Thar Htet online shop

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thar Htet online shop, Clothing Store, Magway.

Photos from Thar Htet online shop's post 08/04/2024

All sold out
မှာထားတဲ့သူများရောက်ပါပြီနော်
ရာသီစာလေးထပ်ရောက်ထားပါတယ်
# #အင်းလေးချည်ရာဇမတ်ကွက် ၃ကိုက်တထွာဝမ်းဆက်
တစ်စုံ 15500ကျပ်ပါ
#မကွေးမြို့တွင်းအိမ်ရောက်ငွေချေရပါတယ်
09401618751

08/04/2024

Big shout out to my newest top fans! 💎 Daw Nozin Lamin

Photos from Thar Htet online shop's post 23/03/2024

နွေရာသီအတွက်အဆင်ပြေသော
BKK ချည်ဖောင်းကြွကွက်နုဝမ်းဆက်
M size ရင်-40 တင်-44 ပေါင် 90-120ခန့်မှန်း
L size ရင်-42 တင်-48 ပေါင်110-140 ခန့်မှန်း
XL size ရင်-46 တင်-50 ပေါင်140-170ခန့်မှန်း
M size တစုံ 15000ကျပ်
L size တစုံ 15500 ကျပ်
XL size တစုံ 16000 ကျပ်
Please cb (or) 09401618751

Photos from Thar Htet online shop's post 23/03/2024

နွေရာသီအတွက်အဆင်ပြေသော
BKK ချည်ဖောင်းကြွcottonကွက်စိပ်ဝမ်းဆက်
M size ရင်-40 တင်-44 ပေါင် 90-120ခန့်မှန်း
L size ရင်-42 တင်-48 ပေါင်110-140 ခန့်မှန်း
XL size ရင်-46 တင်-50 ပေါင်140-170ခန့်မှန်း
M size တစုံ 13000ကျပ်
L size တစုံ 13500 ကျပ်
XL size တစုံ 14000 ကျပ်
Please cb (or) 09401618751

Photos from Thar Htet online shop's post 23/03/2024

နွေရာသီအတွက်အဆင်ပြေသော
BKK ချည်ကြိုးထိုးအသဲဝမ်းဆက်
M size ရင်-40 တင်-44 ပေါင် 90-120ခန့်မှန်း
L size ရင်-42 တင်-48 ပေါင်110-140 ခန့်မှန်း
XL size ရင်-46 တင်-50 ပေါင်140-170ခန့်မှန်း
M size တစုံ 16000ကျပ်
L size တစုံ 16500 ကျပ်
XL size တစုံ 17000 ကျပ်
Please cb (or) 09401618751

Photos from Thar Htet online shop's post 01/03/2024
21/02/2024

ဘိုင့်

Photos from Thar Htet online shop's post 12/02/2024

အင်းလေးချည်ရာဇမတ်ကွက်ချုပ်ပုံလေးများ
Photo credit ပါရှင့်
htet online shop

Photos from Thar Htet online shop's post 12/02/2024

မကြာခင်နွေရာသီရောက်တော့မယ်နော်
နွေစာအေးအေးလေးကော်တွန်အိအိလေး
လိပ်ပြာစင်လေးရပါမယ်
တစုံ 10000ကျပ်ပါ
#မကွေးမြို့တွင်းအိမ်ရောက်ငွေချေ
htet online shop
09961472136 or cb please

20/01/2024
20/01/2024

အကုန်လိမ်နေကြတာ

Photos from Thar Htet online shop's post 12/01/2024

ကော်တွန်သားအေးအေးအိအိလေး
အပွင့်နုတ်ဆင်ကြိုက်တဲ့ကာကာလေးတို့အတွက်
ကော်တွန်လေးတွေရောက်ထားပါတယ်ရှင့်
၃ကိုက်ဝမ်းဆက် -တစ်စုံဈေး - 10000ကျပ်ပါ
၅စုံဈေး၊၁၀စုံ‌ေစျးသီးသန့်ရှိပါတယ်ရှင့်
#မကွေးမြို့တွင်းအိမ်ရောက်ငွေချေ
Htet online shop
09401618751 or cb

Photos from Thar Htet online shop's post 12/01/2024

နွေရာသီစာလေး‌တွေကြိုစုထားလို့ရပြီနော်
Product of java
ရွှေလက်မှု့တမူး၃ကိုက်ဝမ်းဆက် ကနုတ်ဆင်
တစုံ 14000ကျပ်ပါ
လက်ကားဈေးသီးသန့်ရှိပါတယ်ရှင့်
#မကွေးမြို့တွင်းအိမ်ရောက်ငွေချေ
Htet online shop
09401618751 or cb

Photos from Thar Htet online shop's post 11/01/2024

မင်မင့်ဆီက2/80စည်းဝမ်းဆက်နဲ့
လှနေသောကာကာလေး
ပုံလေးပို့ပေးတဲ့အတွက်ကျေးဇူးပါ

08/01/2024

အိုစာမင်းစာ အပြင်
မေတ္တာပါစု ရပါတယ်
ပိုက်ဆံချည်းစုလို့ မရဘူး
အိုလာတဲ့အချိန်မှာ
ပိုက်ဆံထက်တောင်
မေတ္တာကပို အရေးပါနေမယ်လို့ထင်မိပါတယ်။

ပိုက်ဆံက
နေဖို့ ထိုင်ဖို့
စားဖို့ ၾသားဖို့ လာဖို့
မကျန်းမာရင်ကုသဖို့
လိုတာမှန်ပေမယ့်

အိုလာတဲ့အခါ ဘေးနားမှာ
ကိုယ့်ရဲ့ ဝေယျာဝေစ္စကို
လုပ်ပေးမယ့်
မေတ္တာရှိတဲ့သူ လိုလာပါတယ်

သားသမီးမြေးမြစ် ဘယ်နှစ်ယောက်ရှိရှိ
အနားမှာ ဘယ်သူမှ
ခဏတစ်ဖြုတ်အပြင်
အဖော် မလုပ်ပေးနိုင်ရင်

ဘယ်သူနဲ့ဖြစ်ဖြစ်
ကိုယ့်အနားရောက်လာရင်
ချစ်အောင်နေ
အေးချမ်းအောင်နေ
မတ်တောထား

စကားပြောတာ
ခေါ်တာပြောတာကအစ
အေးချမ်းအောင်
နှစ်လိုဖွယ်ဖြစ်အောင်
မေတ္တာနဲ့ ဆက်ဆံပြီး
မေတ္တာတွေ စုရပါတယ်

အဲ့ဒါမှ..
ကိုယ်အိုလာတဲ့အခါ..
လုပ်ပေးမယ့်သူ..
ပြုစုမယ့်သူပေါပြီး..
အိုတဲ့အချိန်ကို..
အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်မှာ..

ကျန်းမာရေးက အစ
ဘဝကူးတဲ့အချိန်အထိ ..

ကိုယ့်လက် ကိုယ့်ခြေနိုင်တဲ့ အနေအထား
ဆိုရင်တော့ တော်သေးတာပေါ့..
သူများ အကူအညီလိုလာပြီဆို..အိုစာမင်းစာ
စုလာတာမှာ.. ပိုက်ဆံချည်းပဲ မပြည့်စုံတော့ဘူး..

မေတ္တာတွေပါ လိုလာပါပြီ..

တကယ်တော့ အိုလာတဲ့အချိန်မှာ..
ပိုက်ဆံထက်တောင်..
မေတ္တာကပို အရေးပါနေမယ်လို့ထင်မိပါတယ်။

Credit

08/01/2024

ဒီနေ့
Offline ရောင်းရတဲ့နေ့ပါ
ချည်ဇင်းမယ် 5စုံ
အင်းလေးချည်ရာဇမတ်ကွက် 3စုံ
Sold Out
အားပေးကြတဲ့ကာကာများအားလုံးကို
Htet online shop မိသားစုမှ
ကျေးဇူးတင်ပါတယ်ရှင့်

05/01/2024

နှုတ်ထွက်စကားမမှားစေနဲ့

လောကကြီးမှာ နှုတ်ထွက်စကားသည် အလွန်အရေးကြီး၏။ ပြောတတ်လျှင် အကျိုးများသလောက် မပြောတတ်လျှင် အန္တရာယ် ရှိ၏။ ထို့ကြောင့် " ချစ်စေလိုလျှင်လည်း ခံတွင်းလက်နှစ်သစ် မုန်းစေလိုလျှင်လည်း ခံတွင်းလက်နှစ်သစ်" ဟု ဆိုခဲ့ကြခြင်း ဖြစ်သည်။ နှုတ်သည် အချစ်နှင့် အမုန်းကို ဖန်တီးနိုင်စွမ်းရှိ၏ဟု ဆိုလို၏။ ထို့ကြောင့် ဘယ်သူနှင့် ပြောပြော အကျိုးရှိမှ ပြောရမည် ဖြစ်သည်။

၁။ ကဲ့ရဲ့စကား မပြောမိစေနဲ့

အပြစ်ရှိသူကိုသာ ကဲ့ရဲ့ခြင်းသည် ဓမ္မကျင့်ထုံးတစ်ခုပင် ဖြစ်၏။ ထို့ကြောင့် အပြစ်မရှိသူကို မကဲ့ရဲ့သင့်ပေ။ အကယ်၍ ကဲ့ရဲ့မိလျှင် အပြစ်ရှိသွားတော့၏။

အပြစ်ရှိလျှင် အတိုးနှင့်တကွ အကြွေးဆပ်ရမည် ဖြစ်သည်။ ထို့ကြောင့် အပြစ်မရှိသူကို ကဲ့ရဲ့သူများသည် မတရားသဖြင့် စွပ်စွဲခံရတတ်လေသည်။ သို့ဖြစ်ရကား ကဲ့ရဲ့စကား မပြောမိအောင် သတိထားရမည် ဖြစ်သည်။

၂။ ကုန်းတိုက်စကား မပြောမိစေနဲ့

ကွဲပြားနေသူတို့ကိုသာ စေ့စပ်ပေးခြင်းသည် ဓမ္မကျင့်ထုံးတစ်ခုပင် ဖြစ်သည်။ ထို့ကြောင့် ညီညွတ်နေသူများကိုတော့ ကွဲပြားအောင် မလုပ်သင့်ပေ။ အကယ်၍ လုပ်လျှင် အပြစ်ရှိသွားတော့၏။

အပြစ်ရှိလျှင် အတိုးနှင့်တကွ အကြွေးဆပ်ရမည် ဖြစ်သည်။ ထို့ကြောင့် ကုန်းတိုက်သော သူများ သားတကွဲမယားတကွဲ ဖြစ်တတ်ပေသည်။ သို့ဖြစ်ရကား ကုန်းတိုက်စကား မပြောမိအောင် သတိထားရမည် ဖြစ်သည်။

၃။ လိမ်ညာစကား မပြောမိစေနဲ့

မှန်ကန်တဲ့စကား ပြောခြင်းသည် ဓမ္မကျင့်ထုံးတစ်ခုပင် ဖြစ်သည်။ ထို့ကြောင့် အလိမ်အညာစကားကိုတော့ မပြောသင့်ပေ။ အကယ်၍ ပြောလျှင် အပြစ်ရှိသွားတော့၏။

အပြစ်ရှိလျှင် အတိုးနှင့်တကွ အကြွေးဆပ်ရမည် ဖြစ်သည်။ ထို့ကြောင့် လိမ်ညာပြောသူတို့သည် နောက်နောင်ဘဝတို့၌ အစွံ့အအ ဖြစ်တတ်ပေသည်။ သို့ဖြစ်ရကား အလိမ်အညာစကား မပြောမိအောင် သတိထားရမည် ဖြစ်သည်။

၄။ အယုတ်တမာစကား မပြောမိစေနဲ့

ယဉ်ကျေးသောစကားကို ပြောခြင်းသည် ဓမ္မကျင့်ထုံးတစ်ခုပင် ဖြစ်သည်။ ထို့ကြောင့် မကြားဝံ့မနာသာ အယုတ်တမာစကားကို မပြောသင့်ပေ။ အကယ်၍ ပြောလျှင် အပြစ်ရှိသွားတော့၏။

အပြစ်ရှိလျှင် အတိုးနှင့်တကွ အကြွေးဆပ်ရမည် ဖြစ်သည်။ ထို့ကြောင့် အယုတ်တမာစကား ပြောသူများသည် ယုတ်ညံ့သောအမျိုးမှာ ဖြစ်တတ်ပေသည်။ သို့ဖြစ်ရကား အယုတ်တမာစကား မပြောမိအောင် သတိထားရမည် ဖြစ်သည်။

အပြစ်ကင်းမှချမ်းသာမယ်

အကုသိုလ်သည် ကာယကံအကုသိုလ်နှင့် နှုတ်ဖြင့် ဝစီကံ အကုသိုလ်ဆိုပြီး နှစ်မျိုး ရှိ၏။ ထိုနှစ်မျိုးတွင် ကာယကံအကုသိုလ်ထက် ဝစီကံ အကုသိုလ်က ပိုပြီး အဖြစ်များ၏။ ထို့ကြောင့် ဝစီကံ အကုသိုလ် မဖြစ်အောင် သတိထားရပေမည်။

ဝစီကံ အကုသိုလ်မဖြစ်ဖို့အတွက် အကျိုးမဲ့စကားကို ရှောင်ကြဉ်ရမည် ဖြစ်သည်။ အကျိုးမဲ့စကားကို ရှောင်ကြဉ်မှလည်း အပြစ်ကင်းမည် ဖြစ်၏။ အပြစ်ကင်းမှလည်း စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြင့် ဘဝခရီးကို လျှောက်လှမ်းနိုင်မည် ဖြစ်ပါပေ၏။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"

အင်ကြင်းမြိုင်ဆရာတော်
အရှင်ဒေဝိန္ဒာဘိဝံသ

ဓမ္မဒါနပြန်လည်မျှဝေပါသည်။

05/01/2024

Top fan လေးတွေ
Comment ရေးတဲ့အချစ်ကလေးတို့
Like&shareပေးတဲ့အသဲတို့ အတွက် supriseလက်ဆောင်လေးတွေလာမယ်နော်
htet online shop

Photos from Thar Htet online shop's post 03/01/2024

#လျော့ဈေး
Product of java
Airline ပါတိတ်ဝမ်းဆက် 3meter
ပုံမှန်ဈေး 12000
ယခုဈေး 9000
#မကွေးမြို့တွင်းအိမ်ရောက်ငွေချေ
Please cb or 09401618751

Photos from Thar Htet online shop's post 03/01/2024

Hello
လျော့ဈေးလေးတွေလာပါပြီ‌
ငွေပေါ်အရှုံးခံပြီးရောင်းပေးတာပါ
မင်မင်ကမကွေးကပါရှင့်
မကွေးမြို့တွင်း၊နတ်မောက်မြို့ပေါ်အိမ်ရောက်ငွေချေရပါတယ်
Product of java
မှုံနံ့သာပါတိတ်
ပုံမှန်ဈေး 10000
လျော့ဈေး 7000
အရောင်တူ၃ကွင်းကျန်
၃ကွင်းလုံးယူ 15000ကျပ်ပါ
ကြိုက်နှစ်သက်လျှင်အားပေးပါအုံး
09401618751 or cb
Htet online shop

03/01/2024

Shout out to my newest followers! Excited to have you onboard! Sa Kura, Lae Lae

Photos from Thar Htet online shop's post 02/01/2024

ပေါ့ပါးပြီး သက်တောင့်သက်သာရှိတဲ့ pajama လှလှလေးတွေ ရှာနေရင်တော့ အခုပဲမှာယူလို့ရပါပြီ

ရာသီဥတုမရွေး ဝတ်လို့ ကောင်းသော Vietnam ချည်ခြစ်သားလေးကို အသုံးပြုပေးထားပါတယ်ရှင်။

KKHရဲ့ ပထမဆုံး collection လေးမှာတော့ ရွေးချယ်စရာ အဆင်လေးမျိုးရှိပြီး unisex ဝတ်ဆင်နိုင်အောင်ထုတ်လုပ်ပေးထားပါတယ်နော်🥰

S,M,L,XL ဆိုပြီး လေးဆိုဒ်တောင် ထုတ်လုပ်ပေးထားလို့ Size chartလေးကိုကြည့်ပြီး မိမိအဆင်ပြေနှစ်သက်ရာကို ဝယ်ယူအားပေးလို့ရပါပြီရှင်🙆🏻‍♀️🫶🏻

Price - 18500(S,M) / 19500(L,XL)
Size - S,M,L,XL
Available Colors- 4 Colors

-Ygn, Mdy Cash on delivery 🚚
-Insock ‼️
-We’ll deliver within 3days.

Thanks for shopping with us💕

31/12/2023

Happy New Year 2024
ကောင်းသောအပြောင်းအလဲများကြုံရပါစေ
ရည်မှန်းချက်များအောင်မြင်ပါ‌စေ
Htet online shop

31/12/2023

အိမ်တွေ ဆိုင်တွေမှာ တွေ့ရတဲ့ (လှိမ့်ဝင်တည်သုံး)အဆောင် အကြောင်း

မိတ်ဆွေတစ်ယောက်နဲ့ ၂ နှစ်ခွဲနေမှ ပြန်တွေ့တော့ သူ့မိသားစုကတော်တော်လေး အဆင်ပြေနေပြီး အရင် ထရံအိမ်လေးနေရာမှာအခု အာစီတစ်ထပ်တိုက်ကြီးနဲ့ပေါ့ အရမ်းကိုအဆင်ပြေပြီးနောက်ထပ်တိုက်တစ်လုံးတောင် ဆောက်နေတယ်လို့ ပြောပါတယ်။

သူ့လုပ်ငန်းက တအားလှိမ့်ဝင်သွားတာကို အဲ့..... သူ့အိမ်ရှေ့အဝင်ဝမှာ လှိမ့်ဝင် စဉ့်အရုပ်လေးကို အိမ်ဘက် လှိမ့်ဝင်နေတဲ့ ပုံချိတ်ထားတာတွေ့ရပါတယ်။ အိမ်ဧည့်ခန်းမှာတော့ စဉ့်အိုးလေးတည်နေတဲ့ပုံကို တင်ထားတာတွ့ရပါတယ်။ မေးကြည့်တော့ လှိမ့်ဝင် တည် သုံးလေတဲ့စီးပွားဖြစ်တယ်။ လုပ်ငန်းကောင်းတယ်တဲ့ဗျာ။

ကျွန်တော်တို့မြို့မှာထမင်းဆိုင်တစ်ဆိုင်ရှိတယ် အရမ်းကိုရောင်းရတယ်။ အလှူပေးနေသလိုကိုရောင်းရတာ သူတို့အိမ်မှာလည်းအိမ်ရှေ့သံတံခါးအုတ်ခုံမှာအဲဒီလှိမ့်ဝင်အရုပ်လေးအိမ်ဘက်ကို လှိမ့်ဝင်နေတဲ့ပုံလေးတင်ထားတာတွေ့ရပါတယ်။သူ့ထမင်းဆိုင်ကတော့လူတွေလှိမ့်ဝင်နေတော့တာပါပဲဗျာ။

အဲဒါနဲ့လူမဝင် လုပ်ငန်းမကောင်းတဲ့သူနဲ့ အကြွေးတင်နေတဲ့မိတ်ဆွေတစ်ယောက် နှစ်ယောက်ကိုအဲဒီအရုပ်လေး နှစ်ခုကိုထားဖို့ ပြောလိုက်တာသူတို့လည်း ကျောက်ဆည် တပေါင်းပွဲနဲ့ကြုံတော့စဉ့်ကူးက စဉ့်အိုးသည်တွေလာတာနဲ့ အဲဒီအရုပ်လေးကို တစ်ရုပ်ကို အိမ်ရှေမှာထားပြီး တစ်ရုပ်ကို အိမ်ထဲမှာထားဖို့ ပြောလိုက်တာ အဲဒီ ၃ယောက်ဟာ ၆လအတွင်းလုံးဝမဆပ်နိုင်တော့ဘူးလို့ထင်ထားတဲ့အကြွေးတွေ ကြေပြီးအဆင်ပြေသူတွေဖြစ်နေပါပြီဗျာ။

အဲဒါနဲ့ ပြင်ဦးလွင်က ဗေဒင်ဆရာ ဆရာဝင်းမော်အောင် အိမ်လာတော့ အဲဒီယတြာအကြောင်းပြောပြလိုက်တာ သူလည်းသဘောကျပြီး အဲဒါကိုအားလုံးသိအောင် facebook ပေါ်တင်ပေးပါလို့ ပြောလို့တင်ပေးရာကနေ လှိမ့်ဝင်တည်သုံးအိုးသည်တွေ ရောင်းမလောက် ဖြစ်ကုန်တော့တာပါပဲဗျာ။

လှိမ့်ဝင်တည်သုံးစဉ့်အိုးလေးတွေဘယ်လိုဓာတ်ဆင်ရတာပါလဲ

အဲဒီလှိမ့်ဝင်တည်သုံး အရုပ်လေးတွေကဟိုအရင် လောကီပညာရှင်(ဆန်းပညာရှင်) တွေ လုပ်သွားခဲ့တာပါ။

ပညှပ်သွားရာဓါတ်သက်ပါဆိုသလိုလူအများသုံးစကား လှိမ့်ဝင် ဆိုတာကိုယူပြီး လှိမ့်ဝင် နေတဲ့အရုပ်ကလေးတွေကို စီရင်ပေးသွားတာပါ။

အဲဒီမှာ စဉ့်အိုးလေးကိုလှိမ့်ဝင်နေတဲ့ ကောင်လေး(၂၄)ပုံ လေးပါ။ စဉ့်အိုးကို ဘာလို့သုံးလဲ တစ်ခြားဟာတစ်ခုခုကိုလည်းလှိမ့်ဝင် လို့ရတာပဲလို့ တွေးမိတော့ စဉ့်အိုး ၃၁ ဆိုတာ အောင်စေ အေးစေ= ၁၃ ကိုကက်ကင်းရိုက်သွားတယ်ထင်ပါတယ်။

လှိမ့်ဝင် ဆိုတာကတော့ဗျာ လှိမ့်ဝင် = ၄၄ = ရွှေလာ = လူလာ = လိုရာ = ရလာ ဓါတ်ပေါ့ ...... လှိမ့်ဝင် ပြီးတော့ဘာလုပ်မလဲ ဆိုတော့ တည်သုံးလေတစ်ရုပ်လုပ်သွားပါတယ်။ လှိမ့်ဝင်လာတဲ့ဟာတွေကို ဘုရားတည်။ ကျောင်းတည်။ ဇရပ်တည်။ သာသနာတည်နိုင်တဲ့ အထိ သုံးနိုင်ဖို့ လောကီဝိဇ္ဇာအဘများကစီရင်သွားခဲ့တဲ့ ဓါတ်အရုပ်လေးတွေပါ။

ဘယ်လို သုံးမလဲ ဘယ်လိုဆောင်မလဲဗျာ ........

၁။ သန ချေ ရပါတယ်။ အညံ့ခြေရပါတယ် ကိုယ့်စီးပွားအတွက်အထွဋ်အမြတ်ဆောင်မည့်ပစ္စည်းဟာ ကားနဲ့သယ်လားရင် အမျိုးသား၊ အမျိုးသမီး ၊ ကလေး ၊လူကြီး ကျော်ခွသွားတာမျိုး၊ ကားထိုင်ခံအောက်ထဲထည့်သယ်လာတာမျိုး တွေရှိတတ်ပါတယ်။ အဲဒီလို အညံ့ဓါတ်တွေကင်းဖို့ ဆားရည် (ရေ ၁ဂါလံကို ဆား၂ ဇွန်းထည့်ပြီး)ကို ဇလုံထဲထည့်ပြီး လက်ဆယ်ချောင်က ဆေး ဖြစ်စေဆိုပြီး ၃ခါ ပြောပြီးလက်နှစ်ဖက်ကိုဇလုံထဲထည့်ပြီး သနပ်ခါး သွေးသလိုလက်ယာရစ် မွှေပြီးပါးစပ်မှာလည်း " ဉုမ်သန သန သန အပေါင်း ထောင်သောင်း ကြေစရာ ကြေ " ဆိုပြီး ၃၇ ခေါက် ရွတ်ပြီးမှ အဲဒီ အရုပ်များကို ၎င်းရေနဲ့ ဆေးပါ ပြီးမှ ၎င်းအရုပ်များကို ရေမွှေး(နဝင်းရေ)ရည်နဲ့ပက်ဖြန်းပြီးမှာအိမ်ဘက်သို့အိုး လှိမ့်ဝင် နေတဲ့ပုံအိုးကို အိမ်ဘက်အတွင်းသို့ ထားပြီး အိမ်ရှေ့မှာထားလိုက်ပါ။ တည်သုံးအိုး လေးကိုတော့ အလုပ်စားပွဲ အိပ်ခန်းစားပွဲ အိမ်ထဲမှာထားထားလိုက်ပါ ထူးထူးခြားခြားအဆင်ပြေလာတာကို တွေ့ရပါလိမ့်မယ်ခင်ဗျာ။

ဘယ်နေ့ဘယ်အချိန်မှာဆောင်ထားရမလဲ

မိမိမွေးနေ့မနက် 9 : 45 မှာတင် ဆောင်ထားပါလေ ။ လူမဝင်သောဆိုင်များ၊ တည်းခိုခန်းများ၊ ဟိုတယ်များ လူများလှိမ့်ဝင်လာပါလိမ့်မယ် အရောင်းအဝယ်လုပ်ငန်းများသိသိသာသာတိုးတက်လာတာကိုတွေ့ရပါလိမ့်မည်။

တစ်ပတ် လောက်လှိမ့်ဝင်နေပြီး နောက်ပိုင်းနည်းနည်းပါးသွားတာမျိုးဖြစ်ခဲ့ရင်တော့ လှိမ့်ဝင် အရုပ်ကလေးကို မျက်နှာသစ်ပေးလိုက်ပါပြီးတော့ ရေမွှေးလေး ဆွတ်ပေးလိုက်ပါပြီးတော့ လာထား ... လာထားဆိုပြီးတော့ လက်ခုတ်တီးပြီးပြောလိုက်ပါ ဝင်လာပါလိမ့်မယ်ဗျာ။

ပထမဆုံးဝင်သောငွေမှအနည်းအကျင်းကိုဘုရားလှူလိုက်ပါ၊ ပြီးမှကျန်တဲ့ပိုက်ဆံကိုသုံးပါလေ ပထမဆုံးဝင်တဲ့ပိုက်ဆံကို အနိဌပစ္စည်းတွေဝယ်မသုံးလိုက်ပါနဲ့။

နောက်ပြီးလာဘ်တိတ်စေတဲ့ အကြောင်းတရားတွေကို ရှောင်ပေးရပါတယ်အရင်က ရေးခဲ့ဖူးပါတယ်။ အခုပြန်ရေး ပြလိုက်ရပါတယ်။

၁။ မနက်အိပ်ယာထလျှင် အိမ်သာထဲသို့ တန်းမသွားရ မီးဖိုချောင်ထဲသို့တန်းသွားပြီး မီးမွေးခြင်း ထမင်းအိုးတည်းခြင်း တန်း မလုပ်ရပါ လာဘ်တိတ်တတ်ပါသည်။

၂။ ထမင်းစားလျှင် ဘေးမှာကျနေသာအမှိုက်များကိုထမင်းစားပြီးလျှင် မိမိပန်းကန်ထဲသို့ ထည့်ပြီး ဆေးဖို့ မယူသွားရပါ။

၃။ စားပြီး အိုးခွက်ပန်းကန်များကို မနက်မှ ဆေးတော့ပါမယ်ဆိုပြီး မီးဖိုချောင်ထဲမှာမဆေးပဲ တစ်ညလုံးပုံမထားသင့်ပါ။

၄။ အိမ်ထောင်ဦးအမျိုးသား၏ အင်္ကျီ၊ စွတ်ကျယ်၊ တဘက်၊ ပုဆိုးအဟောင်းများကို ကြမ်းသုတ် လက်သုတ် ဖုန်သုတ် မလုပ်ရပါ။

၅။ လင်မယားအချင်းချင်း ၉ နာရီမကျော်မီစောစောစီးစီးစကားများရန်မဖြစ်ရမငြူစူရ ဒေါသမဖြစ်ရပါ။ စောစောစီးစီးနိမိတ်မကောင်းသော အမင်္ဂလာ သီချင်းများမဖွင့်ရပါ အဲဒီ ၅ချက်မှ ၂ချက်လောက်လုပ်မိလျှင် လာဘ်တိတ်စေတတ်ပါတယ် ငွေဝင်ပါလျှင်လည်း အသာလွတ်ပြန်ပြန်ထွက်သွားတတ်ပါသည်။

ထို့ကြောင့်အဲဒီအချက်များကို ရှောင်သင့်ပါသည်။ အားလုံး ငွေကြေးရတနာများ လုပ်ငန်းကောင်းများ လှိမ့်ဝင်ကြပြီးအလှူအတန်း၊ ဘာသာရေး၊သာသာနာရေး၊ ပရဟိတအရေးအတွက်သုံးနိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့သရင်း.............

Credit:

29/12/2023

“ငယ်ဘဝမှာ မိသားစုနဲ့ အဆင်မပြေခဲ့တဲ့သူတွေဟာ ကြီးလာတဲ့အခါမှာလည်း ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ တည်ဆောက်နိုင်ဖို့ ခက်ခဲသွားတတ်ကြတယ်”

🔳 ရုပ်ရှင်တွေ၊ ဝတ္ထုတွေ၊ ပြင်ပဘဝမှာ တွေ့ကြုံခဲ့သမျှတွေအပေါ် အခြေခံပြီး ကျွန်တော် မြင်မိတဲ့ အမြင်တစ်ခုပါ။

ဒီနေရာမှာ သားသမီးနဲ့ မိဘ အပြန်အလှန် ချစ်ကြတိုင်း၊ တစ်ယောက်နဲ့တစ်ယောက် အတူရှိနေကြတိုင်း Healthy Relationship ဖြစ်နေတာ မဟုတ်ဘူး ဆိုတာကို ကွဲကွဲပြားပြား သိစေလိုတယ်။ အဲဒီနှစ်ခုက မတူဘူး။ အဆိပ်အတောက်ဆန်တဲ့အထိ မဟုတ်တောင် Unhealthy Relationship မျိုး ဖြစ်နေတတ်တယ်။

🔳 ငယ်ဘဝမှာ ကလေးတစ်ယောက်အနေနဲ့ စိတ်ဒဏ်ရာ ရသွားနိုင်တဲ့ အခြေအနေတွေ မြောက်များစွာရှိပါတယ်။ ခု စစ်ဖြစ်နေတဲ့ နေရာဒေသက ကလေးတွေဆို ဘယ်နှယ့်လုပ်မလဲ။ စားဝတ်နေရေး၊ ပညာရေး အဆင်မပြေတဲ့အပြင် လေယာဉ်သံတွေကြား ပြေးပုန်းနေရတယ်။ ဗုံးခိုကျင်းကို အိမ်လုပ်နေရတယ်။ လူကြီးတစ်ယောက်တောင် ကြည့်ရဲဖို့ ခက်တဲ့ အနိဌာရုံမြင်ကွင်းတွေကို မြင်နေရတယ်။ ကြီးလာတဲ့အခါ ဘယ်လိုစိတ်ဒဏ်ရာတွေ ပါလာမလဲ တွေးတောင် မတွေးရဲပါဘူး။

အဲဒီလောက် မဟုတ်ဘူးဆိုတောင် ကျောင်းမှာ အနိုင်ကျင့်ခံရတာ၊ လိင်အကြမ်းဖက်ခံရတာ စတဲ့ ပြဿနာတွေကြောင့် စိတ်ဒဏ်ရာ ရနိုင်သေးတယ်။

🔳 ခုဆောင်းပါးမှာ ပြောချင်တာကတော့ မိဘ သို့မဟုတ် အနီးကပ်အုပ်ထိန်းသူနဲ့ အဓိက ဆက်စပ်ပါတယ်။

အဖေ သို့မဟုတ် အမေ ဆုံးသွားတာ၊ ဘယ်လိုမှ အဆင်မပြေနိုင်တော့လို့ ကွဲလိုက်တာတွေကတော့ ရှောင်လွှဲမရတဲ့ လောကဓံပေါ့။ သို့သော် အဲဒါတွေကြောင့် ကလေးမှာ ထိခိုက်မှု ကြီးကြီးမားမား မဖြစ်အောင် ကိုင်တွယ်နိုင်ရင် ပြဿနာမရှိဘူး။ (ခက်ခဲတာတော့ နားလည်ပါတယ်) ဒီလိုမဟုတ်ရင် စိတ်ဒဏ်ရာ ပေးမိသလို ဖြစ်သွားတတ်တယ်။

ဒါ့အပြင် မိဘတွေရဲ့ မှားယွင်းတဲ့ အုပ်ထိန်းမှုပုံစံတွေ (အပြစ်တင်တာ၊ ချစ်ခင်ကြောင်း မပြတာ၊ ကိုယ့်ရဲ့ စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေး ပြဿနာတွေကြောင့် ဖြစ်လာတဲ့ စိတ်ဖိစီးမှုတွေကို ကလေးအပေါ် ပုံချတာ) ကြောင့် စိတ်ဒဏ်ရာ ရသွားတာတွေလည်း ရှိတယ်။ သူတို့ကိုယ်တိုင်က ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာတွေ အကြမ်းဖက်ရင်တော့ အဆိုးဆုံး အခြေအနေပေါ့။

🔳 အဲဒီကနေ ဘာတွေဖြစ်လာသလဲ ဆိုရင် -

📌 ၁။ မိမိကိုယ်မိမိ လေးစားမှု ကျဆင်းခြင်း

ကလေးတစ်ယောက်ရဲ့ Self-esteem ဟာ သူ့ပတ်ဝန်းကျင်က လူတွေ သူ့ကို ဘယ်လိုဆက်ဆံသလဲနဲ့ အဓိက ဆက်စပ်တယ်။ အနီးကပ်အုပ်ထိန်းသူရဲ့ ချစ်ခင်မှု၊ အာရုံစိုက်မှု၊ ဂရုစိုက်မှုကို ရဖို့ သူ့ဘက်ကပဲ အမြဲကြိုးစားခဲ့ရတဲ့ ကလေးဟာ ကြီးလာရင်လည်း အချစ်ခံရဖို့ပဲ အမြဲကြိုးစားနေတတ်တယ်။ အဲဒီတော့ သူငယ်ချင်းကစလို့ လုပ်ဖော်ကိုင်ဖက်အလယ် ချစ်သူရည်းစား အိမ်ထောင်ဖက်အဆုံး အားလုံးက သူ့ဆို နိုင်ကြတယ်။ အလေးမထားကြဘူး။

စွန့်ပစ်ခံရမှာ ကြောက်တယ်။ ငြင်းပယ်ခံရမှာ ကြောက်တယ်။ လူမကြိုက်မှာ ကြောက်တယ်။ Unfriend လုပ်ခံရရင်တောင် ငါ ဘာမှားသွားလို့လဲ တွေးနေတတ်တယ်။ Relationship တစ်ခု ပြိုကွဲသွားရင်လည်း ငါက အချစ်မခံထိုက်ဘူး ဆိုတဲ့အမြင်မျိုးတွေ ရှိနေတတ်တယ်။

အဲဒီမှာမှ ဖိုဝါဒအမြင်တွေကြောင့် အမျိုးသမီးတွေက ပိုဆိုးတယ်။ အိမ်ထောင်ကွဲသွားတာ ဆယ်နှစ်လောက် ကြာသွားလည်း နလန်ကို ပြန်မထူတော့ဘူး။

📌 ၂။ သံယောဇဉ် ပြဿနာ

Attachment issues လို့ ခေါ်ပါတယ်။ ဘယ်သူ့ကိုမှ သံယောဇဉ် မတွယ်ရဲတော့ဘူး။ တွယ်မိပြီးရင်လည်း ဆုံးရှုံးရမှာကြောက်တော့ အလွန်အကျွံတွေ စိတ်ပူ။ သဝန်တို။ ဒီတော့မှ တစ်ဖက်က အဆင်မပြေတော့ဘဲ လမ်းခွဲကြ။ အဲဒီအခါ စိတ်အခြေအနေက ပိုဆိုးနဲ့ သံသရာလည်နေတတ်တယ်။

မိန်းကလေးတွေမှာဆို Daddy issues ဆိုပြီး ပြောတတ်ကြတယ်။ အဖေက စွန့်ပစ်သွားတဲ့၊ အဖေနဲ့ ဆက်ဆံရေးကောင်း မရှိခဲ့တဲ့ သမီးတွေမှာ တွေ့ရတတ်တယ်။ ယောက်ျားတွေကို မယုံတာ၊ အဖေ့လိုလူမျိုး ဖြစ်နေမှာကြောက်တာ၊ စွန့်ပစ်သွားမှာစိုးတဲ့အတွက် သူ့အကြိုက်ပဲ လိုက်နေမိတာ၊ အလွန်အကျွံ သဝန်တိုတာ၊ ဖခင်လို စရိုက်လက္ခဏာ (Father figure) ရှိတဲ့သူ (ဥပမာ ကိုယ့်ထက် အသက်ကြီးတာ၊ သည်းခံတတ်တာ၊ ဂရုစိုက်တတ်တာ၊ ချွဲလို့ရတာ) ဆိုရင် နှစ်သက်လွယ်တာ စတဲ့အချက်တွေက Daddy issues ရဲ့ လက္ခဏာတွေပဲ။

📌 ၃။ အိမ်ထောင်ရေးကို မယုံကြည်တော့ခြင်း

မိဘတွေ အဆင်မပြေတာ၊ တကျက်ကျက် ရန်တွေဖြစ်နေတာ၊ အသွင်မတူသူတွေ ပေါင်းစပ်မရတာကို မြင်ပြီး အိမ်ထောင်ရေးဆို ပျော်စရာကောင်းမှာ မဟုတ်ဘူးလို့ စိတ်က စွဲသွားတယ်။ အိမ်ထောင်ပြုဖို့ကို လုံး၀ မစဉ်းစားဘူး။ အိမ်ထောင်ထိ မဟုတ်ဘူး။ သမီးရည်းစား ဘဝမှာကို နည်းနည်းလေး အဆင်မပြေတာနဲ့ လက်လျှော့ပစ်လိုက်တယ်။ ငါနဲ့တော့ မဖြစ်ပါဘူး၊ ငါက အိမ်ထောင်ပြုလို့ သင့်တော်တဲ့သူ မဟုတ်ဘူး၊ စိတ်က ဒီလိုစွဲနေတော့ ဘာကြိုးစားမှု၊ ညှိနှိုင်းမှုမှ မလုပ်တော့ဘူး။

📌 ၄။ ယုံကြည်ရခက်သွားခြင်း

လူတွေကို အလွယ်တကူ မယုံတော့ဘူး။ လောကမှာ ကိုယ်ကလွဲရင် ဘယ်သူမှ မယုံရဘူး၊ သစ္စာဖောက်သွားနိုင်တယ်၊ ယုံမိရင် ငါပဲ ခံစားနေရမယ်၊ နာကျင်နေရမယ် ဆိုတဲ့ ဘဝပေးအသိကြောင့်ပေါ့။ အဲဒီအခါ ဆက်ဆံရေးတွေမှာ သံသယနဲ့ အမြဲမျက်စိဒေါက်ထောက် ကြည့်နေမိတတ်တယ်။

ယုံလွယ်တာ မကောင်းသလို၊ မယုံတတ်တာကလည်း မကောင်းဘူး။ ကိုယ့်ကို ပူလောင်စေတယ်။ ဒါ့အပြင် ကိုယ့်လက်တွဲဖော်ကိုလည်း စော်ကားသလို ပြောမိ၊ ဆက်ဆံမိတာတွေ ရှိတတ်တယ်။ ကိုယ့်ကို မယုံတဲ့သူနဲ့ ဘယ်သူမှ ကြာရှည်လက်တွဲချင်မှာ မဟုတ်တော့ ကာလတစ်ခုအကြာမှာတင် ပြတ်စဲသွားတတ်တယ်။

📌 ၅။ စိတ်ကို မထိန်းချုပ်တတ်ခြင်း

စိတ်ခံစားချက်တွေကို ဘယ်လိုကိုင်တွယ်ရမယ် မသိတော့ဘူး။ ပေါက်ကွဲလွယ်သူတွေ ဖြစ်တတ်သလို၊ မြိုသိပ်ထားပြီး ကြိတ်ခံစားနေတာတွေလည်း ရှိတယ်။ ဘယ်ဖက်အစွန်းပဲဖြစ်ဖြစ် Relationship အတွက်တော့ မကောင်းတာချည်းပါပဲ။

📌 ၆။ လွဲမှားတဲ့ ဆုံးဖြတ်ချက်တွေ ချမိခြင်း

အိမ်မှာ မပျော်တော့တဲ့အတွက် အိမ်ကနေ လွတ်ရင် ပြီးရော ဘာပဲလုပ်ရလုပ်ရ ဖြစ်လာတယ်။ ဒါကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့လည်း အိမ်ထောင်ကျသွားတတ်တယ်။ သူ့ရဲ့ ထွက်ပေါက်က ဒီတစ်ခုတည်းလို ဖြစ်နေတာကိုး။ လိင်ကိစ္စတွေမှာလည်း အလွဲလွဲအမှားမှား လုပ်မိတတ်တယ်။ အချိန်မတိုင်ခင် ကိုယ်ဝန်ရသွားတာတွေ ဖြစ်တတ်တယ်။

📌 ၇။ ပြဿနာကို မှားယွင်းစွာ ဖြေရှင်းခြင်း

ကလေးတစ်ယောက်၊ ဆယ်ကျော်သက်တစ်ယောက် ပြဿနာတစ်ခုခု ဖြစ်ရင် အရင်ဆုံး သတိရရမဲ့သူဟာ မိဘတွေ ဖြစ်သင့်တယ်။ အဲဒီလိုမဟုတ်ဘူးဆို တစ်ခုခု မှားနေပြီပဲ။

အပြစ်တင်မှာ ကြောက်တယ်၊ အမေတို့သိရင် သတ်မှာ စတဲ့ အတွေးတွေ ဝင်လာတဲ့အခါ မတိုင်ပင်ရဲတော့ဘူး။ အကူအညီ မတောင်းရဲတော့ဘူး။ ကြိတ်ဖြေရှင်းတယ်။ ဒီတော့ အမှားပေါ် အမှားဆင့်တယ်။ အပ်နဲ့ထွင်းရမဲ့နေရာ ပုဆိန်နဲ့ ပေါက်ရတော့တယ်။ Toxic Relationship တွေမှာ ပိတ်မိနေတာမျိုးတွေလည်း ဖြစ်တတ်တယ်။

🔳 ခုပြောခဲ့သမျှတွေမှာ Healthy Relationship တည်ဆောက်နိုင်ဖို့ ကောင်းတဲ့အချက် တစ်ခုမှ မပါဘူး။ အဲဒီမှာမှ ပတ်ဝန်းကျင်ကောင်းနဲ့ ကြုံရရင် တော်သေးတယ်။ ဥပမာ ကိုယ့်လက်တွဲဖော်က ဒါတွေကို နားလည်တယ်၊ ကိုယ့်အပေါ်လည်း ကောင်းတယ်ဆို အဆင်ပြေတယ်။ အိမ်ကို အားကိုးမရလို့ အပြင်ကို အားကိုးရတဲ့အခါ အဲဒီအပြင်က လူကသာ မကောင်းဘူးဆိုရင်၊ အခွင့်အ​​ရေးယူတတ်သူဆိုရင် ဒီလူငယ်ရဲ့ ဘဝက ချော်ထွက်သွားဖို့ သိပ်များတယ်။

ဒါကြောင့် “It takes a village to nurture a child.” ဆိုတဲ့ စကားပုံကို သိပ်သဘောကျတာ။ ကလေးတစ်ယောက်ရဲ့ အရေးဟာ အားလုံးနဲ့ ဆိုင်တယ်။ မိဘဖြစ်မှ ကလေးတစ်ယောက်ရဲ့ ဘဝကို ပြောင်းလဲပေးနိုင်မယ် ဆိုတဲ့အမြင်တွေ ဖျောက်ပစ်ဖို့ လိုတယ်။

🔳 A nearly normal family တဲ့။ ရုပ်ရှင်ကားနာမည်လေး။ လက်တွေ့ဘဝမှာလည်း အဲဒီလို မိသားစုတွေ အများကြီးရှိတယ်။ အပေါ်ယံကြည့်ရင်တော့ သာမန်မိသားစုကလေး၊ ပျော်စရာ မိသားစုကလေးပဲ။ ဒါပေမဲ့ အတွင်းထဲမှာက အဆင်မပြေမှုတွေ တပုံကြီး။ အပြင်ကနေ ပြဿနာတစ်ခုခုလည်း လာဆောင့်လိုက်ရော၊ လုံးဝကို ပြိုပျက်သွားတော့တာပဲ။

မိဘတွေအမြင်မှာတော့ ငါတို့ ပညာသင်ပေးတယ်လေ၊ လိုတာ ဖြည့်ဆည်းပေးတယ်လေ၊ ကျွေးမွေးပြုစုခဲ့တယ်လေ၊ ခုလည်း နင်တို့ ကောင်းကောင်းမွန်မွန် ပြည့်ပြည့်စုံစုံ နေနေရတာပဲ၊ ဒီလိုမြင်လိမ့်မယ်။ သို့သော် အတွင်းထဲက စိတ်ဒဏ်ရာတွေ၊ အဲဒီကတဆင့် ဖြစ်လာတဲ့ ဆက်ဆံရေး ပြဿနာတွေကျ သူတို့ မသိကြဘူး။

သူ့သား၊ သူ့သမီး အိမ်​ထောင်ကွဲတာ သူ့​ကြောင့်လို့ သ​ဘော​ပေါက်တဲ့ မိဘ အ​တော်ရှားတယ်။

ဒီအတွက် မိဘများအနေနဲ့ သားသမီးရဲ့ စိတ်ပိုင်းဆိုင်ရာကိုလည်း အလေးထားပေးကြဖို့ လိုပါတယ်။

🔳 နောက်ဆုံးအနေနဲ့ ပြောနေကျစကားကိုပဲ ပြန်ပြောချင်ပါတယ်။

ငယ်ဘဝကို ပြင်မရတော့ပေမဲ့ အဲဒီငယ်ဘဝကနေ ပါလာတဲ့ စိတ်ဒဏ်ရာတွေကိုတော့ ကုစားလို့ ရပါတယ်။ လွန်မြောက်အောင် လုပ်လို့ရပါတယ်။ ဒီလိုငယ်ဘ၀ ရှိခဲ့လို့ ဒီလိုတွေ ဖြစ်နေတာ ဆိုပြီး Victim mindset ထားနေသရွေ့တော့ ဒီအတိုင်းပဲ ဖြစ်နေမှာပဲ။

ငါ့မှာ ဒါတွေ ဖြစ်နေတယ်လို့ အရှိအရှိအတိုင်း လက်ခံ။ ပြီးရင် လုပ်သင့်လုပ်ထိုက်တာတွေ လုပ်။ ကျွမ်းကျင်သူတွေနဲ့ ဘေးပတ်ဝန်းကျင်ရဲ့ အကူအညီ ရယူဖို့လည်း မတွန့်ဆုတ်နဲ့။ ဒါဆို အတိုင်းအတာတစ်ခုထိ အဆင်ပြေလာပါလိမ့်မယ်။

ကိုယ်တိုင်က Healthy Relationship တွေ တည်ဆောက်နိုင်လာတဲ့အခါ နောက်မျိုးဆက်ကို စိတ်ဒဏ်ရာတွေ လက်ဆင့်မကမ်းမိတော့ဘဲ ဒီသံသရာကို ကိုယ့်အလှည့်မှာတင် အပြီးတိုင် ဖြတ်တောက်နိုင်သွားမှာလည်း ဖြစ်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၂၆.၁၂.၂၀၂၃

Photo credit - Pixabay

Want your business to be the top-listed Clothing Store in Magway?
Click here to claim your Sponsored Listing.

Videos (show all)

Category

Telephone

Website

Address


Magway

Other Clothing Stores in Magway (show all)
Glitzy Glam Myanmar Glitzy Glam Myanmar
Magway
Magway

We do all types of cut and sew products across all categories: Especially , Women wears example: Shi

MPS'Clothing & Vintage Fashion MPS'Clothing & Vintage Fashion
A-17, Tamar Pin Street, KanThar Quarter, Magway Township
Magway

အားပေးကြပါအုံးရှင့်💁🏻‍♀️❤️

MOON Accessories Shop MOON Accessories Shop
Magway, 04011

Anike Vogue Anike Vogue
Magway, 04011

Your satisfaction is our high priority

Pwint phoo fashion shop Pwint phoo fashion shop
Aung Lan
Magway

KHIT Fashion KHIT Fashion
တောင်တွင်းလမ်းနှင့်သစ္စာလမ်းထောင့်၊မကွေးမြို့
Magway

Clothing Online Shop

34 Vintage House 34 Vintage House
Magway

ကွန်တိန်နာကျအထည်ရောင်းဝယ်ရေး

Pyone Pyone - Fashion & Cosmetics Shop Pyone Pyone - Fashion & Cosmetics Shop
Magway

ဘဂဝါ ဣ စန္ဒေ သိန္ဓိယာ ဣစ်ဆိတံ မဟာလာဘံ ဒေတုမေ ဇယမင်္ဂလံ။