ့ပန်းတိုင်ကိုရောက်မှာမဟုတ်ဘူး။ ပတ်ဝန်းကျင်ဆိုတာ အဲ့လိုပဲ ကွဲ့....

အဲ့ပတ်ဝန်းကျင်ရဲ့ပြောစကားတွေ၊လျစ်လျူရှုမှုတွေ
လှောင်ပြောင်မှုတွေ၊တိုက်ခိုက်မှုတွေ "တွန်းအားအဖြစ်ယူပြီး" သူတို့ကို မင်းလုပ်နိုင်တယ်ဆိုတာကိုသက်သေပြနိုင်အောင်ကြိုးစားလိုက်ပါ.....

ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့အတွက် ပတ်ဝန်းကျင်ဆိုတာကြီးကို ပြောပြနေ..ရှင်းပြနေဖို့ မလိုဘူး... ဒါပေမဲ့ လုပ်ပြနေဖို့တော့လိုတယ်...

အောင်မြင်မှုကမင်းရဲ့လက်တစ်ကမ်းမှာပါ... ကျရှုံခြင်းတာ ကိုယ်လုပ်မှဖြစ်တာပါ...

#မောင်စာချွန်

26/04/2023

YCရဲ့ချစ်မိတ်​ဆွေတို့အတွက် ပိုမိုကောင်းမွန်တဲ့ အစီအစဉ်လေးဖြစ်တဲ့ Idea to Action ခေါင်စဥ်ဖြင့် အောင်မြင်စွာ ပါဝင်နိုင်ခဲ့ပြီ...🎉

"We are together trying for our future"

18/04/2023

Executive Diploma in Business Management သင်တန်း
သင်တန်းကြေး အခမဲ့ဖြင့် ဖွင့်လှစ်ရန် ရှိပါတယ်...တက်ရောက်ချင်သူများ Comments မှာ "EDBM" လို့မန့်ခဲ့ပေးပါ....

Photos from Kaung Sat's post 10/04/2023

ကျွန်တော့်ရဲ့ Corporate Training ပထမခြေလှမ်းအနေနဲ့ Diamond Condo မှာ အောင်မြင်စွာကျင်းပနိုင်ခဲ့ပါပြီ......👣👣👣

#မောင်စာချွန်

05/04/2023

"ဤလောက၌ ပြင်းပြတဲ့စိတ်ဆန္ဒမရှိဘဲနှင့် ထူးခြားပြောင်မြောက်တဲ့အရာများကို လုံဝမပြုလုပ်နိုင်ဘူးဆရာ"....

ဆရာ Pyae Sone Win နှင့် စကားပြောဆိုမှုမှ မှတ်သားဖွယ်စကား....

#မောင်စာချွန်

04/04/2023

" လူငယ်ဘဝတွင် မှား၍ လူလတ်ဘဝတွင် ရုန်းကန်လှုပ်ရှားကာ အသက်ကြီးလာသောအခါ နောင်တရသွားကြတယ်။ "

(ဘင်ဂျမင်ဒစ်ဆရေလီ)

#မောင်စာချွန်
#ဘဝစာပေ

Want your business to be the top-listed Business in Kamayut?
Click here to claim your Sponsored Listing.

Telephone

Address


No. 1, 3rdFloor, 1 Ward, Insein Road, Kamayut Township, Yangon
Kamayut
11041

Other Business consultants in Kamayut (show all)
ShininStars Serial ShininStars Serial
Shwe MarLar Housing
Kamayut

ShininStarsSerial will provide the most prominent solution for financial problem, sales revenue, or

Kudos Business TV Kudos Business TV
18H, 2nd Floor , Yadanar Myaing Street, Ward 1 , Kamayut Township
Kamayut, 11044

This is for Business News and Talks Shows for SME and Entrepreneurs in Myanmar to support their Busin