ProCare Home HealthCare Services & Clinic

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ProCare Home HealthCare Services & Clinic, Home Health Care Service, Corner of 66 Street x 40 street, Mandalay.

10/12/2023

📢Vacancy Announcement❗❗

🏥ProCare အထူးကုဆေးခန်း နှင့်အတူ လက်တွဲ လုပ်ဆောင်ရန် အောက်ပါ ရာထူး များအား အမြန် ဖိတ်ခေါ်အပ်ပါသည်။

✅Nurse - (2) posts

📌Requirement
-BNSc (သို့) Dip in Nursing ဘွဲ့ရရှိထားသူဖြစ်ရမည်။
-သက်ဆိုင်ရာ သက်တမ်းရှိသူနာပြုလိုင်စင်ကိုင်ဆောင်ထားသူဖြစ်ရမည်။
-အဖွဲ့အစည်းနှင့် လုပ်ကိုင်နိုင်သူဖြစ်ရမည်။
-ဆေးရုံ၊ဆေးခန်း အတွေ့အကြုံရှိသူဦးစားပေးမည်
- ကလေးငယ်များကို စိတ်ရှည်ပြီးကျွမ်းကျင်ပိုင်နိုင်စွာကိုင်တွယ်နိုင်ရမည်။

👉လျှောက်ထားလိုသူများသည်-
(1) CV form
(2) ၃လအတွင်းရိုက်ထားသော Passport ပုံတစ်ပုံ
(3)မှတ်ပုံတင်မိတ္တူ ၊အိမ်ထောင်စုဇယားမိတ္တူ
(4)သက်ဆိုင်ရာဘွဲ့လက်မှတ်မိတ္တူ ၊ လိုင်စင်မိတ္တူ များနှင့်တကွ

🏥ProCare ဆေးခန်း သို့လူကိုယ်တိုင်လာရောက်၍လျှောက်ထားနိုင်သလို [email protected] သို့လည်း လိုအပ်သည်များကို ပေးပို့၍လျှောက်ထားနိုင်ပါသည်။

☎️-09 962 888 483

🏥ဆေးခန်းလိပ်စာ - ၆၆လမ်း ၊ လမ်း၄၀ထောင့် ၊ မဟာအောင်မြေမြို့နယ် ၊ မန္တလေးမြို့။

25/10/2023

ယာဉ်မောင်း ၁ ဦး အလိုရှိသည်

-အသောက်အစားကင်းပြီး အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်
-အတွေ့အကြုံရှိသူဦးစားပေးမည်

👉CV form /ကိုယ်ရေးမှတ်တမ်း , မှတ်ပုံတင်မိတ္တူ , အိမ်ထောင်စုဇယားမိတ္တူနှင့် လာရောက်လျှောက်ထားနိုင်သည်

07/09/2023

📢Vacancy Announcement

🏥ProCare အထူးကုဆေးခန်း နှင့်အတူ လက်တွဲ လုပ်ဆောင်ရန် အောက်ပါ ရာထူး များအား အမြန် ဖိတ်ခေါ်အပ်ပါသည်။

✅Medical Officer - (2) Posts
📌Requirement
-M.B.B.S ဘွဲ့ရရှိထားသူဖြစ်ရမည်။
-သက်တမ်းရှိဆေးကုသခွင့်လိုင်စင် လက်ဝယ်ကိုင်ဆောင်ထားသူဖြစ်ရမည်။
-ဆေးရုံ ၊ ဆေးခန်း အတွေ့အကြုံရှိသူဦးစားပေးမည်။
-‌‌ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး အဖွဲ့အစည်းနှင့်ပူးပေါင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။
-ကလေးများကိုချစ်ပြီး စိတ်ရှည်စွာကိုင်တွယ်နိုင်သူဖြစ်ရပါမည်။

✅Nurse - (2) posts
📌Requirement
-BNSc (သို့) Dip in Nursing ဘွဲ့ရရှိထားသူဖြစ်ရမည်။
-သက်ဆိုင်ရာ သက်တမ်းရှိသူနာပြုလိုင်စင်ကိုင်ဆောင်ထားသူဖြစ်ရမည်။
-အဖွဲ့အစည်းနှင့် လုပ်ကိုင်နိုင်သူဖြစ်ရမည်။
-ဆေးရုံ ဆေးခန်း အတွေ့အကြုံရှိသူဦးစားပေးမည်
- ကလေးငယ်များကို စိတ်ရှည်ပြီးကျွမ်းကျင်ပိုင်နိုင်စွာကိုင်တွယ်နိုင်ရမည်။

✅Front Office / Receptionist - (2) Posts
📌Requirement
-ဘွဲ့ရဖြစ်ရမည်။
-ဆေးရုံ ၊ ဆေးခန်း အတွေ့အကြုံရှိသူဦးစားပေးမည်။
-အဖွဲ့အစည်းနှင့်ပူးပေါင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။
-စကားအပြောအဆို ချိုသာရမည်။
-Customer Service ကျွမ်းကျင်ပိုင်နိုင်စွာဖြေရှင်းပေးနိုင်သူဖြစ်ရမည်။
-ဆရာဝန်ကြီးများနှင့် ကောင်းမွန်စွာ ပြောဆို ဆက်ဆံနိုင်ရမည်။

👉လျှောက်ထားလိုသူများသည်-
(1) CV form
(2) ၃လအတွင်းရိုက်ထားသော Passport ပုံတစ်ပုံ
(3)မှတ်ပုံတင်မိတ္တူ ၊အိမ်ထောင်စုဇယားမိတ္တူ
(4)သက်ဆိုင်ရာဘွဲ့လက်မှတ်မိတ္တူ ၊ လိုင်စင်မိတ္တူ

🏥ProCare ဆေးခန်း သို့လူကိုယ်တိုင် ( မနက် ၈နာရီ မှ ညနေ ၆ နာရီအတွင်း ) လာရောက်၍လျှောက်ထားနိုင်သလို [email protected] သို့လည်း လိုအပ်သည်များကို ပေးပို့၍လျှောက်ထားနိုင်ပါသည်။

☎️-09 962 888 483

🏥ဆေးခန်းလိပ်စာ - ၆၆လမ်း ၊ လမ်း၄၀ထောင့် ၊ မဟာအောင်မြေမြို့နယ် ၊ မန္တလေးမြို့။

30/07/2023

📌ဒီအပတ်မှာတော့ Dr Polar က အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေတဲ့ Human Papilloma Virus 🦠အကြောင်း သိထားသင့်တာလေးတွေကို မျှဝေပေးသွားပါမယ်နော်။

👉Human Papilloma Virus 🦠သည် လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါတစ်မျိုးဖြစ်ပြီး အဖြစ်များတဲ့ လိင်အင်္ဂါကြွက်နို့များ၊ သားအိမ်ခေါင်းကင်ဆာ အပါအဝင် အခြားသော စအိုကင်ဆာ ၊ လျှာ နှင့် လည်ချောင်းကင်ဆာ ၊လိင်တံ ကင်ဆာတို့ကို ဖြစ်စေတတ်သော အဓိက တရားခံလည်းဖြစ်ပါတယ်။

👉HPV ဘယ်လိုကူးစက်တတ်လဲ?

- ရောဂါပိုးရှိသူနှင့် အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်းမှ ကူးစက်တတ်ပြီး ပါးစပ်နှင့် လိင်ဆက်ဆံခြင်း ၊ စအို နှင့် လိင်ဆက်ဆံခြင်းတို့မှလည်း အများဆုံးကူးစက်နိုင်ပါတယ်။

👉ရောဂါမကူးစက် အောင် ဘယ်လို ကာကွယ်ထားသင့်သလဲ?

- အကာအကွယ်(ကွန်ဒုံး) အသုံးပြု၍ လိင်ဆက်ဆံပါ။

- အမျိုးသားရော ၊ အမျိုးသမီးရော သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ကြိုထိုးထားခြင်းအားဖြင့် ထိရောက်စွာကာကွယ်နိုင်ပါတယ်။

📌သားအိမ်ခေါင်းကင်ဆာ ကာကွယ်‌ဆေးထိုးလိုသူများအတွက် ProCareဆေးခန်းမှာ Cold Chain စိတ်ချစွာဖြင့် ကာကွယ်ဆေးအဆင်သင့် ထားရှိ‌ပေးထားပါတယ်နော်။

🏥ဆေးခန်းလိပ်စာ - ၆၆လမ်း ၊ လမ်း၄၀ထောင့် ၊မဟာ‌အောင်မြေမြို့နယ်၊မန္တလေးမြို့။

☎️ဆက်သွယ်ရန်ဖုန်း - 09 962 888 483

24/07/2023

👉မိမိကလေး အသားအဝါဓာတ်ကျဖို့အတွက် ရက်ရှည် မီးပြဖို့ လိုအပ်နေပါသလား?

👉မန္တလေးမြို့မှ ‌‌‌မွေးကင်းစအသားဝါနေသော ကလေးများအတွက်....

📢 မိမိအိမ်မှာတင်ပဲ ကလေးမီးပြစင် အိမ်ငှားရမ်းတဲ့ Service လေး ProCare မှာရှိပါတယ်နော်။

-ကုန်ကျစရိတ်များစွာဖြင့် ဆေးရုံတက်ပြီး ကလေး မီးပြစရာ မလိုတော့ဘူးနော်👍

📌 ကလေးအထူးကုဆရာဝန်ကြီး၏ ညွှန်ကြားချက်ဖြင့်သာ မီးပြသင့်ပါတယ်ရှင်🙏

👉အသေးစိတ်ကို စုံစမ်းသိရှိလိုပါက Page Cb တွင် လာရောက်မေးမြန်းနိုင်သလို 09-962 888 483 သို့လည်း မနက်၈နာရီမှ ညနေ၆နာရီအတွင်း ဆက်သွယ်ပြီး စုံစမ်း မေးမြန်းနိုင်ပါတယ်။

🏥ဆေးခန်းလိပ်စာ - ၆၆လမ်း ၊ လမ်း၄၀ထောင့် ၊မဟာ‌အောင်မြေမြို့နယ်၊မန္တလေးမြို့။

☎️ဆက်သွယ်ရန်ဖုန်း - 09 962 888 483

👉မန္တလေးမှာ ကျန်းမာရေးနဲ့ပတ်သက်ပြီး အိမ်တိုင်ရာရောက်ဝန်ဆောင်မှု ဆိုရင် ProCare ကို သတိရလိုက်ပါ။ 😉

17/07/2023

👉မန္တလေးမြို့မှာ Medical Check up အတွက်ပဲဖြစ်ဖြစ်၊ ရောဂါရှာဖွေရေးအတွက်ပဲဖြစ်ဖြစ် ဓာတ်မှန်ရိုက်ဖို့လိုအပ်နေပါသလား?

🏥ProCare ဆေးခန်းမှာ ဓာတ်မှန်(X-rays) လာရိုက်ဖို့ဖိတ်ခေါ်ပါရစေရှင်🙏

✅ProCare ဆေးခန်းမှာ -

📌နိုင်ငံတကာ အဆင့်မှီ အရည်အသွေးပြည့်ဝတဲ့ India နိုင်ငံထုတ် Digital X-rays(DR) စက်ကြီးကို တပ်ဆင်ပေးထားပါတယ်။

📌ဓာတ်မှန်ရိုက်ပြီး အချိန်တိုအတွင်း ရုပ်ထွက်ကြည်လင်ပြီး ပြတ်သားတဲ့ X-Rays film ရရှိနိုင်ခြင်း

📌ဝါရင့် အတွေ့အကြုံရှိ ဓာတ်မှန် ဆရာဝန်ကြီးများနှင့် X-rays report အဖြေဖတ်ပေးခြင်း

📌ကျွမ်းကျင်တတ်ကျွမ်းသော X-rays Technician များထားရှိပေးထားခြင်း

📌တိကျမှန်ကန်သော စစ်ဆေးမှုရလဒ် အ‌ဖြေများပေးနိုင်ခြင်းတို့ကြောင့် ဓာတ်မှန်ကို ProCare ဆေးခန်းမှာ စိတ်ချစွာ လာရိုက်လို့ရပါတယ်နော်။☺️

🏥ဓာတ်မှန်ရိုက်လိုပါက ProCare ဆေးခန်းမှာ မနက်၈နာရီ မှ ညနေ ၆နာရီအတွင်း လာရောက် ဓာတ်မှန်ရိုက်နိုင်ပါတယ်ရှင့်🙏

🏥ဆေးခန်းလိပ်စာ - ၆၆လမ်း ၊ လမ်း၄၀ထောင့် ၊မဟာ‌အောင်မြေမြို့နယ်၊မန္တလေးမြို့

☎️ဆက်သွယ်ရန်ဖုန်း - 09 962 888 483

-rays

Photos from ProCare Home HealthCare Services & Clinic's post 16/07/2023

ProCare ကလေးအထူးကုဆေးခန်း တွင်ကျင်းပပြုလုပ်သော “Role of Nutrition for Healthy Mom and Child” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားပေးပါသော အစ်မ ဒေါက်တာ ကြယ်စင်ယုမွန် အားအထူးကျေးဇူးတင်ရှိပါသည်။

တက်ရောက်အားပေးဆွေးနွေးပေးကြသော ဆရာဝန်ကြီးများ ၊ မာမီ များ ၊ မေမေများ နဲ့ ကျန်းမာရေးဝန်ထမ်းများ အားလုံးကို လည်းကျေးဇူးတင်ရှိပါသည်။

Children Clinic in Mandalay

08/07/2023

📢မန္တလေးမြို့မှ မေမေ နဲ့ သားသားမီးမီး‌လေးတို့ရဲ့ အာဟာရဆိုင်ရာ ကျန်းမာရေးအတွက်....

✅ProCare ဆေးခန်း မှာ
👩‍⚕️အာဟာရအထူးကုဆရာဝန်ကြီး Dr ကြယ်စင်ယုမွန် မှ
"ကျန်းမာသော မိခင် နှင့် ကလေးအတွက် အာဟာရ၏အရေးပါမှု" ခေါင်းစဉ်ဖြင့် အာဟာရဆိုင်ရာ ကျန်းမာရေးဗဟုသုတများကို မျှဝေပေးသွားဖို့ရှိပါတယ်နော်။

📌စိတ်ပါဝင်စားလို့ တက်ရောက်ချင်တဲ့ မေမေ များအတွက် 09-2677 68109 ကို ဆက်သွယ်ပြီး အခမဲ့ စာရင်းပေးတက်‌ရောက်နိုင်ပါတယ်ရှင့်🙏

📌Date & Time -16.7.2023 (Sunday) 1pm to 3pm

📌Venue : ProCare Specialist Clinic, Mandalay

📌Address - Corner of 66th Street & 40th Street , Mahar Aung Myay Township, Mandalay

01/07/2023

📢မိမိကလေးရဲ့ ကျန်းမာရေးစစ်ဆေးခြင်း (သို့) ရောဂါ ရှာဖွေရေး အတွက်...

👩‍⚕️ကလေးဆရာဝန်ကြီးက မိမိကလေးကို Ultrasound ရိုက်ခိုင်းတာပဲ ဖြစ်ဖြစ် ၊ ဓာတ်မှန်ရိုက်ခိုင်းတာပဲ ဖြစ်ဖြစ် 𝙋𝙧𝙤𝘾𝙖𝙧𝙚 𝘾𝙡𝙞𝙣𝙞𝙘 ကိုလှမ်းလာခဲ့လိုက်ပါနော်။😉

✅ProCare ဆေးခန်းမှာ ဝါရင့်ကလေးဓာတ်မှန်ဘက်ဆိုင်ရာ အထူးကုဆရာဝန်ကြီး Drခင်ဉမ္မာအေး နှင့် ညနေ ၄နာရီမှ စတင်ကာ Ultrasound ဓာတ်မှန်ရိုက် ၊ X-rays report ဖတ်နိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။🙏

🏥ဆေးခန်းလိပ်စာ - ၆၆လမ်း ၊ လမ်း၄၀ထောင့် ၊မဟာ‌အောင်မြေမြို့နယ်၊မန္တလေးမြို့

☎️ဆက်သွယ်ရန်ဖုန်း - 09 962 888 483

👶သားသားမီးမီးတို့ကျန်းမာရေးတစ်စုံတစ်ရာ တစ်ခုခုအတွက် ဆိုရင် ProCare ဆေးခန်းကို သတိရလိုက်ပါနော်။

20/06/2023

👶🤱မိမိတို့ရဲ့ရင်သွေး သားသားမီးမီးတို့ ကျန်းမာရေးအတွက်...

📢ProCare ‌ဆေးခန်းမှာ ကလေးအထူးကုဆရာဝန်ကြီး (Senior Consultant Paediatrican) Dr Aye Aye Thin နှင့် နေ့စဉ် နေ့လယ် 1နာရီ မှ 3နာရီ အတွင်း OPDပြသနိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်🙏

👶သားသားမီးမီးတို့ကျန်းမာရေးအတွက်တစ်စုံတစ်ရာ တစ်ခုခုလိုအပ်ရင် ProCare ဆေးခန်းကို သတိရလိုက်ပါနော်။

🏥ဆေးခန်းလိပ်စာ - ၆၆လမ်း ၊ လမ်း၄၀ထောင့် ၊မဟာ‌အောင်မြေမြို့နယ်၊မန္တလေးမြို့

☎️ဆက်သွယ်ရန်ဖုန်း - 09 962 888 483

15/05/2023

👉ဒီအပတ်မှာတော့ Dr Polar က ခွေးရူးပြန်ရောဂါ အကြောင်း ကျန်းမာရေးဗဟုသုတအနေနဲ့ သိသင့်သိထိုက်တာလေးတွေ မျှဝေပေးသွားပါမယ်နော်။

📌ခွေးရူးပြန်ရောဂါအကြောင်းသိကောင်းစရာ

-ခွေးရူးပြန်ရောဂါသည် လူအပါအဝင် နို့တိုက်သတ္တဝါများ၏ အာရုံကြောစနစ်ကို ထိခိုက်စေသည့် Rabies ဗိုင်းရပ်စ်‌ ကြောင့်ဖြစ်တဲ့ ရောဂါဖြစ်သည်။

📌Mode of Transmission (ကူးစက်ခြင်း)

-ဗိုင်းရပ်စ်ပိုးသည် အများအားဖြင့် ရောဂါပိုးရှိသော တိရိစ္ဆာန်များ(အများအားဖြင့် ခွေး၊ လင်းနို့ ၊ ရက်ကွန်း ၊ မြေခွေး) အကိုက်ခံရခြင်းမှ တစ်ဆင့် လူသို့ ကူးစက်လေ့ရှိပါတယ်။

-ဗိုင်းရပ်စ်ပိုးသည် ရောဂါပိုးရှိသော တိရစ္ဆာန်များ၏ တံတွေးထဲတွင် ရှိနေပြီး ပေါက်ပြဲနေသောအရေပြားကို လျှာနဲ့လျှက်ခြင်း မှတဆင့်လည်း ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ပြီးကူးစက်နိုင်သည်။

📌ရောဂါလက္ခဏာများ

-လူတစ်ဦးသည် ခွေးရူးပြန်ရောဂါ ကူးစက်ခံရပြီးနောက် ရောဂါလက္ခဏာများသည် ရက်သတ္တပတ်မှ လပေါင်းများစွာအထိ မပေါ်ပဲရှိ‌နေနိုင်သည်။ ဒါကို (Incubation period) ရောဂါအစပျိုးချိန် ကာလလို့ ခေါ်တယ်။

-ရောဂါ၏အစောပိုင်းအဆင့်တွင် တုပ်ကွေးကဲ့သို့သော ရောဂါလက္ခဏာများ - အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားအားနည်းခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းအစရှိသည့် လက္ခဏာများခံစားရနိုင်သည်။

-အကိုက်ခံရသည့်နေရာ၌ ယားယံခြင်း သို့မဟုတ် ပူလောင်ခြင်းများ ခံစားရနိုင်သည်။

-ရောဂါ အခြေနေ ပိုဆိုးလာသည်နှင့်အမျှ လူနာသည် အထူးသဖြင့် လည်ပင်းနှင့် နောက်ကျောများရှိ ကြွက်သားများ နာကျင်ခြင်းနှင့် တောင့်တင်းခြင်း ၊ Hypersalivation ခေါ် ပါးစပ်တွင် တံတွေးနှင့် အမြှုပ်များထွက်ခြင်း ၊ မျိုချရခက်ခဲခြင်း ၊ သွားရည်ယိုခြင်း၊ ရေကြောက်ခြင်း( Hydrophobia) ၊ အပြုအမူပြောင်းလဲခြင်း(Behavioral Changes)-စိတ်တိုလွယ်ခြင်း၊ ရန်လိုခြင်း၊ Hallucination (အမြင်ယောင်မှားခြင်း) ၊ Paralysis ( အကြောသေခြင်း) ၊ နောက်‌ဆုံး ကုသမှုမခံယူပါက သေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။

📌ကုသမှု

-ခွေးရူးပြန်ရောဂါ လက္ခဏာများ ပေါ်လာပါက‌ ရောဂါပျောက်ကင်းအောင် ကုသရန် ဆေးမရှိသေးဘဲ အများအားဖြင့် သေဆုံးတတ်သည်။ အကယ်၍ ထိတွေ့ပြီးနောက် ချက်ချင်းကုသမှုခံယူခြင်းဖြင့် ရောဂါမကြီးထွားလာအောင် တားဆီး‌ပေးနိုင်သည်။ ဒါကြောင့်ရောဂါ‌အခြေအနေ ပိုမဆိုးလာအောင် ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို အချိန်မီထိုးထားသင့်ပါတယ်။

📌ကာကွယ်ခြင်း

-ကြိုတင်ကာကွယ်ခြင်းသည် ခွေးရူးပြန်‌ ရောဂါကို ရှောင်ရှားရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။

✅မိမိရဲ့ အိမ်မွေးတိရစ္ဆာန်များကို ကာကွယ်ဆေးထိုးခြင်း၊
✅တောရိုင်းတိရိစ္ဆာန်၊‌ ခွေးလေခွေးလွင့် များနှင့် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ခြင်း၊
✅အကိုက်ခံရပြီးနောက် ချက်ချင်း ဆေးကုသမှုခံယူခြင်းဖြင့် ကာကွယ်နိုင်ပါသည်။

⚠️ ‌သံသယ ရှိတဲ့ ခွေးအကိုက်ခံရပါက ဘာလုပ်သင့်လဲ?

✅ဒဏ်ရာကို ဆပ်ပြာနှင့်ရေ ဖြင့် သေချာစွာဆေးကြောပါ။
✅အကယ်၍ ဒဏ်ရာက သွေးထွက်နေတယ်ဆိုရင် သွေးထွက်တာရပ်တန့်ဖို့ အဝတ်သန့်သန့် ဒါမှမဟုတ် ပတ်တီးဖြင့် စည်းပြီး ဖိထားပေးပါ။
✅နီးစပ်ရာ ဆေးရုံဆေးခန်းသို့သွားပြီး ကုသမှုခံယူပါ။
✅ခွေးရူးပြန်ကာကွယ်ဆေးကို ရောဂါ လက္ခဏာမပြခင် အချိန်မီ ကာကွယ်ဆေးကို ထိုးပြီး နောက်ပိုင်း အကြိမ်အရေအတွက် ပြည့်အောင်လည်း ကာကွယ်ဆေးကို မပျက်မကွက် ထိုးထားရပါမယ်။

📌နောက်ဆုံး take-home message အနေနဲ့ပြောပြချင်တာက ခွေးရူးပြန်ရောဂါသည် ရောဂါလက္ခဏာပေါ်ပေါက်လာပါက ရောဂါပျောက်အောင်ကုသနည်းမရှိသေးပါ။ ဒါကြောင့် ခွေးမကိုက်ခံရအောင် နေခြင်းက အကောင်းဆုံးဖြစ်ပြီး အကိုက်ခံရပါကလည်း ကာကွယ်ဆေးကို အချိန်မီ ထိုးခြင်းအားဖြင့် ရောဂါကို ပိုမဆိုးလာအောင် ကာကွယ်ပေးနိုင်သည်။

💉ခွေးရူးပြန်ကာကွယ်‌ဆေး ထိုးလိုသူများအတွက် ProCare ဆေးခန်းတွင် ဆေးအဆင်သင့် Cold Chain system နဲ့ ထားပေးထားပါတယ်နော်။

🏥ဆေးခန်းလိပ်စာ - ၆၆လမ်း ၊ လမ်း၄၀ထောင့် ၊မဟာ‌အောင်မြေမြို့နယ်၊မန္တလေးမြို့

☎️ဆက်သွယ်ရန်ဖုန်း - 09 962 888 483

👉မန္တလေးမှာ ကျန်းမာရေးနဲ့ပတ်သက်ပြီး အိမ်တိုင်ရာရောက်ဝန်ဆောင်မှု ဆိုရင် ProCare ကို သတိရလိုက်ပါ။ 😉

#ခွေးရူးပြန်ကာကွယ်ဆေး

Photos from ProCare Home HealthCare Services & Clinic's post 04/05/2023

သားသားမီးမီးတို့ အတွက် တစ်ခုခုဆို ProCare ကလေးအထူးကုဆေးခန်းကို သတိရလိုက်နော် 🥰

🏥ဆေးခန်းလိပ်စာ - ၆၆လမ်း ၊ လမ်း၄၀ထောင့် ၊မဟာ‌အောင်မြေမြို့နယ်၊မန္တလေးမြို့

🕦ဆေးခန်းဖွင့်ချိန် - မနက် ၈ မှ ညနေ ၆

☎️ဆက်သွယ်ရန်ဖုန်း - 09 962 888 483

👉မန္တလေးမှာ ကျန်းမာရေးနဲ့ပတ်သက်ပြီး အိမ်တိုင်ရာရောက်ဝန်ဆောင်မှု ဆိုရင် ProCare ကို သတိရလိုက်ပါ။ 😉

#ကလေးအထူးကုဆေးခန်း

04/05/2023

📢ဒီအပတ်မှာတော့ Dr Polar က အခုလတ်တလော ရာသီဉတုကလည်းပူ Heat Exhaustion တွေအဖြစ်များနေလို့ ရောဂါလက္ခဏာတွေနဲ့ ဆောင်ရန် ရှောင်ရန် နည်းလမ်းတွေကို ပြောပြပေးသွားမယ်နော်။

📌Heat Exhaustion (အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း) ရောဂါလက္ခဏာများ

🥵ကိုယ်အပူချိန်မြင့်တက်လာမယ်
🥵ချွေးအရမ်းထွက်ပြီး ခြေဖျားလက်ဖျားတွေ အေးစက်လာမယ်
😣ပင်ပန်းနွမ်းနယ်နေမယ်
😵‍💫ခေါင်းမူးမယ် ၊ 😫ခေါင်းကိုက်မယ်
🤢ပျို့မယ် ၊ 🤮အန်မယ်
😖ကြွက်သားနာကျင်ကိုက်ခဲမယ်၊ကြွက်တက်မယ်
😰ရေဓာတ်ခမ်းခြောက်လာမယ် ၊ဆီးသွားနည်းလာမယ်
🫀နှလုံးခုန်မြန်လာမယ် ၊ သွေးပေါင်ကျလာမယ်
😵နောက်ဆုံး မူးမေ့လဲသည်အထိဖြစ်နိုင်ပါတယ်။

👉အကယ်၍ သင် (သို့) လူတစ်ယောက် heat exhaustion လက္ခဏာများ ခံစားနေရပါက အောက်ပါနည်းလမ်းများကို မြန်မြန် လုပ်ဆောင်ရန်လိုအပ်ပါတယ်။

✅အရိပ်ကောင်း၍ အေးမြတဲ့နေရာ ၊ ပန်ကာ(သို့) အဲကွန်းဖွင့်ထားသော နေရာတွင် ကောင်းကောင်းအနားယူပါ

✅ထူထပ်သော အဝတ်အစားများချွတ်၍ ပါးသော လေဝင်လေထွက်ကောင်းသည့်အဝတ်အစားများ ဝတ်ဆင်ပါ။

✅လူနာ သတိရသေးရင် ဓာတ်ဆားရည်များများတိုက်ပါ။

✅ရေအေးအဝတ် ၊ရေစိုအဝတ်ဖြင့် ခန္ဓာကိုယ်မနှံ့ ပွတ်ပေးပါ။

✅အကယ်၍ လူနာသတိပြန်မရသေးလျှင်သော်လည်းကောင်း၊ ရောဂါလက္ခဏာများ မသက်သာသေးရင်သော်လည်းကောင်း နီးစပ်ရာ ဆေးရုံ ၊ဆေးခန်း သို့သွားပြီး အမြန်ဆုံးကုသမှုခံယူပါ။

☎️ကျန်းမာရေးဝန်ဆောင်မှုရယူလိုသူများအနေဖြင့် Cb တွင်လာရောက်မေးမြန်းနိုင်သလို 09-962 888 483 သို့ ဆေးခန်းဖွင့်ချိန် ( မနက် ၈:၀၀ မှ ညနေ ၆:၀၀ )အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

🏥ဆေးခန်းလိပ်စာ - ၆၆လမ်း ၊ လမ်း၄၀ထောင့် ၊မဟာ‌အောင်မြေမြို့နယ်၊မန္တလေးမြို့

☎️ဆက်သွယ်ရန်ဖုန်း - 09 962 888 483

👉မန္တလေးမှာ ကျန်းမာရေးနဲ့ပတ်သက်ပြီး အိမ်တိုင်ရာရောက်ဝန်ဆောင်မှု ဆိုရင် ProCare ကို သတိရလိုက်ပါ။ 😉

17/04/2023

မြန်မာ့နှစ်သစ် အခါသမယတွင် မြန်မာပြည်သူ ပြည်သားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး အေးချမ်းပါစေကြောင်း ProCare မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

#2023

08/04/2023

📢Vacancy Announcement❗❗❗

📢ProCare ဆေးခန်းမှ အောက်ပါဝန်ထမ်းများအား အမြန် အလိုရှိပါတယ်။

✅X-Ray Technician - (2) posts

📌Requirement
- X-Ray Technician Grade-2 သင်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။
- Computer ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုနိုင်သူဖြစ်ရမည်။
-လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး 1နှစ်ရှိသူဖြစ်ရမည်။
-Teamwork ဖြင့်လုပ်ကိုင်နိုင်သူဖြစ်ရမည်။

✅Salary - Negotiable

👉လျှောက်ထားလိုသူများသည်-
(1) CV form
(2) ၃လအတွင်းရိုက်ထားသော Passport ပုံတစ်ပုံ
(3)သက်ဆိုင်ရာဘွဲ့လက်မှတ်မိတ္တူ
(4)မှတ်ပုံတင်၊ အိမ်ထောင်စုဇယားမိတ္တူ တို့နှင့်တကွ

🏥ProCare ဆေးခန်း သို့လူကိုယ်တိုင်လာရောက်၍လျှောက်ထားနိုင်သလို [email protected] သို့လည်း လိုအပ်သည်များကို ပေးပို့၍လျှောက်ထားနိုင်ပါသည်။

☎️-09 962 888 483

🏥ဆေးခန်းလိပ်စာ - 66လမ်း ၊ လမ်း40ထောင့် ၊မဟာ‌အောင်မြေ မြို့နယ်၊မန္တလေးမြို့။

05/04/2023

📢သင်္ကြန်‌ဆေးခန်းပိတ်ရက်အားကြေငြာခြင်း🌿💦

🏥ProCare အထူးကုဆေးခန်းကို ဧပြီလ ၁၃ရက် သင်္ကြန်အကြိုနေ့မှ စ၍ ဧပြီလ ၁၇ရက် နှစ်‌ဆန်းတစ်ရက်နေ့အထိ ဆေးခန်းပိတ်ပါမည်။

👉ဧပြီလ ၁၈ရက်နေ့ မှစ၍ ပုံမှန်အချိန် အတိုင်း ဆေးခန်းပြန်လည် ဖွင့်လှစ် သွားပါမယ်နော်။☺️

🌿💦ပျော်ရွှင်စရာနှစ်သစ် မင်္ဂလာသင်္ကြန်‌လေးဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။🙏

01/04/2023

📢Job Vacancy Announcement📢

👉We are currently 𝐇𝐢𝐫𝐢𝐧𝐠 the following positions.

✅Medical Officer - (1) Post

📌Requirement
-M.B.B.S ဘွဲ့ရရှိထားသူဖြစ်ရမည်။
-သက်တမ်းရှိဆေးကုသခွင့်လိုင်စင် လက်ဝယ်ကိုင်ဆောင်ထားသူဖြစ်ရမည်။
-ဆေးရုံ ၊ ဆေးခန်း အတွေ့အကြုံရှိသူဦးစားပေးမည်။
-‌‌ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး အဖွဲ့အစည်းနှင့်ပူးပေါင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။
-ကလေးများကိုချစ်ပြီး စိတ်ရှည်စွာကိုင်တွယ်နိုင်သူဖြစ်ရပါမည်။

✅Pharmacist - (1) Post

📌Requirement
-B.Pharm ဘွဲ့ရရှိပြီးသူဖြစ်ရမည်။
-Computer/Software အခြေခံ အသုံးပြုတတ်ရပါမည်။
-Clinical Pharmacist အတွေ့အကြုံလိုအပ်ပါတယ်။
-ဆရာဝန်ကြီးများ၏ ဆေးorderများကို သေချာပိုင်နိုင်စွာ ဆေးပေးနိုင်ရမည်။
-ဆက်ဆံရေးပြေပြစ်ကောင်းမွန်စွာဖြင့် ရေရှည်လုပ်ကိုင်နိုင်သူအား ဦးစားပေး၍ လက်တွဲခေါ်ယူလိုပါသည်။

✅Marketing Staff - (1) Post

📌Requirement
- တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်။
- အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။
- အသက် 18 မှ 26နှစ် အတွင်းဖြစ်ရမည်။
- ကွန်ပျူတာကျွမ်းကျင်စွာ အသုံးပြုနိုင်ပြီး ဆရာဝန်ကြီးများနှင့် ဆက်ဆံရေးကောင်းမွန်စွာထိန်းသိမ်းထားနိုင်သူ ၊ စကားပြောချိုသာယဉ်ကျေးသူ ဖြစ်ရမည်။
- Hospital Marketing နှင့် ပတ်သက်၍ အတွေ့အကြုံရှိသူ ဦးစားပေးမည်။
- မန္တလေးမြို့အတွင်း ကျွမ်းကျင်စွာ သွားလာနိုင်သူ၊ ဆိုင်ကယ် ကျွမ်းကျင်စွာ စီးနိုင်ပြီး လိုင်စင်ရှိသူ ဦးစားပေးမည်။
- အဖွဲ့အစည်းနှင့် အလုပ်လုပ်နိုင်သူဖြစ်ရမည်။

👉လျှောက်ထားလိုသူများသည်-
(1) CV form
(2) ၃လအတွင်းရိုက်ထားသော Passport ပုံတစ်ပုံ
(3)သက်ဆိုင်ရာဘွဲ့လက်မှတ်မိတ္တူ၊ ဆမမိတ္တူ
(4)မှတ်ပုံတင်၊ အိမ်ထောင်စုဇယားမိတ္တူ

🏥ProCare ဆေးခန်း သို့လူကိုယ်တိုင်လာရောက်၍လျှောက်ထားနိုင်သလို [email protected] သို့လည်း လိုအပ်သည်များကို ပေးပို့၍လျှောက်ထားနိုင်ပါသည်။

☎️-09 962 888 483

🏥ဆေးခန်းလိပ်စာ - 66လမ်း ၊ လမ်း40ထောင့် ၊မဟာ‌အောင်မြေ မြို့နယ်၊မန္တလေးမြို့။

16/03/2023

👉ဒီအပတ် မှာတော့ Dr Polar က ကလေး တွေမှာ အဖြစ်များလေ့ရှိတဲ့ ရေကျောက် ရောဂါအကြောင်း သိထားသင့်တဲ့ ကျန်းမာရေးဗဟုသုတများကို မျှဝေ ပေးသွားပါမယ်နော်။☺️

📌ရေကျောက် ရောဂါ ဆိုတာဘာလဲ?

👉ရေကျောက်သည် အရေပြား‌တွင်အဖုပေါက်ခြင်းကိုဖြစ်စေသော ဗိုင်းရပ်စ်ပိုးကူးစက်မှု‌ ရောဂါဖြစ်ပြီး အလွန် ကူးစက်နိုင်သည်။ varicella-zoster virus ကြောင့်ဖြစ်ရတာဖြစ်ပြီး ကလေးတွေမှာ အဖြစ်အများဆုံးတွေ့ရပေမယ့် လူကြီးတွေလည်း တွေ့ရနိုင်ပါတယ်။

📌ဘယ်လို ရောဂါလက္ခဏာတွေပြတတ်လဲ?

👉ရေကျောက်၏လက္ခဏာများသည် ပုံမှန်အားဖြင့် ရောဂါပိုးရှိသူနဲ့ ထိတွေ့ပြီးနောက် 10-21 ရက်အတွင်း ပေါ်လာနိုင်ပြီး အောက်ပါ‌‌ ရောဂါလက္ခဏာများပြတတ်ပါတယ်။

⚠️အနီစက်အဖုများ- မျက်နှာ၊ ဦးရေပြား၊ ရင်ဘတ်၊ နောက်ကျော၊ နှင့် တစ်ခါတစ်ရံ လက်နှင့် ခြေထောက်များတွင် ပေါ်တတ်ပြီး နောက်ပိုင်း ခန္ဓာကိုယ်တစ်ခုလုံးကို ပျံနှံ့သွားနိုင်သည်။ အဲ့အနီစက်အဖုလေးများသည် အရည်ကြည်ဖု‌ လေးများအနေနဲ့ ရှိနေတတ်ကြပြီး အလွန် အမင်း ယားယံပါတယ်။

⚠️ဖျားခြင်း၊ ကိုယ်ပူခြင်း
⚠️ခေါင်းကိုက်ခြင်း
⚠️ပင်ပန်းနွမ်းနယ်ခြင်း
⚠️အစားအသောက်ပျက်ခြင်း

📌ရေကျောက်ရောဂါ က သူဟာသူပြန်သက်သာနိုင်လား?

👉လူအများစုသည် ရက်သတ္တပတ်အနည်းငယ်အတွင်း ရေကျောက်ရောဂါမှ ပြန်လည်သက်သာလာသော်လည်း အရွယ်ရောက်ပြီးသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ မွေးကင်းစကလေးများနှင့် ခုခံအားစနစ်အားနည်းနေသူများကဲ့သို့ သောလူများတွင် ပိုမိုပြင်းထန်နိုင်ပါသည်။

⚠️တချို့သော အခြေအနေများတွင်ရေကျောက်သည် အဆုတ်ရောင်ခြင်း၊ ဦးနှောက်ရောင်ခြင်း သို့မဟုတ် sepsis ကဲ့သို့သော ပြင်းထန်သော နောက်ဆက်တွဲပြဿနာများကို ဖြစ်ပေါ်စေနိုင်သည်။

📌ရေကျောက်ရောဂါကို ဘယ်လိုသက်သာအောင်လုပ်လို့ရလဲ?

👉ရေကျောက်အတွက် ရောဂါလက္ခဏာများကို သက်သာရာရစေရန် အောက်ပါနည်းလမ်းလုပ်ဆောင်နိုင်ပါတယ်။

✅ကောင်းကောင်း အနားယူပါ။
✅ရေဓာတ်ပြည့်ဝနေစေရန် အရည်များများသောက်ပါ။
✅အကိုက်အခဲပျောက်ဆေးacetaminophen သို့မဟုတ် ibuprofen ကို ဆရာဝန်ညွှန်ကြားထားသည့်အတိုင်း သောက်သုံးပါ။
✅ယားယံခြင်းကို သက်သာစေရန် Calamine Lotion (ကလမင်းဆေးရည်)လိမ်းပါ။

📌ရေကျောက် ရောဂါကို မဖြစ်အောင် ကာကွယ်‌ဆေးထိုးလို့ရလား?

✅ရေကျောက်ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ ကာကွယ်ဆေးထိုးခြင်းဖြစ်သည်။

✅ရေကျောက်ကာကွယ်ဆေးသည် ရေကျောက်ပေါက်ခြင်းကို ကာကွယ်ရန် ဘေးကင်းပြီး အကောင်းဆုံးနှင့် ထိရောက်သောနည်းလမ်းဖြစ်သည်။

✅ကလေးငယ်များကို အသက် 12-15 လတွင် ပထမအကြိမ် နှင့် အသက် 4-6 နှစ်တွင် ကာကွယ်ဆေး နှစ်ကြိမ်ထိုးရန် အကြံပြုထားပါတယ်။

✅ ကာကွယ်ဆေးမထိုးရသေးသော အရွယ်ရောက်ပြီးသူများလည်း ကာကွယ်ဆေးထိုးရန် စဉ်းစားသင့်သည်။

📌ရေကျောက်ရောဂါ မဖြစ်အောင် ဘယ်လို ကာကွယ်ကြမလဲ?

✅ကာကွယ်ဆေးထိုးခြင်းအားဖြင့်ရေကျောက်ပျံ့နှံ့မှုကိုထိရောက်စွာ ကာကွယ်နိုင်ပါတယ်။

✅ချောင်းဆိုး နှာချေတဲ့အခါ ပါးစပ်နဲ့ နှာခေါင်းကို ဖုံးအုပ်ထားပါ။

✅လက်ကို ဆပ်ပြာနှင့် ရေဖြင့် မကြာခဏ ဆေးကြောပါ။

✅ရေကျောက်ပေါက်နေသူများနှင့် အနီးကပ်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။

✅ရေကျောက်ပေါက်နေလျှင် ကျောင်း ၊ အလုပ်မသွားဘဲ အိမ်တွင်‌ ကောင်းကောင်းအနားယူပါ။

✅မိမိကလေးတွင် ရေကျောက်ပေါက်နေသည်ဟု သင်သံသယရှိပါက သို့မဟုတ် ရေကျောက် ကာကွယ်ဆေး💉ထိုးချင်ပါက ProCare ဆေးခန်းတွင် ကလေး အထူးကုဆရာဝန်ကြီး နှင့် လာရောက် တိုင်ပင်ဆွေးနွေးလို့ရပါတယ်။

☎️ကျန်းမာရေးဝန်ဆောင်မှုရယူလိုသူများအနေဖြင့် Cb တွင်လာရောက်မေးမြန်းနိုင်သလို 09-962 888 483 သို့ ဆေးခန်းဖွင့်ချိန် ( မနက် ၈:၀၀ မှ ညနေ ၆:၀၀ )အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

🏥ဆေးခန်းလိပ်စာ - ၆၆လမ်းxလမ်း၄၀ထောင့် ၊ မဟာအောင်မြေမြို့နယ်၊မန္တလေးမြို့

☎️ဆက်သွယ်ရန်ဖုန်း - 09 962 888 483

👉မန္တလေးမှာ ကျန်းမာရေးနဲ့ပတ်သက်ပြီး အိမ်တိုင်ရာရောက်ဝန်ဆောင်မှု ဆိုရင် ProCare ကို သတိရလိုက်ပါ။ 😉

#ရေကျောက်ကာကွယ်ဆေး #ရေကျောက်ရောဂါ

07/03/2023

📢Urgent Job Vancancy for Cleaner/Housekeeper

👉ProCare ဆေးခန်းတွင် တာဝန်ထမ်းဆောင်ရန် အတွေ့အကြုံရှိ အချိန်ပြည့် သန့်ရှင်းရေးဝန်ထမ်း (မ)တစ်ဦးအမြန် အလိုရှိသည်။

✅Dutyချိန် - မနက် ၈နာရီ မှ ညနေ၆နာရီ

✅ လစာ - ညှိနှိုင်း

📌Requirement
✅ချမှတ်ထားသောသန့်ရှင်းရေးတာဝန်များကို ပြီးပြည့်စုံစွာ တာဝန် ထမ်းဆောင်နိုင်ရမည်။
✅ဆေးရုံ ၊ဆေးခန်း ၊ ဟိုတယ် လုပ်ငန်း အတွေ့အကြုံရှိသူဦးစားပေးမည်။
✅အများနှင့် ပူးပေါင်းလုပ်‌ကိုင်နိုင်သူဖြစ်ရမည်။
✅အကျင့်စာရိတ္တကောင်းမွန်ရမည်။
✅ဆေးခန်းမှချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကိုလိုက်နာနိုင်သူဖြစ်ရမည်။

👉လျှောက်ထားလိုသူများသည်-
(1) CV form
(2) ၃လအတွင်းရိုက်ထားသော ဓာတ်ပုံတစ်ပုံ
(3)မှတ်ပုံတင်မိတ္တူ
(4)အိမ်ထောင်စုဇယားမိတ္တူတို့နှင့်တကွ

🏥ProCare ဆေးခန်း သို့လူကိုယ်တိုင်လာရောက်၍လျှောက်ထားနိုင်ပါသည်။

☎️-09 962 888 483

🏥ဆေးခန်းလိပ်စာ - ၆၆လမ်း ၊ လမ်း၄၀ထောင့် ၊ မ‌ဟာအောင်မြေမြို့နယ် ၊မန္တလေးမြို့။

02/03/2023

ProCare အထူးကုဆေးခန်းကို ၆၆-၄၀ ထောင့်သို့ မတ်လ ၄ ရက်နေ့မှစပြီး ပြောင်းရွှေ့ဖွင့်လှစ်သွားမည်ဖြစ်ပါသည်

သို့ဖြစ်ပါ၍ မနက်ဖြန် မတ်လ ၃ ရက်နေ့ ကို လမ်း၃၀ ဆေးခန်းအား ညနေ ၄ နာရီ ပိတ်မည်ဖြစ်ပါကြောင်း ကြိုတင်အသိပေးကြေငြာအပ်ပါသည်

#အိမ်အရောက်ကျန်းမာရေးဝန်ဆောင်မှု
#ကလေးအထူးကုဆေးခန်း

01/03/2023

📌ဘေလုံးထုတ်မယ့်လူနာတွေ သိထားသင့်သည့်အချက်များ

📌ဘေလုံး အလုပ်လုပ်ပုံ

👉ဘေလုံးက ခန္ဓာကိုယ်ရဲ့ Immune System ခုခံအားစနစ်‌မှာ အရေးပါတဲ့ organ တစ်ခုဖြစ်သည်။

👉ဘေလုံးတွင် Bacteria နှင့် Virus အစရှိသည့် ရောဂါပိုးမွှားများကို ချေဖျက်သည့် အထူးပြု ဆဲလ် နှင့် တစ်ရှူးများပါရှိပြီး antibodies များကို ထုတ်ကာ ခန္ဓာကိုယ်ရှိ ရောဂါပိုးမွှားများကို တိုက်ထုတ်ရာတွင်လည်း အထောက်အကူပြုသည်။

👉ဘေလုံးထုတ်သည့်လူနာများတွင်-

encapsulated ဘက်တီးရီးယား များဖြစ်တဲ့ Streptococcus pneumoniae , Haemophilus influenzae type b ,Neisseria meningitidis အစရှိတဲ့ bacteria တွေ ခန္ဓာကိုယ်ထဲဝင်ရောက်နိုင်ဖို့ပိုများပြီး ရောဂါဖြစ်ခဲ့ရင်လည်း ရောဂါပြင်းထန်နိုင်ပြီး အသက်စိုးရိမ်ရတဲ့ အခြေအနေထိ ဖြစ်နိုင်ပါတယ်။

📌ဘေလုံးထုတ်သည့်လူနာများတွင်အဖြစ်များသော ရောဂါများ

- ပြင်းထန် အဆုတ်ရောင်ရောဂါ
- ပြင်းထန် ဦးနှောက်အမြှေးရောင်ရောဂါ
- သွေးဆိပ်သင့်ခြင်း (sepsis)
အစရှိသည့်ရောဂါများ အဖြစ်များလေ့ရှိပါတယ်။

ဒါကြောင့် ဘေလုံးထုတ်မည့် လူနာများတွင် အထက်ပါရောဂါများ မဖြစ်ရလေအောင်
အောက်ပါ ကာကွယ်ဆေးများ ထိုးထားသင့်ပါတယ်။

✅ပြင်းထန်အဆုတ်ရောင်ရောဂါကာကွယ်ဆေး (Pneumovax 23)

✅ပြင်းထန် ဦးနှောက် အမြှေးရောင်ရောဂါကာကွယ်ဆေး (Menactra)

✅Hib vaccine (အဆုတ်ရောင်နှင့်ဦး‌နှောက်အမြှေးရောင်‌ ရောဂါကာကွယ်ဆေး)

👉ကာကွယ်ဆေးနှင့်ပတ်သက်၍ အသေးစိတ်စုံစမ်းသိရှိလိုပါက Cb တွင်လာရောက်မေးမြန်းနိုင်သလို 09-962 888 483 သို့ ဆေးခန်းဖွင့်ချိန် ( မနက် ၈:၀၀ မှ ညနေ ၆:၀၀ )အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

🏥ဆေးခန်းလိပ်စာ - 66လမ်း x လမ်း40ထောင့်၊ မဟာ‌အောင်မြေမြို့နယ်မန္တလေးမြို့။

☎️ဆက်သွယ်ရန်ဖုန်း - 09 962 888 483

👉မန္တလေးမှာ ကျန်းမာရေးနဲ့ပတ်သက်ပြီး အိမ်တိုင်ရာရောက်ဝန်ဆောင်မှု ဆိုရင် ProCare ကို သတိရလိုက်ပါ။ 😉

26/02/2023

📢Job Vacancy Announcement❗❗

👉We are now urgently 𝐇𝐢𝐫𝐢𝐧𝐠 the following positions.

✅Front Office / Receptionist - (1) Post

✅Marketing - (1) Post

📌Requirement

-ဆေးရုံ ၊ ဆေးခန်း အတွေ့အကြုံရှိသူဦးစားပေးမည်။
-Good Customer Service
-Computer ကျွမ်းကျင်စွာအသုံးပြုနိုင်သူဖြစ်ရမည်။
-အဖွဲ့အစည်းနှင့်ပူးပေါင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။
-ဆရာဝန်ကြီးများနှင့် ကောင်းမွန်စွာ ပြောဆို ဆက်ဆံနိုင်ရမည်။

✅Salary - Negotiable

👉လျှောက်ထားလိုသူများသည်-
(1) CV form
(2) ၃လအတွင်းရိုက်ထားသော Passport ပုံတစ်ပုံ
(3)မှတ်ပုံတင်မိတ္တူ
(4)ဘွဲ့လက်မှတ်မိတ္တူ

🏥ProCare ဆေးခန်း သို့CV form နှင့်တကွ လူကိုယ်တိုင်လာရောက်၍လျှောက်ထားနိုင်သလို [email protected] သို့လည်း လိုအပ်သည်များကို ပေးပို့၍လျှောက်ထားနိုင်ပါသည်။

☎️-09 962 888 483

🏥ဆေးခန်းလိပ်စာ - လမ်း၃၀ ၊ ၆၃x၆၄ကြား ၊ ချမ်းအေးသာဇံမြို့နယ် ၊မန္တလေးမြို့။

16/01/2023

📢Vacancy Announcement📢

👉ProCare ဆေးခန်းမှ အ‌‌ထွေထွေရောဂါကုဆရာဝန် တစ်ဦး အမြန်အလိုရှိသည်။

✅Medical Officer - (1) Post

📌Requirement
-M.B.B.S ဘွဲ့ရရှိထားသူဖြစ်ရမည်။
-သက်တမ်းရှိဆေးကုသခွင့်လိုင်စင် လက်ဝယ်ကိုင်ဆောင်ထားသူဖြစ်ရမည်။
-ဆေးရုံ ၊ ဆေးခန်း အတွေ့အကြုံရှိသူဦးစားပေးမည်။
-အဖွဲ့အစည်းနှင့်ပူးပေါင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။
-ကလေးများကိုချစ်ပြီး စိတ်ရှည်စွာကိုင်တွယ်နိုင်သူဖြစ်ရပါမည်။

✅Salary - Negotiable

👉လျှောက်ထားလိုသူများသည်-
(1) CV form
(2) ၃လအတွင်းရိုက်ထားသော Passport ပုံတစ်ပုံ
(3)မှတ်ပုံတင်မိတ္တူ
(4)ဘွဲ့လက်မှတ်မိတ္တူ
(5)ဆမ လိုင်စင်မိတ္တူ နှင့်တကွ

🏥ProCare ဆေးခန်း သို့လူကိုယ်တိုင်လာရောက်၍လျှောက်ထားနိုင်သလို [email protected] သို့လည်း လိုအပ်သည်များကို ပေးပို့၍လျှောက်ထားနိုင်ပါသည်။

☎️-09 962 888 483

🏥ဆေးခန်းလိပ်စာ - လမ်း၃၀ ၊ ၆၃x၆၄ကြား ၊ ချမ်းအေးသာဇံမြို့နယ် ၊မန္တလေးမြို့

Photos from ProCare Home HealthCare Services & Clinic's post 03/12/2022

📢We are currently 𝐇𝐢𝐫𝐢𝐧𝐠 the following positions.

✔️Medical Officer - (4) posts

✔️Nurse - (8) posts

✔️Nurse Aid - (4) posts (Form တွေအရမ်းများလို့ပိတ်ပါပြီ)

✔️Pharmacist - (2) posts

✔️ Pharmacist Aid - (2) posts

✔️Cashier - (3) posts

✔️Front Office - (5) posts

✔️Driver - (2) posts

✔️Housekeeper - (5) posts

✔️General Worker - (4) posts

✔️X rays Technician - (3) posts

✔️Mechanical & Electrical Engineer - (3) posts

✔️Marketing Assistant -(2) posts

✔️ Graphic Designer - (1) post

✔️HR & Office Assistant - (1) post

✔️Store Keeper/ Purchaser - (1) post

✔️Accountant - (1) post

👉လျှောက်ထားလိုသူများသည် -

(1) CV form
(2) ၃လ အတွင်းရိုက်ထားသော Passport ပုံ တစ်ပုံ
(3) မှတ်ပုံတင်မိတ္တူ
(4) ဘွဲ့လက်မှတ်/ပညာအရည်အချင်းမိတ္တူ
(5)သက်ဆိုင်ရာ သက်တမ်းမကုန်ဆုံးသေးသော ဆမ ၊ သူနာပြု ၊ ဆေးဝါးလိုင်စင် မိတ္တူ
(6) အိမ်ထောင်စုဇယားမိတ္တူတို့နှင့်တကွ

🏥ProCare ဆေးခန်း သို့ လူကိုယ်တိုင် လာရောက်၍သော်လည်းကောင်း (သို့မဟုတ်) 📨[email protected] သို့ Email ပေးပို့၍သော်လည်းကောင်း လျှောက်ထားနိုင်ပါသည်။

🚨20.12.2022 အထိ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။

🏥ဆေးခန်းလိပ်စာ - လမ်း၃၀ ၊ ၆၃x၆၄ကြား ၊ ချမ်းအေးသာဇံမြို့နယ် ၊မန္တလေးမြို့

☎️ဆက်သွယ်ရန်ဖုန်း - 09-962 888 483

27/11/2022

📌ဆောင်းဝင်ခါစ ကလေးတွေမှာ အဖြစ်များတဲ့ ပန်းနာရင်ကြပ်အကြောင်း သိကြောင်းစရာများ

📢ဒီအပတ်မှာတော့ Dr Polar👨‍⚕️က အခုလို ဆောင်းတွင်းဝင်ခါစ ကလေးတွေမှာ အဖြစ်များလေ့ရှိတဲ့ ပန်းနာရပ်ကြပ်(Bronchial Asthma) အကြောင်း သိထားသင့်တာလေးတွေကို မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်။

👉ပန်းနာရင်ကြပ်‌ရောဂါဆိုတာဘာလဲ?

-ပန်းနာရင်ကြပ် ဆိုတာ နာတာရှည် လေပြွန်ရောင်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ၎င်းလေပြွန်ရောင်ခြင်းကြောင့် အသက်ရှူလမ်းကြောင်းမှာ mucous ခေါ်တဲ့အကျိအချွဲ တွေထွက်စေပြီး အသက်ရှူလမ်းကြောင်းကို ကျဉ်းသွား‌စေကာ အသက်ရှူရခက်ခဲခြင်း ၊ ချောင်းဆိုးခြင်း တို့ကိုဖြစ်စေပါတယ်။

👉ပန်းနာရင်ကြပ်(Asthmatic Attack)ကို ဖြစ်စေသော အရာများ(Trigger Factors)

📌ဆေးလိပ်ငွေ့
📌ဖုန်မှုန့် ၊သဲမှုန့်
📌လေထုညစ်ညမ်းမှု ( စက်ရုံ ၊ကား၊မီးဖိုချောင် ကနေထွက် တဲ့ မီးခိုးငွေ့)
📌အိမ်မွေးတိရစ္ဆာန် ၊ မွှေးပွအရုပ် များရဲ့ အမွှေးအမျှင်များ ကို ရှူရိုက်မိရင်
📌အအေးမိခြင်း
📌ဆောင်းတွင်းမှာ ‌အေးသောလေကိုရှူမိရင်
📌စိုထိုင်းစများသော အတွင်းအိမ်နံရံ၊ ရေချိုးခန်းနံရံတွေမှာ တက်သောမှို(သို့မဟုတ်)မှိုတက်‌နေသောခေါင်းဦးမှာ အိပ်ရင်း ရှူမိခြင်း
📌အနံ့ပြင်းသော အရာများ၊ ရေမွှေး‌‌တွေရှူမိရင်
📌Allergic ဖြစ်စေသော အစားအစာများ (ပုဇွန်၊ cheese ၊ ဝိုင် ၊ ဘီယာ ၊ကြက်ဉ၊ နို့ ၊ ခရု )
📌Strong Emotion ( ပြင်းပြသော စိတ်ခံစားမှု)

👉ပန်းနာရင်ကြပ်သူတွေရဲ့ ရောဂါလက္ခဏာများ

-ချောင်းခဏခဏဆိုးမယ်

-အသက်ရှူမဝဘူး ၊ မောနေမယ်

-အသက်ရှူရခက်နေမယ်

-အသက်ရှူထုတ်ရင် အသံတရွှီရွှီ မြည်နေမယ်

-ညအိပ်မပျော်ဘူး

-မောပန်းနွမ်းနယ်နေမယ်

🚨ဘယ်အချိန်မှာ ဆေးရုံ မြန်မြန် သွားသင့်လဲ?

⚠️မိမိကလေး နှုတ်ခမ်း ၊ လျှာ ပြာနမ်းလာပြီဆိုရင်

⚠️အသက်ရှူရခက်ခဲနေလို့ စကားကောင်းကောင်း မပြောနိုင် ၊အစာကောင်းကောင်း မစားနိုင်တော့ရင်

⚠️မိမိကလေး အသက် ကောင်းကောင်းမရှူ နိုင်တော့ရင်

⚠️မိမိကလေး အသိလျော့နည်းလာပြီး သတိကောင်းကောင်း မရတော့ရင်
ဆေးရုံကို အမြန်ဆုံးသွားသင့်ပါတယ်။

👉ပန်းနာရင်ကြပ် ရောဂါက မျိုးရိုးလိုက်တတ်လား?

📌ပန်းနာရင်ကြပ်က မျိုးရိုးလိုက်တတ်တဲ့ နာတာရှည်ရောဂါတစ်မျိုးဖြစ်ပြီး ပျောက်ကင်းအောင်ကုသ၍မရနိုင်ပါ။

📌ဒါပေမဲ့ Asthma Attack မဖြစ်အောင် ၊ရောဂါ အခြေအနေ ပိုမဆိုးအောင်တော့ ကာကွယ်လို့ရပါတယ်။

👉ဘယ်လို ကာကွယ်ကြမလဲ?

✅အဓိက ပြောချင်တာကတော့အပေါ်မှာ ပြောထားတဲ့ Asthmatic Attack ကို ဖြစ် စေသော causal factors များကို ရှောင်ရှားရမှာပါ။

❌ဆေးလိပ်ငွေ့၊ဖုံ၊မီးခိုးငွေ့တွေကို မရှူမိအောင် ရှောင်ရမယ်။

❌အိမ်မွေးတိရစ္ဆာန်များနဲ့ ခပ်ဝေးဝေးနေရမယ်။

❌Allergic ဖြစ်စေတတ်သော အစားအစာများရှောင်ကြဉ်ရမယ်။

❌ဆောင်းရာသီ မှာ အအေးမမိအောင် နွေးနွေးထွေးထွေးနေရမယ်။

👉ပန်းနာရင်ကြပ်ရှိတဲ့သူတွေ ဘာတွေဆောင်ထားသင့်လဲ?

✔️Asthma ရှိတဲ့ သူတွေမရှိမဖြစ်ဘယ်သွားသွားယူဆောင်သွားသင့်တာတွေကတော့-

✅Salbutamol Inhaler ရှူဆေး ***

✅ဆရာဝန်ညွှန်ကြားထားသော ဆေးများ(e.g - corticosteroids , beta agonists drugs)

✅မီးခိုးငွေ့ ၊ဖုံ‌တွေမရှူမိအောင်အတွက် Surgical face masks

📌နောက်ဆုံးtake home message အနေနဲ့ ပြောပြချင်တာ Asthma ရှိတဲ့သူအနေနဲ့ Asthma Attack မရအောင် ကြိုတင်ကာကွယ်သင့်ပြီး အကယ်၍ ဖြစ်လာခဲ့ရင်လည်း ရောဂါပိုမဆိုးအောင် ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးများ ကို အချိန်မှီ သုံးသောက်ရန် လိုအပ်ပါတယ်။

📢မိမိကလေးမှာ ပန်းနာရင်ကြပ် လက္ခဏာများရှိနေပြီဟုယူဆပါက ProCare ဆေးခန်းမှာ ကလေးအထူးကုဆရာဝန်ကြီးနှင့်တိုင်ပင်ဆွေးနွေးပြီး ကုသမှုခံယူနိုင်ပါတယ်နော်။

🏥ဆေးခန်းဖွင့်ချိန် - မနက်၈နာရီ မှ ညနေ၆နာရီ

🏥ဆေးခန်းလိပ်စာ - လမ်း၃၀ ၊ ၆၃x၆၄ကြား ၊ ချမ်းအေးသာဇံမြို့နယ် ၊မန္တလေးမြို့

☎️ဆက်သွယ်ရန်ဖုန်း - 09 962 888 483

👉မန္တလေးမှာ ကျန်းမာရေးနဲ့ပတ်သက်ပြီး အိမ်တိုင်ရာရောက်ဝန်ဆောင်မှု ဆိုရင် ProCare ကို သတိရလိုက်ပါ။ 😉

#ပန်းနာရင်ကြပ်

07/11/2022

🙏 ယနေ့ ကျရောက်တဲ့ တန်ဆောင်မုန်းလပြည့်နေ့🌕အခါသမယမှာ

မြန်မာပြည်သူများအားလုံး ဘေးရန်ကင်း၊အန္တရာယ်ကင်းပြီး စိတ်ချမ်းသာ ၊ကိုယ်ကျန်းမာစွာဖြင့် လိုအင်ဆန္ဒများပြည့်ဝပြီး ကောင်းမှုကုသိုလ်များ ပြုလုပ်နိုင်ကြပါစေလို့ ProCare ဆေးခန်းမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။🙏

Photos from ProCare Home HealthCare Services & Clinic's post 04/11/2022

📢မန္တလေးမြို့မှာ ကလေးငယ်များရဲ့ ကျန်းမာရေးအတွက်ဆိုရင် ProCare ကိုသာ သတိတရနဲ့ လှမ်းလာခဲ့လိုက်နော်😊

👉ProCare ဆေးခန်းမှာ-

✅ကလေးဆရာဝန်ကြီးနှင့် OPD ပြသနိုင်ခြင်း

✅ကလေးကာကွယ်ဆေးမျိုးစုံထိုးနှံနိုင်ခြင်း

✅ရင်ကြပ်နေသောကလေးများအတွက် Nebulizer စက်ဖြင့် ဆေးအငွေ့ရှူပေးခြင်း

✅ဆေးရုံဆင်းပြီး ပိုးသတ်‌ဆေးထိုးရန်ရက်အနည်းငယ်ကျန်နေသော ကလေးများအတွက် Cannula လဲပေးခြင်း၊ ကလေးဆရာဝန်၏ညွှန်ကြားချက်ခြင်း ပိုးသတ်ဆေးထိုးပေးခြင်း

✅သွေးစစ်ရန်လိုအပ်သော ကလေးများအတွက် သွေးဖောက်ပေးပြီး Blood tests များစစ်ကာ ရောဂါရှာဖွေပေးခြင်း

✅TCB စက်ဖြင့် မွေးကင်းစကလေး အသားဝါဓာတ်ကို တိုင်းတာပေးခြင်း

📢 ပြီးတော့ProCare ဆေးခန်းမှာ 𝐃𝐚𝐲 𝐂𝐚𝐫𝐞 အနေနဲ့

✅အသားဝါနေသော ‌မွေးကင်းစ‌ကလေးငယ်များအတွက်မီးပြနိုင်ခြင်း

✅Drip ချိတ်ရန် လိုအပ်သော ကလေးများအတွက် Infusion Pump ဖြင့် တိကျစွာ ဆေးသွင်းပေးခြင်း

✅သွေးသွင်းရန် လိုအပ်သော ကလေးများအတွက်လည်း သွေးသွင်းနိုင်ခြင်း

📢နောက်ပြီးတော့ ဆေးခန်းလာမပြနိုင်တဲ့ ကလေးများအတွက်လည်း 𝐇𝐨𝐦𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞 ရှိတယ်နော်😉

✅အိမ်တိုင်ရာရောက် ကလေးအထူးကုဆရာဝန်ကိုယ်တိုင်လိုက်လံကြည့်ရှုကုသပေးခြင်း

✅အိမ်တိုင်ရာရောက် ကလေး ကာကွယ်ဆေးအမျိုးမျိုးထိုးပေးခြင်း

✅အိမ်အရောက်ကလေးမီးပြစင် ဌားရမ်းပေးခြင်း

✅အိမ်တိုင်ရာရောက်ဆရာဝန်ကိုယ်တိုင်ကလေး အသားဝါဓာတ် ကို TCB စက်ဖြင့်တိုင်းတာပေးခြင်း

အစရှိတဲ့ ကျန်းမာရေးဝန်ဆောင်မှုများကို ProCare ဆေးခန်းမှာ ယုံကြည်စိတ်ချစွာ ရယူနိုင်ပါတယ်နော်။

👉အသေးစိတ်ကို စုံစမ်းသိရှိလိုပါက 09-962 888 483 ကို ရုံးချိန် (မနက်၈နာရီမှ ညနေ၆နာရီ) အတွင်း ဆက်သွယ်ပြီး စုံစမ်း မေးမြန်းနိုင်ပါတယ်။

🏥ဆေးခန်းဖွင့်ချိန် - မနက်၈နာရီ မှ ညနေ၆နာရီ

🏥ဆေးခန်းလိပ်စာ - လမ်း၃၀ ၊ ၆၃x၆၄ကြား ၊ ချမ်းအေးသာဇံမြို့နယ် ၊မန္တလေးမြို့

☎️ဆက်သွယ်ရန်ဖုန်း - 09 962 888 483

👉မန္တလေးမှာ ကျန်းမာရေးနဲ့ပတ်သက်ပြီး အိမ်တိုင်ရာရောက်ဝန်ဆောင်မှု ဆိုရင် ProCare ကို သတိရလိုက်ပါ။ 😉

Want your practice to be the top-listed Clinic in Mandalay?
Click here to claim your Sponsored Listing.

Videos (show all)

ကလေးကျန်းမာရေး နဲ့ ပတ်သက်ရင် ProCare ကိုအပြေးလာလိုက်ပါ 💕
Coming Soon . . .

Telephone

Website

Address


Corner Of 66 Street X 40 Street
Mandalay
05024

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Other Home Health Care Services in Mandalay (show all)
M Oxygen Flow Meter M Oxygen Flow Meter
Mandalay

Medical Device

VIP Home Healthcare Clinic - Mandalay Region VIP Home Healthcare Clinic - Mandalay Region
Mandalay, 05021

We are always ready to care your Health. Contact Us Now. +95 (09)9600 11 411

စိန်မင်းဆေးတိုက် စိန်မင်းဆေးတိုက်
118A*45 Street
Mandalay

မြန်မာ့တိုင်းရင်းေဆးပညာကို ပြည်သူ ?

San Myanmar Caregiver Training& Service San Myanmar Caregiver Training& Service
64th/16st×17st: Aung Myay Thar Zan
Mandalay

Home Health Care Service

Victoria Patient Care Assistant Training Centre Victoria Patient Care Assistant Training Centre
38(C)Street, Between 53x54 Street, Mahar Aung Myay Township
Mandalay, 04201

09-427955636/09-792012353/09-404547984/09-957774901

Annecurtissmith and baby Annecurtissmith and baby
9 Boni Avenue, Barangay Plainview, Mandaluyong, Philippines, Mandaluyong, Philippines
Mandalay, 1550

✅ Mayroong 2,399,279 na gumagamit ✅ Suriin ️⭐️⭐️⭐️⭐️ ✅ 100% genuine ✅ Inspeksyon at lisensyado ang Mi

KaBaw ShwePyi Caregiver Service KaBaw ShwePyi Caregiver Service
56-C, 121x122
Mandalay, 05051

Caregiver Service

SML Medical & Diagnostic Centre - Mandalay SML Medical & Diagnostic Centre - Mandalay
No. 68, 733 Yard, 72 Street, 28th X 29th, Chan Aye Thar Zan Township
Mandalay

Advanced Medical Laboratory The First Biotin Interference Free Reference Lab

Momothukha Nurse-Aid Education Center Momothukha Nurse-Aid Education Center
60th Street, Between 31st & 32nd Street, ChanAyeTharSan Township
Mandalay, 05021

Saur Saur isn’t sick today Saur Saur isn’t sick today
Mandalay

Nurse link care connect in Myanmar ďż˝ pit

Ruby Health Care Training Center Ruby Health Care Training Center
59st, Between 124×125, Yumi Pharmacy
Mandalay

health care service