Healthy & Happy

Healthy & Happy is located in Mandalay, Myanmar. At Healthy & Happy, we believe that a healthy and happy life is key to living a fulfilling and enjoyable life.

Healthy & Happy Group is established in July, 2017 and is manufacturing variety of healthy products such as healthy meal box, Diabetic snacks, Diet cookies and breads. Welcome to Healthy & Happy page, where we've been committed to promoting health and happiness in Myanmar since our establishment in 2017. As the first nutritionist specialist business of its kind in Myanmar, we take great p

18/06/2024

"ဘာလို့ ဒါကိုဝယ်စားမိပါလိမ့်" ဆိုတဲ့ တစိမ့်စိမ့်နောင်တနဲ့ မကျေမနပ်ခံစားချက်မျိုး...ဒီလိုခံစားချက်မျိုးဆိုတာ အစားကောင်းကို မျှော်လင့်တကြီးစားလိုက်ပေမယ့် ကိုယ့်စိတ်ကူးထဲကအတိုင်း လက်တွေမကျလို့ စိတ်ပျက်လက်ပျက်နဲ့ သုံးလိုက်ရတဲ့ ပိုက်ဆံကို နှမျှောမိသလိုလို...ကိုယ့်ကိုယ်ကိုယ်ပဲစိတ်ဆိုးရမလိုလို၊ မုန့်ကိုပဲ ဒေါသထွက်ရမလိုလို...။

စိတ်ကူးနဲ့ လက်တွေ့ တထပ်တည်းကျတဲ့ snack မျိုးမရှိဘူးလားဆိုရင်တော့ Healthy & Happy Chocolate Chips Cookies ရှိတာပေါ့။

မပိုမလိုအချိုအရသာလေးနဲ့ ကွတ်ကီးချိုချိုလေး စားနေပေမယ့် တချပ်ကိုမှ 61 Cal ပဲပါအောင် အာဟာရဆရာဝန်ကိုယ်တိုင် ကြီးကြပ်တွက်ချပ်ပြီး ဖန်တီးထားတာမို့လို့ Diet လုပ်နေပါတယ်ဆိုတဲ့သူတွေတောင်မှ တချပ်ချင်းစီကို အရသာထိထိမိမိလေးစားနိုင်လို့ စိတ်ကျေနပ်ရတဲ့ ခံစားချက်က ရာနှုန်းပြည့်။

ကိုယ်လိုအပ်တဲ့ ကယ်လိုရီပမာဏကို လွယ်လွယ်ကူကူတွက်ချက်နိုင်ပြန်တော့ ၁၀၀% သက်သောင့်သက်သာစားနိုင်တဲ့ စိတ်ခံစားချက်ကလည်း ကျေနပ်စရာ။

ကြွပ်မွတဲ့ cookies ထဲမှာ ချောကလက်ရနံ့၊ အရသာ ထုံထုံသင်းတဲ့ chocolate chips လေးတွေကို မြှုပ်ထားတာမို့လို့ ကွတ်ကီးရဲ့ ကြွပ်မွမှုအပြင် chocolate chips လေးတွေရဲ့ တထောက်ထောက် တဆတ်ဆတ်ကြွပ်မွမွအထိအတွေ့က စားပြီးရင်း စားချင်၊ ဝါးပြီးရင်း ဝါးချင်နဲ့ စိတ်လှုပ်ရှားစရာကောင်းနေရော။

ကိုယ်စားချင်တာလေးကို စားလိုက်ရတဲ့အချိန်မှာလေ မျှော်လင့်ထားတဲ့အတိုင်း ပြန်ရလိုက်တဲ့ ခံစားချက်မျိုးက "ပေးရတာတန်တယ်" ဆိုတဲ့ စိတ်ကျေနပ်မှုမျိုးနဲ့အတူ ကိုယ်ကိုယ်တိုင်ပါ အားပြည့် လန်းဆန်းတတ်ကြွနေရော မဟုတ်ပါလား...။

မှတ်ချက်။ ။ ဆီးချိုဝေဒနာရှင်များစားသုံးရန် မသင့်ပါ။

Join us on Viber: https://invite.viber.com/?g2=AQAcIqnYI6RHU1L4Y2Jg8Y8DhB3k69Wo4QxDpdzTB9JkpQ4L5WTVYR8G2ruOuhVN

&Happy

Photos from Healthy & Happy's post 14/06/2024

“ဆီးချိုကွတ်ကီးမို့လို့ ဆီးချိုမရှိရင် စားဖို့မလိုဘူးလား” ဆို...
“လိုတာပေါ့” ကျန်းမာမှ ဘာပဲလုပ်လုပ် စိတ်သွားတိုင်းကိုယ်ပါနိုင်မယ့်ခေတ်မှာ ကျန်းမာဖို့ဆိုတာ ကိုယ်တိုင်ကနေ ပြောင်းလဲရမှာပါ...။
Healthy & Happy က ဘာတွေပြောင်းလဲပေးနိုင်သလဲဆိုရင် သေချာတာတခုကတော့
တနေ့တာစားသုံးတဲ့ ကယ်လိုရီပမာဏ၊ ကာဘိုဟိုက်ဒရိတ်ပမာဏ၊ အချိုပမာဏကို လျှော့ချပေးနိုင်ပါတယ်။

အာဟာရဆရာဝန်ရဲ့ ကြီးကြပ်မှုနဲ့ တစ်ချပ်ချင်း တတုံးချင်းစီရဲ့ အာဟာရပါဝင်နှုန်းကို တွက်ချက်ပြီး တိတိကျကျဖော်ပြထားတဲ့ Low Calories, Low Carbs ကွတ်ကီးလေးတွေ စားလိုက်လို့ ဘာတွေထူးခြားလာမလဲဆိုရင်တော့...
1️⃣အချိုလုံးဝမသုံးဘဲ ဖန်တီးထားတာကြောင့် ဆီးချိုဝေဒနာရှင်တွေအထိပါစိတ်ချလက်ချ စားသုံးနိုင်ပါတယ်။
2️⃣ကယ်လိုရီစားသုံးမှုကိုလျော့‌ချလိုက်တဲ့အတွက် ဝိတ်လျှော့ရာမှာ အထောက်အကူပြုသလို ဝိတ်ထိန်းတဲ့နေရာမှာလည်း အကျိုးသက်ရောက်မှုရှိစေပါတယ်။
3️⃣ကာဘိုဟိုက်ဒရိတ်ရိတ်နည်းလို့ သွေးတွင်းသကြားဓာတ်ပမာဏမြင့်တတ်တာကို ကာကွယ်ပေးနိုင်တဲ့အတွက် ဆီးချိုဝေဒနာရှင်တွေအတွက် အသင့်တော်ဆုံးပါ။
4️⃣Low Cal, Low Carbs ကွတ်ကီးတွေကို စားသုံးတဲ့အတွက် အချိုနဲ့ ပြုပြင်ထားတဲ့ carbohydrate တွေကို လျော့ချပေးပြီး ဆီးချိုရောဂါ၊ အဝလွန်ခြင်းနဲ့ နှလုံးရောဂါတို့လို နာတာရှည်ရောဂါတွေကိုလည်း လျှော့ချပေးပြီးသားဖြစ်စေပါတယ်။
5️⃣ဆီးချိုတတ်နှုန်းနည်းတဲ့ ပါဝင်ပစ္စည်းတွေကြောင့် ဆီးချိုအတတ်အကျမြန်ပြီး ပင်ပန်းနွမ်းနယ်တာ၊ နှေးကွေးလေးလံတာမျိုး၊ မကြာခဏ ဆာလောင်တာမျိုးမဖြစ်စေဘဲ တနေ့တာလုံး မျှမျှတတနဲ့ အင်အားပြည့်ဝနေစေမှာပါ အသေချာပါပဲ။

ရန်ကုန်အိမ်တိုင်ရာရောက် 24 ရက်နေ့ ပို့ဆောင်ပေးမှာဖြစ်လို့ မှာယူမယ်ဆိုရင်တော့ Hello သာလုပ်လိုက်တော့နော်။
&Happy

12/06/2024

Healthy & Happy ချစ်သူတွေရဲ့ တနေ့တာအချိန်ထဲက အနည်းငယ်ကို July လ ၈ ရက်နေ့အထိ အနည်းငယ်လေးယူခွင့်ပြုပါလို့ ပထမဆုံးအနေနဲ့ မေတ္တာရပ်ခံ တောင်းဆိုပါရစေနော်။ 🙏🙏🙏

စွန့်ဦးတီထွင်လုပ်ငန်းတွေကို ကမ္ဘာလုံးဆိုင်ရာအဆင့်အထိ ရောက်ရှိလာအောင် အသိအမှတ်ပြု၊ လှုံ့ဆော်အားပေးရင်းနဲ့ မတူညီကွဲပြားတဲ့ နယ်ပယ်အသီးသီးက startup ဝါသနာရှင်တွေ၊ စွန့်ဦးတီထွင်သူတွေ၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ startup လုပ်ငန်းတွေကြီးထွားအောင် ပံ့ပိုးပေးမယ့် ‌အထောက်အပံ့တွေကို ချိတ်ဆက်ပေးဖို့ လုပ်ဆောင်နေတဲ့ Global Startup Awards မှာ

Healthy & Happy အနေနဲ့ Best Health Tech 2023 Category မှာ Finalist အဖြစ် ရွေးချယ်ထားရပါကြောင်း သတင်းကောင်းလေး ဦးစွာပါးပါရစေ။

Global Startup Awards ရဲ့ Regional Award Winner ကိုတော့ ဇူလိုင်လ ၈ ရက်‌နေ့မှာ ကြေငြာသွားမှာဖြစ်ပြီး အာဆီယံနိုင်ငံတွေနဲ့ ယှဉ်ပြိုင်ရမယ့် Regional အဆင့်မှာ Winner ဖြစ်ဖို့ Healthy & Happy ချစ်သူတွေရဲ့ အားပေးထောက်ခံမှုတွေအများကြီး လိုအပ်နေပါတယ်။

၂၀၁၇ ခုနှစ် မန္တလေးမှာ Meal Box လေးတွေကနေ အစပြုခဲ့တဲ့ Healthy & Happy အနေနဲ့လည်း ၇ နှစ်တာကာလအတွင်း အားပေးချစ်ခင်မူပေါင်းများစွာကြောင့်

Local ကနေ အာဆီယံနိုင်ငံတွေနဲ့ ယှဥ်ပြိုင်ရမယ့် Regional...
Regional ကနေတဆင့် Global အထိ လျှောက်လမ်းဖို့ အသင့်ဖြစ်နေပြီမို့လို့

Healthy & Happy ချစ်သူတစ်ဦးချင်းစီကိုလည်း

အောက်မှာ ပေးထားတဲ့ Link လေးကို တစ်နေ့တစ်ကြိမ်ဝင်ပြီး

https://public-voting.globalstartupawards.com/competition-public-voting/633e955aa225bb5bd095e6dd?nominationId=664a044dd2ec1204548bc00f

1. Terms & Policy ဆိုတဲ့ Box လေးကို Tick လုပ်
2. Vote with email ကို ရွေးပြီး
3. အမည်၊ email address ထည့်ပြီး submit လုပ်ပေးရင်း ချစ်ခင်အားပေးမှုကို ပြသပေးပါဦးလို့ မေတ္တာရပ်ခံတောင်းဆိုပါစေနော်။
&Happy

11/06/2024

အဆာပြေမုန့်စားခြင်းမှာ စိတ်ဆန္ဒကျေနပ်တင်းတိမ်သွားရမယ်ဆိုတာထက်ကျော်လွန်ပြီး အာဟာရဖြစ်ရမယ်၊ ကျန်းမာရေးနဲ့ ညီညွတ်ရမယ်၊ လက်လှမ်းမီနိုင်တဲ့စျေးနှုန်းတခုလည်းဖြစ်ရမယ်၊ မုန့်လေးစားရင်း နေ့စဉ်ဘဝမှာ လိုအပ်တဲ့ ပရိုတိန်း၊ ကယ်လိုရီတွေရဲ့ အရေးကြီးပုံကို နားလည်သဘောပေါက်လာရမယ်ဆိုတဲ့ ရည်ရွယ်ချက်ကောင်းတွေနဲ့ အစပြုခဲ့တဲ့ Healthy & Happy ဟာ အခုဆိုရင်
ဆီးချိုဝေဒနာရှင်တွေကနေစလို့ ကင်ဆာဝေဒနာရှင်တွေအပါ
ဝိတ်ထိန်းနေသူတွေပါမကျန် ကလေး လူကြီးမရွေး စိတ်ချလက်ချစားနိုင်အောင်
အာဟာရဆရာဝန်နဲ့ ပူးပေါင်းပြီး
မုန့်တစ်ချပ်ချင်း၊ တဇွန်းချင်းစီရဲ့ အာဟာရတန်ဖိုးကို တိတိကျကျ သေသေချာချာဖော်ပြထားတဲ့
မြန်မာ့ပထမဆုံး ဟင်းနုနွယ်ကွတ်ကီး၊ ဆီးချိုဝေဒနာရှင်တွေပါစားနိုင်တဲ့ ပျစ်ဆေးလုံးဝမပါဝင်တဲ့ မြန်မာ့ပထမဆုံး Peanut Butter အပါအဝင် ကွတ်ကီးအဖုံ အစုံစုံဟာ Lazada Thailand App ပေါ်ရောက်ရှိလာပြီဆိုတဲ့အကြောင်း ဂုဏ်ယူစွာနဲ့ အသိပေးကြေငြာပါရစေ။

Follow us on Lazada : https://s.lazada.co.th/s.oec7l
&Happy

Photos from Healthy & Happy's post 07/06/2024

"တနင်္လာနေ့ရန်ကုန်အိမ်အရောက်ပို့ပေးမယ့် မုန့်ကားလေးအတွက် အော်ဒါတင်ပြီးပါပြီလား" Healthy & Happy ချစ်သူတို့ရေ...

ရွေးချယ်ရခက်နေတယ်ဆိုရင်တော့ ပုံတပုံချင်းစီထောက်ကြည့်ပြီး အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်အပြည့်အစုံလေးနဲ့ အော်ဒါလေးတင်လိုက်တော့နော်။
&Happy

05/06/2024

အချိုမပါ ပေါ့ပျက်ပျက်ဖွယ်တယ်တယ် နေ့ရက်တွေကို အစားထိုးဖို့အကောင်းဆုံးက Healthy & Happy Yogurt Cake ပါ...

သွားရဲ့ကြွေလွှာလေးတွေကတောင် နူးညံ့မှုအတိခံစားနေစေရအောင် ပဲပြားတုံးလေးတမျှ စိုမြနုအိတဲ့အထိအတွေ့...
ဒိန်ချဉ်ရနံ့လေး ခပ်သင်းသင်းနဲ့မို့လို့ စိတ်ကြည်လန်းဆန်း ခံတွင်းရှင်းသန့်သွားစေမယ့် ချဉ်ပြုံးပြုံးအရသာ...
အဆီထုတ်ဒိန်ချဉ်သုံးထားရုံမက အချိုမပါ ဂျုံမပါတာမို့လို့ ဆီးချိုဝေဒနာရှင်တွေသာမက Diet လုပ်နေသူတွေအထိပါ
စားလိုက်တိုင်း ကျန်းမာရေးနဲ့ ညီညွတ်နေမယ်ဆိုတဲ့အသိရှိတဲ့ ကိတ်ဆိုတာ Healthy & Happy ရဲ့ ဒိန်ချဉ်ကိတ်ပါ။

&Happy #ဒိန်ချဉ်ကိတ်

04/06/2024

ချစ်ခင်တန်ဖိုးထားရတဲ့ Healthy & Happy ချစ်သူတွေအတွက်နဲ့ အဆက်အသွယ်မပြတ်ဖို့၊ အမြဲတမ်း update တွေပေးနိုင်ဖို့၊ မုန့်မှာတဲ့အခါ အဆင်ပြေပြေချောချောမွေ့မွေ့မှာယူနိုင်ဖို့ Healthy & Happy Viber Community လေးကို ကြွလှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါရစေရှင့်။

http://surl.li/uesol

&Happy

Photos from Healthy & Happy's post 31/05/2024

အစစအရာရာချွေတာနေရတဲ့ကာလမို့လို့ အပြင်စာတွေတတ်နိုင်သလောက်ရှောင်မယ်၊ အိမ်မှာနေရင်း စျေးနှုန်းလည်းသက်သာ ကျန်းမာရေးနဲ့လည်း ညီညွတ်မျှတတဲ့ အစားအသောက်တွေပဲ စားမယ်လို့ဆုံးဖြတ်ထားသူတွေအတွက်
တနင်္လာနေ့တိုင်း ရန်ကုန်အိမ်အရောက်ပို့ဆောင်ပေးဖို့ Healthy & Happy က အဆင်သင့် ဖြစ်နေပါပြီ။
Payday လေးလည်းဖြစ်ပြန်တော့ မုန့်လေးတွေစုံစုံစိစိ မှာကြရအောင်လား..။

ဘာစားရမလဲ ဘာစားကြမလဲဆိုရင်တော့ recommend အပေးချင်ဆုံးကတော့
1️⃣တချပ်စားရုံနဲ့ အသားဓာတ် ၄ ဂရမ်ပါဝင်ပြီး ၃ ချပ်စားတာနဲ့ ထမင်းတစ်ပန်းကန်၊ အသား ၂ တုံး အာဟာရနဲ့ ညီမျှတဲ့ Protein Bite ပါပဲ။ အဝါရောင် စတစ်ကာနဲ့ Protein Bite (Diabetes) ကတော့ ဆီချိုသမားတွေအထိ စိတ်ချလက်ချစားနိုင်တဲ့ sugar free၊ ‌အနီရောင်စတစ်ကာလေးနဲ့ Protein Bite (Original) ကတော့ အချိုကြိုက်တဲ့ သားသား မီးမီးတွေပါစားနိုင်အောင် ချောကလက် အချိုအရသာလေးနဲ့ပေါ့။
2️⃣သွားရင်းလာရင်း ဗိုက်ဆာတာမျိုး၊ ညရေးညတာ ဗိုက်ဆာတတ်တာမျိုးတွေအတွက် အပိုငွေမကုန်ဘဲ အလွယ်တကူဖြေရှင်းချင်တယ်ဆိုရင်တော့ အဆာခံပြီး ကြွပ်ရွတဲ့ Oats Cookies လေးကိုသာ ဆောင်ထားပါလို့။
3️⃣မိုးသည်းညနေခင်းတွေမှာ အိမ်မှာနေရင်း coffee လေးတခွက်နဲ့ chill ဖို့ မုန့်လေး အသင့်ရှိနေဖို့ဆိုရင်တော့ သစ်ကြပိုးရနံ့ ခပ်ပြေပြေခပ်သင်းသင်းလေးနဲ့ Cinnamon Cookies လေးက ဆောင်ထားသင့်ဆုံးပါ။
4️⃣Rush ဖြစ်တဲ့ နံနက်ခင်းတွေမှာလည်း Healthy ဖြစ်ပြီး budget save ဖြစ်ဖို့ဆိုရင် ဆီးချိုသမားတွေအထိ စားနိုင်အောင် အချိုလုံးဝမပါဝင်တဲ့၊ ပျစ်ဆေးလုံးဝ မသုံးထားတဲ့ မြန်မာ့ပထမဆုံး Peanut Butter လေးရယ်၊ အဆာခံတဲ့ Whole Meal Bread, Nuts Bread လေးနဲ့လည်း တွဲစားလို့ရသေးတာ။
5️⃣နေပူပူ မိုးရွာရွာ အစားအသောက်ပျက်လို့ ခံတွင်းလေးရှင်းသွားအောင်ပဲဖြစ်ဖြစ် အချို အချဥ်လေးတည်းဖို့လိုလာတာဖြစ်ဖြစ် အဆီထုတ်ထားတဲ့ ဒိန်ချဉ်နဲ့ ဖန်တီးထားပြီး ဒိန်ချဉ်ရနံ့ခပ်သင်းသင်းလေးကိုမှ ချဉ်ပြုံး ချဉ်ပြုံးအရသာလေးနဲ့ ဒိန်ချဉ်ကိတ်လေးကိုလည်း ဆက်ဆက်သုံးဆောင်ကြည့်ပါဉီးလို့။
6️⃣ညဘက်အိပ်ကာနီး၊ ရုပ်ရှင်ကြည့်ရင်း၊ ဖုန်းသုံးရင်း အပျင်းပြေ တကြွပ်ကြွပ်ဝါးချင်တယ်ဆို နှမ်းနံ့လေးတသင်းသင်းနဲ့ တချပ်မှ ၁၅ ကယ်လိုရီပဲပါတဲ့ နှမ်းမုန့်ကြွပ်လေးကလည်း အဆင်ပြေနေစေပါရော။

မှာယူမယ်ဆိုရင်တော့ အမည်၊ လိပ်စာ၊ ဖုန်း အပြည့်အစုံလေးနဲ့ Hello လုပ်လိုက်တော့နော်။
&Happy

30/05/2024

မိုးအေး‌အေး စိုစိစိ ညနေခင်းတွေကို ‌နွေးထွေးသွားစေမယ့် တခုတည်းသော Healthy & Happy Cinnamon Cookies
မရွာခင်ညှို့မှိုင်းလာတဲ့ ကောင်းကင်ကြီးရယ်...အိမ်ခေါင်မိုး၊ သစ်ရွက်တွေ‌ပေါ် တဖြောက်ဖြောက် တဒေါက်‌ဒေါက်ကျလာတဲ့ မိုးစက် မိုးပေါက်တွေရဲ့ အသံတွေရယ်က စည်းချက်ကျကျတော့ လှပနေပါရဲ့။

ဒါပေမယ့် ထိုင်ခုံအစ ကြမ်းပြင်အဆုံး အေးစိမ့်စိမ့် စိုစိစိနဲ့ နေရထိုင်ရခံစားချက်ကတော့ မသက်မသာဖြစ်လိုက်တာ...
ဒီလိုအချိန်မျိုး နွေးနွေးထွေးထွေးဖြစ်သွားစေမယ့် activity လေးတစ်ခုလောက်ကိုများ စဉ်းစားနေတယ်ဆို Healthy & Happy Cinnamon Cookies ကို စားကြည့်ပါလို့...။

Cinnamon cookies ဆိုလို့ နှာခေါင်းထဲ ဆူးကနဲ ထောင်းကနဲ တိုးတဝင်လာတဲ့ သစ်ကြပိုးနံ့ ခပ်ပြင်းပြင်းလို့တော့ မထင်လိုက်ပါနဲ့။

နွေးနွေး‌ထွေးထွေးလေးနဲ့ spicy ဖြစ်တဲ့ ရနံ့ပြေပြေလေးကိုမှ
သဘာဝအတိုင်း sweet ဖြစ်တဲ့ အရသာလေးက ပြန်ထိန်းပေးထားတဲ့ ကွတ်ကီးမျိုး။

ဆီးချိုသမားတွေပါ စားလို့ရအောင် အချိုလုံးဝမသုံးထားလို့ သဘာဝဆန်ဆန်ချိုနေတာလေးက စားရတာ ဖွယ်တယ်တယ်နဲ့ ပျင်းစရာမကောင်းတော့တဲ့အပြင်

အေးစိမ့်စိမ့် မိုးရာသီညနေခင်းတွေမှာ ချိုချို နွေးနွေးအထိအတွေ့လေးလေးက ဘယ်လောက်တောင် ကျေနပ်စရာကောင်းနေလိုက်မလဲ။

ဒါတင်မကပါဘူး။ သစ်ကြပိုးဟာ...
1️⃣ရောင်ရမ်းခြင်းကို ကျစေတယ်...
2️⃣သွေးတိုး၊ နှလုံးရောဂါဖြစ်စေတဲ့ မကောင်းတဲ့ကိုလက်စထရောကို ကျဆင်းစေပြီး အကျိုးပြုကိုလက်စထရောတွေကို တည်ငြိမ်အောင်ထိန်းထားပေးနိုင်တယ်...
3️⃣အင်ဆူလင်အာနိသင်ကို အာရုံခံလုပ်ဆောင်နိုင်စွမ်းတိုးတက်လာအောင် အထောက်အကူပြုတဲ့အတွက် သွေးတွင်းသကြားဓာတ်ကို ကောင်းကောင်းထိန်းပေးနိုင်လာမယ်...
4️⃣မှိုစွဲတာကြောင့်ဖြစ်တတ်တဲ့ အသက်ရှူလမ်းကြောင်း ရောဂါတွေကို သက်သာစေနိုင်တယ်...
5️⃣ဘက်တီးရီးယားကြောင့် သွားတွေပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါသေးတဲ့ အကျိုးတွေလည်း ရှိနေပြန်တော့

မိုးရာသီ ညနေခင်း အဆာပြေမုန့်လေးလည်းစားရင်း ကျန်းမာရေးအတွက်လည်း ဂရုစိုက်ရင်း...။

&Happy #သစ်ကြပိုး #ဆီးချို

Photos from Healthy & Happy's post 28/05/2024

THAIFEX-Anuga Asia 2024 EXPO
Day 1
Healthy & Happy မှာဘာတွေထူးခြားနေမလဲ...?
&Happy

27/05/2024

Healthy & Happy ချစ်သူများအားလုံးပဲ မင်္ဂလာပါ...
အရှေ့တောင်အာရှရဲ့ အကြီးမားဆုံးသော Food & Beverage ကုန်စည်ပြပွဲကြီးတစ်ခုဖြစ်တဲ့ THAIFEX-Anuga Asia 2024 ပွဲကြီးကို မေလ 28 ရက်နေ့ကနေ ဇွန်လ ၁ ရက်နေ့အထိ IMPACT, Muang Thong Thani, Bangkok မှာ ကျင်းပသွားတော့မှာဖြစ်ပြီး
Healthy & Happy အနေနဲ့လည်း ဂုဏ်ယူစရာ မြန်မာ့ထုတ်ကုန်အနေနဲ့ ပါဝင်ပြသသွားမှာဖြစ်တဲ့အတွက်
ထိုင်းနိုင်ငံက Healthy & Happy ချစ်သူတွေအနေနဲ့လည်း Protein Bite အပါအဝင် ဆီးချိုဝေဒနာရှင်တွေပါ သုံးဆောင်နိုင်တဲ့ မြန်မာ့ပထမဆုံးသော ဟင်းနုနွယ်ကွတ်ကီးအပါအဝင် Peanut Butter တွေကို လာရောက် ကြည့်ရှု ဝယ်ယူနိုင်ဖို့ ဖိတ်ခော်ပါရစေနော်။

Hello Healthy & Happy Lovers,
Join us at 𝐓𝐇𝐀𝐈𝐅𝐄𝐗-𝐀𝐧𝐮𝐠𝐚 𝐀𝐬𝐢𝐚 𝟐𝟎𝟐𝟒, one of Southeast Asia's largest food and beverage Exhibition, from May 28 to June 1 at IMPACT, Muang Thong Thani, Bangkok.
Healthy & Happy is excited to participate as a proud Myanmar product. We would like to invite our customers in Thai to visit us and discover our delicious 𝗠𝘆𝗮𝗻𝗺𝗮𝗿’𝘀 𝗙𝗶𝗿𝘀𝘁 𝗘𝘃𝗲𝗿 𝗗𝗶𝗮𝗯𝗲𝘁𝗶𝗰-𝗙𝗿𝗶𝗲𝗻𝗱𝗹𝘆 𝗣𝗲𝗮𝗻𝘂𝘁 𝗕𝘂𝘁𝘁𝗲𝗿, 𝗣𝗿𝗼𝘁𝗲𝗶𝗻 𝗕𝗶𝘁𝗲, 𝗮𝗻𝗱 𝗦𝗽𝗶𝗻𝗮𝗰𝗵 𝗰𝗼𝗼𝗸𝗶𝗲.
See you there!

Photos from Healthy & Happy's post 24/05/2024

“အနှောင့်ယှက်မဖြစ်စေတဲ့ တကြွပ်ကြွပ်မြည်သံ..."
မိုးကလည်း ခပ်စိပ်စိပ်လေးရွာလာပြီ...ဆိုတော့
ဝရန်ဒါရှေ့၊ အိမ်ရှေ့ တံစက်မြိတ်အောက် ကုလားထိုင်လေးတလုံးနဲ့ အကျအနနထိုင်၊ ကော်ဖီနွေးနွေးလေး တခွက်သောက်၊ မိုးစက်မိုးပေါက်လေးတွေရဲ့ တဖြောက်ဖြောက်အသံလေးကို နားထောင်ရင်း အနည်းဆုံး တွေး ငေး ဆွေး ဖူးကြမယ်ထင်ပါရဲ့။

ကော်ဖီနဲ့အတူ cookies လေးပါ တွဲလိုက်ရင်ရော မပြည့်စုံသွားဘူးလား။

ပြည့်စုံတာပေါ့။ ဒါပေမယ့် ကွတ်ကီးရဲ့ မာဆတ်ဆတ် ကြွပ်ခြောက်ခြောက်နဲ့ အသံက ဝါးရတာ နားအနှောင့်အယှက် ဖြစ်မှာစိုးရိမ်မိတယ်...

ချိုလွန်း၊ ငန်လွန်း၊ ဆိမ့်လွန်း၊ ရနံ့ပြင်းလွန်းတဲ့ ကွတ်ကီးတွေကြောင့် မိုးစက်မိုးပေါက်တွေကို အရသာခံရတာ အာရုံပျက်တယ်ဆိုတဲ့သူတွေအတွက် Healthy & Happy ရဲ့ cookies လေးတွေကို ရွေးချယ်စေချင်တယ်။

ဆီးချိုသမားတွေပါစားလို့ရအောင် အချိုလုံးဝမသုံးထားဘဲ သဘာဝကျကျ ချို ပေါ့ စိမ့် အရသာလေးတွေရယ်

အိန္ဒြေရရ ခပ်မွမွ ကြွပ်မွတဲ့အသံလေးက အကြားအာရုံ၊ အရသာအာရုံ ဘာတခုမှ အနှောင့်အယှက်ဖြစ်မှာ စိုးရိမ်စရာကို မလိုရ။
Low calories cookies လေးတွေဖြစ်ပြန်တော့ အတွေးလွန် အငေးလွန် ဈာန်ဝင်ပြီး တရားလွန် စားမိလို့ ဝိတ်တတ်မှာမျိုးလည်း ပူစရာမလိုရပြန်။

နောက်တခုရှိသေးတယ်။ Healthy & Happy Peanut Butter... အရောင်တု၊ အနံ့တု၊ ပျစ်ဆေးလုံးဝမသုံးထားဘဲ မြေပဲရဲ့ သဘာဝဆန်ဆန် နွေးထွေးပြီး earthy ဖြစ်တဲ့ ရနံ့လေးမို့လို့ မိုးရဲ့ လတ်ဆတ်စိန်းလန်းတဲ့ ရနံ့ရယ်၊ Peanut Butter ရဲ့ နွေးထွေးပြီးရင်းနှီးဖော်ရွေတဲ့ ရနံ့ရယ်က လွမ်းစရာ...။

ရန်ကုန်က Healthy & Happy ချစ်သူတွေအတွက် မဖြစ်မနေမှာစေချင်တာကတော့ တပါတ်မှ တကြိမ်ပဲ ရန်ကုန်ရောက်တဲ့ Nuts Cake ပါပဲ။ မိုးအေးအေးလေးမှာ ကော်ဖီ/ ရေနွေးကြမ်း ပူပူလေးတခွက်ရယ်၊ အချိုမပါ သဘာဝကျကျ အစိမ့် အရသာနဲ့ Nuts Cake လေးရယ် စားလိုက်ရတဲ့အရသာကလေ မိုးရွာတိုင်း သတိတရကို ဖြစ်နေမှာအသေချာပဲ။

တနင်္လာနေ့တိုင်း ရန်ကုန်အိမ်အရောက်ပို့ဆောင်ပေးမှာမို့လို့ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် အပြည့်အစုံလေးနဲ့အော်ဒါတင်လိုက်ကြရအောင်။

&Happy

21/05/2024

#အိပ်ပျက်ချွေးထွက်ညတွေကိုနှစ်သိမ့်ပေးမယ့်တခုတည်းသောPeanutButter
Peanut Butter တစ်ဇွန်းကလေ လူတယောက်ရဲ့ စိတ်ကို Healing လုပ်ပေးနိုင်တယ်ဆိုရင် ယုံကြပါ့မလား...။

အထူးသဖြင့် မျက်လုံးနှလုံးပွင့်ချိန်မှာတောင် မှောင်မိုက် လောင်မြိုက် ချွေးတပြိုက်ပြိုက်နဲ့ အိပ်ရေးပျက် ညတွေလိုမျိုးမှာပေါ့...။

#ရနံ့
Peanut Butter ဗူးကို ဖွင့်လိုက်တဲ့အချိန် ပြေပြေလေးထွက်လာတဲ့ ရနံ့လေးက ဘာဆို ဘာနဲ့မှ မတူဘူး။
မြေပဲတော့ မြေပဲရနံ့လေးပဲပေါ့...။ ဒါပေမယ့်လေ နွေးထွေးမှုကို ခံစားနေရတယ်။ ကိုယ့်အိမ်ကိုယ့်ရာလို သက်သောင့်သက်သာဖြစ်နေစေတဲ့ ခံစားချက်မျိုးလေးနဲ့ ထူးထူးခြားခြား စိတ်ကို သက်သောင့်သက်သာဖြစ်နေစေပြီး ဘာမှန်းမသိတဲ့အရာတခုကို တသသလွမ်းဆွတ်မိသွားစေတဲ့ နွေးနွေးထွေး ထွေးရနံ့လေးနော်။

#အရသာ
ဇွန်းလေးနဲ့ခပ်ပြီး ပါးစပ်ထဲထည့်လိုက်ပြီဆိုပါစို့...။
ပထမဆုံးရလာမယ့် အရသာလေးက စိတ်ကို ကျေနပ် တင်းတိမ်သွားလောက်အောင် ကျေနပ်နေစေရမယ့် နက်နက်ရှိုင်းရှိုင်း စိမ့်မွှေးနေတဲ့ မြေပဲအရသာလေး...။

မြေပဲနောက်က ကပ်လျက်လေးပါလာတာက ခပ်ချိုချိုအရသာလေး။ ချိုတော့ချိုတယ်။ ဆေးသကြား/ သကြားသုံးထားတဲ့ အချိုမဟုတ်၊ ဆီးချိုသမားတွေပါစားလို့ရတဲ့ သဘာဝဆန်ဆန်အချိုအရသာလေးရယ်...

ခံတွင်းထဲရောက်ပြန်တော့လည်း ပျစ်ဆေးမသုံးထားတဲ့ Peanut Butter လေးဖြစ်နေပြန်တော့ ချောမွတ်နေတဲ့ ကတ္တီပါစလေးနဲ့ ထိတွေ့နေရသလို လည်ချောင်းထဲ လျှောလျှောရှူရှူ ဝင်သွားတဲ့အရသာ...။ ဟုတ်တယ်လေ မီးပျက်နေတုန်း Peanut Butter စားပါတယ်။ ပျစ်စေးပြီး ကပ်နေရင် အမှောင်ထဲ ပိုပြီး စိတ်အနှောင့်ယှက်ဖြစ်နေရတော့မှာပေါ့။

တခုတော့ရှိတယ်နော်။ မှောင်မိုက် လောက်မြိုက်နေရတဲ့ ဉာဉ့်နက်တွေကို သက်သောင့်သက်သာဖြစ်သွားအောင် ဒီလို ရနံ့၊ အရသာကို အတိအကျ အပြည့်အဝ ရဖို့ဆိုတာလေ မြန်မာနိုင်ငံမှာ ဆီးချိုဝေဒနာရှင်တွေအထိပါစားနိုင်အောင် ထုတ်ပေးထားတဲ့ ပထမဦးဆုံးသော Healthy & Happy Peanut Butter နဲ့မှဖြစ်မှာ...။

&Happy #ဆီးချို

Photos from Healthy & Happy's post 17/05/2024

မီးပျက်တာချင်းတူရင်တောင် Healthy & Happy ဆောင်ထားတဲ့သူတွေက တပန်းသာနေတယ်။ ဘာလို့လဲ သိလား😎

1️⃣Protein Bite (Diabetes/Original)
၃ ချပ်စားရုံနဲ့ ထမင်းတပန်းကန်၊ အသား ၂ တုံးရဲ့ အာဟာရနဲ့ ညီမျှတယ်ဆိုတော့ ထမင်းအိုးတည်လို့ မမီလိုက်တာဖြစ်ဖြစ်၊ ဟင်းချက်ရင်းတန်းလန်း မီးပျက်သွားတာပဲဖြစ်ဖြစ်၊ မီးပျက်မှာစိုးလို့ ဈေးကိုကတိုက်ကရိုက် သွားရတဲ့ သောကမျိုးတွေ ကင်းပြီလေ။
နံနက်စာမမီဘူးလား... Protein Bite လေး ၃ ချပ်စား၊ ကော်ဖီ/လက်ဖက်ရည်၊ နို့လေးသောက်။
ရုံးပြန်လာလို့မီးပျက်နေသေးလား။ Protein Bite လေးပဲထပ်စား။
အာဟာရလည်း ပြည့်နေမယ်။ မီးစောင့်ပြီး ထမင်းဟင်းချက်ရတဲ့ သောကလည်း ကင်းဦးမယ်။
အဝါရောင်စတစိကာလေးနဲ့ကတော့ အချိုလုံးဝမပါတဲ့ မြေပဲရဲ့ အစိမ့်အရသာလေးနဲ့မို့လို့ ဆီးချိုဝေဒနာရှင်တွေအတွက်လည်းအဆင်ပြေ။
အနီရောင်စတစ်ကာလေးနဲ့ကတော့ ချောကလက် အချိုအရသာလေးလည်း ပါသမို့ သားသားမီးမီးတွေလည်း သိပ်ကြိုက်ချင်စရာပေါ့။

2️⃣ဟင်းနုနွယ်ကွတ်ကီး
ကြုံဖူးတယ်မလား ဟင်းသီးဟင်းရွက် ချွေနေ သန့်စင်နေတုန်း မီးပျက်သွားတာမျိုးတွေ။ Healthy & Happy ဟင်းနနွယ်ကွတ်ကီးလေးဆောင်ထားသ၍တော့ မီးပျက်လို့ ဟင်းသီးဟင်းရွက် မစားလိုက်ရမှာမျိုး စိတ်ပူစရာ ဘယ်လိုပါတော့မလဲ။

3️⃣Peanut Butter
Peanut Butter လေးကိုက ဆောင်ကို ဆောင်ထားပြီး စားစေ့ချင်တယ်။ ညဘက် ပူပူလောင်လောင် အိပ်ရေးမဝဘဲ စိတိမကြည်မလင်နိုးလာရတဲ့ နံနက်ခင်းလိုမျိုးမှာလေ...Peanut Butter လေးနဲ့ ပေါင်မုန့်လေးမှာ သုပ်ပြီးတော့ စားသာစား။ ဗူးလေးစဖွင့်လိုက်တည်းက ထွက်လာတဲ့ မြေပဲရနံ့သင်းသင်းလေးကလေ ပျစ်ဆေးမပါလို့ လျှာပေါ်အလွယ်တကူ ပျော်ဝင်သွားတဲ့အရသာအထိ စိတ်ကို ကြည်သွားစေရောပဲ။ Sugar Free မို့လို့ ဆီးချိုဝေဒနာရှင်တွေပါ စားလို့ရတာ အားသာချက် တစ်ခုနော်။

4️⃣Nuts Cake
မီးပျက်လို့ သက်ပြင်းတွေအကြိမ်ကြိမ်ချနေမယ့်အစား Nuts Cake လေးစားပါလား။ Cake သားထဲက Nuts တွေရဲ့ တထုတ်ထုတ်အထိအတွေ့လေးက ပူလောင်နေတဲ့စိတ်ကို အာရုံပြောင်းသွားစေလိမ့်မှာ။ ပြီးတော့ အာဟာရလည်း ဖြစ်ဦးမှာ။

တနင်္လာနေ့တိုင်း ရန်ကုန်အိမ်အရောက်ပို့ပေးတာမို့လို့ မီးပျက်တဲ့နေ့တွေ ညတွေကို ခွန်အားအပြည့်နဲ့ ကျော်ဖြတ်ဖို့ စဉ်းစားထားပြီဆို အခုကတည်းက အော်ဒါတင်လိုက်တော့နော်။

&Happy

15/05/2024

“အချစ်ကို အရောင်အဆင်း အနံ့ အရသာနဲ့ ဖော်ပြလို့မရ” ဆိုတာ Healthy & Happy ရဲ့ Nuts Cake ကို မစားဖူးသေးလို့ပါ...။
#အချစ်ရဲ့အလှ
Healthy Relationship တခုက ပြင်းပြတဲ့ စိတ်အားထက်သန်မှု၊ ရင်းနှီးကျွမ်းဝင်မှု နဲ့ အလေးထားမှု (၃) မျိုးလုံး ဟန်ချက်ညီနေမှမွေးဖွားလာသလိုပဲ...
Healthy & Happy Nuts Cake ဆိုတာကလည်း အချိုလုံးဝမသုံးထားဘဲ သဘာဝဆန်တဲ့ ချိုမြမှု၊ ဂျုံကြမ်းနဲ့ လုပ်ထားပေမယ့် ကိတ်သားရဲ့ အိထွေးတဲ့အထိအတွေ့နဲ့ စိုမြတဲ့အရသာ (၃) မျိုး ဟန်ချက်ညီညီပေါင်းစပ်မှုနဲ့ မွေးဖွားလာတာပါ။
#အချစ်ရဲ့ရနံ့
တနေ့တာလုံးရဲ့ ပင်ပန်းနွမ်းနယ် သောကတွေကို ချစ်ခင် ယုံကြည်ရတဲ့သူတွေနဲ့ ရင်ဖွင့်လိုက်တဲ့အခါ နွေးထွေးပေါ့ပါးသွားသလိုမျိုး Nuts Cake ဗူးလေးကို ဖွင့်လိုက်တဲ့အချိန် တိုးလျိုးထွက်လာတဲ့ ရနံ့သင်းသင်းမွေးမွေးလေးကရော အိမ်ပြန်ရောက်သွားသလိုလို... ကျေနပ်နွေးထွေးလုံခြုံသွားရတာ အံ့ဩစရာ ခံစားချက်မျိုး။
#အချစ်ရဲ့အရသာ
ပျော်ရွှင်စရာ ရယ်မောစရာတွေ ဖြန့်ကျဲထားတဲ့ ချစ်ခြင်းမေတ္တာတွေက စိတ်ဝက်စားစရာကောင်းနေသလိုပဲ Nuts Cakeလေးကရော သူ့ကိတ်သားထဲမဗှာ ပက်ဖြန်းထားတဲ့ အစေ့အဆန်လေးတွေကကိတ်သားကို ကိုက်ဝါးတိုင်း တထုတ်ထုတ် တထောက်ထောက်နဲ့ သဏ္ဍာန်စုံ အရသာစုံတွေကရော စိတ်လှုပ်ရှားပျော်ရွှင်စရာ ကောင်းမနေဘူးလား။

ဒီလို ချစ်ခြင်းရဲ့ ရနံ့၊ အရသာနဲ့ အလှအပတွေက လွယ်လွယ်နဲ့ မွေးဖွားလာတာတော့ ဘယ်ဟုတ်ပါ့မလဲ။

🤎သွားရည်စာလေးစားချင်ရင်တာတောင် ဝေဒနာတိုးမှာ စိုးရိမ်နေရတဲ့ ဆီးချိုဝေဒနာရှင်တွေစားနိုင်ဖို့ အချိုလုံးဝမသုံးထားဘဲ စိတ်ချလက်ချ သုံးဆောင်စေချင်တဲ့ စေတနာ...

🤎ကိတ်လေး တချပ် တဖဲ့လောက် စားချင်နေပေမယ့် ဝိတ်တတ်မှာစိုးရိမ်နေရသူတွေအထိပါ စားနိုင်အောင် တချပ်ချင်းစီရဲ့ ကယ်လိုရီပမာဏကို တိတိကျကျဖော်ပြပေးနိုင်ဖို့ အာဟာရဆရာဝန်ပူးပေါင်းပါဝင်ထားတဲ့ ပညာ...

🤎ဆီးချိုသမားတွေအထိစားလို့ရတဲ့ ကိတ်ဆိုလို့ အချိုမပါ ပေါ့ပျက်ပျက်ဖွယ်တယ် ကြမ်းတမ်းတမ်းမဖြစ်ရလေအောင် မေတ္တာအပြည့်နဲ့ ဖန်တီးထားတာမို့လို့
ချစ်ခြင်းမေတ္တာကို သက်သေပြပါဆိုရင် Healthy & Happy Nuts Cake ကိုသာ သတိရလိုက်ပါ။

&Happy

12/05/2024

ပျော်စရာလေးတွေရှိရင် ချစ်ခင်ရတဲ့သူတွေကို ဦးဦးဖျားဖျား မျှဝေလိုက်ရမှ ဆိုသလိုပဲ

Healthy & Happy အနေနဲ့ IUFoST Global Food Industry Awards အတွက် Finalist အဖြစ် ရွေးချယ်ခံရကြောင်း သတင်းကောင်းလေးတစ်ခု ဝေမျှခွင့်ပြုပါနော်။ 🤗

IUFoST ဆိုတာကတော့ Ghe International Union of Fpd Science and Technology လို့အမည်ရပြီး Food Scientists တွေ Engineers တွေနဲ့ Technologists ပေါင်း ၃၀၀,၀၀၀ ကျော်နဲ့ နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ရပ်တည်နေတဲ့ အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပြီးတော့ World Health Organizations (WHO), Food and Agriculture Organization (FAO), United Nations Development Programme (UNDP) နဲ့ CODEX Alimentarius တို့လို့ နိုင်ငံတကာမှာ ထင်ရှားကျော်ကြားတဲ့ အဖွဲ့အစည်းတွေရဲ့ အစားအစာသိပ္ပံနဲ့ နည်းပညာအတွက် ကမ္ဘာလုံးဆိုင်ရာ တစ်ခုတည်းသော ကိုယ်စားလှယ်လည်း ဖြစ်ပါတယ်။

Healthy & Happy ကတော့ IUFoST ကနေ အီတလီနိုင်ငံ Rimini City မှာ စက်တင်ဘာလ ၈ ရက်နေ့ကနေ ၁၂ရက်နေ့အထိ ကျင်းပမယ့် ၂၂ နှစ်ကြိမ်မြောက် IUFoST World Food Congress ​ရဲ့ IUFoST Global Food Industry Awards မှာ International Jury တွေရဲ့ Finalist အဖြစ် ရွေးချယ်ခံခဲ့ရတာပဲဖြစ်ပါတယ်။

Healthy & Happy Finalist အနေနဲ့ ရွေးချယ်ခံထားရတဲ့ IUFoST Global Food Industry Awards ဆိုတာကတော့ ထုပ်ပိုးမှုဒီဇိုင်း၊ အာဟာရလုပ်ငန်း၊ အစားအစာ‌ဘေးကင်းစင်ရေးနဲ့ ထုတ်ကုန်ကဏ္ဍတွေမှာ အစားအစာ တီတွင်ဖန်တီးသူတွေရဲ့ ဖန်တီးမှုလက်ရာတွေကို ဖော်ထုတ်ပြသသွားတာဖြစ်ပြီးတော့

တီထွင်ဖန်တီးမှု
ရေရှည်တည်တံ့ခိုင်မြဲမှုနဲ့
ကျန်းမာရေး ဆိုတဲ့ Future of Food congress အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ အရည်အသွေး သတ်မှတ်ချက် စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတဲ့ အစားအစာထုတ်ကုန်တွေကို ဆု အမျိုးအစား (၄) မျိုးသတ်မှတ်ရွေးချယ် ချီးမြှင့်သွားမှာဖြစ်ပါတယ်။

Healthy & Happy အနေနဲ့လည်း Finalist အဖြစ် ရွေးချယ်ခံရတဲ့အတွက် အထူးဂုဏ်ယူမိသလို

အခုလိုအခြေအနေမျိုးအထိ ရောက်ရှိလာဖို့အတွက် Healthy & Happy ဆိုပြီး စတင်ဖြစ်ပေါ်လာခဲ့တဲ့၂၀၁၇ ခုနှစ်ကနေ ယနေ့အထိတိုင် မုန့်အသစ်လေးတွေထွက်လာတိုင်း ဝေဖန် အကြံပြုပေးရင်း၊ အားပေးကူညီပေးရင်း လက်တွဲ စောင့်ရှောက်ခဲ့သူတွေ အားလုံးကိုလည်း လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိပါကြောင်းထပ်လောင်းပြောကြားရင်း

အသစ်သစ်သော သတင်းကောင်းတွေကို နားစွင့်ရင်း Healthy & Happy team အတွက် ခွန်အားတွေအဖြစ် ဆက်ရှိနေပေးပါဦးနော်.. Healthy & Happy အနေနှင့်လည်းအားလုံးအတွက်အကျ်ိုးပြုသောထုတ်ကုန်တွေပိုမိုထုတ်လုပ်နိူင်ဖို့အခုထက်ပိုကြိုးစားပါမယ်လို့ကတိပြုရင်း...အားလုံးနှင့်တူတူရှိနေပါမယ်။

11/05/2024

#ဟင်းနုနွယ်သာအနုပညာတစ်ခုဖြစ်မယ်ဆိုရင်...
ဝါနွမ်း ယိရွဲကင်းပြီး အားမန်ပြည့်ဝ တတ်တတ်ကြွကြွနဲ့ စိမ်းမြစိုလွင်နေတဲ့ အရွက်ရဲ့ အရောင်အသွေး...
လျော့တွဲမနေဘဲ ‌ခြွေလိုက်တိုင်းမှာ တဖြောက်ဖြောက်နဲ့ ကြွပ်ဆတ်ခိုင်မာနေတဲ့ အရွက်လေးတွေရဲ့အသံ...
ပျော့အိမနေဘဲ အစိုဓာတ်အပြည့်နဲ့ တုတ်ခိုင်နေတဲ့ ရိုးတံရဲ့ စိုလွင်လတ်ဆတ်နေတဲ့ဟန်...တွေက ဟင်းနုနွယ်ရွက်လေးရဲ့ အနုပညာလက္ခဏာတွေပေါ့။
ဒီအနုပညာလက်ရာလေးကို ကျန်းမာရေးအတွက် အာဟာရအနေနဲ့ တန်ဖိုးမြှင့်ထားတဲ့ Healthy & Happy ရဲ့ မြန်မာ့ပထမဆုံး ဟင်းနုနွယ်ကွတ်ကးလေးကိုရော စားပြီးပြီလား...။
ကွတ်ကီးထဲမှာ မြစိမ်းရောင်ခြယ် ဟင်းနုနွယ်အရွက်လေးတွေကို အရွက်လိုက် ထည့်သွင်းထားတဲ့ Healthy & Happy ဟင်းနုနွယ် ကွတ်ကီးလေးကတော့
Sugar-Free ထုတ်ထားတာမို့လို့ စိတ်ရှိလက်ရှိ တဂျွပ်ဂျွပ်ဝါးစားလိုက်ချင်ပေမယ့် ဆီးချိုတတ်လာမှာ စိုးလို့ စားချင်စိတ်ကို မြိုသိပ်ထားရတဲ့ ဆီးချိုသမားတွေအထိ စိတ်ချလက်ချစားနိုင်ရုံမက
အမျှင်ဓာတ်ကြွယ်ဝလို့ အစာအိမ်နဲ့ အူလမ်းကြောင်းကို ကျန်းမာသန့်ရှင်းစေတယ်။
အမြင်အာရုံကို ကောင်းစေတာမို့ မျက်စိကြည်စေတယ်။

ကိုယ်ခံအား နဲ့ သွေးလည်ပတ်မှုအားကို ကောင်းစေတယ်။

Anti-oxidant ဓာတ်တွေကြောင့် ကိုယ်တွင်းဓာတုအဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်တယ်။
ဒါတင်မက အာဟာရဆရာဝင်ကိုယ်တိုင် ပါဝင်ကြီးကြပ်ထားတဲ့ ကွတ်ကီးဖြစ်ပြီး တချပ်ချင်းစီရဲ့ အာဟာရပါဝင်နှုန်းကို ဗူးခွံမှာ တိတိကျကျ ဖော်ပြထားတာမို့လို့ ဝိတ်ထိန်းနေတဲ့သူတွေ၊ ကယ်လိုရီတွက်ချက်ပြီး စားသုံးနေရတဲ့သူတွေအထိပါ ချင့်ချင့်ချိန်ချိန် စားသုံးနိုင်တာကလည်း အားသာချက်တစ်ခုဖြစ်နေတော့တာပါပဲ။

#ဟင်းနုနွယ် &Happy #ဆီးချို #ကွတ်ကီး

10/05/2024

ဘာလိုလိုနဲ့ တနင်္လာနေ့တိုင်း ရန်ကုန်အိမ်အရောက်ပို့ပေးမယ့် မုန့်ကားလေးအမီ အော်ဒါတင်ဖို့ သောကြာနေ့လေးရောက်လာခဲ့ပြန်ပါပြီ။
ဒီတပါတ် ရာသီဥတုကလည်း ဟိုနေရာ သည်တစ မိုးလေးတွေကျနေတာဆိုတော့ မိုးရွာတာနဲ့ အဆင်သင့်ဖြစ်နေအောင် Nuts Cake လေး မှာကြရအောင်လား။

Nuts cake က ခပ်သင်းသင်းလေးထွက်လာတဲ့ အစေ့အဆန်တွေရဲ့ ရနံ့သင်းသင်းလေးရယ်၊ ကော်ဖီရနံ့ခပ်သင်းသင်းလေးရယ်ကြား ရိုးတိုးရိပ်တိပ်ထွက်လာတဲ့ မြေနံ့သင်းသင်းလေးရယ်။ မိုးရွာတာလေးကို ကြည့်ရင်း Nuts cake လေးစား ကော်ဖီလေးသောက်။ ဘယ်လောက်တောင် ကြည်နူးစရာ ကောင်းလိုက်မလဲ။ ဆီးချိုသမားတွေအထိ စားလို့ရအောင် အချိုလုံးဝမပါတဲ့ အစိမ့်အရသာလေးမို့လို့ ချိုအီထွေပြားပြီး ခံစားသက်ဝင်ခြင်းတွေကို အနှောင့်အယှက်ဖြစ်မှာလည်း မစိုးရဘူး။

Diabetes Cookies တနည်းအားဖြင့် ဆီးချိုစုံ cookies လေးလည်း မှာစေချင်မိသေးတယ်။ မိုးရွာတုန်း နားကြပ်လေးတပ်၊ သီချင်းလေးနားထောင်၊ ကွတ်ကီးလေးစား၊ ကော်ဖီလေးသောက်။ ဟင်းနုနွယ်၊ Oats နဲ့ သစ်ကြပိုး ကွတ်ကီးတွေက အိန္ဒြေရတဲ့ကြွပ်မွမှုလေးမို့လို့ စိတ်အနှောင့်အယှက်ဖြစ်လောက်အောင် တကြွပ်ကြွပ်မြည်လို့ သီချင်းသံကို အနှောင့်အယှက်ဖြစ်မှာ စိုးရိမ်စရာမလိုဘူးနော်။

Peanut Butter
မိုးရွာလို့ အပူကင်းပြီး ပေါ့ပါးနေတဲ့စိတ်ကို ပိုပျော်ရွှင်စေမှာကတော့ Peanut Butter ပဲ။ မြေပဲခင်းကြီးကို ဝှေ့ကနဲတိုက်လိုက်တဲ့ မြေပဲရနံ့သင်းပျံ့ပျံ့လေးကိုက ဗူးဖွင့်ကတည်းက တို့စားချင်စရာ။

မုန့်လေးတွေကို ခံစားသက်ဝင်ပြီး ဟားချင်ပါရဲ့။ ဆီးချိုရှိနေလို့ စားလို့ရပါ့မလားဆိုလို့ကတော့ အဲဒီစိတ်ကို လုံးဝသာ ဖျောက်ပစ်နော်။ ဘာလို့ဆိုတော့ Healthy & Happy ရဲ့ cookies နဲ့ peanut butter အပါအဝင် မုန့်လေးတွေက ဆီးချို၊ ကင်ဆာဝေဒနာရှင်တွေကနေစလို့ ကလေးအထိပါ စားနိုင်အောင် အချို၊ ဆိုးဆေး၊ ကြာရှည်ခံဆေးလုံးဝ မသုံးဘဲ ထုတ်ထားတာမို့လို့။

ဘယ်လိုမှာမလဲဆို

page messenger ကနေ အမည်၊ လိပ်စာ၊ ဖုန်း အပြည့်အစုံလေးပေးပြီး အော်ဒါတင်ရုံပဲနော်။

&Happy #ဆီးချို

10/05/2024

#ဈေးနှုန်းပြောင်းလဲကြောင်းအသိပေးအကြောင်းကြားခြင်း
ချစ်ခင်ရပါသော Healthy & Happy ချစ်သူများရှင့်...
မိမိတို့​၏ အဆာပြေ ကွတ်ကီး၊ peanut butter များအား အစဉ်တစိုက်အားပေးနေသော Healthy & Happy ချစ်သူများအတွက် အရည်အသွေး၊ အရသာမပြောင်းမလဲ တည်မြဲနေစေရန်အတွက် တနေ့တခြား ပြောင်းလဲနေသော ကုန်ဈေးနှုန်းများကြား Healthy & Happy လုပ်ငန်းရေရှည်တည်မြဲပြီး ကျန်းမာရေးအကျိုးပြု ထုတ်ကုန်များ အစဉ်တစိုက် ထုတ်လုပ်ရပ်တည်နိင်စေရန် အလို့ငှာ
မေလ ၁၀ ရက်နေ့မှ စတင်ပြီး Healthy & Happy ထုတ်ကုန်အချို့အား ဈေးနှုန်းအနည်းငယ် ပြောင်းလဲလိုက်ရပါကြောင်း ရိုသေလေးစားစွာ အသိပေးအကြောင်းကြားပါရစေရှင့်။ 🙏🙏🙏

&Happy

09/05/2024

#မေမေ့အတွက်PeanutButterလက်ဆောင်ယူ
ဘယ်အချိန် ဘယ်ကာလ ဘယ်လိုနေရာမှာဖြစ်ဖြစ် ခိုနားလိုက်တိုင်း
ထာဝရအေးမြပြီး စိတ်လုံခြုံမှုအပြည့်ပေးတဲ့ အမေ့ရဲ့အရိပ်...

ဘယ်လောက်ပဲစိတ်ပျက် ဝမ်းနည်းစရာတွေကြုံကြုံ အိမ်မှာ အမေရှိနေလို့ အားတင်းထားနိုင်သေးတယ်ဆိုတဲ့ ခွန်အားမျိုး...

အောင်မြင်မှု၊ ပျော်ရွှင်စရာတွေကြုံလာတိုင်း စိတ်တူကိုယ်တူ ပျော်ရွှင်ခံစားပေးလို့ စစ်မှန်တဲ့ ခံစားချက်မျိုး...

အမေကလွဲလို့ ဘယ်သူမှမပေးနိုင်တာတော့ ရာနှုန်းပြည့် အသေချာပါပဲ။

အခုလို စိတ်ပိုင်းအရရော ရုပ်ပိုင်းအရပါ လုံခြုံမှု၊ နွေးထွေးမှု ၊ ခွန်အား အပြည့်ပေးနေတဲ့ မေမေ့အတွက်ရော ဘာတွေလုပ်ပေးပြီးပါပြီလဲ။

Healthy & Happy ကတော့ မကြာခင်ကျရောက်တော့မယ့် Mother's Day အတွက်
မေလ ၁၀-၁၁-၁၂ (၃) ရက်တိုင်တိုင် Healthy & Happy ရရှိနိုင်တဲ့ ရွှေအိုးဆေးဆိုင်တိုင်းမှာ
မေမေ့ကိုချစ်တဲ့သူတိုင်းအတွက်

Healthy & Happy ရဲ့ ဆီးချိုဝေဒနာရှင်တွေအထိ စားနိုင်တဲ့ cookies တွေအပါအဝင် နှစ်သက်ရာ ကျပ် ၃၀,၀၀၀/- ဖိုး ဝယ်ယူမှုတိုင်းအတွက်
Peanut Butter 120 g တဗူးမေတ္တာလက်ဆောင်ပေးဖို့ စီစဉ်ထားပြီးပါပြီ။

"ချိုတာကြီးမကြိုက်ပါဘူး" "ပျစ်ခဲခဲကြီးဆိုမကြိုက်ဘူးနော်" "နင့်မုန့်တွေက ဈေးကြီးတယ်မလား" "ဘာလို့ဈေးကြီးတာတွေဝယ်လာပြီး သုံးနေတာလဲ" လို့ပြောတော့မယ့် မေမေ့အတွက်

Cookies တွေက မြန်မာပြည်တွင်းမှာပဲ အာဟာရဆရာဝန်ပါကြီးကြပ်ထားလို့ ဈေးသက်သက်သာသာနဲ့ စိတ်ချလက်ချစားနိုင်တဲ့အကြောင်း

Peanut Butter ကလည်း ဆီးချိုသမားတွေပါစားနိုင်အောင် sugar free ဖြစ်ရုံမက ပြည်တွင်း ကုန်ကြမ်း မြေပဲလတ်လတ်ဆတ်ဆတ်ကိုပဲ သုံးထားကြောင်း၊ ပျစ်ဆေးမသုံးထားလို့ လျှာကပ် အာခေါင်ကပ်နဲ့ စိတ်အနှောင့်အယှက်ဖြစ်ရမှာ မဟုတ်ကြောင်းလေးတွေရှင်းပြရင်း

မေမေ့ရဲ့ စိုးရိမ်ပူပန်မှုတွေကို လျော့ချပေးရင်း ချစ်ခြင်းမေတ္တာတွေကို ပြလိုက်ကြရအောင်။

&Happy #ရွှေအိုး

06/05/2024

#၃ချပ်စားခြင်းရဲ့နောက်ကွယ်
“စားလို့ကောင်းတယ်” “အဆာခံတယ်နော်”... ဒီလို feedback လေး Protein Bite စားသုံးသူတိုင်းဆီက ကြားရလေ့ရှိတဲ့ စကားသံလေးတွေပါ။

တကယ်တမ်းလည်း Healthy & Happy ရဲ့ Protein Bite cookies ဆိုတာ “၃ ချပ်စားရင် ထမင်းတစ်ပန်းကန် အသားနှစ်တုံး အာဟာရနဲ့ ညီမျှတယ်” ဆိုပြီး ကြေငြာမောင်းခတ် ထားတာပဲ။

တစ်ချပ်ကို Protein 4 g ပါလို့ အသားဓာတ်များများလိုအပ်နေတဲ့ နာလန်ထကာစ လူမမာတွေ၊ အားကစားလုပ်နေသူတွေ၊ Diet လုပ်နေသူတွေအတွက် အဆင်ပြေတယ်။

ဒီလောက်ပဲဆိုရင်တော့ Healthy & Happy ဘယ်ဟုတ်ပါ့မလဲ။

မြေပဲ၊ အုတ်ဂျုံ၊ ဂျုံကြမ်းတွေနဲ့ ဖန်တီးထားတဲ့ ကွတ်ကီးတချပ်ချင်းစီတိုင်းက အသားဓာတ်က Plant-based Protein ဖြစ်လို့ ၃ ချပ်စားခြင်းရဲ့နောက်ကွယ်မှာ ရလာမယ့်အကျိုးရလာဒ် တွေက အများနဲ့အပြားပါ။

1️⃣အာဟာရကြွယ်ဝတယ်: Plant-based protein တွေက အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္ထုဓာတ်လို essential nutrients တွေကြွယ်ဝနေလို့ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ သက်ရှည် ကျန်းမာခြင်းကို အကျိုးပြုနေပါတယ်။

2️⃣နှလုံးကျန်းမာစေတယ်: ပြည့်ဝဆီ(saturated fats) နဲ့ ကိုလက်စ်ထရောနည်းပါးလို့ နှလုံးကျန်းမာရေးအတွက် အကျိုးပြုနေသလို နှလုံးရောဂါဖြစ်နိုင်ချေတွေကိုလည်း လျော့ကျစေနိုင်ပြန်ရော။

3️⃣ဝိတ်ထိန်းပေးနိုင်တယ်: သာမန်ထက် အမျှင်ဓာတ်ပိုကြွယ်ဝတာကြောင့် ပြည့်အင့်လွယ်၊ ဗိုက်ပြည့်လွယ်စေတဲ့အတွက် ကယ်လိုရီစားသုံးမှုနည်းသွားပြီး ဝိတ်ထိန်းတဲ့သူတွေအတွက် အထောက်အကူ ကောင်းကောင်းပြုနေပြန်ရော။

4️⃣အစာခြေစနစ်ကိုကျန်းမာစေတယ်: Plant-based proteins တွေမှာပါဝင်တဲ့ အမျှင်ဓာတ်က အစာခြေစနစ်ကို ကျန်းမာစေတဲ့အတွက် ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်သလို အခြားအစာ‌ခြေပြဿနာတွေကိုလည်း ကာကွယ်ပေးနိုင်ပြန်ပါသေးတယ်။

ဒီလို ဒီလို ချက်ခြင်းလက်ငင်းကောင်းခြင်းတွေရယ်၊ နောက်ဆက်တွဲ ကျန်းမာရေးအကျိုးပြုမှုအစုံစုံနဲ့ တထုပ်ကိုမှ ၅၅၀၀/- ကျပ်ဝန်းကျင်နဲ့ အာဟာရကို ကောင်းကောင်းဖြည့်တင်းပေးနိုင်တာ Healthy & Happy မှာပဲရှိမယ်နော်။

&Happy

Photos from Healthy & Happy's post 03/05/2024

#အိပ်ပျက်ညတွေကိုအတူတူကျော်ဖြတ်ကြမယ်
ဘာတွေနဲ့လဲဆို Healthy & Happy ရဲ့ အဆာပြေမုန့်လေးတွေနဲ့ပေါ့။

🍪Cinnamon Cookies
အိပ်လို့မပျော် မနက်စောပြန်ထရမှာမို့လို့ စိုးရိမ်စိတ်ပိုပြီး အိပ်မရဖြစ်နေတဲ့သူတွေအတွက် အိတ်ဖွင့်လိုက်တာနဲ့ ပြေပြေပျော့ပျော့လေး တိုးထွက်လာတဲ့ သစ်ကြပိုးရနံ့ခပ်သင်းသင်းနဲ့ Healthy & Happy Cinnamon Cookies လေးက စိတ်နဲ့ ခန္ဓာကိုယ်ကို တထောင့်တနေရာကနေ relax ဖြစ်စေမှာပါ။ ပိုထူးခြားတာက သူ့ရဲ့ ကြွပ်ရွမှုလေးက ဝါးလိုက်တိုင်း ကိုယ်တိုင်သာမက ပတ်ဝန်းကျင်က လူတွေကို စိတ်အနှောင့်အယှက်မဖြစ်စေဘဲ တိုးတိုးတိတ်တိတ်လေး ကြွပ်ရွနေလို့ ညအိပ်မပျော်လို့ကတော့ သစ်ကြပိုး ကွတ်ကီးလေးကို စားဖြစ်အောင် စားပါလို့။

🍪Spinach Cookies
ဟင်းနုနွယ်ရွက်အစစ်ကို cookies ထဲထည့်သွင်းထားတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော ဟင်းနုနွယ်ကွတ်ကီးလေးက ပေါ့ပေါ့စိမ့်စိမ့် အရသာလေးမို့ အရသာကြောင့် အာရုံတွေထွေပြားမသွားစေဘဲ ဝေဝါးနေတဲ့ သန်းခေါင်ယံအချိန်တွေအတွက် အဖော်ပြုပေးနေမှာပါ။

🍪Nuts Cookies
အစေ့အဆန်ပေါင်းများစွာနဲ့ Nuts Cookies လေးကျတော့ အစေ့အဆန်တွေရဲ့ သဘာဝချိုစိမ့်လေးနဲ့မို့လို့ တမျိုးဆန်းနေပြန်ရော။ ဘယ်လိုအချိန်စားမလဲဆို မီးပျက် အိပ်ရေးပျက်လို့ စိတ်အလိုမကျ ဖြစ်နေရတဲ့ ညမျိုးဆို Nuts Cookies လေးရဲ့ သဘာဝအချိုလေးနဲ့ ကိုယ့် စိတ်နှလုံးသားလေးကို ချွေးသိပ်ကြတာပေါ့။

ထူးခြားတာကလေ Healthy & Happy ရဲ့ အဆာပြေမုန့်လေးတွေက မုန့်တစ်ခုချင်းစီရဲ့ Nutrition Facts ကို စနစ်တကျ ဖော်ပြထားလို့ ဒါစားလိုက်လို့ ဝိတ်တတ်သွားမလားဆိုပြီး ညမှောင်မှောင်ထဲ တွေးပူနေစရာမလိုဘဲ ကိုယ့်အတိုင်းအဆလေးနဲ့ ချင့်ချိန်စားနိုင်သလို

Sugar-Free ဖြစ်လို့ ဆီးချိုဝေဒနာရှင်တွေအတွက်ပါ အဆင်ကိုပြေနေစေရောပဲ။

အိပ်ရေးပျက်ညတွေကို အဖော်ပြုဖို့ Healthy & Happy cookies လေးတွေကို ရန်ကုန်မြို့တွင်း တနင်္လာနေ့ အိမ်အရောက်ပို့ဆောင်ပေးဖို့အတွက် အခုပဲ Order တင်လိုက်ကြရအောင်နော်။

&Happy

01/05/2024

ပျက်တလှည့် လာတလှည့် လျှပ်စစ်မီးကြား အလုပ်ပျက်၊ အိပ်ရေးပျက်၊ စိတ်ပျက်လက်ပျက်နဲ့ သောကဝေဖြာအအိပ်အစားမမှန်စွာနဲ့ ကျန်းမာရေးတော့ အထိခိုက်မခံလိုက်ပါနဲ့။

​ဘယ်အရာတွေ ဘယ်လိုပဲနှောင့်ယှက်နေပါစေ တနေ့တာကိုစိတ်ကျေကျေနပ်နပ် ကြည်ကြည်လင်လင်နဲ့ ပြည့်ပြည့်ဝဝ ဖြတ်သန်းနိုင်ဖို့အတွက်ဆို Healthy & Happy ရဲ့ Oats Cookies နဲ့ စတင်ဖို့ပဲလိုပါတယ်။

ဘာကြောင့်များလဲဆို အမျှင်ဓာတ် အသားဓာတ်ကြွယ်တဲ့ Oats ဖတ်အကြမ်းလေးတွေနဲ့ဖန်တီးထားတဲ့ cookies မို့လို့ သာမန်ထက် အစာခြေဖျက်ဖို့ အချိန်ပိုယူတဲ့အတွက် အချိန်အကြာကြီး အဆာခံစေမယ်။
အခုလို ဖျက်ကနဲလာ ဖျက်ကနဲပျက်လို့ ထမင်းမမီ ဟင်းမမီအချိန်မျိုးမှာတောင် oats cookies လေး တချပ် နှစ်ချက်လောက်စားလိုက်ရုံနဲ့တင် အဆာပြေစေမှာမို့ ဒီမီး ဒီအပူနဲ့က ကွက်တိပဲ။

Cookies ထဲက oats အဖတ်လေးတွေရဲ့ ကြွပ်ကြွပ်မွမွ အသံလေးနဲ့ ကွတ်ကီးရဲ့ ကြွပ်မွတဲ့ အသံလေးရယ်
မတူညီတဲ့ ကြွပ်ကြွပ်မွမွ အသံလေး ၂ မျိုးက ဝါးလိုက်တိုင်းမှာ စိတ်ကို alive ဖြစ်နေစေဦးမှာ။

ဆီးချိုသမားတွေပါ စားနိုင်တဲ့ sugar free ဆိုပေမယ့် ပေါ့​ရွှတ်ရွှတ်ဖြစ်မနေဘဲ သဘာဝဆန်ဆန် စိမ့်ချိုအရသာလေးက စားလိုက်တိုင်း စိတ်ချမ်းသာစရာကောင်းနေဦးမှာ။

နံနက်ခင်း breakfast မှာစားမယ်ဆိုရင်ဖြင့် ဒိန်ချဉ်လေးနဲ့ တွဲစား​ပေး။
ကွတ်ကီးရဲ့ ကြွပ်မွတဲ့ အရသာလေးရယ် ဒိန်ချဉ်ရဲ့ creamy အရသာလေးရယ်ပေါင်းစပ်မှုကလေ မီးပျက်လို့ အိပ်ရေးတွေပျက် စိတ်တွေဆိုးခဲ့တာ ကိုယ်ဟုတ်မှဟုတ်ရဲ့လား ဆိုပြီး ပြန်မေးရလောက်အောင် စိတ်ထဲ ကျေနပ်သွားစေရမှာမျိုး။

&Happy

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

About Healthy & Happy

“Eating Healthy , Living Happy”

ဟုတ်ပါတယ် Healthy & Happy ဆိုတဲ့ 2017 ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ တဲ့ ဒီအမည်နာမလေး အတိုင်းပဲ

.... ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ တွေကို ထုတ်ပိုလုပ်ပို့ဆောင်ပေးပြီး ၊ ကျန်းမာပျော်ရွှင်တဲ့ နေ့ရက်တွေကို ပိုင်ဆိုင်စေချင်တာ Healthy & Happy ရဲ့ အဓိက ရည်ရွယ်ချက်ပါ။

Videos (show all)

ရိုးရိုးရှင်းရှင်း နံနက်စာလေးပါပဲ..ဒါပေမယ့် 🍓 Healthy & Happy Strawberry Pillow Crepe🍓  လေးကတော့နူးညံ့ပျော့ပြောင်းတဲ့ အသ...
Merry Christmas Everyone. 🎄ကြည်နူးဖွယ်ရာ ခရစ္စမတ်အချိန်အခါလေးမှာHealthy & Happy ချစ်သူများအားလုံး ပျော်ရွှင်စရာအခိုက်အတန...
ဆန်လုံးညို ကြာဇံအေး ပြုလုပ်နည်း
မနေ့က တင်ခဲ့တဲ့ ပဟေဠိ လေးကို အားတက်သရော ပါဝင် ပေးခဲ့လို့ အထူးကိုပဲ ကျေးဇူးတင်ရပါတယ် ရှင့်။အဖြေမှန်လေးကတော့ နံပါတ် (E) #1...
မနက်ဖြန် .... တနင်္ဂနွေနေ့ မှာ အသားဓာတ်အများကြီးပါတဲ့ မုန့်ပျားသလပ်လုပ်စားကြမယ် ❤️ပါဝင်ပစ္စည်းတွေက ၁။ ဆန်စိမ်းမှုန့် - ၁...
မုန့်ပျားသလပ်
ဝိတ်ချနေရင် ဆန်လုံးညို Rice berry စားရင် ဝိတ်ကျလား???? ဆန်လုံးညို တို့ Rice berry တို့က  ထမင်းဖြူထက် ကယ်လိုရီ နည်းတာလား?...
ဒီနေ့ အတွက် "၁၂၀၀ ကျပ်တန် ထောပတ် ထမင်းလေး" တွေ ပွဲ (၁၀၀) ထိ ရောက်သွားအောင်ကို အော်ဒါ မှာယူ အားပေးကြတဲ့ အတွက် ကျေးဇူးအထူး...
ဝိတ်ချနေတဲ့ သူတွေ အတွက် အဆာပြေမုန့်
Charcoal ခေါက်ဆွဲ နဲ့ ဖက်ထုပ် ဆီချက် ခေါက်ဆွဲ ပြုလုပ်နည်း
ကဲ ချစ်တို့ရေ ပထမဦးဆုံး အဖြေမှန်သူ (၃) ဦးကတော့ အလျင်အမြန်ကို ပေါ်ထွက်လာပါပြီ....  😊😊😁(၁) Ma Toe Toe Win (၂) Ma MayThinza...
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့တွင် 2019 #Novel #Coronavirus (2019-#nCoV) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါနှင့်ပ...

Category

Telephone

Website

Address


58 Street
Mandalay
05031

Opening Hours

Monday 07:00 - 20:00
Tuesday 07:00 - 20:00
Wednesday 07:00 - 20:00
Thursday 07:00 - 20:00
Friday 07:00 - 20:00
Saturday 07:00 - 20:00
Sunday 07:00 - 20:00

Other Health/Beauty in Mandalay (show all)
Aye Sandar Moe Aye Sandar Moe
Mandalay
Mandalay

Twenty9 အားဂူးလေးထုတ်ကုန်များ၊အညာမြေချက်ဆေး မန်းလေးကိုယ်စားလှယ်ကြီး ☎️09788744332 HaircareSandar

Beauty Girl Beauty Girl
Mandalay

mandalay

Channel by BANN Channel by BANN
Mandalay

Mama’s enjoyer 🫠

Twenty Nine Shampoo-MDY Distributor Twenty Nine Shampoo-MDY Distributor
67st X 68st/42st/43st Between
Mandalay

Y' Beauty Bar Y' Beauty Bar
Mandalay

Pyo Madi Pyo Madi
Mandalay

ပျိုမဒီ အဆီကျလိမ်းဆေးခရွင်မ်

Meet U Meet U
Mandalay

Sakura by Poe Poe Sakura by Poe Poe
Mandalay

Sakura product လက်လီ လက်ကား မှာယူနိုင်ပါတယ်ရ?

Sxar Htet Naing Sxar Htet Naing
Mandalay

Bs Organic Skincare Products Mandalay Myanmar Bs Organic Skincare Products Mandalay Myanmar
109(A)st Bet 60&61st
Mandalay, CHANMYATHARSI

အလှအပနှင့်ကျန်းမာရေး