Swan Arr Electronics

Swan Arr Electronics

အရည်အသွေးမြင့်မီးအားမြှင့်စက်နှင့်အခြားလျှပ်စစ်ပစ္စည်းများကိုထုတ်လုပ်ရောင်းချနေပါသည်။

25/12/2023

𝗠𝗲𝗿𝗿𝘆 𝗖𝗵𝗿𝗶𝘀𝘁𝗺𝗮𝘀 𝘁𝗼 𝘆𝗼𝘂 𝗮𝗹𝗹🎄
ဘုရားသခင် ကောင်းချီးပေးပါစေ။

ခရစ်စမတ်နေ့လေးမှာလည်း စွမ်းအားအီလက်ထရောနစ်
အရောင်းဆိုင်အား ယခင်အတိုင်း မနက်၉နာရီမှ ညနေ၅နာရီထိ ဖွင့်လှစ်ထားပါကြောင်း အသိပေးအပ်ပါတယ်ရှင်။❤️

20/12/2023

မင်္ဂလာပါရှင်။❤️
‼️မကြာခင်မှာ ၂၀၂၄ကိုလည်းရောက်တော့မယ်ဆိုတော့ စွမ်းအားအီလက်ထရောနစ်ရဲ့ အဖွဲ့သားများအားလုံး ၂၀၂၃မှာ အတူတူကြိုးစားခဲ့တာလေးတွေကို ပြန်လည် မျှ‌ဝေလိုက်ပါတယ်ရှင်။

🚚လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြားမှ နှစ်ပေါင်းကြာရှည်တိုင်အောင် ဆက်သွယ်မှု မပြတ်ဘဲ အမြဲမှာယူအားပေးပါသော ကုန်သည်ကြီးများနှင့်

👉🏻စွမ်းအားအီလက်ထရောနစ်သို့ စိတ်ချ ယုံကြည်မှုများဖြင့် ၀ယ်ယူအားပေးပါသော အသစ်သစ်သော ကုန်သည်ကြီးများကိုလည်း ကျေးဇူးအထူးပင် တင်ရှိပါကြောင်း

💯နှစ်ကုန်လက်ဆောင်များ ပေးပို့ရန်အစီစဥ်လေးရှိပါကြောင်း တစ်ပါးတည်း အသိပေးလိုက်ရပါတယ်ရှင်။❤️

🚩Pure Sine Wave Inverter စျေးကွက်ထဲသို့ မိတ်ဆက်နိုင်ခဲ့ခြင်း
👉🏻စွမ်းအားအီလက်ထရောနစ်ရှိ အင်ဂျင်နီယာများအားလုံးနှင့် အဖွဲ့သားများအားလုံး အတူတူကြိုးစားမှုကြောင့် Pure Sine Wave Inverter စျေးကွက်ထဲသို့ အမြန်ဆုံးရောက်ရှိလာနိုင်ခဲ့ပြီး လူအများ သဘောကျနှစ်ခြိုက်မှုကို ရရှိခဲ့သည့်အတွက် ကျေးဇူးအထူးပင် တင်ရှိပါတယ်ရှင်။

✨ပစ္စည်းအသစ်အနေနဲ့ Pure Sine Wave Inverterကို မိတ်ဆက်တဲ့အခါမှာ ယုံကြည်စိတ်ချစွာ ၀ယ်ယူအားပေးခဲ့သော လူကြီးမင်းများကိုလည်း ကျေးဇူးအထူးပင် တင်ရှိပါတယ်ရှင်။❤️

🚩Heinn Thit & Ecolamp Campaign ပြုလုပ်နိုင်ခဲ့ခြင်း
👉🏻ကိုဟိဏ်းသစ်(ထိမိဂွိ)နဲ့အတူ စွမ်းအားအီလက်ထရောနစ်ရဲ့ ရောင်းအားအကောင်းဆုံးပစ္စည်းတစ်ခုဖြစ်တဲ့ Ecolamp Campaignလေးကိုပြုလုပ်ခဲ့ပါတယ်။စနစ်တကျလေး ရိုက်ကူးပေးပါသော ကိုဟိဏ်းသစ်နှင့် အဖွဲ့သားများကိုလည်း‌ ကျေးဇူးအထူး တင်ရှိပါတယ်ရှင်။

🚩Shop Applicationတွင် Safeguardများ စုံလင်စွာ တင်နိုင်ခြင်း
👉🏻Shop Application တွင်
Inverter,Ecolamp,Digital Voltmeter,နှင့်ထပ်တိုးPower Safeguard(Digital/Analog),Pure Sine Wave Inverterများကိုပါ အမျိုးအစားစုံလင်စွာ တစ်နေရာတည်းတွင် ၀ယ်ယူရရှိနိုင်ပါပြီ။
📦စိတ်ချရသော Delivery Serviceများနှင့်အတူ ၀ယ်ယူလို့ ရနိုင်ပါပြီရှင်။

💖လာမည့် ၂၀၂၄တွင်လည်း ပိုမိုကောင်းမွန်သော အရည်အသွေးများကို ထုတ်လုပ်နိုင်ရန်နှင့် အကောင်းဆုံး ၀န်ဆောင်မှုများကို ပေးနိုင်ရန် စွမ်းအားအီလက်ထရောနစ်မှ ကြိုးစားသွားမည်ဖြစ်ပါသည်။🙏🏻

‼️လူကြီးမင်းတို့အနေနဲ့လည်း ၂၀၂၃ခုနှစ်အတွင်း ပြီးမြောက်ခဲ့သော လုပ်ငန်းစဥ်များကို အားလုံးအတူတူလွတ်လပ်စွာ မျှ‌ဝေနိုင်ပါကြောင်း ပြောကြားလိုပါတယ်ရှင်။

‼️၂၀၂၃ခုနှစ်အတွင်း စွမ်းအားအီလက်ထရောနစ်ရဲ့ ရောင်းအားအကောင်းဆုံးပစ္စည်းလေး(၁)ခုကို Commentမှာအတူတူခန့်မှန်းကြည့်ရအောင်နော်။အဖြေမှန်တဲ့သူကို Phone Billလက်ဆောင် ပြန်လည်ပေးအပ်သွားမှာဖြစ်ပါတယ်ရှင်။‼️

🙏🏻၂၀၂၄မှာလည်း စီးပွားရေးလုပ်ငန်းများအောင်မြင်ပြီး မျှော်မှန်းထားသော ပန်းတိုင်ဆီ အရောက်လှမ်းနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်။

16/12/2023

🔮စွမ်းအင်ချွေတာကာ Ecolamp သုံးပါ။

💎ချွေတာမှုများထဲမှာမှ စွမ်းအင်ကိုချွေတာလိုက်မယ်ဆိုရင်..
----------------------------------------------

🪫စွမ်းအင်များကိုချွေတာကြဖို့ စွမ်းအားအီလက်ထရောနစ်က ထုတ်တဲ့
စွမ်းအင်ချွေတာရေး မီးအိမ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။

🌋ဆောင်းရာသီလေးမှာတောင်တန်းတွေဆီ ခရီးသွားရင်း
🌌ကြယ်တွေစုံတဲ့ညတွေကို တူတူခံစားဖို့ စိတ်ကူးရှိပါသလား❓

🌟ကြယ်လေးတွေ မှိတ်တုတ်မှိတ်တုတ် လင်းနေတာကိုခံစားမယ်။
🏕️သဘာ၀နဲ့အတူ ရှုမျှော်ခင်းကို ကြည့်မယ်။
🗼အအေးပေါ့နေတဲ့ ဟေမာန်ဆောင်းလေးမှာ မီးမလှုံဖို့ အခက်တွေ့နေတော့ Ecolampလေးနဲ့ပဲ ခံစားကြမယ်။

‼️စွမ်းအင်ချွေတာရေးမီးအိမ်လေးရဲ့အားသာချက်ဟာ...
---------/////-------/////---------////---------
🩸ပျမ်းမျှသက်တမ်း နာရီ (၃၀၀၀) တာရှည်ခံပြီး
Chip မီးသီးများကို အသုံးပြုထားသည့် အတွက်
မီးအားနည်းသည်ဖြစ်စေ၊များသည်ဖြစ်စေ၊
ပုံမှန်အတိုင်း အလင်းရောင် ရရှိပါမည်။
နိုင်ငံတကာ စံချိန်မီ အီလက်ထရောနစ် ပစ္စည်းများကို အသုံးပြုပြီး ကိုယ်ပိုင်နည်းပညာဖြင့် မြန်မာနိုင်ငံတွင် ပထမဦးဆုံး တီထွင်ထုတ်လုပ်ထားပါသည်။
#တသက်တာ_လက်ခမဲ့_၀န်ဆောင်မှု_ပေးပါသည်။

12/12/2023

မင်္ဂလာပါရှင်။🙏🏻

စွမ်းအားတံဆိပ် Inverterများကို Shop Application မှာ Discountsများနဲ့ ၀ယ်ယူပြီး နောက်ထပ် Pure Sine Wave Inverter,Ecolamp,Digital Voltmeter များကိုပါ Discountများနဲ့အတူ အတန်ဆုံး ၀ယ်ယူလိုက်ပါ။

🚩ပရိုမိုးရှင်းကာလ-ဒီဇင်ဘာ ၁၂ရက်နေ့မှ ၁၈ရက်နေ့ထိ

#12.12

11/12/2023

#အလုပ်ခေါ််စာ
🛑စွမ်းအားအီလက်ထရောနစ်မှ ဝန်ထမ်းအလိုရှိပါသည်။
✅အထက်တန်းအဆင့်(သို့) တက္ကသိုလ်ဝင်တန်း အောင်ပြီးသူ ဖြစ်ရမည်။
✅လျှပ်စစ်အခြေခံသဘောတရားနားလည်သူ ဖြစ်ရမည်။ လျှပ်စစ်ထုတ်ကုန်ပစ္စည်းများ အကြောင်း
စိတ်ဝင်စားသူ ဖြစ်ရမည်။
✅စကားပြောပြေပြစ်သူ ဖြစ်ရမည်။
✅အရောင်းပိုင်းဆိုင်ရာ အတွေ့အကြုံ ရှိသူ ဦးစားပေးမည်။
✅Outdoor Sales ထွက်နိုင်သူ ဖြစ်ရမည်။
✅စိတ်ရှည်သည်းခံနိုင်သူဖြစ်ပြီး ပူးပေါင်းဆောင်ရွက်တတ်သူ ဖြစ်ရမည်။
✅လေ့လာသင်ယူနိုင်စွမ်းရှိပြီး ရေရှည်လုပ်ကိုင်လိုသူ ဖြစ်ရမည်။
✅လိုအပ်လျှင် Customer များ၏ နေအိမ်များသို့ သွားရောက်ပြီး တပ်ဆင်ရေးနှင့် ပြုပြင်ရေး စသည့်
ဝန်ဆောင်မှုများ ပေးနိုင်သူ ဖြစ်ရမည်။
✅အလေးအပင်မ နိုင်သူ ဖြစ်ရမည်။

လိုအပ်သည့် စာရွက်စာတမ်းများ - ကိုယ်ရေးရာဇဝင်၊ ပတ်စ်ပို့ဓာတ်ပုံ (၁)ပုံ၊ အိမ်ထောင်စုဇယားမိတ္တူ၊ သက်ဆိုင်ရာ ဘွဲ့လက်မှတ် (သို့) သင်တန်းဆင်းလက်မှတ်များ၊ နိုင်ငံသားစီစစ်ရေးကတ်မိတ္တူ။

လျှောက်ထားနိုင်သည့်လိပ်စာ - စွမ်းအားအီလက်ထရောနစ် (ရုံးချုပ်)
၇၉လမ်း၊၃၇လမ်းနှင့်၃၈လမ်းကြား၊မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။

*ရုံးချိန် မနက် (၉း၀၀) နာရီမှ ညနေ (၅း၀၀) အတွင်း လူကိုယ်တိုင် လာရောက်လျှောက်ထား နိုင်ပါသည်*
Viber – 09-787688211 မှတဆင့်လဲ လျှောက်ထားနိုင်ပါသည်

09/12/2023

❓❓Inverter တစ်လုံးကြာရှည်ခံအောင် ဘယ်အချက်တွေသတိထားသင့်ပါသလဲ❓❓

🧨ဒီမေးခွန်းလေးက တော်တော်များသိချင်တဲ့မေးခွန်းလေးဖြစ်ပါတယ်။

👇🏻အောက်ပါအချက်တွေကိုသာ သတိထားမယ်ဆိုရင် လူကြီးမင်းရဲ့ Inverter ကြာရှည်အသုံးခံပြီး မကြာခဏ ဆားဗစ်ပြရတဲ့ဒုက္ခလည်း ရှိလာမှာမဟုတ်တော့ပါဘူး။

🎯🎯လူကြီးမင်းအိမ်မှာ အင်ဗာတာ တပ်ဆင်မယ်ဆိုတာနဲ့ .....
✅ပထမဆုံး လိုင်းသီးသန့်ခွဲဖို့ လိုအပ်ပါမယ်ရှင်။
(သို့မှသာ မီးပျက်သည့်အခါ အင်ဗာတာ ကောင်းကောင်းအလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။)
✅ထားဖို့နေရာရွေးချယ်သည့်အခါ အိမ်တွင်ကလေးငယ်ရှိပါက ကလေးများနှင့်‌‌ဝေးသောနေရာတွင် ထားပါ။
✅တွဲဖက်အသုံးပြုမည့် ဘတ္ထရီအိုးသည်အစို type ဖြစ်ပါက လေ၀င်လေထွက်ကောင်းတဲ့အခန်းမျိုးမှာ ထားသင့်ပါတယ်။
✅ဘက်ထရီကြိုးများကို အပေါင်း၊အနုတ် မှားမတတ်မိစေရန်နှင့် တပ်ဆင်သည့်အခါ ထိထိမိမိရှိစေရန် ဂွကို အသုံးပြုပြီး ဘက်ထရီ အပေါင်း၊အနုတ်ငုတ်များ မထိမိစေရန် သတိထား တပ်ဆင်ပါ။
✅ဘက်ထရီငုတ်နှစ်ခုကို မီးကူးလွယ်သည့်အရာများနဲ့ မထိစေရန်သတိပြုပါ။
✅စက်ကောင်းစွာ အလုပ်မလုပ်လျှင် AC fuse (သို့) DC fuse ကို သေချာစွာစစ်ဆေးပါ။

🎯အားသွင်းသော်လည်း အားကောင်းစွာ မ၀င်ခြင်း၊ အားပြည့်အချက်ပြမီး လင်းသော်လည်း ကြာကြာ သုံးမရဖြစ်ခြင်းတို့မှာ-

1.ဘက်ထရီ‌ရေခမ်းခြင်း၊
2.ဘက်ထရီကြေးခေါင်းများ ကောင်းစွာမမိခြင်း၊
3.DC fuse တပ်ဆင်မှု မမှန်ခြင်း (သို့) Breaker ခလုတ်မကောင်းခြင်း၊
4.ဘက်ထရီသက်တမ်းကုန်ခြင်းနှင့်
5.၀န်ပိုသုံးခြင်း။တို့ကြောင့် ဖြစ်နိုင်ပါတယ်။

🎯အသုံးပြုနေရင်း DC fuse auto ပြတ်တောက်သွားခဲ့ရင်တော့ Service Center ကိုစက်လေးပြဖို့လိုအပ်နေပြီဖြစ်ပါတယ်။

💯စွမ်းအားအီလက်ထရောနစ်မှထုတ်လုပ်သော အီကိုပါဝါနှင့်စွမ်းအား အမှတ်တံဆိပ် အင်ဗာတာများကို တသက်တာ၀န်ဆောင်မှုပေးထားပြီး လက်ခအခမဲ့ဖြင့် ပြုပြင်စစ်ဆေးပေးလျက်ရှိပါတယ်ရှင်။
❌(ဘောင်ချာပြရန်မလိုပါ)❌

🛑အင်ဗာတာနှင့်ပတ်သက်ပြီး ၀ယ်ယူလိုတာပဲဖြစ်ဖြစ်၊ ဆားဗစ်ပြလိုတာပဲဖြစ်ဖြစ် အသေးစိတ်သိရှိလိုပါက ☎️Call Center နံပါတ် ၀၉-၉၆၄၂၃၅၀၃၄ သို့ ရုံးချိန် မနက် ၉နာရီမှ ညနေ ၅း၀၀ အတွင်း ဆက်သွယ်မေးမြန်း နိုင်ပါတယ်ရှင်။

🏢၇၉လမ်း၊ ၃၇x၃၈ကြား၊ မဟာအောင်မြေမြို့နယ်ရှိ စွမ်းအားအီလက်ထ‌‌ရောနစ် Sales & Service Center သို့ လည်း လူကိုယ်တိုင်လာရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်ရှင့်။

27/11/2023

🌠ပျော်ရွှင်ဖွယ် တန်ဆောင်တိုင်လအခါ သမယတွင် မြန်မာပြည်သူပြည်သားအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမား၊ချမ်းသာပါစေကြောင်း စွမ်းအားအီလက်ထရောနစ် မိသားစုမှ ဆုမွန်ကောင်း‌တောင်းပေးလိုက်ပါတယ်ရှင်။

🌙လပြည့်နေ့တစ်ရက်ကို စွမ်းအားအီလက်ထရောနစ်ဆိုင်အား တစ်ရက်ပိတ်ထားမည်ဖြစ်ပါကြောင်းနှင့် 28.11.2023တွင် ပုံမှန်ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်ရှင်။✨

22/11/2023

စွမ်းအားအီလက်ထရောနစ်မှယာဉ်မောင်းဝန်ထမ်းအလိုရှိသည်။
✅ပညာအရည်အချင်း အနိမ့်ဆုံး အထက်တန်းအဆင့် ရှိရမည်
✅ယာဉ်မောင်းလိုင်စင် အနိမ့်ဆုံး (ခ) လိုင်စင်ရှိသူ ဖြစ်ရမည်
✅Auto & Manual (၂) မျိုးလုံး မောင်းနှင်နိုင်သူဖြစ်ရမည်
✅မန္တလေးမြို့အတွင်း ကျွမ်းကျင်စွာမောင်းနှင်နိုင်သူဖြစ်ရမည်
✅ယာဉ်မောင်းအတွေ့အကြုံ အနည်းဆုံး (၁) နှစ်ရှိပြီးသူဖြစ်ရမည်
✅ပူးပေါင်းဆောင်ရွက်တတ်၍ အသောက်၊ အစား ကင်းရှင်းသူ ဖြစ်ရမည်
✅အသင်းအဖွဲ့နှင့် လုပ်ကိုင်နိုင်ပြီး ဆက်ဆံရေးကောင်းမွန်သူ ဖြစ်ရမည်
✅ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း နားလည်ပြီး စိတ်ရှည်သည်းခံနိုင်သူဖြစ်ရမည်
✅ရေရှည်လုပ်ကိုင်နိုင်သူဖြစ်ရမည်

လိုအပ်သည့် စာရွက်စာတမ်းများ - ကိုယ်ရေးရာဇဝင်၊ ပတ်စ်ပို့ဓာတ်ပုံ (၁)ပုံ၊ အိမ်ထောင်စုဇယားမိတ္တူ၊
နိုင်ငံသားစီစစ်ရေးကတ်မိတ္တူ၊ ယာဉ်မောင်းလိုင်စင်မိတ္တူ။
လျှောက်ထားနိုင်သည့်လိပ်စာ - စွမ်းအားအီလက်ထရောနစ် (ရုံးချုပ်)
၇၉လမ်း၊၃၇လမ်းနှင့်၃၈လမ်းကြား၊မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။

*ရုံးချိန် မနက် (၉း၀၀) နာရီမှ ညနေ (၅း၃၀) အတွင်း လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်*
Viber – 09-787688211 မှတဆင့်လဲ လျှောက်ထားနိုင်ပါသည်

16/11/2023

✅မြို့တွင်းအခမဲ့ပို့စနစ်
✅တသက်တာလက်ခမဲ့၀န်ဆောင်မှု
✅တပ်ဆင်ခမဲ့၀န်ဆောင်မှု

♦️စွမ်းအားအီလက်ထရောနစ်ကို အစဉ်အမြဲ အားပေးနေကျသော မိတ်‌ဟောင်း၊မိတ်သစ်များရှင်။

♦️စွမ်းအားအီလက်ထရေနစ် ထုတ်မီးအားမြှင့်စက်များကို ၀ယ်ယူသည့်အခါ အောက်ပါ၀န်ဆောင်မှုများကို ပေးလျက်ရှိနေ ပါကြောင်း..🥰

#၀န်ဆောင်မှု🧰
📍မီးအားမြှင့်စက်များကို (၁၀)ရက်စမ်းသုံးခွင့်ပေးထားပြီး (၁၀)ရက်အတွင်း အဆင်မပြေမှုရှိခဲ့ပါက စိတ်တိုင်းကျလာရောက်လဲလှယ်နိုင်ပါတယ်ရှင်။
📍မန္တလေးမြို့သတ်မှတ်ဧရိယာတွင်းဆို အခမဲ့ အိမ်တိုင်ရာရောက်တပ်ဆင်ပေးလျက်ရှိပါတယ်။
📍စွမ်းအားအီလက်ထရောနစ်မှ မီးအားမြှင့်စက်များကို 3,6,10,15,20KVA ဟူ၍ထုတ်လုပ်လျက်ရှိပြီး အာမခံ(၁)နှစ် သတ်မှတ်ပေးထားပါတယ်။
📍မီးအားမြှင့်စက်များ အာမခံ(၁)နှစ်အတွင်းစက်ချို့ယွင်းမှုရှိခဲ့ပါက ပစ္စည်းဖိုးရော၊လက်ခပါ အခမဲ့ပြုပြင်ပေးမှာဖြစ်ပါတယ်။

#လက်ခအခမဲ့🛠️
📍စွမ်းအားအီလက်ထရောနစ်မှ ထုတ်လုပ်ထားသော Transformers၊Pure Sine Wave Inverter၊Ecolamp၊Protectors၊Battery Charger အစရှိသည်များကိုပါ လက်ခအခမဲ့ဖြင့် ပြုပြင်ပေးလျက်ရှိပါတယ်။
📍အာမခံ ၁နှစ်ကျော်ပြီးသွားတဲ့ မီးအားမြှင့်စက်များအတွက်လည်း လက်ခအခမဲ့ဖြင့် ပြုပြင်ပေးလျက်ရှိနေပါတယ်ရှင်။

#အာမခံမှု💎
📍စွမ်းအားထုတ် အီလက်ထရောနစ် ပစ္စည်းများကို အရည်အသွေးပိုင်း အပြည့်အ၀အာမခံခြင်းများရှိသည့်အတွက် စိတ်ချယုံကြည်စွာ ၀ယ်ယူနိုင်ပါပြီရှင်။
📍စက်ရှိသရွေ့၊စွမ်းအားအီလက်ထရောနစ်ရှိသရွေ့ ၀န်ဆောင်မှုအတွက် အပြည့်အ၀ တာ၀န်ယူပါတယ်။

🏢Yangon Showroom-အမှတ် ၈၆၊ အထက်ပန်းဆိုးတန်းလမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ရန်ကုန်မြို့။☎️01-8393453/01-8394024
🏢Mandalay Showroom-အမှတ်၁၆၊၇၉လမ်း၊၃၇x၃၈ကြား၊သံလမ်းအနောက်ဘက်။မဟာအောင်မြေမြို့နယ်။မန္တလေးမြို့။☎️09-964235034

12/11/2023

ပျော်ရွှင်စရာဒီပါဝလီနေ့လေးဖြစ်ပါစေရှင့်။ ယနေ့
စွမ်းအားအီလက်ထရောနစ် Sales & Service Center
ဆိုင်ကိုပုံမှန်အတိုင်းဖွင့်ပါတယ်နော်…

10/11/2023

🥰စွမ်းအားထုတ် Inveter,Ecolamp,Digital Voltmeterတို့ကို အတန်ဆုံးစျေးနဲ့ဝယ်ယူရရှိနိုင်ဖို့ အခုပဲShop.com မှာစျေးဝယ်လိုက်ကြပါစို့။🥰

ဝယ်ယူရန်link👇🏻

✅Ecolamp

https://www.shop.com.mm/products/i112954484.html

✅Digital Voltmeter

https://www.shop.com.mm/products/i113050928.html

✅EP W300 Inverter

https://www.shop.com.mm/products/i112959212.html

✅EP W500 Inverter

https://www.shop.com.mm/products/i112959242.html

✅EP 1000W Inverter

https://www.shop.com.mm/products/i112958324.html

✅SA 1000W Inverter

https://www.shop.com.mm/products/i113113868.html

07/11/2023

HeinnThit & Ecolamp😱

🔺စွမ်းအားအီလက်ထရောနစ်ရဲ့ 8400ကျပ်လျှော့စျေးနဲ့
🔻တန်တန်တန် အစီစဉ်လေးလာပါပြီ။💯

📌စွမ်းအားထုတ် Ecolampမီးအိမ် ဆိုရင်မသိတဲ့သူမရှိသလောက်ပါပဲနော်။

စွမ်းအားအီလက်ထရောနစ်ရဲ့ Best Seller Itemကို 20%Discountတောင်‌ပေးမှာဆိုတော့...😱😱😱

📌Discountလေးကိုဘယ်လိုရယူမလဲ??
လွယ်လွယ်လေးပါပဲရှင်...

💥"HeinThitXSwanArr23"လို့ပြောရုံနဲ့8400ကျပ်လျှော့စျေးနဲ့၀ယ်ယူရရှိနိုင်ပါပြီ။💥

‼️Coupon Exp-November30ထိပဲမလို့ အခုပဲ၀ယ်ယူလိုက်ရအောင်နော်။

Ecolamp ဆိုတာဘယ်လိုမျိုးလဲ❓

https://www.facebook.com/100078927668375/posts/291191243521796/?mibextid=I6gGtw

Heinn Thit & Ecolamp ❓

https://www.facebook.com/100078927668375/posts/322041137103473/?mibextid=I6gGtw

ရန်ကုန်ဆိုင်ခွဲရော၊ မန္တလေးဆိုင်မှာပါ ရရှိနိုင်မှာ ဖြစ်ပါတယ်။

▶️Yangon Showroom-အမှတ် ၈၆၊ အထက်ပန်းဆိုးတန်းလမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ရန်ကုန်မြို့။☎️01-8393453/01-8394024

▶️Mandalay Showroom-အမှတ်၁၆၊၇၉လမ်း၊၃၇X၃၈ကြား၊မဟာအောင်မြေမြို့နယ်။
☎️09-964235034

#20%discount

02/11/2023

Inverter အကြောင်းသိလိုသမျှကိုအောက်ပါVideoလေးမှာဝင်ရောက်ကြည့်ရှုပါ🥰

29/10/2023

🙏🏻သီတင်းကျွတ်လပြည့်နေ့ 🙏🏻

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနစ်၊
အောက်တိုဘာလ(၂၉) ရက်နေ့တွင်
ကျရောက်သည့် "ဝါလကင်းလွတ်
သီတင်းကျွတ်လပြည့်🌕
အဘိဓမ္မာအခါတော်နေ့" တွင်
လူကြီးမင်းများအားလုံး ဘေးရန်ကင်းကွာပြီး
စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်းနှင့်
ပြည့်စုံနိုင်ပြီးပျော်ရွှင်ဖွယ် သီတင်းကျွတ်အခါ
သမယလေးဖြစ်ပါစေကြောင်း
စွမ်းအားအီလက်ထရောနစ် မိသားစုမှ
ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင် 🙏🏻🌕

#သီတင်းကျွတ်လပြည့်နေ့
#အဘိဓမ္မာအခါတော်နေ့

27/10/2023

🙏 သီတင်းကျွတ်ပိတ်ရက် အသိပေးကြေငြာခြင်း 🙏

စွမ်းအားအီလက်ထရောနစ်၏ သီတင်းကျွတ်ရုံးပိတ်ရက်အဖြစ် 28.10.2023 မှ 30.10.2023 နေ့အထိ Yangon
နှင့်မန္တလေးရှိ Sales & Service Center များကို ခတ္တပိတ်ထားမည်ဖြစ်ကြောင်း အသိပေး‌ကြေညာအပ်ပါသည်
ရှင့်။

October 31 မှစ၍ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပြီး လူကြီးမင်းတို့သိလိုသမျှကို messenger
တွင်မေးမြန်းနိုင်ပါတယ်။ Admin များလိုင်းတက်တာနဲ့
ဖြေဆိုပေးသွားပါမယ်ရှင့်။ ✨

သီတင်းကျွတ်အခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ
ရွှင်လန်းချမ်းမြေ့ပါစေကြောင်း စွမ်းအားအီလက်
ထရောနစ်မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့်။🙏

Photos from Heinn Thit - ဟိဏ်းသစ်'s post 27/10/2023

Ecolamp ဝယ်ယူရာတွင်

👉🏻 "HeinThitXSwanArr23" ဆိုတဲ့

code နံပါတ်လေးပြောပြီး 20% လျှော့စျေးရယူပါ။

✅Mandalay Showroom
အမှတ်- ၁၆၊ ၇၉ လမ်း၊ ၃၇ နှင့် ၃၈ လမ်းကြား၊
မဟာအောင်မြေမြို့နယ်။
Call Center: 09964235034

✅Yangon Showroom
အမှတ် ၈၆၊ အထက်ပန်းဆိုးတန်းလမ်း၊
မင်္ဂလာတောင်ညွှန့်မြို့နယ်။
01-8393453, 01-8394024

Photos from Swan Arr Electronics's post 25/10/2023

မင်္ဂလာပါရှင့်...စွမ်းအားအီလက်ထရောနစ်မှ
မီးအားမြှင့်စက်များ၊ မီးအားငြိမ်စက်များ၊
ဘတ္တရီအားသွင်းစက်များ၊ အင်ဗာတာများ၊ LED မီးအိမ်များ၊မီးဖြတ်စက်များ (Digital, Analogue) များကို အရည်အသွေးပြည့်မှီစွာထုတ်လုပ်ရောင်းချလျက်ရှိပါတယ်။ 💯

✅မီးအားမြှင့်စက်များကို အာမခံ ၁ နှစ်နှင့် ၁၀
ရက်စမ်းသုံးခွင့်ပေးထားပြီး စမ်းသုံးကာလအတွင်း အသုံးကိုက်ညီမှုမရှိပါက စက်အသစ်လဲပေးခြင်း
(သို့) ငွေအပြည့်ပြန်အမ်းပေးခြင်းတို့ကိုပြုလုပ်
ပေးပါတယ်ရှင်။

✅အာမခံကာလအတွင်း ပစ္စည်းဖိုးနှင့်လက်ခအခမဲ့၀န်ဆောင်မှုရှိပြီး အာမခံကာလကျော်လွန်သွားပါက ၀န်ဆောင်မှုအနေဖြင့် စွမ်းအားတံဆိပ်ပါထုတ်ကုန်များအားလုံးအတွက် တသက်တာလက်ခမဲ့၀န်ဆောင်မှုပေးထားပါတယ်ရှင့်။

Product ပုံများများကိုကြည့်ရှုလိုတဲ့ Customer
များအတွက် Product Catalogue လေးကိုစုစည်း
တင်ပြပေးလိုက်ပါတယ်ရှင့်။ 👇🏻👇🏻

Product information များကို

👉🏻https://www.swanarrelectronics.com.mm/

တွင်အချိန်မရွေး၀င်ရောက်ကြည့်ရှုနိုင်ပါသည်။

👉🏻စွမ်းအားအီလက်ထရောနစ် Sales & Service Center များကို နေ့စဉ်မနက် (၉) နာရီမှ ညနေ (၅:၀၀) နာရီအထိဖွင့်လှစ်ထားပြီး လူကြီးမင်းတို့သိလိုသမျှ
ကို ဖုန်းဆက်၍သော်လည်းကောင်း၊ Messenger တွင်လည်းကောင်းစုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။ 📣⏰☎️

🔔ရန်ကုန်မြို့
အမှတ် - ၈၆ ၊ အထက်ပန်းဆိုးတန်းလမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်။ 01-8393453,01-8394024

🔔မန္တလေးမြို့
၇၉ လမ်း၊ ၃၇ နှင့် ၃၈ လမ်းကြား၊ သံလမ်းအနောက်ဘက်၊ မဟာအောင်မြေမြို့နယ်။
09-964235034, 09-964135034

07/10/2023

#အလုပ်ခေါ်စာ
Junior Accountant (၂) ဦးအလိုရှိပါသည်❗️

Position -Junior Accountant Female (2) post

✅တက္ကသိုလ်မှ ဘွဲ့တစ်ခုခု ရပြီး LCCI Level – (II)
အောင်မြင်ထားပြီးသူ ဖြစ်ရပါမည်။
✅Accountant အတွေ့အကြုံ ရှိသူ ဦးစားပေးမည်။
✅Daily Transactions, Payable, Receivable, Inventory စာရင်းများကို နေ့စဉ် စစ်ဆေးပြီး စာရင်း
ရေးသွင်းပေးနိုင်ရပါမည်။
✅စာရင်းဇယားများကို ကောင်းမွန်စွာ နားလည်သူ
ဖြစ်ရမည်။
✅Microsoft Word ၊ Advance Excel ကျွမ်းကျင်သူ ဖြစ်ရပါမည်။
✅အခါအားလျော်စွာ လိုအပ်သော စာရင်းများ ရေးဆွဲ တင်ပြနိုင်ရပါမည်။
✅လုပ်ငန်းနှင့်ပတ်သတ်၍ တာဝန်ယူ၊တာဝန်ခံနိုင်သူ
ဖြစ်ပြီး အလုပ်ဖိအား ခံနိုင်ရည်ရှိသူဖြစ် ရမည်။
✅စကားပြောချိုသာပြေပြစ်၍ ဆက်ဆံရေးကောင်းမွန်
သူဖြစ်ရမည်။
✅ပေးအပ်ထားသောတာဝန်များကို ကြိုးကြိုးစားစား တာဝန်ယူ ပူးပေါင်းလုပ်ကိုင်နိုင်သူ ဖြစ်ရမည်။

👉🏻လိုအပ်သည့် စာရွက်စာတမ်းများ - ကိုယ်ရေးရာဇဝင်၊ ပတ်စ်ပို့ဓာတ်ပုံ (၁)ပုံ၊ အိမ်ထောင်စုဇယားမိတ္တူ၊ သက်ဆိုင်ရာ ဘွဲ့လက်မှတ် (သို့) သင်တန်းဆင်းလက်မှတ်များ၊ နိုင်ငံသားစီစစ်ရေးကတ်မိတ္တူ။

👉🏻လျှောက်ထားနိုင်သည့်လိပ်စာ - စွမ်းအားအီလက်ထရောနစ် (ရုံးချုပ်)
၇၉လမ်း၊၃၇လမ်းနှင့်၃၈လမ်းကြား၊မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။

*ရုံးချိန် မနက် (၉း၀၀) နာရီမှ ညနေ (၅း၀၀) အတွင်း
လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်*
Viber – 09-787688211 မှတဆင့်လဲ လျှောက်ထား
နိုင်ပါသည်။

04/10/2023

မင်္ဂလာပါရှင်..Shop.com.mm ရဲ့ 10.10 Mega Sales မှာ စွမ်းအားအီလက်ထရောနစ်ရဲ့ အရောင်းသွက် Item တွေ
ဖြစ်တဲ့ Inverter W300, W500, W1000 နဲ့ Ecolamp မီးအိမ်၊ Digital Voltmeter တို့ကို discount price နဲ့ဝယ်ယူ နိုင်မည်ဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်နော်။ 🥳

👉🏻 Shop.com.mm ​၏ Website (သို့) Application တွင် ဝယ်ယူသူများအနေနဲ့ Discount စျေးဖြင့်ရရှိမှာဖြစ်ပြီး
promotion ကာလက အောက်တိုဘာ ၄ ရက်နေ့မှ ၁၀ ရက် နေ့အထိ ဖြစ်ပါတယ်ရှင်။ လက်မလွှတ်သင့်တဲ့ အခွင့်အရေးလေးဖြစ်လို့ အခုပဲ link ထဲဝင်ပြီးဝယ်ယူလိုက်တော့နော်။😍😍


ဝယ်ယူရန် Link 👇🏻

✅Ecolamp

https://www.shop.com.mm/products/i112954484.html

✅Digital Voltmeter

https://www.shop.com.mm/products/i113050928.html

✅EP W300 Inverter

https://www.shop.com.mm/products/i112959212.html

✅EP W500 Inverter

https://www.shop.com.mm/products/i112959242.html

✅EP W1000 Inverter

https://www.shop.com.mm/products/i112958324.html

✅SA W1000 Inverter

https://www.shop.com.mm/products/i113113868.html

16/09/2023

#စွမ်းအား အီလက်ထရောနစ်မှဝန်ထမ်းအလိုရှိပါသည်။

Sales &Service Junior Staff (M/ 2-Posts)

✔️အထက်တန်းအဆင့်(သို့) တက္ကသိုလ်ဝင်တန်း အောင်ပြီးသူ ဖြစ်ရမည်။
✔️လျှပ်စစ်အခြေခံသဘောတရားနားလည်သူ ဖြစ်ရမည်။ လျှပ်စစ်ထုတ်ကုန်ပစ္စည်းများ အကြောင်း
စိတ်ဝင်စားသူ ဖြစ်ရမည်။
✔️စကားပြောပြေပြစ်သူ ဖြစ်ရမည်။
✔️အရောင်းပိုင်းဆိုင်ရာ အတွေ့အကြုံ ရှိသူ ဦးစားပေးမည်။
✔️စိတ်ရှည်သည်းခံနိုင်သူဖြစ်ပြီး ပူးပေါင်းဆောင်ရွက်တတ်သူ ဖြစ်ရမည်။
✔️လေ့လာသင်ယူနိုင်စွမ်းရှိပြီး ရေရှည်လုပ်ကိုင်လိုသူ ဖြစ်ရမည်။
✔️လိုအပ်လျှင် Customer များ၏ နေအိမ်များသို့ သွားရောက်ပြီး တပ်ဆင်ရေးနှင့် ပြုပြင်ရေး စသည့်
ဝန်ဆောင်မှုများ ပေးနိုင်သူ ဖြစ်ရမည်။
✔️အလေးအပင်မ နိုင်သူ ဖြစ်ရမည်။

လိုအပ်သည့် စာရွက်စာတမ်းများ - ကိုယ်ရေးရာဇဝင်၊ ပတ်စ်ပို့ဓာတ်ပုံ (၁)ပုံ၊ အိမ်ထောင်စုဇယားမိတ္တူ၊ နိုင်ငံသားစီစစ်ရေးကတ်မိတ္တူ၊ ယာဉ်မောင်းလိုင်စင်မိတ္တူ။
🔴လျှောက်ထားနိုင်သည့်လိပ်စာ - စွမ်းအားအီလက်ထရောနစ် (ရုံးချုပ်)
၇၉လမ်း၊၃၇လမ်းနှင့်၃၈လမ်းကြား၊မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
*ရုံးချိန် မနက် (၉း၀၀) နာရီမှ ညနေ (၅း၃၀) အတွင်း လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်* Viber – 09-787688211 မှတဆင့်လဲ လျှောက်ထားနိုင်ပါသည်။

#အလုပ်ခေါ်စာ &serviceworker

14/09/2023

🛡️ဖြတ်စက် တစ်လုံးဟာ မည်မျှ အရေးပါကြောင်း...

❗️နေ့စဥ် အသုံးပြုနေတဲ့ အီလက်ထရောနစ်
ပစ္စည်းတွေကိုဖြတ်စက်မခံဘဲ အသုံးပြုနေတုန်းလား?

❗️ဒါဆိုရင်တော့ မိမိအိမ်ရှိ လျှပ်စစ်ပစ္စည်းတွေကို
ကာကွယ်နိုင်ဖို့ စွမ်းအားထုတ် Protectors
လေးတွေက ကူညီပေးနိုင်ပါတယ်။

⚡️စွမ်းအားမှ Protectorsလေးကို ၀ယ်ယူမယ်ဆို
👉🏻တစ်သက်တာ ၀န်ဆောင်မှုများနဲ့
👉🏻လက်ခအခမဲ့ ဝန်ဆောင်မှုများကို ပိုင်ဆိုင်မှာဖြစ်ပါတယ်။

💥စွမ်းအားထုတ် Tv Protectorမှာဆိုရင်
စောင့်ဆိုင်းချိန်(၃)စက္ကန့်သာဖြစ်ပြီး Refrigeratorနဲ့ Air-con Protector မှာဆိုစောင့်ဆိုင်းချိန်
(၃မိနစ်မှ၅မိနစ်)အတွင်းပဲ ဖြစ်ပါတယ်။

✨လျှပ်စစ်ပစ္စည်းများကိုလည်း မီးအားနည်းခြင်း၊
များခြင်းကြောင့် ဖြစ်ပေါ်လာသော အန္တရာယ်များမှ ကာကွယ်ပေးပါတယ်ရှင်။

🏠သင့်အိမ်ရှိ အီလက်ထရောနစ် ပစ္စည်းတွေကို ကာကွယ်ရန် စွမ်းအားမှာTv Protector,Ref Protector,Air-con Protector,Was Protectorများကို
ကိုယ်ပိုင်နည်းပညာဖြင့် တီထွင်ထုတ်လုပ်
ရောင်းချပေးနေပါပြီ။

🩸Analogနှင့်Digital ဆိုပြီး (၂) မျိုးခွဲပေးထားလို့လည်း
လူကြီးမင်း စိတ်ကြိုက် ရွေးချယ် ၀ယ်ယူနိုင်ပါပြီရှင်။

11/09/2023

😍Admin တို့အပတ်စဉ်တင်ပေးနေကျဖြစ်တဲ့ FAQ Session လေးလာပါပြီ။
👉🏻မင်မင်တို့ Pageမှာ အမေးအများဆုံး Question
လေးဖြစ်တဲ့ ‘Pure Sine Wave Inverter ကို ဘာကြောင့်ရွေးချယ် သင့်သလဲဆိုတာ ပြောပြပေးချင် ပါတယ်။
🥰အခုလို Pure Sine Wave Inverter နဲ့ဆိုင်တဲ့ စိတ်၀င်စားစရာပို့စ်လေးတွေကို နောက်အပတ်တွေမှာ လည်းတင်ပေးဉီးမှာမို့ Page လေးကို Like & Follow လုပ်ထားပေးဖို့ မမေ့ပါနဲ့နော်။🥳

🧐Pure Sine Wave Inverter ကို ဘာကြောင့်ပိုရွေးချယ်သင့်တာလဲ?

👉🏻သူ့နာမည်အတိုင်းပဲ ထွက်တဲ့လျှပ်စစ်လိုင်းပုံစံသည် ချောမွေ့တဲ့ Sine Wave ဖြစ်ပါတယ်။ ထိုအထွက် Sine Wave ဆိုသည်မှာ အစိုးရလျှပ်စစ်ဓါတ်အားလိုင်းမှ ရရှိတဲ့ လျှပ်စစ်လိုင်းပုံစံနဲ့ လုံးဝထပ်တူညီသော လိုင်းပုံစံပဲဖြစ်ပါတယ်။
👉🏻အစိုးရလျှပ်စစ်ဓါတ်အားလိုင်းမှ ရရှိသော Sine Wave လှိုင်အတိုင်း ဖြစ်တဲ့အတွက် အီလက်ထရောနစ်ပစ္စည်းကိရိယာများ အသုံးပြုရာတွင် Modified Sine Wave Inverter နှင့်သုံးလျှင်ဖြစ်နိုင်သည့် interference (သို့) ပျက်စီးနိုင်တဲ့ risk ကိုပယ်ပြီးသားဖြစ်ပါတယ်။
👉🏻ပန်ကာနှင့် ရေမော်တာများ အသံဆူခြင်းကို ကာကွယ်ပေးနိုင်ပြီး အပူချိန်တက်နှုန်းကိုလည်း လျှော့ချပေးနိုင်ပါတယ်။
👉🏻DC မှ AC သို့ ပြောင်းလဲရာတွင် Pure Sine Wave Inverter များဟာ Modified Sine Wave Inverter ထက် ဆုံးရှုံးမှု (Loss) နည်းတဲ့အတွက် တွဲဖက်အသုံးပြုတဲ့ Battery အားကို ထိရောက်စွာ ပိုအသုံးပြုနိုင်ပါတယ်။ ပါ၀ါဆုံးရှုံးမှု လျော့နည်းတဲ့အတွက် Efficiency ကောင်းကောင်းနဲ့ အလုပ်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။
👉🏻ဝန်အားအနေနဲ့ Watt 1000 အပြည့်သုံးနိုင်ပြီး Starting Load 3000 အထိလည်း ခံနိုင်ပါတယ်။
👉🏻3-Stage Charging စနစ်ကို အသုံးပြုထားသည့်အတွက် Battery သက်တမ်းပို၍ ကြာရှည်ခံပြီး Over Charged ဖြစ်ခြင်းကြောင့် Battery ပျက်စီးမှုကိုလည်း ကာကွယ်ပေးပါတယ်။

✅ဖြည့်စွက်တင်ပြရလျှင် Pure Sine Wave Inverter ဟာ Battery သက်တမ်းကို ပိုမိုကြာရှည်ခံစေခြင်း၊ Battery အားကို ထိရောက်စွာ အသုံးပြုနိုင်ခြင်းတို့ကြောင့် ငွေကြေးအရ တွက်ခြေကိုက်တဲ့ ရွေးချယ်မှုတစ်ခုလည်း ဖြစ်ပါတယ်ရှင်။

ဒါကြောင့် လူကြီးမင်းအိမ်အတွက် Inverter ရွေးချယ်ရာမှာ Pure Sine Wave Inverter‌သည် ရွေးချယ်သင့်တဲ့ Inverterအမျိုးအစား ဖြစ်ပါတယ်။ မီးပျက်ရင်လည်း စိတ်ညစ်စရာမလိုတော့ဘူးနော်။

📌စွမ်းအားအီလက်ထရောနစ်ကထုတ်တဲ့ W1000 Pure Sine Wave Inverter လေးနဲ့ ဆိုရင် အိမ်မှာအလုပ်တွေကို အဆင်ပြေပြေလုပ်နိုင်ပါပြီ။

Pure Sine Wave & Modified Sine Wave ရဲ့ကွာခြားချက် အသေးစိတ်ကို အောက်ပါ Link တွင်လည်း ၀င်ရောက်လေ့လာနိုင်ပါတယ်ရှင်။

https://www.facebook.com/100078927668375/posts/281904457783808/?mibextid=I6gGtw

08/09/2023

စွမ်းအားအီလက်ထရောနစ်ကို
အစဉ်အမြဲ အားပေးလျက်ရှိသော
လူကြီးမင်းများရှင်…❤️

စွမ်းအားမှ ထုတ်လုပ်ထားသော
🔺𝗧𝗿𝗮𝗻𝘀𝗳𝗼𝗿𝗺𝗲𝗿𝘀
🔺𝗜𝗻𝘃𝗲𝗿𝘁𝗲𝗿𝘀
🔺𝗘𝗰𝗼𝗹𝗮𝗺𝗽 တို့ကို ယခုဆိုရင်
👉🏻𝗔 𝘁𝗼 𝗭(𝗳𝗼𝗿 𝘆𝗼𝘂𝗿 𝗛𝗢𝗠𝗘)
အရောင်းပြခန်းတွင်လည်း
ဝယ်ယူ အားပေးနိုင်ပြီ ဖြစ်ပါကြောင်း
သတင်းကောင်း ပါးလိုက်ရပါတယ်ရှင်။❤️

🏡 𝐀𝐭𝐨𝐙 𝐇𝐨𝐦𝐞 𝐌𝐚𝐫𝐭 𝐒𝐡𝐨𝐰𝐫𝐨𝐨𝐦
အမှတ်-(၁၂၊၁၅၊၁၆၊၁၇)၊ (၆၂)လမ်းနှင့် (၁၃၁)လမ်းထောင့်၊ စက်မှုဇုန်(၁)၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။
ဖုန်း - 09-880-896-746, 09-880-896-747, 09-880-896-748, 09-880-896-742

Photos from Swan Arr Electronics's post 07/09/2023

𝗔𝗱𝗺𝗶𝗻 𝗥𝗲𝗽𝗹𝘆 ပြန်တာကိုစောင့်နေရတုန်းလား? 🧐

🥰မေးချင်တာတွေ၊သိလိုတာတွေကို
Admin ရဲ့reply စောင့်နေရတုန်းလား?
🥰Admin တို့အနေနဲ့လည်း အမြန်ဆုံး
ပြန်လည်ဖြေကြားပေးနေပါတယ်။
🤗ကြန့်ကြာမှုများရှိခဲ့ရင်မစောင့်ဆိုင်းရဖို့
စွမ်းအားWebsite မှာ အတိုချုပ် လေ့လာကြပါစို့။

👩🏻‍💻Website ဆိုလို့ ခက်ခက်ခဲခဲကြီး ရှာနေစရာ မလိုဘူးနော်။Page ရဲ့ အောက်က
https://www.swanarrelectronics.com.mm/service/ မှာ
Click လေးတစ်ချက် နှိပ်လိုက်ရုံနဲ့ Product Imformations အသေးစိတ်ကိုအချိန်ခဏလေး
အတွင်း အတိုချုပ် လေ့လာနိုင်ပါပြီရှင်။

💢အသေးစိတ်သိရှိနိုင်ရန် တစ်ပုံချင်းစီကို ၀င်ရောက်ကြည့်ရှုပါ။

04/09/2023

မင်္ဂလာပါ..❤️
စွမ်းအားက ထုတ်လုပ်ထားတဲ့ Pure Sine Wave Inverter အကြောင်းတော့ သိပြီးပြီ

👉🏻Low Frequency နဲ့ High Frequency ရဲ့
ကွာခြားချက်ကို သေချာမသိသေးဘူး
ဆိုရင်တော့အဆုံးထိ ဖတ်ကြည့်ပေးဖို့ လိုပါမယ်ရှင့်။

📌High Frequency ဆိုတာက...
▪️Circuit Type ဖြစ်လို့ အထွက်ဗို့အားတောင့်တင်းပြီး
Efficiency ကောင်းကောင်းနှင့် Load အပြည့်သုံးချင်တဲ့သူတွေရွေးချယ်သင့်ပါတယ်ရှင့်။
▪️အ၀င်မီးအား (150-245)ကြားတွင် အလုပ်လုပ်ပြီး ဘက်ထရီဗို့အားနှင့် အေစီအထွက်ဗို့အားကို 7 Segment Digital Meter နှစ်ခုဖြင့် တိကျရှင်းလင်းစွားဖတ်ရှုနိုင်ပါတယ်ရှင့်။
▪️အင်ဗာတာမှ ဘက်ထရီကို အားသွင်းနေချိန်တွင် LED အနီလင်းနေမည်ဖြစ်ပြီး ဘက်ထရီ အားပြည့်ချိန်တွင် LED အစိမ်းလင်းနေမှာ ဖြစ်ပါတယ်။
▪️အင်ဗာတာနဲ့ တွဲဖက်အသုံးပြုနိုင်တဲ့ ဘက်ထရီအမျိုးအစားများကတော့ Lead acid battery အမျိုးအစားများနှင့် Lithium iron (LiFePO4) battery အမျိုးအစားများ ဖြစ်ပါတယ်။
▪️Lithium iron battery ကို Support ပေးထားတာဖြစ်လို့ ဘက်ထရီနှင့် ကိုက်ညီသော ဖြတ်မှတ်များ ပြောင်းလဲလိုက်ရုံဖြင့် Lithium iron battery နဲ့တွဲပြီး အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်ရှင့်။

📌Low Frequency ဆိုတာက ...
▪️မိန်းထုတ်Typeဖြစ်ပြီး အိမ်မှာ မီးအားမြှင့်စက် မတပ်ဆင်ထား သူများအနေနဲ့ သင့်တော်ပါတယ်။
▪️မီးအားအ၀င် (130-245)ကြား အလုပ်လုပ်တဲ့အပြင် Automatic Voltage Regulator (AVR) ပါဝင်တဲ့အတွက် အထွက်မီးအားမှာ (195~230)အတွင်းထွက်ရှိမှာဖြစ်ပါတယ်။
▪️Battery Display Indicatorမှာ ဆိုရင် LEDs (4)လုံးကို အသုံးပြုထားတာဖြစ်ပြီး
စက်၏အလုပ်လုပ်ပုံ Functionsများကိုလည်း LED များဖြင့် အလွယ်တကူဖတ်ရှုနိုင်ပါတယ်ရှင့်။
▪️အင်ဗာတာနှင့် တွဲဖက်အသုံးပြုနိုင်တဲ့ ဘက်ထရီအမျိုးအစားများကတော့ Lead acid battery အမျိုးအစားများနှင့် Lithium iron (LiFePO4) battery အမျိုးအစားများ ဖြစ်ပါတယ်။
▪️Lithium iron battery ကို Support ပေးထားတာဖြစ်လို့ ဘက်ထရီနှင့် ကိုက်ညီသော ဖြတ်မှတ်များ ပြောင်းလဲလိုက်ရုံနှင့် Lithium iron battery နဲ့တွဲပြီး အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်ရှင့်။

👉🏻Pure Sine Wave Inverter နှစ်မျိုး စလုံးဟာ
ထူးထူးခြားခြား ကွာခြားချက်မျိုး မရှိတာမလို့
လူကြီးမင်း အိမ်နဲ့ကိုက်ညီတဲ့ အမျိုးအစားကို
စိတ်ချယုံကြည်စွာ ရွေးချယ် ၀ယ်ယူနိုင်ပါပြီရှင်။
🏠၇၉လမ်း၊၃၇x၃၈ကြား၊စွမ်းအားအီလက်ထရောနစ်မှာလည်းအသေးစိတ် လာရောက် လေ့လာနိုင်ပါတယ်ရှင့်။
09-964 235 034

31/08/2023

🔉Pay Day ရောက်ပြီနော်♥️
လစာထုတ်ရင် ၀ယ်မယ်ကြံထားတဲ့ ပစ္စည်းတွေထဲကမှ
စွမ်းအား တံဆိပ် LED မီးအိမ်လေးကို အခုပဲ လာ၀ယ်လိုက်တော့နော်။

♦️စွမ်းအားအီလက်ထရောနစ်ရဲ့ Best Seller Items
တွေထဲက တစ်ခုဖြစ်ပြီး ပေးရတဲ့စျေးနဲ့
ပြန်ရတဲ့Quality ကတော့ တကယ်တန်ပါတယ်ရှင်။😮

🔋Ecolamp မီးအိမ်လေးဟာ…
🔦Spot Light ဓာတ်မီးအနေနဲ့ သုံးမယ်
ဆိုရင် နာရီ(၄၀)ခန့် အသုံးပြုနိုင်ပြီး

💡Standard Mode ပုံမှန်အလင်း အသုံးပြုမယ်
ဆိုရင်တော့ (၁၅) နာရီခန့် သုံးနိုင်ပါတယ်ရှင်။

🔮Full Mode အလင်းအပြည့် သုံးမယ်
ဆိုရင်တော့ (၇)နာရီခန့် အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။

🔌အားသွင်းကြိုးပါ၀င်ပြီး မီးအားနည်းသည်ဖြစ်စေ၊များသည်ဖြစ်စေ
ဘက်ထရီအိုးကို အားအပြည့် သွင်းနိုင်မှာပဲဖြစ်ပါတယ်။
⏰ဘက်ထရီ အားနည်းသည်မှ အားပြည့်သည်အထိ
အားသွင်းချိန် (၅)နာရီသာ ကြာမြင့်ပါတယ်ရှင်။

အခုလို မီးမမှန်တဲ့ ကာလမျိုးမှာ အိမ်အတွက်
မဖြစ်မနေ မီးအိမ်တစ်လုံး ၀ယ်မယ်ဆိုရင်‌တော့
👉🏻တစ်သက်တာ လက်ခမဲ့ ၀န်ဆောင်မှုရှိတဲ့
Ecolamp လက်ဆွဲ မီးအိမ်လေးကို သတိရလိုက်ပါ။🤗

လျှပ်စစ်ပစ္စည်းရွေးချယ်ရာမှာ ပြည်တွင်းဖြစ်ကိုသာ
သုံးစွဲချင်တဲ့ လူကြီးမင်းများအတွက် ကိုယ်ပိုင်နည်းပညာဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံး တီထွင်ထုတ်လုပ်ထားသည့် စွမ်းအားအီလက်ထရောနစ်မှာ
စိတ်ကြိုက် လာရောက် ၀ယ်ယူနိုင်ပါပြီရှင်။

29/08/2023

🔈အရောင်းနှင့်ပြုပြင်ရေးဝန်ထမ်းအလိုရှိသည်။

Sales &Service Junior Staff (Male 2-Posts)

✔️အထက်တန်းအဆင့်(သို့) တက္ကသိုလ်ဝင်တန်း အောင်ပြီးသူ ဖြစ်ရမည်။
✔️လျှပ်စစ်အခြေခံသဘောတရားနားလည်သူ ဖြစ်ရမည်။ လျှပ်စစ်ထုတ်ကုန်ပစ္စည်းများ အကြောင်း
စိတ်ဝင်စားသူ ဖြစ်ရမည်။
✔️စကားပြောပြေပြစ်သူ ဖြစ်ရမည်။
✔️အရောင်းပိုင်းဆိုင်ရာ အတွေ့အကြုံ ရှိသူ ဦးစားပေးမည်။
✔️စိတ်ရှည်သည်းခံနိုင်သူဖြစ်ပြီး ပူးပေါင်းဆောင်ရွက်တတ်သူ ဖြစ်ရမည်။
✔️လေ့လာသင်ယူနိုင်စွမ်းရှိပြီး ရေရှည်လုပ်ကိုင်လိုသူ ဖြစ်ရမည်။
✔️လိုအပ်လျှင် Customer များ၏ နေအိမ်များသို့ သွားရောက်ပြီး တပ်ဆင်ရေးနှင့် ပြုပြင်ရေး စသည့်
ဝန်ဆောင်မှုများ ပေးနိုင်သူ ဖြစ်ရမည်။
✔️အလေးအပင်မ နိုင်သူ ဖြစ်ရမည်။

လိုအပ်သည့် စာရွက်စာတမ်းများ - ကိုယ်ရေးရာဇဝင်၊ ပတ်စ်ပို့ဓာတ်ပုံ (၁)ပုံ၊ အိမ်ထောင်စုဇယားမိတ္တူ၊ နိုင်ငံသားစီစစ်ရေးကတ်မိတ္တူ၊ ယာဉ်မောင်းလိုင်စင်မိတ္တူ။
🔴လျှောက်ထားနိုင်သည့်လိပ်စာ - စွမ်းအားအီလက်ထရောနစ် (ရုံးချုပ်)
၇၉လမ်း၊၃၇လမ်းနှင့်၃၈လမ်းကြား၊မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
*ရုံးချိန် မနက် (၉း၀၀) နာရီမှ ညနေ (၅း၃၀) အတွင်း လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်* Viber – 09-787688211 မှတဆင့်လဲ လျှောက်ထားနိုင်ပါသည်။

22/08/2023

မင်္ဂလာပါ။❤️
🤔လူကြီးမင်းက Pure Sine Wave Inverter
အကြောင်းကို စိတ်၀င်စားသူလား?
🔺လူကြီးမင်းအနေနဲ့ Pure Sine Wave Inverterလေး လိုအပ်လာပြီ ဆိုရင်လည်း
စွမ်းအား အီလက်ထရောနစ် မှာ
👉🏻High Frequency ၊နဲ့
👉🏻Low Frequency ဆိုပြီးအမျိုးအစားခွဲ၍
ရောင်းချပေးနေပါပြီရှင်။
🔻အီလက်ထရောနစ် ပစ္စည်းတော်တော်များများနဲ့
ကိုက်ညီပြီးအိမ်သုံးအင်ဗာတာကိုမှ
Pure Sine စစ်စစ် သုံးချင်တဲ့လူကြီးမင်းတွေအတွက်
Pure Sine Wave Inverterလေးက သင့်အတွက် ရှိနေပါပြီရှင်။
↘️အောက်ပါ links တွေမှာလည်း Pure Sine Wave Inverterအကြောင်း‌ကို၀င်ရောက်လေ့လာနိုင်ပါတယ်ရှင်။
🚩Pure Sine Wave Inverterရဲ့ကောင်းကျိုးများ

https://www.facebook.com/100078927668375/posts/278300711477516/?mibextid=I6gGtw

🚩Pure Sine Wave&Modified Sine Waveရဲ့ကွာခြားချက်များ

https://www.facebook.com/100078927668375/posts/281904457783808/?mibextid=I6gGtw
🚩Pure Sine Wave Inverterတပ်ဆင်ပုံအကြောင်း

https://www.facebook.com/100078927668375/posts/267209225919998/?mibextid=I6gGtw
🚩Pure Sine Wave Inverterအကြောင်းအသေးစိတ်

https://www.facebook.com/100078927668375/posts/259078443399743/?mibextid=I6gGtw
💢 နောက်ထပ် Knowledge sharing Postလေးတွေလည်းတင်ပေးဖို့ရှိလို့
Page လေးကို Like&Follow လေးလုပ်ထားပေးပါဉီးနော်။
✅ပိုကောင်းသော Qualityများကို ပေးစွမ်းနိုင်ရန်မှာလည်းစွမ်းအား အီလက်ထရောနစ်၏တာ၀န်သာ ဖြစ်ပါသည်။💯

16/08/2023

♥️အားလုံးပဲ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေရှင်...
◾️မီးအားမြှင့်စက် ၀ယ်ယူတိုင်း
ရွေးချယ်ရ ခက်နေတုန်းလား?◾️
အ၀ယ်မမှားစေဖို့ စွမ်းအား အီလက်ထရောနစ်ရဲ့ (၁၀)ရက် စမ်းသုံးခွင့်ရယ်၊ 👈🏻တစ်သက်တာ လက်ခမဲ့၀န်ဆောင်မှုရယ် 👈🏻နဲ့ ဆိုရင် စိတ်ချ နိုင်ပါပြီ။

♦️ဒီနေ့မှာတော့ Page Messenger မှာလာမေးနေကျ မေးခွန်းတွေထဲက တစ်ခုဖြစ်တဲ့ မီးအားမြှင့်စက် မှာ 84V/66V/ 280SD/250SD ဆိုပြီး အမျိုးအစားတွေ ဘာကွာပါသလဲဆိုတဲ့မေးခွန်းလေးဖြစ်ပါတယ်။

🚩84V/66V ဆိုတာ.....
မီးအားအကျကို ဆိုလိုတာဖြစ်ပါတယ်ရှင်...လူကြီးမင်းအိမ်မှာ အ၀င် လျှပ်စစ်ဗို့အား ၈၀/၆၀ အထိ ရှိနေမယ်ဆိုရင် Lighting ပိုင်းအသုံးပြုလို့ ရပါတယ်ရှင် ။
(ရေခဲသေတ္တာ အသေး သုံးလို့ရပါတယ်။ အဲကွန်း၊ရေမော်တာများ သုံးရင်တော့ အ၀င်ပြုတ်ကျနိုင်ပါတယ်။)

🚩280SD ဆိုတာ....
280 Step Down ကို ဆိုလိုခြင်း ဖြစ်ပါတယ်ရှင်...Step Down Transformer များသည် ပင်မကွိုင်မှ မြင့်မားသော ဗို့အားများကို ဒုတိယကွိုင်တွင် ဗို့အားနိမ့်တစ်ခုအဖြစ် ပြောင်းလဲပေးတဲ့ Function တစ်ခုပဲ ဖြစ်ပါတယ်ရှင်။ Transformer နှင့်နီးပြီး အဝင်လျှပ်စစ် ဗို့အားများတဲ့ နေရာများတွင် အသုံးပြုနိုင်ပြီး
Transformer နှင့်မနီးသော်လည်း အဝင်လျှပ်စစ်ဗို့အား အရမ်းများသော နေရာများတွင် SD ကို အသုံးပြုနိုင်ပါတယ်။ အဝင်မီးအား (240-250)လောက်မှာ ပုံမှန်အလုပ်လုပ်ပြီး အဝင်လျှပ်စစ်ဗို့အား 300 ကျော်သွားရင်တော့ အလိုအလျောက် ဖြတ်ချပေးမှာ ဖြစ်ပါတယ်ရှင့်။
🔸 စွမ်းအား အီလက်ထရောနစ်တွင်
မီးအားမြင့်စက်များကို
3KVA/ 6KVA/ 10KVA/ 15KVAဆိုပြီး
အမျိုးအစားခွဲ၍ ရောင်းချလျက်ရှိပါတယ်ရှင်။▪️(၁၀)ရက်စမ်းသုံးခွင့်ရယ်၊
▪️တစ်သက်တာလက်ခမဲ့ဝန်ဆောင်မှုများရယ်နဲ့ စွမ်းအားထုတ် မီးအားမြင့်စက်များကို ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးနိုင်ပါပြီရှင်။💖
↔️နောက်ထပ်သိလိုသည်များ ရှိရင်လည်း
Page Messagerမှာ (သို့ )09-964235034သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

15/08/2023

🔺စွမ်းအား အီလက်ထရောနစ် နဲ့အတူ
🔻လက်တွဲ လုပ်ကိုင်ရန် ကျွန်ုပ်တို့မှ သင့်ကို
အလိုရှိနေပါတယ်။

🔸Sales&Service Junior Staff (Male 2-Post)

🔸Junior Accountant (Female)

🔴Sales&Service Junior Staff (Male 2-Posts)

✔️အထက်တန်းအဆင့်(သို့) တက္ကသိုလ်ဝင်တန်း အောင်ပြီးသူ ဖြစ်ရမည်။
✔️လျှပ်စစ်အခြေခံသဘောတရားနားလည်သူ ဖြစ်ရမည်။ လျှပ်စစ်ထုတ်ကုန်ပစ္စည်းများ အကြောင်း
စိတ်ဝင်စားသူ ဖြစ်ရမည်။
✔️စကားပြောပြေပြစ်သူ ဖြစ်ရမည်။
✔️အရောင်းပိုင်းဆိုင်ရာ အတွေ့အကြုံ ရှိသူ ဦးစားပေးမည်။
✔️စိတ်ရှည်သည်းခံနိုင်သူဖြစ်ပြီး ပူးပေါင်းဆောင်ရွက်တတ်သူ ဖြစ်ရမည်။
✔️လေ့လာသင်ယူနိုင်စွမ်းရှိပြီး ရေရှည်လုပ်ကိုင်လိုသူ ဖြစ်ရမည်။
✔️လိုအပ်လျှင် Customer များ၏ နေအိမ်များသို့ သွားရောက်ပြီး တပ်ဆင်ရေးနှင့် ပြုပြင်ရေး စသည့်
ဝန်ဆောင်မှုများ ပေးနိုင်သူ ဖြစ်ရမည်။
✔️အလေးအပင်မ နိုင်သူ ဖြစ်ရမည်။

🔴Junior Accountant (Female 1-Post)

✔️တက္ကသိုလ်မှ ဘွဲ့တစ်ခုခု ရပြီး LCCI Level – (II) အောင်မြင်ထားပြီးသူ ဖြစ်ရပါမည်။
✔️Accountant အတွေ့အကြုံ ရှိသူ ဦးစားပေးမည်။
✔️Daily Transactions, Payable, Receivable, Inventory စာရင်းများကို နေ့စဉ် စစ်ဆေးပြီး စာရင်းရေးသွင်း ပေးနိုင်ရပါမည်။
✔️စာရင်းဇယားများကို ကောင်းမွန်စွာ နားလည်သူဖြစ်ရမည်။
✔️Microsoft Word ၊ Advance Excel ကျွမ်းကျင်သူ ဖြစ်ရပါမည်။
✔️အခါအားလျော်စွာ လိုအပ်သော စာရင်းများ ရေးဆွဲ တင်ပြနိုင်ရပါမည်။
✔️လုပ်ငန်းနှင့်ပတ်သတ်၍ တာဝန်ယူ၊တာဝန်ခံနိုင်သူဖြစ်ပြီး အလုပ်ဖိအား ခံနို်ငရည်ရှိသူဖြစ် ရမည်။
✔️စကားပြောချိုသာပြေပြစ်၍ ဆက်ဆံရေးကောင်းမွန်သူဖြစ်ရမည်။
✔️ပေးအပ်ထားသောတာဝန်များကို ကြိုးကြိုးစားစား တာဝန်ယူ ပူးပေါင်းလုပ်ကိုင်နိုင်သူ ဖြစ်ရမည်။

🔴လိုအပ်သည့် စာရွက်စာတမ်းများ - ကိုယ်ရေးရာဇဝင်၊ ပတ်စ်ပို့ဓာတ်ပုံ (၁)ပုံ၊ အိမ်ထောင်စုဇယားမိတ္တူ၊ နိုင်ငံသားစီစစ်ရေးကတ်မိတ္တူ၊ ယာဉ်မောင်းလိုင်စင်မိတ္တူ။
🔴လျှောက်ထားနိုင်သည့်လိပ်စာ - စွမ်းအားအီလက်ထရောနစ် (ရုံးချုပ်)
၇၉လမ်း၊၃၇လမ်းနှင့်၃၈လမ်းကြား၊မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။

*ရုံးချိန် မနက် (၉း၀၀) နာရီမှ ညနေ (၅း၃၀) အတွင်း လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်* Viber – 09-787688211 မှတဆင့်လဲ လျှောက်ထားနိုင်ပါသည်။

Want your business to be the top-listed Computer & Electronics Service in Mandalay?
Click here to claim your Sponsored Listing.

Videos (show all)

Ecolamp Emergency Light
#Unicodeမင်္ဂလာပါရှင်...စွမ်းအားအီလက်ထရောနစ်ရဲ့ Hot item ဖြစ်တဲ့  Ecolamp LED လက်ဆွဲမီးအိမ်လေးကို Unboxing လုပ်ပြပေးချင်...
#Unicode မင်္ဂလာပါရှင်..Notebook Inverter လေးရဲ့ လုပ်ဆောင်ပုံနှင့် အသုံးပြုပုံများကို Live မကြည့်လိုက်ရသူတွေအတွက် Live V...
စွမ်းအားအီလက်ထရောနစ်မှ အသစ်ထုတ်လုပ်ထားတဲ့ Notebook Inverter ရှင်းလင်းတင်ပြခြင်းNotebook Inverter 15% off - 110,500 ks ဖြ...

Telephone

Address


No. 16, 79th Street, Between 37th And 38th Street
Mandalay

Other Mandalay computer & electronics services (show all)
Aung Myanmar-LED Display SignBoard Aung Myanmar-LED Display SignBoard
Mandalay, 05051

Aung Myanmar LED Display Board

Nine Star Electric Distribution Nine Star Electric Distribution
Mandalay

လျှပ်စစ်ပစ္စည်း အရည်အသွေးနှင့် ဘေးကင်းမှုသည် ကျွှန်ုပ်တို့၏ တာဝန်ဖြစ်သည်။

May Thu Kha May Thu Kha
Room (39/40), Manawhari Street, Bet 56th*57th St, Chanmyatharsi Township
Mandalay, 05041

Battery, Solar, Inverter & Electronics

GREEN MAX Myanmar GREEN MAX Myanmar
No-70 81St Between 35-36st Mahar Aung Myae Township Mandalay
Mandalay, 05032

A Healthy Future On Earth

Phyo Phyo Phyo Phyo
Mandalay

Logic-CLICK Logic-CLICK
Mandalay

Swan Htet Swan Htet
Mandalay

City Battery City Battery
38လမ်း၊ 82×83ကြား၊ မဟာ​အောင်​​မြေမြို့နယ်၊ မန္တ​လေးမြို့။
Mandalay, 05031

ဘက်ထရီအမျိုးမျိုး လက်လီ/လက်ကား ​ရောင်း၀ယ်​ရေး

ကိုတွတ်နှင့်သားများ မင်းမင်းလျှပ်စစ် ကိုတွတ်နှင့်သားများ မင်းမင်းလျှပ်စစ်
16လမ်း 88 87လမ်းကြား
Mandalay

မင်းမင်း လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေး MMT

Kaung Kaung Electronic Mart Kaung Kaung Electronic Mart
58th Street , Bet; 130-131 , Sett Hmu (1), Pyi Gyi Tagon Township
Mandalay