ECCD & ECI

Early Childhood Care & Development/ Early Childhood Intervention (ECCD/ECI)

Photos from ECCD & ECI 's post 06/02/2023

ရွှေသွေးဂျာနယ်ထဲက ကလေးတို့အတွက် ဗဟုသုတဘဏ်

ရွှေသွေးမှာ ကာတွန်းဇာတ်လမ်းတွေအပြင် ကလေးတွေဖတ်ဖို့ အခြား ဗဟုသုတ ဆောင်းပါး၊ မှတ်စု၊ ဝတ္ထုတို၊ ကဗျာတွေလည်း ပါပါတယ်။

ရွှေသွေး အတွဲ ၁ မှ ၇ အတွင်း ထုတ်ဝေခဲ့တဲ့ စာစောင်တွေရဲ့ နောက်ဆုံး စာမျက်နှာ ကျောအဖုံးမှာ ကလေးတွေအတွက် ဗဟုသုတရဖွယ် ဆောင်းပါး၊ မှတ်စုတွေကို ရောင်စုံ သရုပ်ဖော်ပုံနဲ့အတူ ဖော်ပြလေ့ရှိပါတယ်။
ဒီဆောင်းပါး၊ မှတ်စုတွေကို ပေါင်းလိုက်ရင် ကလေး စွယ်စုံကျမ်း တစ်ခု ရနိုင်ပါတယ်။

အစောပိုင်း ရွှေသွေးပေါင်းချုပ် ၇ နှစ်စာထဲမှာ ဆောင်းပါးတို ၃၆၅ ပုဒ် ပါပါတယ်။ အကြောင်းအရာ တူညီတဲ့ ဆောင်းပါးတွေကို စုစည်းပြီး အုပ်စု ၆ စု ခွဲပြီး တင်ပေးသွားပါမယ်။ သိမ်းထားချင်သူတွေအတွက် pdf file ကိုပါ မျှဝေပေးပါမယ်။

(၁) မြန်မာ့ရိုးရာ ယဉ်ကျေးမှု၊ အနုပညာနဲ့ သက်ဆိုင်တဲ့
အကြောင်းအရာ ၄၉ မျိုး

pdf download link
https://drive.google.com/file/d/1WEAddCfcw_WG3qNUhrgWm1epkqtxed7L/view?usp=share_link

Photos from ECCD & ECI 's post 31/10/2022

ကစားနည်း အသွယ်သွယ်

Photos from ECCD & ECI 's post 31/10/2022

ဗီနိုင်း Slide
လိုအပ်တဲ့နေရာသုံးပါ

Photos from ECCD & ECI 's post 31/10/2022

Play together with learning

Photos from ECCD & ECI 's post 31/10/2022

ANIMAL AND ALPHABET 🔤

Photos from ECCD & ECI 's post 31/10/2022

ALPHABET 🔤

Photos from ECCD & ECI 's post 31/10/2022

Alphabet 🔤

Photos from ECCD & ECI 's post 29/10/2022

ECCD Trainer Manual (part - 5)

Photos from ECCD & ECI 's post 29/10/2022

ECCD Trainer Manual (part - 4)

Photos from ECCD & ECI 's post 29/10/2022

ECCD Trainer Manual (part - 3)

Photos from ECCD & ECI 's post 29/10/2022

ECCD Trainer Manual (part - 2)

Photos from ECCD & ECI 's post 29/10/2022

ECCD Trainer Manual (part - 1)

Photos from ECCD & ECI 's post 26/10/2022

မြန်မာ့ရှေးဦးအရွယ် ကလေးပြုစုပျိုးထောင်ရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ မူဝါဒ အပိုင်း ၄

Photos from ECCD & ECI 's post 26/10/2022

မြန်မာ့ရှေးဦးအရွယ် ကလေးပြုစုပျိုးထောင်ရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ မူဝါဒ အပိုင်း ၃

Photos from ECCD & ECI 's post 26/10/2022

မြန်မာ့ရှေးဦးအရွယ် ကလေးပြုစုပျိုးထောင်ရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ မူဝါဒ အပိုင်း ၂

Photos from ECCD & ECI 's post 26/10/2022

မြန်မာ့ရှေးဦးအရွယ် ကလေးပြုစုပျိုးထောင်ရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ မူဝါဒ အပိုင်း ၁

19/10/2022

“Montessori School ဆိုတာဘယ်လိုမျိုးလဲ”
“ဘယ်လိုနည်းတွေနဲ့သင်တာလဲ”
“ကလေးကဘာတွေတိုးတက်လာမှာလဲ”

ဒီမေးခွန်းတွေက ကျွန်တော်ကိုယ်တိုင်ကျောင်းမျိုးစုံကိုစုံစမ်း၊ Group တွေမှာလိုက်မေးခဲ့ရတာပါ

အစကတော့ သားသားကို မေမေနဲ့အတူတူတက်ရတဲ့ နေ့ကလေးထိန်းကျောင်းကို ပို့ဖို့စုံစမ်းရင်းမှ “montessori” ဆိုတဲ့စကားလုံးကို သိခဲ့တာ
အစကဆို ဘာမှန်းမသိလို့ Google မှာပြေးရှာလိုက်ရသေးတယ်

အခုကျွန်တော်သိသွားပြီဆိုတော့ တခြားမသိသေးတဲ့မိဘတွေရှိခဲ့ရင် သိရအောင် မျှဝေပေးချင်လို့ ဒီပိုစ့်လေးကိုရေးလိုက်ပါတယ်

————-

Montessori Education ဆိုတာ Classroom ထဲမှာ လက်တွေ့ဘဝမှာရှိတဲ့အရာတွေကို သူတို့အသုံးပြုလို့ရအောင်ဖန်တီးပေးထားပြီး ကိုယ့်ကိုကိုယ် အားကိုးတတ်အောင်ရယ်၊ စူးစမ်းလေ့လာတတ်အောင် သင်ကြားပေးတဲ့နည်းစနစ်ဖြစ်ပါတယ်။

ဦးနှောက်ဖွံ့ဖြိုးစ အချိန်ဖြစ်တဲ့ ၁နှစ်ကျော်အရွယ်လေးမှာ အလေ့ကျင့်ကောင်းတွေရဖို့များစွာအထောက်အပံ့ဖြစ်စေတဲ့ သင်ကြားရေးနည်းပါ။

သားသားလေးက အခု ၁နှစ် ၅လပါ
သားသားတက်နေတဲ့ကျောင်းက Baby Myanmar Montessori Center တောင်ဥက္ကလာ ချယ်ရီဥယျာဉ်အိမ်ယာထဲက ကျောင်းပါ။ အိမ်နဲ့လည်းနီး ကျောင်းကသင်ကြားပုံလေးတွေလည်း သဘောကျလို့ ထားဖြစ်သွားတာပါ

၁နှစ်ခွဲမှ စတက်လို့ရတယ်ဆိုပေမယ့် သားလေးက သွက်တော့ ၁နှစ်၃လ သားထဲက လက်ခံပေးခဲ့ပါတယ်။
တစ်ပတ်ကိုတစ်ရက်၊ တစ်ရက်ကို ၁နာရီခွဲတက်ရပါတယ်
အတန်းထဲမှာ အဓိကသင်ပေးတဲ့ဆရာမတစ်ယောက်ရယ်
ကလေးတစ်ယောက်ချင်းစီကိုလိုက်ကြည့်ပေးနေတဲ့ ဆရာမလေး ၂ယောက်ရှိပါတယ်၊ တစ်တန်းကို ကလေး ၁၀ယောက်ပဲထားပါတယ်၊ အုပ်ထိန်းသူတစ်ယောက်နဲ့အတူတက်ရတာပါ

အတန်းမစခင် ကလေးတွေကို နာရီဝက်စောလာခိုင်းပြီး ကစားကွင်းမှာဆော့စေတယ်၊ အတန်းစရင်စိမ်းမနေအောင်လို့ပါ

အတန်းစပီဆိုတာနဲ့ သင်ထောက်ကူအရုပ်လေးတွေနဲ့ဆော့တယ်၊ သီချင်းဆိုပြီးကကြတယ်၊ နောက်ပြီး တစ်နေ့နဲ့တစ်နေ့ မတူတဲ့ Activities လေးတွေလုပ်ရပါတယ်၊ ပြီးရင် မုန့်ကျွေး (စားမယ့်ပန်းကန်နဲ့ မုန့်ယူတဲ့အခါ တန်းစီယူရပါတယ် စားရင်လည်း ကိုယ့်ဘာကိုယ်စားရပါတယ်) ၊ ပြန်ခါနီးဆို သီချင်းလေးနဲ့ ကလေးချင်းနှုတ်ဆက်ပြီးအတန်းသိမ်းပါတယ်

သားသားက အခုဆို တက်နေတာ ၂လရှိပါပြီ
ဘာတွေတိုးတက်လာလည်းဆို ကိုယ့်အားကိုယ်ကိုးတတ်လာပါတယ်၊ ပိုလည်းသွက်လာပါတယ်

အိမ်မှာ သူဆော့ပီးသားအရုပ်တွေပြန်သိမ်းပေးတတ်တယ်
မုန့်စားပီးအမှိုက်ပစ်နော် သားသားဆိုလည်း သူစနစ်တကျသွားပစ်ပါတယ်
ကိုယ့်ဘာကိုယ်ရေဘူးဖွင့်သောက် ကိုယ်လိုချင်တာ၊ လုပ်ချင်တာကို သေချာလုပ်တတ်နေပါပြီ အစထဲအကျင့်လုပ်ထားလို့လည်းပါပါတယ် သားသားက သူ့ဘာသာသူလုပ်တတ် စူးစမ်းတတ်ပါတယ်

အခုလိုကျောင်းထားတော့ လူကြီးတွေဆိုပြောကြတယ်
ကလေးကငယ်သေးတာကို ဘာလို့ထားတာလဲ စာတွေပိကုန်မှာပေါ့၊ သနားပါတယ်ဆိုပြီး ပြောကြပါတယ်။

တစ်ကယ်တန်းက စာသင်တဲ့အတန်းတွေမဟုတ်ပါဘူး စာတစ်လုံးမှမသင်ရပါဘူး
ကလေးကိုလွတ်လပ်စွာ လုပ်ခွင့်ပေးထားပြီး ဆရာမတွေက သူတို့သန်ရာသန်ရာကို လိုက်ကြည့်ပြီး စူးစမ်းခွင့်ပေးတာပါ
နောက်ပြီး ဒီအရွယ်လေးတွေက အရမ်းကိုဖွံ့ဖြိုးနေတဲ့အရွယ်ဖြစ်လို့ အခြေခံကောင်းတွေ၊ အလေ့ကျင့်ကောင်းလေးတွရသွားပြီး ဦးနှောက်ဖွံ့ဖြိုးမှုကိုအထောက်အပံ့ပေးပါတယ်

၃နှစ်ကျော် မူကြိုအရွယ်မှထားတာထက် ဒီလိုအတန်းလေးတွေက စထားမယ်ဆို ကလေးလည်းကျောင်းဆိုတာမကြောက်တော့တဲ့အပြင် ကလေးချင်းပေါင်းသင်းဆက်ဆံရေးလည်းပိုကောင်းလာမှာပါ။

အခုခေတ်ကလေးတွေအရမ်းကံကောင်းပါတယ်
ကျွန်တော်တို့ငယ်ငယ်ကဆို ဒါမျိုးသင်ကြားရေးစနစ်တွေ၊ ကျောင်းတွေမရှိပါဘူး (ရှိခဲ့ရင်တောင် သာမာန်လူလက်လှမ်းမမှီနိုင်တဲ့ကျောင်းတွေပါ)
အခုလိုစျေးနှုန်းသင့်တင့်တဲ့ ကျောင်းတွေအများကြီးဖွင့်လာကြတာတွေ့ရတော့မိဘတွေအနေနဲ့လည်း စိတ်ချမ်းသာစရာပါ လက်ရှိ BMMC ရဲ့တည်ထောင်သူနဲ့ စကားပြောဖြစ်တော့လည်း ကျောင်းရဲ့ Vision ကအရမ်းကောင်းပြီး ၊ ကလေးတွေအပေါ်ထားတဲ့စေတနာကိုလည်းမြင်ရပါတယ်။

နိုင်ငံတစ်ခုတိုးတက်ဖို့ဆို မျိုးဆက်တစ်ခုလုံးအစကပြင်ရပါတယ် ပညာရေးစနစ်ကအရေးအကြီးဆုံးပါပဲ၊ ဂျပန်က ကလေး Program တွေ၊ Korea နာမည်ကြီး Show တစ်ခုဖြစ်တဲ့ Return of Superman ကြည့်ပြီဆို
သူတို့နိုင်ငံရဲ့ ပညာရေးစနစ်ကိုကြည့်ပြီးအရမ်းအားငယ်မိခဲ့တာပါ 😔
အခုတော့ ပိုပိုကောင်းလာပါပြီး တဖြည်းဖြည်း ကျောင်းတွေလည်းအများကြီးရှိလာပြီ သင်ကြားရေးပုံစံတွေလည်းမျိုးစုံဆိုတော့ မိဘတွေအနေနဲ့ ကိုယ့်ကလေးအတွက်ကိုက်ညီမယ့်ကျောင်းတွေကို ရွေးချယ်လို့ရနေပါပြီ

ဒီအရွယ်လေးတွေကစလို့ Montessori School တွေကိုထားဖို့ကို ကျွန်တော့်အနေနဲ့အကြံပြုပါရစေ။
စာလည်းအတော်ရှည်သွားပြီမို့ ဒီမှာပဲရပ်ပါမယ်။
နောက်လည်း အလျင်းသင့်သလို ကလေးတွေပညာရေးနဲ့ပတ်သတ်ပြီး ကျွန်တော်တွေ့မိ၊ လေ့လာမိတာလေးတွေ မျှဝေပေးပါဦးမယ်

ဖောင်းဖောင်းလေးကျောင်းမှာလုပ်ရတဲ့ Activities လေးတွေလည်းတစ်ပုံချင်းကြည့်ပေးပါဦးနော် 🥰😍

19/10/2022

Montessori Education

"Humans are born to make mistakes''

လူသားတွေဟာ
အမှားတွေလုပ်ဖို့မွေးဖွားလာတယ်ဆိုရင်ကလေးတွေဟာ
အမှားတွေကနေသင်ယူရင်း ကမ္ဘာကြီးကိုပြောင်းလဲနိုင်တဲ့လူသားမျိုးဆက်ဖြစ်နိုင်ပါတယ်။
ကလေးတိုင်းထူးချွန် ထက်မြက်ဖို့
ပျိုးထောင်နိုင်သူတွေဟာလူကြီးတွေဖြစ်တဲ့မိဘတွေ၊ဆရာ၊ဆရာမတွေပဲ ဖြစ်ပါတယ်။အာရုံစူးစိုက်မှုနဲ့ တီထွင်ဖန်တီးနိုင်စွမ်းတို့ကိုစနစ်ချပေးတဲ့
Montessori Education ဟာ
ကလေးတစ်ယောက်
ရဲ့ဘဝတစ်ခုလုံး အတွေ့အကြုံ
အရင်းခံရင်း ပြောင်းလဲစေနိုင်ပါတယ်။ ထူးချွန် ထက်မြတ်မှု၊ဇွဲ၊လုံလနဲ့လွတ်လပ်စွာတွေးတောဖန်တ်ီးမှု
စနစ်ကျတဲ့အောင်မြင်တဲ့ အနာဂတ်ဟာ Concentration based စိတ်အာရုံတစိုက်အဖြေရှာရင်း အကြိမ်ကြိမ်အမှားတို့ကိုပြုလုပ်ခြင်းနဲ့ အမှန်ကို ကိုယ်တိုင်ရှာထွေ
သင်ယူခြင်းမှအစပြုပါတယ်။ ကလေးတစ်ယောက်ရဲ့
Absorbent mind နဲ့အရာအားလုံးကို
သင်ယူတဲ့ sensitve periodဖြစ်တဲ့ Early Childhoodဟာ အရမ်းအရေးကြီးပါတယ်။
Montessori Education ဟာ
စနစ်ကျတဲ့ သင်ယူစရာပတ်ဝန်းကျင်နဲ့
ဦးနှောက်ရဲ့ဖွံဖြိုးမှုကိုစနစ်ချပြီး
Mutiple intelligence နဲ့ brainကို systematically development 100% ရအောင်လုပ်ပေးန်ိုင်ပါတယ်။
ကလေးတစ်ယောက်ရဲ့ life long learning ကို concentration စူးစိုက်မှုအပြည့်၊ တီထွင်ဖန်တီးနိုင်စွမ်း
creative thinking နဲ့ self-esteem ,self-centered
ယုံကြည်မှု ၊ကိုယ့်ကိုကိုယ်အားကိုးလေးစားမှုတို့နဲ့ ဘဝတစ်လျောက်လုံးပါသွားမယ့်ဖွံဖြိုးတိုးတတ်မှုရလဒ်မျိုးကိုလည်းပေးနိုင်ပါတယ်။အမှားကို ကိုယ်တိုင်ထွေးပွေ့ရင်း self development ကိုယုံကြည်မှုနဲ့
ကိုယ်တိုင်တည်ဆောက်ပေးတဲ့ကလေးကိုယ်တိုင်လုပ်ဆောင်၊ကလေးဗဟ်ိုပြုနဲ့ ကလေးမှသင်ယူရတဲ့ education ​ဖြစ်ပါတယ်။
အာရုံစူးစိုက်မှုနဲ့ တီထွင်ဖန်တီးနိုင်စွမ်းဟာ ဥိီးနှောက်နဲ့စိတ် ရဲ့ ဘဝတစ်သက်တာမှာ အရေးပါဆုံး လုပ်ဆောင်မှုအစိတ်အပိုင်းတွေ
ဖြစ်ပါတယ်။
ကမ္ဘာကျော် Microsoft
Google နဲ့ Amazon တို့ကိုတီထွင်ထားတဲ့ ထူးချွန်တဲ့ပုဂ္ဂိုလ်တွေဟာလည်း Montessoriနည်းနဲ့ပျ်ိုးထောင်ခြင်းခံရတဲ့လူတွေဖြစ်ပါတယ်။
ကမ္ဘာကျော်ပုဂ္ဂိုလ်တွေမှာလည်း Montessori နည်းနဲ့ပျိုးထောင်ထားကြောင်းဖော်ပြပါLinkလေးမှာဝင်လေ့လာလို့ရပါတယ်။

https://amshq.org/About-Montessori/Montessori-Alumni

တမူထူးချွန်မှု၊ကိုယ့်ဒူးကိုယ်ချွန်မှုတို့နဲ့ တီထွင်ဖန်တီးမှုတို့ကို Montessori နည်းစနစ်နဲ့ငယ်ရွယ်စဥ်ထဲမှပျိုးထောင်ပေး
ခြင်းဟာကလေးတစ်ယောက်ရဲ့အနာဂတ်မှာ ကြီးမားတဲ့တိုးတတ် ပြောင်းလဲမှုဖြစ်စေမှာဖြစ်ပါတယ်။
ကလေးတစ်ယောက်ရဲ့ဘဝမှာ ကောင်းမွန်တဲ့စနစ်တွေနဲ့ထိတွေ့သင်ကြားခွင့်ရဖို့ ပန်းပျ်ိုးလက်ပိုင်ရှင် ဆရာ၊ဆရာမများနဲ့မိဘတွေဟာသင်ကြားတတ်မြောက်စနစ်ချပေးနိုင်တဲ့လူတွေဖြစ်နေဖို့လိုအပ်ပါတယ်။ လူသားမျိုးနွယ်ကိုပြောင်းလဲနိုင်အထိိအတွေးအခေါ်၊ လုပ်ဆောင်စွမ်းတွေပေးနိုင်တဲ့ Montessori education ကို Authentic Montessori Material များနှင့်
စာတွေ့၊လက်တွေ့သင်ကြားပို့ချပေး
တဲ့ Bright Future Education Service မှ
Teacher.Thet Phyu Sin Hlaing ရဲ့ Montessori Education For Parents and Teacherသင်တန်းလေးမှာလေ့လာနိုင်ပါတယ်။

Tr Thu Thu Heain Htut
English tr

19/10/2022

Montessori Classroom ရဲ့အကြောင်း

DrMontessori ဟာ ခံစားခဲ့
The Educated hand is a free hand
ပညာရေးဟာ လွတ်လပ်မှုပဲ ဖြစ်ရမယ် စည်းကမ်းဟာ လွတ်လပ်ရေးကပဲ လာခဲ့တယ်။

Montessori Classroom ရဲ့ Enviroment ဟာ အနှောက်အယှက်တွေ ဖယ်ထုတ်ဖို့ Designed ဆွဲထားတယ်။အပြုသဘောဆောင်တဲ့ အခွင့်အလမ်းတွေရလာဖို့လည်း ကမ်းလှမ်းထားတယ်။

Montessori teaching ဟာ အဆင့်တွေ တစ်ဆင့်ခြင်း လာမှုကို ပြင်ဆင်ထားပါတယ်။အတန်းနဲ့လိုက်ဖက်ညီအောင် ပုံစံများကို အပြည့်အစုံထားရှိပါတယ်။

ကလေးဟာ လွတ်လပ်စွာ လှုပ်ရှားမှုကို ရွေးချယ်ခွင့်ရှိတယ်။
ကလေးရဲ့ သဘာဝကပေးအပ်ထားတဲ့ Physical ​နဲ့ Physical logical development ရဲ့ ဖွံ့ဖြိုးမှုအရ Materials များကို တူညီစေရန် ပြုလုပ်ထားတယ်။

Teaching Method ကို အပိုင်းသုံးပိုင်းခွဲထားတယ်။
Motor Education

Sensory Education

Language ပိုင်းပဲ ဖြစ်ပါတယ်။

ကလေးရဲ့ အာရုံခံ ငါးပါး ဖွံ့ဖြိုးမှုကို အသားပေး အဓိက ပြုလုပ်​ထားပါတယ်။

ကလေးများကို Materials များန့ဲချီးကပ်စေမဲ့အခါ မတူညီစွာ တုန့်ပြန်ကြမယ် ကလေးတွေဟာ သူတ်ို့ရဲ့သူတို့ကိုယ်ပိုင်ခြေလှမ်းများကနေ အသိ ရလာမယ်။
Class တွေကို graded မခွဲထားပါ။

Montessori ဟာ ယုံကြည်ခဲ့ပါတယ်။ ကလေးတိုင်းဟာ Cycles of Activity ရှိကြတယ်ဆိုတာ ကလေးတွေဟာ အနှောက်အယှက်မရှိဘဲ သူတို့ရဲ့အလုပ်ကို အောင်မြင်စွာ လေ့လာန်ိုင်ပါတယ်။
ဒီနည်းလမ်းကပဲ ကလေးတွေဟာ သူတို့ရဲ့လေ့လာမှုကို သူတို့ရဲ့တစ်ဦးချင်းစီအလိုက် လိုအပ်လာမယ်။လုပ်ဆောင်နိုင်စွမ်းရှိလာမယ်။

Materials တွေဟာ အာရုံခံတွေ ဖွံ့ဖြိုးလာဖို့ ကို ဖွံ့ဖြိုးစေပါတယ်။သူဟာ ကူညီပေးတယ် ကလေးတစ်ယောက်ရဲ့ အာရုံစူးစိုက်မှုကနေ တစ်ဦးချင်းရဲ့အရည်အချင်းတက်လာဖို့။ကလေးတစ်ယောက်ရဲ့ ဗဟုသုတဟာ Systemmatic Way စနစ်တကျ နည်းလမ်းနည်းလမ်းကျမှု ဖြစ်လာမယ်။အမှားတွေကို ထိန်းချုပ်နိုင်လာမယ်။ကလေးတစ်ယောက်ဟာ သူ့မှားတွေ သူမြင်လာမယ်။သူ့အမှားနွေ သူပြင်လာမယ်။

Montessori Method ဟာ The Whole personality of a child တစ်ခုလုံး ဖွံ့ဖြိုးလာမယ်။သူ့ရဲ့အတွင်းစိတ်ဟာ ယဥ်ကျေးလာမယ်။သူ့ကိုယ်သူ ကာကွယ်တတ်လာမယ်။လူ့အဖွဲ့အစည်းရဲ့ လူမှုဘောင်အတွင်းကနေလွတ်လပ်မှုကို ရရှိလာမယ်။

Montessori ဟာခံစားရတယ်။သူဟာ ကူညီထောက်ပံ​့ပေးခဲ့တယ်။ဆူပူမှုတွေ အဟန့်အတားတွေ ထကြွခြင်းတွေကို သူဟာ ဖယ်ရှားပေးနိုင်တယ်။

အသက်အရွယ်အလိုက် စိတ်ဖိစီးမှုတွေဟာ ရှိလာတော့ Sound Education ဟာ မူကြိုကလေးငယ်တွေ အတွက် ထိုးထွင်းတဲ့အသိဥာဏ် teaching methods အသစ်တွေက စေ့ဆော်ပေးတယ်။

မူကြိုပညာရေးမှာ နေရာတွေ အချိတ်အဆက်မှန်ခြင်းတွေဟာ အသားပေး အဲ့ဒါကနေ Learning Process လေ့လာမှု ဖြစ်စဥ်ကို ဖြစ်ပေါ်စေတယ်။

လေ့လာမှုဟာ ကလေးတွေအတွက် လိုအပ်တဲ့အရည်အချင်းဖြစ် လေ့လာခြင်းကနေ တဖြည်းဖြည်း တွေးတောလာမယ်။ဥာဏ်ရည်ထက်မြက်တဲ့သူတစ်ဦးအဖြစ် နောက်ပိုင်း ကြီးပြင်းလာမယ်။

Montessori Methods
Montessori Enviroment ဟာ
ကလေးတစ်ယောက်ကို
Independence Personဖြစ်စေမယ်။
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့အာရုံခံအဂါ်​တွေ သန်မာလာမယ်။
သူ့ရဲ့ အလုပ်ကို Creative ရှိလာမယ်။
ကျန်းမာလာမယ်။
တစ်ဦးချင်း ရပ်တည်ဖို့ တွေးတောတတ်လာမယ်။

ြတ်ဆုမွန်စိုး
ကြိ​ုးစားပြီးဘာသာပြန်ပေးထားပါတယ်ရှင်။ အမှားပါခဲ့ရင် ခွင့်လွှတ်ပေးပါ။

19/10/2022

မူကြိုဆရာမ တစ်ယောက်ဖြစ်ဖို့
အရမ်းလွယ်တယ်ထင်ကြတယ်။

ကူးစက်ရောဂါကင်းရတယ်။
အသန့်အပြန့်ကြိုက်ရတယ်။
စကားပြောယဉ်ကျေးရတယ်။
ကပြတတ်ရတယ်။
သီချင်းဆိုတတ်ရတယ်။
လက်မှုပညာတတ်ရတယ်။
အသံက သာယာရတယ်။
မျက်နာက ချိုသာရတယ်။

သူနာပြုတစ်ယောက်လို ကျန်းမာရေး အသိရှိရတယ်။
ကလေးရှေ့ စကား အမူအရာ တအားဆင်ခြင်ရတယ်။
ကလေးအတုအခိုး မမှားဖို့ ကိုယ့်ကိုယ်ကို အမြဲသတ်ိထားရတယ်။ကိုယ်မှားရင် သူတို့ပါလိုက်မှားတာ။

အမေတစ်ယောက်လို ရင်ခွင်ထဲထားတတ်ရတယ်။
အဖေတစ်ယောက်လို ဆုံးမတတ်ရတယ်။
ကာကွယ်ပေးရတယ်။

မျက်နှာတည်သင့်တဲ့နေရာတည်ပြီး ချိုသင့်တဲ့နေရာချိုရတယ်။ကလေးတစ်ယောက်စိတ်ကို ရဖို့မလွယ်ဘူး။
ဘာသာစကား စကားပြောဂရုစိုက်ရတယ်။

သူတို့ရဲ့ အားသာချက် အားနည်းချက် Strong and Weak ကို သတ်ိထားရတယ်။

မိဘပြောသမျှ ခံရပြီး သူတို့လိုအပ်ချက်ကို
မိဘကို အမုန်းခံ မျက်နာနာခံပြီးပြောရတယ်။
သူတို့ စိတ်ဝင်စားရမဲ့ပစ္စည်း နည်းလမ်းတွေ ရှာဖွေရတယ်။
ကုန်လိုက်တဲ့ စာအုပ်ဖိုး လုပ်လိုက်ရဲ့သင်ထောက်ကူ ရှာလိုက်ရတဲ့ နည်းလမ်း ပြောရရင် ကုန်မှာ မဟုတ်ဘူး။

မူကြိုကျောင်း တစ်ခုရဲ့ တာဝန်က ကလေးတွေ
Safe ဖြစ်ဖို့။
မူကြိုကျောင်း ကလေးတွေရဲ့
ပထမခြေလှမ်း ကို လမ်းလျှောက်တာ ခိုင်မာစေဖို့
ဆရာမတွေ အဓိက တာဝန်မို့
ဆယ်တန်းဆရာမတစ်ယောက်လ်ို
ဝင်ငွေကောင်း ကျေးဇူးတင် မခံရပေမယ့်
လူသားတစ်ယောက်ရဲ့ပထမခြေလှမ်းကို ဖိနပ်စီးပေးခဲ့တာ မူကြိုဆရာမတွေပါ။

Credit.

19/10/2022

သင်ကိုယ်တိုင် ဆရာ/မ ဖြစ်ခဲ့လျှ င်
=======================

>စကားပြောယဉ်ကျေးသင့်သလို
ဝတ်စားဆင်ယဉ်မှုမှာလည်း စံပြဖြစ်ရမယ်။

>အနေအထိုင်ကျစ်လစ်ရသလို
အသွားအလာ သိုသိပ်ရမယ်။

>လူငယ်တစ်ယောက်လိုနေတတ်ရသလို
လူကြီးတစ်ယောက်လိုတွေးခေါ်တတ်ရမယ်။

>စာသင်စာပြကောင်းဖို့လိုသလို
ဆုံးမသွန်သင်နည်းကိုလည်း တတ်ထားရမယ်။

>Text Book ကို ကျွမ်းကျင်ဖို့ လိုသလို
Knowledge ကိုလည်း ကြွယ်ဝရမယ်။

>ဝါသနာပါဖို့လိုသလို
စေတနာလေးလည်းထားရမယ်။

>တာဝန်ယူမှု ရှိသင့်သလို
တာဝန်ခံမှုလည်းရှိရမယ်။

>ဝါသနာနောက်ကိုလိုက်ရင်းနဲ့
အသပြာဆရာလည်းဖြစ်မသွားစေနဲ့ဦး။

>သိက္ခာ/သိက္ခာလို့နှုတ်ကအော်နေပြီး
ရိက္ခာနောက်လည်း မလိုက်မိဖို့ သတိပြု။

>တာဝန်နဲ့ဝတ္တရားကိုခွဲခြားတတ်ရပြီး
အဓိကနဲ့သာမညကိုကွဲပြားစွာနားလည်ရမယ်။

>ဝန်ထမ်းအချင်းချင်းကူညီရိုင်းပင်းဖို့လိုသလို
တပည့်တွေနဲ့မိဘတွေကိုလည်း တတ်နိူင်တဲ့
ဘက်ကကူညီရမယ်။

>ခွဲခြားဆက်ဆံတာကိုရှုတ်ချ သင့်သလို
မာနထောင်လွှားဘဝင်မြင့်တာကိုလည်းပယ်
ဖျောက်ရမယ်။

>သူတစ်ပါးကိုလူကောင်းဖြစ်အောင်ဆုံးမသလို
ကိုယ်တိုင်လည်းလူကောင်းတစ်ယောက်ဖြစ်
အောင် ကျင့်ကြံ ရမယ်။

>လူအထင်သေးအောင်မနေသင့်သလို
လူလေးစားအောင်လည်းနေရမယ်။

>ကျောင်းသင်ခန်းစာလေးသင်ပေးတတ်ရုံနဲ့
ဆရာ/မတစ်ယောက်ဖြစ်ပြီလို့မထင်မှတ်သင့်
တပည့်တစ်ယောက်ကို လူကောင်းလူတော်
လူလိမ္မာတစ်ယောက်ဖြစ်အောင်သွန်သင်နိူင်ပါ
မှ ဆရာကောင်းတစ်ယောက်ဖြစ်မှာပါ။

>ရာထူးဆိုတာရူးတာပဲလို့ သိထားရင်
လစာအနည်းအများကိုမကြည့်ပါနဲ့
တာဝန်ယူပါ …နေရာမယူပါနဲ့။

>တို့လုပ်ငန်းက လစာဘယ်လောက်ပဲတိုးတိုး
ရာထူးဘယ်လောက်ပဲကြီးကြီး စေတနာထား
ရင် ထားသလောက် သိပ်ပင်ပန်းကြတာပါ။
စေတနာမပါဘဲနဲ့ ဝတ္တရားလေး ဝတ်ကျေတန်း
ကျေ လေး ကျောင်းလာကျောင်းပြန်လုပ်နေကြ
သူတွေလည်း အနည်းနဲ့အများရှိနေကြတာပါပဲ။

>ဒါပေမဲ့ စေတနာမှန်ရင် ရောင်ပြန်ဟပ်ပါတယ်။
ကိုယ်ပြု သည့်ကံ ကိုယ့်ထံပြန်လာမည်မှာ မလွဲ
ဧကန် အမှန်ပါလော့………။

မူရင်း

Photos from ECCD & ECI 's post 14/10/2022

ဘဝ ဖြစ်စဉ်

Photos from ECCD & ECI 's post 14/10/2022

ရေသံသရာလည်ပုံ

Photos from ECCD & ECI 's post 11/10/2022

ဒို့ ကလေးအခွင့်အရေး

Photos from ECCD & ECI 's post 11/10/2022

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း

Photos from ECCD & ECI 's post 11/10/2022

ကလေးသူငယ် ဖွံဖြိုးမှု့အခြေအနေ တိုင်းတာစစ်ဆေးမှု နှင့် ပြန်လည်ထူထောင်ရေး

Photos from ECCD & ECI 's post 11/10/2022

၂နှစ်အောက် ကလေးငယ်များ အစာကျွေးခြင်း

Photos from ECCD & ECI 's post 11/10/2022

ရှေးဦးပြုစုနည်း

Photos from ECCD & ECI 's post 07/10/2022

လူငယ်ရေးရာမူဝါဒ

Want your school to be the top-listed School/college in Kamayut?
Click here to claim your Sponsored Listing.

Telephone

Address


MyaNanDar Street
Kamayut
WELCOME�

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Other Educational Consultants in Kamayut (show all)
AMI Education Centre 安美國際學校 AMI Education Centre 安美國際學校
No. 6/A, Waggi Yeik Thar Street, Yangon
Kamayut

AMI is to be the starting point for Myanmar youth to realize their dreams.

𝐅𝐮𝐭𝐮𝐫𝐞 𝐅𝐢𝐫𝐬𝐭 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐅𝐮𝐭𝐮𝐫𝐞 𝐅𝐢𝐫𝐬𝐭 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧
No (34), Thiri Mingalar 5th Street, Near Pyi Yate Mon Bus Stop, Kamayut Tsp, Yangon
Kamayut

Future First Education services provides guidance to study abroad. We advise and provide international educational services to students for Australia, Switzerland, Singapore, Thail...

A Z Japanese Language Centre A Z Japanese Language Centre
Kamayut, 11041

A ကနေ Z အထိ မကြွင်းမကျန် ချွင်းချက်မရှိ သင်ကြား ပေးမယ့် A & Z ...

PMI - Digital Campus - Professional Management Institute PMI - Digital Campus - Professional Management Institute
No. 60, 4Floor, Hledan Street, Kamayut Township, Yangon
Kamayut, 11041

PMI is meant to progress the excellent education system and make business Leader and business owner

Niko Niko JLS Myanmar Niko Niko JLS Myanmar
Kamayut

sharing knowledge 100%s信用できる仲介機関

Impact Share Impact Share
No. 13, 4th Floor, Mahar Bawga Street, Ward-3, Yangon
Kamayut, 11041

share your information to impact others!

JD EDU PRO SG JD EDU PRO SG
Room 209, Building A1, Sabe Street, Highway Complex, Kamayut Township
Kamayut, 11041

Trinity International College is a consulting firm who would be able to assist you on your educational needs and study in Singapore. We have partnered with some Universities in Sin...

AIMI Japanese Language Center AIMI Japanese Language Center
No(2), Room-9, Fourth Floor, Hledan Road, (3)Ward, Kamayut Township, Yangon. (In Front Of Hledan Center)
Kamayut, 11041

စာပြတ်ဖို့ထက် စာတတ်ဖို့ကို အဓိကထား သင်ကြားပေးနေပါတယ်။

Information Hub of Myanmar Information Hub of Myanmar
No. 25, Aung Min Khaung Street 2, Thanlwin Road
Kamayut, 11041

“Let us be your information hub, the bridge and the global platform to connect with the world.”

Novus Education Novus Education
Kamayut

EDULINK EDULINK
Kamayut
Kamayut

We are your local partner in building an international future.

Linn English Linn English
Yangon
Kamayut, 11211

For Beginer