BANK

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from BANK, Mandalay.

08/03/2024

အာလူး လာမပေး နဲ့ လေတွေ နဲနဲ လျှော့။
Copy.ဒေါ်လာ၊ ဘတ်နှင့် ယွမ်ကို လိုအပ်သလို ဝင်ရောင်းပေးမည်ဟု ဗဟိုဘဏ်ပြော

ရန်ကုန်၊ မတ် ၇

နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းမှာ အမေရိကန်ဒေါ်လာ၊ ထိုင်းဘတ်နဲ့ တရုတ်ယွမ်တို့ကို လိုအပ်သလို ဝင်ရောက် ရောင်းဝယ်ခြင်း (Intervention) ပြုလုပ်သွားမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က တရားဝင် ထုတ်ပြောလာပါတယ်။

ဒါက ငွေလဲလှယ်နှုန်းတွေအကြား ကွာဟချက်ကျဉ်းမြောင်းစေဖို့၊ ငွေလဲနှုန်းပြောင်းလဲမှု အတက်/အကျ လွန်စွာမြင့်မားမှုမရှိစေဖို့ ထိန်းကျောင်းဆောင်ရွက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဗဟိုဘဏ်အနေနဲ့ ပို့ကုန်လုပ်ငန်းရှင်တွေအပါအဝင် နိုင်ငံခြားဝင်ငွေရှိသူတွေ လုပ်သာကိုင်သာရှိစေဖို့၊ ပို့ကုန်ရငွေ ပိုမိုဝင်ရောက်စေဖို့၊ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက်စေဖို့အတွက် ထိန်းကျောင်းမှုရှိတဲ့ နှုန်းရှင်ငွေလဲလှယ်နှုန်းစနစ်တစ်ရပ် (Managed Floating Exchange Rate Regime) ကို Online Trading မှာ ရောင်းချပေးလျက်ရှိပါတယ်။

ဈေးကွက်အတွင်း လိုအပ်ချက်ရှိပါကလည်း ဝင်ရောက်ရောင်းချပေးခြင်း၊ Swap Facility ပေးခြင်း၊ နိုင်ငံခြားငွေပိုနေတဲ့ ဘဏ်ကနေ လိုအပ်တဲ့ ဘဏ်ကို ခွဲဝေရောင်းချပေးခြင်းတွေလည်း ဆောင်ရွက်နေပါတယ်။

ဗဟိုဘဏ်အနေနဲ့ အွန်လိုင်းပလက်ဖောင်းမှာ သတ်မှတ်ထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ နိုင်ငံခြားငွေ ရောင်းချပေးရမှာ FX Flow ဝင်ရောက်မှုအပေါ် မူတည်ပြီး ရောင်းချပေးလျက်ရှိပါတယ်။

ဘဏ်တွေရဲ့ စိစစ်တင်ပြချက်အရ Payment Due Date ကျော်လွန်နေမှုအပေါ် စိစစ်ပြီး စီးပွား/ကူးသန်းက သတ်မှတ်ထားတဲ့ ဦးစားပေးအုပ်စုအလိုက် အမှန်တကယ် လိုအပ်သူတွေကို ဦးစားပေး ရောင်းချပေးလျက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဈေးကွက်အတွင်းကို FE Supply ပိုမိုဝင်ရောက်လာစေဖို့နဲ့ ငွေလဲလှယ်နှုန်း တည်ငြိမ်စေရေးအတွက် ရောင်းချပေးရတာလို့ ဆိုပါတယ်။

မနေ့က ဗဟိုဘဏ်ရဲ့ Online Trading မှာ တစ်ဒေါ်လာကို ၃၃၇၄.၄၈ ကျပ်နှုန်းနဲ့ ငွေပေးငွေယူ ၆၉ ကြိမ်မှာ ဒေါ်လာ ၆.၅ သန်းအထိ လွှဲပြောင်းခဲ့ကြပြီး တစ်ယွမ်ကို ၄၇၂.၁၄ ကျပ်နဲ့ ယွမ် ၁၄ သန်းနီးပါးနဲ့ တစ်ဘတ်ကို ၉၇.၅၀ ကျပ်နဲ့ ဘတ် ၂၉ သန်းကျော် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။

သတင်း - BETV Business

ဒေါ်လာ၊ ဘတ်နှင့် ယွမ်ကို လိုအပ်သလို ဝင်ရောင်းပေးမည်ဟု ဗဟိုဘဏ်ပြော

Photos from Malee's post 28/02/2024

မတ်လ(၂၇) ထိုင်းရွှေဈေး။
Copy
ယနေ့ ရွှေပေါက်ဈေး 27 ဖေဖေါ်ဝါရီ 2024 နံနက် 9:02 နာရီ (ပထမအကြိမ်) ဈေးကွက်ဖွင့်ချိန်တွင် ရွှေဈေး မပြောင်းလဲပါ။ ထို့ကြောင့် ရွှေချောင်းနှင့် လက်ဝတ်ရတနာများ၏ ဈေးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

ရွှေချောင်းစျေးနှုန်း

ဘတ် 34,450.00 ဝယ်ယူသည်။
ဘတ် ၃၄,၅၅၀,ဝ၀ ဖြင့် ရောင်းချခဲ့သည်။
ရွှေလက်ဝတ်ရတနာစျေးနှုန်း

ဘတ် 33,837.12 ဝယ်
ဘတ် 35,050.00 ဖြင့် ရောင်းချခဲ့သည်။

08/02/2024

ဖေဖော်ဝါရီ ၈ ရက်တွင် ဖြစ်ပေါ်ခဲ့သော ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့် ဒေါ်လာ ဈေးနှုန်းများ ဖြစ်ပါသည်။

ရည်ညွှန်းဆန်ဈေး

ဧည့်မထ အုပ်စု ၁ အိတ်လျှင် ၇၀၀၀၀ ကျပ်မှ ၇၈၀၀၀ ကျပ်
အထူး ဧည့်မထ အုပ်စု ၁ အိတ်လျှင် ၈၀၀၀၀ ကျပ်မှ ၈၅၀၀၀ ကျပ်
ဆန်ချော ၁ အိတ်လျှင် ၉၅၀၀၀ ကျပ်မှ ၁၀၀၀၀၀ ကျပ်
ဧရာဝတီပေါ်ဆန်း ၁ အိတ်လျှင် ၁၀၀၀၀၀ ကျပ်မှ ၁၁၀၀၀၀ ကျပ်
ရွှေဘိုပေါ်ဆန်း ၁ အိတ်လျှင် ၁၂၅၀၀၀ ကျပ်မှ ၁၃၅၀၀၀ ကျပ်

ယင်းဈေးနှုန်းများမှာ စစ်ကောင်စီ၏ လက်အောက်ခံ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ညီနောင်အသင်းများ၊ ကုန်စည်ဒိုင်များ၊ အသင်းဝင်များ ပြည်ပ တင်ပို့နေသည့် သူများ လိုက်နာရောင်းချရန် ရည်ညွှန်းထားသည့် ဈေးဖြစ်ပြီး စစ်ကောင်စီက သတ်မှတ်ထားသည့် ဈေးမှာလည်း ယခင်အတိုင်း ရှိနေသည်။

လက်ရှိပြင်ပဆန်ဈေးကွက်တွင် ယခင်တပတ်ထက် ဆန်ချော၊ ဆန်ကြမ်း ဆန်အမျိုးအစားပေါ်မူတည်၍ ဈေး များထပ် တက် လာပြီး အရောင်းအဝယ်မှာ ပုံမှန်သာ ဖြစ်နေကြောင်း ဝါးတန်းလမ်း ဆန်ကုန်သည်များထံက သိရသည်။

ပြင်ပဆန်ဈေး

ရွှေဘိုပေါ်ဆန်း အဟာင်း ၁ အိတ်လျှင် ၁၈၀၀၀၀ ကျပ်
ရွှေဘိုပေါ်ဆန်း အသစ် ၁ အိတ်လျှင် ၁၅၀၀၀၀ ကျပ်မှ ၁၆၀၀၀၀ ကျပ်
ဧရာဝတီပေါ်ဆန်း ၁ အိတ်လျှင် ၁၂၅၀၀၀ ကျပ်မှ ၁၄၀၀၀၀ ကျပ်ကျော်
ဆန်ကြမ်း (အဟောင်း ရက် ၉၀) ၁ အိတ်လျှင် ၉၅၀၀၀ ကျပ်မှ ၁၁၄၀၀၀ ကျပ်အထိ
ဆန်ကြမ်း (နှံကား အသစ်) ၁ အိတ်လျှင် ၈၆၀၀၀ ကျပ်ကျော်

စားအုန်းဆီ

စစ်ကောင်စီ၏ စားအုန်းဆီ ရည်ညွှန်းလက်ကား သတ်မှတ်ဈေးမှာ ၁ ပိဿာ ၅၂၇၅ ကျပ်

ယင်းဈေးမှာ ဖေဖော်ဝါရီ ၅ ရက်မှ ၁၂ ရက်နေ့ အထိ စစ်ကောင်စီ သတ်မှတ်ထားသည့် ရန်ကုန် အထိုင် လက်ကား ဈေးဖြစ်ပြီး စစ်ကောင်စီ၏ လက်အောက်ခံ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှတဆင့် စားဆီ တင်သွင်းသည့် ကုမ္ပဏီများထံမှ ခွဲတမ်းရသည့် ဆိုင်တချို့က ရောင်းချ ပေးနေကြောင်း လူမှုကွန်ယက်စာမျက်နှာများမှ တဆင့်သိရသည်။

ထိုသို့ ရောင်းချပေးနေသော်လည်း စားဆီ ဈေးမှာ လက်လီ စားသုံးသူများ၊ ဆိုင်သမားများ လိုသလောက်မရရှိပဲ အပြင်ပပေါက်ဈေး (မှောင်ခိုဈေး) မှာရန်ကုန်ဈေးကွက်မှာပင် ၁ ပိဿာလျှင် ၈၀၀၀ ကျပ်ဝန်းကျင် တွင်ရှိနေသည်။

(ယင်းဖော်ပြပါ ဆီဈေးနှုန်းမှာ ရန်ကုန်မြို့တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများ ဖြစ်ပြီး နေရာဒေသလိုက်၍ ဈေးနှုန်းကွာခြားမှုများ၊ ပို၍ မြင့်တက်မှုများ ရှိနိုင်သည်။)

စက်သုံးဆီ

ဓာတ်ဆီ ၉၂ ၁ လီတာ ၂၇၆၅ ကျပ်
ဓာတ်ဆီ ၉၅ ၁ လီတာ ၂၈၉၀ ကျပ်
ဒီဇယ် ၁ လီတာ ၂၅၅၅ ကျပ်
ပရီမီယံ ဒီဇယ် ၁ လီတာ ၂၆၁၀ ကျပ်

ယင်းမှာ စစ်ကောင်စီလက်အောက်ခံ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးလုပ်ငန်းကြီးကြပ်ရေးကော်မတီက စက်သုံးဆီ ဈေးနှုန်းများကို တပတ်တခါ ဈေးနှုန်းအပြောင်းအလဲ သတ်မှတ်ပြုလုပ်ထားသည်ကို တွေ့ရသည်။ လက်ရှိတွင် ရန်ကုန်မြို့အပါအဝင် တိုင်းနှင့် ပြည်နယ်များတွင် စက်သုံး ရရှိရန်အတွက် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်း ဝယ်ယူနေရခြင်း၊ တချို့နေရာများတွင် ပြတ်လပ်ခြင်းများ ဖြစ်ပေါ်နေသည်။

ထို့ပြင် တခြားတိုင်းနှင့် ပြည်နယ်များတွင် သယ်ယူပို့ဆောင်မှု စရိတ်အပေါ် မူတည်၍ ဈေးနှုန်း ကွာဟမှု ရှိနိုင်သလို ပြင်ပဈေးကွက်နှင့် ဝေးလံခေါင်ဖျားသည့် ဒေသများတွင်မှု စစ်ကောင်စီ၏ သတ်မှတ်ဈေး ထက် ပို၍ မြင့်တက်မှုများ ရှိနိုင်သည်။

ရွှေနှင့် ဒေါ်လာ

အမေရိကန် ၁ ဒေါ်လာလျှင် စစ်ကောင်စီ သတ်မှတ်ဈေးမှာ ၂၁၀၀ ကျပ်
ပြင်ပဈေးကွက်တွင် အမေရိကန် ၁ ဒေါ်လာလျှင် ၃၅၀၀ ကျပ်ဝန်းကျင်တွင်ရှိနေ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်း (YGEA)၏ အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သား ၃၆၅၉၄၀၀ ကျပ်
ကမ္ဘာ့ရွှေ ၁ အောင်စ အမေရိကန်ဒေါ်လာ ၂၀၃၃ ဒေါ်လာ
ပြင်ပ အကယ်ဒီအခေါက်ရွှေဈေး ၃၈၀၀၀၀၀ ကျပ်ကျော်တွင် ရှိနေ
ပြင်ပ လက်ဝတ်ရတနာ (၁၅ ပဲရည်) ရွှေဈေး ၃၆၀၀၀၀၀ ကျပ်ကျော်တွင်ရှိနေ

အထက်ပါ ဈေးနှုန်းများမှာ အချိန်နှင့်အမျှ အပြောင်းအလဲ ရှိနိုင်ပါသည်။

#နေ့စဉ်ကုန်ဈေးနှုန်း
#ဆန်ဈေး
#ဆီဈေး
#လောင်စာဆီဈေး
#ရွှေဈေး
#ဒေါ်လာဈေး

Copy.

Photos from Myanmar Golden Link's post 23/01/2024

CVD HPHT လူလုပ်စိန်တွေ ထုတ်လာကြတာ
တဖြည်းဖြည်းနဲ့ တန်ဖိုးကျလာပါပြီ
အရင်က အစစ်ရဲ့ ၃ပုံ၁ပုံလောက်ရောင်းတာ တွေ့ဖူးတယ်

အခုက စိန်အစစ်တွေပေါက်စျေးထုတ်ပေးတဲ့
Rapaport ရဲ့ ၈၆% လျော့ပေးမယ်ဆိုတဲ့အထိ လျော့ကျလာပြီ

စိန်အစစ်တွေရဲ့ စျေးကွက်ပါ ထိလာနိူင်ပါတယ်
ဘာကြောင့်လဲဆိုတာကို Rapaport ထုတ်တဲ့ Martin Rapaport ကိုယ်တိုင်လည်း ပိုစ့်တင်ဖူးပါတယ်

သဘာဝဖြစ်တဲ့စိန်တွေကို အသုံးပြုနေတာ
ကမ္ဘာ ကြီးပျက်စီးရာကို အားပေးတာ
Blood diamond တွေကို သုံးနေမှာလား
သဘာဝစိန်တွေနဲ့ ဓာတုဂုဏ် ရုပဂုဏ် အကုန်ထပ်တူပြီးလိုချင်တဲ့အရောင် လိုချင်တဲ့ သန့်စင်မှု လိုချင်သလိုရတဲ့လူလုပ်စိန်ကိုသုံးမလား ဆိုတာကို လူလုပ်စိန်ထုတ်နေတဲ့ ကုမ္ပဏီ တွေက ပြောရောင်းလာကြပါတယ်

သဘာဝဖြစ်စဉ်အတိုင်း လူလုပ်ယူထားတာမို့လည်း
အရာရာအစစ်လိုတူနေပါတယ်
ဒါဆို ခွဲခြားဖို့ ဘယ်လိုလုပ်သလဲ သိချင်ကြမှာပါ
အဲဒီအကြောင်းရေးထားပြီးမို့ ရှာဖတ်ကြည့်ပါ
အခြားသူတွေလည်းရေးထားတာအများကြီးပါ
သေချာတာက အလွယ်တကူ သာမှန်မျက်စိ သာမှန်စက်နဲ့ ခွဲခြားမရပါဘူး cvd hpht လူလုပ်စိန်တွေခွဲခြားနိူင်ဖို့ စက်သပ်သပ်ရှိမှပဲရပါမယ်

ဒါကြောင့်လည်း လူလုပ်စိန်ရောင်းတဲ့ဖက်က
ပြောထားပါတယ် အလွယ်တကူလည်းခွဲခြားမရ
ဝတ်ဆင်အသုံးပြုလည်း စိန်အစစ်အတိုင်းဖြစ်နေတာကို မင်း သွေးစွန်းတဲ့စိန်တွေမှဝတ်ချင်သလား
ဘာနဲ့တူလည်းဆိုရင်တော့ သားသတ်လွတ်စားတဲ့အဖွဲ့လိုပါပဲ အစားတလုပ်အတွက်သူများအသားမှချိုသလား ကိုယ့်အသားဆို ခြင်လေးကိုက်ရင်တောင် သီးမခံချင်ပဲနဲ့တဲ့

နောက်တစ်ခုက သူတို့က လူလုပ်ကို လူလုပ်ပါပြောရောင်းပါတယ် ဒီဖက်ရောက်လာတဲ့အချိန်သာ
မြန်မာတွေ မစစ်ဆေးကြဘူး မစစ်ဆေးနိူင်ဘူးဆိုပြီး
ဂျင်းထည့်သွားကြမဲ့ တဖက်နိူင်ငံက ကုန်သည်အချို့
ကြောင့်ခံထားရသူတွေလည်း မနည်းပါဘူး
နောက်ဆုံးပြောချင်တာက သူတို့ပြောသလိုပြောရရင်
လူလုပ်ကို အစစ်စျေးပေးဝယ်မိတာမျိုးမဖြစ်ရအောင် ကိုယ့်နိူင်ငံထွက်တဲ့ ပတ္တမြား နီလာ ကျောက်စိမ်း ပုလဲ ပယင်းတွေကို တန်ဖိုးထားဝတ်ကြပါလားဗျာ

အောက်က sample မှာ လူလုပ်စိန် D E color တွေပါ ရောင်းနေကြတာ Certificate တွေနဲ့လည်း ရောင်းပါတယ်

လူလုပ်စိန်အဖြစ်ပြောရောင်းကြပါတယ်

Nay Lin Aung

အပ်ထားတဲ့ ပိုက်ဆံတွေ တိုးမလာဘဲ ပြန်လျော့သွားတဲ့ မြန်မာ့အထူးခြားဆုံး ဘဏ်အကြောင်း 13/01/2024

အပ်ထားတဲ့ ပိုက်ဆံတွေ တိုးမလာဘဲ ပြန်လျော့သွားတဲ့ မြန်မာ့အထူးခြားဆုံး ဘဏ်အကြောင်း အပ်ထားတဲ့ ပိုက်ဆံတွေ တိုးမလာဘဲ ပြန်လျော့သွားတဲ့ မြန်မာ့အထူးခြားဆုံး ဘဏ်အကြောင်း

Photos from မန္တလေးသတင်းအကုန်သိရန်'s post 06/12/2023
Mobile uploads 22/11/2023
24/08/2023

စစ်ကောင်စီရဲ့ သေနတ်ပြောင်းဟာ ခရိုနီ စီးပွားရေးသမားတွေဆီ လှည့်လို့လာနေပြီလား

By လမ်းသစ်

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီဟာ သူတို့ ရှင်သန်ရပ်တည်နိုင်ဖို့နဲ့ အာဏာ ဆက်လက်ဆွဲကိုင်ထားနိုင်ဖို့ အတွက်ဆိုရင် ဘယ်သူ့ကိုမဆို ချနင်းဖို့ ဝန်မလေးကြသူတွေ ဖြစ်ပါတယ်။

လူထုတော်လှန်ရေးကြီး ဘက်ပေါင်းစုံက အရှိန်မြင့် လာတာနဲ့အမျှ မင်းအောင်လှိုင်တို့ စစ်အုပ်စု ပိုကြပ်တည်းပြီး ချောင်ပိတ်လာတဲ့အခါမှာတော့ သူတို့ဆက်လက်ရှင်သန်နိုင်ဖို့အတွက် သူတို့ကို ဘဏ္ဍာငွေဖြည့်ပေးနေတဲ့ ပြည်တွင်းစီးပွားရေးသမား ခရိုနီသဌေးတွေကိုတောင် မျက်စောင်းထိုးနေပြီ ဆိုတာကို ယခုရက်ပိုင်း တွေ့မြင်လာရပါတယ်။

မြေပြင်တိုက်ပွဲ၊ သံတမန်ရေးရာတိုက်ပွဲ၊ စိတ်ဓာတ်ရေးရာတိုက်ပွဲ၊ ဘဏ္ဍာရေးတိုက်ပွဲ စတဲ့ စစ်မျက်နှာအားလုံးမှာ အကြမ်းဖက်စစ်တပ်ဟာ စတင် အရေးနိမ့်လာပါပြီ။

ဘဏ္ဍာငွေ ပြတ်လပ်လာတဲ့ စစ်အုပ်စုဟာ နိုင်ငံတကာက တဖြည်းဖြည်း လည်မြိုညှစ်တာကို ခံလာရတဲ့အခါ ‘စီးပွားရေးပိတ်ဆို့မှုဒဏ် တို့မမှုပါ’ လို့တောင် မအော်နိုင်ရှာတော့ပါဘူး။

ဥရောပသမဂ္ဂရဲ့ ဒဏ်ခတ်အရေးယူမှုကြောင့် ဖက်ဆစ်စစ်တပ်ရဲ့ အဓိက ဝင်ငွေလမ်းကြောင်းကြီးဖြစ်တဲ့ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ရဲ့ ဒေါ်လာ သန်း ၅ဝဝ ကျော် ပြည်ပမှာ ပိတ်မိသွားခဲ့ပါတယ်။

နောက်ထပ်တစ်ဖန် စစ်ကောင်စီရဲ့ နိုင်ငံခြားငွေ စီးဆင်းမှုအတွက် အရေးပါလှတဲ့ မြန်မာ့ကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အမေရိကန်အစိုးရက အရေးယူပိတ်ဆို့လိုက်တဲ့အတွက် အထိနာခဲ့ရပြီး ပြည်တွင်း ဒေါ်လာဈေး၊ ရွှေဈေးတွေ ကမောက်ကမ ဖြစ်ခဲ့ပါတယ်။

ဒါတွေကို ထိန်းချုပ်နိုင်စွမ်းမရှိတဲ့ စစ်ကောင်စီဟာ ၂သောင်းကျပ်တန် အသစ်တွေ ထပ်မံရိုက်နှိပ်ခဲ့ပြန်တာကြောင့် မြန်မာကျပ်ငွေ တန်ဖိုးဟာ အဝီဇိကို ထိုးဆင်းသွားခဲ့ပါတယ်။ ငွေစက္ကူ ၂ သောင်းတန်တွေဟာ တရားမဝင်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာခဲ့ပါတယ်။

စစ်ကောင်စီက ငွေကြေးဖောင်းပွမှု မဖြစ်အောင် ၂သောင်းတန်ကို အကန့်အသတ်နဲ့ ထုတ်ဝေမယ်လို့ ပြောခဲ့ပေမယ့် လက်တွေ့မှာ အဲ့ဒီငွေစက္ကူအသစ်တွေကို ပုဂ္ဂလိကဘဏ်တွေနဲ့ စီးပွားရေးသမားတွေဆီ မယူမနေရ စနစ်နဲ့ ဖြန့်ဝေစေခဲ့ပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ဘဏ် ၂ ခုကို အမေရိကန်အစိုးရကနေ ဒဏ်ခတ်ပိတ်ဆို့မှုရဲ့ နောက်ဆက်တွဲအနေနဲ့ ဘင်္ဂလားဒေ့ရှ် Sonali ဘဏ်မှာလည်း ဒေါ်လာ ၁.၁ သန်း ပိတ်မိသွားခဲ့ပါသေးတယ်။

အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုဟာ တစ်ဖက်သတ်ဆန်ပြီး နိုင်ငံခြားငွေနဲ့ ဆက်စပ်တဲ့ လုပ်ငန်းအားလုံး ထိခိုက်စေတယ်လို့ စစ်ကောင်စီက ထုတ်ပြောရတဲ့အထိ အခြေအနေဟာ ဆိုးရွားလာပါတယ်။

တဖက်မှာလည်း အနောက်နိုင်ငံတွေရဲ့ စီးပွားရေးဒဏ်ခတ်မှုတွေ၊ ပြည်ပရင်းနှီးမြှုပ်နှံမှု ထွက်ခွာသွားကြတာတွေကြောင့် ဝင်ငွေလမ်းကြောင်းတွေ ပိတ်ဆို့ခံထားရပြီး အခြေအနေဆိုးတွေ ကြုံနေရတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အိတ်ကပ်ထဲကို ခရိုနီတွေက ဘဏ္ဍာငွေတွေ ဖြည့်တင်းပေးခဲ့ပါတယ်။

စစ်ကောင်စီက ထုတ်ရောင်းတဲ့ ကျပ်သန်းပေါင်းများစွာ တန်ကြေးရှိ ငွေတိုက်စာချုပ်တွေကို ပြည်တွင်းပုဂ္ဂလိကဘဏ်တွေက ဝယ်ယူခဲ့ကြတာပါ။

ပုဂ္ဂလိကဘဏ်တွေဟာ ငွေတိုက်စာချုပ်ဝယ်ရင် ဘဏ်တိုးရပြီး အဲ့ဒီကနေ ငွေအပ်နှံသူတွေကို ဘဏ်တိုးပြန်ပေးကြတာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ ချွေးနဲစာနဲ့ အပ်နှံထားတဲ့ငွေတွေကို စစ်ကောင်စီရဲ့ ယန္တရားလည်ပတ်ဖို့ ပုံအောပေးခဲ့ကြတာပါ။

၂ဝ၂၂ ခုနှစ် ဧပြီလကနေ ၂ဝ၂၃ ခုနှစ် ဇူလိုင်လအထိ စစ်ကောင်စီရဲ့ ငွေတိုက်စာချုပ်နဲ့ ငွေတိုက်လက်မှတ် လေလံတင်ရောင်းချပွဲတွေကနေ စုစုပေါင်း ကျပ် ၁၇,၈ဝဝ ဘီလီယံ ရောင်းချနိုင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ငွေတိုက်ဦးစီးဌာန စာရင်းတွေက ဖော်ပြခဲ့ပါတယ်။

ခရိုနီ သူဌေးကြီးတွေဟာ အာဏာသိမ်းစစ်တပ်ရဲ့ အိတ်ကပ်ကို ဖြည့်တင်းပေးခဲ့တဲ့အပြင် အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်တည်တဲ့ ဘုရားမှာလည်း အားလုံးစုပေါင်းပြီး ကျပ် ၁၆ ဘီလီယံကျော် လှူဒါန်းခဲ့ကြပါသေးတယ်။

ဘာတွေပဲ လုပ်ပေးခဲ့ပါစေ အခုတော့ အာဏာသိမ်းစစ်အုပ်စုက ခရိုနီ စီးပွားရေးသမားကြီးတွေကို အမြင်မကြည်တော့ဘူးဆိုတာ ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲမှာ မြင်လိုက်ရပါတယ်။

စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက သူတို့အနေနဲ့ ပုဂ္ဂလိကဘဏ်တွေကို ကူညီခဲ့ပေမယ့် ဘဏ်တွေက သစ္စာမရှိကြဘူး၊ စီးပွားရေးသမားတွေဟာ ဝိသမ လောဘသားတွေ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေး NUG အစိုးရရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်ကတော့ ငွေကြေးဖောင်းပွတာတွေ၊ ကျပ်ငွေတန်ဖိုးကျဆင်းတာတွေ အားလုံးရဲ့ တရားခံဟာ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေ ဖြစ်တယ်လို့ဆိုပါတယ်။

“အခု ဒေါ်လာတွေ ဈေးတက်တယ်၊ ရွှေတွေ ဈေးတက်တယ်ဆိုတာ ဝိသမလောဘသားတွေ၊ ရွှေသမားတွေ၊ ဒေါ်လာသမားတွေက ဈေးကစားလို့ တက်တယ်လို့ တကယ်ထင်နေတာ"

"ကိန်းဂဏန်းတွေအရ ၂ဝ၂၁ နဲ့ ၂ဝ၂၂ နှစ်နှစ်အတွင်း မင်းအောင်လှိုင်တို့ ရိုက်ထုတ်ခဲ့တဲ့ ငွေကျပ် ဘီလျံပေါင်း ၂ဝ,ဝဝဝ (၁ ဘီလျံ = သိန်း ၁ဝ,ဝဝဝ) ရှိတယ်။ တိုင်းပြည်ရဲ့ စီးပွားရေးထဲကို ဘယ်လောက်ပမာဏ စီးဝင်နေပြီလဲ ဆိုတာ မြင်တွေ့နိုင်ပါတယ်”

စစ်အာဏာရှင်တွေဟာ ခေတ်အဆက်ဆက်မှာ တိုင်းပြည်အပေါ် ယုတ်မာချင်တိုင်း ယုတ်မာခဲ့တဲ့ ကိုယ့်လုပ်ရပ်တွေကို ဘေးလူတွေအပေါ် အပြစ်ပုံချပြီး ခေါင်းရှောင်ထွက်သွားလေ့ရှိကြပါတယ်။ အခုလည်း မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းစစ်အုပ်စုဟာ ငွေရှင်ကြေးရှင် ခရိုနီတွေကို ချနင်းဖို့ ပြင်ဆင်နေကြပါပြီ။

ဦးမင်းကိုနိုင်ကလည်း ခေတ်ပျက်သူဌေးတွေ ဘာလုပ်ကြမှာလဲလို့ မေးခွန်းထုတ်လိုက်ပါတယ်။

“လူတွေကြပ်တည်းပြီး ကုန်ဈေးနှုန်းတက်တာဟာ ဝိသမ လောဘသမားတွေကြောင့် ဖြစ်တယ်ဆိုပြီး ဝါဒအရင်ဖြန့်တယ်။ ကိုယ်လုပ်ခဲ့တာကို သူတစ်ပါးကို အပြစ်ဖို့တာ။ ရွှေသူဌေး၊ ငွေသူဌေးတွေ အကုန်ပါတာပဲ”
“ဇူဇကာ စစ်ဆင်ရေးဗျ။ အခုလည်း ခြိမ်းခြောက်ခံနေရပြီ။ လာတော့မှာ။ အဲ့တော့ မလာခင် သူတို့ (သူဌေးများ) ဘာလုပ်မှာလဲ။ လိမ္မာမှာလား၊ မိုက်မှာလား”

စျေးကွက်စီးပွားရေးစနစ်ကို သေနတ်ထုတ်ပြပြီး ထိန်းချုပ်ရင် ဘာမှ ဖြစ်မလာဘူး ဆိုတာ ခေတ်အဆက်ဆက် သင်ခန်းစာတွေ ရှိပေမယ့်၊ ဒီတခေါက် စစ်ကောင်စီရဲ့ သေနတ်ပြောင်း လားရာဟာ ခရိုနီ စီးပွားရေးသမားတွေဆီ လှည့်လို့လာနေပြီ ဆိုတာကိုတော့ ဇော်မင်းထွန်းရဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားတဲ့စကားတွေက သက်သေပြလို့ နေတာပါ။

“ကိုယ့်အကျိုးစီးပွားရှိရာ မြို့ပြတွေနဲ့ နေပြည်တော်ကို မတိုက်ရင်ပြီးရော” ဆိုတဲ့ ခရိုနီတွေကို စစ်အုပ်စုက ချနင်းပြီး လျှောက်လှမ်းသွားမယ့် လမ်းကို မြင်နေရပါပြီ။ အကြမ်းဖက် စစ်အုပ်စုဟာ ကိုယ်ရှင်သန်ဖို့အတွက် သတ်ရဖြတ်ရမလား၊ မီးတင်ရှို့ရမလား ဘာမဆိုလုပ်မယ့်အဖွဲ့ဆိုတာ ခေါင်းထဲ ထည့်ထားသင့်ပါတယ်။

ခေတ်အဆက်ဆက် လိုရင်လိုသလို အရောင်ပြောင်းနေတတ်တဲ့ ပုတ်သင်ညိုဆန်တဲ့ ခရိုနီတွေ နဖူးပေါ်လက်တင်ပြီး သေချာလေး စဉ်းစားရမယ့်အချိန်ကို ရောက်နေပါပြီ။

23/08/2023

Copy
MFTB နှင့် MICB ဘဏ် ၂ ခု အပေါ် အမေရိကန်က စီးပွားရေးပိတ်ဆို့မှုကြောင့် စစ်ကောင်စီ အတွက် နိုင်ငံခြားငွေရရှိမှု၊ နိုင်ငံခြားငွေ သုံးစွဲမှု၊ ပို့ကုန် သွင်းကုန် လုပ်ငန်း များ ထိခိုက်နေကြောင်း စီမံ/ဘဏ္ဍာ ဒုဝန်ကြီး ဝန်ခံ

ရန်ကုန်၊ ဩဂုတ် ၂၃

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ရှိ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်-MFTB နှင့် MICB- မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ် ရေးဘဏ်တို့အပေါ် အမေရိကန်ပြည်ထောင်စုက အရေးယူလိုက်မှုသည် ထိခိုက်မှုများစွာ ကြုံတွေ့ နေရ ကြောင်း စစ်ကောင်စီ၏ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ယမန်နေ့ နေပြည်တော်သတင်းစာရှင်းလင်း ပွဲ တွင် ဝန်ခံ ပြောဆိုလိုက်သည်။

ဩဂုတ်လ ၅ ရက်နေ့မှ စတင် အသက်ဝင်လာသော အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှုသည် တစ်ဖက်သတ်ပိတ်ဆို့မှုဖြစ်ကြောင်း၊ ပိတ်ဆို့သည့် အကြောင်း အရင်းများသည် ခိုင်မာမှု မရှိကြောင်း၊ လက်ရှိတွင် စစ်ကောင်စီအတွက် နိုင်ငံ ခြား ငွေ ရရှိမှု၊ နိုင်ငံခြားငွေ သုံးစွဲမှု ၊ ပို့ကုန်သွင်းကုန် တင်ပို့မှု နှင့်တင် သွင်း မှု များ အပါအဝင် နိုင်ငံခြားငွေနှင့်ဆက်စပ်သော လုပ်ငန်းများအားလုံး ထိခိုက် နေကြောင်း ၎င်းက ဆိုသည်။

"အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံပိုင် ဘဏ် ၂ ခုအပေါ် ယခုလို ထုတ်ပြန်ခဲ့တာဟာ တစ်ဖက်သတ်ပိတ်ဆို့မှုဖြစ်ပါတယ်။ ပိတ်ဆို့တဲ့ အကြောင်း အရင်း များ ကလည်း ခိုင်မာမှုမရှိပါဘူး။ MFTB ဘဏ်က အစိုးရနဲ့ ပုဂ္ဂလိက နိုင် ငံ ခြားငွေလုပ်ငန်းများကို ဆောင်ရွက်ပေးနေတဲ့ဘဏ် ဖြစ်ပြီးတော့ MICB ပုဂ္ဂလိက များရဲ့ နိုင်ငံခြား ငွေများကို ဆောင်ရွက်ပေးနေတဲ့ဘဏ်ဖြစ်ပါတယ်။ ၎င်းတို့ ကို ပိတ်ဆို့ ခြင်းအားဖြင့် နိုင်ငံတော်နဲ့ ပြည်သူများအတွက် ဆောင်ရွက် ပေးလျက် ရှိတဲ့ ပညာရေး ကျန်းမာရေး အခြေခံ အဆောက်အအုံ တည် ဆောက် ရေး ကိစ္စရပ် များအပါအဝင် နိုင်ငံခြား ငွေရရှိမှု၊ သုံးစွဲမှုများကို သက် ရောက်စေတဲ့အပြင် ပို့ကုန် သွင်းကုန်လုပ်ငန်းရှင်များ၊ နိုင်ငံခြားဘဏ်လုပ်ငန်း ဝန်ဆောင်မှု ရယူသူ၊ ဌာန၊ အဖွဲ့ အစည်း များကိုလည်းပဲ ထိခိုက်စေပါတယ်။ ဒီပိတ်ဆို့မှု အပေါ် မှာလည်း နိုင်ငံ အလိုက် သက်ဆိုင်ရာ ဘဏ်အလိုက် အဓိ ပ္ပာယ် ကောက်မှု မတူကြဘဲ အမျိုးမျိုး လိုရာ ဆွဲပြီးတော့ ကောက်ယူကြ တဲ့ အနေအထားလည်းတွေ့ရပါတယ်" ဟု ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ဝန်ခံ ပြောဆိုသည်။

အမေရိကန်၏ ပိတ်ဆို့မှုများကြောင့် လက်ရှိတွင် စစ်ကောင်စီက အိန္ဒိယနှင့် ထိုင်း နိုင်ငံ တွင် နိုင်ငံခြားငွေစာရင်းများဖွင့်လှစ်၍ ကုန်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ဗဟိုဘဏ်နှင့် ဝန်ကြီးဌာနများက ကြိုးပမ်းလျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- စီမံ/ဘဏ္ဍာဒုဝန်ကြီး ဦးမောင်မောင်ဝင်း။

Photo - Local News Agency။

မင်းအောင်လှိုင် ပုဂ္ဂလိကဘဏ်များ မပြိုလဲစေရန် ကူညီခဲ့သော်လည်း ဘဏ် တချို့ သစ္စာမရှိသည့် စီးပွားရေးသမား ဝိသမ လောဘ သားများ ဟု ဇော်မင်း ထွန်း သုံးစွဲ

■ ဇော်မင်းထွန်းပြောဆိုချက် အလွန်ပိန်းလွန်းဟု စီးပွားရေးသမားတချို့ တုံ့ပြန်

ရန်ကုန်၊ ဩဂုတ် ၂၃

အကြမ်းဖက် မင်းအောင်လှိုင်က အာဏာစတင်သိမ်းချိန်တွင် ပုဂ္ဂလိကဘဏ် များ မပြိုလဲစေရေးအတွက် ကူညီခဲ့သော်လည်း လက်ရှိအချိန်တွင် ဘဏ်များ သည် သစ္စာမရှိကြောင်း၊ စီးပွားရေးသမားများသည် ဝိသမလောဘသားများ ဖြစ်ကြောင်း အကြမ်းဖက် စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက ယမန်နေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

"ဘဏ်စနစ်ကို ပြိုလဲအောင် တိုက်ခိုက်တဲ့အချိန်မှာ ဘဏ်စနစ်ပြိုလဲသွားရင် တိုင်းပြည်စီးပွားရေးလည်း ပြိုလဲသွားမှာဖြစ်လို့ လက်ရှိ ရှိနေတဲ့ ဘဏ်တွေကို ကျနော်တို့အနေနဲ့ ပေးနိုင်သမျှ အကူအညီတွေကို ပေးခဲ့တယ်။ နိုင်ငံတော် ဝန်ကြီးချုပ် အနေနဲ့ သူအကူအညီပေးနိုင်တဲ့ အကူအညီတွေပေးခဲ့တယ်။ ဗဟိုဘဏ်ကနေ ထောက်ပံ့ပြီး ရပ်တည်ခဲ့ရတယ်။ အခုအချိန်မှာ အဲ့ဒီအထဲက တချို့သော ဘဏ်တွေကလည်း သိပ်တော့ သစ္စာမရှိဘူး’’ဟု အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။

လက်ရှိ ပြည်တွင်းရှိ စီးပွားရေးသမားများမှာ ဝိသမလောဘသမားများဖြစ်ကြကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။

စစ်ကောင်စီက ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာများကို တစ်ဒေါ်လာလျှင် ၂၉၂၀ ကျပ်ဖြင့် ဝယ်ယူပြီး တစ်ဒေါ်လာလျှင် ၂၉၂၂ ကျပ်ဖြင့် ပြန်လည် ရောင်းချပေးကြောင်း၊ သို့ရာတွင် စီးပွားရေးသမားက ပြင်ပစျေးကွက်မှ ဒေါ်လာ ပေါက်စျေးနှုန်းဖြင့် တွက်ချက်၍ ကုန်စည်များကို ရောင်းချကြောင်း ၊ ထို့ကြောင့် ဝိသမ လောဘသမားများဖြစ်ကြောင်း ဇော်မင်းထွန်းက စွပ်စွဲပြောဆိုသည်။

စီးပွားရေးသမားများကမူ အကြမ်းဖက် ဇော်မင်းထွန်း၏ ပြောဆိုချက်သည် လက်လွတ်စပယ်နိုင်ပြီး စျေးကွက်စီးပွားရေးကို နားမလည်သော အလွန်ပိန်း သော ပြောဆိုချက် ပြောဆိုသည်။

"အမေရိကန်ဒေါ်လာ လုံလောက်အောင် မရောင်းပေးဘူး။ အခု သူတို့ပို့ကုန်ရ ငွေဆိုပြီး ပြန်တောင်းနေတာ ၂၀၁၆ ခုနှစ် NLD အစိုးရ လက်ထက်က ဒေါ်လာတွေပါ လိုက်တောင်းနေတာ။ Back Date နဲ့ ပြန်တောင်းနေတာ။ အဲဒီဒေါ်လာတွေက တချို့ဆိုရင် မရှိတော့ဘူးလေ။ သုံးစွဲလို့ ကုန်တောင် ကုန်နေပြီ။ စျေးကွက်စီးပွားရေးကို နားမလည်ဘဲ ဒီလိုမျိုး လက်လွတ်စပယ်ပြောနေရင် တိုင်းပြည် စီးပွားရေးက ဆိုရှယ်လစ်စီးပွားရေး စနစ်ကို ပြန်သွားနေတာ။ ရှေ့လျှောက် တိုင်းပြည် စီးပွားရေး ပျက်နေတာက လုံး၀ လုပ်မရတဲ့ အထိ ပျက်စီးသွားဖို့ပဲရှိတယ်။ စစ်တပ်ဆိုတာ ဘယ်တော့ စီးပွားရေးကို နားလည်နိုင်မယ့် Institution မဟုတ်ဘူးလေ။ အမိန့် အာဏာ နဲ့ စျေးကွက်ကို ခြိမ်းခြောက်တာက အဖြေမဟုတ်ဘူး" ဟု UMFCCI အဖွဲ့ဝင် စီးပွားရေးသမားတစ်ဦးက သုံးသပ်ပြောဆိုသည်။

မင်းအောင်လှိုင်က ပုဂ္ဂလိကဘဏ်များ မပြိုလဲစေရန် ကူညီခဲ့သော်လည်း ဘဏ် တချို့ သစ္စာမရှိသည့် စီးပွားရေးသမား၊ ဝိသမ လောဘ သားများ ဟု ဇော်မင်း ထွန်း သုံးစွဲ

■ ဇော်မင်းထွန်းပြောဆိုချက် အလွန်ပိန်းလွန်းဟု စီးပွားရေးသမားတချို့ တုံ့ပြန်

ရန်ကုန်၊ ဩဂုတ် ၂၃

အကြမ်းဖက် မင်းအောင်လှိုင်က အာဏာစတင်သိမ်းချိန်တွင် ပုဂ္ဂလိကဘဏ် များ မပြိုလဲစေရေးအတွက် ကူညီခဲ့သော်လည်း လက်ရှိအချိန်တွင် ဘဏ်များ သည် သစ္စာမရှိကြောင်း၊ စီးပွားရေးသမားများသည် ဝိသမလောဘသားများ ဖြစ်ကြောင်း အကြမ်းဖက် စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက ယမန်နေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

"ဘဏ်စနစ်ကို ပြိုလဲအောင် တိုက်ခိုက်တဲ့အချိန်မှာ ဘဏ်စနစ်ပြိုလဲသွားရင် တိုင်းပြည်စီးပွားရေးလည်း ပြိုလဲသွားမှာဖြစ်လို့ လက်ရှိ ရှိနေတဲ့ ဘဏ်တွေကို ကျနော်တို့အနေနဲ့ ပေးနိုင်သမျှ အကူအညီတွေကို ပေးခဲ့တယ်။ နိုင်ငံတော် ဝန်ကြီးချုပ် အနေနဲ့ သူအကူအညီပေးနိုင်တဲ့ အကူအညီတွေပေးခဲ့တယ်။ ဗဟိုဘဏ်ကနေ ထောက်ပံ့ပြီး ရပ်တည်ခဲ့ရတယ်။ အခုအချိန်မှာ အဲ့ဒီအထဲက တချို့သော ဘဏ်တွေကလည်း သိပ်တော့ သစ္စာမရှိဘူး’’ဟု အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။

လက်ရှိ ပြည်တွင်းရှိ စီးပွားရေးသမားများမှာ ဝိသမလောဘသမားများ ဖြစ်ကြကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။

စစ်ကောင်စီက ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာများကို တစ်ဒေါ်လာလျှင် ၂၉၂၀ ကျပ်ဖြင့် ဝယ်ယူပြီး တစ်ဒေါ်လာလျှင် ၂၉၂၂ ကျပ်ဖြင့် ပြန်လည် ရောင်းချပေးကြောင်း၊ သို့ရာတွင် စီးပွားရေးသမားက ပြင်ပစျေးကွက်မှ ဒေါ်လာ ပေါက်စျေးနှုန်းဖြင့် တွက်ချက်၍ ကုန်စည်များကို ရောင်းချကြောင်း ၊ ထို့ကြောင့် ဝိသမ လောဘသမားများဖြစ်ကြောင်း ဇော်မင်းထွန်းက စွပ်စွဲပြောဆိုသည်။

စီးပွားရေးသမားများကမူ အကြမ်းဖက် ဇော်မင်းထွန်း၏ ပြောဆိုချက်သည် လက်လွတ်စပယ်နိုင်ပြီး စျေးကွက်စီးပွားရေးကို နားမလည်သော အလွန်ပိန်း သော ပြောဆိုချက် ပြောဆိုသည်။

"အမေရိကန်ဒေါ်လာ လုံလောက်အောင် မရောင်းပေးဘူး။ အခု သူတို့ပို့ကုန်ရ ငွေဆိုပြီး ပြန်တောင်းနေတာ ၂၀၁၆ ခုနှစ် NLD အစိုးရ လက်ထက်က ဒေါ်လာတွေပါ လိုက်တောင်းနေတာ။ Back Date နဲ့ ပြန်တောင်းနေတာ။ အဲဒီဒေါ်လာတွေက တချို့ဆိုရင် မရှိတော့ဘူးလေ။ သုံးစွဲလို့ ကုန်တောင် ကုန်နေပြီ။ စျေးကွက်စီးပွားရေးကို နားမလည်ဘဲ ဒီလိုမျိုး လက်လွတ် စပယ် ပြောနေရင် တိုင်းပြည် စီးပွားရေးက ဆိုရှယ်လစ်စီးပွားရေး စနစ် ကို ပြန်သွား နေတာ။ ရှေ့လျှောက် တိုင်းပြည် စီးပွားရေး ပျက်နေတာက လုံး၀ လုပ်မရတဲ့ အထိ ပျက်စီးသွားဖို့ပဲရှိတယ်။ စစ်တပ်ဆိုတာ ဘယ်တော့ စီးပွားရေးကို နား လည် နိုင်မယ့် Institution မဟုတ်ဘူးလေ။ အမိန့် အာဏာ နဲ့ စျေးကွက်ကို ခြိမ်းခြောက်တာက အဖြေမဟုတ်ဘူး" ဟု UMFCCI အဖွဲ့ဝင် စီးပွားရေး သမား တစ်ဦးက သုံးသပ်ပြောဆိုသည်။

22/08/2023

ငွေရှာနည်း မတတ်ပေမဲ့ ငွေသုံးနည်းတော့ လူတိုင်းတတ်တယ်လို့ ထင်ကြတယ်။ တကယ်တော့ ငွေကို စနစ်တကျ မသုံးတတ်လို့ ပြသနာကြုံရတဲ့ မိသားစုတွေ အများကြီးရှိပါတယ်။ ဝင်ငွေနဲ့ထွက်ငွေ မမျှ ဖြစ်နေမှတော့ ဘယ်လို သုံးရမှာလဲလို့ မေးချင်တဲ့သူလည်းရှိပါလိမ့်မယ်။

တလ ပျမ်းမျှ ကုန်ကျစာရိတ်နဲ့ တလ ပျမ်းမျှ ဝင်ငွေကို သိနေရင် လျော့ချလို့ ရမဲ့ အသုံးစာရိတ် နဲ့ ဝင်ငွေတိုး ရှာရမဲ့ နည်းလည်း စဉ်းစားရမယ် မဟုတ်လားဗျာ။ အသက်၂၀ ကျော်ကတည်းက အလုပ်လုပ်လာခဲ့ တာ အငြိမ်းစားယူတဲ့အချိန် အကြွေးပဲ ကျန်နေရင်တော့လည်း စိတ်ညစ်စရာ ဖြစ်မှာပါ။(အခု ပြောမဲ့ အထဲ မှာ အောက်ခြေနဲ့ အထက် လူတန်းစား နှစ်ရပ် မပါပါ။ သာမန် လခစား ဝန်ထမ်းများကို ဆိုလိုပါတယ်။)....
ဝင်ငွေဘယ်လောက်၊ ထွက်ငွေ ဘယ်လောက် ဆိုတာသိရင် budget plan ဆွဲ့လို့ရတယ်လို့ ဆိုပါတယ်။ အစိုးရ ဘတ်ဂျက်လို ကြီးကြီး ကျယ်ကျယ်ပြောတာ မဟုတ်ပါဘူး။ စာရွက်ပေါ်မှာ ကုန်မယ်လို့ တပ်အပ်သိတဲ့ စာရိတ်ရယ်၊ ကုန်နိုင်ခြေရှိတာတွေကို T ဇယား တဖက်မှာချရေး။ အခြားတဖက်မှာ သေချာပေါက် ရမဲ့ငွေနဲ့ ရနိုင်ခြေ ငွေကိုချရေး။

ပြီးရင် ဘယ်ငွေကို ဘယ်လို ညှိရမလဲ စဉ်းစားရပါမယ်။ ရနိုင်ခြေ အားလုံးကို မရဘူးလို့ပဲ သတ်မှတ်စဉ်းစားရမှာပါ။ ဒါက earning risk ကို လျော့ချဖို့ပါတဲ့။(စိတ်ကူးထဲတင် ရေးလို့မရပါဘူး။ စက္ကူပေါ် လက်တွေ့ချရေးရမှာပါ။)

ဒုတိယက ငွေဖောင်းပွမှု risk အတွက် စဉ်းစားထားပါတဲ့။ လက်ထဲရှိတဲ့ ငွေရဲ့ ဝယ်ယူနိုင်စွမ်းအားက ကျသထက် ကျလာမှာကို ကြိုတင် စဉ်းစားလျော့ချဖို့ပါ။ တတိယ တချက်ကတော့ အမြတ်ရနိုးနိုးနဲ့ အလွယ်လိုက် ပြီး ငွေရှာချင်လို့ ရှိတဲ့ပိုက်ဆံလေး ထည့်ထားလိုက်ဦးမယ်ဆိုတဲ့ risk ကိုလျော့ပါ။ ဘယ်အရာမှ အချောင်မရသလို၊ အဖိုးနည်းရင် အိုးကွဲပဲ ရလိမ့်မယ်ဆိုတဲ့ သဘောတရား ခေါင်းထဲမှတ်ထားဖို့ပါ။...
ငွေသုံးနည်းတတ်ချင်ရင် စူပါမားကက်တခုသွားပါ။ ရေးထားတဲ့စျေးနူန်း တွေ မကြည့်ပဲ လိုချင်တဲ့ ပစ္စည်းတွေကို ခြင်းတောင်းထဲ ကောက်ထည့်ပါ။ ပြီးရင် စုစုပေါင်းလိုက်ပါ။ တသောင်းကျော်သွားရင် တာ့တာ့ ဆိုပြီး အိမ်ပြန်ခဲ့ပါတော့။ အဲ့ဒီနေ့အတွက် ဘာမှ ဝယ်ခွင့်မရှိတော့ပါတဲ့။ ဒီလို နည်းနဲ့ မိမိရဲ့ စျေးဝယ်ကျင့်ကို စပြီးပြင်ပါတဲ့။ အသုံးလား၊ အဖြုန်းလား။ တကယ်လိုအပ်တာလား၊ လိုအပ်တယ်လို့ ထင်တာလား။ အခု လိုအပ်နေတာလား၊ နောင်မှ လိုအပ်တာလား..သတိပြုမိတတ်လာလိမ့်မယ်ဆိုရဲ့ဗျာ။

ဆြာကြီးဦးကျော်ဆန်း

22/08/2023

■ငွေကြေးဖောင်းပွမှုဟူသည် ...

ငွေကြေးဖောင်းပွမှုဟူသည် စီးပွားရေး၌ လူအများအကျွမ်းအဝင်ဆုံး စကားလုံးဖြစ်နိုင်သည်။ ငွေကြေးဖောင်းပွမှုကြောင့် နိုင်ငံများအနေဖြင့် မတည်ငြိမ်မှုအတွင်းသို့ ကာလကြာရှည်စွာ သက်ဆင်းသွားနိုင်သည်။ ငွေကြေးဖောင်းပွမှုကို တိုက်ဖျက်မည်ဟူသော ကတိများဖြင့် နိုင်ငံရေးသမားများ ရွေးကောက်ပွဲ၌ အနိုင်ရရှိနိုင်သကဲ့သို့ ယင်းသို့မလုပ်နိုင်သောကြောင့်လည်း အာဏာကိုလက်လွှတ် ဆုံးရှုံးရတတ်သည်။ အမေရိကန်သမ္မတ ဂျရက်ဖို့ဒ်သည် ၁၉၇၄ ခုနှစ်တွင် ငွေကြေးဖောင်းပွမှုက ပြည်သူ့ရန်သူနံပါတ် - ၁ ဟုပင် ကြေညာခဲ့သည်။ ငွေကြေးဖောင်းပွမှုဟူသည် သက်ဆိုင်ရာ အချိန်ကာလတစ်ခုအတွင်း ဈေးနှုန်းများမြင့်တက်သည့် နှုန်းထားဖြစ်သည်။ ငွေကြေးဖောင်းပွမှုကို တိုင်းတာမှုအမျိုးမျိုးရှိပြီး ယေဘုယျသဘောအရ အထွေထွေဈေးနှုန်းများ မြင့်တက်မှု သို့မဟုတ် နိုင်ငံတစ်နိုင်ငံအတွင်း လူနေမှုစရိတ်များ မြင့်တက်မှုဖြစ်သည်။ မည်သို့ပင်ဆိုစေ၊ ငွေကြေးဖောင်းပွမှုဟူသည် သတ်မှတ်အချိန်ကာလ (များသောအားဖြင့် တစ်နှစ်ဟုသတ်မှတ်) တစ်ရပ်အတွင်း ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ မည်မျှပို၍ ဈေးကြီးလာသနည်းဟူသည့် အချက်သာဖြစ်သည်။

ငွေကြေးဖောင်းပွမှုနှုန်း ရေရှည်မြင့်မားနေခြင်းသည် လျော့ရဲသော ငွေကြေးဆိုင်ရာ မူဝါဒကြောင့် ဖြစ်တတ်သည်။ စီးပွားရေးတစ်ခု၏ အရွယ်အစားနှင့် နှိုင်းဆပါက ငွေကြေးရိုက်ထုတ်မှု အလွန်များပြားလျှင် ငွေကြေး၏တန်ဖိုးမှာ လျော့ကျ၍သွားမည်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ဝယ်ယူနိုင်သည့် ပါဝါကျလာပြီး ဈေးနှုန်းများမြင့်မားလာခြင်း ဖြစ်သည်။ စီးပွားရေး၏ဝယ်လိုအား သို့မဟုတ် ရောင်းလိုအား တစ်ဘက်ဘက်တွင် ဖိအားများ သက်ရောက်ခြင်းကလည်း ငွေကြေးဖောင်းပွမှုကို ဖြစ်စေနိုင်သည်။ ရေနံဈေးနှုန်း မြင့်တက်ခြင်းကဲ့သို့သော ထုတ်လုပ်မှုစရိတ်မြင့်တက်ခြင်း သို့မဟုတ် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားခြင်းအစရှိသည့် ရောင်းလိုအားအပေါ် ဖိအားဖြစ်စေခြင်းသည် ရောင်းလိုအား ကျဆင်းမှုကို ဖြစ်စေသောကြောင့် ဈေးနှုန်းမြင့်တက်ကာ ငွေကြေးဖောင်းပွမှုဖြစ်ရသည်။ ယင်းကဲ့သို့သော ငွေကြေးဖောင်းပွမှုကြောင့် ဆင်းရဲသော နိုင်ငံများသည် ချမ်းသာသော နိုင်ငံများထက်ပို၍ ယင်းဒဏ်ကိုခံကြရသည်။ စတော့ဈေးကွက်၌ ကမောက်ကမဖြစ်ခြင်းနှင့် ဗဟိုဘဏ်က အတိုးနှုန်းများကို ချပစ်လိုက်ခြင်း သို့မဟုတ် အစိုးရက အ သုံးစရိတ် မြှင့်တင်လိုက်ခြင်းကဲ့သို့သော မူဝါဒအပြောင်းအလဲများကြောင့် ဝယ်လိုအားအပေါ် ဖိအားဖြစ်စေခြင်းသည်လည်း ငွေကြေးဖောင်းပွမှုကို ဖြစ်စေသည်။ ၎င်းအပြင် လူအများ၏ မျှော်မှန်းချက်များသည်လည်း ငွေကြေးဖောင်းပွမှုအပေါ် အဓိက သက်ရောက်သောအကြောင်းတရားတစ်ရပ်ဖြစ်သည်။ လူအများက ကုန်ဈေးနှုန်းများ တက်မည်ဟု ယုံကြည်မျှော်မှန်းလာခြင်းကလည်း ငွေကြေးဖောင်းပွမှုကို ဖြစ်စေသည်။

ငွေကြေးဖောင်းပွမှုနှုန်းကို လျှော့ချရန် ရည်ရွယ်သည့် ငွေကြေးဖောင်းပွမှု တိုက်ဖျက်ရေးမူဝါဒများသည် ငွေကြေးဖောင်းပွမှု ဖြစ်ပွားရခြင်း အကြောင်းရင်းပေါ်၌ မူတည်နေသည်။ စီးပွားရေး၌ အလွန်အမင်းလှုပ်ခတ်ပြီး ဝယ်လိုအားများလွန်းပါက အတိုးနှုန်းများကို မြှင့်တင်ခြင်းဖြင့် ဝယ်လိုအားကို ထိန်းချုပ်ရန်လိုသည်။ အချို့သော ဗဟိုဘဏ်များသည် မိမိငွေကြေးနှင့် အခြားငွေကြေးများ ဆက်နွှယ်နေသည့် ငွေလဲနှုန်းကို ကန့်သတ်ရန် စည်းမျဉ်းများချမှတ်ခြင်းဖြင့် အောင်မြင်မှုရတတ်ကြသည်။ ယင်းတွင် နိုင်ငံတစ်နိုင်ငံ၏ ငွေကြေးဆိုင်ရာမူဝါဒက ငွေကြေးဖောင်းပွမှုနှင့် ဆက်နွှယ်နေကြောင်းကို ပြနေသည်။ သို့သော် ပြည်တွင်းအကြောင်းအရာများထက် ကမ္ဘာ့အကြောင်းအရာများကြောင့် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်သည့်အခါ ယင်းကဲ့သို့သော မူဝါဒမျိုးက အထောက်အကူမပြုပေ။ ၂၀၀၈ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်တွင် စားနပ်ရိက္ခာများ ဈေးနှုန်းမြင့်မားမှုနှင့် လောင်စာဆီ ဈေးနှုန်းမြင့်တက်မှုတို့ကြောင့် တစ်ကမ္ဘာလုံး၌ ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားခဲ့သည်။ ထိုစဉ်က နိုင်ငံများစွာတို့သည် ကမ္ဘာ့ဈေးနှုန်း မြင့်တက်မှုကိုလိုက်၍ ပြည်တွင်းစီးပွားရေး၌ လက်ခံခွင့်ပြုခဲ့သည်။ ယင်းကဲ့သို့ အုပ်ချုပ်ရေးပိုင်းက ဈေးနှုန်းသတ်မှတ်ပေးသည့် နည်းလမ်းများသည် ဝင်ငွေဆုံးရှုံးမှုအတွက် ထုတ်လုပ်သူများကို လျော်ကြေးပေးရန် အကြီးအကျယ် ထောက်ပံ့သည့် ဥပဒေများကို အစိုးရက ပြုလုပ်ရမှုကို ဖြစ်စေသည်။ ဗဟိုဘဏ်များသည် ငွေကြေးဖောင်းပွမှုနှင့် ပတ်သက်သော လူအများ၏ မျှော်မှန်းချက်အပေါ် ၎င်းတို့၏ သြဇာသက်ရောက်နိုင်စွမ်းကို တိုး၍တိုး၍ မှီခိုလာရသည်။ ဗဟိုဘဏ်များအနေဖြင့် လူအများ၏ စိတ်ချယုံကြည်မှု ပို၍ ရလေလေ ငွေကြေးဖောင်းပွမှုနှင့် ပတ်သက်သော လူအများ၏ မျှော်မှန်းချက်များအပေါ် ပို၍သြဇာသက်ရောက်နိုင်လေလေ ဖြစ်သည်။

ထို့ကြောင့် ငွေကြေးဖောင်းပွမှုနှုန်းသည် နိုင်ငံတစ်နိုင်ငံ၏ ငွေကြေးဆိုင်ရာမူဝါဒများအပြင် ဗဟိုဘဏ်အပေါ် လူအများ၏ စိတ်ချယုံကြည်မှုတို့နှင့်များစွာ ပတ်သက်မှုရှိနေပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

■သြဂုတ် ၂၂ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့ အာဘော်

Want your business to be the top-listed Finance Company in Mandalay?
Click here to claim your Sponsored Listing.

Address

Mandalay
952

Opening Hours

Monday 00:00 - 23:59
Tuesday 00:00 - 23:59
Wednesday 00:00 - 23:59
Thursday 00:00 - 23:59
Friday 00:00 - 23:59
Saturday 00:00 - 23:59
Sunday 00:00 - 23:59

Other Mandalay finance companies (show all)
HtunLynn HtunLynn
Mandalay

Sharing Forex Trading Knowledge

Joker Joker
Mandalay
Mandalay

Save money for yourself and your family

Unity Finance Cooperation Unity Finance Cooperation
Mandalay

Tax, Accounting and Auditing Service

Ryder - World Gold Analyst Ryder - World Gold Analyst
Mandalay, 05021

We are giving consult service to those who are interested in world gold trading and currency trading

Ko Kham - ကမ္ဘာ့ရွှေအရောင်းအဝယ်အကြံပေး Ko Kham - ကမ္ဘာ့ရွှေအရောင်းအဝယ်အကြံပေး
58Bလမ်း, 103/104 အကြား , သိပ္ပံလမ်းအနီး
Mandalay

FX advisor by Soe Moe FX advisor by Soe Moe
Mandalay, 58B 103* 104
Mandalay

Forex Advisor - Aye Chan May Forex Advisor - Aye Chan May
103/103(A), Chan May Tharsi
Mandalay, 111111

Family Online Shopping Family Online Shopping
Mandalay, 4802

မင်္ဂလာပါ။သိရှိလိုတာများကိုမေးမြန?

Su Su Kyi _ Forex Advisor Su Su Kyi _ Forex Advisor
58B လမ်း၊103*104လမ်းကြား၊ မြို့သစ်၊ ‌မန္တလေး။
Mandalay

ကမ္ဘာ့ရွှေ အကြံပေး မစုစုကြည် (Senior Business Advisor) 09-789228196

NEWT Fashion NEWT Fashion
26\27^80/81
Mandalay

Customer service!

Business Advisor-Aung Myo Min Business Advisor-Aung Myo Min
Mdy-62Aလမ်း
Mandalay

�အောင်မြင်ချင်ရင်ကိုယ်တိုင်ကြိုးစားမှရမယ်�

Financial Advisor - Ko Yazar Financial Advisor - Ko Yazar
62A X 103/103A
Mandalay

Forex Trading Class တက်လို၍ဖြစ်စေ၊ Forex Trading Account ဖွင့်လို၍ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ဗျ။