TYToe Jewellery

Embracing inclusivity with affordable and stunning jewelllery crafted with Mogok Gems.
- Jewels for All -

22/08/2024

Sparkling Rubies and Dazzling Sapphires- Jewelleries that catch eyes 👀🤩💍✨

22/08/2024

🌿 Any JADE lovers here? 🌿
Let’s dive into the world of jade - a symbol of strength, wisdom and serenity. Whether you’re admiring its timeless luxury or enjoying its versatile style, Jade is perfect for daily wear. Looking to get yourself a Jade bangle or Jade pieces??? Connect with us 💚💚💚
Let’s keep that Jade love going!!! 🥳🥳🥳

22/08/2024

Look at this 7.35 ct Zambia Emerald “Very Demure and Very Mindful” ✨💚 A subtle elegance and conscious choice 💚

20/08/2024

Follow us on Instagram for more interesting content

🤭♥️🤭

20/08/2024

Follow us on Instagram
🤭🤭🤭

TY_TOE Jewellery (@ty_toe_jewels) • Instagram photos and videos 35 Followers, 2 Following, 20 Posts - See Instagram photos and videos from TY_TOE Jewellery ()

20/05/2024
14/04/2024

💦 မြန်မာ့ ရိုးရာ အတာသင်္ကြန်ပွဲတော်မှာ Ty Toe Jewelry ကို အားပေးချစ်ခင်ကြတဲ့ မိဘပြည်သူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်🙏🏻

ပိတောက်ပန်းလေးလို လှပနေတဲ့ ရွှေဝါရောင်လေးနဲ့တွဲဖက်ပြီး ပင်လယ်ရေပြာလို ရွှန်းစိုနေတဲ့ နီလာပြာ Jewelry လေးတွေကတော့ သင်္ကြန်နဲ့ အလိုက်ဖက်ဆုံး Jewelry Pieces လေးတွေပါပဲရှင်။

သင်္ကြန်ရဲ့ ပျော်ရွှင်ဖွယ်နေ့ရက်တိုင်းမှာ လှပမှုကို ဆောင်ကြဉ်းပေးမယ့် Ty Toe Jewelry ✨

#သင်္ကြန် #နီလာ

01/04/2024

သင်သိပါသလား❓ ကမ္ဘာ့ကျောက်စိမ်းစျေးကွက်ထဲက ကျောက်စိမ်း 70-90% လောက်ဟာ မြန်မာနိုင်ငံကနေထွက်တာပါ။ တစ်ကမ္ဘာလုံးက ကျောက်စိမ်း အရောင်းအဝယ် ကို တရုတ်နိုင်ငံမှာ အများဆုံးလုပ်လေ့ရှိကြပါတယ်။

ကျောက်စိမ်းတစ်တုံးရဲ့ အရည်အသွေးကို အကဲဖြတ်ရာမှာ အရောင်၊ ကြည်လင်ပြတ်သားမှု နဲ့ ကျောက်သားပေါ်မူတည်ပြီး စျေးဆုံးဖြတ်တတ်ကြပါတယ်။

ကျောက်စိမ်းဆိုတာ အစိမ်းရောင်တစ်မျိုးတည်း ရှိတတ်တာတော့မဟုတ်ပါဘူး။ ခရမ်း၊လိမ္မော်၊ အနီ၊ အဝါ စသဖြင့် အရောင်အမျိုးမျိုးရှိပေမဲ့ အစိမ်းကတော့ တန်ဖိုးအကြီးဆုံးထဲ ပါပါတယ်။

“လူကြိုက်အများဆုံး Jade Color များ”

💚 Imperial Jade

စိမ်းစိုရင့် အရောင်နဲ့ ကျောက်ရည် ကျောက်သား ကြင်လင်မှုရှိတဲ့ Imperial Jade ဟာဆိုရင် တန်ဖိုးအမြင့်ဆုံးဖြစ်ပြီး မြန်မာပြည်ကနေ ရှားရှားပါးပါး ထွက်ရှိပါတယ်။ ကျောက်စိမ်းထဲမှာ တန်ဖိုးအမြင့်ဆုံး အရည်သွေးအကောင်းဆုံးလို့ သတ်မှတ်ကြပါတယ်

💜 Lavender

ဒုတိယ ရေပန်းအစားဆုံး အရောင်ကတော့ Manganese Element ပါဝင်မှုကြောင့် ခရမ်းရောင်လေး ပြေးနေတဲ့ lavender jade ဖြစ်ပါတယ်။ ကာလာဆန်းလေးတွေကို ရှာဖွေစုဆောင်းတတ်ကြသူများကြား ရေပန်းစားပါတယ်။

🖤 Black Jade

Black jade ဆိုတာသာမန်မျက်စိနဲ့ ကြည့်ရင် အနက်ဆိုပေမဲ့ ကျောက်ကြည့်မီးအောက်မှာကျမှ အစိမ်းရင့်ရောင်ပေါ်တာမျိုးပါ။ ယောင်္ကျားလေး လက်ဝတ်လက်စား ပြုလုပ်ရာမှာ အများဆုံးသုံးကြပါတယ်။

ကျောက်စိမ်းမှာ ကျောက်ရောင်ညီတာ အဓိကကျပေမဲ့ တရုတ်တွေက မတူတဲ့အရောင်ပြေးလေးတွေလှရင်လည်း သဘောကျကြပါတယ်။ သုံးရောင်ရော (lavender, green နဲ့ ice jade) နေတဲ့ လက်ကောက်တွေ (tri-colours bangle) က ဒီနောက်ပိုင်း လူငယ်တွေ အကြိုက်တွေ့လာကြတယ်။ ဒီ tri-colour bangles တွေက ကံကောင်းမှု နဲ့ အမြဲတစေတိုးတက်မှု ကို ကိုယ်စားပြုတယ်လို့ ဆိုကြတယ်။

ဒါတွေဟာ ကျောက်စိမ်းရဲ့ အရောင်အမျိုးမျိုးကွဲပြားပုံအကြောင်း တစေ့တစောင်းပါ။ ကျွန်မတို့ TY Toe Jewellery မှာဆိုရင်လည်း အရည်အသွေးကောင်း မြန်မာ့ကျောက်စိမ်းစစ်စစ်နဲ့ ပြုလုပ်ထားတဲ့ လက်ဝတ်ရတနာလေးများ ရရှိနေပြီဖြစ်ကြောင်း သတင်းတောင်းပါးလိုက်ပါတယ်ရှင်။

#ဖားကန့် #ကျောက်စိမ်း

20/03/2024

ကျွန်မတို့ TY Toe Jewellery ရဲ့ Founder တစ်ဦးဖြစ်တဲ့ မသန်းရတနာတိုးဟာဆိုရင် GIA London ကနေ 2020 ခုနှစ်မှာ Diamonds Course ပြီးမြောက်ထားပြီး စိန်အကြောင်းသေချာနားလည်တတ်ကျွမ်းသူတစ်ယောက်ဖြစ်ပါတယ်။

TY Toe Jewellery မှာအဓိကရောင်းချနေတဲ့ Colored Stones တွေအကြောင်းသေချာတတ်မြောက်အောင် အခုဆိုရင် Bangkok မှာ GIA ထပ်မံတက်ရောက်နေပြီး Gemlogist တစ်ဦးဖြစ်လာဖို့ ကြိုးပမ်းနေပါတယ်။ IGI Jewellery Design ရဲ့ Alumni တစ်ယောက်လည်းဖြစ်ပြီး ခေတ်မီ လက်ဝတ်ရတနာဒီဇိုင်းများကိုပုံဖော်ဖန်တီးနိုင်တဲ့သူလည်းဖြစ်ပါတယ်။

❣️ကျွန်မတို့ Founder ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အရည်အသွေးမြင့်ရတနာပစ္စည်းလေးတွေကို မများတဲ့စျေးတန်းတစ်ခုနဲ့ရောင်းချနိုင်ဖို့ပါ။

ဒါမှသာ အမျိုးသမီးလေးတွေ သဘာဝ ကျောက်မြတ်ရတနာတွေကို Special Occasions ရှိမှဝတ်ဆင်နိုင်တာမျိုးမဟုတ်ဘဲ နေ့စဉ်ဝတ်ဆင်နိုင်ဖို့ပဲဖြစ်ပါတယ်။ ယုံကြည်ချက်ရှိပြီး ရဲရင့်တောက်ပနေတဲ့ အမျိုးသမီးလေးတွေဖြစ်ဖို့ တစ်မူဆန်းရဲ့ ရတနာဒီဇိုင်းလေးတွေနဲ့ ဝန်းရံပံ့ပိုးပေးချင်တာ TY Toe Jewellery ရဲ့ စေတနာပါ🩷

Founder ဟာဆိုရင် ရတနာကျောက်တွေအကြောင်း သေချာတတ်မြောက်ထားတာဖြစ်လို့ Customers တိုင်းကို ကိုယ်တိုင်ကိုယ်ကျ လိုက်ဖက်မယ့် Design လေးတွေ Professional ဆန်ဆန် ရွေးချယ်အကြံပေးနိုင်ပါတယ်။ ဒါ့ကြောင့် Jewellery နဲ့ပတ်သတ်လာရင် TY Toe Jewellery ကို အရည်အသွေး နဲ့ Service ပိုင်းမှာရော အပြည့်အဝယုံကြည်စိတ်ချနိုင်ပါတယ်ရှင် 💯

#မိုးကုတ်ကျောက်

05/03/2024

✨Precious Stones တွေထဲမှာ အထင်ရှားဆုံးကတော့ နီလာနဲ့ ပတ္တမြားပါပဲရှင်။ နီလာကိုမှ ကြိုက်နှစ်သက်သူရှိသလို ပတ္တမြားကိုပဲ အသဲစွဲ ရွေးချယ်စုဆောင်းသူများလည်းရှိကြပါတယ်။

💙 နီလာဟာ တည်ငြိမ်အေးချမ်းခြင်း၊ စိတ်အေးချမ်းမှု၊ ဉာဏ်ပညာကြီးမားမှုတို့ကို ကိုယ်စားပြုပြီး Virgo ရာသီဖွား၊ September born တို့ရဲ့ အဆောင်ရတနာပါ။

အဆောင်ကျောက် နီလာဟာ တော်ဝင်နန်းထိုက်မှု၊ ချမ်းသာကြွယ်ဝမှုစတာတွေကို ပေးစွမ်းနိုင်ပြီး မကောင်းတဲ့ နတ်ဆိုး၊ ပရောဂ ရန်သူတွေကို ကာကွယ်နိုင်တယ်လို့ယုံကြည်ကြပါတယ်။

Royal Blue, Vivid Blue, Corn flower စသဖြင့် ကျောက်ရည် အရောင်အနုအရင့်အလိုက် နီလာမျိုးစုံရှိတာကြောင့် ရွေးချယ်စရာများပြားပြီး ဒီဇိုင်းဆန်းလေးတွေ ဖန်တီးဝတ်ဆင်လို့ရပါတယ်။

❤️ ပတ္တမြားကတော့ မြန်မာနိုင်ငံ မိုးကုတ်ဒေသကနေ အထွက်များပြီး ကမ္ဘာတစ်လွှားမှာ မိုးကုတ်ပတ္တမြားဆိုပြီး နာမည်တစ်လုံးနဲ့ ဂုဏ်ရှိတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် အရည်အသွေးအရမ်းကောင်းတဲ့ ပတ္တမြားများ အခွင့်ရှိတာနဲ့ ဝယ်ယူစုဆောင်းသင့်ပါတယ်။

Leo ရာသီဖွား၊ နဲ့ July Born တွေရဲ့ အဆောင်ရတနာဖြစ်ပြီး Courage, Strength, Leadership Qualities များကို ကိုယ်စားပြုလေ့ရှိတာကြောင့် သရဖူတွေမှာတောင် အဓိက ရတနာအဖြစ်ထည့်သွင်းအသုံးပြုလေ့ရှိပါတယ်။

နီလာနဲ့ ပတ္တမြားဟာ သူ့ကောင်းကွက်နဲ့သူ အဖိုးထိုက်တန်တာမလို့ နှစ်ခုလုံးကို လူကြိုက်များကြပါတယ်။ ဘယ်ဟာလေးကို ပိုနှစ်သက် ဝတ်ဆင်စုဆောင်းလေ့ရှိလဲဆိုတာ ပြောသွားပေးသွားပါဦးနော်။

အရည်အသွေးမြင့် မိုးကုတ် ပတ္တမြား နဲ့ နီလာ လက်ဝတ်ရတနာများကို လိုချင်လျှင် Ty Toe Jewelry ကိုသာ လှမ်းလာခဲ့ပါရှင်။

#မိုးကုတ်ကျောက် #ပတ္တမြား #နီလာ

Photos from TYToe Jewellery's post 13/02/2024

Valentine Day မှာ Date သွားကြမယ့် အလှလေးတို့အတွက် Perfect ဖြစ်တဲ့ Look လေးတစ်ခုဖန်တီးဖို့ Jewellery Accessories လေးတွေ ကလည်းအရေးပါတယ်နော် 💕

💓 ‌Versace ရွှေခေါင်း ဒီဇိုင်းဆန်းလေးကို စိမ်းရည်လဲ့နေတဲ့ ကျောက်စိမ်းပွင့်နဲ့ ခပ်မိုက်မိုက် look လေးရမှာ ပါ။

💓 Trendy Look လေးဖန်တီးချင်တယ်ဆို Pastel Colour Spinel လေးတွေနဲ့ ခတ်ထားတဲ့ Spinel Ear Climber Cuff လေးက ရွှေနားကုပ်လေးတွေနဲ့မို့ နားပေါ်မှာ ကပ်ကပ်လေးနဲ့ လန်းချင်တဲ့ fashion အတွက်ပေါ့

💓 Clean Look လေးဖြစ်ချင်တယ်ဆို Red Spinel လေးတွေကို သစ်ရွက်လေးပုံစံလုပ်ထားတဲ့ Spinel Leafy Earring လေးက အဆင်ပြေဆုံး လေးပါ

💓 Playful နဲ့ Unique ဖြစ်ဖို့အတွက်ဆို အ​ရောင်မတူ Mismatched Spinel Ear Stud လေးက ရှိထားသင့်တဲ့ Jewellery Accessory လေးနော်

💓 နီရည်လဲ့ ပတ္တမြားပွင့်လေးတွေကို ဖောင်းကြွ ဒီဇိုင်းလေးလုပ်ထားတဲ့ Ruby Mushroom Ring လေးနဲ့လည်း လိုက်ဖက်အောင်တွဲဆက်လည်းရတယ်

💓 တော်၀င်ဆန်တဲ့ပြီး တည်ကြည်တဲ့အလှမျိုးလေးဖြစ်ချင်တယ်ဆို ပြာရည်တောက် နီလာပွင့်လေးတွေရယ် ၊ စိန်ပွင့်လေးတွေတွဲစပ်ခတ်လုပ်ထားပြီး နားဆွဲလေးလိုမျိုး ရွှေချိန်ကြိုးလေးပါတဲ့ Sapphire and Diamond Chain Drop Earring လေးက ပုံဖော်ပေးနိုင်တယ်နော်

မှတ်မှတ်ရရ Date လှလှလေးမှာ အလှဆုံးလေးဖြစ်ဖို့အတွက် Outfit လှလှလေးနဲ့လိုက်မယ့် Accessories လေးတွေကလည်း အရေးကြီးတာမို့ မရှိသေးဘူးဆို Valentine Day အမှီ TY Toe Jewellery မှာ လာမှာလိုက်တော့နော် 💌

10/02/2024

Valentine Day မှာ ကိုယ့်ချစ်သူကောင်မလေးကို ထူးထူးခြားခြား ဘာလက်ဆောင်လေးပေးရင်ကောင်းမလဲ စဉ်းစားရခက်နေတယ်ဆို ရတနာထည်လှလှလေးတွေက အကောင်းဆုံးရွေးချယ်မှုပါဘဲ!

💕 "ကိုယ့်ကမ္ဘာကြီးကို မင်းအနားမှာ လည်ပတ်ခွင့်ပြုပါ" 🤭 ဆိုတဲ့ အဓိပ္ပာယ်လေးအပြည့်နဲ့ ပေးချင်တာဆို ချစ်စရာကောင်းတဲ့ Planet Earring လေးကိုရွေးပါ

💕 ကောင်မလေးက ခပ်မိုက်မိုက်ပုံစံလေးကြိုက်တယ်ဆို စိန်ပွင့်လေးတွေနဲ့ လုပ်ထားတဲ့ ချိန်းကြိုးဒီဇိုင်းဆန်းလေး Diamond Chain Drop ရှိတယ်နော်

💕 Vintage Vibe လေးတွေကြိုက်တတ်တဲ့သူ‌ဆို ပြာရည်လှလှ နီလာလေးတွေကို စိန်ပွင့်လေးတွေ ခြံရံခတ်လုပ်ထားတဲ့ Sapphire Vintage Ring လေးကို အကြိုက်တွေ့မှာ အသေအချာဘဲ

💕 Pastel အရောင်လှလှ Spinel လေး 4 ပွင့် နဲ့လုပ်ထားတဲ့ ဒီဇိုင်းဆန်း Spinels Stack Ring လေးကလည်း တစ်ကွင်းတည်းနဲ့ ချစ်သူလက်ပေါ်မှာ သိပ်လှနေမှာ

💕 နူးနူးညံ့ညံ့ ပန်းရောင် Spinel လေးနဲ့ လုပ်ထားတဲ့ Regency Pink Spinels နားဆွဲလေးနဲ့ဆို ချစ်ရသူလေးကို နန်းဆန်စွာလှစေမှာပါ

💕 နားမှာကပ်ကပ်လေးနဲ့ မိမိုက်အထာကျတာမျိုးကို သဘောကျတဲ့ကောင်မလေးအတွက်ဆို နီရဲခဲ ပတ္တမြားလေး ၃ ပွင့်နဲ့လုပ်ထားတဲ့ Mini Ruby Ear Climber လေးကိုသာရွေးလိုက်နော်

💕 တည်ငြိမ်သူလေးအတွက်ဆိုရင်တော့ ပတ္တမြားလေးကို စိန်ပွင့်လေးတွေနဲ့၀န်းရံထားတဲ့ Diamonds and Ruby Ear Stud လေးကိုသာ လက်ဆောင်ပေးလိုက်ပါ

လက်စွပ်လေးဘဲ ပေးမလား ? နားဆွဲလေးဘဲပေးမလား? ဒီဇိုင်းဆန်းဆန်းလေးနဲ့ အရည်အသွေးကောင်းပြီး ဈေးသင့်တဲ့ရတနာထည်လေးတွေက ဒီနှစ် Valentine Day မှာ ချစ်ရသူကောင်မလေးအတွက် Perfect Gift လေးဖြစ်စေမှာအသေအချာပါဘဲ။

မှာယူချင်တယ်ဆို အခုဘဲ Valentine Day အမှီလေး Page Messenger ကနေ order လိုက်တော့နော် 💌

#ချစ်သူများနေ့လက်ဆောင်

TYToe Jewellery Embracing inclusivity with affordable and stunning jewelllery crafted with Mogok Gems.
- Jewels for All -

Photos from TYToe Jewellery's post 06/02/2024

💜✨ ခမ်းနား ဆန်းသစ်တဲ့ ဒီဇိုင်းကြောင့် လူအများကြားမှာ ပေါ်လွင်‌နေစေမယ့် February လဖွားတို့ရဲ့ မွေးလအဆောင်ကျောက် ခရမ်းဆွဲ Set လေး ✨💜

🪻 အရည်လှလှ ကျောက်သားကြည်လဲ့ရွှင်စိုခရမ်းဆွဲကျောက်လေးကို တလက်လက်ဖြာ တောက်ပနေတဲ့ စိန်ပွင့်လေးများဖြင့် ယှက်နွယ်ကာဖန်တီးထားတဲ့ ဆွဲသီး၊ လက်စွပ် နဲ့ နားကပ်လေးတွေ ကို ရွှေအခံနဲ့ ထည်စွာ ပေါင်းစပ်ပြီး မြင်နေကျပုံစံမဟုတ်တဲ့ ဒီဇိုင်းအဆန်း set လေးဖြစ်ပါတယ်။ နားကနေ ကြိုးလေးစဥ်းကျလာပြီး လည်တိုင်လေးကို သပ်ရပ်စွာရစ်ပတ်သွားတာကလည်း မိန်းကလေးတို့ရဲ့နန်းဆန် တည်ငြိမ်တဲ့ အလှကို ပိုထင်ပေါ်စေမှာပါ 👸💎

ပိုထူးခြားသွားစေတာက Torque သက်သက်ဘဲ၀တ်ဆင်ချင်လည်း ရသလို ၊ စိတ်ကြိုက်ပုံစံ ဖန်တီးချင်တယ်ဆိုလည်း ပါ၀င်တဲ့ ရွှေကြိုးလေးက အဆွန်းနှစ်ဖက်လုံးမှာ ရွှေချိတ်လေးတွေနဲ့မို့ ဖြုတ်လွယ် တပ်လွယ်လေးပါ။

ဒီကြိုးလေးနဲ့က ဒီဇိုင်းကစားတတ်ရင် ကစားတတ်သလို အမျိုးမျိုးလည်း ပြင်ဆင်ဖန်တီးလို့ရပါသေးတယ်နော်။ နားကပ်နှစ်ဖက်ကို ရွှေကြိုးနဲ့လှမ်းချိတ်တွဲပြီး အမြင် ပိုဆန်းစေမယ့် ပုံစံလေးဖန်တီးလို့လည်းရပါတယ်။

🪻 ဆွဲသီး ဒီဇိုင်းလေးနဲ့ ဆင်တူလေးဖန်တီးထားတဲ့ ခရမ်းဆွဲကျောက် လက်စွပ်လေးနဲ့ တွဲဖက်လိုက်တဲ့အခါမှာတော့ အလွန်ကို ပြီးပြည့်စုံပြီး ခမ်းနားဆန်းသစ်သော ထည်ဝါမှုကို ရရှိစေမယ့် Set လေးဖြစ်ပါတယ်ရှင်

ဒီ Set လေးဟာ February မွေးလဖွားတို့အတွက်လည်း အဆောင်ကျောက်လေးအဖြစ် ခမ်းနားဆန်းသစ်သောအလှတရားများပိုင်ဆိုင်စေမှာပါ။

မှာယူချင်တယ်ဆို 💬 Messenger ကမှာဆက်သွယ်မေးမြန်းနိုင်ပါတယ်။

#ခရမ်းဆွဲ

03/02/2024

Spinels Colour အငြိမ်လေးတွေ ကို သေချာ ရွေးပြီးပေါင်းစပ် ထားတဲ့ ၄ပွင့် လက်စွပ်လေးပါ
အရောင်ဆန်းပြီး designs ဆန်းတာလေး နေ့တိုင်းဝတ်ဝတ် ပွဲတက်ဝတ်ဝတ် ၁ ကွင်းတည်းနဲ့လက်ပေါ်မှာ ဟန့်နေမယ့် လက်စွပ်လေးပါရှင့်
ဒီဇိုင်းဆန်းလေးမို့ ရော အရောင်ဆန်းလေးမို့ရော အများနဲ့မတူ တမူထူးခြား နေမှာသေချာတယ်နော်

Price 900,000 ကျပ်
မှတ်ချက် ။ ရွှေစျေးအပြောင်းလဲကြောင့် စျေးအနည်းငယ်ကွာနိုင်ပါသည်။

Photos from TYToe Jewellery's post 31/01/2024

ကျက်သရေရှိပြီး ဂန္ဓဝင်ဆန် အလှတရားကို ပေးစွမ်းနိုင်မယ့် TY Toe Jewelry မှ မိုးကုတ်ပတ္တမြား လက်စွပ်လေးတွေနဲ့ မိတ်ဆက်ပေးရပါစေ💍

❣️အရည်ညီ ပတ္တမြားခဲလေးတွေကို စိန်လှိုင်းတန်းလေး အပေါ်အောက် ခြံရံပေးထားတဲ့ ဒီဇိုင်းဆန်းဆန်းလက်စွပ်လေး
စျေးနှုန်း - 1,720,000 ကျပ်

❣️နီသွေးရဲ ပတ္တမြားခဲလေးများကြား ရွှေသွေးကြောလေးတွေ ယှက်ဖြာနွယ်နေဟန် ခတ်လုပ်ထားတဲ့ လက်စွပ်လေးပါ။ အုံအမြင့်လေးနဲ့ ဖောင်းဖောင်းကြွကြွဖြစ်တာမို့ ပွဲတိုးဝင့်ထယ်နေမှာနော်
စျေးနှုန်း- 1,560,000 ကျပ်

❣️ပွင့်စင်သန့် ပတ္တမြားလေး ၆ပွင့်ကို ကောင်းကင်ပေါ်က ကြယ်တာရာ တန်းလေးသဖွယ် ကြွကြွယွယွ ခတ်လုပ်ပေးထားတာမို့ အများကြား တမူထူးတဲ့ အလှပေါ်လွင်နေမှာပါစျေးနှုန်း-830,000ကျပ်

❣️ပတ္တမြားတစ်လှည့်၊ နီလာတစ်လှည့် အစီအရီကြား ဖြူဖွေးသန့် စိန်ပွင့်လေးတွေ ညီညီညာညာထည့်လိုက်တဲ့အခါ အသက်ကြီး၊ငယ်မရွေး လိုက်ဖက်မယ့် Classic Design လက်စွပ်လေး ဖြစ်ပေါ်လို့လာပါတယ်
စျေးနှုန်း-970,000ကျပ်

မှတ်ချက်။ ရွှေစျေး အပြောင်းအလဲကြောင့် စျေး အနည်းငယ်ကွာနိုင်ပါသည်။

ပစ္စည်းလေးတွေ အသင့်ရှိတုန်း အမြန်လက်ဦးယူ မှာထားလိုက်တော့နော်! ကွာလတီမြင့် ကျောက်မျက်ရတနာအထည်မျိုးစုံကို အတန်ဆုံး စျေးနဲ့ ရောင်းပေးပါသည်။

မှာယူချင်တယ်ဆို 💬 messenger မှ ဆက်သွယ်နိုင်ပါတယ်ရှင့်
#ပတ္တမြားလက်စွပ် #မိုးကုတ်ပတ္တမြား

25/12/2023

လက်ပေါ်မှာ ကြွနေတာလေး
ပတ္တမြားလေးတွေကလည်း အရည်ပွင့်တော့ တောက်နေတာလေးလှတယ်

Price 1,555,000 kyats

Photos from TYToe Jewellery's post 25/12/2023

💎“A Diamond is forever’ ဒီဆောင်ပုဒ်နဲ့ စိန်စျေးကွက်ကြီး ဘယ်လိုကြယ်ပြန့်ခဲ့သလဲ…

၁၈၆၆ခုနှစ် တောင်အာဖရိကနိုင်ငံတွေမှာ စိန်စတွေ့ပြီး ၁၈၇၀ နှောင်းပိုင်းမှာ စိန်တွင်းတွေ အများအပြား လုပ်ကိုင်လာကြတယ်။ များပြားလာတဲ့ စိန်တွင်းတွေမှာ ရင်းနှီးမြုပ်နှံထားတဲ့ ဗြိတိသျှလူမျိုးတွေက စိန်ရဲ့စျေးကွက်ကိုပါ တိုးချဲ့ဖို့စဉ်းစားလာကြတယ်။ အဲ့လိုစဉ်းစားတဲ့အလျောက် ၁၈၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ ယခုချိန်ထိ ကမ္ဘာအောင်မြင်တဲ့ စိန်ထုတ်လုပ်တဲ့ De Beers ဆိုတဲ့ ကုမ္ပဏီကြီးကို စတင် တည်ထောင်ခဲ့ကြတယ်။ တည်ထောင်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ တောင်အာဖရိက မှာရှိတဲ့ စိန်ထုတ်လုပ်မှု့ကို လက်ဝါးကြီးအုပ်ပြီး ကမ္ဘ့ာစိန်စျေးကွက်ကို ချုပ်ကိုင်ဖို့ဘဲ ဖြစ်တယ်။
ရည်ရွယ်ချက်အတိုင်းဘဲ De Beers ကုမ္ပဏီ ရဲ့ ဥက္ကဌ ဖြစ်တဲ့ Sir Ernest Oppenheimer က ကမ္ဘာလုံးဆိုင်ရာ စိန်အရောင်းအဝယ်ကို ချုပ်ကိုင်နိုင်ခဲ့တယ်။ စိန်စျေးကွက်ရဲ့ Supply & Demand ကို De Beers ကဘဲ ပုံဖော်နိုင်စွမ်းရှိတာမို့ တောင်အာဖရိကမှာရှိတဲ့ စိန်တွင်းတွေက ထွက်တဲ့ စိန်တွေကို စျေးကွက်တိုးချဲ့ဖို့ အမေရိကန်နိုင်ငံက ကြေညာ အေဂျင်စီ တစ်ခုဖြစ်တဲ့ N.W Ayer မှာ ကြေညာ ကမ်းပိန်းတစ်ခုပြုလုပ်ဖို့ အပ်ခဲ့ပါတယ်။
ဘာလို့ N.W Ayer ကို ရွေးပီး ကမ်းပိန်းပြုလုပ်ဖို့ အပ်ခဲ့လဲဆိုရင်- N.W Ayer က လူတွေရဲ့ စိန်ပေါ်မှာထားတဲ့ သဘောထားကို လေ့လာ စာတမ်းပြုပြီး လူတွေရဲ့ စိန် အပေါ်မှာ ထားတဲ့ သဘောထားကို ပြောင်းလဲဖို့ အိုင်ဒီယာ သူတို့မှာရှိနေခဲ့လို့ဘဲဖြစ်ပါတယ်။ ၁၉၃၀ နောက်ပိုင်းမှာ N.W Ayer က အမေရိကန် လူမျိုးတွေရဲ့ စိန်ပေါ်မှာရှိတဲ့ စိတ်နေသဘောထားကို နှိုက်နှိုက်ချွတ်ချွတ်နဲ့ လေ့လာလိုက်တော့ စိန်တွေက သူဌေးသူကြွယ်တွေသာ ခံစားခွင့်ရှိတဲ့ စည်းစိမ်လို့ ခံယူထားတာကို သိလိုက်ရတယ်။ ထိုအချိန်က ဒုတိယ ကမ္ဘာစစ်အတွင်း စီးပွါးရေးတွေ မကောင်းချိန်မှာ လူတွေလက်ထဲကို စိန်ကြီးတွေများများရောင်းရအောင် သူတို့ရဲ့ စိတ်ကိုဘယ်လိုမြူစွယ်မလဲဆိုတာကတော့ N.W Ayer ရဲ့ စိတ်ဝင်စားစရာ ကစားကွက်ဖြစ်ပါတယ်။ လူတွေရဲ့ စိန်တွေပေါ်မှာထားတဲ့ စိတ်ခံစားမှု့ကို ပြောင်းလဲဖို့ N.W Ayer က “A Diamond is Forever” ဆိုတဲ့ ဆောင်ပုဒ်နဲ့ စိန်ကို ထာဝရ ခိုင်မြဲခြင်း သင်္ကတ အဖြစ် ဖော်ဆောင်ပြီး အချစ်တွေ အမြဲတည်တံ့ဖို့ မင်္ဂလာဆောင်တွေမှာ၊ လက်ထပ်ခွင့်တောင်းတဲ့အခါတွေမှာ စိန်လက်စွပ် ပေးတဲ့ အလေ့အထဖြစ်လာအောင် လူတွေရဲ့စိတ်ကို သိမ်းသွင်းခဲ့တယ်။
အဲ့နောက်ပိုင်းမှာတော့ စိန်တွေကို အရင်က တန်ဖိုးကြီး ကျောက်လို့ မှတ်ယူရာကနေ စိန်လက်စွပ်မပါရင် အိမ်ထောင်ပြုတာ မပြည့်စုံဘူးဆိုတဲ့ထိဖြစ်အောင် လူတွေရဲ့ စိတ်ကိုပြောင်းလဲနိုင်ခဲ့တယ်။ ပြောင်းလဲနိုင်တဲ့ အလျောက် ၁၉၃၈-၁၉၄၁ ၃ နှစ်တာကာလအတွင်း အမေရိကန်မှာ စိန်အရောင်းနှုန်း ၅၅% မြင့်တက်ခဲ့တယ်။
“A Diamond is forever” ဆိုတဲ့ ဆောင်ပုဒ်ကလည်း ၁၉၉၉ ခုနှစ်မှာ ရာစုနှစ်ရဲ့ နံပါတ် ၁ ဆောင်ပုဒ်ဖြစ်လာတယ်။ ဒီလိုရိုးရှင်းတဲ့ စကားလုံး ၄ လုံးဘဲပါတဲ့ ဆောင်ပုဒ်ကလေးက လူတွေရဲ့ နက်နဲစွာ ခံစားတတ်တဲ့ အဆုံးမရှိ ထာဝရ အချစ်တွေ မေတ္တာတွေအတွက် ကိုယ်စားပြု သင်္ကေတအဖြစ် စိန်ကို သုံးလာခဲ့တာ ယနေ့ခေတ် အထိဘဲဖြစ်ပါတယ်။

ဒီ De Beers ရဲ့ နာမည်ကြီး “A Diamond is Forever” ကမ်းပိန်းကလည်း အတုယူစရာ၊ လေ့လာစရာ မားကတ်တင်း ကမ်းပိန်း တစ်ခုအဖြစ်လည်း မှတ်ချက်ပြုရပါမယ်။သူဌေးသူကြွယ်တွေသာ သုံးစွဲကြတယ်ဆိုတဲ့ စိန် ဟာ အချစ်ရှိတဲ့သူတိုင်းရဲ့လက်ထဲမှာရောက်အောင် (demand for diamonds) ကို ဖန်တီးနိုင်ခဲ့တာဖြစ်တယ်။

Sources: The New York Times, 2013, How Diamonds Became Forever,
De Beers Group web

25/12/2023

Ruby Mushroom Ring 💍

ဖောင်းဖောင်း ကြွကြွ ပတ္တမြားလက်စွပ်လေး
ကျောက်လေးတွေကြားထဲ ရွှေအကြော ကြွကြွလေးတွေရယ် အုံအမြင့်လေးရယ် က လက်ပေါ်မှာ ဝန့်ဝန့်ကြွားကြွားလေး ဖြစ်နေမှာ

စျေး - 1,555,000 ကျပ်

မှတ်ချက်။ ရွှေစျေးအပြောင်းအလဲကြောင့် စျေးနှုန်း အနည်းငယ်ကွာနိုင်ပါသည်။

"🍄✨ Explore the enchanting Mushroom Ring, where nature's grace meets impeccable artistry. Admire the alluring plumping look designs that intricately showcase the delicate balance of elegance. Veins of embedded rubies add a touch of mystery, creating a unique piece that celebrates both nature's beauty and sophisticated design.

Price- 1,555,000 kyats

Note: price may vary due to fluctuations in gold price.

"

24/12/2023

Sunday’s Motto:

Photos from TYToe Jewellery's post 18/12/2023

Spinels အညံ့ပန်းကျောက်

Spinels လို့ ခုခတ်ခေါ် ကြတဲ့ ကျောက်တွေကို မိုးကုတ် အခေါ် အညံ့ကျောက် လို့အရင်ခတ်ကအလွယ်ခေါ်ကြတယ်။ ပတ္တမြား၊ နီလာ နဲ့ ယှဉ်ရင် spinels ကျောက်သားတွေက ပျော့တယ်။ ဒါကြောင့် ပတ္တမြား၊ နီလာ တွေကို “အမာကျောက်” ၊ spinels တွေကို “အညံံ့ပန်းကျောက်” လို့ခေါ်ကြတယ်. MOHS scale နဲ့ ဆို စိန် ၁၀ ဆင့်၊ ပတ္တမြား၊နီလာ ၉ ဆင့်ပြီး spinels က ၈ ဆင့်မှာရှိတယ်။ တတိယ အမာဆုံးကျောက်ပါဘဲ။ ပေါပေါများများထွက်လို့ အမာကျောက်တွေနဲ့ စျေး အရမ်းကွာတာပါ။ spinels ကျောက်တွေက အရောင်အများကြီးလာတယ်။ အနီရင့်ရောင်၊ ပန်းရောင်၊ လိမ္မော်ရောင်၊ အဝါရောင်၊ ခရမ်းရောင်၊ အပြာရောင်၊ မျက်စိမ်းရောင်၊ မဲစိမ်းရောင်၊ အနက်ရောင် တို့ထွက်ကြတယ်။

အနီရည်၊ ပန်းရည် spinels တွေကပိုရှား၊ပိုလှလို့စျေးပိုတယ်။ red spinels ရောင်တွေက အမာရည်ဝင် အကောင်းစား အညံံ့ပန်းတွေမို့ ရှေးခတ်က ပတ္တမြားနဲ့မှားခဲ့ကြတဲ့ cases တွေရှိခဲ့ဖူးတယ်တဲ့။ အထင်ရှားဆုံး ကတော့ England royal history တလျောက် Queen Elizabeth ရဲ့ Imperial State Crown မှာ တပ်ထားတဲ့ ပြည်တန်ပတ္တမြားကြီးလို့ နာမည်ကြီးခဲ့တဲ့ 170 carat Black Prince Ruby ကြီးက ၁၈ရာစုနှစ်လောက်ကမှ red spinel ကြီးမှန်း ခွဲခြားသိခဲ့ရတယ်။ ဓာတု ဖွဲ့စည်းပုံ (chemical composition) ပုံဆောင်ခဲ တည်ဆောက်ပုံ (Crystal structure) မတူကြတဲ့ ပေါ်ကနေ ခွဲလို့ရကြတယ်။ ကျောက်သမားတွေကတော့ အတွေ့အကြုံအရ ကျောက်သား အမာအပျော့၊ အဝါရည် ဝင်တာအနည်းအများ ပေါ်ကနေ လက်တန်းခွဲနိုင်ကြတယ်။
Thorn (ဆူး) လို့ သဘောရတဲ့ Latin စကားလုံး “spina” ကနေလာတဲ့ Spinel လေးတွေရဲ့ အရိုင်းတုန်း ပုံဆောင်ခဲတွေက မျက်နှာပြင် ၈ဖက်၊ ပရီမိတ် နှစ်ခု ပြောင်းပြန်ဆက် ထားတဲ့ပုံ (octahedral structure) ထွက်ကြတယ်။ အဲ့လို ပုံသဏာန် မပျက် ထွက်တဲ့ spinels တွေကို နတ်သွေးလို့လည်းခေါ်တယ်။ သွေးစရာမလိုဘဲ သဘာဝအတိုင်း ထွက်တာမို့ နတ်တွေသွေးပေးလိုက်တယ်လို့ တင်စားခေါ်ကြတာ။နတ်သွေးကျောက် တွေကို အရောင်တင်ပြီး လက်ဝတ်ရတနာတွေမှာ ဝတ်ဆင်ကြတယ်။ အမေရိကန်လူမျိုးတွေ အကြိုက်များတယ်။

ဒီနောက်ပိုင်းမှာ spinels တွေကို လူကြိုက်များလာတာက သူရဲ့အရောင်စုံတာကြောင့် designs အဆန််း ခတ်လို့ကောင်းတာရယ်၊ လူငယ်ကြိုက် ဆန်းပြားတဲ့ ရွေးချယ်မူတွေလုပ်လို့ရတာရယ်၊ ပတ္တမြား၊နီလာ တို့ထက် စျေးအင်မတန်နည်းတာရယ်ကြောင့် မြန်မာမှာတင်မဟုတ်ဘဲ ပြည်ပ မှာပါ အကြိုက်တိုးလာကြတာဖြစ်တယ်။

(Sources: GIA edu web, MDPI crystallography online journal, ဦးလှဝင်း ကျွန်တော်၇တနာကုန်သည် book)

Photos from TYToe Jewellery's post 15/12/2023

နီလာ အရည်လှ လေးတွေကို စိန်လေးတွေနဲ့ ခတ်ထားတဲ့ ရှေးဆန်ဆန် ထည်ထည်ဝါဝါဒီဇိုင်းလေးပါ။ နီလာ ၄ ပွင့် နဲ့ ၁၀ လုံးစီး စိန်လေး အလည်မှာ ခတ်ထားတော့ ကြီးကြီး ထည်ထည်လေးလက်ပေါ်မှာ ဘလင်းနေမှာ အသေချာဘဲ။ တန်တန်လေးနဲ့ ထည်ထည်လေးယူပါရှင်။

စျေး - ၁,၉၅၄,၀၀၀ ကျပ်

မှတ်ချက်။ ။စျေးနှုန်းအနည်းငယ်ပြောင်းနိုင်ပါသည်။

"Unveiling the epitome of vintage opulence! Behold our meticulously crafted sapphire vintage-inspired ring, adorned with 4 enchanting sapphire stones capturing the essence of old times. Embellished with embedded diamonds in a crescent shape and crowned by a 0.10 ct diamond at its center, this masterpiece resonates with old-money elegance. Each sapphire boasts vibrant blue hues, symbolizing wealth and abundance. Designed to embrace prosperity, this ring is a timeless ode to luxurious living. 💍✨

Prices: 1,954,000 kyats

Note: Price may vary slightly due to fluctuations in the gold market.

"

15/12/2023

အရည်ထက် ပတ္တမြားလေးတွေကို စိန် လှိုင်းတန်းလေးနဲ့ ပတ်ထားတဲ့ လက်စွပ် လေးပါ။ design က ဆန်းဆန်းကိုမှ မရိုးသွားစေတဲ့ ပုံလေးပါရှင့်

စျေး - ၁,၇၀၇,၀၀၀ ကျပ်

မှတ်ချက်။ ။စျေးနှုန်းအနည်းငယ်ပြောင်းနိုင်ပါသည်။

Introducing our sophisticated ruby ring, meticulously crafted with a mesmerizing wave-inspired motif. The understated elegance of this piece, adorned with glistening diamonds, is bound to capture attention. Embrace the allure of radiant rubies and make a statement with this exceptionally crafted ring. 💍✨

Price: 1,707,000 kyats

Note: Price may vary slightly due to fluctuations in the gold market.

15/12/2023

Spinel အရောင် မတူ နားပန်စုံလေး။ အနီရည်spinel နဲ့ အပြာရည် လွင်လွင် spinel လေးနှစ်ခု ကိုအရိုးရှင်းဆုံး ပုံလေးခတ်ထားတာ။ နှစ်ရောင်လေးတစ်ဖက်စီဝတ်ပြီး အထာကျရမယ့်ခေတ်ပြေး ဒီဇိုင်းလေးပါ

ဈေး - 967,500 ကျပ်

မှတ်ချက်။ ။စျေးနှုန်းအနည်းငယ်ပြောင်းနိုင်ပါသည်။

Take a close look at our minimalistic ear studs featuring a striking blend of saturated red and blue spinels. Perfect for ladies who embrace both minimalism and trendiness. Make a statement with mismatched colors that redefine your fashion🔵🔴

Price: 967,500 kyats

Note: Price may vary slightly due to fluctuations in the gold market.

07/12/2023

Spinels လေးတွေ နဲ့ ခတ်ထားတဲ့ နားကပ် အဆန်းလေး
နားပေါ်မှာ အထောင်လိုက်လေးကပ်ဆင်ရအောင် ရွှေနားကုပ် အထိန်းလေးရောပါတယ်နော်။ pastel အရောင်ငြိမ် လေး တွေကို သေချာရွေးပြီး ရောစပ်ခတ်ထားတဲ့ ၁၂ ပဲရည် (အပြင်စပ်) ရွှေရည်ပြည့်ပြည့်မှီမှီ နားကပ်ထောင်လေးပါရှင်။

Price- 18,90000 kyats

Discover the allure of our handpicked Spinels Ear Climber Cuff! 🌟 Uniquely crafted in pastel tones, this subtle and modest design ensures noticeable elegance. Wrapped in an 18K gold ear cuff, it's the epitome of refined style for your most elegant wear.✨

07/12/2023

အမြင်ဆန်းဆန်းလေး ဖြစ်အောင် စိမ်းရည် ကျောက်စိမ်း နဲ့ ၁၂ ပဲရည် (အပြင်စပ်) ရွှေရည် တို့တွဲဆပ် ပြီး ခတ်ထားတဲ့ Versace ခေါင်းနားတွဲလေး

စျေး - 23,15000 ကျပ်
မှတ်ချက်။ ။စျေးနှုန်းအနည်းငယ်ပြောင်းနိုင်ပါသည်။

Infuse your look with sophistication through our Versace Jade Dangle Earring, featuring A-jade in a captivating green hue from Hpakan. The unique fusion of jade and gold creates a style that radiates charm and cultural richness. 💚🌟

Price- 23,15000 kyats
Note: Price may vary slightly due to fluctuations in the gold market.

07/12/2023

နားမှာ နားကပ်များများ ဝတ်ရတာကြိုက်တဲ့ မိန်းကလေးတွေအတွက်
0.5ct ကျော်ကျော် spinels size လေးတွေနဲ့ ခတ်ထားတဲ့ နားကပ်အထောင်လေးပါ။
နေ့တိုင်း စတိုင်ကျကျ ဝတ်ဖို့ဘဲဖြစ်ဖြစ် ပွဲတက်ဝတ်ဖို့ဘဲ ဖြစ်ဖြစ် အထူးခြားဆုံးလေးဖြစ်နေမယ့် ဒီဇိုင်းလေးပါ။ တစ်ဖက်ထဲဆင်ပြီး တခြားတစ်ဖက်ကို နားကပ်၊ နားတွဲလေးတွေ ပုံစံမတူ လည်းဆင်မြန်းနိုင်ပါတယ်ရှင်။ တဖြတ်ဖြတ်တောက်နေတဲ့ spinels ထည်ထည်လေးကြောင့် Confidence အပြည့်နဲ့ မျက်နှာလေး ဖြစ်နေမှာ အသေချာပါဘဲ။

စျေး - ၁၈,၉၀၀၀၀ ကျပ်

မှတ်ချက်။ ။စျေးနှုန်းအနည်းငယ်ပြောင်းနိုင်ပါသည်။

သိလိုတာမှန်သမျှကို message နဲ့ ဖြစ်စေ ဖုန်း (၀၉-၉၄၀၀၀၀၂၅၅) နဲ့ဖြစ်စေ မေးမြန်းနိုင်ပါတယ်။

English >>>

Discover the perfect touch of uniqueness with our spinel ear-climber cuff, crafted with each over 0.5ct! 🌟 Designed for girls who adore wearing multiple earrings, these sparkling gems add a stylish flair to your everyday look or elevate your event attire. Mix and match by wearing one on each side for a versatile and distinctive style. Make every day a fashion statement! 💎

Price- 18,90000 kyats

Note: Price may vary slightly due to fluctuations in the gold market.
For inquiries, message us or call at 09-940000255.

Photos from TYToe Jewellery's post 07/12/2023

Pink spinel နဲ့ diamonds လေးတွေနဲ့ ခတ်ထားတဲ့ နန်းဆန်တဲ့နားတွဲလေးပါရှင်။
Pink spinel colour အငြိမ်လေးကို ဖြတ်ဖြတ်လက်နေအောင် စိန်ဖြူသန့်လေးတွေကို ရံပြီး ရွှေ ၁၂ ပဲရည် (အပြင်စပ်) အပြည့်နဲ့ ခတ်ထားတဲ့ အထည်ရွှင်ရွှင်လေးဘဲ ဖြစ်ပါတယ်။

စျေး- 12,42000 ကျပ်

မှတ်ချက်။ ။စျေးနှုန်းအနည်းငယ်ပြောင်းနိုင်ပါသည်။

English>>>>

Experience refined elegance with our Regency-inspired earrings, showcasing the subtle pink spinels and diamonds for a regency touch of radiance. Achieve delicate fashion effortlessly with this piece. 💕✨

Price- 12,42000 kyats

Note: Price may vary slightly due to fluctuations in the gold market.

07/12/2023

ရင့်ကျက်တဲ့ အလှမျိုးလေးဖော်ဆောင်ပေးမယ့် နီညိုရောင် spinel ကျောက် အပွင့် လေးတွေကို စိန် ဘေးအကားလေးတွေနဲ့ ကျက်သရေ ရှိအောင် ပုံဖော်ထားတဲ့ နားကပ်လေးပါ။ ရိုးရိုးလေးနဲ့ ဝတ်တဲ့သူတိုင်းရဲ့ နားပေါ်မှာ ပေါ်လွင် နေမယ့် design လေး 🤩။ ၁၂ ပဲရည် (အပြင်စပ်) ရွှေရည်လေးနဲ့ စိန်ဖြူသန့်တာလေးတွေနဲ့ ခတ်ထားတာလေးပါ

စျေး- ၁၄,၃၇၅၀၀ ကျပ်

မှတ်ချက်။ ။စျေးနှုန်းအနည်းငယ်ပြောင်းနိုင်ပါသည်။

English>>>>>>

Behold a radiant reddish-brown spinel ear stud, expertly fashioned in opulent 18K gold, glamoured with the diamonds leaf intricacies. Embrace the allure of this distinctive and exceptionally expressive accessory. 💖✨ Experience elegance redefined!

Price- 14, 37500 kyats

Note: price may vary slightly due to fluctuations in the gold market.

Want your business to be the top-listed Jewelery/watch Store in Mandalay?
Click here to claim your Sponsored Listing.

Videos (show all)

Look at this 7.35 ct Zambia Emerald “Very Demure and Very Mindful” ✨💚 A subtle elegance and conscious choice 💚 #demure #...
🌿 Garden inside the Emerald 🌿 Emeralds often contain unique inclusions called “Jardin”, meaning garden in French. These ...
Sapphire Baguette cut eternal ring Ring size 12  Instock   အသေးစိတ်ကို chat box မှာမေးပေးပါနော်
Spinels Colour အငြိမ်လေးတွေ ကို သေချာ ရွေးပြီးပေါင်းစပ် ထားတဲ့ ၄ပွင့် လက်စွပ်လေးပါ အရောင်ဆန်းပြီး designs ဆန်းတာလေး နေ့တ...
လက်ပေါ်မှာ ကြွနေတာလေးပတ္တမြားလေးတွေကလည်း အရည်ပွင့်တော့ တောက်နေတာလေးလှတယ် Price 1,555,000 kyats

Telephone

Website

Address


Mandalay

Other Mandalay jewelry & watch stores (show all)
Honey Cho Diamond & Jewelry Honey Cho Diamond & Jewelry
ချမ်းမြသာစည်မြို့နယ်
Mandalay

Gam & Jewellery

Javeed Jewellers & sons Javeed Jewellers & sons
Bharath Road Gattu Market Near Town Hall Doda
Mandalay, 182202

Deals in Gold & silver Hall Mark 916 hundred percent jewellery

Shwe Lone Jewelry Shwe Lone Jewelry
10(B), Bet;77x78 Street
Mandalay

Jewellery World -Jade & Jewellery Jewellery World -Jade & Jewellery
Mandalay

"ကျောက်စိမ်း ချစ်မြတ်နိုးသူရတနာမိတ်‌ဆွေ တိုင်းအတွက်" "JEWELLERY WORLD JADE & JEWELLERY IS THE BEST"

Kaung Kaung Jewellery Plating Kaung Kaung Jewellery Plating
80st , 17st×18st Between
Mandalay

Shwe Moe-SM Watch Collection Shwe Moe-SM Watch Collection
83 လမ်း 19. 20ကြား
Mandalay

ဝယ်ယူ အားပေးမှုကို အထူးကျေးဇူးတင်ပါတယ် ဗျာ

Mogok Ruby Collection Mogok Ruby Collection
Mandalay

မိုးကုတ်သဘာဝ ပတ္တမြားသီးသန့် အရည်အသွေးမျိုးစုံကို စိတ်ချယုံကြည်စွာ ဝယ်ယူနိုင်ပါတယ် ...

Thu Rein-ကျောက်မျက်ရတနာရောင်းဝယ်ရေး Thu Rein-ကျောက်မျက်ရတနာရောင်းဝယ်ရေး
Mandalay

Gems and Jewelsတွင်းထွတ်စစ်စစ်တွေကိုသာရောင်းချပေးပါတယ်ခဗျာ =မှတ်ချတ် ဆေးဆိုမီးရိုတ်မရောင်းပါခဗျာ

Mawjuu Juu Jeweller Mawjuu Juu Jeweller
Mogok City
Mandalay

May Yadanar - Gold & Jewellery May Yadanar - Gold & Jewellery
86st, 44*45 Between Street, Mdy
Mandalay

Fancy For Me Fancy For Me
Mandalay

��ခေါင်းစခြေဆုံးAccessoriesပေါင်းစုံကိုတ?

LiLi's Unique Jade and Gem LiLi's Unique Jade and Gem
36st Between 87×88st
Mandalay