IDEA MAN 3D Printing

IDEA MAN 3D Printing is a starter engineering company based in Mandalay, Myanmar. Private Makerspace

Photos from IDEA MAN 3D Printing's post 05/02/2022

Customer order home décor အတွက်လုပ်ပေးဖြစ်တဲ့ vase လေးတွေ 🏺🏺

Enquire by message or comment for the details

Photos from IDEA MAN 3D Printing's post 05/02/2022

Valentine အတွက် Hoya plant လေးတွေကို ချစ်စရာ planter လေးတွေနဲ့ မှာလို့ရပါပြီ

Price - 4500 ks

Photos from IDEA MAN 3D Printing's post 10/01/2022

Customer order Spidey keychain လေး
အပြင်မှာအရမ်းချစ်ဖို့ကောင်းတယ် 🥰🥰

ပုံထဲက 4cm size လေးက 5000ks
(Size ပေါ်မူတည်ပြီးစျေးအပြောင်းအလဲရှိနိုင်)

Can order now

04/01/2022

The Moat

မှန်တင်ခုံမှာ Jewellery လေးတွေပဲထည့်မလား ဒါမှမဟုတ် စာကြည့်စားပွဲမှာ indoor plant လေးတွေထည့်ထားပြီးအလှကြည့်မလား၊ ဘာမှမထည့်ပဲသူချည်းပဲ show case ထားမလား ဘယ်လိုထားထားလှတဲ့ ကျုံးမြို့ရိုးဒီဇိုင်းလေးပါ
ကိုယ်တိုင်ဒီဇိုင်းဆွဲပြီး limited stock ပဲရောင်းပေးမှာမို့ သူများနဲ့မတူပဲ ကိုယ့်ဆီမှာပဲရှိနိုင်မယ့် home decor ပစ္စည်းလေးရမှာနော်

03/01/2022
03/01/2022

Geralt of Rivia ( The Witcher ) Medallion Available Now

Price - 5000Ks ( Pendant Only )

12/12/2021

Hellooo 👋🏻 👋🏻👋🏻

အားလုံးပဲ မင်္ဂလာပါရှင်

IDEA MAN page လေးပြန်ဖွင့်ပြီး business ပြန် run နေပြီဖြစ်လို့ order လေးတွေအပ်လို့ရပြီဖြစ်ကြောင်း အကြောင်းကြားပါရစေရှင့် 🤗🤗

~~~~

Hellooo👋🏻👋🏻

We are happy to notify our valuable customers that we are back to business and accepting orders starting today 🤗🤗

25/12/2020

မင်္ဂလာပါခင်ဗျ

ဒီရက်ပိုင်းမှာ အလုပ်ကိစ္စအမျိုးမျိုးနဲ့မအားလပ်တာကြောင့် ကျွန်တော်ဝါသနာပါတဲ့ 3D printing ကိုခေတ္တရပ်နားထားပါမယ်ခင်ဗျ
သိပ်မကြာခင်အချိန်အတွင်းမှာပဲ Idea အသစ်အဆန်းတွေနဲ့ ပြန်လာခဲ့ပါမယ်ခင်ဗျ
ကျေးဇူးတင်ပါတယ်ခင်ဗျ

We will be closed until further notice 👋🏻
Thank you.

13/11/2020

မန္တလေးမှာမကြာမှီဖွင့်လှစ်တော့မည့် Gresh Mart ရဲ့ ရုံးခန်းမှာ business card holder အဖြစ်ထားဖို့လုပ်ထားတာပါ

ဆိုင်ရဲ့ logo ကအစကတည်းက shopping cart ပုံစံလေးဆိုတော့ ရုံးခန်းစားပွဲမှာ business card ထည့်ဖို့ စမ်းလုပ်ဖြစ်ခဲ့ပါတယ်

Photos from IDEA MAN 3D Printing's post 01/11/2020

ရန်ကုန်ကနေ နှစ်ရုပ်တွဲမှာတဲ့ Baby Groot 😍

25/10/2020

Resin နဲ့ ထုတ်ထားတဲ့ Eiffel Tower လေးပါ 🗼

Cleaning လုပ်တာနည်းနည်းကြမ်းသွားလို့ အောက်ကတန်းသေးသေးလေးတစ်ခုပြုတ်ခါနီးဖြစ်သွားတယ် ☹️

Creality LD002R စက်ဝယ်တုန်းကပါတဲ့ test file ကို စမ်းထုတ်ကြည့်ထားတာပါ

Quality ကတော့တော်တော်ကောင်းပါတယ်

Transparent yellow resin အရည်နဲ့ထုတ်လိုက်တော့ ဖန်နဲ့လုပ်ထားသလိုမျိုးဖြစ်နေပါတယ်။ LEDမီးထိုးထားပြီး အလှထားရင်တော့ ရှယ်ဖြစ်နေမှာပဲ 🤩

Photos from IDEA MAN 3D Printing's post 18/10/2020

ဟိုတစ်ခေါက်ကတင်ထားတာလေးကို သဘောကျလို့ customer နောက်တစ်ယောက်လာအပ်ထားတာလေးပါ

Photos from IDEA MAN 3D Printing's post 11/10/2020

Bakery လုပ်နေတဲ့ customer အတွက် ကျွန်တော်ကိုယ်တိုင်ဒီဇိုင်းဆွဲပေးထားတဲ့ Logo ရယ် အဲ့ဒီ Logo ကိုပဲ customer စိတ်တိုင်းကျ wood filament နဲ့လုပ်ပေးထားတဲ့ Logo stand ရယ် ✨

Thanks for working with me “Baked with Love by Zia” 🤝

Photos from IDEA MAN 3D Printing's post 29/09/2020

Apex Legends crazy များအတွက် ‘Wraith Kunai’

👉🏻Length - 27.7cm (actual size)
👉🏻Color - customisable
👉🏻Stand - made with wood filament

ပုံပါ Kunai တွင် Customer order အရ antique ပုံစံလုပ်ထားပြီး blade ရဲ့ edge တွေမှာ ‘Glow in the dark’ paint ကိုသုံးပေးထားပါတယ်

=============================

Prices

Kunai only - 45000 ks
Stand only - 3000 ks
Kunai with stand - 47000 ks

Promotion 🗣

ပထမဆုံး order တင်သူနှစ်ယောက်က Kunai ကို 43000 နဲ့ရမှာဖြစ်ပြီး Stand တခုစီလည်း လက်ဆောင်ရမှာပါ ✌🏻

Kunai ရဲ့ size ရယ် ကိုယ် customise လုပ်ချင်တဲ့ colour patterns ရယ်ပေါ်မူတည်ပြီး စျေးအတိုးအလျှော့ရှိပါတယ်

Gamers တွေအနေနဲ့ ကိုယ်သဘောကျသည့် game items များကို Idea Man 3D Printing & Crafts Service တွင် စိတ်တိုင်းကျ customise လုပ်ပြီး မှာယူနိုင်ပါပြီ

☎️အသေးစိတ်သိရှိလိုပါက Idea Man 3D Printing Page တွင် အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါတယ်

27/09/2020

Testing temperature color change (Thermochromic ) filament

အပူချိန်ပေါ်လိုက်ပြီးအရောင်ပြောင်းတဲ့ filament

Photos from IDEA MAN 3D Printing's post 25/09/2020

Guardians of the Galaxy ထဲက Baby Groot 🤩
Paint Job လုပ်ပြီး final result ကတော့မြင်တဲ့အတိုင်းပဲဗျာ
Filament ကို wood filament သုံးထားလို့ result ကတော့ တကယ်စိတ်ကျေနပ်စရာပါပဲ

25/09/2020

Resin printer တော့ unboxing လုပ်ပြီးသွားပါပြီ

အနုစိတ်ကျတဲ့ creative idea တွေ design တွေကိုလက်တွေ့အကောင်အထည်ဖော်နိုင်တော့မှာဖြစ်လို့ အနုစိတ်လက်ရာတွေလည်း လာအပ်လို့ရပါပြီခင်ဗျ

Photos from IDEA MAN 3D Printing's post 15/09/2020

First print on Creality CR10 Max

🏺Exquisite Julia Vase for home decor🏺

Contact us for more creative designs and bigger prints >>

IDEA MAN Page messenger box

(Or)

Ph: 09400301786

14/09/2020

Unboxing a big beast! 😱

11/09/2020

Champions League Trophy

ကျွန်တော်စလုပ်ခဲ့တာတော့ champions league final ပြီးတဲ့နေ့ကပဲ ဒါပေမယ့် ဆက်လုပ်ဖို့အချိန်မရလို့ မနေ့ကမှပြီးသလောက်လေးဆက်လုပ်ထားတယ်

ဒီဟာလေးကို အခုမှ testing လုပ်နေတုန်းပဲရှိပါသေးတယ်ခင်ဗျ

ကျေးဇူးပြု၍ video လေးကို အဆုံးထိကြည့်ပေးပါ နောက်ပိုင်းတွင် အလန်းလေးတွေပါတယ်

Corona Virus look-alike model by msmaung 02/09/2020

COVID-19 ပုံစံ သွားကြားထိုးတံထည့်သည့်ဘူး

ကျွန်တော်တို့ မန္တလေးမှာအရင် COVID-19 first wave တုန်းကဆိုရင် ဆေးရုံတွေ၊ ကွန်ဒို တွေမှာရှိတဲ့ ဓာတ်လှေကားတွေအတွင်းမှာ ပန်းကန်ဆေးဖော့ကို သွားကြားထိုးတံလေးတွေစိုက်ပေးထားပြီး ဓာတ်လှေကားနံရံမှာ ကပ်ပေးထားတာကိုတော်တော်များများနေရာတွေမှာ တွေ့ရပါတယ်။ မိမိသွားလိုရာအထပ်ကို ပို့ဆောင်မည့်ခလုတ်ကို လက်ဖြင့် မနှိပ်စေလို၍ လုပ်ထားပေးသောအရာဖြစ်ပါသည်။

အခုကျွန်တော်တို့နိုင်ငံမှာ COVID-19 က second wave အဖြစ်ပြန်လည် တိုက်ခိုက်လာပြီဖြစ်သောကြောင့် လူတွေကို ပို၍အသိရှိစေဖို့ ပြုလုပ်ထားတဲ့ model လေးဖြစ်ပါတယ်။

ကျွန်တော်ဒီ model ကို ကျွန်တော်တို့ကွန်ဒိုတွေရဲ့ဓာတ်လှေကားတွေမှာ ရှိတဲ့ အရင်ရိုးရိုးဖော့တုံး model တွေနေရာမှာ အစားထိုးဖို့ ပြုလုပ်ခဲ့တာပါ။ ဒီ model ကို ဖြုတိလို့တပ်လို့လွယ်အောင် back rail ထည့်ပေးထားပါတယ်။ Double tape နဲ့ back rail ကိုကပ်ထားပြီး အရှေ့ပုံကို လိုသလို ဖြုတ်နိုင် တပ်နိုင်ပါတယ်။

မိမိအိမ်မှာ 3D printer ရှိသူတွေ၊ model လေးကိုစိတ်ဝင်စားလို့ အသုံးလိုမည့်နေရာမှာ အသုံးပြုလို့ရအောင် ကျွန်တော် thingiverse မှာ တင်ပေးထားပါတယ်ခင်ဗျ။ နောက်လဲ ကျွန်တော်ပြုလုပ်ထားတယ့် model အချို့ကို thingiverse မှာ တင်ပေးဖို့ အစီအစဉ် ရှိပါတယ်ခင်ဗျ။

အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ရောဂါဘယ ကင်းဝေးကြပါစေခင်ဗျာ

Corona Virus look-alike model by msmaung I intend to increase more awareness of Covid-19 wave 2 as the number of infected people has soared, yet some people in my country and my hometown do not care. We all wanted to get over with this pandemic as soon as possible. We run a construction company and we own some condominiums in the city. We....

31/08/2020

Stay Safe, Everyone !

COVID-19 is spreading very fast in the second wave 🦠

We made these toothpick bin holders and sponge holders for the lifts

Photos from IDEA MAN 3D Printing's post 29/08/2020

Triumph Street Triple 675

သူငယ်ချင်းတစ်ယောက်က သူ့ရဲ့ Triumph Street Triple 675 motorcycle အတွက် modify လုပ်ဖို့အတွက် ပစ္စည်းတွေကို ကျွန်တော့်စီ လာအပ်ပါတယ်။

Frame intake grill နဲ့ chain guard အတွက် သူ thingiverse ကရှာလာတဲ့ ဒီဇိုင်းရယ် ရှေ့ရှော့ဘားနားက wire retainer အတွက် ကျွန်တော်ကိုယ်တိုင် အစအဆုံး ဆွဲပေးထားတဲ့ ဒီဇိုင်းရယ် ထုတ်ပေးဖြစ်တယ်။ Frame intake grill ကိုလည်းသူပေးတဲ့ ဒီဇိုင်းကို သူ့စိတ်ကြိုက်အတိုင်း ဖြစ်အောင် ပြန်ပြင်ဆွဲပေးထားပါသေးတယ်။

စက်ဘီး၊ ဆိုင်ကယ်၊ ကား အပိုပစ္စည်းတွေ အလှဆင်ပစ္စည်းတွေ market ထဲမှာရှာရခက်သည့်ပစ္စည်းတွေ customise လုပ်ချင်ရင် IDEA MAN ကိုဆက်သွယ်နိုင်ပါတယ် ခင်ဗျ။

( Thingiverse.com သည် open source 3D models တွေ share လုပ်သည့် website ဖြစ်သည် )

Photos from IDEA MAN 3D Printing's post 22/08/2020

Final result ကမိုက်တယ်ဗျာ 🤩

နောက်နေ့မှ wood texture ရအောင် စမ်းကြည့်အုံးမယ်

ဒီနေ့တော့ constant temperature and speed နဲ့ပဲ
စမ်းကြည့်လိုက်တယ်

22/08/2020

Wood filament တော့လက်ထဲရောက်လာပြီ
final result ကဘယ်လိုလာမလဲတော့မသိသေးဘူး....

Test print တော့လုပ်ထားတယ် 😍

14/08/2020

3D printing ဆိုတာ လိုတရရေနွေးကရားအိုးထဲက ဂျင်နီလိုဘဲဗျ

စက်ပစ္စည်းတခုခုက အစိတ်အပိုင်းအသေးလေးတွေထုတ်မလား ဒါမှမဟုတ် နေ့စဉ်အသုံးအဆောင်ပစ္စည်းတခုခုထုတ်မလား ကိုယ်လိုချင်တဲ့ အရုပ်ကလေးတွေကို customise လုပ်မလား ကိုယ်လိုချင်တာကို စဉ်းစားလိုက်ရုံပဲ လိုချင်တာ မှန်သမျှလုပ်လို့ရသလိုပေါ့

ဂျင်နီဆီမှာတော့ ဆုသုံးခုပဲတောင်းလို့ရပေမယ့် 3D printing နဲ့တော့ ကိုယ်ကြိုက်သလောက်လုပ်လို့ရတယ်ဗျ

3D print နဲ့ Medical ပိုင်းမှာဆို သင်ထောက်ကူ skeletal figures တွေ dentures တွေလုပ်လို့ ရသလို

အိမ်အသုံးအဆောင်ပိုင်းမှာဆိုလည်း အများနဲ့မတူတဲ့ ထူးထူးဆန်းဆန်း အလှဆင်ပစ္စည်းလေးတွေလုပ်လို့ရတယ်

Engineering ပိုင်းမှာလဲ prototypes တွေ၊ scale models တွေစိတ်ကြိုက်လုပ်နိုင်တယ်

ဒါတင်မဟုတ် fancy ပစ္စည်းလေးတွေ, ကိုယ်ချစ်ရတဲ့သူရဲ့ ပုံတူလေးတွေ ကိုယ်တစ်ယောက်ထဲမှာပဲ ရှိနိုင်တဲ့ unique ဖြစ်မယ့် ပစ္စည်းလေးတွေအစုံ လုပ်လို့ရတယ်ဗျ

Anime crazy တွေ Gamer တွေအတွက် anime တွေ game တွေထဲက figurines လေးတွေလည်း လုပ်ဖို့အစီအစဉ်ရှိပါတယ်

ကိုယ်လိုချင်တဲ့ပစ္စည်းလေးကို ပြလိုက်ရုံနဲ့ စျေးအသင့်အတင့်နဲ့ အလုံးအထည်ပေါ်လာအောင် ကျွန်တော်တို့ဘက်ကဆောင်ရွက်ပေးမှာမလို့ စိတ်ဝင်စားရင် အခုပဲဆက်သွယ်ပြီးစုံစမ်းလို့ရပါတယ်ခင်ဗျာ။

Photos from IDEA MAN 3D Printing's post 09/08/2020

ကျွန်တော်တို့ Idea Man 3D Printing မှ ဝန်ဆောင်မှု ပေးနေတဲ့အရာတွေကတော့

· မိမိပြုလုပ်ထားသော CAD ကို prototype ထုတ်ပေးခြင်း
· 3D modeling လုပ်ထားသော ရုပ်ပုံများကို ထုပ်ပေးခြင်း
· အိမ်တွင်းအလှဆင်ပစ္စည်းများ
· ဖန်စီ လက်ဝတ်ရတနာများ
· Lithophane ( ဓာတ်ပုံ၏ အလင်းအမှောင်ကိုအခြေခံပြီး layer အထူအပါးတွက်ချက်ကာ နောက်မှအလင်းပေးလျှင် နဂိုဓာတ်ပုံအတိုင်းပြန်မြင်ရသည့် အလှထားပစ္စည်းများဖြစ်ပါသည် )
· ရုပ်ထုများ
· Cosplay items ( ရုပ်ရှင်၊ ကာတွန်း နှင့် ဂိမ်းဇာတ်ကောင်တို့ ဝတ်ဆင်အသုံးပြုသည့်အရာများ )
· Mould ( ပုံစံခွက်၊ မို )
· Plastic functional parts & spare parts
· Customise items များကို ထုတ်လုပ်ပေးပါသည်

Sketch လုပ်ထားတဲ့ပုံကြမ်းများ နှင့် 2D logo များကိုလဲ CAD နှင့် 3D modeling လုပ်ပေးပြီး print လုပ်ပေးပါသည်။

Client ဘက်မှပြုလုပ်ချင်သည့်အရာများကိုလဲ စိတ်တိုင်းကျဆောင်ရွက်ပေးပါသည်။

ကျွန်တော်တို့ 3D printing လုပ်ထားသော ပစ္စည်းတစ်ချို့ကို ဖော်ပြပေးထားပါသည်။

09/08/2020

အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျွန်တော်တို့ မကြာခင် အချိန်အတွင်းမှာပဲ ကျွန်တော်တို့ရဲ့ IDEA MAN 3D Printing and Crafts service center ကိုဖွင့်လှစ်တော့မည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။

Additive manufacturing (ခေါ်) rapid prototyping (ခေါ်) 3D printing နည်းပညာဟာဆိုရင် အရမ်းကိုခေတ်ရှေ့ပြေးနေတဲ့ နည်းပညာတစ်ခုဖြစ်ပြီး အခုဆို လူတော်တော်များများလဲဒီနည်းပညာ ကိုသိပြီးသားဖြစ်နေလောက်ပါပြီ။ ဒါပေမယ့်ကျွန်တော်အခု 3D printing နည်းပညာနဲ့ပတ်သက်ပြီး မရင်းနှီးသေးတဲ့လူတွေအတွက် ရည်ရွယ်ပြီးတော့ ထိုနည်းပညာအကြောင်း နည်းနည်းထပ်ပြီးမျှဝေပေးချင်ပါသည်။

အခုလက်ရှိကမ္ဘာပေါ်တွင် 3D printing နည်းပညာအမျိုးပေါင်း ဆယ့်တစ်ခုရှိပါသည်။ ထိုနည်းလမ်းများမှာ Fused Deposition Modeling ( FDM ), Stereolithography ( SLA ), Masked Stereolithography ( MSLA ), Digital Light Processing ( DLP ), Selective Laser Sintering ( SLS ), Direct Metal Laser Sintering ( DMLS ), Selective Laser Melting ( SLM ), Electron Beam Melting ( EBM ), Material Jetting ( MJ ), Drop on Demand ( DOD ) နှင့် Binder Jetting ( BJ ) တို့ဖြစ်ပါသည်။ ယခုကျွန်တော်ဖော်ပြခဲ့သော 3D printing နည်းပညာများကို နည်းစနစ်တူ အုပ်စုခြောက်ခုခွဲထားပါသည်။

1. Material Extrusion : FDM
2. Vat Polymerization : SLA, MSLA & DLP
3. Powder Bed Fusion : SLS
4. Material Jetting : MJ, DOD
5. Binder Jetting : BJ
6. Powder Bed Fusion : DMLS, SLM & EBM

ကျွန်တော်အခုပြောပြမည့်အကြောင်းအရာကတော့ ထိုနည်းလမ်းများထဲမှ ရေပန်းစားပြီး ကျယ်ကျယ်ပြန့်ပြန့်နှင့် လူအများအသုံးပြုနေသည့် Fused Deposition Modeling (FDM) အကြောင်းပဲဖြစ်ပါသည်။

FDM printer တွေက thermoplastic filament ခေါ်သည့် သတ်မှတ်အပူချိန်ရောက်လျှင် အလွယ်တကူပုံသွင်း၍ရသည့် ပလတ်စတစ်ချောင်းများကို အပူချိန်သတ်မှတ်ပြီးအပူပေးထားသော နော်ဇယ်အတွင်းသို့ လျှပ်စစ်မော်တာမှ တွန်းထည့်ပါသည်၊အခဲဘဝ ကနေ အရည်ဘဝ သို့ပြောင်းလဲစေပြီး နော်ဇယ်အဝမှ ထိုပျော်နေသည့် ပလတ်စတစ်အရည်ကို ပရိုဂရမ်မှကြိုတင်လမ်းကြောင်းပေးထားသည့်အတိုင်း အပူပေးထားသည့်အခင်းပြားပေါ်တွင် တစ်လွှာပြီးတစ်လွှာ ပုံလောင်းသွန်း၊ အအေးခံစေကာ ဖြည်းဖြည်းချင်း 3D ရုပ်လုံးကြွကိုတည်ဆောက်သွားချင်းပဲဖြစ်ပါသည်။ FDM ကို Fused Filament Fabrication ( FFF ) လို့လဲ ခေါ်ပါသေးသည်။

FDM printer ၏လုပ်ဆောင်ချက်ကို short videoလေးဖြင့်သရုပ်ဖော်ပေးထားပါသည်။

Want your business to be the top-listed Engineering Company in Mandalay?
Click here to claim your Sponsored Listing.

Videos (show all)

Website

Address


Mandalay

Other Engineering Services in Mandalay (show all)
Eagle Eye CCTV & Auto Gate Motors CO.,Ltd Eagle Eye CCTV & Auto Gate Motors CO.,Ltd
Mandalay

CCTV Installation & AuotGate Sales Made in China Export Quality

Zwe Zone Engineering Group 6395 Channel-1 Zwe Zone Engineering Group 6395 Channel-1
No. 11/1/between 15*16/86 Street/Aung Myay Thar Zan Township/Mandalay
Mandalay, 123

လူကြီးမင်းတို့ အိမ် ဆိုင် ရုံး ခန်းများကို လူကြီးမင်းတို့ စိတ်တိုင်းကျ ဆောင်ရွက်ပေးပါတယ်

NINE PLUS NINE PLUS
140Ast, Bet 62st X 63st, Zone 2
Mandalay, 05052

Hello, We work Service and Spare Parts for Europe Truck. If you had some difficulties, we are ready to help you.

Zaw Foundation Soil Investigation And Geotechnical Service Zaw Foundation Soil Investigation And Geotechnical Service
No. 196, 89 Street, Between 24 St And 25, Aungmyaytharzan Township
Mandalay

Soil investigation and Geotechnical service.

Novus Engineering & Construction Novus Engineering & Construction
Mandalay

#100% Passion

Three Friends Construction-Mandalay Three Friends Construction-Mandalay
(၇၈)လမ်းမကြီး၊ စက်မှု့ ၁ လမ်းနှင့် ဖိုးရာဇာလမ်းကြား၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။
Mandalay

Building and decoration service

A3 Power Generator & Electrical Engineering Service Group A3 Power Generator & Electrical Engineering Service Group
107*56၊ 110*44
Mandalay

ATS installation & generator sale service

CCTV Sale & Services Myanmar CCTV Sale & Services Myanmar
65(A) Street, 109 St * 110 St
Mandalay

CCTV & ELV Solutions

High Tech Car Service High Tech Car Service
66street 38x39Bet:
Mandalay

Car service Auto service Car exahaust engine carbon liquid cleaning services စိတ်ဝင်းစားပါက 0978108