Myanma Tourism Bank

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanma Tourism Bank, Financial service, No-168, 27th Street၊Between 81nd & 82nd Street, Chan Aye Thar Zan, Mandalay.

11/12/2023

"Don't be afraid to give up the good to go for the great."

-John D. Rockefeller

𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

09/12/2023

အိတ်ထဲအမြဲထည့်ထားတဲ့ MTB Debit Card လေး ကျပျောက်သွားခဲ့ရင် ?

Shopping Mall တွေကိုသွားတိုင်း ငွေပေးချေလို့လွယ်ကူတာကြောင့် အိတ်ထဲအမြဲဆောင်ထားတတ်တဲ့ MTB Debit Card လေး မတော်တဆ ကျပျောက်သွားခဲ့ရင်ဘယ်လိုလုပ်ရမလဲ ?

စိတ်မပူပါနဲ့။ အရင်ဆုံး MTB Customer Service Phone - 09 682 682 682 ကိုဆက်သွယ်ပြီး Card လေးကို အသုံးပြုမှု (ယာယီ) ပိတ်ထားလိုက်ပါ။ ပြီးရင်တော့ နီးစပ်ရာ မြန်မာ့ခရီးသွားဘဏ်ရဲ့ဘဏ်ခွဲများမှာ Card အသစ်လေးပြန်လည်လျှောက်ထားပေးလိုက်ရုံပဲနော်။

𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

07/12/2023

(၁၀၃) ကြိမ်မြောက် "အမျိုးသားနေ့"

မြန်မာတစ်မျိုးသားလုံးရဲ့ မျိုးချစ်စိတ်၊ ဇာတိသွေး၊ ဇာတိမာန်ကို ထက်သန်စေဖို့ အစပျိုးခဲ့သည့် "အမျိုးသားနေ့" အား Myanma Tourism Bank မှ လေးစားစွာ ဂုဏ်ပြုကြိုဆိုလိုက်ရပါသည်။

𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

06/12/2023

ချစ်မိတ်ဆွေတို့ရေ ကြွယ်ဝနဲ့တူတူ အပျင်းပြေ ဂိမ်းလေးတစ်ခု ဆော့ရအောင်…

ရွေ့လျားနေတဲ့ MTB ATM Card လေး ၃ခုလုံးကို တစ်တန်းတည်းဖြစ်အောင် လုပ်ပေးရမှာပါ။
Card ၃ခုလုံးတန်းသွားအောင် လုပ်နိုင်တဲ့လူတွေကလည်း Screenshot လေးရိုက်ပြီး Comment မှာ မန့်ပေးခဲ့ပါဦး။

ဘယ်‌နေရာသွားသွား ငွေမလုံလောက်မှာ စိတ်မပူရဖို့ ကြွယ်ဝ MTB card လေးကို အတူခေါ်သွားဖို့လည်း မမေ့နဲ့နော်။

𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

Myanma Tourism Bank 05/12/2023

"ပျော်ရွှင်စရာ နှစ်သစ်အချိန်အခါ
အမြင့်မားဆုံး "အတိုးနှုန်းအသစ်"နဲ့စတင်ပါ"

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးပြောင်းတော့မှာဆိုတော့ စိတ်သစ် လူသစ်နဲ့ ဘဝရဲ့ အကောင်းဆုံးသော ပြောင်းလဲမှုအသစ်တွေကို ဖမ်းဆုပ်ဖို့ Ready ပဲလား ?

MTB Bank မှာ ရက်(၉၀) စာရင်းသေ ငွေအပ်နှံရုံနဲ့ အတိုးနှုန်း (9.50%)p.a အထိရရှိနိုင်မယ့် MTB "New Year Fixed 90 Days" Promotion အသစ်နဲ့အတူ သင့်ရဲ့သစ်လွင်တောက်ပနေမယ့် နှစ်သစ်ကို ကြိုဆိုလိုက်ပါ။ အတိုးနှုန်း (9.50%)p.a အထိအမြင့်ဆုံးရရှိမယ့် ကြုံတောင့်ကြုံခဲ အခွင့်အရေးမို့ နီးစပ်ရာ MTB ဘဏ်ခွဲတိုင်းမှာ အခုပဲ "ဘဏ်စာရင်း" လာရောက်ဖွင့်လှစ်လိုက်တော့နော်။

Promotion Period - December 5th 2023 to January 31st 2024.

(Terms & Conditions Apply)

အသေးစိတ်သိရှိလိုပါက -
MTB Customer Service Phone - 09 682 682 682

𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

Myanma Tourism Bank

05/12/2023

"စိတ်လုံခြုံမှုအပြည့်နဲ့ ခရီးထွက်ချင်တယ်ဆိုရင်...
လုံခြု၊ စိတ်ချ၊ အတိုးလည်းရမယ့် MTB Holiday Saving..."

ဆောင်းနှင်းဝေတဲ့ အားလပ်ရက်လေးတွေမှာ မိသားစုနဲ့အတူ အပန်းဖြေခရီးထွက်ဖို့ အစီအစဉ်ရှိနေပြီလား ?

ခရီးထွက်နေတဲ့အချိန် "အိမ်ထဲမှာပဲ သိမ်းဆည်းထားဖြစ်မယ့် ပိုက်ဆံတွေကရော လုံခြုံစိတ်ချရပါ့မလား ?" အတွေးတွေ များပြီး နောက်ဆံတင်းမနေပါနဲ့တော့။ စွန့်စား၊ ပျော်ရွှင်၊ ခရီးစဉ်လေးကို စိတ်လုံခြုံမှုအပြည့်နဲ့ဖန်တီးနိုင်ဖို့ အတိုးနှုန်း 9% (p.a) ရရှိမယ့် MTB ရဲ့"Holiday Saving"နဲ့သာ ဘဏ်စာရင်း ဖွင့်လှစ်ထားလိုက်ပါ။ လုံခြုံမှုအတွက် စိတ်ချရ၊ အတိုးနှုန်းလည်းလည်းများများရမယ့် မြန်မာ့ခရီးသွားဘဏ် (MTB Bank) နဲ့ဆိုရင် အိမ်မကပ်ဘဲ ကမ္ဘာပတ်ဖို့ Ready ပြင်ထားလို့ရပြီနော်။

Promotion Period - December 5th 2023 to March 31st 2024.

(Terms & Conditions Apply)

အသေးစိတ်သိရှိလိုပါက -
MTB Customer Service Phone - 09 682 682 682

𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

Photos from Myanma Tourism Bank's post 05/12/2023

"Myanma Tourism Bank နှင့် Myanmar Exhibition and Convention Association တို့ ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးကဏ္ဍအသီးသီးတွင် ဘက်စုံဖွံ့ဖြိုးတိုးတတ်စေရန် နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးခြင်း"

မြန်မာ့ခရီးသွားဘဏ် (Myanma Tourism Bank) နှင့် မြန်မာနိုင်ငံကုန်စည်ပြပွဲနှင့်ဆွေးနွေးပွဲများဆိုင်ရာလုပ်ငန်းအသင်း (Myanmar Exhibition and Convention Association ) တို့သည် မြန်မာ့ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးကဏ္ဍအသီးသီးတို့တွင် ဘက်စုံဖွံ့ဖြိုးတိုးတတ်စေရန်ရည်ရွယ်၍ (၂၀၂၃) ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့တွင် ဆူးလေလမ်းမကြီးပေါ်တွင်ရှိသော မြန်မာ့ခရီးသွားဘဏ်(ရုံးချုပ်) တွင် နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးခဲ့ကြပါသည်။

အဆိုပါအခမ်းအနားတွင် မြန်မာ့ခရီးသွားဘဏ်၏ ဥက္ကဋ္ဌ ဦးရန်ဝင်းနှင့် မြန်မာနိုင်ငံကုန်စည်ပြပွဲနှင့်ဆွေးနွေးပွဲများဆိုင်ရာလုပ်ငန်းအသင်း ၏ ဥက္ကဋ္ဌ ဦးမင်းသိန်း တို့မှ သဘောတူညီမှုလက်မှတ်ရေးထိုးခဲ့ကြပြီး မြန်မာ့ခရီးသွားဘဏ်၏ အမှုဆောင်အရာရှိချုပ် ဦးဝင်းလွင် နှင့် မြန်မာနိုင်ငံကုန်စည်ပြပွဲနှင့်ဆွေးနွေးပွဲများဆိုင်ရာလုပ်ငန်းအသင်း ၏ ဒုတိယဥက္ကဋ္ဌ ဦးမျိုးသန့်တို့မှအသိသက်သေများအဖြစ် အောင်မြင်စွာလက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ကြောင်းသတင်းကောင်းအဖြစ် မျှဝေလိုက်ပါသည်။

𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

05/12/2023

ဘဏ်ပိတ်ရက်အသိပေးကြေညာခြင်း

(၂၀၂၃) ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်၊ ကြာသပတေးနေ့တွင် ကျရောက်သော (အမျိုးသားနေ့) သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရှိရုံးများ၏ ပိတ်ရက် နှင့် လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများအက်ဥပဒေအရ (အများပြည်သူတို့၏ အလုပ်ပိတ်ရက်) အဖြစ် သတ်မှတ်ထားပါသော​ကြောင့်အဆိုပါနေ့တွင် မြန်မာ့ခရီးသွားဘဏ်၊ (ရုံးချုပ်) အပါအဝင်ဘဏ်ခွဲများအားလုံး ပိတ်ထားမည်ဖြစ်ပါကြောင်းလေးစားစွာဖြင့် ကြိုတင်အသိပေးကြေညာအပ်ပါသည်။

𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

04/12/2023

အလည်အပတ်ခရီးသွားဖို့ပြင်ရင်း ပိုက်ဆံအရင် ခရီးထွက်သွားတဲ့ အဖွဲ့ကလား?

အစကတော့ ခရီးသွားဖို့ ပိုက်ဆံစုထားတာပဲ။ ဒါပေမဲ့… လူက ခရီးမရောက်ဘဲ အသုံးလွန်ပြီး ငွေအရင်ကုန်သွားတာ ကြုံဖူးကြတယ်ဟုတ် ! 😁

အဖြစ်တူတဲ့ သူငယ်ချင်းတွေရှိရင်လည်း mention ခဲ့ပါဦး။ 😌

ဒီလိုမျိုး ခရီးထွက်ဖို့ ပိုက်ဆံမစုဖြစ်တဲ့ သူတွေအတွက် MTB Bank မှာ ”Travel Now Pay Later” Promotion ရှိတယ်နော်။ အမှတ်တရခရီးစဉ်တွေ အရင်ဖန်တီးပြီး နောက်မှငွေပေးချေလို့ရလို့ ‌ငွေမစုမိမှာ ပူစရာမလိုတော့ဘူးပေါ့။ 🤗

(Terms & Conditions Apply)

☎ MTB Bank ရဲ့ "Travel Now, Pay Later" Promotion နှင့်ပတ်သတ်ပြီးအသေးစိတ်သိရှိလိုပါက Customer Service Phone - 09 682 682 682 သို့ ဘဏ်လုပ်ငန်းချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

04/12/2023

"Happy International Day of Banks"

မြန်မာနိုင်ငံရဲ့ ခရီးသွားကဏ္ဍအတွက် တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးပေးမယ့် မြန်မာ့ခရီးသွားဘဏ် (MTB Bank) မှ ဒီနေ့ (၂၀၂၃) ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်နေ့မှာ ကျရောက်တဲ့ (International Day of Banks) "နိုင်ငံတကာဘဏ်များနေ့" အား ဝမ်းမြောက်စွာဖြင့် ဂုဏ်ပြုကြိုဆိုလိုက်ရပါတယ်။

𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

04/12/2023

MTB Bank ရဲ့“ဝန်ထမ်းခရီးသွားချေးငွေ”နဲ့ဆိုရင် ကုန်ကျမယ့် ခရီးစရိတ်တွေအတွက် ချက်ချင်းငွေပေးချေစရာမလိုဘဲ ကမ္ဘာ့အံ့ဖွယ်အလှတရားများကို ရင်ခုန်စွာခံစားဖို့ Ready ပြင်ထားလိုက်တော့နော်။

ကမ္ဘာပေါ်မှာတည်ရှိနေတဲ့ အထင်ကရနေရာတွေသာမက လူတွေသိပ်မသိသေးတဲ့ Hidden Gems လို လျှို့ဝှက်အလှတရားတွေကိန်းအောင်းနေတဲ့နေရာတွေအထိ စိတ်ကူးထဲက အိပ်မက်ခရီးကို ရွက်လွှင့်ဖို့ MTB Bank ရဲ့"Corporate Traveler Loan" နဲ့ချိတ်ဆက်ဆောင်ရွက်နိုင်ပါပြီ။

ဝန်ထမ်းများရဲ့ခရီးသွားပန်းတိုင်တွေကို အရှိန်အဟုန်နဲ့စတင်ပြီး အဖိုးမဖြတ်နိုင်စရာ အမှတ်တရတွေ ဖန်တီးဖို့ MTB "Corporate Traveler Loan" ကို လျှောက်ထားရယူစို့။

(Terms & Conditions Apply)

☎ အသေးစိတ်သိရှိလိုပါက -
Customer Service Phone - 09 682 682 682

𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

02/12/2023

ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုအတွက် work-life balance ဖြစ်ဖို့ early retirement လုပ်တဲ့နှုန်းက ကမ္ဘာနဲ့အဝန်း မြင့်တက်လျက်ရှိပါတယ်။အသက်ငယ်တုန်းမှာ ကြိုးကြိုးစားစားနဲ့ ဝင်ငွေရှာ retirement plan တွေနဲ့ ပိုက်ဆံစုကြပြီး အလုပ်ကနေ တတ်နိုင်သမျှ စောစော အနားယူကြတာပါ။

Retirement Plan ဆိုတာကတော့ ဝင်ငွေ မရှာနိုင်တော့တဲ့အချိန် ငွေကြေးနဲ့ ပတ်သက်ပြီး အပူအပင်မရှိရ‌လေအောင် ကြိုတင်ပြင်ဆင်ထားခြင်းမျိုးပါ။

ဒီလိုလုပ်ခြင်းအားဖြင့်

- နောင်ရေးအတွက် ပူပန်စရာမလိုတော့ခြင်း
- ငွေကြေးအတွက် အမှီအခိုကင်းစွာ ရပ်တည်နိုင်ခြင်း
-အလုပ်မှ စောစီးစွာ အနားယူနိုင်ပြီး ဝါသနာပါတာတွေအတွက် အချိန်ပိုပေးနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေရရှိမှာဖြစ်ပါတယ်။

မိတ်ဆွေတို့ရော စောစောစီးစီး အနားယူနိုင်ဖို့ သေချာတဲ့ retirement plan တွေ ချမှတ်ထားပြီလား?

နောင်ရေးစိတ်အေးရဖို့ဆိုရင်တော့ အတိုးနှုန်းများတဲ့ MTB ဘဏ်မှာ Saving Account ဖွင့်ပြီး ငွေကြိုစုထားလိုက်ရအောင်။

(Terms & Conditions Apply)

☎ အသေးစိတ်သိရှိလိုပါက -
Customer Service Phone - 09 682 682 682

𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

01/12/2023

သင့်ရဲ့အဖိုးတန်ပစ္စည်းများကို
အလုံခြုံဆုံး ထိန်းသိမ်းပေးထားမှာ
MTB "Safe Deposit Locker“

မြန်မာ့ခရီးသွားဘဏ် (MTB Bank) မှာ လူကြီးမင်းတို့ရဲ့ အရေးကြီးစာချုပ်စာတမ်းများ၊ တန်ဖိုးကြီးလက်ဝတ်ရတနာများ နှင့် အခြားအဖိုးတန်ပစ္စည်းများကို လုံခြုံစိတ်ချစွာထိန်းသိမ်း ပေးထားမယ့် MTB "Safe Deposit Locker" များကိုငှားရမ်း အသုံးပြုနိုင်ပါပြီနော်။

Customer များနှင့် ကုမ္ပဏီအဖွဲ့အစည်းများအတွက် မိမိတို့လိုအပ်ချက်နှင့်ကိုက်ညီမည့် သေတ္တာအရွယ်အစားအလိုက် ဆိုဒ်အကြီး၊ အလတ်၊ အသေးဟူ၍ ဆိုဒ် (၃)မျိုးအထိ ရွေးချယ်ငှားရမ်းနိုင်မှာဖြစ်ပြီး အဖိုးတန်ပစ္စည်းများအား လုံခြုံစိတ်ချစွာအပ်နှံထားရှိနိုင်မှာဖြစ်ပါတယ်။

MTB "Safe Deposit Locker" ကို ပထမဆုံး ဝန်ဆောင်မှုပေးမယ့် ဘဏ်ခွဲအနေနဲ့ မြန်မာ့ခရီးသွားဘဏ်(ရွှေဘုံသာဘဏ်ခွဲ) မှာ အပ်နှံဆောင်ရွက်နိုင်မှာပဲဖြစ်ပါတယ်ရှင်။

(Terms & Conditions Apply)

☎ အသေးစိတ်သိရှိလိုပါက -
Customer Service Phone - 09 682 682 682

𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

30/11/2023

EV ကားစီးပြီး ခေတ်မီဖို့ MTB ရဲ့ Lucky Fixed Promotion မှာ ပါဝင်စို့

Myanma Tourism Bank မှာ စာရင်းသေအပ်နှံသူတွေအတွက် EV ကားအပါအဝင် iPhone 15 ကံထူးနိုင်မယ့် အထူးပရိုမိုးရှင်းကြီးရှိတယ်ဆိုတာ သိပြီးပြီလား ?

ရက်(၁၂၀) စာရင်းသေအပ်ငွေအဖြစ် အနည်းဆုံး ကျပ်သိန်း(၂၀) မှစ၍ အပ်နှံသူတိုင်း

ပထမဆု - EV ကား
ဒုတိယဆု - iPhone 15 ၂လုံး
တတိယဆု - Samsung Smart TV 55 လက်မ ၃လုံး
နှစ်သိမ့်ဆု - E Money Cashback 1 သိန်းဆု ၂၀ ဆု တွေ ကံထူးနိုင်မယ့် ကူပွန်တွေကို ရရှိမှာဖြစ်ပါတယ်။

ကျပ်သိန်း (၂၀) ပြည့်တိုင်း ကူပွန်တစ်စောင် ရရှိမှာဆိုတော့ များများအပ်လေ ကံထူးနိုင်ခြေပိုများလေပါပဲ။

(Promotion ကာလလေးကတော့ ၂-၁၀-၂၀၂၃ ကနေ ၂၉-၂-၂၀၂၄ အထိပါ။)

ငွေစုရင်း EV ကားအသစ် ပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးဖြစ်လို့ နီးစပ်ရာ MTB ဘဏ်ခွဲတွေမှာ အမြန်ဆုံးလာရောက် အပ်နှံလိုက်ပါတော့။

( Terms and Conditions Apply )

☎ MTB Bank ရဲ့ "Lucky Fixed (120) Days Promotion" နှင့်ပတ်သတ်ပြီး အသေးစိတ်သိရှိလိုပါက Customer Service Phone - 09 682 682 682 သို့ ဘဏ်လုပ်ငန်းချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁

သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

Photos from Myanma Tourism Bank's post 29/11/2023

လူကြီးမင်းသိရှိလိုတဲ့ Myanma Tourism Bank ရဲ့ဘဏ်ခွဲလိပ်စာများ၊ ဘဏ်အတိုးနှုန်းများ၊ ချေးငွေဝန်ဆောင်မှုများ နှင့် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ သိရှိချင်တယ်ဆိုရင်တော့ Viber Channel ကို လာရောက် Join ထားဖို့ မမေ့နဲ့နော်။

Myanma Tourism Bank ရဲ့ Viber Channel ကို Join ဖို့...

အဆင့် (၁) Viber Application ထဲသို့ဝင်ပါ။
အဆင့် (၂) Search Bar တွင် Myanma Tourism Bank ဟုရိုက်နှိပ်ပါ။
အဆင့် (၃) Myanma Tourism Bank ကိုတွေ့ရှိပါက (Join Channel) ကိုနှိပ်လိုက်ရုံနဲ့ ရပြီနော်။

MTB Customer Service Phone - 09 682 682 682

𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

27/11/2023

ရှာဖွေလို့ရသမျှရဲ့ ၂၅% ကို မမျှော်လင့်ထားတဲ့ ကိစ္စတွေအတွက် စုဆောင်းထားပါ၊ ၂၅% ကို စားဝတ်နေရေးအတွက်သုံးသလို အလှူအတန်းလည်း ပြုလုပ်ပါ၊ ကျန်တဲ့ ၅၀% ကိုတော့ စီးပွားရှာတဲ့နေရာမှာ ပြန်သုံးပါ၊ ရင်းနှီးမြှုပ်နှံပါတဲ့။

ဒါကတော့ ငွေကြေးစီမံခန့်ခွဲမှုနဲ့ ပတ်သက်လို့ ဘာသာတရားဆိုင်ရာဟောကြားချက် ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ယနေ့ထက်ထိလည်း အသုံးဝင်နေတုန်းပါပဲ။ ဒီဘက်ခေတ်မှာတော့ ဒီလိုမျိုးငွေကြေးစီမံခန့်ခွဲတာကို Personal Financial Planning လို့်ခေါ်ပါတယ်။

-Income (ဝင်ငွေ)
-Spend (ထွက်ငွေ)
-Saving (ငွေစုဆောင်းခြင်း)
-Investment (ရင်းနှီးမြှုပ်နှံခြင်း)
-Protection (မျှော်လင့်မထားတဲ့ ငွေကြေးဆုံးရှုံးမှုတွေကနေ အကာအကွယ် ယူထားခြင်း) ဆိုတဲ့ အချက်ငါးချက်ကို မျှတအောင် စီမံရတာပါ။

ဒီလိုလုပ်ခြင်းအားဖြင့် ငွေကြေးနဲ့ ပတ်သက်ပြီး အပူအပင်ကင်းကင်းနဲ့ နေ့ရက်တိုင်းကို ဖြတ်သန်းနိုင်မှာပါ။

ဒါကြောင့် ဝင်‌‌ငွေ၊ ထွက်ငွေမျှတပြီး အကြွေးကင်းစေဖို့ ဘာသာတရားအဆုံးအမတွေထဲက ငွေကြေးဆိုင်ရာ အကြံပြုချက်ကို ကိုးကားပြီး ခေတ်နဲ့လျော်ညီတဲ့ ငွေကြေးစီမံခန့်ခွဲမှု နည်းလမ်း‌တွေအတိုင်း လိုက်နာကျင့်သုံးကြဖို့ ကြွယ်ဝလေးက အကြံပေးလိုက်ပါတယ် ခင်ဗျာ။🤗

𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁

သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

27/11/2023

"‌လင်းလက် တောက်ပ နေတဲ့ ဆီမီးရောင်များကြား✨
အိုးစည် ဗုံမောင်း တီးလို့က 🥁
မီးပုံးပျံများ လွှတ်တင်ကြ 🎆
တန်ဆောင်တိုင်ပွဲတော် ရိုးရာအလှ"🥳

မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီပွဲတော်များထဲမှ အထင်ကရ ပွဲတော်တစ်ခုဖြစ်တဲ့ "တန်ဆောင်တိုင်ပွဲတော်" အချိန်အခါသမယသို့ ရောက်ရှိလို့လာပြန်ပါပြီနော်။

"တန်ဆောင်တိုင်မီးပုံးပျံပွဲတော်"ကို ရှမ်းပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ တောင်ကြီးမြို့မှာ တန်ဆောင်မုန်းလပြည့်ညတိုင်း ခြိမ့်ခြိမ့်သည်း စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြပြီး မြန်မာနိုင်ငံရှိ အနယ်နယ်အရပ်ရပ်မှ မိဘပြည်သူများသာမက ပြည်ပနိုင်ငံရှိ ခရီးသွားလာသူများကပါ လာရောက်လည်ပတ်ကြရတဲ့ ပျော်ရွှင်ဖွယ်ရာ မြန်မာ့ရိုးရာ အထင်ကရပွဲတော်တစ်ခုပဲဖြစ်ပါတယ်ရှင်။ 🤩
ဒီနေ့ (၂၀၂၃ )ခုနှစ်၊ နိုဝင်ဘာလ၊ (၂၇) ရက်နေ့မှာကျရောက်တဲ့"တန်ဆောင်မုန်းလပြည့်နေ့"လေးမှာ မြန်မာပြည်သူ/ပြည်သား အားလုံး ဆီမီးကဲ့သို့ လင်းလက်တောက်ပသော နေ့ရက်များကို ပိုင်ဆိုင်နိုင်ကာ ချစ်ခင်ရသူတွေနဲ့အတူ ပျော်ရွှင်ချမ်းမြေ့စရာ တန်ဆောင်တိုင်နေ့ရက်လေးကို ဖြတ်သန်းနိုင်ပါစေလို့ မြန်မာ့ခရီးသွားဘဏ် မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။ 🙏

𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

26/11/2023

လတောင်မကုန်သေးဘူး လစာက ကုန်နေပြီ ဘာလို့များပါလိမ့် ?

အဖြေကတော့ ရှင်းပါတယ်၊ ကိုယ်ရှာထားတဲ့ ဝင်ငွေနဲ့ အသုံးပြုလိုက်တဲ့ထွက်ငွေ မမျှတတာ တစ်နည်းအားဖြင့် ကိုယ့်ပိုက်ဆံကို စနစ်တကျ အသုံးမပြုတတ်သေးလို့ပါ။ ဒီလိုသာ ငွေကြေးပိုင်းဆိုင်ရာကို သေချာ စီမံခန့်ခွဲမှု မလုပ်ဘူးဆိုရင် ရေရှည်မှာ

-ဝင်ငွေ၊ ထွက်ငွေမမျှတာကနေ အကြွေးတင်ခြင်း၊
-အ‌ကြွေးပြန်မဆပ်နိုင်တဲ့အခါ စိတ်ဖိအားတွေ ခံစားရလာခြင်း၊
-ပေါင်းသင်းဆက်ဆံရေး ထိခိုက်လာနိုင်ခြင်း၊
-မိသားစုကို ကောင်းစွာ မထောက်ပံ့ နိုင်တော့ခြင်း၊
-အိုစာမင်းစာအတွက် ဖူလုံမှုမရှိခြင်း စတဲ့ ပြဿနာတွေ ရင်ဆိုင်ရနိုင်ပါတယ်။

ဒါကြောင့် နေ့စဉ်ဖြတ်သန်းနေရတဲ့ နေ့ရက်တွေမှာသာမက အနာဂတ်မှာပါ မိမိရဲ့ပိုင်ဆိုင်မှုတွေကိုထိန်းသိမ်းထားနိုင်ဖို့နဲ့ တိုးပွားလာအောင်လုပ်နိုင်ဖို့အတွက် ကိုယ်ပိုင်ငွေကြေးပိုင်းဆိုင်ရာကိုစီမံခန့်ခွဲမှု (Personal Financial Management) မဖြစ်မနေ လုပ်သင့်ကြောင်း တိုက်တွန်းလိုက်ပါရစေ။

Personal Finance ကိုကောင်းကောင်း စီမံခန့်ခွဲပြီး ဝင်ငွေတစ်စိတ်တစ်ပိုင်းကို လုံခြုံတဲ့နည်းလမ်းနဲ့ စုဆောင်းထားချင်တယ်ဆိုရင်တော့ MTB ဘဏ်မှာ Saving Account ဖွင့်ပြီး ငွေစုနိုင်ပါတယ်။

( Terms and Conditions Apply )

အသေးစိတ်သိရှိလိုပါက MTB Customer Service Phone - 09 682 682 682 သို့ ရုံးချိန် အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

26/11/2023

"တန်ဆောင်တိုင် အားလပ်ရက်လေး မှာ အပျင်းပြေ ဆော့စရာ MTB ရဲ့Puzzel Game လေး ဆက်ကြည့်ပါ"

Puzzel လေးဆက်ပြီးသွားရင်တော့ ဘယ်သူက ဘယ်နှမိနစ်နဲ့ အရင်ဆုံးပြီးမြောက်သွားလဲဆိုတာကိုလည်း Comment မှာ Screen Shot လေးနဲ့ ပြသွားပေးပါဦး။

Puzzel ဆက်ဖို့ ဒီ Link လေးထဲဝင်ပေးပါနော် 👉 https://www.jigsawplanet.com/?rc=play&pid=3c72cd262d93

Hint 👉 ကြွယ်ဝ + MTB Bank

𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

25/11/2023

ဘဏ်တွေ ဘယ်ကစ ပေါ်ပေါက်ခဲ့တာလဲ?

ငွေကြေးရယ်လို့ စတင်သုံးစွဲ လာချိန်ကတည်းက လူတွေဟာ သူတို့ပိုင်ဆိုင်တဲ့ ငွေတွေကို လုံခြုံတဲ့နေရာတွေမှာ စတင် သိမ်းဆည်းလာခဲ့ကြပါတယ်။

ရှေးအခါကတော့ ငွေကြေးတွေကို ရန်သူမျိုးငါးပါးရန်ကနေ ကာကွယ်ထားနိုင်ဖို့အတွက် အိမ်နဲ့ ခြံအတွင်း၊ အပြင်က မြေကြီးတွေအောက်မှာ ထည့်သွင်းမြှုပ်နှံခဲ့တာပါ။

ခေတ်မီလာတဲ့နောက်ပိုင်း ငွေကြေးတွေကို စနစ်တကျ သိမ်းဆည်း၊ ထိန်းသိမ်းနိုင်ဖို့ ဘဏ်လုပ်ငန်းတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

(၁၃၉၇) ခုနှစ်မှာ နာမည်ကျော် အီတလီဘဏ်တစ်ခုဖြစ်တဲ့ Medici Bank ကို စတင်တည်ထောင်ခဲ့ပါတယ်။ အလယ်ခေတ်ရောက်တဲ့အခါ ဥရောပမှာ ဘဏ်လုပ်ငန်းဆိုင်ရာ အယူအဆတွေ စတင် ထွန်းကားလာပြီး (၁၇)ရာစုမှာတော့ ဗဟိုဘဏ်စနစ်အတွက် အုတ်မြစ်ဖြစ်တဲ့ အင်္ဂလန်ဘဏ်ကို တည်ထောင်ခဲ့တာပါ။

အဲဒီနောက်ပိုင်း အမေရိကန်ပြည်ထောင်စုရှိ Federal Reserve နဲ့ ကမ္ဘာ့ဘဏ်ကဲ့သို့ အဖွဲ့အစည်းတွေဟာ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာတော့ (၁၉၀၀) ပြည့်နှစ်ဝန်းကျင်မှာ ရခိုင်ပြည်နယ်က အချမ်းသာဆုံးလုပ်ငန်းရှင် ဦးရဲကျော်သူ အိန္ဒိယရူပီးငွေ သိန်းတစ်ရာခန့် ရင်းနှီးမြှုပ်နှံတည်ထောင်ခဲ့တဲ့ “အင် ကုမ္ပဏီလီမိတက်”ကနေ ဘဏ်လုပ်ငန်း စတင်ပေါ်လာခဲ့တာပါ။

ဦးရဲကျော်သူရဲ့ အင် ကုမ္ပဏီလီမိတက် (မြန်မာ အမျိုးသားဘဏ်) က မြန်မာ့ပထမဆုံး ဘဏ်ဖြစ်ပြီး ဒုတိယဘဏ်မှာ (၁၉၆၂) ခုနှစ်က မန္တလေးမြို့မှာ ဖွင့်လှစ်ခဲ့တဲ့ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာ မိဘမဲ့ကလေးများ စောင့်ရှောက်ရေးအသင်းက တည်ထောင်တဲ့ (ဘီဘီအိုအေဘဏ်) ဖြစ်ပါတယ်။

နည်းပညာ‌တွေ တိုးတက်ပြောင်းလဲလာတဲ့ ယနေ့ဒစ်ဂျစ်တယ်ခေတ်မှာတော့ ဘဏ်လုပ်ငန်းတွေဟာ အွန်လိုင်းဘဏ်လုပ်ငန်း၊ မိုဘိုင်းအက်ပ်တွေနဲ့ ငွေပေးချေလို့ရတဲ့အထိ သိသိသာသာ ပြောင်းလဲလာခဲ့တဲ့အကြောင်း ဘဏ်တွေစတင်ပေါ်ပေါက်လာပုံ အဆင့်ဆင့်ကို ဗဟုသုတအနေနဲ့ တင်ဆက်ပေးလိုက်ပါတယ်။

အခုလိုမျိုး ဘဏ်လုပ်ငန်းဆိုင်ရာ ဗဟုသုတတွေ၊ ငွေကြေးစီမံခန့်ခွဲမှုနဲ့ စုဆောင်းမှုတွေအကြောင်း အခါအခွင့်သင့်တိုင်း တင်ဆက်ပေးသွားမှာဖြစ်လို့ Page ကို Like and Follow လုပ်ထားပြီး စောင့်ကြည့်ပေးကြပါဦး။

𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁

သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

23/11/2023

"ဘဏ်ပိတ်ရက်အသိပေးကြေညာခြင်း"

(၂၀၂၃) ခုနှစ်၊ နိုဝင်ဘာလ၊ (၂၇)ရက်၊ တနင်္လာ​နေ့ သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရှိရုံးများ၏ ပိတ်ရက် နှင့် လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများအက်ဥပဒေအရ (တန်ဆောင်မုန်းလပြည့်နေ့ရုံးပိတ်ရက်) အဖြစ်သတ်မှတ်ထားပါသောကြောင့် အဆိုပါနေ့တွင် မြန်မာ့ခရီးသွားဘဏ်၊ (ရုံးချုပ်) အပါအဝင်ဘဏ်ခွဲများအားလုံး ပိတ်ထားမည်ဖြစ်ပါကြောင်းလေးစားစွာဖြင့် ကြိုတင်အသိပေးကြေညာအပ်ပါသည်။

𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

22/11/2023

ငွေကြေးကို ကိုယ်တိုင်စီမံခန့်ခွဲတတ်ဖို့ဆိုရင် ငွေစုတတ်တဲ့ အလေ့အကျင့်လေးတော့ လိုတာပေါ့။

အလေ့အကျင့်ကောင်းတစ်ခုဖြစ်ဖို့ အချိန်ပေးလေ့ကျင့်ယူရတယ်ဆိုပေမဲ့ ငယ်စဉ်ကတည်းက အကျင့်ကောင်းလေးတွေ ရထားပြီးသားဆိုရင်တော့ အသက်ကြီးလာတဲ့အခါကျမှ အထူးတလည် ကျင့်ယူနေစရာမလိုတော့ဘူးလေ။ ဒါကြောင့် မိဘတိုင်းက ကိုယ့်ကလေးကို ငယ်စဉ်ကတည်းက ကိုယ်ပိုင်ငွေကြေးကို စနစ်တကျ စီမံခန့်ခွဲပြီး ငွေစုတတ်အောင် လေ့ကျင့်သင်ကြားပေးသင့်ပါတယ်။

ကြွယ်ဝဆိုရင်လည်း ငယ်ငယ်လေးကတည်းက ငွေစုတတ်တဲ့ အလေ့အကျင့်လေးရခဲ့တော့ အခုထက်ထိ အကျင့်နေတုန်းပဲ။ အရင်ကတော့ အိမ်ကစုဘူးလေးမှာစုတာပေါ့။ အခုနောက်ပိုင်းတော့ ငွေစုရုံတင်မကဘဲ ငွေပိုတိုးပွားလာဖို့နဲ့ အနာဂတ််မှာ ငွေကြေးကို အပူအပင်ကင်းကင်း စီမံခန့်ခွဲနိုင်ဖို့ အတိုးနှုန်းမြင့်တဲ့ MTB Bank မှာ ငွေစုတယ်လေ။

ချစ်ရတဲ့ မိတ်ဆွေတို့ရော ဘယ်လိုပုံစံနဲ့ ငွေစုဖြစ်ကြလဲ၊ ဘယ်အရွယ်မှာ ငွေစစုဖြစ်ခဲ့လဲဆိုတာ ကောမန့်မှာ ပြောသွားပေးပါဦး။

𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁

သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

22/11/2023

"ကျပ်သိန်း (၂၀) ငွေစုရုံနဲ့ EV ကား ပိုင်ဆိုင်နိုင်မယ့်အခွင့်အရေး"

မြန်မာ့ခရီးသွားဘဏ်၊ MTB Bank မှာ "Lucky Fixed (120) Days" Promotion ဖြင့် ကျပ်သိန်း(၂၀) မှစတင်၍ ရက်(၁၂၀) စာရင်းသေအပ်နှံနိုင်ပြီး ကျပ်သိန်း(၂၀) ပြည့်သူတိုင်း ကံစမ်းမဲကူပွန် (၁) စောင်ရရှိမှာဖြစ်ပါတယ်။

ကံစမ်းမဲတွေကတော့…
ပထမဆု - BYD Dolphin EV ကား(၁) စီး
ဒုတိယဆု - iPhone 15 (၂) လုံး၊
တတိယဆု - Samsung Smart (55’’)TV (၃) လုံး နဲ့
နှစ်သိမ့်ဆုများအဖြစ် - e - money Cash Back (၁)သိန်းကျပ် (၂၀) ဆုတို့ကို ပေးအပ်ချီးမြှင့်သွားမှာပဲဖြစ်ပါတယ်။

ကံစမ်းမဲကူပွန် (၁) စောင်ထဲနဲ့လည်း ကံထူးသွားနိုင်တာမို့ MTB Bank မှာ ကျပ်သိန်း(၂၀) ကနေစပြီး ငွေလာအပ်နှံဖို့ပဲလိုတယ်နော်။

ဒါကြောင့်Promotion သက်တမ်းမကုန်ခင်လေး နီးစပ်ရာ MTB ဘဏ်ခွဲမှာ အမြန်ဆုံး ဘဏ်စာရင်း လာရောက်ဖွင့်လှစ်လိုက်တော့နော်။

မြန်မာ့ခရီးသွားဘဏ်ရဲ့ ဘဏ်ခွဲလိပ်စာများကို Website Link -https://mtb.com.mm/all-branches/ တွင် အသေးစိတ်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Promotion Period - (Oct 2, 2023 to Feb 29, 2024)

(Terms & Conditions Apply)

"Lucky Fixed (120) Days" Promotion Interest Rate - ( 7% ) p.a

☎ MTB Bank Customer Service Phone - 09 682 682 682

𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

20/11/2023

“World Children’s Day” မှာ သားသမီးရတနာတို့အတွက်
လက်ဆောင်ပေးနိုင်တာ MTB "Junior Saving Account" လေးပါ…

ဒီနေ့(၂၀၂၃) ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့ဟာဆိုရင် ကမ္ဘာ့ကလေးများနေ့ "World Children’s Day" လေးပဲဖြစ်ပါတယ်နော်။

"World Children’s Day" လေးရဲ့ ရည်ရွယ်ချက်မှာ ကလေးသူငယ်တိုင်း ဘေးကင်းလုံခြုံစွာ ပြုစုပျိုးထောင်ပေးသည့် ပတ်ဝန်းကျင်တွင် ရှင်သန်ကြီးပြင်းလာနိုင်စေရန် နှင့် ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ကလေးသူငယ်များရဲ့ အခွင့်အရေးနှင့် တိုးတတ်ရေးကို မြှင့်တင်ဂုဏ်ပြုသော ကမ္ဘာလုံးဆိုင်ရာ အထိမ်းအမှတ်နေ့လည်းဖြစ်ပါတယ်။

ဒီနေ့မှာကျရောက်တဲ့ "World Children’s Day" လေးမှာ အမှတ်တရ အဖြစ် လူကြီးမင်းတို့ရဲ့ ချစ်လှစွာသော သားသမီးရတနာလေးတို့အတွက် အတိုးနှုန်း 7.00 % (p.a) ရရှိမယ့် MTB "Junior Saving Account"လေးကို လာရောက်ဖွင့်လှစ်ပေးဖို့ MTB Bank မှ နွေးထွေးစွာဖိတ်ခေါ်လိုက်ပါတယ်နော်။

(Terms & Conditions Apply)

MTB Customer Service Phone - 09 682 682 682

𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

17/11/2023

အဖိုးတန်ပစ္စည်းများကို
အလုံခြုံဆုံး ထိန်းသိမ်းပေးထားမယ့်
MTB "Safe Deposit Locker"

လူကြီးမင်းတို့ရဲ့ အရေးကြီးစာချုပ်စာတမ်းများ၊ တန်ဖိုးကြီးလက်ဝတ်ရတနာများ နှင့် အခြားအဖိုးတန်ပစ္စည်းများကို လုံခြုံစိတ်ချရတဲ့နေရာမှာထိန်းသိမ်းထားလိုတဲ့ Customer များနှင့် ကုမ္ပဏီအဖွဲ့အစည်းများအတွက် မိမိတို့လိုအပ်ချက်နှင့်ကိုက်ညီမည့် သေတ္တာအရွယ်အစားအလိုက် MTB "Safe Deposit Locker" များကို ရွေးချယ်ငှားရမ်းကာ လုံခြုံစိတ်ချစွာ အပ်နှံထားရှိနိုင်ပါပြီ။

(Terms & Conditions Apply)

☎ အသေးစိတ်သိရှိလိုပါက -
Customer Service Phone - 09 682 682 682

𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

17/11/2023

"International Students' Day" မှာ
ကွန်ပျူတာ နှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူ
MTB ရဲ့"Student Loan" နှင့်အတူ...

ဒီနေ့ (၂၀၂၃) ခုနှစ်၊ နိုဝင်ဘာလ၊ (၁၇) ရက်နေ့ဟာ နိုင်ငံတကာကျောင်းသားများနေ့ "International Students' Day" လေးဖြစ်ပါတယ်နော်။ ဒီနေ့မှာကျရောက်တဲ့ International Students' Day လေးမှာ လူကြီးမင်းတို့ရဲ့ ပညာသင်ကြားနေကြသော ကျောင်းသား/ကျောင်းသူ ကလေးငယ်များအတွက် လိုအပ်တဲ့ ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ ဝယ်ပေးဖို့ စဉ်းစားထားပြီဆိုရင် MTB Bank ရဲ့"Student Loan" ချေးငွေဝန်ဆောင်မှုနဲ့သာချိတ်ဆက်ဆောင်ရွက်လိုက်ပါ။

MTB Bank ရဲ့"Student Loan" ချေးငွေဝန်ဆောင်မှုအား လျှောက်ထားခြင်းဖြင့် ငွေတစ်လုံးတစ်ခဲတည်း အကုန်ကျခံစရာမလိုတော့ဘဲ အရစ်ကျပေးသွင်းရမည့်အစီအစဉ်ဖြင့် "ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ" အား အဆင်ပြေလွယ်ကူစွာ ဝယ်ယူသုံးစွဲနိုင်မှာပဲဖြစ်ပါတယ်။

(Terms & Conditions Apply)

☎️ အ​သေးစိတ်သိရှိလိုပါက - MTB Customer Service Phone - 09 682 682 682

𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

Photos from Myanma Tourism Bank's post 15/11/2023

အလှူရေစက် လက်နဲ့မကွာတဲ့ မြန်မာ့ခရီးသွားဘဏ်မိသားစု "စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာ"

မြန်မာ့ခရီးသွားဘဏ် (MTB Bank) ၏ အကြီးအကဲများနှင့် ဝန်ထမ်းများမှ (၂၀၂၃) ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်၊ စနေနေ့တွင် တောင်ဒဂုံမြို့နယ်ရှိ "သမ္ဗောဓိကျောင်းတိုက်" ၌ ဆရာတော်ကြီးများ၊ သံဃာတော်များနှင့် သီလရှင်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ငွေပဒေသာပင်စိုက်ထူလှူဒါန်းခြင်း၊ ကထိန်အလှူသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ဖြင့် ကပ်လှူပူဇော်ခြင်းဖြင့် ကုသိုလ်ပြုခဲ့ကြတဲ့ပုံရိပ်လေးများပဲ ဖြစ်ပါတယ်။

အလှူရေစက်လက်နဲ့မကွာတဲ့ မြန်မာ့ခရီးသွားဘဏ်မိသားစုရဲ့ ကုသိုလ်ကောင်းမှုအစုစုတို့ကို (၇) ရက်သားသမီးများ သာဓုခေါ်နိုင်ပါစေရန် မျှဝေလိုက်ပါတယ်။

𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

Photos from Myanma Tourism Bank's post 13/11/2023

"မြန်မာ့ခရီးသွားဘဏ် (Myanma Tourism Bank) နှင့် မြန်မာနိုင်ငံဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း တို့ ငွေရေးကြေးရေးကဏ္ဍမှတစ်ဆင့် ပြည်တွင်းစီးပွားရေးကဏ္ဍအသီးသီးတို့တွင် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် MOU လက်မှတ်ရေးထိုးခြင်း"

မြန်မာ့ခရီးသွားဘဏ် (Myanma Tourism Bank) နှင့် မြန်မာနိုင်ငံဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း တို့ ငွေရေးကြေးရေးကဏ္ဍမှတစ်ဆင့် ပြည်တွင်းစီးပွားရေးကဏ္ဍအသီးသီးတို့တွင် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ (၂၀၂၃) ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်နေ့တွင် ဆူးလေလမ်းမကြီးပေါ်တွင်ရှိသော မြန်မာ့ခရီးသွားဘဏ်(ရုံးချုပ်) တွင် နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးခဲ့ကြပါသည်။

အဆိုပါ အခမ်းအနားတွင် မြန်မာ့ခရီးသွားဘဏ်၏ CEO ဦးဝင်းလွင်နှင့် မြန်မာနိုင်ငံဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ၏ ဥက္ကဌ ဦးကျော်ဒေဝ တို့မှ သဘောတူညီမှုလက်မှတ်ရေးထိုးခဲ့ကြပြီး မြန်မာ့ခရီးသွားဘဏ်၏ Executive Director ဖြစ်သူ ဒေါ်သိင်္ဂီလင်း နှင့် မြန်မာနိုင်ငံဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ၏ အထွေထွေအတွင်းရေးမှူး ဖြစ်သူ ဒေါ်ခင်ချောစုဝင်းတို့မှ အသိသက်သေများအဖြစ်အောင်မြင်စွာလက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းကောင်းအဖြစ် မျှဝေလိုက်ပါသည်။

𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

13/11/2023

"You can make money two ways - make more, or spend less."

- John Hope Bryant

𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

12/11/2023

"ဒေဝါလီနေ့ (ခေါ်) ဒီပါဝလီနေ့" 🕯

ဒီနေ့ (၂၀၂၃) ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့မှာ ကျရောက်တဲ့"ဒေဝါလီနေ့ (ခေါ်) ဒီပါဝလီနေ့"လေးဟာဆိုရင် ဟိန္ဒူဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ မီးထွန်းပွဲတော်တစ်ခုဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့လေးမှာ ဆီမီးပူဇော်ခြင်းဖြင့် ဘဝရဲ့နေ့ရက်တိုင်းမှာ အလင်းရောင်များထွန်းလင်းတောက်ပလာနိုင်ပြီး အဆိုးအညံ့များကြုံတွေ့ရပါကလည်း ကောင်း​​​မြတ်ခြင်းများရောက်ရှိလာကာ ကမ္ဘာသူ/ကမ္ဘာသားအပေါင်းတို့ ဘေးဘယာဝေးကွာ၊ ကျန်းမာရွှင်လန်းပါစေကြောင်း မြန်မာ့ခရီးသွားဘဏ် (MTB Bank) မိသားစုမှ မေတ္တာဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။ 🙏

𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

11/11/2023

ပိုင်ဆိုင်ထားတဲ့မြေပေါ်မှာ "ကိုယ်ပိုင်အိမ်လေး" ဆောက်လုပ်ဖို့စိတ်ကူးရှိနေပြီလား?

အိပ်မက်ထဲက "ကိုယ်ပိုင် အိမ်လေး" ကို အကောင်အထည်ဖော်လိုသူမြေပိုင်ရှင် (Land Owner) များနှင့် အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်းကိုလုပ်ကိုင်မယ့် အသေးစားနှင့်အလတ်စား ဆောက်လုပ်ရေးလုပ်ငန်းရှင် (Developer) များအတွက် (Housing Construction Loan) "အိမ်ရာဆောက်လုပ်ရေးချေးငွေ" အား MTB Bank မှာလျှောက်ထားရယူနိုင်ပါပြီနော်။ 🤗

(Terms & Conditions Apply)

☎️ အ​သေးစိတ်သိရှိလိုပါက MTB Customer Service Phone - 09 682 682 682 သို့ ရုံးချိန်တွင်း ဆက်သွယ်​​မေးမြန်းနိုင်ပါတယ်။

𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

10/11/2023

"Work starts on Monday. Life begins on Friday."

- Ozama Yasin

𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

09/11/2023

ချစ်မြတ်နိုးရတဲ့ မိသားစုအတွက် သွားရေးလာရေးလွယ်ကူအဆင်ပြေချောမွေ့စေဖို့ ကိုယ်ပိုင်ကားလေးတစ်စီးလိုအပ်နေပြီဆိုရင်တော့ ခေတ်နဲ့အညီလည်းဖြစ်တဲ့အပြင် ကားဆီဖိုးလည်းကုန်ကျစရာမလိုတဲ့ လျှစ်စစ်စွမ်းအင်သုံး EV ကားလေးတွေက အဆင်အပြေဆုံးပဲပေါ့။

Down Payment အနည်းငယ်ပေးသွင်းပြီး ကျန်ငွေကိုလစဉ်အရစ်ကျပေးသွင်းရုံနဲ့ သင့်အိပ်မက်ထဲက EV ကားလေးကို လက်တွေ့ပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးအတွက် အခုပဲ MTB "Green Financing Loan"နဲ့ချိတ်ဆက်လိုက်ပါ။

အသေးစိတ်သိရှိလိုပါက - MTB Customer Service Phone - 09 682 682 682

𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

Photos from Myanma Tourism Bank's post 08/11/2023

(၂၀၂၃) ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်၊ စနေနေ့ တွင် Wyndham Grand Yangon Hotel ၌ ကျင်းပပြုလုပ်ခဲ့သည့် "မြန်မာလူငယ်လုပ်ငန်းရှင်များ ကွန်ယက်ဖွံ့ဖြိုးတိုးတတ်မှုအသင်း" ၏ ဒုတိယအကြိမ်မြောက် အသင်းသားစုံညီနှစ်ပတ်လည် အထွေထွေအစည်းအဝေးအား မြန်မာ့ခရီးသွားဘဏ် (MTB Bank) မှ ပါဝင်တတ်ရောက်ခဲ့တဲ့ပုံရိပ်လေးများကို မျှဝေပေးလိုက်ပါတယ်။

𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

07/11/2023

"မြန်မာ့ခရီးသွားဘဏ်တွင်ရရှိနိုင်သော Bank Guarantee ဝန်ဆောင်မှု (၃) မျိုး"

အစိုးရအဖွဲ့အစည်းများနှင့် ဆက်စပ်သောလုပ်ငန်းများဖြစ်သည့် "B2G Tender Project" လုပ်ငန်းများဆောင်ရွက်ရာတွင် ပထမဦးစွာ...

✔ လုပ်ငန်းတင်ပြနိုင်ရန်အတွက် ဘဏ်မှတာဝန်ယူအာမခံပေးသည့် လုပ်ငန်းဆောင်ရွက်မှုအာမခံ "Performance Bank Guarantee"ထို့နောက်

✔ လုပ်ငန်းစတင်လျှောက်ထားရန်အတွက် လိုအပ်သည့် "Bid Bond Guarantee" နှင့်

✔ လုပ်ငန်းစတင်ဆောင်ရွက်ရာတွင်ကြိုတင်ငွေအချို့ကို သက်ဆိုင်ရာအဖွဲ့အစည်းများထံမှ စတင်ထုတ်ယူရန်အတွက် ဘဏ်မှအာမခံပေးသည့်ဝန်ဆောင်မှု "Advanced Payment Guarantee" စသည့် ဘဏ်လုပ်ငန်းအာမခံဝန်ဆောင်မှု ( ၃ ) မျိုးအား မြန်မာ့ခရီးသွားဘဏ် MTB Bank တွင်လျှောက်ထားရယူနိုင်ပြီဖြစ်ပါသည်။

Collateral (မရွှေ့ပြောင်းနိုင်သောအဆောက်အဦး/မြေ) ဖြစ်စေ၊ စာရင်းရှင်အပ်ငွေလက်ကျန်ကိုဖြစ်စေ၊ သတ်မှတ်ငွေသားပမာဏကိုဖြစ်စေ မိမိနှစ်သက်ရာ(၁)မျိုးမျိုးကို ကျောထောက်နောက်ခံပြုလျက် လျှောက်ထားနိုင်ပါသည်။

☎️ အသေးစိတ်သိရှိလိုပါက-
MTB Customer Service Phone - 09 682 682 682

𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

06/11/2023

မြန်မာ့ခရီးသွားဘဏ် MTB မှာ Generation X မှ Alpha အထိ မျိုးဆက်တိုင်းရဲ့ အနာဂတ်ပိုမိုလှပစေမဲ့ ငွေကြေးဝန်ဆောင်မှုတွေ ရှိနေတယ်ဆိုတာ သိပြီးပြီလား။

◾ ဘိုးဘိုးဘွားဘွားများ စိတ်အပူအပင်ကင်းရတဲ့နောင်ရေးဖြစ်စေဖို့ သက်ကြီးအပ်ငွေစာရင်း ( Senior Saving Account )
◾အိိပ်မက်တွေအကောင်အထည်ဖော်ဖို့ကြိုးစားနေတဲ့ လူလတ်ပိုင်း မိတ်ဆွေများအတွက် စာရင်းသေအပ်ငွေ ( Fixed Deposit Account)
◾ မျိုးဆက်သစ်တို့ရဲ့ အနာဂါတ်ကို စိတ်ချရစေဖို့ သက်ငယ်ငွေစုစာရင်း ( Junior Saving Account ) စတဲ့ ငွေစု ဝန်ဆောင်မှုတွေကို ရနိုင်ပါတယ်။

မျိုးဆက်တိုင်းအတွက် ငွေကြေးစုဆောင်းရာမှာ စိတ်ချရတဲ့ ကတိပြုမှုကို ရရှိဖို့ MTB နဲ့အတူ ရှေ့ဆက်လိုက်ပါ။

☎ MTB Bank ရဲ့ "အပ်ငွေစာရင်း"များ နှင့်ပတ်သတ်ပြီးအသေးစိတ်သိရှိလိုပါက Customer Service Phone - 09 682 682 682 သို့ ဘဏ်လုပ်ငန်းချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

Photos from Myanma Tourism Bank's post 06/11/2023

"မြန်မာ့ခရီးသွားဘဏ် (Myanma Tourism Bank) နှင့် မြန်မာနိုင်ငံခရီးသွားဈေးကွက်မြှင့်တင်ရေးအသင်း (Myanmar Tourism Marketing - MTM) တို့ မြန်မာ့ခရီးသွားကဏ္ဍပိုမိုဖွံဖြိုးတိုးတက်စေရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးခြင်း"

မြန်မာ့ခရီးသွားဘဏ် (Myanma Tourism Bank) နှင့် မြန်မာနိုင်ငံခရီးသွားဈေးကွက်မြှင့်တင်ရေးအသင်း (Myanmar Tourism Marketing - MTM) တို့သည် မြန်မာ့ခရီးသွားလုပ်ငန်းပိုမိုဖွံဖြိုးတိုးတက်စေရေးအတွက်တစ်ဖက်တစ်လမ်းမှပူးပေါင်းပါဝင်ကူညီရန် နှင့် ငွေကြေးအထောက်အပံ့များဖန်တီးပြီးမြန်မာ့ခရီးသွားကဏ္ဍပိုမိုဖွံဖြိုးတိုးတက်စေရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်ရည်ရွယ်၍ (၂၀၂၃) ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်နေ့တွင် ဆူးလေလမ်းမကြီးပေါ်တွင်ရှိသော မြန်မာ့ခရီးသွားဘဏ်(ရုံးချုပ်) တွင် နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးခဲ့ကြပါသည်။

အဆိုပါ အခမ်းအနားတွင် မြန်မာ့ခရီးသွားဘဏ်၏ Executive Director ဖြစ်သူ ဒေါ်သိင်္ဂီလင်း နှင့် မြန်မာနိုင်ငံခရီးသွားဈေးကွက်မြှင့်တင်ရေးအသင်း (Myanmar Tourism Marketing - MTM) ၏ ဥက္ကဋ္ဌ ဦးမျိုးသွင် တို့မှ သဘောတူညီမှုလက်မှတ်ရေးထိုးခဲ့ကြပြီး မြန်မာ့ခရီးသွားဘဏ်၏ CEO ဦးဝင်းလွင် နှင့် မြန်မာနိုင်ငံခရီးသွားဈေးကွက်မြှင့်တင်ရေးအသင်း (Myanmar Tourism Marketing - MTM) ၏ ဒုတိယဥက္ကဋ္ဌ ဦးကောင်းမင်းခန့်တို့မှ အသိသက်သေများအဖြစ် အောင်မြင်စွာလက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ကြောင်း သတင်းကောင်းအဖြစ် မျှဝေလိုက်ပါသည်။

𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

06/11/2023

The Success of Teamwork

Coming together is a beginning.
Keeping together is a process.
Working together is success.

(Henry Ford)

𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

05/11/2023

"Tik Tok ကမ္ဘာမှာ ပျော်ရွှင်စရာတွေ အတူဖန်တီးဖို့
မကြာမီလာမည် MTB"

MTB Bank ရဲ့ချစ်မိတ်ဆွေ Customer များ ဘဝအမောတွေကို ပြေပျောက်စေဖို့အတွက် MTB Bank မှ Tik Tok ကမ္ဘာမှာ ပျော်ရွှင်စရာတွေ ဖန်တီးပေးဖို့ မကြာမီလာမည်ဖြစ်ကြောင်း ကြိုတင်သတင်းကောင်းပါးလိုက်ပါတယ်နော်။ ဘယ်လို စိတ်လှုပ်ရှားစရာ အစီအစဉ်လေးတွေကို တင်ဆက်ပေးသွားမလဲဆိုတာကိုလည်း ရင်ခုန်စွာ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်။

𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

Want your business to be the top-listed Finance Company in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


No-168, 27th Street၊Between 81nd & 82nd Street, Chan Aye Thar Zan
Mandalay
05022

Opening Hours

Monday 09:30 - 15:00
Tuesday 09:30 - 15:00
Wednesday 09:30 - 15:00
Thursday 09:30 - 15:00
Friday 09:30 - 15:00

Other Mandalay finance companies (show all)
Unity Finance Cooperation Unity Finance Cooperation
Mandalay

Tax, Accounting and Auditing Service

Ko Kham - ကမ္ဘာ့ရွှေအရောင်းအဝယ်အကြံပေး Ko Kham - ကမ္ဘာ့ရွှေအရောင်းအဝယ်အကြံပေး
58Bလမ်း, 103/104 အကြား , သိပ္ပံလမ်းအနီး
Mandalay

Family Online Shopping Family Online Shopping
Mandalay, 4802

မင်္ဂလာပါ။သိရှိလိုတာများကိုမေးမြန?

Master Lin Master Lin
Mandalay

Forex Advisor-Myo Min Forex Advisor-Myo Min
107A, Between 61*62, Chan Mya Tharzi Township
Mandalay, 05041

Forex Trading

Zaw Win Latt Zaw Win Latt
Mandalay

Forex Guide by Me Forex Guide by Me
ChanMyaTharSi
Mandalay, 05011

Forex Trader & Knowledge Sharing Forex Trader & Knowledge Sharing
62(A)လမ်း, 103×104ကြား, ချမ်းမြသာစည်မြို့နယ်
Mandalay, 05041

InvyTrading Circle InvyTrading Circle
58B Street , Between 103× 104
Mandalay

Forex Trading International Class Available 👨🏻‍🏫 Trading Coach 📈📉

Myanmar Pyi Trader Myanmar Pyi Trader
MDY 58B , 103* 104
Mandalay

📈 A Trader 📉 Knowledge Sharing Trade smart, reap gains. May every decision lead to profit.

Mythical Trading Myanmar Mythical Trading Myanmar
Mandalay

Personal blog.