ကောင်းစံ-မုန့်ဟင်းခါး

မုန့်ဟင်းငါး(ဘိုကလေး) အောက်ပြည်မုန့်ဟင်းငါး(41 လမ်း 87 x 88 ကြား၊ ဦးမှိုညောင်ပင်လမ်း၊ မန်းလေး)

21/02/2024
20/02/2024

20.2.2024 အုန်းနို့ခေါက်ဆွဲအော်ဒါ ပွဲရေ 150

အလှူရှင်မိသားစု ကျန်းမာချမ်းသာပြီး အရာရာအစဉ်ပြေချောမွှေ့ပါစေ။ လုပ်ငန်းစီးပွါးတိုးတက်အောင်မြင်ပြီး အလှူရေစက်လက်နဲ့မကွာ လှူတန်းနိုင်ပါစေ။

ခုလိုကောင်းစံကိုယုံယုံကြည်ကြည် ထပ်ခါထပ်ခါ အော်ဒါမှာသဖြင့် ကောင်းစံမိသားစုမှ ဝမ်းသာပိတိဖြစ်ရပါတယ်ရှင့်🥰🥰🥰

သူမတူတဲ့အရသာကောင်းကောင်းဖြစ်တဲ့ မုန့်ဟင်းခါးဖြစ်ဖြစ်၊ အုန်းနို့ခေါက်ဆွဲဖြစ်ဖြစ် လှူတန်းချင်ပါက ကောင်းစံကိုသတိရလိုက်ပါရှင့်🤩🤩🤩

မုန့်ဟင်းခါးဟင်းရည်၊ အုန်းနို့ဟင်းရည် တစ်ဇွန်းဆိုတစ်ဇွန်း အရသာထူးခြားကောင်းမွန်ပါသဖြင့် ခုလိုအော်ဒါ အကြိမ်ကြိမ် လက်ခံထားသေားကောင်းစံလေးပါရှင့်😍😍😍

#အထူးအော်ဒါလက်ခံပါတယ်ရှင့်🎈🎈🎈

#ကောင်းစံ_မုန့်ဟင်းခါး
#41လမ်း87x88ကြားဦးမှိုညောင်ပင်လမ်းမန်းလေးမြို့။
09454100818

Photos from ကောင်းစံ-မုန့်ဟင်းခါး's post 16/02/2024

မုန့်ဟင်းခါးကိုကြိုက်လို့စားချင်တာပဲဖြစ်ဖြစ်၊ အုန်းနို့ခေါက်ဆွဲစားချင်လို့ပဲဖြစ်ဖြစ် ကောင်းစံကိုသတိရလိုက်နော်😊😊😊

ကောင်းစံမှာ သုံးဆောင်ပြီးနောင်တမရစေပါဘူးရှင်။

#ကောင်းစံမုန့်ဟင်းခါး
#41လမ်း87x88ကြားဦးမှိုညောင်ပင်လမ်းမန်းလေးမြို့။
09454200818

14/02/2024

အိုးဘဲဥ.....မုန်းဟင်းခါးခရေဇီတိုင်း မက်မက်မောမောစားကြတာ.....

ပြောချင်တာက အခုလိုအိုးဘဲဥစစ်စ် အနှစ်ရဲရဲ တထုပ်ထုပ်နဲ့ စားလို့ရတဲ့ဆိုင်လေးနဲ့ စိတ်ချမ်းသာနေပြီလို့..
ဟင်းရည်ကလဲအရမ်းကောင်း...

အားလုံးစားပြီးနောက်ဆုံးမှ အိုးဘဲဥလေးအရသာခံစား...
အိုးးးးး ဆွေမေ့မျိုးမေ့ ပဲ...

ဆိုင်လေးက 41လမ်း 87 x 88 ကြား၊ ဦးမှိုညောင်ပင်လမ်း၊ မန်းလေး။

အရသာအရမ်းကောင်းမှကောင်းပဲ...

08/02/2024
ကောင်းစံ-မုန့်ဟင်းခါး 31/01/2024

ဒီနေ့ဆိုင်မှာ မုန့်ဟင်းခါးလာစားတဲ့ဧည့်သည်နဲ့ အတူပါလာတဲ့သူက မုန့်ဟင်းခါးမကြိုက်ဘူးတဲ့။ အရင်ကဘယ်မှာစားစားမကြိုက်တဲ့သူက ခုဒီဆိုင်မှာစားပြီး ပြောရှာတယ် * မုန့်ဟင်းခါးမကြိုက်တဲ့သူတောင် စားကောင်းလို့တဲ့* အဲလိုစကားကြားရတာ ဘယ်လိုပျော်လဲကိုမသိ ကိုယ့်ဆိုင်ကလက်ရာကိုအသိမှတ်ပြုတယ်လို့မှတ်ယူရမှာပဲ😊😊😊😊

ကောင်းစံ-မုန့်ဟင်းခါး

21/01/2024

ဆိုင်မှာလာရောက်အားပေးသွားသောစုံစုံ😍😍😍

Photos from ကောင်းစံ-မုန့်ဟင်းခါး's post 02/01/2024

2.1.2024 နှစ်ဦးမင်္ဂလာအလှူတွက်အုန်းနို့ ခေါက်ဆွဲအော်ဒါ ပွဲရေ150

တတိယအကြိမ်မြှောက်​အော်ဒါ😍😍😍

အလှူရှင်မိသားစု 2024 နှစ်သစ်မှာရွှင်လန်းကျန်းမာချမ်းသာ၍ အစစအရာရာအဆင်ပြေချောမွေ့ ပြီးစီးပွါးအောင်မြင်ပါစေ

ယခုလို အော်ဒါ အကြိမ်ကြိမ်ယုံကြည်စွာအားပေးသောအလှူရှင်မိသာစုအား ကောင်းစံမှကျေးဇူးအထူးတင်ရှိပါတယ်ရှင်😍😍

11/12/2023

မုန့်ဟင်းခါးချက်နေရင်းမွှေးတာမှ ဗိုက်ကတဝီဝီဆာလာတယ်😆😆😆

Photos from ကောင်းစံ-မုန့်ဟင်းခါး's post 30/11/2023

အာပူရှာပူ နဲ့ ငါးဖယ်သုပ်လေး​နဲ့လိုက်ဖက်😍😍

29/11/2023

ရှယ်မြိတ်ငပိထောင်းမွှေးမွှေးစပ်စပ်နှင့် သံပုရာသီးစစ်စစ်ဖြင့် မွှေးချဉ်စပ်ရခိုင်မုန့်တီသုပ်ကို ငါးနိုင်းချင်းအာပူဟင်းရည်လေးနဲ့ ပြောစရာမလိုအောင်ကောင်းသော✨✨✨

28/11/2023

ကောင်းစံမှသုံးတဲ့အရောင်တင်မှုန့်ကစ ငရုတ်သီးပွကိုကိုယ်တိုင်ရွေး သေချာနေလှန်း ကိုယ်တိုင်ကြိတ်ပြီးသုံးပါသဖြင့် စိတ်ချယုံကြည်စွာအားပေးလို့ရပါတယ်ရှင့်🤩🤩🤩

Photos from ကောင်းစံ-မုန့်ဟင်းခါး's post 07/11/2023

ကောင်းစံမှာလာရောက်သုံးဆောင်ဖို့ဖိတ်ခေါ်ပါတယ်ရှင့်😍😍😍

Photos from ကောင်းစံ-မုန့်ဟင်းခါး's post 31/08/2023

31.8.2023
အုန်းနို့​​ခေါက်ဆွဲ 250 ​အော်ဒါ​လေးပါ။
အလှူရှင် မိသားစု ကျန်းမာချမ်းသာကြပါ​စေ။
​ကောင်းစံမှ ​ကျေးဇူးအထူးတင်ပါတယ်။

Photos from ကောင်းစံ-မုန့်ဟင်းခါး's post 24/08/2023

✨အုန်းနို့ခေါက်ဆွဲကို ကြိတ်ခေါက်ဆွဲစစ်စစ်ဖြင့် ဂျုံသားအိအိလေးနှင့် အုန်းနို့နံ့သင်းသင်း မွှေးမွှေးဆိမ့်ဆိမ့်လေးရှင့်

✨ငါးသဘာဝအချိုကို အဓိကယူထားသော မုန့်ဟင်းခါး စားသုံးပြီးဇတ်ကြောမတတ် ရေမငတ်​သောပါရှင့်

✨အာပူရှာပူကို ငါးဖတ်များများဖြင့် ငပိထောင်းကောင်းကောင်းလေးဖြင့် ပူပူစပ်စပ် မွှေးမွှေးလေး

✨ငါးဖယ်သုပ်ကို သံပုရာသီးစစ်စစ်ဖြင့် ငပိထောင်းကောင်းကောင်းနဲ့ ပေါင်းစပ်ပြီး မွှေးချဉ်စပ်လေး သုံးဆောင်ချင်ပါက

ကောင်းစံကိုခုပဲကြွလှမ်းခဲ့ပါရှင့်😍😍😍

18/07/2023

ခံတွင်းပျက်သူများအတွက် ဓာတ်စာမုန့်ဟင်းခါး
မုန့်ဟင်းခါးသည် မြန်မာ့ရိုးရာ အစားအစာအစစ်ဖြစ်သည်။ နိုင်ငံခြားသားဧည့်သည်များနှင့် ကမ္ဘာလှည့် ခရီးသည်များက ရိုးရာအစားအသောက်စားချင်သည်ဟု တောင်းဆိုသည့်အခါ ဟိုတယ်ကြီးများတွင်ပင် မုန့်ဟင်းခါးကို တည်ခင်းကျွေးမွေးလေ့ရှိသည်။ နိုင်ငံခြားသားများကလည်း အထူးပင်နှစ်သက်ကြသည်။ မုန့်ဟင်းခါးကို အချို့အရပ်ဒေသများတွင် မုန့်ဟင်းငါးဟုရေးသားသည်ကို တွေ့ရဖူးသည်။ မြစ်ဝကျွန်းပေါ် ဒေသရှိ ဖျာပုံမြို့သို့သွားသောအခါ မြစ်ဆိပ်နှင့်ဈေးအတွင်းရှိ မုန့်ဟင်းခါးဆိုင်များတွင် မုန့်ဟင်းငါးဆိုင်ဟု ရေးသားထားသည်ကို တွေ့ရဖူးသည်။ အမှန်ပင် မုန့်ဟင်းခါးချက်ရာတွင် ငါးတစ်မျိုးတည်းသာသုံးစွဲသည်။ ကြက်သားဖြင့်ချက်သော မုန့်ဟင်းခါးဟူ၍မရှိပေ။ မုန့်ဟင်းခါးစားသော ဓလေ့သည် ငါးပေါသောမြစ်ဝကျွန်း ပေါ်မှစခဲ့သည်ဟုလည်း ဆိုကြသည်။ မုန့်ဟင်းခါးဟင်းရည်နှင့် တွဲသောက်ရန် မုန့်ဖတ်ကို ဆန်မှရသော ဆန်မှုန့်ဖြင့်ပြုလုပ်သည်။ ရှေးကဆန်ကို အပုပ်ခံပြီးမှညှစ်သည့်မုန့်ဖတ်ကို သုံးကြသည်။
နောက်ပိုင်းတွင် အပုပ်မခံတော့ဘဲ အစိမ်းနင်းသည့် မုန့်ဟင်းခါးအမျှင် ထုတ်သည့်စက်များ ပေါ်လာသည်။ ရှေးကဓာတ်စာဆရာကြီးများသည် မုန့်ဟင်းခါးကို အပုပ်စာဟုသတ်မှတ်ခဲ့သေးသည်။ နောက်ပိုင်းတွင် ဆန်ကို အပုပ်မခံဘဲ မုန့်ဖတ်ပြုလုပ်သည့်အခါမှ ဓာတ်စာအဖြစ်လက်ခံလာကြသည်။ နာလန်ထခါစ မစားချင် မသောက်ချင်ဖြစ်နေသူများအတွက် မုန့်ဟင်းခါးဟင်းရည်သည် အလွန်ကောင်းသော ဓာတ်စာဖြစ်သည်။ မုန့်ဟင်းခါးဟင်းရည်တွင် အဓိကပါဝင်သော လျှာအရသာပွင့်စေသောအစာ၊ တစ်နည်းအားဖြင့် ခံတွင်းလိုက် စေသောအစာမှာ ချင်းတက်နှင့် စပါးလင်တို့ဖြစ်သည်။
မုန့်ဟင်းခါးချက်လျှင် အသုံးများသောငါးမှာ ငါးခူဖြစ်သည်။ ငါးခူရှားပါးသောအခါ အောက်အရပ်တွင်ငါးရွှေ၊ ငါးမြစ်ချင်း၊ ငါးတံခွန် စသည့်ပင်လယ်ငါးများနှင့်လည်း ချက်သည်။ ငါးကိုနနွင်းဖြင့်နယ်ပြီး စပါးလင် နှင့်ပြုတ်သည်။ ပြုတ်ပြီးသည့်ငါးကို အရိုးများပယ်ပြီး အသားချည်းရယူကာ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ စပါးလင်တို့နှင့်ဆီသတ်ရသည်။ မွှေးကြိုင်လာသောအခါ ပဲမှုန့်နှင့်ဆန်မှုန့်တို့ကို အစိမ်းအတိုင်းဖြစ်စေ၊ ရေနွေးဖြင့်ဖျော်ပြီးဖြစ်စေ ထည့်ရသည်။ ကျက်သောအခါမှ ရေသင့်ရုံထည့်၊ ကြက်သွန်နီဥကြီးများကို အလုံးလိုက်အခွံသင်ထည့်ပြီး ဟင်းကျက်သည်အထိမွှေပေးရသည်။ ဟင်းကျက်သောအခါ ကြက်သွန်ဖြူ အခြောက်ကြော်ကို ညက်အောင်ထောင်းပြီး ဟင်းရည်ပေါ်တွင်ဖြူးပြီး အငွေ့လုံအောင်ပိတ်ထားရမည်။ ဟင်းရည် ခပ်ရမည့်အချိန်မှ အဖုံးကိုဖွင့်လိုက်သောအခါ မွှေးနေသည့်မုန့်ဟင်းခါးဟင်းရည်နံ့ကိုရသည်။ ဓာတ်စာသဘောအရ မုန့်ဟင်းခါးတွင် ငှက်ပျောအူတိုင်ကို နနွင်းဖြင့်စိမ်ထားပြီး ပါးပါးလှီးထည့်ပေးရမည်။ မုန့်ဟင်းခါးတွင်ပါဝင်သော ပဲမှုန့်သည်ဝမ်းပျက်ခြင်းနှင့် လေပွခြင်းဖြစ်နိုင်သောကြောင့် ငှက်ပျောအူ(အဖန်၊ အချုပ်ဓာတ်)ကိုထည့်ပေးခြင်း ဖြစ်သည်။ မုန့်ဟင်းခါးချက်လျှင် ငါးငံပြာရည်မှာမပါမဖြစ်ပါဝင်ရသည်။ မုန့်ဟင်းခါးစားသောအခါ နံနံပင်ထည့်စားပါ။ ငံပြာရည်မှ အငန်ဓာတ်လွန်ကဲလျှင်၊ ဆားပါဝင်မှုများလျှင် သွေးတိုးနိုင်သည်။ နံနံပင်သည် သွေးတိုးခြင်းမှ အကာအကွယ်ပေးသည့် ဆေးဖက်ဝင်အပင်ဖြစ်သည်။
ရှေးကမြန်မာဆေးဆရာကြီးများ၊ သိမ်ဖြူအာယုဗေဒ ဆေးသိပ္ပံဆရာတော်၊ သဘာဝဓမ္မကျမ်းပြုဆရာသင် စသည့်ဆရာကြီးများသည် ခံတွင်းပျက်၊အစားမဝင်သည့်လူနာများကို မုန့်ဟင်းခါးဓာတ်စာပေးလေ့ရှိကြောင်း လေ့လာတွေ့ရှိရသည်။ ခံတွင်းပျက်လူနာကို မုန့်ဟင်းခါးကျွေးရာတွင် သတိပြုရမည့်အချက်မှာ ဟင်းရည်ပူပူ ကျွေးရန်နှင့် နံနက်စာ၊ နေ့လယ်စာအဖြစ်သာကျွေးသင့်သည်။ ညနေနှင့်ညတွင် မကျွေးသင့်ကြောင်း သတိပေး လိုက်ရပေသည်။ ။

ကြည်လွင်မြင့်(မုဒြာ)

Photos from ကောင်းစံ-မုန့်ဟင်းခါး's post 23/06/2023

Hello!!!

ချစ်မိတ်ဆွေတို့ရေ👻👻👻

ကောင်းစံဆိုင်ကို 41x 42 လမ်း၊ 87 x 88 လမ်းကြား (41 လမ်းကလာရင်ပိုအဆင်ပြေပါတယ်ရှင့်) ချမ်းချမ်းရောင်းဝယ်ရေးဆိုင်မျက်နှာချင်းဆိုင်လမ်းထဲရှင့်/ ဦးမှိုညောင်ပင်လမ်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ထားကြောင်းကို သတင်းပါးအပ်ပါတယ်ရှင့်😍😍😍

ဆိုင်ဘယ်ပြောင်းသွားလဲ ? ဆိုင်ပြန်မဖွင့်သေးဘူးလားဆိုပြီးဖုန်းဆက်မေးမြန်ကြသော မိတ်ဆွေ customer လေးတွေကိုလည်း အားနာရပါတယ်ရှင့်😔😔

အရသာရှိရှိ ✨ငါးသဘာဝအချိုကိုအဓိကယူထားသော✨ သုံးဆောင်ပြီး ဇတ်ကြောမတက် ရေးမငတ်သော မုန့်ဟင်းခါးကောင်းကောင်း ကိုကောင်းစံမှာ လာရောက် သုံးဆောင်ရန်ဖိတ်ခေါ်ပါရစေရှင့်❤️❤️❤️

အုန်းနို့ခေါက်ဆွဲကြိုက်နှစ်သက်သူဆိုလျှင် ကောင်းစံမှ သဘာဝအုန်းနို့နံ့သင်းသင်းလေးဖြစ်သော အုန်းနို့ခေါက်ဆွဲကိုလည်းလာရောက်မြည်းစမ်းကြည့်ဖို့ တိုက်တွန်းပါရစေရှင့်☺️☺️☺️

ဆိုင်ဖွင့်ချိန် : နံနက် 6:30 ~ ည7:30

✨✨ခုလတ်တလော မုန့်ဟင်းခါး နှင့် အုန်းနို့ခေါက်ဆွဲနှစ်မျိုးသာရရှိသေးပါတယ်ရှင့်😁

18/03/2023

ချစ်မိတ်ဆွေသူငယ်ချင်းတို့ရေ…..

ကောင်းစံဆိုင်လေးစာလေးပြောင်းဖွင့်ထားလို့ လမ်းကြုံရင်လာရောက်အားပေးကြပါဦးရှင့်😍😍😍

ဆိုင်ဖွင့်ချိန်🤗🤗

မနက် 7:30~ 10:30
နေ့လည် 2:30~ 8:00

မုန့်ဟင်းခါး(ပဲကပ်ကြော်) 1000ကျပ်
ငါးဖယ်တစ်ခု 300ကျပ်
အိုးဘဲဥစစ်စစ်တစ်လုံး 400 ကျပ်


အုန်းနို့ခေါက်ဆွဲ(ပဲကပ်ကြော်) 1000ကျပ်

အာပူလျှာပူ (ပဲကပ်ကြော်) 800ကျပ်
ရခိုင်မုန့်တီသုပ် ။ ။ 800ကျပ်
မုန့်ဖက်သုပ် ။ ။ 800 ကျပ်
ဂျုံခေါက်ဆွဲသုပ် ။ ။ 1000 ကျပ်
ငါးဖယ်သုပ် 1000ကျပ်
ထမင်းသုပ် 1000ကျပ်

ဆိုင်ရှာလို့လွယ်အောင်လိပ်စာပြောင်းဖွင့်ထားပါတယ်ရှင့် 😊😊

73 လမ်း x 39 လမ်းထိပ် (ဗမော်တိုက်လမ်းဆိုင်းဘုတ်)မျက်နှာချင်းဆိုင်မှာပါ

ဖုန်းနံပါတ် 09-76 799 1850
09-7719 59500

Photos from ကောင်းစံ-မုန့်ဟင်းခါး's post 18/03/2023

ကောင်းစံ မှ 26 Feb 2023 တွင် မန်းလေးတောင်ခြေ ဖားအောက်တောရကျောင်းတွင်သီတင်းသုံးနေထိုင်ကြသော သံဃာ ၊ သီလရှင် ၊ ယောဂီ အပေါင်းသူတော်ကောင်းအပါးရေ 250 ကျော်အား ကောင်းစံမှ မုန့်ဟင်းငါး အာရုံဆွမ်းကိုကိုယ်တိုင်ချက်ပြုတ်လှူဒါန်းခွင့်ရရှိခဲ့ပါသောကြောင့် ချစ်မိတ်ဆွေသူငယ်ချင်းတို့အားသာဓုခေါ်ရန်မျှဝေလိုက်ပါတယ်ရှင့်😍😍😍

အာရုံဆွမ်းအတွက် မုန့်ဟင်းငါးဖတ် 32 ပိဿာလှူဒါန်းခဲ့သော ကိုမင်းကျော်ဦး+ မခင်မျိုးဝေ မိသားစု အားကျေးဇူးအထူးတင်ရှိပါတယ်ရှင့်🤩🤩🤩

03/03/2023

ချစ်မိတ်ဆွေသူငယ်ချင်းတို့ရေ ကောင်းစံလိပ်စာလေးပြောင်းဖွင့်ထားပါတယ်ဆိုတဲ့အကြောင်းလေးသတင်းကောင်းပါးချင်ပါတယ်ရှင့်🤩🤩🤩

လိပ်စားလေးကတော့ 73 လမ်း 39 လမ်းတောင့်
*ဗန်းမော်တိုက်* လမ်းတောင့်ဆိုင်းဘုတ်မျက်နှာချင်းဆိုင်လေးမှာပါရှင့်😊😊😊

ဆိုင်ရှာတာ ရှာမတွေ့ဘူးပြောကြတဲ့ကာကာလေးတွေဒီနေရာလေးကရှာလို့လွယ်မဲ့နေရာလေးပြောင်းဖွင့်ထားတာပါရှင့်🤗🤗🤗

ဖုန်းနံပါတ် 092018058

13/02/2023

Promotion ကာလ နောက်တစ်ရက်သာကျန်ပါတော့တယ်ရှင့်🤗🤗🤗

ဆိုင်လိပ်စာမှားပြီးကာကာလေးတေတစ်ခြားဆိုင်ရောက်သွားတယ်ပြန်ပြောလို့😅

ဆိုင်လိပ်စာလေးက 73 လမ်း 38 x 39 ကြား မိုးကောင်ကင်အထည်ဆိုင် နှင့် သံယောဇဉ်အထည်ဆိုင်နှစ်ခု ဝင်းကြားထဲကိုဝင်လာရမှာပါရှင့်😊😊😊

12/02/2023

promotion ကာလ 2 ရက်သာကျန်ပါတော့တယ်ရှင့်😊😊😊

06/02/2023

ကောင်းစံမှချစ်မိတ်ဆွေသူငယ်ချင်းများအား သတင်းကောင်းလေး ပါးပါရစေ🤩🤩

မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲသုံးဆောင်ပြီး ဇတ်ကြောမတက်၊ ရေမငတ် အိမ်ချက်လက်ရာအတိုင်းဆိုပဲတဲ့ good reviews များစွာရထားသော ကောင်းစံလေးပါရှင့်😍😍

အာပူလျှာပူဆိုလည်း စားကောင်းလွန်းလို့ဆိုင်ဖွင့်တာဘယ်လောက်ကြာပြီလဲဆိုတဲ့မေးကြတဲ့ကာကာလေးတွေကြောင့်အားရှိလှပါတယ်ရှင့်😃😃

Promotion အနေဖြင့်ဆိုင် menu items များအား(10/2/2023 မှ 14/2/2023) ထိ 20% discount ကို 5 ရက်တိတိရောင်းပေးသွားမှာဖြစ်သဖြင့် Promotion လေး ရယူရန် ယခုကောင်းစံ page အား “ like , share ပြီး ဆိုင်page အား review “ပေးခြင်းဖြင့် 20% discount ရယူလိုက်ပါနော်😊😊

ဆိုင်ဖွင့်ချိန်🤗🤗

မနက် 6:30~ 10:30
နေ့လည် 2:30~ 5:30

အောက်ဖော်ပြပါစျေးနုန်းလေးကတော့ပုံမှန်မလျော့ရသေးသောစျေးလေးပါရှင့် 😊😊😉

လတ်တလောရရှိနိုင်သော menu မှာတော့

🤩မနက်ပိုင်း

မုန့်ဟင်းခါး(ပဲကပ်ကြော်) 1000ကျပ်
ငါးဖယ်တစ်ခု 300ကျပ်
အိုးဘဲဥတစ်လုံး 400 ကျပ်
ဗူးသီးကြော် 200 ကျပ်

အုန်းနို့ခေါက်ဆွဲ(ပဲကပ်ကြော်) 1000ကျပ်

🤩နေ့လည်ပိုင်း

မုန့်ဟင်းခါး

အုန်းနို့ခေါက်ဆွဲ

အာပူလျှာပူ (ပဲကပ်ကြော်) 800ကျပ်
ရခိုင်မုန့်တီသုပ် ။ ။ 800ကျပ်
မုန့်ဖက်သုပ် ။ ။ 800 ကျပ်
ဂျုံခေါက်ဆွဲသုပ် ။ ။ 800ကျပ်
ငါးဖယ်သုပ် 1000ကျပ်

ဆိုင်လိပ်စာလေးကတော့ မန္တလေး (မိန်းနား) 73 လမ်း 38x 39ကြား သံယောဇဉ်အထည်ဆိုင်ဘေးကပ်ရက် ဝင်းကြားထဲမှာပါ☺️☺️

ဖုန်းနံပါတ် 09-76 799 1850
09-7719 59500

27/01/2023

မနက်စာကိုမုန့်ဟင်းခါး နဲ့ အုန်းနို့ခေါက်ဆွဲကောင်းကောင်း သုံးဆောင်ချင်ပါက ကောင်းစံကို သတိရလိုက်ပါ🤩🤩

23/01/2023

အရောင်အဆင်း၊အနံ၊ အရသာပြည့်စုံပြီး သန့်ရှင်းသော မုန့်ဟင်းခါးသုံးဆောင်ချင်ပါက ကောင်းစံသို့ကြွလှမ်းခဲ့ပါ🤩🤩

ဆိုင်ဖွင့်အထိန်းမှတ်အနေဖြင့် (23/1/2023 မှ 25/1/2023 ထိ) 50% discount ကို 3ရက်တိတိရောင်းပေးသွားမှာဖြစ်ပါတယ်။ အောက်ဖော်ပြပါစျေးလေးကမလျော့ရသေးသောစျေးလေးပါနော်😍😍

ဆိုင်ဖွင့်ချိန်🤗🤗

မနက် 6:30~ 10:30
နေ့လည် 2:30~ 5:30

လတ်တလောရရှိနိုင်သော menu မှာတော့

🤩မနက်ပိုင်း

မုန့်ဟင်းခါး(ပဲကပ်ကြော်) 1000ကျပ်
ငါးဖယ်တစ်ခု 300ကျပ်
အိုးဘဲဥတစ်လုံး 400 ကျပ်
ဗူးသီးကြော် 200 ကျပ်
အီကြာကွေး 200ကျပ်

အုန်းနို့ခေါက်ဆွဲ 1000ကျပ်

🤩နေ့လည်ပိုင်း

မုန့်ဟင်းခါး

ခေါက်ဆွဲသုပ် (ပဲကပ်ကြော်) 800 ကျပ်
အာပူလျှာပူ ။ ။ 800ကျပ်
ရခိုင်မုန့်တီသုပ် ။ ။ 800ကျပ်
မုန့်ဖက်သုပ် ။ ။ 800 ကျပ်
ငါးဖယ်သုပ် 1000ကျပ်

ဆိုင်လိပ်စာလေးကတော့ မန္တလေး 73 လမ်း 38x 39ကြား သံယောဇဉ်အထည်ဆိုင်ဘေးကပ်ရက် ဝင်းကြားထဲမှာပါ☺️☺️

ဖုန်းနံပါတ် 09-76 799 1850
09-7719 59500

10/01/2023

ကောင်းစံမှကြိုဆိုပါတယ်ဗျ😍😍

Want your restaurant to be the top-listed Restaurant in Mandalay?
Click here to claim your Sponsored Listing.

Videos (show all)

ဆိုင်မှာလာရောက်အားပေးသွားသောစုံစုံ😍😍

Telephone

Website

Address


41လမ်း , ဦမှို​ညောင်ပင်လမ်း 87×88ကြား ၊ မန္တလေး, Https://maps. App. Goo. Gl/cyuxmvszrJsC5acK 6
Mandalay

Opening Hours

Monday 06:30 - 19:30
Tuesday 06:30 - 19:30
Wednesday 06:30 - 19:30
Thursday 06:30 - 19:30
Friday 06:30 - 19:30
Saturday 06:30 - 19:30
Sunday 06:30 - 19:30

Other Breakfast & Brunch Restaurants in Mandalay (show all)
U Bein Tea House U Bein Tea House
Corner Of 64th Street & Theik Pan Street , Chan Mya Thar Si Township
Mandalay

Corner of 64th street & Theik Pan Street , Chan Mya Thar Si Township , Mandalay. 09 796 609906 Tradi

5s - Five Sisters 5s - Five Sisters
Mandalay, 56th Street, Five Sisters (五姐妹)Drinks
Mandalay, 05032

Five Sisters(五姐妹)Restaurant

Chaw Chaw ရှမ်းဆိုင် Chaw Chaw ရှမ်းဆိုင်
Mandalay, W484+7JMMANDALAY

လူမျိုး ဘာသာ မရွေး စားသုံးနိုင်ပါသည?

Bee's Berry Bee's Berry
Mandalay

Classic City Catering Service Classic City Catering Service
Corner Of 35 And 61 Street, Mahar Aung Myae Township
Mandalay

Best Quality & Great Taste

မယ်မင်းကြီးမ - မုန့်ဟင်းခါး မယ်မင်းကြီးမ - မုန့်ဟင်းခါး
၇၁ X ၁၀၉(ခိုင်ရွှေဝါ)လမ်းဒေါင့်၊ချမ်းမြသာစည်။
Mandalay, 05041

ကျန်းမာရေးနဲ့ ညီညွတ်သော အရသာရှိတဲ့ မုန့်ဟင်းခါး၊ မုန့်တီ၊ အုန်းနို့ခေါက်ဆွဲ၊ ခေါက်ဆွဲသုပ်

အန်တီအေး - ရန်ကုန် မုန့်ဟင်းခါး အန်တီအေး - ရန်ကုန် မုန့်ဟင်းခါး
Mandalay

Myanmar Traditional Food in Mandalay Online Restaurant သန့်ရှင်း လတ်ဆတ?

ရွှေလာဘ်စံ ကဖေး နှင့် စားဖွယ်စုံ ရွှေလာဘ်စံ ကဖေး နှင့် စားဖွယ်စုံ
Corner Of 66th Road And Ngu Shwe War Street
Mandalay, 05041

K Mandalay Tea House & Restaurant K Mandalay Tea House & Restaurant
36st X 54st
Mandalay, 05011

အချိုမှုန့် နှင့် စားအုန်းဆီ လုံးဝ မသုံးပါ

SDS Hong Kong restaurant SDS Hong Kong restaurant
107/63 Myothit(3), Chan Mya Thar Si
Mandalay

Hprone Pyaw - ဖရုံပျော်ကဖေး Hprone Pyaw - ဖရုံပျော်ကဖေး
Mandalay

Laughing Pumpkin Cafe in Burma.

ရွှေဂေါဝိန် ရွှေဂေါဝိန်
26 X Myo Patt Road (Infront Of The City Park)
Mandalay, 21.9827667,96.0593271