ကေအိုတီ Mini Book Store

စာအုပ်နဲ့ပတ်သတ်တာအကုန် ရနိုင်ပါတယ်နော်

Photos from ကေအိုတီ Mini Book Store's post 08/12/2023

✨မ ရဲ့ တောင်တန်းကြီး - ၇၈၀၀ ကျပ်

✨အထက်တန်းစား -၉၈၀၀ ကျပ်

05/12/2023

ဒီစာအုပ် ထွက်မယ်ဆိုတုန်းက
စာတိုလေးတွေကြောင့် ထင်မိတာက
အချစ်ဇာတ်လမ်း ဖြစ်မယ် ပေါ့။

ဖတ်လိုက်မှ တက်တက်စင်အောင် လွဲတော့တာ

နက္ခတ်ပညာတွေနဲ့ တိုင်းပြည်အရေးတွေကို
စိတ်ဝင်တစား ဖတ်ရမယ့် ဇာတ်လမ်းကောင်းလေးတစ်ပုဒ် ဆိုတာတော့ သေချာတယ် ။

ဒီတိုင်းပြည်က ဘယ်လို အကျင့်စာရိတ္တပျက်ပြားနေပါလိမ့် ၊ ဘာတွေ ဆက်ဖြစ်မလဲ ၊ နောက်ဆုံး ဒီဘုရင် နန်းကျသွားမလား ၊ တိုင်းပြည်ဇာတာအမှန်ကိုကော တွေ့နိုင်ပါ့မလား … လားပေါင်းများစွားနဲ့ ဖတ်ရင်း … ဖတ်ပြီးသွားခဲ့တဲ့ စာအုပ်လေး

နက္ခတ်တွေတော့ ကိုယ် နားမလည်ပေမယ့် သဘောကျမိတဲ့ စာအုပ်လေးတစ်အုပ်ပါပဲ ။

#ကြယ်ကြွေမြို့တော်
#သိုးဆောင်း
#တန်ဖိုး၆၀၀၀ကျပ်
#အောင်မြင်စာပေ
#ဖတ်မိသမျှ #ခံစားမိသမျှ
#ကေ

04/12/2023

#မှာယူနိုင်ပါပြီ

တန်ဖိုးသိသောအရပ်မှာ ပျော်ရွှင်စွာနေထိုင်ပါ။
အလုပ်တွေကြိုးစားပြီး လှလှပပ ရှင်သန်ပါ။

ပိုက်ဆံစုပါ
ခရီးရှည်ကြီးတွေ သွားပါ
သစ်ပင် ၊ ပန်းပင်တွေကို စိုက်ပျိုးပါ
ကိုယ့်ကိုယ်ကိုယ် ပိုချစ်ပါ။

ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်ခြံ၊ ကိုယ်ပိုင်ဘဝကို
တည်ဆောက်နိုင်အောင် ကြိုးစားပါ။

ရုပ်ရည်လှပအောင် ဆေးရောင်စုံတွေနဲ့ ခြယ်သသလို
ဘဝနေဝင်ချိန်အတွက် အသုံးဝင်တဲ့စိတ်ထားကိုလည်း
မွန်မြတ်အောင်ထားပါ။

မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ
သူတို့သာလျှင် အမှန်ဆုံးလို့ ထင်တတ်ကြတဲ့ ပတ်ဝန်းကျင်နဲ့
သူစိမ်းတွေကို တိတ်ဆိတ်ခြင်းနဲ့သာ တုံ့ပြန်လိုက်ပါ။

လူကောင်းလို့ အထင်မခံရရင် နေပါစေ
မင်းခြေလှမ်းတိုင်းက သန့်ရှင်းနေဖို့ပဲ လိုတာပါ။

#ဖားစည်ရည်ကျော်
#တိတ်ဆိတ်ခြင်းမှအေးချမ်းခြင်းဆီသို့
#တန်ဖိုး၆၀၀၀ကျပ်
#မျက်နှာဖုံးဒီဇိုင်းဖန်တီးမှု #ညီမင်းဝေ
#စာမျက်နှာ၁၀၀
#ထိခေါင်စာပေ
#ဖြန့်ချိရေး #ကိုလတ်စာပေ

#ကေအိုတီ

Photos from ကေအိုတီ Mini Book Store's post 02/12/2023

ဆရာ ထက်ဘုန်းရှိန် စာအုပ်လေးတွေ 📚

1.မင်းရဲ့ကိုယ်ပိုင်ပုံစံလေးအတိုင်းသာ-၅၀၀၀ကျပ်
(The Four Agreements: A Practical Guide To Personal Freedom- ဘာသာပြန်)

2. အချစ်မြစ်ပြင်ကမေတ္တာရေကြည်လေးတွေ- ၄၀၀၀ ကျပ်
(How To Love - ဘာသာပြန်)

3. ဘဝ သမုဒ္ဒရာထဲက အစာအာဟာရ -
၄၀၀၀ ကျပ်
(How To Eat - ဘာသာပြန်)

4. ပျောက်ဆုံးအချစ်ကူးလွင့်ပင်လယ်-
၆၅၀၀ ကျပ်

5. အပန်းဖြေရာ အနားယူရာ - ၄၀၀၀ကျပ်
(How To Relax - ဘာသာပြန်)

#ထက်ဘုန်းရှိန်
#ကေအိုတီ

Photos from ကေအိုတီ Mini Book Store's post 23/11/2023

🔖ဆရာမ စူးရှမေ စာအုပ်လေးများ 🔖

1. စိတ်လုံခြုံမှု ရပ်ဝန်းငယ်- ၆၅၀၀ ကျပ်

2. ခွင့်လွှတ်ခြင်းဖြင့် လွတ်မြောက်ခြင်း -၅၀၀၀ကျပ်

3. ရှင်သန်ခြင်းရဲ့အဓိပ္ပာယ် -၇၀၀၀ ကျပ်

4. အဝါရောင်စုဘူးထဲမှာ ပျော်ရွှင်ခြင်းတွေရှိတယ် - ၅၅၀၀ ကျပ်

#စူးရှမေ

#ကေအိုတီ

19/11/2023

ခရီးသွားရင်း ဖတ်ဖို့ ယူသွားခဲ့တဲ့ စာအုပ်လေးထဲက

ဆရာမ စုမြတ်ချစ်ရဲ့ ဘာသာပြန်စာအုပ်လေးတစ်အုပ်ဖြစ်တဲ့ “ အဆိပ်သင့်နှလုံးသား” ကို ကေ ဖတ်ပြီးချိန်မှာ ဇာတ်ကောင်မိန်းကလေးရဲ့ စိတ်ဝေဒနာမျိုးဟာ အရင်က သိတောင် မသိခဲ့ဖူးတဲ့ အကြောင်းအရာမို့ ပို စိတ်ဝင်စားမိတယ်။ ဒီလိုမျိုး သိသွားအောင် ဘာသာပြန်ပြီး ရေးပေးတဲ့ ဆရာမကိုလည်း ကျေးဇူးတင်မိတယ်။

တစ်ချို့ အညွှန်းလေးတွေဖတ်ဖူးတော့
ဖတ်နေရင်း ကလေးအမေဖြစ်လာတဲ့ ဇိုးတစ်ယောက် ဘယ်လိုတွေ ဆက်ဖြစ်မလဲ ၊ သူ့ကလေး ရဲ့ ဒဏ်ရာ အနာတရ တွေက ဘာကြောင့်ဖြစ်ရသလဲ
တဖြေးဖြေးနဲ့ စာဖတ်သူကို ဆွဲခေါ်ချသွားတဲ့ စာအုပ်လေးမို့ ဒီတစ်အုပ်လည်း တကယ် သဘောကျရတယ် ။ သူ့ငယ်ဘဝရဲ့ ထရော်မာက ဒီလောက်ထိ ကြီးမားပါလားဆိုတဲ့ စိတ်မကောင်းတာရော အစုံစုံပါပဲ။

စိတ်ပညာကို စိတ်ဝင်စားရင် တော့ ဒီစာအုပ်လေးကို မဖြစ်မနေ ဖတ်ကြည့်ဖို့ ကေ က Recommend လုပ်ပါတယ် ။

…….
Pg -172

“စိတ်ရောဂါနဲ့ သက်ဆိုင်တဲ့ ရပ်ဝန်းထဲမှာ အကြိတ်အနယ် ဆွေးနွေးကြတဲ့ စိတ်ဝေဒနာ သို့မဟုတ် စိတ်ကစဉ့်ကလျား ဖြစ်တာမျိုး ရှိတယ်။ MSP လို့ ခေါ်တဲ့ မန်ချောဆန် ရောဂါပေါ့ သား။ ရောဂါ သဘာဝက မိခင်က သူ့ကလေးကို သူကိုယ်တိုင် နေမကောင်းဖြစ်အောင်လုပ်ပြီး ကလေးနေမကောင်းတဲ့ အကြောင်းပြချက်နဲ့ ဆေးရုံ ခဏခဏသွားတာမျိုး၊ အာရုံစိုက်ခံရအောင် လုပ်တာမျိုးပေါ့”
……………………..

“ဒီလိုဝေဒနာခံစားရတဲ့ လူတွေက သူတို့ကလေးတွေကို ပြင်းပြင်းထန်ထန် နေမကောင်းဖြစ်အောင် လုပ်တတ်ကြတယ်။ အဆိပ်ခတ်လိုက်တာမျိုး၊ ကြောက်စရာကောင်းတဲ့အရာတွေ လုပ်လိုက်တာမျိုး၊ ဟန်ဆောင်တာ မဟုတ်ဘဲ တကယ် ခံစားရအောင် လုပ်တာနော်။ သိပ်ပြင်းထန်တဲ့ စိတ်ဝေဒနာမျိုးပဲ သား ၊ ဒါမှမဟုတ် ကလေး ဒဏ်ရာရအောင် အန္တရာယ်ရှိတဲ့ အခြေအနေမျိုးတွေ ဖန်တီးတာ၊ သူတို့ကိုယ်တိုင် ကလေးကို ဒဏ်ရာရအောင် လုပ်တာမဟုတ်ပေမယ့် ဖြစ်လာအောင် ဖန်တီးတာ၊ ဖြစ်ခွင့်ပြုလိုက်တာမျိုးပဲ။ ပြီးတော့ ကလေးက အမှန်တကယ် နေမကောင်း ဖြစ်တဲ့အခါမျိုးဆိုရင်တောင် ရောဂါလက္ခဏာတွေကို ပုံကြီးချဲ့ပြောပြီး တကယ်ဖြစ်တာထက် ပိုပြင်းထန်ပါတယ်ဆိုပြီး မလျှော့တမ်း ပြောတတ်ကြတယ်။ မလိုအပ်တဲ့ ခွဲစိတ်မှုတွေ လုပ်ဖြစ်အောင်လဲ အစပျိုးတယ်”

……………….


#အဆိပ်သင့်နှလုံးသား
#ဘာသာပြန်
#စုမြတ်ချစ်
#ဖတ်မိသမျှ #ခံစားမိသမျှ
#ကေ

Photos from ကေအိုတီ Mini Book Store's post 15/11/2023

စာအုပ်အမှာလေးတွေ 🤎

လိုချင်တဲ့ စာအုပ်လေးတွေ page cb မှာ
မှာယူအားပေးလို့ ရပါတယ်ရှင့် 🤎

ရန်ကုန်ဆို အိမ်ရောက်ငွေချေ cod စနစ်နဲ့ မှာယူနိုင်ပေမယ့် ၃ သောင်းဖိုး ကျော်ရင်တော့ ငွေကြိုရှင်းပေးရပါမယ်ရှင့်

နယ် customer လေးတွေကတော့
၁သောင်း အတွင်းဆို အိမ်ရောက်ငွေချေ cod နဲ့ မှာလို့ရပါတယ် ။ တစ်သောင်းအထက်ဆို ငွေကြိုလွှဲ ပေးရပါမယ်ရှင့် 🤎

#ကေအိုတီ

Photos from ကေအိုတီ Mini Book Store's post 10/10/2023

ဆရာမရဲ့ အသစ်ထွက်ထားတဲ့ စာအုပ်လေးရော
အရင် စာအုပ်လေးရော instock ရှိပါတယ် 🤎

ငါကျူးလွန်မိတဲ့ကံတစ်ပါးဟာမင်းပဲ -၃၅၀၀ကျပ်
သူမနှင့်အချစ်ဆိုသောအရာများ -၄၅၀၀ ကျပ်

#မယ်ညို
#ကေအိုတီ

10/10/2023

ဆရာ အီရှီတာ collection 💔

လိုချင်တဲ့စာအုပ်လေးတွေ page cb မှာ
မှာယူ အားပေးနိုင်ပါတယ်ရှင် 🤎

#အီရှီတာ

Photos from ကေအိုတီ Mini Book Store's post 04/10/2023

ဆရာမ ထက်ထက်ထွန်း (waterfall) ရဲ့
စာအုပ်လေးတွေပါ🤎

💥စျေးလေးတွေ တက်ပါတယ်ရှင့် 💥

နေ့တိုင်းပျော်ပါတယ် -၆၀၀၀
ဘဝထဲကအမေး ဘဝထဲကအဖြေ -၈၀၀၀
စိတ်ရဲ့ငြိမ်သက်ခြင်း -၈၀၀၀
ငါဘယ်သူလဲ -၈၀၀၀ကျပ်
အဓိပ္ပာယ်ရှိသောဘဝ -၈၀၀၀ ကျပ်

#ထက်ထက်ထွန်း

#ကေအိုတီ

Photos from ကေအိုတီ Mini Book Store's post 03/10/2023

မြကျွန်းညို Gift အစုံ နဲ့ ၃အုပ်ရပါမယ်

ဒါပြီး ထပ်ရဖို့ မသေချာတော့ပါ

တန်ဖိုး -၁၉၅၀၀ ကျပ်

#မြကျွန်းညို
#ကေအိုတီ

Photos from ကေအိုတီ Mini Book Store's post 28/09/2023

BL ထဲက
ရောင်ခြည်နွေး ရဲ့ စာအုပ်လေး ၂ အုပ်ရပါမယ်။

အပိုဆု -၉၅၀၀ကျပ်
FriMay -၁၃၅၀၀ ကျပ်

#ရောင်ခြည်နွေး
#ကေအိုတီ

Photos from ကေအိုတီ Mini Book Store's post 27/09/2023

ဆရာမ အကြင်နာမွန် စာအုပ်လေးတွေ 📚
ကြယ်တွေကြွေသောည -5000 Sequel - 8000 ထာဝရပုံပေ -6000ဆူး - 8500Clover - 8500 (+ဆုခြည်ကို)

#အကြင်နာမွန်
#ကေ

23/09/2023
Photos from ကေအိုတီ Mini Book Store's post 07/09/2023

ဆရာမ စုမြတ်ချစ် စာအုပ်လေးတွေ 📚

1. ဘဝထဲက အသိတရား -၄၅၀၀ကျပ်
(What I Know For Sure )

2. ဧည့်သည် ကြောင်ကလေး - ၃၀၀၀ ကျပ်
(The Guest Cat )

3. နှုတ်ဆိတ်သွားသူ -၆၅၀၀ ကျပ်
(The Silent Patient )

4. မေတ္တာချိုချို ဘဝခက်ခက် - ၇၅၀၀ ကျပ်
(My Brilliant Life )

5. အဆိပ်သင့်နှလုံးသား -၈၀၀၀ ကျပ်
(The Dark Side)

#စုမြတ်ချစ်
#ဘာသာပြန်စာအုပ်များ
#ကေအိုတီ

04/09/2023

ရွက်ဟောင်းတွေ ကြွေခဲ့ရင်တောင်
အချိန်တန်ရင် ရွက်သစ်တွေ ဝေလေ့ရှိတဲ့
လောကဓမ္မတာလိုပဲ။

ချစ်ခြင်းမေတ္တာကြောင့်
ထိပါးမခံနိုင်လောက်အောင်
ထိခိုက်နာကျင်ခဲ့ရရင်တော့
အချစ်ပန်းတွေကတော့
တစ်ချိန်မှာ ပြန်လည်ပွင့်လန်းလာဦးမှာပါပဲ။

ချစ်ခြင်းမေတ္တာနဲ့ ထပ်ပတ်သတ်မိတဲ့အခါ
တစ်စုံတစ်ယောက်ကို ထပ်ချစ်ခဲ့မိတဲ့အခါ
ချစ်ရပါသောလေးကို ရိုးရှင်းစေချင်တယ်။
ချစ်တတ်စေချင်တယ်။

#အချစ်ရဲ့Cafe
#နေဗလ်
#တန်ဖိုး၅၀၀၀ကျပ်
#ဖြန့်ချိရေး #ကိုလတ်စာပေ
#မျက်နှာဖုံးဒီဇိုင်း #အောင်မြင့်ကျော်
ှိစာအုပ်လေးများ
#ကေအိုတီ

01/09/2023

ချစ်ခြင်းမေတ္တာ တိမ်စိုင်ကလေးတွေချင်း
ထပ်တူကျတဲ့အခါ
မင်းစိတ်ထဲမှာ ရို့စ်မေရီပန်းပြာကလေးများ
ပွင့်လာလိမ့်မှာ
အသေအချာ
သတိရပါ သတိရပေးပါ ...။

- Rosemary Blue ရဲ့ အဓိပ္ပါယ်က သတိရပေးပါ တဲ့ -



#ရွယ်ရည်

#ကေအိုတီ
#တန်ဖိုး၆၈၀၀ကျပ်

Photos from ကေအိုတီ Mini Book Store's post 31/08/2023

ှိစာအုပ်လေးများ

လိုချင်တဲ့ စာအုပ်လေးတွေ page cb မှာ
မှာယူအားပေးလို့ ရပါတယ်ရှင်
KOT Mini Book Shop နဲ့ အတူတူပါပဲနော် 🫶

#ကေအိုတီ

27/08/2023

မှာယူနိုင်ပါပြီ 🤎

တန်ဖိုး -၅၀၀၀ ကျပ်

#ကေအိုတီ

23/08/2023

#မှာယူနိုင်ပါပြီ

ညီထက် - ဘဝ၏အရသာ
တန်ဖိုး -၇၅၀၀ ကျပ်

🔖စာညွှန်း 🔖

စိတ်ကို အနားမပေးတာ ကောင်းတယ်။ စိတ်ဟာ အားတာနဲ့ တစ်ပြိုင်နက် အတိတ်ဆီ ရောက်သွားတတ်တယ်။ ပြီးရင် အတိတ်သေတ္တာထဲက နာကျင်စရာတွေကို တစ်ခုပြီးတစ်ခု ဆွဲထုတ်လာပြီး ခင်ဗျားကို ပြမယ်။
‘မေ့ချင်ယောင် ဟန်ဆောင်မနေနဲ့၊ ဟောဒီမှာ တွေ့လား၊ ဒါက ဘယ်သူ၊ ဘယ်တုန်းက၊ ဘယ်လိုဖြစ်ခဲ့တာ’ ဘာညာ။ အဲဒီမှာ ပျောက်ချင်ယောင်ဆောင်ထားပေမယ့် ကောင်းကောင်း မကျက်သေးတဲ့ ခင်ဗျားရဲ့ အနာနဲ့ ဒဏ်ရာဟာ သွေးတစိမ့်စိမ့် ထွက်လာမယ်။ ကိုယ့်ဒဏ်ရာ ကိုယ်ပြန်ကြည့်ပြီး ငိုချင်ငို၊ ရယ်ချင်ရယ်၊ ဒါမှမဟုတ်လည်း ကိုယ့်အနာကို ကိုယ့်လျှာနဲ့ ပြန်လျက်ပြီး သိမ်းထားချင် သိမ်းထားလိုက်ဦးပေါ့။ ခက်သားပဲ။

#ဖြတ်ထုံး
#ဘဝ၏အရသာ
#ညီထက်

#ကေအိုတီ

22/08/2023

ဆရာမယ်စု စာအုပ်လေးက ကေ ဖတ်ပြီးတာ June လကတည်းက 😁 ဒီစာအုပ်လေးထဲမှာ ကေ သဘောကျမိတာလေးတွေ ရေးမယ် ရေးမယ်နဲ့ မရေးဖြစ်သေးတော့ ခုတလော ဖတ်ထားသမျှ စာအုပ်တွေဆီက ကိုယ် သဘောကျတဲ့ အကြောင်းအရာလေးတွေ စာပိုဒ်လေးတွေ မှတ်ထားချင်တာမို့ (ရေးချင်တဲ့ စိတ်လေး ဝင်လာတုန်းမို့) ပြန်ပြီး ရေးရုံပါပဲ။

ဇာတ်လမ်းအစမှာ ကိုသောင်းရီ ပျောက်နေလို့ အမေရယ် သမီးချွေးမရယ် နတ်ကတော် ဆီ သွားမေးတဲ့ အခန်းလေးကနေ ဇာတ်လမ်းကို စသွားခဲ့တာ ။

ဇာတ်လမ်းတစ်ခုလုံး ပြီးသွားချိန်
ကိုသောင်းရီ ရဲ့ အမေ ဒေါ်လှခင် ကိုလည်း ချစ်မေတ္တာ ပို ရတယ်။ မိဘမေတ္တာ ၊ မိခင်တစ်ယောက်ရဲ့ သားတွေ အပေါ် ချစ်ပုံ ချစ်နည်းလေးတွေမြင်ပြီး သဘောကျရတယ်။

ဆရာမ ရဲ့ ခပ်အေးအေးလေးနဲ့ ဇာတ်လမ်းကို ဆွဲခေါ်ရေးသွားတာမျိုး က စိတ်ဝင်စားစရာ။ ကိုသောင်းရီ ရဲ့ ငယ်ဘဝ လေးတွေ ဖတ်ရင်း ကိုရင် သောင်းရီ ဘဝမယ် သံယောဇဉ်တွယ်မိတဲ့ ဒေါ်ယဉ်ငွေ တို့မိသားစု ကိုလည်း ချစ်ခင်ရပြန်တယ်။ ဒီထဲကမှ ဒေါ်ယဉ်ငွေ ရဲ့ ကလေး- ဆယ်ယောက် ထဲက မအေးမြင့် ကို သဘောတကျ ရယ်ခဲ့မိတဲ့ နေရာလေးရှိသေးတယ်။

”အိမ်အပေါ်ထပ် ပြတင်းပေါက်က ခုန်ချရမလား ။ မိမိတို့အိမ်က သိပ်မမြင့်သောကြောင့် ခုန်ချရုံနှင့်နည်းနည်း နာသွားမှာထက် ကျန်တာ ဘာမှ ဖြစ်မှာမဟုတ်ဘူး။ဒါဆိုရင် စိုက်ပျိုးရေး ဆေးဆိုင်ကနေ ပိုးသတ်ဆေးသွားဝယ်ပြီး သောက်သေလိုက်ရမလား။ ပိုးသတ်ဆေးသောက်မိရင်လည်း အမြှုပ်တစီစီနှင့် ရုပ်ကြီးမလှဘဲ သေဦးမယ်။ ဒါမှ မဟုတ် ကိုးလမ်းတံတားပေါ်ကနေ ချောင်းထဲ ခုန်ချသေလိုက်ရမလား။ အိုး ရေမကူးတတ်ဘဲ ရေမွန်းသေတဲ့အခါ အလောင်းချက်ချင်းရှာတွေ့ရင်တော်သေး၊ မတွေ့ရင် ပုပ်ပွပြီးသေမှာ၊ ကြောက်စရာကြီး “ Pg -93 -

ကိုသောင်းရီ ရဲ့ အချစ်ဦး မခင်ရုံ နဲ့ မပေါင်းဖြစ်ဘဲလွဲသွားခဲ့ပုံလေးကိုလည်း အကျယ်တဝင့် ဖတ်ချင်တဲ့ လောဘကလည်း တက်မိသေးတာ။

✨လူတွေရဲ့ အကျင့်ပဲ ပြောရမလား ?
ဖဲရိုက်တဲ့ အကျင့်က စလို့ လောင်းကစားဘက်မှာ တဖြည်းဖြည်း ခုံမင်မိတဲ့ စိတ်ကိုလည်း မြင်ရတော့ လောင်းကစားဆို အပျော်ကပဲဖြစ်ဖြစ် မ စ တာ အကောင်းဆုံးလို့လည်း ခံယူမိပြန်တယ်။

“ဇနီးဖြစ်သူ သူ့ကို ခွင့်လွှတ်သည့်နေ့က ခြံထဲရှိ စံပယ်ရုံမှာ ပို၍မွှေးနေ၏။ ထိုညက လမင်းကြီးမှာလည်း ယခင်ညများကထက် ပို၍ထိန်လင်းနေခဲ့ကြောင်း သူသတိထားမိခဲ့သည်။” Pg 130

ဒီအပိုဒ်လေးဖတ်မိပြန်တော့ ဇနီးဖြစ်သူ မအေးမြင့်ရဲ့ ခွင့်လွှတ်နားလည်နိုင်မှုကို ချီးကျူးမိတယ်။
ကိုသောင်းရီ ကော ပေးထားတဲ့ ကတိ တည်နိုင်ပါ့မလား ရင် တမမ နဲ့ ဆက်ဖတ်မိတယ်။

ထင်သလိုပါပဲ ။ ဖဲ မရိုက်တော့ပေမယ့် ဂျင် ထိုးသေးတဲ့ ကိုသောင်းရီကို စိတ်ပျက်မိသွားတယ် ။ သူဘယ်အချိန် ပြင်မလဲ ရင်မောရင်း နဲ့ပဲ ဆက်ပြီး ဇာတ်လမ်းလေးကို ဆက်မိပြန်တယ်။

မုန့်သည် ရှမ်းမလေးကြောင့် ကိုသောင်းရီ အိမ်မပြန်နိုင်ခဲ့တာ သိရတော့ စိတ်မကောင်းဖြစ်ရတယ်။ တော်သေးတာက ကိုသောင်းရီ သတိလေး ပြန်ဝင်လာလို့သာပဲ။ မိန်းမနဲ့ ကလေးတွေကို စိတ်ပူသွားတဲ့ သူ့ကို မြင်ရတော့ ဝမ်းနည်းဝမ်းသာ ခံစားချက် ဖြစ်ရပြန်တယ်။ ခံစားချက်အမျိုးမျိုးကို ခံစားရအောင် ရေးသွားလိုက်တာ။

နောက်ဆုံး မိခင်ကြီးနဲ့ ကိုသောင်းရီ ဆုံကြရတော့မယ်၊ မိသားစုတွေ ဆုံကြရတော့မယ်လို့ ပျော်လို့မှ မဆုံးသေးခင် အမေကြီးက ဆုံးသွားရှာပြီ။ ဒီအပိုဒ် ဖတ်နေရင်း ကေ ဆက်ပြီး မဖတ်နိုင်လို့ နားထားမိသေးတာ။

မိခင်ကြီးဒေါ်လှခင် ဆုံးပါးသွားတဲ့အချိန်ကစပြီး သာသနာ့ဘောင်ဝင်သွားတဲ့ ဖခင်ဖြစ်သူ ဦးညိုစိမ့် ပြောတဲ့ စကားလေးကို ဖတ်ရင်း မျက်ရည်ဝဲလာမိတယ်။

“ဦးဇင်းစကားကို ကုန်ကုန်ပြောမယ် ဦးဇင်းဟာ ဒကာမကြီး မလှခင်လို ဒီသားသမီးတွေရဲ့ ဘုံကျွန်အဖြစ်မခံနိုင်တော့လို့ ကိုယ်လွတ်ရုန်းသွားတာလို့ မမြင်စေချင်ဘူးဟုတ်ကဲ့လား။ တစ်သက်လုံး ရဟန်းဒါယိကာမ ဖြစ်ချင်ခဲ့တဲ့ သူ့ဆန္ဒလေးကို ဘယ်သားတစ်ယောက်ကမှ မဖြည့်ဆည်းပေးနိုင်ခဲ့တော့ နောက်ဆုံးအနေနဲ့ ဦးဇင်းက ဖြည့်ပေးသွားပြီး၊ ကိုယ်တိုင်ကလည်း ဘဝရဲ့နောက်ဆုံး ငြိမ်းအေးရာကို ရောက်ချင်လို့ သာသနာ့ဘောင်ထဲ ဝင်ခဲ့တယ်ဆိုတာ သိစေချင်လို့ ခေါ်ပြောတာပဲ” Pg-146

ဦးညိုစိမ့် ၊ ဒေါ်လှခင် တို့ရဲ့ သား၃ ယောက် ၊သမီး ၁ ယောက် (သူတို့၄ ယောက်လုံး)ရဲ့ ဆိုးကြမိုက်ကြတဲ့ အရာရာ အကုန်လုံးကို သိလျက်နဲ့ မသိချင်ယောင်ဆောင်ပြီး သားသမီးတွေကို နောက်ဆုံးထိ ကြည့်ရှုစောင်မတာတွေက မိဘမေတ္တာ ဘယ်လောက်ကြီးသလဲ တွေးမိပြန်ပါတယ်။

ဇာတ်လမ်းအဆုံးမှာ ကိုသောင်းရီဟာ အိမ်ထောင်ရှင်ကောင်းတစ်ယောက်၊ လူပီသတဲ့ သူတစ်ယောက်အဖြစ် ပြောင်းလဲခဲ့နိုင်တာတော့ တကယ် ချီးကျူးစရာပါပဲ။ လူဆိုတာက အမှားသိပေမယ့် အမှန်ကို ပြင်နိုင်ဖို့ ခက်ကြတဲ့သူ မဟုတ်ပါလား ။

ဒီဇာတ်လမ်းလေးကတော့ ဒီလောက်ပါပဲ။ ဆရာမ မယ်စု ရဲ့ ကိုယ့်မိဘအကြောင်း ရေးဖွဲ့သွားတာလေးကို ဖတ်ပြီး သဘောကျမဆုံး ဖြစ်မိပါရဲ့ရှင်။
အားလုံးသော မိသားစုတိုင်းလည်း စိတ်နှလုံး ရွှင်လန်းချမ်းမြေ့နိုင်ကြပါစေ။

#ခံစားမိသမျှ
#ဖတ်မိသမျှ
#မယ်စု
#ကျွန်မသိသောအိမ်ထောင့်ရှင်
#တန်ဖိုး၅၅၀၀ကျပ်
#ကေ

19/08/2023

#မှာယူနိုင်ပါပြီ

တန်ဖိုး - ၄၅၀၀ကျပ်

#ကိုပေါက် #မန္တလေး
#ကေအိုတီ

19/08/2023

Customer အမှာလေး 🤎

တန်ဖိုး -၁၃၀၀၀ ကျပ်

19/08/2023

ဥဒါန်းသစ် - အမှတ် ၃

တန်ဖိုး -၈၀၀၀ ကျပ်

19/08/2023

#မှာယူနိုင်ပါပြီ

မွန်ဟော်စီ - Mental Detox
တန်ဖိုး - ၆၀၀၀ ကျပ်

#မွန်ဟော်စီ
#ကေအိုတီ

19/08/2023

မှာယူနိုင်ပါပြီ

သိုးဆောင်း - သိသောသူမည်ကား ကြားပါစေ
တန်ဖိုး - ၆၀၀၀ ကျပ်

#သိုးဆောင်း

Photos from ကေအိုတီ Mini Book Store's post 17/08/2023

Korea စာ လေ့လာနေသူများအတွက်
စာအုပ်လေးများ 📚

1.ချမ်းမြမြသော်-အခြေခံ -4000
2.ချမ်းမြမြသော် -အလယ်တန်း -5000
3.ဒေါ်လဲ့ရည်ထွဏ်း -EPS -4000
4.ဒေါ်လဲ့ရည်ထွန်း -ကိုရီးယားအခြေခံသဒ္ဒါ-4000
5.Jinseon -ကိုရီးယားစကားပြောရအောင် -4000
6. Jinseon -အခြေခံသဒ္ဒါ -8500
7.ချမ်းမြမြသော် - သဒ္ဒါ ၁၀၀ -9000 ကျပ်

05/08/2023

📖 - အတိတ်စိုက်ခင်း
🖊 - ခတ္တာခင်
🗒 - ၂၇၁ မျက်နှာ
💸 - ၆၀၀၀ ကျပ်

🔖
You reap what you sow (ကိုယ်စိုက်တာ ကိုယ်ပြန်ရိတ်သိမ်းရမယ်) ဆိုတဲ့ ကမ္ဘာကျော်စကားပုံ ရှိပါတယ်။ ဒီစာအုပ်မှာ ဆရာမခတ္တာခင်ရဲ့ အတိတ်စိုက်ခင်းကို ဖတ်ရှုရမှာပါ။ စာရေးဆရာမ ခတ္တာခင်ရဲ့ အတိတ်စိုက်ခင်းဆီ စာဖတ်သူတွေကို ဘယ်လို ခေါ်ဆောင်သွားမလဲ?

အတိတ်စိုက်ခင်းကို စစချင်း မျိုးစေ့ချတဲ့ဆီကနေ ဖတ်ရှုရမယ်။ မွန်ကျော်ဆိုတဲ့ အဓိက ဇာတ်ကောင် မမွေးဖွားမီ မွန်ကျော့်အဖေ(ဖြစ်လာမယ့်သူ)က ဟိုဘက်ရွာက အမေ(ဖြစ်လာမယ့်သူ)ကို သွားခိုးတဲ့ ဇာတ်လမ်းက အသည်းတယားယားနဲ့ပေါ့။ ဒီလိုနဲ့ ... ရခိုင်ပြည်နယ် တစ်နေရာ၊ မြစ်ကမ်းဘေး ရွာတစ်ရွာက မွန်ကျော် ဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အတိတ်စိုက်ခင်းလေး အစပျိုးခဲ့တယ်။

မြစ်ကမ်းဘေးရွာလေးတစ်ရွာက အသံချဲ့စက် ဆောင်းဘောက်စ်ပိုင်ရှင်ရဲ့ သမီးလေး မွန်ကျော်ရဲ့ ငယ်ဘဝစိုက်ခင်းက အရောင်အသွေး စိမ်းစိုလှပလတ်ဆတ်တာကို မြင်ရမယ်။ ငယ်စဉ်ကတည်းက နှစ်ခြိုက်ခဲ့တဲ့ အဆိုတော်တွေရဲ့ သီချင်းတွေ၊ သူငယ်ချင်း အမွန်နဲ့ ရွာရိုးကိုးပေါက် လျှောက်သွားတာ၊ လှေသမားဖြစ်တာကြောင့် တစ်လ ကိုးသီတင်းနေမှ အိမ်ကိုလာပြီး မွန်ကျော့်ကို စာအုပ်တွေ၊ အကောင်လေးတွေ သယ်သယ်လာတဲ့ ဦးလေးဖြစ်သူ မိခင်ရဲ့ မောင် ဦးဦးဝင်းမြင့်၊ ရွာမှာ သူစိမ်းတွေ များလာတာနဲ့အညီ ဖွင့်ဖြစ်တဲ့ မွန်ကျော်တို့ အိမ်က ခနော်ခနဲ့ လက်ဖက်ရည်ဆိုင်လေး၊ ရွာထဲက မူးနေတဲ့ ကာလသားတွေနဲ့ ၎င်းတို့ရဲ့ အိမ်ရှင်မများက ဇာတ်လမ်းတွေ၊ ထိုစဉ်ကာလ ရွာတွေတိုင်းလိုလို ရှိကြတဲ့ အခပေး ကာရာအိုကေရုံ နဲ့ လူကြီးတွေ ကာရာအိုကေမှာ သီချင်းဆိုတာ သွားသွားနားထောင်တဲ့ မွန်ကျော်နဲ့ အထွေး၊ ဦးဦးဝင်းမြင့် လှေဆိုက်တော့ သယ်လာတဲ့ ဝက်မကလေး ဖြူလုံးမ၊ ဖြူလုံးမနဲ့ မွန်ကျော့်ကြား သံယောဇဉ်၊ စတာတွေနဲ့ အခြားအခြားသော မွန်ကျော်ရဲ့ ဘဝ စိုက်ခင်းလေးကို ဖတ်ရှုရင်း ဆရာမ ခတ္တာခင် ရေးခြယ်ဖန်တီးတဲ့ ဝတ္ထုကောင်းတစ်ပုဒ်ကို ဖတ်ရှုရပါမယ်။

မွန်ကျော်ရဲ့ ဘဝ စိုက်ခင်းလေးဟာ ဆရာမခတ္တာခင်ရဲ့ ဖြစ်ရပ်မှန် အတိတ်စိုက်ခင်းလား ဆိုတာကိုတော့ ဒီဝတ္ထုလေးကို ခံစားဖတ်ရှုပြီး အဖြေထုတ်ကြည့်စေချင်ပါတယ်။ ဆရာမ ခတ္တာခင်ကလဲ “ကျွန်မအတွက်တော့ အတိတ်ဟာ ခံစားမှုပေါင်းစုံ ရောပြွမ်းနေတဲ့ စိုက်ခင်းတစ်ခု၊ အဲ့ဒီ ခံစားမှုတွေကို စာဖတ်သူဆီ ဆင့်ပွားပေးလိုက်ရတဲ့အခါ စာဖတ်သူတို့ ခံစားမှုက ဘယ်သူဖြစ်လာမလဲ မျှော်လင့်နေပါတယ်” လို့ ဆိုပါတယ်။

Sarpay
#ခတ္တာခင်
#အတိတ်စိုက်ခင်း

04/08/2023

#မှာယူနိုင်ပါပြီ

📓 မိုးကျော်ဇင် - သင်္ဘောသားပြောသောပုံပြင်များ 🚢
☘️ တန်ဖိုး - 4500 ကျပ်
📖 စာမျက်နှာ - 143 📖
🌺 ကံ့ကော်ဝတ်ရည်စာပေမှ ပထမအကြိမ် ထုတ်ဝေဖြန့်ချိခြင်း။

🔖 “ပင်လယ်ရေက နက်တယ်” ဆိုတဲ့ သင်္ဘောသားလောကရဲ့ စကားတစ်ခုရှိပါတယ်။ သဘောက သင်္ဘောသားတွေဟာ နက်ရှိုင်းတဲ့ ပင်လယ်တွေကို လှည့်လည်ပြီး ငွေရှာရတာမို့ လုပ်ငန်းခွင်တွေဟာ လွယ်ကူ ချောမွေ့မနေဘူး ဆိုတာမျိုးပါ။

ဒီစာအုပ်ရဲ့ အမည်ကို ဆရာမိုးကျော်ဇင်က “သင်္ဘောသားပြောသော ပုံပြင်များ “ လို့ ခေါင်းစဉ်ပေးထားပါတယ်။ စာရေးဆရာ သင်္ဘောသားတစ်ဦးက သူပြောပြချင်တာတဲ့ အတွေ့အကြုံတွေကို ခပ်ရိုးရိုးရှင်းရှင်း ဖွဲ့သီပြီး စာဖတ်သူတို့ဆီ ချပြထားတာပါ။ ဒီတော့ သင်္ဘောသားတွေရဲ့ ဘဝအကြောင်းပါမယ်၊ သူတို့ရဲ့ ခံစားမှုတွေ၊ ဖြစ်ရပ်တွေ၊ အတွေ့အကြုံတွေကို ဖတ်ရှုရမယ်။

သင်္ဘောသားတွေရဲ့ အိတ်ကပ်ထဲမှာ ဒေါ်လာတွေချည်း ရှိတာ မဟုတ်ပါဘူး။ ချုပ်ရိုးမဖြေရသေးတဲ့ ဒဏ်ရာတွေလည်း ရှိနေကြတယ် ဆိုတဲ့အကြောင်း ......

#မိုးကျော်ဇင်
#ကေအိုတီ

Photos from ကေအိုတီ Mini Book Store's post 04/08/2023

သိုးဆောင်း စာအုပ်လေးတွေ ရောက်ပါပြီ

📌အဟောင်းအသန့် 📌

တစ်အုပ် - ၃၀၀၀ကျပ်
၃ အုပ် ယူ - ၈၀၀၀

#သိုးဆောင်း
#အဟောင်းအသန့်

03/08/2023

#မှာယူနိုင်ပါပြီ

#ဆရာမမြကျေးှကူးယူဖော်ပြပါသည်

ကျမရဲ့ ခုနစ်ကြိမ်မြောက် ခြေရာလေးတစ်ခုပါ။ ဒါဟာ ကဗျာလား ၊ စကားပြေလား။ ဝတ္ထုတစ်ပုဒ်လားဆိုတာ ဖတ်သူကိုယ်တိုင်သာ ဆုံးဖြတ်ပေးပါတော့။ ကျမကတော့ အသည်းကိုဆုပ်ညှစ်ပြီး ထွက်လာတဲ့သွေးနဲ့ ရေးခဲ့တာပါပဲ။ ခံစားပါ။ ထပ်ပြီးပြောရရင် ခံစားကြည့်ပါ။

တစ်ခုခုနဲ့ ချိတ်ဆက်ဖို့မဟုတ်ဘူး။
ပျော်ရွှင်ခြင်းလည်း မဟုတ်ဘူး။
ဖြည့်စွက်အဓိပ္ပါယ်မပါဘူး။
ဒီအတိုင်း #ဂျွိုင်း ပဲ။

မျက်နှာဖုံး - ဆရာ ချမ်းအေး ရဲ့ လောကနတ်ပြခန်းမှာ ပြထားတဲ့ အိုးလေးကို ချစ်လွန်းလို့ ကိုယ်တိုင်ရိုက်ထားတဲ့ ဓာတ်ပုံလေးပါ။ အဲဒါကို
ကိုစိုးမင်းအောင် ဒီဇိုင်းလုပ်ပေးထားတာပါ။

ရှေ့တစ်ပတ်ထဲ ထွက်ပါ့မယ်။ နှစ်ကာလများ ကပါပဲ။

#မြကျေး
#မကြာမိ

03/08/2023

Coming 🔜

ချစ်ခြင်းမေတ္တာသည်
ကြမ်းတမ်းသော ကမ္ဘာကြီးထဲက အနူးညံ့ဆုံး အမွန်မြတ်ဆုံးလက်ဆောင်ဖြစ်သည် ။ သူ့အကျိုးကိုမဖျက်ဆီးတတ်သော ချစ်ခြင်းမေတ္တာသည် အကျင့်တရားပြည့်စုံရာလည်း ဖြစ်လေသည် ။

Love is a gift meek, mild, and magnificent in this world of hostility.
Love is also a virtue unless it harms the wellbeing of others.

(ဩဂုတ်လ ၂ရက်နေ့တွင်ဖြန့်ချိမည့် ဒုတိယအကြိမ်ထုတ် #တကယ်ချစ်လို့ရူးခဲ့သည် ဝတ္ထုမှ ကောက်နှုတ်ပါသည်။)

#ပုညခင်စာအုပ်တိုက်
ပထမအကြိမ် -၂၀၁၃ခုနှစ်
ဒုတိယအကြိမ်-၂၀၂၃ခုနှစ်
#ပုညခင်
မျက်နှာဖုံးပန်းချီ-တော်တီဆွေ

03/08/2023

Coming 🔜📚

“နေမမြင် အင်ပါယာ”

ဒီဝတ္ထုလေးက စာရေးသူ ဆရာမ ဖရော်ဆန်ရဲ့လုံးချင်းဝတ္ထုအသစ်ဖြစ်ပြီး ဒီစာအုပ်ထဲမှာ အထည်ချုပ်စက်ရုံတစ်ခုမှာ လုပ်ကိုင်နေတဲ့ အမျိုးသမီးလေးတွေရဲ့ ဘဝအမောတွေ၊ ပျော်ရွှင်ရခြင်းတွေ၊ ဝမ်းနည်းရခြင်းတွေ၊ ကိုယ့်ကိုကိုယ် တည်ဆောက်ရခြင်းတွေကို အတူတူ မျှဝေခံစားလို့ရအောင် ရေးသားထားတာဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ ဘေးကကြည့်ရင် သာမာန်လို့ထင်ရတဲ့ ဘဝတွေထဲမှာ ရှိနေတဲ့ ရဲရင့်မှုတွေ၊ လေးနက်မှုတွေ နဲ့ စိန်ခေါ်မှုတွေအကြောင်းကို ဒီစာအုပ်လေးထဲမှာ အံ့ဩစရာကောင်းစွာ အထင်းသားတွေ့မြင်ရမှာပါ။

ဖရော်ဆန်က အမျိုးသမီးစာရေးသူဖြစ်တာကြောင့်ပဲလားမသိ ဒီစာအုပ်ထဲမှာ အမျိုးသမီးတွေရဲ့ ခံစားချက်၊ အမြင်နဲ့ သဘောထားတွေကို ပိုအလေးပေးပြီး ထုတ်ဖော်ရေးသားထားတာကိုလည်း တွေ့ရတယ်။ မတူညီတဲ့ မိသားစု အခက်အခဲများစွာထဲကနေ သန်မာခဲ့ကြတဲ့ အမျိုးသမီးလေးတွေရဲ့ အကြောင်းကို ကြည်နူးလှိုက်မောဖွယ်၊ ကရုဏာသက်ဖွယ်၊ ကြေကွဲဖွယ် ခံစားရမှာပဲဖြစ်ပါတယ်။ "ဒုက္ခဟာ ဆင်းရဲတဲ့သူအပေါ်မှ ပြုတ်ကျရသလား " ဆိုတဲ့ ရုပ်ရှင်မင်းသားကြီး ကျော်ဟိန်းရဲ့ သရုပ်ဆောင်ချက် စကားတစ်ခွန်းကိုတောင် ပြန်ကြားယောင်လာမိစေပါတယ်။

ဆရာမ ဖရော်ဆန်က “ဒီစာအုပ်လေးက ကျွန်မ ပထမဆုံးဆွဲလှပ်မိတဲ့ ပြတင်းတံခါးတစ်ချပ်ပါပဲ။ ကျွန်မတို့နဲ့ ရင်းနှီးပြီးသား သို့တည်းမဟုတ် ကျွန်မတို့နဲ့ မရင်းနှီးပဲ အစိမ်းသက်သက်ဖြစ်နေတဲ့ ဘဝတွေကို ပြတင်းပေါက်လေးကနေတဆင့် အတူတူ လှမ်းငေးမောကြည့်ကြရအောင် လို့ ပြောချင်ပါတယ် “ဆိုပြီး အမှတ်တရစကားအနေနဲ့ ပြောထားပါသေးတယ်။

#နေမမြင်အင်ပါယာ
#ဖရော်ဆန်
#စာ၂၃၅
#တန်ဖိုး -၇၀၀၀

03/08/2023

#ဆရာမနွေအိမ်မောင်ဝင်းှကူးယူဖော်ပြပါသည်

"ချစ်တယ်ဆိုတာ
အဝါရောင်ပန်းကလေးပွင့်တာပါပဲ
မင်းကို
ပျော်စေရွှင်စေချင်ပါတယ်။"

ကျွန်တော့်ရဲ့ "အဝါရောင်ပန်းပွင့်များ" ဆိုတဲ့စာအုပ်ကလေး ဒီ August လထဲမှာပဲ
ချန့်ချန့်စာပေကနေ ထွက်ပါမယ်။
ဝတ္ထုတွေမဟုတ်တဲ့ စာအပိုင်းအစကလေးတွေပါပဲ။ကျွန်‌တော့် အကောင့်မှာ "အဝါရောင်ပန်းပွင့်များ" လို့အယ်လ်ဘမ်ဖွင့်ပြီးရေးခဲ့တဲ့ စာလေးတွေပါ။အက်ဆေးမရှိတရှိလေးတွေလည်းပါပါတယ်။
Soul မှာ ပန်းချီကား လေးတွေနဲ့ တင်တိုင်းစာအုပ်လေးမရှိဘူးလားလို့ချစ်ခင်စွာ လာမေးကြသူများအတွက် အမှတ်တရပါ❤️

မျက်နှာဖုံးပန်းချီကိုတော့ ပန်းဆိုင်နဲ့ချစ်မေတ္တာ second edition ကိုရေးဆွဲပေးခဲ့တဲ့ချစ်တဲ့ဇွန် May Zune Oo က မွေးနေ့လက်ဆောင်အဖြစ်ရေးဆွဲပေးခဲ့ပါတယ်❤️။

Photos from ကေအိုတီ Mini Book Store's post 28/07/2023

ဆရာ AD စာအုပ်လေးတွေ 🤎

27/07/2023

☘️ငြိမ်းအေးခြင်းရဲ့အစ☘️

အဆိုးမြင်စိတ်ဟာ ကိုယ့်ကို အမှောင်ထဲ ဆွဲချနေတယ်ဆိုတာကို နားလည်လာတာနဲ့အမျှ အဆိုးထဲကနေ အကောင်းကို ရှာဖွေတဲ့အကျင့်လေး မွေးမြူကြည့်စေချင်ပါတယ် ။

ဒါဟာ ငြိမ်းအေးခြင်းရဲ့အစပဲ ဖြစ်ပါတယ်....။

သေသေချာချာ သတိထားကြည့်မယ်ဆိုရင် ကျွန်မတို့ရဲ့ စိတ်ခံစားမှုတွေရဲ့ တုန်ခါမှု လှိုင်းကလေးတွေကို ကျွန်မတို့ကိုယ်တိုင် ခံစားမိတတ်ကြပါတယ် ။ ဥပမာ ကျွန်မတို့ တရားထိုင်နေတဲ့အချိန်မှာ ခန္ဓာကိုယ် တစ်ခုလုံးမှာ ဖြစ်ပေါ်နေတဲ့ ဝေဒနာလေးတွေကို သာယာတဲ့ဝေဒနာဖြစ်စေ ကြမ်းတမ်းတဲ့ ဝေဒနာဖြစ်စေ တုန်ခါမှုလှိုင်းတွေအဖြစ်နဲ့ ခံစားသိရှိနေရတာ ဖြစ်ပါတယ်။ ဒီဝေဒနာတွေကို ကြိုက်ခြင်း မကြိုက်ခြင်း စသဖြင့် တုံ့ပြန်မှုတွေ မပြုလုပ်ဘဲ ဝေဒနာတွေရဲ့ ပြောင်းလဲနေတဲ့သဘော ၊ မတည်မြဲတဲ့သဘော စတဲ့အနိစ္စသဘောကိုသာ ဥပေက္ခာကျကျ စောင့်ကြည့်နေရတာ ဖြစ်ပါတယ် ။

ဥပမာ ကျွန်မတို့ စိတ်မှာ ကြောက်ရွံ့စိတ် ၊ နောင်တ ၊ ရှက်ရွံ့ခြင်း စတဲ့ ခံစားမှုတွေကို ခံစားမိတဲ့အခါ ဒီတုန်ခါမှုတွေနဲ့ frequency ညီမျှတဲ့ အရာတွေကိုပဲ ဆွဲငင်မိစေပါတယ် ။ ကြောက်ရွံ့စိတ်ကြောင့် ကိုယ် ရင်မဆိုင်ချင်တဲ့အရာ ရှောင်ပြေးချင်တဲ့ အရာတွေကို မလိုချင်ဘဲ ရလာတတ်တာ ဒီတုန်ခါမှုတွေရဲ့ ဆွဲငင်မှုကြောင့်ပဲ ဖြစ်ပါတယ် ။

နောင်တ ရှက်ရွံ့သိမ်ငယ်တဲ့စိတ်ခံစားမှုတွေရဲ့ တုန်ခါမှုလှိုင်းတွေကြောင့် ကိုယ့်ဘဝဟာ အဆင်မပြေမှုတွေ နာကျင်မှု စိတ်ဒဏ်ရာတွေဆီကနေ မလွတ်မြောက်နိုင်တော့ပါဘူး ။

နောက်တစ်ခုက ကျွန်မတို့ရဲ့ စိတ်မှာ ချစ်ခြင်းမေတ္တာ ပျော်ရွှင်မှု နဲ့ စိတ်ခွန်အား ပြည့်ဝခြင်းတွေကို ခံစားနေရမယ်ဆိုရင် ဒီတုန်ခါမှုတွေနဲ့ ညီမျှတဲ့ အရာတွေကို ကျွန်မတို့ဘဝထဲ ဆွဲခေါ်နိုင်စွမ်းရှိမှာ ဖြစ်ပါတယ် ။

ချစ်ခြင်းမေတ္တာကြောင့် ငြိမ်းချမ်းအဆင်ပြေတဲ့ဘဝ အပြန်အလှန် နားလည်မှုနဲ့ အေးချမ်းတဲ့ဘဝ ၊ ပျော်ရွှင်မှု နဲ့ စိတ်ခွန်အားပြည့်ဝမှုတွေကြောင့် ကိုယ် လိုချင်တောင့်တတဲ့ အရာတွေကို အကောင်းမြင်တဲ့စိတ်တွေနဲ့ ရယူနိုင်တဲ့ ဘဝမျိုး ပိုင်ဆိုင်ခွင့် ရလာမှာ သေချာပါတယ်

ဥပမာတစ်ခုပေးရရင် ကျွန်မတို့ နားထောင်ချင်တဲ့ သီချင်းကို ရေဒီယိုလှိုင်းတွေကနေ ချိန်ညှိယူကြရသလိုပါပဲ ။ ကိုယ် လိုချင်တဲ့အရာကို ဆွဲငင်နိုင်ဖို့အတွက် တုန်ခါမှုလှိုင်းတွေတော့ ညီမျှနေဖို့ လိုပါတယ် ။ ဒါကြောင့် ကိုယ့်ရဲ့ စိတ်ပုံစံကို ပြောင်းလဲကြည့်မယ်ဆိုရင် ကိုယ့်ရဲ့ဘဝလည်း ပြောင်းလဲလာမှာ သေချာပါတယ် ။

ကိုယ်မမြင်ရတဲ့အရာတွေ ဖြစ်မလာသေးတဲ့အရာတွေ အတွက် ကြိုတင်မှန်းဆတွေးတောပြီး ကြောက်ရွံ့စိုးရိမ်နေတတ်တဲ့ အကျင့်ကို စွန့်လွှတ်ကြည့်လိုက်ပါ ။ ဖြစ်လာမှပဲ ရင်ဆိုင်လိုက်တာပေါ့…ဆိုတဲ့ စိတ်မျိုး ထားကြည့်လိုက်ရင် လူက ပိုပြီး ရင်ဆိုင်နိုင်ဖို့ သတ္တိရှိလာပါတယ် ။

ဖြစ်ခဲ့ပြီးတဲ့ အမှားတွေ အတွက် နောင်တတွေ ၊ ရှက်ရွံ့ သိမ်ငယ်ခြင်းတွေနဲ့ နေရတဲ့ဘဝဟာ မှေးမှိန်ဖျော့တော့ပြီး အကောင်းမြင်တဲ့စိတ်တွေ ပျောက်ဆုံးသွားစေပါတယ် ။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တဲ့စိတ် ၊ ခွင့်မလွှတ်နိုင်တဲ့စိတ် ၊ အဆိုးမြင်တဲ့စိတ်တွေကြောင့် ကိုယ့်ဘဝဟာ ပိုပြီး ခက်ခဲရှုပ်ထွေးလာစေပါတယ် ။

တစ်ခါတလေ ဘာမဟုတ်တာလေးနဲ့ ဖြေရှင်းလို့လွယ်ကူပါလျက်နဲ့ ကိုယ့်အတွက်ကျတော့ ပြဿနာဟာ ထင်ထားတာထက် ပိုပြီး ရှုပ်ထွေးခက်ခဲနေတတ်ပါတယ် ။ အဆင်မပြေတော့ မပျော်ရွှင် ၊ ပိုပြီး အပြစ်တင် အဆိုးမြင် ပိုပြီးမပြေလည်နဲ့ ဘဝဟာ အဲ့ဒီသံသရာစက်ဝိုင်းထဲမှာပဲ လည်ပတ်နေတော့မှာ ဖြစ်ပါတယ် ။

ဖြစ်ခဲ့ပြီးတဲ့ အမှားတွေအတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်ပုံ မချဖို့ ခွင့်လွှတ်နားလည်ပေးဖို့ ကြိုးစားကြည့်စေချင်ပါတယ် ။ ဒီအမှားဟာ ကိုယ် တစ်ယောက်တည်းမှားတတ်တဲ့ အမှာမျိုးလည်း မဟုတ်ပါဘူး ။ သူများတွေလည်း မှားတတ်ကြတာပါပဲ ။ ဒီအမှားမျိုး နောက်ထပ်မလုပ်မိအောင် ဒီအမှားဆီကနေ သင်ခန်းစာယူတတ်ဖို့ အရေးကြီးပါတယ် ။

တချို့ဆို ကိုယ့်ကိုယ်ကိုယ် သိပ်တင်းကျပ်စွာ ဆက်ဆံ တတ်ပါတယ် ။ အမှားလေးနည်းနည်းကို သည်းမခံနိုင်လောက်အောင် ခွင့်မလွှတ်နိုင်လောက်အောင်တမြည့်မြည့်တနုံ့နုံ့ခံစားလို့မဆုံးတော့ပါဘူး ။ ကိုယ့်ကိုယ်ကိုယ် ခွင့်မလွှတ်နိုင်လေ ကိုယ့်ဘဝက ခက်ခဲရှုပ်ထွေးလေပဲ ဖြစ်ပါတယ် ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ပေးပါ ။ နောင်တဆိုတဲ့ နွံထဲမှာ တစိမ့်စိမ့် နစ်မြုပ်မခံပါနဲ့ ။

ကိုယ့်ရဲ့ စိတ်ပုံစံကို ပြောင်းလဲနိုင်ဖို့အတွက် ကိုယ့်ရဲ့ စိတ် ခံစားမှုတွေကို သိနားလည်ဖို့တော့ လိုအပ်ပါတယ် ။ ကိုယ့်စိတ်ထဲမှာ ပျော်ရွှင်အောင်နေတယ် ။ ကိုယ့်ရဲ့ မိသားစု မိတ်ဆွေသူငယ်ချင်းတွေအပေါ်မှာ ချစ်ခင်မေတ္တာစိတ်လေးထားမယ် ။ ကိုယ့်ဘဝမှာ ရင်ဆိုင်ရသမျှ အဖြစ်အပျက်တွေကို တတ်နိုင်သ၍ အကောင်းမြင်တဲ့ စိတ်ကလေးနဲ့ ကြည့်ပြီး ရင်ဆိုင်ဖြေရှင်းမယ်ဆိုရင် ကိုယ့်ဘဝဟာ အလင်းထဲမှာ ရောက်နေပါလိမ့်မယ် ။

ကြောက်ရွံ့တဲ့စိတ် ၊ နောင်တ ၊ ရှက်ရွံ့သိမ်ငယ်ခြင်း စတဲ့ အဆိုးမြင်စိတ်တွေကို သတိထားမိတာနဲ့ ကိုယ့်ရဲ့ တုန်ခါမှုလှိုင်းတွေ ကျဆင်းနေပြီဆိုတာကို သတိရပါ ။ တတ်နိုင်သ၍ စိုးရိမ် ကြောက်ရွံ့တဲ့ စိတ်တွေနေရာမှာ လက်ခံတဲ့စိတ် ၊ ဘာဖြစ်ဖြစ် ရင်ဆိုင်မယ်လို့ ဆုံးဖြတ်တဲ့စိတ် ၊ ကိုယ့်ကိုယ်ကိုယ် နားလည်ခွင့်လွှတ်တဲ့စိတ်တွေနဲ့ အစားထိုးကြည့်ပါ ။

#လွန်းထားထား
#ပိုအေးချမ်းတဲ့ကိုယ်
#အေးချမ်းခြင်းစာစုများ
#စာအုပ်လေးထွက်နေပါပြီ
#တန်ဖိုး၅၅၀၀ကျပ်

27/07/2023

🔖ဆရာမ နုနုရည်အင်းဝ ဆီမှ
ကူးယူ ဖော်ပြပါသည်

ဒီဝတ္ထုခေါင်းစဉ်လေးအတွက် ကျမ ဘယ်လောက်တောင်
စဉ်းစားခဲ့ရလဲ...။
သို့ပေမဲ့ သို့ပေမဲ့ပေါ့...
ဝတ္ထုခေါင်းစဉ်ကို မရပါဖူး ခွင့်မပြုပါဖူး ပြောင်းပေးပါတဲ့...။
ကျမက ဘာများတတ်နိုင်မှာတဲ့လဲ။
ကျမ ခဲခဲ ယဉ်းယဉ်းစဉ်းစားထားရတဲ့၊ ကျမကြိုက်တဲ့
ခေါင်းစဉ်လေးကို ပြောင်းပေးခဲ့ရတယ်။
ဒီဆူးဟာ ကျမရင်ထဲကို စူးဝင်နေခဲ့တာ နှစ်ပေါင်း သုံးဆယ်
ကျော် ကြာခဲ့ပါပြီ။
ကျမရင်ထဲက ဝတ္ထုခေါင်းစဉ် ဆူးနှစ်ဆူး အနက်က ဒီဆူးကိုလဲ ကျမရဲ့ချစ်သော စာဖတ်ပရိတ်သတ်က နှုတ်ပေးစေလိုပါတယ်။
ခု ကျမရှေ့မှာ ဝတ္ထုမျက်နှာဖုံးလေး ရှိတယ်..
ကျမကြည့်မဝတဲ့ ဝတ္ထုခေါင်းစဉ်လေးလဲရှိတယ်။
"အားလုံး ငြိမ်ပါ မီးစုံဖွင့်မယ်" တဲ့...။
စိတ်ကူးချိုချိုစာပေရဲ့ စာအုပ်စျေးပွဲတော်အမှီ...
(1.8.2023)မှာ ထွက်လာပါတော့မယ်။

27/07/2023

#မှာယူနိုင်ပါပြီ

📖 ခရီးနိုင်ငံရေး
✍️ နေဝင်းမြင့်
◾ တန်ဖိုး ၁၀၀၀၀ ကျပ် ၊
စာ ၃၅၂ ၊ အုပ်ရေ ၅၀၀ ၊
◾ ဒုတိယအကြိမ် ဇူလိုင်လ ၂၀၂၃ ၊


#ကေအိုတီ

22/07/2023

#မှာယူနိုင်ပါပြီ

သင်္ဘောသားတစ်ယောက်ရဲ့ Darkside ကို မြင်တွေ့ရမယ့် ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ် ..

ဒီစာအုပ်က ပင်လယ်ကိုကျော် သမုဒ္ဒရာကို ဖြတ်သန်းနေတဲ့ သင်္ဘောသားတစ်ယောက်ရဲ့ dark side ကို ရေးသားထားတဲ့ စာအုပ်လေးပဲဖြစ်တယ် ..

လူတွေ အပေါ်ယံ မြင်နေရတဲ့ သင်္ဘောသားဆိုတာ လွယ်လွယ်နဲ့ လက်ဖျားငွေသီးနေတာဆိုတဲ့ အစွဲတွေက ဒီလိုစာအုပ်မျိုးတွေ ဖတ်ပြီးရင် ကျွတ်ကုန်မယ်ထင်တယ် ..

ကျွန်တော် ကိုယ်တိုင် နောက်တစ်ကြိမ် ပြန်ဖတ်ဖို့ မဝံ့ရဲမိတော့တဲ့အထိ မွန်းကျပ်ပိတ်လှောင်မှုတွေကို ဒီစာအုပ်လေးထဲမှာ တွေ့ရတယ် ..

မဖတ်ကြည့်သင့်ဘူးလားဆိုတော့ မဟုတ်ဘူး .. ကိုယ့်အနီးအနား၀န်းကျင်မှာ သင်္ဘောသား ဆွေမျိုး ၊ သူငယ်ချင်းတွေရှိရင် သူတို့ဘ၀ကို ပိုနားလည်အောင် ဒီစာအုပ်ကို ဖတ်ကြည့်စေချင်တယ် ..

တစ်ခါက .. ပင်လယ် အကြောင်းလေးကို သင်္ဘောသားတွေ ဖတ်မိပြီးရင် တစ်စုံတစ်ရာ ခံစားသွားရလိမ့်မယ်လို့လည်း ကျွန်တော်ယုံကြည်တယ် ..

📓 စာအုပ်အမည် #တစ်ခါက...ပင်လယ်
✍️ စာရေးသူ #အေထူးအောင်(အဏ္ဏဝါ)
🏡 စာအုပ်တိုက် - စာရိပ်မြိုင်စာပေ
🎨မျက်နှာဖုံးပန်းချီနှင့်ဒီဇိုင်း - မာဏ
💻အတွင်းဒီဇိုင်း - ခိုင်ဇင်ထွန်း
📋 ပုံနှိပ်မှတ်တမ်း - ၂၀၂၃ခုနှစ် ၊ ဇူလိုင်လ ၊ ပထမအကြိမ် ၊ အုပ်ရေ ၇၀၀ ၊ စာမျက်နှာ ၁၄၄ ၊ တန်ဖိုး ၅၀၀၀ကျပ်
📖စက္ကူအမျိုးအစား - WoodFree60g ( စာရွက်အဖြူ အချောသား )

#စာရိပ်မြိုင်

22/07/2023

Feb 8 မှာ ဖတ်ပြီးတဲ့ စာအုပ်လေး 🤎

ဖတ်မယ် တွေးပြီး မဖတ်ဖြစ်၊မဖတ်ဖူးသေးတဲ့ စာရေးဆရာ စာအုပ်လေး။
ဝတ္ထုတို ၁၆ ပုဒ်ဆိုတော့ ဖတ်ရတာ သွက်တယ်။

ပထမဆုံး တစ်ပုဒ်အမြည်း ဖတ်ရင်းက
ဆရာ့အရေးအသားတွေကို သဘောမနောကျရတာပဲ။
ဝတ္ထုတို တစ်ပုဒ်ဆိုပေမယ့် ဖန်တီးထားတာ တကယ် ကို စံပဲ။ ဘာဆက်ဖြစ်မလဲ သိချင်သွားရင်းဆက်ပြီး ဖတ်ရင်းနဲ့ပဲ တစ်ပုဒ်ပြီးတစ်ပုဒ် မတူတဲ့ ခံစားချက်တွေ၊ အတွေးတွေ၊ ရသတွေ ခံစားရတယ်။

ကေ ကြိုက်တဲ့ အပုဒ်လေးက ကလေးနေရာ၊ ကလေးအတွေးကနေ ရေးသွားတဲ့ အပုဒ်လေး။
"အဖြူရောင်တိမ်လေးတစ်မျှင် " ဒီအပုဒ်လေး ဖတ်ရင်းတွေးမိတာလေးလည်း ရှိတယ်။ ကလေးတွေရဲ့ စကားတွေ ခံစားချက်တွေကို လူကြီးတွေက မခံစား၊ နားလည်ပေးဖို့ မကြိုးစားတာတွေ၊ အလေးမထားတာတွေဟာ တော်တော် များပါတယ်။ တကယ်ဆို ကလေးတွေရဲ့ အသံ၊ ခံစားချက်ကို ဂရုတစိုက် နားထောင်ပေးမှသာ ကလေးတွေရဲ့ ဖြူစင်တဲ့စိတ်ကို အရောင်မဆိုးမိမှာပါ။

နောက်ထပ် ကေ ဖတ်ရင်း နောက်ဆုံးလေးမှာမှ ရယ်မိသွားတဲ့ အပုဒ်လေးကျ "ဈေးကြီးသွားသော သံပုရာရည်"
အအေးဆိုင်ပိုင်ရှင် ကတော့ မတန်လိုက်တာ ဆိုတဲ့ စကားဟာ ၁၀၀ ထဲနဲ့ ရောင်းပေးတဲ့ သူ့အတွက်တော့
နားမလည်နိုင်တဲ့ စကားဆိုလည်း ဟုတ်မယ်။ ကေတော့ ဆိုင်ရှင် ဖြစ်သွားမယ့် ပုံလေးကို စိတ်ကူးမိပြီး ရယ်မိတော့တာ 😂

၁၆ ပုဒ်လုံး က အတွေးတွေ ၊ ခံစားချက်တွေ အမျိုးမျိုး ရစေသလို ဆရာ့လို သင်္ဘောသားဘဝရဲ့ ခရီးမှတ်တမ်းမျိုးလေး ထပ်ထွက်ရင်လည်း ဖတ်ချင်မိသား။‌
"မျှော်လင့်မြို့ " လေးလို အပုဒ်လေး ကျတော့ ကိုယ်မရောက်ဖူးတဲ့ နေရာဒေသရဲ့ အငွေ့အသက်ပါးပါးလေးကို မြင်အောင် ဖော်ပြသွားတယ်။

တကယ်ကို သဘောကျမိတဲ့ စာအုပ်လေး တစ်အုပ် ဆိုလည်း မမှားဘူးရယ် 🤎

စာရေးသူ - အေထူးအောင်(အဏ္ဏဝါ)
🔖သက်ငြိမ်ည ရသဝတ္ထုတိုများ🔖
တန်ဖိုး - ၅၀၀၀ ကျပ်

#ခံစားမိသမျှ
#ဖတ်မိသမျှ
#ကေ

Want your business to be the top-listed Shop in Kamayut?
Click here to claim your Sponsored Listing.

Videos (show all)

ဆရာမ မယ်လွင့်ရဲ့The Stalker စာအုပ် ပုံစံ ၂ မျိုးလေး‌ဈေးလေးတွေတော့ မတူပါဘူးနော် 🤎#ဘာသာပြန်မဟုတ်ပါဘူးရှင့်#မယ်လွင့် #thest...

Category

Website

Address


07/B Baho Road
Kamayut
11041

Other Book Stores in Kamayut (show all)
Flore Flore
Kamayut

Novel ,story and educational book

CLR စာပေ CLR စာပေ
No-3, Room 3, (3)Quarter (10th) Street, Butaryone Lann Bus-Stop
Kamayut, 11051

သုတေသနစာအုပ်များနှင့် တခြားပညာရပ်ဆိုင်ရာ စာအုပ်များကို မြန်မာနိုင်ငံအနှံ ဖြန့်ချိပေးပါသည်။

Obelia's Book Shop Obelia's Book Shop
Hledan Street
Kamayut

Grace Japanese Books Shop Grace Japanese Books Shop
No. 40, U Tun Lin Chan Street , Hledan
Kamayut

Warmly Welcome From Grace Japanese Books Shop

KKmaw KKmaw
Kyuntaw Street
Kamayut

A Linn Yaung A Linn Yaung
Kamayut, 11041

NIKKO Japanese Language  Center NIKKO Japanese Language Center
No(72)(3-A), Hledan Road. Kamaryut Township (လှည်းတန်း စိန်ဂေဟာအနီး)
Kamayut

Nikko Japanese Language Center မှ လစဥ်တန်းခွဲသစ်များဖွ?