Naw Naw Baby Store

ကလေးအထည်များ ပစ္စည်းမှန်စျေးမှန်😍

Photos from Naw Naw Baby Store's post 02/11/2023

မင်မင့်ဆိုင်မှာအသစ်တွေအများကြီးထပ်ရောက်ပါတယ်
အတွင်းဝတ်လည်ပိတ်အနွေး
ဘောင်းဘီအနွေးပါ
သဘက်သားအနွေးအသားကောင်းဝမ်းဆက်
အပေါ်ထပ်လေးတွေ
Export quality အနွေးထည်
လသားဝမ်းဆက်အနွေး အစုံရှိပါတယ်

လိုအပ်ရင်ဝယ်ယူအားပေးလို့ရပါတယ်
ဆိုင်လဲနေ့တိုင်းဖွင့်ပါတယ်နော် အရောင်းပို့စ်လေးတွေ မတင်ဖြစ်တာ အရေးကြီးသတင်းတွေမမြင်ရမှာစိုးလို့ပါ
အခုလိုချိန်မျိုးမှာတောင် ဝယ်ယူအားပေးတဲ့သူတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်


#ကလေးအထည်ဆိုင်
#မူဆယ်ပစ္စည်းအသင့်ရှိ

Photos from Naw Naw Baby Store's post 28/10/2023

Z@ra အကွက်လေးက သားသားမီးမီးရတယ်နော်
Export quality စစ်စစ် 💯

မင်မင့်သား(7နှစ်) size No-6ဝတ်ထားတာပါ

7နှစ်မှ11နှစ်အထိရ

Price-17000/-

Photos from Naw Naw Baby Store's post 28/10/2023

သားသားတို့အကြိုက် Ultraman ဝမ်းဆက်လေးလာပါပြီ
မနှစ်ကမင်မင် အင်္ကျီ သီးသန့်ပဲရောင်းဖူးတာ
ဒီနှစ်ကတော့ ဝမ်းဆက်လေးလာပါတယ်
အတွင်းသားကယုန်မွှေးနုနုလေးနဲ့အ​နွေးပါ😍
ရင်ဘတ်နားကအရုပ်လေးက မီးလင်းပါတယ်

မင်မင်ကိုယ်တိုင်ရိုက်အပြင်ပုံလေးတွေမို့ Quality 💯စိတ်ချ
No effect No filter
Normal camera နဲ့သာရိုက်ထားတာပါ

Size-L to 3XL(ခန့်မှန်း 2နှစ်မှ5နှစ်အထိရ)
Price-20000/-


#ကလေးအထည်ဆိုင်
#မူဆယ်ပစ္စည်းအသင့်ရှိ

Photos from Naw Naw Baby Store's post 26/10/2023

မင်မင့်ဆိုင်က Halloween t shirt လေးနဲ့ ချစ်စရာကောင်းနေတဲ့သားချောလေး 😍
မေမေNang Khin Moe Ayeရဲ့ ခြယ်သမှုလေးနဲ့ ပိုပြည့်စုံတဲ့ Halloween vibeလေးရရှိသွားပြီ🤩🎃

26/10/2023

တချို့မေမေတွေ ဘာလို့ အမြဲဒေါသထွက်နေလဲသိလား???
… …. …. … …. …. … …. …. … …. …. … …. ….

ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အခြေခံလူတန်းစားများ စုဝေးနေထိုင်ရာ တိုက်ခန်းတွေမှာဆိုရင် တစ်အိမ်မှာ အော်ဟစ်သံတွေ နည်းနည်းလောက် ကျယ်လာတာနဲ့ ဘေးအိမ်နီးနားချင်းတွေ အကုန်ပြန်ကြားရလောက်တဲ့အထိ ဖြစ်တာ သတိထားမိကြမှာပါ။ တစ်ခုခုဆိုရင် အဖေတွေက အော်ဟစ်လိုက်၊ မေမေတွေက အော်ဟစ်လိုက်၊ ကလေးက အော်ငိုလိုက်နဲ့ အိမ်လေးက အေးချမ်းတဲ့ရက်ကို မရှိဘူး။ ဘာကြောင့် ဒီလိုဖြစ်နေကြတာလဲဆိုတာ သင်ကိုယ်တိုင်ရော တစ်ခါလောက် တွေးကြည့်မိဖူးလား။

တကယ်တမ်းတော့ ဒေါသကြီးတဲ့ မေမေအများစုက အပျိုအရွယ်မှာ အရမ်းကို သဘောအေးပြီး ဒေါသကြီးတဲ့သူတွေ မဟုတ်ကြဘူးလို့ သိပ္ပံပညာရှင်များက ဆိုထားကြပါတယ်။ ဒါဆိုရင် သူတို့ ဘာလို့ ဒေါသကြီးလာကြတာလဲ။ အဓိကကတော့ မိခင်ဘဝမှာ ကြုံလာရတဲ့ လောကဓံနဲ့ အခက်အခဲတွေ၊ စိတ်ပိုင်းဆိုင်ရာပြဿနာတွေက သူတို့ကို ပြောင်းလဲသွားစေခဲ့တာပါ။

(၁) တစ်မိသားစုလုံးရဲ့ တာဝန်တွေ ပုံကျလာခြင်း

လူတွေ ထင်ထားတာက မိသားစုတစ်စုမှာ အဖေတွေက အပြင်ထွက်အလုပ်လုပ်ရတဲ့အတွက် တာဝန်အကြီးဆုံး၊ အလုပ်အများဆုံးလို့ ထင်တတ်ကြပါတယ်။ တကယ်တမ်းကတော့ လုံးဝဆန့်ကျင်ဘက်ပါပဲ။ များသောအားဖြင့် ဖခင်တွေ တစ်နေ့တာလုပ်တဲ့ အလုပ်ဟာ သူတို့ကိုယ်ပိုင် တာဝန်ဖြစ်တဲ့ ရုံးအလုပ်တွေသာဖြစ်ပြီး မိခင်တွေကတော့ တစ်မိသားစုလုံးရဲ့ ဝေယျာဝစ္စ၊ တာဝန်ဝတ္တရား အကုန်လုံးကို ထမ်းပိုးထားရတာပါ။

(၂) ကူညီမယ့် မိသားစုဝင်များ မရှိခြင်း

တစ်ကမ္ဘာလုံးက အတွေးအခေါ် နိမ့်တဲ့သူတွေ ထင်ထားကြတာက ယောက်ျားဆိုတာ ငွေရှာဖို့၊ မိန်းမဆိုတာ အိမ်အလုပ်လုပ်ဖို့ ဆိုတဲ့အချက်ပဲ။ အဲ့အချက်တွေကို မွေးကတည်းက ကြီးလာတဲ့အထိ လူကြီးတွေကိုယ်တိုင် အမြဲပြောနေတတ်သလို ကလေးတွေကလည်း သူတို့ အနီးပတ်ဝန်းကျင်က လူကြီးတွေ လုပ်တဲ့ပုံစံအတိုင်း မှတ်ယူထားပြီး သူတို့ လူကြီးဖြစ်လာတော့လည်း ဒီလိုပဲ ပြန်လုပ်ကြတာပါ။

အဲ့တော့ တစ်ခုခုဆိုရင် မင်းက မိန်းမပဲ၊ အိမ်မှုကိစ္စတာဝန်တွေက မင်းတို့ကိစ္စပဲ၊ ငါတို့ ယောက်ျားတွေနဲ့ မဆိုင်ဘူးဆိုတာတွေ ဖြစ်လာတော့တာပါပဲ။ ကလေးတွေဆိုတာလည်း ကျောင်းကိစ္စတွေ၊ အပြင်ထွက်ကစားတာ၊ ရုပ်ရှင်ကြည့်တာနဲ့တင် သူတို့ တစ်နေ့တာက ကုန်သွားတတ်တော့ မိခင်တွေကို ကူညီရမှန်း မသိကြတော့ဘူးပေါ့။

(၃) စိတ်ပိုင်းဆိုင်ရာ အားပေးမှု၊ ဖေးမကူညီမှုများ မရရှိခြင်း

ဘယ်လောက်ပဲ စိတ်ဓာတ်ကြံ့ခိုင်နေတဲ့သူ တစ်ယောက် ဖြစ်နေပါစေ၊ ကိုယ့်အတွက် စိတ်ပိုင်းဆိုင်ရာ အားပေးမှုတွေ မရှိဘူးဆိုရင် တစ်ချိန်ချိန်မှာ လဲပြိုကျမှာပါပဲ။ အဖေအများစုက ရုံးကနေ အိမ်ပြန်ရောက်လာရင် အဝတ်အစားလေးတွေ လျှော်မယ့်ပုံးထဲ အသင့်ထည့်၊ ရေလေးဝင်ချိုး၊ ပြင်ပေးထားတဲ့ ညစာလေး ဝင်စား၊ တီဗီကြည့်နဲ့ ပြီးသွားတာပဲလေ။ မိသားစုတာဝန်တွေ အကုန်ထမ်းပိုးထားရတဲ့ မိန်းမဖြစ်သူကို ချီးကျူးတာမျိုး၊ ကြင်နာယုယပေးတာမျိုးလည်း မရှိသလို ဒီလိုလုပ်ပေးဖို့ လိုအပ်တယ်ဆိုတာလည်း သူတို့ကိုယ်တိုင် သိထားတဲ့ပုံ မပေါ်ပါဘူး။

(၄) ကလေးတွေရဲ့ အလိုက်မသိမှု

တစ်ခါတလေ အိမ်အလုပ်တွေ အရမ်းရှုပ်နေတဲ့အချိန် ကလေးတွေက အော်ဟစ်နေတာ၊ ပစ္စည်းတွေ ကျကွဲပျက်စီးအောင် လုပ်တာ၊ အရုပ်တွေ ပြန့်ကျဲနေအောင် ဖွထားတာတွေ မြင်ရင် ဘယ်လောက်ပဲ ရိုးအေးတဲ့ မေမေ ဖြစ်နေပါစေ၊ ဒေါသက ထွက်လာတော့တာပေါ့။ အစပိုင်းမှာ မဖြစ်ရင်တောင် ကြာလာတာနဲ့အမျှ စိတ်မရှည်တော့ဘဲ အော်ဟစ်ရိုက်နှက်ပြီးတာပေါ့။ အမေဆိုတာလည်း လူတွေထဲက လူတစ်ယောက်ပဲလေ။

(၅) မိခင်တွေအတွက် ပိတ်ရက်၊ နားရက်မရှိခြင်း

ဒီအချက်က အရမ်းရိုးရှင်းပေးမယ့် တော်တော်များများ မေ့ထားပစ်တဲ့ ကိစ္စပါ။ ရုံးအလုပ်လုပ်နေတဲ့ အဖေတွေမှာ ရုံးပိတ်ရက်ရှိတယ်၊ သားသမီးတွေမှာ ကျောင်းပိတ်ရက်၊ ကျူရှင်ပိတ်ရက်ဆိုတာ ရှိတယ်။ အစိုးရရုံးပိတ်ရက်တွေ ရှိတယ်။ အမေတွေမှာ နားရတဲ့ရက်ဆိုတာ မရှိပါဘူး။ ဘယ်လောက်ပဲ အစိုးရက ပိတ်တဲ့နေ့တွေ ပြဌာန်းထားပါစေ၊ အမေတွေအတွက် ပိတ်ရက်မရှိပါဘူး။ နေ့တိုင်းက သူတို့ အလုပ်လုပ်ရမယ့် တာဝန်ပါ။ ဘာလို့လဲဆိုရင် သူတို့ အလုပ်မလုပ်ဘဲ နေလိုက်ရင်လည်း အိမ်တစ်ခုလုံး ဗြောင်းဆန်သွားလိမ့်ဆိုတာ သူတို့သိထားကြလို့ပါပဲ။ 😢

(၆) စိတ်နဲ့ ခန္ဓာ ကျဆင်းလာခြင်း

အသက်တွေ တဖြည်းဖြည်း ကြီးလာတယ်။ နေ့တိုင်း အလုပ်လုပ်ရတယ်။ စိတ်ဆင်းရဲရတယ်။ မိသားစုဘဝက ကိုယ်တစ်ချိန်က ပုံဖော်ထားခဲ့သလို အရမ်းကြီး ပျော်စရာကောင်းနေတာမျိုး မဟုတ်ဘူး။ ခင်ပွန်းယောက်ျားနဲ့ သားသမီးဖြစ်သူကို အမြဲငဲ့ကွက်ပြီး ဦးစားပေးရတယ်။ စိတ်မပျော်တော့ အစားမဝင်၊ အစားမဝင်တော့ ကျန်းမာရေးက ချူချာ၊ ကျန်းမာရေး မကောင်းတော့ လူက စိတ်ပိုညစ်၊ အဲ့လိုနဲ့ပဲ မပြီးဆုံးတဲ့ ဘဝသံသရာ တစ်ခု ဖြစ်လာတော့တာပါပဲ။

ဒါဆိုရင် ဘာဆက်လုပ်ကြမလဲ။

အဓိကကတော့ မိသားစုတာဝန်လို့ ဆိုတဲ့အတိုင်း မိခင်တစ်ဦးတည်းမှာသာ တာဝန်ရှိတာမဟုတ်ဘဲ တစ်မိသားစုလုံး ဝိုင်းဝန်းတာဝန်ယူဖို့ လိုပါတယ်။ လူဆိုတာက ကိုယ်လုပ်ရမှ၊ ကိုယ်ခံစားရမှ နားလည်တတ်ကြတာပါ။ ဒီလို နားလည်ပေးနိုင်တော့မှပဲ အမေတစ်ယောက်ဖြစ်ရတာ ဘယ်လောက် ပင်ပန်းစိတ်ဒုက္ခရောက်နိုင်လဲဆိုတာ သတိထားမိမှာပါ။

အဲ့ဒီအတွက် အိမ်မှာ ဖြစ်ပျက်နေတဲ့ အလုပ်တာဝန်တွေအကုန် ကိုယ့်ဘက်က နိုင်သလောက် ကူညီပါ။ မကူညီပေးနိုင်ရင်တောင် စိတ်ညစ်စေလောက်တဲ့ အပြုအမူတွေ သိပ်မလုပ်ပါနဲ့။ ဇနီးဖြစ်သူကို အမြဲကြင်ကြင်နာနာ ဆက်ဆံပါ။ စိတ်ခွန်အားတိုးစေမယ့် ချီးကျူးးစကားတွေ များများပြောပေးပါ။ ကလေးတွေအနေနဲ့လည်း မိခင်ဖြစ်သူကိုသေချာဂရုစိုက်ပါ။

Credit - Hello ဆရာဝန်

Photos from Naw Naw Baby Store's post 25/10/2023

သားသားတို့အကြိုက် Ultraman ဝမ်းဆက်လေးလာပါပြီ
မနှစ်ကမင်မင် အင်္ကျီ သီးသန့်ပဲရောင်းဖူးတာ
ဒီနှစ်ကတော့ ဝမ်းဆက်လေးလာပါတယ်
အတွင်းသားကယုန်မွှေးနုနုလေးနဲ့အ​နွေးပါ😍
ရင်ဘတ်နားကအရုပ်လေးက မီးလင်းပါတယ်

မင်မင်ကိုယ်တိုင်ရိုက်အပြင်ပုံလေးတွေမို့ Quality 💯စိတ်ချ
No effect No filter
Normal camera နဲ့သာရိုက်ထားတာပါ

Size-L to 2XL(ခန့်မှန်း 2နှစ်မှ5နှစ်အထိရ)
Price-20000/-


#ကလေးအထည်ဆိုင်
#မူဆယ်ပစ္စည်းအသင့်ရှိ

Photos from Naw Naw Baby Store's post 25/10/2023

တအားကြိုက်ကြတဲ့ ဒီအစင်းဝမ်းဆက်နွေးလေးထပ်ရောက်ပါပြီ ဒီတခါအရောင်က 7ရောင်တောင်ရှိတယ်နော်

Size-90 to 120

Cuttingကြီးတဲ့အတွက် size 120ကို မင်မင့်သားကြီး(7နှစ်) တောင် ဝတ်လို့ရပါတယ်

Size chart ပါပါတယ်

Price -13000/-


#ကလေးအထည်ဆိုင်
#မူဆယ်ပစ္စည်းအသင့်ရှိ

Photos from Naw Naw Baby Store's post 24/10/2023

Vest coatအနက်လေး
ပေါ့လွန်းလို့ ဝတ်လို့ဝတ်ထားမှန်းတောင်မသိသာစေတဲ့Vestလေး Premium ဘဲမွှေးလေးနဲ့
နွေးထွေးစေတယ် windproof လဲဖြစ် အနောက်ကအိတ်ပုံစံလေးကလဲ တမျိုးလေးဆန်းပြန်တယ်

Tagအပြည့်အစုံနဲ့ အိုပါးတို့မြေကို Exportလုပ်တဲ့ Brandလေးပါ တစ်အိတ်တစ်ပါကင်နဲ့လာတဲ့ လုံးဝရှယ်သန့်ရှယ်လှပဲ 🤩

ကိုယ်တိုင်တစ်ပုံချင်းစီအနီးကပ်ရိုက်ပြထားတာမလို့ Quality 💯စိတ်ချလို့ရ

အားနည်းချက်ကဘာရှိလဲဆို ဆိုဒ်ကတစ်ဆိုဒ်တည်းပဲရခဲ့တာပါ အထည်ကလဲ 10ထည်ပဲရခဲ့တာ ပုံမတင်ခင် 3ထည်က sold out သွားလို့ 7ထည်ပဲရပါတော့မယ်

အဲ့လို Quality ကောင်းကောင်းစျေးတန်တန်ကို လက်မလွှတ်စေချင်တာ မင်မင်ရဲ့စေတနာပါ😍

Size-146cm (ခန့်မှန်း-10/11နှစ်)
ကလေးမထွားရင် 12နှစ်ထိလဲရ

စျေးကလဲ ဝမ်တစ်သိန်းကျော်တန်တဲ့ Vestကို 1 9 5 0 0/- ကျပ်တည်းနဲ့ပဲရောင်းပေးမှာပါရှင့်

ကဲမေမေတို့ရေ အမြန်ဝယ်ကြပါ😁
ဒီရက်ပိုင်းနမ့်ခမ်းပို့ဖို့ရှိလို့ မှာမယ်ဆိုရင် 2/3ရက်အတွင်းပို့ပေးပါမယ်ရှင့်


#ကလေးအထည်ဆိုင်
#မူဆယ်ပစ္စည်းအသင့်ရှိ

Photos from Naw Naw Baby Store's post 24/10/2023

Z@ra အကွက်လေး အရမ်းလှ😍
မော်ဒယ်တွေဝတ်သလို အတွင်းမှာဟူဒီတစ်ထပ်နဲ့ဆို
မိမိုက်နေပီနော်

Unisex မို့ သားသားမီးမီးဝတ်လို့ရ

Cutting ကြီးပါတယ် 7နှစ်မှ10နှစ်အထိရ

အပြင်မှာက ကြယ်သီးနှစ်မျိုးနဲ့ရှိပါမယ်
Webထဲကလို ကြယ်သီးနဲ့ သံကြယ်သီး
သံကြယ်သီးကပိုများပါတယ်
Webပုံထဲကလို ကြယ်သီးကတော့ 7နှစ်ဆိုဒ်မှာ2/3ထည်လောက်ပဲပါပါမယ်

Price-17000/-


#ကလေးအထည်ဆိုင်
#မူဆယ်ပစ္စည်းအသင့်ရှိ

Photos from Naw Naw Baby Store's post 24/10/2023

Hအဲန်M ဆွယ်တာလေး 😍
8နှစ််မှ14နှစ်အထိရ(အကြီးဆုံးဆိုဒ်က လူကြီးပေါင်150ထိရတယ်နော်)

Photos from Naw Naw Baby Store's post 24/10/2023

Vest လေးတွေ Quality ကောင်းပြီး စျေးတန်တာလေးတွေ
Export Quality စစ်စစ်လေးတွေပါနော်

မင်မင်ကိုယ်တိုင်ရိုက် အပြင်ပုံလေးမို့ Quality 💯

Export ထုံးစံတွေအတိုင်း ဆိုဒ်အစုံမရနိုင်သလို
ရတုန်းလေးမို့ အကြိုက်တွေ့ရင် ယူထားစေချင်ပါတယ်

တချို့ပုံတွေက ဆိုဒ်အသေးပိုင်းရပြီး တချို့ပုံက ဆိုဒ်အကြီးပိုင်းပဲပါတာပါ

Cmtမှာလဲ အတွင်းအပြင်ပုံအသေးစိတ်လေးတွေကြည့်လို့ရပါတယ်နော်

စျေးနှုန်း-17500 to 19500

ဆိုဒ်ခန့်မှန်း-1နှစ်မှ11/12နှစ်

ရနိုင်တဲ့ဆိုဒ်လေးတွေ ပုံမှာရေးထားပါတယ်ရှင့်

Size-80cm-1နှစ်
90cm-2နှစ်
104cm-3/4နှစ်
128cm-7/8နှစ်
134cm-8/9နှစ်
140cm-9/10နှစ်
146cm-11/12နှစ်


#ကလေးအထည်ဆိုင်
#မူဆယ်ပစ္စည်းအသင့်ရှိ

Photos from Naw Naw Baby Store's post 22/10/2023

Halloween T shirt လေးတွေရသေးတယ်နော်
Total အထည်(50)လောက်ရှိဦးမယ်

M to XL-8500
2Xl-9000
S,M(ကြီး)-10000

Photos from Naw Naw Baby Store's post 22/10/2023

Vest လေးတွေလာမယ်နော်😍

Photos from Naw Naw Baby Store's post 22/10/2023

Japan exports brandထဲက
Slim fit ကိုယ်ကပ်လည်ပိတ်အင်္ကျီ လေးပါ
အတွင်းသားက ဂွမ်းပါးပါးလေး နူးနူးညံ့ညံ့လေးနဲ့ပါ
လုံးဝ soft touchလေးပါပဲ
အတွင်းဝတ်ကို ထူတာမကြိုက်တဲ့ကလေးတွေအတွက် must buyပါနော်

Unisexမို့သားသားမီးမီးရပါတယ်ရှင့်
အထည်လေးကကြည့်ရင်သေးသေးလေးပဲ
ဝတ်ကြည့်မှတော်မှန်းသိ😁
မင်မင့်သားက 130cmဝတ်ပြထားတာပါ (7နှစ်)

100cm အနက်2ထည်
110cm အနက်3ထည်
120cm နက်ပြာ2ထည်
130cm နက်ပြာ2ထည် နက်1ထည်
140cm အနက်3ထည်၊ခဲ2ထည်၊နက်ပြာ9ထည်
150cm ခဲ2ထည်
160cm နက်1ခဲ1(ကုန်)

Price-100,110,120(10000/-)
-130,140,150(11000/-)


#ကလေးအထည်ဆိုင်
#မူဆယ်ပစ္စည်းအသင့်ရှိ
#လည်ပိတ်

Photos from Naw Naw Baby Store's post 22/10/2023

အရမ်းရှားပါးတဲ့ Exportမှ ရခဲတဲ့ Leather Jacket လေးပါ
Webက ပုံအတိုင်း Tagအပြည့်ပါပါတယ်

ဖေဖေBikerတွေနဲ့ဆင်တူဝတ်ဖို့ သားသားလေးတွေအတွက်
တစ်ထည်တော့ ဝယ်ထားပေးသင့်တယ်နော်

98cm,104cm,110cm,110,cm,134cm (2နှစ်မှ8/9နှစ်)
ကလေးထွားရင် တစ်ဆိုဒ်ကြီးယူပေးပါ

အများကြီးမပါဘူးနော် Total-15ထည်ပဲပါလို့
ဦးသူရမယ်ရှင့်

မူရင်း-12.99€ကို

98-2/3yrs (17000/-)
104-3/4yrs(17000/-)
110-4/5yrs(18000/-)
116-5/6yrs(18000/-)
134-8/9yrs(19000/-)

Export quality စစ်စစ်


#ကလေးအထည်ဆိုင်
#မူဆယ်ပစ္စည်းအသင့်ရှိ

Photos from Naw Naw Baby Store's post 21/10/2023

အပေါ်ထပ်အသားကောင်းလေးတွေအများကြီးရောက်ပါတယ်နော် ဆိုင်မှာလာကြည့်လို့ရပါတယ်
မင်မင့်သားကြီးဝတ်ပြတာလေးပဲ 7နှစ်မှ10နှစ်အထိရတာ
ကျန်တာအကုန် 10နှစ်အထက်ဆိုဒ်လေးတွေပါ 10နှစ်မှ13/14နှစ်ဆိုဒ်လေးတွေပါ

19/10/2023

အနွေးဝမ်းဆက်လေးရောင်းပေးရတော့မလား
အသားကောင်းရမယ်
ထူရမယ်
နွေးစေရမယ်

18/10/2023

BB Angel လက်ရှည် အင်္ကျီ သီးသန့်
Size-5နှစ်မှ9နှစ်အထိရ
Price-11500/-

Photos from Naw Naw Baby Store's post 18/10/2023

BB Angel အင်္ကျီ အသားလေးက နူးညံ့အိစက်
အင်္ကျီ လက်ရှည် သီးသန့်ပါ

Size-5နှစ်မှ9နှစ်အထိရ

Price-11500/-

#မူဆယ်ပစ္စည်းအသင့်ရှိ


#ကလေးအထည်ဆိုင်

Photos from Naw Naw Baby Store's post 18/10/2023

BB Angel တံဆိပ်ထဲက ဝမ်းဆက်အသားအိအိလေး
စျေးတန်တန်နဲ့Quality ကောင်းကောင်းဝမ်းဆက်လေးရှာနေရင် BB Angel လေးကိုရွေးနော်

Size-3လမှ3/4နှစ်အထိရ
Price-12000/-

#ကလေးအထည်ဆိုင်

#မူဆယ်ပစ္စည်းအသင့်ရှိ

Photos from Naw Naw Baby Store's post 18/10/2023

Uni-Q လည်ပိတ်ဝမ်းဆက်လေးတွေ😍

S to XL(လသားမှ3နှစ်ခွဲထိရ)

S,M-16000/-
L,XL-17000/-


#ကလေးအထည်ဆိုင်
#မူဆယ်ပစ္စည်းအသင့်ရှိ

#လည်ပိတ်

16/10/2023

Thanks for shopping with us
Thank you so much 😊

Photos from Naw Naw Baby Store's post 15/10/2023

ဒီတခါမေမေတို့အတွက်ပါ

ဆောင်းအတွက်ကြိုဝယ်ထားချင်တဲ့မမတွေညီမတွေအတွက်

ဆွဲအိသား လည်ပိတ်လေး ဘယ်ချိန်ဘယ်ခါဝတ်ဝတ် အရမ်းအဆင်ပြေသော

Uni-Q ထဲကပါ 220g ဆွဲသားအကောင်းထဲကပါ
ဆွဲအိသားအများကြီးထွက်တဲ့ထဲကမှ Uni-Qက Quality ကောင်းပြီး သူများထက်လဲစျေးပိုပါတယ်

Size-ရင် -36,38,40(အဖြန့်တိုင်းသာတိုင်းထားပါတယ် ဆွဲသားအများကြီးပါပါသေးတယ်)

လည်ပိတ်ဆိုတော့ အတွင်းမှာဝတ်တာဖြစ်တဲ့အတွက် Over size သမားတွေ ရင် 40 sizeယူလို့ရပါတယ်နော်

ဦးဦးဖျားဖျားရွေးချင်သူများ မြန်မြန်လေးနော်

ရင်-36,38-16000/-
ရင်-40-16500/-

မှတ်ချက်-ငွေလွှဲဝင်မှ အော်ဒါconfirmပါမည်

ပစ္စည်းအသင့်ရှိ

Photos from Naw Naw Baby Store's post 14/10/2023

🎃👻🎃Pre Halloween 🎃👻🎃

12/10/2023

သားလေးမွေးထားလို့ပဲတော်တော့တယ်
အမြဲတမ်းချော့နေရတဲ့ကောက်စိန်လေး😂😂😂

#မနှစ်ကဆောင်းမှာရိုက်ထားတဲ့ပုံ

Photos from Naw Naw Baby Store's post 12/10/2023

လက်ရှည်ဘီရှည်ကို ကာတွန်းအပြည့်နဲ့မကြိုက်တဲ့မေမေတို့အတွက် ဒီထဲကရွေးပါနော်
အင်္ကျီ နဲ့ ဘောင်းဘီ color opposite စပ်ထားတာပါ
လက်ဆက်ဒီဇိုင်းနဲ့ နှစ်ထပ်ပုံစံလေးလိုချုပ်ထားပြီး
Sticker လေးတွေကလဲ ကလေးတွေအကြိုက်ပါပဲနော်
အပြင်ဝတ်သွားလဲအဆင်ပြေတဲ့ပုံလေးပါ
အထူးသဖြင့်သက်တောင့်သက်သာရှိလို့ ကလေးတွေအရမ်းကြိုက်ပါတယ်

Piano တံဆိပ်ထဲကမို့ Quality စိတ်ချနော်မေမေတို့

S to 2xl(2နှစ်မှ10နှစ်အထိရ)

S,M-15000,L,XL-16000,2xl-17000


#ကလေးအထည်ဆိုင်
်းဆက်
#လက်ရှည်ဘီရှည်
#မူဆယ်ပစ္စည်းအသင့်ရှိ

Photos from Naw Naw Baby Store's post 12/10/2023

မနက်ဖြန်အသစ်ရောက်မယ့်ထဲ ဒါလေးတွေပါပါမယ် လက်ရှည်အပါး မေးထားတဲ့မေမေတို့ ရောက်မယ်နော်

Photos from Naw Naw Baby Store's post 12/10/2023

Piano လက်ရှည်ဘီရှည်ဝမ်းဆက်လေး အသစ်ဝင်ပါတယ်
အပြင်ကာလာလေးပါကြည့်လို့ရအောင် ရိုက်ပြထားပါတယ်ရှင့်

အခုရာသီနဲ့အကိုက်ဆုံးပါပဲ ညအိပ်ဝတ်လဲအဆင်ပြေ ထသွားထလာလဲအိုကေတယ်

100%cotton မို့ ချွေးစုပ် ရေလျှော်မရွဲ အရောင်မကျွတ် အိမ်ကသားတော်မောင်တွေအကြိုက်ပဲ

Size - S to 2XL(2နှစ်မှ10နှစ်အထိရ)

Price-S,M-15000,L,XL-16000,2XL-17000


#ကလေးအထည်ဆိုင်
်းဆက်
#လက်ရှည်ဘီရှည်
#မူဆယ်ပစ္စည်းအသင့်ရှိ

12/10/2023

စျေးတန်တန်လေးလာပါပြီ

အပေါ်ထပ် အတွင်းသားဂွမ်းကပ်ပါ (export quality)
စျေးတန်တန် အသားကောင်းကောင်းကြိုက်ရင် ဒါလေးယူနော်မေမေတို့ရေ

မင်မင်ဝတ်ပြတဲ့ဆိုဒ်မရတော့ပါ

စပေါ့-134cm (7/8နှစ်)
ပြောင်-128cm(6/7နှစ်),140cm,146cm,152cm,158cm (11/12နှစ်)အထိရ

128,134-13500/-
140 to 158-15500/-

Photos from Naw Naw Baby Store's post 10/10/2023

လှရက်လွန်းသော😍

Photos from Naw Naw Baby Store's post 10/10/2023

Uni-Q လက်ရှည်ဘီရှည်ဝမ်းဆက်😍

Photos from Naw Naw Baby Store's post 10/10/2023

တစ်ယောက်တည်း 6ထည်တောင်အားပေးတဲ့ ကာကာလေး

Photos from Naw Naw Baby Store's post 09/10/2023

Uni-Q brand
Made in Thailand

220g ဆွဲသားအကောင်းလိုင်းထဲက သားသားမီးမီးတွေအကြိုက် ဆွဲသားအိအိလေးပါနော်

အိမ်ကသားတော်မောင် အရမ်းကြိုက်တဲ့ ဝမ်းဆက်လေး
ဝတ်ရတာအရမ်းသက်တောင့်သက်သာရှိပြီး အသားလေးကတော့ ကိုင်လိုက်တာနဲ့အိစက်နေရော

ဝယ်ဖူးတဲ့မေမေတွေအကြိုက်ပါပဲ

လည်ဝိုင်း-S,M(လသားမှ1နှစ်ကျော်)

လည်ပိတ်-S to XL(လသားမှ3နှစ်ကျော်)

စျေးနှုန်း-လည်ဝိုင်း၊လည်ပိတ်S,M-16000/-
-လည်ပိတ်L,XL-17000/-

S - လသားအရွယ်ဝတ်
M-1နှစ်
L - 2နှစ်
XL-3နှစ် ကလေးအရမ်းမထွားရင်တော့ 4နှစ်သားလဲဝတ်လို့ရပါမယ်

သားငယ်လေးက2နှစ်တုန်းကပုံ L size လေးဝတ်ထားတာပါရှင့်

Photos from Naw Naw Baby Store's post 09/10/2023

စျေးတန်တန်လေးလာပါပြီ
10ထည်ပဲရပါမယ်

ခရစ်စမတ်အတွက် ကြိုဝယ်ထားချင်တဲ့မေမေတို့ရေ
S!nsay brandထဲက ဂါဝန်နီနီ​လေးရပါမယ်
အရောင်ကအနီပါနော်
အပြင်အသားရိုက်ပြထားတာက lightingကြောင့်သာ နီညိုရောင်လေးဖြစ်နေတာပါ

Size-140,150,160(8နှစ်မှ12/13အထိရ)
Price-12000/-

140-2ထည် (ကုန်)
150-4ထည်
160-4ထည်

Photos from Naw Naw Baby Store's post 09/10/2023

အပေါ်ထပ်အပါးလေးဆို Poloအသား ဟူဒီလေးရှိပါမယ်

ကလေးsize-S to XL(4/5နှစ်မှ8/9နှစ်အထိရ)
လူကြီးsize-L size(ပေါင်135ထိရ)

မင်မင့်သားငယ်(4နှစ်)ဝတ်ပြထားတာ Small sizeပါ
သားကြီးကတော့ L sizeဝတ်ပါတယ် ပုံမရိုက်ထားရဘူး😁

Photos from Naw Naw Baby Store's post 09/10/2023

သီတင်းကျွတ်မှာ သားသားတို့ကို
သန့်သန့်လေးနဲ့ Gentlemen style ဝတ်ပေးချင်တဲ့ မေမေတို့ရေ
Polo shirt(export quality)လေးက အသင့်တော်ဆုံးပဲနော်

ပုဆိုးလေးနဲ့ဝတ်မလား Jean pant နဲ့ဝတ်မလား style pant နဲ့ တွဲဝတ်မလား အကုန်လိုက်ဖက်သောပါ

Export quality မို့ အသားကပြောစရာမလိုအောင် ကောင်းပါတယ်ရှင့်

Size -3A to 12A (ခန့်မန်း-2နှစ်မှ12နှစ်အထိရ)

Price-3A to 6A-10000/,8A to -12A-11000/-

Size chartလေးပါတွဲတင်ထားပေးတာမို့ အတိုင်းကြည့်ပြီးမှမှာပေးပါနော်

မင်မင့်သားငယ်က 4နှစ်ကျော် 5Aဝတ်ထားပါ
သားကြီးက 7နှစ် 8A size ဝတ်ထားတာပါရှင့်

Export အထည်တွေကတော့ ရောင်စုံဆိုဒ်စုံရနိုင်ဖို့ခက်ခဲတာကြောင့် ရနိုင်တဲ့ဆိုဒ်နဲ့အရောင်ကို တစ်ပုံချင်းစီပြထားပေးပါတယ်ရှင့်

အထည်30မှာ 24ထည်တော့ကျန်ပါသေးတယ်ရှင့်

Photos from Naw Naw Baby Store's post 27/06/2023

ချည်သားshirtအကောင်းထဲက ရှာရခက်တဲ့ စကဆိုဒ်လေးတွေပါ

Size-L to 3xl (8နှစ်မှ ပေါင်115အထိဝတ်လို့ရပါတယ်)

Price-16500/-

အပြင်ပုံလေးပါတွဲတင်ထားပါတယ်ရှင့်

27/06/2023

လူကြီးပုံစံလေးပဲဝတ်ပေးချင်တဲ့မေမေတို့

Polo shirt လေးတွေ တစ်နှစ်မှ10နှစ်အထိရှိပါတယ်
ရနိုင်တဲ့အရောင်နဲ့ဆိုဒ်ကို Cb မှာမေးလို့ရပါတယ်ရှင့်

Price-8500/9500/-

27/06/2023

နမ့်ခမ်းက ကာကာတို့မှာချင်တာရှိရင် orderလို့ရတယ်နော်
နက်ဖြန်မင််မင် နမ့်ခမ်းပြန်မှာမလို့ပါ
မူဆယ်ဆိုင်တော့ 2/3ရက်လောက်ပိတ်ပါမယ်ရှင့်
ပြန်ဖွင့်တာနဲ့ပိုစ့်ပြန်တင်ပေးပါမယ်

Want your business to be the top-listed Clothing Store in Mu-se?
Click here to claim your Sponsored Listing.

Videos (show all)

BB Angel လက်ရှည် အင်္ကျီ သီးသန့်Size-5နှစ်မှ9နှစ်အထိရPrice-11500/-
စျေးတန်တန်လေးလာပါပြီအပေါ်ထပ် အတွင်းသားဂွမ်းကပ်ပါ (export quality)စျေးတန်တန် အသားကောင်းကောင်းကြိုက်ရင် ဒါလေးယူနော်မေမေတို...
T shirt M size only
T shirt Small size Only 2/3yrs(ခန့်မှန်း)
Ka Ra Ya ကျောပိုးအိတ်
Naw Naw Baby Store’s lovely customer 😘

Telephone

Website

Address


BEHS(2) Street, Homon Quarter, Muse, Shan State
Mu-Se

Other Children's Clothing Shops in Mu-Se (show all)
Kaung Kaung Baby Store Kaung Kaung Baby Store
အမှတ်(၂) စည်ပင်ဈေး ဆိုင်အမှတ် A(66)
Mu-Se

ကလေးပစ္စည်းအသုံးဆောင်အမျိူးမျိူး