Marketing Social Media

Marketing Social Media

Digital marketing service in Yangon, Myanmar.

Photos from Marketing Social Media's post 30/08/2023

page တွေကို Hack ခံရမဲ့ ဘေးကနေ ဘယ်လိုကာကွယ်ကြမလဲ ?
🔴 ဒါက အရမ်းကိုအရေးကြီးပါတယ်
page ဖြစ်လာဖို့ အရမ်းလွယ်ပေမဲ့
page ကို မိမိတို့ရဲ့ Brand Name နဲ့တွဲဖက်ပြီး နာမည်ရလာဖို့က အရမ်းခက်ပါတယ်
✅Customers တွေရဲ့ ယုံကြည်မူရဖို့ - ရေရှည်တည်တံ့အောင်လုပ်ဖို့ဆိုတာတွေက အဖက်ဖက်က ကြိုးစားပြီးမှရလာတာပါ
✅အဲ့ဒီလို ကျွန်တော်တို့ရဲ့ နေ့စဥ်နဲ့အမျှကြိုးစားမူတွေနဲ့ တည်ဆောက်ထားတဲ့ Page တွေကို Hack ခံရပြီး အချောင်လိုချင်တဲ့သူတွေက ယနေ့ခေတ်မှာတော့ အများသားရှိနေပါပြီခင်ဗျာ
🛑Online ပေါ်မှာလည်း နေ့စဥ်နဲ့အမျှကြားနေရတဲ့ Page တွေ Hack ခံရတဲ့ အကြောင်းတွေကိုလည်း မိတ်ဆွေတို့ သိပြီးသားဖြစ်နေမယ်ဆိုတာ ပြောပြစရာကိုလိုမယ်မထင်ပါဘူးခင်ဗျာ
✅✅✅ page တွေကို Hack ခံရမဲ့ ဘေးကနေ ဘယ်လိုကာကွယ်ကြမလဲ ဆိုတဲ့အကြောင်းကို
ကျွန်တော် Service ပေးနေတဲ့ Page တွေမှာ ဖြစ်ပျက်နေတဲ့ အတွေ့အကြုံတွေကိုပဲ ပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ
🔶 ပုံ ၁ မှာ အနီရောင် ဝိုင်းပြထားတဲ့ စာသားတွေကို page Admin တိုင်းနီးပါး တွေ့ဖူး ကြုံဖူးကြမယ်ထင်ပါတယ်
➡️အဲ့လိုစာသားတွေကို ဘယ်နေရာမှာတွေ့ရမလဲဆိုရင် page Admin Account တွေရဲ့ Notifications မှာ ပေါ်လာမှာပါခင်ဗျာ
ဒီစာသားကိုတွေ့လိုက်တာနဲ့ Facebook ရဲ့ Policy တွေကို ချိုးဖောက်လိုက်ပြီဆိုပြီး မိမိတို့ရဲ့ ဘယ် Page ကများဖြစ်တာလဲဆိုပြီး ပြာပြာသလဲဖြစ်သွားတတ်ပါတယ်
အလုပ်လည်းရှုပ်နေတဲ့အချိန် အချိန်ကလည်း မရဆိုရင် သေချာမစစ်မိကြတော့ပါဘူး
🔸အဲ့လိုအချိန်တွေကပဲ မိမိတို့ရဲ့ Page ကို Hack ခံရစေတာပါပဲခင်ဗျာ ...
🛑 ပုံ ၁ , ပုံ ၂ , ပုံ ၃ မှာပြထားတဲ့ စာသားတွေ page Admin Account တွေရဲ့ Notifications မှာ ပေါ်လာတယ်ဆိုရင်
Facebook ဖက်က ပို့ထားတာ ဟုတ် မဟုတ်ကို သေချာလေး စစ်ဆေးဖို့လိုပါတယ်
🛑✅နောက်ပိုင်း Hacker တွေက Facebook ကလာတဲ့ပုံစံမျိုး အယောင်ဆောင်ပြီး ဝင်လာကြတာများပါတယ်
✅✅အယောင်ဆောင် ဟုတ် မဟုတ် ဘယ်လိုစစ်ဆေးရမလဲဆိုရင်...
✅Facebook ဖက်က ပို့တာမှန်ရင် page Admin Account တွေရဲ့ Notifications မှာ ပေါ်မယ်
✅page Admin Account ရဲ့ Gmail inbox ထဲကိုလည်း Facebook ဖက်က စာပို့ထားပါတယ်
✅page မှာထည့်ထားတဲ့ Gmail inbox ထဲကိုလည်း Facebook ဖက်က စာပို့ထားပါတယ် ( တခါတလေမှာ မပို့ထားပါ )
✅🆗 ဒီအချက် ၃ မျိုးကို စစ်ကြည့်လို့ Notifications မှာပဲ ပေါ်ရုံနဲ့တော့ Facebook ဖက်က ပို့တာ မဟုတ်ဘူးလို့ပဲ ဆုံးဖြတ်ရမှာပါခင်ဗျာ
🔺သေချာအောင်ဆိုရင် နားလည်တဲ့သူကို ပြပြီး သေချာစစ်ဆေးစေလိုပါတယ်ခင်ဗျာ
🔶🔶page Admin Account တွေရဲ့ Notifications မှာ ပေါ်လာတဲ့ ပုံ ၁ , ပုံ ၂ , ပုံ ၃ မှာပြထားတဲ့ သတိပေးစာသားကိုနှိပ်လိုက်ရင်
ပုံ ၄ ကို ရောက်ရှိသွားမှာဖြစ်ပါတယ်
🔶🔶🔶 ပုံ ၄ က A မှာပါတဲ့ စာသားပေါ် နှင့် ပုံ ၅ B ပေါ်ကစာသားကိုနှိပ်လိုက်ရင်တော့ အယောင်ဆောင် Page ကိုရောက်ရှိသွားမှာဖြစ်ပါတယ်
အဲ့ဒီ Page မှာ သူတို့ အယောင်ဆောင်စာသားတွေ ပို့ပေးထားတဲ့ Page စာရင်းတွေကို သူတို့ရေးထားတာ တွေ့ရမှာပါခင်ဗျာ
🔴✅🔴 အထူးသတိထားရမှာ ယခု ပုံ ၄ , ပုံ ၅ တွေမှာ ပြထားတဲ့ Link ကနေပြီး Report တွေ လုံးဝ (လုံးဝ) မတင်မိဖို့ အရေးကြီးပါတယ်
အဲ့ဒီ Link ကနေ Report တင်လိုက်ပြီဆိုတာနဲ့ မိမိတို့ရဲ့ Page တွေရော Account တွေပါ Hack ခံလိုက်ရပြီဆိုတာ လုံးဝ မေ့ထားလို့မရပါဘူးခင်ဗျာ
🔴🔴 ပုံ ၆ က A ရဲ့ Link ဟာ Facebook ဖက်က ပို့ထားတဲ့ Link မဟုတ်ပါဘူးခင်ဗျာ
Facebook ဖက်က ပို့ပေးထားတဲ့ Link ဆိုရင် အစဆုံးမှာ www.Facebook.com ဆိုတဲ့ စာသား အမြဲတမ်းပါပါတယ်
🔴🔴🔴 ပုံ ၆ က B နဲ့ C မှာပြထားတဲ့ အမှတ်အသားတွေဟာ Facebook ဖက်က အစစ်အမှန်တင်ခိုင်းရင် အဲ့လိုစာသားတွေ လုံးဝ မရှိပါဘူးခင်ဗျာ
ပုံ ၆ က D မှာ ပြထားတာ Report ဘယ်လိုတင်ရမလဲဆိုတဲ့ Hacker တွေ ဖန်တီးထားတဲ့ Video File ဖြစ်ပါတယ်
🛑❌နောက်ဆုံး အရေးအကြီးဆုံးကတော့ ယခု ပုံ ၆ က စာမျက်နှာပုံစံသည် Facebook ရဲ့ စာမျက်နှာပုံံစံနဲ့ လုံးဝခွဲမရအောင် တူညီနေတယ်ဆိုတာကို အထူးသတိထားစေချင်ပါတယ်
ဒီလောက်ဆို ကျွန်တော် ပြောပြတဲ့ အကြောင်းအရာတွေကို နားလည်လိမ့်မယ်လို့ ထင်ပါတယ်
နားမလည်သေးဘူးဆိုရင်လည်း Comment မှာ မေးသွားလို့ရပါတယ်ခင်ဗျာ

အများသူတွေလည်း လေ့လာလို့ရအောင် Share ပေးသွားပါအုံးခင်ဗျာ
အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေ...
Zaw Min Oo
30 . 08 . 2023



Service
Marketing

# Call Now 09- 966 159 594 ,, 09-459 261 522

16/07/2022

နေ့စဥ်နဲ့အမြ ကြုံတွေ့နေရတဲ့ထဲမှာ
Digital Marketing သမားတွေ ကြုံရတဲ့ advertising-restricted ဖြစ်တဲ့
ကြော်ငြာလို့မရအောင် Ads Account တွေကို ပိတ်ပစ်လိုက်တာပါပဲ

ဖြေရှင်းတဲ့ နည်းလမ်းဆိုတာကလည်း
တိကျတဲ့ အဖြေရှိမနေတော့ အရမ်းခက်ပါတယ်
အရမ်းလည်း စိတ်ရှုပ်ရပါတယ်
အဲ့ဒီထဲကမှ Ads Account တွေကို advertising-restricted မဖြစ်အောင်
ကြိုတင်ကာကွယ်လို့ရနိုင်တဲ့ နည်းလမ်းတချို့ကို
ကျွန်တော်တွေ့ကြုံရတာလေးတွေနဲ့ ယှဥ်ပြီး ဖော်ပြပေးလိုက်ပါတယ်

♻️ကြော်ငြာအမြဲတမ်း လုပ်နေတဲ့သူတွေဆို ခုပြောြပမဲ့ အကြောင်းအရာလေးတွေကို သတိထားမိကြမယ်ထင်ပါတယ်

🔷သမိုင်းကြောင်းလေးနည်းနည်းပြောမယ်ဗျာ......
၂၀၂၀ ရှေ့ပိုင်း အရင်နှစ်တွေကဆိုရင် Boost လုပ်မယ်ဆိုရင် မိမိကြိုက်တဲ့ Facebook Account တခု ဖွင့်ပြီး ကြိုက်တဲ့အချိန် ကြော်ငြာလိုက်ယုံပါပဲ...

🔶အဲ့ဒီမှာ Featured တခုရှိပါတယ်
အဲ့တာကတော့ အကြွေး Boost လုပ်လို့ရတာပါပဲ
စစချင်း Facebook Account တွေမှာ
မိမိရဲ့ Visa Card or Master Card တွေထဲမှာ
ဒေါ်လာ အပို ၅၀ - ၁၀၀ ရှိရင် Boost လုပ်လို့ရနေပါပြီ

✅Facebook က စစချင်းမှာ Boost လုပ်ရင် Visa Card or Master Card ထဲကနေ ချက်ချင်း Bill ဖြတ်ပါတယ်
Boost လုပ်တဲ့ ဒေါ်လာ အရေအတွက် များလာလေလေ
အကြွေး Boost လုပ်ခွင့် ဒေါ်လာ အရေအတွက် များများရလေလေပါပဲ

♻️♻️ နောက်ပိုင်းကြတော့ Boost လုပ်တဲ့ သူတွေက အဲ့တာတွေကို သိပြီးတော့ အကြွေးတွေ Boost လုပ်ပြီး Facebook ကို ကြော်ငြာခတွေ မပေးပဲ
နောက် Account တခု ထပ်ဖွင့်တယ် အဲ့ဒီကနေ Boost လုပ်တယ် -
နောက်ပြီး အကြွေး Boost လုပ် - အဲ့ဒီ Account ကို ထားခဲ့ပြီး - နောက် Account တခု ထပ်ဖွင့်ဆိုတဲ့ သံသရာကြီး ပိုကြီးလာတော့...

🔰အဲဒီ စနစ်ကို ပြင်ဖို့အတွက်
Facebook ဘက်ကနေပြီးတော့ ခုနောက်ပိုင်းတွေမှာ
Visa Card or Master Card တွေထဲမှာ ဒေါ်လာမရှိရင်
သူတို့ရဲ့ ကြော်ငြာခတွေကို Auto လာကောက်တဲ့ အချိန်ကြရင် မိမိရဲ့ ကြော်ငြာ Account နဲ့ ချိတ်ထားတဲ့ Visa Card or Master Card တွေထဲမှာ ဒေါ်လာ လုံလောက်အောင် မရှိရင်
🔺အဲ့ဒီ Ads Acccount ကို advertising-restricted လုပ်ပစ်လိုက်ပါတယ်

နောက်ထပ် ထပ်တိုးအနေနဲ့ ID ပါ ထပ်တင်ခိုင်းတော့ အလုပ်တွေရှုပ်ပြီး လုံးဝ ကြော်ငြာခွင့်တွေပါ ပိတ်ချလိုက်ပါတယ်

✅ ဒါကြောင့် ကြော်ငြာတွေလုပ်တော့မယ်ဆိုရင် Visa Card or Master Card တွေထဲမှာမိမိကြော်ငြာတဲ့ရက်နဲ့ ဒေါ်လာ လုံလောက်မူ့ရှိမရှိ အရင် စစ်ဆေးပါ - မလောက်ရင် လောက်အောင်ထည့်ပြီးမှ ကြော်ငြာသင့်ပါတယ်

✅အဲ့ဒီလို လုပ်ချင်းအားဖြင့် မိမိရဲ့ ကြော်ငြာ Ads Account ကို ကြာရှည်ထိန်းသိမ်းရာရောက်သလို
မိမိတို့ရဲ့ လုပ်ငန်းအတွက်လည်း စဥ်ဆက်မပြတ် ကြော်ငြာနေနိုင်မှာ ဖြစ်ပါတယ်

အခြားအကြောင်းကြောင့် advertising-restricted ဖြစ်တာတွေလည်း ရှိပါတယ်သေးတယ်
အဲ့ဒီအကြောင်းအရာတွေကိုလည်း ဆက်ပြီးရေးပေးသွားပါ့မယ်ခင်ဗျာ

အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေ...
Zaw Min Oo
16 . 07 . 2022
Yangon


Service
Marketing

# Call Now 09-402579161 ,, 09-782762557

03/06/2022

အလုပ်တစ်ခုမှာ ကျွမ်းကျင်တာနဲ့
အဲ့ဒီအလုပ်နဲ့ သက်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းလည်း အောင်မြင်မယ်လို့ ပြောလို့ မရဘူး။

ဘာလို့လဲ ဆိုရင် လုပ်ငန်းကျွမ်းကျင်တာနဲ့
စီးပွားရေးကျွမ်းကျင်တာ မတူဘူး။

ပြောရရင် English စာသင်တန်းကျောင်းတစ်ခုဖွင့်ဖို့အတွက် အကောင်းဆုံးလူက English စာသင်တဲ့ ဆရာ / မ လို့ ပြောလို့မရဘူး။

English စာသင်တာ ကျွမ်းကျင်တာမှန်ပေမဲ့
သင်တန်းကျောင်းဆိုတဲ့ စီးပွားရေး မကျွမ်းကျင် ရင် အဆင်ပြေဘူး။
နားလည်မယ်ထင်တယ်။

ဒီမှာ သဘောပေါက်ရမှာက..
အခုအချိန်မှာ ဝန်ထမ်းလုပ်နေပြီး အလုပ်ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေအနေနဲ့ ' ငါကလုပ်ငန်းကျွမ်းကျင်နေပြီပဲ...ဘာလို့ ဒီဝန်ထမ်းလုပ်နေမှာလဲ ? ကိုယ်ပိုင်လုပ်ငန်း လုပ်မှာပေါ့ ' ဆိုပြီး ထလုပ်လို့မရဘူး။

လုပ်ငန်းကျွမ်းကျင်တာမှန်ပေမဲ့
စီးပွားရေး မကျွမ်းကျင်ရင် အဆင်မပြေဘူး။

ဒီလိုပဲ လူငယ်များအနေနဲ့ကလည်း
ကိုယ်လုပ်တတ် ကျွမ်းကျင်တာ တစ်ခုရှိတယ်။
ငါက ဒါကို ကျွမ်းကျင်တာပဲ ဆိုပြီး ထလုပ်လို့မရဘူး။
ပြောချင်တာက စီးပွားရေးလုပ်ငန်းအဖြစ်ဘယ်လိုတွေ လည်ပတ်မလဲ ဆိုတဲ့ စီးပွားရေး ကျွမ်းကျင်မှု လိုသေးတယ်။
Credit:
U Myo Nyunt Naing
(Motivational Speaker & Business Consultant)



Service
Marketing

# Call Now 09-402579161 ,, 09-782762557

Photos from Marketing Social Media's post 10/05/2022

ခုရက်ပိုင်းအတွင်းမှာ Facebook ပေါ်မှာ ကြော်ငြာလုပ်နေတဲ့ သူတွေဆီကနေ ငြီးတွားသံတွေ အတော်လေးကြားနေရပါတယ် 😌😌😌
✅ တနေ့ကို -💰 ၁ ဒေါ်လာဖိုး ကြော်ငြာလည်းမရောင်းရဘူး
✅ တနေ့ကို -💰၂ ဒေါ်လာဖိုး ကြော်ငြာလည်းမရောင်းရဘူး
✅ တနေ့ကို -💰၃ ဒေါ်လာဖိုး ကြော်ငြာလည်းမရောင်းရဘူး
✅ တနေ့ကို -💰၅ ဒေါ်လာဖိုး ကြော်ငြာလည်းမရောင်းရဘူး
✅ တနေ့ကို -💰၁၀ ဒေါ်လာဖိုး ကြော်ငြာလည်းမရောင်းရဘူး 😌

အဲ့တော့ အရမ်းမေးချင်နေတဲ့ မေးခွန်းရှိပါတယ် 👌

😳😳 ကြော်ငြာတိုင်း ရောင်းရမယ်လို့ ဘယ်သူက
ခင်ဗျားတို့ကို သင်ပေးလိုက်တာလဲ ???♦️

🕹️ ခလုတ်လေးနှိပ်လိုက်လို့ ပိုက်ဆံတွေဝင်လာရင်
လူတိုင်းလိုက်ပြီး ခလုတ်ပဲနှိပ်​နေကြမှာပေါ့ 👌👌

ခင်ဗျားတို့ သေချာစဥ္းစားမိရဲ့လားဗျာ 😳😳
အရင်က Keypad phone သုံးနေတဲ့ အန်တီကြီးကိုပဲ Touch Screen အကောင်းဖုန်းကိုင်ပြီး

Page တွေ ထောင်ပြီး စျေးရောင်းနေပြီဆိုတာကိုလေ
အရင်က သူများကြော်ငြာတာတွေကို အဟုတ်မှတ်ပြီး Like တွေလုပ်ပြီး ဝယ်စားနေတဲ့ အန်တီကြီးက
page ပိုင်ရှင်ဖြစ်ပြီး သူကိုယ်တိုင်ရောင်းနေပြီဆိုတာကိုပေါ့ 😁😁😁

ပြောပြန်ရင်လည်း သူတို့က လုပ်လာတာ 10 နှစ်ကြော်ပြီ အရင်ကရောင်းရတယ်
ခုက မရောင်းရတော့လို့ပါ
သူတို့မသိတာလည်း ဘာမှမရှိဘူး😊😊😊

💞 မိတ်ဆွေတို့ရေ အကောင်းဆုံး အကြံပေးရရင်
ရလာဒ်ခိုင်မာချင်ရင် တဖြည်းဖြည်း တည်ဆောက်ယူရပါတယ်😊😊😊

✅ခင်ဗျား ရေးတဲ့ Contents
✅ခင်ဗျား ဆွဲတဲ့ Designs
✅ခင်ဗျား ရောင်းတဲ့ Products ရဲ့ အရည်အသွေး
✅ခင်ဗျား ပေးနေတဲ့ Services ရဲ့ အရည်အသွေး
✅ခင်ဗျား Run တဲ့ Ads ရဲ့ Targets တွေ အားလုံး
ဒါတွေကို သေသေချာချာလေး လုပ်ပါခင်ဗျာ 😊

ရလာဒ်တွေ မကောင်းဘူးဆိုရင် ခု ကျွန်တော်ပြောပြတဲ့
🔶 5 မျိုးလုံး တခုနဲ့ တခု ကောင်းကောင်းမွန်မွန်
ချိတ်ဆက်ပြီးသွားနေလား စစ်ဆေးကြည့်လိုက်ပါ
အဖြေတွေ့ရင် ပြင်လိုက်ပါ 😊 ရလာဒ်တွေကောင်းပြီး 😊 ရောင်းကောင်းလာပါလိမ့်မယ် 😊

Product တွေကို Brand ဖောက်ပေးနေတဲ့ ခင်ဗျားတို့ရဲ့ မိတ်ဆွေကြီး 😊
🔷 Page Service တခုလုံးတာဝန်ယူဆောင်ရွက်ပေးနေပါပြီ😊😊😊
Zaw Min Oo
10 - 05 - 2022
Yangon


Service
Marketing

# Call Now 09-402579161 ,, 09-782762557

10/02/2022

ဘရန်းမားကက်တင်း ( Brand Marketing )
အကြောင်း နဲ့ အတုယူစရာ ဇာတ်လမ်းလေး ❤️

📌 မိမိတို့ရဲ့ ထုတ်ကုန်ပစ္စည်းနာမည်ကို စျေးကွက်အတွင်းမှာ လူသိများပြီး - ယုံကြည်မူရစေတာကို
ဘရန်းမားကက်တင်းလို့ခေါ်ကြပါတယ် 😊
📌 စျေးကွက်အတွင်းမှာ နာမည်ကောင်းတခုရဖို့
အချိန် ဘယ်လောက်ကြာလဲ ?
📌 ချက်ချင်းနာမည်ကောင်းရအောင် ဘယ်လိုလုပ်မလဲ ?
📌 သူများတွေလည်း ဒီလိုလုပ်ရင်းနဲ့ပဲ အဆင်ပြေသွားကြတာလား ?
စတဲ့ စတဲ့ မေးခွန်းပေါင်း မြောက်များစွာကို ကျွန်တော်တို့က ကိုယ့်ကို ကိုယ်ပြန်မေးနေကြပါတယ်

✅ ဒီမေးခွန်းအားလုံးရဲ့ အဖြေကို သိချင်ရင်တော့
ခုပြောပြမဲ့ တကယ့်လက်တွေ့ဇာတ်လမ်းလေးကို ပြီးဆုံးအောင် ဖတ်ပေးဖို့ တိုက်တွန်းချင်ပါတယ် 😊

🔶 2019 - ခုနှစ် - 6 - လပိုင်း ကျော်ကျော်လောက်က ကျွန်တော်နေတဲ့ ရပ်ကွက်ထဲကို ညနေပိုင်း
၆-နာရီ နဲ့ ၇-နာရီ ပိုင်းလောက်ဆို စျေးအမြဲ လာရောင်းတဲ့ အသံနေ့တိုင်းကြားနေရတယ်
🔶 အရင်လပိုင်းတွေက ဒီအသံကို မကြားရသလို
ဒီလို အချိန်မှန်လာရောင်းတာလည်း မတွေ့မိပါ
🔷 သူတို့ အော်ရောင်းတဲ့ အသံက ရိုးရိုးလေးပါပဲ 😊

!!! ခြံထွက် နွားနို့ စစ်စစ်ရမယ် !!! ဒါပဲ အော်ရောင်းနေတယ် 😊

🔷 ကျွန်တော်လည်း နေ့စဥ်ရက်ဆက် အချိန်မှန် ဒီအသံကိုကြားနေရတော့ စပ်စုချင်တဲ့စိတ်ပေါက်လို့ ထွက်ပြီးလေ့လာ ကြည့်လိုက်တယ်

🚘🚖 HIJET ကားလေးနဲ့ အတွင်းထဲမှာ ပုံးတွေ တင်ထားတယ် ကားရဲ့ နောက်မှီးနဲ့ ဘေးဖက် တန်းတွေမှာ နွားနို့တွေကို ကြွပ်ကြွပ်အိတ်နဲ့ထုတ်ပြီး
၁ ထုပ်စ - ၂ ထုပ်စ ချိတ်ဆွဲထားတာတွေ့ရတယ်
🎇 ကား ဒရိုင်ဘာရယ် - နောက်က အဖော် တယောက်ရယ်ကတော့ သူတို့ရောင်းတဲ့ ပစ္စည်းကို
ဘယ်သူများဝယ်မလဲဆိုတဲ့ မျှော်လင့်ချက်နဲ့
ဘေးဖက်တွေကို မကြာမကြာ လှည့်ကြည့်တယ်
တိုက်ရဲ့အပေါ်တွေကို မှော်ကြည့်တယ်
ဝယ်တဲ့သူလည်း တယောက်မှပေါ်မလာ
ဒီအတိုင်းပဲ ကားလေးကို တရွေ့ရွေ့မောင်းပြီး
ထွက်ခွာသွားကြတယ်

🌅🌅 နောက်နေ့တွေမှာလည်း အချိန်မှန်လာရောင်းတယ်
!!! ခြံထွက်နွားနို့စစ်စစ်ရမယ် !!! ဆိုတဲ့အသံကို
အော်လံအသေးစားလေးမှာ အသံသွင်းထားတာကို ဖွင့်ရင်း ဘေးဖက်ဝဲယာ နှင့် တိုက်အပေါ်တွေကို ကြည့်ပေမဲ့ ဝယ်သူက ပေါ်မလာသော်လည်း သူတို့လုပ်ရမဲ့အလုပ်ကို လုပ်ရင်း ကားလေးကို တရွေ့ရွေ့မောင်းပြီး ထွက်ခွာသွားကြတယ် 🚘🚘
✅ ကျွန်တော် တပတ်ကျော်လောက်ထိသေသေချာချာ သတိထားစောင့်ကြည့်ပေမဲ့
ဝယ်သူကိုမတွေ့ရတာနဲ့ ကျွန်တော်လည်း နောက်ရက်တွေ ဆက်ပြီးမကြည့်မိတော့ဘူး

⚠️ ဒါပေမဲ့ မကြာမကြာတော့ သတိထားမိပါတယ်
ထုံးစံအတိုင်း ဝယ်သူတော့ မတွေ့မိသေးပါ

🌇🌇 အဲ့ဒီလိုနဲ့ ပထမ ကိုဗစ်ဖြစ်ပြီး - အာဏာသိမ်းတာတွေဖြစ်လာတော့ ကျွန်တော်လည်း နယ်ပြန်သွားတယ်
🎆🎆 ဒီလိုနဲ့ ကျွန်တော် 2021 - 9 လ ပိုင်းလောက်မှာ ရန်ကုန်ပြန်ရောက်လာတယ် အရင်နေခဲ့တဲ့ ရပ်ကွက်မှာပဲပြန်နေဖြစ်တယ်
🌠🌠 အဲ့ဒီမှာ အရမ်းအံ့ဩစရာကိုသွားတွေ့တယ်ဗျာ ကျွန်တော်မပြန်ခင်က ဝယ်သူမရှိတဲ့
!!! ခြံထွက် နွားနို့စစ်စစ်ရမယ် !!! ဆိုတဲ့ ကားမှာ
လာတာနဲ့ ဝယ်သူတွေနဲ့ စည်ကားနေပြီ

✅✅ ပုံမှန်ရပ်ကွက်ထဲက ဖောက်သည်တွေကို ရနေပါပြီ သူတို့တွေ အဆင်ပြေပြေနဲ့ရောင်းဝယ်နေကြပါပြီ☺️

ဒါဆိုရင် သူတို့ရဲ့ Brand ကို ဘယ်လိုတည်ဆောက်သွားသလဲဆိုတာကို အကြမ်းမျဥ်းအချက်တွေက
♦️ 1~ အချိန်မှန်မှန်လာရောင်းတယ်
♦️ 2~ ခြံထွက် နွားနို့စစ်စစ်ဆိုတာကိုပဲ လူသိအောင်လုပ်ပြီး ကြော်ငြာတယ်
♦️ 3~ ဝယ်သူမရှိပေမဲ့ စိတ်ဓါတ်မကျပဲ သူတို့လုပ်စရာရှိတာကို ဇွဲကောင်းကောင်းနဲ့ ဆက်လုပ်တယ်
♦️ 4~ ပုံမှန်သွားနေကြလမ်းအတိုင်းပဲ သွားတယ်
( ဒီလမ်းက မရောင်းရလို့ နောက်တလမ်းကသွားမယ်ဆိုတာမရှိဘူး )
♦️ 5~စစချင်းမို့ promotion ချပြီးရောင်းတာလည်း မရှိပါဘူး
ပညာယူတတ်ရင်တော့ အချက်တွေက အများကြီးပါပဲ 😊

🔔🔔 ဒါဆိုရင် ကျွန်တော်တို့ ပစ္စည်းတွေကို Online ကနေ ရောင်းချမယ်ဆိုရင် အထက်ပါ အချက်တွေက တကယ့့်ကို အသုံးဝင်ပါတယ် 😊
🔷🔷 Online ကနေ ရောင်းချမယ်ဆိုရင် သတိထားရမဲ့အချက်က
❤️ message and comment တွေကို ဂရုတစိုက်နဲ့ နွေးနွေးထွေးထွေးရှိမဲ့ စကားလုံးတွေနဲ့ ပြန်ပြောတတ်ဖို့က အရမ်းကိုအရေးကြီးပါတယ်

🔶 တချို့ဆို - မင်္ဂလာပါလို့ message ပို့တာကို
ကိုယ့်ရောင်းတဲ့ပစ္စည်းစျေးမေးတာ မဟုတ်တော့
မင်္ဂလာပါဆိုတဲ့ စကားကိုပြန်မပြောတဲ့ Page တွေရှိပါတယ် 😌

💞💞 အမြဲတမ်းဖောက်သည်လိုချင်ရင်တော့ အသေးအဖွဲတွေကစ ဂရုစိုက်ရပါမယ် 😊

✅✅ ဘယ်သူမှ ကိုယ်ရောင်းတဲ့ပစ္စည်းကို တန်းဝယ်မှာ မဟုတ်ပါဘူး 👌👌👌
♦️ ၁ ~ စဥ်းစားချိန်ရှိပါတယ်
♦️ ၂ ~ ရွေးချယ်ပိုင်ခွင့်ရှိပါတယ်
♦️ ၃ ~ မိတ်ဆွေရဲ့ပစ္စည်းက ပေးရတာနဲ့တန်တဲ့ အရည်အသွေးရှိရဲ့လား 🤔
♦️ ၄ ~ ဝယ်ယူဖူးတဲ့သူတွေကို စိတ်ကျေနပ်မူ့ပေးနိုင်ရဲ့လား
ဆိုတဲ့ များပြားလှတဲ့ အချက်အလက်တွေနဲ့ ပြည့်စုံဖို့
အချိန်ပေးပြီး စနစ်တကျနဲ့
💞💞 ဘရန်းမားကက်တင်း ( Brand Marketing ) တည်ဆောက်ထားရမှာဖြစ်ပါတယ် 😍😍😍

👌👌👌 နေ့ချင်း ညချင်း နာမည်ရအောင်တော့ သိကြားမင်းတောင် မလုပ်ပေးနိုင်ပါဘူးခင်ဗျာ 😊

စာလေးရေးတာ နည်းနည်းရှည်သွားလို့ တောင်းပန်ပါတယ်ဗျာ 🙏🙏🙏
မိတ်ဆွေတို့အတွက် တစုံတရာ အကျိုးရှိပါစေဗျာ😊

အားလုံးလည်း အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်
မိတ်ဆွေတို့အတွက် အကျိုးရှိတယ်ဆို
တခြားမိတ်ဆွေလည်း သိနိုင်ဖို့ Share ပေးသွားပါအုံးခင်ဗျာ
အားလုံးပဲ စီးပွားရေးတွေတိုးပွားပြီး ဝင်ငွေနှစ်ဆရကြပါစေ....🙏🙏🙏


Service
Marketing

# Call Now 09-402579161 ,, 09-782762557

06/02/2022

# # သတိနော် # #

အိုမီခရွမ်ဖြစ်ရင် ငှက်သိုက်မသောက်ပါနဲ့ ဖရဲသီး သခွားသီး သံပုရာသီး မစားပါနဲ့ အုန်းရည်မသောက်ပါနဲ့ ဆွပ်ပြုပ် မသောက်ပါနဲ့ ရေနွေးငွေ့ မရှူပါနဲ့ စောင်အထူကြီး မခြုံပါနဲ့
ပါးစပ်ခါးတိုင်း ဆားရည်ပလုပ်ကျင်းပြီး အစာတခုစားပါ
၄ နာရီတိုင်း ဗိုက်တာမင်ဒီ ၂၀၀၀ သောက်ပါ
အဖျားရှိမှသာ ပါရာစီတမောကို အစားစားပြီးသောက်ပါ
ဆရာဝန်ညွှန်ကြားချက်မရှိပဲ မည်သည့်ပိုးသတ်ဆေးမှ မသောက်ပါနဲ့
ကျန်းမာကြပါစေ။
Crd

*ဖျားရင် ပါရာစီတမော သောက်ပါ။
*ရေများများသောက်ပါ။
*ဝမ်းမချုပ်ပါစေနဲ့။
*ဝမ်းချုပ်ရင် ချောင်းဆိုးမပျောက်ပါ။
*ရေနွေးပူပူ ခဏခဏ သောက်ပါ။
*ရိုးရိုးရေလည်း ခဏခဏ သောက်ပါ။
*ဆေးတွေကို သိပ်အားမကိုးပါနဲ့။
*အိပ်ရေးဝဝ အိပ်ပါ။
*ရေအကြာကြီးမချိုးပါနဲ့။
*မဖြစ်မနေချိုးရရင် ရေနွေးနဲ့စပ်ချိုးပါ။
ကိုဗစ် ဖြစ်ဖြစ် မဖြစ်ဖြစ် ဒါတွေ လုပ်ကြည့်ပါ။

Credit - ဒေါက်တာသစ်လွင်

22/01/2022

မြန်မာမိဘတွေ ဖတ်ဖို့
🔶🔶🔶🔶🔶🔶🔶🔶
ကျောင်းပြီးတဲ့ ကိုယ့်တူမတွေကို ခေါ် ပြီး အလုပ်ခိုင်းကြည့်ဖူးတယ်။ ဘာမှ ခိုင်းမရ။ ထမင်းမချက်တတ်၊ တံမျက်စည်း မလှဲတတ်။ မီးပူထိုးခိုင်းတော့ အင်္ကျီတွေ ကျွမ်းကုန်ရော။ မြို့ထဲ ဆိုင်ကို တစ်ခုခု သွား၀ယ်ခိုင်းရင် မသွားရဲ။ ဆိုင်ဘယ်နားရှိမှန်းမသိ။

ကြမ်းတိုက်ခိုင်းတာနဲ့ အောက်တန်းကျတယ် ဆိုပြီး အိမ်ပြန်ပါလေရော။

🔹 သူ့အမေ ကိုယ့်အမတွေ ကို တိုင်တော့ အမဖြစ်သူ အဒေါ်ဖြစ်သူတွေ ကြားတော့ ကိုယ်ပဲ အဆိုးဖြစ်ရော။
သူတို့သမီး၊ သူတို့ တူမ လေးကို ခိုင်းရက်တယ်ပေါ့။

🔺 ကိုယ်တွေငယ်ငယ်က အဘွား ဟင်းချက်တဲ့ နား ကြက်သွန်လှီးပေး၊ ငရုတ်သီးထောင်းပေးခဲ့ရတယ်။
အဘွားတွေချက်တဲ့ ဟင်းမျိုးစုံကို မူလတန်းအရွယ်လောက်ကတည်းက လေ့လာခဲ့ဖူးတယ်။

🔷 ရန်ကုန်ဘက်က ကုမ္မဏီထောင်ထားတဲ့ အဒေါ်ဆို ခရမ်းချဉ်သီး အခွံနွှာတာကအစ လုပ်ပေးခဲ့ရတယ်။
ရုံးအလုပ်တွေအပြင်၊ အဒေါ်ရဲ့လုံချည်တွေ လျှော်ကူပေး၊ ကြမ်းတိုက် ရေအိမ်သာ သန့်ခဲ့ရတယ်။
အဒေါ်ဆီက တန်ဘိုးရှိတဲ့ သြဝါဒစကားလေး က
⚠️ ငါ့တူ ကိုယ်ပိုင်လုပ်ငန်း ထောင်တဲ့ အချိန်ကျသိလာလိမ့်မယ်တဲ့။ အဆင့်တန်းဆိုတာ အဆင့်တန်းရှိတဲ့ သူတွေနဲ့ နေဖူးမှ ငါ့သားရဲ့တဲ့။

✅ ဟိုနေ့က လူမင်းနဲ့ ဒေါင်း သားအဖအနေနဲ့ရိုက်ထားတဲ့ ဇားတ်ကား နမူနာလေးကြည့်ဖြစ်တော့ ကိုယ့်တူ၊ တူမ တွေကို ပြေးမြင်မိတယ်။

♦️ မိဘက အဆင်ပြေသလား မပြေသလားမသိ။ သူတို့ကတော့ ကော့ပျံနေအောင်၀တ်စားပြီး တချို့ဆို အိုင်ဖုန်းနဲ့ ကျောင်းတက်။

♦️ ရှိစုမဲ့စု မစားရက်မသောက်ရက် စုဆောင်ထားတဲ့ငွေလေးတွေနဲ့ (၁၀)တန်းအောင် အောင် မိဘက ကျူရှင်ဘော်ဒါတွေပေးထားခဲ့ရတယ်။
သူငယ်ချင်းတစ်ယောက်ရဲ့ ကျူရှင်ဘော်ဒါ နားခဏခဏ ရောက်ဖြစ်တော့ အဲလိုမျိုးမိဘတွေ ခဏခဏ တွေ့ရတယ်။

⚠️ မျက်နှာမည်း ကျောမွဲ လူတန်းစာ တောသူတောင်သားတွေရဲ့ ဘ၀က အင်မတန် သနားစရာကောင်းတယ်။
သူတို့ ကလေးတွေရဲ့ ကျောင်းစရိတ် (၁၀)သိန်းလောက်ကို ခွဲပေးတာတောင် မနည်းပေးနေရတယ်။

✅ ကိုယ့်ရှေ့တင် မျက်နှာငယ်နဲ့ ခါးကိုင်းကိုင်း၊ လုံချည်ခပ်နွမ်းနွမ်းနဲ့ သားက ဘယ်သူ၊ သမီးက ဘယ်သူ ပြောလို့ ကြည့်မိတော့ ကလေးတွေက မင်းသား၊ မင်းသမီးကြလို့။ ဖူးဖူး မှုတ်ထားလိုက်ကြတာ။

🔷 အမှန်တော့ ကျွန်တော်တို့ မြန်မာ မိဘတွေကိုယ်တိုင်က ကိုယ့်သားသမီးကို ဖျက်နေကြတာ။ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် မခိုင်းရက် ဘူးဆိုပြီး နှစ်နေကြတာ။

🔺 ပိုက်ဆံဘယ်ကရသလဲ ဘယ်လိုရသလဲ မသိတဲ့ ကိုယ့်တူ၊ တူမတွေကို ကြည့်ပြီး ၊ စိတ်မကောင်းဖြစ်မိတယ်။
အလုပ်ပေးပြန်တော့လည်း ဘယ်အလုပ်ဖြစ်ဖြစ် တစ်လ မကြာ။ မိဘ ရှိရင် မငတ်ဘူးဆိုတဲ့ တလွှဲမာန က မြန်မာတွေရဲ့ အကျင့်ဆိုး ဥာဉ်ဆိုး။

🔶 ကျောင်းက ပြီးလာတော့ လက်တွေ့မပါ။ အိမ်အလုပ်တောင် မတတ်ခဲ့တဲ့ တူ၊ တူမတွေဆိုတော့ ဘယ်အလုပ်ရှင်ကများ ခယ ခေါ်မှာတဲ့လဲ။

✅ ကျောင်းတွေပြီးလို့ ကွန်ပျူတာ ၊ အင်္ဂလိပ်စကားပြောလေး တက်ပါဆိုတော့၊ နွေရာသီ ဝါးနဲ့ မီးချိတ်၊ လှေခါး လုပ်သလို ခိုင်းလို့သာ လုပ်ရတယ် ဘယ်အတွက်မှန်းမသိ လျော့တိလျော့ရဲ။
တစ်လ နှစ်လလောက် သင်တန်းတက်တာနဲ့ အကုန်တတ်ပြီးထင်တာလည်း အံ့ပါရော။

♦️ အောင်လက်မှတ် အတင်းတောင်းပြီး အလုပ်သွားလျှောက်ကြတာလည်း ဘယ်လိုပြောရမှန်းမသိ။
အလုပ်ရှင်တွေမှာလည်း skilled worker ရှားပါးတော့ အလုပ်သင်နဲ့ ပဲ Trained လုပ်ပြီး သုံးကြရတယ်။
အလုပ်ရှင်တွေရဲ့ အဓိက ပြဿနာက သင်ပေးလိုက်လို့ တစ်နှစ်မကြာဘူး၊ ကျွမ်းကျင်မယ်လည်း လုပ်ရော ထွက်သွားကြပြန်ရော။

✅ မိဘတွေလည်း ကလေးတွေကို ငယ်ကတည်းက သင်ယူတတ်တဲ့ အကျင့်လေး မွေးပေးရတော့မယ်။ အိမ်အလုပ်၊ လူမှုပတ်၀န်းကျင် နဲ့ ကျန်းမာရေး စတာလေး တွေ တို့ထိပေးရမယ်။
ကိုယ့်တူ၊ တူမတွေလို ဝါးတားတားတွေ များရင် နိုင်ငံ့အတွက် လက်ကျော မတင်းတဲ့ လူငယ်မျိုးဆက်သစ်တွေမဖြစ်စေချင်ဘူး။

ကိုယ့်ပတ်၀န်းကျင်နဲ့ ...
ဘက်စုံကဏ္ဍ တွေမှာ ထူးချွန်တဲ့ လူငယ်တွေ များများ မွေးထုတ်ပေးရမယ်။

🔶🔶 ၂မိနစ်လောက် အချိန်ပေးပြီးဖတ်ကြည့်ပါ

ခက်ခဲကြမ်းတမ်းနေတဲ့ သင့်ဘဝအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရာတွေပါတယ်ဆိုတာ မမေ့ပါနဲ့ စိတ်ဓာတ်မကျမိစေနဲ့ 👌👌👌

🔷 တစ်ခါက အငြိမ်းစား ကျောင်းဆရာတစ်ယောက်နဲ့ ဘဏ်မန်နေဂျာဟောင်းတစ်ယောက်တို့ အိမ်နီးနားချင်းတွေဖြစ်ကြသတဲ့။

✅ အလုပ်ကလည်း အနားယူပြီးပြီဖြစ်လို့ နှစ်ယောက်စလုံးက ခြံထဲမှာ သစ်ပင်စိုက်ဖို့ စိတ်ကူးရကြတယ်။
ဒီမှာ ထူးခြားချက်က ဘဏ်မန်နေဂျာက ခေတ်မီနည်းစနစ်တွေကို သိပ်ယုံကြည်အားကိုးတတ်သူတစ်ယောက်ဖြစ်ပါတယ်။

🔶 နှစ်ယောက်သား အမျိုးအစားတူ သစ်ပင်လေးတစ်ပင် ခြံထဲကိုယ်စီ စိုက်ကြတယ်။

✅ ကျောင်းဆရာဟောင်းကတော့ သူ့ ပျိုးပင်လေးကို ပုံမှန်ရေလေးနည်းနည်းလောက်ပဲ လောင်းပြီး ဂရုတစိုက် ပြုစုလေ့မရှိဘူး။

♦️ နည်းပညာအားကိုးတဲ့ ဘဏ်မန်နေဂျာဟောင်းကတော့ သူ့ ပျိုးပင်လေးကို မြေသြဇာကောင်းကောင်းကျွေး၊ ရေတွေလည်း အမြဲပုံမှန်လောင်းနဲ့ အရိပ်တကြည့်ကြည့် ပျိုးထောင်လာခဲ့ပါတယ်။

✅ ဒီလိုနဲ့ … …သူတို့ရဲ့ သစ်ပင်လေးတွေပြိုင်တူ ကြီးထွားလာကြတယ်။

🔹ကျောင်းဆရာရဲ့ သစ်ပင်ကတော့ ရိုးရိုးသာမန်ပါပဲ။

🔸ဘဏ်မန်နေဂျာရဲ့ သစ်ပင်ကတော့ သူ့ရဲ့ ဂရုတစိုက် ပြုစုမှုအကျိုးနဲ့ ပိုလှပ၊ ပိုဝေဆာတဲ့ သစ်ပင်လေးတစ်ပင်ဖြစ်လာတယ်။

♦️တစ်ညမှာတော့
သူတို့မြို့လေးကို လေပြင်းမုန်တိုင်း အသေးစားလေးတစ်ခု ဝင်ရောက်တိုက်ခတ်ခံလိုက်ရတယ်။ အဲ့ဒီညက မိုးတွေကြီး လေတွေထန်လို့ အသည်းအသန်ပေါ့။

⚠️ မနက်မိုးလင်းလင်းချင်းပဲ သစ်ပင်စိုက်ထားသူနှစ်ယောက် သူတို့ရဲ့ သစ်ပင်တွေကို ထွက်ကြည့်ကြတယ်။

အဲ့ဒီမှာတွေ့လိုက်ရတာကတော့
♦️မန်နေဂျာရဲ့ သစ်ပင်က အမြစ်ကနေ ကျွတ်ထွက်နေပြီး
🔹ကျောင်းဆရာရဲ့ သစ်ပင်ကတော့ ပုံစံမပျက်ဘဲ မားမားမတ်မတ် ရှင်ကျန်နေတာကို အံ့အားသင့်ဖွယ်တွေ့လိုက်ရပါတော့တယ်။

✅ မန်နေဂျာလည်း အံ့သြတကြီးနဲ့ ကျောင်းဆရာကို လှမ်းမေးတယ်။
"ကျွန်တော်တို့ နှစ်ယောက် အမျိုးအစားတူ သစ်ပင်တစ်မျိုးထဲကိုပဲ တစ်ချိန်ထဲတူတူ စိုက်ခဲ့ကြတယ်လေ။
ကျွန်တော်က ခင်ဗျားထက်တောင် ဒီအပင်ကို ဂရုစိုက်ခဲ့သေးတာ။

♦️ အခု သေချာပြုစုထားတဲ့အပင်က အမြစ်ကကျွတ်ထွက်သွားပြီး
♦️ခင်ဗျားဂရုမစိုက်ခဲ့တဲ့ အပင်ကျတော့ အကောင်းအတိုင်း ကျန်နေခဲ့ပါရောလား။

✅ မှန်ပါတယ်။
ခင်ဗျားက ငွေလည်း တတ်နိုင်နေတာဆိုတော့ … အပင်လေးကို မြေသြဇာပုံမှန်ကျွေး၊
… ရေသေချာလောင်းနဲ့ ဂရုတစိုက်ပြုစုခဲ့တော့ ခင်ဗျားအပင်လေးက ဘာမှ အခက်အခဲမရှိဘဲ ကြီးထွားလာနိုင်တာပေါ့။
သူ့ခမျာ ရှင်သန်ကြီးထွားဖို့ ဘာမှတောင် ပင်ပင်ပမ်းပမ်းမကြိုးစားလိုက်ရဘူးလေ … … ။

🔶 ကျွန်တော်အပင်လေးကိုတော့… ဘာမှထွေထွေထူးထူးလုပ်မပေးခဲ့ဘူး။
သူ့အတွက် လိုအပ်တဲ့ရေလေးလောက် လောင်းပေးပြီး ✅ကျန်တာကို သူ့အစွမ်းအစနဲ့သူ ရှာဖွေဖို့ လွှတ်ပေးခဲ့တယ်။

♦️ဒီတော့… … ကျွန်တော့်အပင်လေးက သူ့အတွက် မြေသြဇာကောင်းကောင်းရဖို့၊ သူရှင်သန်နိုင်ဖို့ မြေအောက်ကို သူ့အမြစ်တွေနဲ့ ဆက်ထိုးဖောက်ရတယ်။
ဒီလို … ရုန်းကန်ရင်းနဲ့ပဲ ဒီအပင်လေးက ပိုပြီးသန်မာလာတော့ အခုလို အခြေအနေဖြစ်သွားတော့တာပါပဲ"… …!

#သင်ခန်းစာ - - အခက်အခဲတွေကပဲ လူတစ်ယောက်ကို ပိုမိုသန်မာအောင် ကူညီပေးနိုင်ပါတယ်။
သင့်ဘဝမှာ...အခက်အခဲတွေကြုံနေရလို့ စိတ်မပျက်ပါနဲ့။
ကြိုးစားရင်း သင်ပိုမို သန်မာတဲ့လူတစ်ယောက်ဖြစ်လာပါလိမ့်မယ်။

🔶 သင့်မှာ … သားသမီးတွေရလာတဲ့အခါမှာလည်း

ဒီအဖိုးကြီးနှစ်ယောက်ရဲ့ မတူညီတဲ့ သစ်ပင်ပျိူးပုံနဲ့ မတူညီတဲ့ ရလဒ်နှစ်ခုကို အမြဲတမ်းသတိရပါ။
ကြိုးစားနေကြသူတိုင်းး အားမလျှော့ကြပါနဲ့ … ဇွဲမလျှော့ကြပါနဲ့ နော် ...

Crd ... ✍️✍️✍️

03/01/2022

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ၁၉၄၈ ခုနှစ်၊
ဇန်နဝါရီလ (၄) ရက်နေ့ နံနက် (၄) နာရီ မိနစ် (၂၀) အချိန်တွင်
လုံးဝလွတ်လပ်သော အချုပ်အခြာ အာဏာပိုင်
ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်ကြီး အဖြစ်သို့ရောက်သောနေ့ဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး၏ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အား
မြန်မာနိုင်ငံသားအားလုံးနှင့်အတူ Marketing Social Media မိသားစုမှဂုဏ်ပြုကြိုဆိုပါသည်။

03/01/2022

မှာ ကြော်ငြာလုပ်လိုက်တိုင်း in review မှာပဲ အရမ်းကြာနေတယ် 😌😌😌
၁-နာရီ - ဒါမှမဟုတ် ၃- နာရီလောက်ပဲကြာတယ်ဆိုအကြောင်းမဟုတ်ပေမဲ့
ခုက လွန်လွန်းအားကြီးတယ်ဗျာ 😞😞😞
📌 ဒီနေ့ Boost လုပ်ပြီး ကြော်ငြာတင်လိုက်တယ် - နောက်နေ့မှ ကြော်ငြာက Active ဖြစ်တယ်
📌 အရင်တုန်းကဆိုရင် ကြော်ငြာတင်လိုက်တာနဲ့ Active ဖြစ်ဖို့ စောင့်ရ ၃-နာရီအလွန်ဆုံးပါပဲ
✅ ဒါဆိုရင် ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲလို့လိုက်ရှာလိုက်တော့ အဖြေက ......
Facebook ဘက်ကတော့ ဒီကိစ္စကို အခုလိုပြောပြထားပါတယ်.... 👇👇👇
ကြော်ငြာသုံးသပ်ချက်စနစ်သည် ကျွန်ုပ်တို့၏ ကြော်ငြာမူဝါဒများကို ချိုးဖောက်မှုအတွက်
ကြော်ငြာကိုစစ်ဆေးသုံးသပ်ခြင်းလုပ်ငန်းစဉ်တွင်
✅ ရုပ်ပုံများ၊
✅ ဗီဒီယို၊
✅ စာသားနှင့်
✅ ပစ်မှတ်ထားသည့် အချက်အလက်အပြင် ကြော်ငြာတစ်ခု၏ ဦးတည်ရာ၊
✅ အခြားအချက်အလက်များကဲ့သို့သော ကြော်ငြာတစ်ခု၏ သီးခြားအစိတ်အပိုင်းများ ပါဝင်နိုင်ပါသည်။
✅ ကြော်ငြာတစ်ခု၏ ဦးတည်ရာသည် ဝဘ်ဆိုဒ်စာမျက်နှာကဲ့သို့သော
✅ ကြော်ငြာပေါ်တွင် ကလစ်နှိပ်သူများအား ကြော်ငြာတစ်ခုမှ ညွှန်ကြားသည့်နေရာတွေကိုလည်း စစ်ဆေးနေပါတယ်။
ဒါကတော့ Facebook ဘက်က ပြောပြထားတဲ့ အချက်အလက်တွေဖြစ်ပါတယ် 👌👌👌
♦️ နောက်ပြီး သတိတခုထားရမှာက....
ကျွန်တော်တို့ဘက်ကနေ အရင်တုန်းကကြော်ငြာထားတဲ့ Save Audiences ကို သုံးမယ်ဆိုရင်ကိုပဲ အချိန်ကကြာပါတယ်
အဲ့ဒီ Save Audiences ထဲမှာမှ တခု ခုကို ကိုယ်က ပြန်ပြင်လိုက်ပြီဆိုရင် အစအဆုံးပြန်စစ်ဆေးပါတယ်
♦️ ဒါဆိုရင် အချိန်က အသစ်လုပ်ပြီးကြော်ငြာတာနဲ့ အချိန်ကြာတာချင်း အတူတူဖြစ်သွားပါပြီ
✅ ကဲစာသားလည်းရှည်နေပြီ လိုရင်းပဲပြောတော့မယ်
အချိန်မကြာပဲ မြန်မြန် ကြော်ငြာကို Active ဖြစ်ချင်တယ်ဆိုရင်
Facebook နဲ့တိုက်ရိုက် အောက်မှာပေးထားတဲ့ Link ကနေ Live Chat ပြောလိုက်ပါ 👇👇👇
www.facebook.com/business/help/support.
✅ in review မှာ အချိန်တွေ ဘာကြောင့်ကြာနေရသလဲ သိချင်ရင်တော့
Facebook ကပေးထားတဲ့ အချက်အလက်အသေးစိပ်ကို အောက်မှာပေးထားတဲ့ Link ကနေ ဝင်ရောက်လေ့လာနိုင်ပါတယ် 👇👇👇
https://www.facebook.com/business/help/204798856225114
🔷 ကဲဒီလောက်ဆို About Ads In Review အကြောင်းသိလောက်ပြီထင်ပါတယ်
အားလုံးလည်း အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်
မိတ်ဆွေတို့အတွက် အကျိုးရှိတယ်ဆို
တခြားမိတ်ဆွေလည်း သိနိုင်ဖို့ Share ပေးသွားပါအုံးခင်ဗျာ
အားလုံးပဲ စီးပွားရေးတွေတိုးပွားပြီး ဝင်ငွေနှစ်ဆရကြပါစေ....🙏🙏🙏


Service
Marketing

# Call Now 09-402579161 ,, 09-782762557

31/12/2021

2022 - ဒီနှစ်သစ်မှာ မြန်မာနိုင်ငံသူ / သားများအားလုံး
✅ ရွှင်လန်းချမ်းမြေ့ကြပါစေ
✅ ကျန်းမာချမ်းသာကြပါစေ
✅ စည်းစိမ်ဥစ္စာတွေပြည့်စုံကြပါစေ
✅ ရောဂါဘယတွေကင်းဝေးကြပါစေ
အဆိုးတွေအားလုံး - 2021 - နှစ်ထဲမှာပဲ ပြီးဆုံးသွားခဲ့ပါပြီ...
ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေလို့
Marketing Social Media မိသားစုမှ ဆုတောင်းပါတယ်...။

26/12/2021

📌မိမိ၏ လုပ်ငန်းကို Digital Marketing နှင့် တွဲဖက်ပြီး စနစ်တကျလုပ်ချင်နေသော လုပ်ငန်းရှင်များ...

📌မိမိ၏ လုပ်ငန်းကို Digital Marketing နှင့် တွဲဖက်လုပ်ကိုင်လိုက်တာနဲ့ ( ၆ ) လအတွင်း လူသိများပြီး တိုးတက်ချင်နေသော လုပ်ငန်းရှင်များ...

📌Marketing Plan လေးနဲ့ စနစ်တကျသွားချင်နေသော လုပ်ငန်းရှင်များ...

📌Digital Marketing ကို သုံးပြီး ကိုယ့်လုပ်ငန်းကို Branding တည်ဆောက်ချင်ပေမယ့် ဘယ်ကစရမှန်းမသိဖြစ်နေလား?

📌ကိုယ့်ရဲ့ Competitors တွေက Digital Marketing ကိုစနစ်တကျသုံးပြီး ကျော်တက်သွားလို့ ကိုယ်ကနောက်ကျကျန်နေခဲ့ပြီလား?

📌မိမိတို့ကိုယ်တိုင် Digital Marketing ကိုသုံးပြီး ထိုးဖောက်နေပေမယ့် သင့်ရဲ့ လုပ်ငန်းက ရောင်းအားမတက်ဖြစ်နေပြီလား?

📌Digital Marketing ကို မကျွမ်းကျင်လို့ စိတ်ညစ်ပြီး ရှေ့ဆက်မတိုးရဲဖြစ်နေလား ?

💁💁 ဒီလိုအခြေနေတွေကြားမှာအကောင်းဆုံးလည်းဖြစ်ချင်တယ်....

✅ မိမိရဲ့လုပ်ငန်းကို Digital Marketing နဲ့စနစ်တကျသွားချင်တယ်...

✅ ထိရောက်ပြီး စျေးနှုန်းသက်သာတဲ့ Digital Marketing Agency နဲ့လည်းလက်တွဲချင်တယ်...

✅ မိမိရဲ့လုပ်ငန်းကို တည်တည်ငြိမ်ငြိမ်နဲ့ Marketing Plan တွေကို ချမှတ်ပြီးသွားချင်တယ်

✅ Content Writing နဲ့ Design ပိုင်းမှာ Idea အသစ်အဆန်းတွေဖန်တီးပြီး ရောင်းအားတက်ချင်တယ်

✅ကြော်ငြာလိုက်သမျှ ဒေါ်လာတိုင်းကို တိကျထိရောက်တဲ့ Targeting တွေဆီရောက်ချင်သောလုပ်ငန်းရှင်များအတွက်

🔶 Marketing Social Media Agency မှ မိတ်ဆွေတို့ရဲ့ Page တခုလုံးကိုတာဝန်ယူပြီး Service ပေးနေပါပြီ
Digital Marketing ဝန်ဆောင်မှုများ အပ်နှံလိုပါက Page Messenger ကနေတဆင့် ဆက်သွယ်နိုင်ပါတယ် ခင်ဗျာ…
🔷 Digital Marketing Service Plan များနှင့် ဝန်ဆောင်မှုစျေးနှုန်းများကို သိရှိလိုပါက ဒီပို့စ်လေးရဲ့ Comment မှာ ''happy'' လို့ရေးခဲ့ပေးပါ....။
အားလုံးပဲ စီးပွားရေးတွေတိုးပွားပြီး ဝင်ငွေနှစ်ဆရကြပါစေ....🙏🙏🙏


Service
Marketing

# Call Now 09-402579161 ,, 09-782762557

21/12/2021

❤️ ငွေစုဖို့ ရွှေစည်းမျဥ္း ( ၇ ) နည်း ❤️
🤔 ငွေဆိုတာ ပိုတယ်လို့ မရှိသလို

ဝင်သလောက်လဲ ပြန်ထွက်တတ်တာကို သတိထားမိကြပြီးသားပါ
ဒါကြောင့် ----- ရလာတဲ့ ဝင်ငွေကို စနစ်တကျ စုဆောင်းတတ်ဖို့လိုပါတယ်
ငွေစုရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ အမျိုးမျိုးဆိုပေမဲ့ --- ငွေ ခေါင်းမကွဲွဲအောင် စုဆောင်းကြတာများပါတယ် 😊
ငွေ --- တကယ်စုချင်တယ်ဆိုရင်
အောက်ပါအချက်လေးတွေကို လိုက်နာပြီး
စုကြည့်ဖို့ အကြံပြုပါတယ် 😊
✅ (1) -- မိမိရဲ့နေ့စဥ္သုံးငွေကို မှတ်တမ်းရေးထားပါ။
ဒါမှ မိမိဘယ်လိုနေရာတွေမှာ သုံးနေတယ်
လိုအပ်တာတွေအတွက် သုံးနေလား -?
မလိုအပ်တဲ့နေရာတွေမှာသုံးနေလား - ?
အပိုနေရာတွေမှာ သုံးနေတယ်ဆိုရင် စီစစ်ပြီး အသုံးစရိတ်ကို လျော့ချရမှာဖြစ်ပါတယ်
✅ (2) --- လစဥ္ ( ၃ ) သိန်းအထက် ဝင်ငွေရှိတယ်ဆိုရင်
အဲ့ဒီလစဥ္ဝင်ငွေထဲကနေ မိမိကိုယ်ကို ပြန်ပြီး လစာပေးပါ။
အဲ့လို လစာပေးလိုက်ခြင်းဟာ ငွေကိုရော
မိမိကိုယ်ကိုပါ စီမံခန့့်ခွဲပြီးသား ဖြစ်သွားပါတယ်
( လစဥ္ (၃) သိန်းအထက်မဝင်လည်း စုကြည့်ပါ)
✅ (3) --- မိမိရဲ့ လစာထဲကနေ တနေ့ကို
300 or 500 ကျပ် နေ့စဥ္ စုဗူးနဲ့ စုပေးပါ။
ဒီလိုစုလိုက်ခြင်းဟာ
လိုအပ်တဲ့အချိန်မှာပဲဖြစ်ဖြစ် သို့မဟုတ်
မိဘတွေကို ကန်တော့ချိန်တွေမှာ ပြန်ပြီးအသုံးချနိုင်ပါတယ်
✅ (4) --- သူများကို ငွေ မချေးပါနဲ့
တချို့က ဒီလိုတွေးပါတယ်
လက်ထဲငွေကိုင်ထားတော့ တပြားမှမတိုးဘူး
သူများကို အတိုးနဲ့ချေးလိုက်တော့ လစဥ္အတိုးရတယ်ဆိုတဲ့စိတ်နဲ့ ချေးပေးကြတာများပါတယ်
အတိုးမရသလို - အရင်းပါရှုံးတဲ့ အဖြစ်တွေကများပါတယ်
✅ (5) --- အထက်က ပြောခဲ့တဲ့အတိုင်း ၆လ - ၁ နှစ်လောက် ငွေပုံမှန်စုပြီးရင်
ကျင့်သားရနေပြီဖြစ်လို့ ဒီနည်းအတိုင်းပဲ ဆက်ပြီးစုပါ
နောက်ပြီး တလကို ဘယ်လောက်စုမိတယ်ဆိုတာကိုပါ မိတ်ဆွေမြင်လာပါလိမ့်မယ်
✅ (6) --- ငွေစုလာတာ ၆လ - ၁ နှစ်ရှိပြီဆိုရင်
မိမိငွေကို ရွှေဆိုင်တွေမှာ ရွှေအတုံးလုပ်ပြီးစုလို့ရပါတယ်
တချို့လည်း - ရွှေဆိုင်တွေမှာ စာအုပ်လုပ်ပြီးစုကြပါတယ်
✅ (7) --- ငွေစုလာတာ ၁ နှစ်ရှိပြီဆိုရင်
သေချာတဲ့မြေကို အရစ်ကျနဲ့ ဝယ်ပြီး စုနိုင်ပါပြီ 😊
❣️ ခုပြောပြခဲ့တဲ့ ငွေစုနည်းတွေကတော့
မိတ်ဆွေတို့အတွက် တန်ဖိုးရှိမယ်ထင်ပါတယ်
တကယ်လို့ အကျိုးရှိတယ်ဆို တခြားမိတ်ဆွေတွေလည်း သိနိုင်ဖို့ Share ပေးသွားပါအုံးခင်ဗျာ 😊
🙏🙏🙏 မိတ်ဆွေတို့မှာရှိတဲ့ ငွေစုနည်းလျှို့ဝှက်ချက်တွေကိုလည်း တခြားသူတွေလေ့လာဖို့ Comment မှာ ရေးပေးခဲ့ဖို့ မေတ္တာရပ်ခံပါတယ် 😊
ရောဂါအန္တရာယ်မှလည်း ကင်းဝေးကြပါစေ
အားလုံးပဲ စီးပွားရေးတွေတိုးပွားပြီး ဝင်ငွေနှစ်ဆရကြပါစေ....


Service
Service
Marketing

# Call Now 09-402579161 ,, 09-782762557

07/12/2021

" No " လို့ ပြောနိုင်ပြီလား ?
ဒီလိုဗျ ...
🟡လူတချို့ရဲ့ ဆက်ဆံရေးတွေ အေးတိအေးစက်နိုင်လွန်းတယ်
အချို့ကတော့ ဖော်ရွေပြူငှါစွာ ဆက်ဆံကြတယ်
တချို့ဆို ညီအစ်ကို မောင်နှမတွေထက်သာတယ်
အဆိုးဆုံးကတော့ သူတို့လိုမှ ဆက်ဆံကြတာပါပဲ
🔶 မိတ်ဆွေတို့လည်းကြုံဖူးမှာပါ ---
ကိုယ်က သတိတရနဲ့ ဖုန်းဆက်တယ်
ဒါမှမဟုတ် Messenger က စကားသွားပြောတယ်
😢😢 အဲ့လိုအချိန်တွေမှာ မတူသလို မတန်သလို ဆက်ဆံခံရတာတွေများတယ်
ပြီးတော့လည်း သူတို့ကို ကိုယ်က ခခယယ ပေါင်းသင်းနေသလို တဖက်လူက ဆက္ဆံလာတယ်
🥵🥵 ကိုယ်ကပဲ သူတို့ဆီက တခုခုကို လိုချင်လို့ ပေါင်းသင်းဆက်ဆံနေသလိုတွေ မြင်တွေ့နေရတယ်
ဘယ်လောက်များ စိတ်ပျက်စရာကောင်းတဲ့ ဆက်ဆံရေးလဲ 😌😌😌
🔴 လူတော်တော်များများက ကိုယ့်မှာမရှိတာကို
အရှိလုပ်ပြီး စကားလုံးအမြင့်ကြီးတွေသုံးပြီး
ဆက်ဆံတဲ့ လူတွေကို ပိုပြီးသဘောကျကြတယ်
ပိုပြီး လူရာသွင်း ဆက်ဆံချင်ကြတယ်
✅ စကားလုံးရိုးရိုးလေးတွေပြော
ပွင့်ပွင့်လင်းလင်းပြောတတ်ကြတဲ့ မိတ်ဆွေစစ်တွေကို နေရာပေးဆက်ဆံဖို့ကိုတော့ လက်တွန့်ကြတယ်
ဒါကလည်း လောကနိယာမ သဘောလို့ပြောလို့ရပါတယ်
✅ နောက်ပိုင်း ခံရပါများမှတာ ဘယ်သူ့ကိုတော့ဖြင့်
နွေးနွေးထွေးထွေးဆက်ဆံရမယ်
ဘယ်သူ့ကိုတော့ဖြင့် စိတ်ပေါင်း ကိုယ်ခွာ ဆက်ဆံရမလဲဆိုတာ အတွေ့အကြုံတွေက စကားပြောလာပါတယ်
✅ နောက်တခု မွေးရာပါ အားနည်းချက်က ---
လူတိုင်းကို အားနာတတ်တာပါပဲ
အကူအညီလာတောင်းတဲ့ သူတိုင်းကို အားနာပြီးကူညီလိုက်တာပါပဲ
🔴 တချို့ဆို သူငယ်ချင်းအရင်းကြီးတွေထဲမှာတောင်ရှိပါတယ်
ဘာလဲဆိုတော့ ---- သူတို့လိုချင်တာရှိမှ ကိုယ့်ကို သတိရတတ်တာမျိုးပေါ့
ကျန်တဲ့အချိန်တွေဆို ကိုယ်က အပယ်ခံလူသားတစ်ယောက်ပါပဲ
⚠️ ဒါဆိုရင် လိုမှဆက်ဆံပြီး
အကူအညီလာတောင်းတဲ့သူတွေကို
" NO " လို့ ပြောနိုင်ပြီလား ?
✅ နောင်တ မရချင်ရင်ပြတ်သားပါ
✅ ကြီးပွားတိုးတက်ချင်ရင်ပြတ်သားပါ
ကျွန်တော်ကတော့ " No " လို့ မပြောနိုင်သေးဘူးဗျာ
မိတ်ဆွေတို့ရော " No " လို့ ပြောနိုင်ပြီလား - ပြောရက်လား ?
မိတ်ဆွေတို့ရဲ့ ထင်မြင်ယူဆချက်လေးတွေကို
Comment မှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ 😊😊😊
=============================
အားလုံးပဲ စီးပွားရေးတွေတိုးပွားပြီး ဝင်ငွေနှစ်ဆရကြပါစေ
ရောဂါအန္တရာယ်မှလည်း ကင်းဝေးကြပါစေ
အားလုံးပဲအဆင်ပြေကြပါစေ.........
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏


Service
Service
Marketing

# Call Now 09-402579161 ,, 09-782762557

Want your business to be the top-listed Advertising & Marketing Company in Mandalay?
Click here to claim your Sponsored Listing.

Videos (show all)

ကြော်ငြာလိုက်တိုင်း Rejected လုပ်ခံနေရတယ်ဆိုရင်
Boost လုပ်ရင် In Review မှာပဲ အချိန်အကြာကြီးဖြစ်နေလား...🤔🤔🤔
မတ္ဇူကာဘတ္ကေတာ့ ေၾကျငာသြားပါၿပီ

Telephone

Website

Address


78th Street
Mandalay
05032

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Other Social Media Agencies in Mandalay (show all)
M2Z Dezign M2Z Dezign
Between 31 × 32 And 85 × 86 Street
Mandalay, 05022

အားလုံးကြွလာဆွေသဟာ ချမ်းသာကိုယ်စိတ

Dilo Digital Marketing Dilo Digital Marketing
28 လမ်း 72 * 73 ကြား Bagan King Hotel ဘေး
Mandalay

ဒီလို Service ပေးတဲ့ Digital Marketing Agency " No Profit, No Service Charge "

Boost Service Myanmar Boost Service Myanmar
Amarapura
Mandalay

ဘောက် ကြဲ ဘောက် ကြဲ
26st X 27st, Bet; 73st X 74st. Chanayetharzan Township
Mandalay, 05024

Your Trust Is Our Success

Pyae Sone - Advertising Pyae Sone - Advertising
Mandalay, 05033

Hello ! Welcome from Pyae Sone - Boost Service & Ads Service . I can help anything i can do.

YY Freelance Content Bar YY Freelance Content Bar
Mandalay
Mandalay, 05051

This is the digital agency which will help your business grow.

Boost Manager MDY Boost Manager MDY
Mandalay, 05011

One-stop digital boost services

It City It City
Mandalay

IT Solution

Mercury Idea - All in one Digital Marketing Mercury Idea - All in one Digital Marketing
60/PyiGyiTaGhone Township/
Mandalay, 304

Digital Advertising/Marketing Service

Ꮶɪɴɴɴɴ_2004 Ꮶɪɴɴɴɴ_2004
Myanmar/Mandalay
Mandalay, 05061

Chou Game Play Free Style 1 vs 1 (ပွဲစဉ်များစီစဉ်ပေးသည်)

Lin convenience store Lin convenience store
75street, 37street
Mandalay

မင်္ဂလာပါရှင့်

NextStep.Digitalmarketing NextStep.Digitalmarketing
26th And 58th Street
Mandalay, 05021

Welcome to NextStep digital marketing and Consultant ... We are the integrated marketing agency and access to provide one -stop Digital Marketing services which is brand marketing,...