Top Choice Cafe
Top Choice Cafe
ချစ်ကာကာတို့ရေ အခုရက်ပိုင်းရာသီဥတု တော်တော်လေးအေးလာနေတယ်နော်။အခုအချိန်မှာပူပူနွေးနွေးနဲ့အဟာရရှိရှိစားဖို့ Top Choice Cafe ရဲ့နာမည်ကြီးလူကြိုက်များတဲ့ "ဆိတ်စွပ်"ရှိတယ်နော်။ဆိတ်စွပ်ကို ဘယ်လိုအချက်တွေနဲ့ဟာကပိုစားကောင်းစေလဲဆိုရင် ဆိတ်ညှီနံကိုကင်းစေပြီးအသားကနူးအိစေမှဖြစ်သလို သန့်ရှင်းမှု့ကလည်းအရေးကြီးပါတယ်။ကယ်အဲ့သလိုဆိုရင် မဆလာနံသင်းသင်းလေးရဖို့ မင်မင်ကိုယ်တိုင်လှော် ကိုယ်တိုင်ကြိတ်တဲ့မဆလာနဲ့ချက်ထားတဲ့ညှီနံ့ကင်းကင်းဆိတ်စွပ်အိအိလေးကို အဝဆွဲဖို့ နံပြား၊မနက်ဆိုရင် အီကြာကွေးလေးလည်းရှိတယ် အမြန်အရောက်လှမ်းပြီး မြည်းကြည့်လိုက်တော့နော်။🏃🍽️🤤
"Top Choice Cafe ရဲ့ယုံကြည်မှု့"
ကျွန်မတို့ရဲ့Top Choice Cafe ဟာဆိုလို့ရှိရင် အကျွေးအမွေးဧည့်ခံစရာရှိတဲ့အချိန်မှာ သတိရစရာတခုအနေနဲ့ရပ်တည်မှာပါ☺️ကျွန်မတို့ရဲ့အစားအသောက်ကိုစားလိုက်သည်နှင့်တပြိုင်နက် ကျေနပ်နှစ်သက်မှု့ကိုရရှိစေမှာပါ။ကျေနပ်နှစ်သက်မှု့ရဲ့အကြောင်းတရားကတော့ ကိုယ်မျှော်လင့်ထားတဲ့အရသာပြည့်မှီခြင်း၊အချိန်တိကျခြင်း၊သန့်ရှင်းခြင်း၊သုံးစွဲထားတဲ့ ပါဝင်ပစ္စည်းစံနှုန်းပြည့်မှီခြင်း စတာတွေဖြစ်ပါတယ်။
အစားအသောက်ပြင်ဆင်ရာမှာအရသာကွာခြားမှု့မရှိစေရေးအတွက် ဘယ်လောက်အရေအတွက်များများ ချိန်ခွင်နဲ့ချိန်ပြီးမှထည့်စေပါတယ်စေပါတယ်
နောက်ရက်တွေမှာလည်းအဆင်ပြေမှု့ကိုမေးမြန်းခြင်းဖြင့်က ကိုယ်ရဲ့လိုအပ်ချက်ကို
ပြန်လည်ပြင်ဆင်စေပါတယ်။ဒါတွေဟာ ကျွန်မတို့Top Choice Cafe ရဲ့ယုံကြည်မှုတွေပါ ချစ်သောကာကာတွေကိုလည်းအစဉ်လေးစားလျက်ပါ🙏🙏🙏ပြန်လည်ပြင်ဆင်စေပါတယ်
နှစ်သစ်မှာရော အမြဲတမ်းအချိန်မှာပါ အမြဲသတိရ ယုံကြည်အားပေးကြတဲ့ချစ်ကာကာတွေကြောင့် ယုံကြည်မှု့ရဲ့ပြောင်းလဲခြင်းအင်အားတွေဖြစ်ပေါ်လာစေခဲ့တယ်။ကြိုးစားမှု့တွေဖြစ်ပေါ်လာစေခြင်းကြောင့် ချစ်ကာကာတွေကိုအမြဲကျေးဇူးတင်လျက်ပါ🙏🙏🙏
"၂၀၂၄ခုနှစ် မင်္ဂလာရှိသော နှစ်သစ်လေးပါ"
ဆိတ်သားပတ်လုပ်နည်းလေးကို မင်မင်ပြောပြမယ်လို့ပြောခဲ့တယ်နော်။Top Choice ရဲ့ဆိတ်သားပတ်လေးကတော့အရမ်းရောင်းရပြီးတော့ အော်ဒါလည်းများတယ်လေ။
ဆိတ်သားပတ်လုပ်မယ်ဆိုရင်
(၁)ဂျုံနယ်ခြင်း၊ဂျုံကိုတစ်ပိသာကိုရေနဲ့နယ်ပြီး ၅၀သားကိုဆီနဲ့နယ်ရပါတယ်
(၂)နယ်ပြီးသားဂျုံကို အလုံးလေးတွေလုပ်ပြီးခွဲပါမယ်
(၃)ရေဂျုံထဲကိုဆီဂျုံထည့်ပါမယ်
(၄)အပြားဖြစ်အောင်လိမ့်ပြီးပြန်ခွေထားပါ့မယ်
(၅)အခွေလေးတွေကိုအပြားဖြစ်အောင်ပြန်လိမ့်ပါမည်
(၆)အပြားလေးထဲကို အသားအစာထည့်ပြီးပန်းဖော်ပါမည်
(၇)အစာသွတ်ဖို့အစာကို တရက်ကြိုတင်ပြီးလုပ်ထားရပါမည်
(၈)ဆိတ်သား၊ကြက်သားကို ကြိတ်၊ကြက်သွန်ကိုကြိတ်ပြီးအချိုအငံ မဆလာတို့နှင့် ကျက်အောင်ကြော်ထားရပါမည်
(၉)အစာသွတ်ပြီးသားမုန့်ကိုမီးအေးအေးနဲ့ကြော်ရပါမည်။
ဒါဆိုရင်ဆိတ်သားပတ်၊ကြက်သားပတ်လေးရပါပြီ။
ဒါဆိုရင်ချစ်ကာကာလေးတွေဗဟုသုတအဖြစ်သိလိုက်ရပြီထင်ပါတယ်နော်။
မုန့်လေးတွေကိုချစ်တယ်ဆိုရင် Yes လိုပြောခဲ့ပါအုံးနော်။သိချင်သေးတာရှိတယ်ဆိုရင် comment မှာမေးခဲ့လို့ရပါတယ်။ပြန်ဖြေပေးမယ်နော်🥰🥰🥰
မုန့်လေးတွေကတော့Top Choice မှာဝယ်ယူလို့ရပါတယ်ရှင့်😍😍😍
ဆိုင်(၁)၃၈Bလမ်း,၇၂လမ်း&၇၃လမ်းကြား
ဆိုင်(၂)၃၂လမ်း,၈၀လမ်း&၈၁လမ်းကြား
မန္တလေး
☎️09445844577
09424299660
()
Top Choice မိသားစု နှစ်သစ်ဆုတောင်း
မင်္ဂလာရှိသော ၂၀၂၄ ခုနှစ် ဖြစ်ပါစေလို့ ကျွန်မတို့ Top Choice မိသားစုမှ ဦးစွာတောင်းဆုပြုပါတယ်။🙏
နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ကူးပြောင်းလာတဲ့ ကာလမှာ Top Choice ကို အားပေးခဲ့တဲ့၊ အားပေးနေဆဲ မိတ်ဟောင်းမိတ်သစ်များကို ကျေးဇူးအထူးတင်ရှိပါတယ်။🤗
လူကြီးမင်းကြောင့်သာ ကျွန်မတို့ Top Choice ရယ်လို့ ရေရှည်ရပ်တည်နိုင်တာပါ။
၂၀၂၄ ခုနှစ်မှာလည်း ဘေးဘယာ ဝေးကွာပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ။💁
အခုအချိန်ထိ ကျွန်မတို့ဆိုင် လိုအပ်သမျှ ကုန်ကြမ်းတွေကို ထောက်ပံ့ပေးခဲ့တဲ့ လုပ်ငန်းရှင်အားလုံးကိုလည်း ကျေးဇူးတင်ရှိပါတယ်။ အန္တရယ်ကင်း ဘေးရှင်းကြပါစေ။💁♂️
ကျွန်မတို့ Top Choice ရဲ့ အမာခံမိသားစုဝင်တွေဖြစ်ကြတဲ့ တီးဆရာကြီးများ၊ အိုးသူကြီး👨🍳👨🍳 အချက်တလိုင်းများ၊ ဝန်ဆောင်မှုပေးတဲ့ ဝန်ထမ်းများနဲ့ Security ဦးကြီးများကိုလည်း
တစ်နှစ်ပတ်လုံး အေးအတူ ပူမျှရှိနေပေးခဲ့လို ကျေးဇူးစကား ဆိုပါရစေ၊ ချမ်းမြေ့ကြပါစေ။
နှစ်သစ်မှာ စိတ်သစ်၊ လူသစ်နဲ့ စီးပွားရေး၊ ကြီးပွားရေးတွေ အောင်မြင်ကြပါစေရှင့်။🥂🥂
အရသာနဲ့ ဝန်ဆောင်မှု ကောင်းမွန်အောင် အမြဲကြိုးစားနေမယ့်Top Choice Cafe🤝
Top Choice Cafe (1) 72×73, 38×39 လမ်း ( 09 - 445844577)
Top Choice Cafe (2) 32, 80×81လမ်း (09 - 424299660)
New Year Party ဆင်နွဲ့ဖို့ရာအဆင်သင့်ဖြစ်နေပြီလား??
စားဖို့ရာကောစီစဉ်ပြီးပြီလား??
Too Choice မှာတော့ New Year Party အတွက် တုံယမ်းထမင်းကြော်၊မာလာထမင်းကြော်၊ခေါက်ဆွဲကြော်၊ကြက်ဆီထမင်း စတဲ့အော်ဒါတွေလာမှာနေကြပြီနော်။
ချစ်ကာကာတို့ကော မမှာရသေးဘူးဆို အမြန် မှာလိုက်ကြရအောင်နော်🏃🏃🏃
ဒါမှအချိန်မှီအေးအေးဆေးဆေးလေး နဲ့Party မှာအစားအတွက် အလုပ်ရှုပ်စရာမလိုတော့မှာ😁😍🥰
Top Choice Cafe
🔹🔹🔹🔹🔹🔹
ဆိုင်(၁)၃၈Bလမ်း,၇၂လမ်းနှင့်၇၃လမ်းကြား
ဆိုင်(၂)၃၂လမ်း,၈၀လမ်းနှင့်၈၁လမ်းကြား
မန္တလေး
ဆိုင်(၁)09-445844577
ဆိုင်(၂)09-424299660
"အပြစ်ကင်းသောအနာဂတ်ပျော်ရွှင်မှု့"
ကျွန်မတို့ဟာ ဗိုက်ပြည်ဖို့နဲ့စိတ်အပန်းပြေဖို့အစားသောက်ကောင်းတွေကိုစားကြပါတယ်။ကျွန်မတို့ဟာ အစားသောက်ကောင်းတွေစားရရင်ပျော်ရွှင်ကြပါတယ်🥰 ဒါပေမယ့် အိမ်မှာချက်ပြုတ်တာမဟုတ်ဘဲ ဆိုင်တွေမှာ အမြဲစားဖြစ်ရင်မကျန်းမာဘူးဆိုတဲ့အယူအဆကြောင့် စားချင်လွန်းလို့တာစားလိုက်တယ် အပြစ်မကင်းသလိုခံစားနေရပါသလား😔
ကျွန်မတိုဆီလာရင်အပြစ်ကင်းတဲ့ပျော်ရွှင်မှု့ကိုအမြဲတမ်းရစေရမယ် ဘာကြောင့်လဲဆိုတော့သုံးထားတဲ့ဆီသန့်တာရယ်၊ပါဝင်ပစ္စည်းတွေလတ်ဆတ်တာရယ်ကြောင့်ပါ။
ဒါကြောင့် လူအများကပြောကြတယ် Top Choice ကိုလာရင်အပြစ်ကင်းတဲ့ပျော်ရွှင်မှု့ကိုရတယ်လို့ပြောကြတယ်။ကျွန်မတို့Top Choice ရဲ့မူဖြစ်တဲ့ ပါဝင်ပစ္စည်းလတ်ဆတ်ရမယ်၊သန့်ရှင်းရမယ်၊ဘယ်အချိန်စားစားဒီအရသာဘဲဖြစ်ရမယ်။🙏🙏🙏
ဒီနေ့တော့ Top Choice ကနေချဉ်ချဉ်စပ်စပ် မီနူးထဲကဘာလေးများစားချင်သလဲ။နံပြားချဉ်စပ်၊ပလာတာချဉ်စပ်၊ဆိတ်ထောင်းထမင်း၊အာပူလျှာပူ၊ရခိုင်မုန့်တီသုပ်။ ဒါလေးတွေကတော့ချစ်ကာကာတို့ရွေးချယ်စရာလေးတွေပေါ့။ဒီထဲကမှ အကြိုက်ဆုံးဆိုရင်ဘာတွေများဖြစ်မလဲ မကြိုက်တာတွေကကောဘာတွေဖြစ်မလဲ comment မှာရေးပေးခဲ့ပါအုံးနော်🥰 ချစ်ကာကာတွေအကြိုက်ပြင်ပေးရအောင်လေ။ပြီးရင်တော့အချိုတည်းဖို့ဖျော်ရည်လေးတွေလဲရှိတယ်နော်😍😍😍
ခရစ်စမတ်ပိတ်ရက်မှာမန္တလေးကိုလာလည်ရင်းနဲ့ မန္တလေးအစားအသောက်ကိုစားဖို့လိုက်ရှာနေပြီလား။🏃🏃🏃☕🍚🍜🍮
စားသောက်ဆိုင်မသွားခင်မှာ ဂရုပြုရွေးချယ်သင့်တဲ့အချက်(၃)ချက်ကိုပြောပြပေးမယ်နော်😀😍
(၁)အရသာအဆင်ပြေမှု့
(၂)သုံးထားသည့်ကုန်ကြမ်းအရည်အသွေးကောင်းမွန်မှု့
(၃)ဝန်ဆောင်မှု့ကောင်းမွန်မှု့
စတဲ့အချက်တွေဘဲဖြစ်ပါတယ်
ဒီအချက်တွေပြည့်စုံတယ်ဆိုရင်အစားအသောက်တခုစားသုံးရာမှာ စိတ်ကျေနပ်မှု့ပြည့်ဝစေမှာပါ။
ချစ်သောကာကာတို့လည်းမှန်ကန်တဲ့ရွေးချယ်မှု့တွေနဲ့ ခရစ်စမတ်ပိတ်ရက်မှာပျော်ရွင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်🙏🙏🙏🤗🥰🤩
ပိုစားကောင်းလာတယ်ဆိုလို့ ဝမ်းသာလိုက်တာ
ချစ်သောကာကာတို့ရေဆိတ်သားပတ်ဖ်လေးဟာဆိုစားကောင်းပြီး အော်ဒါအများဆုံးမုန့်တမျိုးဖြစ်ပါတယ်။ စားဖူးသူတိုင်ဟာ နောက်တခါအမြဲပြန်စားချင်ကြတယ်။
ဒီမုန့်တခုရဖို့အတွက် လူအများစုကတော့ အရမ်းလွယ်တယ်လို့ထင်တတ်ကြတယ်။အမှန်တိုင်းပြောရရင်ဒီမုန့်လုပ်ဖို့အတွက် အဆင့်တွေက ၁၅ခုလောက်ရှိတယ်။ဒါလေးလုပ်ဖို့အတွက်နံပါတ်(၁)အဆင့်ဆိုရင် ဂျုံနယ်ခြင်းဖြစ်တယ် ဂျုံနယ်တာတောင် ၂မျိုးခွဲပြီးပုံစံ ၂ခုနဲ့နယ်ရတယ်။😊😊
နောက်အဆင့်တွေလည်းရှိသေးတယ်။အားလုံးသိချင်မလားတော့မသိဘူး🥰အားလုံးသိချင်မယ်ဆိုရင်တော့ နောက်ပို့စ်လေးမှာပြန်ပြီးထပ်တင်ပေးပါ့မယ်။ပြောချင်တာက ဒီလိုမုန့်လေးတွေကိုတန်ဖိုထားတတ်အောင်စဉ်းစားမိတာနဲ့ရေးပေးလိုက်တာပါ
တချိန်ချိန်မှာ တီးချစ်သူတွေကို ဒီလိုစက်ကလေးနဲ့ ရောင်းပေးရမလားလို့😘🥰
ဆောင်းလေအေးအေးလေးနဲ့ မနက်ခင်းလေးမှာ နိုးထလာတဲ့အချိန်မှာပေါ့ ရိုးရှင်းသောဘဝရဲ့နံနက်စာလေးကို လူတိုင်းမိသားစုနှင့်အတူဖြတ်သန်းကြပါတယ်။တမိသားစုထဲပေမယ့် အကြိုက်ချင်းတော့မတူညီကြပါဘူး။ အလုပ်မသွားခင်ဒါမှမဟုတ် ကျောင်းမသွားခင်ကို ကိုယ်ကြိုက်တဲ့အစားအသောက်ကိုယ်စီ အချိန်မှီနဲ့အရည်အသွေးကောင်းကောင်းစားရဖို့ဆိုရင်Top Choice ကိုလာခဲ့ပါနော်🏃🏃🏃 Top Choice ရဲ့အစားအသောက်တွေထဲက ဘာတွေကြိုက်တယ် ဘာတွေလိုအပ်တယ်ဆိုတာ comment မှာရေးခဲ့ပါအုံး😘🥰😍
"အုန်းနိုခေါက်ဆွဲ "အော်ဒါ အရင်ရက်ကကြာဇံဟင်းခါးအော်ဒါမှာပြီး အဆင်ပြေလွန်းလို့ဆောက်လုပ်ရေးကုမ္မဏီကထပ်မှာတဲ့အော်ဒါ အဆင်ပြေမှု့တွေအတွက်ကျေးဇူးတင်ပါတယ်။ကိုယ်ကြိုးစားထားသမျှအရာထင်တဲ့အတွက် နောင်ထပ်လည်းကုမ္မဏီပွဲတွေအတွက်အဆင်ပြေပြေလေးဖြစ်အောင်ဆောင်ရွက်ပေးပါမည်💪💪💪
မန္တလေးမြို့မှာ မနက်စာရောင်းတဲ့ဆိုင်တွေထဲမှာဘယ်အမျိုးအစားဆိုင်ကအများဆုံးလဲဆိုရင် ရှမ်းခေါက်ဆွဲဆိုင်ကအများဆုံးပါဘဲ🥰
Top choice မှာအရောင်းရဆုံးMenu ကိုပြောပါဆိုရင်တော့ ရှမ်းခေါက်ဆွဲကိုဘဲညွှန်ပြရမှာဖြစ်တယ်။🍜ရှမ်းခေါက်ဆွဲဆိုင်တွေအများကြီးထဲမှာမှ Top Choice ရဲ့ရှမ်းခေါက်ဆွဲက ဘာလို့ ချစ်ကာကာတွေအကြိုက်ဖြစ်နေလဲဆိုရင် " ပါဝင်ပစ္စည်း"တွေက အကောင်းမွန်ဆုံးနဲ့အလတ်ဆတ်ဆုံးတွေသုံးပြီးချက်ပြုတ်ထားတာဖြစ်တဲ့အတွက် စိတ်ချယုံကြည်စွာနဲ့စွဲစွဲလန်းလန်းနဲ့ စားသုံးကြတာဖြစ်လို့ အမြဲရောင်းနေရတာဖြစ်ပါတယ်။Top Choice ကိုလာရောက်ပြီးရှမ်းခေါက်ဆွဲကိုစမ်းပြီးစားသုံးကြည့်လိုက်တာနဲ့စွဲလန်းသွားမှာအသေအချာပါဘဲ😁😘😍🥰
မွေးရပ်နဲ့ ခရီးသွားနေကျနေရာတွေကို လွမ်းတဲ့အခါ🥺 အစားအစာတွေတော့ ထိပ်ဆုံးကပေါ့🍽️🥗 ။
Adminတော့ ဒေသစာတွေထဲက မကြာခဏသတိရနေမိတာ မြင်းခြံက ပလာတာ သုပ်နဲ့ ခေါက်ဆွဲသုပ်ပါပဲ။
ပုဂံသွားတိုင်း 🧳မြင်းခြံမှာ တထောက် နားကြပြီဟေ့လို့ဆိုရင် ပလာတာသုပ် မှာပြီးသားပဲ။
ပလာတာသားအိအိလေးနဲ့ ချိုနေတဲ့ကြက်သား၊ ဟင်းအနှစ်အရည်ကျဲကျဲလေး ကို အစာပလာတွေနဲ့ ရောမွှေပြီး တစ်ဇွန်းလောက်ပဲ ခပ်စားကြည့်လိုက်ပါ😋၊ (Crush နာမည်တောင် မေ့သွားမယ်😝 ) Admin တော့ ပြန်တွေးရင် လွမ်းမိသွားပြီ။
အခုတော့ မနေနိုင်လွန်းလို့ Top Choice ရဲ့ အချက်တစ်လိုင်းတွေကို 👩🏽🍳ပူဆာမိတယ်ဗျို့😌။ မြင်းခြံက အရသာအတိုင်း ပလာတာသုပ်နဲ့ ခေါက်ဆွဲသုပ်လေး ချက်ပေးပါလို့။
Top Choice ရဲ့ အိုးသူကြီးတွေ အားကိုးရချက်ဗျိုး…
မြင်းခြံက အရသာအတိုင်းပဲ🤗
⚡ဆီသန့်သန့်နဲ့ ကြော်ထားတဲ့ အိစက်စက် ပလာတာသား
⚡အရည်ကျဲကျဲနဲ့ ပင်ကိုယ်အရသာအချိုလေးကဲအောင် ချက်ထားတဲ့ ကြက်သားနဲ့ ဟင်းအနှစ်ရည်
⚡တွဲစားဖို့အတွက် ကြက်သွန်နီ🧅၊ သခွားသီး၊ ဂေါ်ဖီထုတ် ရိပ်ရိပ်လေး လှီးထားတာနဲ့ ပူဒီနာရွက်တွေကို ခေါက်ဆွဲကြွပ်ကြော်နဲ့ တွဲပြင်ပေးထားတော့ အရသာထိမိနေတော့တာပဲ😋။
🥢ခေါက်ဆွဲသုပ်ကလည်း ကြက်သားဟင်းနှစ်ကျဲကျဲလေးနဲ့ဆိုတော့ စားရတာ မအီဘဲတမူထူးနေတာ အမှန်ပဲ။
ထုံးစံအတိုင်း လက်ဖက်ရည် ပုံမှန်တစ်ခွက်နဲ့ ☕အစာပိတ်လိုက်ရင်တော့ Perfect Breakfast ဖြစ်ပြီပေါ့။
မနက်စာ စားမလား အဆာပြေပဲလား၊မြင်းခြံကအရသာအတိုင်း ပလာတာသုပ်နဲ့ ခေါက်ဆွဲသုပ် ကို ချဥ်ခြင်းတပ်နေရင်တော့ Top Choice က မှာစားလိုက်တော့။
ဈေးနှုန်းက တစ်ပွဲ - 2300 ကျပ်ပါ။ နှစ်ဆိုင်စလုံးမှာ ရနေပါပြီ။
Top Choice Cafe (1) 72×73, 38×39 လမ်း ( 09 - 445844577) ၊
Top Choice Cafe (2) 32, 80×81လမ်း (09 - 424299660)
#မြင်းခြံပလာတာသုပ်
#မြင်းခြံခေါက်ဆွဲသုပ်
ရှမ်းပြည်အလွမ်းပြေ
ကိုယ်ငယ်ကတည်းကရင်းစားခဲ့တဲ့အစားအသောက်၊သုံးခဲ့တဲ့ပစ္စည်းဆိုလူတွေကစွဲလမ်းလေ့ရှိကြတယ်။နယ်ကနေမြို့မှာနေထိုင်ရတဲ့အခါ ကိုယ်နယ်ကအစားအသောက်ကိုသတိရနေတတ်ကြတယ် 😪အဲ့ဒါလေးတွေပြေပျောက်သွားအောင်Top Choice က ရှမ်းပြည်ရဲ့ငါးထမင်းနယ်လေးစီစဉ်ပေးထားပါတယ်🥰ရှမ်းဆန်စီးစီးလေးရယ်ခရမ်းချဉ်သီးအနှစ်ရယ်ပဲပုတ်နံ့မွှေးမွှေးလေးရယ် ငရုတ်သီးကြော်တကိုက်ရယ်ဆိုပြီးပြည်စုံခြင်းပေါ့။လက်ဖက်ရည်ပေါ့စိမ့်လေးတခွက်ပါဆွဲလိုက်မယ်ဆိုရင်ဖြင့်.... 😀😘😍
ချစ်ကာကာတွေမျက်စိအေးချမ်းစေဖို့နဲ့စိတ်အေးချမ်းစေဖို့ ၊အနံအသက်လည်းသက်သာစေဖို့ အပင်လေးတွေစိုက်ထားပေးတာ လာတောင်းဝယ်နေလို့ အဲ့သလိုအောင်မြင်နေတယ်😁😆🤗🤩
၂၀၂၃ ရဲ့Top Choice ဝန်ထမ်းမိသားစုရဲ့မဟာဘုံကထိန်မှတ်တမ်းလေးပါ ။ဒီပါအေးကျောင်းတိုက်ဆရာတော်ရဲ့အဆောင်လေးဟာဆိုရင် စာအုပ်တွေနဲ့ပြည့်နက်နေပြီး ကျောတခင်းစာနေရာလေးဘဲကျန်ပါတယ်။ဆရာတော်ဟာဆိုရင်စာပေနဲ့ဘဲပျော်မွေ့ပြီး အရမ်းကြည်ညိုစရာကောင်းပါတယ်။ကထိန်လှူဒါန်းခဲ့ရတာဆိုရင် အရမ်းကြည်ညိုပြီးစိတ်ချမ်းမြေ့ခဲ့ရပါတယ်။ကလေးတွေဟာလည်းစည်းစည်းလုံးလုံးနဲ့လုပ်ကိုင်ကြတဲ့အတွက် မပင်မပန်းနဲ့ပြီးစီးခဲ့ရတယ်။ဆိုင်နှစ်ဆိုင်လုံးရဲ့စားဖိုမှူးတွေရဲ့လက်ရာအစွမ်းကြောင့် ဧည့်သည်တွေကအလှူထမင်းဟင်းအော်ဒါလက်ခံဖို့အကြံဉာဏ်ပေးကုန်ကြတယ်။အခုလိူပျော်ပျော်ရွှင်ရွှင်နဲ့စိတ်ချမ်းချမ်းသာသာနဲ့ပြီးစီးခဲ့တဲ့ဒီကထိန်လေးကိုနောက်နှစ်တွေမှာလည်းဒီပုံစံနဲ့ထပ်ခင်းချင်ပါသေးတယ်။
နိက္ခတ်တာရာစုံလင်၍ ဆေးပေါင်းခညောင်းသော
တန်တောင်မုန်းလပြည့် အခါတော်မှစ၍
Top Choice ရဲ့ စားသုံးသူ Customers အပေါင်း ဘေးအန္တရယ်ကင်းရှင်းကြပါစေ 🙏။
အနာရောဂါများ ကင်းရှင်းကြပါစေ 🙏။
ရွှေလာဘ်တံခါး ၊ ငွေလာဘ် တံခါးများလည်း ပွင့်ကြပါစေလို့💍💎💵💴 ကျွန်တော်တို့ Top Choice မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်🤗 ။
အရသာနဲ့ ဝန်ဆောင်မှု ကောင်းမွန်တာရှာနေရင်တော့ Top Choice က အသင့်ကြိုဆိုလျှက်ပါ။
Top Choice Cafe (1) 72×73, 38×39 လမ်း ( 09 - 445844577)
Top Choice Cafe (2) 32, 80×81လမ်း (09 - 424299660)
photo credit ပေးပါတယ်ရှင်
#တန်ဆောင်မုန်းလပြည့်
လေးစားရတဲ့ Top Choice Cafe ကိုဝယ်ယူစားသုံးတဲ့ ချစ်ကာကာများရှင့် ကျွန်မတို့Top Choice Cafe မိသားစုနှင့် ဝန်ထမ်းများရဲ့စုပေါင်းဘုံကထိန်ကို တန်ဆောင်မုန်းလပြည့်နေ့မှာ ၁၁၈လမ်း၊၇၁လမ်း ဒီပါအေးကျောင်းတိုက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် လပြည့်နေ့တွင်တစ်ရက်ဆိုင်ပိတ်မည်ဖြစ်ပါကြောင်းကြိုတင်အကြောင်းကြားအပ်ပါသည်။ကြွရောက်ချီးမြင့်နိုင်သည့် ဧည့်သည်တော်များလည်းကြွရောက်ချီးမြင့်နိုင်ပါရန်ဖိတ်ကြားအပ်ပါသည်
အခုဆောင်းဝင်လာပြီးအေးစပြုလာပြီ ရာသီဥတုအကူပြောင်းးကိုတော့ ဂရုစိုက်ကြပါနော်🤗 ချစ်ကာကာတို့ရေ ဆောင်းရဲ့အအေးဓါတ်ကလေးနဲ့လိုက်ဖက်တဲ့အစားအသောက်ဖြစ်တဲ့ ဆိတ်စွပ်ကလေး ကိုသောက်လိုက်ရင် နွေးသွားတာကြောင့် အအေးမိနေတဲ့လူတွေလည်းရင်ထဲမှာနေလို့ကောင်းတယ်၊အားလည်းဖြစ်တယ်။အစားတလိုင်းကာကာတွေအတွက် ဆိတ်စွပ်ကို နံပြားနဲ့မှမဟုတ်ပါဘူး၊အီကြာကွေးလေးနဲ့ဘဲစားစား ထပ်တရာလေးနဲ့ဘဲစားစား လိုက်ဘက်နေမှု့ချည်းဘဲ🥰
ဆော့စ်မျိုးစုံ လိုရင်သုံးရအောင်လို့😘😁မင်မင်ရဲ့ဆော့လုပ်နည်းကတော့ လာတောင်းရင်တိုးတိုးလေးပြောပြမယ်နော်😁😂🤣
တစ်နေ့ကို ထမင်းကြော်တစ်မျိုးလေးမှမစားလိုက်ရရင် နေလို့မကောင်းဖြစ်နေတတ်တဲ့ ထမင်းကြော်စွဲလမ်းကာကာလေးတွေရှိလား???အိမ်ကသားသားကတော့ မနက်မိုးလင်းတာနဲ့ ပထမဦးဆုံးမနက်စာဆို ထမင်းကြော်ကိုစတောင်းတော့တာဘဲ😂 တခါတလေလေးပြောင်းစားပါလို့ပြောလည်းမရ 😂 ဆိုင်ကရှိတဲ့ မနက်၉နာရီထိဘဲရတဲ့ ပဲထမင်းကြော်၊ဟိုးအရင်မင်မင်တို့ငယ်တုန်းကတည်းကရင်းစားခဲ့တဲ့ပုံစံ တရုတ်ထမင်းကြော်၊အခုခတ်စတိုင် တုန်ယမ်းနဲ့မာလာထမင်းကြော် ဒါမှမဟုတ် မေမေတွေကြော်ကျွေးတတ်တဲ့ကြက်ဥထမင်းကြော်လေးဘဲရွေးချယ်မလား မနက်ရောက်ရင်ဘာထမင်းကြော်လေးစားမလဲအခုကတည်းကရင်းစဉ်စားပြီးစိတ်ကူးထားလိုက်တော့နော်...🍽️🍛🤤
ချစ်ကာကာတွေအားလုံးသိကြတဲ့အတိုင်းဘဲ ကျောင်းမသွားခင်၊အလုပ်မသွားခင်မှာ မနက်စာလေးကို အစားသောက် ကောင်းကောင်းနဲ့ အချိန်မှီစားသောက်ချင်ကြတယ်။🍜🍱🍚🍛🥪ဒါပေမယ့်တခါတလေနောက်ကျပြီးစိတ်လောနေရတဲ့အချိန်မှာ မြန်မြန်လေးအစားအသောက်ကိုလုပ်ပေးစေချင်တယ်ဆိုရင် Top Choice တာအပြေးလာခဲ့လိုက်တော့နော်။🏃♂️🏃🏃♀️ဒို့ရဲ့ဝန်ထမ်းတွေက စေတနာပါပါအဆင်ပြေအောင်လုပ်ပေးလို့စိတ်ချမ်းသာရပါလိမ့်မယ်။😊😘🥰 ကယ်...မနက်တိုင်း အပြေးလာခဲ့လိုက်တော့နော်
တီးချစ်သူတို့ရဲ့ တီးချစ်မှု့ မုန့်အော်ဒါမှာပြီဆိုလျှင်မပါမဖြစ်ကတော့ လက်ဖက်ရည်ပေါ့☕☕☕ ဒီတခါတော့ Top Choice Cafe ရဲ လက်ဘက်ရည် ဘဲသီးသန့် အကြိုက်အားပေးမှု့ကြီး တီးချစ်သူတွေရဲ့အားပေးကြမ်းပုံကတော့😍😍😍
ဒီအချိန်ဆိုတာ ကျွန်မတိုမြန်မာလူမျိုးတွေရဲ့ အလှူပွဲအမျိုးမျိုးလုပ်ဖြစ်တဲ့အချိန်ပေါ့။ဒါပေမယ့်အလှူလုပ်ချင်ပြီး မနက်စောစောသွားလှူဖို့အဆင်မပြေဖြစ်တဲ့အခါရယ်၊လှူဖို့စိတ်ရှိပြီး လူမအားတာဖြစ်နေတဲ့အချိန်မှာရယ် စိတ်ပင်ပန်းနေကြပါသလား။အဲ့ဒါဆို ကိုယ်ရဲ့လူချင်စိတ်ကလေးတွေဖြစ်မြောက်စေဖို့ Top Choice Cafe ကကူညီပေးပရစေ။🙏😁🥰
အခုရက်ပိုင်းဘုန်းကြီးကျောင်းအရောက်အာရုံဆွမ်း လှူပေးဖြစ် တဲ့ဟာလေးတွေပါ။လိုအပ်တယ်ဆို လူကိုယ်တိုင်လာစရာမလိုဘဲ ဖုံးလေးနဲ့ဘဲလှမ်းမှာလိုက်စရံငွေတောင် Kpay ကနေဘဲလွဲလိုက်ရုံဘဲ🥰ဘာမှာမှာပွဲ(၁၀၀)ပြည့်ရင် ၅ပွဲအပိုရအုံးမှာနော်😍😍😍
ပွဲအရေအတွက်များများနဲ့ ဧည့်ခံဖို့ဘဲဖြစ်ဖြစ် သူငယ်ချင်းမိတ်ဆွေတွေ စုပြီးစားဖို့ဘဲဖြစ်ဖြစ် စားကောင်းဈေးနှုန်းအဆင်မပြေ ဈေးနှုန်းအဆင်ပြေစားမကောင်းဖြစ်နေပါသလား😪Top Choice မှာ အစားအသောက်ကိုတခါမှာယူပြီးသွားရင်တော့ နောက်ထပ်စွဲစွဲလမ်းလမ်းမှာယူလေ့ရှိကြတယ်။ဘာကြောင့်လဲဆိုတာ......လိုအပ်ပြီဆိုမှာကြည့်လိုက်နော်😊😄🥰
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the restaurant
Telephone
Website
Address
Mandalay
050011
Corner Of 66&27 Street, Chan Aye Tharzan Township
Mandalay
Can order some desserts here �
57(B)st X 102st, South Theik Pan Street, Chanmyathazi Tsp
Mandalay, 05021
66th Road, Between 43th And Theik Pan St
Mandalay
ကဖေး နှင့် စားဖွယ်စုံ
Corner Of 56 Street & 103 A St, Chanmyatharzi Township
Mandalay
Corner of 56 St & 103A St, Chanmyatharzi Township, Mandalay.