PAHG Holding Company Limited

PAHG Holding Company Limited

PAHG Holding Company Limited

11/12/2023

က​လေး "ကိုယ့်အားကိုယ်ကိုးတဲ့စိတ်ဓာတ်" ဖြစ်လာ​အောင်
*စာရှည်နိုင်သည်*

လိပ်ပြာလေးအကြောင်း သင်ချင်တဲ့ ဆရာတစ်ယောက် က ကလေးငယ်တွေကို သစ်ပင်တစ်ပင်အောက် ခေါ်သွားတယ်။အဲဒီသစ်ပင်ရဲ့ သစ်ကိုင်းလေး တစ်ကိုင်းမှာ အဖြူရောင် ခြည်လုံးလေးတစ်လုံးနဲ့တူတဲ့ အလုံးကလေး တွယ်ကပ် နေတာကို ဆရာကပြတယ်။ ကလေးတွေက စိတ်ဝင်တစား အနီးကပ်ပြီး ကြည့်ကြတယ်။ ကလေးတွေက သိပ်စိတ်ဝင်စားကြတယ်။အဲဒီအဖြူလုံးလေးထဲက အကောင်လေးဟာ ဥအိမ်ကလေးထဲကအတင်းတိုးထွက်နေတာကို ကလေးတို့တွေ့ရတယ်။ ဒီတော့ ကလေးတွေပိုစိတ်ဝင်စားတာပေါ့။ဆရာက `ကလေးတို့ဥအိမ်လေးကို သေသေချာချာ ကြည့်ရှု လေ့လာကြပါ`လို့မှာပြီး စာသင်ခန်းထဲမှာကျန်နေတဲ့ စာအုပ်တစ်အုပ် သွားယူတယ်။​ေလ့လာကြည့်ရှုနေတဲ့ ကလေးတွေထဒကကလေးတစ်ယောက်ဟာ ကြည့်နေရင်းအတင်းဆိုးထွက်ဖို့ ကြိုးစားနေတဲ့ အကောင်ကလေးကို သနားလာတယ်။ ဒီတော့ အကောင်လေးအပြင်ကို လွယ်လွယ် ကူကူထွက်လာနိုင်အောင် ဘယ်လိုကူညီရမလဲစဥ်းစားတယ်။ ပြီးတော့ သူ့မှာပါလာတဲ့ ကတ်ကြေးငယ်ငယ်လေးနဲ့ ဥအိမ်အပေါက်ကလေးကို ပိုကျယ်လာအောင်ချဲ့ပေးလိုက်တယ်။အဲဒီတော့ အထဲက အကောင်လေးဟာ အတင်းထိုးထွက်ပြီး လေထဲကို ပျံတက်သွားတယ်။ အတောင်လေးတွေမှာ အရောင်တွေစုံနေတဲ့ လိပ်ပြာလေးတစ်ကောင် ဥအိမ်ထဲက ထွက်လာတာတွေ့တော့ ကလေးတွေ သိပ်သဘောကျတယ်။ လိပ်ပြာလေးကို လိုင်ကြည့်ကြတယ်။ လေထဲမှာ ခဏပျံဝဲပြီး လိပ်ပြာလေးဟာ မြေကြီးပေါ်ကျပြီး `မြေကြီးပေါ်မှာ ယက်ကန်ယက်ကန် ဖြစ်နေတာ တွေ့ရတယ်။ခဏကြာတော့ မြေမှုန့်တွေထဲမှာ ရုန်းကန်ရင်း လိပ်ပြာလေး သေသွားတာ တွေ့ရတယ်။

အခြေအနေကိုသိသွားတဲ့ ဆရာက ကလေးတွေကို `လိပ်ပြာကလေး ဘာကြောင့်သေ သွားတာလဲ `လို့မေးပါတယ်။ ကလေးတွေက `ပြုတ်ကျလို့ သေတာ `လို့ ဖြေကြပါတယ်။

လိပ်ပြာကလေး ဥအိမ်ထဲက ထွက်နိုင်အောင်ဘာလုပ်နေတာတွေ့သလဲ လို့ ဆရာကမေးပါတယ်။` တိုးထွက်နေပါတယ်`လို့ ကလေးတွေက ဖြေကြပါတယ်။

`ဘာဆက်ဖြစ်သလဲ`လို့ ဆရာက မေးပါတယ်။ ဒီတော့ လိပ်ပြာကလေးထွက်နိုင်အောင် အပေါက်ကို ချဲ့ပေးလိုက်တဲ့ကလေးက `သား လိပ်ပြာလေးကို သနားလို့ သူ သက်သက်သာသာနဲ့ထွက်နိုင်အောင် အပေါက်ကို ချဲ့ပေးလိုက်တာပါ`လို့ ပြောတယ်။

ဒီတော့ ဆရာက ` သားက လိပ်ပြာကလေးကို သက်သက် သာသာနဲ့ ထွက်လာစေချင်တယ်ဆိုတဲ့ ကူညီချင်တဲ့စိတ်ထားက သိပ်ကောင်းတဲ့စိတ်ကူး ဖြစ်တယ်။ ဒါပေမဲ့ အဲဒီလို ကူညီလိုက်တဲ့အတွက် လိပ်ပြာလေးသေ သွားတာ`လို့ ပြောလိုက်တော့ ကလေးတွေ နားမလည်နိုင် ဖြစ်သွားကြတယ်။

ဒီတော့ ထွက်ပေါက်ကျယ်အောင် စေတနာနဲ့ချဲ့ပေးလိုက်တဲ့ကလေးက `ဆရာ သားကသူ့ကိုကူညီတာကြောင့် သူက ဘာလို့​သေ သွားရတာလဲလို့ မေးပါတယ်။

ဆရာက ရှင်းပြပါတယ်။ သားက စေတနာနဲ့ကူညီတာကောင်းပါတယ်။ ဒါပေမဲ့ လိပ်ပြာလေးဟာ ဥအိမ်ထဲကနေ အဆင်သင့်မဖြစ်မီ အပြင်လောကထဲ ရောက်သွားတော့ လောကဓံကို ကြံ့ကြံ့မခံနိုင်သေးဘူး။ ဒါကြောင့် ခဏပျံဝဲပြီး ပြုတ်ကျ သေ သွားတာပေါ့။ လိပ်ပြာကလေးဟာ သူ့အားသူကိုးပြီး ဥအိမ်လေးထဲကနေ အတင်းတိုးထွက်ဖို့ ကြိုးစားရုန်းကန်တဲ့အခါ သူ့ရဲ့ ကိုယ်ခန္ဓာဟာ ပိုသန်မာလာတယ်။ နောက်ဆုံး အသန်မာ အရင့်ကျက်ဆုံးအဆင့်ရောက်တော့ သူ့မှာရှိတဲ့ အင်အားကို အစွမ်းကုန်သုံးပြီး တိုးလိုက်တဲ့အခါ ဥအိမ်ကလေး ပွင့်သွားတယ်။ အဲဒီအချိန်မှာ qထွက်လာတဲ့ လိပ်ပြာကလေးရဲ့ အရောင်အသွေးတွေက ပိုတောက်ပတယ်။ ပျံနိုင်စွမ်းအားလည်း ပိုကောင်းတယ်။ ကောင်းကောင်း သန်မာရင့်ကျက်ပြီးမှ ထွင်လာတဲ့အတွက် အပြင်လောကမှာလည်း ကြံ့ကြ့ံခံနိုင်တယ် လို့ ဆရာက ရှင်းပြပါတယ်။

"လိပ်ပြာကလေးလို ကြ့ံကြ့ံခံနိုင်ဖို့ ဘာလုပ်ဖို့ လိုသလဲ " လို့ ဆရာက ကလေးတွေကို မေးပါတယ်။ ကိုယ့်အားကိုယ်ကိုး ကြိုးစားအားထုတ်ရမယ်လို့ ကလေးတွေက ပြန်​ဖြေနိုင်ကြပါတယ်။

ဒီ ဖြစ်ရပ်ကလေးဟာ သားသမီးတွေ ကို သိပ်ချစ်တဲ့ မိဘ၊ သိပ်ချစ်လို့ သားသမီးတွေ ကို လိုလေသေးမရှိအောင် လိုက်ကူညီပေးတတ်တဲ့ မိဘတွေ အတွက် အထူးသတိပေးနေတဲ့ ဖြစ်ရပ်ကလေးဖြစ်ပါတယ်။ ကလေးကိုချစ်တော့ ကလေးမပင်ပန်းအောင် ၊ ကလေးသက်သာအောင် ဆိုတဲ့စေတနာကောင်းနဲ့ တတ်နိုင်သမျှ ကူညီပေးကြပါတယ်။ ကလေးတွေသူတို့ဘာသာ လုပ်နိုင်တာတွေကိုတောင် လူကြီးမိဘတွေက ကူညီလုပ်ပေးတတ်ကြပါတယ်။ ဥပမာ ကလေးရဲ့လွယ်အိတ်ကအစ မိဘက လိုက်ကူသယ်ပေးတာတို့၊ ကလေးရေးရမယ့်စာကို မိဘက ကူညီရေးပေးတာတို့ စတာတွေလုပ်ပေးကြပါတယ်။ ကိုယ်တိုင်လုပ်နိုင်တာကို လူကြီးမိဘ တွေက ဝိုင်းကူလုပ်ပေးနေတော့ လးကြီးရဲ့အကူအညီကို နေရာတိုင်းမှာ ရချင်တဲ့စိတ်က ကလေးတွေမှာ ဖြစ်လာပါတယ်။ အဲဒီကနေ ပိုဆိုးတဲ့အကျင့် တွေရလာပါတယ်။ ကိုယ်နိုင်တာကိုတောင် ကိုယ်မလုပ်ချင်တော့တဲ့စိတ် ဖြစ်လာပါတယ်။ အရာရာလူကြီးမိဘက လုပ်ပေးစေချင်တဲ့စိတ်တွေဖြစ်လာပါတယ်။ တစ်နည်းပြောရရင် ကိုယ့်အားကိုယ်ကိုးချင်တဲ့စိတ် မရှိတော့ပါဘူး။ဒီအလေ့အကျင့်ကြောင်​​့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချတဲ့စိတ်လည်း ဖြစ်မလာတော့ပါဘူး။ ကိုယ်ကိုယ်ကိုယ် ယုံကြည်မှု မရှိတဲ့ကလေး၊ နေရာတိုင်းမှာ သူတစ်ပါးကိုသာအားကိုးတဲ့စိတ်ဖြစ်နေတဲ့ ကလေးဟာ နဖူးတွေ့ ဒူးတွေ့ ပတ်ဝန်းကျင် လောကထဲဝင်တဲ့အခါ အခက်အခဲတွေ အများကြီး ကြုံလာရပါတော့တယ်။ လူတော မတိုးရဲတော့ပါဘူး။

တကယ့်ဖြစ်ရပ်ကလေးတစ်ခုကို ပြောပြချင်ပါတယ် ။ နာမည်ကြီးကျောင်းမှာထားပြီး ကလေးရဲ့လွယ်အိတ်၊ ထမင်းချိုင့် စတာတွေကို လူကြီးကလွယ်ပြီး ကျောင်းကြိုပ့ု့လုက်နေတဲ့မိခင်တစ်ဦးရဲ့အဖြစ်ပါ။ အမေက ကျောင်းအဝင်ဂိတ်ဝနားအထိ လွယ်အိတ်၊ ထမင်းချိူင့်တွေကိုလွယ်ပြီး လိုက်ပို့ပါတယ်။ ကလေးကကျောင်းဂိတ်ဝကနေ စာသင်ခန်းအထိ သူ့ပစ္စည်းသူ သယ်ရပါတယ်။ အဲဒီတော့ ကလေးက `မေမေ ဒီနားက ရပ်ကြည့်နေနော်။ ဘယ်မှမသွားနဲ့`လို့ ပြောရင်း အမေရှိနေသေးသလားဆိုတာ နောက်ပြန်တကြည့်ကြည့်နဲ့ အတန်းထဲ ဝင်သွားတဲ့ကလေးမျိုးတွေ ရှိနေပါတယ်။ ဒီလိုကလေးတွေဟာ လောကကို ရင်ဆိုင်နိုင်တဲ့ အစွမ်းသတ္တိတွေ၊ ကြံ့ခိုင်မှုတွေ ဘယ်ကရနိုင်မှာလဲ။ လိပ်ပြာကလေး ခဏပျံဝဲပြီး ​မြေပေါ်ပြုတ်ကျတာမျိုး မဖြစ်နိုင်ဘူး လား။ လောကနဲ့ထိတွေ့ရင်ဆိုင်တဲ့နေရာမှာ လူကြီးမိဘတွေက အစစအရာရာ လိုက်လုပ်မပေးနိုင်ပါဘူးး။ ကလေးတွေဟာ အချိန်တန်ရင် သူတို့ဘဝ သူတို့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ မလွဲမသွေ ကြုံတွေ့ရမယ့် လောကသဘာဝ အခက်အခဲတွေ ၊ စိန်ခေါ်မှုတွေကို ကိုယ်တိုင်ရင်ဆိုင်ဖြေရှင်းကျော်လွှားနိုင်တဲ့ စွမ်းရည် သတ္တိ တွေ ရှိဖို့လိုပါတယ်။ အဲဒီ အစွမ်းသတ္တိတွေကို ငယ်ငယ်ကတည်းက တဖြည်းဖြည်း လေ့ကျင့်မွေးပေးဖို့၊ ပြုစုပျိုးထောင်ပေးဖို့် လိုပါတယ် ။

မိဘတွေက သားသမီး တွေကို ရင်အုပ်မခွာနေချင်၊ ထားချင်ကြပေမဲ့ ရင်အုပ်က ခွာထွက်သွားတဲ့အခါ ကြံ့ကြံ့ခံနိုင်တဲ့ ကလေးတွေ၊ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ဘဝကိုယ်ထိန်းနိုင်သိမ်းနိူင်တဲ့ ကလေးတွေ ဖြစ်အောင် လေ့ကျင့်ပေးဖို့ဟာ သိပ်အရေးကြီးပါတယ်။ ပိုအရေးကြီးပါတယ် ။ လက်တွေ့ဘဝ အခြေအနေနဲ့လည်း ပိုကိုက်ညီပါတယ်။ ကလေးတို့အတွက် လိုအက်ချက်ဖြစ်ပါတယ်။

ဒါကြောင့် ကလေးတွေကို တကယ်ချစ်ရင် သူ့အရွယ်နဲ့ လုပ်တတ်ရမယ့်၊ သူတို့လုပ်နိုင်တဲ့ အလုပ်တွေကို လုပ်တတ်အောင် လေ့ကျင့်ပေးဖို့လိုပါတယ်။ စတင်လုပ်ချိန်မှာ သေသပ်မှုကောင်းချင်မှကောင်းမှာပါ။ စိတ်ရှည်ရှည်ထားပြီး လေ့ကျင့်ပေးရင် ကလေးဟာ လုပ်နိုင်စွမ်းရည် တိုးတက်ကောင်းမွန်လာမှာဖြစ်ပါတယ်။ ကလေးကိုယ်တိုင် လုပ်နိုင်စွမ်းတိုးတက်လာပြီး လုပ်နိုင်လာတာလေးတွေကိုလည်း အသိအမှတ်ပြုပေးဖို့ လိုပါတယ်။ အဲဒီလို အသိပမှတ်ပြုတော့ ကလေးဟာ သူ့ကိုယ်သူ ယုံကြည်မှု ရှိလာပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ ကလေးတွေဟာ လုပ်ရဲကိုင်ရဲ ရှိပါတယ်။ လုပ်ချင်ကိုင်ချင်စိတ်လည်း ရှိတယ်။ ကိုယ်တိုင်လည်း ကြိုးစားလုပ်ကိုင်တတ်တဲ့အတွက် လုပ်တတ်ကိုင်တတ်တဲ့စွမ်းရည်ဟာ တိုးတက်လာပါတယ်။

ဒီလိုလေ့ကျင့်ပေးတဲ့နေရာမှာ လူကြီးတွေဘက်က စိတ်ရှည်ဖို့လိုပါတယ်။ ဥပမာ ထမင်းကိုဇွန်းနဲ့စပြီး စားတဲ့အလေ့အကျင့်လုပ်စမှာ ထမင်းတွေဖိတ်ကျံတာ၊ ပေကျံတာတွေများမှာပါ။ လူကြီးကျွေးတာလောက်လည်း မြန်မှာမဟုတ်ပါဘူး။ အဲဒီလို မသေမသပ်ဖြစ်နေတာကို စိတ်ရှည်ရှည် လေ့ကျင့်ပေးရင်၊ လေ့ကျင့်ပေးတဲ့အတွက်အချိန်တော​့ယူပါတယ်။ ဒါပေမဲ့နောက်ပိုင်း ကလေးဟာ သူ့ဘာသာစားတတ်သွားရင် လူကြီးကနေပြီးအချိန်ယူကျွေးစရာမလိုတော့ပါဘူး။ လေ့ကျင့်ပေးစဥ်က ကုန်ခဲ့တဲ့အချိန်နဲ့နောက်ပိုင်း သက်သာတဲ့အချိန်ကို နှိုင်းယှဥ်ကြည့်မယ်ဆိုရင် လေ့ကျင့်စဥ်က ပေးရတဲ့အချိန်ဟာကုန်သင့်ကုန်ထိုက်တဲ့အချိန်ဆိုတာ သိလာမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကလေးတွေကို တကယ်ချစ်ရင် သးတို့နိုင်တဲ့ အလုပ်ကလေးတွေကို ကိုယ်တိုင်လုပ်တတ်အောင် လေ့ကျင့်ပေးဖို့် အထူးလိုအပ်ပါတယ်။ချစ်တဲ့အတွက် ကလေးတို့လုပ်ရမယ့် အလုပ်တွေကို လူကြီးမိဘ ၊ အဘိုးအဘွား တွေက လုပ်ပေးနေတာဟာ `ပေါ့စေလိုလို့ကြောင်ရုပ်ထိုး၊
ဆေးအတွက် လေး `ဆိုတဲ့စကားလိုဖြစ်တတ်ပါတယ်။ သနားလို့၊ ချစ်လို့ လုပ်ပေး၊ လုပ်ပေးနေတဲ့ အတွက်မလုပ်တတ်၊ မလုပ်တတ်တော့ သူတစ်ပါးကို အားကိုးရင်း နောက်ဆုံး တော့ သူများအပေါ်မှီခိုအားထားပြီး အသက်ရှင်ရတဲ့ ဘဝမျိုး ရောက်နိုင်ပါတယ်။ ပတ်ဝန်းကျင်က ငြိုငြင်လာတဲ့ လူတစ်ယောက် ​ဖြစ်လာနိုင်ပါတယ်။

သူ့အရွယ်နဲ့သူ လုပ်နိုင်တာတွေ လုပ်တတ်တဲ့ ကလေးတွေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့ကလေးတွေ ၊ ဘဝကိုရင်ဆိုင်ဖို့ ကြံ့ကြံ့ခံနိုင်တဲ့ ကလေးတွေ ဖြစ်လာအောင် လေ့ကျင့်ပျိုးထောင်ပေးနိုင်ကြပါ​စေလို့ ဆန္ဒပြုပါတယ်။

စာရေးသူ
ဒေါက်တာသိန်းလွင်( ပညာရေးစိတ်ပညာပါရဂူ )

( ကလေးကို ချစ်ရင် မခြောက်ပါနဲ့ ) စာအုပ်မှ ထုတ်နှုတ်တင်ပြ သည် ။

English စကား​ပြောကို စိတ်ဝင်စားဖွယ်ကောင်းတဲ့ ပုံပြင်လေးတွေနဲ့ လေ့လာချင်တယ်ဆိုရင်တော့...🙆🏻‍♂️ ☎09 958 266 906,09 420 414 896 , 09 426 036 188 ☎

Photos from PAHG Holding Company Limited's post 08/12/2023

#မနေ့ကဖြစ်သည်

- PAHG Rules & Regulations Review and Update
- ⁠System renew and update
- ⁠HRM policy and practice
- ⁠SOP update

30/11/2023

One of Our Entity
လုပ်ငန်းသုံး Software တွေလိုချင်ရင် Asia Brightway ကိုသာ ချိတ်လိုက်ပါ

ခုချိန်ထိ Manual Process တွေနဲ့ပဲ ဆက် လည်ပတ်နေမယ်ဆိုရင် လူကြီးမင်းတို့ လုပ်ငန်းက ခုထိ နှောင့်နှေးကြန့်ကြာနေဦးမှာ အသေချာပါပဲ ။

လူ့အသက်တွေ ကယ်တင်ပေးနေရတဲ့ ဆေးရုံတွေ အတွက် "အချိန်" ဟာ ပိုလို့တောင် အရေးပါပါတယ်။

ဒါကြောင့် အချိန်ကုန်သက်သာစေပြီး Process တွေ မြန်ဆန် လည်ပတ်စေဖို့ ဆေးရုံသုံး Software ကောင်းတစ်ခုလိုအပ်လာပါပြီရှင့်။

လူကြီးမင်းတို့ အနေဖြင့် ဆေးရုံသုံး Software ကောင်းတစ်ခုရှာနေတယ်ဆိုရင် Asia Brightway ကနေ အတော်ဆုံး Technician တွေ ရေးဆွဲပေးထားတဲ့ iHOS Software လေးကြောင်း မိတ်ဆက်ပေးပါရစေ။

ဒီ Hospital Operating System Software ကို ၂၀၁၀ ခုနှစ်တွင် ရေးဆွဲထားပြီး ယခု ဆိုရင်
ဆယ်စုနှစ် တစ်ခုစာတိုင်တိုင် ရပ်တည်လည်ပတ်
နေဆဲ Software တစ်ခုလည်းဖြစ်ပါတယ်ရှင့် ‼️

ဒီ Software လေးမှာ ပါ တဲ့ Features တွေကတော့

✔️လူနာ တစ်ယောက်ချင်းစီအတွက် ID များဖြင့် သတ်မှတ်ထားခြင်း နှင့် မှတ်တမ်းများကို ပြန်လည် ကြည့်ရှုနိုင်ခြင်း။

✔️ Patient များ၏ အချက်အလက်များဖြစ်သော Medical History များကို ရက်၊ လ၊ နှစ်အလိုက် လွယ်ကူစွာ ရှာဖွေကြည့်ရှုနိုင်ခြင်း။

✔️ဆေးရုံတက်မည့် လူနာများအတွက် အခန်းရနိုင်၊ မရနိုင် Room List ဖြင့် ကြည့်ရှုနိုင်ခြင်း။

✔️ Doctor Refer Fees, Consultant Fees List များ ရှာဖွေ ကြည့်ရှုစစ်ဆေးနိုင်ခြင်း

✔️Patient ၏ Information, Medical Record, Diagnosis, Service စသည့် မှတ်တမ်းများအား ရက် အလိုက်၊ လ အလိုက်၊ နှစ်အလိုက် ရှာဖွေကြည့်ရှုနိုင်ခြင်း။

✔️ဆေးပစ္စည်းများကို ဈေးနှုန်း သတ်မှတ်ခြင်းများ၊ Unit သတ်မှတ်ခြင်းများ၊ ကြိုက်နှစ်သက်ရာ Code နံပါတ်များ သတ်မှတ်ထားရှိနိုင်ခြင်းနှင့် Barcode သုံးပြုနိုင်ခြင်း။

✔️ဆေးပစ္စည်း လက်ကျန်အခြေအနေ၊ Expiration Date စာရင်းများ၊ ထပ်မံ မှာယူလိုသော ဆေးပစ္စည်းစာရင်းများ ကြည့်ရှုစစ်ဆေးနိုင်ခြင်း။

✔️နေ့စဉ်၊ လစဉ်၊ နှစ်စဉ် အရောင်းအ၀ယ် စာရင်းများအား ဆေးပစ္စည်း အမျိုးအစားလိုက်၊ ဆေးပစ္စည်း တခုချင်းစီအလိုက် ကြည့်ရှုစစ်ဆေးနိုင်ခြင်း။

စတဲ့ လုပ်ဆောင်ချက်တွေကို လွယ်ကူမြန်ဆန်စွာ လည်ပတ်နိုင်မှာပဲဖြစ်ပါတယ်။

အသေးစိတ်သိရှိလိုပါက ☎️ 09 - 256 400 425 / ☎️ 09 - 431 466 47 သို့ ဆက်သွယ်မေးမြန်းနိုင်သလို Page Messenger ကနေလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။

"Simplicity of New Abilities"

#ဆေးရုံလုပ်ငန်းသုံးဆော့ဝဲလ်(Hospital Operating System)

26/11/2023

တန်ဆောင်မုန်းလပြည့်နေ့အကြောင်း သိကောင်းစရာများကို ချစ်တဲ့ မိတ်ဆွေ များအတွက် PAHG Holding Company Limited မှ ဗဟုသုတ အနေဖြင့် တင်ပြပေးလိုက်ပါသည်။
‘’တန်ဆောင်မုန်းလပြည့်သာမညဖလအခါတော်နေ့”
==================================
©ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်း လပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူသည်။ ထို့ကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို “သာမညဖလအခါတော်နေ့”အဖြစ် သတ်မှတ်ကျင်းပခဲ့ကြလေသည်။
“သာမညဖလ” ၏ အဓိပ္ပာယ်မှာ “ရဟန်းပြုရခြင်း၏အကျိုး” ဟု အဓိပ္ပာယ်ရသည်။ရဟန်းပြုခြင်း ၏အကျိုးကိုဟောကြားသောနေ့ဖြစ်ခြင်းကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို “သံဃာတော်များ နေ့”ဟု ခေါ်ဆိုလျှင်လည်း ရနိုင်သည်။
© သာမညဖလသုတ်တော်သည် ဒီဃနိကာယ်၊ သီလခန္ဓဝဂ္ဂပါဠိတော်၌ လာရှိသည်။သာမညဖလသုတ်တော်သည် ရဟန်းသံဃာတော်များအတွက်ကြေးမုံမှန်ချပ်ကြီးတစ်ခုသဖွယ်ဖြစ်သည်။
ကိုယ်ကျင့်သီလရှိသည်၊ မရှိသည်ကို ဤသုတ်ဖြင့် ထင်ဟပ်စေနိုင်သည်။ သာမညဖလသုတ်သည် လူဒါယကာများအတွက် ပြဒါးချိန်ကြီးသဖွယ်ဖြစ်သည်။
© မိမိတို့ ကိုးကွယ်နေသော ဆရာသမားတို့၏ ကျင့်ကြံမှု ဟုတ်၊ မဟုတ်၊ မှန်၊ မမှန်ကို ဤသုတ္တန်ဖြင့် ချိန်ကိုက်ကြည့်နိုင်သည်။အဇာတသတ်မင်းသားလေးသည် အသိဉာဏ်နုနယ်စဉ်အချိန် အရှင်ဒေဝဒတ်၏ စည်းရုံးမှုကိုခံရ၍ အရှင်ဒေဝဒတ်ကို အထင်ကြီးကာ ကိုးကွယ်ဆည်းကပ်မိလေသည်။
ဆရာကုန်မှားတော့ တစ်သံသရာလုံးမှောက်ဆိုသည့်အတိုင်း ဆရာတင်မှားမှုကြောင့် ဖခင်ဘုရင်ဗိမ္ဗိသာရကို သတ်မိသည်အထိ အမှားကြီးမှားမိတော့သည်။
© ဆင်းတု၊စေတီ၊ဟောတရား စသည့်ကိုးကွယ်မှုတွေ များပြားဖောင်းပွလွန်းသော ယခုလိုခေတ်ကြီးထဲမှာ ကိုးကွယ်မှုဘက်က ဖောင်းပွလျှင် ကုသိုလ်
တရားဘက်က ကြုံ့သွား၊ ကျစ်သွားတတ်သည်ကို သတိပြုရမည်ဖြစ်သည်။
အဇာတသတ်သည် ဖခင်ဘုရင်ဗိမ္ဗိသာရကို သတ်မိသည့်အချိန်မှစ၍ ညတိုင်အိပ်မပျော်သော ရောဂါဝေဒနာ စွဲကပ်တော့သည်။ သူ့မျက်လုံးတွေကို လှံချက်ပေါင်း အရာအထောင်မက ထိုးဆွခြင်းခံရသလိုဝေဒနာခံစားရသည်။
ထို ဝေဒနာကို ပျောက်ကင်းအောင် မည်သည့်သမားတော်၊ မည်သည့်ဆေးစွမ်းကောင်းမှ မစွမ်းနိုင်ဖြစ်နေသည်။
© တန်ဆောင်မုန်းလပြည့် ညတစ်ညမှာ အဇာတသတ်မင်းသည် မှူးမတ်ပေါင်းစုံညီဖြင့် ညီ လာခံသဘင်ဆင်ယင်ကျင်းပ နေစဉ် ဆီးနှင်းမြူတိမ်သူရိန် မီးခိုး ညစ်မျိုးငါးဝ ကင်းစင်ပသဖြင့်ကြည်နူးသာယာဖွယ်ကောင်းလှသည့် တန်ဆောင်မုန်းလပြည့် ညအလှကို ကြည့်ရှုခံစားပြီး“မွေ့လျော်ဖွယ်ကောင်းလှသော ညတစ်ညပါတကား၊အလွန်လှပသော ညတစ်ညပါတကား ရှုချင်စဖွယ်ကောင်းလှသော ညတစ်ညပါတကား”ဟု တန်ဆောင်မုန်းလပြည့်ညအလှကိုချီးကျူးလေသည်။
အဇာတသတ်လည်း တကယ်တော့ အလှအပကို ခံစားတတ်သူတစ်ဦးဖြစ်တာကို တွေ့ရ၏။ အဇာတသတ်မင်းက “ယခုကဲ့သို့ သာယာလှပသောညချမ်းမှာ အဘယ်ပညာရှိ ရဟန်းပုဏ္ဏားကို ချည်းကပ်ရလျှင် ကိုယ်တော်မြတ် စိတ်တော် ကြည်လင်နိုင်မည်နည်း” ဟု မေးသောအခါ မှူးကြီးမတ်ကြီးတွေက သူတို့နီးစပ်ရာ တိတ္ထိဆရာကြီးခြောက်ယောက်နာမည်တွေကို ပြောပြကြသည်။
© ဘုရင်အတိုင်ပင်ခံ ပုဂ္ဂိုလ်အများစုသည် သမ္မာဒိဋ္ဌိတွေ မဟုတ်ကြဆိုတာကို သတိပြုမိသည်။
(၁) ပုရာဏကဿပဆရာကြီးက အကိရိယဝါဒ=ဘာမှလုပ်စရာမလိုဟူသော ဝါဒသမားဖြစ်သည်။ မလုပ် ၊မရှုပ် ၊မပြုတ်ဟူသော ဝါဒနှင့်တူသည်။
(၂) အဇိတကေသကမ္ဗလဆရာကြီးက နတ္ထိကဝါဒ=ဘာမှမရှိ ဟူသော ဝါဒသမားဖြစ်သည်။
(၃) မက္ခလိဂေါသာလဆရာကြီးက အဟေတုကဝါဒ=ကြောင်းကျိုးပယ် ဝါဒသမား ဖြစ်သည်။
(၄) ပကုဓ ကစ္စာယနဆရာကြီးက အကတဝါဒ=မပြုမပြင် ဝါဒသမား ဖြစ်သည်။ ပြုလည်းမပြု ၊ ပြင်လည်းမပြင်သူ ဖြစ်သည်။
(၅) သဉ္စယဗေလဋ္ဌဆရာကြီးက အမရာဝိက္ခေပဝါဒ=ဝေ့လည်ချောင်ပတ် ဝါဒသမားဖြစ်သည်။
(၆) နိကဏ္ဌနာဋပုတ္တဆရာကြီးက စာတုယာမသံဝရဝါဒ=စောင့်စည်းမှုလေးမျိုးဖြင့် ကံသုံးပါးကို ထိန်းထားသောဂျိန်းဝါဒဖြစ်သည်။
© အဇာတသတ်မင်းသည် အမတ်ကြီးတို့၏ တင်ပြချက်ကို လက်မခံဘဲ ဆရာဇီဝကကို မေးတော်မူရာ ဆရာဇီဝက၏ အကြံ ပေးချက်အရ ဘုရားရှင်အထံသို့ ချဉ်းကပ်ဖို့ရန် ဆရာဇီဝကကို စီစဉ်စေသည်။ ဆရာဇီဝကက ဘုရင့်အနီးမှာ ယောက်ျားကိုယ်ရံတော် တစ်ယောက်မျှမထားရှိဘဲ အမျိုးသမီးကိုယ်ရံတော်တပ်ကို ယောက်ျားအသွင် ဝတ်ဆင်စေပြီး လိုက်ပါစေသည်။
ဆင်မယဉ်သာ ငါးရာပေါ်၌ သက်တော်စောင့်အဖြစ်အမျိုးသမီး စစ်သည်တော် ငါးရာကို လိုက်ပါ စောင့်ရှောက်စေပြီး ဘုရားကျောင်းတော်သို့ သွားရန် စီစဉ်ပေးသည်။ အဇာတသတ်မင်း ဘုရားရှင်ထံ ဖူးမြော်ရန်သွားသောအချိန်သည် တန်ဆောင်မုန်းလပြည့်နေ့ ညချမ်းအချိန် ဖြစ်သည်။ ထိုအချိန်က ဘုရားရှင်သည် ရာဇဂြိုလ်မြို့အနီး ဇီဝကသရက်ဥယျာဉ်၌ သီတင်းသုံးလျက်ရှိသည်။
© ဘုရားကျောင်း တော်သို့သွားသောအခါ …ညအခါ ဖြစ်သည်ကတစ်ကြောင်း၊ တောရိပ်၊သစ်ရိပ် ဖုံးအုပ်နေသဖြင့် အမှောင်ဖုံးနေသည်က တစ်ကြောင်း၊
ထိုနှစ်ချက်ကြောင့် လိုက်ပါသူအားလုံး မီးရှူးမီးတိုင် ကိုယ်စီထွန်းညှိပြီး သွားကြရသည်။ မီးရှူးမီးတိုင်ကို ပေါရာဏ ဝေါဟာရအားဖြင့် “တန်ဆောင်(တန်ဆောင်တိုင်)” ဟုခေါ်ဝေါ်သည်။
အဇာတသတ်နှင့် အခြံရံပရိသတ်တို့ တန်ဆောင်မုန်းလပြည့်ည၌ တန်ဆောင်တိုင်မီးထွန်းပွဲ ကျင်းပကြသကဲ့သို့ ဖြစ်သည်။
အဇာတသတ်ဘုရင်က ဘုရားရှင်ထံ ခွင့်ပန်ပြီး သူသိလိုသော အကြောင်းအရာများကို လျှောက်ထားလေသည်။
© “ရှင်တော်မြတ်ဘုရား..လောကမှာ အတတ်ကြီးဆယ့်ရှစ်ရပ်စသော အတတ်ပညာတို့သည် မျက်မှောက်လက်ငင်း အကျိုးတရားကို ခံစားရရှိနိုင်ပါသည်။
ရဟန်းပြုခြင်းဖြင့် မျက်မှောက်လက်ငင်း အကျိုးတရားကို ခံစားရရှိနိုင်ပါသလား ဘုရား။
တိတ္ထိဆရာကြီးခြောက်ဦးကို မေးဖူးပါသည်။ သူတို့အားလုံးက သူတို့ဝါဒကိုသာတင်ပြ၍ ဝေ့လည် ချောင်ပတ်လုပ်ကြပါသည်ဘု ရား။”ဟု သာမညဖလ-ရဟန်းပြုခြင်း၏ မျက်မှောက်လက်ငင်းအကျိုးကိုမေးလျှောက်သည်။
© ဘုရားရှင်၏အဖြေကို ချုပ်၍တင်ပြရလျှင် “ရဟန်းပြုသဖြင့် မျက်မှောက်လက်ငင်း ရနိုင်သောအကျိုး” တို့မှာ-
(၁) မင်းခစားဘဝနှင့် မင်းပြစ်မင်းဒဏ်မှ ကင်းလွတ်ရခြင်းအကျိုး၊
(၂) အခွန်ထမ်းဆောင်ခြင်းမှ ကင်းလွတ်ရခြင်းအကျိုး၊
(၃) ပါတိမောက္ခသံဝရသီလနှင့် ပြည့်စုံသဖြင့် အပါယ်လေးပါးမှ ကင်းဝေးရခြင်း အကျိုး၊
(၄) ဒုစရိုက်တရားတို့ကိုရှောင်ကြဉ်သဖြင့် ဒုစရိုက်ဒုက္ခမှ ကင်းလွတ်၍ စူဠသီလနှင့် ပြည့်စုံရခြင်း အကျိုး၊
(၅) ပွဲသဘင်အမျိုးမျိုး၊ကစားပွဲအမျိုးမျိုး၊မကောင်းသော စကားအမျိုးမျိုးတို့မှ ရှောင်ကြဉ်သဖြင့် ထိုဒုက္ခတွေမှ ကင်းလွတ်၍ မဇ္ဈိမသီလနှင့် ပြည့်စုံရခြင်း အကျိုး၊
(၆) နက္ခတ် ဗေဒင် ယတြာ ဆေးကုပေးခြင်း စသည်တို့မှ ရှောင်ကြဉ်သဖြင့် အာဇီဝပါရိသုဒ္ဓိသီလနှင့် ညီညွတ်၍ မဟာသီလနှင့် ပြည့်စုံရခြင်းအကျိုး၊
(၇) ဣနြေ္ဒခြောက်ပါးလုံး အကုသိုလ်မဖြစ်အောင် စောင့်စည်းနိုင်ခြင်း အကျိုး၊
(၈) သတိနှင့်ပြည့်စုံခြင်း အကျိုး၊
(၉) သမ္ပဇဉ်ခေါ် ဆင်ခြင်တုံတရားနှင့် ပြည့်စုံခြင်းအကျိုး၊
(၁ဝ) သန္တောသ-စားဝတ်နေရေး ရောင့်ရဲနိုင်ခြင်းအကျိုး၊
(၁၁) နီဝရဏငါးပါးမှ ကင်းလွတ်ရခြင်းအကျိုး၊
(၁၂) စျာန်တရားတွေ ရနိုင်ခြင်းအကျိုး၊
(၁၃) ဝိဇ္ဇာဉာဏ်ရှစ်ပါးနှင့်ပြည့်စုံ၍ မဂ်ဖိုလ်ရခြင်းအကျိုး၊
အထက်ပါအကျိုးတရားတို့သည် သာမညဖလခေါ် ရဟန်းပြုသဖြင့် မျက်မှောက်လက်ငင်းရရှိနိုင်သော အကျိုးတရားတို့ဖြစ်ကြသည်။
© အဇာတသတ်မင်းသည် သာမညဖလတရားတော်ကို နာကြားရသည့်အတွက် အိပ်မပျော် သောရောဂါ လုံးဝပျောက်ကင်းသွားတော့သည်။ ရတနာသုံးပါးအပေါ် နှစ်နှစ်ကာကာ ယုံကြည်သွားတော့သည်။ ပုထုဇဉ်တို့တွင် ရတနာသုံးပါးကို အကြည်ညိုဆုံးပုဂ္ဂိုလ်အဖြစ် ဧတဒဂ်ပေးမှတ်တမ်းတင်ခြင်းခံရသည်။
ဒုက္ခကြီးလေးသော မဟာအဝီစိငရဲ၌ မကျတော့ဘဲ၊ဒုက္ခပေါ့ပါးသော လောဟကုမ္ဘီငရဲငယ်၌သာ ခံစားရတော့မည်။ နောင်အနာဂတ်ကာလ၌ “ဝိဇိတာဝီ အမည်ြဖင့် ပစ္စေကဗုဒ္ဓါတစ်ပါး” ဖြစ်ရမည်။
© အဇာတသတ်မင်းသည် ပထမသံဂါယနာတင် ဒကာအဖြစ် ခံယူရသည်။ ဘုရားရှင်၏ဓာတ်တော်များကို စုဆောင်းသိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီး
တည်ထားခဲ့သည်။ ဗုဒ္ဓသာသနာနှစ်ကို အတိအကျသတ်မှတ်ခဲ့သည်။ ဗုဒ္ဓဘာသာဝင်တို့ သာသနာနှစ်ကို အတိအကျသုံးစွဲခွင့် ရရှိနေသည်မှာ အဇာတသတ်မင်း၏ ကျေးဇူးဖြစ်သည်။
နောင်အခါ သီရိဓမ္မာသောက မင်းကြီးသည် အဇာတသတ်မင်း ၏ စုဆောင်းထားသော ဓာတ်တော်များကိုရှာဖွေ၍ စေတီပေါင်းရှစ်သောင်းလေးထောင် တည်ထားကိုးကွယ် သာသနာပြုခဲ့သောကြောင့် နှောင်းခေတ်ဗုဒ္ဓဘာသာဝင်များဖူးမြော်ကြရသည်။
© မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီပွဲတော်များ အနက် တန်ဆောင်မုန်းလတွင် ပြုလုပ်ကျင်းပလေ့ရှိသောပွဲတော်များသည် …
# တန်ဆောင်တိုင် မီးထွန်းပွဲတော်၊
# ကထိန်သင်္ကန်း အလှူပွဲတော်၊
# မသိုးသင်္ကန်း ရက်လုပ်ပွဲတော်၊
# မဲဇလီဖူးသုပ် ဝေငှသောပွဲတော်၊
# ကျီးမနိုး ပွဲတော်၊
# သာမညဖလအခါတော်နေ့ ပွဲတော်များ ဟူ၍ ခုနှစ်မျိုးခန့်ရှိသဖြင့် တန်ဆောင်မုန်းလသည် ရိုးရာပွဲတော် အများဆုံးလဟု ဆိုရပေတော့မည်။ ။
(အရှင်သံဝရာလင်္ကာရ-ဓမ္မပိယဆရာတော်)
# crd

26/11/2023

🙏🙏🙏 PAHG မိသားစု 🙏🙏🙏
၂၀ ကြိမ်မြောက် မဟာဘုံကထိန်တော်
(2023 November 22)

20/11/2023

Thank you so much

Photos from PAHG Holding Company Limited's post 16/11/2023

Happy Birthday November Born
လစဥ်လတိုင်း ပြုလုပ်လေ့ရှိတဲ့ မွေးနေ့ပွဲလေး🎂🎂
ဒီတခေါက်မွေးနေ့ရှင်တွေရဲ့ အဟာရဒါန ငါးဖယ်မုန့်တီသုတ်လေးက တော်တော်ကိုကောင်းတာ 👍မွေးနေ့ပွဲမစခင် မုန့်တီအရင်ရောက်လာတော့ အရင်ပြေးပြီးသွားစားကြတာပါဆို 😁 ကိုယ်တွေရုံးက အပျိုကြီး အန်တီလှ လက်ရာက မုန့်ဟင်းခါးဆိုလည်း ငါးနှိုင်းချင်းနဲ့ အရမ်းကောင်း ငါးဖယ်မုန့်တီသုတ်ကလည်းကောင်းချက်
ရုံးရဲ့ ချစ်စရာ မွေးနေ့ပွဲလေးပေါ့••• မွေးနေ့လက်ဆောင်တွေမဲနှိုက်ကြ ကိတ်ခွဲ မွေးနေ့ရှင်တွေကျွေးတာစားကြနဲ့ ဝန်ထမ်းတွေလည်း လတိုင်း တစ်လတခါ စုပေါင်းကျင်းပပေးတဲ့ Birthday Party လေးက ဝန်ထမ်းဘဝရဲ့ အမှတ်တရ လေးပါပဲ ••••
November မွေးနေ့ရှင်တိုင်း ဘေးကင်းရန်ကွာကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်နော်

14/11/2023

လက်လျှော့မယ်ကြံတိုင်း ဒါကိုဖတ်ပါ
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
Dale Carnegie ရဲ့ ပုံပြင်တစ်ပုဒ်ဖတ်ဖူးတယ်။
တစ်ခါက ရေကူးချံပီယံတစ်ယောက်ဟာ ရေလက်ကြားတစ်ခုကို ကန့်လန့်ဖြတ် ဖြတ်ကူးပြီး စံချိန်သစ်တင်မယ်လို့ ကြေငြာလိုက်တယ်။ လူတွေကလည်း ဒီသတင်းကို ကြားတော့ တော်တော်လေး စိတ်ဝင်စားသွားကြတယ်။
အဲ့လိုနဲ့ ဖြတ်ကူးမယ့်နေ့ကို ရောက်လာတယ်။ လူတွေဟာ တစ်ဖက်ကမ်းကနေ အုတ်အော်သောင်းနင်း ကြည့်ရှု့နေကြတယ်။
ရေကူးချံပီယံစကူးပါပြီ။ သူ့အတွက် ရေကူးရတာဟာ ဘာမှအပန်းမကြီးဘူးဆိုတဲ့ ယုံကြည်မှုမျိုးနဲ့ ကူးနေပါတယ်။ အဲ့လိုကူးနေရင်းနဲ့ သူဟာ တစ်ဖက်ကမ်းကို လှမ်းကြည့်လိုက်တဲ့အခါမှာတော့ မြူတွေ အုံစိုင်းနေတာကို တွေ့လိုက်ရပါတယ်။
ဟုတ်ပါတယ်။ အဲ့ဒီနေ့က ရာသီဥတုဟာ နှင်းတွေကျပြီး မြူတွေစိုင်းနေပါတယ်။ သူဘာကိုမှ သဲသဲကွဲကွဲမမြင်ရဘဲ လက်ပစ်ကူးနေရတာပါ။
တော်တော်ကြာအောင် ကူးပြီးတဲ့အခါကျတော့ သူစိုးရိမ်စရိတ်ဝင်လာတယ်။ သူကူးနေတာ လမ်းကြောင်းရော မှန်ရဲ့လား၊ မြူတွေကြောင့် ဘာမှမမြင်ရဘဲ ဆန့်ကျင်ဘက်ကို ကူးနေမိပြီလား စိုးရိမ်စိတ်တွေဝင်လာတယ်။
နောက်တော့ တော်တော်ကြာကြာတဲ့အထိ ကူးနေပေမယ့်လည်း ကမ်းကို မရောက်နိုင်တော့ သူဟာ လက်လျှော့လိုက်ပါတော့တယ်။ လက်လျှော့ပြီး သူ့ဆီ ကယ်ဆယ်ရေးတွေလွှတ်ဖို့ အကူအညီတောင်းပါတော့တယ်။
ကမ်းပေါ်​ပြန်ရောက်တော့မှ သူသိလိုက်ရတာက သူဟာ ကမ်းနဲ့ မီတာ ၁၀၀ အကွာရောက်တော့မှ လက်လျှော့လိုက်တယ် ဆိုတာပါပဲ။
အင်တာဗျူးသမားတွေက သူ့ကို ဘာလို့ လက်လျှော့လိုက်တာလဲမေးတော့...
"မီတာ ၁၀၀ပဲ လိုတော့တယ်ဆိုတာ မသိလို့ပါ။ မီတာ ၁၀၀ ပဲ လိုတော့တယ်ဆိုတာသာ သိမယ်ဆိုရင် လက်လျှော့ခဲ့မှာ မဟုတ်ပါဘူး" လို့ ပြန်ပြောလိုက်ပါတယ်။
အဲ့လိုပဲ ကျွန်တော်တို့အနေနဲ့ တစ်ခါတလေကျရင် ဒီရေကူးချံပီယံလိုပဲ လက်လျှော့တော့မယ်လို့ ကြံတဲ့အချိန်ဟာ အောင်မြင်မှုနဲ့ မီတာ ၁၀၀ အကွာကို ရောက်နေတဲ့ အချိန်လည်း ဖြစ်နေတတ်တယ်။
လက်လျော့တော့မယ်ကြံတဲ့အခါတိုင်း ဒီအဖြစ်အပျက်ကလေးက ဆင်ခြင်သုံးသပ်ပြီး သေချာဆုံးဖြတ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

မူရင်းရေးသားသူအားလေးစားစွာဖြင့်💛

12/11/2023

🪔 Happy Deepawali 🪔
ဒီပါဝလီနေ့ (ခေါ်) ဒေဝါလီနေ့

ယနေ့ ကျရောက်သော ' ဒီပါဝလီ' နေ့မှာ ဟိန္ဒူဘာသာဝင်များနှင့်အတူ မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာ၍ ပျော်ရွှင်စရာနေ့ရက်လေးဖြစ်ပါစေ….

Deepawali
#ဒီပါဝလီ

04/11/2023

အလုပ်ခွင်မှာ ၀န်ထမ်း‌တွေကို ဘယ်လို အကဲဖြတ်ကြပါသလဲ?
∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆

နိုင်ငံခြားတိုင်းပြည်တွေမှာ သွားရောက်အလုပ်လုပ်တာပဲ ဖြစ်ဖြစ်၊ ပြည်တွင်းကုမ္မဏီတစ်ခုမှာ အလုပ်၀င်လုပ်တာပဲဖြစ်ဖြစ်၊ သူငယ်ချင်းများနဲ့ အလုပ်စုပြီး လုပ်တာပဲဖြစ်ဖြစ်၊ လူငယ်များအတွက် အလုပ်ခွင်မှာ လူကို အကဲဖြတ်တဲ့နည်းများ သိရှိထားရင် များစွာအထောက်အကူဖြစ်ပါလိမ့်မယ်။

အရည်အချင်းတို့၊ ဘွဲ့ဒီဂရီတို့ဟာ အရေးကြီးပါတယ်။ ဒါပေမဲ့ အရည်အချင်းထက် အရေးကြီးတာက လူတစ်ဦးရဲ့ အမူ အကျင့်ပါ။

ဘယ်လောက်ပဲတော်တော် အမူအကျင့်မကောင်းတဲ့ လူတစ်ယောက်ကို တာ၀န်ကြီးကြီးပေးဖို့၊ ရာထူးကြီးကြီးပေးဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။

အောက်ပါအချက်များဟာ အလုပ်ခွင်တွေမှာ အရည်အချင်းထက် အရေးကြီးတဲ့အချက်‌တွေဖြစ်‌ကြောင်း ထင်ရှားစေတဲ့ အချက်တွေပါ။

၁။ သစ္စာရှိခြင်း

ကုမ္မဏီအပေါ်၊ အလုပ်အပေါ် သစ္စာရှိခြင်းကို ဆိုလိုပါတယ်။ ကုမ္မဏီရဲ့ အကျိုးကို ကာကွယ်စောင့်ရှောက်ခြင်း၊ မြူစွယ်မူအောက်မှာ ကြံကြံခံ သစ္စာစောင့်သိနိုင်ခြင်းများကို ဆိုလိုပါတယ်။

၂။ အလုပ်ကိုလေးစားခြင်း
အလုပ်လုပ်ခြင်းဟာ လုပ်ခလစာသက်သက်အတွက် မဖြစ်သင့်ပါ။ ကျရာတာ၀န်ထက် ပိုမိုသော ၀န်ဆောင်မူ၊ ပိုမိုသော ကြိုးစားမူ များဖြင့် အားထုတ်သင့်ပါတယ်။ အလုပ်ကို လေးစားတဲ့လူဟာ အလုပ်ကို ခင်တွယ်သွားပါတယ်။ အလုပ်မှာပျော်သွားပါတယ်။

၃။ မိမိအသိဖြင့် လုပ်ဆောင်ခြင်း

ပြောမှသိ၊ ခိုင်းမှလုပ်တာမျိုး မဖြစ်သင့်ပါ။ “ ငါကိုလုပ်ခိုင်းတယ်” ဆိုတာထက် “ ငါကိုယ်တိုင်လုပ်ရမယ်” ဆိုတဲ့အသိ ၀င်သွားပါစေ။ အပြောထက် အလုပ်က စောနေပါစေ၊

၄။ တာ၀န်ယူမူ

တာ၀န်ယူမူ၊ တာ၀န်ခံမူ ဆိုတာ ယနေ့ခေတ်မှာ ရေပန်းစားနေတဲ့ ဝေါဟာရ ဖြစ်တယ်။ အလုပ်ကို သေးသေးမွှားမွှားကအစ အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ခြင်း၊ ပြောတဲ့အတိုင်းဖြစ်အောင်လုပ်ခြင်း၊ အကြောင်းပြချက်များ၊ ဆင်ခြေများ မရှာဖွေခြင်း၊ ပြသနာကို ကိုယ့်ရဲ့လက်ထဲမှာ ဆုံးစေခြင်း၊ပေါ့ဆမူများကို လုံး၀လက်မခံခြင်း စသည်တို့ ပါ၀င်ပါတယ်။

၅။ အကျိုးထိရောက်မူ

အချိန်ဆွဲတတ်ခြင်းဟာ အကျိုးထိရောက်မူ ရဲ့ အဓိကရန်သူဖြစ်ပါတယ်။ အရေးကြီးတဲ့ကိစ္စကို ဦးစားပေး ကိုင်တွယ်ဖြေရှင်းတတ်ခြင်းဟာ အကျိုးထိရောက်မူကို ပိုမိုဖြစ်ပေါ်စေပါတယ်။

အလုပ်အပေါ် လုံး၀စိတ်၀င်စားခြင်း၊ ထဲထဲ၀င်၀င်သိရှိခြင်း၊ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ခြင်းတို့ဟာ အကျိုးထိရောက်စေတဲ့ အကြောင်းတရားများ ဖြစ်ပါတယ်။

၆။ အကျိုးရလဒ်
အလုပ်ကို အစကတည်းက ဘယ်လိုဖြစ်အောင်လုပ်မလဲဆိုတာ ကြံဆောင်ထားသင့်ပါတယ်။ နည်းလမ်းဟာ အခက်အခဲထက် များစမြဲပါ။

သေသေချာချာစဉ်းစားပြီး တစ်ကြိမ်တည်းနဲ့ မှန်ကန်အောင်လုပ်ကိုင်နိုင်ခြင်းဟာ အကျိုးရလဒ်များကို ဖြစ်ပေါ်စေတဲ့ အရည်အချင်းဖြစ်ပါတယ်။

၇။ ဆက်ဆံရေး ကောင်းမွန်ခြင်း
လူတိုင်းနဲ့ တည့်အောင် စကားပြောတတ်တယ်။ လုပ်ချင်အောင် ခိုင်းတတ်တယ်။ စည်းရုံးရေးကောင်းတယ်။ ဒါတွေအားလုံးဟာ ဆက်ဆံရေးကောင်းတဲ့ လက္ခဏာများ ဖြစ်ပါတယ်။

၈။ ပူးပေါင်းဆောင်ရွက်တတ်ခြင်း

အသင်းအဖွဲ့နဲ့ အလုပ်လုပ်တတ်ခြင်းကိုဆိုလိုတာပါ။ တစ်ခုခုကို ဖြေရှင်းတော့မယ်ဆိုရင်အကြံအဥာဏ်တောင်းတယ်။ ဆွေးနွေးကြတယ်။ အစည်းအဝေးဆိုရင် ငြင်းကြခုန်ကြမယ်။

ဆုံးဖြတ်ချက်ချပြီဟေ့ဆိုရင် သဘောတူတူမတူတူ အဲဒီဆုံးဖြတ်ထားတဲ့အချက်ကို မဖြစ်ဖြစ်အောင် အကောင်အထည်ဖေါ်ကြမယ်။ အသင်းအဖွဲ့ထဲမှာ ကိုယ်က နောက်ယှက်သူ လုံး၀မဖြစ်စေရဘူး၊ အတားအဆီး အဖြစ်မခံဘူး။

၉ ။ အပြုသဘောဆောင် ကြိုးစားမူ
အလုပ်အပေါ် ထားတဲ့စိတ်သဘောထားပါ။ သင်ယူတဲ့စိတ်ဓါတ်မွေးမြူမယ်၊ ၀န်ဆောင်တဲ့စိတ်ဓါတ်မွေးမြူမယ်။

သူများတွေ မဖြစ်နိုင်ဘူးဆိုတဲ့ ရူ့တောင့်ကနေ ဆွေးနွေးနေတဲ့အချိန်မှာ ကိုယ်က ဖြစ်နိုင်တဲ့ဘက်ကနေ စဉ်းစားမယ်။ အပေါင်းလက္ခဏာဆောင်မယ်။ အပြုသဘောနဲ့ ကြိုးစားမယ်။

၁၀။ သိုသိုသိပ်သိပ် နေတတ်ခြင်း

အရည်အချင်းအတွက်နဲ့ ဘယ်တော့မှ မမောက်မာဘူး၊ အရည်အချင်းကြီးပြီး အလုပ်သေးသေးလုပ်နေတဲ့ စိတ်ထားမျိုး ရှောင်ကျဉ်ရမယ်။ ဟိတ်ကြီးဟန်ကြီးနဲ့ မနေဘူး၊ လူတိုင်းကို လေးစားတတ်အောင် ကြိုးစားမယ်။

၁၁။ ချွေတာတတ်ခြင်း

စက္ကူတစ်ရွက်ကအစ၊ မလိုအပ်ရင် အဖြုန်းတီးဘူး၊ ချွေတာလို့ရရင် ဘတ်ဂျက်တစ်ပြားမှ ပိုမသုံးဖြစ်အောင် ကြိုးစားဆောင်ရွက်မယ်။

၁၂။ ကျေးဇူးသိတတ်ခြင်း

အလုပ်ရှင်ကို ကျေးဇူးတင်တတ်မယ်၊ စားသုံးသူကို ကျေးဇူးတင်တတ်မယ်၊ လုပ်ဖေါ် ကိုင်ဘက်ကို ကျေးဇူးတင်တတ်မယ်၊ ၀န်ထမ်းအားလုံးကို ကျေးဇူးတင်တတ်မယ်။

ကျေးဇူးတင်တတ်တဲ့လူဟာ တန်ဖိုးထားတတ်တဲ့လူဖြစ်ပါတယ်။ သင်ယူတတ်သူဖြစ်ပါ‌စေ။ အခွင့်အရေးကို မြင်အောင်ကြည့်တတ်ပြီး အမိအရ ဆုပ်ကိုင်တတ်တဲ့သူလည်းဖြစ်ပါ‌စေလို့။
‌အောင်မြင်ထွန်းတောက်ကြပါစေ။

Photos from PAHG Holding Company Limited's post 02/11/2023

သီတင်းကျွတ်အချိန်အခါ သမယမှာ လူကြီးမိဘ ဆရာသမားတို့ကို လက်အုပ်ချီမိုး ကန်တော့ကြတာက မြန်မာတို့ရဲ့ ချစ်စရာ ဓလေ့လေးတစ်ခု ဖြစ်ပါတယ် 🙏🙏🙏
ကျွန်တော်တို့ PAHG Holding Company Limited မိသားစုမှလည်း ချစ်ခင်လေးစားရသော ကျွန်တော် တို့ Chairman ဒေါက်တာကြီးကို ဂါဝရပြု မှတ်တမ်းလေးအား တင်ပြလိုက်ရပါတယ် ခင်ဗျာ

27/10/2023

သီတင်းကျွတ်လပြည့်နေ့ သည် ဗုဒ္ဓဘာသာအား သက်ဝင်ယုံကြည်သူတို့အတွက် နေ့ထူးနေ့မြတ်ကြီး တစ်နေ့ဖြစ်သည်။ ကဆုန်လပြည့်ဗုဒ္ဓနေ့၊ ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့တို့ကဲ့သို့ပင် သီတင်းကျွတ်လပြည့်နေ့သည်လည်း မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ကြွမြန်းဆင်းသက်တော်မူလာသည့်နေ့ ဖြစ်သဖြင့် ထူးမြတ်သောနေ့ အဖြစ်အသိအမှတ်ပြုကြသည်။ မြတ်စွာဘုရားဆင်း သက်ကြွမြန်းလာသည်ကို ရည်စူး၍ ဘုရားရှင်အားပူဇော်သည့်အနေဖြင့် ထိုနေ့တွင် မီးများ ထွန်းကာမြင်းမိုရ်ပွဲ ဆင်ယင်ကျင်းပခဲ့ကြသည်။

မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားကိုအကြောင်း ပြု၍ ကုသလာဓမ္မာ အကုသလာဓမ္မာ၊ အဗျာကတာဓမ္မာအစရှိသည်ဖြင့် အဘိဓမ္မာခုနစ်ကျမ်းကိုဟောတော် မူပြီးနောက်သီတင်းကျွတ်လပြည့်နေ့တွင် တာဝတိံသာ၌ပဝါရဏာပြု၍ လူ့ပြည်သို့ သက်ဆင်းတော်မူသည်ကိုအကြောင်း ပြုလျက် ထိုနေ့ကို အဘိဓမ္မာနေ့ဟူ၍ ခေါ်ဆိုသမုတ်ကာအဘိဓမ္မာ ပူဇော်ပွဲကျင်းပလေသည်။

တစ်နည်းအားဖြင့်လည်း သီတင်းကျွတ်လပြည့်နေ့ကို ဘုရားဆုပန်နေ့ဟု ခေါ်နိုင်လေသည်။ အဘယ်ကြောင့် ဆိုသော် မြတ်စွာဘုရားသည် တာဝတိံသာမှ ဆင်းသက်လာသောအခါ ကိုယ်တော်တိုင် ပတ္တမြားစောင်းတန်းဖြင့် ဆင်း၍ လက်ယာဘက်ရွှေစောင်းတန်းဖြင့် နတ်တို့ခြံရံလိုက်ပါကာ လက်ဝဲဘက်ငွေစောင်းတန်းဖြင့် ဗြဟ္မာမင်းတို့ ခြံရံလိုက်ပါ လာလေသည်။ ထိုသို့နတ်ဗြဟ္မာမင်းတို့ ခြံရံလိုက်ပါလာ၍ သက်ဆင်းတော်မူလာသည့် မြတ်စွာဘုရား၏ တင့်တယ်သော အသရေတော်ကိုဖူးမြင်ကြရသောအခါ ၃၆ ယူဇနာအတွင်း၌ ရှိသောပရိသတ်အားလုံးပင် ဘုရားဆုကို တောင်းကြသည်။ တစ်ယောက်သောသူမျှ ဘုရားဆုကို မတောင်းသူဟူ၍မရှိချေ။ ဤသည်ကိုရည်၍ ဘုရားဆုပန်နေ့ ဟု ခေါ်ထိုက်ခြင်းဖြစ်လေသည်။

မြတ်စွာဘုရား သက်ဆင်းတော်မူသည်ကို ဖူးမြော်ရန် စောင့်နေကြသောလူအပေါင်းတို့ တောင်းပန်သဖြင့် ရှင်မဟာမောဂ္ဂလာန်က ဘုရားသခင်အားမည်သည့်အခါ မည်သည့်အချိန်၌ လူ့ပြည်သို့သက်ဆင်းမည်ကို လျှောက်ထားသော အခါဘုရားသခင်က ငါဘုရားကို ဖူးမြော်လိုသူတို့သည် ရွာဦးကျောင်းသို့ ဥပုသ်သည်များ တရားနာသွားသကဲ့သို့ လာခဲ့ကြရမည်ဟု မိန့်ကြားတော်မူသည်ကို ရည်၍ ထိုနေ့ထိုရက်၌ ဥပုသ်သီတင်းဆောက်တည်ကြခြင်းဖြစ်သည်။

မြတ်စွာဘုရားသခင်သည် လူ့ပြည်သို့မဆင်းမီ တာဝတိံသာနတ်ပြည်၌ ရေအစုံမီးအစုံ တန်ခိုးပြာဋိဟာပြတော် မူသည်။ မြတ်စွာဘုရား၏တန်ခိုးတော်အားဖြင့် စကြဝဠာ တစ်ခုလုံးသည် ဟင်းလင်းပြင်ဖြစ်သွားလေသည်။ ရှင်တော် ဘုရား၏ လောကဝိဝရဏတန်ခိုးတော်အားဖြင့် လူနတ်ဗြဟ္မာ ငရဲသားအားလုံးတို့သည် တစ်ဦးကိုတစ်ဦးထင်ရှားစွာ တွေ့ မြင်ရလေသည်။

သီတင်းကျွတ်လပြည့်နေ့သည် ဝါတွင်းသုံးလ၏ နောက်ဆုံးနေ့ ဖြစ်သဖြင့် ဝါဆိုတော်မူကြကုန်သော သံဃာ တော်မြတ်တို့ လွတ်လွတ်ကျွတ်ကျွတ် သွားလာသီတင်း သုံးနိုင်သည့် အခွင့်အရေးကိုရရှိကြလေသည်။ ဤနေ့အထိ ဝါဆိုကြသည့် သံဃာများသည် အလွန်မြတ်သော ကထိန်အလှူကို ခံယူထိုက်သော အခွင့်အရေးကို ရရှိကြလေသည်။ လောကီလူတို့၏ ထုံးစံအရလည်း အိမ်ရာထောင်ခြင်းပြုနိုင်ကြသဖြင့် အချုပ်အချယ်တို့မှလွတ် ကျွတ်စေသောနေ့ဟုဆိုရပေမည်။

အချုပ်အားဖြင့်ဆိုသော် သီတင်းကျွတ်လပြည့်နေ့သည် ရဟန်းတော်များဝါမှ ထသောနေ့၊ ပဝါရဏာပြုကြ သောနေ့၊ မြတ်စွာဘုရားသခင်သည် တာဝတိံသာ၌ အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလပတ်လုံး ဟောကြားတော်မူသည်မှာ အောင်မြင်စွာပြီးဆုံးသောနေ့ (ဝါ) အဘိဓမ္မာအခါတော်နေ့၊ နတ်ဗြဟ္မာအပေါင်း ခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ဗြဟ္မာ နတ်လူသုံးပုံသူတို့ မြတ်စွာဘုရားအား အတူတကွကြည်ဖြူ ကော်ရော်ပူဇော်ကြသောနေ့၊ လောကဝိဝရဏတန်ခိုးတော်ကြောင့် စကြဝဠာတစ်ဝှမ်းလုံးကို တိုးလျှိုပေါက်မြင်ကြရသောနေ့ စသောဂုဏ်ထူးဝိသေသ အထူးထူးနှင့်ပြည့်စုံသော နေ့ဖြစ်သည်။

26/10/2023

အလုပ်ခေါ်နေပါကြောင်း

✅ ဝန်ထမ်း အမြန် အလိုရှိသည်။

👨‍🔧Hardware Engineer (Male) 1 Post

💡 Requirements
• Graduated with Computer Science, Computer Engineering, Information Technology or relevant field
• Proven experience as a help desk technician role at least for 2 years
• Additional certification in Microsoft or similar technologies is plus.
• Experience with Active Directory implementation and troubleshooting.
• Experience with network service (VPN, DNS, DHCP and WINS) implementation.
• Good understanding of computer systems, mobile devices and other tech products
• Ability to diagnose and resolve basic technical issues
• Excellent communication skills across all levels in organization
• Must be willing to take responsibility.

👨‍💻Main Responsibilities
• Resolve technical problems with Local Area Networks (LAN), Wide Area Networks (WAN), and other systems.
• Windows system administration, CCTV administration, Unifi routing and switching task.
• Domain Controller, Group policy, in terms of implementations and administration.
• Provide technical assistance and support for incoming queries and issues related to computer systems, network, software,
• Respond to queries either in person or over the phone.
• Maintain daily performance of computer systems.
• Install and modify computer software as needed.
• Run diagnostic programs to resolve problems.
• Install computer peripherals for users.
• Manage and work with our outsourced service providers
• User support with phone, remote software for other sites
• Virus Protection & Removing, Updating Virus Definition
• Report to IT Manager on daily or weekly.

💰 Negotiable Salary
🕣 8:30 AM to 5:30 PM
⏹ Saturday, Sunday and Public Holiday
🏢 Corner of 78th St & 32nd St, Chanayetharzan Township, Mandalay, Myanmar.
📞 09 256 400 425, 09 431 466 47
🛂 [email protected]
🌐 www.asiabrightway.com

30/09/2023

👷‍♂️👷 Site Engineer ( M/F ) 5 Posts

💡 Requirements
- BE.Civil
- At least 2 years experience
- Age Under 30 years
- Autocad 2D , Sketch-Up
- To draw BBS, Estimate & Prepare RFA, RFI.
- To supervise & complete the project within intime & budget
- To control Quality of the project

✍️ လျှောက်ထားလိုပါက
📧 [email protected] သို့
Email ပို့၍ လျှောက်ထားနိုင်ပါသည်။
🏢 Office Address - Corner 78×32 St, Chan Aye Thar San, Mandalay.
📞 Phone Number - 02-4060655 , 02-4021185

29/09/2023

🥮Mooncake Festival🥮
----------------
ယနေ့ကတော့ တရုတ်ရိုးရာ လမုန့်ပွဲတော်နေ့ပဲဖြစ်ပါတယ်...

🏮ဒီရိုးရာကိုတော့ တရုတ်မှာသာမက ဂျပန်၊ ကိုရီးယား၊ ဗီယက်နမ်နိုင်ငံတွေမှာလည်း ကျင်းပကြပါသေးတယ်။
🏮လမုန့်ပွဲတော်နေ့ဟာ တရုတ်ရိုးရာမှာဆိုရင် အရေးပါပြီး ကြီးကျယ်ခမ်းနားစွာ ကျင်းပကြတဲ့ နေ့တစ်နေ့ပါပဲ...
🏮ဒီရိုးရာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ လောက်ကတည်းက စတင်ကျင်းပလာခဲ့တာဖြစ်ပြီး တရုတ်ပြက္ခဒိန် ၈လမြောက် ၁၅ရက်နေ့မှာကျင်းပပြီး ညဘက်လအပြည့်ဆုံးအချိန်မှာကျင်းပတာဖြစ်ပါတယ်။
🏮ယနေ့မှာ လဟာ သူ့ရဲ့အကြီးဆုံးအရွယ်အစားနဲ့ အတောက်ပဆုံးအချိန်ကို မြင်ရလေ့ရှိတာကြောင့် စောင့်ကြည့်ဖို့လည်း မမေ့ပါနဲ့ဦးနော်...

Photos from PAHG Holding Company Limited's post 25/09/2023

Happy Birthday September Born

Photos from PAHG Holding Company Limited's post 19/09/2023

#ဒါန၏ #အကျိုးတရားများ
_____________________
ဆွမ်းလှူခြင်းအကျိုး ( ၅ ) မျိုး
ပန်းလှူခြင်းအကျိုး ( ၃ ) မျိုး
ဆီမီးလှူခြင်းအကျိုး
ရေလှူခြင်းအကျိုး ( ၁၀ ) မျိုး
သပိတ်လှူရခြင်းအကျိုး ( ၈ ) မျိုး
အဝတ်သင်္ကန်းလှူရခြင်းအကျိုး ( ၈ ) မျိုး
ခါးပန်းကြိုး လှူရခြင်းအကျိုး ( ၆ ) မျိုး
ရေစစ်လှူရခြင်းအကျိုး ( ၆ ) မျိုး
သင်ဓုန်းဓားလှူရခြင်းအကျိုး ( ၇ ) မျိုး
ထီးလှူရခြင်းအကျိုး ( ၇ ) မျိုး
ယပ်လှူရခြင်းအကျိုး ( ၉ ) မျိုး
အပ်လှူရခြင်းအကျိုး ( ၅ ) မျိုး
ဖိနပ်လှူရခြင်းအကျိုး ( ၄ ) မျိုး
အခင်းလှူရခြင်းအကျိုး ( ၆ ) မျိုး
တံမြက်လှည်းရခြင်းအကျိုး ( ၅ ) မျိုး
တံတားလှူရခြင်းအကျိုး ( ၅ ) မျိုး
ဆေးလှူရခြင်းအကျိုး ( ၁၀ ) မျိုး
ကျောင်းလှူရခြင်းအကျိုး (၇) မျိုး
ဂုဏ်တော်ပွားခြင်းအကျိုး ( ၁၇ ) မျိုး
-
မူရင်းရေးသားသူအား
လေးစားစွာဖြင့်-Credit
ပေးပါသည်။

Want your business to be the top-listed Hardware Service in Mandalay?
Click here to claim your Sponsored Listing.

Videos (show all)

🙏🙏🙏 PAHG မိသားစု 🙏🙏🙏၂၀ ကြိမ်မြောက် မဟာဘုံကထိန်တော်(2023 November 22)
🙏🙏🙏 PAHG မိသားစု 🙏🙏🙏၂၀ ကြိမ်မြောက် မဟာဘုံကထိန်တော်(2023 November 22)
PAHG Holding Company Limited မှာအတူတူလက်တွဲလုပ်ကိုင်လာတာ ဆယ်နှစ်တာခရီးသို့ရောက်ရှိလာပြီဖြစ်တဲ့ မဝတ်ရည်အောင် အား10 years ...
Happy Birthday PAHG June Born
“Count your life by smiles, not tears. Count your age by friends, not years. Happy birthday!”မတ်လမှာကျရောက်သော မွေးနေ့ရှ...
PAHG Holding Company Limited ၏ မိသားစု ထမနဲထိုး ပြိုင်ပွဲလေးကို အမှတ်တရအနေဖြင့် မှတ်တမ်းတင်ထားပါတယ်ရှင်ထမနဲ ထိုးပွဲ ကျင်...
" You Ideal Partner In Myanmar "PAHG Holding Company Limited
2021 New Year Party of PAHG Group
PAHG မိသားစုရဲ့ ဂိမ်းလေးတွေပါရှင် #pahgholdingcompany #buildingmaterial #game
COVID- 19 ကြောင့် မဟာသင်္ကြန် မကျင်းပနိုင်တော့တဲ့ မြန်မာပြည်သူတွေကို စိတ်မပျက်အောင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီ...

Telephone

Address


Corner Of 78th Street & 32nd St, Chanayetharsan Township
Mandalay
05024

Opening Hours

Monday 09:00 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00
Saturday 08:30 - 17:00

Other Building Materials in Mandalay (show all)
Mandalay Mahar Akarit Mandalay Mahar Akarit
65th Between 112th & 113th Streets
Mandalay

Construction & Distribution Company

သိဒ္ဓိအောင် ကျောက်ခွဲစက် နှင့် ကျောက်မျိူးစုံရောင်းဝယ်ရေး သိဒ္ဓိအောင် ကျောက်ခွဲစက် နှင့် ကျောက်မျိူးစုံရောင်းဝယ်ရေး
Mandalay, 05073

ဆောက်လုပ်ရေးနှင့်လမ်းတံတားသုံးကျေ?

Aijia Company Aijia Company
62&115A Corner, Pyigyitagon Township
Mandalay

sales representative

Ko Thura Ko Thura
Mandalay

Aye Mya Chin Aye Mya Chin
Between 51×50st, On 110D Street
Mandalay

အုတ်၊ထုံး၊သဲ၊ကျောက်၊ဘိလပ်မြေ၊နှုန?

Myo Thukha Construction Materials Distribution Myo Thukha Construction Materials Distribution
အမှတ်(၁၃၁)၊ ၈၃ လမ်း ၊(၂၃ X ၂၄) လမ်းကြား ၊ မန္တလေးမြို့
Mandalay

BLACK HORSE Myanmar BLACK HORSE Myanmar
Mandalay

Welcome!

New Sky New Sky
56Aလမ်း×123*124လမ်းကြား
Mandalay

Super Home Construction Center-MDY Super Home Construction Center-MDY
52st , Between 33&34
Mandalay

Creating a better future for Mandalay’s construction industry.

ရတနာပုံ အဆောက်အဦး ရွှေ့ / မြှောက်လုပ်ငန်း ရတနာပုံ အဆောက်အဦး ရွှေ့ / မြှောက်လုပ်ငန်း
၈၉ လမ်း ၄၁ X ၄၂လမ်းကြား , မဟာအောင်မြေမြို့နယ်, မန္တလေးမြို့
Mandalay

Building Mover

Evo_Tech Building Materials Evo_Tech Building Materials
Mandalay-Lashio Road, Myanmar, Burma (Myanmar)
Mandalay

We produce building materials in Mandalay region, Myanmar. With emphasize on Aircrete/ Cellular Ligh

3 Trees Paint Mandalay 3 Trees Paint Mandalay
61st X 62st, 126st
Mandalay

ᴡᴇ ᴩᴀɪɴᴛ ɴᴏᴛ ᴊᴜꜱᴛ ᴀ ʀᴏᴏᴍ ʙᴜᴛ ᴀ ꜱᴍɪʟᴇ ᴏɴ ʏᴏᴜʀ ꜰᴀᴄᴇ 🎗️