Hi Doctor - သိလိုရာမေး ကျန်းမာရေး
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hi Doctor - သိလိုရာမေး ကျန်းမာရေး, Medical Center, Mandalay.
😖အူအတက်ယောင်ခြင်း😓
🔺အူအတက်က ဘယ်နားမှာ ရှိတာလဲ?
အူအတက်ဆိုတာ အူမကြီးနှင့် အူသေး ၂ခု အဆက်နေရာက လက်ချောင်းလိုမျိုး တဖက်ပိတ်အိတ်ပုံစံ အူအစိတ်အပိုင်းဖြစ်ပါတယ်။ဗိုက်ကို အပိုင်း ၉ပိုင်းခွဲလိုက်ရင် ညာဖက်အောက်ခြေနေရာမှာရှိပါတယ်။
👉လူတိုင်းအူအတက်ယောင်တာ ဖြစ်နိုင်ပါတယ်။အသက် ၁၀နှစ်နဲ့ ၃၀ ကြားမှာတော့အဖြစ်အများဆုံးဖြစ်ပါတယ်။
🔺အူအတက်ယောင်ရင် ဘယ်လိုလက္ခဏာတွေ ခံစားရတာလဲ?
👉အူအတက်ယောင်ရင် ညာဖက် ချက်ဘေးနားက ရုတ်တရက်နာလာမယ်။ အများစုမှာတော့ ချက်ဘေးပတ်ခြာလည် အရင်နာပြီး ညာဘက် ဗိုက်အောက်ခြေနားကို ရွေ့သွားတယ် ။နာတာက ချောင်းဆိုးရင် လမ်းလျောက်ရင် လှုပ်ရှားရင်ပိုနာမယ် ။
👉ပျို့မယ် ၊အန်မယ်၊ငွေ့ငွေ့လေးဖျားမယ်၊ဗိုက်ကယ်သလိုဖြစ်နေမယ်၊ဝမ်းချုပ်တာလည်း ဖြစ်နိုင်သလို ဝမ်းလျောတာလည်းဖြစ်နိုင်ပါတယ်။
တခါတလေ အူအတက်ထိပ်ဖျားနေရာပေါ်မူတည်ပြီး နာတဲ့ နေရာလေးတွေ ပြောင်းလဲနိုင်ပါတယ်။
ကိုယ်ဝန်ဆောင် တွေဆိုရင် ဗိုက်အပေါ်နားကလည်းနာနိုင်ပါတယ်။
🔺အူအတက်ယောင်ရတဲ့အကြောင်းအရင်းကတော့ အူအတက်အဝင်ဝ ကို ပိတ်မိသွားပြီး ပိုးဝင်လာတဲ့အတွက်ကြောင့် ယောင်လာတယ်။
🔺ဘယ်လိုကုသမှု့မျိုးတွေခံယူရမှာလဲ?
အူအတက်ယောင်တာ ကတော့ ပိုးသတ်ဆေး တွေထိုးပြီး ယောင်နေတဲ့အူအတက်ကို ခွဲစိတ်ကုသမှ ရမှာပါ။
🔺နောက်ဆက်တွဲ အနေနဲ့ဘာတွေဖြစ်တတ်လဲ?
၁။အူအတက်ပေါက်ထွက်ခြင်း
ယောင်ရမ်းတဲ့အချိန်မှာ ကုသမှု့မခံယူရင်တော့ ပေါက်ထွက်နိုင်ပါတယ်။အဲ့လို ပေါက်ထွက်သွားရင် အူထဲက အစာတွေက အပြင်သို့ရောက်သွားပြီး ဝမ်းဗိုက် အမြှေးပါတွေကို ယောင်ရမ်းစေပါတယ်။ဒီလိုအချိန်မှာတော့ အရေးပေါ်ခွဲစိတ်ပြီး ဗိုက်အတွင်း သန့်ရှင်း ဖို့ လိုပါတယ် ။ကုသမှု့မခံယူရင် ပိုးဆိပ်ပျံ့ပြီး အသက်သေဆုံးနိုင်သည်အထိ ဖြစ်နိုင်ပါတယ်။
၂။အူအတက်မှ ပြည်လုံးဖြစ်သွားခြင်း
အူအတက်ယောင်ပြီး ကုသမှု့မခံယူရင် ပြည်တည် လာမယ် ဒီတခါတော့ ပေါက်မထွက်ဘဲ ပြည်တည်နာ အလုံးကြီး ဖြစ်သွားပါတယ်။ အဲလိုဖြစ်သွားရင်တော့ ပြည်တွေကို ခွဲထုတ်ပြီး ပိုးသတ်ဆေးတွေ ထိုးမှဖြစ်မှာပါ ။
ဒါ့ကြောင့် အထက်မှာ ပြောပြခဲ့တဲ့ လက္ခဏာတွေ ခံစားနေရရင်တော့ ခွဲစိတ်ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးဖို့လို့ပါတယ်။
အားလုံးကျန်းမာကြပါစေ။
ိလိုရာမေးကျန်းမာရေး
Photo credit to Rightful Owner
🚨အူမကြီးကင်ဆာ အကြောင်းသိကောင်းစရာ🚨
၂၁ ရာစုမှာ လူတွေရဲ့အစားအသောက်အနေအထိုင်ပြောင်းလဲလာမှု့တွေကြောင့် အူမကြီးကင်ဆာ ဖြစ်နှုန်းကလည်း မြင့်တက်လာပါတယ်။
👉အူမကြီးကင်ဆာ ဘာလို့ဖြစ်ရတာလဲ?
🔺နံပါတ် ၁ကတော့ လူတွေရဲ့နေထိုင်စားသောက်မှု့ပုံစံတွေကြောင့်ဖြစ်ပါတယ် ။အူမကြီးကင်ဆာဖြစ်တဲ့သူတွေရဲ့ အများစု က အစားအသောက်တွေကြောင့်ဖြစ်တာပါ။
ဘယ်လိုတွေလဲဆိုရင်
၁။ အဝလွန်တဲ့သူတွေ၊ဆီးချိုရောဂါရှိတဲ့သူ
၂။ ဆေးလိပ်သောက်တဲ့သူ၊အရက်သောက်တဲ့သူ
၃။ နာတာရှည်အူယောင်ရောဂါ ဖြစ်နေတဲ့သူတွေ
၄။ အူမကြီး အလုံးအကျိတ်ရှိသူတွေ
၅။ တခြားကင်ဆာကိုဓါတ်ရောင်ခြည်ကုသမှု့ခံယူထားသူတွေ
၆။ အစားအသောက်အနေနဲ့ဆိုရင်တော့
တိရစ္ဆာန်မှရသောအဆီအစားများတဲ့သူ၊အချိုမှုန့် အများကြီးစားတဲ့သူ၊ကင်ဆာဖြစ်စေတဲ့ဓါတ်ပါဝင်တဲ့အစားအစာများ ကို အလွန်အကျွံ စားသုံးသူတွေမှာအဖြစ်များပါတယ်။
ဟင်းသီးဟင်းရွက်၊အသီးအနှံနှင့် အမျှင်ဓါတ် စားသုံးမှု့နည်းတဲ့သူတွေမှာလည်း အဖြစ်များပါတယ်။
🔺နံပါတ် ၂ အနေနဲ့ကတော့ မျိုးရိုး လိုက်တတ်တာဖြစ်ပါတယ်။မိသားစုထဲမှာ အူမကြီးကင်ဆာ ဖြစ်တဲ့သူရှိရင်တော့ ၅ ရာခိုင်နှုန်းဖြစ်နိုင်ခြေရှိပါတယ်
🔺နံပါတ် ၃ အနေနဲ့ကတော့ ကံတရားပေါ့ မိမိ ခန္ဓာကိုယ်ထဲက မျိုးရိုးဗီဇ တွေပြောင်းလဲပျက်စီးသွားလို့ဖြစ်ရတာပါ။
👉ရောဂါလက္ခဏာ တွေကတော့ အလုံးအကျိတ် ကင်ဆာဖြစ်တဲ့နေရာပေါ်မှာမူတည်ပါတယ်
ဘယ်ဖက် အူမကြီး အလုံးအကျိတ် ဆိုရင်တော့-
🔺ဝမ်းထဲမှာသွေးတွေ အကျိအချွဲတွေပါလာတတ်တယ်။ဝမ်းသွားရတာ အားမရသလို၊ဝမ်းကျန်သလိုဖြစ်တတ်တယ်။ဝမ်းကိုက်တာနဲ့တော့ မှားနိုင်ပေမဲ့ ဖြစ်တဲ့ရက်ကြာနေတယ် ဆေးတွေသောက်လို့မပျောက်ဖူးဆိုရင်တော့ အရေးကြီးပါတယ်။
🔺ညာဖက်အူမကြီး အလုံးအကျိတ်ဖြစ်ရင်တော့-
သွေးအားနည်းတဲ့ လက္ခဏာတွေ ဖြစ်တတ်တယ်။
ဝမ်းအရင်ဝမ်းပုံမှန်သွားရာကနေ ဝမ်းပိုချုပ်လာမယ်။ဝမ်းပိုလျှောလာမယ်။
ဗိုက်ရစ်ရစ်ပြီး နာလာမယ်။
အစားအသောက် ပျက်လာပြီး လူကပိန်လာမယ်။
✅ရောဂါလက္ခဏာတွေက သာမန်ရောဂါ လက္ခဏာတွေနဲ့ ဆင်တူတာမို့ အရမ်းတော့အကြောက်လွန်စရာမလိုပါဘူး။အထက်ဖော်ပြပါ လက္ခဏာတွေခံစားရရင်တော့ တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေး စစ်ဆေး ကြည့်သင့်ပါတယ်။
✅နောက်တခုက အူမကြီးကင်ဆာကစောစော သိပြီးကုသမှု့ခံယူရင် ပျောက်ကင်းနှုန်းများတဲ့ရောဂါဖြစ်ပါတယ်။
အားလုံးကျန်းမာကြပါစေ။
ိလိုရာမေးကျန်းမာရေး
Photo credit to Rightful Owner
🔺သိုင်းရွိုက်(Thyroid)/လည်ပင်းကြီး ရောဂါအကြောင်းသိကောင်းစရာ🔺
သိုင်းရွိုက်ရောဂါသည် သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်မှု့ နည်းခြင်း များခြင်းတို့ကြောင့် ဖြစ်ပေါ်လာသောရောဂါဖြစ်သည်။သိုင်းရွိုက်ဟော်မုန်းကို လည်ပင်း အသံအိုးအောက်လေပြွန်ရှေ့နားလေးတွင်ရှိသော လိပ်ပြာပုံစံ သိုင်းရွိုက်ဂလင်းမှထုတ်လုပ်ပေးသည်။
👉သိုင်းရွိုက်ဟော်မုန်းက လူ့ခန္ဓာကိုယ်မှာ ဘာတွေလုပ်ပေးတာလဲ ?
သိုင်းရွိုက်ဟော်မုန်းက
၁။နှလုံခုန်နှုန်းနှင့် စည်းချက်ကို ထိန်းညှိပေးတယ်
၂။ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပေးတယ်
၃။ခန္ဓာကိုယ် စွမ်းအင်ကို ထိန်းညှိပေးတယ်
၄။အတွေးနှင့် စိတ်ခံစားမှု့တွေကို ထိန်းညှိပေးတယ်
၅။အစာခြေဖျက်ခြင်းမှာလည်း ပါဝင်တယ်။
၆။ကလေးငယ်တွေမှာ အရွယ်အရိုးအရပ်ပုံမှန်ကြီးထွားမှု့ကို ဖြစ်စေတယ်
👉အဖြစ်များတဲ့ သိုင်းရွိုက်ရောဂါတွေကတော့
သိုင်းရွိုက်ဟော်မုန်းများခြင်း
သိုင်းရွိုက်ဟော်မုန်း နည်းဖြင်း
သိုက်ရွိုက်ဂလင်း တွင်အလုံးအကျိတ်ဖြစ်ခြင်းနှင့်
သိုင်းရွိုက်ဂလင်းယောင်ခြင်းတို့ဖြစ်ပါတယ်
👉သိုင်းရွိုက်ဟော်မုန်းများခြင်းရဲ့လက္ခဏာတွေကဘာတွေလဲ?
စိတ်တိုလွယ်ခြင်း၊ညအိပ်မပျော်ခြင်း
အစားစားနိုင်သော်လည်း ပိန်ခြင်း
လည်ပင်းတွင်သိုင်းရွိုက်ဂလင်းကြီးလာခြင်း
ဝမ်းသွားများခြင်း
ချွေးထွက်များခြင်း
ရင်တုန်ခြင်း၊နှလုံးခုန်မြန်ခြင်း
အပူဒဏ်ကို မခံနိုင်ခြင်း
ဓမ္မတာ မမှန်ခြင်း
အထိုင်အထ လေးခြင်းတို့ဖြစ်ပါတယ်။
👉သိုင်းရွိုက်ဟော်မုန်း နည်းခြင်းရဲ့ လက္ခဏာများကတော့
အရေပြားခြောက်သွေ့ကြမ်းတမ်းလာခြင်း
အအေးဓါတ်မခံနိုင်ခြင်း
ဖောယောင်ခြင်း၊ဝလာခြင်း
အသံသြလာခြင်း၊
ဝမ်းချုပ်ခြင်း
ရာသီများခြင်း
လေးလံလာခြင်း တို့ဖြစ်ပါတယ်
✅သိုင်းရွိုက်ဂလင်းမှာ အကျိတ်ဖြစ်ရင်တော့ ဖြစ်စမှာလက္ခဏာသိပ်မပြတတ်ပါဘူး။ ✅ကင်ဆာဖြစ်နိုင်ချေလည်း နည်းပါတယ်။
သိုင်းရွိုက်ဟော်မုန်းကတော့လူတို့အတွက်အသက်ရှည်ကျန်းမာဖို့ မရှိမဖြစ်အရေးပါတဲ့ အတွက် ဟော်မုန်းဓါတ်မျှတနေဖို့ အလွန်အရေးကြီးပါတယ် ။ဒါကြောင့်အထက်ပါ လက္ခဏာတွေခံစားရရင်တော့ ကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးဖို့လိုအပ်ပါတယ်။
အားလုံးကျန်းမာကြပါစေ။
ိလိုရာမေးကျန်းမာရေး
Photo credit to Rightful Owner
🦟ဂရုစိုက်သင့်တဲ့ သွေးလွန်တုပ်ကွေးရောဂါ (Dengue Fever)🦟
သွေးလွန်တုပ်ကွေးရောဂါပိုးသယ်လာတဲ့ ခြင်(Aedes) ကိုက်ခံရလို့ ရောဂါဖြစ်ရတာပါ။
🔺သာမန်သွေးလွန်တုပ်ကွေး
🔺ပြင်းထန်သွေးလွန်တုပ်ကွေး ဆိုပြီး အမျိုးအစား၂မျိုးရှိပါတယ်။
သာမန်သွေးလွန်တုပ်ကွေးဖြစ်ပွါးတဲ့သူတွေဟာ
🤒အဖျားကြီးမယ် (104 *F)လောက်ထိတက်တတ်တယ်
🥴ခေါင်းကိုက်မယ်
😵💫ကြွက်သားတွေနာကျင် ကိုက်ခဲမယ်
🤮ပျို့အန်မယ်
😵လည်ပင်းအကျိတ်လေးတွေနာလာမယ်
🥵ခန္ဓာကိုယ်အနှံ့ အနီကွက်တွေ ထွက်လာမယ်
ပြင်းထန်သွေးလွန်တုပ်ကွေးရဲ့ လက္ခဏာတွေကတော့
🔹ဗိုက်နာမယ် အထူးသဖြင့်ညာဖက်နံရိုးအောက်ဖက်က အောင့်မယ်
🔹ဆက်တိုက် အန်မယ်
🔹နှာခေါင်းသွေးလျှံမယ် သွားဖုံးသွေးယိုမယ်
🔹ကော်ဖီရောင်(မဲမဲ)တွေ အန်မယ်
🔹ကတ္တရာစေးလိုမျိုး ဝမ်းမဲမဲပျစ်ပျစ်များသွားမယ်
🔹အသက်ရှုမြန်ပြီး မောလာမယ်။
👉ပြင်းထန်သွေးလွန်တုပ်ကွေး လက္ခဏာများကတော့ စဖျားပြီး ၃ရက်မှ ၇ ရက်အတွင်းပေါ်လာတတ်ပါတယ်။
👉ဒါကြောင့်ဒီရက်တွေမှာ မေမေတို့က သားသားမီးမီးတွေကို သေချာဂရုစိုက်စောင့်ကြည့်ရပါမယ်။
👉ပြင်းထန်လက္ခဏာတွေ ဖြစ်လာပြီဆိုရင်တော့ဆရာဝန်ဆီ အမြန်ဆုံးသွားပြဖို့လိုပါတယ်။
🚨သွေးလွန်တုပ်ကွေးရောဂါဟာ အသက်ဆုံးရှုံးရတဲ့အထိဖြစ်နိုင်တာမို့လို့ အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။
🚨ပြီးတော့…သွေးလွန်တုပ်ကွေးက ခုလိုမိုးရာသီမှမဟုတ် ရာသီတိုင်းမှာဖြစ်နိုင်ပါတယ်။
🚨ဒါကြောင့် “ရာသီတိုင်းမှာ ဖျားနာလျှင်သွေးလွန်တုပ်ကွေးမှတ်” ဆိုတဲ့အတိုင်း အမြဲသတိထားဖို့လိုအပ်ပါတယ် ။
ကဲ….သားသားမီးမီးတွေကို ခြင်မကိုက်အောင်သေချာဂရုစိုက်ပေးကြပါဦးနော်။
အားလုံးကျန်းမာကြပါစေ။
ိလိုရာမေးကျန်းမာရေး
Ref: Dengue fever WHO
Photo credit to Rightful Owner
🟡မွေးကင်းစကလေးအသားဝါခြင်း(Neonatal jaundice)🟡
✅ကလေးလေးတွေကို မွေးပြီးတာနဲ့ကလေးရဲ့မျက်လုံးတွေ မျက်နှာနဲ့ကိုယ်လုံးတွေဝါမဝါ နေ့အလင်းရောင် ကောင်းကောင်းမှာ နေ့စဥ် ဂရုတစိုက်ကြည့်ပေးရပါမယ်။
🔺မွေးကင်းစကလေးငယ် အသားဝါတာဘာကြောင့်လဲ
👉မွေးကင်းစကလေးတွေရဲ့သွေးထဲမှာ bilirubin ဘီလီရူဗင် ဆိုတဲ့အသားဝါစေတဲ့ဓါတ်တွေက လူကြီးတွေထက်ပိုပြီးထုတ်လုပ်မှု့များတယ် ။ပုံမှန်ဆိုရင် အဲ့ဒီဘီလီရူဗင် ဓါတ်တွေကို အသည်းကနေ စုပ်ယူပြီး အူထဲကို စွန့်ထုတ်လိုက်တာဖြစ်တယ်။မွေးကင်းစကလေးငယ်တွေမှာတော့ အသည်းက ကောင်းစွာ အလုပ်မလုပ်နိုင်သေးတဲ့အတွက် ဘီလီရူဗင်တွေကို မစွန့်ထုတ်နိုင်ဘဲခန္ဓာကိုယ်ထဲမှာ များလာရခြင်းဖြစ်ပါတယ်။
🔺မွေးကင်းစကလေးအသားဝါခြင်းက ပုံမှန်ကလေးတွေမှာ ဖြစ်နိုင်ပါသလား
👉ပုံမှန်ကလေးတွေမှာလဲဖြစ်နိုင်ပါတယ်။ဒါ့အပြင် ကလေးရောဂါတွေကြောင့်လဲဖြစ်နိုင်ပါတယ်။
👉ပုံမှန်ကလေးတွေမှာတော့ ၂ရက်ကနေ ၃ရက်အတွင်းဝါပြီး ဘာကုသမှု့မှမလိုဘဲ သူအလိုလို အဝါပြန်ကျသွားပါတယ်။အဲ့လိုအသားဝါခြင်းမျိုးက မစိုးရိမ်ရပါဘူး။
🚨ဒါပေမဲ့ ၂ရက်အရင်စောပေါ်ပြီး ၅ရက်ထက်ပို ကြာပြီး ပိုဝါလာရင်တော့ အရမ်းအရေးကြီးပါတယ်။ဘာတွေကြောင့်ဖြစ်တတ်လဲဆိုရင်
၁။ကလေးနှင့်အမေ သွေးမတည့်ခြင်း (ABO,Rh)
၂။ကလေးပိုးဆိပ်ပျံ့ရောဝါဝင်ခြင်း
၃။လမစေ့ဘဲမွေးခြင်း
၄။မွေးဖွားရခက်ခဲခြင်း
၅။G6PD ကဲ့သို့သော ဓါတ်ချို့တဲ့ခြင်း
၆။သွေးဥနီကွဲသောရောဂါများဖြစ်ခြင်း
၇။ကလေးအသည်းရောဂါဖြစ်ခြင်း
၈။သဲခြေရည်ပြွန်ပေါက်ပိတ်ခြင်း
၉။မိခင်နို့လုံလောက်စွာမသောက်ရခြင်းနှင့်ရေဓါတ်ခမ်းခြောက်ခြင်း တို့ကြောင့်ဖြစ်ပါတယ်။
🔺အိမ်မှာမွေးတဲ့ ကလေးတွေအနေနဲ့ ဘယ်အချိန်မှာ ကလေးဆရာဝန်နဲ့ပြသင့်သလဲ
👉ကလေးအသားဝါတာက ၂ရက်ထက်စောပေါ်ရင် ၅ရက်နောက်ပိုင်းအဝါမကျရင်
👉မျက်လုံးနဲ့မျက်နှာတင်မကဘံ ကလေးရဲ့ဝမ်းဗိုက်တွေ ခြေထောက် ခြေဖဝါးတွေအထိ ဝါလာရင်
👉ကလေးဖျားလျှင် ၊မှိန်းလျင်
👉ကလေးက ပုံမှန်မဟုတ် ဘဲ ကနာမငြိမ်ဖြစ်၍တအားငိုလျင်
👉ကလေးက နို့ကောင်းကောင်းမစို့လျှင် ဆရာဝန်နှင့်ချက်ခြင်းပြရပါမယ်။
🔺မွေးခင်းစကလေးအသားဝါခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကဘာတွေလဲ။
အကယ်၍အသားဝါစေတဲ့ ဘီလီရူဗင်ဓါတ်က အလွန့် အလွန်များသွားပြီးဆိုရင် ကလေးရဲ့ဦးနှောက်ကိုသွားထိခိုက်ပါတယ်။ထို့နောက်မှာ တော့နာတာရှည် ဦးနှောက်ထိခိုက်ခြင်း(Kernicterus)ဖြစ်ပြီး ဥာဏ်ရည်နဲ့ကြီးထွားမှု့နှောက့်နှေးတာတွေဖြစ်လာတတ်ပါတယ်။
✅ဒါကြောင့် မွေးကင်းစကလေးတွေကို မိခင်နို့လုံလောက်အောင် တိုက်ရမယ်၊
✅ကလေးအသာဝါမဝါ မျက်ခြေမပျက် စောင့်ကြည့်ရမယ်၊
✅ဆရာဝန်နဲ့ ပြရမယ် အချက်တွေရှိလာရင် ချက်ခြင်းသွားပြရပါမယ်။
အားလုံးကျန်းမာကြပါစေ။
ိလိုရာမေးကျန်းမာရေး
Photo credit to Rightful Owner
🔺Gout (ဂေါက်)ရောဂါအကြောင်း သိကောင်းစရာ🔺
ဂေါက်ရောဂါ ဆိုနဲ့နာမည်ကိုတော့ လူတိုင်းအကျွမ်းတဝင်ရှိကြပါတယ် ။ဘာကြောင့်ဖြစ်တာလဲဖတ်ကြည့်ရအောင်။
👉ဂေါက်ရောဂါက အမျိုးသားတွေနဲ့ အသက်ကြီးပိုင်းအမျိုးသမီးတွေမှာ အဖြစ်များတယ်။ ယခုအချိန်မှာတော့ လူနေမှု့ပုံစံ၊အစားအသောက်ပုံစံတွေပြောင်းလဲလာပြီး၊အဝလွန်ရောဂါတွေဖြစ်လာတာကြောင့် ဂေါက်ရောဂါဟာလည်း ဖြစ်နှုန်းများပြားလာပါတယ်။
#ဂေါက်ရောဂါ ဘာကြောင့်ဖြစ်ရတာလဲ?
🔺ခန္ဓာကိုယ်ထဲမှာ (uric acid) ယူရစ်အက်စစ်ဓါတ်တွေများလာပြီး အဆစ်ဘေးပတ်ပတ်လည်မှာ ယူရိတ် ခရစ်စတယ်လေးတွေ အနည်ကျခြင်းကြောင့်ဖြစ်ပါတယ်။
🔺ပုံမှန်အားဖြင့် ယူရစ်အက်စစ်တွေက အစားအသောက်တွေနဲ့ ခန္ဓာကိုယ်ထဲမှဇီဝကမ္မဖြစ်စဥ်တွေကနေ ထွက်ပေါ်လာပါတယ်။အဲ့လိုခန္ဓာကိုယ်ထဲကများလာတဲ့ ယူရစ်အက်စစ်တွေကို ကျောက်ကပ်ကတဆင့်(အများစု)ဒါမှမဟုတ်အူမှတဆင့်(အနည်းစု)စွန့်ထုတ်ပါတယ်။အကယ်၍အဲ့လို စွန့်မထုတ်နိုင်ဘူးဆိုရင်တော့ ခန္ဓာကိုယ်ထဲမှာ ယူရစ်အက်စစ်တွေများလာပြီး အရိုးအဆစ်တွေကိုယောင်ယမ်းစေပါတယ်။
#ဘယ်လိုလူတွေမှာ ဂေါက်ရောဂါပိုဖြစ်သလဲ?
👉နာတာရှည် ကျောက်ကပ်မကောင်းတဲ့သူတွေ
👉အရက်၊ဘီယာ အသောက်များတဲ့သူတွေ
👉ယူရစ်အက်စစ်ဓါတ်တက်စေသော ဆေး များသောက်သုံးနေရတဲ့သူတွေ (ဥပမာ ဆီးဆေး၊တီဘီဆေး)
👉ယူရစ်အက်စစ်များတဲ့ အစားအသောက်တွေ အစားများတဲ့သူတွေ
👉Psoriasis ခေါ်အရေပြားရောဂါရှိသူတွေ
👉သွေးဆဲလ်ပွားရောဂါရှိသူတွေနဲ့
👉မွေးရာပါ ယူရစ်အက်စစ်ဓါတ် များသူတွေမှာဖြစ်တတ်ပါတယ်။
#ဘယ်လိုအစားအသောက်တွေကယူရစ်အက်စစ်ဓါတ်များတာလဲ?
ပင်လယ်စာတွေ၊တူနာငါးတွေ၊အနီရောင်အသားတွေ၊အသည်းအမြစ်ကျောက်ကပ် ဦးနှောက် စတဲ့ ကလီစာတွေ၊တောကောင်တွေ၊ အရက်ဘီယာ၊သကြားပါဝင်မှု့များသော အချိုရည်တွေ၊ မှို ၊ကညွှတ်၊ပဲတောင်ရှည်၊ပန်းဂေါ်ဖီ နဲ့ ဒေါက်ခွ ရွက် စတဲ့အရွက်တွေ မှာ ယူရစ်အက်စစ်ဓါတ်များပါတယ်။
#ဂေါက်ရောဂါဖြစ်တာ အရေးကြီးလား ?
အရေးကြီးပါတယ် အရိုးအဆစ်တွေကိုယောင်ယမ်းစေရုံသာမက အရိုးအဆစ်တွေကို ပျက်စီးစေပါတယ်၊ ကြာလာရင် ကျောက်ကပ် ကိုထိခိုက်ပြီး ကျောက်ကပ်ပျက်စီးစေပါတယ်။
#ဂေါက်ရောဂါမဖြစ်အောင်ဘယ်လိုနေထိုင်ရမလဲ?
✅အဝလွန်ရောဂါမဖြစ်အောင် ခန္ဓာကိုယ် အလေးချိန်ကို ထိန်းရပါမယ်။
✅လမ်းပုံမှန်လျှောက်ရမယ်၊ လေ့ကျင့်ခန်းပုံမှန်လုပ်ရမယ်
✅အထက်မှာဖော်ပြထားတဲ့ အစားအသောက်တွေကို လျော့စားပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေစားရမယ်
✅သွေးတိုးဆီးချို ကျောက်ကပ်ရောဂါတွေရှိရင် သေချာဆေးကုသမှုခံယူရမယ်။
အားလုံးကျန်းမာကြပါစေ။
ိလိုရာမေးကျန်းမာရေး
Photo credit to Rightful Owner
🔵သန္ဓေတားဆေး နည်းလမ်းတွေထဲက ကိုယ်နဲ့သင့်တော်တဲ့နည်းလမ်းကိုရွေးချယ်တတ်စေရန်🔵
သန္ဓေတားဆေး နည်းလမ်းတွေကတော့အများကြီးပါပဲ။အရေးကြီးတာကတော့ ကိုယ်နဲ့အဆင်ပြေပြီး အကျိုးသက်ရောက်မှု့အပြည့်အဝရှိဖို့ပါပဲ။
သန္ဓေတားဆေးနည်းလမ်းတွေကတော့
၁။ဟော်မုန်း ဆေးများသုံး၍သန္ဓေတားခြင်း
၂။သားအိမ်အတွင်းပစ္စည်းထည့်ခြင်း
၃။အကာအကွယ် သုံး၍သန္ဓေတားခြင်း
၄။ရက်ရှောင်ခြင်းဆိုပြီးရှိပါတယ်။
👉ဟော်မုန်းဆေးများနဲ့သားအိမ်အတွင်းပစ္စည်းထည့်ခြင်းကတော့ သန္ဓေတားဆီးနှုန်း ပိုကောင်းပေမဲ့ လိင်မှတဆင့်ကူးစက်သော ကာလသားရောဂါနှင့် HIV ရောဂါပိုးကူးစက်နှုန်းကို မတားဆီးနိုင်ပါဘူး။အကာအကွယ်သုံခြင်းကတော့ လိင်မှတဆင့်ကူးစက်သော ရောဂါ တို့ကို တားဆီးနိုင်ပါတယ်။
🔺တားဆေးတွေမပြောခင် failure rate ဆိုတာရှင်းပြချင်ပါတယ်။တားဆေးများရဲ့ failure rate ဆိုတာ အသုံးပြုနေတုန်းကိုယ်ဝန်ရနိုင်ချေရှိတာကိုပြောတာပါ။အကယ်၍ failure rate 4%ဆိုရင် တားဆေးသုံးတဲ့အမျိုးသမီး၁၀၀ မှာ ၄ယောက်က ကိုယ်ဝန်ရနိုင်ပါတယ်။ဂဏန်းနည်းလေ ကောင်းလေပါပဲ။
၁။ဟော်မုန်း တားဆေးမှာတော့ စားဆေး၊ထိုးဆေး ၊အရေပြားအောက် မြှုပ်ပစ္စည်း ၊မိန်းမကိုယ်ထဲထည့်လို့ရသည်ကွင်း ဆိုပြီး အမျိုးအစား အမျိုးမျိုးရှိပါတယ်။
#စားဆေးအနေနဲ့ကတော့ ၂၈ လုံးပါ ဆေးကို တစ်နေ့၁လုံးအချိန်မှန်သောက်ရုံပါပဲ။
🔺အသက်၃၅နှစ်အထက်အမျိုး သမီးများ၊ဆေးလိပ်သောက်သူများ၊သွေးခဲတတ်သည့်ရောဂါရှိသူများနှင့် ရင်သားကင်ဆာ ရှိသူများ ကတော့ အီစတိုဂျင်ပါသော စားဆေးကို မသုံးစွဲသင့်ပါဘူး။Failure rate ကတော့ ၇% ပါ။
#၃လခံထိုးဆေး ကတော့ ၃လတစ်ခါဆေးပုံမှန် ထိုးရုံပါပဲ။
#အရေပြားအောက်ကြိုးလေးမြှုပ်ထားရင်တော့ ၃နှစ်လောက်အထိ ခံပါတယ်။ကိုယ်ဝန်တားဆီးနှုန်းကလည်း အကောင်းဆုံးဖြစ်ပါတယ်။Failure rate ကတော့ ၀.၁% ပါ။
၂။သားအိမ်အတွင်းပစ္စည်းထည့်ခြင်း
T ပုံစံ ပစ္စည်းလေးကို သားအိမ်ထဲကို ထည့်လိုက်ရုံပါပဲ။ပစ္စည်းအမျိုးအစားပေါ်မူတည်ပြီး ၃နှစ်ကနေ ၁၀နှစ်အထိ ခံပါတယ်။သူကလည်း ကိုယ်ဝန်တားဆီးနှုန်းအတော်မြင့်ပါတယ်။Failure rate ကတော့ ၀.၁ ကနေ ၀.၄ %ပါ။
၃။အကာအကွယ်ဖြင့် ကိုယ်ဝန်တားဆီးခြင်း
အမျိုးသားဝတ်ကွန်ဒုံး၊အမျိုးသမီးဝတ်ကွန်ဒုံး၊သားအိမ်ခေါင်းစွတ်cap နှင့် သုတ်ပိုးသတ်ဆေးဆိုပြီး အမျိုး မျိုးရှိပါတယ်။ဒီနည်းလမ်းတွေကတော့ ဟော်မုန်း ဆေးတွေလောက်တော့ ကိုယ်ဝန်တားဆီးနှုန်းမကောင်းပါဘူး။Failure rate ကတော့ ၁၀%ကနေ ၂၇% ထိရှိပါတယ်။
၄။ရက်ရှောင်နည်းမှာတော့ အမျိုးသမီးရဲ့ရာသီစက်ဝန်းမှန်မှန်လာတဲ့သူဖြစ်ဖို့လိုပါတယ်။ရာသီမလာခင်၁ပတ်နဲ့ ရာသီစလာပြီး ၁ပတ် အတောအတွင်းကကိုယ်ဝန်ရနိုင်ချေနည်းသောနေ့များဖြစ်ပါတယ်။Failure rate ကတော့ ၂% မှ၂၃% ထိရှိပါတယ်။
✅အကာအကွယ်မပါပဲ လိင်ဆက်ဆံမိပြီး ကိုယ်ဝန်တားဆီးချင်ရင်တော့ အရေးပေါ်သန္ဓေတားနည်း သုံးဖို့လိုပါတယ်။စားဆေးကိုတော့ လိင်ဆက်ဆံပြီး ၃ရက်မှ ၅ရက် အတွင်းသောက်ဖို့လိုပါတယ်။စောစောသောက်နိုင်လေ ကိုယ်ဝန်တားဆီးနှုန်းပိုကောင်းလေဖြစ်ပါတယ်။ ဒါ့အပြင် T ပုံစံ ပစ္စည်းလေးကိုလည်း သားအိမ်ထဲကို လိင်ဆက်ဆံပြီး ၅ရက်အတွင်း ထည့်ထားလို့လည်းရပါတယ်။
အားလုံးကျန်းမာကြပါစေ။
ိလိုရာမေးကျန်းမာရေး
Ref:Contraception/Reproductive Health CDC
Photo credit to Rightful Owner
“ကလေးငယ်တွေမှာ တင်ပါးဆေး (Intramuscular injection)ထိုးရင် အာရုံကြောထိတတ်သလား”
ဒီနေ့မနက် ရွာဖက်ကအသိတယောက်က ဆရာမရေ သားလေးက ဖျားလို့ လွန်ခဲ့တဲ့ ၁၀ ရက်က တင်ပါးကိုဆေးသွားထိုးလိုက်တာ ခြေထောက်ကြီးတန်းပြီး လမ်းမလျောက်နိုင်တော့ဘူးတဲ့။
❓ကဲဘယ်လိုလုပ်ကြမလဲ😞
ကလေးငယ်တွေမှာ တင်ပါးဆေးထိုးပြီး အာရုံကြောထိတဲ့ ပြဿနာတွေခဏခဏတွေ့နေရတယ်။
🔺လူရဲ့ခန္ဓာကိုယ် ဖွဲ့စည်းပုံအရ ခြေထောက်ကို သွားတဲ့ အာရုံကြော (Sciatic Nerve) က အာရုံကြောမကြီးကနေထွက်လာပြီး တင်ပဆုံရိုးထဲ ကဖြတ်၍ ခြေထောက်ရဲ့ကြွက်သားတွေကို ထောက်ပံ့ပေးပါတယ်။ဒါကြောင့်ဆေးထိုးတာ နေရာ အနည်းငယ်လွဲသွားတာနဲ့ အာရုံကြောကို ထိခိုက်နိုင်ပါတယ်။
🔺ကလေးတွေ မှာက တင်ပါးကြွက်သား ဖွံ့ဖြိုးမှု့နည်းသေးတာရယ် ၊တင်ပါးအဆီ တစ်ရှုးနည်းသေးတာတွေကြောင့် လူကြီးတွေထက်ပိုပြီး အာရုံကြောထိခိုက်နိုင်ပါတယ် ။
🔺တင်ပါးထိုးဆေး တွေထဲမှာမှ ပိုးသတ်ဆေးနဲ့ အကိုက်အခဲပျောက်ဆေးတွေက အာရုံကြောထိခိုက်မှု့ကို ပိုဖြစ်စေပါတယ်။
🔺တင်းပါးဆေးထိုးခြင်းဖြင့် အာရုံကြောအားတိုက်ရိုက် ထိခိုက်စေရုံတင်မက ဆေးတွေကြောင့် အာရုံကြောယောင်ခြင်းနှင့် ဓါတ်မတည့်မှုကြောင့် အာရုံကြောယောင်ခြင်း တို့ကိုလည်း ဖြစ်စေပါတယ်။
🚨ဆေးထိုးပြီးနောက် အာရုံကြောထိရင် ဘယ်လို လက္ခဏာတွေခံစားရမှာလဲ🚨
👉ဆေးထိုးတဲ့ဘက် ခြေထောက်က ထုံလာမယ်၊ကျဥ်လာမယ်၊
👉ခြေထောက်တွေလေးလာမယ်၊ထို့နောက်မှ လမ်းမလျောက်နိုင်တော့သည်အထိ ဖြစ်နိုင်ပါတယ်။
အာရုံကြော တစ်ခုကိုထိခိုက်မိရင်တော့ပြန်ကောင်းဖို့ လပေါင်းများစွာကြာပါတတ်တယ်။
နဂိုမူလအတိုင်းပြန်ကောင်းဖို့လဲခက်ခဲပါတယ်။
ဒါကြောင့် ကလေးငယ်တွေမှာ
✅မလိုအပ်ဘဲတင်ပါးဆေးမထိုးပါနဲ့
✅ကလေးငယ်တွေမှာ မဖြစ်မနေဆေးထိုးရမည်ဆိုပါက တင်ပါးဆေး ထိုးမည့်အစား သွေးကြောထဲသို့ သာထိုးသင့်ပါသည်။
✅အသားဆေး မဖြစ်မနေထိုးရမည့်အချိန်(ဥပမာ-ကာကွယ်ဆေးများ)တွင်လည်းတင်ပါး ကိုမထိုးဘဲ လက်မောင်းနှင့် ပေါင်အရှေ့ဖက်အခြမ်းသို့ ပြောင်းလဲထိုးနှံသင့်ပါတယ်။
အားလုံးကျန်းမာကြပါစေ။
ိလိုရာမေးကျန်းမာရေး
Photo credit to Rightful Owner
😷ကိုးဗစ် ၁၉ ရောဂါတွေ ပြန်ဖြစ်နေကြတယ်ဆိုတာ သိကြမယ်ထင်ပါတယ် ။🤧
ကဲ ဒီတစ်ခါကရော ဘယ်လို အမျိုးအစားဖြစ်ပြီးဘယ်လို လက္ခဏာတွေဖြစ်တတ်လဲ ဖတ်ကြည့်ကြရအောင်။
👉ကိုးဗစ်၁၉ ဗိုင်းရပ်ပိုးက အတော်ဥာဏ်ကောင်းတဲ့ ပိုး တစ်မျိုးပါပဲ။လူအတော်များများလဲဖြစ်ပြီးပြီး ကာကွယ်ဆေးတွေလည်း လူတွေအကုန်ထိုးပြီးကြပြီဆိုတော့ သူလဲ ရုပ်အသွင်အပြင်ကို ခနခနပြောင်းရတာပေါ့။
👉ခုတစ်ခေါက်ကတော့ BA4 and BA5 လို့သိရပါတယ်။BA4 နဲ့ BA5 ကတော့ Omicron ရဲ့ မျိုးကွဲတစ်ခုဖြစ်တယ် ။၂၀၂၂ ဇန်နဝါရီကတည်းက အနည်းငယ်တွေ့ရှိနေပေမဲ့ ဇူလိုင်လဆန်း မှာတော့ကူးစက်မှုနှုန်းများလာခဲ့ပါတယ်။အခုဆိုရင်တော့ နိုင်ငံတော်တော် များများ ကို ကူးစက် ပျံ့နှံ့နေပါပြီ။
🚨ရောဂါကူးစက်နှုန်းက မြန်သလား🚨
အခုမျိုးကွဲအသစ် BA4 နဲ့ BA5 ဟာ Omicron မျိုးကွဲထက် ပိုပြီး ကူးစက်မှု့နှုန်း မြန်ပါတယ်။
🚨ရောဂါလက္ခဏာတွေကရောဘယ်လိုတွေလဲ🚨
အရင် ကိုးဗစ်၁၉ ရောဂါလက္ခဏာတွေပါပဲ ။နှာစေးမယ် ၊နှာခေါင်းပိတ်မယ်၊လည်ပင်းနာမယ်၊ချောင်းဆိုးမယ် ၊ခေါင်းကိုက်မယ်၊ဖျားမယ်၊နုံးခွေနေမယ်။အရင် Delta ပိုးအမျိုးအစားလို့ အနံ့ပျောက်တာ မျိုးတော့ မဖြစ်တတ်ဘူးလို့ပြောကြပါတယ်။ အခုထိတော့ ရောဂါလက္ခဏာတွေက သိပ်မပြင်းထန်ဘူးဆိုပေမဲ့ အရင် delta ထက်ပိုးဆိုးလာနိုင်လားကိုတော့အတိအကျ မသိသေးပါဘူး။လေ့လာနေဆဲဖြစ်ပါတယ်။
🚨အရင်ကိုးဗစ် ၁၉ ဖြစ်ဖူးရင်၊ ကာကွယ်ဆေးအပြည့် ထိုးထားရင်ရော ကူးစက်နိုင်ပါသလား။🚨
စိတ်မကောင်းစရာ ကတော့ အရင်က ကိုးဗစ် ၁၉ ဖြစ်ခဲ့ပြီးသားပဲဖြစ်ဖြစ် ၊ကာကွယ်ဆေးထိုးပြီးသားပဲဖြစ်ဖြစ် အခု BA4 နဲ့ BA5 တွေထပ်ကူးနိုင်ပါသေးတယ်။
ဒါပေမဲ့ ကာကွယ်ဆေးထိုးထားတဲ့သူတွေ မှာရောဂါပြင်းထန်မှုကတော့ လျော့ကျနိုင်ပါတယ်။
ဒီတော့…ဘာပဲဖြစ်ဖြစ် အရင်ကလိုပဲ
✅လက်ဆေးမယ်။
✅နှာခေါင်းစည်းတပ်မယ်။
✅ခပ်ခွာခွာနေကြမယ်နော် ။
အားလုံးကျန်းမာကြပါစေ။
ိလိုရာမေးကျန်းမာရေး
Photo credit to rightful owner
😖ဆီးထဲသွေးပါလာရင် ဘာတွေဖြစ်တတ်သလဲ♨️
🔺ဆီးထဲသွေးတွေပါလာရင်တော့ ပုံမှန်ဆီး အဝါရောင်ဖျော့ဖျော့ကနေ အနီရောင်ပြောင်းသွားတာကြောင့် လူတိုင်းသတိထားမိမယ်ထင်ပါတယ်။ ဆီးထဲပါလာတဲ့ သွေးပမာဏအရမ်းနည်းရင်တော့ သာမန်မျက်စိနဲ့မမြင်ရဘဲ ဆီးစစ်ကြည့်မှသာတွေ့ရတာမျိုးလည်းဖြစ်နိုင်ပါတယ်။
🔺တချို့အစားအသောက်တွေ နဲ့ ဆေးတွေက ဆီးကို အနီရောင်ဖြစ်စေပါတယ်။ အစားအသောက်တွေ ဆေးတွေကြောင့်ဖြစ်တဲ့ ဆီးနီ ခြင်းကတော့ ရက်အနည်းငယ်ကြာရင် ပျောက်သွားတတ်ပါတယ်။
🔺ဆီးအနီရောင်ပြောင်းခြင်းက သွေးပါလို့နီတာလား?တခြားကြောင့်အနီရောင် ဖြစ်တာလား ဆိုသာမန် မျက်စိနဲ့ ခွဲခြားမရနိုင်ပါဘူး။ဒါကြောင့် သေချာစမ်းသပ်စစ်ဆေးဖို့လိုပါတယ်။
🔺ဆီးထဲသွေးပါရတဲ့အကြောင်းအရင်းတွေကတော့ -
၁။ဆီးပိုးဝင်ခြင်း
၂။ဆီးကျောက်တည်ခြင်း
၃။ကျောက်ကပ်ယောင်ခြင်း နှင့် ကျောက်ကပ်ရေအိတ်တည်ခြင်း
၄။ဆီးကျိတ်ကြီးခြင်း(အမျိုးသားများတွင်)
၅။ကျောက်ကပ် နှင့် ဆီး လမ်းကြောင်းထိခိုက်ဒဏ်ရာရခြင်း
၆။လိင်ဆက်ဆံခြင်း
၇။သွေးနှင့်ပတ်သက်သောရောဂါများ ဖြစ်ခြင်း
၈။ကျောက်ကပ်၊ဆီးအိမ်၊ ဆီးကျိတ်ကင်ဆာ ဖြစ်ခြင်း
၉။အချို့သောကင်ဆာဆေးများ၊ သွေးကျဲဆေးများ
🔺ဆီးထဲသွေးပါခြင်းက သာမန်ရောဂါတွေလဲဖြစ်နိုင်သလို စိုးရိမ်စရာရောဂါတွေထိလဲဖြစ်နိုင်ပါတယ်။ဒါကြောင့် ပေါ့ပေါ့ ဆဆမနေဘဲ ဆရာဝန်နဲ့ ပြသ၍ သေချာကုသမှု့ခံယူသင့်ပါတယ်။
အားလုံးကျန်းမာကြပါစေ။
ိလိုရာမေးကျန်းမာရေး
Photo credit to Rightful Owner
🤒အဖျားကြီးရင် တက်တတ်တဲ့ ကလေးငယ်တွေအတွက် သိသင့်တာလေးများ🤱🏻
ကလေးက အဖျားကြီးပြီ တက် ပြီဆို ရင်တော့ မေမေတို့အရမ်းစိတ်ပူကြတယ်မလား။
👉အဖျားကြီးပြီးတက်တာတွေကိုတော့ အသက် ၆ လမှ ၃နှစ်အထိကလေးငယ်တွေမှာပိုတွေ့ရတယ်။
👉ဘာအကြောင်းကြောင့်ပဲဖျားဖျား အဖျား ၁၀၀.၄ လောက်ရှိရင်ကို တက်နိုင်ခြေရှိပါတယ်။
👉သာမန်ဖျားပြီးတက်တာကတော့ မိနစ်အနည်းငယ်ပဲကြာမယ်(အလွန်ဆုံး ၅မိနစ်လောက်) ၊ လက်တွေ ခြေထောက်တွေ တောင့်သွားပြီး လှုပ်ခါနေမယ်၊တက်နေတဲ့အချိန်တော့ သတိအနည်းငယ် လစ်သွားနိုင်တယ်၊ရှုးတွေပေါက်ချတာဝမ်းတွေထွက်ကျတာမျိုးလဲဖြစ်နိုင်ပါတယ်။
👉အတက်ကျသွားရင်တော့ ကလေးငယ်ဟာ မိနစ်အနည်းငယ်လောက်အိပ်ပျော်သွားနိုင်ပါတယ်။ ပြန်နိုးလာရင်တော့ အရင်လိုလန်းလန်း ဆန်းဆန်း ကြည်ကြည်လင်လင်ပါပဲ။၂၄ နာရီအတွင်းမှာ နောက်တကြိမ် လည်းထပ်မတက်တတ်ပါဘူး။
🚨ကလေး တက်နေတဲ့အချိန်ဘာတွေလုပ်ရမလဲ🚨
✅ကလေးငယ်ကိုအန္တရာယ်ကင်းတဲ့နေရာသို့ရွေ့ပါ
✅ကလေးငယ်ကို ပက်လက်ကြီးမထားပါနဲ့ ဘေးစောင်းအနေအထားလေးပြောင်းလိုက်ပါ။
✅လျာကိုက်မိမှာစိုးပြီး ကလေးပါးစပ်ထဲ ကိုဘာမှမထည့်ပါနဲ့၊ထည့်လိုက်တဲ့ ပစ္စည်းက မတော်တဆ အသက်ရှုလမ်းကြောင်းထဲပြုတ်ကျပြီး အသက်အန္တရာယ်ရှိပါတယ်။
✅အတက်ကျသွားရင်တော့ ကလေးကိုအဖျားကျအောင် အရင်လုပ်ရပါမယ်။ တစ်ကိုယ်လုံးရေပတ်တိုက်ပြီး အဝတ်ခြောက်နှင်ပြန်သုတ်ပါ၊ အဖျားကျဆေး ဒုံးကျည် လဲထည့်လို့ရပါတယ်။
🔺ပြီးရင်တော့ဖျားရတဲ့အကြောင်းအရင်းကို ရှာဖွေကုသရမှာဖြစ်တဲ့အတွက် ဆေးခန်းသွားပြဖို့လိုပါလိမ့်မယ်။
🚨အကယ်၍ ကလေးက ၅ မိနစ်ကျော်အောင်တက်နေမယ် ၊
🚨တက်တဲ့အခါ တကိုယ်လုံးမပါပဲ ခြေထောက်၊လက်တစ်ချောင်း ဒါမှမဟုတ် ခန္ဓာကိုယ်တခြမ်းပဲပါနေရင်
🚨အတက်ကျသွားပြီပေမဲ့ တကိုယ်လုံးတောင့်နေလျှင်
🚨အတက်ကျသွားပေမဲ့ သတိမရလျှင်၊ အန်လျှင်၊အသက်ရှူတာပုံမှန်မဟုတ်ရင်တော့ ဆေးရုံဆေးခန်းကို အရေးပေါ်သွားဖို့လိုပါလိမ့်မယ်။
♨️ဖျားရင်တက်တဲ့ရောဂါက ခနခန ပြန်ဖြစ်တတ်လား❓
👉ဖျားပြီးတက်ဖူးတဲ့ ကလေး ၃ယောက်မှာ တစ်ယောက်ကတော့ ဖျားတဲ့အချိန်တိုင်း တက်လေ့ရှိပါတယ်။
👉ဒါပေမဲ့ ကလေးအသက်၆နှစ်လောက်ရောက်သွားရင်တော့ ပျောက်သွားကြတာများပါတယ်။
အားလုံးကျန်းမာကြပါစေ။
ိလိုရာမေးကျန်းမာရေး
Photo credit to Rightful Owner
😟ဆီးပိုးဝင်ခြင်း😖
👉ဆီး ဆိုတာ ဘက်တီးရီးယားပိုးတွေပေါက်ဖွားဖို့အကောင်းဆုံး နေရာတစ်မျိုးဖြစ်တယ်။
👩🏻အမျိုးသမီး တွေမှာတော့ ဆီးအိမ်ကို ဆက်သွယ်ထားတဲ့ ဆီးလမ်းကြောင်း တိုတာကြောင့် အမျိုးသားတွေထက် ဆီးပိုး ပို၍ဝင်လွယ်ပါတယ်။
👨🏻အမျိုးသားတွေမှာတော့ ဘယ်အချိန်ဆီးပိုးဝင်တတ်သလဲဆိုရင် အသက်၆၀ ကျော် လာရင် ,ဆီးကျိတ်ကြီးပြီး ဆီးလမ်းကြောင့်ပိတ်ဆို့ မှု့တွေဖြစ်လာတဲ့အခါမှာတော့ ဆီးပိုးဝင်တတ်ပါတယ်။
🚨ဘယ်လိုလူတွေမှာဆီးပိုးပိုဝင်တတ်သလဲဆိုရင်
🔺ဆီးကျိတ်ကြီးတဲ့လူတွေ၊
🔺ထိခိုက်ဒဏ်ရာ ရပြီး ဆီးလမ်းကြောင်းကျဥ်းသွားတဲ့လူတွေ
🔺ဆီးပိုက်အမြဲတတ်ထားရတဲ့သူတွေ
🔺ဆီးကျောက်တည်တဲ့လူတွေ
🔺ဆီးလမ်းကြောင်းခွဲစိတ်မှုပြုလုပ်ထားသူတွေ
🔺အမျိုးသမီးတွေမှာ သားအိမ်ကျွံခြင်းဖြစ်တဲ့သူတွေ
🔺ဆီးချို ရှိသူတွေ
🔺ရာသီသွေးဆုံးသွားတဲ့အမျိုးသမီးတွေ မှာအဖြစ်များပါတယ်။
😟ဘယ်လိုတွေခံစားရမှာလဲ😖
😩ဆီးခနခန သွားချင်လာမယ်၊
😖ဆီးသွားရင်အားမရသလိုဖြစ်မယ်၊
😖ဆီးသွားရင် ဆီးသွားတဲ့နေရာက နာမယ် ကျင်မယ်၊ ပူမယ်
😖ဆီးခုံနေရာကလည်းနာတတ်တယ်
😖ဆီးအရောင်နောက်လာပြီး အနံ့အသက်ဆိုးလာမယ်
အဲ့ဒါကတဆင့် ဘက်တီးရီးယားပိုးတွေ ကျောက်ကပ်ထိ ရောက်သွားရင်
🔺ချမ်းတုန်ဖျားမယ်
🔺ခါးနာမယ်
🔺အန်မယ်
🔺ဗိုက်တွေနာမယ်
ပိုဆိုးသွားရင်ပိုးဆိပ်ပျံ့တဲ့လက္ခဏာတွေပါဖြစ်တတ်ပါတယ်။
👉ဒါကြောင့် ဆီးပိုးဝင်ခြင်းကို နောက်ဆက်တွဲတွေမဖြစ်ခင်သေချာကုသရပါမယ်။ဆရာဝန်နဲ့တိုင်ပင်ပြီး ပိုးသတ်ဆေးသောက်ရပါမယ်။
ခဏခဏ ဆီးပိုးဝင်တတ်တဲ့သူတွေဘယ်လိုနေထိုင်ရမလဲ
✅ရေများများသောက်ပါ တစ်နေ့ အနည်ဆုံး ၂ လီတာသောက်ပါ။
✅ဆီးသွားချင်လျှင်အောင့်မထားပါနဲ့ ပုံမှန်ဆီးသွားပါ
✅ဆီးသွားပြီးတိုင်းသန့်ရှင်းပါ ။
✅အတွင်းခံများကိုသေချာလျော်ဖွတ်ပါ
✅လိင်မဆက်ဆံမီနှင့်ဆက်ဆံပြီး တိုင်း ဆီးသွားပါ ။
အားလုံးကျန်းမာကြပါစေ။
ိလိုရာမေးကျန်းမာရေး
Photo credit to Rightful Owner
🍒🥬🍖အာဟာရပြည့်ဝစွာ စားကြမယ်🍳🥗🍚
✅အစာအာဟာရဆိုတာ လူတွေအတွက်အရေးကြီးပါတယ်။
🍖ဒါပေမယ့် အသားတွေချည်စားနေမှအာဟာရဓါတ်ပြည့်ဝတာမဟုတ်ပါဘူး။ရွေးချယ်စားတတ်ရပါမယ်။
🔹အာဟာရဓါတ်များကို အကြမ်းဖျဥ်းအားဖြင့် အုပ်စု (၃)ခုခွဲထားပါတယ် ။
👉အုပ်စု (၁) ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသော အစာအုပ်စု၊
👉အုပ်စု (၂) အင်အားဖြစ်ထွန်းစေသော အစာအုပ်စုနဲ့
👉အုပ်စု (၃)ရောဂါအမျိုးမျိုးတွေကနေ ကာကွယ်ပေးတဲ့ အစာအုပ်စုတွေပဲဖြစ်ပါတယ်။
အုပ်စု 1️⃣
🍖ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသော အစာအုပ်စုဖြစ်ပြီး ပရိုတင်း(ခေါ်) အသားဓါတ် ပါဝင်တဲ့ အစားအစာများဖြစ်ပါတယ်။
💪လူသားများရဲ့ ခန္ဓာကိုယ်ကြီးထွားရန်နှင့် ဉာဏ်ရည်ဖွံ့ ဖြိုးရန်အတွက် အရေးကြီးတဲ့ ဓာတ်တစ်ခုဖြစ်တာကြောင့် နေ့စဉ်စားသုံးတဲ့ အစာအစားတွေမှာ ဒီအစားအစာတွေ တစ်မျိုးမဟုတ်တစ်မျိုး ပါဝင်နေဖို့ လိုအပ်ပါတယ်။
🥜အသားဓာတ်ကို တိရစ္ဆာန်မှရတဲ့ အသားတွေက ရနိုင်သလို၊ ပဲအမျိုးမျိုးမှလည်း ရနိုင်ပါတယ်။ ပဲအမျိုးမျိုးလို့ ပြောတဲ့အခါမှာတော့ ပဲအားလုံး (ပဲကြီး၊ ပဲနောက်၊ ကုလားပဲ၊ ပဲစဉ်းငုံ၊ ပဲတီစိမ်း၊ ပဲလွန်း၊ ပဲထောပတ်၊ မြေပဲ . . . . . . အစရှိတဲ့ ) ပါဝင်ပါတယ်။
🍢ဒါတင်မက ပဲတွေနဲ့ပြုလုပ်ထားတဲ့ မုန့်ပဲသွားရေစာတွေနဲ့ ပဲပြား၊ တို့ဟူး စတာတွေ အားလုံးပါဝင်ပါတယ်။
🥛နို့နှင့် နို့ထွက် အစားအစာတွေကနေ အရိုးတွေကို ကျန်းမာ၊ ကြံ့ခိုင်စေတဲ့ ထုံးဓာတ် (ခေါ်) ကယ်လ်စီယမ်ဓာတ်တွေလည်း ပေါများစွာ ရရှိစေနိုင်ပါတယ်။
အုပ်စု 2️⃣
🤩အင်အားဖြစ်ထွန်းစေသော အစာအုပ်စုဖြစ်ပြီး ကာဗွန်ဟိုက်ဒြိတ်ဓါတ် (သို့မဟုတ်) ကစီဓါတ်ပါဝင်တဲ့ အစားအစာတွေဖြစ်ပါတယ်။
👉အဲဒီဓာတ်ဟာ လူသားတွေရဲ့ လှုပ်ရှားသွားလာရာမှာလိုအပ်တဲ့ စွမ်းအင်ကို ပေးနေတာဖြစ်ပါတယ်။
🍚အဲဒီဓာတ်ကို နေ့စဉ်စားသုံးနေတဲ့ ထမင်းအပြင် ဆန်မှုန့်၊ ပြောင်းမှုန့်၊ ကောက်ညှင်းမှုန့်၊ ဂျုံမှုန့်တို့နှင့် ပြုလုပ်ထားတဲ့ အစားအစားတွေ၊ မုန့်တွေအပြင် ပေါင်မုန့်၊ ဘီစကွတ်၊ နံပြား စတာတွေကနေလည်း ရနိုင်ပါတယ်။
🌽ဒါအပြင် ဆီ၊ ထောပတ်၊ ခေါက်ဆွဲ၊ အာလူး၊ ကန်စွန်းဥ၊ ပိန်းဥ၊ ပြောင်းဖူး၊ ထန်းလျက်ခဲ၊ ကြံသကာ၊ သကြား စတဲ့ အစားအစာတွေကနေလည်း ရနိုင်ပါတယ်။
အုပ်စု 3️⃣
🙅🏻♂️🙅🏻♀️ရောဂါအမျိုးမျိုးတွေကနေ ကာကွယ်ပေးတဲ့ အစာအုပ်စု ဖြစ်ပါတယ်။ လူတွေကို ရောဂါဘယတွေ မကျရောက်စေဖို့နဲ့ ကိုယ်ခံစွမ်းအားကောင်းနေစေဖို့အတွက် လိုအပ်တဲ့ဓါတ်ကတော့ ဗီတာမင်နှင့် သတ္တုဓါတ်ပဲ ဖြစ်ပါတယ်။
🍒အဲဒီဓါတ်ပါဝင်တဲ့ အစားအစာတွေကတော့ ဟင်းသီးဟင်း ရွက်မျိုးစုံနဲ့ အသီးအနှံမျိုးစုံပဲ ဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေဟာ ရောဂါကာကွယ်နိုင်စွမ်းရှိသလို ကူးစက်တတ်တဲ့ ရောဂါတွေရဲ့ အန္တရာယ်ကနေလည်း ကာကွယ်နိုင်စွမ်း ရှိတာဖြစ်ပါတယ်။
🥬အရိုးတွေကို ကျန်းမာ၊ ကြံ့ခိုင်စေတဲ့ ထုံးဓာတ် (ခေါ်) ကယ်လ်စီယမ်ဓာတ်တွေဟာ ဟင်းသီးဟင်းရွက်တွေမှာလည်း များများစားစား ကြွယ်ဝစွာ ပါဝင်နေပါတယ်။
🔹အာဟာရမျှတစေဖို့ နေ့တိုင်းစားနေကျ အစာထဲမှာ အပေါ်မှာပြောထားတဲ့ အစာအုပ်စု (၃) ခုလုံး ပါဝင်အောင် စားနိုင်ရင် အကောင်းဆုံးပါပဲ။
👶🏻👧🏻နိုင်ငံရဲ့ အနာဂတ်လေးများဖြစ်ကြတဲ့ ကလေးငယ်တွေကိုလည်း အဟာရပြည့်ဝ ကျန်းမာသော ကလေးငယ်များဖြစ်စေဖို့ အစာအုပ်စု (၃)စုလုံး မျှမျှတတပါဝင်အောင် ကျွေးပေးကြပါစို့။
အားလုံးကျန်းမာကြပါစေ။
ိလိုရာမေးကျန်းမာရေး
Photo credit to Rightful Owner
😬အလှပျက်စေတဲ့ အမာရွတ်ကြီး😨
👉ထိခိုက်ဒဏ်ရာရလို့ အနာဖြစ်သွားတဲ့နေရာမှာ ရုပ်ဆိုးဆိုး အမာရွတ်အကြီးကြီးတွေ ကျန်နေတာကို တွေ့ဖူးကြပါလိမ့်မယ်။
🔺အဲ့ဒီအမာရွတ်အကြီးကြီးတွေကို ကီးလွိုက် (Keloid Scar) လို့ခေါ်ပါတယ်။
🔺Keloid က ဒဏ်ရာ အကြီးကြီးရတဲ့ နေရာမှာချည်မဟုတ်ပါဘူး တခါတစ်လေ အကောင်ကိုက်တာလေး၊ဝက်ခြံထွက်ခဲ့တဲ့နေရာလေးတွေ၊နားဖောက်တဲ့နေရာတွေ၊လက်နဲ့ ကုတ်မိ ခြစ်မိတဲ့နေရာတွေမှာပါဖြစ်လာတတ်ပါတယ်။
အဲဒီKeloid တွေက
🚨အသက်၃၀ အောက်တွေ
🚨လူမည်း(အာဖရိကအနွယ်) တွေ မှာပိုဖြစ်တယ်၊
🚨မျိုးရိုးထဲမှာ Keloid ဖြစ်ဖူးရင် ကိုယ်မှာဖြစ်ဖို့ရာခိုင်နှုန်းများပါတယ်။
✅အဲ့ဒီ Keloid က တစ်ယောက်နဲ့တစ်ယောက်မကူးစက်နိုင်သလို့ ကင်ဆာအဖြစ်လဲမပြောင်းလဲနိုင်ပါဘူး။အမာရွတ်ကြီးတော့ ရုပ်ဆိုးဆိုးကြီးတော့ဖြစ်နေတာပေါ့။
👉ကိုယ်မှာ အဲ့လို အမာရွတ်ကြီးတွေဖြစ်တတ်တယ်ဆိုရင်
🔹တတ်နိုင်သလောက်ဒဏ်ရာမရအောင်နေပါ၊
🔹နားဖောက်တာတွေ၊တက်တူးထိုးတာတွေ လဲရှောင်သင့်ပါတယ်။
🔹အနာတရ ဖြစ်ရင်တော့ အမာရွတ်မဖြစ်ခင် Silicone gelပါတာမျိုးတွေလိမ်းလို့ရပါတယ်။
💉Keloid တွေက ခွဲစိတ်ပြီးလည်းပြန်ဖြစ်တတ်တဲ့အတွက် ကျွမ်းကျင်တဲ့ ခွဲစိတ်ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
အားလုံးကျန်းမာကြပါစေ။
ိလိုရာမေးကျန်းမာရေး
Keloid Scar:Mayo Clinic
Photo credit to Rightful Owner
😵💫“ရာသီမမှန်ခြင်း”🌷
ဒီပြသနာကတော့ chat box မှာ ခဏခဏ မေးခံရတဲ့ မေးခွန်းပဲဖြစ်ပါတယ်။
👩🏻ပုံမှန်အမျိုးသမီးတစ်ယောက်ဟာ ၂၈ ရက်တစ်ခါ ဓမ္မတာ လာပါတယ်။
👉၂၈ ရက်တခါမလာလို့ ရာသီမမှန်ဘူးလို့လည်းပြောလို့မရပါဘူး။
👉တခါတလေ ၄,၅ ရက်လောက်ထိ စောလာတာ နောက်ကျလာတာဖြစ်နိုင်ပါတယ်။
✅အီစတိုဂျင်,ပရိုဂျက်စထရုန်း နဲ့ FSH ဆိုတဲ့ ဟော်မုန်းတွေကတော့ ရာသီစက်ဝန်းကို ထိန်းညှိပေးနေတဲ့ဟော်မုန်းတွေဖြစ်တယ်။ဒီဟော်မုန်းတွေ အနည်းအများဖြစ်သွားရင် ရာသီလာတာမမှန်တော့ပါဘူး။
🗒ဘယ်အချိန်တွေမှာ ရာသီမမှန်တတ်လဲ
🔺အမျိုးသမီးများ အပျိုဖော်ဝင်စအချိန်
🔺ရာသီသွေးဆုံးခါနီးအချိန်
🔺ကိုယ်ဝန်ရှိနေချိန်
🔺နို့တိုက်နေချိန်
🔺သန္ဓေတားဆေး အသုံးပြုနေချိန်
🔺စိတ်ဖိစီးမှု့ အရမ်းများနေသောအချိန်
🔺လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်သူများ
🔺ကိုယ်အလေးချိန်ချ နေသူများ
ဒီအခြေအနေတွေကတော့ ခဏတာရာသီမမှန်တာတွေပဲဖြစ်စေပါတယ်။
👉ရက်ရှည် ရာသီမမှန်တာဖြစ်တတ်တဲ့သူတွေကတော့
🔺သာဥအိမ်ရေအိတ်တည်တဲ့ရောဂါရှိသူတွေ(PCOS)
🔺လည်ပင်းကြီးရောဂါရှိသူတွေ
🔺ဆီးချိုရောဂါ အမျိုးအစား၁ ရှိသူတွေ နဲ့
🔺နာတာရှည်ရောဂါ ရှိသူတွေ ဖြစ်ပါတယ်။
🚨ရာသီစက်ဝန်းမမှန်တာကြောင့် မမျိုးဥကြွေချိန်မမှန်တဲ့အတွက် ကလေးရဖို့လဲ ခက်ခဲတာမျိုးလည်းဖြစ်နိုင်ပါတယ်။
✅ဒါကြောင့် ရာသီမမှန်တာ လချီကြာနေရင်/တခြားသော ပုံမှန်မဟုတ်တဲ့ လက္ခဏာများ ခံစားနေရရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီးစမ်းသပ်မှု့တွေ လုပ် သင့်ပါတယ်။
အားလုံးကျန်းမာကြပါစေ။
ိလိုရာမေးကျန်းမာရေး
REF: What to know about irregular periods,Medical News Today
Photo credit to Rightful Owner
🔺အသည်ရောင်အသားဝါ ဘီ(B)ပိုးအကြောင်း🔺
👉အသည်းရောင်းအသားဝါဘီပိုး ရောဂါဘယ်လိုမျိုးကူးစက်တာလဲ
🚨အသည်းရောင်အသား ဝါBပိုးရှိသောမိခင်မှ သန္ဓေသားကိုကူးစက်ခြင်း
🚨ရောဂါပိုးပါသောသွေးမှတဆင့်ကူးစက်ခြင်း
🚨မသန့်ရှင်းသောဆေးထိုးအပ်များမှတဆင့်ကူးစက်ခြင်း
🚨ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံရာမှကူးစက်ခြင်း
ဆိုပြီး အမျိုးမျိုးရှိပါတယ်။
😵💫B ပိုးကူးစက်ခံရသူ ၁၀ ယောက်မှာ ၈ယောက်ဟာ ၆ လအတွင်းမှာ ရောဂါ ပျောက်ကင်းနိုင်ပါတယ် ။ ကျန်တဲ့၂ ယောက်ကတော့ နာတာရှည် အသည်းရောဂါတွေဖြစ်နိုင်ပါတယ် ။
👉အသည်းရောင်အသားဝါB ပိုးရဲ့နောက်ဆက်တွဲ တွေကတော့
🔹နာတာရှည်အသဲရောင်ခြင်း
🔹အသည်းခြောက်ခြင်းနှင့်
🔹အသည်းကင်ဆာ ဖြစ်ခြင်းတို့ဖြစ်ပါတယ်။
💉အသည်းရောင်အသားဝါ B ပိုးက ကာကွယ်ဆေးထိုးထားခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ပါတယ်။
💉အသည်းရောင်အသားဝါကာကွယ်ဆေးကို မွေးခင်စကလေးမှစ၍ အသက်အရွယ်မရွေးထိုးလို့ရပါတယ်။
💉ပုံမှန်အားဖြင့်အသည်းရောင်အသားဝါ B ကာကွယ်ဆေး၃ကြိမ် ထိုးရပါတယ်
🗒ကာကွယ်ဆေးထိုးပြီး ပဋိဓါတ် (antibody)ပေါ်မပေါ် (ကာကွယ်ဆေး အောင်/မအောင်)သိချင်ရင်တော့ ကာကွယ်ဆေးအားလုံးထိုးပြီး ၁လအကြာတွင် စစ်ကြည့်လို့ရပါတယ်။
✅ရောဂါပိုးကူးစက်ခံထားရသူများအနေနဲ့လည်း ကအစွမ်းထက်သောဆေးဝါးတွေ ပေါ်နေပြီဖြစ်လို့ ဆရာဝန်နှင့် စောစီးစွာ တိုင်ပင်ကုသသင့်ပါတယ်။
အားလုံးကျန်းမာကြပါစေ။
ိလိုရာမေးကျန်းမာရေး
Photo credit to Rightful Owner
🐒 အခုတလော လူပြောများနေတဲ့ “မျောက်ကျောက်ရောဂါ(Monkeypox)”🐵
🙉မျောက်ကျောက်ရောဂါ ကတော့ မျောက်ကျောက်ရောဂါဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး တိရစ္ဆာန် ကနေတဆင့်ကူးစက်တဲ့ ရောဂါတစ်မျိုးဖြစ်တယ်။
🙉ရောဂါအရင်းခံကတော့ အာဖရိကအလယ်ပိုင်းနဲ့ အနောက်ပိုင်း ကနေ စပြီး မျောက်၊ကြွက်၊ရှဥ့်စတဲ့ တိရစ္ဆာန်တွေကတဆင့် ကူးစက်ပြန့်ပွားလာခဲ့ပါတယ်။
🙉၂၀၂၂ မေလမှာတော့ နိုင်ငံအတော်များများမှာတွေ့ရှိလာပါတယ်။
🔺ကူးစက်ပုံ🔺
👉ရောဂါပိုးကူးစက်ခံထားရတဲ့ တိရစ္ဆာန် သို့မဟုတ် လူရဲ့ သွေး ၊ကိုယ်တွင်းမှထွက်သောအရည်၊ အနာသို့မဟုတ် အရေပြား အပွန်းအပဲ့တွေနဲ့ ထိတွေ့ခြင်းမှလည်း ကူးစက်နိုင်တယ်။
👉ရောဂါပိုးရှိတဲ့ တိရစ္ဆာန်အသားတွေကို သေချာမချက်ဘဲ စားမိရင်လည်းကူးစက်နိုင်ပါတယ်
👉တခြားကူးစက်တဲ့နည်းလမ်းတွေကတော့ အသက်ရှုလမ်းကြောင်းမှတဆင့်
👉ကိုယ်ဝန်ဆောင်မိခင်မှကလေးကို အချင်းမှတဆင့် ကူးစက်နိုင်ပါတယ်
ရောဂါလက္ခဏာတွေကတော့
🚨အဖျားတက်လာမယ်
🚨ခေါင်းကိုက်မယ်
🚨ကြွက်သားတွေနာမယ်
🚨နုံးခွေမယ်
🚨အကျိတ်တွေ ကြီးလာမယ်
🚨ဖျားပြီး ၃ရက်လောက်မှာ မျက်နှာ၊ခြေဖဝါး လက်ဖဝါးတွေမှာ အနီကွက်တွေထွက်လာမယ်။
🚨ပါးစပ်တွေ မျက်လုံးတွေ မျိုးပွားအဂါတွေမှာ အနာတွေဖြစ်လာမယ်။ အနီကွက်တွေမှ အရေကြည်ဖု၊ ပြည်တည်နာတွေအဖြစ် ပြောင်းသွားမယ်။
✅မျောက်ကျောက်ရောဂါဟာ ပုံမှန်အားဖြင့် ၂ပတ်မှ တစ်လအတွင်း ရောဂါအလိုလို ပျောက်ကင်းပါတယ်။
🚨ကိုယ်ခံအားနည်းတဲ့သူတွေမှာတော့ ရောဂါပိုမိုးဆိုးရွားပြီး အသက်သေဆုံးနိုင်တဲ့အထိဖြစ်နိုင်ပါတယ်။
🔹ရောဂါကုသမှု့အနေနဲ့ကတော့
👉ဗိုင်းရပ်စ် သတ်ဆေး တစ်မျိုးတော့တွေ့ရှိထားပါတယ်။
👉အရည်များများသောက်ရမယ်။
👉အားရှိတဲ့အစားအစာတွေစားရမယ်
👉အနာကိုသန့်ရှင်းအောင် ပိုးမဝင်အောင်ထားရမယ်
👉ဖျားလျှင်အဖျားပျောက်ဆေးသောက်လို့ရပါတယ်။
👉ကာကွယ်ဆေးအနေနဲ့ကတော့
ကျောက်ကြီး(small pox)ကာကွယ်ဆေးထိုးထားတဲ့သူတွေမှာ မျောက်ကျောက်ရောဂါကို ၈၅ ရာနှုန်းထိ ကာကွယ်တယ်။
ကာကွယ်ဆေးအသစ်တွေလဲ ပေါ်နေပြီဖြစ်ပါတယ်။
အားလုံးကျန်းမာကြပါစေ။
ိလိုရာမေးကျန်းမာရေး
Photo credit to Rightful Owner
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay
၈၅Eလမ်း , ၃၁x၃၂ ကြား ၊ မလွန်ရပ် ၊ ချမ်းအေးသာစံမြို့နယ် ၊ မန္တလေးမြို့
Mandalay, 05024
ကေလးသူငယ္နာေရာဂါမ်ားကိုအမွန္တကယ္ေ?
42 Street Between 82nd And 83rd Streets
Mandalay, 05031
Accurate results and reports are our first priority.
No 5/85 64th Street Between 41st And 43nd Street Maharaungmyae Township
Mandalay, 05032
19st Between 65x66
Mandalay, 11111
အမျိုးသားတို့ အဖိုးထားရာ နန်းလုံးကြိုင် နန်းတွင်းသုံးဆေးကြီး
30th Street , Between 63×64 Streets
Mandalay, 05024
Accuracy, Timeliness, Expertise, and Passion to Care
Unit 5, Block 3, Mingalar Mandalay Estate, Bet 73 X 74 St, Bet Mingalar 2 & 107 St, Chan Mya Tharzi Township
Mandalay, 05041