Cafe 56

Cafe 56

Cafe' and Restaurant

11/01/2024

�အားအင်တွေကုန်ခမ်းနေပီလား🤦‍♂️🤦‍♂️🤦‍♂️..
စိတ်မပူနဲ့မိတ်ဆွေ....
Cafe 56. အာဟာရကိုသုံးဆောင်လိုက်ပါ🍽🍽🍽
သင့်တင့်တဲ့စျေနှုန်း💵💵💵
သန့်ရှင်းကောင်းမွန်တဲ့အရသာ👍👍👍
စိတ်ကျေနပ်မူ့တွေပေးမှာအသေချာပါပဲ💪💪💪

Photos from Cafe 56's post 20/02/2023

Cafe 56 ရဲ့
အကောင်းဆုံးmenuတွေထဲကမှ
အသစ်တစ်ဖန်ပွဲထွက်လာတဲ့"စိန်မြင့် မြှီးရှည်" မန္တလေးဇုံ
မြန်မာ့ရိုးရာမုန့်ပြိုင်ပွဲ "ရွှေတံဆိတ်ဆုရှင် ဦးစိန်မြင့်" ရဲ့လက်ရာအစစ်မှန်သုံးဆောင်ခွင့်ရချင်တယ်ဆိုရင်ကျနော်တို့"Cafe 56"ကိုသာလှမ်းလာခဲ့ပါ...
မုန့်ပွဲတစ်ပွဲရဲ့ပြီးပြည့်စုံတဲ့အရသာ ပြီးပြည့်စုံတဲ့စိတ်ကျေနပ်မူတွေပေးစွမ်းမှာတော့ အသေချာပါပဲ...

29/01/2023

🤹‍♀️မဖြစ်မနေ သောက်ကြည့်သင့်တဲ့ 👉 မေမြို့နှပ်ကော်ဖီ🍵နဲ့

🤹‍♂️စားကို စားကြည့်သင့်တဲ့👉 အီကြာကွေး အစာသွပ် 👈ရယ် 😋

☕မေမြို့နှပ်ကော်ဖီ ဆိုတာနဲ့ မေမြို့ကို သွားစရာ မလိုတော့ဘူးနော် ချစ်တို့ရေ 🙅

Cafe 56ရဲ့ နှပ်ကော်ဖီကတော့
မြန်မာ့မြေပေါ်က သဘာဝကော်ဖီစစ်စစ်ကို အသုံးပြုထားတဲ့အတွက် ကော်ဖီအနံ့လေးမွှေးမွှေးဆိမ့်ဆိမ့်လေးကြောင့် စွဲလန်းစေတာ အမှန်ပဲ

တခါသောက်ကြည့်ရုံနဲ့ နောက်ရက်တွေလည်း အမြဲသောက်ချင်နေတာမျိုး💯
နှပ်ကော်ဖီနဲ့ တွဲဖက်စားသင့်တာလေး ပြောပြအုံးမယ် အရမ်းလိုက်ဖက်လို့လေ😊

👉 အီကြာကွေး အစာသွပ်👈 ကိုလည်း စားကြည့်လိုက်အုံး ချစ်တို့ရေ သူက ခုတလောအရမ်းဟော့နေတဲ့ အစားအစာဖြစ်နေတာ 😳
နံနက်စာလည်းရ အစာပြေလည်းရ ညနေဘက်လည်း အဆင်ပြေစေတယ်👌

ချစ်သူနဲ့ အတူ အေးမြတဲ့ သစ်ပင်အရိပ်တွေနဲ့🌳
နှပ်ကော်ဖီ ခါးခါးလေးလား☕
ချိုချိုလေးလား ဆိမ့်ဆိမ့်လေးလား
အကြင်နာမျက်ဝန်းနှစ်စုံရယ်
အီကြာကွေအစာသွပ်လေးစားပြီး
လေပြေလေညှင်းလေး တို့ဝှေ့ရင်း
​အပြုံးကိုယ်စီ အသီသီနဲ့
စကားစမြည်လည်း ပြောကြမယ်လေ
အရသာကောင်းပြီး အနံ့မွှေးလေးကြောင့်
အစာသွပ် နောက်တစ်ပွဲ မှာရမှာတော့ အမှန်ပဲ 😍

💯Cafe56 ကို ချစ်သူနဲ့ Dateရင်း သွားမလား💑
နေရာထိုင်ခင်း ကျယ်ပြန့်တယ်🌳🌲🌴
လေကောင်းလေသန့် ရတယ်🌸🌺
ယာဥ်ထားဖို့ နေရာလည်း ပြောစရာ မလိုလို့🚐🚙
သူငယ်ချင်းတွေနဲ့ ဆုံကြမလား👩👨👧👦
အအေးခန်းလည်း ပါလို့ လုပ်ငန်းအကြောင်း👨‍💼👨‍⚖️ဆွေးနွေးမလား အရာအားလုံး အဆင်ပြေစေတာ Cafe 56ပါ ☑☑☑☑☑

ဒီလို ဆိုင်မျိုးကို မဖြစ်မနေ သွားကြည့်သင့်တယ်နော် 🚲🛵🏍🚗🚕🚙🚌🚐🚎🚛🚚

အလုပ်တွေများနေလို့ မသွားအားရင်လည်း
Hello သာ လုပ်လိုက်နော်📞📞📞
ဒုံးကျည်ထက် မြန်စေရမယ် ပို့ပေးအုံးမှာ😛

⏩ 56လမ်း / 106 x 107လမ်း

☎09 785 338 967
☎09 400 609 056

20/01/2023

Cafe56 ရဲ့ စုံလင်လှတဲ့ menuတွေထဲကမှ ယခု အသစ်တစ်ခုဖန်တီးထားတဲ့ menu လေးနဲ့မိတ်ဆက်ပေးပါရစေနော်...
#ဆိတ်ထောင်းထမင်း
ဘာစားစား စားချင်စိတ်ကမရှိဘူးဆိုတဲ့သူတွေကျနော်တို့ပတ်ဝန်းကျင်မှာတွေ့ဘူးတယ်..
ဟုတ်ကဲ့ ဆိတ်ထောင်းထမင်းလေးကို စားကြည့်ဖို့ ညွန်းဆိုပါရစေ...
တစ်ခါစားကြည့်တာနဲ့ နောက်ထပ် နောက်ထပ် စားချင်စိတ်ဖြစ်သွားစေဖို့အတွက်...
Cafe 56 ရဲ့ ကြီးမားလှတဲ့ ကုက္ကိုပင်ကြီးအောက်က ကျယ်ဝန်းတဲ့သဘာဝစားပွဲခုံလေးတွေပေါ်မှာ သဘာဝအလှတရားလေးတွေကိုခံစားရင်း
မြည်းစမ်းကြည့်ဖို့ဖိတ်ခေါ်လိုက်ပါရစေ ချစ်မိတ်ဆွေတို့ရေ.....။
စျေးနှုန်းကလည်း ဘယ်မှာမှမရနိုင်တဲ့စျေးနှုန်းလေးနဲ့ ပါနော်
🏃🏃‍♀️🚶🚶‍♀️
56လမ်း၊106-107ကြား၊ချမ်းမြသာစည်မြို့နယ်၊မန္တလေးမြို့။
09785338967 - 09400609056

#ဆိတ်ထောင်းထမင်း

Photos from Cafe 56's post 29/12/2022

🍲 လက်ဖက်သုပ်ထဲမှာ🌟.. ဒေါင်းလန်းလက်ဖက်သုပ်.🌿.ကဘယ်လိုထူးခြားသွားလဲ.❓
👩‍⚖️.မနက်စောစော.👉.ဒေါင်းလန်းမှ..ဒေါင်းလန်းလက်ဖက်သုပ်ပဲ😋..စားချင်ပါတယ်တဲ့... ဘာလို့လဲဆိုတော့... ထမင်းဖြူ.. ထမင်းပူနဲ့ကို.. တွဲစားရတာသူတစ်ခုနဲ့တင်.စားမြိန်နေပါပီတဲ့ဗျာ....

👨‍⚖️မိတ်ဆွေ..ဧည့်သည်တွေလာရင်... ဧည့်သည်တွေကို..လက်ဖက်သုပ်လေးဧည့်ခံချင်လို့..
အမြင်လည်းမြန်မာမှုဟန်ပါ..
အရသာကလည်းကောင်း..
သူမတူတဲ့လက်ဖက်သုပ်ပုံစံလေး..ဆိုတော့.. ဒေါင်းလန်းလက်ဖက်သုပ်နဲ့ပဲဧည့်ခံဖြစ်တယ်တဲ့...

👨ဆောင်းတွင်းဆိုတော့လည်း... ရေနွေးပူပူလေးနဲ့.. ဒေါင်းလန်းလက်ဖက်သုပ်ပဲ..စားဖြစ်တယ်တဲ့...

👩အိမ်မှာထွေထွေထူးထူးဟင်းချက်မနေတော့ပါဘူး..
ပါဝင်ပစ္စည်းစုံစုံလင်လင်နဲ့..အရသာကောင်းအောင်ရှယ်သုပ်ထားတဲ့ဒေါင်းလန်းလက်ဖက်သုပ်နဲ့ပဲ... စားလိုက်တာများပါတယ်တဲ့...

👦👧သူငယ်ချင်းတွေနဲ့ဆိုင်ထိုင်ရင်...ဒေါင်းလန်းနဲ့တည်ခင်းထားတော့..စားရတာလေး.တစ်မျိုးဖြစ်လို့ ဒေါင်းလန်းလက်ဖက်သုပ်ကတော့မပါမဖြစ်ပါတဲ့.. မိန်းခလေးတွေမှမဟုတ်... ကျနော်တို့ယောက်ကျားလေးတွေတောင်... စွဲနေပါပီတဲ့..

ကဲ..လက်ဖက်ထဲမှာမှ..ထူးထူးခြားခြားအရသာလေးနဲ့တစ်ခါစားဖူးရုံနဲ့ကြိုက်သွားမဲ့.ဒေါင်းလန်းလက်ဖက်သုပ်ကို..စားသုံးချင်သူအများအတွက်..

အိမ်အရောက်လည်းပို့ပေးသလို.... ဆိုင်မှာလည်းလာရောက်သုံးဆောင်ဖို့..ဖိတ်ခေါ်ပါရစေခင်ဗျာ😊🙏🙏🙏

📞09 400609056/ 09 785338967 📞
......................Cafe 56.........................
-----56လမ်း 106/107 ကြား-----
--------mandalay----------

Photos from Cafe 56's post 19/12/2022

Cafe 56
မြူအိုး အစိမ်းဒန်ပေါက်

အညာသားတွေဟင်းချက်ရင်
ကြက် , အမဲနှပ်ရင်
ထန်းရည်အလျှင်ရနေတဲ့မြူအိုးလေးနဲ့နှပ်စားကြတာ အရသာကနူးအိနေရောဘဲ

အစိမ်းဒန်ပေါက်ကိုအဲ့လိုအိုးလေးနဲ့ နှပ်ပြီးဖေါက်ရောင်းတဲ့ မြူအိုးဒန်ပေါက်အိအိ မွှေးမွှေးလေးကို cafe56 မှာစားကြည့်ကြပါအုံး

ဒန်လွတ်1500
ကြက်နှပ် ဒန်ပေါက် ၄၅၀၀
ဆိတ်နှပ် ဒန်ပေါက် ၅၅၀၀
ဆိတ်ပေါင်ဒန်ပေါက် ၆၅၀၀

ph: 09400609056

Photos from Cafe 56's post 18/12/2022

အီကြာ အစာသွပ်

18/12/2022
06/12/2022

သင်ကိုယ်တိုင်နားထောင်ဘို့ အချိန်ရောက်ရှိလာပါပြီ
S**o acoustic buskin every Sunday morning @
Cafe 56
56 street btn’ 106* 107 Mandalay

Ph,09 400609056

Photos from Cafe 56's post 11/10/2022

Cafe 56ရဲ့..မိတ်တွေတို့...ပူပြင်းလှတဲ့မန္တလေးမြို့တော်ကြီးရဲ့.. မနက်ခင်းလေးတွေမှာ... ဆောင်းနှင်းရဲ့အေးမြမြအရသာကိုခံစားမိနေကြပီလား❓❓❓❓ဆောင်းတွင်းကာလရဲ့လအစလေးပေါ့ဗျာ❄❄☃⛄🌬

ရာသီအကူးပြောင်းကာလမှာအဖြစ်များတဲ့...

⛔ကိုယ်လက်လေးလံညောင်းညာကိုက်ခဲပီး..
⛔နှာစေးချောင်းဆိုး..အသံဝင်..
⛔ချွဲသလိပ်ကပ်..တုတ်ကွေးစတဲ့..
ရောဂါလေးတွေအဖြစ်များပါတယ်...

အဆိုးဆုံးမဟုတ်ပေမဲ့..ဖြစ်လာရင်..ခံစားရခက်တဲ့ဝေဒနာရယ်ပါ...

ဒီဒဏ်တွေကိုအံတုနိုင်ဖို့..💪.. အကောင်းဆုံးဆေးတစ်ခွက်ကတော့...

⛄သဘာဝကပေးတဲ့လက်ဆောင်လေးတစ်ခုရှိပါတယ်..

အဲ့တာကတော့... ရှေးပဝေဏသီကတည်းကသုံးစွဲလာတဲ့ရေနွေးကြမ်းပူပူလေးပါ😇😍

Cafe 56မှာ.. အထူးခြားဆုံးက..❓👇👇👇👇
🌿မြန်မာပြည်ရဲ့လက်ဖက်မြို့တော်လို့ခေါ်တဲ့
ပလောင်တို့ရဲ့နယ်မြေ..🌿🌿 နမ့်စန်မြေပေါ်က
သဘာဝလက်ဖက်ခြောက်ကို.🌿.အသုံးပြုထားတဲ့

ရေနွေးကြမ်းကို..သုံးဆောင်နိုင်တာပါပဲ..

သာမန်လက်ဖက်ခြောက်လိုမဟုတ်ပဲ..

💥👨‍⚕️ (FDA.အသိမှတ်ပြု.. အရည်သွေးစံချိန်မှီပီး..)

သန့်ရှင်းလက်ဆတ်တဲ့.🌿🌿.လက်ဖက်ရွက်နု..တွေကိုပဲအသုံးပြုထားတာပါပဲခင်ဗျာ😍❄❄❄

Cafe 56ကိုလာရင်..ဘယ်လိုရေနွေးကြမ်းအိုးရမလဲ

💖Black Tea.(.ရေနွေးကြမ်းအိုး)
💖Green tea(ရေနွေးကြမ်းအိုး)
💖ပျားရည်လီမွန်..ရေနွေးကြမ်းအိုး
💖ကောက်ညှင်းနံ့သင်းတဲ့ကောက်ညှင်းမွှေးရေနွေးကြမ်းအိုးတို့ကို..မှာယူသုံးဆောင်နိုင်ပါတယ်ခင်ဗျာ😍😍😍

ရေနွေးကြမ်းပူပူလေးသောက်ပီး..လန်းဆန်းတက်ကြွ..ပေါ့ပါးသွက်လက်တဲ့ခနွာကိုယ်လေး..ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ🙏🙏🙏

ရေနွေးကြမ်းချင်းတူပေမဲ့. Cafe 56ရဲ့..ရေနွေးကြမ်းက..ဘာလို့သောက်လို့ကောင်းလဲဆိုတာ.. လက်တွေ့စမ်းသောက်ကြည့်ဖို့ဖိတ်ခေါ်ပါစေခင်ဗျာ😍😍😍🙏🙏🙏

📞09 400609056/ 09 785338967 📞
..........Cafe 56.........
56 လမ်း 106/107 ကြား.........mandalay.......

23/09/2022

📣၂၀၀၀ ပြည့်နှစ် ဝန်းကျင်ဆီက လက်ဖက်ရည်ဆိုင်​တွေဆီ တစ်​ခေါက်​လောက် အလည်သွားကြမလား❓️

ဒီလို​ပြောလိုက်လို့ ...အချိန်ခရီးသွားမလို့လား ? ဆိုတဲ့ ရွှတ်​​နောက်​နောက်​ မေးခွန်းသံ​လေး​တွေ​တော့ မကြားပါရ​စေနဲ့ဗျာ။ တကယ်​တော့ ကျွန်​တော်တို့ Cafe 56
ကိုလာထိုင်ကြည့်တာနဲ့ တစ်​ခေတ်တစ်ခါ က လက်ဖက်ရည်ဆိုင် ထိုင်ခြင်းရဲ့ အရသာကို ခံစားလို့ရမှာ
အ​​သေအချာပါပဲ💯

❗️ဒီလို ခံစားနိုင်​အောင်လို့လည်း ကျွန်​တော်တို့ သူငယ်ချင်းတစ်သိုက် ​သေချာတိုင်ပင် စုပြီး
ဖွင့်ဖြစ်ခဲ့ကြတာကိုး။ ကျွန်​တော်တို့ ကျောင်းတက်တုန်းကဆို မိန်းထဲက လက်ဖက်ရည်ဆိုင်​လေး​တွေမှာ
​ဘော်ဒါ​တွေစု ၊ စကား​တွေ​ပြော ၊ ​ပျော်ခဲ့ရတဲ့ အချိန်​လေး​တွေက ​ဘယ်ချိန်ပြန်​တွေး​တွေး မေ့မရနိုင်တဲ့ အမှတ်တရတွေပါပဲ❣️

‼️စီးကရက်​လေး တစ်ဖွာ​လောက် ဖွာလိုက် ၊ လက်ဖက်ရည်​လေး တစ်ကျိုက်​​လောက် မော့လိုက် ၊ အကြမ်းရည်​လေး ​သောက်လိုက်နဲ့ လက်ဖက်ရည်ဆိုင်ထိုင်ရတဲ့ အရသာက အ​တော်ထိမိတာဗျ။
ဒီကြားထဲ လမ်းမှာဖြတ်​လျှောက်သွားတဲဲ့ တက္ကသိုလ်ဝန်းထဲက ပျိုဖြူ​လေး​တွေကလည်း မျက်စိပဒသာ
ဖြစ်စရာ​ပေါ့ ။

ဒီလိုပဲ မနက်တစ်ခါ ၊ ​နေ့လည်တစ်ခါ ၊ ည​​​နေတစ်ခါ လက်ဖက်ရည်ဆိုင် တစ်​နေ့ ၃ ​ခေါက်​လောက်
မ​ရောက်ရရင် ရင်ထဲတစ်ခုခုလို​နေသလိုက ခံစားရ​သေး။ ည​နေဘက်ဆိုရင်​​တော့ အ​ပေါင်းအသင်း​တွေစု ၊ လက်ဖက်ရည်​လေး​​သောက် ၊ ဂစ်တာသံ​လေး
တ​ဒေါင်​ဒေါင် ၊ တဒင်ဒင်က လက်ဖက်ရည်ဝိုင်းအတွက် အပိုဆု​လေး​ပေါ့ဗျာ။

အဲလို ပြန်​ပြောပြရင်​တောင် လွမ်း​မောရတဲ့ လက်ဖက်ရည်ဝိုင်းရဲ့ အနှစ်သာရလေး​တွေကို
ခု​ခေတ်လူငယ်​တွေ ​သေချာ ပြန်ခံစားနိုင်အောင်
ဆိုတဲ့ ရည်ရွယ်ချက်​လေးနဲ့ Cafe 56 ဆိုတာ ဖြစ်တည်လာ​​အောင် ကျွန်​တော်တို့ သူငယ်ချင်း​တွေ
ပုံ​ဖော်ထားတာပါ။

🏡အရိပ်အာဝါသ ​ကောင်းမွန်တဲ့အတွက် ပူပြင်းတဲ့
နေ့လည်နေ့ခင်း​တွေမှာ​တောင် Aircon မလိုဘဲ
အေး​ဆေးထိုင်လို့​ကောင်းတဲ့ ဆိုင်​လေးဖြစ်ပါတယ်။
🙋သူငယ်ချင်း​တွေ စကားလက်ဆုံ​ပြောလို့​ကောင်းတဲ့ ​နေရာ ၊​ ​လေဝင်​လေထွက်​လည်းကောင်းပြီး လက်ဖက်ရည်ဆိုင် ပီသ​တဲ့ ​နေရာ Cafe 56 ဆိုင်​လေးကို လာ​ထိုင်ကြည့်ဖို့ ဖိတ်​ခေါ်လိုက်ပါရ​စေဗျာ။

‼️ဟိုး ၂၀၀၀ ပြည့်နှစ်​တွေဆီက မန္တ​လေးရဲ့ လက်ဖက်ရည်ဆိုင်ယ်ကျေးမှု​လေးကို ပြန်လည် အသက်ဝင်လာ​အောင် တစ်ဖက်တစ်လမ်းက​နေ ပါဝင်အားဖြည့်ချင်တဲ့ ကျွန်​တော်တို့ရဲ့ Cafe 56 ဆိုင်​လေးကိုသာ လာထိုင်ဖြစ်ခဲ့ရင် ......။

🏡လိပ်စာ - ၅၆ လမ်း ၊ ၁၀၆ × ၁၀၇ ကြား ။
☎️ဖုန်းနံပါတ် - ၀၉ ၇၈၅၃၃၈၉၆၇ ၊ ၀၉ ၄၀၀၆၀၉၀၅၆။



#၂၀၀၀ပြည့်နှစ်ဆီက
#လက်ဖက်ရည်ဆိုင်

08/09/2022

📣ဗျို့ ...ကျုပ်တို့ Cafe 56 မှာ " စမ​ ခြောက် လက်ဖက်သုပ် "ရ​နေပြီ​နော် ...( နှစ်ခါပြန်ဖတ် စမ​ ခြောက်​နော် ..ဟင်း ဟင်း..🤪 )

👀ဘာတဲ့ အသီးမှာ သရက် ၊ အရွက်မှာ လက်ဖက်ဆိုပဲ...လက်ဖက်သုပ်ဆိုတာနဲ့ ဗိုက်ထဲ ဆိုင်းဝိုင်းတီးသလို စားချင်စိတ်​တွေ တဖွားဖွား ​ပေါ်လာတတ်တာ
ကျွန်​တော်တို့​တွေ ထိပ်ဆုံးကပဲ ဟုတ်တယ်ဟုတ် ❓️

🤔အခုဟာက လက်ဖက် ချည်းတင် သုပ်ထားတာမဟုတ်ဘူးဗျာ ။ စမ​ခြောက်​လေးက အပိုဆုအ​နေနဲ့ ပါလိုက်​သေး...

" စမ​ခြောက် " ဆိုတာက မြိတ်​​ဒေသရဲ့ နာမည်ကြီး ထွက်ကုန်ဆိုလည်း မမှားဘူးဗျ ။ ငါးလိပ်​ကျောက်အသား​လေး​တွေကို ​သေချာ ပုံ​ဖော်ပြီး အ​ခြောက်လှန်းထားတာမို့ ကြွပ်ကြွပ်ရွရွနဲ့ တမူထူးခြားတဲ့ အရသာရ​တာ​တော့ အမှန်ပဲ💯

ကဲ ...ဒီလို စမ​ခြောက် ရွရွ​လေးကို ကျုပ်တို့ ၊ ခင်ဗျားတို့ အကြိုက် လက်ဖက်​လေးနဲ့ သုပ်ထားတာ​ဆို​တော့ကား အကြမ်းရည်​လေးနဲ့သာ မြည်းလိုက်ရရင်ဖြင့်
အ​မော​တော် ​ပြေရချည်ရဲ့ဗျာ‼️

🍚ထမင်း​လေးနဲ့ပဲ တွဲစားစား ၊ အဆာ​ပြေ အ​နေနဲ့ပဲ စားစား ဘယ်အချိန်စားစား ​ကောင်းမှ​ကောင်းပဲ ။ ​

❗️နေရာက​​​တော့ Cafe 56 မှာပဲ ရမှာ​​နော်..ကိုယ့်လူတို့ 🤔

🏡လိပ်စာ - ၅၆ လမ်း ၊ ၁၀၆ × ၁၀၇ ကြား ။
☎️ဖုန်းနံပါတ် - ၀၉ ၇၈၅၃၃၈၉၆၇ ၊ ၀၉ ၄၀၀၆၀၉၀၅၆။



#စမ​ခြောက်
#လက်ဖက်သုပ်
#လက်ဖက်ရည်ဆိုင်

01/09/2022

" ကို​ကျော်ဝဏ္ဏ စား​လေ "

​လက်ဖက်ရည်ဆိုင်ထိုင်ရင်း စီးပွား​ရေး ၊ ကြီးပွားရေး ​တွေအ​ကြောင်း ​ပြောရတာ
ကျွန်​တော်တို့ ၂ ​ယောက်ရဲ့ နိစ္စဒူဝ ​​နေ့စဥ်အလုပ်​တွေထဲက တစ်ခု ပဲ​ပေါ့ဗျာ ။
အခုလည်း ၂ ​ယောက်သား တိုင်ပင်စရာမလို ၊
လမ်းထိပ်ကို ကိုယ်စီထွက်လာကြရင်း
ထိုင်​နေကျ Cafe 56 လက်ဖက်ရည်ဆိုင်​​လေးမှာ
စကားလက်ဆုံ​ကျ နေကြပြန်​ပြီ​လေ။

▪️ကိုငြိမ်း​မောင် - ဗျို့ ကို​ကျော်ဝဏ္ဏ ဒီရက်ပိုင်း အ​ခြေအ​နေ​တွေ ဘယ်လိုလဲဗျ ?

▪️ကို​ကျော်ဝဏ္ဏ - ဟ ကိုငြိမ်း​မောင်ရ ... ဘာကို ဆိုလိုသတုန်းဗျ ?

▪️ကိုငြိမ်း​မောင် - စီးပွား​ရေး ၊ လူမှု​ရေး ၊ အချစ်​ရေး အစုံပဲ​ပေါ့ဗျာ။

▪️ကို​ကျော်ဝဏ္ဏ - လတ်တ​လော​တော့ ​ကြေကွဲလူငယ် အစည်းအရုံး ဥက္ကဌပဲ​ပေါ့ဗျာ။

▪️ကိုငြိမ်း​မောင် - ခင်ဗျားက​​တော့ မရိုးနိုင်တဲ့ပုံစံမျိုးစုံနဲ့ အသဲကွဲသကိုး ။

နှစ်​ယောက်သား စကားတ​ပြော​ပြောနဲ့ အာလူးဖုတ်​နေလိုက်ကြတာ ​နေ​မွန်းတည့်ချိန်​တောင် ​ရောက်လာပြီဆို​တော့ကား ဗိုက်ထဲကလည်း ဆန္ဒ​တွေပြ​နေပြီ။
... တစ်ဖက်ဝိုင်းမှ - ဗျို့ ချစ်တီးထမင်း ဆိတ်​ပေါင်နဲ့ တစ်ပွဲ ....။

▪️ကိုငြိမ်း​မောင် - ချစ်တီးထမင်း ဆိုပါလား ?
ကို​ကျော်ဝဏ္ဏ​ရေ...

▪️ကို​ကျော်ဝဏ္ဏ - ​အေးဗျ ကျုပ်ဖြင့် ချစ်တီးထမင်း ဆို မြင်သာမြင် မကျင်ဖူး ၊ ကြားသာကြား
မစားဖူး​ပေါင်ဗျာ....ကိုငြိမ်း​မောင်​ရ။

▪️ကိုငြိမ်း​မောင် - ကျုပ်တို့ ဗိုက်ထဲလည်း ဘုရားပွဲလှည့်သလို တဂွီဂွီ ၊ တဂွမ်ဂွမ်နဲ့
ဖြစ်​နေပြီဆို​တော့ မှာပြီး ဆွဲကြည့်ကြရ​အောင်ဗျာ။
ညီ​လေး​ရေ ...ချစ်တီးထမင်း ဆိတ်​ပေါင်နဲ့ တစ်ပွဲ ၊
ကြက်​ပေါင်နဲ့တစ်ပွဲ အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံး စီးပြီးသာ လာချ​တော့​ဝေ့။

မိနစ်အနည်းငယ် ကြာပြီး​နောက် ......

‼️ကို​ကျော်ဝဏ္ဏစား​လေ ...( ချစ်တီးထမင်း​ပြောပါတယ် ) ဟဲ ဟဲ ဟဲ..

‼️မ​နောက်ပါနဲ့ ကိုငြိမ်း​မောင်ရယ်

🏡လိပ်စာ - ၅၆ လမ်း ၊ ၁၀၆ × ၁၀၇ ကြား ။
☎️ဖုန်းနံပါတ် - ၀၉ ၇၈၅၃၃၈၉၆၇ ၊ ၀၉ ၄၀၀၆၀၉၀၅၆။



#ချစ်တီးထမင်း
#လက်ဖက်ရည်ဆိုင်

31/08/2022

တီးတစ်ခွက်နဲ့လိုက်ဖက်တဲ့
ကဖေး ၅၆ ရဲ့ ပူရီ ၊ တိုရှည် ၊ ချပါတီလေးက
ဘယ်အချိန်မှာပဲစားစား ပူပူနွေးနွေးလေးနဲ့
သုံးဆောင်ရတာ အရမ်းကို အဆင်ပြေလွန်းပါတယ်ဗျာ...

ပါကျဲရီ၊ ကျက်သနီ၊ အာလူးနှစ်တို့
ပါတာချင်းတူပေမယ့်...
✳ဖောင်းဖောင်းလေးနဲ့ စားလို့ကောင်းတဲ့
"ပူရီ"လေးစားရတဲ့အရသာလေးက တစ်မျိုး...
✳ကြွပ်ကြွပ်ရွရွလေးနဲ့ တစ်လုပ်လွေးလိုက်တိုင်း
ထိထိမိမိရှိလှတဲ့ "တိုရှည်"လေးရဲ့
အရသာလေးကလည်း တစ်ဖုံ...
✳မင်မင်ရဲ့ အကြိုက်ဆုံးတွေထဲကတစ်ခုဖြစ်တဲ့
"ချပါတီ (ရိုတီ)" ဆိုတာလေးကလဲ တစ်နည်းနဲ့
စားရတာတော့ အတော်ကောင်းသဗျာ...
ကြက်ဥ🥚နဲ့လဲ ရနိုင်သလို
ထောပတ်ရနံ့မွှေးမွှေးလေးနဲ့လည်း
ရတယ်ဗျ...

ဒါ့အပြင် ကြွပ်ကြွပ်လေးပဲ စားရတာကြိုက်သလား
ဒါမှမဟုတ် အပျော့လေးပဲ
လုပ်ခိုင်းပြီးတော့မှပဲစားအုံးမလား
မိတ်ဆွေတို့ သဘောတော်ကျ နှစ်သက်သလို
မှာယူသုံးဆောင်လို့ရနေပါပြီဗျာ...

🏡လိပ်စာလေးက - ၅၆ လမ်း ၊
၁၀၆ × ၁၀၇ ကြား မှာပါ...
အပြင်မထွက်ချင်လို့ Delivery လေးနဲ့
မှာချင်တယ်ဆိုရင်လည်း...
☎️ဖုန်းနံပါတ် -
၀၉ ၇၈၅၃၃၈၉၆၇ ၊
၀၉ ၄၀၀၆၀၉၀၅၆ ကို "ဟယ်လို"လိုက်ပါဗျာ...



#လက်ဖက်ရည်ဆိုင်

26/08/2022

အိန္ဒိယ နာမည်ကြီးစားဖွယ်တွေထဲကတစ်ခုဖြစ်တဲ့
ချစ်တီးထမင်းကို (၃၅)လမ်းမြောက်ဖက်ထိသွားစရာမလိုပဲ ကဖေး ၅၆ မှာ သုံးဆောင်လို့ရနေပါပြီဗျာ...

ချစ်တီး ထမင်းရဲ့ အသက်ဟာ
မဆလာနံ့မွှေးမွှေးလေးချက်ထားတဲ့ ဟင်းအနှစ်လေးကို
ထမင်းဖြူဖြူလေးနဲ့ နယ်ပြီးစားရတဲ့အရသာလို့ပြောရင်
ချစ်တီးကြိုက်သူတိုင်း လက်ခံနိုင်တယ်မို့လားဗျ...

နောက်ထပ် တွဲဖက်ပြီး ပါတဲ့
ဆီသန့်သန့်နဲ့ ကြော်ထားတဲ့
ငြုပ်သီးတောင့်ကြော်လေးက
ငြုပ်သီးစားသူတွေ အတွက်တော့
တကယ် Ok နေပြန်ရော...
အရသာရှိစွာချက်ထားတဲ့
သီးစုံပဲဟင်း ပျစ်ပျစ်လေးကိုလည်း
ထမင်းထဲ ဆမ်းစားစား ၊
ဒီတိုင်း အလွတ်သောက်သောက် ...
ပါပလာကြော် လေး က လည်း ကြွပ်ကြွပ်ရွရွလေးပါ...
ပကျဲရီ ဘာဂျီအချို တွေလည်း ပါပါတယ်ဗျ...
မိတ်ဆွေတို့ သိတဲ့ အတိုင်း
ချစ်တီးထမင်း စားတဲ့ အခါ နောက်ဆုံးမှ
သောက်ရတာ မလုပ်သနီ အရည်ပါ
အအီလည်းပြေ ကျန်းမာရေး နဲ့လည်း ကိုက်ညီပါတယ်...

ဆိုတော့ ကျွန်တော်တို့ ကဖေး ၅၆ရဲ့
ရောင်းအား အကောင်းဆုံးထဲမှာ ပါတဲ့
MENU အသစ်လေးတွေထဲက
ချစ်တီးထမင်း စားချင်တယ်ဆိုရင်
ရွေးချယ်စရာ ဟင်းတွေကလည်း
သတ်သတ်လွတ် အပါအဝင် မျိုးစုံ ရှိတော့
မိတ်ဆွေတို့ သဘောကျနှစ်ခြိုက်မှာပါဗျ

ကဲ ဆိုင်မှာပဲ ထိုင်စားမလား?
ဆိုင်လာဝယ်မလား?
Delivery နဲ့ မှာ မလား?
လျင်မြန်စွာ ကုန်ကုန်သွားတဲ့
ချစ်တီး ထမင်းကို စားမယ်ဆို
၀၉ ၇၈၅၃၃၈၉၆၇ ၊ ၀၉ ၄၀၀၆၀၆၀၅၆ ကို
ဟယ်လိုလိုက်ပါဗျ
လာဝယ်မယ်ဆို ၅၆ လမ်း၊ ၁၀၆ x ၁၀၇ ကြား
ကဖေး ၅၆ မှ ကြိုပါတယ်ဗျာ...

#ကဖေး၅၆
#ချစ်တီးထမင်း

Photos from Cafe 56's post 25/08/2022

❗️ကျွန်​တော်တို့အတွက်မပြည့်စုံမှုဆိုတာ
လက်ဖက် ရည်မပါတဲ့ " မနက်စာ ​"တွေက အစပြုပါတယ်

မိုးလင်းလို့ မနက်စာ ဘာစားရမလဲ❓️ ​ဆိုပြီး
နဖူး​ပေါ်လက်တင် စဥ်းစားလိုက်ရင်💭
"လက်ဖက်ရည်" ခွက်က မျက်လုံးထဲ တန်း​ပေါ်လာတာမျိုးဗျ။

ဒါ့​ကြောင့် ကျွန်​တော်တို့ရဲ့ 💁‍♀️
"နှလုံးသားထဲက လက်ဖက်ရည်ဆိုင် Cafe 56 " မှာ
ရရှိနိုင်တဲ့ လက်ဖက်ရည်နဲ့ တွဲဖက်စားဖို့
မနက်စာ ​ကောင်း​ကောင်း​လေး​💯တွေကို
မိတ်​ဆွေတို့အတွက် ​​ဖော်ပြ​ပေးလိုက်ပါတယ်ဗျာ🙋

📣Cafe 56 ရဲ့ ကုက္ကိုပင်​ အရိပ်​အောက်မှာ ​
မနက်စာ​လေးကို အရသာခံ စားရင်း
လက်ဖက်ရည် ​သောက်ရတဲ့ အခိုက်အတန့်​လေးက
ဘာနဲ့မှ မလဲနိုင်​အောင်ပါပဲ💯

💁‍♀️ကားပါကင်၊ ဆိုင်ကယ် ပါကင်​တွေက
ကျယ်ဝန်းတဲ့အပြင် ဆိုင်အတွင်းမှာပဲ ရှိတာမို့ ​
ပျောက်မှာလည်း မစိုးရိမ်ရပါဘူး🧏‍♀️။
စိတ်​ဖြောင့် လက်​ဖြောင့်နဲ့ လက်ဖက် ရည်​သောက်ရင်း ​
ဘော်ဒါ​တွေနဲ့ အာလူးဖုတ်လို့ ​ကောင်းတာ​ပေါ့ဗျာ😉

🏡လိပ်စာ - ၅၆ လမ်း ၊ ၁၀၆ × ၁၀၇ ကြား ။
☎️ဖုန်းနံပါတ် - ၀၉ ၇၈၅၃၃၈၉၆၇ ၊ ၀၉ ၄၀၀၆၀၉၀၅၆။



#မနက်စာ
#လက်ဖက်ရည်ဆိုင်

23/08/2022

ရွှေမန္တလေးလို လက်ဖက်ရည်ဆိုင် ယဥ်ကျေးမှု
ထွန်းကားလှတဲ့ မြို့ကြီးမှာ တစ်ဖက်တစ်လမ်းက
အားဖြည့်နိုင်ဖို့အတွက် ဖွင့်လှစ်ခဲ့တဲ့
(56)လမ်းမကြီးပေါ်က (4.0) Rating ရှိတဲ့
"Cafe 56".....

လက်ဖက်ရည်ဆိုင် ယဥ်ကျေးမှုဆိုတာ
ဟိုးယခင်ခေတ်တွေက ဆောင်းပါးတွေ ထဲ ထိ
စာအနေနဲ့လည်း ထွန်းကားခဲ့တယ်

ယနေ့ခေတ်မှာလည်း
မြို့တမြို့ ချင်း ဆီ မှာ တော့
လက်ဖက်ရည်ဆိုင် ထိုင်တဲ့ ပုံစံတွေ ဟာ
အမျိုးမျိုး ကွဲပြားနေပါလိမ့်မယ်
တစ်ချို့က မနက်စာ
တစ်ချို့က နေ့လည်စာ
တစ်ချို့က ညစာ စသဖြင့်ပေါ့...

လက်ဖက်ရည်ဆိုင်ဆိုတာ
လက်ဖက်ရည် တစ်ခွက် ကို
ဘဝတစ်ခု လို လုပ်သောက်သူ တွေ
အတွက်တော့
လက်ဖက်ရည်ဆိုင် ထိုင်ခြင်းကို
အနုပညာ တစ်ခုလို သဘောထားပြီး
ဆွေမျိုးမေ့သွားသည် ထိ ထိုင်ကြတာ
စကားတွေ ဝိုင်းဖွဲ့ ပြောကြတာ
ဆေးလိပ်မီးခိုးတွေ ကို ကောင်းကင်ပေါ်
မှုတ်ထုတ် လိုက်တာ
ဆေးလိပ်ပြာတွေ ကို အချိုပုဂံပြားထဲ
တောက်ချလိုက်တာ ထိ
ဘဝ တွေ သူတို့
အသာယာဆုံး ၊ အလွတ်လပ်ဆုံး အချိန်တွေ လို့
သတ်မှတ်ထားခဲ့ကြတာ လေ ...

လက်ဖက်ရည်ဆိုင်ထိုင်ရတဲ့ အနှစ်သာရ
အစစ်အမှန်ကို ခံစားဖူးချင်တယ်ဆိုရင်
(56)လမ်းမကြီးပေါ်က Cafe 56 ကို တစ်ခေါက်လောက်သာ ရောက်ဖြစ်အောင်လာခဲ့လိုက်ပါဗျာ...
နောက်ရက်တွေမှာလည်း Cafe 56 ကို
ရောက်အောင်သွားမယ်ဆိုတဲ့ အတွေးမျိုးဖြစ်လာ
စေရပါမယ်...

🏡လိပ်စာ - ၅၆ လမ်း ၊ ၁၀၆ × ၁၀၇ ကြား ။
☎️ဖုန်းနံပါတ် - ၀၉ ၇၈၅၃၃၈၉၆၇ ၊ ၀၉ ၄၀၀၆၀၉၀၅၆။



#လက်ဖက်ရည်ဆိုင်

21/08/2022

💁လူတိုင်းရဲ့အသဲစွဲ..🍲🍜🌿🌿..Menu အသစ်... ဒညင်းလက်ဖက်ထောင်းလေး.မကြာမီ..ရပါတော့မယ်ခင်ဗျာ.. 😋😋

📞09 400609056/ 09 785338967 📞

Cafe 56
56 လမ်း 106/107 ကြား
mandalay

20/08/2022

"ဟ...ဒါဘာကြီးတုန်းဟ.
ပြောင်သလင်းခါနေတာပဲ"👇👇👇👇

Waiter - "မဂ်လာပါခင်ဗျာ.🙏.ဘာလေးသုံးဆောင်မလဲခင်ဗျာ"

Customer -"အေးကွ...မင်းတို့ဆိုင်ကဒေါင်းလန်းလက်ဖက်သုပ်တစ်ပွဲချကွာ"

"ကျန်တာတော့ဦးရဲ့မိတ်ဆွေလာမှပဲမှာတော့မယ်.ပုံထဲကအတိုင်းလုပ်ပေးနော်...

ဦးရဲ့မိတ်ဆွေမစားဖူးသေးလို့..သူတို့မန်းလေးရောက်တုန်း..ထူးထူးခြားခြားလေးဧည့်ခံချင်လို့ 🙂"

W-"ဦးမှာထားတဲ့ဒေါင်းလန်းလေးရပါပီခင်ဗျာ.🙏"

Cus-"Thanks..ပုံထဲကထက်တောင်ပိုလှသေး🙂"

W-..တို့ဟူးခြောက်လေးကိုက်လိုက်..လက်ဖက်လေးစားလိုက်...
ပြောင်းဖူးလေးစားလိုက်..လက်ဖက်လေးစားလိုက်..
ငါးနီတူခြောက်ကြော်လေးစားလိုက်..လက်ဖက်လေးစားလိုက်နဲ့...

ဘေးကအရံလေးတွေနဲ့တွဲဖက်စားရင်းအလုပ်ရှုပ်နေတဲ့..ဦး...

အရသာခံကြည့်ရင်းစားနေတဲ့ပုံကဘေးပတ်ဝန်းကျင်ကိုတောင်သတိထားမိဟန်မပေါ်...

ဘယ်လိုကြောင့်လဲမသိ ဒေါင်းလန်းလက်ဖက်သုပ်လည်းကုန်ပီ...ဦးပြောတဲ့ ဦးရဲ့မိတ်ဆွေတွေလည်း..မရောက် လာသေး..

"ဟော...ပြောရင်းဆိုရင်းရောက်လာကြပါပီဦးရဲ့မိတ်ဆွေ တွေ"

"ဟ..ဒါဘာကြီးတုန်းဟ....ပြောင်သလင်းခါနေတာပဲ"

ဦးရဲ့မိတ်ဆွေပြောမှ..ဒေါင်းလန်းကိုငုတ်ကြည့်ရင်း..

အံ့သြသောမျက်ဝန်းဖြင့်..ကိုင်ထားသောနောက်ဆုံးတို့ဟူးခြောက်ကြော်လေးကိုကြည့်ရင်း...
"ဟာ....အေးဗျာ...ခင်များတို့မန်းလေးရောက်လာတုန်း.. ဒီဆိုင်မှာပဲရတဲ့ ဒေါင်းလန်းလက်ဖက်သုပ်ကိုစားကြည့်စေချင်လွန်းလို့..မှာထားတာ...စားကောင်းလွန်းတာနဲ့..

ခုတော့ဗျာ😩😩😩😩😩......."

😍ဘဝအမောတွေတခဏမျှပြေပျောက်စေဖို့ရည်ရွယ်ပါတယ်ခင်ဗျာ😊😊🙏🙏🙏

📞09 400609056/ 09 785338967 📞
.......Cafe 56.....
56 လမ်း 106/107 ကြား......mandalay.....

Photos from Cafe 56's post 17/08/2022

"နှလုံးသားထဲက လက်ဖက်ရည်ဆိုင်"

လက်ဖက်ရည်ဆိုင်​တွေ ​မှိုလို​ပေါ​နေတဲ့ ကျွန်​တော်တို့ရဲ့ ခေတ်မှာ လက်ဖက်ရည်ဆိုင် ယဥ်ကျေးမှုက​တော့ မြူမှုန်တစ်မှုန်စမျှ မကျန်​တော့တာကို သတိထားမိကြလား ဗျ ❓️

ဟုတ်ပါတယ်.....
ဆိုင်ကြီး ကနားကြီး​တွေ ၊ ဟိတ်ဟန်အကြီးကြီး​တွေနဲ့ ဖွင့်ထားကြတဲ့ လက်ဖက်ရည်ဆိုင်​တွေများ မ​ရေမတွက်နိုင်​အောင်ပါပဲ။
ဒါ​ပေမယ့် ခင်ဗျားတို့ သိကြလား ?
ကျွန်​တော်တို့ရဲ့ နှလုံးသားထဲက လက်ဖက်ရည်ဆိုင် ယဥ်ကျေးမှုဆိုတာ.....

▪️သီချင်းငြိမ့်ငြိမ့်​လေး​​တွေအသံကို နားမဆင်နိုင်​လောက်​အောင် ကျယ်​လောင်တဲ့ လူအုပ်ကြီးရဲ့စကားသံ​တွေ ၊ ခွေး​ခြေခုံ​လေး​တွေနဲ့ ​အ​ပေါင်းအသင်း​တွေ ဝိုင်းဖွဲ့ထိုင်ကြတဲ့ လက်ဖက်ရည်ဆိုင်....

▪️လက်ဖက်ရည် စိမ့်စိမ့်​လေးကို တစ်ကျိုက်​​မော့ရင်း ဟို​ငေး ဒီ​ငေးနဲ့ လွမ်း​ဆွေးလို့​ကောင်းတဲ့ ​အသဲကွဲသူတို့ရဲ့ စိတ်ငြိမ်ရာ နယ်​မြေ ...

▪️လူ​တွေအ​ကြောင်း ၊ မိသားစုအ​ကြောင်း ၊ စီးပွား​ရေးအ​ကြောင်း ၊ ညက ရှုံးတဲ့ ​ဘောလုံးပွဲအ​ကြောင်း စုံ​နေ​အောင် ကြားရတဲ့ လူကြီး လူငယ် ​တို့ရဲ့ ခံစားချက်တို့ ဆုံစည်းရာ အရပ် ...။

ကျွန်​တော်တို့ မန္တ​လေးသား​တွေနဲ့ လက်ဖက်ရည်ဆိုင်၊ လက်ဖက်ရည် နဲ့ မန္တ​လေးသား​တွေဆိုတာ
အီကြာ​ကွေး တစ်​ချောင်းလို နှစ်ခု​ပေါင်းမှ ပြည့်စုံတာမျိုးဗျ။

ဒါ့​ကြောင့် အရင်က တကယ့် "လက်ဖက်ရည်ဆိုင်" ခံစားချက်​တွေကို ရဖို့ ဆိုင်ထိုင်မယ်ဆိုရင်​တော့ ​နောင်ကြီးတို့ ​၊ နောင်​လေးတို့အတွက် Cafe 56 က
အမြဲ ​စောင့်ကြိုလျက်ပါ။ ​နေပူပူ ၊ မိုးရွာရွာ ဘယ်လို အချိန်ပဲ ဖြစ်ဖြစ် လက်ဖက်ရည်​ကောင်း​ကောင်း​လေးတစ်ခွက်မှာရင်း "ဆိုင်ထိုင်ခြင်းရဲ့ အရသာ" ကို ခံစားဖို့ Cafe 56 ကိုသာ လှမ်းလာခဲ့ပါဗျာ။

လူမျိုးစုံ ၊ စိတ်​ရောင်စုံ​တွေကြားမှာ ကျွန်​တော်တို့ကို တစ်သားတည်း ဖြစ်​​စေတဲ့ လမ်းထိပ်က လက်ဖက် ရည်ဆိုင် ၊ အကြမ်း​ရည် လေး ​သောက်ရင်း ​ထွေရာ​လေးပါး ​ပြောလို့​ကောင်းတဲ့ လက်ဖက်ရည်ဆိုင် ၊ ဘဝဝန်တွေ ပိ​နေတဲ့ ကျွန်​တော်တို့လို ခင်ဗျားတို့လို လူ​တွေအတွက် "အ​မေ​ပြောတဲ့ အ​မော​ပြေ" ရတဲ့ တစ်ခုတည်း​သော​နေရာက လက်ဖက်ရည် ဆိုင်ပါပဲဗျာ။

🏡လိပ်စာ - ၅၆ လမ်း ၊ ၁၀၆ × ၁၀၇ ကြား ။
☎️ဖုန်းနံပါတ် - ၀၉ ၇၈၅၃၃၈၉၆၇ ၊ ၀၉ ၄၀၀၆၀၉၀၅၆။



#လက်ဖက်ရည်ဆိုင်

17/08/2022

ဟူး......😫😫😧😧ဒီနေ့..မန္တလေးနေ.☀.သိပ်ပူပြင်းလွန်းတယ်... နိုင်ငံအနှံ့မိုးရွာရေကြီးနေပေမဲ့.. အပူဒဏ်တွေမန္တလေးမှာ..အတိုးချလာပူနေသလားမှတ်ရ☀☀☀

☀ ဘယ်မှမသွားချင်😫.. အေးအေးလေးနဲ့လန်းလန်းဆန်းဆန်းရှိချင်တယ်ဆိုရင်...😍

Cafe 56 ကိုသာ..ကြွလှမ်းခဲ့ပါ...

💁😍700ksတည်းနဲ့.. အေးမြလန်းဆန်းမှုကိုပေးနိုင်မဲ့...

🍷သဘာဝကျောက်ကျောမန်ကျည်းကျောက်ကျောဖျော်ရည်လေးသာ..😋.သောက်သုံးကြည့်ပါ..🌿🌿

✔သဘာဝမန်ကျည်းအနှစ်ကိုအသုံးပြုထားတာမို့..

✔ သင့်ကျန်းမာရေးအတွက်အကောင်းဆုံးဆေးတစ်ခွက်ဆိုလည်းမမှားပါဘူး...

✔ဆီးမှန်ဝမ်းမှန်...ခနွာကိုယ်ပေါ့ပါးလန်းဆန်းစေမှာပါ..

သဘာဝကျောက်ကျောမန်ကျည်းဖျော်ရည်..700ks
ပါဆယ်...1000ks

📞09 400609056/ 09 785338967 📞
........Cafe 56......
56 လမ်း 106/107 ကြား......mandalay......

16/08/2022

💁ကဲ...လက်ဖက်ချစ်သူတွေတော့..Cafe 56ရဲ့.. ရှယ်ဒေါင်းလန်းလက်ဖက်လေးနဲ့သာယာကြည်နူးနေကြပီ.😋😊😍😊😊😊😍😍😋😋😋😋😋.

😯သူ့အနံ့...သူ့အရသာ..သူ့ပုံစံ..သူ့ရဲ့ထူးခြားတဲ့အသွင်ပြင်နဲ့..💖

😯 💃သူမတူတဲ့Feeling လေးကိုပေးစွမ်းနိုင်တဲ့...ရှယ်ဒေါင်းလန်းလက်ဖက်သုပ်...🌿🌿🌿

🤗..မိတ်ဆွေတို့ရော..စားသုံးကြည့်ပီးပီလား❓

💁တစ်ခါစားပီးတိုင်းထပ်ခါထပ်ခါစားချင်စေတာမို့...

ဆိုင်ထိလာရောက်အချိန်မပေးနိုင်သူများအတွက်...

ဆိုင်ရဲ့အနီးတစ်ဝိုက်ဆိုရင်..Deli free နဲ့ပို့ဆောင်ပေးပါမယ်ခင်ဗျာ..🙏🙏🙏

💖ကျန်တဲ့နေရာလေးတွေတော့...အနီးအဝေးပေါ်မူတည်ပီး..
Deli fee.(.ဆီဖိုးလောက်သာ)..1000/1500/ 2000သာ..ကျသင့်ပါမယ်နော်😊😊😊😊😊

📞09 400609056/ 09 785338967 📞.........Cafe 56........
56 လမ်း 106/107 ကြား.........mandalay......

Photos from Cafe 56's post 21/07/2022

Cafe 56 ရဲ့စားပွဲတိုင်းမှာ💁..ဒေါင်းလန်းလက်ဖက်သုပ်လေးတွေ.💐💐.နေရာယူနေပီဖြစ်လို့.😊😊. မြန်မာ့ရိုးရာ..ဒေါင်းလန်းလက်ဖက်သုပ်အားပေးကြတဲ့ Customer များအတွက်.😍😍..ယနေ့အချိန်လေးတိုးမြင့်ထားပါတယ်ခင်ဗျာ...

စားသုံးကြတဲ့ကျေးဇူးရှင်..Customer အပေါင်းကိုလည်းအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ🙏🙏🙏

56လမ်း၊(106*107)ကြား..........Cafe 56..........

Photos from Cafe 56's post 20/07/2022

ကျွန်တော်တို့💁..Cafe 56 မှာ.လူကြိုက်များပီး..လူသိနည်းနေ​သေးတဲ့.☕🌿.. ရေနွေးကြမ်းအိုး.. အကြောင်းလေး🌿.မိတ်ဆက်ပါရစေခင်ဗျာ...🙏

🤔 ရိုးရိုးရေနွေးကြမ်းအိုးမဟုတ်ပဲ.💥. ဘာတွေထူးလို့.. အထူးတလည်မိတ်ဆက်ပေးရတာလဲဆိုရင်... 👇👇👇

👨‍⚕️👩‍⚕️ အရည်သွေးမြင့်...လက်ဖက်ခြောက်ကိုအသုံးပြုထားတဲ့☕...ရေနွေးကြမ်းအိုးလေးတွေကို👵👴.. လူကြီးလူငယ်မရွေး..သုံးဆောင်ကြည့်စေ ချင်လို့ပါခင်ဗျာ...

✔ လက်ဖက်တို့အများဆုံးထွက်ရှိတဲ့..ပလောင်တို့ပျော်ရာ..နမ့်ဆန်မြေမှာ.. သဘာဝအတိုင်းစိုက်ပျိုးထားတဲ့...

✔ကောင်းပေ့ဆိုတဲ့.. လက်ဖက်ညွှန့်..လက်ဖက်နုများကိုသာ..အသုံးပြုထားပီး.. နိုင်ငံတကာစံချိန်စံညွှန်းမှီတဲ့.. အရည်သွေးမြင့်🌿.. လက်ဖက်ခြောက်များကိုအသုံးပြုထားလို့ပဲဖြစ်ပါတယ်ခင်ဗျာ...

✔ ရေနွေးကြမ်းသောက်နေကျသူတွေဆို... ဒီလက်ဖက် ခြောက်မှ... ဒီလက်ဖက်ခြောက်ပဲအသုံးပြုချင်လောက်အောင်ကို...ဖြစ်စေတဲ့လက်ဖက်ခြောက်မျိုးပါ..

💁 Cafe 56 မှာ.🌿.. ဘယ်လိုရေနွေးကြမ်းအိုးတွေရမလဲ❓

💥1.Green Tea(ကေျာက်စိမ်းရေနွေးကြမ်းအိုး)

💥2. Honey Lemon Tea(သဘာဝပျားရည် လီမွန်ရေနွေးကြမ်းအိုး)

💥3.ကောက်ညှင်းမွှေးရေနွေးကြမ်းအိုး

💥4. Red Tea or Black Tea(ပတ္တမြားရေနွေးကြမ်းအိုး)

စသဖြင့်... လူကြီးမင်းတို့ကြိုက်နှစ်သက်တာကို.. မှာယူသုံးဆောင်နိုင်ပါတယ်ခင်ဗျာ...

အထက်ပါ..ဖော်ပြခဲ့တဲ့ရေနွေးအိုး..4မျိုးဟာ.. ကျွန်တော်တို့သောက်နေကျရေနွေးကြမ်းနဲ့မတူပါဘူး... ဘယ်လိုအရသာ..ဘယ်လိုခံစားရစေမလဲဆိုတာ..

ပုံအောက်မှာ..အသေးစိတ်.. ဖော်ပြပေးထားပါထားတယ်ခင်ဗျာ..

ရေနွေး​ကြမ်းအိုး နဲ့.. အလိုက်ဖက်ဆုံး...ဒေါင်းလန်းလက်ဖက်သုပ်လေးနဲ့သာဆိုရင်..ဆွေမျိုးပါမေ့မှာစိုးလို့.. အဖွဲ့လိုက်ကြွလှမ်းခဲ့ပါခင်ဗျာ..😋😋😋😊😊

တစ်ယောက်တည်းလာရင်အခက်တွေ့ရချည်ရဲ့😋😋🍲🍲🥗🥗🥗
..............Cafe 56.............
56လမ်း၊ 106*107ကြား၊............မန္တလေးမြို့............

Photos from Cafe 56's post 11/07/2022

ဒီလိုအဲကွန်းခန်းထဲမှာ seminar ဘဲလုပ်လုပ်
business talks ဘဲလုပ်လုပ်သီးသန့်အခန်းထဲမှာ အခန်းခမပေးရဘဲ Cafe 56 မှာ ကြိုတင်မှာထားရုံနဲ့အဆင်ပြေနေပြီနော်!!!
အော် 📣
တနေရာထဲမှာဘဲ ချစ်တီးထမင်းဟင်း
တရုတ်ထမင်းဟင်းနဲ့ စားဖွယ်အစုံရပြီး ကားပါကင်ကျယ်တဲ့ cafe 56 ကိုဟယ်လိုလုပ်လိုက်ပါနော်

📞09 400609056/ 09 785338967 📞

Cafe 56
56 လမ်း 106/107 ကြား
mandalay

Want your restaurant to be the top-listed Restaurant in Mandalay?
Click here to claim your Sponsored Listing.

Videos (show all)

သင်ကိုယ်တိုင်နားထောင်ဘို့ အချိန်ရောက်ရှိလာပါပြီSexo acoustic buskin every Sunday morning @Cafe 5656 street btn’ 106* 107...
💁ကဲ...လက်ဖက်ချစ်သူတွေတော့..Cafe 56ရဲ့.. ရှယ်ဒေါင်းလန်းလက်ဖက်လေးနဲ့သာယာကြည်နူးနေကြပီ.😋😊😍😊😊😊😍😍😋😋😋😋😋. 😯သူ့အနံ့...သူ့အရသာ..သ...

Telephone

Website

Address


56 Street, Bet 106 & 107 Streets
Mandalay
05041

Opening Hours

Monday 06:00 - 21:00
Tuesday 06:00 - 21:00
Wednesday 06:00 - 21:00
Thursday 06:00 - 21:00
Friday 06:00 - 21:00
Saturday 06:00 - 21:00
Sunday 06:00 - 21:00

Other Mandalay restaurants (show all)
Top Choice Cafe Top Choice Cafe
32nd Street, Between 80th-81th St
Mandalay, 050011

Top Choice Cafe

The Chapati House The Chapati House
Mandalay

Welcome to Malaysia Chapati Roll page.

My Palace My Palace
64TH Street 42/43
Mandalay

𝐒𝐮𝐠𝐚𝐫𝐋𝐚𝐧𝐝 𝗖𝗮𝗳𝗲 & 𝗥𝗲𝘀𝘁𝗮𝘂𝗿𝗮𝗻𝘁 𝐒𝐮𝐠𝐚𝐫𝐋𝐚𝐧𝐝 𝗖𝗮𝗳𝗲 & 𝗥𝗲𝘀𝘁𝗮𝘂𝗿𝗮𝗻𝘁
72ⁿᵈ, Between 30ᵗʰx31ˢᵗ
Mandalay, 05021

Café & Restaurant with HelloKitty Theme💗

Kin ARoi Kin ARoi
61street Between 122 And 123
Mandalay, 05051

provide prestige foods supply and lexuary.

Beer Barley Beer Barley
64street, Between 40&41
Mandalay

Beer

Everluck Seafood & Restaurant Everluck Seafood & Restaurant
73st, Btw27st & 28st
Mandalay

Youths' Youths'
82 Street Bet;17 &18 Aung Myay Thar Zan
Mandalay, 1485

Winn Food House Winn Food House
76
Mandalay

Fresh Up Co. Cafe Fresh Up Co. Cafe
62A, Bet: 110 X 111
Mandalay, 05041

We provide fresh coffee & healthy bread everyday!