Tea Story

Tea Story

A hidden gem, away from the mundane hustle and bustle of city life. Come here to relax and unwind yo

22/12/2023

အလွမ်းပြေ ကြည့်ထားနှင့်ကြပါဗျာ…
တနေ့တော့ ပုံပြင်တွေ ပြန်ပြောကြရဦးမှာပါ…

14/12/2023

We’re closed until further notice.
Thank you for all the memories and stories together!

Photos from Tea Story's post 18/11/2023

ခြံက ဧည့်ကြို ဆရာကြီးတွေ evolution!

04/11/2023

မနက်စာကျွေးတဲ့နေရာတဲ့ …
ခြံကကလေးတွေ လက်ရာ..

03/11/2023

နေကြာရိုင်းတို့ပွင့်တဲ့ကာလ…
မြူတွေကျတဲ့ကာလ…
ကြယ်တွေစုံတဲ့လ
….

26/10/2023

27/10 - မရတော့ပါ
28/10 - တစ်ခန်း
29/10 - တစ်ခန်း
30/10 - သုံးခန်း
ရပါမယ် ခင်ဗျာ ။ full deposit 100% ကောက်ခံထားမှာဖြစ်ပါတယ်။
2 pax tent - 45000ks
Extra bed - 15000ks
Extra person- 5000ks

15/10/2023

သီတင်းကျွတ်အတွက်
28.10.23 - 2 tents available
29.10.23 - 1 tent available
30.10.23 - 3 tents available

11/10/2023

October 28 မှာ အားလုံးနဲ့ပြန်တွေ့ချင်ပါတယ်။
ဝန်ထမ်းတစ်ဦးတည်းသာ ရှိဦးမှာမို့ အရေအတွက် အကန့်အသတ်နဲ့ပဲ လက်ခံနိုင်မှာကို သည်းခံပေးကြစေလိုပါတယ်ခင်ဗျာ။

လောလောဆယ် 2 pax tent ၃လုံးသာ တည်းခိုနိုင်ဦးမှာ ဖြစ်လို့ Booking ယူလိုတဲ့ မိတ်ဆွေများအနေနဲ့ 100% deposit ကိုသာ လက်ခံမှာ ဖြစ်ပါတယ် ခင်ဗျာ။

Oct - Nov
2 pax tent - 45000 kyats
Extra Bed - 15000 kyats
Extra Person- 8000 kyats

Breakfast included.

23/09/2023

လွမ်းနေကြပြီလား…
တူတူပါပဲဗျာ…
အနောက်တောင်မုတ်သုံလေတွေ
ဆုတ်ခွါအပြီးမှာတော့
နှင်းမြူတွေ နေကြာပန်းရိုင်းတွေ တောပန်းလေးတေ
လက်ဖက်ခင်းရဲ့ အရွက်နုလေးတွေနဲ့အတူ
စောင့်နေပါမယ်ဗျ။

07/09/2023

ဒီနှစ်အတွက် Tea Story ကတော့ ခက်ခဲသော နေ့ရက်များပါပဲ။
အကောင်းဆုံး ဝန်ဆောင်မှုတွေနဲ့အတူ Premium Products တွေနဲ့ပါ ပြန်လာချင်တာမို့ Tea Story ကို မိုးရာသီကုန်ဆုံးချိန် October 21 ရက်နေ့မှသာ ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်ကြောင်း အသိပေးပါရစေ။

နေကြာပန်းရိုင်းတွေနဲ့အတူ မျှော်နေမယ်။

Photos from Tea Story's post 23/08/2023

Tea Story Mushrooms 😎

16/08/2023

Maintenance Break
အဆောက်အဦ ပြင်ဆင်မှုများ လုပ်စရာရှိတာမို့ Tea Story ကို ခေတ္တပိတ်ထားပါတယ်။
ပြန်ဖွင့်မယ့်ရက်လေးကို တင်ပေးပါမယ်၊

12/08/2023

Morning!

Photos from Tea Story's post 09/08/2023

ခြံအတွင်းအပြင်လုံခြုံရေးနှင့် ဧည့်သည်များအား ကြိုဆိုရေးအတွက် ဝန်ထမ်းသစ် ၂ဦး ခန့်အပ်ထားပါသည်။
မောင်ဖိုးဝါနှင့် မမိကျားအား အိပ်ရေးမပျက်စေခြင်းခြင်းဖြင့် ပူးပေါင်းကူညီပါ ။ 😁

27/07/2023

တစ်နှစ်နဲ့ရှစ်လ စောင့်လိုက်ရတယ်
ပင်မှည့်သီး မြင်ရဖို့ကို။
Passion ရှိဖို့ Passion စားကြပါစို့ 😁

26/07/2023

သတိပြုနိုင်ပါရန်
===========
ဖုန်းနံပါတ် 09265000848 ကိုင်ဆောင်သူ (Viber Profile) အပါအဝင် အမျိုးသား ၅ဦး အမျိုးသမီး ၁ဦးတို့သည် Tea Story တွင် လာရောက်တည်းခိုပြီး ကျသင့်အခကြေးငွေများကို ပေးချေခြင်းမရှိပဲ ထွက်သွားခဲ့ပါသည်။

ဂုဏ်သိက္ခာအား ငဲ့ညှာသော အားဖြင့် ဖုန်းအားအကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း “အပြင်ထွက်မုန့်စားနေပါသည်။ ဆက်ဆက်လာပြန်ပေးပါမည်”ဟုပြောကြားပြီး ယခုအချိန်ထိ ပြန်လည်မဆက်သွယ်ခဲ့သလို မိမိတို့ဘက်မှ ဆက်သွယ်သော ဖုန်းနံပါတ်များကိုပါ Block သွားပြီ ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ လုပ်ငန်းသဘာဝတူ ညီအကိုမောင်နှမများအနေဖြင့် သတိပြုနိုင်ပါရန် အချက်အလက်များ တင်ပြလိုက်ပါသည်။

25/07/2023

အခုလောလောဆယ်မှာ ဒီလို Tent ပဲ ရပါမယ်ခင်ဗျ။ Tent အကြီးက မိုးတွင်းဆို သိမ်းထားလို့ပါ။
မိုးကုန်မှ Tree Tent လေးပြန်လုပ်ပေးပါမယ်ဗျာ။

Photos from Tea Story's post 18/07/2023

ခြံထွက်လေးတွေ
ထောပတ် ၊ ပင်မှည့် ၊ ဒညင်း ၊ ကန်စွန်းဥ

11/07/2023

ခြံက ကလေးတွေကို မန္တလေးနဲ့ပြင်ဦးလွင်က အထင်ကရနေရာတွေ လိုက်ပို့ပေးမှာမို့ ဇူလိုင် ၁၂/၁၃ အတွက် Tea Story ခေတ္တ ပိတ်ထားခွင့်ပြုပါခင်ဗျာ။
ပုံကတော့ ခြံမှာ ပွင့်တဲ့ သစ္စာပန်းလေး ကြွားချင်လို့ ထည့်လိုက်တာပါ။

10/07/2023

ဝါးတံတားလေးက ခနခန မတော်တဆ ကျွံကျတာတွေ များလာလို့ ပန်းလမ်းလေး လုပ်ထားလိုက်တယ်။ ပွင့်လင်းရာသီအမီတော့ သဘာဝအတိုင်းလည်း ဖြစ်ရမယ် ဓာတ်ပုံရိုက်လို့လည်း လှမယ်ဆိုတဲ့ နေရာလေးတွေ လုပ်ပေးပါဦးမယ်။

Photos from Tea Story's post 09/07/2023

ခြံရဲ့မြေက ဂရုစိုက်ပေးမယ့်သူသာရှိ ဘာပင်စိုက်စိုက်ကို ဖြစ်တာ။ ခုလည်းကန်စွန်းဥတွေ ပင်မှည့်တွေ ဖြစ်နေပြန်ပြီတဲ့။ အသီးသီးချိန်တွေနဲ့ လာလည်တဲ့အချိန်ဆုံရင် ရှိတုန်း အဝသာစား။

ထောပတ်တွေလည်းသီးနေပြီတဲ့။ ခြံကထောပတ်က သကြားနဲ့စားတောင်ကောင်းတယ်။ ကိုယ်တွေ ထောပတ်သီးပေါချိန်သွားလည်ရင် ထောပတ်သီးဖျော်ရည် ထောပတ်သီးအသုပ်နဲ့ တနေကုန်တာပဲ 😁

Photos from Tea Story's post 06/07/2023

မိုးတွင်းဆို အဲ့လမ်းလေးက ပေါင်းနိုင်နိုင်ရှင်းမှ ဒီလိုလှတာပါ။ ခြံကကလေးတွေကို တကယ်ကျေးဇူးတင်ရပါတယ်။ ပုံပြင်လေးတစ်ပုဒ်မှာဆို သူတို့က အကောင်းဆုံး ဇာတ်ပို့တွေပါပဲ။ လာလည်တဲ့သူတွေကတော့ ဇာတ်ဆောင်ပေါ့ ။

Photos from Tea Story's post 02/07/2023

ခြံထဲမှာသစ်ပင်တွေအများကြီးရှိတယ်။
ဓာတ်မီးတိုင်မှ ရွေးတက်တယ်။
တကယ့်ကောင်

Disclaimer: ခြံက Off-grid မို့ လျှပ်စစ်အန္တရာယ် မစိုးရိမ်ပါနဲ့နော်။ ကလေးက ပျော်ပျော်ရွှင်ရွှင်ပဲ နေ့ခင်းပိုင်းဆော့လိုက် မိုးရွာရင် ပြန်လာလိုက် လုပ်နေပါတယ်။

Photos from Tea Story's post 21/06/2023

ခြံကို ပြေးသွားချင်တဲ့ အခိုက်အတန့်တွေ
မိုးဦးကျရဲ့ အလှတရားတွေ
အဲ့လိုသွားနားချင်တဲ့အခိုက်အတန့်တိုင်းအတွက် 2pax tent တစ်လုံးကို မနက်စာပါအပြီး ၃၅,၀၀၀ကျပ်
မနက်၉နာရီမှ ညနေ ၆နာရီအထိ ၂၀,၀၀၀ကျပ်နဲ့ တည်းခိုနိုင်မှာ ဖြစ်ပါတယ်။

15/06/2023

မိုးတွေရွာနေတော့ ဒီကာလက ညအိပ်တည်းတာထပ် နေ့လည်ပိုင်းလာနားတာလောက်ပဲ အဆင်ပြေပါမယ် ခင်ဗျာ။
Tea Story Daycation Package
9:00AM - 4:00PM
20000Ks per tent
Coffee Free Flow
Tea Leaves Salad

10/06/2023

Tea Story ရဲ့ အစိမ်းဆုံးအချိန်ဟာ ဒီအချိန်ပါပဲ။

Photos from Tea Story's post 30/05/2023

မိုးသံလေးတွေနဲ့အတူ ကော်ဖီပင်နဲ့လက်ဖက်ခင်းကြားမှာ နားချင်တယ်ဆို တစ်ခုချင်းစီ မစဉ်းစားနဲ့တော့။ ဒီပက်ကေ့ခ်ျနဲ့လာနားပါ။

2 pax package
Bus tickets (Ygn-Pol-Ygn)
Tuk Tuk
1 night stay at Tea Story
Coffee Free Flow
Dinner ( Yunan Hotpot)

180,000

Solo Package
Bus Tickets (Ygn-Pol-Ygn)
Cycle (Pick Up and Drop Off)
1 Night stay at Tea Story
Coffee Free Flow
Dinner (Yunan Hotpot)

125,000

Reservation - Page Chat Box or 09972766776

Photos from Tea Story's post 27/05/2023

ရန်ကုန်ကနေလာမယ့်သူတွေအတွက် ကားလက်မှတ်ရော၊ အကြိုအပို့ရော ၊မနက်စာရော၊ ကော်ဖီ ကြိုက်သလောက်သောက်အစီအစဉ်ရော၊ ညစာဟော့ပေါ့လေးရော အကုန်ပါတဲ့ Package လေးတစ်ခု စီစဉ်ပေးချင်ပါတယ်။
စိတ်ဝင်စားကြလားဗျို့???

Photos from Tea Story's post 16/05/2023

Monsoon Promotion
၃၅၀၀၀ကျပ်နဲ့ ၂ယောက်အိပ် Tent တစ်လုံးကို မနက်စာပါအပြီး လာရောက်တည်းခိုနိုင်ပါပြီ။ ခြံထွက်ကော်ဖီကတော့ Free Flow ပါ။

မိုးတွင်းရဲ့အားသာချက်တွေက
အေးအေးဆေးဆေးရှိတယ်။ စိမ်းလန်းနေတဲ့သစ်ပင်လေးတွေကို မြင်ရတယ်။ ဟော့ပေါ့တို့ အကင်တို့ စားရတာကောင်းတယ်

အားနည်းချက်တွေက
နေရောင်နည်းတဲ့ရက်ဆို Solarရတာအားနည်းမယ်။ စိုစွတ်မှုရှိမယ်။

သစ်ပင်ပေါ်က Tent လေးကတော့ ရာသီဥတုဒဏ်ကြောင့် သိမ်းထားလိုက်ရပါပြီ။ နေကြာရိုင်းတွေ ပွင့်ချိန်ကြမှ ပြန်ထားပေးတော့မယ်။

13/05/2023

ဒီရက်ပိုင်း ခြံကို ဖုန်းလှမ်းဆက်ရင် ပြောရသော စကားများ
၁။ မိုးရွာလား သည်းလား
၂။ လေတိုက်လား ပြင်းလား
၃။ မျောက်ရော အစာစားလား ဆော့လား
၄။ နေကောင်းကြလား

မိုးရွာလိုက်နေသာလိုက်တော့ ဖြစ်နေပါသေးတယ်ကိုယ်တွေခြံထဲတော့။

မုန်တိုင်းလမ်းကြောင်းတလျှောက်က သက်ရှိသက်မဲ့များ အားလုံးလည်း ဘေးဘယာကင်းကြပါစေလို့ ဆုတောင်းပေးပါတယ်။ အားတင်းထားနော်...

08/05/2023

ခြံထဲက ဓာတ်ပုံတွေ တက်လာလို့ အမှိုက်တွေရှင်းနေတယ်ဆို တအားကျေနပ်ရတာပဲ။

မကြာခင် မိုးရာသီရောက်တော့မယ်ဆိုတော့ ခြံထဲလည်း ချစ်လွန်းလို့လာမယ့်သူလောက်ပဲ ရှိတော့မယ်။
Mocha ဒဏ်မခံရဖို့လည်း ဆုတောင်းနေရသေး…

04/05/2023

ကိုယ်တွေခြံထဲ လာဖူးတဲ့ ဧည့်သည်ထဲက အကြီးကျယ်ဆုံး ဧည့်သည်
ငှက်ပျောသီးကျွေးတော့မစား စပျစ်သီးကြစားတယ်
နေ့ခင်းပိုင်း ခြံထဲ လှည့်နေတယ် ။ ညဘက်ဆို ပြန်လာတယ်။

02/05/2023

Tree tent လေးက သဘာဝနဲ့ပိုနီးအောင် လုပ်ထားတာမို့ အပေါ်က သက်ကယ်မိုးလေး မပါပါဘူး။ဒီရက်ပ်ိုင်း မိုးတွေရွာ လေတွေတိုက်ဆိုတော့ သိမ်းထားလိုက်ရပါပြီ ခင်ဗျာ။

2 pax tent လေးတွေတော့ ရှိပါဦးမယ်ခင်ဗျာ။ တစ်ညကို လူ၂ယောက်စာ မနက်စာအပါ ၄၀၀၀၀ကျပ်ပါ ခင်ဗျာ။

22/04/2023

မိုးလွတ်ကာလ

မိုးမရွာခင် ဒီချိန်ထွက်တဲ့ လက်ဖက်က အကောင်းဆုံးပါပဲ။ အစိုလည်းကောင်းသလိုလက်ဖက်ခြောက်ကလည်း သောက်တာနဲ့ အမောပြေပါရဲ့။

နွေဘယ်လောက်ပူပူ ခြံထဲမှာတော့ သစ်ပင်ရိပ်နဲ့အတူ အေးတုန်းပဲ။ ကလေးတွေကလှမ်းပြောတယ်။ နေ့ခင်းဘက် လေတအားတိုက်တယ်တဲ့။
မကြာခင် မိုးဝင်လာတော့မှာဆိုတော့ ခြံထဲမှာလည်း မိုးပိုသည်းတဲ့ ကာလတွေ ရောက်ဦးမှာပေါ့။

မေလ၃၁ရက်နေ့အထိကတော့ စျေးလေးတွေချထားတာမို့ Pinned Post လေးဖတ်ပေးပါနော်။

17/04/2023

...

16/04/2023

ဧပြီလ ၁၈ရက်နေ့မှ မေလ ၃၁ရက်နေ့အထိ အထူးစျေးနှုန်းများ

Monday to Friday
2 pax tent - 40,000
3 pax tent - 60,000
Extra Bed - 15,000
Extra person - 5,000

Saturday and Sunday

2 pax tent - 45,000
3 pax tent - 65,000
Extra Bed - 15,000
Extra person - 5,000

15/04/2023

Tree Tent လေးကတော့ မေလကုန်လောက် ပြန်သိမ်းတော့မှာပါ။
ဘာလေးတွေ ထပ်ထည့်စေချင်လဲ ဆိုတာကိုလည်း အကြံပြုချက်လေးတွေ သိချင်ပါတယ်ဗျာ။
off-grid သွားချင်တာမို့ လျှပ်စစ်မီးထည့်ဖို့ကလွဲရင် အကြံပြုချက်လေးတွေ မြင်ချင်ပါတယ်ဗျ။

Photos from Tea Story's post 14/04/2023

ဧပြီ ၁၅၊ ၁၆၊ ၁၇ ရက်နေ့များအတွက် အခန်းများ ရနိုင်ပါသေးတယ်။ လူပါးတဲ့ကာလမှာမှ အေးဆေးလာနားလိုသူများအတွက် ဧပြီ ၁၈ရက်နေ့မှစလို့ မေလကုန် အထိ အထူးဈေးနှုန်း ရှိပါမယ် ခင်ဗျာ။

13/04/2023

အေးအေးချမ်းချမ်း သင်္ကြန်ကာလကို ဖြတ်သန်းကြရအောင်ပါ။

11/04/2023

ပူလား
အရမ်းမပူနေပါဘူး။ အပင်တွေ အများကြီး ရှိလို့ပါ

ခြင်ကိုက်လား
ညဦးပိုင်း နည်းနည်းကိုက်ပါတယ် ။ ပြီးရင် ပျောက်သွားပါတယ်။

မြို့ထဲနဲ့ နီးလား
အရမ်းမနီး အရမ်းမဝေးပါ။

ညပိုင်း ဘယ်အချိန်ထိ ထွက်လို့ရလဲ
၁၀နာရီထိပဲ ပေးထွက်ပါတယ်။ ဧည့်သည်တွေကို စိုးရိမ်လို့ပါ။

Want your hotel to be the top-listed Hotel in Maymyo?
Click here to claim your Sponsored Listing.

Videos (show all)

#TeaStory #wegrowtogether❤️

Telephone

Website

Address


Kandawgyi Pat Lan
Maymyo

Other Maymyo hotels (show all)
မေမြို့ Tiny House Pyin Oo Lwin မေမြို့ Tiny House Pyin Oo Lwin
ရပ်ကွက်ကြီး ၁၃
Maymyo

Bed and Breakfast Tiny House Experience Oriental Kitchen Healthy Meałs Service

YGN Pork Kitchen & Salads YGN Pork Kitchen & Salads
21 Qr. Moe Gyoe (Pyin Oo Lwin) On The Moegyoe Ywar Ma G Road
Maymyo

09740953105

Myaing Hay Woon Valley Myaing Hay Woon Valley
Yae Tha Yauk Kone Village
Maymyo

Feel The Sounds Of Nature

Swiss_Bungalow_Pyin_Oo_Lwin Swiss_Bungalow_Pyin_Oo_Lwin
Than Lwin Chan Thar Street, Yay Chan Ooe, Pyin Oo Lwin
Maymyo, 05084

Going on vacation keeps us young!

Dahlia Motel Dahlia Motel
Christian Route
Maymyo

Dahlia Motel မှနွေးထွေးပျူငှာစွာ ကြိုဆိုပါ?

Hotel Aster Hotel Aster
May Myo
Maymyo