Linking Paths
Nearby advertising & marketing companies
Yangon <<NOT-APPLICABLE>>
30st, Mandale
Between 103 x 104, 66A Street
Myaing
Dagon
05014
Bet 87/88 Bet
82 Street
40stx90st, Myaing
Let's develop together.
Electrical engineering တွင် အလုပ်လုပ်ရန်အတွက် အရေးကြီးသော software များစွာရှိပါသည်။ သင့်လုပ်ငန်းနယ်ပယ်နှင့် အထူးပြုလိုသော အခန်းကဏ္ဍအလိုက် အသုံးပြုနိုင်သည့် software များကို ဖော်ပြပါသည် -
1. **MATLAB/Simulink**:
- **Purpose**: Modeling, simulation, and analysis of electrical systems.
- **Use Cases**: Control systems, signal processing, communication systems, power systems, and more.
2. **PSpice**:
- **Purpose**: Circuit simulation and design.
- **Use Cases**: Analog and digital circuit design, power electronics, and integrated circuits (IC) design.
3. **AutoCAD Electrical**:
- **Purpose**: Electrical CAD software for creating electrical control systems.
- **Use Cases**: Designing electrical schematics, panel layouts, and wiring diagrams.
4. **Altium Designer**:
- **Purpose**: PCB design and layout software.
- **Use Cases**: Designing printed circuit boards (PCBs) for various electronic devices.
5. **ETAP (Electrical Transient Analyzer Program)**:
- **Purpose**: Power systems analysis and design.
- **Use Cases**: Load flow analysis, short circuit analysis, transient stability analysis, and more.
6. **LabVIEW**:
- **Purpose**: System-design platform and development environment for a visual programming language.
- **Use Cases**: Data acquisition, instrument control, and industrial automation.
7. **Ansys**:
- **Purpose**: Multiphysics simulation software.
- **Use Cases**: Electromagnetic field simulation, thermal analysis, and mechanical stress analysis for electrical components.
8. **PowerWorld Simulator**:
- **Purpose**: Power systems simulation software.
- **Use Cases**: High voltage power system analysis and visualization.
9. **Cadence OrCAD**:
- **Purpose**: PCB design and electronic circuit simulation.
- **Use Cases**: Designing schematics and PCBs for electronic devices.
10. **Proteus**:
- **Purpose**: Circuit simulation and PCB design.
- **Use Cases**: Microcontroller simulation, designing and testing electronic circuits before physical implementation.
11. **Eagle (by Autodesk)**:
- **Purpose**: PCB design software.
- **Use Cases**: Schematic capture, PCB layout design, and component library management.
12. **Multisim (by National Instruments)**:
- **Purpose**: Circuit design and simulation software.
- **Use Cases**: Education, designing and testing analog, digital, and power electronics circuits.
13. **DIALux**:
- **Purpose**: Lighting design software.
- **Use Cases**: Planning, calculating, and visualizing indoor and outdoor lighting.
သင်၏ electrical engineering လုပ်ငန်းနယ်ပယ်အလိုက် ထို software များကို ကျွမ်းကျင်မှုရရှိရန် လေ့လာသင်ယူခြင်းဖြင့် သင်၏ လုပ်ငန်းအတွက် အကောင်းဆုံးအထောက်အကူပြုနိုင်မည်ဖြစ်သည်။
စင်ကာပူမှာ အလုပ်အမြန်ရှာရအောင် အောက်ပါအဆင့်များနှင့် အကြံပြုချက်များကိုလိုက်နာပါ။
၁. ကောင်းမွန်သော ရှာဖွေရေး Strategies ပြုလုပ်ပါ
Job Portals အသုံးပြုခြင်း:
- JobStreet (www.jobstreet.com.sg): စင်ကာပူနိုင်ငံတွင် နာမည်ကြီးသောအလုပ်ရှာဖွေရေးဝက်ဘ်ဆိုက်ဖြစ်သည်။
- JobsDB (www.jobsdb.com/sg): အလုပ်အကိုင်အမျိုးမျိုးရှာဖွေပါ။
- LinkedIn (www.linkedin.com): Professional network ဖြစ်သည့် LinkedIn တွင် လူကြီးမင်း၏ profile ကို ပြည့်စုံစွာ ဖြည့်စွက်ပါ။
- Indeed (www.indeed.com.sg): အလုပ်အကိုင်ရှာဖွေရန်နှင့် CV တင်သွင်းရန်ကောင်းမွန်သောနေရာဖြစ်သည်။
၂. Recruitment Agencies တွင် ဆက်သွယ်ပါ
စင်ကာပူတွင် နာမည်ကြီးသော Recruitment Agencies အချို့မှာ:
- Recruit Express (www.recruitexpress.com.sg)
- Manpower Singapore (www.manpower.com.sg)
- Kelly Services (www.kellyservices.com.sg)
Recruitment Agencies တွင် မိမိရဲ့ CV နဲ့ ရည်ရွယ်ချက်တွေကို တင်ပြပြီး အလုပ်အကိုင်ရှာဖွေရန်အကူအညီတောင်းပါ။
၃. Professional Networking ပြုလုပ်ပါ
Networking Events နှင့် Career Fairs:
- စင်ကာပူတွင် ကျင်းပလေ့ရှိသော Career Fairs များနှင့် Networking Events များကို တက်ရောက်ပါ။
- Eventbrite (www.eventbrite.sg) တွင် career fairs နှင့် networking events များကို လေ့လာပါ။
- Meetup (www.meetup.com) တွင် သင်နှစ်သက်သောစီးပွားရေးနယ်ပယ်များနှင့်သက်ဆိုင်သော meetup groups များကို စာရင်းသွင်းပါ။
၄. Personal Branding နှင့် CV ပြင်ဆင်မှု
LinkedIn Profile:
- LinkedIn profile ကို ပြည့်စုံစွာဖြည့်စွက်ပါ။
- Professional photo, detailed summary, experience, skills, endorsements, and recommendations များထည့်သွင်းပါ။
CV နှင့် Cover Letter:
- CV ကို အင်္ဂလိပ်လိုရေးပါ။ တစ်ခါတည်း ဖတ်ပြီးနားလည်လွယ်သော format သုံးပါ။
- Cover Letter ကို မည်သည့်အလုပ်အကိုင်အတွက် လျှောက်ထားမည်ဆိုသည့် အလေးပေးပြီး အသေးစိတ်ရေးပါ။
၅. Company Websites ကို Directly လေ့လာပါ
စင်ကာပူရှိကုမ္ပဏီကြီးများ (e.g., DBS Bank, Singapore Airlines, Google Singapore) ၏ career pages တွင် အလုပ်အကိုင်အခွင့်အလမ်းများကိုတိုက်ရိုက်လေ့လာပါ။
- Company Websites တွင်ဖြစ်နိုင်သော အလုပ်အကိုင်များကို Apply လုပ်ပါ။
- လက်ရှိဝန်ထမ်းများနဲ့ဆက်သွယ်ပြီး အသိအကြံပြုချက်များကိုရယူပါ။
၆. Skills Development
မိမိလုပ်ကိုင်လိုသည့်အလုပ်အကိုင်နယ်ပယ်တွင် လိုအပ်သောကျွမ်းကျင်မှုများကိုတိုးတက်အောင်ဆောင်ရွက်ပါ:
- Coursera, Udemy, edX တို့ကဲ့သို့သော online learning platforms တွင် လေ့လာပါ။
- Industry certifications (e.g., PMP, ITIL, CPA) များရယူပါ။
၇. Work Pass Applications
EP, S Pass, Work Permit:
- EP (Employment Pass): Professionals, managers, and executives.
- S Pass: Mid-level skilled staff.
- Work Permit: Semi-skilled workers.
စင်ကာပူမှာ အလုပ်လုပ်ခွင့်ရဖို့ EP, S Pass, Work Permit တို့အတွက် လျှောက်ထားခြင်းကို စစ်ဆေးပါ။ တစ်ချို့လုပ်ငန်းရှင်များသည် အလုပ်ခန့်မိပါက သင့်အတွက် work pass လျှောက်ထားပေးနိုင်သည်။
၈. Local Job Portals and Classifieds
စင်ကာပူရှိ local job portals and classifieds တွင် အလုပ်အကိုင်ရှာဖွေပါ:
- StJobs (www.stjobs.sg)
- FastJobs (www.fastjobs.sg)
အလုပ်အမြန်ရအောင် ရှာဖွေရေး Strategies များကို နေ့စဉ်လေ့လာပြီးလျှောက်ထားရန်ဖြစ်သည်။ မိမိစိတ်ကြိုက်သောအလုပ်အကိုင်ကိုရရှိရန်အတွက် အားကောင်းသော ကြိုးပမ်းမှုနှင့် ပြန်လည်တုံ့ပြန်မှုကိုမျှော်လင့်ပါ။
"Developer အနေနဲ့အလုပ်ခွင်မဝင်ခင် သိထားသင့်တဲ့ ၅ချက်"
ဒီနှစ်ပိုင်း တွေမှာ programming ပိုင်း တွေကိုစိတ်ဝင်စားတဲသူ တွေ တော် တော် လေးများလာကြပါတယ်၊ အဲတာ ကြောင့်မိုလို developer တစ် ယောက်အ နေရဲ့အလုပ်စလုပ် တော့မယ်ဆိုရင်ဘာ တွေသိထားသင့်လဲ ဘာတွေ ready ဖြစ်ထားရမလဲဆို တာ ဝေမျှ ပေးပါမယ်
(1) Foundation
Front end ပဲဖြစ်ဖြစ် back end ပဲဖြစ်ဖြစ် အလုပ်စဝင်မယ်ဆိုရင် website တစ်ခုရဲ့ အ ခြေခံအလုပ်လုပ်ပုံ တွေနဲ့ programming ရဲ့ foundation တွေဖြစ်တဲ့ functional programming, OOP, looping တွေ variables တွေ ကိုပိုင်နိုင်ထားဖိုလိုပါတယ်။ front end ဆို html, css, js နဲ backend ဆို php, c # တစ်ခုခုကိုပါပိုင်နိုင် အောင် လုပ်ထားရပါမယ်။ company အလိုက်အသုံးပြုတဲ့ tech stack တွေ framework တွေ language တွေကွာ ပေမယ့် foundation တွေကို အရင်နားလည် အောင်မလုပ်ထားပဲ framework တွေ library တွေဘက်အရင်သွားရင် တော့ အလုပ်စဝင်ရင် ဒုက္ခ ရောက်မှာပါ။
(2) Git
ဘယ် company ဖြစ်ဖြစ် version control system တစ်ခုခု ကို တော့သုံးပါတယ်။ git က တော့အသုံးအများဆုံးမိုလို git ကို ကောင်း ကောင်းနားလည်ထားဖိုလိုပါတယ်၊ repository တစ်ခုလုပ်တာ တွေ ssh key generate လုပ်တာ တွေ၊ branch လုပ်တာ တွေ merge လုပ်တာ တွေနဲ့တခြား basic git command တွေကို သိထားပြီးလုပ်ထားနိုင်ဖိုလိုပါတယ်။ အလုပ်စစဝင်ချင်း အဲ့တာ တွေမသိထားဘူးဆိုရင် git error တွေရှင်း နေရတာနဲ့တင် ခေါင်း ခြောက် နေပါလိမ့်မယ်။
(3) Coding is only part of your job
ကျွန် တော်တို developer အလုပ်လုပ်ပီဆို လူအများစုထင်လိုက်တာက ကိုယ့်စားပွဲ ပေါ်မှာ coffee တစ်ခွက်နဲ့ code ရေး နေ့လည်စာစား၊ ပြီးရင်အိမ်ပြန် အဲ့လိုအ ခြေအ နေကိုပဲမြင် ယောင်ကြတာပါ။ ဒါ ပေမယ့်တကယ့်တကယ်မှာ တော့ အဲ့တာ တွေထက်အများကြီးပိုပါတယ်၊ project အသစ် တွေအတွက် plan ချရတာ တွေ၊ idea တွေရ အောင် brainstorm လုပ်ရတာ တွေ၊ debugging လုပ်ဖို documentation တွေ ဖတ်ရတာ တွေ နဲ့ အချိန်အများဆုံး လုပ်ရတဲ့ meeting တွေထိုင်ရတာ တွေ ကိုလည်းလုပ်ရပါ သေးတယ်။ အဲ့တာ တွေ ကြောင့် coding ပိုင်းကိုပါ အားသာ အောင်လုပ်ရတာတင်မဟုတ်ပဲ coding နဲ့မသက်ဆိုင်တဲ့ thinking skill တွေ brainstorming skill တွေ communication skill တွေကိုပါ လေ့ကျင့်ထားဖိုလိုအပ်ပါတယ်။
(4) Learn how to google
အလုပ်မှာ senior developer တွေရှိတယ်ဆို ပေမယ့် error တွေအကုန်လုံးကို တော့သူတိုကိုသွား မေး နေလိုအဆင် ပြေမှာမဟုတ်ပါဘူး၊ အဲ့တာ ကြောင့်မိုလို ကိုယ်ဘာကို debugging ဘယ်လိုလုပ်လဲ၊ ထွက်လာတဲ့ error တွေကို google မှာဘယ်လိုအ ဖြေရှာမလဲ စတာ တွေကိုကိုယ်တိုင်လုပ်ကြည့်ထားဖိုလိုပါတယ်။ developer လမ်း ကြောင်း ပေါ်စ သင်ယူကတည်းက youtube တွေကြည့်သင်တန်း တွေတက်လာတာဆို တော့ ဒီလို debugging လုပ်တာ ကောင်းမယ့်အ ခြေအ နေအထိ ရောက်ဖိုက ကိုယ့်idea နဲ့လုပ်ထားတဲ့ project တွေကိုလိုက်လုပ်ရင်းပဲရလာမှာမိုလို project တွေလဲများများ လုပ်ထား စေချင်ပါတယ်။
(5) Don't try to be heroic for the first month
ကျန် တော်တိုအားလုံး ပထမဆုံးရတဲ့အလုပ် ရဲ့အလုပ်စစဆင်းတဲ့ရက် တွေမှာ confident တွေရှိကြပါတယ်၊ အဲ့တာကလည်း ကောင်းတဲ့အချက်ပါ။ ဒါ ပေမယ့် over confident မဖြစ်သွားဖို တော့လိုပါတယ်၊ အခုမှအလုပ်စစဝင်တဲ့ developer က ဘာမှသိပ်ပြီးလုပ်နိုင်ဦးမှာမဟုတ်မှန်း company ကနားလည်ပါတယ်၊ ဒါ ပေမယ့်အဲ့တာကို ကိုယ့်ကိုယ်ကိုလုပ်နိုင်မယ်ထင်ပြီး မနိုင်မယ့် task တွေကို ရွေးချယ်တာ တွေ၊ အလုပ်ပြီးလိုအိမ် ရောက်တဲ့အချိန်အထိ အလုပ် ကtask တွေယူသွားတာ တွေ ကိုအလွန်အကျွန် မလုပ်ဖိုအ ရေးကြီးပါတယ်။ အဲ့လိုလုပ်လို ဘယ်သူ့ impression မှရမှမဟုတ်ဘဲ ကိုယ်ပဲအိပ် ရေးပျက်ပြီး ခေါင်းကိုက်မှာပါ။ အဲ့တာ ကြောင့်အလုပ်စစလုပ်တဲ့အချိန်မှာအလုပ်ကို personal life ထဲမယူသွားဖိုက တော့သတိထားရပါမယ်။
Credit to original writer....
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
https://www.facebook.com/100086007339032/posts/139487822261462/?mibextid=cr9u03
I.T ပညာရပ်တွေကိုလေ့လာနေသူအားလုံးကို ဖတ်စေချင်ပါတယ် တန်ဖိုးရှိတယ်စကားလုံးတွေမို့ပါ
နည်းပညာ လေ့လာတဲ့အခါမှာ လမ်းလွဲ လမ်းမှားတွေ ရောက်တတ်ကြသလို၊ အချိန်ကုန်သွားပြီး ဘာမှမရလိုက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒီ နည်းပညာ လေ့လာနည်း က IT နည်းပညာ ကို အချိန်တိုအတွင်း အကျိုးရှိရှိ အသုံးချနိုင်အောင် ဘယ်လိုလေ့လာရမယ်ဆိုတာကို ပြောပြပေးမှာ ဖြစ်တဲ့အတွက်ကြောင့် computer နည်းပညာ လေ့လာမယ့် လူငယ်လူရွယ်တိုင်း ဂရုတစိုက် ဖတ်ရှုမှတ်သား သင့်ပါတယ်။
အားလုံးသိတဲ့အတိုင်း ကျွန်တော်တို့ မြန်မာနိုင်ငံက တဖြည်းဖြည်းနဲ့ တိုးတက်နေပါပြီ။ အဲဒီလို အဖက်ဖက်ကနေ တိုးတက်နေတဲ့အချိန်မှာ မီအောင်မလိုက်နိုင်လို့ နောက်ကျ ကျန်ခဲ့ရင် နောင်တစ်ချိန်မှ မီအောင်ပြန်လိုက်နိုင်ဖို့ဆို တော်တော်ကြီးကို ခက်ခဲသွားမှာပါ။ ကျွန်တော်ကတော့ နည်းပညာ သမားဆိုတော့ နည်းပညာ နဲ့ ပတ်သတ်တာကိုပဲ ပြောမှာပါ။ တိုင်းပြည်ကြီးက တိုးတက်လာတဲ့ အတွက်ကြောင့်မို့လို့ IT နည်းပညာ တွေလည်း အဖက်ဖက်က တိုးတက်နေပါတယ်။
ဒီအကြောင်းကို ကျွန်တော် ဥပမာ တစ်ခုနဲ့ ပြောပြချင်ပါတယ်။ ဒီဥပမာကို အရင်တုန်းက ကျွန်တော် သင်တန်းဆရာ လုပ်တုန်းကလည်း သင်တန်းသားတွေကို ပြောပြဖူးပါတယ်။ ကျွန်တော်နဲ့ နီးစပ်တဲ့ သူငယ်ချင်းတွေနဲ့ ကျွန်တော် သင်ပေးနေတဲ့ တစ်ချို့တစ်ယောက်ကိုလည်း ဒီဥပမာကို ပြောပြခဲ့ဖူးပါတယ်။
ကျွန်တော်တို့ ရန်ကုန်ကနေ မန္တလေးကို ရထားနဲ့ သွားမယ်ဆိုပါစို့။ ကျွန်တော်တို့က နည်းနည်းနောက်ကျပြီးမှ ဘူတာကို ရောက်တယ်။ ကျွန်တော် လက်မှတ်ဝယ်ထားတာက ဒုတိယတွဲမှာ။ ကျွန်တော်တို့ ရောက်နေတဲ့အချိန် ရထားက တစ်လိမ့်လိမ့်ထွက်နေတယ်။ ကျွန်တော်တို့ပြေးတာထက် ရထားခုတ်တာက ပိုမြန်နေလို့ ဒုတိယတွဲကို ပြေးလိုက်ဖို့ မမီတော့ဘူး။ ဒီအခြေအနေမှာ အားလုံး ကိုယ့်စိတ်ကူးနဲ့ကိုယ် အတွဲ (၂) ကို ဘယ်လို ရောက်အောင်သွားမလဲဆိုတာ နည်းနည်းစဉ်းစားကြည့်ပါ။ ပြီးမှ ကျွန်တော် ပြောတာကို ဆက်ကြည့်ပါ။ ကျွန်တော့်ရဲ့ စဉ်းစားပုံက နောက်တစ်ပိုဒ်မှာ ရှိပါတယ်။
အဲဒီအချိန်မှာ ကျွန်တော်တို့ လုပ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက၊ မီတဲ့အတွဲကို အရင်ခိုတက်ရပါမယ်။ အဲဒီလို တက်လိုက်ပြီဆိုရင် ကျွန်တော်တို့ ရောက်ချင်တဲ့ အတွဲ (၂) ကို ရထားတွဲတစ်ခုကနေ တစ်ခုကို ပုံမှန်အတိုင်း လမ်းလျှောက်ပြီး သွားရင်တောင် ခဏနေရင် ရောက်ပါတယ်။ ဒီလိုပါပဲ အိုင်တီ နည်းပညာ ဟာလည်း အခုအချိန်မှာ တော်တော်ကြီး တိုးတက်နေပြီး ဖြစ်ပါတယ်။ ပုံမှန်အတိုင်းသာ ပြေးလိုက်ရင်တော့ လိုက်လေ ဝေးလေဖြစ်ပြီး နောင်တစ်ချိန်မှာ အိုင်တီပညာကို လုံးဝစိတ်ကုန်သွားမှာ သေချာပါတယ်။ ဒါကြောင့် အခုဘယ်လောက် တိုးတက် တိုးတက်၊ မိမိနားမှာ ရှိတဲ့၊ မိမိနဲ့ နီးစပ်တဲ့ နည်းပညာမှန်သမျှကို လေ့လာပါ။ တစ်ချို့လူတွေရှိတယ် ဘာပဲ လုပ်လုပ် အခြေခံ ကျကျလုပ်လေ့ရှိတယ်။ အဲလိုလုပ်တာ နေရာတိုင်းတော့မကောင်းဘူးပေါ့။ ဟာသအနေနဲ့ ပြောရရင် ရေတွင်းတူးရင် အခြေခံကျကျဆိုပြီး အောက်ဆုံးကနေ တူးလို့မှ မဖြစ်တာ။ အဲဒီလိုလူတွေက သင်တန်းကို အရမ်းအားကိုးတယ်၊ သင်တန်းတက်မှ အခြေခံကျကျတတ်မယ်လို့ ခံယူထားတယ်။ အဲဒီ ခံယူချက်ကြောင့်ပဲ ကိုယ်တိုင် အားစိုက်ဖို့ မေ့နေတတ်ကြတယ်။ သင်တန်းမတက်ဖို့ ပြောနေတာ မဟုတ်ပါဘူး။ တစ်ကယ့်လက်တွေ့မှာ ဘယ်သင်တန်း ဘယ်လောက်ကောင်းကောင်း ကိုယ်တိုင် အားမစိုက်ရင် မတတ်ပါဘူး။ Computer နည်းပညာ မှာ အဲလိုခံယူချက်တွေရှိနေရင် တိုးတက်ဖို့ ခဲယဉ်းပါတယ်။ အိုင်တီ နည်းပညာေ တွအားလုံးက ကိုယ်ပိုင် စိတ်ကူးတွေနဲ့ ဖန်တီးရတဲ့ နည်းပညာ တွေပါပဲ။
တစ်ချို့တွေရှိတယ် design ဆွဲတဲ့ သင်တန်း တစ်ခုခု သွားတက်လိုက်တယ်။ သင်တန်းပြီးလို့ certificate ရပြီဆို သူတို့ကိုယ်သူတို့ designer တစ်ယောက်လို့ သတ်မှတ်လိုက်တယ်။ Programming language တစ်ခုခုကို သင်တန်းမှာ သွားတက်လိုက်တယ်။ သင်တန်းဆင်းလို့ လက်မှတ်ရပြီဆို သူတို့ကိုယ်သူတို့ programmer လို့ သတ်မှတ်လိုက်တယ်။ ကိုယ်ပိုင် စိတ်ကူးမကောင်းသရွေ့ ဘယ်တော့မှ designer, programmer ဖြစ်ဖို့ မလွယ်ကူပါဘူး။
အခုခေတ်မှာ လူငယ်တွေသိတဲ့ အိုင်တီ သမား ဆိုတာ software တွေတင်၊ crack တွေရှာတင်ပေး။ ဒီလောက်ဆိုရင် လူတော်တော်များများက IT သမားလို့ ထင်နေကြပါတယ်။ သူတစ်ပါးကို ပုတ်ခတ်တာ မဟုတ်ပါဘူး။ IT နည်းပညာ ဆိုတာ ကျယ်ပြန်ကြောင်း သိစေချင်တာပါ။ ဒီလောက်နဲ့ ကျေနပ်နေကြမယ်ဆိုရင် နောက်ပိုင်းမှာ နောက်ကျကျန်ခဲ့မှာ အသေအချာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ software crack ရှာတတ်၊ software တွေ သုံးတတ်ရုံနဲ့ IT မဖြစ်ပါဘူး။ IT ဆိုတာ အရမ်းကျယ်ပြန့်ပါတယ်။ ဒါကြောင့်လည်း ဒီနေ့ နည်းပညာပိုင်းမှာ နောက်ကျမကျန်ခဲ့အောင် ဘယ်လိုလေ့လာရမယ်ဆိုတာ ပြောမှာဖြစ်ပါတယ်။
၁။ ကိုယ့် professional လမ်းကြောင်း ရွေးပါ။
၂။ ပတ်သတ်ရာ သင်တန်း တစ်ခုခုတက်ပါ။
https://m.facebook.com/story.php?story_fbid=104728939061989&id=104650839069799
၃။ ကိုယ်ရွေးထားတဲ့ လမ်းကြောင်းနဲ့ အလုပ်ဝင်လုပ်ပါ။
၄။ နယ်ပယ်တူ သူငယ်ချင်းများနဲ့ မိတ်ဖွဲ့ပါ။
၅။ ကိုယ်ပိုင်များများတွေးပါ၊ သူများတွေရဲ့ အတွေးကို လေ့လာပါ။
အားလုံးကို အသေးစိတ် ရှင်းပြပါမယ်။
၁။ ကိုယ့် professional လမ်းကြောင်း ရွေးပါ။
အပေါ်မှာ ပြောခဲ့သလိုပဲ IT ဆိုတာ အရမ်း ကျယ်ပြန့်ပါတယ်။ ဒါကြောင့် တစ်ယောက်တည်းနဲ့တော့ အားလုံး တတ်ချင်နေလို့ မဖြစ်ပါဘူး။ ဒါကြောင့်မို့လို့ ကိုယ့်ကိုယ်ကို ဘာစိတ်ဝင်စားလဲဆိုတာ ပြန်မေးပါ။ design (graphic design, architect design, web design), programming or development (desktop development, mobile development, web development), Hardware and Network, … စသဖြင့် ရှိတဲ့အထဲမှာ ကိုယ်တစ်ကယ် စိတ်ဝင်စားတဲ့ အပိုင်းကို ရွေးချယ်ပါ။ စိတ်ဝင်စားတယ်ဆိုတဲ့နေရာမှာ ကိုယ်စိတ်ဝင်စားမှု အတိုင်းအတာက ပိုက်ဆံဘယ်လောက်ရလဲဆိုတာအပေါ် မမူတည်ရပါဘူး။ ကိုယ်တိုင်တစ်ကယ် စိတ်ဝင်စားရင် အာရုံစိုက်ပြီး လုပ်နိုင်တဲ့အတွက် product ကောင်းကောင်းတွေ ဖန်တီးနိုင်ပါတယ်။ ကိုယ်ဖန်တီးတဲ့ products တွေသာ ကောင်းနေမယ်ဆိုရင် ပိုက်ဆံက အလိုလို ရလာပါလိမ့်မယ်။ ဒါကြောင့် တစ်ကယ်စိတ်ဝင်စားတာကို ရွေးပါ။ products တိုင်းကို ကောင်းအောင်လုပ်ပါ။
၂။ ပတ်သတ်ရာ သင်တန်း တစ်ခုခုတက်ပါ။
ကျွန်တော် အပေါ်မှာလည်း သင်တန်းတွေကို အရမ်းအားမကိုးဖို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် သင်တန်းမတက်ခိုင်းတာတော့ မဟုတ်ပါဘူး။ ကိုယ့်လမ်းကြောင်း ကိုယ်ရွေးပြီးပြီဆို ကိုယ့်ရည်ရွယ်ချက်ကို မြန်မြန်ဆန်ဆန် ရောက်အောင် သင်တန်းကိုတော့ အကူအညီအဖြစ်နဲ့ ယူရပါမယ်။ သင်တန်းတက်နေတဲ့အချိန်မှာလဲ သင်တန်းက သင်တာထက်ကို ကိုယ်တိုင်က များများတွေးခေါ်ပြီး သင်တန်းဆရာနဲ့ အမြဲတမ်း ဆွေးနွေးနေရပါမယ်။ ဒါမှသာ သင်တန်းတက်ပြီးရင် ကိုယ်ပိုင်အတွေးအခေါ်တွေ အများကြီး ရင့်ကျက်လာမှာ ဖြစ်ပါတယ်။
၃။ ကိုယ်ရွေးထားတဲ့ လမ်းကြောင်းနဲ့ အလုပ်ဝင်လုပ်ပါ။
သင်တန်းပြီးသွားပြီဆိုရင်တော့ “တတ်ပြီးပညာ မလေ့လာ၊ မကြာမရှည် ပျောက်တတ်သည်” ဆိုတာမျိုး မဖြစ်ရအောင်လို့၊ တက်ထားတဲ့ သင်တန်းတဲ့ လိုက်ဖက်မယ့် အလုပ်ကို ရှာလုပ်ပါ။ အခုမှ သင်တန်းတက်ပြီး အလုပ်ရှာနေတာမို့လို့ လစာကို ချေး(ဂျီး)မများပါနဲ့၊ ဒါပေမယ့် company ကိုတော့ ရွေးပါ။ company တွေက အလုပ်သမား ရွေးသလိုမျိုး ကိုယ်တိုင်ကလည်း company ရွေးချယ်ခွင့် ရှိပါတယ်။ တစ်ချို့ company တွေက အစမှာ လစာမကောင်းပေမယ့် ကိုယ့်အရည်အချင်းကို သိပြီးတဲ့နောက်မှာ လစာကောင်းကောင်း ပေးတတ်ပါတယ်။ တစ်ချို့ကလည်း အစပိုင်းမှာ ကောင်းသယောင်ယောင်ရှိပေမယ့် နောက်ပိုင်းမှာ လစာက မတိုးတော့တာမျိုး ရှိတတ်ပါတယ်။ ဒါက လစာကို ဥပမာအနေနဲ့ ပြောပြတာပါ။ company ရွေးတဲ့အခါမှာ အခြား စဉ်းစားရမယ့်အချက်တွေ အများကြီး ရှိပါတယ်။ အလားအလာရှိပြီး ရေရှည်မှာ ကိုယ့်အတွက်ကောင်းမယ့် company ကိုရွေးပါ။
၄။ နယ်ပယ်တူ သူငယ်ချင်းများနဲ့ မိတ်ဖွဲ့ပါ။
ကိုယ်တစ်ယောက်တည်းဆိုရင် ကိုယ့် idea တစ်ခုတည်းပဲ ထွက်ပါမယ်။ အဲဒီအခါကျရင် အချိန်ကြာလာတာနဲ့အမျှ ကိုယ့် idea က ပုံသေဖြစ်လာမယ်ဆိုရင် အကောင်းဆုံးလုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်နဲ့ နယ်ပယ်တူ သူငယ်ချင်းများနဲ့ မိတ်ဖွဲ့ပြီး သူတို့နဲ့ အမြဲတမ်း ဆွေးနွေးနေပါ။ သူငယ်ချင်းလို့ပြောတဲ့ထဲမှာ လူမှ မဟုတ်ပါဘူး ဆွေးနွေးနိုင်မယ့် ဘယ်အရာမဆို အကြုံးဝင်ပါတယ် (ဥပမာ၊ ၊ online forum)။ မိတ်ဖွဲ့ခိုင်းရတဲ့ အဓိက ရည်ရွယ်ချက်က မိမိ idea တွေ အမြဲတမ်း ဆန်းသစ်နေဖို့ပါ။ ဒါကြောင့် တစ်ခြား လေ့လာမှုတွေလည်း ပါရပါမယ်။
၅။ ကိုယ်ပိုင်များများတွေးပါ၊ သူများတွေရဲ့ အတွေးကို လေ့လာပါ။
ဒီနေရာမှာ လူတိုင်းမှားတတ်ကြတာက ကိုယ်တိုင်များများမတွေးဘဲ။ သူများဆီက ကူးချတာက များနေပါတယ်။ သူများဆီက idea ကူးချနေရုံနဲ့တော့ ဘယ်တော့မှ လိုချင်တဲ့ ပန်းတိုင်ကို ရောက်မှာမဟုတ်ပါဘူး။ အစပိုင်းမှာ ပိုက်ဆံများများရမယ့် လမ်းကြောင်း ရွေးထားတယ်၊ အလွယ်လိုက်ပြီး သူများ idea တွေကိုပဲ အသုံးပြုပြီး အလုပ်လုပ်နေမယ်ဆိုရင် အချိန်ဘယ်လောက်ကြာကြာ ကိုယ့်ရဲ့ဝင်ငွေက တိုးဖို့ မရှိတော့ပါဘူး၊ တိုးလည်း နည်းနည်းပါပဲ။ ကိုယ်ပိုင် idea ကို အသုံးပြုပြီး အလုပ်လုပ်မယ်ဆိုရင်တော့ ဘယ်လောက် လစာ မကောင်းတဲ့ company မှာ ဝင်လုပ်နေပါစေ။ ကိုယ့်ရဲ့ လက်ရာတွေက ပိုက်ဆံများများပေးမယ့် company တွေကို ဖိတ်ခေါ်နေပါလိမ့်မယ်။ ဆိုလိုတာက ကိုယ့်ရဲ့ လက်ရာတွေသာ ကောင်းနေမယ်ဆိုရင် ဘယ် company မှာ သွားလျှောက်လျှောက် အလုပ်ရဖို့ ရာခိုင်နှုန်း များပါတယ်၊ တစ်ဆင့်ထက် တစ်ဆင့် မြင့်တဲ့ အခွင့်အလမ်းတွေ ပေါ်လာမှာပါ။ ဒါပေမယ့် ကိုယ့် idea တစ်ခုတည်းနဲ့လည်း မဖြစ်ပါဘူး။ သူများ idea တွေကိုလည်း လေ့လာပါ။ ဒါပေမယ့် ကိုယ်ပိုင် idea သုံးတဲ့ ရာခိုင်နှုန်းက ပိုများရပါမယ်။ ကိုယ်ပိုင် အတွေးအခေါ်က ၈၀%၊ တစ်ခြား အတွေးအခေါ်က ၂၀% လောက်ဖြစ်နေရပါမယ်။ အဲဒီ ၂၀% တောင် တစ်ခြား လူ ၁၀ ယောက်လောက်ဆီက ယူရမှာဖြစ်ပါတယ်။ ဒါမှ ကိုယ့် လက်ရာ (products) တွေမှာ သူများရဲ့ အတွေးအခေါ်တွေ လွှမ်းမိုးမနေမှာ ဖြစ်ပါတယ်။ ကိုယ့်ဦးနှောက်ကို သုံးရတာ အစပိုင်းမှာ တော်တော်ခက်သလို၊ products ကောင်းကောင်းတွေလည်း ထွက်လာမှ Blog မှာ blog မှာ facebook like and share button ထည့်နည်းာမဟုတ်ပါဘူး။ ဒါပေမယ့် လွယ်လွယ် အညံ့ခံပြီးတော့ ကူးချဖို့ပဲ စိတ်မစောနေပါနဲ့။ အခုအချိန်မှာ အချိန်ပေးထားလိုက်ရင် နောင်တစ်ချိန်မှာ products ကောင်းကောင်းတွေ ရရှိလားမှာပါ။ စု၊ တု၊ ပြု ပဲရှိပါတယ်။ စု၊ ကူး၊ ပြု ဆိုတာ မရှိပါဘူး။ အားလုံးပဲ ခေတ်ရေစီးကြောင်းနဲ့ အမီ လိုက်နိုင်ကြပါစေ။
https://m.facebook.com/story.php?story_fbid=104728939061989&id=104650839069799
Credit to org
📌📌အလုပ်တွေချည်းပဲလျှောက်ပီး Skill တွေဖြည့်ဖို့မေ့နေရင်တော့ သင်ဟာကုန်းတက်မှာ လီဗာနင်းသော်လဲ ဝပ်ပြီးနောက်ပြန်ကျသလိုဖြစ်နေပါလိမ့်မယ်......။
💯💯Skill တွေဖြည့်ဖို့ရာ သင့်ရဲ့ပတ်ဝန်းကျင်ဟာလဲအရေးကြီးပါတယ်၊ Guidelines ကောင်းတွေ ပေးနိုင်တဲ့ ပတ်ဝန်းကျင်နဲ့တွေ့မယ်ဆိုရင်တော့ သင်ဟာ ကံကောင်းသော လူသားပါပဲ။
📂You tube or Google တချက်ခေါက်တာနဲ့ သင်တို့သိနိုင်တဲ့ နည်းပညာများကိုသိနိုင်မည်ဆိုသော်ငြားလဲ လူတိုင်းကတော့ 1000မှာ 900လောက်က သင်တန်းတက်ရမှရမယ်ဆိုတဲ့ Mindset က ဝင်တတ်ကြတယ်။
✨ဟုတ်ပီ.သင်က ဒီလိုအတွေးဝင်လာပီဆိုရင်တော့ သင်လမ်းကြောင်းမှာ စရောက်နေပါပြီ
သို့ပေမဲ့ သင်ရောက်နေတဲ့ လမ်းကြောင်းကပတ်ဝန်းကျင်မှာ သင်တန်းပေါင်းများစွာရှိတဲ့ထဲကမှ သင်ဘယ်သင်တန်းကိုရွေးချယ်ပြီး တက်ရမလဲဆိုတာက အစောတုန်းက သင့်ကို Guidelines ပေးမဲ့လူရဲ့ စကားက 70% အကျုံးဝင်ပါတယ်....။
📌📌အခုပြောချင်တဲ့အကြောင်းရာကတော့ သင်တန်းတွေရဲ့ ကိစ္စပါပဲ။
သင်တန်းတိုင်းကတော့ Marketing ဆင်းကြပါတယ် တချို့က Marketing နဲ့ သူတို့ပေးတဲ့ Reality Give တွေက လုံးဝ Different ဖြစ်နေတတ်ပါတယ်....တချို့ဈေးကြီးပေးပြီးအပ်တဲ့သင်တန်းတက်ပီးမှ အလုပ်မရကျတာတွေရှိသလို....တချို့ကျ ဈေးသင့်လျော်ပြီး အလုပ်ကောင်းရသွားကျတဲ့သူတွေလဲရှိပါတယ်....။
ဒါကြောင့် သင်တန်းတခုရွေးချယ်မယ်ဆိုရင်??
1. ဒီသင်တန်းမှပေးတဲ့ ပညာတွေကို ကိုယ့်ဘက်က Very Passionate ဖြစ်သလား။
2. တခြားသူတွေဆီက feedback တွေကြည့်ပါ ဒါလဲ မခက်ပါဖူး ကောင်းတဲ့သင်တန်းက အများကြီးတောင်မေးစရာမလိုပါဖူး လူတိုင်းက ပိုက်ဆံပေးပြီးတက်ကြတဲ့အတွက် ကောင်းမကောင်းက ချက်ချင်းတန်းသိနိုင်ပါတယ် (သွားမေးတဲ့သူကသင်တန်းကဆရာရဲ့ဆွေမျိုးတော့မဖြစ်ပါစေနဲ့)။
3.Feedback ကောင်းတဲ့ သင်တန်းလဲ ဖြစ်
ကိုယ်ကလဲ Passionate ဖြစ်တယ်ဆိုရင်တော့ ဒီသင်တန်းကို အပ်ဖို့ 70%သေချာသလောက်ဖြစ်ပါပြီ နောက် 30% က သူ့ရဲ့ အာဘော်ပါ (ဒါက တအားမလိုအပ်ဖူးဆိုပေမဲ့တချို့လူတွေတွက်ကတော့လိုမယ်ထင်ပါတယ်အာ့ဒါကြောင့် အာဘော်မိမမိ တချက်Live Video တွေမှာလေ့လာပါ)။
အထက် ၃ချက်လုံး နဲ့ အံဝင်ပါက အာ့သင်တန်းမှာ သင့်ရဲ့ အချိန်နဲ့ငွေကို မြှုပ်နှံပါက အလုပ်အင်တာဗျူး သွားဖြေတဲ့ခါ သင်က ခေါင်းမော့ပြီးဖြေနိုင်လိမ့်ပါမည်၊ (Technical Knowledge Strong တဲ့သူကို ဘယ်အလုပ်ရှင်ကမှ လက်မလွှတ်ချင်ပါ)။
📌 7 Tips about Interview
⭕⭕ မိမိအလုပ်လျှောက်သည့် Company၊ လုပ်ငန်းအကြောင်းကို တတ်နိုင်သမျှ သေချာ လေ့လာပါ။ အလုပ်လျှောက်သည့် Company ၊ လုပ်ငန်းရဲ့ ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်တွေ၊ Company ရဲ့ ရည်ရွယ်ချက်တွေ လုပ်ငန်းရဲ့ သဘောသဘာ၀တွေကို Company ရဲ့ Website နဲ့ Social Media posts တွေကနေတဆင့် လေ့လာနိုင်ပါတယ်။
⭕⭕ Interview မှာ အမေးများတဲ့ မေးခွန်းတွေကို ကြိုတင်လေ့ကျင့်ပါ။
ဥပမာ ကိုယ့်အကြောင်းကိုယ် မိတ်ဆက်ရတာမျိုး၊ Educational Background နဲ့ပတ်သက်ပြီး မိမိလေ့လာထားတဲ့ specialized Major ဘာသာရပ်နဲ့ဆိုင်တာတွေ၊ သက်ရောက်ဖူးတဲ့သင်တန်းတွေအကြောင်း၊ Volunteer လုပ်ဖူးတဲ့အတွေ့ကြုံတွေအကြောင်း၊ အလုပ်သင်လုပ်ဖူးတဲ့အတွေ့ကြုံတွေအကြောင်း၊ အရေးကြီးဆုံးတစ်ခုကတော့ "ဘာကြောင့် ဒီ Company မှာ အလုပ်လျှောက်ရတဲ့အကြောင်း"၊ Job Description မှာ ဖော်ပြထားတဲ့ position မှာ "ဘာကြောင့် အလုပ်လျှောက်ရတဲ့အကြောင်း" စသည့် အမေးများနိုင်သည့် မေးခွန်းများကို ကြိုတင် လေ့ကျင့်ထားသင့်ပါသည်။
⭕⭕ အလုပ်ခေါ်စာမှာဖော်ပြထားတဲ့ Job Description ကို သေချာစွာ ဖတ်ပါ။
လျှောက်ထားသည့် အလုပ် position အတွက် လိုအပ်တဲ့ Skills တွေ၊ လုပ်ငန်းအတွေ့ကြုံတွေနဲ့ တခြား လိုအပ်ချက်တွေကို သေချာစွာ လေ့လာပါ။ မိမိတတ်မြောက်ထားတဲ့ လုပ်ငန်း ကျွမ်းကျင်မှု skill နဲ့ ကိုက်ညီမှုရှိမရှိ သေချာ စမ်းစစ်ပါ။ Interview ဖြေတဲ့ အချိန်မှာလည်း တတ်မြောက်ထားတဲ့ skill နဲ့ JD မှာ ဖော်ပြထားတဲ့ Skill တွေ ကိုက်ညီမှုရှိလျှင် မိမိတတ်မြောက်ထားကြောင်း သေချာစွာ ပြောပြပါ။ မတတ်မြောက်ထားသေးဘူး ဆိုလျှင်လဲ လိုအပ်တဲ့ Skill ကို သင်ယူလိုစိတ်ထက်သန်ကြောင်း၊ အမြန်ဆုံးတတ်မြောက်အောင် သင်ယူမည့်အကြောင်း ယုံကြည်မှုရှိစွာ ပြောပြပါ။ သင်ယူနေဆဲဖြစ်လျှင်လဲ သင်ယူနေဆဲဖြစ်ကြောင်း သေချာပြောပြပါ။
⭕⭕ မျှော်မှန်းလစာ
မိမိ အလုပ်လျှောက်သည့် ရာထူး position နှင့်ပတ်သက်၍ ရနိုင်သည့် လစာ နှုန်းထားများကို ကြိုတင်လေ့လာထားပါ။ Interview နေစဉ်မှာ မိမိမျှော်မှန်းထားသည့် လစာကို interviewer နှင့် သေချာဆွေးနွေးပါ။
⭕⭕ တခြား အကျိုးခံစားခွင့်များ
Interviewer ကို ခွင့်ရက်နှင့် ရုံးပိတ်ရက်များ အကြောင်း မေးမြန်းပါ။ ရုံးချိန်ပြင်ပ အချိန်ပိုအလုပ် လုပ်ရလျှင် ရရှိမည့် အကျိုးခံစားခွင့်အကြောင်း သေချာစွာ မေးမြန်းပါ။
⭕⭕ စနစ်တကျ နားထောင်တတ်အောင် လေ့ကျင့်ပါ။
Interview ဖြေဆိုနေချိန်မှာ Interviewer က မေးမြန်းသည့် အကြောင်းအရာကို စနစ်ကျေသချာ နားထောင်ပါ။ မေခွန်းကိုမဖြေခင် သေချာစဉ်းစားပြီးမှ ဖြေပါ။ မေးခွန်းကို နားထောင်ရာမှာရော ပြန်ဖြေတဲ့အခါမှာပါ စိတ်အားထက်သန် တက်ကြွသည့်ဟန်ဖြင့် ပြောဆိုရန် သတိထားသင့်သည်။
⭕⭕ Interviewer ကို မေးခွန်းပြန်မေးပါ။
Interviewerရဲ့ မေးခွန်းတွေမရှင်းလျှင် သေချာစွာပြန်မေးပါ။ Interviewer က မေးခွန်းမေးစရာပြီးသွားသည့်အခါ Company ရဲ့ Goals တွေ Mission Vission တွေ အကြောင်း Interviewer ကို မေးခွန်းပြန်မေးပါ။ JD မှာ ဖော်ပြထားတဲ့ အချက်အလက်တွေအကြောင်း မရှင်းတာရှိလျှင်လည်း ပြန်မေးပါ။ မေးခွန်းပြန်မေးခြင်းအားဖြင့် Company အပေါ် စိတ်၀င်စားမှုရှိပြီး အလုပ်ကို တက်ကြွစွာ လုပ်ကိုင်လိုကြောင်း ဖော်ပြရာရောက်သည်။
(🤝🤝မိမိကိုယ်ကို မိမိ ယုံကြည်မှုရှိစွာ တက်ကြွလန်းဆန်းစွာ Interview ဖြေဆိုခြင်းဖြင့် Interviewer၏ လေးစားမှုကိုရယူပြီး အလုပ် Interview များ အောင်မြင်စွာ ဖြေဆိုနိုင်ကြပါစေ။)
Linkedin ကနေ အလုပ်ဘယ်လိုရှာမလဲ???
#1 – ပရော်ဖက်ရှင်နယ် LinkedIn ပရိုဖိုင်ပုံကို တင်ထားပါ။
Recrutior များ ပထမဆုံးသတိပြုမိတဲ့ အရာက LinkedIn ပရိုဖိုင်ဖြစ်ပြီး မန်နေဂျာများက သတိပြုမိနိုင်ခြေ 14 ဆ ပိုမိုများပြားပါတယ်။သို့သော် ဓာတ်ပုံရိုက်ရုံမျှနှင့် မပြီးပါ။ တင်သင့်သည်များကတေ့ာ-
ယုံကြည်မှု၊ သဘောကျနိုင်မှုနှင့် အရည်အချင်းတို့ကို ပေါ်လွင်စေသော ပရိုဖိုင်ပုံတစ်ပုံရှိရန် ရိုက်ချက်များကို သတိထားပါ
မြင့်မားသော resolution ရှိပါစေ။ Resolution မြင့်လေ ဓာတ်ပုံ ပိုကြည်လင်လေ ဖြစ်ပါတယ်။ Resolution 400 x 400 pixels ရှိသော ဓာတ်ပုံတစ်ပုံကို တင်ပါ။
အဖွဲ့ဓာတ်ပုံများမှ သင့်ကိုယ်သင် ဖြတ်တောက်ပြီးတင်ခြင်းကို ရှောင်ကြဉ်ပါ။ ဒါကပရော်ဖက်ရှင်နယ်ဆန်သည့်ပုံမပေါ်စေပါ။
Linkedin Format .jpeg သို့မဟုတ် .png သို့ပြောင်းပြီးတင်ပါ။
#2 – နောက်ခံဓာတ်ပုံကို မမေ့ပါနဲ့။
နောက်ခံဓာတ်ပုံကလူအများ၏အာရုံစိုက်မှုကိုဖမ်းစားရန်၊ကိုယ်ရည်ကိုယ်သွေးကို တစေ့တစောင်းဖော်ပြရန် အခွင့်အလမ်းကောင်းတစ်ခုပေးပါတယ်။ဝန်ဆောင်မှုများ၊ ကျွမ်းကျင်မှုများနဲ့ စိတ်ဝင်စားမှုများကိုပြသတဲ့ နောက်ခံဓာတ်ပုံဖန်တီးပါ။ ဥပမာ -Software Engineer ၏နောက်ခံဓာတ်ပုံသည် "Jobscan ရှိ Software Engineer" ဟူသောခေါင်းစီးအား အားဖြည့်ပေးသည့် ကွန်ပျူတာကုဒ်လိုင်းများဖြစ်ပါတယ်။ ကိုယ် အလုပ်လုပ်နေတဲ့ ပုံတွေကို လျှပ်တစ်ပြက်ရိုက်ပြီးတင်နိုင်သလို ဆွဲဆောင်မှုရှိတဲ့ ဆောင်းပါးတစ်ပုဒ်ရေးတာ၊ ကိုယ့်အသိုင်းအဝိုင်းကို အကူအညီပေးတာ၊ ဒါမှမဟုတ် လူတွေရှေ့မှာ စကားပြောနေတဲ့ ပုံလည်းတင်နိုင်ပါတယ်။ ဥပမာ သင်သည် ဓာတ်ပုံဆရာဖြစ်ပါက၊ အကောင်းဆုံးဓာတ်ပုံများထဲမှ တစ်ခုကို တင်ခြင်းဖြင့် နောက်ခံဓာတ်ပုံက Portfolio အဖြစ်လုပ်ဆောင်နိုင်မည်ဖြစ်ပါတယ်။
ဝါသနာ သို့မဟုတ် စိတ်ဝင်စားမှု သင်နှစ်သက်သည့်အရာတွေကို တင်နိုင်ပါတယ်။ကိုယ်အကြိုက်ဆုံး တောင်တက်လမ်း သို့မဟုတ် ကမ်းခြေပုံလည်း ဖြစ်နိုင်ပါတယ်။ အောင်မြင်မှုများ သို့မဟုတ် ဆုများပုံကို တင်ခြင်းဖြင့် သင့်လုပ်ငန်း၏တန်ဖိုးနှင့် အရည်အသွေးအကြောင်း ပြပါ။ အကောင်းဆုံးအရည်အသွေးအတွက် 1584 x 396 Pixel ကြည်လင်ပြတ်သားမှုရှိသော ဓာတ်ပုံတစ်ပုံကို တင်လုပ်ပါ။
#3 – LinkedIn ပရိုဖိုင် URL ကို စိတ်ကြိုက်ပြင်ဆင်ပါ။
ကိုယ့်အမည်အပြည့်အစုံ နဲ့ စိတ်ကြိုက်ပြုလုပ်ခြင်းဖြင့် ပိုမိုမှတ်မိရန်နှင့် လွယ်ကူစေပြီး
ရှာဖွေမှုရလဒ်များတွင် ပရိုဖိုင်ကို ပေါ်အောင်လုပ်နိုင်တဲ့အပြင်အလုပ်ရှာနေတယ်ဆိုရင် အလွယ်တကူရှာတွေ့နိုင်ဖို့ အတတ်နိုင်ဆုံး မြင်သာစေနိုင်ပါတယ်။ အမည်အပြည့်အစုံအပြင် သင့်တွင်ရှိသော အသိအမှတ်ပြုလက်မှတ်များကိုပါ ထည့်သွင်းပါကRecrutior များက ကိုယ့်ကို အလွယ်တကူ ရှာဖွေဖော်ထုတ်နိုင်မည်ဖြစ်ပါတယ်။
# 4 – ခေါင်းစီးတစ်ခုရေးပါ။
LinkedIn ခေါင်းစီးက စာလုံး 220 သို့မဟုတ် ထိုထက်နည်းမယ့် ကိုယ့်ကိုယ်ကို ဖော်ပြပေးမယ့် စာတစ်ခုကိုရေးထားပါ။ သင့်ပရိုဖိုင်ပုံနှင့် နောက်ခံပုံအပြင်၊Recrutior များ သင့်ပရိုဖိုင်နှင့် ပတ်သက်၍ ပထမဆုံးသတိပြုမိသည့်အရာများထဲမှ တစ်ခုလည်းဖြစ်ပါတယ်။
အလုပ်ခန့်သူများသည် LinkedIn တွင် လူများကို ရှာဖွေတဲ့အခါ ခေါင်းစီးက အမှန်တကယ် ကူညီပေးနိုင်တာကြောင့် ကိုယ့်ကျွမ်းကျင်မှုနှင့် စိတ်ဝင်စားမှုများကို ရေးပါ။
ထူးထူးခြားခြား ခေါင်းစီးတစ်ခုကို ဘယ်လိုရေးရမလဲဆိုရင်-
ဆွဲဆောင်မှုရှိပြီး တိုတိုတုတ်တုတ်ဖြစ်သင့်တဲ့အပြင် ကိုယ်အကောင်းဆုံးလုပ်ဆောင်နိုင်တဲ့အရာနှင့်ဘာကြောင့် သင့်ကို အလုပ်ခေါ်သင့်လဲဆိုတာ ဖော်ပြနေသင့်ပါတယ်။
အလုပ်နဲ့ပက်သက်တဲ့Keyword တွေထည့်ပါ။အထောက်အထားများ၊ အောင်မြင်မှုများနှင့် ဆုများအကြောင်း ရေးပါ။သင်ဝါသနာပါသော အကြောင်းရင်းများကို မျှဝေပါ။အဓိက အရည်အချင်းကို ဖော်ပြပါ။
#5 – Summary ကဏ္ဍတွင် ကိုယ့်ရဲ့ ပရော်ဖက်ရှင်နယ်ဇာတ်လမ်းကို ပြောပြပါ။
ပုံပြင်တစ်ပုဒ်လိုမျိုး ကိုယ် ဘယ်လိုစတင်လဲ၊ သင်အောင်မြင်ပြီးပြီလဲကိုရေးပါ။
Jobscan ကဲ့သို့သောကိရိယာကိုသုံးပြီး ရှောင်ရှားရန် စကားလုံးများကို ဖယ်ကာ အလုပ်နဲ့ပက်သက်တဲ့Keyword တွေထည့်ပါ။ fluff များကို ရှောင်ကြဉ်ပြီး ရေးနိုင်သမျှ များများရေးပါ။
#6 – ဘယ်မှာနေတယ်ဆိုတာ ထည့်ပါ။
တည်နေရာတစ်ခုက သင့်ပရိုဖိုင်ကို ရှာဖွေမှုများတွင် ၂၃ ဆ ပိုမိုမြင်နိုင်စေပြီး LinkedIn က သင့်တည်နေရာနှင့် ကိုက်ညီသော အလုပ်အကိုင်အခွင့်အလမ်းများကို ပြသသောကြောင့် တည်နေရာတစ်ခုထည့်သွင်းခြင်းသည် သင့်ဧရိယာအတွင်း သို့မဟုတ် အနီးနားရှိ အလုပ်အကိုင်များကို ရှာဖွေရာတွင် အထောက်အကူဖြစ်စေပါတယ်။
နည်းလမ်းက-
“Open to work” အကွက်ရှိ Editခလုတ်ကို နှိပ်ပါ။
"Locations" အောက်တွင်၊ သင်အလုပ်လုပ်လိုသည့်နေရာများကိုထည့်ရန် "တည်နေရာထည့်ရန်" ကိုနှိပ်ပါ။
“Save” ကိုနှိပ်ပါ။
#7 – ကိုယ်လုပ်တဲ့ industry ကို ညွှန်ပြပါ။
သက်ဆိုင်တဲ့ လုပ်ငန်းကို ညွှန်ပြခြင်းက သင့်ပရိုဖိုင်ကို အလုပ်အမျိုးအစားအလိုက် ရှာဖွေသော အလုပ်ခန့်ထားသူများကို ပိုမိုမြင်နိုင်စေပြီး သင့်အလုပ်ရှာဖွေမှုကို အရှိန်မြှင့်ပေးပါတယ်။
သင့်လုပ်ငန်းကို ထည့်ရန် သို့မဟုတ် ပြောင်းလဲရန်-
သင့်နောက်ခံဓာတ်ပုံအောက်ရှိ Edit ခလုတ်ကို နှိပ်ပါ
“လက်ရှိအနေအထား” ကဏ္ဍအောက်ရှိ “Industry” အကွက်ကို နှိပ်ပြီး ရရှိနိုင်သောစက်မှုလုပ်ငန်းရွေးချယ်မှုများထဲမှ ရွေးချယ်ပါ။
ပြီးသည်နှင့် "Save" ကိုနှိပ်ပါ။
#8 – contact infoကို အပ်ဒိတ်လုပ်ပါ။
ကုမ္ပဏီများစွာသည် Linkedin မှ AI ကိရိယာကို အသုံးပြုကာ စုဆောင်းသူများထံ SMS မှတစ်ဆင့် လျှောက်ထားသူများထံ တိုက်ရိုက်ရောက်ရှိရန် contact များကို စုဆောင်းကြပါတယ်။ထို့အပြင်၊ လူသစ်စုဆောင်းသူအများအပြားက Messaging မှတစ်ဆင့် ဆက်သွယ်ရန် ကြိုးစားကြတာကြောင့် စုဆောင်းသူများအတွက် ပိုမိုလွယ်ကူစေရန်၊ ကိုယ့်ဆီရောက်ရှိနိုင်သော နည်းလမ်းများစွာကို အမြဲထည့်သွင်းပါ။ ဥပမာအားဖြင့်၊ LinkedIn သည် သုံးစွဲသူများက ဖုန်းနံပါတ်နှင့် အီးမေးလ်အပြင် Skype နှင့် Google Hangouts ကို ထည့်သွင်းကြပါတယ်။
#9 - ကိုယ့် ထိပ်တန်းအရည်အချင်းများကို စာရင်းပြုစုပြီး သိမ်းပါ။
Recrutior များက သက်ဆိုင်ရာ အရည်အချင်းရှိသူများကို ရှာဖွေလေ့ရှိတာကြောင့် သင့်ပရိုဖိုင်ကို ရရှိကြောင်း သေချာစေရန် အကောင်းဆုံးနည်းလမ်းမှာ အလုပ်အပေါ် အခြေခံ၍ လိုအပ်သော အရည်အချင်းများကို ဖော်ပြပါ။ အနည်းဆုံးကျွမ်းကျင်မှုငါးခုကို စာရင်းပြုစုပါ။ အရည်အချင်းများကို မည်သည့်နေရာတွင် အသုံးပြုသည်ကို ပြောပြပါ။ ထိပ်တန်း အရည်အချင်း သုံးခုကို Highlight ပြပါ။ စုဆောင်းသူများသည် သင့်ပရိုဖိုင်ကိုကြည့်ရှုသည့်အခါ ၎င်းတို့ကိုချက်ချင်းမြင်နိုင်မည်ဖြစ်ပါတယ်။ LinkedIn Summaryတွင် ဒီအရည်အချင်းများအကြောင်း ဆွေးနွေးပြီးတတ်နိုင်သမျှ ဂဏန်းများဖြင့် ကျွမ်းကျင်မှုတစ်ခုစီကို ဖော်ပြနိုင်ပါတယ်။
#10 – အရည်အချင်းတွေကို လူတွေရဲ့ ထောက်ခံချက်များရအောင်လုပ်ပါ။
ထောက်ခံချက်များက ပရိုဖိုင်တွင် သင်ဖော်ပြထားသော ကျွမ်းကျင်မှုများကို ကျောထောက်နောက်ခံပြုရန် အတွက် နည်းလမ်းတစ်ခုဖြစ်ပါတယ်။ကိုယ်စာရင်းသွင်းထားသော အရည်အချင်းများကို အမှန်တကယ်ပိုင်ဆိုင်ခြင်းရှိမရှိ ဆုံးဖြတ်လိုသော စုဆောင်းသူများအတွက် အသုံးဝင်သောအရင်းအမြစ်တစ်ခုဖြစ်လာစေပါတယ်။
ထောက်ခံချက်ရယူရန်၊ သင်နှင့်တွဲလုပ်ဖူးသူများထံ ဆက်သွယ်ပြီး ယဉ်ကျေးစွာ ထောက်ခံချက်တောင်းပါ။ သင်ပုံမှန်ပြောဆိုဆက်ဆံပုံပေါ်မူတည်၍ အီးမေးလ် သို့မဟုတ် LinkedIn မက်ဆေ့ဂျ်မှတစ်ဆင့် တောင်းပါ။သင့်ကွန်ရက်ရှိ လူများ၏ ပရိုဖိုင်များကို လည်းထောက်ခံချက်များပေးပါ။ Network ကိုချဲ့ထွင်ပြီး ပရော်ဖက်ရှင်နယ် ဆက်ဆံရေးရှိသူများနှင့် ချိတ်ဆက်ပါ။
#11 - ကျွမ်းကျင်မှုကိုစစ်ဆေးပါ။
ကျွမ်းကျင်မှုအပိုင်းကို မြှင့်တင်ရန် ပရိုဂရမ်းမင်း၊ SEO နှင့် Microsoft ကိရိယာများကဲ့သို့ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုကို ဆုံးဖြတ်ရန် LinkedIn မှ ကမ်းလှမ်းသည့် အွန်လိုင်းစမ်းသပ်မှုမျာယူပါ။ဒီအကဲဖြတ်ချက်များသည် ပုံမှန်အားဖြင့် မြန်ဆန်ပြီး ရွေးချယ်စရာမေးခွန်းပုံစံများဖြင့်း ၁၅ မိနစ်အတွင်း ပြီးမြောက်နိုင်ပါတယ်။ အကယ်၍ သင်သည် ထိပ်တန်း 30 ရာခိုင်နှုန်းအတွင်း ရမှတ်ရပါက၊ သင့်ပရိုဖိုင်တွင် ပိုမိုယုံကြည်စိတ်ချရမှုကို ပေါင်းထည့်နိုင်သည့် ကျွမ်းကျင်မှုတံဆိပ်ကို သင်ပြသနိုင်မည်ဖြစ်ပါတယ်။
#12 - ကိုယ်ကမ်းလှမ်းထားသောဝန်ဆောင်မှုများကိုပြသပါ။
သင့်ပရိုဖိုင်ကို ပိုမိုမြင်သာစေရန် အခြားနည်းလမ်းမှာ ဝန်ဆောင်မှုများကို အပ်ဒိတ်လုပ်ရန်ပါ။ဒါက client base ကိုချဲ့ထွင်လိုသော သူများအတွက်လည်း အလွန်အသုံးဝင်ပါတယ်။
#13 – စုဆောင်းသူများ ရှာဖွေနေသည့် Keywordများကို ပေါင်းစပ်ပါ။
အခြားသူများနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိရန် အကောင်းဆုံးနည်းလမ်းမှာ အလုပ်ခန့်ထားသူများ ရှာဖွေသည့် Keywordများကို ပေါင်းစပ်ခြင်းဖြစ်ပါတယ်။
အလုပ်ခေါင်းစဉ်/ ထိပ်တန်းကျွမ်းကျင်မှုများက သင့်ပရိုဖိုင်ကို မြှင့်တင်ပေးနိုင်သည့် Keyword များ ဖြစ်နိုင်ပါတယ်။ Jobscan ရဲ့ LinkedIn optimization tool ကိုအသုံးပြုခြင်းဖြင့်၊ လိုအပ်သောKeyword များ က ပရိုဖိုင်နဲ့ မည်မျှကိုက်ညီကြောင်းကို သင်တွေ့မြင်နိုင်ပါတယ်။
ကိုယ်အမှန်တကယ်သက်ဆိုင်သည့်သော့ချက်စကားလုံးများသာ ထည့်သွင်းပြီး ရေးတဲ့စာကြောင်းတွေကိုလည်း သဘာဝအတိုင်းဖြစ်အောင်ရေးပါ။
#14 – သင့်လုပ်ငန်းအတွေ့အကြုံအပိုင်းကို ဖြည့်စွက်ပါ။
ပရိုဖိုင်ရဲ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုသည် သင့်လုပ်ငန်းအတွေ့အကြုံဖြစ်ပြီး အသိပညာ၊ အရည်အချင်းနှင့် ဆက်စပ်မှုအကြောင်းများ အရှိဆုံးအရာဖြစ်တဲ့အပြင်၊ လူသစ်စုဆောင်းသူအများစုက ဆက်စပ်ရာထူးတစ်ခုတွင် ယခင်အတွေ့အကြုံရှိသူများကို ခန့်အပ်လေ့ရှိသောကြောင့် အရေးကြီးပါတယ်။လုပ်ငန်းအတွေ့အကြုံတစ်ခုစီ၏ အသေးစိတ်ဖော်ပြချက်ပေးပါ။ ဘာတွေလုပ်ခဲ့သလဲ၊ ဘယ်လိုပြဿနာတွေအတွက် ဖြေရှင်းချက်ပေးခဲ့တယ်၊ လုပ်ငန်းဆိုင်ရာ အသိပညာနဲ့ ကျွမ်းကျင်မှုတွေမှာ ရရှိခဲ့တာတွေကို ရေးးပါ။အောင်မြင်မှုများကို ပြပြီး ရလဒ်များနဲ့ အောင်မြင်မှုများအကြောင်း ဆွေးနွေးပါ။
ယခင်က တခါမှ မရောက်ဖူးသော အောင်မြင်မှုတစ်ခု သို့မဟုတ် ကုမ္ပဏီတွင် ထပ်တလဲလဲ ဖြစ်နေသည့် ပြဿနာကို ဘယ်လိုဖြေရှင်းလဲဆိုတာကို ရေးနိုင်ပါတယ်။
#15 - buzzword များကိုရှောင်ပါ။
LinkedIn ပရိုဖိုင်တွင် “rockstar” သို့မဟုတ် “guru” ဟူသော စကားလုံးများကို မြင်ဖူးပါသလား။ ဒါတွေကခေတ်နောက်ကျနေပြီး အလွန်အကျွံအသုံးပြုနေသည်မှာ ကြာပါပြီ။
အရည်အချင်းများကို ဖော်ပြရန် ပိုမိုကောင်းမွန်သောနည်းလမ်းမှာ လက်တွေ့အလုပ်များတွင် အောင်မြင်နိုင်သည့်ရလဒ်များကို ပြသတာပါပဲ။ဥပမာအားဖြင့်၊ သင့်ကိုယ်သင် “rockstar အရောင်းကိုယ်စားလှယ်” အဖြစ် ဖော်ပြမည့်အစား ၊ “ကျွန်မရဲ့ လစဉ် $100,000 ရောင်းအားကို ကျော်လွန်ပြီး 'တစ်နှစ်တာ အကောင်းဆုံး အရောင်းသမား' ဆုကို ငါးနှစ်ဆက်တိုက် ရရှိခဲ့ပါတယ်" စသဖြင့်ရေးလို့ရပါတယ်။
#16 - ကိုယ့်အလုပ်ရှင်များရဲ့ LinkedIn စာမျက်နှာများသို့ ချိတ်ဆက်ပါ။
လုပ်ငန်းအတွေ့အကြုံကို စာရင်းပြုစုသည့်အခါ LinkedIn ရှိ ယခင်အလုပ်ရှင်များရဲ့ ကုမ္ပဏီစာမျက်နှာများသို့ အမြဲချိတ်ဆက်ပါ။ ဒါက ယခင်အလုပ်လုပ်ခဲ့သည့်ကုမ္ပဏီများကိုရှာဖွေနေသူများအတွက် သင့်ပရိုဖိုင်ကိုပိုမိုမြင်နိုင်စေမည်ဖြစ်ပါတယ်။
#17 - ပညာရေးကဏ္ဍကိုဖြည့်စွက်ပါ။
အချို့သောအလုပ်ရှင်များသည် သို့မဟုတ် ကျောင်းတက်ရောက်ခဲ့သည့်အပေါ် အခြေခံပြီး လူရွေးကြပါတယ်။ အကယ်၍ အလုပ်အတွေ့အကြုံမရှိသေးရင်တောင်ကျောင်းလှုပ်ရှားမှုများ သို့မဟုတ် ပရောဂျက်များမှတစ်ဆင့် အလုပ်အတွက်လိုအပ်သော အရည်အချင်းများရရှိထားကြောင်း ပြသနိုင်ပါတယ်။ ကျောင်း၏ LinkedIn စာမျက်နှာသို့ လင့်ခ်ချိတ်တာက အလုပ်ခန့်သူများသည် ကိုယ်တက်ရောက်ခဲ့သည့်ကျောင်းကို ရှာဖွေသောအခါ ပရိုဖိုင်ကို မြင်နိုင်မည်ဖြစ်ပါတယ်။သင်ရိုးညွှန်းတမ်း ပြင်ပလှုပ်ရှားမှုများကို ဖော်ပြပါ။ သင်ရရှိခဲ့သည့်ဆုများအကြောင်း ဆွေးနွေးပါ။
#18 - စေတနာ့ဝန်ထမ်းအတွေ့အကြုံကို ပြသပါ။
LinkedIn တွင် စေတနာ့ဝန်ထမ်း အတွေ့အကြုံကို ပေါင်းထည့်ခြင်းက ာ အခြားသူများထက် သာနိုင်ပြီး သင်၏စေတနာ့ဝန်ထမ်းအလုပ်သည် သင်ရွေးချယ်ထားသော အသက်မွေးဝမ်းကြောင်းနှင့်ပင် သက်ဆိုင်နေစရာမလိုပါ။ ကလေးတွေကို သင်ကြားပေးနေတာ ဒါမှမဟုတ် သင့်ရပ်ရွာရဲ့ သန့်ရှင်းမှုမှာ ပါဝင်တာပဲဖြစ်ဖြစ်၊ လူ့အဖွဲ့အစည်းကို ပြန်ပေးဖို့ စိတ်အားထက်သန်မှုရှိကြောင်း Recrutior တွေကို ပြောပြပါတယ်။
#19 – ဆုတွေကို ပြပါ။
ယခင်အလုပ်အတွေ့အကြုံတွင် ဆုများရရှိခဲ့ပါက ပြသသင့်ပါတယ်။ဆုပေးပွဲများကို ဖော်ပြခြင်းကသင့်အရည်အချင်းများကို သက်သေပြရန် သာလွန်ကောင်းမွန်သော နည်းလမ်းဖြစ်ပြီး ဥပမာ၊ ကိုယ်က ထိရောက်သော ခေါင်းဆောင်တစ်ဦး ဖြစ်ကြောင်း ရိုးရှင်းစွာဖော်ပြနိုင်ပါတယ် ။သက်ဆိုင်ရာအလိုက် သင့်ဆုများကို စာရင်းပြုစုပြီး လျှောက်ထားနေသောအလုပ်နှင့် အကိုက်ညီဆုံးများကို အရင်ရေးပါ။ပညာသင်ဆုများနဲ့ ဘာလို့ရတယ်/ဘယ်နယ်ပယ်မှာ ရခဲ့လဲဆိုတာကိုရေးပါ
#20 - အသိအမှတ်ပြုလက်မှတ်များနှင့် လိုင်စင်များကိုပြပါ။
ဆုများနှင့် အသိအမှတ်ပြုမှုများလိုပဲ လက်မှတ်များနှင့် လိုင်စင်များကိုလည်း ပြသင့်ပါတယ်။ LinkedIn ပရိုဖိုင်ကပထမဆုံး အသိအမှတ်ပြုလက်မှတ် သုံးခုကိုသာ ပြသမည်ဖြစ်တာကိုတော့သတိပြုပါ
#21 - အကြံပြုချက်များတောင်းပါ။
LinkedIn တွင် အသုံးပြုသူများက အတွေ့အကြုံများ သို့မဟုတ် အလုပ်အကိုင် စွမ်းဆောင်ရည်ကို ချီးကျူးထိုက်သော ကျွမ်းကျင်ပညာရှင်များကို အကြံပြုနိုင်စေမည့် နေရာတစ်ခု ရှိပါတယ်။အကြံပြုချက်များကို လက်ခံရရှိခြင်းက အလွန်ကောင်းပါတယ်။
ဥပမာအားဖြင့်၊ "ခေါင်းဆောင်မှု" ကို ထိပ်တန်းကျွမ်းကျင်မှုတစ်ခုအဖြစ် စာရင်းသွင်းထားပြီး တစ်စုံတစ်ဦးကသင့်အား အကြံပြုထားပါက စုဆောင်းသူများကိုလည်း သိစေပါတယ်။ အကြံပြုချက်များကို ရယူရန် လုပ်ဖော်ကိုင်ဖက်များနှင့် ချိတ်ဆက်ပါ။သင် အမှန်တကယ် လက်တွဲလုပ်ကိုင်ရတာကို နှစ်သက်တဲ့သူတွေကို အကြံပြုပေးပါ။ သင့်အား အကြံပြုရန် အခြားသူများကို အားပေးရန် အကောင်းဆုံးနည်းလမ်းမှာ ၎င်းတို့ကို ဦးစွာအကြံပြုရန်ဖြစ်သည်။ သူတို့ကို ဘာကြောင့် ပရော်ဖက်ရှင်နယ်တစ်ယောက်အဖြစ် အကြံပေးတာလဲ၊ သူတို့နဲ့ အလုပ်လုပ်ရတာ နှစ်သက်ရတဲ့အကြောင်းနဲ့ သူတို့ ထူးချွန်တယ်လို့ သင်ယုံကြည်တဲ့အကြောင်း ပြောပြပါ။လူများထံမှ အကြံပြုချက်များကို ယဉ်ကျေးစွာ တောင်းဆိုနိုင်ပါတယ်။
#22 - Network ကိုချဲ့ထွင်ပါ။
LinkedIn သည်ချိတ်ဆက်မှုများတည်ဆောက်ရန်နှင့် Network ကိုချဲ့ထွင်ရန်အတွက်ကောင်းမွန်ပါတယ်။ Networking ပွဲများတွင် သင့်အား လူများပိုမိုသိရှိလာစေရန်နှင့် သင့်လုပ်ငန်းနှင့်သက်ဆိုင်တဲ့ သက်ဆိုင်ရာလုပ်ငန်းများတွင် ပါဝင်လာစေရန် ကူညီပေးနိုင်ပါတယ်။ အခြားလုပ်ငန်းဆိုင်ရာ အသိပညာများရရှိစေရန် ကူညီပေးသည့် ဆောင်းပါးများ သို့မဟုတ် မီဒီယာများ ကိုလည်းရနိုင်ပါတယ်။ မျက်နှာချင်းဆိုင် အပြန်အလှန်ဆက်သွယ်မှုများဖြင့် LinkedIn ချိတ်ဆက်မှုများနှင့် ဆက်ဆံရေးကို တည်ဆောက်နိုင်ပါတယ်
။ ဒါပေမယ့် အမှန်တကယ်သိသူများနှင့် ချိတ်ဆက်ပါ။ သင့်အသက်မွေးဝမ်းကြောင်းကို ကူညီပေးနိုင်သူများနှင့် ချိတ်ဆက်ပါ။
#23 – publication လုပ်ပါ။
LinkedIn တွင် ဒီကဏ္ဍကို လူအနည်းငယ်သာ အသုံးပြုကြတာကြောင့် publication သင့်ပရိုဖိုင်ကို လူပိုမြင်စေပါတယ်။ စာအုပ်တစ်အုပ်ကို ရေးသားတာ သို့မဟုတ် သိပ္ပံနည်းကျဂျာနယ်၊ ပညာရေးဆိုင်ရာ ထုတ်ဝေမှု သို့မဟုတ် မဂ္ဂဇင်းတစ်ခုတွင် ထုတ်ဝေခဲ့လျှင် publication လုပ်ပါ။စာအုပ်ထုတ်၀ေပြီးရင် ကိုယ့်စာအုပ် ခေါင်းစဥ်ကိုထည့်လိုက်ရုံပါပဲ။
#24 - LinkedIn တွင်တက်ကြွစွာနေပါ။
LinkedIn ကိုအမြဲအသုံးပြုသူတစ်ဦးဖြစ်ခြင်းက လူများ၏ feeds များတွင် ပိုမိုမကြာခဏမြင်တွေ့ရပြီး သင့်လုပ်ငန်း သို့မဟုတ် နယ်ပယ်တွင် ကျွမ်းကျင်သူတစ်ဦးအဖြစ် သင့်ကိုတည်ဆောက်ရန် ကူညီပေးပါတယ်။ထို့အပြင် အသက်မွေးဝမ်းကြောင်းလုပ်ငန်း တိုးတက်မှု သို့မဟုတ် အလုပ်သစ်တစ်ခု ပေါ်ပေါက်လာသောအခါတွင် လူအများက သင့်ကို သတိရစေနိုင်ပါတယ်။ ဒါကြောင့်အမြဲ လူတွေရဲ့ ပို့စ်တွေကို မှတ်ချက်ပေးပါ။ အထောက်အကူဖြစ်စေသော အရင်းအမြစ်များကို မျှ၀ေပါ။ ထောက်ခံပြီး လူတွေကို အကြံပြုပါ။
အကြောင်းအရာကို မျှဝေပါ သို့မဟုတ် ပြန်လည်တင်ပါ။
#25 - သင်၏ကိုယ်ရေးအကျဉ်းကို LinkedIn မှာတင်ပါ။
Easy Apply လုပ်ဆောင်ချက်ကို အသုံးပြုပြီး ကိုယ်ရေးအကျဉ်းကို LinkedIn မှာတင်နိုင်ပါတယ်။လုပ်ရတာ တော်တော်လွယ်ပါတယ်။ လမ်းညွှန်ဘားတွင် "Me" ကိုနှိပ်ပါ။
“အကောင့်” အောက်တွင် “Settings & Privacy”. ကိုနှိပ်ပါ။
“Job seeking preferences” အောက်တွင်၊ “Job application settings” ကိုနှိပ်ပါ။
သင့်ကိုယ်ရေးရာဇဝင်ကို တင်ရန် သို့မဟုတ် စီမံခန့်ခွဲနိုင်သည့် စာမျက်နှာတစ်ခုဆီသို့ သင့်အား လမ်းညွှန်ပါလိမ့်မည်။လျှောက်ထားနေသောအလုပ်နှင့် ကိုက်ညီစေရန် ကိုယ်ရေးအကျဉ်းကို စိတ်ကြိုက်ပြင်ဆင်ထားရန် လိုအပ်ပါတယ်။သို့သော်၊ ကိုယ်ရေးအကျဉ်းက သင်၏ LinkedIn ပရိုဖိုင်နှင့် ကိုက်ညီရပါမယ်-အလုပ်ရက်စွဲများ အားလုံးကို တူညီကြောင်းစစ်ဆေးပါ။LinkedIn ပရိုဖိုင်ရှိ အလုပ်ခေါင်းစဉ်များ နှင့် ကိုယ်ရေးအကျဉ်းများ ကိုက်ညီအောင်လုပ်ပါ။အလုပ်အကိုင် ကွာဟချက်များရှိခဲ့ရင်ရှင်းပြပါ။
#26 – Creator မုဒ်ကို ဖွင့်ပါ။
တီထွင်ဖန်တီးမှုကို ပိုခံစားရအောင် LinkedIn Live နှင့် LinkedIn Newsletter ကဲ့သို့သော နောက်ထပ်ကိရိယာများကို အသုံးပြုရန်အတွက် LinkedIn ရှိ Creator မုဒ်ကို ဖွင့်ပါ။
Creator မုဒ်က လူများ သင်နှင့်း အလွယ်တကူ ဆက်သွယ်နိုင်လာပါတယ်။ ဘာလို့လဲဆိုတော့ာ connect အစား Follow လုပ်ရန်သာလိုအပ်မည်ဖြစ်ပါတယ်။ ကိုယ် ရွေးချယ်ထားသော နယ်ပယ်တွင် ကိုယ့်ကိုလူသိအောင်လုပ်နိုင်ပြီး သို့မဟုတ် ခေတ်စားနေသော အကြောင်းအရာများ ပါဝင်နိုင်ပါတယ်။
#27 - အလုပ်ခန့်ထားသူများကို အလုပ်ရှာနေကြောင်း အသိပေးပါ။
LinkedIn ၏ open to work feature ကိုအသုံးပြုခြင်းဖြင့် အလုပ်ခန့်ထားသူများကို အလုပ်ရှာနေကြောင်း အသိပေးပါ။
ဒီလိုလုပ်ဖို့-
သင့်ခေါင်းစီးအောက်ရှိ သင်၏ "အလုပ်ဖွင့်ရန်" အကွက်ရှိ edit”" ကို နှိပ်ပါ။
သင်နှစ်သက်သောအလုပ်ခေါင်းစဉ်များထည့်ပါ။
သင်နှစ်သက်သော အလုပ်တည်နေရာ အမျိုးအစားနှင့် တည်နေရာကို ရွေးချယ်ပါ။
သင်စတင်မည့်ရက်စွဲနှင့် လိုချင်သော အလုပ်အမျိုးအစားကို ရွေးချယ်ပါ။
"အလုပ်ခန့်အပ်သူများသာ" သို့မဟုတ် "LinkedIn အဖွဲ့ဝင်အားလုံး" အတွက် အလုပ်ဦးစားပေးများကို မြင်နိုင်စွမ်းကို သတ်မှတ်ပါ။
OpenToWork တံဆိပ်၏အားသာချက်တစ်ခုမှာ LinkedIn မှအလုပ်ရှာနေကြောင်း သိသောအခါတွင် သင့်ပရိုဖိုင်ကိုပြန်ရည်ညွှန်းခွင့်ပြုခြင်းဖြစ်ပါတယ်။
#28 – သင့်ပရိုဖိုင်ကို ပုံမှန် update လုပ်ပါ။
အလုပ်တစ်ခုအတွက် တက်ကြွစွာရှာဖွေနေချိန်မှာ ဒါက အထူးအရေးကြီးပါသည်။ ပရိုဖိုင်ရှိ အချက်အလက်များကို ပုံမှန်မွမ်းမံပြင်ဆင်ခြင်းနှင့် ပလပ်ဖောင်းပေါ်တွင် တက်ကြွစွာနေခြင်းဖြင့် သင့်ပရိုဖိုင်ကို ပုံမှန် update လုပ်ဆောင်နိုင်ပါတယ်။
to Orgwriter
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Mandalay
32A Street, Between 74th And 75th
Mandalay
Digital Marketing services (Content writing, Photo shooting, Graphic design, Google Ads, Social Medi
58B 103*104*
Mandalay
ကမ္ဘာ့ရွှေနှင့်နိုင်ငံခြားငွေကြေးcurrenciesအတွဲများအကြောင်းknowledge sharing လုပ်ပေးသွားမဲ့pageပါဗျ