Natural Essence Myanmar

We produce and sell 100% organic coffee scrub and sugar wax to the market which can be used by both b Home Made coffee scrub & sugar wax

Photos from Vlog By Twins's post 22/10/2023

Tysm for supporting us 🙏🏻❤️

16/06/2023

မွှေးကျွတ်နာပြဿနာကိုဘယ်လိုဖြေရှင်းကြမလဲ🤷🏼‍♀️❓

အားလုံးပဲ မင်္ဂလာပါရှင်...🙏🏼

NEM ရဲ့ Questions and Answers အစီအစဉ်
လေးကနေ တစ်ဖန်ပြန်လည် ကြိုဆိုလိုက်ပါတယ်။...🙋🏻‍♀️❤️

1.မွှေးကျွတ်နာဘာကြောင့်ဖြစ်သလဲ...💬❓

အမွှေးကိုရိတ်တာပဲ ဖြစ်ဖြစ် နှုတ်တာပဲ ဖြစ်ဖြစ်မွှေးညှင်းအိတ်လေးတွေကိုထိခိုကိမိသွားရင်မွှေးကျွတ်နာ ဖြစ်တတ်ကြပါတယ်..😥💔

မွှေးညှင်းပေါက်ကတစ်ဆင့် bacteria တွေ ဝင်လာပြီးမွှေးညှင်းအိတ်ရောင်ရမ်းမှုကနေတစ်ဆင့် အရေပြားမှာ နီနီရဲရဲ အနာပေါ်လာတာကို မွှေးကျွတ်နာလို့ခေါ်တာပါ..👀✔️

ဘယ်လိုလူတွေမှာ အဖြစ်များလဲ...❓

🌻 တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိတဲ့သူတွေ

🌻 အထိုင်များတဲ့ သူတွေ

🌻 အမွှေးနှုတ်တာ၊ ရိတ်တာ တွေကို
အကြိမ်ကြိမ်လုပ်ဖူးသူတွေ

🌻 ပွတ်တိုက်မှု ကြိမ်နှုန်းများတဲ့ သူတွေ

(နှုတ်ပြီး၊ ရိတ်ပြီး၊ Waxing ပြီးချိန်မှာ အရမ်းကျပ်ပြီးကပ်တဲ့ အဝတ်အစားဝတ်တဲ့ သူတွေ)

🌻 မသန့်ရှင်းသော ရေကိုသုံးစွဲမိ တဲ့သူတွေ

ဒီလိုလူတွေမှာတော့မွှေးကျွတ်နာအဖြစ်များပါတယ်။

ဒါဆိုမွှေးကျွတ်နာရဲ့လက္ခဏာတွေကဘာတွေလဲ...🤔❓

ပထမဆုံး အရေပြားနီမြန်းပြီး အဖုလေးတွေထလာမယ် 😥။

အဲ့ အဖုလေးတွေက တဖြည်းဖြည်းနာလာပြီး
ပြည်လေးတွေ တည်လာမယ်..😥။

ဒါလေးတွေကမွှေးကျွတ်နာရဲ့ရှေ့ပြေးလက္ခဏာလေးတွေပါ....🙋🏻‍♀️💬။

✅ မွေးကျွှတ်နာဖြစ်ပြီဆိုရင် ဘယ်လိုကုသရမလဲ..🤔❓

- သန့်စင်တဲ့ အဝတ်စ ကိုယူပြီး
- ​ဆားနဲ့ ရေနွေးနဲ့ ရောစိမ်ပြီး
- ​အနာဖြစ်တဲ့နေရာ မှာ မိနစ် (30) ခန့်ကပ်ပေးပါ။

(အနာကျက်မြန်ပြီးမြန်မြန်ပေါက်ထွက်စေပါတယ်။)

တစ်နေ့ နှစ်ကြိမ်လောက် ရေသန့်နဲ့ ပွတ်တိုက်ဆေးကြောပေး
ပါ။

ပိုးသတ်ဆေးလိမ်းပေးပါ။...🚿🧴။

အနာကိုညှစ်တာက ရောဂါပိုးပိုပျံ့စေလို့ အနာကို (လုံးဝ)
မညှစ်ပါနဲ့ ...❌🦠။

အနာကိုဆေးထည့်ပြီးရင်လက်ကိုသေချာဆေးပါ။

အနာနဲ့ထိထားတဲ့အဝတ်တွေကိုသေချာလျှော်ဖွတ်ပါ။ 🧺🧼

ရေခဲကပ်တဲ့ Cool Effect/ရေနွေးအိတ်ကပ်တဲ့ Warm Effect တွေကိုလည်းသုံးလို့ရပါတယ်..🙋🏻‍♀️✅။

✅ ဒါဆို မွှေးကျွတ်နာ မဖြစ်အောင် ဘယ်လိုကာကွယ်ကြ
မလဲ..🤔❓

မွှေးကျွတ်နာ မဖြစ်အောင် အလုံးစုံတော့ ကာကွယ်လို့မရပါဖူး .. 🙅🏻‍♀️။

အသားအရေခြောက်လို့ ဖြစ်တဲ့ ပြဿနာ ဖြစ်တာကြောင့်
အစိုဓာတ်ဖြည့်တဲ့ Lotion (သို့) Cream လိမ်းပေးပါ..🙋🏼‍♀️။

Waxing လုပ်မဲ့သူဆိုရင် Waxing မလုပ်ခင် အသားကိုဆပ်ပြာနဲ့ သေချာဆေးပေးပါ။

(ရေနွေးလေးနဲ့ဆိုရင်အကောင်းဆုံးပါ။)

ဆန်လုံးညို ၊ပေါင်မုန့်ညို ၊လတ်ဆက်တဲ့အသီးအနှံ့တွေစားပေးပါ 🍇🍈။

✅ ကြာမြင့်ချိန် ⏰

ပုံမှန်အားဖြင့် မွှေးကျွတ်နာက (3-5) ရက်ဝန်းကျင်ပဲ ဖြစ်ပြီး
ပျောက်သွားတတ်ကြပါတယ်။

နှစ်ပတ်ကျော်လောက် ကြာရင်တော့ ဆရာဝန်နဲ့ပြသပြီး
ဆေးကုသမှု ခံယူသင့်ပါတယ် 👩‍⚕️💉။

❗မွှေးကျွတ်နာက သေးသေးလေးဆိုပေမဲ့ -

- ပေါ့ဆရင်လမ်းမလျောက်နိုင်တာ

- အဖျားတတ်တာ

- Shock ရတာတွေအထိဖြစ်နိုင်ပါတယ်။

❗ Bacteria 🦠 ကသွေးကြောင်းထဲ အထိစီးဝင်သွားရင် -

- နှလုံးခုန်မြန် တာ၊ချမ်းတုန်တာ

- အရမ်းဖျားတာက တစ်ဆင့်အသက်အန္တရာယ်ကိုပါ စိုးရိမ်းရတာကြောင့် ပေါ့လို့တော့မရဖူးနော်...🙅🏻‍♀️။

ဒါပေမဲ့ နည်းမှန်လမ်းမှန်ကုသပြီး သက်သာ ပျောက်ကင်းတဲ့သူတွေပဲရှိတာမို့ အကြောက်လည်းမလွန်ကြပဲ နီးစပ်ရာကိုယ်စားလှယ်တွေ၊ Page messenger ကတစ်ဆင်မေးမြန်းပါနော်...🙋🏻‍♀️။

လိုအပ်လာလျှင်တော့ NEM ကနေ Customer 💛 တွေကို Free ပေးထားတဲ့ ဆေးကုသမှုခံယူတဲ့ အစီအစဉ်ကို Join လုပ်လို့ရပါတယ်ရှင့်။...😍❤️

ဝယ်ယူအားပေးတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။ 🙆🏻❤

Photos from အိန္ဂ်ယ္ အလွကုန္လက္ကားဒိုင်'s post 05/05/2023

ရန်ကုန် မှာဆိုရင်ဒီ လက်ကားဒိုင်မှာလည်းအားပေးလို့ရတယ်နော် သဲလေးတို့ရေ ….

Photos from Natural Essence Myanmar's post 06/03/2023

သိပြီးကြပြီလား ….. 🤷🏼‍♀️❓

10% off ပေးနေပြီဆိုတာကို 🛒🛍

▪️ ဟုတ်ပါတယ်မင်မင်တို့ page မှာဝယ်နေကျမင်မင့်ရဲ့ retail customer လေးတွေအတွက် marchတစ်လလုံး ဝယ်သမျှ ပစ္စည်း ကျသင့်ငွေရဲ့(10%)နှုတ်ပြီးရှင်းရမှာပါ။

▪️ Online payment နဲ့ဝယ်တဲ့သူရော ၊ cash on deli
ဝယ်တဲ့သူရောကိုလျှော့ပေးသွားမှာမလို့ဒီအခွင့်အရေးလေးကို လက်လွှတ်မခံကြဖို့မင်မင့်ရဲ့ customer တွေကိုတိုက်တွန်းပါရစေ ။

▪️Delivery fee ကလည်းရန်ကုန်မြို့တွင်းအိမ်အရောက်ကိုမှ(2000)ကျပ်တည်းမလို့ အိုခေစိုပြေနေရောပဲ ။

▪️ဒါဆိုကြာချိန်ကရော အရမ်းစောင့်ရလားလို့မမေးနဲ့နော် ။ မှာယူပြီးသုံးရက်(72 hours )အတွင်းအိမ်ရောက်ပါတယ် ။

Waxingမလုပ်တတ်ဖူးမင်မင်ရေဆိုရင်လည်းစိတ်ရှည်
လက်ရှည်ရှင်းပြပေးမလို့ buy with confidence ပါရှင်။

05/03/2023

ကဲနောက်ဆုံးမေးခွန်းလေးလာပါပြီပါရှင့် 👻

Edit - မှန်သွားပါပြီ ။ မမှန်းနိုင်လောက်ဖူးထင်တာ မင်မင့် customer တွေအရမ်းတော်သောနော် 😭❤️

Question No (3) : မင်မင့် မေမေရဲ့ဇာတိမြို့ ကိုခန့်မှန်းပေးပါနော် 😻❤️

( Q and A section လေးကိုအပတ်စဉ်တနင်္ဂနွေနေ့တိုင်း လုပ်ပေးနိုင်ဖို့ကြိုးစားပါမယ်နော် ။ customer လေးတွေနဲ့ပျော်ချင်လို့ 💓💓 )

05/03/2023

Questions No (2) : မင်မင်တို့ အိမ်ရှေ့မှာစိုက်ထားတဲ့ ပန်းပင်နာမည် ကို ခန့်မှန်းပေးပါနော် 🤭❤️

ဒီမင်မင်ဘာတွေမေးနေမှန်းမသိဖူးတော့မပြောရဖူးနော် ။ ပျော်ရွှင်စရာတနင်္ဂနွေနေ့လေးဖြစ်ကြပါစေ။

( edit - မှန်သွားပါပြီ။ အဖြေကညမှမွေးတဲ့ညမွေးပန်းလေးပါရှင့် ။ ညညဆို အနံလေးက အိမ်ထဲထိသင်းနေရော ပဲ ။ သဲလေးတို့လည်းအိမ်မှာစမ်းစိုက်ကြည့်ကြနော် )

05/03/2023

Hello ✨

ဒီနေ့က တင်းဂွေနေ့လေဘေးဘေ 🤣❤️

(Edit - မှန်သွားပါပြီ )

အဲ့တော့ မင်မင်က မင်မင့်ရဲ့ customer လေးတွေကိုလက်ဆောင်ပေးသွားချင်လို့ အမေးအဖြေအစီစဉ် ( Q and A ) လေးလုပ်ဖို့စဉ်းစားထားပါတယ် အပျော်ပေါ့နော် ။ မေးခွန်းလေးတွေကလည်းလွယ်ပါတယ် ။ တစ်ခါမှန်ရင် 1500 ရပါမယ်။ မင့်မင့်အချစ်တွေပေါ့နော် ဟီး “

Question No. 1 : မင်မင် အခုလက်တလောသဘောကျနေတဲ့ ကိုရီးယားမင်းသားရဲ့နာမည်ကိုခန့်မှန်းပေးပါနော် 🫢

02/02/2023

ခေတ်ရေစီကြောင်း နှင့် အညီ မြန်မာနိုင်ငံ 🇲🇲 ကို ရောက်ရှိလာတဲ့ Man and Woman Brazilian 🇧🇷 Waxing အကြောင်းတစေ့တစောင်း . . . 💁🏻‍♀️💬
•
•
•
Waxing လုပ်တယ်ဆိုရင် တော်တော်များများက မိန်းကလေး ( 👱🏻‍♀️ )တွေနဲ့ဘဲ သက်ဆိုင်တယ်လို့ တွေးကြမယ်လို့ထင်ပါတယ်။

ဒါပေမဲ့ တကယ်တော့ မဟုတ်ပါဘူးနော် . . .🙅🏻‍♀️
အမွှေးအမျှင်ရှိတဲ့ လူသားတိုင်းနဲ့ သက်ဆိုင်ပါတယ်။

✓ အနောက်နိုင်ငံတွေ မှာ Brazilian 🇧🇷 waxing (Private Area Waxing) ဟာ တော်တော်များများ‌ ခေတ်စားပြီး အကျိုးကျေးဇူး များတာကြောင့် မြန်မာနိုင်ငံမှာဆိုရင်လည်း Spa တွေမှာ ဈေးကြီးပေးပြီး ပြုလုပ်နေကြတဲ့သူတွေ အများကြီးရှိပါတယ်။

✓ အခုနောက်ပိုင်းမှာ Waxing ပြုလုပ်ခြင်းဟာ မြန်မာနိုင်ငံမှာလည်းတဖြေးဖြေး ခေတ်စားလာပြီး Brand များစွာရှိတာကြောင့် Spa မှာဈေးကြီးပေးစရာမလိုဘဲ မိမိအိမ်မှာဘဲ အချိန်ကုန်၊ ငွေကုန် သက်သာစွာ ပြုလုပ်လာနိုင်ပါတယ်။

သို့ပင်မဲ့ Pravite area ကိုမိမိဘာသာ Waxing ပြုလုပ်မယ်ဆိုရင် နည်းလမ်းမှန်မှန်နဲ့ စနစ်တကျ ပြုလုပ်ဖို့ရာ အထူးလိုအပ်ပါတယ်။

ဒါကြောင့် ဒီနေ့မှာ မင်မင်က အမျိုးသား၊ အမျိုးသမီး
နှစ်ဦးစလုံး အတွက် Waxing ပြုလုပ်တဲ့အခါမှာ . . .

✓ ပြင်ဆင်သင့်တာတွေ

✓ ဆောင်ရန် ရှောင်ရန်တွေ

ကို ပြောပြပေးပါမယ်။

———————————————————————

▪️ Waxing မလုပ်ခင် ဘာတွေပြင်ဆင်သင့်လဲ . . . ?

✓ Waxing မပြုလုပ်ခင် ပြုလုပ်မဲ့ Area ကို တစ်ရက်လောက် ကြိုပြီး Scrub တိုက်ပေးထားနိုင်ပါတယ်။ ပြုလုပ်မဲ့ အမွေးက ရှည်လွန်းရင်ဖြစ်စေ တိုလွန်းရင် ဖြစ်စေ နာကျင်မှုရှိနိုင်တာကြောင့် 0.6cm 1.3cm ကြားက Waxing ပြုလုပ်ဖို့ရာအတွက် အသင့်တော်ဆုံး အနေအထားဖြစ်ပါတယ်။

✓ နောက်ပြီးတော့ Wax Paper ကိုလည်း Square Size(2.5 cm square) အနေအထားလေးတွေညှပ်ထားဖို့လိုပါတယ်။
———————————————————————

▪️Private Area ကို Waxing လုပ်ပြီးတဲ့အခါမှာ ဘယ်လိုမျိုး ပြုလုပ်ရမလဲ . . . ?

✓ ပုံမှာ ပြထားတဲ့ နံပါတ်အစဉ်အတိုင်း Waxing ပြုလုပ်ပေးရပါမယ် ။ Waxing ကို သုတ်လမ်းတဲ့အခါမှာလည်း (2.5 cm square or ၁ လက်မ ပတ်လည်ခန့် သာ) သုတ်လိမ်းပြီး နံပါတ်စဉ်အလိုက် ဖြေးဖြေးချင်း ပြုလုပ်ရပါမယ်။

အများကြီး တစ်ပြိုင်နက် သုတ်လိမ်းတာမျိုးကို
လုံးဝ . . ❌ လုံးဝ . . ❌ ရှောင်ရှားရပါမယ်နော်။

✓ Waxing paper ကိုလည်း သေးသေးချင်း ညှပ်ပေးထားပြီး အသုံးပြုလျှင် ပိုအဆင်ပြေပါတယ်။ နောက်ပြီး နံပါတ်အတိုင်းအားလုံးကိုသုတ်လိမ်းပြီးမှ ခွါတာမျိုး မပြုလုပ်ဘဲ နံပါတ်တစ်ခုချင်း တစ်နေရာချင်းစီ လိမ်းလိုက်ခွါလိုက်ပြုလုပ်ရပါမယ်။

▪️ဒါဆိုရင် Waxing မပြုလုပ်ခင်နဲ့ ပြုလုပ်ပြီးမှ ဘာတွေကိုရှောင်ရမလဲ . . . ?

✓ မိန်းကလေးများအနေနဲ့ Period time နဲ့ Period မဖြစ်ခင် တစ်ပတ်အလိုမှာ Waxing ပြလုပ်ခြင်းကို ရှောင်ရပါမည်။ (သာမန်အချိန်ထပ်ပိုမိုနာကျင်နိုင်လို့ပါ)

✓ ယောကျာ်းလေးများအနေဖြင့် Pravite areaကို Waxing ပြုလုပ်ပြီး ရက်အနည်းငယ်အတွင်း အတူနေခြင်း(having s*x )မှရှောင်ကျဉ်ရပါမည်။

✓ Waxing ပြုလုပ်ပြီးတဲ့နေရာကိုလည်း ဆပ်ပြာနဲ့ဆေးဖို့ရာမလိုအပ်ပါဘူး။

✓ ရိုးရိုးရေအေးဖြင့်သာ ဆေးပေးနိုင်ပါသည်။

✓ အများသုံးရေကူးကန်မှာရေကူးတာ ရေနွေးဖြင့် ရေချိုးတာတွေကိုလည်း ရှောင်ရန်လိုအပ်ပါတယ်။

✓ Waxing ပြုလုပ်ပြီးချိန်မျာ Underwear မ၀တ်ဘဲနေခြင်းဟာ အထူးသင့်တော်ပါတယ်။

———————————————————————

▪️Brazilian 🇧🇷 Waxing ပြုလုပ်ရင် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်လဲ . . . ?

✓ Private area ရဲ့အနံ့ဆိုးထွက်ခြင်းမှ သိသိသာသာ လျော့ကျစေပါတယ်။

✓ Cell သေတွေကိုပါ ဖယ်ရှားပေးပြီး အသားအရည်ကို ပိုမို နူးညံလာစေပါတယ်။

✓ Shaving လုပ်သလို အမွှေးကြမ်းတွေ ပြန်မထွက်ဘဲ အမွှေးထွက်နှုန်း ကိုလည်း နှေးစေပါတယ်။

✓ ပုံမှန် Shaving လုပ်ရင် တစ်ပတ်လောက်နဲ့ ပြန်ပေါက်တဲ့လူဆို Waxing ကတစ်လလောက်အထိခံပါတယ်။

တခြားအကျိုးကျေးဇူးတွေကတော့ တစ်ခါလုပ်ဖူးတာနဲ့တင် ဘယ်လောက်အဆင်ပြေမယ်ဆို လုပ်ဖူးတဲ့လူတွေကို အကုန်သိပါတယ်။

ကဲ . . . Brazilian 🇧🇷 Wax ကို

စမ်းကြည့်ချင်သွားပြီ ဟုတ် . . . ?

ဒါဆိုရင်တော့ . . .

🛒 130 g ဘူးသေး တစ်ဘူးအတွက် 4200 ကျပ်၊

🛒320 g ဘူးကြီး တစ်ဘူးအတွက် 7400 ကျပ်

ကို သာယူလာပြီး Page Messenger 💬 ကို အပြေး 🏃🏻‍♀️
လာခဲ့ပါ။ 🤑

ရှင်းပြပေးမဲ့ မင်မင်ချောချောလေး 👱🏻‍♀️ တွေက
Page Messenger 💬 မှာစောင့်နေပါတယ်။

Photos from Natural Essence Myanmar's post 29/01/2023

Natural Essence Myanmar အပေါ် Public Comments များမှ ပြောသော ရင်တွင်းစကားသံများ .... 📢👥💛

🍁 Waxing ကို ပထမ ဆုံး လုပ်ချင်တဲ့သူတွေ။

🍁 အပူလောင်မှာ၊နာမှာ ကြောက်တဲ့သူတွေ။

🍁 ဂျိုင်းမွှေးခဏခဏ ရိတ်ရလို့ စိတ်ညစ်နေတဲ့သူတွေ။

🍁စမ်းသုံးမှာမို့ ဈေးကြီးမသုံးချင်တဲ့သူတွေ။

အစရှိတာတွေကို NEM မှ ကူညီဖြေရှင်းပေးနေတယ်။

- မသုံးတတ်သူများ သုံးရတာအဆင်မပြေတဲ့သူများအနေဖြင့် NEM page ရဲ့ Messenger 👩🏻‍💻 မှာလည်း အခမဲ့ လာရောက် ဆွေးနွေးနိုင်သလို အရောင်းကိုယ်စားလှယ်များ မှလည်း စိတ်ရှည်ရှည်နဲ့ အသေးစိတ်ရှင်းပြပေးနေတယ်။

ဒါကြောင့် လက်ရှိ NEM ရဲ့ Products တွေကို အသုံးပြုနေကြတဲ့ Customer 💛 များရဲ့ ရင်တွင်းစကားသံများကိုဖော်ပြပေးလိုက်ပါသည်။

ဤ မူရင်း Comment များအား အောက်ပါ Link များထဲတွင် ၀င်ရောက်ကြည့်ရှူ့နိုင်ပါသည်။

https://m.facebook.com/story.php?story_fbid=938466620020285&id=100015708662482

https://m.facebook.com/story.php?story_fbid=871358487051589&id=100025323368158

08/01/2023

ချစ်တဲ့ အကြောင်းတွေ နောက်မှပြောမယ်
ယနေ့ Wax လုပ်နေသည်.....

မင်မင်ကတော့ အမွှေးနည်းနည်းရှည်လာရင်မနေတတ်သူမို့ Waxing လုပ်ရမှ နေသာထိုင်သာရှိပါတယ်။🤭❤️

ချစ်တို့ရဲ့ အလှအပကို အနှောက်အယှက်ဖြစ်‌တဲ့ ဂျိုင်းမွှေး၊ခြေသလုံးမွှေး၊လက်မွှေး၊ private area အထိပါ ဖယ်ရှားဖို့‌ဆို NEM sugar wax နဲ့မှ အဆင်ပြေမယ်နော် ။ 😉

အချိန်ကုန်သက်သာ Budget လည်း Save ဖြစ်တဲ့ NEM ရဲ့ Sugar Wax ကို ဘူးသေး [4200] ၊ဘူးကြီး [7400 ]ကျပ်ဖြင့် အမြို့မြို့အနယ်နယ်ရှိ အရောင်းဆိုင်များ၊ကိုယ်စားလှယ်များ ထံတွင်၀ယ်ယူအားပေးနိုင်ပါသည်။

06/01/2023

မြန်မြန်နဲ့မှန်မှန် ချွတ်တတ်စေဖို့....✔️

ဘာချွတ်မလဲ မတွေးပါနဲ့ မလိုအပ်တဲ့ အမွှေးအ
မျှင်မှန်သမျှကို ချွတ်နိုင်ပါတယ်။👀

Sugar Wax ကို မိမိနဲ့ သင့်တော်မဲ့ Color ကိုဘယ်လိုရွှေးချယ်ရမလဲ ဆိုတာကို မင်မင်ကဒီနေ့မှာပြောပြပေးပါမယ်။

မင်မင်တို့ရဲ့ NEM မှာ Sugar Wax ကို Color 3 မျိုး
ဖြင့်ထုတ်လုပ်ပေးထားပါတယ်။

• Sugar Wax Black (Hard Wax)🖤

ချစ်တို့က အမေဇုန်တောအသွင် များပြားထူထပ်လှပြီး မြက်ရိုင်းများပမာ ကြမ်းတမ်းလှသော အမွှေးအမျှင်များကို ဖယ်ရှားချင်ရင်တော့ Black color လေးကိုအသုံးပြုသင့်ပါတယ်။Hard Wax ဖြစ်လို့ အပူပေးဖို့တော့လိုပါတယ်ရှင့်။

• Sugar Wax Yellow (Soft Wax) 💛

သူလေးကတော့ မြက်ခင်းစိမ်းပေါ်က မြက်နုနုလေးတွေကဲ့သို့သော အမွှေးအမျှင်နုနုလေးတွေကို ဖယ်ရှားဖို့အတွက် အသင့်အတော်ဆုံးဖြစ်ပါတယ်။ Ready to use ဖြစ်တာမို့ အပူမပေးဘဲ သုံးနိုင်ပြီး အခုလုပ်အခုချွတ်ပါဘဲနော်။

• Sugar Wax White (Hard Wax)🤍

ချစ်သောတို့ မလိုအပ်တဲ့ အမွှေးအမျှင်တွေက
မြက်ခင်းစိမ်းလောက်လည်း မနည်း အမေဇုန်တောလောက်လည်း မများဘူးဆိုရင်တော့ ဒါလေးကို
ရွှေးချယ်သင့်ပါတယ်။ သူလေးက လည်းHard Wax ဖြစ်တာမို့အပူပေးဖို့လိုအပ်ပါတယ်။

အမေဇုန်တောကြီးကိုတော့ မြက်ရိတ်စက်နဲ့ ရိတ်သိမ်းလို့မရပင်မဲ့ ချစ်တို့ခန္ဓာကိုယ်မှာရှိတဲ့ အမေဇုန်တောလေးကိုတော့ NEM ရဲ့ Sugar Wax လေးနဲ့တင် အပြောင်ရှင်းနိုင်ပါတယ်။

ချစ်တို့လည်း အပြောင်ရှင်းချင်တယ်ဆိုရင်
Page Messenger ကနေမင်မင်တို့စောင့်နေပါတယ်ရှင်။

Sugar Wax (big size ) 320g - 7400 mmk

Sugar Wax (small size) 130g - 4200 mmk

ဗူးကြီးတစ်ဘူးလျှင် Waxing paper အရွက် 50ပါ၀င်ပြီး ဗူးသေးတစ်ဘူးလျှင် Waxing paper 15ရွက်ပါ၀င်ပါသည်။

25/12/2022

Wishing You A Merry Christmas 🎁🎄
————————————————————-
မင်္ဂလာပါ
NEM ရဲ့ချစ်ခင်ရသော မိတ်ဟောင်း / မိတ်သစ် customer များရှင့် ။

ဒီနေ့ Christmas နေ့လေးမှာ admin က customer တွေအတွက် Santa 🧑‍🎄 ရဲ့ present 🎁 💝 💝လေးစီစဉ်ထားပါတယ် ။

အဲ့တာကတော့ admin တို့ page ကနေ ဝယ်ယူသုံးစွဲဖူးတဲ့ customer တိုင်းအနေနဲ့ feedback / honest review လေးကို page review section မှာရေးပြီး Christmas wish လေးနဲ့ အခု post လေးရဲ့ comment မှာ မန့်ပေး ရုံနဲ့ GiveAway အစီအစဉ်မှာပါဝင်နိုင်မှာဖြစ်ပါတယ် ။

Share စရာမလိုအပ်ပါဖူးနော် 🙅🏼‍♀️
( ဒါပေမဲ့လူများများပါဝင်စေချင်ရင်တော့ ချစ်သောလေးတွေအနေနဲ့ မင်မင့်ကို share ပေးပေါ့နော် )

28.12.22 မှာကံထူးသူ comment picker နဲ့မဲနှိုက်ပြီးကံထူးသူနှစ်ဦးကို ကြေညာပေးပါ့မယ်ရှင့် ။

ကံထူးသူလေးနှစ်ခုကတော့ မင်တို့ NEM ရဲ့ထုတ်ကုန်များထဲမိမိကြိုက်ရာ product တစ်မျိုးကို free ဝယ်ယူနိုင်မဲ့အပြင် Phone Bill ☎️ ပါ ထည့်ပေးဦးမှာမလို့ NEM ရဲ့ ( Christmas Program ) လေး Join ပေးဖို့မမေ့ကြနဲ့နော် 🎄

23/12/2022

အားလုံးပဲ မင်္ဂလာပါ ရှင် 😚🫶🏻

Admin ကဒီနေ့မှာတော့ sugar wax ( hard wax ) ကိုအသုံးပြုပြီး under arm waxing လေးလုပ်ပြပေးထားပါတယ် ။

ဆိုင်တွေမှာသွားလုပ်ရင် စျေးကြီးပေးရတဲ့ under arm waxing ကို အချိန် ကုန် ၊ ငွေကုန်သက်သာစွာနဲ့
မင်မင်ဘယ်လို waxing လုပ်ပြသွားတယ်ဆို တာ video ထဲမှာကြည့်ပေးနော် 🫶🏻🫶🏻

Sugar wax ( 130 g ) - 4200 mmk
Sugar wax ( 320 g ) - 7200 mmk

Photos from Natural Essence Myanmar's post 21/12/2022

Crisis ကာလမှာ အိမ်တွင်းပုန်းပြီး အမွှေးချွတ်ကြမဲ့ ဘာဘီလေးတို့အားလုံး မင်္ဂလာပါ...🙊 👀။

✅ Waxing ကလည်းလုပ်ချင်တယ်...😬💭။

✅ NEM ကထုတ်တဲ့ Suagr Wax ကိုလည်း
ဝယ်ထားတယ်...🤗❤️။

ဒါပေမဲ့ စနစ်တကျ ဘယ်လိုလုပ်ရမလဲ မသိတဲ့သူတွေကို မင်မင်က Comics ပုံလေးတွေနဲ့ တကွ အလင်းပြ လိုက်ပါပြီနော်...🔦💡

မသိသေးတဲ့ ကိုယ့်သူငယ်ချင်းတွေ ရှိသေးတယ်ဆိုရင်လဲ Post အောက်မာ Mention လေးခေါ်လိုက်နော်။ 🧏🏻‍♀️💬

မိမိ Wall မှာလဲ စိတ်ကြိုက် Share လို့ရတယ်နော်။ 😘

16/12/2022

Waxing လုပ်မည့်သူတိုင်း သိထားရမည့်
လျှို့ဝှက်ချက် (6) ချက် 💁🏻💛

Waxing လုပ်တဲ့အခါ ဆိုင်တွေမှာလို
Professional Therapist တွေနဲ့မလုပ်ပဲ အချိန်ကုန်လည်း သက်သာ၊ Budget Save လည်းဖြစ်၊ Side Effect လည်းမရှိတဲ့ Sugar Wax လေးတွေ Waxing စလုပ်ကြတဲ့အခါ အဆင်ပြေကြတဲ့သူတွေလည်း ရှိကြသလို အခက်အခဲတွေကြုံတွေ့နေရတဲ့မိတ်ဆွေတွေလည်းရှိကြပါတယ်။

ဒီလိုအခက်အခဲတွေ မကြုံတွေ့ရလေအောင်

1. Waxing လုပ်မဲ့ Area က အမွှေးအမျှင်လေးတွေက အရမ်း ရှည်နေရင် ညှပ်ပေးဖို့ လိုပါတယ်။
(0.3 cm to 0.5 cm )

အဲ့လိုညှပ်ထားခြင်းက နာကြင်မှုကိုလည်းသက်သာစေသလို Unwanted Hairs တွေကိုလည်းတစ်ကြိမ်တည်းနဲ့ ဖယ်ရှားပေးနိုင်ပါတယ်။ အသားအရေ ထိခိုက်မှုကိုလည်းလျှော့ချနိုင်ပါတယ်။

2. Waxing မလုပ်ခင် Wax လုပ်မဲ့ Area ကို အနည်းဆုံး 24 hr (or) 48 hr ကြိုပြီး Exfoliating (Scrub) ပြုလုပ်ပေးသင့်ပါတယ်။

- Scrub လုပ်ခြင်းက အသားရေကို ပျော့ပြောင်းချောမွေ့စေပြီး Ingrown hair ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

- Waxing မလုပ်ခင် ရေချိုးထားခြင်းက လည်း မွှေးညင်း များနဲ့ ချွေးပေါက်တွေကို သန့်ရှင်းစေပြီး မွှေးညှင်းများ ဖယ်ရှားရာမှာ လွယ်ကူစေပါတယ် ။

- ရေမချိုးထားဖြစ်ရင်လည်းရေနွေး (သို့) သန့်စင်သောရေ နဲ့ Waxing လုပ်မည် Area ကိုဆေးကြောထားခြင်းက ပိုးဝင်ခြင်း၊ ယောင်ယမ်းခြင်း၊ယာယံခြင်း စတဲ့ မလိုလားအပ်တဲ့ ပြသနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။

3.Waxing လုပ်မည့် Area မှာ ချွေး၊အဆီ ၊ရေစိုနေခြင်းမရှိရ

- အထူးသဖြင့် Armpit waxing လုပ်တဲ့အချိန်မှာ ဂျိုင်းအဆီ၊ချွေးရှိနေရင် အမွှေးပါမလာတာမျိုး ဖြစ်တတ်ပါတယ်။

- အခြားနေရာကို Waxing လုပ်မယ်ဆိုရင်လည်းခြောက်အောင်သုတ်ပြီးမှ Sugar paste ကိုသုတ်လိမ်းသင့်ပါတယ်။

(Sugar paste သုတ်လိမ်းမည့်နေရာခြောက်သွေ့စေရန်နှင့်နာကြင်မှုသက်သာစေရန် Baby Powder ကိုသုတ်လိမ်းသင့်ပါတယ်)

4 .Waxing လုပ်ထားတဲ့ နေရာကို ကုတ်ခြင်း ဖဲ့ခြင်း exfoliate (scrub) ပြုလုပ်ခြင်း ၂၄ နာရီ အတွင်း မပြုလုပ်ရ။

- Waxing ပြုလုပ်ပြီး ၂၄ နာရီအတွင်း Normal Temperature Shower (သာမာန် အပူချိန် ရှိသော ရေ) နဲ့ သာ ရေချိုး ခြင်းကို အကြံပေးလိုပါတယ်။

- Sauna’s & stream rooms နဲ့ ရေကူးခြင်းတွေ မပြုလုပ်သင့်ပါ။

- Deodorant ပါသော ချိုင်းနံ့ပျောက်ဆေးများ ၊ perfume lotion များ ၊Roll on ၊အလှဆီနဲ့

- Chemical percentage များသော Lotion များရှောင်ရှားသင့်ပါသည်။

5. (3) ရက် မြောက် နေ့ကနေစပြီး ညှင်သာစွာ Scrub ပြုလုပ်ပေးခြင်းက ingrown hair ဖြစ်ခြင်းကို လုံးဝလျော့ချပေးနိုင်မှာပါ။

- အဲနောက်ပိုင်း ပုံမှန် တစ်ပတ် နှစ်ခါ body scrub ပုံမှန် ပြုလုပ်ပေးခြင်းက ingrown hair ကို လုံးဝ ရပ်တန့်ပေးစေမှာပါ ။

- (ဘယ် Scrub ကိုရွေးချယ်ရမလဲမသိရင် NEM ရဲ့ Coffee /Rice Baking Scrub လေးတွေက 100% Organic /Natural ဖြစ်သလို chemical လုံးဝသုံးမထားတဲ့ powder Scrub လေးတွေဖြစ်တာကြောင့် Side Effect လည်းမရှိပဲ ရလဒ်ထူးစေမှာပါ)

💚 Scrub နှစ်မျိုး အကြောင်းအသေးစိတ် 💚

1.Coffee Honey Organic Scrub 🤎☕

https://m.facebook.com/story.php?story_fbid=110755260709952&id=109656694153142

2.Rice Baking Natural Scrub 🤍🌾

https://m.facebook.com/story.php?story_fbid=157668822685262&id=109656694153142

6. အရေးအကြီးဆုံးက Hydrated ,Moisture နေ့တိုင်းနေ့တိုင်း အသားရေကို အစိုဓာတ်ရအောင် Lotion / Cream တွေ လိမ်းထားဖို့ လိုအပ်ပါတယ် ။

💚 After Care အကြောင်းပိုမိုသိလိုလျှင်... 💚

https://m.facebook.com/story.php?story_fbid=159598425825635&id=109656694153142

💚 အပူလောင်တတ်တဲ့သူတွေအတွက်... 💚

https://m.facebook.com/story.php?story_fbid=174431771008967&id=109656694153142

💚 မွှေးကျွတ်နာ အကြောင်း တစ်စေ့တစ်စောင်း... 💚

https://m.facebook.com/story.php?story_fbid=178578117260999&id=109656694153142

💚 Waxing လုပ်ရင်သွေးစို့တတ်တတ်တဲ့သူတွေအတွက် 💚

https://m.facebook.com/story.php?story_fbid=158560665929411&id=109656694153142

💚 Waxing လုပ်ဖို့အခက်တွေ့နေသူတွေအတွက် 💚

https://m.facebook.com/story.php?story_fbid=165014991950645&id=109656694153142

ဒီ Waxing Routine တွေ အကုန် ပြီး ရင် နောက် Waxing Treatment ကို (၄) ပတ် ကနေ (၆) ပတ် အတွင်း
ပြုလုပ်နိုင်ပါတယ်ရှင့်။

နောက်လည်းအခုလို ဗဟုသုတ ရစရာလေးတွေ Sharing လုပ်ပေးမှာမို့ Page လေးကို Like & Follow လုပ်ထားဖို့မမေ့ပါနဲ့နော်။ 🙆🏻🧡

12/12/2022

Private area ဘာကြောင့် မဲ‌နေတာလဲ ?

မမဲအောင် ဘယ်လို ပြုမူနေထိုင်ရမလဲ ?

Private area မဲတယ်ဆိုတာ ဘာလဲ ?

မင်မင်တို့က မြန်မာလူမျိုးတွေဖြစ်လို့ Private area ကတော့ အနည်းနဲ့အများ မဲတက်ကြပါတယ်။ ဒါဟာ စိုးရိမ်စရာမဟုတ်သလို ဒါကို လက်ခံနိုင်အောင်လဲ ကြိုးစားသင့်ပါတယ်။ 🤗

ဒါပေမယ့် Private area ဟာ နဂိုထက် ပိုမဲလာတာမျိုး နဂိုဖြူပီးသား မှာ မဲလာတာမျိုးဆိုရင်တော့
သတိထားသင့်ပါတယ်။

ဘယ်အရာတွေက Private area ကိုမဲစေတာလဲ???

• Friction

- မင်မင်တို့က ငယ်ငယ်က ဆော့ကြ၊ ခုန်နေကြတာမို့ ပွတ်တိုက်မူတွေနဲ့ Private area ကို အနည်းနဲ့အများ မဲစေပါတယ်။

- လေ့ကျင့်ခန်းလုပ်တာ၊ လမ်းလျှောက်တာများတာ၊
Gym ဆော့များတာ တွေကြောင့်လဲ ဖြစ်တက်ပါတယ်။

- နောက်ပီး Underwear တို့ ဘောင်းဘီတို့ကို ကိုယ်နဲ့အရမ်းကျပ်နေတာတွေ ဝတ်ဆင်ရမာတွင်လဲ ပွတ်တိုက်မူကြောင့် မဲစေပါတယ်။ အရေပြားရဲ့သဘာဝအရ ပွတ်တိုက်မူများရင် မဲပါတယ်။

- Private area ကို လေဝင်လေထွက်ကောင်းဖို့ကလဲ အရေးကြီးပါသေးတယ်ရှင့်။

• Hormonal Factors

- ဟော်မုန်းအပြောင်းအလဲကြောင့် Private area မဲစေနိုင်ပါတယ်။ ဟော်မုန်းရုတ်တရက်များလာတဲ့အခါမှာ private area မဲစေပါတယ်။

- ဟော်မုန်းဓာတ် အများဆုံးအချိန်ကတော့ သွေးဆုံးတဲ့အချိန်ဘဲ ဖြစ်ပါတယ်။

- အဲ့အချိန်တွေမှာ Private area မဲတာတွေဟာ သဘာဝအရ ဖြစ်သင့်လို့ဖြစ်တာမို့ ဘာမှမလုပ်ဖဲ ဒီတိုင်းထားတာကတော့ အကောင်းဆုံးပါဘဲရှင့်။

• Vaginal infection

- Private area ဆိုတာ အထိအခိုက်မခံနိုင်တဲ့နေရာဖြစ်တာမို့ ပိုးဝင်တာ မကြာခဏ ဖြစ်တက်တယ် ဆိုရင်လဲ Private area မဲစေပါတယ်။

ဒါကြောင့် Private area ပိုးမဝင်စေရန် ဂရုစိုက်ဖို့အရေးကြီးပါတယ်။

• Age

- အသက်အရွယ်ဆိုတာ အမြဲပြောင်းလဲနေတာမို့
ကိုယ့်အသက်အရွယ်မှာ ဖြစ်တက်တဲ့ သဘာဝတရားကိုတော့ ဘယ် Skin care ကမှ တားဆီးနိုင်မှာမဟုတ်ပါဘူး။

- အသက်ကြီးလာပီဆိုရင် ငယ်ရွယ်စဉ်ကတည်းက ပွတ်တိုက်မူတွေကြောင့်လဲ Private area ကိုမဲစေပါတယ်။

• Polycystic O***y Syndrome (PCOS)

- PCOS ဆိုတာ မိန်းကလေးတွေမှာ အများဆုံးဖြစ်
တတ်ပြီး နားလည်အောင်ပြောရရင် သားအိမ်မှာ
ရေအိတ်အများအပြားတည်တဲ့ ရောဂါပဲဖြစ်ပါတယ်။

- ဟော်မုန်းက သားအိမ်မှာ မျိုးဥဖြစ်တည်မူကနေ
ထွက်တာဖြစ်ပီး သားအိမ်မှာ ရေအိတ်အများအပြားတည်နေမယ်ဆ်ိုရင် ဟော်မုန်း ကောင်းကောင်း မထုတ်နိုင်ဘဲ ကျားဟော်မုန်း လွှမ်းမိုးလာသလိုဖြစ်လာပါတယ်။

-----------------------------------------------------------------

ဒါဆို private area မမဲအောင် ဘာ လုပ်ရမလဲ???

ဒီမေးခွန်းကတော့ page messenger မှာ အမေးများဆုံးမေးခွန်းလေးပါ။

- Private area မှာ သုံးမယ့်အရာတိုင်းက သဘာဝပစ္စည်းတွေဖြစ်ရပါမယ်Chemical Percentage များစွာပါတဲ့ ပစ္စည်းတွေအသုံးပြုခြင်းက private area ကိုရောင်ရမ်းစေပီး မဲစေပါတယ်။

- Private area မှာရှိသင့်တဲ့ ph level ဆိုတာရှိပါတယ်လူတယောက်ရဲ့ private area မှာရှိသင့်တဲ့ ph မှာရှိနေပါစေ Private area PH ပျက်စေတဲ့ chemical ပါတဲ့ ပစ္စည်းတွေ၊သန့်ရှင်းရေးလုပ်မယ့် ပိုးသတ်ဆေးရည်တွေ ရှောင်သင့်ပါတယ် Private area ကိုဒီတိုင်းရေနဲ့ဆေးပီး သန့်ရှင်းရေးလုပ်တာ အကောင်းဆုံးပါပဲရှင်။

-အနံ့ပါတဲ့ လူသုံးကုန်ပစ္စည်းမှန်သမျှ private area ကိုထိစပ်ခြင်းမှရှောင်ပါအနံ့ပါတဲ့ tissue ၊ wash tissues ၊လစဉ်သုံးပစ္စည်းတွေ၊ ပိုးသတ်ဆေးတွေ မသုံးသင့်ပါဘူးနော်။

- ကိုယ့်ရဲ့ private area ကအနံ့ဆိုးထွက်မှသာ pH care လေးနဲ့ဆေးပေးပါ pH care ကလည်းအရမ်းမသုံးသင့်တာမို့ လိုအပ်မှာပဲ သုံးပေးပါနော်။ပုံမှန်ဆိုရင် သန့်စင်တဲ့ရေနဲ့သာ ဆေးကြောပေးရုံမျှနှင့်အဆင်ပြေပါတယ်။

ဒီလောက်ဆိုရင်တော့ မိမိရဲ့ Private area ဘာကြောင့်မဲနေရလဲ ? Private area မဲတယ်ဆိုတာ ဘာလဲ ? မမဲအောင် ဘယ်လိုပြုမှုဆောင်ရွက်ရမလဲ ? ဆိုတာ သိရှိလောက်ပြီလို့ မျှော်လင့်ပါတယ်။

သင့်အတွက် အကျိုးတစုံတရာ ရရှိသွားတယ် ဆိုရင် သူငယ်ချင်းတွေ အတွက်လဲ Share ပေးသွားပါအုံး 💚

အပတ်စဉ် အလှအပ‌နဲ့ သတ်ဆိုင်တဲ့ Knowledge လေးတွေကို Sharing ပြုလုပ်သွားမာဖြစ်တဲ့ အတွက် Page လေးကိုလဲ Like & Follow လုပ်ထားဖို့ မမေ့ပါနဲ့နော် 💚

07/12/2022

Admin တို့ရဲ့ ( best seller ) sugar wax လေးကို စျေးဘယ်လောက်ကနေ စရောင်းခဲ့လဲသိကြလား Loyal Customer လေးတို့ရေ …… ❓

ဘယ်စျေးကနေ စရောင်းလဲဆိုတာ သိရင်တော့ အကောင်ပဲ 🫵🏻🫵🏻

စရောင်းတည်းကအားပေးလာတဲ့ အကောင် 🛒📍

Photos from Natural Essence Myanmar's post 09/11/2022

ရန်ကုန်ကcustomerလေးတွေအဆင်ပြေစေရန်ရည်ရွယ် ပြီးမင်မင်တို့ က မြို့နယ်တိုင်းက ဆိုင်တိုင်းလိုလိုများ ပစ္စည်းလေးတွေ ချပေးထားပါတယ်နော် 🫶🏻

Admin တို့ဆီက ပစ္စည်းလေးတွေက စျေးတန်ပေမဲ့
deli ခတွေကြောင့်သွေးတက်ရတယ်ဆိုတဲ့ customer လေးတွေ pick up ဝယ်လို့းပါပြီ ။ အခုလက်ရှိဝယ်လို့ရတဲ့ဆိုင်လေးတွေကတော့ …

Store 🏬 : ပွင့်ဝါစတိုး ( စမ်းချောင်းမြို့နယ် )
Contact ☎️ : 09790179442
Address : အမှတ် (50 ) ၊ ရှမ်းကုန်းလမ်းမြေနီ ကုန်းရပ်ကွက် ၊ စမ်းချောင်းမြို့နယ်

——————————————————-

Store 🏬: High Great Top Mart
Contact ☎️ : 09759900466
Address : အမှတ်(၁)၊ ဗဟ်ိုလမ်း၊ (၃)ရက်ကွက်၊ ကမာရွတ်မြို့နယ်။

——————————————————-

Store 🏬:မမွန်မွန်
Contact ☎️ : 09254007482
Address : အမှတ်(၆/၈)၊ ကွမ်းခြံ(၄)လမ်း၊ ကမာရွတ်မြို့နယ်။

——————————————————-

Store 🏬: Golden Owl Mini Mart
Contact ☎️ : 09428715280
Address : အမှတ်(၈၃၈)၊ ဗဟိုလမ်း၊(၃)ရက်ကွက်၊ ကမာရွတ်မြို့နယ်။

——————————————————-

Store 🏬: လင်းစတိုး
Contact ☎️ : 09773942952
Address : အမှတ်(၂၀/၂၄)၊ ကွမ်းခြံ(၇)လမ်း၊ ကမာရွတ်မြို့နယ်။

——————————————————-

Store 🏬: Suzuki Store
Contact ☎️ : 09404866268
Address : အမှတ်(၁၇)၊ ဗဟိုလမ်း၊ လှည်းတန်းတံတားအနီး၊ ကမာရွတ်မြို့နယ်။

——————————————————-

Store 🏬: JP Jackpot Mart
Contact ☎️ : 0943115405
Address : အမှတ်(၉၁)၊ စျေးကြီးလမ်း၊ ကြည့်မြင်တိုင်ညစျေးအနီး၊ ကြည့်မြင်တိုင်မြို့နယ်။

——————————————————-

Store 🏬: ကောင်းစည်
Contact ☎️ : 09778888433
Address : အုန်းပင်လမ်း၊ ညစျေးအနီး၊ ကြည့်မြင်တိုင်မြို့နယ်။

——————————————————-

Store 🏬: 722 Mini Mart
Contact ☎️ : 09787349559
Address : အမှတ်(၅၃၂)၊ အင်းဝလမ်း၊ တောင်ဥက္ကလာမြို့နယ်။

——————————————————-

Store 🏬: Zenith Store
Contact ☎️ : 09400466343
Address : အမှတ်(၂၂၈)၊ သုတလမ်း၊ တောင်ဥက္ကလာမြို့နယ်။

——————————————————-

Store 🏬: မိုးယံ စတိုး
Contact ☎️ : 09254878706
Address : အမှတ်(၅၃)၊ သံသုမာလမ်းမကြီး၊ တောင်ဥက္ကလာမြို့နယ်။

——————————————————-

Store 🏬: Diamond Mart
Contact ☎️ : 09795517088
Address : အမှတ်(၈၈၃)၊ ကျိုက်ဝိုင်းဘုရားလမ်း၊ (၃)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်။

——————————————————-

Store 🏬: KMC Mart
Contact ☎️ : 09449253481
Address : အမှတ်(၃၅၇)၊ တပင်ရွှေထီးလမ်း၊ (၁)ရက်ကွက်၊ မရမ်းကုန်းမြို့နယ်။

——————————————————-

Store 🏬: ချမ်းမြေ့ကြည် ဆေးဆိုင်
Contact ☎️ : 09422552016
Address : အမှတ်(၅၃၂)ဃ၊ ခေမာသီလမ်းမကြီး၊ မေဒါဝီလမ်းဆုံ၊ မြောက်ဥက္ကလာမြို့နယ်။

——————————————————-

Store 🏬: ရွှေတောသား စတိုး
Contact ☎️ : 09776748146
Address : အမှတ်(၅၈၆)၊ အမှတ်(၄)လမ်းမကြီး၊ ကန်သာယာမှတ်တိုင်၊ ရွှေပြည်သာမြို့နယ်။

——————————————————-

Store 🏬: ရွှေခရေ စတိုး
Contact ☎️ : 09795965681
Address : အမှတ်(၁၁)၊ သံလမ်း၊ (၇)ရပ်ကွက်၊ လှိုင်မြို့နယ်။

——————————————————-

Store 🏬: ဖြူ စတ်ိုး
Contact ☎️ : 09261046114
Address : အပိုင်း(၁)၊ ငမိုးရိပ်(၇)လမ်း၊ သင်္ဃန်းကျွန်းမြို့နယ်။

——————————————————-

Store 🏬: ဘဝမြင့် စတိုး (၁)
Contact ☎️ : 09895822140
Address : အမှတ်(၂၅)၊ လေးထောင့်ကန်လမ်း၊ သင်္ဃန်းကျွန်းမြို့နယ်။

——————————————————-

Store 🏬: ဘဝမြင့် စတ်ိုး(၂)
Contact ☎️ : 09269675072
Address : အမှတ်(၂၂)၊ အောင်ဇေယျ(၆)လမ်းထိပ်၊ ရန်ကုန်သစ်ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်။

——————————————————-

Store 🏬: ပန်သစ္စာ
Contact ☎️ : 09788839256
Address : အမှတ်(၅၇၆)၊ ခိုင်ရွှေဝါလမ်း၊(၂)ရက်ကွက်၊ သာကေတမြို့နယ်။

——————————————————-

Store 🏬: Asia Centre Mini Mart
Contact ☎️ : 09425315209
Address : အမှတ်(၉၃၈/၇၆)၊ အောင်မင်္ဂလာဒုံလမ်း၊ အဆောင်ရှေ့မှတ်တိုင်အနီး၊ အင်းစိန်မြို့နယ်။

——————————————————-

Store 🏬: Simple Mini Mart
Contact ☎️ : 09250289323
Address : အမှတ်(၂၅၄)၊ ဂျပန်လမ်း၊ အင်းစိန်မြို့နယ်။

——————————————————-

Store 🏬: အေးသုခ ဆေးဆိုင်
Contact ☎️ :09769962346
Address : အမှတ်(၂၄၅- A)၊ ဂျပန်လမ်း၊ ရွာမရှေ့ရပ်ကွက်၊ အင်းစိန်မြို့နယ်။

တို့ပဲဖြစ်ပါတယ်။ နောက်ရတဲ့ဆိုင်လေးတွေကိုလည်းမင်မင်တို့တင်ပေးမယ်နော် ။

ဆိုင်တင်ချင်တဲ့ ဆိုင်ရှင်တွေလည်း မင်မင်တို့ကို chat box မှာ ဆက်သွယ်လို့ရပါပြီနော် 🫶🏻

08/11/2022

မင်မင့်သဲလေးတို့ရေ မင်မင် Pocket Money Link လေးတွေ Original Post အောက်မှာချထားပေးပြီနော်

နိုးတဲ့သူတွေယူကြတော့ 200 စာမလို့ 50 လေးခါချပေးမယ်နော် 🫶🏻

07/11/2022

တန်ဆောင်တိုင်ဆိုရင် မင်မင်တို့ကနှစ်တိုင်းလိုလို ပံ့သကူ ပစ်လေ့ရှိတော့ ဒီနေ့လည်း customer တွေက လာမေးလို့ပံ့သကူပစ်ပေးမယ်နော် 😻🫶🏻

မင်တို့ Page အတွက်ဆုတောင်းလေး ရေးပြီး Post ကို Share သွားပေးပါရှင့် ။

မ Share လည်းရပါတယ်နော် ။ ဒါပေမဲ့ Share တဲ့သူများတော့ လူတွေ များများပါဝင်လို့ရတာပေါ့ 📌

အယောက် 200 တိတိဝင်ယူလို့ရမဲ့ Pocket Money Link ကို 8 ရက်နေ့ကျရင် cmt မှာချပေးပါ့မယ်ရှင့် ။

အဲ့ကျရင် cmt ရေးထားတဲ့သူတွေက Noti ယူထား သလိုဖြစ်ပြီး ဦးသူ 200 ကဝင်ယူလို့ရပါပြီနော် ။

စိတ်ဝင်စားစရာကောင်းတဲ့နောက်ထပ် အစီအစဉ်လေးက ပံ့သကူအများဆုံးရတဲ့ သူလေးကို မင်မင်တို့က Sugar Wax လေးလည်းလက်ဆောင်ပေးဦးမှာဆိုတော့ အရမ်း အဆင်ပြေသွားပြီဟုတ် ???

27/09/2022

Ma" Mee ကတကယ် ချစ်စရာကောင်းတာ။ ပထမတစ်ခါ Sugar Wax ကို Try ကြည့်တုန်းက သူအဆင်မပြေလို့ဆိုပြီး Review မပေးသေးဖူး။ အကြာကြီးသုံးပြီးမှ Review ရေးတာ။

Lip Balm တုန်းကလည်း ဘူးပေါ်မှာရေးတဲ့ Ingredient list တွေသေးတဲ့အကြောင်းအကြံပေးသေးတယ်။ အခုတော့ Lip Balm packing ကိုလည်းသေသေချာချာလေးပြင်ဆင်ထားပါတယ် 💓✨

အခုဖတ်ရမယ့် Blog လေးက ယနေ့အချိန်ထိ Me သုံးထားဖူးသမျှ Local Brand တွေအများကြီးထဲက

သုံးလို့ တကယ်ကောင်းတဲ့ Prdouct တွေကိုထုတ်ထားတဲ့ Local Brand တွေကို Mention သွားမှာပါ ( Local က Formulator ကို Appriciate လုပ်တာဖြစ်လို့ Other Country OEM Brand တွေကိုတော့ ဒီ List မှာမပါတာကို နားလည်ပေးပါ )

တစ်ချို့ Brand တွေကတော့ Product Quality အပြင် Packaging ကအစပြည့်စုံပါတယ် တစ်ချို့ Products တွေကတော့ Packaging ပိုင်းအားနည်းနေတာလေးတွေတော့ ရှိပါတယ် (Me တစ်ဦးတည်းရဲ့ အမြင်က Packaging ထက် Product ရဲ့ Quality ကိုပဲအသားပေးတာပါ)

ဒီ Local Brand တွေထဲမှာ FDA / Lab Test ရထားတာတွေပါသလို ခတ်ကာလအခြေနေရ လျှောက်ထားခြင်းမရှိသေးတာလည်းပါမယ် Me အတွက်တော့ ပြသနာမဟုတ်ပါ

Texture / Scent / Result / Ingredients / Formulation / First Impression / Packaging စတဲ့အချက်တွေအားလုံးပေါင်းထားတာဖြစ်ပြီး User တစ်ဦး Blogger တစ်ဦးရဲ လေ့လာထားသော Knowledge နဲ့အတူ တခြားနိုင်ငံက နာမည်ကြီး Product တွေနဲ့ နှိုင်းယှဥ်ပြီး သုံးသပ်ထားခြင်းဖြစ်ပါတယ် ( Me သည် ပစ္စည်းထုတ်နိုင်သော ပညာရှင်မဟုတ်ရပါ )

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

👉 Flawless Myanmar
ထွက်သမျှနီးပါးသုံးထားဖူးခဲ့တာ လွန်ခဲ့သော 2016 ကာလတည်းကပါ

👉 DT Bathhouse
ထွက်သမျှအားလုံးမသုံးဖူးတာမရှိ နောက်ဆုံးထွက်ထားတဲ့ Sulphate Free Shampoo လည်း ၁ကြိမ်သုံးထားပြီးပြီ Review ကတော့ကြာပါအုံးမယ်နော်

👉 Myat's Creations
ထွက်သမျှ အားလုံးနီးပါးသုံးဖူးတယ် မကြိုက်မိတာမရှိသလောက်ပဲ

👉
ထွက်သမျှအားလုံးနီးနီး သုံးဖူးတယ် အကုန်တော့မကြိုက် Face Oil ကတော့အကြိုက်ဆုံး ( Page Mention မရ )

👉 Beauty By 21
အကုန်သုံးဖူးတယ် အကုန်ကြိုက်တယ် နောက်ထပ်အသစ်တွေကိုလည်း ဘယ်လို ပြင်ဆင်ထားတယ်ဆိုတာသိထားလို့ Support လုပ်ပေးသွားအုံးမှာပါ

👉 Odd girl's botanical & natural
ထွက်သမျှမဟုတ်ပေမယ့် သုံးဖူးသမျှကတော့ Premium Quality လို့ရဲရဲကြီးပြောရဲပါတယ်

👉 santuṭṭhi
Shampoo Bar နဲ့ Serum Bar အကြိမ်များစွာသုံးဖူး Packaging တွေကအစ မိမိုက်

👉 Kaido Myanmar
Medicate Oil ရှယ်ကြိုက် ဗူးပေါင်းများစွာသုံးပြီး

👉 The Influence.
ရနံတွေနဲ့ ဖမ်းစားသော Body Massage Oil တွေ ကြိုက်သောပဲ

👉 Skin's Miracles
Body Butter လေးတွေကိိုပိုကြိုက်

👉
Oat Cleanser လေးကတော့ တကယ် Stant Out ဖြစ်တယ်လို့မြင်မိတယ် ( Page Mention မရ )

👉 Beauty Care By May
အားလုံးတော့မသုံးဖူးပေမယ့် သုံးဖူးတာတွေကို တကယ်ကြိုက်ပါတယ်

👉 Happy Skin skincare
Body Butter နဲ့ Body Scrub ကိုတော့ တော်တော်သဘောကျပါတယ်

👉 Hermosa Myanmar
Body Butter နဲ့ Body Scrub ကြိုက်တယ်

👉 Lady RC's Personal Care Products
အကုန်သုံးဖူးတယ် အကုန်တော့မကြိုက် Shampoo, Hair Oil & Body Scrub အတော်ကြိုက်

👉 Natural Essence Myanmar
Lip Scrub နဲ့ Waxing တွေသုံးဖူးတယ် ကြိုက်တယ်အဆင်ပြေတယ်

👉 Daisuki Handmade Natural Facial Soap
Soap Bar လေးတွေပဲထွက်တာ တော်တော်အဆင်​ပြေတယ်

👉 & Share
အကုန်သုံးထားဖူးပြီး အကုန်တော့ မကြိုက်မိ Coffee & Turmeric Body Shower Gel တော့တော်တော်ကြီးကြိုက်တယ် နောက်မှ တလှည့် ပြန်ဝယ်သုံးအုံးမယ် ( Page Mention မရ )

👉 A Moe - အမိုး
Body Shower Gel လေးတွေအရမ်းသဘောကျတယ် နောက်မှထပ်ဝယ်ထားဖြစ်အုံးမယ် လက်ဆောင်ပေးချင်လို့

👉 SkinX Myanmar
Review မရေးဖူးသေးပါ လတ်တလော Try နေတာပါ တော်တော်လေးသဘောကျမိတဲ့အထဲ ပါပါတယ်

👉 Lily In The Valley
Scrub & Soap Barတွေပဲထုတ်တာ Scrub ၃ မျိုးတော့သုံးဖူးတယ် သဘောကျတယ် နောက်မှထပ်ပြီး ပြန်ဝယ်သုံးချင်တာလည်းရှိတယ်

👉 Be Still By Irene
Facial Cleanser လေးပဲထွက်သေးတယ် ထွက်တာလည်းမကြာသေး ခုမှသုံးကြည့်နေတာ အဆင်တော်တော်ပြေတယ်လို့ ပြောလို့ရပါတယ်

👉 The Mix By Su
သူကတော့ နာမည်ကြီးပြီးသားမို့ပါ Review ရယ်လို့ မတင်ဖြစ်လိုက်ပေမယ့် ဝယ်သုံးဖြစ်တာတွေရှိတယ်

➖➖➖➖➖➖➖➖➖➖➖➖➖➖

ဒါသည် Me ရဲ့ Experience ပေါ်အခြေခံတာပါ ဒီ List မှာမပါတဲ့ Local Brand တွေက မကောင်းတာမဟုတ်ပါ Me အနေနဲ့ အရမ်း မကြိုက်မိလို့ မထည့်တာလည်းရှိသလို သေသေချာချာမသုံးရသေးလို့ မပြောနိိုင်သေးတာတွေလည်း ရှိနေလို့ပါ

မသိလို့ မသုံးဖူးသေး / သိပေမယ့် မသုံးဖူးသေးတာတွေလည်း ရှိတာဖြစ်လို့ ဒီ List မှာ မပါတာလည်း ရှိပါတယ်နော် နောက်ထပ်နှစ်တွေမှာ သုံးဖူးတာတွေထပ်တိုးလာတဲ့အခါ ခုလိုပဲ ပြန်လည်မျှပေးပါအုံးမယ်ရှင်

04/09/2022

Juction Mawtin ( Sep : 2,3,4,5 ) လေးရက် ရောင်းချနေတာပဲဖြစ်ပါတယ်။

( အဖြေမှန်တဲ့သူတွေများတော့ radom picker နဲ့ pick လုပ်ပေးမယ်​နော် )

Admin ရဲ့ချစ်ရတဲ့ ရန်ကုန်မြို့မှ Customer လေးများကို Junction Mawtin ကိုလာရောက်ဖို့ဖိတ်ခေါ်ပါတယ်ရှင့်။ NEM ရဲ့ Products အစုံကို စိတ်ကြိုက် try on လုပ်လို့ရပြီး Deliivery fee မကုန်ပဲ တစ်ခါတည်း Pick up ဝယ်ယူနိုင်မှာဆိုတော့အရမ်းကိုကောင်းတဲ့အခွင့်အရေးလေးနော် 💓

ဒါတင်မကပဲ Natural Essence Myanmar_Yangon Region Page ကို Like and Share လုပ်ထားတဲ့ 10 % discount ပါရရှိမှာပဲဖြစ်ပါတယ်။

ဒါတင်မက Moblie Banking နဲ့လည်း အလွယ်တကူပေးချေနိုင်တာဆိုတော့ ဒီ့ထက်မိုက်တာမရှိ​တော့ဖူးနော်။ဒီနေ့နဲ့မနက်ဖြန်ရှိနေဦးမှာဆိုတော့ အခွင့်အရေးကိုလက်လွှတ်မခံပဲ လာရောက်အားပေးကြဖို့ မင်မင်က ဖိတ်ခေါ်လိုက်ပါတယ်ရှင့်။

Photos from Natural Essence Myanmar's post 02/09/2022

Admin တို့ဒီနေ့ ရန်ကုန်မြို့ရဲ့ shopping mall တစ်ခုမှာရှိနေကြပါတယ် ။ အဲ့ဒီနေရာလေးက -

ဘယ်နေရာလဲ ❓

ဘယ်နှစ်ရက်နေ့အထိ Admin တို့ဆက်လက်ရောင်းချမှာလဲ ❓

ဆိုတာကို ခန့်မှန်းပေးရမှာပဲဖြစ်ပါတယ်ရှင့်။မနက်ဖြန်မနက်မှာအဲ့ဒီနေရာလေး အကြောင်းရှင်းပြရင်း မဲဖောက်ပေးမယ်နော်သဲလေးတို့​ရေ 🫶🏻

Want your business to be the top-listed Beauty Salon in Magway?
Click here to claim your Sponsored Listing.

Natural Essence Myanmar ဖြစ်တည်လာခြင်း

-Natural Essence Myanmar ကို 2020 ခုနှစ်ဇူလိုင်လ 18 ရက်နေ့တွင်စတင်တည်ထောင်ခဲ့ပါသည်။ဓာတုပစ္စည်း ပါဝင်မှုနှုန်းများသော Productများနှင့်ဓာတ်မတည့်တဲ့သူများ၊ Natural product များကိုမှမြတ်နိုးစွာသုံးစွဲချင်သူများအတွက်အဓိကရည်ရွယ်ပြီး Dr. Scrub (Coffee-Honey Organic Scrub) Dr. Scrub (Rice-Baking Natural Scrub) Dr. Wax (Sugar Wax) တို့ကို 0% Chemical အဖြစ်ထုတ်လုပ် ထားပါသည်။

-စျေးနှုန်းချိုသာရမည် ၊ အရည်အသွေးကောင်းမွန်ရမည်ဆိုတဲ့ (High Quality with low budget ) ဆိုတဲ့ဆောင်ပုဒ် နှင့်အညီ သုံးစွဲသူများ အတွက် ပေးချေရသောငွေကြေးထက် အဆမတန်ပိုများသော အရည်အသွေးကိုသာပေးနိုင်အောင် အမြဲ ကြိုးစားလျှက်ရှိပါသည်။

-ဆက်လက်၍လည်း ဝယ်ယူသုံးစွဲသူများအတွက် အရည်အသွေးကောင်းမွန်၍စျေးနှုန်းချိုသာသော၊ဓာတုပစ္စည်းပါဝင်မှုနှုန်းနည်းနိုင်သမျှနည်းပါသော ထုတ်ကုန်များကိုသာ ထုတ်လုပ်သွားမည်ဖြစ်ပါသည်။

Videos (show all)

ခေတ်ရေစီကြောင်း နှင့် အညီ မြန်မာနိုင်ငံ 🇲🇲 ကို ရောက်ရှိလာတဲ့ Man and Woman Brazilian 🇧🇷 Waxing အကြောင်းတစေ့တစောင်း . . ....
Sugar Wax အသုံးပြုနည်း Video
Microwave ဖြင့်အပူပေးနည်း ။
CHEL's Review Vlog
Giveaway Winners
The Queen's Beauty Secret

Telephone

Website

Address


Natmauk Street
Magway
04011

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00

Other Spa, Beauty & Personal Care in Magway (show all)
Rose.  Hair Salon Rose. Hair Salon
Magway, 04016

EAINT's Store EAINT's Store
Magway

Beauty Diary Magway Beauty Diary Magway
No(280), Pyi Tharyar Road, Ywarlay Ward
Magway, 04011

Costemic Magway Nectar Costemic Magway Nectar
ပြည်တော်သာလမ်းနှင့် အထက၂ ကျောင်းအနောက်ဘက်
Magway

Fairy Products By Snow Phyu Fairy Products By Snow Phyu
Magway, NO

Fairy Prducts များအား ကုမ္ပဏီ ဈေးအတိုင်း လက်?

Ma Pont Online Shoping Ma Pont Online Shoping
TaTa&တကစ(၃)
Magway, MAGWAY(မကွေး)90101.MYOTHIT

အလှကုန်ပစည်းများကိုဒီစာမျက်နှာမှာ?

Crafty Fox Crafty Fox
Aung Myit Tar C-10st
Magway

online shop

Soe San Skincare & Cosmetics Soe San Skincare & Cosmetics
လမ်း၅သွယ်အနီး ခရိုင်ရဲတိုက်တန်း မင်းနွယ်မျက်စောင်းထိုး ဗိုလ်ချုပ်လမ်း မကွေးမြို့
Magway

Authentic Skincare & Supplements , Cosmetics များကို ပစ္စည်းမှန် စျေးနှုန်းမှန်ဖြင့် ဝယ်ယူနိုင်ပါပြီရှင်💜

IB  cream magway DL IB cream magway DL
Magway

Korea ဆန်ဆန်လှဖို့ဆို korea brand IB cream ကိုပဲရွေး

CHIT PANN EAIN/ Hair & Beauty Center CHIT PANN EAIN/ Hair & Beauty Center
အမှတ် P(1) 19လမ်း, အထက(၂) လမ်းနှင့်မဲထီးလမ်းကြား, ရွာသစ်ပွဲကြိုရပ်။
Magway, ၀၄၀၁၁

Hair Beauty and Personal Care Services