Purecare

PURECARE Gel is a topical antibiotic skin gel used to treat acne that has become infected and is unre

23/11/2023

အခုလို Wedding season မှာ ပွဲတက်စရာတွေရှိပြီဆိုမှ ပျော်ပျော်ပါးပါးထွက်လာတတ်တဲ့ ဝက်ခြံတွေကို မောင်းထုတ်ဖို့ Purecare ရှိတယ်နော်...🤩

✅ Purecare မှာ Erythromycin 40mg ပါဝင်ပြီး လတ်တလောဖြစ်နေတဲ့ဝက်ခြံများနှင့် အနာရင်းနေတဲ့ဝက်ခြံများအတွက် အသင့်တော်ဆုံးသော ဝက်ခြံပျောက်လိမ်းဆေးတစ်မျိုးဖြစ်ပါတယ်…😉

✅ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားပိုးများကို သေစေပြီး ဝက်ခြံများထပ်မံမဖြစ်ပွားစေရန် ကာကွယ်ပေးနိုင်တဲ့ ဆေးစွမ်းကောင်းတစ်လက်ပဲဖြစ်ပါတယ်…🤗

✅ ဝက်ခြံတွေကို အမြစ်ဖြတ်တိုက်ထုတ်ဖို့ Purecare ဝက်ခြံပျောက်ဆေးကို တစ်နေ့ ၂ ကြိမ်လိမ်းကြစို့...😍

✅Purecare ဝက်ခြံပျောက်လိမ်းဆေးလေးကို ဒီလင့်ထဲကနေ order တင်ပြီး မှာယူလို့ရနေပြီနော်...☺

Buy Now - https://onlineshop.aa.com.mm/skin-cream/purecare-pom-220

ဝက်ခြံဖြစ်ပွားမှု ကင်းဝေးအောင် PURECARE ကို ဆောင်”
“လျင်မြန်ပျောက်ကင်း ဝက်ခြံများရှင်း”

27/10/2023

သီတင်းကျွတ်ပိတ်ရက်မှာ ခရီးသွားဖို့ အပြင်တွေသွားဖို့ ပြင်ဆင်နေကြပြီလား???
အပြင်ထွက်တဲ့အခါ အသားအရေမပျက်စီးအောင် နေရောင်ခြည်ဒဏ်ကို ကာကွယ်ဖို့ Sunscreen လိမ်းဖို့နဲ့ Sunscreen လေးထည့်သွားဖို့လည်း မမေ့ကြနဲ့နော်။

နေလောင်ဒဏ်ကာကွယ်ဖို့ Sunscreen ကတော့ရှိနေပြီ ဝက်ခြံတွေပျောက်ချင်လို့ ဝက်ခြံပျောက်လိမ်းဆေးပဲရှာနေတာဆိုရင်တော့ Purecare ရှိတယ်နော်။ Purecare မှာ ဘက်တီးရီးယားပိုးမွှားတွေကိုသေစေနိုင်ပြီး ထပ်မပွားအောင်ကာကွယ်ပေးနိုင်တဲ့ Erythromycin ပါဝင်တာကြောင့် ဝက်ခြံတွေကို အမြန်ဆုံးသက်သာပျောက်ကင်းစေနိုင်ပါတယ်။

✅Purecare ဝက်ခြံပျောက်လိမ်းဆေးလေးကို ဒီလင့်ထဲကနေ order တင်ပြီး မှာယူလို့ရနေပြီနော်...

Buy Now - https://onlineshop.aa.com.mm/skin-cream/purecare-pom-220

“ဝက်ခြံဖြစ်ပွားမှု ကင်းဝေးအောင် PURECARE ကို ဆောင်”
“လျင်မြန်ပျောက်ကင်း ဝက်ခြံများရှင်း”

29/09/2023

၀က်ခြံတွေထွက်နေတာ မိတ်ကပ်လိမ်းလို့ရရဲ့လား? 🤔🤔🤔

ဝက်ခြံတွေထွက်တတ်တဲ့အသားအရေပိုင်ရှင်တွေမှာ မိတ်ကပ်နဲ့အလှကုန်ပစ္စည်းတွေကြောင့် ဝက်ခြံတွေပိုဆိုးနိုင်တယ်ဆိုပေမယ့်လည်း သေချာဂရုစိုက်မယ်ဆိုရင်တော့ မိတ်ကပ်လိမ်းလို့ရပါတယ်...

ခုပြောပြမယ့်အချက်လေးတွေကတော့ အရေပြားဆိုင်ရာဆရာဝန်တွေက အကြံပြုထားတဲ့ လိုက်နာသင့်တဲ့ အချက်လေးတွေပဲဖြစ်ပါတယ်...

ဝက်ခြံဖြစ်တတ်သူတွေအနေနဲ့ မိတ်ကပ်နဲ့အလှကုန်ပစ္စည်းတွေဝယ်တဲ့အခါ ဝက်ခြံထွက်တတ်သော အသားအရေအတွက် (for acne-prone skin), အဆီမပါတဲ့ (oil free), ရေဓာတ်အခြေခံတဲ့ (water based), ချွေးပေါက်မပိတ်စေတဲ့ (non-comedogenic) စတဲ့ စာသားမျိုးပါတဲ့ makeup နှင့် skincare ပစ္စည်းတွေကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။ ကိုယ်နဲ့မတည့်တဲ့ ပါဝင်ပစ္စည်းမျိုးပါရင် အဲ့ပစ္စည်းတွေကို မသုံးသင့်ပါဘူး။ ဒါကြောင့်ဘာတွေပါလဲဆိုတာ သေချာဖတ်ပြီးမှ ဝယ်ပါနော်...

မျက်နှာကို တစ်နေ့လျှင်နှစ်ကြိမ် ဒါမှမဟုတ် ချွေးထွက်များတဲ့ လေ့ကျင့်ခန်းလုပ်ပြီးချိန်တွေမှာ အပေါ်မှာပြောထားသလို ဝက်ခြံသမားတွေအတွက် ထုတ်ထားတဲ့ အဆီမပါတဲ့ ချွေးပေါက်မပိတ်စေတဲ့ အပျော့စား မျက်နှာသစ်ဆေးမျိုးနဲ့ သန့်စင်ဆေးကြောပေးရပါမယ်...

မိတ်ကပ်လိမ်းထားတယ်ဆိုရင် ညအိပ်ရာမဝင်ခင် အဆီမပါတဲ့ မိတ်ကပ်ဖျက်ဆေးကိုသုံးပြီး သေချာဖျက်ရပါမယ်။ ပြီးရင် မျက်နှာသစ်ဆေးနဲ့လည်း တစ်ခါ သန့်စင်ဆေးကြောပေးရပါမယ်...

မိတ်ကပ်လိမ်းတဲ့အခါမှာလည်း အရမ်းပွတ်ဆွဲလိမ်းတာမျိုး မလုပ်ဘဲ မိတ်ကပ်လိမ်းတဲ့ brush မျိုးကို အသုံးပြုပြီး ညင်ညင်သာသာ လိမ်းရပါမယ်။ ပြီးရင် ဒီ မိတ်ကပ်လိမ်းတဲ့ brush တွေကိုလည်း တစ်ပါတ်တစ်ခါ ဆေးကြောသန့်ရှင်းရေးလုပ်သင့်ပါတယ်...

နောက်ဆုံးအချက်ကတော့ ဝက်ခြံဖြစ်နေရင် ဝက်ခြံကိုကုသဖို့လိုပါတယ်။ ဝက်ခြံထွက်နေချိန် မိတ်ကပ်တွေလိမ်းမယ်ဆိုရင်တော့ ဝက်ခြံပျောက်လိမ်းဆေးတွေကို မိတ်ကပ်မလိမ်းခင် ဝက်ခြံဖြစ်တဲ့နေရာမှာတို့ပေးရပါမယ်...

ဒီလိုသေချာဂရုစိုက်မယ်ဆိုရင်တော့ ဝက်ခြံတွေဖြစ်နေလည်း စိုးရိမ်စရာမလိုပဲ မိတ်ကပ်လိမ်းလို့ရပါတယ်နော်

နောက်ပြီး ဝက်ခြံတွေရှိနေလို့ ဝက်ခြံပျောက်လိမ်းဆေးရှာနေရင်လည်း Purecare ကိုသတိရလိုက်ပါနော်။ Purecare မှာ ဘက်တီးရီးယားပိုးမွှားတွေကိုသေစေနိုင်ပြီး ထပ်မပွားအောင်ကာကွယ်ပေးနိုင်တဲ့ Erythromycin ပါဝင်တာကြောင့် ဝက်ခြံတွေကို အမြန်ဆုံးသက်သာပျောက်ကင်းစေနိုင်ပါတယ်။

✅Purecare ဝက်ခြံပျောက်လိမ်းဆေးလေးကို ဒီလင့်ထဲကနေ order တင်ပြီး မှာယူလို့ရနေပြီနော်...

Buy Now - https://onlineshop.aa.com.mm/skin-cream/purecare-pom-220

“ဝက်ခြံဖြစ်ပွားမှု ကင်းဝေးအောင် PURECARE ကို ဆောင်”
“လျင်မြန်ပျောက်ကင်း ဝက်ခြံများရှင်း”

23/08/2023

မျက်နှာပေါ်က မပျောက်နိုင်တဲ့ ဝက်ခြံတွေကြောင့် မှန်ကြည့်တိုင်း ယုံကြည်မှုတွေလျော့ပြီး စိတ်ညစ်အားငယ်နေပြီလား?😔😔

အားမငယ်ပါနဲ့ ချစ်တို့ရေ...ဝက်ခြံဆိုတာ အကြောင်းအမျိုးမျိုးကြောင့် အခန့်မသင့်လျှင် အချိန်မရွေးပေါက်နိုင်ပြီး ဝက်ခြံပိုးဝင်တဲ့အခါ ကြာရှည်နေပြီး မပျောက်နိုင်တာဖြစ်နိုင်ပါတယ်...ဒါပေမယ့် စိတ်ပူစရာမလိုပါဘူး အဲ့လိုဝက်ခြံတွေကို အချိန်တိုအတွင်း အလျင်မြန်ဆုံး ပျောက်ကင်းသွားစေမယ့် Purecare ဝက်ခြံပျောက်လိမ်းဆေး Gel ရှိတယ်လေ...💚💚

✅ကိုးရီးယားနိုင်ငံမှထုတ်လုပ်ပြီး Erythromycin 40mg ပါဝင်တဲ့ Purecare ဝက်ခြံပျောက်လိမ်းဆေး Gel ဟာ လတ်တလောဖြစ်နေတဲ့ဝက်ခြံများနှင့် အနာရင်းနေတဲ့ဝက်ခြံများအတွက် အသင့်တော်ဆုံးသော လိမ်းဆေးတစ်မျိုးဖြစ်ပါတယ်…

✅ဝက်ခြံကြောင့် အရေပြားအနာကိုဖြစ်စေတဲ့ ဘက်တီးရီးယားပိုးများကို သေစေပြီး ဝက်ခြံများထပ်မံမဖြစ်ပွားစေရန် ကာကွယ်ပေးနိုင်တဲ့ ဆေးစွမ်းကောင်းတစ်လက်ပဲဖြစ်ပါတယ်…

✅Purecare ဝက်ခြံပျောက်လိမ်းဆေး Gel ကိုတစ်နေ့ ၂ ကြိမ် မျက်နှာသန့်စင်ပြီးလိမ်းပေးမယ်ဆိုရင် ၃ ရက်ခန့်အကြာမှာ ထူးခြားမှုကိုစတင်တွေ့ရနိုင်ပါပြီ...

✅ဝက်ခြံ‌ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သေစေတာကြောင့် ဝက်ခြံတဖြည်းဖြည်းချပ်လာပြီး ကောင်းမွန်တဲ့အသားအရေလေးကို ပြန်ရမှာပါ...

Purecare ကြောင့် မှန်ကြည့်တိုင်း စိတ်ချမ်းသာရပြီပေါ့...💚💚

✅Purecare ဝက်ခြံပျောက်လိမ်းဆေးလေးကို ဒီလင့်ထဲကနေ order တင်ပြီး မှာယူလို့ရနေပြီနော်...
Buy Now - https://onlineshop.aa.com.mm/skin-cream/purecare-pom-220

“ဝက်ခြံဖြစ်ပွားမှု ကင်းဝေးအောင် PURECARE ကို ဆောင်”
“လျင်မြန်ပျောက်ကင်း ဝက်ခြံများရှင်း”

21/07/2023

စိုစွတ်တဲ့ မိုးရာသီမှာ ဝက်ခြံတွေမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ?

ခုလို မိုးရာသီကာလမှာ ပူနွေးစိုစွတ်တဲ့ ရာသီဥတုကြောင့် မျက်နှာမှာအဆီပိုထွက်နိုင်ပြီး ချွေးပေါက်တွေပိတ်နိုင်သလို ဘက်တီးရီးယားပိုးတွေလည်းပိုမိုပေါက်ပွားနိုင်တာကြောင့် ဝက်ခြံတွေပိုဖြစ်စေနိုင်ပါတယ်။ ဆိုတော့ ဒီကာလမှာ ဝက်ခြံတွေမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲဆိုတာ ပြောပြပေးသွားမယ်နော်

မျက်နှာပုံမှန်သစ်ပေးပါ

မိုးရာသီမှာ ဖုန်မရှိဘူး ချွေးလည်းသိပ်မထွက်ဘူးဆိုပေမယ့် မျက်နှာမှာအဆီနဲ့အညစ်အကြေးတွေကပ်နေနိုင်ပြီး ချွေးပေါက်တွေပိတ်နိုင်တာကြောင့် တစ်နေ့ နှစ်ကြိမ်တော့ မျက်နှာသစ်ပေးဖို့ လိုအပ်ပါတယ်။
Makeup remover/micellar water နဲ့အရင်မျက်နှာကိုသန့်စင်ပြီးမှ Facial cleanser မျက်နှာသစ်ဆေးနဲ့မျက်နှာသစ်ပေးတဲ့ Double cleansing လုပ်ပေးနိုင်ရင်တော့ ပိုကောင်းပါတယ်နော်

Sunscreen လိမ်းဖို့မမေ့ပါနဲ့

မိုးအုံ့နေလို့ နေမပူဘူးဆိုပြီး Sunscreen မလိမ်းပဲ မနေပါနဲ့နော်။ နေရောင်ခြည်မှာပါတဲ့ UV ray တွေက တိမ်တွေကိုလည်းဖောက်ထွင်းလာနိုင်တာကြောင့် ကိုယ့်မျက်နှာအရေပြားလေးမပျက်စီးအောင် sunscreen ပုံမှန်လိမ်းပြီး ကာကွယ်ပေးရပါမယ်

ရေများများသောက်ပေးပါ

မိုးရာသီမှာ ရာသီဥတုလည်း အေးတာကြောင့် တော်တော်များများက ရေသောက်ဖို့ မေ့နေတတ်ကြပါတယ်။ ရေသောက်နည်းလို့ ရေဓာတ်ခမ်းခြောက်တဲ့အခါ ဝက်ခြံတွေထွက်နိုင်တာမို့ ရေပုံမှန်သောက်ဖို့ လိုအပ်ပါတယ်။ ရေသောက်ဖို့မမေ့နဲ့နော်

မျက်နှာသုတ်ပုဝါနဲ့ ခေါင်းအုံးစွပ်တွေပုံမှန်လဲပေးပါ

မိုးရာသီမှာ စိုထိုင်းမှုများတာကြောင့် ရေစိုနေတဲ့မျက်နှာသုတ်ပါဝါတွေ ခေါင်းအုံးစွပ်တွေမှာ မှိုနဲ့ဘက်တီးရီးယားပိုးမွှားတွေ ပေါက်ပွှားမှုပိုများနိုင်ပါတယ်။ အဲ့လို စိုထိုင်းတဲ့အဝတ်တွေနဲ့ မျက်နှာကိုရေသုတ်ခြင်း ထိတွေ့နေခြင်းက မျက်နှာပေါ်ရှိ ဝက်ခြံနဲ့အဆီဖုတွေကို ပိုမိုဆိုးရွားစေပါတယ်။ အဲ့ဒါကြောင့် မျက်နှာသစ်ပြီး တစ်ခါသုံးမျက်နှာသုတ် tissue မျိုးသုံးပေးလို့ ရပါတယ်။ အဲ့ဒါအပြင် မျက်နှာသုတ်ပါဝါတွေကို လေဝင်လေထွက်ကောင်းပြီး နေရောင်ရတဲ့နေရာမှာ လှန်းပြီးခြောက်သွေ့အောင်ထားဖို့၊ ခေါင်းအုံးစွပ်တွေကိုလည်း ပုံမှန်လဲပေးဖို့လိုအပ်ပါတယ်။

အပူအစပ်တွေ အစားများတာရှောင်ပေးပါ

မိုးအေးအေးနဲ့ ပူပူစပ်စပ် ခေါက်ဆွဲပြုတ်တွေ မာလာရှမ်းကောတွေ စားတာများလာရင် ဝက်ခြံနဲ့ အဆီဖုတွေပိုထွက်လာနိုင်တယ်နော်။ အဲ့ဒါကြောင့် ဒီလိုကာလမှာ အပူအစပ်တွေ လျှော့စားဖို့လည်းမမေ့ပါနဲ့နော်

ကဲ အဲ့လို သတိထား ကာကွယ်နေတဲ့ကြားထဲက ဝက်ခြံတွေထွက်လာခဲ့ရင်လည်း purecare ဝက်ခြံပျောက်လိမ်းဆေးကို သတိရလိုက်ပါနော်။ Purecare မှာ ဘက်တီးရီးယားပိုးမွှားတွေကိုသေစေနိုင်ပြီး ထပ်မပွားအောင်ကာကွယ်ပေးနိုင်တဲ့ Erythromycin ပါဝင်တာကြောင့် ဝက်ခြံတွေကို အမြန်ဆုံးသက်သာပျောက်ကင်းစေနိုင်ပါတယ်။

Purecare ဝက်ခြံပျောက်လိမ်းဆေးလေးကို ဒီလင့်ထဲကနေ order တင်ပြီး မှာယူလို့ရနေပြီနော်...

Buy Now - https://onlineshop.aa.com.mm/skin-cream/purecare-pom-220

27/01/2023

အပျိုဖော်ဝင်စ ဝက်ခြံထွက်ခြင်း

ကလေးတွေ အသက် ၁၂ နှစ်,၁၃ နှစ် ရောက်လာရင် ဟော်မုန်းအပြောင်းအလဲကြောင့် ဝက်ခြံထွက်ခြင်းကို ကြုံလာရနိုင်ပါတယ်။ အများစုက အသက် ၂၀ ကျော်ရင် ငြိမ်သွားတတ်ပေမယ့် ဝက်ခြံကြောင့် ကျန်ခဲ့တဲ့ အမာရွတ်တွေနဲ့ sensitive skin တွေက ဒီကနေ ဖြစ်တတ်တာမို့ မပေါ့သင့်ပဲ ဂရုစိုက်တာကတော့ အကောင်းဆုံးပါပဲ။

ဆယ်ကျော်သက်အရွယ် ဝက်ခြံထွက်တာရဲ့ အဓိကအကြောင်းရင်းကတော့ Testosterone လို့ခေါ်တဲ့ ကျားဟော်မုန်းထွက်ရှိမှု များပြားလာခြင်းကြောင့် ဖြစ်ပါတယ်။ ကျားဟော်မုန်းဆိုပေမယ့် မိန်းကလေးတွေလဲ အရွယ်ရောက်ရင် ထွက်တတ်လို့ ဒီအချိန်ဆို ဝက်ခြံတွေပေါက်ကြတယ်နော်။ ယောကျ်ားလေးတွေကတော့ ထွက်ရှိမှု ပိုများတာမို့ မိန်းကလေးတွေထက် ဝက်ခြံပြဿနာကို ပိုပြီး ခံစားရတတ်ပါတယ်။ 😞

မြီးကောင်ပေါက်အရွယ် ဝက်ခြံထွက်လာရင် mild ဖြစ်တဲ့ cleanser လေးတွေကို သုံးပေးပါ။ ဆယ်ကျော်သက်အရွယ် ကလေးတွေရဲ့ အသားက နုတာမို့ acid အပြင်းစားတွေပါတဲ့ မျက်နှာသစ်မျိုး အသုံးမပြုဖို့ လိုပါတယ်။

လူကြီးအရွယ်တွေအတွက် ထုတ်ထားတဲ့ cosmetic ပစ္စည်းတွေကို မသုံးပါနဲ့။
မိတ်ကပ်ပစ္စည်းတွေက အချိုု့ကလေးတွေရဲ့ နုနယ်တဲ့ အသားအရည်အတွက် မကိုက်ညီလှပါဘူး။ ကိုယ်နဲ့ မကိုက်ညီတဲ့ ပစ္စည်းတွေ အသုံးပြုခြင်းဟာ အသားအရည်ကို ပျက်စီးအောင် လုပ်တာနဲ့ အတူတူပါပဲ။

ဆံပင်ကို သန့်ရှင်းအောင် ထားပေးပါ။
ဆံသားကို အဆီပါတဲ့ ထုတ်ကုန်တွေ အရမ်းအသုံးမပြုပါနဲ့။ ရှေ့ဆံပင်ထားတဲ့ သူတွေဆို ဝက်ခြံထွက်တာ ပိုဆိုးတတ်ပါတယ်။ ဆံပင်ကို သန့်ရှင်းအောင် ထားရင် ဝက်ခြံက တော်ရုံထွက်ခဲတတ်တာမို့ ဝက်ခြံတွေထွက်လာရင် ခေါင်းလျှော်ဖို့ မမေ့နဲ့နော်။ 🥰

အပြင်ထွက်ရင် နေရောင်ခံကာကွယ်ဖို့ အရေးကြီးပါတယ်။
နေရောင် ခဏခဏထိရင် အသားရည်လဲ ပျက်စီးပြီး အလိုအလျောက် ပြန်လည်ကုသနိုင်စွမ်းကိုပါ လျော့နည်းစေတတ်လို့ အပြင်ကြာကြာမထွက်ခင် နေရောင်ခံလိမ်းဖို့က မရှိမဖြစ်လိုအပ်ပါတယ်နော်။

ဘာကြောင့်ပဲထွက်ထွက် အလျင်အမြန် ကုသရင် ကြာရှည်ဖြစ်မနေပဲ ထိခိုက်မှုကို လျော့ချနိုင်တာက‌တော့ အမှန်ပါပဲ။ ဒါကြောင့် ဝက်ခြံပိုးတွေ ပျက်စီးအောင် Purecare cream လေးကို ဆောင်ထားပြီး ဝက်ခြံပေါက်လာတိုင်း တစ်နေ့နှစ်ကြိမ် လိမ်းပေးရင် ဝက်ခြံကင်းတဲ့အသားအရည်ကို အလျင်အမြန်ပဲ ရရှိမှာ ဖြစ်ပါတယ်နော်။

အောက်မှာ ဝယ်ယူရရှိနိုင်မယ့် link လေးပေးထားလို့ ဒီထဲကနေ ဝင်ပြီး order တင်ပေးနိုင်ပါပြီရှင်။
To buy - https://onlineshop.aa.com.mm/skin-cream/purecare-pom-220

23/12/2022

May the celebrations of Christmas bring along many more opportunities for you to have a spectacular New Year ahead 🎄🎉❄️✨
Merry Christmas & Happy New Year 2023 !!!

12/10/2022

Silicon ပါတဲ့ ထုတ်ကုန်တွေကို ဘာကြောင့်ရှောင်သင့်တာလဲ

Silicon ပါတဲ့ products တွေကို ရှောင်သင့်၊ မရှောင်သင့်ဆိုတာက အချို့တွေအတွက် အငြင်းပွားစရာတစ်ခုဖြစ်နေပါတယ်။ Silicon ပါတဲ့ မိတ်ကပ်နဲ့ primer base တွေဆိုရင် အသားအရည်ကို ပိုကြည့်ကောင်းစေတယ်လို့ ယုံကြည်ကြပါတယ်။ ဒါပေမယ့်အချို့တွေအတွက်‌တော့ ဝက်ခြံဖြစ်ပေါ်နိုင်ခြေများပြီး ဝက်ခြံကို ပိုဆိုးဝါးစေတယ်လို့ ပြောကြပါတယ်။ ဒီအတွက်ကြောင့် မို့လို့ silicon ပါတဲ့ ထုတ်ကုန်တွေကို ရှောင်သင့်လား၊ ဆက်သုံးသင့်လားဆိုတာ ပြောပြပေးချင်ပါတယ်။

Silicon ရဲ့ကောင်းတဲ့အချက်ကို စပြောရမယ်ဆိုရင် သူက အသားအရည်ကို ကြည်လင်ပြီး တင်းတင်းရင်းရင်းလေး ဖြစ်စေတယ်လို့ ထင်ရစေတာပါ။ silicon ပါတဲ့ skincare တစ်ခုခုကိုသုံးလိုက်တိုင်း အသားအရည်က တင်းပြီး ချောချောမွတ်မွတ်ကလေး ဖြစ်နေတယ်လို့ ခံစားရစေပါတယ်။
အထူးသဖြင့်အသားအရေကြမ်းတဲ့ သူမျိုး ဆိုရင် silicon က အပေါ်ကနေ အလွှာတစ်ခုအနေနဲ့ ခံထားသလို ဖြစ်ပြီး အိအိကလေးဖြစ်နေတယ်လို့ ထင်ကြပါတယ်။ ဘာနဲ့တူလဲဆိုရင် moisturizer လိမ်းလို့ အသားလေးတင်းပြီး အိနေတဲ့ပုံစံမျိူး ဖြစ်ပါတယ်။

ဒါဆို silicon ကို မသုံးသင့်ဘူးဆိုတဲ့ အုပ်စုက‌ရော ဘာကြောင့်ကန့်ကွက်နေကြသလဲဆိုတာ အကြောင်းရှိပါတယ်။

Silicon ကို ရေဆေးချလို့ မပြောင်ပါဘူး။ Silicon ဟာ ရေမှာပျော်ဝင်နိုင်စွမ်းမရှိတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ တကယ်လို့ silicon ပါတဲ့တစ်ခုခုကို
မျက်နှာမှာလိမ်းထားရင် double cleansing ဖြစ်ဖြစ်၊ oil cleanser ဖြစ်ဖြစ်ပြန်သုံးမှ လုံးဝပြောင်မှာဖြစ်ပါတယ်။

Silicon ပါတဲ့ ထုတ်ကုန်တွေဟာ ဝက်ခြံပေါက်နိုင်ပါတယ်။ ခုနကပြောထားသလို silicon ဟာ ရေမှာမပျော်ဝင်တဲ့အတွက် ချွေးပေါက်တွေထဲ ကပ်ကျန်ခဲ့ပြီး ချွေးပေါက်တွေကို ပိတ်ဆို့စေပြီး ဝက်ခြံတွေဖြစ်ပေါ်လာစေပါတယ်။ နောက်ပြီး သူက အရေပြားပေါ်မှာ အလွှာတစ်ခုလို ကာပြီး ပိတ်ပေးထားတဲ့အတွက် ချွေးပေါက်ထဲက အဆီ၊ဖုန်မှုန့်နဲ့ အညစ်အကြေးတွေဟာ ထွက်ခွင့်မရတော့ပဲ ပိတ်ဆို့နေပြီး breakout တွေဖြစ်ပေါ်လာစေပါတယ်။

နောက်ထပ်တစ်မျိုးကတော့ skincare ကို သုံးလေးဆင့်နဲ့ အဲ့ထက်မက လိမ်းတတ်သူတွေ အတွက်ပါ။ step တစ်ခုခုအတွင်း silicon ပါတဲ့ တစ်ခုကို သုံးထားမိရင် နောက်သုံးတဲ့ ဘာskincare ရဲ့ effect ကိုမှ ရမှာမဟုတ်ပါဘူး။ လိမ်းလိုက်သမျှအကုန်လုံး အသားအရည်ထဲ မရောက်ပဲ အလကားဖြစ်သွားမှာပါ။ အဲ့တာကြောင့်မို့ သတိထားပြီး နောက်ဆုံး layer မှသာ သုံးပေးသင့်ပါတယ်။

Silicon ဟာ ကျွန်ုပ်တို့ရဲ့ သဘာဝပတ်ဝန်းကျင်ကိုလဲ ထိခိုက်စေပါတယ်။ သူက ရေထဲမှာ မပျော်ဝင်ပဲ ပင်လယ်ချောင်းမြောင်းအထိ ပါသွားပြီး ရှိသမျှ အပင်တွေ၊ ငါးတွေကို ဒုက္ခပေးပါတယ်နော်...

နောက်ဆုံးအချက်ကို ပြောရရင် silicon က အသားအရည်အတွက် ရေရှည်မကောင်းပါဘူး။ လိမ်းထားတုန်း ခဏပဲ လှသလိုဖြစ်ပြီး ဆေးချလိုက်တာနဲ့ ဘာeffect မှ မကျန်ခဲ့တဲ့ အမျိုးအစားဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ Purecare customer တွေအနေနဲ့ silicon ပါတာတွေကို ရှောင်သင့်ကြောင်း ပြောပြပေးလိုက်ရပါတယ်။

ဝက်ခြံပေါက်လာခဲ့ရင်လဲ purecareလိမ်းဆေးကို လိမ်းဖို့မမေ့နဲ့နော်။ ဝက်ခြံမပေါက်အောင် ရှောင်သင့်တာတွေလဲ ရှေ့လျှောက်တင်ပေးအုန်းမှာမလို့ page ကို follow ထားဖို့ မမေ့နဲ့နော်။

Purecare ဝက်ခြံပျောက်ဆေးလေးလဲ လိုချင်ရင် ဒီလင့်ထဲကနေ order တင်ပြီး မှာယူလို့ရနေပြီနော်...
To buy - https://onlineshop.aa.com.mm/skin-cream/purecare-pom-220

29/06/2022

ဝက်ခြံနဲ့ မိတ်ကပ်လိမ်းခြင်း

ဝက်ခြံပေါက်နေချိန် မိတ်ကပ်လိမ်းသင့်လားဆိုတဲ့အကြောင်းကို မိန်းကလေးအတော်များများ စိတ်ဝင်စားကြမယ်ထင်ပါတယ်။ မိတ်ကပ်လိမ်းတာက ဝက်ခြံဖြစ်စေတဲ့ အဓိကအကြောင်းရင်းတစ်ခုလို ချဲ့ကားရေးထားတာတွေချည်း ဆိုတော့ လှချင်တဲ့ မိန်းကလေးတိုင်း နည်းနည်းတော့ စိုးရိမ်မိမှာ သေချာပါတယ်။

ဒါပေမယ့် အရမ်းစိတ်ပူစရာမလိုပါဘူး။ မိတ်ကပ်လိမ်းတာက ဝက်ခြံထွက်နိုင်ပေမယ့် မိတ်ကပ်အမျိုးအစား အကုန်လုံးတော့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အလှကုန်ပစ္စည်းတွေကို ပြန်စစ်ကြည့်ပါ။ ချွေးပေါက်တွေကို ပိတ်ဆို့စေတဲ့ ingredient ပါတဲ့ ဘယ်ပစ္စည်းမဆို ဝက်ခြံဖြစ်စေနိုင်ပါတယ်။

ဝက်ခြံပေါက်ကြတဲ့ မိန်းကလေးတစ်ဝက်လောက်က ကိုယ်သုံးနေတဲ့ အလှကုန်ပစ္စည်းတွေနဲ့ မတည့်လို့ဖြစ်ပါတယ်နော်။ ဒါကြောင့် ဝက်ခြံမဖြစ်ချင်ရင် နောက်တစ်ခါ မိတ်ကပ်ဝယ်ခါနီးတိုင်း fragrance မပါတဲ့ product မျိုးတွေနဲ့ alcohol, acrylics, parabens နဲ့ silicone မပါတဲ့ မိတ်ကပ်အမျိုးစားတွေကိုပဲ ရွေးချယ်အသုံးပြုပေးစေချင်ပါတယ်။

ဝက်ခြံပေါက်ကြရာမှာ သတိမထားမိတဲ့ အမှားသေးသေးလေးတွေကြောင့်လဲ ဖြစ်နိုင်ပါတယ်။ မဆေးရသေးတဲ့ brush တွေနဲ့ မိတ်ကပ်လိမ်းမိတာမျိုး၊ brush တွေကို ဆေးပြီး မသန့်ရှင်းတဲ့ နေရာမှာ တင်ထားတာမျိုး ၊ လက်သေချာမဆေးပဲ လက်နဲ့လိမ်းလိုက်တာမျိုးလို အပြုအမူလေးတွေကနေလည်း ဝက်ခြံထွက်တတ်တာမို့ နောက်တစ်ခါ သတိထားပေးနိုင်ပါတယ်။

ဝက်ခြံထွက်နေပေမယ့် မိတ်ကပ်လိမ်းပြီးတိုင်း double cleansing ပြန်လုပ်မယ်။ မိတ်ကပ်ကိုလဲ သေချာရွေးချယ်ပြီး အသုံးပြုမယ်ဆိုရင် ဝက်ခြံထွက်လာမှာ စိတ်ပူစရာမလိုဘူးနော်....

ဝက်ခြံမပေါက်ပဲ ကြည်လင်လှပတဲ့ မျက်နှာလေးတွေ ပိုင်ဆိုင်ကြပါစေရှင် ...
ဝက်ခြံဖြစ်လာရင်လဲ Purecare cream လေးကို မှန်မှန်လိမ်းတာနဲ့ အချိန်တိုအတွင်း ပျောက်ကင်းနိုင်မှာဆိုတော့ လိုရမယ်ရ တစ်ဘူးလောက်ကိုတော့ ဝယ်ပြီးဆောင်ထားလိုက်တော့နော်...

09/03/2022

ဝက်ခြံတွေဆိုတာ ကိုယ့်ကိုယ်ကို ပိုဂရုစိုက်သင့်တဲ့ အကြောင်းပြချက်တစ်ခုပါ

Purecare ချစ်သူလေးတို့ ဒီတစ်လောမျက်နှာအသားအရည်ကို ဂရုစိုက်ဖြစ်ကြရဲ့လား

ကိုယ့်ရဲ့ စိတ်အခြေအနေက ဝက်ခြံလိုအရာမျိုးတွေအပေါ်ကို သက်ရောက်နိုင်တာကို သတိထားမိရဲ့လား။ စိတ်ဖိစီးမှုလို အရာမျိုးတွေက ဝက်ခြံနဲ့ အခြားဒဏ်ရာတွေပြန်သက်သာဖို့ အချိန်ပိုကြာတတ်ပါတယ်။ အသားအရည်ပိုကောင်းလာဖို့ ရေများများသောက်တာမျိုးအပြင် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်တဲ့စိတ်ဖိစီးမှု‌တွေကိုလဲ လျော့ချဖို့လိုပါတယ်။

စိတ်ဖိစီးမှုသက်သာစေဖို့ ကိုယ်လက်လှုပ်ရှားတာမျိုးဖြစ်တဲ့ ယောဂကျင့်တာ၊ အကြောလျော့တာမျိုး လုပ်လို့ရသလို ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ပေးဖို့လဲ လိုအပ်ပါတယ်နော်....
ကိုယ့်ကို စိတ်ပျော်ရွှင်စေတဲ့ အရာမျိုးလေးတွေ၊ ရေအေးအေးလေးနဲ့ ချိူးလိုက်တာမျိုးလို စိတ်ကြည်လင်စေတဲ့ အရာမျိုးတွေလုပ်ပြီး ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ပေးလိုက်ပါ။

ဝက်ခြံတွေပေါက်နေပြီဆိုရင် အရမ်းစိတ်ညစ်မသွားပဲ ပုံမှန်အတိုင်း မျက်နှာသစ်တာ၊ ရေများများသောက်ပြီး အိပ်ရေးဝဝ အိပ်ပြီး ကိုယ့်မျက်နှာအသားအရည်ကို အရင်ကထက် ပိုဂရုစိုက်ပေးလိုက်ပါ။

ဝက်ခြံတွေအရမ်းအခြေအနေ ဆိုးနေပြီဆိုရင် purecare cream လေး လိမ်းပေးဖို့လဲ သတိရအုန်းနော် ....
စိတ်အနှောင့်အယှက်ဖြစ်စရာ ဝက်ခြံတွေကို အမြန်ဆုံးပျောက်ကင်းဖို့ purecare cream လေးက ကူညီပေးပါလိမ့်မယ်နော်......

ဝက်ခြံတွေဆိုတာ ကိုယ့်ကိုယ်ကို ပိုဂရုစိုက်သင့်တဲ့ အကြောင်းပြချက်တစ်ခုပါပဲ....

မသုံးကြည့်ရသေးတဲ့သူတွေအနေနဲ့ မှာယူချင်ပြီဆိုရင်
https://onlineshop.aa.com.mm/skin-cream/purecare-pom-220
အောက်ပါလင့်လေးထဲကနေပြီး ချက်ချင်း order တင်ပြီးမှာယူလို့ရနေပြီနော် ....
ရန်ကုန်မြို့နဲ့ နယ်ရုံးခွဲရှိတဲ့ မည်သည့်နေရာမဆို delivery ခ မယူပဲ အိမ်အရောက်ပို့ပေးတဲ့ ဝန်ဆောင်မှုရှိနေတာဆိုတော့
ဘာကိုစောင့်နေအုန်းမှာလဲ... အခုပဲ အော်ဒါတင်ပြီး မှာယူလိုက်ပါတော့... 😇😇

03/02/2022

အသားခြောက်တာနဲ့ ဝက်ခြံမပေါက်တော့ဘူးလား

ရာသီဥတုအေးလာရင် တော်တော်များများကြုံကြရတာကတော့ အသားခြောက်တာပါပဲ။ အသားခြောက်ပြီဆိုရင် အရေပြားက ကြမ်းလာပြီး အရေပြားယားတာတွေ၊ ကွဲအက်တာတွေဖြစ်လာတတ်ပါတယ်။ Purecare ပရိတ်သတ်ကြီးတို့အနေနဲ့ ဆောင်းတွင်းမှာ ဝက်ခြံတော့ မပေါက်နိုင်ဘူးလို့ ယူဆမိနိုင်ပါတယ်။ အသားခြောက်တဲ့သူတွေက ဝက်ခြံမပေါက်ပေမယ့် ဝက်ခြံကိုတော့ ပိုဆိုးစေနိုင်ပါတယ်။ အခုပြောမှာကတော့ အေးတဲ့ ရာသီဥတုမှာ အသားခြောက်တာရော ဝက်ခြံပေါက်တာကိုပါ သက်သာစေနိုင်မယ့် နည်းလမ်းတွေဖြစ်ပါတယ်။

ရေအေးနဲ့ မျက်နှာသစ်တာကို ရှောင်ပါ။ အေးလွန်းတဲ့ရေတွေက မျက်နှာအသားရည်ပေါ်က အစိုဓာတ်ကို ဖယ်ရှားပစ်နိုင်ပါတယ်။ အသားခြောက်တာမဖြစ်ချင်ရင် ဒီတစ်ချက်ကို သတိပြုပြီး ရေနွေးနွေးနဲ့ သစ်တာမျိုး လုပ်ပေးနိုင်ပါတယ်။

ခြောက်နေတဲ့အရေပြားမှာ ဆဲလ်သေတွေ အများအပြားစုပုံနေတတ်ပါတယ်။ ချွေးပေါက်တွေထဲကို အဆီတွေပိတ်ဆို့ရင် ဝက်ခြံတွေ ဖြစ်တတ်သလို ဆဲလ်သေတွေပိတ်ရင်လဲ ဝက်ခြံပေါက်တဲ့အတွက် မျက်နှာချေးချွတ်တာမျိုး ပုံမှန်လုပ်ပေးနိုင်ပါတယ်။

ချွေးပေါက်ထဲကို ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေ ဝင်တဲ့အခါလဲ ဝက်ခြံပေါက်တတ်ပါတယ်။ အသားတွေ ခြောက်သွေ့အက်ကွဲနေရင် ချွေးပေါက်ပိုကျယ်ပြီး ပိုးတွေက အရေပြားအတွင်းပိုင်းထဲထိ ဝင်ရောက်နိုင်တဲ့အတွက်
ပိုဆိုးတဲ့ဝက်ခြံတွေ ဖြစ်ပေါ်တတ်ပါတယ်။ ဒီပြဿနာကိုတော့ ဝက်ခြံပိုးသတ်ဆေးပုံမှန်လိမ်းပြီး ကာကွယ်လို့ရပါတယ်နော်....

ဝက်ခြံတွေမဖြစ်ချင်ဘူးဆိုရင်တော့ အသားရည်ကို ဂရုစိုက်တာအပြင် ဝက်ခြံပျောက်ဆေးပါဆောင်ထားတာက သင့်အသားအရေအတွက် အကောင်းဆုံးဖြစ်စေမှာပါ။ Purecare Acne Cream လေးက ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို နှိမ်နင်းပေးတဲ့ ပိုးသတ်ဆေးဖြစ်တာမို့ ဝက်ခြံတွေ ထပ်မပေါက်ဖို့ သေချာတယ်နော်...

ဝယ်ယူချင်တယ်ဆိုရင်‌တော့
To Buy: https://onlineshop.aa.com.mm/skin-cream/purecare-pom-220 ဒီ link ထဲကနေ order တင်ပြီးမှာယူလို့ရပါတယ်။

05/10/2021

ဝက်ခြံရှိသူတွေ Face Mask ကို ဘယ်လိုရွေးချယ်မလဲ

ဝက်ခြံရှိတဲ့သူတွေအနေနဲ့ Face mask တပ်ထားတဲ့ နေရာတွေမှာရှိတဲ့ ဝက်ခြံတွေက ပိုယောင်ပြီး ပျောက်ဖို့အချိန် ပိုကြာတတ်တာကို သတိထားမိကြပါလိမ့်မယ်။ သင် ဒီဝက်ခြံတွေသက်သာလာဖို့ အတတ်နိုင်ဆုံး ကြိုးစားနေပေမယ့် မပျောက်တော့ဘူးလို့ ထင်လာရင် ဒီ article ကို ဆက်ဖတ်သင့်ပါတယ်။

အဓိကပြဿနာကတော့ ဝက်ခြံသမားတွေအနေနဲ့ မျက်နှာအသားရည်ကို
မထိခိုက်စေတဲ့ Mask အမျိုးအစားကို ရွေးချယ်အသုံးပြုပေးဖို့ပါပဲ။ ဝက်ခြံရှိတဲ့သူတွေ သုံးတဲ့ mask တွေက ပေါ့ပါး၊ နူးညံ့ပြီး ချွေးစုတ်ယူနိုင်တဲ့ အမျိုးအစားတွေဖြစ်ဖို့ လိုအပ်ပါတယ်။ ဥပမာ ချည်သား၊ ပိုးသားနဲ့ အခြား နူးညံ့တဲ့ပိတ်သားတွေနဲ့ ချူပ်ထားတဲ့ mask တွေက ဝက်ခြံသမားတွေအတွက် အသင့်တော်ဆုံးပါပဲ။ ဓာတုဗေဒနည်းနဲ့ ပြုလုပ်ထားတဲ့ နိုင်လွန်လို Latex လို အသားတွေက အရေပြားကို ယောင်ယမ်းစေပြီး allergic တွေဖြစ်တတ်လို့ ဝက်ခြံသမားတွေရှောင်ကျဥ် သင့်ပါတယ်။ ဒီဓာတုနည်းနဲ့ လုပ်ထားတဲ့ အသားတွေက အသက်ရှူဖို့လဲ မလွယ်တဲ့အပြင် sensitive skin တွေအတွက် အရေပြားကို နီရဲပြီး ယားယံစေပါတယ်။

တစ်ခါသုံးမဟုတ်တဲ့ mask တွေကို သုံးရင် တစ်ခါသုံးပြီးတိုင်း လျှော်သင့်ပါတယ်။ ဒီအကျင့်က ရောဂါကာကွယ်ဖို့အတွက် ကောင်းတာတင် မဟုတ်ပဲ
သင့်မျက်နှာပေါ်မှာ maskne တွေဖြစ်တာကိုပါ တားဆီးပေးပါတယ်။ ရှိပြီးသားဝက်ခြံတွေကို မြန်မြန်ပျောက်ချင်ရင်တော့ purecare acne cream ကို မျက်နှာသစ်ပြီးတိုင်း တစ်နေ့နှစ်ကြိမ် လိမ်းပေးသင့်ပါတယ်။ Face mask တပ်တိုင်း Purecare cream ကို အောက်မှာလိမ်းထားရင် maskne ဖြစ်ပေါ်တာကိုပါ လျှော့ချပေးနိုင်ပါတယ်။ သူက ပိုးသတ်ဆေးအမျိုးအစား ဖြစ်တာကြောင့် ဝက်ခြံအကြီးတွေအတွက် ထိရောက်ပါတယ်။ မှန်မှန်အသုံးပြုပေးရင် တစ်ပတ်အတွင်း ထူးခြားမှုကို မြင်ရပါလိမ့်မယ်။
မှာယူချင်တယ်ဆိုရင်တော့
To Buy: https://onlineshop.aa.com.mm/skin-cream/purecare-pom-220 ဒီ link ထဲကနေ order တင်ပြီးမှာယူလို့ရပါတယ်။
Purecare price လေးကတော့ 10 g ဘူးလေးတစ်ဘူးကို 2300 ကျပ်ဖြစ်ပါတယ်။ မှာယူပြီး သုံးရက်အတွင်း အိမ်တိုင်ရာရောက် Delivery ခ မယူပဲ
လာပို့ပေးမှာဖြစ်ပါတယ်။
အားလုံးပဲ ဝက်ခြံကင်းစင်တဲ့ မျက်နှာလှလှလေးတွေ ပိုင်ဆိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။

15/07/2021

ဝက်ခြံအတွက် အကောင်းဆုံး essential oil များ

သင်ဟာ သုံးနေကျဝက်ခြံပျောက်ဆေးတွေနဲ့ ဖန်တရာတေနေတဲ့ ဝက်ခြံကုသတဲ့ နည်းလမ်းတွေကို စိတ်ကုန်နေပြီး သဘာဝနဲ့ လုပ်ထားတဲ့ ပစ္စည်းတွေကို သုံးချင်တယ်ဆိုရင်တော့ essential oil တွေကို စဥ်းစားမိပါလိမ့်မယ်။ Essential oil တွေက အပင်ကနေရတဲ့ အစိတ်အပိုင်းတွေကို
ပေါင်းခံပြီး ရလာတဲ့ အဆီပဲဖြစ်ပါတယ်။

အပင်ထွက်ပစ္စည်းတွေဟာ ဟိုးအရင်တည်းက ရိုးရာနည်းလမ်းအဖြစ် လူတွေသုံးခဲ့ကြပါတယ်။ အခုခေတ်မှာလဲ သူတို့ရဲ့ အသုံးဝင်ပုံတွေကြောင့် ဆေးဝါးဖော်စပ်ဖို့အတွက် သုတေသနတွေ လုပ်နေကြပါတယ်။ Essential oil
မှာပါတဲ့ အသုံးဝင်မှုတစ်ခုက ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သတ်နိုင်တဲ့ အာနိသင်ပဲဖြစ်ပါတယ်။

အမျိုးမျိုးသော essential oil တွေက ဘက်တီးရီးယားသတ်နိုင်ပါတယ်။ စမ်းသပ်ချက်တွေအရ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားကို သတ်နိုင်တဲ့ အသုံးအဝင်ဆုံး essential oil လေးမျိုးက
- စမုန်ဖြူ
- သစ်ကြံပိုးခေါက်
- နှင်းဆီပန်း
- rosemary တို့ဖြစ်ပါတယ်။

ဒါ့အပြင် ဘက်တီးရီးယားတွေကို သတ်နိုင်တယ်ဆိုတဲ့ သက်သေပြချက်မတွေ့ရသေးပေမယ့် အသားအရည်အတွက် ကောင်းတဲ့ essential oil တွေကတော့

- tea tree
- Lavender တို့ဖြစ်ပါတယ်။

Tea tree oil က ယောင်ယမ်းတာကို သက်သာစေပြီး ဝက်ခြံအရွယ်အစားကို လျော့ကျစေပါတယ်။
Lavender oil က သင့်အသားအရည်ကို ကောင်းမွန်ဖို့အတွက် ကူညီပေးပါတယ်။ အနည်းဆုံးတော့ Lavender အဆီက
သင့်ကို စိတ်ပြေစေပြီး အိပ်ပျော်စေပါတယ်။

သဘာဝကရတဲ့ ပစ္စည်းတွေက အရေပြားအတွက် အန္တရာယ်မရှိပေမယ့် ထိထိရောက်ရောက်သက်သာတာကို လိုချင်ရင်တော့ ဝက်ခြံပျောက်ဆေးတွေက အသေချာဆုံးဖြစ်ပါတယ်နော်။ Purecare cream က ဝက်ခြံဖြစ်စေတဲ့ ပိုးတွေကို နှိမ်နင်းနိုင်တဲ့အတွက် မိန်းကလေးတွေ တစ်ဘူးလောက်က‌ ဝယ်ပြီးဆောင်ထားသင့်တယ်နော်။

ကျန်းမာရေးအတွက်လဲ ဂရုစိုက်ပြီး mask ပုံမှန်တပ်အုန်းနော်။

ဝယ်ယူချင်တယ်ဆိုရင်တော့ ပေးထားတဲ့ link ထဲကနေပြီး အလွယ်တကူ မှာယူလို့ရနေပြီနော်။

To Buy : https://onlineshop.aa.com.mm/skin-cream/purecare-pom-220

21/05/2021

ဝက်ခြံညစ်သင့်သလား

✍️ဝက်ခြံညစ်ဖို့ စဥ်း စားနေတာလား။ ခဏလေး နေပါအုန်း။ ဒါလေးအရင် ဖတ်ကြည့်ပါအုန်း။

ဝက်ခြံညစ်တယ်ဆိုတာက လွယ်လွန်းအားကြီးလို့ လူတိုင်းလုပ်တတ်တယ်လို့ပဲ တွေးမိကြပါလိမ့်မယ်။ ဒါပေမယ့်
အမာရွတ်တွေ ထင်မသွားဖို့၊ ပိုသိသာတဲ့ ဝက်ခြံတစ်ခု ဖြစ်မလာဖို့၊ ပိုးမဝင်ဖို့နဲ့ နာကျင်ယောင်ယမ်းတာမျိုး
မဖြစ်စေဖို့အတွက် မှန်ကန်တဲ့ နည်းလမ်းတွေ အသုံးပြုဖို့ လိုပါလိမ့်မယ်။

✍️ဒီနေရာမှာ တစ်ခုပြောချင်တာက ဝက်ခြံကိုမညစ်ပဲ သဘာဝအတိုင်းထားတာက အသားအရည်အတွက် ပိုကောင်းပါတယ်။
တကယ်လို့ အရမ်းညစ်ချင်နေတာမျိုးဖြစ်ဖြစ်၊ ဝက်ခြံအနေအထားက ဒီတိုင်းထားလို့မရအောင် တင်းပြီးနာနေတာမျိုးဆိုရင်တော့
အောက်ပါနည်းလမ်းတွေအတိုင်း စနစ်တကျနဲ့ ပြုလုပ်သင့်ပါတယ်။

✍️ဝက်ခြံကို အရမ်းစောတဲ့အချိန်မှာ မညစ်ပါနဲ့။ ဝက်ခြံထွက်တဲ့အခါ အဖြူရောင်အဆံလေး မြင်ရတဲ့အထိ စောင့်ပါ။ အဲဒါမှ
ဝက်ခြံကအရေပြားနဲ့နီးနေပြီး လွယ်လွယ်ကူကူနဲ့ ထွက်နိုင်ပါတယ်။

လက်ကို ရေနွေးနွေးနဲ့ ဆပ်ပြာနဲ့ အရင်ဆေးကြောထားသင့်ပါတယ်။

ဝက်ခြံညစ်တံ အသုံးပြုမယ်ဆိုရင် ပိုးသတ်ဆေးနဲ့ ပိုးသတ်ထားသင့်ပါတယ်။ ဝက်ခြံညစ်တံကို အရက်ပြန်စွတ်ထားတဲ့ အဝတ်နဲ့
သုတ်ထားပါ။

လက်ချောင်းတွေနဲ့ ဖြစ်ဖြစ်၊ အဝတ်စတစ်ခုနဲ့ ဖြစ်ဖြစ် ဝက်ခြံကို အသာအယာညစ်ပါ။ အဖြူရောင်အဆံလေးရဲ့
ဘေးကနေ ဖိတွန်းပေးပါ။ ဝက်ခြံက လွယ်လွယ်နဲ့ ထွက်မလာရင် ညစ်ဖို့အချိန်မဟုတ်သေးပါဘူး။ ရပ်လိုက်ပါ။

✍️ ဝက်ခြံညစ်ပြီးရင် အရက်ပြန်နည်းနည်းတို့ထားပါ။ နည်းနည်းတော့ စပ်ပါလိမ့်မယ်။ ပြီးရင်တော့ ပိုးမဝင်အောင်
ဘီတာဒင်း နည်းနည်းတို့ထားလို့ ရပါတယ်။

ဒီနည်းလမ်းတွေနဲ့ ဆိုရင်တော့ ဝက်ခြံညစ်လို့ဖြစ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ရှောင်ရှားနိုင်ပြီးသား ဖြစ်သွားပါပြီနော်။

✍️Purecare gel ဟာ ဘတ်တီးရီးယားကြောင့်ဖြစ်တဲ့ဝက်ခြံတွေကို အထိရောက်ဆုံး သက်သာစေနိုင်ပါတယ် ။

Purecare ဂျယ်ဝယ်ယူရန် - https://onlineshop.aa.com.mm/skin-cream/purecare-pom-220

26/02/2021

Maskne ဆိုတာဘာလဲ။ အပိုင်း(၂)

အရင်အပတ်က Maskne ဘာကြောင့်ဖြစ်ရသလဲနဲ့ ဘယ်လိုကုသင့်သလဲ ပြောပြီးသွားတော့ ဒီတစ်ပတ်မှာတော့ မဖြစ်ခင်ကာကွယ်နိုင်တဲ့ နည်းလမ်းလေးတွေကို တင်ပေးသွားမှာ ဖြစ်ပါတယ်။

(၁) တစ်ခါသုံး mask ကိုသာ အသုံးပြုပါ။

အဝတ် mask တွေ သုံးမယ်ဆိုရင်လဲ တစ်ခါသုံးပြီး တစ်ကြိမ်လျှော်သင့်ပါတယ်။ တစ်ခါသုံး mask အသုံးပြုတာကတော့ maskne မဖြစ်ဖို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။

(၂) စိတ်ချရတဲ့ ပိုးသေcream ကို အောက်ခံအသုံးပြုခြင်း

Mask အောက်မှာ ပိုးမွှားတွေပေါက်ဖွားတတ်တာ ပုံမှန်ပါပဲ။ ဒီလိုပေါက်ဖွားတာကို ကာကွယ်ဖို့ဆိုရင် ကိုယ်သုံးနေကျ ဝက်ခြံကာကွယ်တဲ့ cream ကို mask မတပ်ခင် လိမ်းပေးထားဖို့ လိုပါတယ်။

(၃) တစ်ခါသုံးmask ကို လေးနာရီ တစ်ကြိမ် လဲပါ။

Mask တပ်ပြီး ၄ နာရီ တစ်ကြိမ် ဖယ်ပေးတာမျိုး လုပ်ပေးသင့်ပါတယ်။ ဒီလို လုပ်ပေးတာက သင့်အသားအရည်ကို ခဏအနားပေးတဲ့ သဘောဖြစ်စေပါတယ်။ အသုံးပြုပြီးတဲ့ mask ကို ပြန်တပ်တာမျိုး
မလုပ်ပဲ အသစ်လဲပေးရပါမယ်။ Mask ကို မဖယ်ခင် လက်ဆေးဖို့လဲ မမေ့နဲ့အုန်းနော်။

ဒီအချက်တွေ လုပ်ပေးရင်တော့ Maskne ပြဿနာကို အတော်အသင့် ကာကွယ်ပြီးသား ဖြစ်သွားပြီနော်။

18/02/2021

Maskne ဆိုတာဘာလဲ။ အပိုင်း (၁)

အခုချိန်အထိကတော့ ကိုဗစ်ရောဂါကာကွယ်ဖို့အတွက် mask ပုံမှန်တပ်နေရတုန်းပါပဲ။ အကြောင်းအမျိုးမျိုးကြောင့် အပြင်ရောက်နေတဲ့သူများအနေနဲ့ mask ကို အချိန်အကြာကြီး တပ်ထားရတဲ့အခါမှာ ဘာတွေဖြစ်လာနိုင်လဲဆိုတာနဲ့ ကိုယ့်အသားအရည်ကို ထိန်းသိမ်းချင်တဲ့သူများအတွက် ဘယ်လို လွယ်ကူထိရောက်တဲ့ နည်းလမ်းတွေ ရှိလဲ သိဖို့ အောက်ပါအကြောင်းအရာများကို ဆက်လက်ဖတ်ရှုပေးနိုင်ပါတယ်။

ပထမဆုံး maskne ဆိုတဲ့ စကားလုံးကို စိတ်ဝင်စားလိမ့်မယ်လို့ ထင်ပါတယ်။ ဒီစကားလုံးက ကိုဗစ်ဖြစ်ပေါ်တဲ့ ကာလမှာပဲ ပေါ်ပေါက်လာတဲ့ စကားလုံးတစ်ခုဖြစ်ပြီး mask တပ်ဆင်ခြင်းကြောင့် ဖြစ်ပေါ်တဲ့ ဝက်ခြံနဲ့အဆီဖု အသေးလေးများကို ဆိုလိုခြင်းဖြစ်ပါတယ်။

Maskne ဘာကြောင့်ဖြစ် ???

Mask ကို မကြာခဏတပ်ဆင်ထားတဲ့အခါမှာ တပ်ထားတဲ့ mask က အပြင်က အညစ်အကြေး၊ ဖုန်မှုန့်တွေနဲ့ အဆီတွေကို ချွေးပေါက်တွေမှာ ကပ်ညှိနေစေတာကြောင့်ပါ။ အတွေ့ရများတာကတော့ ချွေးပေါက်ပိတ်လို့ဖြစ်တဲ့ အဆီဖုအသေးလေးများနဲ့ mask တပ်ထားတဲ့ နေရာမှာ အနီစက်ဖြစ်ပေါ်ခြင်းတို့ ဖြစ်ပါတယ်။

ဘယ်လိုသက်သာအောင် လုပ်ကြမလဲ။

Maskne လေးတွေ မဖြစ်အောင် ကာကွယ်ဖို့နဲ့ သက်သာအောင်လုပ်ဖို့ နည်းလမ်း‌ (၄) မျိုး ရှိပါတယ်။

၁။ အရေပြား ကာကွယ်တဲ့ cream တစ်ခုခု အသုံးပြုခြင်း

Maskne တွေက mask တပ်တဲ့နေရာတွေဖြစ်တဲ့ နှာခေါင်းနဲ့ ပါးတစ်ဝိုက်မှာ အဓိကဖြစ်တတ်ပါတယ်။
အဲဒါကြောင့် mask တပ်တဲ့နေရာမှာ သုံးနေကျ cream ကို ပိုထူထူ လိမ်းပေးသင့်ပါတယ်။

၂။ Moisturizer လိမ်းခြင်း

Moisturizer သုံးရင်တော့ ပိုပြီး light-weighted ဖြစ်ပြီး anti-acne effect ပါတဲ့ moisturizer ကို သုံးဖို့ recommand ပေးပါတယ်နော်။

၃။ ပုံမှန် သန့်စင်ခြင်းနဲ့ ချေးချွတ်ခြင်း

အိမ်ရောက်လို့ mask ချွတ်တဲ့အခါတော့ မျက်နှာသစ်ဆေးနဲ့ ငြင်သာစွာ ဆေးကြောပြီး mild exfoliate လုပ်ပေးသင့်ပါတယ်နော်။

၄။ ဝက်ခြံသက်သာစေတဲ့ ဆေးဝါးသုံးစွဲခြင်း

ပြဿနာက အရမ်းမဆိုးတဲ့ အနေအထားမျိုးဆိုရင် အပေါ်က နည်းလမ်းတွေနဲ့ သက်သာနိုင်ပေမယ့် အခြေအနေ ဆိုးလာရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးဝါးသုံးစွဲဖို့ လိုပါလိမ့်မယ်။

ရွေးချယ်စရာ တစ်ခုအနေနဲ့ purecare anti-acne cream က ပိုးသေစေတဲ့ အာနိသင်ရှိပြီး ဝက်ခြံကြီးကြီးမားမားတွေအတွက် အားကိုးစရာဖြစ်နေတာပါပဲ။

မတော်တဆ maskne ပြဿနာဖြစ်လာခဲ့ရင် ပေးထားတဲ့ link ထဲကနေပြီး purecare cream လေးကို လွယ်ကူသက်သာစွာ မှာယူလို့ရနေပါပြီ။

To Buy - https://onlineshop.aa.com.mm/skin-cream/purecare-pom-220

03/02/2021

Detox water သောက်ကြမယ်

ဒီတစ်ခါမှာတော့ ပရိတ်သတ်ကြီးအတွက် လုပ်ရတာ လွယ်ကူမြန်ဆန်ပြီး အသားအရည် ကြည်လင်‌စေတဲ့ detox water လုပ်နည်းလေး တင်ဆက်ပေးချင်ပါတယ်။

Detox Water က အသားအရည်ကြည်စေတဲ့အပြင် အဆိပ်အတောက်တွေကို ထုတ်ပေးလို့ ဝက်ခြံကိုပါ သက်သာစေပါတယ်။ နှစ်ရက်၊သုံးရက် စွဲသောက်ရင် မြုံနေတဲ့ ဝက်ခြံ‌က အဆံတွေ ထွက်လာပါတယ်။

ကဲ လုပ်နည်းလေးက အရမ်းလွယ်ပါတယ်။ ပါဝင်ပစ္စည်းတွေကတော့

သခွားသီး သုံးလေးစိတ်
သံပုရာသီး တစ်ခြမ်း
ရေ တို့ဖြစ်ပါတယ်။

သခွားသီးနဲ့ သံပုရာသီးတို့ကို အစိတ်လေးတွေ စိတ်ပြီး ရေနဲ့ စိမ်သောက်ရုံပါပဲ။ ရေကုန်သွားရင် ထပ်ထပ်ဖြည့်ပြီး သောက်ပေးနိုင်ပါတယ်။ ရိုးရိုးရေသောက်တာထက် detox water သောက်တာက အရသာလဲ ရှိတဲ့အတွက် ရေမသောက်ဖြစ်မှာ မပူရတော့ဘူးပေါ့နော်။

အကောင်းဆုံးအာနိသင်ရဖို့အတွက် တစ်ရက်တစ်ခါ လုပ်ပေးနိုင်ပါတယ်။ နှစ်ရက်ကျော်ရင်တော့ မလတ်ဆတ်တော့တဲ့အတွက် မသောက်သင့်ပါဘူး။

အနာရင်းတဲ့ ဝက်ခြံတွေကို ထိထိရောက်ရောက် ပျောက်ချင်ရင်တော့ Purecare gel လေးရှိတာ မမေ့နဲ့အုန်းနော်။

Purecare gel ဈေးနှုန်းကတော့ 1275 ကျပ်ဖြစ်ပြီး အောက်ပါလင့်တွင် မှာယူလို့ရပါတယ်။

Buy Now - https://onlineshop.aa.com.mm/skin-cream/purecare-pom-220

28/01/2021

ဝက်ခြံသက်သာစေသော အစားအစာများ

သင်စားနေတဲ့ အစားအစာတွေက အသားအရည်ကို အကျိုးသက်ရောက်မှု ရှိစေတာကို သိပါသလား။ အထူးသဖြင့် သွေးတွင်းသကြားဓာတ်ကို အမြန်တက်စေတဲ့ အစာတေကတော့ အသားအရည်အတွက် မကောင်းတာ အမှန်ပါပဲ။

ခန္ဓာကိုယ်ထဲ သကြားဓာတ် အရမ်းများလာတဲ့အခါ အင်ဆူလင်လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးကို ထုတ်ဖို့ဖိအားပေးပါတယ်။ ပိုလျှံတဲ့ အင်ဆူလင် ထုတ်လုပ်မှုက အဆီဂလန်းတေကို လှုံ့ဆော်ပြီး အဆီအများအပြားကို ထုတ်လုပ်စေပါတယ်။ အဲဒီကနေ ကျွန်တော်တို့မလိုချင်တဲ့ ဝက်ခြံတေကို ဖြစ်လာစေပါတယ်။

ဒီအစားအစာတေကတော့ အင်ဆူလင်ကို အဓိကလှုံ့ဆော်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။

ပါစတာ 🍝🍜
ထမင်းဖြူ 🍚
ပေါင်မုန့်ဖြူ 🍞
သကြား 🍩🍰

အချို့အစားအစာတေကလဲ ဝက်ခြံကို ဆိုးရွားစေပါတယ်။ ဆန်၊ ဂျုံလို ကာဗွန်ဟိုက်ဒရိတ်တွေ ၊ နို့ထွက်ပစ္စည်းတွေ၊ ပြည့်ဝဆီတွေနဲ့ ပြန်ကြော်ထားတဲ့ ဆီတွေပဲ ဖြစ်ပါတယ်။ သုတေသနတွေအရ ဒီလို simple carb တေ အစားများခြင်းကြောင့် ခန္ဓာကိုယ်ဖောယောင်ပြီး ဝက်ခြံပြဿနာတွေကို ပိုဖြစ်‌စေပါတယ်။

ဝက်ခြံကိုသက်သာစေပြီး အသားအရည်အတွက် ကောင်းမွန်စေတဲ့ အစားအစာတွေကတော့ အစေ့အဆံတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ သဘာဝ သစ်သီးဝလံတို့ဖြစ်ပါတယ်။ ဒီအစာတေက complex carbohydrates ပါဝင်တဲ့အတွက် ယောင်ယမ်းတာကိုပါ လျော့‌ကျစေနိုင်စွမ်း ရှိပါတယ်။

ဒီအစားအစာတွေကတော့ Vitamin A, Vitamin E, Antioxidant နဲ့ Zinc ပါဝင်နေလို့ ဝက်ခြံပျောက်ချင်တဲ့သူတွေ စားသုံးသင့်ပါတယ်။

အသီးအရွက်များ🥗- ‌ပန်းဂေါ်ဖီ၊ ဟင်းနုနယ်ရွက်၊ မုန်လာဥနီ 🥬🥦🥒🥕🍆🍅

သစ်သီးများ - ဘယ်ရီသီး၊ စပျစ်သီး၊ ပန်းသီး၊ လိမ္မော်သီး 🍇🍊🍒🍈🍏

မပြည့်ဝဆီ - သံလွင်ဆီ၊ ထောပတ်သီး၊ အစေ့အဆံများ 🌰🥜🥑

အသားဓာတ် - ဆယ်လမွန်ငါး၊ တို့ဖူး၊ ဥအမျိုးမျိူး၊ ကြက်သား 🍖🍗🥚

အချိုရည်အစားထိုး သောက်စရာများ - ရေ၊ green tea၊ lemon water 🍵🍹

တစ်‌ယောက်နဲ့တစ်ယောက် ခန္ဓာကိုယ်တည်ဆောက်ပုံ မတူကြလို့ အချို့အတွက် ဒီအစားအစာတေက ဝက်ခြံပိုဆိုးတဲ့ အခြေအနေမျိုးလဲ ဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကိုယ်ခန္ဓာကိုယ်အတွက် ဘယ်ဟာက အထိရောက်ဆုံးလဲ စစ်ဆေးနိုင်ပါတယ်။

အရေးကြီးဆုံးကတော့ food allergies ဖြစ်တတ်တဲ့သူတွေ အနေနဲ့ စားမယ့်အစာကို သတိထားပြီး ရွေးချယ်စားသုံးဖို့ပဲ ဖြစ်ပါတယ်။

ဝက်ခြံဖြစ်လာခဲ့ပြီဆိုရင်တော့ Purecare gel လေးလိမ်းပေးတာကလဲ ဝက်ခြံကို ရက်တိုတိုနဲ့ ထိထိရောက်ရောက် ပျောက်ကင်းစေနိုင်မှာပဲ ဖြစ်ပါတယ်။

Purecare gel ဈေးနှုန်းကတော့ 1275 ကျပ်ဖြစ်ပြီး အောက်ပါလင့်တွင် မှာယူလို့ရပါတယ်။

Buy Now - https://onlineshop.aa.com.mm/skin-cream/purecare-pom-220

19/01/2021

ဝက်ခြံတွေမပေါက်ချင်ဘူး

ဝက်ခြံကို သက်သာပျောက်ကင်း‌စေနိုင်တဲ့ နည်းလမ်းတွေကတော့
✅နေထိုင်စားသောက်ပုံ ပြောင်းလဲခြင်း၊
✅ဆေးသောက်ခြင်းနဲ့
✅ဆေးကုသမှု ခံယူခြင်းတို့ ဖြစ်ပါတယ်။

သကြားလို simple carbs စားသုံးမှု လျော့ချတာက အခြေအနေ ပိုမဆိုးအောင် အထောက်အကူပေးပါတယ်။
Azelaic acid, benzoyl peroxide, salicylic acid လိမ်းခြင်းလို ဝက်ခြံရှိတဲ့နေရာကို တိုက်ရိုက်ကုသတာမျိုး အတွေ့ရများပါတယ်။

Antibiotics, retinoid တို့ကို ဝက်ခြံကုသတဲ့ အရေပြားလိမ်းဆေး နဲ့ သောက်ဆေးတွေမှာ ထည့်သွင်းဖော်စပ်ကြပါတယ်။

Erythromycin ပါဝင်သော Purecare gel ကို online မှဝယ်ယူမည်ဆိုပါက ရန်ကုန်မြို့နဲ့နယ်ရုံးခွဲရှိမြို့ပေါ်နေရာများကိုအခမဲ့ပို့ဆောင်ပေးနေပါတယ်နော်

Buy Now - https://onlineshop.aa.com.mm/skin-cream/purecare-pom-220

12/01/2021

ဝက်ခြံအကြောင်း သိကောင်းစရာ

ဝက်ခြံနဲ့ ပတ်သက်တဲ့ အချက်အလက် အချို့ကို ပြောပြပေးသွားပါ့မယ်။
ဝက်ခြံဆိုတာက အရေပြားပြဿနာတစ်ခုဖြစ်ပြီး မွှေးညှင်းပေါက်လေးတွေထဲမှာရှိတဲ့ အဆီဂလင်းတွေကနေ အစပြုဖြစ်ပေါ်တာ ဖြစ်ပါတယ်။ ဒီပြဿနာဟာ အသက် 11နှစ်နဲ့ 30နှစ် အရွယ်ရှိ လူဦးရေ 4ယောက်မှာ 3ယောက်က ခံစားနေရပါတယ်။ ကျန်းမာရေးကိုထိခိုက်စရာမရှိပေမယ့် အရေပြားပေါ်မှာ အမာရွတ်တွေ ကျန်ခဲ့နိုင်ပါတယ်။ ကုသမှုတွေကတော့ ဝက်ခြံဘယ်လောက် ဆိုးဆိုးရွားရွားဖြစ်ပြီး ဘယ်လောက် အချိန်ကြာကြာရှိနေသလဲပေါ် မူတည်ပြီး ကွဲပြားနိုင်ပါတယ်။

ဝက်ခြံကိုပိုဆိုးစေတဲ့ အကြောင်းတရားတွေကတော့ မျိုးရိုးလိုက်ခြင်း၊ ရာသီစက်ဝန်း အခြေအနေ၊ စိုးရိမ်သောကများခြင်း၊ ပူနွေးစွတ်စိုတဲ့ ရာသီဥတု၊ အဆီများပြီး ဓာတ်မတည့်တဲ့ မိတ်ကပ်တွေသုံးခြင်း နဲ့ ဝက်ခြံညှစ်ခြင်းတို့ ဖြစ်ပါတယ်။

Purecare ကို အွန်လိုင်းမှဝယ်ယူမည်ဆိုပါက ရန်ကုန်မြို့နဲ့နယ်ရုံးခွဲရှိမြို့ပေါ်နေရာများကိုအခမဲ့ပို့ဆောင်ပေးနေပါတယ်နော်
Buy Now - https://onlineshop.aa.com.mm/skin-cream/purecare-pom-220

Want your business to be the top-listed Beauty Salon in Kamayut?
Click here to claim your Sponsored Listing.

PURECARE

Ashamed by acne every now and then? Then try PURECARE Gel to prevent and treat acne, & get your confidence back! PURECARE Gel is a topical antibiotic skin gel used to treat acne that has become infected and is unresponsive to non-antibiotic treatment. PURECARE Gel kills the bacteria that infect acne affected skin, preventing spread of infection.

PURECARE Gel is available in 10 g tube/ box.

Videos (show all)

May the celebrations of Christmas bring along many more opportunities for you to have a spectacular New Year ahead 🎄🎉❄️✨...
Purecare Cover
Purecare Gel

Telephone

Address


No. 81, Insein Road, Corner Of Hledan Road
Kamayut
11041

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Other Kamayut beauty salons (show all)
HM  skincare Yangon HM skincare Yangon
Kamayut

စိတ်ဝင်စားမူ

Innisfree Myanmar- 이니스프리 Innisfree Myanmar- 이니스프리
Kamayut

Korea official မှ 𝐈𝐧𝐧𝐢𝐬𝐟𝐫𝐞𝐞 အစစ်အမှန်တွေကို ဝယ်ယူနှိုင်ပါပြီ ��

Beauty Orchid Kamayut Branch Beauty Orchid Kamayut Branch
B1, Han Thar Yeik Mon Avenue, Kamayut Township
Kamayut, 11041

ကျန်းမာ​ရေး မိသားစု စင်တာ

MMM - Supplier Logistics MMM - Supplier Logistics
Kyun Chan 3rd Street
Kamayut

အရာရာကို မေတ္တာဖြင့်ရှာပါ

Marina Skincare Kamayut Marina Skincare Kamayut
Kamayut

Thailand/Myanmar FDA Approved Distributed by Marina Herb Myanmar Co.,Ltd Facial cleanser Sunscreen spf 40,PA +++ Clear serum Ultra repair cream Rice bright hydrate serum Treatment...

Torriden Myanmar Torriden Myanmar
Kamayut

KOCOS is official dealer of Torriden in Myanmar.

Skin Guide.co II Skin Guide.co II
Pyay Road
Kamayut

Skin Guide.co ရဲ့ page အခွဲလေးပါ ^^ ဒီ page အသစ်လေးကန?

Inya Day Spa xpress - Times City Inya Day Spa xpress - Times City
No. A415, 4th Floor, Times Mall, Times City, Corner Of Hantharwaddy & Kyun Taw Street, Yangon
Kamayut

The premiere spa destination in Times City, Yangon's business and shopping district.

Yin Wai Wai Beauty Salon Yin Wai Wai Beauty Salon
R4GH+R6 Yangon
Kamayut