Regent Bagan Food Park & Catering Service

Regent Bagan Food Park & Catering Service

I need to growing. up future.So our product of food and service more of care about customers.

13/03/2024
15/01/2024

နိုင်ငံခြားသားတစ်ယောက် ထောက်ပြတဲ့
သွေးထွက်အောင် မှန်လွန်းမက မှန်လွန်းသော
မြန်မာတို့ရဲ့အကျင့်စရိုက်
~~~~~~~~

1. လုပ်ငန်းခွင်မှာ အချိတ်အဆက်ထိထိမိမိနဲ့ တစ်စုတစ်စည်း ညီညီညွတ်ညွတ်လုပ်ဖို့ အရမ်းအားနည်းတယ်။ (အချိတ်အဆက် အညှိအနှိုင်းလုပ်ဖို့ အလေ့အထ မလုပ်လို၊ အရာရာ ကိုယ့်ခြေကိုယ့်လက်သာ ဖြစ်လိုတယ်။)

2. အချင်းချင်း Sharing and Caring (ဖြန့်ဝေဖေးမမှု) ဆိုတာ အရမ်းအားနည်းတယ်။ (မနာလိုအားကြီးလွန်း, ဝန်တိုလွန်လွန်းတယ်။)

3. တစ်ဖက်သားရဲ့ အားနည်းချက်ကိုရှာပြီး တိုက်ခိုက်တယ်၊ ကိုယ် နေရာရဖို့အတွက်ပဲ စဉ်းစားတယ်။ (ဖယ်ထုတ်, ခြေထိုး, ပုတ်ချဖို့ အာရုံထားတယ်။ ရန်ဘက်လို နှိပ်ကွပ်တယ်။ နေရာမက်, နေရာရှာ, နေရာလုချင်ကြတယ်။)

4. ငါ သိ, ငါ တတ်ဆိုတဲ့မာန အရမ်းများတယ် (Ego)၊ ငါ လေ့လာသင်ယူစရာ အများကြီးရှိသေးတယ်ဆိုတာ ဘယ်တော့မှ ဝန်မခံဘူး။
(အောက်ကျမှာ ထင်ကြတယ်။)

5. Team Work ဆိုတာ အရမ်းနည်းတယ်၊ Individual .. Hero ပဲ လုပ်ချင်ကြတယ်။
(တစ်ဗိုလ်တည်း မောက်ကြွားချင်တယ်။ တစ်ဆူတည်း အချက်အချာ ဖြစ်ချင်တယ်။)

6. Responsibility and Accountablity
တာဝန်ယူမှု, တာဝန်ခံမှု အရမ်းနည်းတယ်။
(မဆိုင်သလို လုပ်ချင်, ထားခဲ့ချင်တယ်။)

7. အလျင်အမြန်ဆုံးဖြတ်ပြီး ချက်ချင်းလက်ငင်း Action ယူဖို့ မစဉ်းစားဘဲ မင်းကြောင့်, ငါ့ကြောင့်ဆိုပြီး အပြစ်တင်တာ အရမ်းများတယ်။ (အလွတ်ရုန်းချင်တာ, ဝန်မခံလိုတာ, အတွန့်တက်ပြတာ များတယ်။)

8. Customer-oriented လုံးဝ မရှိဘူး။ (Duty လို့, Service လို့ မခံယူဘူး၊ အသားလွတ် အထက်စီးယူချင်တာ စရိုက်လို ဖြစ်နေတယ်။)

9. ရေရှည်စီမံကိန်း, ရေတိုစီမံကိန်းဆိုတာကို အလေးမထားဘူး၊ ပြီးပြီးရော ဖြတ်သန်းတယ်။
(နိုးကြား ထကြွ မြော်မြင် မရှိဘူး၊ ဖြည့်ဆည်းနေမှု မရှိဘူး၊ ရှိဖို့လည်း မလုပ်ဘူး။)

10. ဘက်လိုက်မှုနဲ့ Personal Emotion အရမ်းကို ဦးစားပေးလွန်းတယ်။ (ပုဂ္ဂလ Judgement ပဲ လုပ်ချင်တယ်၊ အဂတိများတယ်၊ လူမွေးတာ, အုပ်စုထောင်တာ အားသန်တယ်။)

11. အောင်မြင်ဖို့အတွက် ပေးဆပ်ချင်စိတ်
အရမ်းနည်းတယ်၊ ပေါ့ပေါ့ပါးပါးလေးနဲ့ အောင်မြင်မှု လိုချင်တယ်။ (သက်သက်သာသာ မြန်မြန်ဆန်ဆန်နဲ့ ပုဂ္ဂလ'စံစား'ဖို့တစ်ခုသက်သက်သာ အာရုံရှိတယ်။)

12. ဦးဆောင်သူ Leader ဖြစ်ဖို့ထက် Authorized Person ဖြစ်ဖို့ပဲ ကြိုးစားနေကြတယ်။ (မူတွေ, စံတွေ, ထိန်းကျောင်းစနစ်တွေ ဖြစ်လာစေဖို့ထက်၊ Authority နဲ့ မောင်းနှင် အမိန့်ပေးနိုင်မယ့် ကိုယ့်အလှည့်ရောက်လာဖို့ကိုသာ လုံးပန်းလိုကြတယ်။)

13. Internal Politics အရမ်းဦးစားပေးတယ်။ (အဲ့ဒါက major hidden factor ဖြစ်နေတယ်

မူရင်းရေးသူအား‌လေးစားစွာcrdပေးပါတယ်

Photos from Regent Bagan Food Park & Catering Service's post 22/12/2022
13/09/2022

Hotel, Resort, Motel များအကြောင်း

ကျွန်တော့်ကို နယ်တခုမှာ သင်တန်းတက်နေတဲ့ကျောင်းသူတစ်ယောက်ကမေးပါတယ်။ Resort ဆိုတာဘာလဲ? Hotel နဲ့ Resort ဘာကွာလဲ? တခြားတစ်ယောက် ကလည်းမေးပါတယ်။ Motel ဆိုတာဘာလဲ? Hotel နဲ့ဘာကွာလဲတဲ့။

သူတို့နှစ်ယောက်လုံးက ကျွန်တော့်ကို Messenger ကနေမေးတာပါ။ ကျွန်တော့်ရဲ့သင်တန်းသားတွေ လည်းမဟုတ်ပါ။ သူတို့ကို သူတို့ဆရာက အဲ့ဒါတွေမေးတော့မဖြေနိုင်ကြလို့ ဘယ်လိုဖြေရမလဲမသိဖြစ်နေတာကြောင့် အကူအညီတောင်းတာဖြစ်ပါတယ်။

ကျွန်တော်လည်း စာအုပ်ထဲမှာရေးပြီးသားလေးရှိတာကြောင့် သူတို့ဆီကို messenger ကနေပြန်ကြားပေးလိုက်ပြီး၊ voice message နဲ့ပါရှင်းပြပေးလိုက်ပါတယ်။ သူတို့အဆင်ပြေသွားလိမ့်မယ်လို့မျှော်လင့်ရပါတယ်။

သူတို့လိုတကယ်မသိသေးသူတွေအတွက်အကျိုးရှိစေဖို့ အောက်ပါအတိုင်းရေးသားလိုက်ရပါတယ်။

ဟိုတယ်ဆိုတာဘာလဲ?........................................

Hotels, Inns, Motels, Suite Hotels, Conference Centers, Resorts စသည့် ခရီးသွား လာသူများအတွက် အပန်းဖြေတည်းခိုနေထိုင် အိပ်စက်နိုင်သည့်အရာများ၊ ဝန်ဆောင်မှုအမျိုးမျိုး နှင့် ဇိမ်ခံနိုင်သည့် သက်တောင့်သက်သာ ဖြစ်စေမည့်အရာများကို ဖြည့်ဆည်းဆောင်ရွက်ပေးသည့် နေရာများကို ယေဘူယျခေါ်ဆိုသော အခေါ်အဝေါ်တခုဖြစ်သည်။

ထို့ကြောင့် ဟိုတယ်ဆိုသည်မှာ Sleeping Facilities နှင့် Recreational Facilities များကို အဓိက ပံ့ပိုးပေးထားသည့် နေရာများကို ယေဘူယျခေါ်ဆိုသည့် General Term တစ်ခုဖြစ်သည်။

Hotel ဆိုသည့် General Term အောက်မှာ အခြား ဟိုတယ်အမျိုးအစားပေါင်းများစွာရှိပါသေးသည်။

ထိုအမျိုးအစားပေါင်းများစွာကို ကျွန်တော်ရေးသားထားသည့် စာအုပ် ၂ အုပ်ထဲမှာထည့်သွင်းရေးသား ထားပါသည်။

Resort ဆိုတာဘာလဲ?........................................

Resort Hotels များကို Mountain တောင်များ၊ Island ကျွန်းများ၊ Beach ပင်လယ်ကမ်းခြေ နှင့် မြို့ပြနှင့်ဝေးကွာသော Exotic Location ထူးခြားဆန်းပြားသော၊ မြေနေရာကျယ်ဝန်းသော နေရာများတွင် တည်ဆောက်ထား တတ်ကြသည်။

Resort Hotel များသည် ဧည့်သည်များအား တည်းခိုနေထိုင်စဉ်အတွင်း ပျော်ရွှင်ဖွယ်ကောင်း အောင်၊ အမှတ်တရဖြစ်အောင် ဖန်တီး၍ ဝန်ဆောင်မှုပေးခြင်းဖြင့် နောက်ထပ်လာရောက် တည်းခို ကြစေရန် လုပ်ဆောင်ကြလေ့ရှိသည်။

အဆိုပါဟိုတယ်များတွင်အောက်ပါ Facilities များကိုဖြည့်ဆည်းထားတတ်ကြသည်။

(a) Recreational Facilities
အပန်းဖြေအသုံးအဆောင်၊ပစ္စည်း၊နေရာများ

(b) Scenery
ရှုခင်းများ

(c) Golf
ဂေါက်ကွင်း

(d)Tennis
တင်းနစ်ကွင်း

(e) Sailing
လှေလှော်ရွက်တိုက်

(f) Skiing
နှင်းလျှောစီးခြင်း

(g) Swimming Facilities
ရေကူးကန်နှင့် ရေကူးရာတွင်အသုံးပြုသည့်ပစ္စည်းများ

Motel ဆိုတာဘာလဲ?.......................................

မိုတယ်များသည် အဝေးပြေးကားကြီးများ အဓိကရပ်နားရာမြို့ရွာများ၏ ကားလမ်းမဘေးတွင် ရှိ တတ်သော တည်းခိုခန်းများ ဖြစ်ကြသည်။ ထို Motel များ၌ ကားကြီးများ လွတ်လပ်စွာ ရပ်နားနိုင် သည့် ကားရပ်နားရာနေရာ အလုံအလောက်ရှိတတ်ကြသည်။

အဆိုပါဟိုတယ်သည် Motor Vehicle နှင့် Hotel ကိုပေါင်းစပ်၍ Motel ဟု အမည်ပေးထားခြင်းဖြစ် သည်။ အဆိုပါ Motel များ၏ အခြားအမည်များမှာ Motor Hotel, Motor Inn, Motor Lodge တို့ဖြစ် သည်။

Motel များတွင်အောက်ပါ Facilities များဖြည့်ဆည်းထားတတ်ကြသည်။

(a) Lodging
(b) Fuel Station
(c) Liquor store
(d) Barber and Beauty Saloon
Crd :KSW

Photos from Regent Bagan Food Park & Catering Service's post 28/01/2022

21 Jan 22= Great even well Succeeded at MDY.

Photos from Regent Bagan Food Park & Catering Service's post 02/12/2021

Well done.

21/11/2021

MONPF

10/10/2021

မိတ်ဆွေဖောက်သည်များအတွက် Regent Bagan Catering Service နေပြည်တော်ရုံးများသို့မကြာမှီလာမည်။ကိုဗစ်ကြီးမြန်မြန်ပြီးပါတော့။

Photos from Regent Bagan Food Park & Catering Service's post 10/10/2021

တောချက်လေးတွေနဲ့စားကောင်း။

Photos from Regent Bagan Food Park & Catering Service's post 30/08/2021

ယနေ့တော့ ဖြစ်သလိုလေ့ ယာခင်းထဲမှာ​ ခူးပြီး အိမ်ချက်လေးပေါ့။ ကြက်သားငရုတ်သီးစိမ်း ပင်စိမ်းချက်ပါ။

Photos from Regent Bagan Food Park & Catering Service's post 18/05/2021

For Events day.

Photos from Regent Bagan Food Park & Catering Service's post 03/05/2021

Start

Photos from Regent Bagan Food Park & Catering Service's post 03/05/2021

နှစ်ကူးအလှုူ

12/04/2021

မဂ်လာရှိသောနှစ်သစ်ကူးပါ။

မိတ်ဆွေအပေါင်းကျန်းမာချမ်းသာကြပါစေ။

Photos from Regent Bagan Food Park & Catering Service's post 26/12/2020

စီးပွားရေးလုပ်ငန်းရှင်များသိသင့်သော စာရင်းများ နှင့် လုပ်ငန်းတိုးတက်မှု့စနစ်များ။

1. Sales (ရောင်းရငွေ)
နေ့စဉ်ကုန်ပစ္စည်းရောင်းရငွေစာရင်း ဖြစ်ပါသည်။ (လက်ငင်းနဲ့ အကြွေး ရောင်းရငွေ ပါဝင်သည်)

2. Net Income (အသားတင် ငွေလက်ကျန်)
ရောင်းရငွေ စာရင်းမှ စုစုပေါင်း ပေးလိုက်ငွေ စာရင်းစုစုပေါင်းကို နုတ်ပြီး ငွေလက်ကျန် စုစုပေါင်းကို တွက်ချက်ထားသော စာရင်းဖြစ်ပါသည်။

3. Expenses (အသုံးစရိတ် စုစုပေါင်း)
မိမိတို့ နေ့စဉ်သုံးသော စရိတ်များကို တူသော ခေါင်းစဉ်များခွဲပြီး စုပြီး မှတ်ထားသော စာရင်း ဖြစ်ပါသည်။

4.Owner Drawing
ပိုင်ရှင်မှ လုပ်ငန်းအတွက် မဟုတ်ဘဲ ထုတ်ယူသုံးစွဲငွေ ဖြစ်ပါသည်။

5.Liability
လုပ်ငန်း မှ အခြားသူများသို့ ပေးရမည့် အကြွေးစာရင်းဖြစ်ပါသည်။

6. Receivable
လုပ်ငန်းမှ အခြားသူများထံမှ ရရမည့် အကြွေးစာရင်းဖြစ်ပါသည်။

7. Stock Balance
လုပ်ငန်းထဲရှိ နေ့စဉ် ကုန်ပစ္စည်းလက်ကျန်စာရင်းဖြစ်ပါသည်။

ဤစာရင်း ၇မျိုးကို လုပ်ငန်းတိုင်းတွင် ရှိသင့်ပြီး အချိန်မရွေးမှန်ကန်သော စာရင်း များ ဖြစ်သင့်ပါသည်။

ဝန်းထမ်းတဦးချင်းစီရဲ့ ကိုယ်ရည်ကိုယ်သွေးတိုင်းတာခြင်း
KPI ကိုလည်းအသုံးပြုပါ။

Market place /Marketing /Sale location = Products .

Want your restaurant to be the top-listed Restaurant in Lewe?
Click here to claim your Sponsored Listing.

Videos (show all)

Telephone

Website

Address


Nay Pyi Taw , Lewe City , Yangon Mandalay Old Road
Lewe